Sunday, December 30, 2018

ASUS ROG Phone

ASUS ROG Phone : Let's Talk About the Future (from the Past.)  


ASUS ROG Phone... Gaming Phone ဆိုတာကို စခဲ့တဲ့ Razer Phone ကို ပြီးခဲ့တဲ့ June လ Computex မှာ အပြတ်အသတ်ကို သတ်ပစ်ခဲ့ပြီး အခု Razer Phone 2 ထွက်လာတာတောင် Performance အကောင်းဆုံးဆိုတဲ့နေရာမှာ ရပ်နေသေးတဲ့ Gaming Phone တစ်ခု။ ထွက်ပြီး ၆ လလောက်နေမှ မြန်မာနိုင်ငံကို တရားဝင်ရောင်းလာတော့ Tech Gadget ကလည်း ပုံမှန်အတိုင်းပဲ ဖုန်းကို Daily သုံးပြီး စမ်းဖြစ်၊ ရေးချင်တာတွေလည်း ရှိလာတော့ In-Depth Review အနေနဲ့ အခုရေးဖြစ်ပါတယ်။ Maybe Locally တော့ အကောင်းဆုံးဖြစ်ချင်မှဖြစ်မယ်... ဒါပေမယ့် အခု ROG Phone Review က ဒီနှစ်ထဲမှာ သေသေချာချာကို ရေးချင်တဲ့အကြောင်းအရာတွေ တော်တော်များများကိုရှိလာတဲ့ Article တစ်ခုပါ။

Maybe it might be a long one. Or Maybe you might end up saying this is so Short after ending. But let us take your minutes away.

Shall we?

အရင်ဆုံးပြောချင်တဲ့ Episode တွေမပြောခင် ဖုန်းအကြောင်းအရင်ပြောကြတာပေါ့။

Episode #1 (The PHONE) 

#Design

Gaming Phone တွေက တကယ်ကို သာမန်စမတ်ဖုန်းတွေကို ကြည့်တဲ့အမြင်နဲ့ လုံးဝကြည့်လို့မရတဲ့ဖုန်းတွေဆိုရင်လည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုရင် သာမန် ကျွန်တော်တို့ ဖုန်းတစ်ခုကို ဆုံးဖြတ်ဖြစ်တဲ့ Weight Distribution ၊ Lightweight ၊ Slim Profile ၊ One Hand Usage ၊ Build Quality ဆိုတာတွေက ပြောင်းပြန်ဖြစ်ကုန်ပါတယ်။

ROG Phone ကို စစခြင်းကိုင်ကြည့်လိုက်တာနဲ့ လေးတယ် ဆိုပြီးဖြစ်သွားမှာက သေချာတဲ့အချက်တစ်ခု၊ ပြီးတော့ ဆက်ကိုင်ထားရင်း မတရားကို Hefty ဖြစ်နေတဲ့ Body ကြောင့် What on Earth is This? ဆိုပြီးပြောမိမှာကနောက်တစ်ခု... အဲ့ကနေ ဖုန်းရဲ့ Back Design ကို ကြည့်နေမိပြီး Megatron လိုမျိုး Transformer တစ်ကောင်ကောင်ကိုပြေးမြင်မိမှာက တစ်ချက်... နောက်ဆုံး ကိုင်ရတာလေးနေပေမယ့် အပြစ်ရှာဖို့ထက် တဖြည်းဖြည်းသဘောကျလာပြီး ရှိသမျှ Corner တွေ၊ Frame Cutting တွေကို လိုက်ကြည့်နေပြီးတော့ မိုက်တယ် ဆိုတာက ထွက်လာမယ့်ဖုန်းပါ။ ဒါက Computex မှာ စစခြင်း Exclusive Media Launch မှာ ပထမဆုံးမြင်ရထဲကဖြစ်ခဲ့တဲ့ Experience ရော.. အခုကိုယ်တိုင် စသုံးတဲ့အချိန်မှာရောဖြစ်တဲ့ တူညီတဲ့ ခံစားမှုပါ။ အဲ့တော့ကာ ကျိန်းသေပေါက် ROG Phone က အခုအချိန်အထိ ထူးခြားနေပါသေးတယ်။

ဒါပေမယ့် ကိုင်ရတာထူးခြားနေတယ်ဆိုပြီး ရပ်လိုက်လို့မရပြန်တော့ ဆက်ပြောကြတာပေါ့။

ဘေးက Aluminum Frame တွေက တကယ်ကို Industrial Look ရော Feeling ရော ရပါတယ်။ ကိုင်ရတာ လေးတာကလွဲရင် ကိုင်ရတာတော်တော်လေးကို အဆင်ပြေပါတယ်။ Hand Feeling က ကြည့်ရင်သာ မကောင်းလောက်ဘူးလို့ မြင်ရပေမယ့် တကယ်ကိုင်ကြည့်ရင်တော့ Positive ဘက်ရောက်တယ်။ ဖုန်းရဲ့ နောက်ဖက် ညာဘက်မှာ ROG Aerodynamic System လို့ ရေးထားပြီး အပေါ်မှာ Copper Heat Vent ၂ ခုကို ထည့်ပေးထားတယ်။

အဲ့မှာစတာပါ - Aerodynamic ဆိုတာက ဖုန်းတစ်ခုထဲကိုကြည့်မယ်ဆိုရင် တော်တော်လေးကို နားလည်ရခက်တဲ့ စာလုံးပါ။ ပြောရရင် ပြိုင်ကားတစ်စီးမှာ Hood Vents တွေတပ်ထားပြီး Wind Tunnel Test လုပ်နေတာလည်း မဟုတ်တော့ Aerodynamic ဆိုတာက ဘာလဲဆိုပြီးဖြစ်နေပါတယ်။ ပြောချင်တဲ့သဘောကတော့ သူ့ရဲ့ AeroActive Cooler ကို Promote လုပ်ချင်တာ.... ဒါမှမဟုတ် GameCool စနစ်ကို Promote လုပ်ချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစခြင်းကတော့ Aerodynamic ဆိုတာ့ လေပေါ်မြှောက်ပြီး Downforce ကောင်းမကောင်းပဲစမ်းရမလိုလိုပါ :3

နောက်ပြီး ဖုန်းအရှေ့က Stereo Speaker Grills တွေကိုလည်း Copper ပုံစံလုပ်ထားတယ်၊ စစခြင်းကတော့ မကြိုက်လှပေမယ့် နောက်ပိုင်းတော့ လက်ခံလို့ရလာတယ်။ Port တွေထဲမှာ ထူးထူးခြားခြား USB-C Port ကို ဘယ်ဘက်ထောင့်၊ Earphone Port ကို ညာဘက်ထောင့်မှာထည့်ထားတယ်။ ပြီးတော့ ဘယ်ဘက် အလယ်မှာ Rubber Flap နဲ့ အုပ်ထားတဲ့ USB-C တစ်ခုထပ်ပါတဲ့ Side Mount Port တစ်ခုရှိနေပြန်တယ်။

ဒီလိုမျိုး Megatron Design နဲ့ ဖုန်းတစ်ခုကို ဝေဖန်ဖို့ကတော့ ကိုယ့်အကြိုက်ပေါ်ပိုပြီးမှုတည်ပါတယ် - Mainstream Phone တစ်ခုလည်းမဟုတ်တော့ Design ကိုတော့ Rating ကျော်ပါမယ်။ ဒါပေမယ့် သေချာပြောလို့ရတာကတော့ Build Quality က Solid A++ အဆင့်ရှိနေတယ်၊ Hand Feeling ကလည်း Galaxy Note 9 ထက်တောင် လေးနေတာလွဲရင် A အဆင့်ရှိနေပြန်ပါတယ်။

ကိုယ်တိုင်ကတော့ RGB တွေအပြည့်နဲ့ Gamer တစ်ယောက်မဟုတ်တဲ့အတွက် ROG Phone ကို Minimal မဖြစ်၊ Understated မဖြစ်နေတာကြောင့် ရွေးဖို့တော်တော်ခက်မှာပါ။ ဒါပေမယ့် ROG Phone ကို စရရခြင်းထဲက ချက်ချင်းကို SIM Card ပြောင်းပြီး Primary အနေနဲ့ သုံးနေရလောက်အောင် Gaming Oriented Design တစ်ခုကို မေ့ပစ်လို့ရတဲ့ အချက်တစ်ခုရှိနေပါတယ်။

Yep, It Is THAT DISPLAY.

#Display

ROG Phone က လက်ရှိ ၂၀၁၈ နှစ်ကုန်အထိ တစ်ခုထဲသော AMOLED Panel ကို 1ms Response Time ၊ 90Hz Refresh Rate ရအောင် လုပ်နိုင်တဲ့ စမတ်ဖုန်းတစ်ခုပါ။ ဒီအချက်တစ်ခုထဲနဲ့တင် Daily Usage မှာ Game မဆော့ရင်တောင် အရမ်းကို သိသာတဲ့အားသာချက်တစ်ခုဖြစ်လာပြီး 104% DCI-P3 Color Gamut နဲ့ပေါင်းလိုက်တော့ It's Such A Magical Display ဆိုတာကလွဲပြီးပြောစရာစကားရှာမရတော့ပါဘူး။

ဒါပေမယ့် တစ်ခုရှိတာက အခုလိုပြောလို့ ROG Phone ရဲ့ Display က Quality ပိုင်းမှာ iPhone XS ၊ Galaxy Note 9 လို ဖုန်းတွေထက် သာနေသလားဆိုရင်တော့ Still NO ပါ။ ဒါပေမယ့် Display မှာပြောရအရမ်းခက်တဲ့ Performance ပိုင်းမှာ သိသိသာသာကို ပိုကောင်းနေတာပါ။ Wait... what to we mean?

Display Performance ဆိုတာက ပုံမှန်စမတ်ဖုန်းတွေမှာ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ စမတ်ဖုန်းတွေအကုန်လုံးက 60Hz Refresh Rate တစ်ခုထဲဆိုတော့ ဆုံးဖြတ်လို့ရတာက Colors Accuracy ပိုင်း၊ Brightness ပိုင်း... နောက်ပြီး နေရောင်အောင်မှာ ကောင်းကောင်းမြင်နိုင်၊ မမြင်နိုင် စတဲ့ Visual ပိုင်းတွေပါ။ ဒါပေမယ့် ROG Phone က ဒါတွေကနေ လုံးဝကွဲထွက်လာတဲ့ Display Performance မှာ သိသိသာသာကို တခြားပုံမှန်ဖုန်းတစ်ခုကိုပြောင်းသုံးဖို့ ခဲယဉ်းလောက်အောင် ကောင်းနေပါတယ်။

What do we mean? 

အရင်ဆုံး စမတ်ဖုန်းတစ်လုံးကို Display ပိုင်း ပုံမှန် ဘာတွေသုံးဖြစ်သလဲ?

No - ရုပ်ရှင်ကြည့်တာတွေ၊ Video ဖွင့်တာတွေ အသာထားပါ။ သာမန် Scrolling လုပ်တယ်၊ ဖုန်းသုံးတယ်.. ဖုန်းပွတ်တယ် ဆိုတဲ့ လုံးဝ Basic အကျဆုံးကိစ္စမှာတင် ဒီ Display Performance က သိသာနေပါပြီ။

24fps နဲ့ ရိုက်ထားတဲ့ Movie တစ်ခုကို 90Hz Display နဲ့ကြည့်တာက အဲ့လောက်ထိ မသိသာပေမယ့် ပုံမှန်ဖုန်းသုံးတဲ့ကိစ္စ.. ကိုယ့်လက်သွားတဲ့အတိုင်း Scroll လုပ်နေတဲ့အချိန်မှာတော့ ဒီ Extra Refresh Rate က တကယ်ကို Smooth ဖြစ်တယ်၊ ပြောရရင် ဘယ် 60Hz Display ဖုန်းတွေ ဘယ်လောက် Software Optimization ကောင်းကောင်း လိုက်မမှီလောက်အောင် Smooth ဖြစ်တာမျိုးပါ။ No - ဒါက Developer Options ထဲက Animation Speed ကို 0.5x ထားလိုက်လို့ မြန်တာမျိုးမဟုတ်ပါဘူး။ ကိုယ့်လက်က သွားတဲ့အပေါ်မှာတင် ပိုပြီး Response ဖြစ်တယ်၊ ဒီ Screen Scrolling ကို လက်က ပိုပြီး ထိထိရောက်ရောက်ထိန်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုတိုးလာတာမျိုးပါ။ နောက်ပြီး ဒီ Feeling တစ်ခုထဲက ငါတခြားဖုန်းတွေမဝယ်ပဲနဲ့ ဒီဖုန်းဝယ်လိုက်တာမှန်တယ်ဆိုတဲ့ ခံစားချက်ဖြစ်လာစေပါတယ်။

နောက်ပြီး Full HD+ Resolution ဖြစ်တယ်၊ HDR Display ပေမယ့် ROG မှာက ထူးခြားချက်တစ်ခုရှိနေသေးတယ်။ ဒါက HDR Visuals ဆိုပြီး Notification Bar မှာ သပ်သပ်ထည့်ထားပေးတယ် - အဓိပ္ပါယ်က HDR ကို Manual အပိတ်၊ အဖွင့်လုပ်လို့ရတယ်ဆိုတဲ့သဘော။ အစကတော့ တခြားဖုန်းတွေလို HDR Display ပဲထားလိုက်ပြီးတာပဲပေါ့... ဒါပေမယ့် ဘာကြောင့် ဒီလိုထားပေးသလဲဆိုတာက သိသာလာတယ်။ အဲ့ဒါက Game တွေပါ - ပြောရရင် ကျွန်တော်တို့ရဲ့ မှားယွင်းတဲ့မျက်စိအမြင်တွေကြောင့်ဆိုတာက ပိုပြီးမှန်ပါမယ်။

ဘာကိုပြောချင်ပြန်တာလဲ? 

ASUS ROG Phone က HDR ကိုသာ Off ထားရင် တကယ်ကို Color Accurate ဖြစ်တဲ့ Display ပါတဲ့ဖုန်းတစ်လုံးပါ။ ဒါပေမယ့် HDR Visuals ကို On လိုက်ရင် Samsung OLED တွေလောက်ကို Vibrant ဖြစ်ပြီး Saturation တွေလည်း များကုန်ပါတယ်။ ဒါပေမယ့် Color Accurate ဖြစ်ဖို့လိုတဲ့ ဓါတ်ပုံတွေ၊ Video တွေမဟုတ်တဲ့ Game တွေမှာကြတော့ အရောင်တွေက Natural ဖြစ်နေစရာကို မလိုတော့တာပါ။ ဘာပဲဖြစ်ဖြစ် အရောင်တော်တောက် Vibrant ဖြစ်ဖြစ်၊ Saturation များများ Colors တွေဆိုရင် ပိုကြိုက်ကြတယ်၊ မသိစိတ်က Eyes Appealing ပိုဖြစ်တော့ ရွေးဖြစ်ကြတယ်... အဲ့တော့ Game မှာဆိုရင် ဒါမှမဟုတ် အရောင်တောက်တောက်ကြိုက်ကြတဲ့ လူများစုအတွက်ကတော့ အဆင်ပြေတယ်။

လူများစုလို့ ထည့်ပြောတာက MKBHD ရဲ့ Blind Camera Test ကြည့်ပြီးရင် သိမှာပါ :V

Display ပိုင်းကို ထပ်ပြောစရာကတော့ အများကြီးပါ။ ဒါပေမယ့် ကျန်တာကို အချက်အလက်အနေနဲ့ပဲ ပြောသွားပါမယ်။

90Hz နဲ့ Game ဆော့လို့ရရင်တောင်မှ သိသာတယ်ဆိုတာက ဘေးချင်းယှဉ်မှ ပိုပြီး မြင်သာတာပါ၊ တကယ်လို့ လောလောဆယ် Flagship တခြားဖုန်းတစ်ခုခုသုံးနေပြီးသားဆိုရင် အရမ်းလိုက်ကြည့်မှ သိပါလိမ့်မယ်။

Brightness တော်တော်လေးကောင်းပေမယ့် Auto Brightness ထားလိုက်ရင် Color က ပိုပြီး မွဲခြောက်ခြောက်ဖြစ်တယ်၊ အညိုဘက်ရောက်တယ်တောင် ခံစားရတယ်။ ဒါပေမယ့် ဒါက Software ကြောင့်လို့ ပိုပြောလို့ရတယ်။ နောက်ထပ် Software Bug တစ်ခုကဘာ Noti မှမပြတဲ့ သုံးစားလို့မရတဲ့ Always On Display မှာ Day နဲ့ Date က Misaligned ဖြစ်နေတာ... တော်တော်ဆိုးတာ :3

ကျန်တာ ဆက်သွားကြမလား?

#Performance

လောလောဆယ်မှာ တစ်ခုထဲသော 2.96GHz အထိ Overclock လုပ်ထားတဲ့ Snapdragon 845 Processor ၊ RAM 8GB ၊ Storage က 512GB... Well, this is a Beast.

Performance အကြောင်းက အမှန်ဆို ROG Phone မှာ အဓိကပြောသွားရမယ့်ကိစ္စတစ်ခုပါ - ဒါပေမယ့် ကျွန်တော်တို့ ပြောစရာစကားတော်တော်လေးကို နည်းနေပါတယ်။ ဒါက မကောင်းတာလားဆိုရင် မဟုတ်ပြန်ပါဘူး။

ဒါကလည်း နောက်ထပ်တခေါက် ဖုန်းကြောင့်ဆိုတာထက် ကျွန်တော်တို့ကြောင့်ပါ။ ASUS နဲ့ Unit ရတုန်းက နောက်နေကြသလို ၁၅ သိန်းတန် Gaming Phone မှ ဆော့လို့ရမယ့်ဂိမ်းက ဘာလဲဆိုတာကို လိုက်ရှာရတာတော်တော်ခက်ပါတယ်။ eSport Game လား? High End Title Game တစ်ခုလား?

ကျွန်တော်တို့ကိုယ်တိုင်လည်း Gamer မဟုတ်ပြန်တော့ ထုံးစံအတိုင်း ဆော့နေကြ၊ စမ်းနေကြ ဂိမ်းတွေပဲ စမ်းဖြစ်၊ ဆော့ဖြစ်ပါတယ်။ Overclock လုပ်ထားလို့ သိသာသလားဆိုရင် ဖြေနိုင်တာတစ်ခုက တချို့ Real Racing ၊ NFS No Limit လို ဂိမ်းတွေမှာ ကြာကြာဆော့လည်း Frame Drop မရှိဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခုရှိလာပါတယ်။ ဒါပေမယ့် Heat ကတော့ တော်တော်လေးကိုတက်ပြီး ဆော့တာ မိနစ် ၂၀ လောက်မှာတင် ပါတဲ့ Fan တပ်ထားမှ ဆက်ဆော့လို့ရတာပါ။

On Demand Title Game တွေကြတော့ရော? PUBG ၊ Mobile Legends လို ဂိမ်းတွေကြတော့ Highest Setting နဲ့ အေးဆေးဆော့လို့ရတယ် - တခြားသော SD 845 ဖုန်းတွေလိုပါပဲ။ သိသာတာက Frame Rate ကို မြင်နေရတော့ နည်းနည်းပိုပြီး eSport ပိုဆန်လာတယ် - Visual ပိုင်းအရပေါ့။ :P

အဲ့ဒါဆို ဒီ SD 845 Performance နဲ့ ဖုန်းတစ်လုံးကို ဘာကြောင့် Gaming Phone လို့ ခေါ်နေသေးတုန်း? တခြား ဈေးတဝက်လောက်သက်သာတဲ့ Processor တူ ဖုန်းတွေရှိနေတာကို?

အဖြေက ဒီ ROG Phone မှာ X Mode ဆိုတာ ပါလာတယ်... ဘာတွေလုပ်လို့ရမလဲဆိုရင် Gaming Laptop တွေလိုမျိုး Game Center တစ်ခုပါတယ်၊ Game တစ်ခုချင်းစီကို CPU Speed ဘယ်လောက်၊ Refresh Rate ဘယ်လောက်၊ Anti-Aliasing ဖွင့်မလားဆိုတာက အစ Customize လုပ်လို့ရတယ်။ နောက်ပြီး Fan Speed ကို စိတ်ကြိုက်လုပ်လို့ရတယ်၊ ဒါတင်မဟုတ်သေးပဲ နောက်က ROG Logo ကို RGB ကြိုက်သလို ထားလို့ရတယ်။

ပြီးတော့ ဆက်ရှိတာက Air Triggers - ဖုန်းရဲ့ ဘယ်ဘက်အောက်ခြေထောင့်၊ ညာဘက် အပေါ်နဲ့အောက်ထောင့်တွေက Pixel ဖုန်းတွေလိုပဲ Pressure Sensitive ပါ။ ဒီ Pressure Sensitive ဖြစ်တဲ့ထောင့်တွေက Pixel မှာ Google Assistant ခေါ်လို့ရပေမယ့် ROG Phone မှာတော့ X Mode ကို On/Off ပဲရပါတယ် - ဒါပေမယ့် Home Screen Animation ကတော့ လှတယ်။

နောက်ပြီး ဒီ Pressure Sensitive ဖြစ်တဲ့ ထောင့်တွေက In-Game မှာဆိုရင် Air-Trigger ဆိုပြီး ဖုန်းညာဘက် အပေါ်နဲ့အောက်ထောင့်မှာ L1 ၊ R1 ခလုတ်တွေလို အလုပ်လုပ်ပါတယ်။ Mapping လုပ်ရတာအရမ်းလွယ်တယ်... နှိပ်တဲ့အခါမှ Screen ကို နှိပ်ရသလို Responsive ဖြစ်တယ်လို့ မခံစားရတာကလွဲလို့။ ဘာပဲဖြစ်ဖြစ် PUBG လိုမျိုး ဂိမ်းမှာ Reload, Crouch လိုမျိုး Secondary Buttons တွေကို ထားလိုက်ရင်တော့ တော်တော်လေးကို အဆင်ပြေလာတယ်။

နောက်ပြီး Screen Recording တွေ၊ Live Streaming တွေနဲ့ ROG Phone ရဲ့ Gaming Mode က တခြားဘယ်ဖုန်းကမှ လိုက်မမှီလောက်အောင် Software ပိုင်း Support ကောင်းနေတယ်။

အဲ့တော့ Gaming ကတော့ Heat ရှိတာကလွဲရင် အပြစ်ပြောလို့မရ... သာမန်သုံးတာမှာလည်း ဒီ Refresh Rate နဲ့ Display ဆိုတော့ တရားကို သွက်နေတာဆိုတော့ Performance ကတော့ လောလောဆယ်အထိ A+++ ဖြစ်နေတုန်းလို့ ပြောလို့ရတယ် - လောလောဆယ်အထိပေါ့။

ပုံမှန် ဆက်သွားသင့်တာက Camera နဲ့ Battery Life ပိုင်း။ ဒါပေမယ့် တခါမှထည့်မရေးဖူးတာတစ်ခုကို ဦးစားပေးပြီး ထည့်ရေးပါမယ်။

#Haptics (Vibration Motors) 

တကယ်လို့ Tech Gadget ရဲ့ Review တွေကို လိုက်ဖတ်ဖြစ်တယ်ဆိုရင် Keyboard ရိုက်တဲ့အခါမှာရတဲ့ Feedback ၊ ပြန်ရတဲ့ Feeling က ဖုန်းတစ်ခုအတွက် အရေးကြီးဆုံးထဲမှာပါတယ်လို့ သတ်မှတ်နေကြဆိုတာကို သတိထားမိမှာပါ။

ASUS က ဒီ ROG Phone မှာ Haptics ကို လုံးဝ (လုံးဝ) အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ် - ROG Phone မှာ စာရိုက်နိုင်တဲ့ Typing Speed က ပြီးခဲ့တဲ့ iPhone XS ကို Review လုပ်ဖြစ်တုန်းက သုံးဖြစ်တုန်းကထက်ကို ပိုမြန်ပါတယ်။ ဒါက ဒီထက်ပိုချီးကျူးစရာမရှိတော့တဲ့ ချီးကျူးချက်တစ်ခုပါ။

ဒါပေမယ့် ဒီလို မြန်တာကတော့ Haptics နဲ့ 90Hz Display ပေါင်းထားတာကြောင့်ဆိုတာက ပိုမှန်ပါတယ်။ တကယ်လို့ ROG Phone ရဲ့ Haptics သာ 60Hz Display မှာဆိုရင် iPhone XS ၊ Pixel 3 တွေရဲ့ တော်တော်ဝေးဝေးအနောက်မှာ ရှိနေဦးမှာပါ။

နောက်ပြီး Vibration Pattern ကို ကြိုက်သလိုပြောင်းလို့ရတယ် - OnePlus တွေလိုမျိုး။ ဒါကို နားနဲ့ ကပ်ပြီးနားထောင်ကြည့်ရင် တကယ့် Drum သေးသေးလေးတစ်ခု ဖုန်းထဲမှာရှိနေပြီး Rhythm တစ်ခုအတိုင်း ထုနေသလိုမျိုးကို ဖြစ်နေတာ...

ဒီ Haptics မှာကတော့ Pixel 3 လက်ထဲမရောက်ခင်အထိ အကောင်းဆုံးဖြစ်နေခဲ့တဲ့ Android ဖုန်းဆိုတာက မမှားပြန်ပါဘူး။ Note 9 လိုဖုန်းကို ပြန်မသွားချင်တဲ့အထိဖြစ်သွားစေတဲ့အချက်ဆိုရင်လည်း မမှား။

#Audio Quality 

ROG Phone မှာ Front Facing Stereo Speakers အကြီးကြီး ၂ ခုပါတယ်။ Quality ပိုင်းအရဆိုရင် iPhone XS ၊ Pixel 3 တွေရဲ့ အနောက် Galaxy Note 9 နဲ့ တန်းတူလောက်ကို ကောင်းတယ်။ Game အတွက်ပဲဖြစ်ဖြစ်၊ Movie အတွက်ပဲဖြစ်ဖြစ် တော်တော်ကောင်းတဲ့ Stereo Speakers ပါ။

ဒါပေမယ့် ဒီနေရာမှာ အဓိကပြောချင်တာက 3.5mm Audio Jack က ထွက်တဲ့ Quality ပါ။

ဒီ ROG Phone က ဒီ ၂၀၁၈ ခုနှစ်အတွက် ထွက်ပြီးသမျှ စမ်းနားထောင်ဖူးသမျှ ဈေးနှုန်းမျိုးစုံဖုန်းတွေထဲမှာ အကောင်းဆုံး Audio Quality ထွက်တဲ့ ဖုန်းပါ။ ဒီနေရာမှာတော့ iPhone XS ၊ Pixel 3 ၊ Galaxy Note 9.. ဒါမှမဟုတ် ကြိုက်တဲ့ Flagship ဖုန်းပဲဖြစ်ဖြစ် လုံးဝကို မယှဉ်နိုင်လောက်အောင် ကောင်းနေတာမျိုးပါ။ Loudness ၊ Clarity ၊ Mids ၊ Bass ၊ Vocal အကုန်လုံး လုံးဝ On Point ပါ - ROG Phone ကို Gaming Phone တစ်ခုပေမယ့် Game မဆော့နေပဲ သီချင်းနားထောင်ဖြစ်တဲ့ DAP တစ်ခုလို့တောင် ဖြစ်နေတာ :3

ကဲ.. ဆက်သွားတာပေါ့။

#Camera

ဒီဖုန်းကို Camera အတွက် ဝယ်ချင်တယ်ဆိုရင် မဝယ်ပါနဲ့။ Zenfone 5 ပဲ ဝယ်ပါ - မဟုတ်လည်း ဒီဈေးနဲ့ တခြား Flagship ဝယ်ပါ။

Camera က မကောင်းတာလားဆိုရင်တော့ မဟုတ်ဘူး - ဈေးနဲ့တန်တဲ့ စွမ်းဆောင်ရည်မရှိတာလို့ပြောရမယ်။ OnePlus 6 လောက်နဲ့ဆို ယှဉ်လို့ရကောင်းရမယ်... ဒါပေမယ့် ဘယ် Flagship နဲ့မှတော့ ယှဉ်နိုင်မှာမဟုတ်။

ဒီနေရာမှာ ထူးခြားတာက ASUS ROG Phone က Zenfone 5 ထက် Camera ကောင်းတယ် - ဒါကလည်းဖြစ်သင့်တယ်။ ဒါပေမယ့် ROG Phone ထက် Zenfone Max Pro M2 Camera ကို ပိုကောင်းတယ်လို့ မြင်နေတာကတော့ ဖြစ်သင့်တယ်မထင် :3

Selfie သာမန် ၊ Primary Camera ပေးရတဲ့ဈေးနဲ့မတန်.. ဒီ ဈေး ၁၅ သိန်းက ကင်မရာအတွက်မဟုတ်ပဲ တခြား Performance အတွက်ပေးတာလို့ပဲ စိတ်ထဲမှတ်ပြီး ဝယ်ပါ။

#Battery Life 

ASUS ROG Phone မှာ 4000mAh Battery ပါတယ်။ ပုံမှန် Mid to Heavy Usage မှာ Screen On Time က ၆ နာရီကနေ ၇ နာရီလောက်အထိရတယ် - ဒါကလည်း 90Hz Display နဲ့ 2.96GHz CPU အတွက် တော်တော်လေးကို အထင်ကြီးစရာတစ်ခုလို့ ပြောလို့ရတယ်။

ဒါပေမယ့် တကယ် Wow ဖြစ်စေတာက Charging မှာပါ။ ASUS ROG Phone က QC4.0+ ကို Support လုပ်သလိုပဲ ဘူးထဲမှာကို 30W USB-C to USB-C Charger ၊ Braided Cable ထည့်ထားပေးတယ်။

Sounds Similar? That is same specs as OnePlus new WRAP Charge :3

Charging ကတော့ Huawei Mate 20 Pro လောက်မမြန်ဘူး။ ဒါပေမယ့် Still Impressive ဖြစ်နေတုန်းပါ။ Here's the numbers.

**Charging starts from 10%. Wifi On, Data On, Screen Lock.**

15mins - 33%
30mins - 55%
45mins - 75%
1 hours - 87%
1hr 25min - 100%

4000mAh Battery ကို ၁ နာရီခွဲလောက်သွင်းရတာကတော့ တော်တော်မြန်ပါတယ်။ ပြန်သုံးရတာလည်း ကြာတော့ ဒါက Galaxy Note 9 လို QC 2.0 တွေထက် အများကြီးသာတယ်၊ ဒါပေမယ့် Huawei Mate 20 Pro ကိုတော့ မမှီ :3

#Software

Software ကတော့ ASUS ရဲ့ ZenUI ကိုပဲ ROG Theme နဲ့ သုံးပေးထားတယ်။ တခြား UI တွေထက် Stock ဆန်တယ်၊ 90Hz Dispaly ကြောင့် Zenfone 5 လိုဖုန်းတွေနဲ့ ယှဉ်ရင် သိသိသာသာကို ပိုသွက်တယ်။

ကဲ... ပြီးပြီ။

Episode #2 (The PAST) 

အခု ROG Phone က In-Depth Review ဖြစ်ရက်နဲ့ Rating မထည့်သွားခဲ့တာကို သတိထားမိမှာပါ။ အဲ့လိုပဲ Conclusion လည်း အဲ့လောက်မပြောသွားပြန်ပါဘူး။ ဒါက အချက်တစ်ခုထဲကြောင့်ပါ။

ဘယ်လိုပဲ Episode #1 တုန်းကလို ဖုန်းကို ဘယ်လောက်ပဲကြိုက်ကြိုက်... အခုခေတ်၊ ဒီအချိန်၊ အနည်းဆုံး ကျွန်တော်တို့အတွက် ပြီးခဲ့တဲ့ ၆ လလောက်ကဖုန်းတစ်ခုကို ဒီအချိန်မှာ ဝယ်စရာ Option တစ်ခုအနေနဲ့ ပြောဖို့ခက်ပါတယ်။ ပြောရရင် ဒီ ROG Phone က ပြီးခဲ့တဲ့ အတိတ်တစ်ခုဖြစ်နေပါပြီ။ မြင်သာအောင်ပြောရရင် ဘယ်သူမှ Huawei P20 Pro ကို Mate 20 Pro ကို ကျော်ပြီး ဝယ်ဖို့ မစဉ်းစားတဲ့အချိန်ကို ရောက်နေသလိုမျိုးပါ။

ဒါပေမယ့် အဲ့လိုဆိုပြီး ROG Phone က ဝယ်ဖို့မသင့်တော့ဘူးလား? 

For Most People, our answer is YES.

ဒါပေမယ့် ROG Gaming Laptop တစ်ခုရှိနေပြီး Primary ဖုန်းတစ်ခုလည်းရှိတယ်၊ ကိုယ့်ကိုယ်ကို Gamer လို့ ဖြစ်နေစေချင်တယ်ဆိုရင် ROG Phone က ဝယ်သင့်တဲ့ တော်တော်ကိုကောင်းတဲ့ စမတ်ဖုန်းတစ်ခုပါ။ Republic of Gamers ဆိုတဲ့ စာတန်းတစ်ခုက တခြား MSI ရဲ့ Dragon Army လိုမျိုး၊ Dell ရဲ့ Alienware လိုမျိုး Razer ရဲ့ Three Headed Snake လိုမျိုး လူတန်းစားတစ်ခုကို ကိုယ်စားပြုတဲ့ ပြယုဒ်တစ်ခုပါ - ကျွန်တော်တို့ကိုယ်တိုင် အရင်တုန်းက Game တွေဆော့၊ eSport တွေကို လိုက်ဆော့နေတုန်းက ဖုန်းမှာ သုံးနေတဲ့ Gaming Laptop Logo Sticker တွေကို ကပ်ဖြစ်တော့ ဒီ ROG Phone ရဲ့ နောက်က ROG Logo နဲ့ Republic of Gamers ဆိုတဲ့ စာတန်းတစ်ခုက သာမန် Most People တွေနားလည်ဖို့ခက်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တစ်ခုကို ဖြစ်စေမှာပါ။ ဒီလိုစိတ်တစ်ခုအတွက်နဲ့တင် Date အောက်နေပြီပဲဆိုဆို... ဒီဈေးများတယ်လို့ ပြောနေတာတွေထက် ပေးပြီးဝယ်ထား၊ သုံးလည်းသုံးနေ... Date အောက်သွားရင်တောင် အလှသိမ်းထားသင့်တဲ့ Brand Image တစ်ခုဖြစ်နေတာမျိုးပါ။ ဖုန်းတစ်ခုထက် ပထမဆုံး ROG Phone ဖြစ်နေတယ်ဆိုတာကို ဈေးကြီးတယ်၊ ပိုကောင်းတဲ့ Specs တွေထွက်နေပြီဆိုတာတွေက Brand တစ်ခုကို မလေးစားရာပိုကြပါတယ်။

နောက်တစ်ခု... ကျွန်တော်တို့လို လူတွေပါ။

ပြောရရင် Camera က Personally အလေးထားပြီး ရွေးချယ်တဲ့ Factor တစ်ခုဖြစ်နေတာကြောင့်သာ Pixel ကို ရွေးဖြစ်တာပါ။ တကယ်လို့သာ ကျွန်တော်တို့မှာ Lens ကောင်းကောင်းတွေနဲ့ Mirrorless Camera တစ်ခုရှိနေတယ်၊ တကယ်လည်း Camera ကို ကျွမ်းကျွမ်းကျင်ကျင်ရိုက်ဖြစ်တယ်။ ဖုန်းကို Game ဆော့ဖို့ထက် သုံးနေတာကောင်းဖို့ ဆိုရင် ROG Phone က အခုအချိန်အထိ ရွေးချယ်မိမယ့်ဖုန်းတစ်ခုဖြစ်နေတုန်းပဲ။

ဘာကြောင့်လဲဆိုရင် 90Hz OLED Display နဲ့ Haptics က လောလောဆယ် Android ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်နေတုန်းပဲ။ နောက်ပြီး Display ကလည်း Color Accurate ဖြစ်တယ်။ Battery က တော်တော်လေးကို အသုံးခံတယ်၊ အားပြန်သွင်းလည်း အမြန်ဆုံး Charger ဖြစ်နေတုန်း။ Stereo Speakers လည်းကောင်းတယ်။ Build Quality ကလည်း Like a Tank လို့တောင်ပြောလို့ရတယ်။ အားနည်းချက်ဆိုလို့ Water Resistant မဖြစ်တာနဲ့ Weight လေးတာပဲရှိတော့ သုံးကောင်းဖို့၊ စိတ်ကျေနပ်ဖို့ကပဲ အရေးကြီးတယ်ဆိုရင် ROG Phone က Pixel ရဲ့ အနောက်မှာ ကပ်လိုက်နေတဲ့ အခုအချိန်အထိ သုံးရတာ စိတ်အပျော်ဆုံးစမတ်ဖုန်းပါ - ဒါကလည်း ထပ်ပြီး ချီးကျူးမရှိတော့တဲ့ အကောင်းဆုံးချီးကျူးတာပါ။

အဲ့တော့ လူအများစုအတွက်ကတော့ SD 855 ဖုန်းတွေကို စောင့်ပါ။ အခုနကပြောသွားသလို Most People မဟုတ်တဲ့သူတွေကတော့ ROG Phone ကို စဉ်းစားသင့်ပါသေးတယ်။

ဆက်သွားတာပေါ့။

Episode #3 (The FUTURE) 

ROG Phone က ASUS ရဲ့ ဒေါ်လာ ၁၀၀၀ ဝန်းကျင်တန် လုံးဝ Flagship Level ကို တက်လာတဲ့ စမတ်ဖုန်းတစ်ခုပါ။ ပြောရရင် ပုံမှန် ဈေးအရမ်းမကြီးတဲ့ Flagship တွေကို Fight နိုင်တဲ့ ဖုန်းတွေထက် တစ်ဆင့်နိမ့်တဲ့ OnePlus Level ဖုန်းတွေထုတ်နေရာကနေ တစ်ဆင့်တက်လာတဲ့ ပထမဆုံးခြေလှမ်းပါ။

ဒါပေမယ့် ဘာကြောင့် ပထမဆုံးခြေလှမ်းမှာတင် Wow ဖြစ်စေတာတွေ၊ အရမ်းသဘောကျစရာကောင်းတဲ့ အားသာချက်တွေအပြည့်ဖြစ်နေရတာလဲ ASUS ရယ်?

ROG Phone ကို စပြီး Computex မှာ Global Launch မတိုင်ခင် Media Sneak Peak မှာထဲက Insanely Over Powered ဖုန်းကို ASUS ကလုပ်ချလိုက်ပြီလို့ပဲ ထင်ထားခဲ့တာပါ။ သူ့ရဲ့ ROG Accessories တွေနဲ့ပဲ ခဏမြင်လိုက်တော့ ဒီစိတ်က အခုသေချာမသုံးဖြစ်ခင်အထိရှိနေခဲ့တာပါ။

ဒါပေမယ့် ROG Phone ကို စပြီး Set up လုပ်ပြီး ၅ မိနစ်အတွင်းမှာတင် ကျွန်တော်တို့ ဒီ Haptics နဲ့ Display ကြောင့် Primary SIM Card ကို ပြောင်းထည့်ပြီး သုံးနေပြီးပြီ။ Pixel Fanboy တစ်ယောက်ဖြစ်လာလောက်အောင် သဘောကျမိသလိုပဲ ROG Phone ကလည်း သုံးရတာနဲ့တင် ပျော်လာစေတာက တခြား သာမန်ဖုန်းတွေနဲ့ လုံးဝမတူတဲ့ Feeling ဖြစ်လာစေတယ်။

တကယ်လို့ နောက်နှစ် Computex မှာ ASUS ROG Phone II က ဘယ်လောက်တောင် ပိုကောင်းလာဦးမှာလဲ? 

ဒီ Snapdragon 845 ကနေ Major Improve ဖြစ်လာတဲ့ SD 855 ကိုသာ ROG Phone II မှာ Overclock လုပ်ထားခဲ့ရင်၊ 90Hz OLED ကို 120Hz OLED Display သာ ပြောင်းသုံးခဲ့ရင်... Full HD+ အစား Quad HD+ Resolution ဖြစ်လာခဲ့ရင်... ဒါတွေက ASUS ကို လက်ရှိမှာ အကောင်းဆုံးနဲ့ အတော်ဆုံး Gaming Phone Maker တစ်ယောက်ဖြစ်လာစေတော့မှာပါ။

နောက်တစ်ခုက... ASUS က ဒီလို ROG Phone ရဲ့ Specs တွေကို Non-Gaming Oriented Zenfone တစ်ခုမှာရော ထည့်ပေးနိုင်မလား? 

ပြောရရင် ROG Phone ရဲ့ Display ၊ Haptics ၊ Battery တွေကို Majority အတွက် ပိုကောင်းတဲ့ Zenfone Design တစ်ခုနဲ့ Stock Android ကို အခြေခံပြီးသာ ထွက်လာခဲ့ရင် အဲ့ဒီ ဖုန်းက ဘယ်လိုပဲ ASUS က ထုတ်တာဖြစ်ပစေ.. MUST BUY ဆိုပြီး Recommend ထိုင်ပေးနေမိတော့မယ့်ဖုန်းတစ်ခုဖြစ်လာမှာပါ။ ပြောရရင် ASUS ရဲ့ လုပ်နိုင်စွမ်းတွေကို ROG Phone မှာ မြင်ခဲ့ပြီး ပိုပြီး မျှော်လင့်လာစေတာပါ... Camera ပိုင်းကလည်း Zenfone Max Pro M2 မှာ သိသိသာသာကို Improve လုပ်နိုင်ခဲ့တော့ ASUS ရဲ့ အနာဂတ်က Flagship Level မှာ စောင့်ကြည့်မိနေပါပြီ။

Episode #4 (The PRESENT) 

Tech Gadget အနေနဲ့ ASUS ROG Phone ကို ဘယ်လိုမြင်သလဲ? 

ဒီအချိန် ၂၀၁၈ နှစ်ကုန်ပိုင်းအနေနဲ့ ကြည့်ရင်တော့ ROG Phone အပါအဝင် ဘာဖုန်းမှ (Pixel 3 နဲ့ iPhone XS ကလွဲရင်) မဝယ်သင့်တော့တဲ့ အချိန်ပါ။ ဖြစ်နိုင်ရင် နောက်နှစ် SD 855 ဖုန်းတွေကို စောင့်တာ အကောင်းဆုံးပါ။

ဒီလိုမှမဟုတ်ရင်တော့ ASUS ROG Phone ကို Camera ပိုင်းကလွဲရင် Galaxy Note 9 ထက် ပိုကောင်းတယ်၊ Huawei Mate 20 Pro လိုမျိုး All Rounder အပြစ်ပြောစရာမရှိတဲ့ဖုန်းထက် ပိုမကောင်းပေမယ့် သုံးရတာပိုပျော်ဖို့ကောင်းတဲ့ ဖုန်းတစ်ခုအနေနဲ့ပဲရပ်ပါတယ်။

ဒါက ASUS လို Brand တစ်ခုအနေနဲ့တော့ အရင် Zenfone တွေကနေ Another Level အနေနဲ့အဆင့်သတ်မှတ်ခံလိုက်ရသလိုပါပဲ။ Well Done, ASUS.


Thanks for Reading. Merry Christmas.

#TechGadgetMM #TG_InDepthReviews

မူရင်း တင်ဆက်သူ (စာမျက်နှာ) - Tech Gadget Myanmar 

No comments: