Sunday, April 21, 2019

FOB ဆိုတာ ဘာလဲ



CIF ဆိုရင် ​ဘာ​တွေထပ်​​ပေါင်းကုန်​ကျခံထား/ခံရမလဲ။
နိုင်ငံဖြတ်​​ကျော်ေ​ရာင်းဝယ်မှုအတွက် မသိမဖြစ် နားလည်ထားရမည့် transportation အ​ခေါ်အ​ဝေါ်၏ အဓိပ္ပါယ်​ ဖွင့်​ဆိုချက်​များကို ​လေ့လာ​စေချင်​ပါသည်​။

Export & Import Incoterms (International Commercial Terms) များ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်း(International Chamber Of Commerce)  (ICC) မှ ထုတ်ပြန်ခဲ့သည့် Incoterms  2010 ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှစတင်၍ တစ်ကမ္ဘာလုံး လိုက်နာကျင့်သုံးလျှက်ရှိရာ အောက်ပါအတိုင်းဖြစ်ပါသည်-

                 (က)    FOB (Free On Board) ။     ရောင်းသူသည် ရောင်းချမည့် ကုန်ပစ္စည်းကိုတင်ပို့ရမည့်သင်္ဘောပေါ်သို့ရောက်ရှိသည်အထိ တင်ပို့ပေးရန်တာဝန်ရှိ သည်။ ရောင်းသူသည် တင်ပို့မည့်ကုန်ပစ္စည်းအတွက် ကျသင့်သည့် အကောက် ခွန်များကို တာဝန်ယူဆောင်ရွက်ရမည်။ ဝယ်သူသည် ကုန်ပစ္စည်း  သင်္ဘောပေါ် သို့ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာ သည့်ဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း၊ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက် သာအသုံးပြုရမည်။

                   ( ခ )  FAS (Free Along side Ship)။  ရောင်းသူသည်ကုန်ပစ္စည်းအားတင်ပို့မည့်  သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းရှိ  သင်္ဘောနံဘေးအရောက် ပို့ဆောင်ပေးပြီး ရောင်းချခြင်းကို လွှဲပြောင်းပေးရမည်ဖြစ်သည်။ ရောင်းသူသည် တင်ပို့မည့် ကုန် ပစ္စည်းအတွက် အကောက်ခွန် ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပြီး ဝယ်သူသည် ကုန်ပစ္စည်းလက်ခံသည့် အချိန်မှစ၍ ကုန်ပစ္စည်း ဆုံးရှုံးမှုနှင့် အခြားကုန်ကျစရိတ်များအားလုံးကို ကျခံရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက် သာ အသုံးပြုရမည်။

                   ( ဂ )   CFR  ( Cost and Freight ) ။    ရောင်းသူသည် ကုန်ပစ္စည်းများတင်ပို့ရာတွင်တင်ပို့မည့်ကုန်ပစ္စည်းသင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများ ကို လွှဲပြောင်းပေးပြီးဖြစ်သည်။ ရောင်းသူသည် ကုန်ပစ္စည်း တင်ပို့ရာတွင် ကျသင့်သည့် သင်္ဘောခနှင့် အခြားကုန်ကျစရိတ်များ အားလုံးကို တာဝန်ယူရ မည်ဖြစ်သည်။ ဝယ်သူသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စရိတ်စက များ၊ ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်စီးမှုများအားလုံးကို တာဝန်ယူရမည် ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။    သင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများကို လွှဲပြောင်းပေးပြီးဖြစ်ပါသည်။ ရောင်းသူသည် ဝယ်သူသို့ ရောင်းချမည့် ကုန်ပစ္စည်းအပေါ်အာမခံကြေးပေးဆောင်ပြီး ကုန်ပစ္စည်းကို ပို့ဆောင်ပေးရမည် ဟူသောအချက်မှလွဲ၍ ကျန်ကိစ္စရပ်များအားလုံးမှာ CFR နှင့် အတူတူပင်ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်း ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။

                   ( င )   EXW (Ex Works) ။      ဝယ်သူအတွက် တာဝန်အကြီးမားဆုံး ဖြစ်စေပြီး ရောင်းသူအတွက် တာဝန်အနည်းဆုံး ဖြစ်စေသည်။ ရောင်းသူသည် ၄င်း၏ အဆောက်အဦးနှင့် မြေယာနေရာ (အလုပ်နေရာ၊ စက်ရုံ ၊ ဂိုဒေါင်)တွင် ဝယ်သူနှင့် သဘောတူညီထားသောနေ့၌ ကုန်ပစ္စည်း စုစည်းပေးရန် တာဝန်ရှိ သည်။ ဝယ်သူသည် ကုန်ပစ္စည်းများ နောက်ဆုံးရောက်ရှိရာနေရာအထိ သယ်ယူပို့ဆောင် စရိတ်အားလုံးနှင့် ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များ ကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြု နိုင်သည်။

                   ( စ )   FCA (Free Carrier)။       ရောင်းသူသည် ကုန်ပစ္စည်းများအား ဝယ်သူ အလိုရှိသည့်အတိုင်း စုစည်းပေးရန် (သို့မဟုတ်) ကုန်ဝယ်သူ၏ လိုလားချက် အတိုင်း  ကားဂိတ်၊ လေဆိပ် ၊ ရထားဘူတာ (သတ်မှတ်ထားသည့်နေရာ) သို့ ပေးပို့ပေးရန်တာဝန်ရှိသည်။ ဝယ်သူသတ်မှတ်ထားသောနေရာသို့ ကုန်ပစ္စည်း သယ်ယူခကို ရောင်းသူမှ တာဝန်ယူရမည်ဖြစ်ကာ ကုန်ချနေရာတွင် အကောက်ခွန် ရှင်းလင်းခ၊  သင်္ဘောခ၊ ကုန်ပစ္စည်းနောက်ဆုံး  ရောက်ရှိရာနေရာသို့   ကုန်သယ် ဆောင်ခတို့ကို ဝယ်သူမှတာဝန်ယူရပါမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရ မည့်ပုံစံအမျိုးမျိုး အပါအဝင်မည်သည့် သယ်ယူပို့ဆောင်မှု   ပုံစံဖြင့်မဆို အသုံးပြုနိုင်သည်။

                   (ဆ)    CPT (Carriage Paid To ) ။         ကုန်ရောင်းသူသည် ကုန်ပစ္စည်းအားသယ်ယူပို့ဆောင်ပေးသည့်ယာဉ်ပေါ်သို့ ကုန်ပစ္စည်းကို တာဝန်ယူ တင်ပို့ပေးရ မည့်အပြင် ကုန်ချရမည့်နေရာသို့  အရောက်ပေးပို့ပေးရန်  တာဝန်ရှိသည်။  ရောင်းသူသည်  ကုန်ပစ္စည်းတင်ပို့ရာတွင် အကောက်ခွန်ရှင်းလင်းခ၊ ကုန် ပစ္စည်းသယ်ယူခနှင့် အခြားကုန်ကျစရိတ်များကို တာဝန်ယူရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်မည့် ယာဉ်ပေါ်သို့ ကုန်ပစ္စည်းများ လွှဲပြောင်းတင်ပို့ပြီးစီးပါက ကုန်ရောင်းသူ၏ တာဝန်ယူမှု အပိုင်းပြီးဆုံးပြီဖြစ်သည်။ ဤစနစ်ကို သယ်ယူ ပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင်မည်သည့် သယ်ယူပို့ဆောင်မှု ပုံစံဖြင့် မဆို အသုံးပြုနိုင်သည်။

                   ( ဇ )   CIP ( Carriage  and Insurance Paid  To) ။         ကုန်ရောင်းသူသည် ကုန်ပစ္စည်းအား သယ်ယူပို့ဆောင်ပေးသည့် ယာဉ်ပေါ်သို့ကုန်ပစ္စည်းကို တာဝန် ယူတင်ပို့ပေးရမည့်အပြင် ကုန်ချရမည့်နေရာသို့ အရောက်ပေးပို့ပေးရန် တာဝန်ရှိသည်။ ရောင်းသူသည် ကုန်ပစ္စည်း တင်ပို့ရာတွင် အကောက်ခွန် ရှင်းလင်းခ၊ ကုန်ပစ္စည်းသယ်ယူခ၊ အာမခံကြေးနှင့် အခြားကုန်ကျစရိတ် များကို တာဝန်ယူရမည်ဖြစ်သည်။ တာဝန်ယူမှုအပိုင်းမှာ CPT နှင့်အတူတူ ပင်ဖြစ်သည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့်ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို  အသုံးပြုနိုင်သည်။

                   ( ဈ )   DAT (Delivered  At  Terminal )။           ရောင်းသူသည် ကုန်ပစ္စည်း များကို  သယ်ယူပို့ဆောင်သည့်ယာဉ်ပေါ်သို့  သယ်ချပြီးသည်နှင့်တစ်ပြိုင်နက်ဝယ်သူ၏အမည်သတ်မှတ်ထားသည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်ချနေရာ တွင် ဝယ်သူ၏ အလိုရှိသည့်အတိုင်း ပေးပို့ရောင်းချရမည်ဖြစ်သည်။ ကုန်ချ နေရာ ဆိုရာတွင် ဆိပ်ကမ်း၊ ဂိုဒေါင်၊ ကွန်တိန်နာဝင်း (သို့မဟုတ်) ကားဂိတ် ဘူတာရုံ (သို့မဟုတ်) လေဆိပ်၊ ကုန်စည်အဝင်အထွက်နေရာစသည်တို့ အပါ အဝင် မည်သည့်နေရာ မဆိုပါဝင်သည်။ ရောင်းသူသည် ကုန်ပစ္စည်းများအား အမည်သတ်မှတ်ထားသည့် ဆိပ်ကမ်း (သို့မဟုတ်) ကုန်ချနေရာသို့ သယ်ယူ ခြင်းနှင့်ကုန်ပစ္စည်းများ သယ်ချခြင်းစသည့် ကုန်ကျစရိတ်နှင့် ကိစ္စများအားလုံး ၏ တာဝန်ကိုကျခံရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုး အပါအဝင်မည်သည့်သယ်ယူပို့ဆောင် မှုပုံစံဖြင့်မဆိုအသုံးပြုနိုင်သည်။

                   (ည)    DAP (Delivered  At  Place) ။      ရောင်းသူသည် ဝယ်သူလိုလားချက် အတိုင်း ကုန်ချနေရာတွင် သယ်ချရန်အသင့်ဖြစ်နေသည့် ကုန်ပစ္စည်း သယ်ဆောင်သည့် ယာဉ်ပေါ်မှ ဝယ်သူအလိုရှိသည့်အတိုင်း ကုန်ပစ္စည်းများ အားထားရှိပြီးသည့်နောက် ကုန်ပစ္စည်းအား ပေးပို့ရောင်းချပြီးဖြစ်သည်။ ရောင်းသူသည် သတ်မှတ်ထားသောနေရာသို့ ကုန်ပစ္စည်းသယ်ဆောင်ခြင်း အပါအဝင် ကုန်ပစ္စည်း သယ်ဆောင်ရာတွင် ပေါ်ပေါက်လာနိုင်သည့်          ဘေးအန္တရာယ်များကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင် မှုပုံစံဖြင့် မဆို  အသုံးပြုနိုင်သည်။

                   ( ဋ )   DDP (Delivered Duty Paid)။        ရောင်းသူသည် ကုန်ပစ္စည်းများကို လွှဲပြောင်း ရောင်းချပြီး အခွန်ပေးဆောင်ပြီးသည်အထိ သယ်ယူပို့ဆောင်ခစရိတ် အားလုံးနှင့် ပေါ်ပေါက် လာနိုင်သည့် ဘေးအန္တရာယ်များကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူ ပို့ဆောင်ရမည့် ပုံစံအမျိုးမျိုး အပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြု နိုင်သည်

1) FOB, CFR, CIF Terms များတွင် သင်္ဘော၏လက်ရမ်း Ship's Rail ကို ကျော်ဖြတ်ပြီးမှ သင်္ဘောပေါ်ရောက်သည်ဟု သတ်မှတ်သည် .. ကုန်ပစ္စည်းအား သင်္ဘောပေါ်တင်နေစဉ် ဆိပ်ခံတံတားပေါ်သို့၎င်း ရေထဲသို့၎င်း ပြုတ်ကျ ပျက်စီး ပျောက်ဆုံးသွားပါက ရောင်းသူ၏တာဝန်ဖြစ်ပြီး ဝယ်သူက ကုန်လက်ခံရရှိသည်ဟု မသတ်မှတ်ပါ ..

2) CIF တွင် CFR ထက် တာဝန်ပိုလာသည့်ကိစ္စမှာ Seller မှ Insurance premium ကို Buyer's name ဖြင့် ကုန်ပစ္စည်းတန်ဘိုး+10% အပိုဆောင်း၍ (ကုန်ပစ္စည်းဆုံးရှုံးခဲ့လျှင် နစ်နာကြေး အတိုး ရုံးစရိတ် စသည်တို့ ထေမိကာမိစေရန်) ဝယ်သူအမည်ဖြင့် ဝယ်ယူထားရှိပေးရမည်ဖြစ်သည် ..

3) FAS Term တွင် ရောင်းသူသည် တင်မည့်ကုန်ကို သင်္ဘောနံဘေးသို့ အရောက်ပို့ရမည်ဆိုရာတွင် ဆိပ်ကမ်းကပ်ထားသည့် သင်္ဘောဘေးဆိပ်ခံခုံပေါ်သို့၎င်း (ကွန်တိန်နာပုံးသယ်လာသည့်ကား သင်္ဘောဘေးသို့ မောင်းလာ၍၄င်း) .. ကုန်သယ်မည့်သင်္ဘောသည် မြစ်လယ် သို့မဟုတ် ပင်လယ်ထဲကျောက်ချ၍ ကုန်တင်မည်ဆိုလျှင် ရောင်းသူသည် တင်မည့်ကုန်ကို ရေယာဉ်များဖြင့် ကုန်တင်မည့်သင်္ဘောဘေးအထိ၎င်း အရောက်ပို့ဆောင်ပေးရမည် ဖြစ်သည် ..

#credit
---------------------------------------------------------------------

#Total_Logistics_Services_Co_Ltd (Group of UCL Co.,Ltd)

No comments: