Monday, April 29, 2019

The Money Tree (or) HEMP

မြန်မာပြည်မှာ Hemp တရားဝင်ဖြစ်ပြီလား 😍

မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာစက်မှုဇုံ မှာ ဂျပန်လူမျိုးလာပြီး စိုက်ထားတဲ့ စိုက်ခင်းဟာ ဆေးခြောက်ပင် (Cannabis)
အနွယ်ဝင် ယစ်မူးစေခြင်းအာနိသင်မရှိတဲ့ ဟမ့် (Hemp) အပင်တွေဖြစ်ပါတယ်

ဒီအပင်တွေကနေ အစားအစာ ဆေးဝါး ချည်မျှင်စက္ကူ စတာတွေရပါတယ် ဒါကြောင့်ကနေ့ သက်ဆိုင်ရာကနေလည်း တစ်စုံတစ်ရာအရေးယူမှုမရှိတာကိုတွေ့ရပါတယ် ။


တောင်သူတွေအတွက် ပိုက်ဆံသစ်ပင်
The Money Tree (or) HEMP 

လျင်မြန်စွာဖြစ်ပျော်တိုးတက်လျက်ရှိသောယနေ့ကမ္ဘာကြီးဟာ လူသားတို့ရဲ့တီထွင်ဖန်တ်းမှုတွေကြောင့်ပဲ ရောဂါရရပြီး လူသားတွေကပဲ တီထွင်ဖန်တီးမှုတွေနဲ့တဖန်ပြန်လည်ကုစားနေကပါတယ်။

ဟုတ်ပါတယ် မျက်မှောက်ကာလမှာ အသုံးပြုနေကြတဲ့ လူသုံးကုန်ပစ္စည်းတွေမှာ သဘာဝပတ်ဝန်းကျင်ကိုပျက်စီးစေနိုင်တဲ့အသုံးအဆောင်ပစ္စည်းတွေကအများကြီးပါ ဒါတွေကိုသဘာဝကထုတ်လုပ်တဲ့ထုတ်ကုန်တွေနဲ့အစားထိုးဖ်ု့ကိုလည်း လူတွေဟာ
ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ကြတာကိုတွေ့ရပါမယ်။

ယခုအခါမှာ Hemp လို့ခေါ်ပြီး သဘာဝပတ်ဝန်းကျင်ကိုမပျက်စီးမထိခိုက်စေတဲ့ လူသုံးကုန်ပစ္စည်းအမြောက်အများကိုလည်းထုတ်လုပ်နိုင်မည့်ဆးခြောက်အမျိုးအနွယ်အပင်များကို လဘ်မြင်တဲ့တိုင်းပြည်တစ်ချို့ဟာစတင်စိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

Hemp ဟာ Cannabis (ဆေးခြောက်ပင်)ကနေဆင်းသက်လာတဲ့မျိုးနွယ်ဖြစ်ပြီး သူ့မှာယစ်မူးစေတတ်တဲ့အာနိသင်ပါဝင်မှအလွန်နဲပါးလို့ (0.3% အောက်) ယစ်မူးစေခြင်းလုံးဝမရှိပါ။
သူ့ရဲ့ အရိုး အရွက်နဲ့အစေ့တွေဟာ ကုန်ထုတ်လုပ်မှုအတွက်အရမ်းအသုံးဝင်တာလည်းလေ့လာသိရှိရပါတယ် Hemp ပင်ရဲ့
အရိုးတွေထဲမှာ ချည်မျှင်ထုတ်လုပ်နိုင်တဲ့ fiber ဓါတ်80% ပါဝင်တာကြောင့် အခြားသောချည်မျှင်ရက်လုပ်နိုင်သည့် လျှော်ပင် ဝါပင်များထက် fiber ပါဝင်မှုပိုများတာသိရပါတယ်။

Hemp fiber ထုတ်ယူနိုင်ဖို့အတွက် Hempတွေစိုက်ပျိုးရေးဟာလည်း အခြားစီးနှံစိုက်ပျိုးမှုတွေလိုအလုပ်လုံးဝမရှပ်ပါဘူး။ သာမာန်မြေပြင်ထွန်ယက် မျိုးကြဲပက်ကာ ၄လ ကြာထားစိုက်ပြီးရိတ်သိမ်းရုံပါပဲ Hemp စိုက်ခင်းတွေဖို့ ရေမလိုပါဘူး ဓါတ်မြေသြဇာ ပေါင်းသတ်ဆေးပိုးသတ်ဆေး မှိုသတ်ဆေး အပင်အားဆေး လို့
ခေါ်တဲ့ တောင်သူဘွဖျက်ဆေးဝါးတွေဘာတစ်ခုမှကိုအသုံးပြုစရာမလိုတဲ့ Hemp စိုက်ပျိုးရေးပါ နောက်ပြီးတော့ Hemp ပင်တွေဟာမြေမရွေးပါဘူးHemp ကိုအများအားဖြင့် ဆောင်းတွင်းနဲ့နွေတွင်းမှာစိုက်ပျိုးကြပါတယ်။

Hempစိုက်ပျိုးခြင်းဟာ ယနေ့ကမ္ဘာတစ်ဝန်းလုံးမှာ စီးပွားရေးအရ အကျိုးအမြတ် အဖြစ်ထွန်းဆုံး စိုက်ပျိုးရေးဖြစ်ပါတယ်။

မြန်​မာနိုင်​ငံရဲ့နေရာဒေသမရွေး စိုက်ပျိုးလို့ ကောင်းတဲ့အခြေအနေမျိုး ရှိပါတယ်။
အချိန်သုံးလသာစိုက်ပျိုးရပြီး တစ်နှစ်လျှင်၂ ကြိမ် (လျှော်/အစေ့) စိုက်ပ်ျုးလို့ရပါတယ်။

စက်မှုလျှော်ပင် Hemp ကိုအစေ့အတွက်တစ်ဧကစိုက်မယ်ဆိုရင် အလေးချိန် ၃တန်ရှိတဲ့ပရိုတင်း ၈၀%ပြည့်ဝတဲ့ Hemp seeds တွေကိုရပါတယ်။
(စိုက်ချိန် - အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ)

လျှော်အတွက်စိုက်မယ်ဆိုရင်တစ်ဧကလျှင်လျှော်မျှင်အခြောက် ၃ တန်ကနေ ၆ တန်ထွက်ပါမယ်။ သဘာဝကပေးတဲ့ အခိုင်ဆုံးအမျှင်တမျိုး ဖြစ်ပြီးတော့ နည်းလမ်း (၅၀,၀၀၀) ကျော် အသုံးပြုလို့ရပါတယ်။
(စိုက်ချိန် ဇွန် ဇူလိုင် သြဂုတ်)

ဒါဟာ သာမာန်လျှော်မျှင်ပင်တွေထက် (၄) ဆလောက် သာပါတယ်။ စိုက်ပျိုးရာတွင်လည်း ပိုးသတ်ဆေးတို့ မြေဩဇာတို့ သုံးဖို့ မလိုပါဘူး။
တောင်သူတွေအတွက်စိုက်ပျိုးစားရိတ်သက်သာစေမယ့်အချက်ပါပဲ။

စိုက်ပျိုးပြီးရရှိလာတဲ့ Hemp ပင်တွေကို ရိတ်သိမ်းချိန်ကျ ရိတ်ခြွေစက်များဖြင့် အစေ့တွေကိုခြွေယူပြီးအပင်အရိုးတံတွေကိုရိတ်လှဲယူကြပါတယ်။

Organic Hemp Seeds

Hemp တစ်ဧကစိုက်ပျိုးခြင်းဟာ အာဟာရပြည့်အစေ့သုံးတန်ကိုရှိစေပါတယ် ။ရှိလာတဲ့အစေ့သုံးတန်ကိုစားသုံးဆီအဖြစ်ပြန်လည်ကြိတ်ခွဲပါကဆေးဖက်ဝင်သဘာဝဆီဂါလံ ၃၀၀ ကိုထွက်စေမှာလည်းဖြစ်ပါတယ်။ ထိုအစေ့တွေမှာပရိုတင်း ၅၀% မှ ၈၀% ထိပါဝင်နိုင်ပြီးအာဟာရအဆင့် omega 3 - 6 ဖြစ်
ပါတယ်။

အစေ့ကနေထုတ်ယူအသုံးပြုနိုင်တာတွေကတော့ စားဆီဆေးဖက်ဝင်ဆီ(CBD) အလှဆီများသဘာဝ အလှကုန်ပစ္စည်းများ
ဆပ်ပြာ အာဟာရမှုန့်များ အာဟာရမြင့်အစားအစာများ ဖယောင်း ပလက်စတစ်တို့ပဲဖြစ်ပါတယ်။


Hemp Fabric 

သူကနေချည်မျှင်ကုန်ကြမ်းအဖြစ်ထုတ်လုပ်ဖို့အသုံးပြုရမယ့် Hemp Raw Material Industry ကတော့အကြီးအမားကြီးမဟုတ်ပါဘူး။ဆန်စက်တစ်ခုသာသာပါပဲ အရင်းအနှီး
လည်းသိပ်မကြီးမားလှပါဘူး။

Hemp ကထုတ်လုပ်လို့ရလာတဲ့ချည်မျှင် (fiber)တွေဟာ သာမာန်ချည်မျှင်များထက် fiber %ပိုများလို့ နဲနဲတော့ကြမ်းသယောင်ယောက်ရှိပေမယ့် Eco friendly products စစ်စစ်များ
ဖြစ်ပါတယ်။လက်ရှိဈေးကွက်အနေအခါးအရလည်းဥရောပဈေးကွက် အမေရိကဈေးကွက်တွေလိုငွေကြေးသုံးစွဲနိုင်ကြပြီး ပညာရည်မြင့်မားတဲ့တိုင်းပြည်တွေက လူတွေဟာ သဘာဝပတ်ဝန်းကျင်ကိုမပျက်စီးစေတဲ့ eco-friendly product ဆိုဈေးကောင်းပေးဝယ်ယူကြတယ်လို့ သိရှိရပါတယ်။

ဟုတ်ပါတယ် ကိုယ်တွေဆီမှာသာ အချိုမှုန့်စားကော်ဖီမစ်သောက်ပြီးရေဆိုးတွေကိုမြစ်ထဲသွန်ချနေကြတုန်းရှိပေမယ့် ကမ္ဘာ
မှာတော့ ကျန်းမာရေးကိုအရမ်းလေးစားလိုက်နာနေကြပြီး လူသားတွေနေတဲ့ကမ္ဘာကြီးကိုလည်းပျက်စီးမှာသိပ်ကြောက်နေကြပါပြီ။

ဒါတွေကိုသိပြီး အမျှော်မြင်ရှိတဲ့အစိုးရနဲ့တိုင်းပြည်တွေမှာတော့ ဆေးခြောက်အနွယ်ဝင် Hempတွေကိုအင်တိုက်အားတိုက်စိုက်ပျိုးထုတ်လုပ်တင်ပို့နေကြတာကိုလည်းတွေ့နေရပါပြီ သိသူဖော်
စားတဲ့သဘောပဲပေါ့။

တရုတ် ရုရှား အမေရိကန် ကနေဒါ နဲ့ ဥရောပထိပ်သီးတိုင်းပြည်အားလုံးမှာ Hemp ကိုတရားဝင်စိုက်ပျိုးခွင့်ပြုပါတယ် ဒါကြောင့်ယနေ့ကမ္ဘာမှာ Hemp စိုက်ပျိုးတဲ့တိုင်းပြည်ပေါင်း ၅၇ နိုင်ငံ
ရှိပါတယ်လို့ Wikipedia မှာဖော်ပြထားပါတယ်။

သြစတေးလျ တောင်ပိုင်း ၂၀၁၃
တောင်အာဖရိက ၂၀၁၄
မာလာဝီ ၂၀၁၅ နီပေါ ၂၀၁၆
ဒါအခုမနေ့တစ်နေ့ကမှစတင်စိုက်ပျိုးအောင်မြင်နေတဲ့နိုင်ငံတွေစာရင်းပါ။

" Hemp ရဲ့ အသုံးဝင်ပုံတွေ "

Hemp ဆိုတာ သဘာဝကပေးတဲ့ အခိုင်ဆုံးအမျှင်တမျိုး ဖြစ်ပြီးတော့ နည်းလမ်း (၅၀,၀၀၀) ကျော် အသုံးပြုလို့ရပါတယ်။

Hemp စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ
တစ်ဧကလျှင် လျှော်မျှင်အခြာက် (၃-၈) တန်ခန့် ထွက်ပါတယ်။ ဒါဟာ သာမာန်လျှော်မျှင်ပင်တွေထက် (၄) ဆလောက် သာပါတယ်။ စိုက်ပျိုးရာတွင်လည်း ပိုးသတ်ဆေးတို့ မြေဩဇာတို့ သုံးဖို့ မလိုပါဘူး။

#ပင်စည်မှရရှိသောပစ္စည်းများ

ချည်မျှင်နှင့်အထည်များ
- အဝတ်အထည်
- လက်ဆွဲအိပ်များ
- ကလေးသေးခံဝတ်များ
- ဖိနပ်များ
- ရက်ထည်အချောစား
- ဂျင်းထည်များ

စက္ကူအသုံးအဆောင်များ
- ပုံနှိပ်စက္ကူ
- သတင်းစာစက္ကူ
- ကတ္ထူစက္ကူ
- ပါကင်ထုတ်စက္ကူ

စက်မှုလုပ်ငန်းသုံး ချည်မျှင်နှင့်အထည်များ
- ကြိုး
- ကင်းဗတ်စ
- ကော်ဇော
- ဇာအထည်များ
- လျှာထိုးများ
- ပုံသွင်းသည့်မိုများ

အဆောက်အဦးဆိုင်ရာ ပစ္စည်းများ
- ကြိတ်သားပြားများ
- လျှပ်ကာပစ္စည်းများ
- ဓာတုချည်မျှင်
- ဖန်မျှင်ထည်အစားထိုးပစ္စည်းများ

#အစေ့မှရရှိသောပစ္စည်းများ

စက်မှုလုပ်ငန်းသုံး ပစ္စည်းများ
- ဆီဆေးများ
- ချိပ်ဆေးများ
- ဆေးမှင်များ
- လောင်စာ
- ဖျော်ရည်
- အပေါ်ယံသုတ်ဆေးများ

အစားအစာများ
- အစေ့စီ
- အစေ့မှရသော အသားဓါတ်အမှုန့်
- ဖြည့်စွက်စာများ

အလှကုန်ပစ္စည်းများ
- ဆပ်ပြာ
- ခေါင်းလျှော်ရည်
- အရေပြားလိမ်းဆေးများ
- ပရုတ်ဆီများ
- အခြားအလှကုန်များ

#အရွက်မှရရှိသောပစ္စည်းများ

- တိရိစ္ဆာန်အိပ်ယာအခင်းများ
- သစ်ရွက်ဆွေးမြေဩဇာ

#အမြစ်မှရရှိသောပစ္စည်းများ

- သဘာဝမြေဩဇာ
- အဆစ်ရောင်၊ အဆစ်နာ၊ ကြွက်သားနာကျင်ခြင်း နှင့် နှင်းခူရောဂါတို့အတွက် ဆေးဝါးများတို့ပဲဖြစ်ပါတယ်။


ဒီတော့ Hemp ဟာBio friendly product များစွာထုတ်လုပ်
နိုင်ပြီးတိုင်းပြည်ဝင်ငွေ တောင်သူတွေရဲ့အကျိုးစီးပွားတိုးတက်စေရန်ကိုထောက်ရှုပြီး ကျနော်တို့မြန်မာနိုင်ငံမှာလည်းဆေးခြောက်အနွယ်ဝင် Hemp စိုက်ပျိုးထုတ်လုပ်န်ုင်မယ်ဆို နောက်ဆုံးအဆင့် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးခွင့်သာရရှိမယ်ဆိုရင်နောက်ကျနေတဲ့တိုင်းပြည်ရဲ့ စီးပွားရေးနဲ့စိုက်ပျိုးရေးကဏ္ဍတွေဟာပြန်လည်ဦးမော့လာမှာပဲလို့ယူဆပါကြောင်းအလင်းပေးရေးသားဖော်ပြလိုက်ပါတယ်။

Ref:https://en.wikipedia.org/wiki/Hemp

အကျယ်​တ၀င့်​ ဆက်စပ် အကြောင်းအရာတွေဖတ်ဖို့အတွက် မူလရေးသားမျှဝေ အ​ကောင်​အထည်​ဖော်နေတဲ့ Johnny's Hemp Farm - Myanmar ရဲ့ပို့စ်လေးတွေကို လငိ့ခ်ချိတ်ပေးထားပါတယ်။ သွားရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ဟမ့်ဆိုတာဘာလဲ

https://m.facebook.com/story.php?story_fbid=306145323425486&id=305759990130686

ဟမ့်စိုက်ပျိုးခြင်း

https://m.facebook.com/story.php?story_fbid=255227308534858&id=116871259037131

ဟမ့်ကဘယ်လိုအကျိုးပြုလဲ

https://m.facebook.com/story.php?story_fbid=255980895126166&id=116871259037131

တိုင်းပြည်နဲ့တောင်သူအကျိုးအတွက်

https://m.facebook.com/story.php?story_fbid=255813715142884&id=116871259037131

အော်ဂဲနစ်စစ်စစ်

https://m.facebook.com/story.php?story_fbid=251170142273908&id=116871259037131

Hemp CBD စီးကရက်

https://m.facebook.com/story.php?story_fbid=263980127659576&id=116871259037131

Hemp CBD အကြမ်းရေ

https://m.facebook.com/story.php?story_fbid=264190100971912&id=116871259037131

Hemp CBD ရေခဲမုန့် 

https://m.facebook.com/story.php?story_fbid=264239860966936&id=116871259037131

Hemp ကော်ဖီ

https://m.facebook.com/story.php?story_fbid=264870054237250&id=116871259037131

https://m.facebook.com/story.php?story_fbid=264226117634977&id=116871259037131

Hemp ဘီယာ

https://m.facebook.com/story.php?story_fbid=264244257633163&id=116871259037131

Hemp ချောကလပ်

https://m.facebook.com/story.php?story_fbid=241681286556127&id=116871259037131

ဟမ့် အလှကုန်

https://m.facebook.com/story.php?story_fbid=264857700905152&id=116871259037131

ဟမ့် Adidas

https://m.facebook.com/story.php?story_fbid=268993857158203&id=116871259037131


Peace & Weed
#MLMM

No comments: