Saturday, November 23, 2013

(ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည်



(ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည်


• ၂၂-၁၁-၂ဝ၁၃ နေ့ ဆေးပညာ သတင်းကတော့ ပိုကောင်းမဲ့ (ကွန်ဒွမ်) သစ်တွေ ထုတ်လုပ်နိုင်ဘို့ ရံပုံငွေတွေ ချီးမြှင့်ပေးတာ ဖြစ်ပါတယ်။
• လက်ရှိသုံးနေကြတဲ့ ယောက်ျားသုံး (ကွန်ဒွမ်) ကို (လေးတက်စ်) ပစ္စည်းနဲ့လုပ်ပါတယ်။ အမျိုးသမီးသုံး (ကွန်ဒွမ်) ကိုတော့ ပလပ်စတစ်နဲ့လုပ်ပါတယ်။
• (ဂရက်ဖင်း) နဲ့လုပ်ထားတဲ့ (ကွန်ဒွမ်) သစ်တမျိုးဟာ လူ့ဆံပင်ထက် အဆသန်းနဲ့ ချီပါးလွှာပြီး၊ စိန်ထက် ပိုခိုင်မာပါလိမ့်မယ်။
• ဒီ (ကွန်ဒွမ်) က လက်ရှိသုံးနေတာတွေထက် ပါးလွှာရုံသာမက၊ ပိုပြီးခိုင်မယ်၊ ဆန့်နိုင်စွမ်းပိုမယ်၊ စိတ်ကျေနပ်မှုလဲ ပိုကောင်းစေမယ်လို့ ဆိုပါတယ်။
• ဒီ (ဂရက်ဖင်း) ကို ၂ဝဝ၄ မှာ (မန်ချက်စတာ) တက္ကသိုလ်က ရုရှားသိပ္ပံပညာရှင် (ဆာ၊ အင်ဒရီ ဂီယင်( နဲ့ (ဆာ၊ ကော်စီယာ နိုဗိုဆလော့ဖ်) တို့ကနေတွေ့ရှိခဲ့လို့ နိုဗယ်ဆုလဲရရှိခဲ့ကြပါတယ်။
• အခုထုတ်လုပ်မဲ့ စီမံချက်ကို (ဘီလ်နဲ့ မယ်လင်ဒါ ဂိတ်) ဖေါင်ဒေးရှင်းကနေ (မန်ချက်စတာ) တက္ကသိုလ်၊ (ဂရက်ဖင်း) ဌာနနဲ့ အိန္ဒိယ (အိတ်ခ်ျအယ်လ်အယ်လ် လိုက်ဖ်ကဲ့ယား) လီမိတက်တို့ကို ငွေကြေးထောက်ပံ့ပါမယ်။
• ဒီဓါတ်ဟာ (ကာဗွန်) တမျိုးဖြစ်ပါတယ်။ အပူဒဏ်လဲခံနိုင်တယ်။ သူ့ထဲကို သာယာမှုအတွက် ဆေးဝါးတွေလဲ ရောထည့်ဘို့ ရှိပါတယ်။
• ဒါ့ပြင် (ကိန်းဘရစ်ခ်ျ) တက္ကသိုလ်၊ (ဘင်ဂျမင် စထောက်) နဲ့အဖွဲ့ကို ယောက်ယေက်ျားသုံး (ကွန်ဒွမ်) နောက်တမျိုး ထုတ်လုပ်ဘို့ပါ ရံပုံငွေထောက်ပံ့ပါအုံးမယ်။ (အင်နီစထောဖစ်) ဓါတ်ပေါင်းပစ္စည်းနဲ့လုပ်မှာ ဖြစ်ပါတယ်။
• နောက်ပြီး (အေးပက်စ်) ဆေးဘက်ဆိုင်ရာ နည်းပညာက (မတ်ခ် မက်ဂလိုသလင်) ကနေလဲ နွားအရွတ်ကနေ လုပ်မဲ့ ယောက်ျားသုံး (ကွန်ဒွမ်) သစ်တခု ထုတ်လုပ်ဘို့ ရံပုံငွေလဲ ချီးမြှင့်ခံရပါသေးတယ်။ (ကိုလာဂျင် ဖိုင်ဘာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားက သက်ရှိအရာနဲ့ တူလို့ အပူချိန် အပြောင်းအလဲကို ဖြစ်စေပြီး သဘာဝနဲ့ ပိုနီးစပ်ပါမယ်။
• လက်ရှိ တကမ္ဘာလုံးမှာ (ကွန်ဒွမ်) အသုံးပြုမှုဟာ တနှစ်မှာ ၁၅ ဘီလီယန်ရှိပြီး၊ ထုတ်လုပ်မှုရဲ့တဝက် သန်း ၇၅ဝ ကို လက်တွေ့ အသုံးပြုနေပါတယ်။
• (ကွန်ဒွမ်) ကို စနစ်တကျသုံးမယ်ဆိုရင် မလိုချင်တဲ့ကိုယ်ဝန်ကိုသာမက HIV အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။
• (ကွန်ဒွမ်) ရဲ့အားနည်းချက်တခုကတော့ သဘာဝနဲ့မတူလို့ စိတ်ကျေနပ်မှု အပြည့်အဝမရတာဖြစ်ပါတယ်။
• ဒါကြောင့် ဖေါင်ဒေးရှင်းကနေ (ကွန်ဒွမ်) နောက်မျိုးဆက်သစ်အတွက် ရံပုံငွေတွေထောက်ပံ့ပေးနတယ်လို့ ဆိုပါတယ်။


http://timesofindia.indiatimes.com/home/science/Graphene-The-wonder-material-being-used-to-create-thinner-stronger-condoms/articleshow/26155625.cms

ဒေါက်တာတင့်ဆွေ (၂၂-၁၁-၂ဝ၁၃)
ဒေါက်တာတင့်ဆွေ - (ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည် 

လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ဆေး ယဉ်ပါးလာ

လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ခေါင်းထောင်လာလို့ ရာစုဝက်နဲ့ချီ ငြိမ်သက်နေရာမှ နစ်နာ ဆုံးရှုံးမှု ဖြစ်လာစရာများ ရှိလာတယ်လို့ ၂ဝ၁၃ ခုနှစ် ဗီယက်နမ်မြို့မှာ ကျင်းပတဲ့ ''လိင်မှတစ်ဆင့် ကူးစက်ရောဂါနှင့် AIDS ကူးစက်ရောဂါ ကွန်ဖရင့်'' မှာ ဖော်ပြ ထားပါတယ်။

အဲဒီ ဗက်တီရီးယား ကူးစက်ရောဂါများဟာ ပဋိဇီဝ ဆေးများ ယဉ်ပါးလာပြီး အဲဒီအထဲက ဂနို ဆီးပူညောင်းကျ ရောဂါနဲ့ ဆစ်ဖလစ် ရောဂါတို့ဟာ ဗိုင်းရပ်စ် ရောဂါဖြစ်တဲ့ HPV (Human Papillomavirus) ရောဂါ၊ မှိုရောဂါ ဖြစ်တဲ့ ကန်ဒီဒါနဲ့ အိပ်ခ်ျအိုင်ဗွီ (AIDS) တို့နဲ့ ယှဉ်တွဲ တွေ့ရပါတယ်။

ကွန်ဖရင့် သဘာပတိ  မစ္စတာ အင်နဂျီလီတာ စတာရီ အဆိုအရ ''သြစတြေးလျ နိုင်ငံမှာ ကပ်ဖရို စပိုလင် (Cephalosporin) ပဋိဇီဝဆေး ယဉ်ပါးတဲ့ ဂနို ဆီးပူညောင်းကျ (Gonorrhea) ရောဂါနဲ့ သာမန် ပင်နီဆီလင် နဲ့ကုသနိုင်တဲ့ (Penicillin Resistance Syphilis) ဆစ်ဖလစ် ရောဂါတို့ ကူးစက်တာ တွေ့ရတယ်။

အမျိုးသား ကျန်းမာရေး (ဆေး) တက္ကသိုလ် (အိပ်ခ်ျအိုင်ဗွီ၊ အက်စတီဒီ) နိုင်ငံတကာ လေ့လာရေး အဖွဲ့ အကြီးအကဲ မစ္စတာ သောမတ်ကွင်းကလည်း အိပ်ခ်ျအိုင်ဗွီ ကူးစက်ရောဂါ တန့်သွားအောင် လုပ်နိုင်ပေမဲ့ လူ ၁ဝ သန်း ကျော်ကူးစက်ခြင်း မခံရအောင် ကုသသင့်တဲ့ ဂနိုနဲ့ ဆစ်ဖလစ် မျိုးဆက်သစ်တွေ အတွက်  ဆေးဝါးနဲ့ ကာကွယ်ရေး စီမံချက်များ လိုအပ်ဆဲ ဖြစ်တယ်လို့ ဖြည့်စွက် ပြောကြားခဲ့သည်။

ဒေါက်တာ လွင်သန့် (ဆေး-၂)
မြဝတီ - လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ဆေး ယဉ်ပါးလာ 

No comments: