Monday, May 19, 2014

သီချင်းများနဲ့ ချစ်ကြည့်ခြင်း




လူဆိုတာ အသက်အရွယ်ဘယ်လောက်ရှိရှိ အချစ်ဆိုတဲ့အရာအပေါ်စူးစမ်းခြင်းလေ့လာခြင်းကိစ္စအတွက် ခံစားမှုထားတုန်း လက်ခံမိနေတုန်းဆိုတာ လက်ခံလာရပါတယ်။ ကြည်နူးနှစ်သိမ့်မှုတွေပေးခြင်း မပေးခြင်း ကတော့ ခံစားသူအပေါ်မူတည်တယ်လို့ပဲဆိုဆို ကျွန်တော့်အတွက်တော့ သီချင်းလေးတွေနဲ့ အားယူဖြေသိမ့် မှုတစ်ခုခုတော့ ရစမြဲပါ။
သီချင်းလေးတွေကို အချိန်ရတဲ့အခါတိုင်း နားထောင်ဖြစ်ပါတယ်။ ရော့ခ်သီချင်းအပြင်းစားတွေကိုတော့ တစ်ခါတလေမှ နားထောင်ဖြစ်ပြီး ပေါ့ပ်သီချင်းချိုချိုလေးတွေတို့ ခပ်မြူးမြူးသီချင်းလေးတွေကတော့ အမြဲတစေ နားထောင်တာပေါ့နော်။  ရုပ်ရှင်လေးတွေ အဆက်မပြတ် ကြည့်မိပြန်တော့ ဇာတ်ဝင်တေးကောင်းတာလေးတွေ နားထောင်မိရရင်တော်တော် သဘောကျမိပါတယ်။ ဘာပဲဖြစ်ဖြစ် စာသားလှလှ သံစဉ်လှလှလေးတွေနဲ့ဆိုရင် တင်္ဒဂတော့သာယာမိပါတယ်။

ကျွန်တော် လူရွယ်ဖြစ်နေပါပြီ ဒါပေမဲ့ ချစ်တတ်တုန်း အချစ်သီချင်းလေးတွေမှာ သာယာမိနေတုန်းပါပဲ။

(၁) ကိုယ်ကအမှန်တကယ် ချစ်မြတ်နိုးနေမိသူတစ်ယောက်ရှိခဲ့ရင် အဲ့ဒီလူရဲ့ ချစ်ကြင်နာမှုလေးတွေရယူပိုင်ဆိုင်ချင်ကြတယ်။ သူတို့ထိ ပွေ့ဖက်တာ ချစ်ခင်တာ မြတ်နိုးတာလေးတွေဟာ ကိုယသာဖြစ်ခဲ့ရင်…..။ “Someone to hold you tight….Someone to make you feel alright…..Everyday and night …..I wish  I was your someone….Someone to hold you….when you weak…Someone to make you feel complete…Everyday and night….I wish I was your someone”  ကဲ….D.H.T ရဲ့ Someone ချစ်စဖွယ် သီချင်းလေးတစ်ပုဒ်ပါ။

MTV: https://www.youtube.com/watch?v=ggpbAfLPioM 

(၂) အချစ်ဆိုတာ နုညံ့တယ် ငြင်သာတယ် သိမ်မွေ့တယ် ပြန်တွေးလိုက်မိချိန်တိုင်း တသသကြည်နူးရတယ်။ ဒီလိုခံစားချက်လေးတွေ ဖြစ်တည်ဖို့ဆိုရင် နုညံ့ငြင်သာစွာချစ်ကြရမယ်မဟုတ်လား။ ….”Love me tender……Love me sweet….Never let me go…….You have made my life complete….And I love you so” ဒါကတော့ Elvis Presley ရဲ့ Love Me Tender သီချင်းလေးပါ။

MTV: https://www.youtube.com/watch?v=76We6yBnIKE 

(၃) တကယ်တန်း ချစ်သူနှစ်ဦးချစ်ကြည်နူးကြပေမယ့် တစ်ခါတလေ ခွဲခွာရချိန်များမှာဆိုရင်တော့….. အချိန်တိုင်း မင်းလေးကို လိုအပ်တယ် မင်းလေးကိုတမ်းတတယ် မင်းလေးကိုအရမ်းချစ်တယ်ကွာဆိုတဲ့ စကားလေးတွေက လေလှိုင်းကနေတစ်ဆင့် အဆက် မပြတ် ပျံ့လွင့်မှာတော့ သေချာပါတယ်လေ။ ‘Hold me close….hold me tight….Make me thrill with delight….Let me know where I stand from the start…I want you…I need you…I love you”  Elvis Presley ရဲ့ I want you, I need you, I love you သီချင်းလေးပေါ့။

MTV: https://www.youtube.com/watch?v=l1Obxq3kvnc 

(၄) သေချာပါတယ် ဘယ်သူတွေဘာပဲပြောပြော ဘယ်သူတွေကြားဝင်နှောင့်ယှက်နေနေ ကိုယ်ဟာ မင်းလေးအတွက် ထာဝရပါ။ မင်းလေးအတွက် အရာအားလုံး မင်းလေးပဲပိုင်ဆိုင်ပါတယ်။ မင်းလေးသာ… Well open up your mind and see like me…. Open up your plans and damn you’re free…Look into your heart and you’ll find Love…love…love အင်း….Jason Mraz ရဲ့ I’m Yours သီချင်းလေးပါ။

MTV: https://www.youtube.com/watch?v=b2fuhUamqAg 

(၅) “ You can dance….every dance with the guy who gives you the eye…..Let him hold you tight….You can smile …every smile for the man who held your hand neath  the candle light….but don’t forget who’s taking you home….And in whose arms you’re gonna be….So darling…save the last dance for me” ချစ်သူနှစ်ဦး ခွဲခွာနေရချိန်များမှာပဲဖြစ်ဖြစ် တစ်ခါ တလေ စိတ်အပျော်ပဲဖြစ်ဖြစ် တဒင်္ဂတခြားသူနဲ့တွဲမိတာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး သာယာမသွားလိုက်ပါနဲ့ မလိုက်ပါသွားလိုက်ပါနဲ့ အချစ်ရယ်။ ကိုယ်တွဲထားတဲ့လက်အစုံကို ဖြုတ်ချမပစ်ခဲ့ပါနဲ့… The Drifters – Save the last dance for me သီချင်းလေးက ဘာပဲဖြစ်ဖြစ် နှစ်ဦးသားကြည်နူးဖွယ်အချိန်လေးပိုင်ဆိုင်ရမှာပါ သီချင်းလေးနားထောင်ရင်းပေါ့။

MTV: https://www.youtube.com/watch?v=n-XQ26KePUQ 

သီချင်းများကို ဆက်လက်နားထောင်ဖြစ်နေဦးမှာပါ….သီချင်းများသည်သာ….သီချင်းများနှင့် ချစ်ရသည်သာရင်အခုန်ဆုံး။

No comments: