Wednesday, December 19, 2018

အွန်လိုင်းမှာ အခပေးသင်တန်းတွေ ဘယ်လိုတက်မလဲ...

အွန်လိုင်းမှာ အခပေးသင်တန်းတွေ ဘယ်လိုတက်မလဲ...



အွန်လိုင်းမှာ သင်တန်းတက်နည်းကို သိပြီးသားတွေ
လည်းရှိမှာ သေချာပါတယ်။ ဒီစာက မသိသေးတဲ့သူ
တွေကို ရည်ရွယ်ပြီးရေးတာပါ။ သိပြီးသားသူတွေအတွက်
အသုံးဝင်မှာ မဟုတ်လို့ ကျော်ဖတ်သွားဖို့ အကြံပြုပါ
တယ်။

အွန်လိုင်းမှာ အခမဲ့သင်တန်း တက်လို့ရတဲ့ ဝက်ဘ်ဆိုဒ်
တွေလည်း ရှိပါတယ်။ ဒီနေ့ ကျွန်တော် ပြောပြပေးချင်တဲ့
ဝက်ဘ်ဆိုဒ်ကတော့  www.udemy.com ဖြစ်ပါတယ်။
Udemyမှာ သင်တန်းတက်ဖို့ဆိုရင် ဘာတွေလိုမလဲ..

(၁) အင်္ဂလိပ်စာနားလည်ရပါမယ်။ အတန်အသင့်
ကျွမ်းကျင်ရပါမယ်။

(၂) အင်တာနက် ရှိရပါမယ်။ Wi-fi ဆိုပိုကောင်းပါ
တယ်။ ဗီဒီယိုတွေ ဖြစ်တာကြောင့် ဖုန်းဒေတာနဲ့ဆို
အကုန်အကျ နည်းနည်း များနိုင်လို့ပါ။

(၃) Visa card သို့မဟုတ် Master Card ရှိရပါမယ်။

(၄) လက်ပ်တော့၊ PC သို့မဟုတ် ဖုန်းတစ်လုံးတော့
ရှိရပါမယ်။

Udemy.com ပေါ်မှာ သင်တန်းပေါင်းများစွာကို
တက်လို့ရပါတယ်။ Video Editing ကို အပြင်မှာ
အချိန်ပေးပြီး သွားမတက်နိုင်ဘူးဆိုသူတွေလည်း
Udemy.com ပေါ်မှာ သင်ယူလို့ရပါတယ်။ သင်တန်း
ကြေးအများစုက ၁၁ ဒေါ်လာ၊ ၁၂ဒေါ်လာ ဝန်းကျင်ပဲ
ရှိပါတယ်။ ကျွန်တော်ကတော့ Basic Video Editing
သင်တန်း တစ်ခုတက်နေပြီး သင်တန်းက တကယ်
လည်း ကောင်းပါတယ်။

အင်္ဂလိပ်ဘာသာစကားအသုံးပြုထားတဲ့ သင်တန်းတွေ
များတာကြောင့် အင်္ဂလိပ်စာ နားလည်ဖို့လိုတယ်လို့
ပြောခဲ့တာ ဖြစ်ပါတယ်။ အင်တာနက်ကတော့ Wi-fi
ရှိတဲ့ နေရာမျိုး သို့မဟုတ် အိမ်မှာ Wi-fi ရှိရင်ပိုကောင်း
မှာပါ။ Visa card သို့မဟုတ် Master Card ကတော့
ဘဏ်တွေမှာ အလွယ်တကူ ပြုလုပ်လို့ရပါတယ်။
ပိုက်ဆံလည်း အများကြီးထည့်ထားစရာ မလိုပါဘူး။
ဒေါ်လာ ၅၀လောက်ထည့်ထားရင် စလို့ရပါပြီ။ နောက်
မှ လိုရင် ထပ်ထည့်လို့ရပါတယ်။ လက်ပ်တော့ (သို့)
PC မှာ လေ့လာမယ်ဆိုရင်တော့ www.udemy.com
ကိုသွားပြီး Sign up လုပ်၊ Payment Information
ဖြည့်ပြီးရင် သင်တန်းတွေ စတက်လို့ရပါပြီ။ Visa
Card သို့မဟုတ် Master Card နဲ့ ငွေအလွယ်တကူ
ချေလို့ရပါတယ်။

Android ဖုန်းပေါ်က လေ့လာချင်တယ်ဆိုရင်တော့
Udemy Android App ပေါ်ကနေ လေ့လာလို့ရပါ
တယ်။ Playstore Link ကို အောက်မှာ ပေးထားပါ
တယ်။
https://play.google.com/store/apps/details?id=com.udemy.android&hl=en_US

Playstore က မရတဲ့သူတွေအတွက် APK Pure 
Link

https://apkpure.com/udemy-online-courses/com.udemy.android

Apple Devices တွေအတွက်ဆိုရင်တော့ App Store
မှာ အလွယ်တကူ ဒေါင်းလို့ရပါတယ်။ လင့်ကတော့
အောက်မှာ ပေးထားပါတယ်။
https://itunes.apple.com/us/app/udemy-online-courses/id562413829?mt=8

သင်တန်းတွေကတော့ အစုံတက်လို့ရပါတယ်။
ဘာသင်တန်းတွေ တက်လို့ရလဲလို့မေးမယ့်အစား
ကိုယ့်ဘာသာ ဝင်ကြည့်ကြည့်ပါ။ Coding လား၊
Design လား၊ Excel လား၊ ဂစ်တာလား၊ စသဖြင့်
အစုံရှိပါတယ်။ သင်တန်းတက်ဖို့ ရွေးတော့မယ်
ဆိုရင် အဲ့ဒီသင်တန်းရဲ့ Rating ကို တစ်ချက်ကြည့်
ပါ။ သင်တန်းက ဘာတွေ သင်မလဲဆိုတာကို
အကျဉ်းချုပ်ရေးထားတဲ့ Description လေးကို
ဝင်ဖတ်ပါ။ ပြီးတော့ သင်တန်းတက်ဖူးတဲ့သူတွေရဲ့
Review တွေ၊ Feedback တွေကို ဝင်ဖတ်ကြည့်
ပါ။ အားလုံး ကြိုက်ပြီဆိုရင်တော့ သင်တန်းစတက်
နိုင်ပါပြီ။

#မိုးရှင်း (I.M.T)

အင်္ဂလိပ်လို စကားပြောလေ့ကျင့်ဖို့ သူငယ်ချင်းမရှိ
ဖြစ်နေလား...

ကျွန်တော် အင်္ဂလိပ်စကားကို စလေ့လာတုန်းက
အကြီးမားဆုံး ပြဿနာတွေထဲက တစ်ခုက အင်္ဂလိပ်
လို စကားပြောဖို့ အဖော်မရှိတာပါ။ သင်တန်းမှာ
ပြောလို့ရတယ်ဆိုပေမယ့် အချိန်အကန့်အသတ်
နဲ့ ဖြစ်တာမို့ သင်တန်းပြီးသွားရင် အင်္ဂလိပ်လို
လေ့ကျင့်ဖို့ အဖော်မရှိတော့ပြန်ပါဘူး။ ကျွန်တော်
က လွန်ခဲ့တဲ့ ၅ နှစ်လောက်က  အဆောင်နေခဲ့တာ
ဖြစ်ပြီး အဆောင်မှာလည်း အင်္ဂလိပ်လို ပြောဖို့
အဖော်မရှိခဲ့ပါဘူး။ သင်္ဘောပေါ်မှာလည်း မြန်မာ
တွေချည်းပဲ ဖြစ်လို့ အင်္ဂလိပ်လို စကားပြောလေ့ကျင့်
လို့က မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်တွေ
အားလုံးမှာ ကျွန်တော်လုပ်ခဲ့တာ တစ်ခုတော့ရှိပါ
တယ်။ အဲ့ဒါက မှန်ထဲကြည့်ပြီး စကားပြောတာပါ။

တစ်ခါတစ်လေ တစ်ယောက်တည်းလဲ ပြောနေ
တတ်ပါတယ်။ သူများတွေတွေ့သွားရင်တော့ အရူး
လို့ထင်လောက်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကိုသာ
ဂရုစိုက်နေခဲ့ရင် ယခုအချိန်မှာ ကျွန်တော် အင်္ဂလိပ်
စကားကောင်းကောင်း ပြောတတ်အုံးမှာ မဟုတ်သေး
ပါဘူး။ ကျွန်တော့်တုန်းက အဲ့ဒီလို အခက်အခဲတွေရှိ
ခဲ့ပေမယ့် အခု နည်းပညာခေတ်ကြီးထဲမှာတော့
အင်္ဂလိပ်စကားပြော လေ့ကျင့်ချင်ရင် အရင်ကထက်
အများကြီး လွယ်သွားပါပြီ။ ဖုန်းလေးနဲ့အင်တာနက်
လေးပဲ ရှိဖို့လိုပါတယ်။ အွန်လိုင်းပေါ်မှာ ကိုယ့်လိုပဲ
အင်္ဂလိပ်လို စကားပြော လေ့ကျင့်ချင်သူတွေနဲ့
စကားပြောလို့ရတဲ့ App လေးတွေ ရှိနေပါပြီ။
ကျွန်တော်ကိုယ်တိုင် စမ်းသပ်သုံးစွဲကြည့်ထားတဲ့
Application (၃) ခုကို ပြောပြပေးပါ့မယ်။ သိပြီး
သားသူတွေလည်း ရှိနိုင်ပေမယ့် မသိသေးတဲ့သူ
တွေ အတွက် ရည်ရွယ်ပြီး ဝေမျှပေးလိုက်ပါတယ်။
ကျွန်တော်ပြောပေးမယ့် App တွေကို Playstore
မှာ အလွယ်တကူဒေါင်းလို့ရပါတယ်။ Apple သမား
တွေလည်း App Store မှာ ဒေါင်းလို့ရပါတယ်။

(၁)  Open Talk

https://play.google.com/store/apps/details?id=com.opentalk&hl=en_US

 Playstore မှာ Open Talk လို့ ရိုက်ပြီးရှာကြည့်ပါ။
ဒီ App လေးထဲမှာ မိမိ လေကျင့် ပြောလိုတဲ့
အကြောင်းအရာကို ရွေးချယ်ပြီး Talk Now ဆိုတာ
ကို နှိပ်လိုက်ရင် ကမ္ဘာတစ်လွှားက ဒီApp ကို
အသုံးပြုနေတဲ့သူတွေနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။
ခဏတော့စောင့်ပေးရပါတယ်။ ခဏနေရင် စကား
ပြောဖို့ အဆင်သင့်ဖြစ်သွားပါလိမ့်မယ်။ လူတစ်ဦးနဲ့
မိနစ် ၂၀အထိ စကားပြောလို့ရပါတယ်။ ဒီ App
ပေါ်မှာတော့ များသောအားဖြင့် အိန္ဒိယ လူမျိုးတွေ
ကို တွေ့ရတတ်ပါတယ်။ သူတို့က အင်္ဂလိပ်စကား
ပြော တော်တော်လေ့ကျင့်ပုံရပါတယ်။ အခြားနိုင်ငံ
က လူတွေနဲ့လည်း တစ်ခါတစ်ရံ ကြုံရနိုင်ပေမယ့်
အိန္ဒိယလူမျိုးနဲ့တွေ့တာတော့ များပါတယ်။ ဖုန်းပြော
သလို ပြောရုံပါပဲ။ ရုပ်လည်း မမြင်ရတဲ့အတွက်
ပုဇွန်တောင်ဇေးရှင်း မကောင်းလဲ ရှက်စရာမလို
ပါဘူး။


(၂) Speaklar

https://play.google.com/store/apps/details?id=www.speak.com

ဒီ App လည်း သုံးလို့ကောင်းပါတယ်။ ဒီ App ပေါ်
မှာလည်း အိန္ဒိယ လူမျိုးတွေများပါတယ်။ ဒါပေမယ့်
သူတို့အားလုံး တော်တော်များများ အင်္ဂလိပ်လို အခြေ
ခံ ပြောတတ်ကြပါတယ်။ ဒီ App မှာတော့ Level-1
Speaker နဲ့ Verified Speaker  ဆိုပြီးရှိပါတယ်။
ကိုယ်က သိပ်မပြောတတ်ဘူးဆိုရင် ကိုယ့်လိုမျိုး
သိပ်မပြောတတ်တဲ့သူတွေကို Level-1 Speaker
မှာ တွေ့နိုင်ပါတယ်။ ကိုယ်က နည်းနည်းပြောတတ်
နေပြီဆိုရင်တော့ Verified Speaker နဲ့ ပြောပါ။


(၃) Walkie Community 

https://play.google.com/store/apps/details?id=com.wakie.android

ဒီ App ကတော့ စမ်းသုံးကြည့်တာ မကြာသေးပါဘူး။
သူကတော့ အပေါ်က App တွေထက် နည်းနည်းပိုကျယ်
ပြန့်ပါတယ်။ ကိုယ်နဲ့ ဝါသနာတူ လူတွေနဲ့ စကားပြော
နိုင်မယ့် App လည်း ဖြစ်ပါတယ်။ Audio Call ပြော
လို့ရသလို Text Chat ပုံစံမျိုးလည်း ပြောလို့ရပါတယ်။
App ကို ဖွင့်လိုက်ရင်အပေါ်ဆုံးမှာ စကားပြောချင်တဲ့
သူနဲ့ သူတို့ ပြောချင်တဲ့ အကြောင်းအရာတွေကို တွေ့ရ
ပါလိမ့်မယ်။ အဲ့ဒီမှာ ကိုယ်ပြောချင်တာနဲ့ ကိုက်တယ်
ဆိုရင် Call Button အစိမ်းရောင်လေးကို နှိပ်လိုက်ရုံ
ပါပဲ။

ဒီ Application လေးတွေနဲ့ အင်္ဂလိပ်စကားပြော
လေ့ကျင့်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောလေ့ကျင့်
နေသူတွေ အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါ
တယ်။


#မိုးရှင်း (I.M.T)

No comments: