Tuesday, April 23, 2019

နည်းပညာနဲ့ပတ်သတ်ရင် ကျိန်းသေစောင့်ကြည့်သင့်တဲ့ Tech Channel တွေ

နည်းပညာနဲ့ ပတ်သတ်လာပြီဆိုရင် စိတ်ဝင်တရားစောင့်ကြည့်ဖို့က Local သတင်း Page တွေ၊ Review တွေအပြင် နိုင်ငံတကာမှာရှိတဲ့ နာမည်ကြီး Tech Channel တွေကိုပါ စောင့်ကြည့်နိုင်တယ်ဆိုရင်တော့ နည်းပညာကို စိတ်ဝင်စားတဲ့လူငယ်တွေအတွက် ပိုပြီးတော့ အသိပညာတိုးလာစေမှာပါ။

အဲ့ဒီအတွက်ကြောင့် အခု Article မှာ ဖုန်း၊ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ Review တွေ၊ Tips & Tricks တွေကို လေ့လာနိုင်မယ့် နာမည်ကြီး YouTube Tech Channel တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Marques Brownlee (MKBHD)


လက်ရှိ Subscribers ပေါင်း ၇.၆ သန်းကျော်နဲ့ MKBHD လို့ လူသိများတဲ့ ယခု Channel ကတော့ အထူးသဖြင့် စမတ်ဖုန်း Review တွေမှာ နာမည်ကြီးပါတယ်။ Marques ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ထဲက Review Video တွေကို ပြုလုပ်နေခဲ့တဲ့အတွက် လက်ရှိမှာ သက်တမ်းအကြာဆုံးသော Tech Reviewer တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ စမတ်ဖုန်းတွေအပေါ် သုံးသပ်ချက်တွေဟာ အလွန်ကောင်းမွန်ပြီးတော့ ရိုက်ချက်တွေကလည်း လုံးဝကို ထိပ်တန်းအဆင့်ရှိနေတာဖြစ်ပါတယ်။

MKBHD YouTube Channel Link : https://www.youtube.com/user/marquesbrownlee

(2) Linus Tech Tips


Linus Tech Tips ကတော့ စမတ်ဖုန်း Review တွေအပြင် Computer နဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ Review တွေ၊ Video တွေ ပြုလုပ်နေတဲ့ Channel တစ်ခုဖြစ်ပါတယ်။ Linus Tech Tips အပြင် Tech Quickie လိုမျိုး နည်းပညာပိုင်းကို ရှင်းပြတဲ့ Channel တွေကိုလည်း ပြုလုပ်နေတဲ့အတွက် Linus ကလည်း YouTube မှာ ကျိန်းသေကြည့်ရမယ့် YouTuber တစ်ယောက်ဖြစ်ပါတယ်။

Linus Tech Tips YouTube Channel Link : https://www.youtube.com/user/LinusTechTips

(3) Unbox Theraphy


Unbox Theraphy ကတော့ လူတော်တော်များများက သိပြီးဖြစ်တဲ့ YouTuber တစ်ယောက်ဖြစ်မှာပါ။ လက်ရှိမှာ Subscriber ပေါင်း ၁၃ သန်းကျော်ရရှိထားတဲ့အတွက် အောင်မြင်မှုရရှိနေပြီးတော့ သူကတော့ Review တွေထက် စမတ်ဖုန်းတွေ၊ Gadgets တွေကို Unbox ပြုလုပ်ပြီး အတွေ့အကြုံကို မျှဝေပြောတတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။။

Unbox Theraphy YouTube Channel Link : https://www.youtube.com/user/unboxtherapy

(4) Dave2D


Dave2D တဖြစ်လဲ Dave Lee ကလည်း စမတ်ဖုန်းတွေအပြင် Laptop Review တွေမှာပါ တော်တော်လေးကို ကောင်းမွန်တဲ့ Review တွေကို ရိုက်ကူးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ MacBook Pro 2018 ရဲ့ Core i9 Model တွေ Thermal Throttling ဖြစ်ခဲ့တာကို ဦးဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ Reviewer တစ်ယောက်လည်းဖြစ်ပြီးတော့ သူ့ရဲ့ ထူးခြားချက်ကတော့ Video တိုင်းက Minimal Style ဖြစ်နေတာပါ။

Dave2D YouTube Channel Link : https://www.youtube.com/channel/UCVYamHliCI9rw1tHR1xbkfw

(5) JerryRigEverything


ဒါကတော့ အခုနောက်ပိုင်း ကြည့်ရှုသူများလာတဲ့ စမတ်ဖုန်းတွေကို Bend Test ၊ Scratch Test နဲ့ Drop Test တွေ ပြုလုပ်တဲ့ Channel ပဲဖြစ်ပါတယ်။ ကိုယ် ဝယ်ဖို့စိတ်ကူးနေတဲ့ ဖုန်းက အကြမ်းခံပါ့မလားဆိုတာကို စိတ်ပူနေတယ်ဆိုရင်တော့ ဒီ Channel ကလည်း ကျိန်းသေစောင့်ကြည့်သင့်ပါတယ်။

JerryRigEverything YouTube Channel Link : https://www.youtube.com/user/JerryRigEverything

ကျန်တဲ့ YouTube Channel တွေအနေနဲ့ကတော့ Jonathan Morrison ၊ Austin Evans ၊ Joshua Vergara ၊ Mr. Mobile ၊ UrAvgConsumer ၊ HardwareCanucks နဲ့ The Verge လိုမျိုး Channel တွေကလည်း High Quality Review တွေကို ပြုလုပ်နေတဲ့ Channel တွေဖြစ်ပါတယ်။

Zawyè (Akhayar) 

No comments: