ART
ဆေး လိုအပ်သူ နှစ်သောင်းကျော် ကျန်းမာရေး ဝန်ကြီးဌာန ပံ့ပိုးရန် စီစဉ်
မြန်မာနိုင်ငံတွင်
ART ဆေးဝါး လိုအပ်နေသူ တစ်သိန်းနှစ်သောင်းကျော် ရှိသည့်အနက် ကျန်းမာရေး ဝန်ကြီးဌာန
အသုံးစရိတ်ဖြင့် HIV/AIDS ဝေဒနာရှင် နှစ်သောင်းကျော် ထပ်တိုး၍ ၂၀၁၆ ခုနှစ်
မတိုင်မီ ထောက်ပံ့နိုင်ရန် စီမံကိန်း ရေးဆွဲနေကြောင်း National AIDS Program ၏
စီမံကိန်း မန်နေဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။
ယခု ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ အပါအဝင်
နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းကာ HIV/AIDS ဝေဒနာရှင်
ရှစ်သောင်းကျော်ကို ART ဆေးဝါးများ ပံ့ပိုးနေပြီ ဖြစ်၍ ကျန်ရှိနေသော လူနာ
နှစ်သောင်းကျော်ကို ဆေးဝါးများ ထပ်မံ ထောက်ပံ့ရန် ကျန်းမာရေး ဦးစီးဌာနက အစီအစဉ်
အသေးစိတ် ရေးဆွဲရခြင်း ဖြစ်ကြောင်း၊ ART ဆေးဝါး လိုအပ်နေသူ တစ်သိန်းနှစ်သောင်းကျော်
ရှိသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆေးဝါးလက်ခံ ကုသမှု မခံယူသူများ
ရှိနေသည့်အတွက် တစ်သိန်းခြောက်ထောင်ကိုသာ ART ဆေးဝါး ထောက်ပံ့ရန် လျာထားခြင်း
ဖြစ်ပြီး ART ဆေး လိုအပ်သူ နှစ်သောင်းကျော် အတွက် ပံ့ပိုးနိုင်ရန် စီစဉ်ရခြင်း
ဖြစ်ကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။
ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၄-၂၀၁၅
ဘဏ္ဍာနှစ်က စတင်ပြီး HIV/AIDS ဝေဒနာရှင် ၄၀၀ အတွက် ART ဆေးဝါးများ ပံ့ပိုးခဲ့ရာ
လာမည့် နှစ်များတွင် ထပ်တိုးထောက်ပံ့ရန် ကတိကဝတ် ပြုခဲ့သည့်အတွက် စီမံကိန်း
အသေးစိတ် ရေးဆွဲခြင်း ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။
ယခင်က ART ဆေးဝါးကို အကန့်အသတ်နှင့်သာ
ရရှိ၍ လူနာအချင်းချင်း ပြန်လည်ရောင်းစားမှုများ ရှိခဲ့သောကြောင့် National AIDS
Program က ဆေးဝါး ပံ့ပိုးလိုက်လျှင် လူနာများအတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း၊
သို့သော် ဆေးလိုအပ်ချက် မလုံလောက်သည့်အတွက် နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်ပါ တွဲဖက်လုပ်ကိုင်သင့်ကြောင်း
HIV/AIDS ဝေဒနာရှင်များကို အိမ်တိုင်ရာရောက် လိုက်လံ စောင့်ရှောက်သူတစ်ဦးက The
Voice သို့ ပြောကြားသည်။
ယင်းအပြင် ကျန်းမာရေး ဝန်ကြီးဌာနက ART
ဆေးဝါး တိုးမြှင့်ထောက်ပံ့မည့် အစီအစဉ်ကြောင့် ထောင်စုနှစ် ရည်မှန်းချက်များ
ပြည့်မီရန် ပိုမိုနီးကပ်နေပြီ ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ဆိုသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ
ဒေသတွင် HIV/AIDS ဖြစ်ပွားနှုန်း အမြင့်မားဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သည်။
ရန်ကုန်၊ မေ ၂
The Voice Weekly - ART ဆေး လိုအပ်သူ နှစ်သောင်းကျော်
ကျန်းမာရေး ဝန်ကြီးဌာန ပံ့ပိုးရန် စီစဉ်
HIV
ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် ကိုယ်လိမ်းခရင်
ငွေသတ္ထုမှရရှိတဲ့ နာနိုအမှုန်နဲ့
ပြုလုပ်ထားတဲ့ မိန်းမကိုယ်လိမ်းခရင် တစ်မျိုးဟာ HIV ဗိုင်းရပ်ပိုး ကူးစက်
နိုင်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသန တစ်ခုမှာ ဖော်ပြထားပါတယ်။ အဲဒီခရင်ကို
အသုံးပြုပြီး မိနစ်ဝက် အတွင်းမှာ အစွမ်းပြမှာ ဖြစ်ပြီး ၇၂ နာရီကြာ အာနိသင်
ရှိတယ်လို့ သိရပါတယ်။
တွေ့ရှိခဲ့တဲ့ Texas တက္ကသိုလ်မှ
သုတေသီတွေဟာ ငွေနာနိုအမှုန်က လူ့ကိုယ်ခန္ဓာထဲကို HIV ပိုးဝင်ရောက်ခြင်းမှ
ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ ခရင်ကို လူသားတွေ ရဲ့ တစ်ရှုးနမူနာတွေမှာ
စမ်းသပ်ခဲ့ပြီး သားအိမ်ခေါင်း အချွဲမြှေးထဲကို ဗိုင်းရပ်ပိုး မကူးစက်နိုင်တာကို
သက်သေပြနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မိန်းမကိုယ်မှာ လိမ်းရမှာဖြစ်ပေမယ့်လည်း
ဗိုင်းရပ်ရဲ့ အစွမ်းကို နှိမ်နင်း နိုင်စွမ်းတွေရှိနေပြီး လိင်ဆက်ဆံဖက်ကိုပါ
ကာကွယ်မှုပေးနိုင်တယ်လို့ သုတေသီ Lara Villegas က ပြောဆိုထားပါတယ်။
“ပုံမှန်အားဖြင့် HIV ဆေးဝါး တွေဟာပိုးရဲ့
ပွားများနိုင်မှုကို တားဆီးပေးတာဖြစ်ပါတယ်။ ဒီခရင်မှာကတော့ နာနိုအမှုန်တွေဟာ
ဗိုင်းရပ်ပိုးထဲကို ထိုးဖောက် ၀င်ရောက် နိုင်ပြီး ဆဲလ်ထဲကို ဗိုင်းရပ်ပိုးမ၀င်
နိုင်အောင် တားဆီးပေးနိုင်ပါတယ်” လို့ ယင်းက ဆက်လက် ရှင်းပြခဲ့ပါတယ်။ နာနိုရဲ့
ဗိုင်းရပ်ပိုးကို နှိမ်နင်း နိုင်စွမ်းကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် လူ့ခန္ဓာကိုယ်ကို
အန္တရာယ်ဖြစ်စေနိုင်မှုကိုတော့ ဆက်လက်လေ့လာနေပါတယ်။ HIV အပြင် သားအိမ်ခေါင်း
ကင်ဆာရောဂါ ဗိုင်းရပ် ကူးစက်မှုကိုလည်း ငွေသတ္ထုနာနိုအမှုန်က တားဆီးပေးနိုင်တယ်လို့
သိရှိရပါတယ်။
သက်နှင်း
ref;PTI
Health Updates Journal
ref;PTI
Health Updates Journal
No comments:
Post a Comment