Wednesday, February 12, 2014

ဗိုလ်ချုပ်အောင်ဆန်းသီချင်း



(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)၂ 

ငါတို့မြန်မာပြည်၊ မိဘတိုင်းကရယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်၊ ငါတို့ မြန်မာပြည်၊ မိဘအပေါင်းတို့ကရယ် အာဇာနည်အစစ်တွေကို ရှိဖို့ မွေးရမယ်။ သြော်….ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ်၊ မြန်မာတိုင်း မြန်မာမျိုးအားကိုးလောက်ပေရဲ့ မကြောက်တမ်း၊ မရွံ့တမ်း မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်…..

သံပြိုင်။ ။ (ရာဇ၀င် အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ။ တိုင်းပြည်အကျိုး စွန့်ခဲ့တယ် များဇာနည်နွယ်။ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ် တို့မြန်မာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

မြန်မာနိုင်ငံထူထောင်ရန်နဲ့ မျိုးရိုး မတိမ်အောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ မြန်မာပြည်လက်ရုံး၊ ကမ္ဘာနိုင်ငံလုံး ထင်ပေါ်စေတယ်၊ စိတ်အားသန်သန် မာန်ကို မလျှော့တယ်၊ ငါတို့လူမျိုး တန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်။ တကယ်ပင် သတိုးမဟာဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်၊ သားကောင်းများလို့ ခေါ်ရလောက်ပေတယ်၊ ဥဒါန်းတွင်စေဖွယ် မြန်မာသူရဲကောင်း အပေါင်းတွေရယ်…။

သံပြိုင် - ထပ်ဆို…


No comments: