• အစောဆုံး ဘယ်တော့ သွေးစစ်ရမလဲ
HIV ပိုးရှိသူနဲ့ ဆက်စပ်မှု တနည်းနည်းရှိလို့ ကိုယ့်ကို ကူးသလား အစောဆုံး သိနိုင်အောင် သွေးစစ်ဘို့ အဲဒီအချိန်ကနေ နောက် ၆ ပါတ်ကနေ ၃ လ စောင့်ရမယ်။ ၃ လစောင့်ရင် မှားပြီးအနုတ်ပြတာ မဖြစ်နိုင်ဘူး။ ၆ လ ထက်တော့ စောင့်စရာ မလိုပါ။ HIV Antibodies (အင်တီဘော်ဒီ) ခုခံပေးမဲ့ဓါတ်တွေ စမ်းလို့ရတဲ့အတိ များလာအောင် စောင့်ရတာဖြစ်တယ်။ Window period လို့ခေါ်ကြတယ်။ ဒီကြားထဲမှာ နောက်ထပ် ကူးစက်လာမှာမျိုးကို ရှောင်ကျဉ်ပါ။ HIV PCR test က ပိုးဝင်အပြီး ၃ ပါတ်အတွင်းမှာ သိနိုင်တယ်။
• HIV antibody test ဆိုတာဘာလဲ
အများဆုံး လုပ်တဲ့နည်း ဖြစ်တယ်။ သွေးထုတ်စစ်နည်းနဲ့ ပါးစပ်က သွားရည်ယူ စစ်နည်းတွေရှိတယ်။ ပိုးဝင်ထားလို့ ကိုယ်ခန္ဓာကနေ ခုခံပေးမဲ့ ဓါတ်တွေရှိနေတာကို စမ်းတာဖြစ်တယ်။ ချွင်းချက်ရှိတာက HIV အပေါင်းပြနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာလဲ ဒီ Antibodies (အင်တီဘော်ဒီ) တွေ လအတော်ကြာထိ ရှိနေမယ်။
- Rapid HIV test အမြန်နည်းဆိုတာ Antibody test ခုခံပေးမဲ့ဓါတ် ရှိ-မရှိစစ်နည်းဖြစ်တယ်။ မိနစ် ၃ဝ သာကြာတယ်။
- p24 antigen test ဆိုတာ Antigens ကို စမ်းရတာဖြစ်တယ်။ ရောဂါပိုးနဲ့ဆင်တူတဲ့ ဒီဓါတ်ကနေ ကိုယ်ထဲဝင်ရင် Antibodies (အင်တီဘော်ဒီ) တွေကို ထွက်လာစေနိုင်တယ်။ နေရာတိုင်းမှာ မသုံးပါ။ P-24 Antigen test နဲ့ Antibody test နှစ်မျိုးလုံးတွဲပြီး ၃ လအတွင်းမှာ လုပ်ကြတာလဲရှိတယ်။
- NAT, DNA, RNA and PCR tests ဆိုတာတွေက HIV ပိုးရဲ့ Genetic material မျိုးဗီဇကိုစမ်းတာဖြစ်တယ်။ စောစောကနည်းတွေလို Antibodies နဲ့ Antigens ကိုစမ်းတာ မဟုတ်ဘူး။ Polymerase Chain Reaction (PCR) tests လို့ခေါ်တယ်။ HIV ပိုးရဲ့ မျိုးဗီဇကို ထုတ်ယူ-ပွါးစေပြီးတော့ စမ်းတယ်။ Nucleic-acid Amplification Testing or NAT ခေါ်တယ်။ ဒါမှာ ပုံစံ ၂ မျိုးရှိတယ်။ DNA PCR tests နဲ့ RNA PCR tests တွေဖြစ်တယ်။ RNA PCR tests နည်းကို သွေးလှူမဲ့သူတွေကို စမ်းတယ်။ DNA PCR tests နည်းကို ပိုးရှိတဲ့ မိခင်ကနေမွေးလာတဲ့ကလေးကို စမ်းတယ်။ ၂ မျိုးလုံးကနေ ပိုးတွေ ဘယ်လောက်များများ ရှိနေသလဲ သိနိုင်တယ်။ ဒါကြောင့် Viral load tests လို့ခေါ်တယ်။ NAT နည်းက မြန်တယ်။ RNA PCR test နဲ့ DNA PCR test က ၂-၃ ပါတ် စောင့်ရတယ်။ Instant tests ဆိုပြီး (အင်တာနက်) ကနေ ကြော်ညာတာတွေက အသိအမှတ်ပြု မထားတာတွေဖြစ်တယ်။
• HIV negative အနုတ်ပြနေခြင်း
အနုတ်ပြတိုင်းလဲ လုံးဝကင်းတယ်လို့ ပြောမရသေးပြန်ပါ။ ကိုယ့်မှာဖြစ်ဖြစ်၊ ကိုယ့်အဖေါ်မှာဖြစ်ဖြစ် ပိုးမရှိနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ HIV ပိုးက လိင်ဆက်ဆံမှုတိုင်းကနေ ကူးချင်မှ ကူးပါမယ်။
- False positive မှားတဲ့ အပေါင်းပြခြင်း Flu vaccinations တုပ်ကွေး-ကာကွယ်ဆေးထိုးတာနဲ့ Multiple pregnancies အမွှာကိုယ်ဝန်ကြောင့်လဲ မှားတဲ့ အပေါင်း ပြနိုင်တယ်။ Western blot နည်းနဲ့ သေခြာအောင် လုပ်နိုင်တယ်။ ဒီနည်းက စမ်းသပ်မှု ၂ သိန်းခွဲလုပ်မှ တယောက်သာ မှားတဲ့ အပေါင်းပြနိုင်တယ်။
• Pregnancy ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်တိုင်း စစ်သင့်တယ်။ မိခင်လောင်းမှာ အပေါင်းပြနေရင် ကလေးကို ကူးဘို့များတယ်။ မွေးတုံးမှာဖြစ်ဖြစ် နို့တိုက်နေရင်းဖြစ်ဖြစ် ကူးနိုင်တယ်။ ကလေးကိုမကူးစေချင်ရင် လုပ်နိုင်တာတွေရှိတယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။ မွေးနေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။ LSCS ဗိုက်ခွဲမွေးပါ။ မွေးပြီးပြီးချင်း ကလေးကို Antiretroviral drugs ရက်တိုဆေးကုပါ။ နို့မတိုက်ပါနဲ့။
• Newborn baby မွေးကာစကလေးကို Antibodies စမ်းရင် ပေါင်းပြမယ်။ ကြားထဲမှာ ကလေးကို ပိုးမကူးစက်ရင်တော့ ၁၈ လနေရင် HIV antibody test က အနုတ်ပြနေမယ်။ ၃ လအရွယ်ကလေးကို ပိုးကူး-မကူးသိအောင် DNA PCR test လုပ်နိုင်တယ်။
• HIV ပိုးအသက်
HIV ဗိုင်းရပ်စ်ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူတဲ့ အချက်တခုကတော့ ကိုယ်အပြင်မှာ ကြာကြာမနေနိုင်ဘူး။ ဓါတ်ခွဲခန်းမှာ စမ်းဘို့ထားချင်ရင်လဲ လူ့အပူချိန်အတိုင်း၊ ၉၈.၆ ဒီဂရီမှာသာ ထားရတယ်။ အဲလို လုပ်ပေးမထားရင် မိနစ်နည်းနည်းသာ ရှင်မယ်။ လူ့ကိုယ်ထဲကထွက်ရင် နာရီပိုင်းသရှင်တယ်။ တချို့ပိုးတွေလို အကာအဖုံး (စပိုး) လိုလဲ မလုပ်နိုင်ပါ။ ဒါကြောင့် နှုပ်ခမ်းခြင်း စုပ်နမ်းတာတို့ ပွေ့ဖက်မှုလုပ်တာနဲ့ ပိုးမကူးနိုင်ပါ။ သွေးထဲကို တနည်းနည်းနဲ့ဝင်မှ ဥပမာ လိင်ဆက်ဆံတာနဲ့ သွေးကြောထဲ ဆေးထိုးတာတွေကနေသာ ကူးတယ်။ အပူချိန်၊ အောက်စီဂျင်တွေကို နဲနဲပြောင်းလဲတာကို မခံနိုင်ဘူး။ အသေအခြာ ပြုပြင် စီမံထားတဲ့ ဓါတ်ခွဲခန်းထဲမှာ မိနစ် အနည်းငယ်သာ ရှင်နိုင်တယ်။ ၂-၃ မိနစ်လောက်သာ ဖြစ်တယ်။ ဆေးထိုးအပ်ထဲမှာတော့ ရက်အနည်းငယ်အထိ ရှင်တာတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဆေးထိုးအပ်ထဲမှာ သွေး ကျန်တောက ပိုးအတွက် အသက်ဆက်ရှင်စေနိုင်လို့ဖြစ်တယ်။
၂၅ နှစ်တာ လေ့လာမှုအရ အခုထိတော့ ကိုယ်ချင်းထိတွေရယုံ၊ ပတ်ဝန်းကျင် ပစ္စည်းနဲ့ ထိတွေ့မှုတွေက HIV ကူးရတယ် ဆိုတာ မရှိသေးပါ။ HIV ပိုးရှိနေခဲ့သူ ကွယ်လွန်သွားရင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာမှာ HIV တခုထဲ ကိုသာမက ကြည့်ရမှာတွေထဲမှာ အခွင့်ကောင်းယူပြီး ကူးစက်နေခဲ့တဲ့ ရောဂါဘယတွေကိုလဲ သတိထားရမယ်။ သေဆုံးနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ဒီလောက်အရေးမကြီးပါ။ လက်အိပ်သုံးပြီးသာ ကိုင်တွယ်ပါ။ ရင်ခွဲရုံမှာ ခွဲစိတ်စစ်ဆေးရရင် မျက်စိ အကာအကွယ်လဲလိုတယ်။ သေခြာတာက တခြားရောဂါပိုးတွေက HIV ထက်ပိုပြီး ရှင်နေနိုင်ကြတယ်။ ဥပမာ TB ပိုး။
အခြေခံဥပဒေသ မှတ်ရမှာက HIV ပိုးရှင်နေရေးမှာ သွေးရှိနေဘို့လိုပါတယ်။ သွေးခြောက်သွားရင် ပိုးလဲ အသက်ပျောက်သွားမယ်။ သွေးသာမက နေရာမှာ ရေဓါတ်ခြောက်သွေ့ရင်လဲ ပိုးအသက်ဆက်ရှင်ဘို့ ခက်တယ်။ အခွင့်အလမ်းက နည်းနည်းလေးပေမဲ့ သတိထားသင့်တယ်။ HIV ပိုးဟာ သက်မဲ့အရာတွေမှာ ရှင်နေဘို့ မဖြစ်သလောက် ခက်ခဲတယ်။ စိုနေတဲ့နေရာတွေမှာ ကူးစက်နိုင်တယ်လို့သာ မှတ်ပါ။
HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါများ http://dts-medicaleducation-
HIV screening tests စမ်းသပ်နည်းများ http://dts-medicaleducation-
HIV Tests (1) စမ်းသပ်နည်းများ (၁) http://dts-medicaleducation-
HIV Tests (2) စမ်းသပ်နည်းများ (၂) http://dts-medicaleducation-
HIV Tests (3) (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ http://dts-medicaleducation.
HIV-AIDS နဲ့ပတ်သက်ပြီး စုံစမ်းနိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ http://dts-medicaleducation-
ဒေါက်တာတင့်ဆွေ (၇-၃-၂ဝ၁၂/၂၈-၈-၂ဝ၁၃/၁၉-၅-၂၀၁၄)
ဒေါက်တာတင့်ဆွေ - HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ
No comments:
Post a Comment