Friday, April 12, 2019

ရောင်စုံကျောက်ကျော - မုန့်လုံးရေပေါ် - ကန်စွန်းဥ သာကူကျို -ရောင်စုံ မုန့်ကြာစေ့ - သင်္ကြန်ထမင်း

သင်္ကြန်ထမင်း
..................


 သင်္ကြန်ထမင်းက ဖယောင်းနံ့လေးသင်းနေတဲ့ ရေအေးအေးနဲ့ စိမ်ထားတဲ့ ထမင်း လေးပါ။ ဒါကိုမှ ငါးခြောက်ထောင်းကြော်ပျော့ပျော့၊ ငရုတ်သီးခြောက်အတောင့်၊ သရက်သီး အစိမ်းသုပ်လေးနဲ့ တွဲဖက်ပြီး စားရတာမို့ နွေအခါ ပူပြင်းလှတဲ့ရာသီ အစားအသောက်ပျက်ချိန်မှာ ရင်ထဲအထိ အေးပြီး မြိန်မြိန်ယှက်ယှက် စားဖြစ်စေတဲ့ ထမင်းပါ။ သင်္ကြန်စာဆိုပေမယ့် ပူပြင်းတဲ့နွေရာသီမှာ လူကြီးတွေကတော့ ထမင်းကို ရေဆမ်း၊ ငါးခြောက်ကြော်လေး ကြော်ထားပြီးစားရင် အမြဲထမင်းစားဝင်စေပါတယ်။

ပါဝင်ပစ္စည်းများ
• ထမင်းချက်ရန်အတွက် ဆန်ကောင်းကောင်း - နို့ဆီဘူး ၂ လုံး
• ဖယောင်းတိုင် - ၁ တိုင်
ငါးခြောက်ကြော်ရန်အတွက်
• ငါးကွမ်းရှပ်ငါးခြောက်  - ၁၅ ကျပ်သား
• ကြက်သွန်နီ - ၂၅ ကျပ်သား
• ဆီ  - ၁၅ ကျပ်သား
• နနွင်းမှုန့် - စတီးဇွန်း ၁ ဇွန်း
• ဆား -  သင့်သလို
 (ငါးခြောက်ရဲ့ အငန်ဓာတ်ကျန်တဲ့အပေါ်  မူတည်ပါတယ်)
 • အရသာမှုန့် - အနည်းငယ်
• သကြား - စတီးဇွန်း ၁ ဇွန်း
• မျှင်ငါးပိ - ကွမ်းသီးလုံးခန့်
• ဗမာငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
သရက်သီးစိမ်းသုပ်ရန်အတွက်
• သရက်သီးခပ်စိမ်းစိမ်း - ၁ လုံး
• ကြက်သွန်ဖြူနီဆီချက်  - အနည်းငယ်
• ပုစွန်ခြောက်မှုန့်  - စားပွဲဇွန်း ၂ ဇွန်း
• ပဲအကျက်မှုန့်မွှေးမွှေး - စားပွဲဇွန်း ၂ ဇွန်း
• ဆား  - အနည်းငယ်
• ငံပြာရည် - အနည်းငယ်
• ကြက်သွန်စိမ်း - ၂ လုံး (ပါးပါးလှီး)
• အရသာ - အနည်းငယ်
တို့စားရန်အတွက်
• ငရုတ်သီးခြောက်တောင့် - အနည်းငယ်


ပြုလုပ်နည်း
 ဦးစွာ ဆန်ကို ရေဆေးပြီး ရေများများနဲ့ တည်ပါ။ ထမင်းဆူပွက်လာတဲ့အခါ ထမင်းတွေ ကွဲထွက်လာသည်အထိ အဆူခံပြီးမှ ဆန်ခါနှင့် ရေစစ်၍ ထမင်းများကို အစေးဓာတ်ကုန်အောင် ရေလောင်းဆေးပြီး ရေစစ်ထားပါ။ ထမင်းကို အစေးဓာတ် ကုန်သည်အထိ ရေဆေးဖို့က အရေးကြီးပါတယ်။ ဒါမှ ဖယောင်းရည်ဆမ်းစားတဲ့အခါ ဖယောင်းရည် ကြည်ကြည်လင်လင်လေး ရပါမယ်။ မဟုတ်ရင် ဖယောင်းရည်က အရောင်နောက်တတ်ပါတယ်။ ဖယောင်းနံ့လေးရဖို့အတွက် ပန်းခရေက င်္ူအေ လျှပ်စစ် မီးဖိုကိုသာ အလွယ်သုံး ထားပါတယ်။ သန့်စင်ထားတဲ့ မီးဖိုမျက်နှာပြင်မှာ ဖယောင်းတိုင် လက်တစ်ဆစ်ခန့် ဖြတ်ပြီး အပူပေးပါ။ ပြီးလျှင် အိုးတစ်လုံး မှောက်တင်ပါ။ အငွေ့တွေ လှိုင်လှိုင်ထွက်လာရင် အိုးကို ပြန်လှန်ယူပြီး ရေသန့်ရေ တစ်ဝက်ခန့်ဖြည့်၊ အဖုံးအုပ်ပြီး ခဏထားပါ။ ၁၅ မိနစ်လောက်နေရင်တော့ အိုးသန့်သန့်ထဲ ရေစစ်ထားတဲ့ ထမင်း တွေထည့်ပြီး အပေါ်ကနေ ရေစစ်ခံကာ ဖယောင်းရည်များ လောင်းထည့်လိုက်ရင် ဖယောင်းနံ့သင်းနေတဲ့ ထမင်းရပါပြီ။
 ပြီးလျှင် ငါးခြောက်ထောင်းကြော်ပါမယ်။ ငါးခြောက်ထောင်းဖို့အတွက် ငါးခြောက် ကို ဦးစွာ ဆားရည်နဲ့ နာရီဝက်ခန့် စိမ်ထားပါ။ အဲဒီလို စိမ်လိုက်ရင် ငါးခြောက်ထဲက အငန်ဓာတ်တွေလည်း ဆားက ပြန်စုပ်ယူသွားလို့ ငါးခြောက်က မငန်တော့ပါဘူး။ ကြော်တော့မယ်ဆိုရင် ဆားရည်က ဆယ်ယူ၍ ရေ ၃၊ ၄ ထပ် ဆေးပြီး ပြုတ်ပါမယ်။ ငါးခြောက်ပြုတ်ထားတုန်း ကြက်သွန်နီကို လေးစိတ်ကွဲ လှီးထားပါ။ ငါးခြောက်နူးလာရင် ဆယ်ယူပြီး ဆုံထဲ ထည့်၊ ခပ်ဖွဖွလေး ပွတက်လာအောင် ထောင်းပါ။ ဒါဆိုရင်တော့ ကြော်ရန် အသင့်ပါရှင်။ ဒယ်အိုးထဲ ဆီထည့်ပြီး ဦးစွာ ငရုတ်သီးခြောက် တောင့်တွေကို ကြွပ်လာအောင်ကြော်ပြီး ဆယ်ယူထားပါ။ ဆီထဲ နနွင်းခတ်ပြီး မျှင်ငါးပိကို အရင်ထည့်၍ ဆီသတ်ပါ။ ငါးပိနံ့လေးမွှေးလာပြီဆိုရင် ထောင်းထားတဲ့ ငါးခြောက်များ ထည့်ပါ။ ဆား၊ အရသာ၊ သကြား၊ ငံပြာရည် ထည့်ပါ။ ကြက်သွန်လေးစိတ်ကွဲ ထည့်ပါ။ ကြက်သွန်တွေ လည်း အိပြီး ငါးခြောက်တွေလည်း ရေဓာတ်ကုန်ကာ ခပ်ထပ်ထပ်လေး ဖြစ်လာရင်တော့ အပေါ့၊ အငန်မြည်းပြီး ဖိုပေါ်ကနေ ဒယ်အိုးကိုချလို့ရပါပြီ။
 သရက် သီးစိမ်းလေး သုပ်ဖို့အတွက်က သရက်သီးကို ခြစ်တံနဲ့ခြစ်ပါ။ ရေတစ်ထပ် ဆေးပြီး သုပ်မယ့်ပန်းကန်ထဲ ရေစစ်ထည့်ပါ။ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ အရသာ၊ ဆီချက်၊ ငံပြာရည် ထည့်နယ်လိုက်ရင် သရက်သီးအစိမ်းသုပ်လေး ရပါပြီ။
...............
ပန်းခရေ


ရောင်စုံ မုန့်ကြာစေ့ (Colorful Mini Glutinous Rice Ball)
......................................


 မြန်မာများရဲ့  နှစ်သစ်ကူးအခါသင်္ကြန်မှာ မုန်ကြာစေ့ကိုတော့ လူကြီး၊ လူငယ်အားလုံး စုပေါင်းပြီး ပျော်ပျော်ပါးပါး ပြုလုပ်သုံးဆောင်လေ့ရှိကြပါတယ်။ ထူးခြားတဲ့ မုန့်မဟုတ်သော်လည်း လုပ်စားရတာလွယ်ကူပြီး စားကောင်းသောကြောင့် မပါမဖြစ်တဲ့ မုန့်လေးမို့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• ကောက်ညှင်းမှုန့်  - ၄၀ဝ ဂရမ်
• ဆား  - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ထန်းလျက်  - ၅၀ဝ ဂရမ်
• အုန်းသီးဖတ် - ၁ ခွက်
• နို့စိမ်း - ၁ ၁/၂ ခွက် (ဆမ်းစားရန်)
• နို့ဆီ - စားပွဲဇွန်း ၃ ဇွန်း
• နို့စိမ်း - ၁ ခွက် (မုန့်သားနယ်ရန်)
• ရေ - လိုသလောက်
 (မုန့်သားနယ်လျှင် ရေလိုလျှင် ထည့်ပါ)
• အစားအသောက်အရောင် - ၂ စက် (အရောင်တစ်မျိုးကို ၂ စက်)

ပြုလုပ်နည်း
၁။  ဇလုံအကြီးထဲ ကောက်ညှင်းမှုန့်၊ ဆား၊ နို့ဆီ၊ နို့စိမ်း ၁ ခွက် ထည့်ပြီး မုန့်နှစ်လုံးလို့ ရသော အနေအထားအထိ လက်ဖြင့် သေချာနယ်ပါ။
၂။  ပြီးလျှင် အဖုံးအုပ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။ မုန့်နှစ်သားများကို လိုသလောက် ခွဲပြီး အရောင်များ ထည့်ပြီး နယ်နှပ်ပါ။  (အရောင်မုန့်ကြာစေ့လုပ်မယ်ဆိုလျှင်)
၃။  ထန်းလျက်ကို ရေထည့်၍ ကျိုထားပြီး အမှိုက်များ စစ်ထားပါ။ အုန်းသီးခြစ်ထားပါ။
၎။  မုန့်လုံးလုံးရန် အသင့်ဖြစ်ပါက ရေနွေးအိုးတစ်အိုးကို ဆူပွက်အောင် တည်ထားပါ။ ရေအေးထည့်ထားသောဇလုံ အသင့်ထားပါ။
၅။  အားလုံးအသင့်ဖြစ်ပါက မုန့်လုံး စတင်လုံးနိုင်ပါပြီ။ မုန့်နှစ်ကို ကြာစေ့အရွယ် အလုံး လေးများ လုံးပါ။
၆။ ရေနွေးအိုး ဆူပွက်ပါက လုံးထားပြီးသား မုန့်လုံးလေးများကို ထည့်၍ပြုတ်ပါ။ ပြန်လည်ဆူပွက်ပြီး မုန့်လုံးလေးများ ရေပေါ် ပေါ်လာပါက မုန့်လုံးကျက်ပြီးဖြစ်၍ ဆယ်ယူပြီး ရေခဲရေထည့်ထားသော ရေအေးဇလုံထဲ စိမ်ထားပေးပါ။
၇။  အေးသွားသော မုန့်လုံးကို ဆယ်ယူ၍ ထန်းလျက်ရည်ဆမ်းကာ အုန်းသီးဖတ်၊ နို့စိမ်းထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
...................
Syi Lwin Food Garden

ကန်စွန်းဥ သာကူကျို



ကန်စွန်းဥ သာကူကျိုနည်းမေးထားတဲ့သူတွေအတွက်ရေးပေးလိုက်ပါတယ်။ ကန်စွန်းဥ မကြိုက်ရင်မထည့်ပဲ သာကူကျိုချည်းပဲလုပ်ရင်လဲရပါတယ်။ ပူပူနွေးနွေးလေးနဲ့ စားလို့ ကောင်းတဲ့ ကန်စွန်းဥ သာကူကျိုကို လုပ်စားရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ သာကူစေ့ - ၁ ခွက် (သို့ ) ၁၅၀ ဂရမ်
၂။ ရေ - ၅ ခွက် (သို့ ) ၁၂၀၀ မီလီလီတာ ml ( ကျဲကျဲလေးသောက်ချင်ရင် ရေ ၆ ခွက် (သို့ ) ၁၅၀၀ ml ထည့်ပါ။)
၃။ ထန်းလျက် - ၁၅ ကျပ်သား (သို့ ) ၂၀ သား (အချိုကြိုက်လျှင် ၂၀ သားထည့်ပါ။)
၎။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ကန်စွန်းဥ - အကြီး ၃ လုံး
၆။ အုန်းသီးဖတ်
၇။ အုန်းနို့ - ၂၀၀ မီလီလီတာ ml
(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml )
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကန်စွန်းဥကို နူးအိနေအောင်ပြုတ်ပြီးအတုံးလေးတွေတုံးထားပါ။ အုန်းနို့ ကိုပွက်အောင်တည်ပြီးအအေးခံထားပါ။ သာကူကိုရေဆေးပြီးရေစစ်ထားပါ။
၂။ ရေ ၅ ခွက်၊ဆားနှင့် ထန်းလျက်တို့ ကိုအိုးကြီးကြီးတခုထဲထည့်ပြီး ထန်းလျက်များအရည်ပျော်လာသည်အထိတည်ပါ။ ထန်းလျက်အရည်ပျော်သွားလျှင် ရေစစ်ဖြင့် အမှိုက်များစစ်ပါ။
၃။ ထို့ နောက်စစ်ထားသော ထန်းလျက်ရည်ကို မီးဖိုပေါ်မှာပွက်လာအောင်တည်ပါ။ ပွက်လာလျှင် သာကူစေ့များကိုထည့်ရ်ျ အဆက်မပျက်မွှေပါ။ သာကူစေ့ရဲ့ အဖြူအစံများပျောက်လျှင် တုံးထားသော ကန်စွန်းဥများကိုထည့်ရ်ျ မီးဖိုပေါ်မှချပါ။
၎။ ကန်စွန်းဥသာကူကျိုကိုစားခါနီးလျှင် အုန်းနို့ ဆမ်း၊ အုန်းသီးဖြူးရ်ျ သုံးဆောင်နိုင်ပါပြီရှင်။

မုန့်လုံးရေပေါ်



သင်္ကြန်နားနီးတိုင်း မုန့်လုံးရေပေါ်လုပ်နည်းတင်ပေးပါလို့ နှစ်တိုင်းတောင်းဆိုကြတယ်။ အိစံကလဲ ခဏခဏလုပ်စားဖြစ်လို့ တင်ပြီးသားလို့ထင်နေတာ။ အခုလိုက်ရှာတော့မှ မတင်ရသေးဘူးဆိုတာသိတော့တယ်။ မုန့်လုံးရဲ့အချိုးအစားကတော့အခြား မြန်မာမုန့်တွေအချိုးအစားလိုပဲ ကောက်ညှင်း ၄ ဆ၊ ဆန်မှုန့် ၁ ဆနဲ့လုပ်ထားတာပါ။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ (အလုံး ၄၀ နည်းပါးစာ)
၁။ ကောက်ညှင်းမှုန့် - ၁ ခွက် (သို့ ) ထမင်းစားဇွန်း ၁၆ ဇွန်း
၂။ ဆန် မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၃။ ရေ - ထမင်းစားဇွန်း ၉ ဇွန်း
၎။ ဆား - အနည်းငယ်
၅။ ထန်းလျက်အခဲ - ၁၅ ကျပ်သား
၆။ အုံးသီးခြစ်ဖတ် - အနည်းငယ်
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် ၊ ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကောက်ညှင်းမှုန့် ၊ ဆန် မှုန့် ၊ဆားအနည်းငယ်ကို ရောရ်ျ ရေထမင်းစားဇွန်း ၉ ဇွန်းထည့်ပြီး သမလာအောင်နယ်ထားပါ။ ထန်းလျက်ခဲကို အတုံးသေးသေးလေးတွေတုံးထားပါ။ ငရုတ်သီးစိမ်းလေးတွေကို သေးသေးလေးတွေလှီးထားပါ။
၂။ မုန့်လုံးလုံးရန်အတွက် နယ်ထားသောမုန့်အနှစ်ကို အရင်ဆုံးအလုံးလေးလုံး၊ ပြီးရင် အနည်းငယ်ပြားလိုက်၊ အဲ့အပြားအလယ်ကို လက်ချောင်းနဲ့ချိုင့်သွားအောင်လုပ်ပြီး ထန်းလျက်အခဲလေးတွေထည့်ရ်ျ လုံးပါ။
၃။ လုံးထားသော မုန့်လုံးများကို ပွက်ပွက်ဆူနေသော ရေနွေးထဲထည့်ပါ။ မုန့်လုံးများ ရေပေါ်ပေါ်လာလျှင် ဆယ်ပါ။
၎။ မုန့်လုံးရေပေါ် ပေါ်ကိုအုန်းသီးခြစ်ဖတ်များဖြူးရ်ျ သုံးဆောင်နိုင်ပါပြီရှင်။

(ငရုတ်သီးဖြင့်တချို့မုန့်လုံးများကိုလဲ ပြုလုပ်နိုင်ပါသည်။ အိစံတို့ကတော့ ထန်းလျက်နဲ့ ၁၅ လုံးလောက်လုံးမှ ငရုတ်သီးနဲ့ ကို ၁ လုံးလုံးပါတယ်။)

ရောင်စုံကျောက်ကျော



အိမ်မှာလုပ်တာကတော့ jello mix နှင့် gelatin ကိုအသုံးပြု ပြီးလုပ်ပါတယ်။
ယခုပြုလုပ်နည်းကိုတော့ တယ်လီဖုန်းတံဆိပ်နဲ့ လုပ်တဲ့နည်းပါ။

ပါဝင်ပစ္စည်းများ (၂ဘန်းစာ)

တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့် အသေး ၃ထုပ်
သကြား
နို့ ဆီ (သို့ ) နို့ စိမ်း
အရောင်ပါသော အချိုရည် ၂ မျိုး (အမှုန့် နဲ့ဖျော်လဲရပါတယ်)

ပြုလုပ်နည်း
ပထမဆုံး အရောင်ပါတဲ့ ကျောက်ကျောကိုလုပ်ပါ။
ကျောက်ကျောမှုန့် တထုပ်ကို ရေ ၁လီတာ (အချိုရည်ပါအပြီး) နှင့် သကြား ၁၀သားအချိုရည်ပါတဲ့ ရေကို မီးဖိုပေါ်မှာပွက်နေအောင်တည်ပါ။

ကျောက်ကျောမှုန့် ကိုရေနည်းနည်းနဲ့ ပျော်အောင်ဖျော်ထားပါ။ အချိုရည်အိုးပွက်ရင် သကြားထည့်မွှေပါ။

သကြားအရည်ပျော်သွားရင် ကျောက်ကျောမှုန့် ထည့်မွှေပါ။

အရည်ကကြည်သွားရင် ထည့်မည့်ခွက်ထဲမှာ အအေးခံပါ။

နောက်အရောင်ကျောက်ကျောကိုလဲအထက်နည်းအတိုင်းလုပ်ပါ။ ကျောက်ကျော ၂ဘန်းကို လုံးဝခဲနေတဲ့ အထိထားပါ။ ကျောက်ကျော လုံးဝခဲသွားရင် ပုံထဲမှာ ပါတဲ့ အတိုင်း အတုံးလေးတွေ လှီးပါ။ ပြီးရင် ၂ဘန်းကို မျှအောင်ရောလိုက်ပါ။

အဖြူရောင်ကိုတော့ နို့ ဆီနဲ့ လုပ်မည်ဆိုရင် သကြားထည့်ရန်မလိုပါဘူး ။ နို့ စိမ်းနဲ့ လုပ်ရင်တော့ သကြားထည့်ရပါတယ်။


အဖြူရောင်အတွက်ကိုတော့ ရေတလီတာ ၊နို့ ဆီ တဘူးနဲ့ လေးပုတပုံ (သို့ ) နို့ စိမ်း တဘူး နှင့်သကြား၁၀သား။

ရေကို အိုးပေါ်မှာပွက်အောင်တည်ပါ။ ရေပွက်ရင် နို့ ဆီ (သို့ )နိုစိမ်းနှင့်သကြားကိုထည့်ပါ။ ပြီးရင် ရေနဲ့အရည်ဖျော်ထားသော ကျောက်ကျောကိုထည့်ပါ။

နောက်တခေါက်ပွက်ရင် မီးဖိုပေါ်မှ ချပြီး အေးသွားတဲ့အထိအအေးခံပါ။ ခဲမှာစိုးရင် မွှေပေးပါ။ (အပူကျောက်ကျောအရည်ကိုသွားထည့်လိုက်ရင် ရောင်စုံကျောက်ကျောတွေပါ ပြန်ပြီးအရည်ပျော်သွားပြီးမလှပါ။)

အေးသွားသောအဖြူရောင်ကျောက်ကျောအရည်ကို ခုနက အရောင် ၂ရောင်ရောထားသော ကျောက်ကျော ၂ဘန်းကို အညီအမျှလောင်းထည့်လိုက်ပါ။ ပြီးရင် အအေးခံပါ။ တစ်ညထားရင် ပိုကောင်းပါတယ်။ အရမ်းခဲမှ ဓါးနဲ့ လှီးပါ။ (အာဂါးကျောက်ကျောမှုန့် ကို သုံးလို့ မရပါ။ သူကချက်ချင်းခဲသွားလို့ ပါ။)

ရောင်စုံသာဂူလုံး
..........................


 ကလေးတွေလည်းကြိုက်၊ လူကြီးတွေလည်း
နှစ်သက်တဲ့ ရောင်စုံသာဂူလုံးလေးကို သုံးဆောင်ရင်း
သင်္ကြန်တွင်းကို ဖြတ်သန်းလိုက်ပါနော်။

ပါဝင်ပစ္စည်းများ
• သာဂူစေ့ - ၅၀ ကျပ်သား
• သကြား - ၅၀ ကျပ်သား
• ဖျော်ရည်စုံ - အနည်းငယ်စီ
 (စတော်ဘယ်ရီ၊ သစ်ခွ၊ လိမ္မော်)
• ဆား - အနည်းငယ်
• ရေ - နို့ဆီဘူး ၈ ဘူး
• အုန်းသီး - ၂ လုံး (အမှုန့်)

ပြုလုပ်နည်း
၁။ သာဂူစေ့လေးများကို ဖုန်၊ သဲ၊ ခဲ ကင်းစင်ရန် ဆန်ခါနှင့် ပြာထားပါ။
၂။ ရေ နို့ဆီဘူး ၈ ဘူးကို ပွက်ပွက်ဆူအောင် တည်ပြီး ပြာထားသော သာဂူစေ့ထည့်၍
၁၀ မိနစ်ခန့် ကျိုပါ။
၃။ ပွတက်လာသော သာဂူကျိုထဲ သကြား၊ ဆား ထည့်ပြီး ၁၀ မိနစ်ခန့် ကျိုပါ။
၎။ သာဂူစေ့လေးများ မျက်ဆံမပျောက်ခင် သာဂူကျို သုံးပုံတစ်ပုံစီကို ဖျော်ရည်အရောင် တစ်မျိုးစီထည့်ပြီး အိုးလေးများထဲ ခွဲထည့်၍ ၁၀ မိနစ်ခန့် နှပ်ထားပါ။
၅။ တစ်အိုးစီ အနည်းငယ်အေးသွားလျှင် ဗန်းထဲ အနေတော်အပုံလေး များ ပုံပြီး အအေးခံပါ။
၆။ အေးသွားလျှင် တစ်လုပ်စာအလုံးလေးများ လုံးပြီး ခြစ်ပြီးသား အုန်းသီးလေးများနှင့် ငုံ၍ လုံးပါ။
၇။ အားလုံး လုံးပြီးသွားလျှင် အရောင်အသွေး စုံလင်စွာနှင့် အုန်းနံ့မွှေးမွှေး၊ ရောင်စုံ သာဂူလုံးလေးများကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
............................
ရွှေရည်ဖြိုး
တင့်တင့် မြန်မာ့ရိုးရာမုန့်မျိုးစုံ

No comments: