Monday, September 7, 2020

အကောင်းမြင်စိတ်ရှိ လာအောင်ဘယ်လို ကြိုးစားကြမလဲ ... ?

 အကောင်းမြင်စိတ်ရှိ လာအောင်ဘယ်လို ကြိုးစားကြမလဲ ... ?




လူ့သဘော သဘာဝအရ အကောင်းမြင်စိတ်ရှိဖို့ရာ အရမ်းကို ခက်ခဲပါတယ်။ အဆိုးမြင်တတ်တဲ့စိတ်ဟာ သင်ပေးစရာမလိုဘဲ တတ်မြောက်နေကြပြီးသားပါ။

အဆိုးမြင်တတ်တဲ့ စိတ်က ဘဝရဲ့ ကောင်းမွန်တဲ့အချိန်တွေ၊ အခွင့်အရေးတွေကို တံတိုင်းတစ်ခုလို ခြားပစ်လိုက်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။


အခု Beatrix ကနေပြီးတော့ အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ဖို့ နည်းလမ်း(၉)သွယ်ကို ဖော်ပြပေးချင်ပါတယ်။ 🤗


အဲ့(၉)ချက်ထဲက တစ်ချက်ကိုရွေးချယ်ပြီး ရက်၃ဝလောက် လေ့ကျင့်နေထိုင်ကြည့်ပါ။ တစ်ချက်ကို ကျင့်သားရသွားပြီဆိုမှ နောက်တစ်ချက်စီ အဆင့်တက်သွားပါနော်။😌


၁.ကိုယ့်ကိုကိုယ် မှန်ကန်တဲ့ မေးခွန်းတွေ မေးပါ။


ဒီအချက်က ရိုးရှင်းပေမယ့် အကောင်းမြင်စိတ်ရှိလာဖို့ ပြုစုပျိုးထောင်တဲ့နေရာမှာ အရမ်းအရေးပါတဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။ အခက်အခဲ အကျပ်အတည်း ကြုံရချိန်မှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မေးလိုက်တဲ့မေးခွန်းပေါ် မူတည်ပြီး ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာ အခြေအနေကို ကွဲပြားခြားနားသွားအောင် လုပ်နိုင်ပါတယ်။


အဆိုးမြင်သမားဆိုရင်


👉ဘာလို့ ငါ့ကျမှ ဒီလိုတွေ ဖြစ်နေရတာလဲ ..


👉ဘာလို့ ငါ့ဆီမှာဘဲ တစ်ချိန်လုံး ဆိုးတဲ့အရာတွေ လာဖြစ်နေရတာလဲ ..


ဒီလိုသာ မေးခွန်းထုတ်မိရင် သင်ဟာ ပြဿနာရဲ့အဖြေကို မရှာဖွေနိုင်တော့သလို စိတ်ဓါတ်ကျ ဝမ်းနည်းမှုတွေကိုဘဲ ခံစားနေရနိုင်ပါတယ်။


အကောင်းမြင်သမားတွေ ကတော့ အောက်ပါမေးခွန်းလေးတွေကို မေးပြီး ဖြစ်နိုင်ချေတွေ အမြင်သစ်တွေကို ရှာဖွေလေ့ ရှိကြပါတယ်။


👉ဒီဖြစ်ရပ်ထဲက ကောင်းတဲ့အရာကဘာလဲ ..


👉ဒီအခြေအနေကနေ ငါဘာတွေ သင်ယူနိုင်သလဲ ...


👉ဒီဖြစ်ရပ်ကို ဖြေရှင်းဖို့ ဒီနေ့အတွက် ပထမဆုံး ငါစလုပ်သင့်တဲ့ အရာက ဘာလဲ ... စတဲ့ မေးခွန်းမျိုးလေးတွေဘဲဖြစ်ပါတယ်။


၂.ဘဝကို အကောင်းမြင်စိတ်တွေ နဲ့ တည်ဆောက်ရှင်သန်ပါ။


သင်နဲ့အတူ အချိန်တွေကို ဖြတ်သန်းတဲ့သူ နှင့် သင့်အပေါ် လွှမ်းမိုး ခွင့်ပြုထားတဲ့ သတင်းအချက်တွေက သင့်ရဲ့ကိုယ်ကျင့်တရား နဲ့ သင် ဘယ်လိုတွေးခေါ်တတ်တယ် ဆိုတဲ့အပေါ်ကို အများကြီးသက်ရောက်မှုရှိပါတယ်။ သင့်ကို အားပေး ထောက်ပံ့တဲ့သူတွေနဲ့ ပိုအချိန်ဖြုန်းပါ။


စာရေးသူမှာလည်း အကောင်းမြင်စိတ်အရမ်းရှိတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်🤗❤။


သူတို့တွေနဲ့ အချိန်ဖြုန်းလိုက်တာနဲ့ ကိုယ်ပါ အကောင်းမြင်စိတ်ရှိလာသလို ခံစားလာရတာ တကယ်လက်တွေ့ပါ။ သူတို့က motivation ဖြစ်စေတဲ့ video လေးတွေကြည့်တယ်။ စိတ်အားတက်စေတဲ့ သီချင်းလေးတွေ နားထောင်တတ်ကြပါတယ်တဲ့။


၃. ကိုယ့်မှာ ရှိတာလေးကို ကျေးဇူးတင်ပါ။ (ကိုယ့်ကိုကိုယ် ဘယ်တော့မှ မမေ့ပါနဲ့တဲ့)


အရိုးရှင်းဆုံးနဲ့ အကောင်းမြင်စိတ် ပိုမိုရှင်သန်လာဖို့ အမြန်ဆုံး နည်းလမ်းကတော့ "Gratitude" ဆိုတဲ့(ကျေးဇူးတင်တတ်ခြင်း) ပါဘဲ။ 


ဒီနေ့အတွက် ငါ့ဘဝမှာ ဘယ်အရာတွေကို ကျေးဇူးတင်သင့်သလဲ ..


ငါ့ဘဝမှာ ကျေးဇူးတင်သင့်တဲ့သူတွေက ဘယ်သူတွေလဲ။ ဘာကြောင့်လဲ ...


ငါကိုယ်ငါ ကျေးဇူးတင် ဂုဏ်ယူသင့်တဲ့ အရာတွေကဘာတွေလဲ .. ❤


ဒီမေးခွန်းလေးကို မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး မေးကြည့်ပါ။🤗


၄.ကိုယ်ခန္ဓာ ကျန်းမာရေး ကိုလည်း မမေ့ပါနဲ့။


စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမယ်ပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်က အိပ်ရေးတွေ ပျက် အစားအသောက် မမှန်ရင် စိတ်က အမြဲရှုပ်ထွေးနေတတ်ရော။ဘာလုပ်လုပ် အဆင်မပြေဘဲ စိတ်မကြည်တော့ အဆိုးတွေချည်း မြင်နေလိမ့်မယ်။

ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပြီး ကျန်းမာရေးနဲညီညွတ်တဲ့ အစားအစာတွေ စားပါ။


၅.အကောင်းမြင်စိတ် နဲ့ သင့်ရဲ့ တစ်နေ့တာကိုစတင်ပါ။


မနက်မိုးလင်း အိပ်ရာထတိုင်း လောကကြီးကို ကျေးဇူးတင်ပြီး နိုးထပါ။မနက်စာ မစားခင်  ဘယ်သူ့တွေကို ကျေးဇူးတင်တယ်၊ ဘာတွေကို

ငါအောင်မြင်အောင် လုပ်နိုင်ခဲ့တယ်၊ ငါဘာကောင်းမှုတွေ လုပ်ခဲ့သလဲ စဉ်းစားတာမျိုး၊ အကောင်းမြင်စိတ်နဲ့ သုံးသပ်တဲ့ သတင်းတွေ 

နားထောင်တာမျိုးတို့၊ လေ့ကျင့်ခန်းတို့ ပြုလုပ်ပါ။


နောက်ပြီး မနက်ပိုင်း ဘုရားရှိခိုးတာတို့၊ မေတ္တာသုတ် တရားတော်တွေ နားထောင်တာတို့က တကယ် စိတ်ကို ကြည်လင်စေပါတယ်။ မနက်ထဲကစိတ်ကြည်နေရင် ဘာအလုပ်လုပ်အဆင်ပြေနေမှာပါ။ 🤗


၆.ပြဿနာ ရဲ့ အဖြေကိုဘဲ အာရုံစိုက်ပါ။


အဆိုးမြင်စိတ်ကို ပိုမိုရှင်သန် ကြီးထွားလာစေတာက ဘာမှမလုပ်ဘဲ ထိုင်နေခြင်းပါ။ အကယ်၍ကိုယ့်မှာ ပြဿနာ တစ်ခုခု ပေါ်လာပြီဆိုတာနဲ့ချက်ချင်းဘယ်လို ဖြေရှင်းသင့်လဲ ဘဲတွေးပါ။ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ပါ။


"ငါဒီနေ့အတွက် ဒီကိစ္စကို ဖြေရှင်းဖို့ ဘာများလုပ်နိုင်မလဲ" စဉ်းစားပါ။


ကိုယ် ဖြေရှင်းမယ့် နည်းလမ်းက ကြီးမားပြီးအချိန်ဆွဲ စေသလို ဖြစ်နေရင် ဒီမေးခွန်းလေးပြန်မေးကြည့်ပါ။


"ဒီနေ့အဖို့ ငါရှေ့ဆက်နိုင်ဖို့ အသေးငယ်ဆုံး ခြေလှမ်းက ဘာဖြစ်မလဲ"


ရှေ့ဆက် လျှောက်လှမ်းနိုင်ဖို့ ပြဿနာတွေကို တစ်ဆင့်ချင်းစီ ဖြေရှင်းပါ။


(ရှေ့အပတ်က ပြဿနာဖြေရှင်းနည်း အကြောင်း ရေးပေးထားပါတယ်နော် ပြန်ဖတ်ကြည့်ပါ )


၇. စိုးရိမ်လွန်တတ်တဲ့ အကျင့်တွေကိုဖျောက်ပါ။


စိုးရိမ်လွန်တတ်တဲ့ အကျင့်က တစ်ခါတစ်လေ မဖြစ်နိုင်တဲ့ အရာတွေကိုပါ တွေးမိနိုင်တာမို့ အဆိုးမြင်စိတ်ကို အားကောင်းစေတဲ့ အရာတစ်ခုပါနော်။

ကိုယ် တွေးကြောက်နေတဲ့ တချို့အရာတွေက တကယ် ဖြစ်မလာနိုင်ပါဘူးနော်။ သူတို့တွေက စိတ်ကူးယဉ်အိပ်မက်ဆိုးတွေပါဘဲ။


ဥပမာ- ကိုယ်က အလုပ်တစ်ခုကို မလျှောက်ကြည့်ခင်မှာ ငါလုပ်နိုင်လောက်မှာ မဟုတ်ပါဘူးလို့ တွေးပူပြီး မလျှောက်ဘဲနေလိုက်တာက အခွင့်အရေးတစ်ခုကို ဆုံးရှုံးသွားရတာဘဲမဟုတ်လား။


၈."အကောင်းဆုံး"ဆိုတဲ့ စကားလုံးနဲ့ အရာရာကို မဖျက်ဆီးပစ်ပါနဲ့။


အကောင်းမြင်စိတ် ရှိလာအောင် ကြိုးစားနေတဲ့အချိန်မှာ တစ်ခါတစ်လေ အကောင်းမြင်လို့ မရလောက်အောင် ဖြစ်လာတဲ့ကိစ္စလေးတွေ ရှိတတ်ပါတယ်။

အဲ့လိုအခိုက်အတန့်လေးတွေမှာ လူတွေက ငါဘယ်လောက်ဘဲ အကောင်းမြင်စိတ်ရှိရှိ ၊ဘယ်လောက်ဘဲ ကြိုးစားကြိုးစား၊ ငါ့ဆီကို မကောင်းတာတွေဘဲ ဖြစ်လာတယ်လို့ တွေးမိတတ်ကြပါတယ်။ အဲ့လိုနဲ့ဘဲ အကောင်းမြင်စိတ် မထားနိုင်တော့ဘဲ လက်လျှော့သွားကြသူတွေရှိပါတယ်။


ဒီလိုတွေ ဖြစ်လာရတာဟာ ကိုယ့်ကိုကိုယ် အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီလို့ သတ်မှတ်မိသွားလို့ပါ။ 


"ငါအကောင်းဆုံးကြိုးစားခဲ့ပြီးပြီဘဲ ဖြစ်မလာတာကတော့ မတတ်နိုင်ဘူးလို့ မတွေးလိုက်ပါနဲ့"။ ငါ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် လိုအပ်ချက်လေးတွေ ရှိနေလို့နေမယ်။ အဲ့အချက်လေးတွေကို ပြင်ပြီး နောက်တစ်ခါ ကြိုးစားကြည့်ရမယ်။ ဘယ်လိုလေး ပြောင်းလဲ ဖြေရှင်းရင်ကောင်းမလဲ ဆိုတာ စဉ်းစားကြည့်ပါ။


၉.ကိုယ့်ကိုကိုယ် ဘယ်တော့မှ အရှုံးမပေးမိဖို့ သတိပေးပါ။


ဘဝမှာ အကောင်းနဲ့အဆိုးနဲ့ ဒွန်တွဲနေတာမို့ ဘဝမှာ ရင်ဆိုင် ဖြေရှင်းရခက်တဲ့ အခြေအနေတွေတော့ ရှိလာနိုင်တာပါဘဲ။ တစ်ခါတစ်လေ ကံကြမ္မာကလည်း လှည့်စားတတ်တာကိုး။ ဒါပေမယ့်လည်း အကောင်းမြင်သမားတွေကတော့ အမြဲကြည့်လိုက်တိုင်း အေးချမ်းနေကြသူတွေချည်းပါဘဲ။


စာရေးဆရာ ထင်လင်း ဘာသာပြန်ဆိုရေးသားထားတဲ့ "မေတ္တာရှင်မလေး ပေါ်လီယာနာ"စာအုပ်လေးဖတ်ကြည့်ဖို့ အကြံပြုပါရစေ။


အားလုံးဘဲ အကောင်းမြင်စိတ် ရှိဖို့ ကြိုးစားကြပါနော်။


ဘယ်တော့မှ ဘဝကို အရှုံးမပေးပါနဲ့။


စာရေးသူလည်း ကြိုးစား နေထိုင်ပါတော့မယ်။


စာတွေဖတ်ပေးလို့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ်နော်။


စာဖတ်သူလေးတွေကို ဒီကနေဘဲ နှုတ်ဆက်လိုက်ပါတော့တယ်။ ❤


Reference:

https://www.lifehack.org/articles/communication/9-ways-stay-positive.html


Written by

#HydraMyo

(Zawgyi)

အေကာင္းျမင္စိတ္ရွိ လာေအာင္ဘယ္လို ႀကိဳးစားၾကမလဲ ... ?




လူ႔သေဘာ သဘာဝအရ အေကာင္းျမင္စိတ္ရွိဖို့ရာ အရမ္းကို ခက္ခဲပါတယ္။ အဆိုးျမင္တတ္တဲ့စိတ္ဟာ သင္ေပးစရာမလိုဘဲ တတ္ေျမာက္ေနၾကၿပီးသားပါ။

အဆိုးျမင္တတ္တဲ့ စိတ္က ဘဝရဲ့ ေကာင္းမြန္တဲ့အခ်ိန္ေတြ၊ အခြင့္အေရးေတြကို တံတိုင္းတစ္ခုလို ျခားပစ္လိုက္နိုင္တဲ့ အရာတစ္ခုျဖစ္ပါတယ္။


အခု Beatrix ကေနၿပီးေတာ့ အေကာင္းျမင္စိတ္ရွိေအာင္ ေလ့က်င့္ဖို့ နည္းလမ္း(၉)သြယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။ 🤗


အဲ့(၉)ခ်က္ထဲက တစ္ခ်က္ကိုေရြးခ်ယ္ၿပီး ရက္၃၀ေလာက္ ေလ့က်င့္ေနထိုင္ၾကည့္ပါ။ တစ္ခ်က္ကို က်င့္သားရသြားၿပီဆိုမွ ေနာက္တစ္ခ်က္စီ အဆင့္တက္သြားပါေနာ္။😌


၁.ကိုယ့္ကိုကိုယ္ မွန္ကန္တဲ့ ေမးခြန္းေတြ ေမးပါ။


ဒီအခ်က္က ရိုးရွင္းေပမယ့္ အေကာင္းျမင္စိတ္ရွိလာဖို့ ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ အရမ္းအေရးပါတဲ့ အေလ့အက်င့္ တစ္ခု ျဖစ္ပါတယ္။ အခက္အခဲ အက်ပ္အတည္း ၾကဳံရခ်ိန္မွာ ကၽြန္ေတာ္တို့ ကိုယ့္ကိုကိုယ္ ေမးလိုက္တဲ့ေမးခြန္းေပၚ မူတည္ၿပီး ကၽြန္ေတာ္တို့ ၾကဳံေတြ႕ေနရတဲ့ ျပႆနာ အေျခအေနကို ကြဲျပားျခားနားသြားေအာင္ လုပ္နိုင္ပါတယ္။


အဆိုးျမင္သမားဆိုရင္


👉ဘာလို့ ငါ့က်မွ ဒီလိုေတြ ျဖစ္ေနရတာလဲ ..


👉ဘာလို့ ငါ့ဆီမွာဘဲ တစ္ခ်ိန္လုံး ဆိုးတဲ့အရာေတြ လာျဖစ္ေနရတာလဲ ..


ဒီလိုသာ ေမးခြန္းထုတ္မိရင္ သင္ဟာ ျပႆနာရဲ့အေျဖကို မရွာေဖြနိုင္ေတာ့သလို စိတ္ဓါတ္က် ဝမ္းနည္းမွုေတြကိုဘဲ ခံစားေနရနိုင္ပါတယ္။


အေကာင္းျမင္သမားေတြ ကေတာ့ ေအာက္ပါေမးခြန္းေလးေတြကို ေမးၿပီး ျဖစ္နိုင္ေခ်ေတြ အျမင္သစ္ေတြကို ရွာေဖြေလ့ ရွိၾကပါတယ္။


👉ဒီျဖစ္ရပ္ထဲက ေကာင္းတဲ့အရာကဘာလဲ ..


👉ဒီအေျခအေနကေန ငါဘာေတြ သင္ယူနိုင္သလဲ ...


👉ဒီျဖစ္ရပ္ကို ေျဖရွင္းဖို့ ဒီေန႔အတြက္ ပထမဆုံး ငါစလုပ္သင့္တဲ့ အရာက ဘာလဲ ... စတဲ့ ေမးခြန္းမ်ိဳးေလးေတြဘဲျဖစ္ပါတယ္။


၂.ဘဝကို အေကာင္းျမင္စိတ္ေတြ နဲ႔ တည္ေဆာက္ရွင္သန္ပါ။


သင္နဲ႔အတူ အခ်ိန္ေတြကို ျဖတ္သန္းတဲ့သူ ႏွင့္ သင့္အေပၚ လႊမ္းမိုး ခြင့္ျပဳထားတဲ့ သတင္းအခ်က္ေတြက သင့္ရဲ့ကိုယ္က်င့္တရား နဲ႔ သင္ ဘယ္လိုေတြးေခၚတတ္တယ္ ဆိုတဲ့အေပၚကို အမ်ားႀကီးသက္ေရာက္မွုရွိပါတယ္။ သင့္ကို အားေပး ေထာက္ပံ့တဲ့သူေတြနဲ႔ ပိုအခ်ိန္ျဖဳန္းပါ။


စာေရးသူမွာလည္း အေကာင္းျမင္စိတ္အရမ္းရွိတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ရွိပါတယ္🤗❤။


သူတို့ေတြနဲ႔ အခ်ိန္ျဖဳန္းလိုက္တာနဲ႔ ကိုယ္ပါ အေကာင္းျမင္စိတ္ရွိလာသလို ခံစားလာရတာ တကယ္လက္ေတြ႕ပါ။ သူတို့က motivation ျဖစ္ေစတဲ့ video ေလးေတြၾကည့္တယ္။ စိတ္အားတက္ေစတဲ့ သီခ်င္းေလးေတြ နားေထာင္တတ္ၾကပါတယ္တဲ့။


၃. ကိုယ့္မွာ ရွိတာေလးကို ေက်းဇူးတင္ပါ။ (ကိုယ့္ကိုကိုယ္ ဘယ္ေတာ့မွ မေမ့ပါနဲ႔တဲ့)


အရိုးရွင္းဆုံးနဲ႔ အေကာင္းျမင္စိတ္ ပိုမိုရွင္သန္လာဖို့ အျမန္ဆုံး နည္းလမ္းကေတာ့ "Gratitude" ဆိုတဲ့(ေက်းဇူးတင္တတ္ျခင္း) ပါဘဲ။ 


ဒီေန႔အတြက္ ငါ့ဘဝမွာ ဘယ္အရာေတြကို ေက်းဇူးတင္သင့္သလဲ ..


ငါ့ဘဝမွာ ေက်းဇူးတင္သင့္တဲ့သူေတြက ဘယ္သူေတြလဲ။ ဘာေၾကာင့္လဲ ...


ငါကိုယ္ငါ ေက်းဇူးတင္ ဂုဏ္ယူသင့္တဲ့ အရာေတြကဘာေတြလဲ .. ❤


ဒီေမးခြန္းေလးကို မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးၿပီး ေမးၾကည့္ပါ။🤗


၄.ကိုယ္ခႏၶာ က်န္းမာေရး ကိုလည္း မေမ့ပါနဲ႔။


စိတ္က်န္းမာမွ ကိုယ္က်န္းမာမယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း ကိုယ္က အိပ္ေရးေတြ ပ်က္ အစားအေသာက္ မမွန္ရင္ စိတ္က အျမဲရွုပ္ေထြးေနတတ္ေရာ။ဘာလုပ္လုပ္ အဆင္မေျပဘဲ စိတ္မၾကည္ေတာ့ အဆိုးေတြခ်ည္း ျမင္ေနလိမ့္မယ္။

ဒါ့ေၾကာင့္ အိပ္ေရးဝဝအိပ္ၿပီး က်န္းမာေရးနဲညီညြတ္တဲ့ အစားအစာေတြ စားပါ။


၅.အေကာင္းျမင္စိတ္ နဲ႔ သင့္ရဲ့ တစ္ေန႔တာကိုစတင္ပါ။


မနက္မိုးလင္း အိပ္ရာထတိုင္း ေလာကႀကီးကို ေက်းဇူးတင္ၿပီး နိုးထပါ။မနက္စာ မစားခင္  ဘယ္သူ႔ေတြကို ေက်းဇူးတင္တယ္၊ ဘာေတြကို

ငါေအာင္ျမင္ေအာင္ လုပ္နိုင္ခဲ့တယ္၊ ငါဘာေကာင္းမွုေတြ လုပ္ခဲ့သလဲ စဥ္းစားတာမ်ိဳး၊ အေကာင္းျမင္စိတ္နဲ႔ သုံးသပ္တဲ့ သတင္းေတြ 

နားေထာင္တာမ်ိဳးတို့၊ ေလ့က်င့္ခန္းတို့ ျပဳလုပ္ပါ။


ေနာက္ၿပီး မနက္ပိုင္း ဘုရားရွိခိုးတာတို့၊ ေမတၱာသုတ္ တရားေတာ္ေတြ နားေထာင္တာတို့က တကယ္ စိတ္ကို ၾကည္လင္ေစပါတယ္။ မနက္ထဲကစိတ္ၾကည္ေနရင္ ဘာအလုပ္လုပ္အဆင္ေျပေနမွာပါ။ 🤗


၆.ျပႆနာ ရဲ့ အေျဖကိုဘဲ အာ႐ုံစိုက္ပါ။


အဆိုးျမင္စိတ္ကို ပိုမိုရွင္သန္ ႀကီးထြားလာေစတာက ဘာမွမလုပ္ဘဲ ထိုင္ေနျခင္းပါ။ အကယ္၍ကိုယ့္မွာ ျပႆနာ တစ္ခုခု ေပၚလာၿပီဆိုတာနဲ႔ခ်က္ခ်င္းဘယ္လို ေျဖရွင္းသင့္လဲ ဘဲေတြးပါ။ ကိုယ့္ကိုကိုယ္ေမးခြန္းထုတ္ပါ။


"ငါဒီေန႔အတြက္ ဒီကိစၥကို ေျဖရွင္းဖို့ ဘာမ်ားလုပ္နိုင္မလဲ" စဥ္းစားပါ။


ကိုယ္ ေျဖရွင္းမယ့္ နည္းလမ္းက ႀကီးမားၿပီးအခ်ိန္ဆြဲ ေစသလို ျဖစ္ေနရင္ ဒီေမးခြန္းေလးျပန္ေမးၾကည့္ပါ။


"ဒီေန႔အဖို့ ငါေရွ႕ဆက္နိုင္ဖို့ အေသးငယ္ဆုံး ေျခလွမ္းက ဘာျဖစ္မလဲ"


ေရွ႕ဆက္ ေလၽွာက္လွမ္းနိုင္ဖို့ ျပႆနာေတြကို တစ္ဆင့္ခ်င္းစီ ေျဖရွင္းပါ။


(ေရွ႕အပတ္က ျပႆနာေျဖရွင္းနည္း အေၾကာင္း ေရးေပးထားပါတယ္ေနာ္ ျပန္ဖတ္ၾကည့္ပါ )


၇. စိုးရိမ္လြန္တတ္တဲ့ အက်င့္ေတြကိုေဖ်ာက္ပါ။


စိုးရိမ္လြန္တတ္တဲ့ အက်င့္က တစ္ခါတစ္ေလ မျဖစ္နိုင္တဲ့ အရာေတြကိုပါ ေတြးမိနိုင္တာမို့ အဆိုးျမင္စိတ္ကို အားေကာင္းေစတဲ့ အရာတစ္ခုပါေနာ္။

ကိုယ္ ေတြးေၾကာက္ေနတဲ့ တခ်ိဳ့အရာေတြက တကယ္ ျဖစ္မလာနိုင္ပါဘူးေနာ္။ သူတို့ေတြက စိတ္ကူးယဥ္အိပ္မက္ဆိုးေတြပါဘဲ။


ဥပမာ- ကိုယ္က အလုပ္တစ္ခုကို မေလၽွာက္ၾကည့္ခင္မွာ ငါလုပ္နိုင္ေလာက္မွာ မဟုတ္ပါဘူးလို့ ေတြးပူၿပီး မေလၽွာက္ဘဲေနလိုက္တာက အခြင့္အေရးတစ္ခုကို ဆုံးရွုံးသြားရတာဘဲမဟုတ္လား။


၈."အေကာင္းဆုံး"ဆိုတဲ့ စကားလုံးနဲ႔ အရာရာကို မဖ်က္ဆီးပစ္ပါနဲ႔။


အေကာင္းျမင္စိတ္ ရွိလာေအာင္ ႀကိဳးစားေနတဲ့အခ်ိန္မွာ တစ္ခါတစ္ေလ အေကာင္းျမင္လို့ မရေလာက္ေအာင္ ျဖစ္လာတဲ့ကိစၥေလးေတြ ရွိတတ္ပါတယ္။

အဲ့လိုအခိုက္အတန္႔ေလးေတြမွာ လူေတြက ငါဘယ္ေလာက္ဘဲ အေကာင္းျမင္စိတ္ရွိရွိ ၊ဘယ္ေလာက္ဘဲ ႀကိဳးစားႀကိဳးစား၊ ငါ့ဆီကို မေကာင္းတာေတြဘဲ ျဖစ္လာတယ္လို့ ေတြးမိတတ္ၾကပါတယ္။ အဲ့လိုနဲ႔ဘဲ အေကာင္းျမင္စိတ္ မထားနိုင္ေတာ့ဘဲ လက္ေလၽွာ့သြားၾကသူေတြရွိပါတယ္။


ဒီလိုေတြ ျဖစ္လာရတာဟာ ကိုယ့္ကိုကိုယ္ အေကာင္းဆုံး ႀကိဳးစားခဲ့ၿပီးၿပီလို့ သတ္မွတ္မိသြားလို့ပါ။ 


"ငါအေကာင္းဆုံးႀကိဳးစားခဲ့ၿပီးၿပီဘဲ ျဖစ္မလာတာကေတာ့ မတတ္နိုင္ဘူးလို့ မေတြးလိုက္ပါနဲ႔"။ ငါ အေကာင္းဆုံး ႀကိဳးစားခဲ့ေပမယ့္ လိုအပ္ခ်က္ေလးေတြ ရွိေနလို့ေနမယ္။ အဲ့အခ်က္ေလးေတြကို ျပင္ၿပီး ေနာက္တစ္ခါ ႀကိဳးစားၾကည့္ရမယ္။ ဘယ္လိုေလး ေျပာင္းလဲ ေျဖရွင္းရင္ေကာင္းမလဲ ဆိုတာ စဥ္းစားၾကည့္ပါ။


၉.ကိုယ့္ကိုကိုယ္ ဘယ္ေတာ့မွ အရွုံးမေပးမိဖို့ သတိေပးပါ။


ဘဝမွာ အေကာင္းနဲ႔အဆိုးနဲ႔ ဒြန္တြဲေနတာမို့ ဘဝမွာ ရင္ဆိုင္ ေျဖရွင္းရခက္တဲ့ အေျခအေနေတြေတာ့ ရွိလာနိုင္တာပါဘဲ။ တစ္ခါတစ္ေလ ကံၾကမၼာကလည္း လွည့္စားတတ္တာကိုး။ ဒါေပမယ့္လည္း အေကာင္းျမင္သမားေတြကေတာ့ အျမဲၾကည့္လိုက္တိုင္း ေအးခ်မ္းေနၾကသူေတြခ်ည္းပါဘဲ။


စာေရးဆရာ ထင္လင္း ဘာသာျပန္ဆိုေရးသားထားတဲ့ "ေမတၱာရွင္မေလး ေပၚလီယာနာ"စာအုပ္ေလးဖတ္ၾကည့္ဖို့ အႀကံျပဳပါရေစ။


အားလုံးဘဲ အေကာင္းျမင္စိတ္ ရွိဖို့ ႀကိဳးစားၾကပါေနာ္။


ဘယ္ေတာ့မွ ဘဝကို အရွုံးမေပးပါနဲ႔။


စာေရးသူလည္း ႀကိဳးစား ေနထိုင္ပါေတာ့မယ္။


စာေတြဖတ္ေပးလို့ စာဖတ္သူေလးေတြကို ေက်းဇူးတင္ပါတယ္ေနာ္။


စာဖတ္သူေလးေတြကို ဒီကေနဘဲ ႏွုတ္ဆက္လိုက္ပါေတာ့တယ္။ ❤


Reference:

https://www.lifehack.org/articles/communication/9-ways-stay-positive.html


Written by

#HydraMyo

Saturday, September 5, 2020

Legal abortion - “အေျဖရွာရခက္တဲ့ ပုစၧာ”

Legal abortion နဲ့ ပတ်သက်ပြီး လူ​ပြောပြန်များ​နေလို့ လွန်ခဲ့တဲ့ ၂ နှစ်​​ကျော်က ​ဆောင်းပါး​လေး ပြန်တင်​ပေးထားတာပါ။ အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်​ရေး ဥပ​ဒေကြမ်းမှာ ဒါကို ခွင့်ပြုမယ် ​ပြောထား​​ပေမဲ့ လက်​တွေ့ လုပ်​​ဆောင်ဖို့မှာ အခက်အခဲ​တွေ ရှိ​​နေပါတယ်။ အဲ့လို အပ်ပ်ဒိတ်​တွေကို​တော့ အချိန်ရမှ Live ​တစ်ခု ​ပြော​ပေးပါမယ်။ စာနဲ့ဆို သိပ်ရှည်သွားမှာ စိုးလို့ပါ။ ​လော​​လောဆယ် ဒါ​လေး ဖတ်ကြည့်​ပေးပါခင်ဗျ။ ​ကျေးဇူးတင်ပါတယ်။


■ ■ ■ ■ ■ ■ ■




“အဖြေရှာရခက်တဲ့ ပုစ္ဆာ”

(ဖတ်ပြီးစဉ်းစားရန် ကြာချိန် ၁၂ မိနစ်)


၁။ အငြင်းပွါးရဆုံး ပြဿနာ


“ရည်းစားနဲ့ မတော်တဆ ကိုယ်ဝန်ရသွားလို့ပါ၊ အိမ်ကသိသွားရင် သတ်မှာ၊ သမီးကို ကူညီပါဦး ဆရာရယ်”


“အဓမ္မအကျင့်ခံရပြီး ကိုယ်ဝန်ရသွားတာလေ၊ ၃ ၄လလောက်ရှိရောပေါ့”


“ဆရာရယ်၊ ကျွန်မတို့အိမ်မှာ ခေါ်ထားတဲ့ ကောင်မလေးပါ၊ သူ့ရည်းစားနဲ့ ကိုယ်ဝန်ရပြီး ဟိုအကောင်က ဘယ်ရောက်သွားမှန်း မသိဘူး၊ အိမ်ထောင်ရှိတယ်လို့လည်း ကြားတယ်၊ ဘယ်လိုလုပ်ရမှန်းလည်း မသိတော့ပါဘူး”


ဒါတွေကတော့ မျိုးဆက်ပွါးကျန်းမာရေးလုပ်ငန်းလုပ်တဲ့သူတွေ မကြာခဏ ကြားရတတ်တဲ့ အသံတွေပဲ ဖြစ်ပါတယ်။ ခပ်ငယ်ငယ်ကတော့ ဒါတွေ ကိုယ့်လာပြောရင် စော်ကားနေသလိုပဲ။ စိတ်မဆိုးပါဘူးဆိုတောင် ခပ်ပြတ်ပြတ်ပဲ ပြောလွှတ်လိုက်တယ်။ နောက်တော့ သူတို့ရဲ့ အခက်အခဲတွေ နည်းနည်းလေး မြင်တတ်လာတယ်။ ကျွန်တော်တို့ ထင်သလောက် မရိုးရှင်းဘူးဆိုတာ သဘောပေါက်လာတယ်။


တကယ်တော့ ဒီပြဿနာတွေမှာ အကြောင်းရင်းခံတွေ အများကြီးရှိတယ်။ မိန်းကလေးတွေ ပညာမတတ်တာ၊ မျိုးဆက်ပွါးကျန်းမာရေးအသိပညာတွေ ပေးမထားတာ၊ သားဆက်ခြားဝန်ဆောင်မှုတွေ လက်လှမ်းမမီတာ စသဖြင့်ပေါ့။


ပြဿနာကို ပိုကြီးစေတဲ့ ကိစ္စတွေလည်း ရှိသေးတယ်၊ ဥပမာဆို ပတ်ဝန်းကျင်က ခံရသူကို ပိုပြီး ကဲ့ရဲ့တတ်တာတွေ၊ ဥပဒေတွေမှာ ကျားမရေးရာအမြင်နဲ့ ရေးဆွဲထားမှု၊ လက်တွေ့ကျင့်သုံးမှု အားနည်းနေတာတွေ။ 


အဲဒီအပြင် လူထုရဲ့အမြင်၊ ကိုယ့်ရဲ့ယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်မှုတွေ စသဖြင့် ထည့်စဉ်းစားရမှာတွေလည်း ရှိပါသေးတယ်။


ဒါကြောင့်လည်း ဒီပြဿနာဟာ ကမ္ဘာပေါ်မှာ အငြင်းပွါးရဆုံး Controversial issue တစ်ခု ဖြစ်နေတာပါ။


၂။ ဝတ္ထုနှစ်ပုဒ်


ပထမစာအုပ်က ဆရာမဂျူးရဲ့ ကြယ်ကြွေတို့ရဲ့ အတောင်ပံ။ 


ဆယ်ကျော်သက်အရွယ်မှာ အဓမ္မအကျင့်ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း။ ကျွန်တော်တို့အသိုင်းအဝိုင်းရဲ့ ထုံးစံအတိုင်း ပြုကျင့်သွားသူထက် ခံရသူကို ပိုအပြစ်တင်တယ်။ ကာလသားတွေက ရိသဲ့သဲ့လုပ်တယ်။ ပြုကျင့်သွားတဲ့သူက အိမ်ထောင်ရှိတော့ သူ့လက်ရှိမိန်းမက ဒီကောင်မလေးကို လင်ခိုးမဆိုပြီး စွပ်စွဲတယ်။ အမေဖြစ်သူကလည်း သမီးအတွက် ရှက်လို့မဆုံးဘူးပေါ့။


ဒီလိုနဲ့ ရွာမှာ ဆက်မနေနိုင်တော့တဲ့အဆုံး ထွက်ပြေးတယ်။ ဒါပေမယ့် ဒီကိုယ်ဝန်ကိုရအောင် မွေးတယ်။ အဲဒီကလေးက ကြီးလာတော့ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့အမေက ဘာမှဖုံးကွယ်မထားဘူး။ ငယ်ငယ်ကတည်းက အကုန်ပြောပြထားတယ်။ သူ့ကို ဘယ်လိုကိုယ်ဝန်ဆောင်လာတဲ့အကြောင်းတွေပေါ့။ နောက်ဆုံး သူတို့သားအမိ ရွာပြန်သွားတယ်။ ရွာက အရင်အတိုင်းပဲ။ သူ့ကို အဓမ္မကျင့်ခဲ့သူလည်း ရှိသေးတယ်။ သူတို့အခြေအနေကတော့ တအားပြောင်းသွားပြီ။ ပိုက်ဆံလည်း ချမ်းသာနေသလို၊ သူ့သားကလည်း ဆရာဝန်ဖြစ်နေပြီ။ လွန်ခဲ့တဲ့နှစ်အစိတ်လောက်က ဝေဖန်ကဲ့ရဲ့သူတွေ အကုန်အသံတိတ်။ ပါးစပ်အဟောင်းသားနဲ့ အားတွေကျလို့။


နောက်တစ်အုပ်က ဆရာငြိမ်းကျော်ရဲ့ အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ။


ဒါကတော့ အယုံကြည်လွန်ပြီး ပုံအပ်လိုက်တာ၊ ချစ်သူက ရှောင်ပြေးသွားလို့ ကိုယ်ဝန်နဲ့ကျန်ခဲ့ရတဲ့ ကောင်မလေးရဲ့အကြောင်း။ ပတ်ဝန်းကျင်က ကဲ့ရဲ့တယ်။ ဒါပေမယ့် မိဘက သူ့ဘက်ကနေ ရပ်တည်ပေးတယ်။ ဒါ သမီးအမှားမဟုတ်ဘူး၊ သမီးရှက်ရမှာ မဟုတ်ဘူး၊ တာဝန်မယူတတ်တဲ့သူကသာ ရှက်ရမှာဆိုပြီး အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရသွားတဲ့ သမီးကို အားပေးတယ်။ ဗိုက်ဖုံးအကျီင်္ကအစ စက်ချုပ်ဆရာ အဖေက ကိုယ်တိုင်ချုပ်ပေးတယ်။ ကြာတော့ လူတွေလည်း မကဲ့ရဲ့နိုင်တော့ဘူး။ ဒီကောင်မလေးကို ပုံမှန်ကိုယ်ဝန်ဆောင်လို မြင်လာတယ်။ နောက်ဆုံး သူ့ရည်းစားက ပြန်ရောက်လာတယ်။ တောင်းပန်တယ်။ သူ့ကို လက်ထပ်ဖို့ ပြောတယ်။ ကောင်မလေးက ပြန်ဖြေလိုက်တယ်။ ကျွန်မချစ်တဲ့သူတွေ့ရင် လက်ထပ်ဦးမှာပါ တဲ့။ ဒါပေမယ့် သေချာတာကတော့ အသက်ရှင်နေသရွေ့ အဲဒီလူဟာ ရှင်မဖြစ်နိုင်တော့ဘူး တဲ့။


ဒီဝတ္ထုနှစ်ပုဒ်က မိန်းကလေးတွေရဲ့ ဘဝကို ရေးပြထားတယ်။ ခံရသူကို အပြစ်တင်တတ်တဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေ၊ မမျှတမှုတွေကို မီးမောင်းထိုးပြထားတယ်။ သတ္တိရှိရှိနဲ့ ကျော်ဖြတ်ပြလိုက်တဲ့အခါ အဲဒီပတ်ဝန်းကျင်ရဲ့အမြင်တွေ ပြောင်းကုန်တယ်ဆိုတာမျိုး ပြောပြသွားတယ်။


ဒါကြောင့် လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးတယ်။ It’s not the end of the world ကမ္ဘာကြီးပျက်သွားတာ မဟုတ်သေးပါဘူး တဲ့။


ဒီတစ်ခုတည်း အဖြေမဟုတ်ပါဘူး၊ တခြားဖြေရှင်းနည်းတွေ လုပ်လို့ရပါသေးတယ်၊၊ နောက်ပြီး နောင်တစ်ချိန်ကျ ဒါဟာ နောင်တရစရာ ဖြစ်လာနိုင်တယ် မဟုတ်လား၊၊


၃။ Pro-birth attitude


ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်ကြသူတွေကို လူအုပ်စုနှစ်စု ခွဲလို့ရတယ်။ Pro-life နဲ့ Pro-choice


သန္ဓေသားရယ်လို့ ဖြစ်လာရင် အသက်ရှင်သန်ပိုင်ခွင့်ရှိတယ်၊ သူ့ကို ဘယ်သူမှ ဖျက်ဆီးပိုင်ခွင့်မရှိဘူးလို့ ခံယူတဲ့သူတွေဟာ Pro-life attitude ရှိသူတွေ (ကိုဝေလရဲ့ လူဖြစ်ခွင့်ပေးပါ လိုမျိုး)။ 


တကယ်လို့ ကိုယ်ဝန်ရလာတဲ့အခါ ဒါကိုမွေးမယ် မမွေးဘူးဆိုတာဟာ အမျိုးသမီးရဲ့ရွေးချယ်ခွင့်ပဲလို့ ခံယူတယ်ဆိုရင်တော့ အဲဒါကို Pro-choice attitude လို့ခေါ်တယ်။ 


ဘယ်သူမှန်တယ်မှားတယ်ဆိုတာ ငြင်းမရဘူး။ ဒါပေမယ့် Joan Chittister ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ထပ်ဖြည့်သွားတယ်။


အသက်ရှင်သန်ပိုင်ခွင့်ရှိတယ်လို့ ခံယူတာ မှန်ပါတယ်၊ ဒါပေမယ့် အဲဒီလိုခံယူပြီးရင်တော့ ကလေးကို ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့လည်း ပြင်ဆင်ထားသင့်တယ်။ ကလေးကို မွေးရုံမွေးပြီး ကျွေးမွေးဖို့၊ ပညာသင်ဖို့၊ နေစရာပေးဖို့ စတဲ့ ကျန်တဲ့ ဘာတာဝန်ကိုမှ ယူမပေးနိုင်ဘူးဆိုရင်တော့ အဲဒါ Pro-life မဟုတ်ဘူး၊ Pro-birth attitude လို့ပဲ ခေါ်ရမှာပါတဲ့။ 


ပြင်းပြင်းထန်ထန်လေး သုံးနှုန်းရရင်တော့ အဲ့ဒါ တာဝန်မဲ့သော ချစ်ခြင်းပါပဲ။


၄။ အမေရိကန်မှာ ဘာကြောင့် မှုခင်းဖြစ်နှုန်းတွေ ကျဆင်းသွားခဲ့သလဲ


၁၉၇၀ ကျော်လောက်က မှုခင်းဖြစ်ပွါးမှုတွေ တအားများနေခဲ့ရာကနေ ၁၉၉၀ နောက်ပိုင်းလောက် ရောက်လာတဲ့အခါ ဖြစ်နှုန်းတွေ သိသိသာသာ ကျလာတယ်။ အဲဒီမှာတင် ပညာရှင်တွေလည်း အဖြေရှာကြရတယ်။ တိုင်းပြည်စီးပွါးရေးကောင်းလာလို့၊ အကျဉ်းထောင်တွေ ပိုအားကိုးလာရလို့၊ လက်နက်ဥပဒေတွေ တင်းကြပ်လိုက်လို့ စသဖြင့် ကောက်ချက်တွေ ထွက်လာတယ်။ အဲဒီထဲက စိတ်ဝင်စားစရာတွေ့ရှိချက်တစ်ခု ရှိတယ်။ ဘာလဲဆိုတော့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုခဲ့ခြင်းရဲ့ အကျိုးဆက် ဆိုတာပဲ။


အမေရိကန်နိုင်ငံမှာ ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ဝန်ဖျက်ချခွင့် တရားဝင်ခွင့်ပြုခဲ့တယ်။ သဘောကတော့ ဒီနှစ်(၂၀)အတွင်းမှာ မိဘကတောင် မလိုချင်ဘဲနဲ့ လူ့လောကထဲ ရောက်လာတဲ့ကလေးတွေ၊ အသက်ရှင်ရုံကလွဲပြီး တခြား ဘာလူ့တန်ဖိုးမှ မရှိတဲ့ ကလေးတွေ ထပ်ပေါ်မလာတော့ဘူး ဆိုတဲ့သဘော။ အများအားဖြင့် မိဘစောင့်ရှောက်ခြင်းကို မခံရတဲ့၊ ပေတေလေလွင့်နေတဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ မှုခင်းကျူးလွန်နိုင်ချေ များတယ်။ ဒီလိုကလေးတွေ နည်းသွားတာကြောင့် အမှုအခင်းတွေလည်း ကျဆင်းကုန်သတဲ့။


သူတို့ထပ်ပြတဲ့ အထောက်အထားကတော့ ကိုယ်ဝန်ဖျက်ချခွင့်ကို စောစောခွင့်ပြုခဲ့တဲ့ ပြည်နယ်တွေက မှုခင်းလျော့ကျတာ ပိုပြီးစောသလို၊ ဒီနှစ်တွေမှာ ကိုယ်ဝန်အများဆုံးဖျက်ချခဲ့တဲ့ ပြည်နယ်တွေကလည်း မှုခင်းလျော့ကျမှုအများဆုံး ဖြစ်နေတာပါပဲ။


စိတ်ဝင်စားစရာမို့ ထည့်ရေးလိုက်ပေမယ့် ဒီတွေ့ရှိချက်အပေါ်မှာ ဘောဂဗေဒပညာရှင်တွေ အပြန်အလှန်ငြင်းခုံမှုတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှငြင်းမရတဲ့ အထောက်အထားကတော့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုခဲ့တဲ့ နိုင်ငံတွေမှာ မိခင်သေနှုန်း၊ ကလေးသေနှုန်းလျော့ကျသွားတယ် ဆိုတာပါပဲ။ ကမ္ဘာမှာလည်း ကိုယ်ဝန်ဖျက်ချမှုဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်သလို၊ ကျွန်တော်တို့နိုင်ငံမှာဆိုလည်း အန္တရာယ်များတဲ့ ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးရခြင်းဟာ မိခင်သေဆုံးမှုတွေရဲ့ တတိယမြောက်အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။


၅။ ဒီပြဿနာ ဘယ်လောက်ကြီးလဲ


အချက်အလက်တွေအရတော့ တစ်နှစ်ကို ၂၀၈ သန်းသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေရသတဲ့။ အဲဒီထဲက ၄၁ ရာခိုင်နှုန်းဟာ မရည်ရွယ်ဘဲ ရနေကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရသွားတော့လည်း ယူလိုက်တာပေါ့လို့ တွေးမယ့်လူတွေ ရှိနိုင်တယ်၊ ရှေ့မှာ ပြောခဲ့တဲ့ ဝတ္ထုထဲကလို အမျိုးသမီးတွေလည်း ရှိနိုင်တယ်။ ဖျက်ချပစ်တဲ့သူတွေလည်း ရှိနိုင်တယ်။ ကိုယ်ဝန်ဖျက်ချခြင်းကို တချို့နိုင်ငံတွေမှာ သားဆက်ခြားနည်းတစ်ခုလိုပဲ ခွင့်ပြုထားပေမယ့် ကျွန်တော်တို့လိုနိုင်ငံတွေမှာတော့ ကန့်သတ်ထားတယ်။ သန္ဓေသားရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ဥပဒေက ကာကွယ်ပေးထားတဲ့သဘော။ (တရားဝင်ခွင့်ပြုထားပါတယ်ဆိုတဲ့ အမေရိကန်လိုနိုင်ငံမှာတောင် တချို့ပြည်နယ်တွေမှာ တစ်ဖက်လှည့်နဲ့ ဒီဝန်ဆောင်မှုတွေ ယူရခက်အောင် စည်းမျဉ်းနဲ့ကန့်သတ်ထားတာမျိုးတွေ ရှိတယ်)


ဒီတော့ ဖျက်ချချင်တယ်ဆိုရင် ဘာလုပ်ရမလဲဆိုတော့ တရားမဝင်တဲ့နေရာတွေမှာ အန္တရာယ်များတဲ့ ဖျက်ချနည်းတွေနဲ့ လုပ်ကြရတယ်။ နှစ်စဉ်နှစ်တိုင်း အန္တရာယ်များသော ကိုယ်ဝန်ဖျက်ချမှု ၂၂ သန်း ရှိပြီး အဲဒီရဲ့ ၉၈% ဟာ ကျွန်တော်တို့လို နိုင်ငံမျိုးတွေမှာ ဖြစ်နေတာကို တွေ့ရတယ်။


လေးစားရတဲ့ ဆရာတစ်ယောက်က သူငယ်စဉ်က အတွေ့အကြုံတစ်ခုကို ပြောသွားတယ်။ သူ့ဆီကို ကောင်မလေးတစ်ယောက် အဲ့လိုလာတိုင်ပင်တော့ သူက ကိုယ်ဝန်ရသွားမှတော့ ယူလိုက်ပေ့ါ ဆိုပြီး ဆွေးနွေးပေးလိုက်တယ်၊ နောက် ရက်နည်းနည်းကြာတော့ ကိုယ်ဝန်ဖျက်ချရင်း ပိုးဝင်သွားတဲ့ အရေးပေါ်လူနာတစ်ယောက် ဆေးရုံကို ရောက်လာတယ်၊ ကြည့်လိုက်တော့ ဟိုနေ့က သူ့ဆီ လာတိုင်ပင်သွားတဲ့ ကောင်မလေး ဖြစ်နေတယ် တဲ့။


၆။ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ


ဖခင်က အဓမ္မကျင့်လိုက်လို့ ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ။ 


အဲဒီကလေးလေးမှာ လူဖြစ်ခွင့်ရှိသတဲ့လား။ ဒါမှမဟုတ် လူ့လောကထဲကို ဒုက္ခခေါ်ပေးသလို ဖြစ်နေတာကမှ ကလေးအတွက် ပိုဆိုးစေတယ်လို့ မြင်သလား။ 


ကောင်မလေးကို စိတ်ဓါတ်မကျဘဲ ကြိုးစားရုန်းကန်ဖို့ အားပေးမလား။ ဒါမှမဟုတ် တစ်နေရာရာမှာ သွားမွေးလိုက်ဖို့ တိုက်တွန်းမလား။ တစ်ချိန်မှာ နောင်တရစရာ ဖြစ်လာမှာတဲ့လား၊၊


ပေတေလေလွင့်ပြီး ကော်ရှူနေတဲ့ ကလေးမှာ အပြစ်ရှိတာလား။ ဒါမှမဟုတ် သူ့ကို လူ့လောကထဲ ခေါ်ဆောင်လာတဲ့ မိဘဆီမှာ အပြစ်ရှိတာလား။ ဒါမှမဟုတ်ရင် တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကြောင့်လား၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမမီလို့လား၊ ပညာရေးအဆင့်အတန်း နိမ့်ကျလို့လား။ ဒါမှမဟုတ် …


Ref: 

၁။ ကြယ်ကြွေတို့ရဲ့ အတောင်ပံ - ဂျူး

၂။ အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ - ငြိမ်းကျော်

၃။ Freakonomic by Steven D.Levitt and Stephen J.Dubner

၄။ Nationwide cause specific maternal mortality survey (2004-2005) Unicef and Department of Health

၅။ Safe abortion; Technical and policy guidance for health systems (WHO 2012)

၆။ Pro-life VS Pro-birth  – Huffingtonpost


ဒေါက်တာ ဖြိုးသီဟ

၆.၃.၂၀၁၇



 (Zawgyi)

Legal abortion နဲ႔ ပတ္သက္ၿပီး လူ​ေျပာျပန္မ်ား​ေနလို့ လြန္ခဲ့တဲ့ ၂ ႏွစ္​​ေက်ာ္က ​ေဆာင္းပါး​ေလး ျပန္တင္​ေပးထားတာပါ။ အမ်ိဳးသမီးမ်ားအ​ေပၚ အၾကမ္းဖက္မွု တားဆီးကာကြယ္​ေရး ဥပ​ေဒၾကမ္းမွာ ဒါကို ခြင့္ျပဳမယ္ ​ေျပာထား​​ေပမဲ့ လက္​ေတြ႕ လုပ္​​ေဆာင္ဖို့မွာ အခက္အခဲ​ေတြ ရွိ​​ေနပါတယ္။ အဲ့လို အပ္ပ္ဒိတ္​ေတြကို​ေတာ့ အခ်ိန္ရမွ Live ​တစ္ခု ​ေျပာ​ေပးပါမယ္။ စာနဲ႔ဆို သိပ္ရွည္သြားမွာ စိုးလို့ပါ။ ​ေလာ​​ေလာဆယ္ ဒါ​ေလး ဖတ္ၾကည့္​ေပးပါခင္ဗ်။ ​ေက်းဇူးတင္ပါတယ္။


■ ■ ■ ■ ■ ■ ■




“အေျဖရွာရခက္တဲ့ ပုစၧာ”

(ဖတ္ၿပီးစဥ္းစားရန္ ၾကာခ်ိန္ ၁၂ မိနစ္)


၁။ အျငင္းပြါးရဆုံး ျပႆနာ


“ရည္းစားနဲ႔ မေတာ္တဆ ကိုယ္၀န္ရသြားလို့ပါ၊ အိမ္ကသိသြားရင္ သတ္မွာ၊ သမီးကို ကူညီပါဦး ဆရာရယ္”


“အဓမၼအက်င့္ခံရၿပီး ကိုယ္၀န္ရသြားတာေလ၊ ၃ ၄လေလာက္ရွိေရာေပါ့”


“ဆရာရယ္၊ ကၽြန္မတို့အိမ္မွာ ေခၚထားတဲ့ ေကာင္မေလးပါ၊ သူ႔ရည္းစားနဲ႔ ကိုယ္၀န္ရၿပီး ဟိုအေကာင္က ဘယ္ေရာက္သြားမွန္း မသိဘူး၊ အိမ္ေထာင္ရွိတယ္လို့လည္း ၾကားတယ္၊ ဘယ္လိုလုပ္ရမွန္းလည္း မသိေတာ့ပါဘူး”


ဒါေတြကေတာ့ မ်ိဳးဆက္ပြါးက်န္းမာေရးလုပ္ငန္းလုပ္တဲ့သူေတြ မၾကာခဏ ၾကားရတတ္တဲ့ အသံေတြပဲ ျဖစ္ပါတယ္။ ခပ္ငယ္ငယ္ကေတာ့ ဒါေတြ ကိုယ့္လာေျပာရင္ ေစာ္ကားေနသလိုပဲ။ စိတ္မဆိုးပါဘူးဆိုေတာင္ ခပ္ျပတ္ျပတ္ပဲ ေျပာလႊတ္လိုက္တယ္။ ေနာက္ေတာ့ သူတို့ရဲ့ အခက္အခဲေတြ နည္းနည္းေလး ျမင္တတ္လာတယ္။ ကၽြန္ေတာ္တို့ ထင္သေလာက္ မရိုးရွင္းဘူးဆိုတာ သေဘာေပါက္လာတယ္။


တကယ္ေတာ့ ဒီျပႆနာေတြမွာ အေၾကာင္းရင္းခံေတြ အမ်ားႀကီးရွိတယ္။ မိန္းကေလးေတြ ပညာမတတ္တာ၊ မ်ိဳးဆက္ပြါးက်န္းမာေရးအသိပညာေတြ ေပးမထားတာ၊ သားဆက္ျခား၀န္ေဆာင္မွုေတြ လက္လွမ္းမမီတာ စသျဖင့္ေပါ့။


ျပႆနာကို ပိုႀကီးေစတဲ့ ကိစၥေတြလည္း ရွိေသးတယ္၊ ဥပမာဆို ပတ္၀န္းက်င္က ခံရသူကို ပိုၿပီး ကဲ့ရဲ့တတ္တာေတြ၊ ဥပေဒေတြမွာ က်ားမေရးရာအျမင္နဲ႔ ေရးဆြဲထားမွု၊ လက္ေတြ႕က်င့္သုံးမွု အားနည္းေနတာေတြ။ 


အဲဒီအျပင္ လူထုရဲ့အျမင္၊ ကိုယ့္ရဲ့ယဥ္ေက်းမွု၊ ဘာသာေရးယုံၾကည္မွုေတြ စသျဖင့္ ထည့္စဥ္းစားရမွာေတြလည္း ရွိပါေသးတယ္။


ဒါေၾကာင့္လည္း ဒီျပႆနာဟာ ကမၻာေပၚမွာ အျငင္းပြါးရဆုံး Controversial issue တစ္ခု ျဖစ္ေနတာပါ။


၂။ ၀တၳဳႏွစ္ပုဒ္


ပထမစာအုပ္က ဆရာမဂ်ဴးရဲ့ ၾကယ္ေႂကြတို့ရဲ့ အေတာင္ပံ။ 


ဆယ္ေက်ာ္သက္အရြယ္မွာ အဓမၼအက်င့္ခံလိုက္ရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္း။ ကၽြန္ေတာ္တို့အသိုင္းအဝိုင္းရဲ့ ထုံးစံအတိုင္း ျပဳက်င့္သြားသူထက္ ခံရသူကို ပိုအျပစ္တင္တယ္။ ကာလသားေတြက ရိသဲ့သဲ့လုပ္တယ္။ ျပဳက်င့္သြားတဲ့သူက အိမ္ေထာင္ရွိေတာ့ သူ႔လက္ရွိမိန္းမက ဒီေကာင္မေလးကို လင္ခိုးမဆိုၿပီး စြပ္စြဲတယ္။ အေမျဖစ္သူကလည္း သမီးအတြက္ ရွက္လို့မဆုံးဘူးေပါ့။


ဒီလိုနဲ႔ ရြာမွာ ဆက္မေနနိုင္ေတာ့တဲ့အဆုံး ထြက္ေျပးတယ္။ ဒါေပမယ့္ ဒီကိုယ္၀န္ကိုရေအာင္ ေမြးတယ္။ အဲဒီကေလးက ႀကီးလာေတာ့ ဆရာ၀န္တစ္ေယာက္ ျဖစ္လာခဲ့တယ္။ သူ႔အေမက ဘာမွဖုံးကြယ္မထားဘူး။ ငယ္ငယ္ကတည္းက အကုန္ေျပာျပထားတယ္။ သူ႔ကို ဘယ္လိုကိုယ္၀န္ေဆာင္လာတဲ့အေၾကာင္းေတြေပါ့။ ေနာက္ဆုံး သူတို့သားအမိ ရြာျပန္သြားတယ္။ ရြာက အရင္အတိုင္းပဲ။ သူ႔ကို အဓမၼက်င့္ခဲ့သူလည္း ရွိေသးတယ္။ သူတို့အေျခအေနကေတာ့ တအားေျပာင္းသြားၿပီ။ ပိုက္ဆံလည္း ခ်မ္းသာေနသလို၊ သူ႔သားကလည္း ဆရာ၀န္ျဖစ္ေနၿပီ။ လြန္ခဲ့တဲ့ႏွစ္အစိတ္ေလာက္က ေဝဖန္ကဲ့ရဲ့သူေတြ အကုန္အသံတိတ္။ ပါးစပ္အေဟာင္းသားနဲ႔ အားေတြက်လို့။


ေနာက္တစ္အုပ္က ဆရာၿငိမ္းေက်ာ္ရဲ့ အျပာေရာင္သစ္ခြပြင့္ရဲ့ သမိုင္းအစ။


ဒါကေတာ့ အယုံၾကည္လြန္ၿပီး ပုံအပ္လိုက္တာ၊ ခ်စ္သူက ေရွာင္ေျပးသြားလို့ ကိုယ္၀န္နဲ႔က်န္ခဲ့ရတဲ့ ေကာင္မေလးရဲ့အေၾကာင္း။ ပတ္၀န္းက်င္က ကဲ့ရဲ့တယ္။ ဒါေပမယ့္ မိဘက သူ႔ဘက္ကေန ရပ္တည္ေပးတယ္။ ဒါ သမီးအမွားမဟုတ္ဘူး၊ သမီးရွက္ရမွာ မဟုတ္ဘူး၊ တာ၀န္မယူတတ္တဲ့သူကသာ ရွက္ရမွာဆိုၿပီး အိမ္ေထာင္မက်ေသးဘဲ ကိုယ္၀န္ရသြားတဲ့ သမီးကို အားေပးတယ္။ ဗိုက္ဖုံးအက်ီကၤအစ စက္ခ်ဳပ္ဆရာ အေဖက ကိုယ္တိုင္ခ်ဳပ္ေပးတယ္။ ၾကာေတာ့ လူေတြလည္း မကဲ့ရဲ့နိုင္ေတာ့ဘူး။ ဒီေကာင္မေလးကို ပုံမွန္ကိုယ္၀န္ေဆာင္လို ျမင္လာတယ္။ ေနာက္ဆုံး သူ႔ရည္းစားက ျပန္ေရာက္လာတယ္။ ေတာင္းပန္တယ္။ သူ႔ကို လက္ထပ္ဖို့ ေျပာတယ္။ ေကာင္မေလးက ျပန္ေျဖလိုက္တယ္။ ကၽြန္မခ်စ္တဲ့သူေတြ႕ရင္ လက္ထပ္ဦးမွာပါ တဲ့။ ဒါေပမယ့္ ေသခ်ာတာကေတာ့ အသက္ရွင္ေနသေရြ႕ အဲဒီလူဟာ ရွင္မျဖစ္နိုင္ေတာ့ဘူး တဲ့။


ဒီ၀တၳဳႏွစ္ပုဒ္က မိန္းကေလးေတြရဲ့ ဘ၀ကို ေရးျပထားတယ္။ ခံရသူကို အျပစ္တင္တတ္တဲ့ ပတ္၀န္းက်င္ရဲ့ ကဲ့ရဲ့မွုေတြ၊ မမၽွတမွုေတြကို မီးေမာင္းထိုးျပထားတယ္။ သတၱိရွိရွိနဲ႔ ေက်ာ္ျဖတ္ျပလိုက္တဲ့အခါ အဲဒီပတ္၀န္းက်င္ရဲ့အျမင္ေတြ ေျပာင္းကုန္တယ္ဆိုတာမ်ိဳး ေျပာျပသြားတယ္။


ဒါေၾကာင့္ ေလးစားရတဲ့ ဆရာတစ္ေယာက္က ေျပာဖူးတယ္။ It’s not the end of the world ကမၻာႀကီးပ်က္သြားတာ မဟုတ္ေသးပါဘူး တဲ့။


ဒီတစ္ခုတည္း အေျဖမဟုတ္ပါဘူး၊ တျခားေျဖရွင္းနည္းေတြ လုပ္လို့ရပါေသးတယ္၊၊ ေနာက္ၿပီး ေနာင္တစ္ခ်ိန္က် ဒါဟာ ေနာင္တရစရာ ျဖစ္လာနိုင္တယ္ မဟုတ္လား၊၊


၃။ Pro-birth attitude


ကိုယ္၀န္ဖ်က္ခ်ျခင္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးျငင္းခုန္ၾကသူေတြကို လူအုပ္စုႏွစ္စု ခြဲလို့ရတယ္။ Pro-life နဲ႔ Pro-choice


သေႏၶသားရယ္လို့ ျဖစ္လာရင္ အသက္ရွင္သန္ပိုင္ခြင့္ရွိတယ္၊ သူ႔ကို ဘယ္သူမွ ဖ်က္ဆီးပိုင္ခြင့္မရွိဘူးလို့ ခံယူတဲ့သူေတြဟာ Pro-life attitude ရွိသူေတြ (ကိုေဝလရဲ့ လူျဖစ္ခြင့္ေပးပါ လိုမ်ိဳး)။ 


တကယ္လို့ ကိုယ္၀န္ရလာတဲ့အခါ ဒါကိုေမြးမယ္ မေမြးဘူးဆိုတာဟာ အမ်ိဳးသမီးရဲ့ေရြးခ်ယ္ခြင့္ပဲလို့ ခံယူတယ္ဆိုရင္ေတာ့ အဲဒါကို Pro-choice attitude လို့ေခၚတယ္။ 


ဘယ္သူမွန္တယ္မွားတယ္ဆိုတာ ျငင္းမရဘူး။ ဒါေပမယ့္ Joan Chittister ဆိုတဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္က ထပ္ျဖည့္သြားတယ္။


အသက္ရွင္သန္ပိုင္ခြင့္ရွိတယ္လို့ ခံယူတာ မွန္ပါတယ္၊ ဒါေပမယ့္ အဲဒီလိုခံယူၿပီးရင္ေတာ့ ကေလးကို ေကာင္းေကာင္းေစာင့္ေရွာက္နိုင္ဖို့လည္း ျပင္ဆင္ထားသင့္တယ္။ ကေလးကို ေမြး႐ုံေမြးၿပီး ေကၽြးေမြးဖို့၊ ပညာသင္ဖို့၊ ေနစရာေပးဖို့ စတဲ့ က်န္တဲ့ ဘာတာ၀န္ကိုမွ ယူမေပးနိုင္ဘူးဆိုရင္ေတာ့ အဲဒါ Pro-life မဟုတ္ဘူး၊ Pro-birth attitude လို့ပဲ ေခၚရမွာပါတဲ့။ 


ျပင္းျပင္းထန္ထန္ေလး သုံးႏွုန္းရရင္ေတာ့ အဲ့ဒါ တာ၀န္မဲ့ေသာ ခ်စ္ျခင္းပါပဲ။


၄။ အေမရိကန္မွာ ဘာေၾကာင့္ မွုခင္းျဖစ္ႏွုန္းေတြ က်ဆင္းသြားခဲ့သလဲ


၁၉၇၀ ေက်ာ္ေလာက္က မွုခင္းျဖစ္ပြါးမွုေတြ တအားမ်ားေနခဲ့ရာကေန ၁၉၉၀ ေနာက္ပိုင္းေလာက္ ေရာက္လာတဲ့အခါ ျဖစ္ႏွုန္းေတြ သိသိသာသာ က်လာတယ္။ အဲဒီမွာတင္ ပညာရွင္ေတြလည္း အေျဖရွာၾကရတယ္။ တိုင္းျပည္စီးပြါးေရးေကာင္းလာလို့၊ အက်ဥ္းေထာင္ေတြ ပိုအားကိုးလာရလို့၊ လက္နက္ဥပေဒေတြ တင္းၾကပ္လိုက္လို့ စသျဖင့္ ေကာက္ခ်က္ေတြ ထြက္လာတယ္။ အဲဒီထဲက စိတ္၀င္စားစရာေတြ႕ရွိခ်က္တစ္ခု ရွိတယ္။ ဘာလဲဆိုေတာ့ ကိုယ္၀န္ဖ်က္ခ်မွုကို တရား၀င္ခြင့္ျပဳခဲ့ျခင္းရဲ့ အက်ိဳးဆက္ ဆိုတာပဲ။


အေမရိကန္နိုင္ငံမွာ ၁၉၇၃ ခုႏွစ္ ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ ကိုယ္၀န္ဖ်က္ခ်ခြင့္ တရား၀င္ခြင့္ျပဳခဲ့တယ္။ သေဘာကေတာ့ ဒီႏွစ္(၂၀)အတြင္းမွာ မိဘကေတာင္ မလိုခ်င္ဘဲနဲ႔ လူ႔ေလာကထဲ ေရာက္လာတဲ့ကေလးေတြ၊ အသက္ရွင္႐ုံကလြဲၿပီး တျခား ဘာလူ႔တန္ဖိုးမွ မရွိတဲ့ ကေလးေတြ ထပ္ေပၚမလာေတာ့ဘူး ဆိုတဲ့သေဘာ။ အမ်ားအားျဖင့္ မိဘေစာင့္ေရွာက္ျခင္းကို မခံရတဲ့၊ ေပေတေလလြင့္ေနတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြဟာ မွုခင္းက်ဴးလြန္နိုင္ေခ် မ်ားတယ္။ ဒီလိုကေလးေတြ နည္းသြားတာေၾကာင့္ အမွုအခင္းေတြလည္း က်ဆင္းကုန္သတဲ့။


သူတို့ထပ္ျပတဲ့ အေထာက္အထားကေတာ့ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို ေစာေစာခြင့္ျပဳခဲ့တဲ့ ျပည္နယ္ေတြက မွုခင္းေလ်ာ့က်တာ ပိုၿပီးေစာသလို၊ ဒီႏွစ္ေတြမွာ ကိုယ္၀န္အမ်ားဆုံးဖ်က္ခ်ခဲ့တဲ့ ျပည္နယ္ေတြကလည္း မွုခင္းေလ်ာ့က်မွုအမ်ားဆုံး ျဖစ္ေနတာပါပဲ။


စိတ္၀င္စားစရာမို့ ထည့္ေရးလိုက္ေပမယ့္ ဒီေတြ႕ရွိခ်က္အေပၚမွာ ေဘာဂေဗဒပညာရွင္ေတြ အျပန္အလွန္ျငင္းခုံမွုေတြေတာ့ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္သူမွျငင္းမရတဲ့ အေထာက္အထားကေတာ့ ကိုယ္၀န္ဖ်က္ခ်မွုကို တရား၀င္ခြင့္ျပဳခဲ့တဲ့ နိုင္ငံေတြမွာ မိခင္ေသႏွုန္း၊ ကေလးေသႏွုန္းေလ်ာ့က်သြားတယ္ ဆိုတာပါပဲ။ ကမၻာမွာလည္း ကိုယ္၀န္ဖ်က္ခ်မွုဟာ ႀကီးမားတဲ့ ျပႆနာတစ္ရပ္ ျဖစ္သလို၊ ကၽြန္ေတာ္တို့နိုင္ငံမွာဆိုလည္း အႏၲရာယ္မ်ားတဲ့ ကိုယ္၀န္ဖ်က္ခ်မွုေၾကာင့္ ေသဆုံးရျခင္းဟာ မိခင္ေသဆုံးမွုေတြရဲ့ တတိယေျမာက္အမ်ားဆုံး အေၾကာင္းရင္းျဖစ္ပါတယ္။


၅။ ဒီျပႆနာ ဘယ္ေလာက္ႀကီးလဲ


အခ်က္အလက္ေတြအရေတာ့ တစ္ႏွစ္ကို ၂၀၈ သန္းေသာ အမ်ိဳးသမီးေတြဟာ ကိုယ္၀န္ေဆာင္ေနရသတဲ့။ အဲဒီထဲက ၄၁ ရာခိုင္ႏွုန္းဟာ မရည္ရြယ္ဘဲ ရေနၾကတာ ျဖစ္ပါတယ္။ အဲဒီထဲမွာ ရသြားေတာ့လည္း ယူလိုက္တာေပါ့လို့ ေတြးမယ့္လူေတြ ရွိနိုင္တယ္၊ ေရွ႕မွာ ေျပာခဲ့တဲ့ ၀တၳဳထဲကလို အမ်ိဳးသမီးေတြလည္း ရွိနိုင္တယ္။ ဖ်က္ခ်ပစ္တဲ့သူေတြလည္း ရွိနိုင္တယ္။ ကိုယ္၀န္ဖ်က္ခ်ျခင္းကို တခ်ိဳ့နိုင္ငံေတြမွာ သားဆက္ျခားနည္းတစ္ခုလိုပဲ ခြင့္ျပဳထားေပမယ့္ ကၽြန္ေတာ္တို့လိုနိုင္ငံေတြမွာေတာ့ ကန္႔သတ္ထားတယ္။ သေႏၶသားရဲ့ အသက္ရွင္သန္ပိုင္ခြင့္ကို ဥပေဒက ကာကြယ္ေပးထားတဲ့သေဘာ။ (တရား၀င္ခြင့္ျပဳထားပါတယ္ဆိုတဲ့ အေမရိကန္လိုနိုင္ငံမွာေတာင္ တခ်ိဳ့ျပည္နယ္ေတြမွာ တစ္ဖက္လွည့္နဲ႔ ဒီ၀န္ေဆာင္မွုေတြ ယူရခက္ေအာင္ စည္းမ်ဥ္းနဲ႔ကန္႔သတ္ထားတာမ်ိဳးေတြ ရွိတယ္)


ဒီေတာ့ ဖ်က္ခ်ခ်င္တယ္ဆိုရင္ ဘာလုပ္ရမလဲဆိုေတာ့ တရားမ၀င္တဲ့ေနရာေတြမွာ အႏၲရာယ္မ်ားတဲ့ ဖ်က္ခ်နည္းေတြနဲ႔ လုပ္ၾကရတယ္။ ႏွစ္စဥ္ႏွစ္တိုင္း အႏၲရာယ္မ်ားေသာ ကိုယ္၀န္ဖ်က္ခ်မွု ၂၂ သန္း ရွိၿပီး အဲဒီရဲ့ ၉၈% ဟာ ကၽြန္ေတာ္တို့လို နိုင္ငံမ်ိဳးေတြမွာ ျဖစ္ေနတာကို ေတြ႕ရတယ္။


ေလးစားရတဲ့ ဆရာတစ္ေယာက္က သူငယ္စဥ္က အေတြ႕အၾကဳံတစ္ခုကို ေျပာသြားတယ္။ သူ႔ဆီကို ေကာင္မေလးတစ္ေယာက္ အဲ့လိုလာတိုင္ပင္ေတာ့ သူက ကိုယ္၀န္ရသြားမွေတာ့ ယူလိုက္ေပ့ါ ဆိုၿပီး ေဆြးေႏြးေပးလိုက္တယ္၊ ေနာက္ ရက္နည္းနည္းၾကာေတာ့ ကိုယ္၀န္ဖ်က္ခ်ရင္း ပိုး၀င္သြားတဲ့ အေရးေပၚလူနာတစ္ေယာက္ ေဆး႐ုံကို ေရာက္လာတယ္၊ ၾကည့္လိုက္ေတာ့ ဟိုေန႔က သူ႔ဆီ လာတိုင္ပင္သြားတဲ့ ေကာင္မေလး ျဖစ္ေနတယ္ တဲ့။


၆။ ကၽြန္ေတာ္တို့ ဘာလုပ္ၾကမွာလဲ


ဖခင္က အဓမၼက်င့္လိုက္လို့ ကိုယ္၀န္ရသြားတဲ့ မိန္းကေလးတစ္ေယာက္ကို မ်က္စိထဲ ျမင္ေယာင္ၾကည့္လိုက္ပါ။ 


အဲဒီကေလးေလးမွာ လူျဖစ္ခြင့္ရွိသတဲ့လား။ ဒါမွမဟုတ္ လူ႔ေလာကထဲကို ဒုကၡေခၚေပးသလို ျဖစ္ေနတာကမွ ကေလးအတြက္ ပိုဆိုးေစတယ္လို့ ျမင္သလား။ 


ေကာင္မေလးကို စိတ္ဓါတ္မက်ဘဲ ႀကိဳးစား႐ုန္းကန္ဖို့ အားေပးမလား။ ဒါမွမဟုတ္ တစ္ေနရာရာမွာ သြားေမြးလိုက္ဖို့ တိုက္တြန္းမလား။ တစ္ခ်ိန္မွာ ေနာင္တရစရာ ျဖစ္လာမွာတဲ့လား၊၊


ေပေတေလလြင့္ၿပီး ေကာ္ရွူေနတဲ့ ကေလးမွာ အျပစ္ရွိတာလား။ ဒါမွမဟုတ္ သူ႔ကို လူ႔ေလာကထဲ ေခၚေဆာင္လာတဲ့ မိဘဆီမွာ အျပစ္ရွိတာလား။ ဒါမွမဟုတ္ရင္ တိုင္းျပည္ရဲ့ ဆင္းရဲမြဲေတမွုေၾကာင့္လား၊ က်န္းမာေရးေစာင့္ေရွာက္မွုေတြ လက္လွမ္းမမီလို့လား၊ ပညာေရးအဆင့္အတန္း နိမ့္က်လို့လား။ ဒါမွမဟုတ္ …


Ref: 

၁။ ၾကယ္ေႂကြတို့ရဲ့ အေတာင္ပံ - ဂ်ဴး

၂။ အျပာေရာင္သစ္ခြပြင့္ရဲ့ သမိုင္းအစ - ၿငိမ္းေက်ာ္

၃။ Freakonomic by Steven D.Levitt and Stephen J.Dubner

၄။ Nationwide cause specific maternal mortality survey (2004-2005) Unicef and Department of Health

၅။ Safe abortion; Technical and policy guidance for health systems (WHO 2012)

၆။ Pro-life VS Pro-birth  – Huffingtonpost


ေဒါက္တာ ၿဖိဳးသီဟ

၆.၃.၂၀၁၇


Photo credit

Friday, September 4, 2020

ငါး သံပရာပေါင် -ကြက်သား သံပုရာပေါင်း -ကင်းမွန် သံပုရာပေါင်း_ဘဲဥသံပုရာ

 #ဘဲဥသံပုရာ 



ဆီမပါတဲ့ဟင်းတစ်ခွက်ပါ။ 

ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘဲဥကို တစ်နေ့တစ်လုံးစားသုံးခြင်းဖြင့် ဒူးနာခါးနာရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။

ချဉ်ငံစပ်အရသာလေးနဲ့မို့ ထမင်းမြိန်မှာ သေချာပါတယ်။

ကဲ ဘော်ဒါတွေ ချက်ကြည့်ရအောင်

ဘဲဥသံပုရာအတွက် ပါဝင်ပစ္စည်းများ

ဘဲဥ - ၅ လုံး(ဆားထည့်ပြုတ်ပါ)

သံပုရာသီး - ၃ လုံး(အရည်ညှစ်ထားပါ)

စပါးလင် - ၁ ပင် (ရိတ်ရိတ်လှီး)

ငရုတ်သီးစိမ်းအနီတောင့် - ၁၀ တောင့်(လှီးထားပါ)

ကြက်သွန်ဖြူ - ၁ လုံး(နုတ်နုတ်စင်း)

ဂျင်း - လက် ၂ ဆစ်(နုတ်နုတ်စင်း)

နံနံပင် - အနည်းငယ် 

ရှမ်းနံနံ - အနည်းငယ်


ပြုတ်ထားတဲ့ဘဲဥတွေကို ထက်ခြမ်းခြမ်းထားပါ


ဆော့စ်ရည်အတွက် 

သံပုရာရည် - စားပွဲတင်ဇွန်း ၄ စွန်း

ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း

ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း

ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဝက် 

သကြား - လက်ဖက်ရည်ဇွန်း ၂ စွန်း 

ရေနွေး - ပန်းကန်လုံး ၁ လုံး 


ပန်းကန် ၁ ခုထဲသို့ လှီးထားတဲ့အစာတွေထည့် ၊ အပေါ်က ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင်ရောပေးပါ။ အရသာမြည်းပါ။လိုသလိုပြင်ပါ။


ပြီးရင် ဆော့စ်ရည်ကို ဘဲဥပန်းကန်ထဲ လောင်းထည့်ပါ။ သံပုရာသီး ၁ လုံးကို အကွင်းလိုက်လှီးပြီး စီထည့်ပါ။


အခုဆိုရင် ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပုရာကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ 😁😁😁


Credit : Kyaw Min Min


ငါး သံပရာပေါင်း





---------------------------------------

ငါးသံပရာပေါင်း ချက်နည်းလေးပါ။ ငါးသံပရာပေါင်းမှာ ဇီးချိုသီးလည်း ပါဝင်တာမို့ အရသာက ချိုပြီ ထူးခြား ကောင်းမွန်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်..


---------------------------------------


ပါဝင်သောပစ္စည်းများ


 တလာဗီယားငါး – ၁ကောင် (၃၅၀- ၄ဝဝဂရမ်)

 ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

 သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

 ငရုတ်သီးစိမ်း၊နီ – ၄တောင့် (ပါးပါးလှီးပါ)

  ကြက်သွန်ဖြူ – ၅မွှာ (အဝိုင်းပါးပါးလှီးပါ)

 ဇီးချိုသီး – ၄လုံး

ဆား – လက်ဖက်ရည်ဇွန်း တဝက်

 အသားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

  သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

   ကြက်ပြုတ်ရည် – ခွက်တဝက် (၁ဝဝမီလီလီတာ)

 နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)


---------------------------------------


ချက်ပြုတ်နည်း

၁။ ငါးကို ကြေခွံဖယ်၊ သန့်စင်ပြီ ဓားဖြင့် အမျှောင်းမွှန်းပေးပါ။

၂။ ပြီလျှင် တလဗီယားငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ထားပါ။

၃။ ပြီနောက် ဆော့ရည် အတွက် ပါဝင်သောပစ္စည်းများဖြစ်သော ( ကြက်သွန်ဖြူ၊ ၊သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ရေ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၄။ ထိုဆော့အရည်များကို တလာဗီယားငါးပေါ်သို့ လောင်းထည့်၊ ဇီချိုသီးထည့်ပြီ၊ နံနံပင်(အနည်းငယ်) အုပ်ပြီ ပေါင်းအိုးဖြင့် မိနစ် ၂ဝခန့် ပေါင်းပေးပါ။

၅။ အရသာရှိသော ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…

---------------------------------------

#credit  Wutyee Food House

---------------------------------------



ကြက်သား သံပုရာပေါင်း 





အရမ်းစားလို့ကောင်းပြီး အရသာရှိလှပါတယ်။


 လုပ်စားကြည့်ရအောင်နော်။


ပါဝင်သောပစ္စည်းများ


၁။ ကြက်သား ရင်အုပ်သား - ၂၅ ကျပ်သား


၂။ ရေ - ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း


၃။ သံပုရာသီး - ၁ ခြမ်း (သို့) ၁ လုံး


၄။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲ


၅။ သကြား - လက်ဖက်ရည်ဇွန်း တ ဝက်


၆။ ဆား - အနည်းငယ်


၇။ ငရုတ်သီးစိမ်း - ၃ တောင့်(သို့) ၅ တောင့် 


၈။ နံနံပင် - ၅ ပင်


၉။ ကြက်သွန်မြိတ် - ၂ ပင် 


၁၀။ ကြက်သွန်ဖြူ - ၂ မွှာ


( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) 


(ထမင်းစားဇွန်း = 1 tablespoon= 15 ml)


(လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)




ပြုလုပ်နည်း


၁။ ကြက်သွန်ဖြူ၊ နံနံပင်၊ ကြက်သွန်မြိတ် နှင့် ငရုတ်သီးတို့ကို ညက်နေအောင် တောက်တောင်စဉ်းထားပါ။ 


၂။ ကြက်သားကို အတုံးလိုက်ကို ရေဆေး ဆားအနည်းငယ်နှင့် နယ်ပြီး ရေ ၂ ခွက်ဖြင့် ဒယ်အိုးထဲထည့်ရ်ျ ပြုတ်ပါ။ ထည့်ထားသော ရေရဲ့တဝက်လောက်ခမ်းသွားလျှင်မီးဖိုပေါ်မှချပါ။ (၁၅ မိနစ်လောက်ပြုတ်ရပါတယ်။)


၃။ ကြက်သားကို ပြုတ်ထားသော အိုးထဲမှ ဆယ်ရ်ျ အအေးခံပြီး အတုံးတုံးထားပါ။ ကြက်သားတုံးများကို ပန်းကန်ပြားတခုထဲထည့်ထားပါ။


၄။ ဒယ်အိုးထဲတွင် ကျန်သော ကြက်သားပြုတ်ရည်ကို ဆူအောင်တည်ပါ။ ယိုးဒယားငံပြာရည်၊ သကြား၊ သံပုရာရည်တို့ကိုထည့်ပါ။ အပေါ့အငံနှင့်အချဉ်တို့ကိုမြည်းပါ။ 


၅။ ထို့နောက် တောက်တောက်စဉ်းထားသော အရာများကိုထည့်ပါ။ ၁ မိနစ်လောက်နေလို့မွှေးလာလျှင် ကြက်သားပန်းကန်ထဲကိုလောင်းထည့်ပါ။


၅။ ချဉ်ငံစပ် စားလို့အလွန်ကောင်းတဲ့ကြက်သား သံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီရှင်။


Crd.Eisan




ကင်းမွန် သံပုရာပေါင်း




-----------------------------------------------




ဒီနေ့တော့ ပြည်ကြီးငါး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပြည်ကြီးငါး သံပုရာပေါင်းလေး လုပ်စားဖြစ်ပါတယ် အင်မတန်မှ စားလို့ကောင်းပြီး ရာသီဥတု အေးစိမ့်စိမ့်လေးနဲ့ လိုက်ဖက်လွန်းတဲ့ စားဖွယ်ရာ တစ်မျိုး ဖြစ်လေတော့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပြည်ကြီးငါးပေါင်း ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။




ပါဝင်ပစ္စည်းများ




    ပြည်ကြီးငါး - နှစ်ကောင် (400 g)


    ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်


    ကြက်သားမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်


    ငါးငံပြာရည် -  ထမင်းစားဇွန်း နှစ်ဇွန်း


    သံပုရာရည် -  ထမင်းစားဇွန်း လေးဇွန်း


    ငရုတ်သီးစိမ်း အနီရောင် -  လေးတောင့် 


    ငရုတ်သီးစိမ်း အစိမ်းရောင် - လေးတောင့် 


    ကြက်သွန်ဖြူ  အမွှာကြီးကြီး ငါးမွှာ


    သကြား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း


    ရေ - ခွက်တစ်ဝက် (၁ဝဝမီလီလီတာ)


    သံပုရာသီး - တစ်လုံး (အလှဆင်ရန် အကွင်းလေးတွေ လှီးထားပါ)


    နံနံပင်  - နှစ်သက်သလောက် (အလှဆင်ရန် အကွင်းလေးတွေ လှီးထားပါ)




ဆော့ရည်အတွက် ပြင်ဆင်ပုံ




    ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ


    ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ


    ဇလုံတစ်လုံးထဲမှာ အဆင်သင့်ပြင်ထားသော သံပုရာရည် ငါးငံပြာရည် သကြား ရေ ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းတို့ကို ရောပြီး သကြားပျော်တဲ့အထိ ဖျော်ထားပေးပါ




ဟင်းပွဲအလှဆင်ရန်




    သံပုရာသီးကို အလုံးလိုက် ရေဆေးပြီး အကွင်းလိုက် ခပ်ပါးပါး လှီးထားပါ


    နံနံပင်ကို အပင်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ




 


ပြင်ဆင်ပုံ




    ပြည်ကြီးငါးကို ကြောဘက်မှ ကော်ချောင်းကို ထုတ်ပေးပါ


    ဗိုက်ထဲမှ အစာအိတ်ကို မပေါက်မပြဲအောင် သေသေချာချာကိုင်ပြီး ထုတ်ပေးပါ


    ဗိုက်ထဲမှ သည်းခြေအိတ်ကို မပေါက်မပြဲအောင် သေသေချာချာ ကိုင်ပြီး ထုတ်ပေးပါ 


    မျက်လုံးနှစ်လုံးနှင့် သွားတို့ကို လက်နှင့်ညှစ်ပြီး ထုတ်ပေးပါ


    ပြီးတာနဲ့ ပြည်ကြီးငါးကို ဇလုံထဲမှာ ထည့်ပေးကာ ဆားထည့်ပြီး ခပ်ဖွဖွနယ်ပြီး ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ


    ရေစစ်ထားသော ပြည်ကြီးငါးကို ဆား ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနယ်ပေးထားပါ


    အရေသာ နယ်ပြီးတာနဲ့ အရသာ စပ်ထားသော ဆော့ရည်ကို ပြည်ကြီးငါး အပေါ်သို့ လောင်းထည့်ပါ 


    အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုံမှာပြထားသော ပေါင်းအိုးဖြင့် steam ခလုတ်ကို နှိပ်ပေးကာ ၅မိနစ် ပေါင်းပေးပါ


    ပြည်ကြီးငါး ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ


    အိုးအဖုံး ဖွင့်ပြီးတာနဲ့ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို မိမိစိတ်ကြိုက်ရအောင် ပြင်ပေးကာ သံပုရာသီး အစိတ်လေးများနှင့် နံနံပင် ထည့်ပေးကာ အိုးအဖုံးကို ခနအုပ်ထားပါ


    ပြီးတာနဲ့ ပြည်ကြီးငါးပေါင်း အလှဆင်ရန်အတွက် ပန်းကန်ထဲမှာ ပြည်ကြီးငါးကို ထည့်ပေးပြီး ထိုအပေါ်မှ သံပုရာကွင်းနှင့် နံနံပင်ကို တင်ပေးပါ


    ချိုချဉ်ငံစပ် အရသာရှိသော ပြည်ကြီးငါး သံပုရာပေါင်းကို ဓါးပြတ်ပြတ်လေးဖြင့် လှီးပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။




မှတ်ချက် ။ ။ မာမာပြထားသော ပေါင်းအိုးမျိုး အဆင်သင့် မရှိပါက ဇောက်နက်သော အိုးထဲမှာ ရေလေးပုံတစ်ပုံခန့် ထည့်ပေးပြီး ပေါင်းခံခုံကို တင်ပေးပါ


ထိုပေါင်းခံခုံပေါ်မှာ ပြည်ကြီးငါး ပန်းကန်ကို တင်ပေးကာ အဖုံးအုပ်ပြီး ဆယ့်ငါးမိနစ်လောက် ပေါင်းပေးပါ။


#credit mmlazp


(Zawgyi) 


ဘဲဥသံပုရာ 


ဆီမပါတဲ့ဟင္းတစ္ခြက္ပါ။ 

က်န္းမာေရးနဲ႔လည္း ညီညြတ္ပါတယ္။ ဘဲဥကို တစ္ေန႔တစ္လုံးစားသုံးျခင္းျဖင့္ ဒူးနာခါးနာေရာဂါေတြ သက္သာေပ်ာက္ကင္းေစပါတယ္။

ခ်ဥ္ငံစပ္အရသာေလးနဲ႔မို့ ထမင္းၿမိန္မွာ ေသခ်ာပါတယ္။

ကဲ ေဘာ္ဒါေတြ ခ်က္ၾကည့္ရေအာင္


ဘဲဥသံပုရာအတြက္ ပါဝင္ပစၥည္းမ်ား

ဘဲဥ - ၅ လုံး(ဆားထည့္ျပဳတ္ပါ)

သံပုရာသီး - ၃ လုံး(အရည္ညႇစ္ထားပါ)

စပါးလင္ - ၁ ပင္ (ရိတ္ရိတ္လွီး)

င႐ုတ္သီးစိမ္းအနီေတာင့္ - ၁၀ ေတာင့္(လွီးထားပါ)

ၾကက္သြန္ျဖဴ - ၁ လုံး(ႏုတ္ႏုတ္စင္း)

ဂ်င္း - လက္ ၂ ဆစ္(ႏုတ္ႏုတ္စင္း)

နံနံပင္ - အနည္းငယ္ 

ရွမ္းနံနံ - အနည္းငယ္


ျပဳတ္ထားတဲ့ဘဲဥေတြကို ထက္ျခမ္းျခမ္းထားပါ


ေဆာ့စ္ရည္အတြက္ 

သံပုရာရည္ - စားပြဲတင္ဇြန္း ၄ စြန္း

ငံျပာရည္ - စားပြဲတင္ဇြန္း ၂ စြန္း

ဆား - လက္ဖက္ရည္ဇြန္း ၁ စြန္း

ၾကက္သားမွုန္႔ - လက္ဖက္ရည္ဇြန္း ၁ ဝက္ 

သၾကား - လက္ဖက္ရည္ဇြန္း ၂ စြန္း 

ေရေႏြး - ပန္းကန္လုံး ၁ လုံး 


ပန္းကန္ ၁ ခုထဲသို့ လွီးထားတဲ့အစာေတြထည့္ ၊ အေပၚက ပါဝင္ပစၥည္းေတြထည့္ၿပီး သမေအာင္ေရာေပးပါ။ အရသာျမည္းပါ။လိုသလိုျပင္ပါ။


ၿပီးရင္ ေဆာ့စ္ရည္ကို ဘဲဥပန္းကန္ထဲ ေလာင္းထည့္ပါ။ သံပုရာသီး ၁ လုံးကို အကြင္းလိုက္လွီးၿပီး စီထည့္ပါ။


အခုဆိုရင္ ခ်ဥ္ငံစပ္အရသာေလးနဲ႔ ဘဲဥသံပုရာကို ထမင္းပူပူေလးနဲ႔ သုံးေဆာင္နိုင္ပါၿပီ 😁😁😁


Credit : Kyaw Min Min

ငါး သံပရာေပါင္း

---------------------------------------

ငါးသံပရာေပါင္း ခ်က္နည္းေလးပါ။ ငါးသံပရာေပါင္းမွာ ဇီးခ်ိဳသီးလည္း ပါ၀င္တာမို့ အရသာက ခ်ိဳၿပီ ထူးျခား ေကာင္းမြန္ပါတယ္။ လုပ္ရလည္း အရမ္းလြယ္ၿပီ စားလို့ ေကာင္းတာမို့ ခုပဲ တူတူ လုပ္စားၾကည့္ရေအာင္..

---------------------------------------

ပါ၀င္ေသာပစၥည္းမ်ား


    တလာဗီယားငါး – ၁ေကာင္ (၃၅၀- ၄၀၀ဂရမ္)

    ငါးငံျပာရည္ – စားပြဲတင္ဇြန္း ၂ဇြန္း

    သံပရာရည္ – စားပြဲတင္ဇြန္း ၄ဇြန္း


    င႐ုတ္သီးစိမ္း၊နီ – ၄ေတာင့္ (ပါးပါးလွီးပါ)

    ၾကက္သြန္ျဖဴ – ၅မႊာ (အဝုိင္းပါးပါးလွီးပါ)

    ဇီးခ်ိဳသီး – ၄လုံး

    ဆား – လက္ဖက္ရည္ဇြန္း တ၀က္

    အသားမွုန္႔ – လက္ဖက္ရည္ဇြန္း တ၀က္

    သၾကား – လက္ဖက္ရည္ဇြန္း ၁ဇြန္း

    ၾကက္ျပဳတ္ရည္ – ခြက္တ၀က္ (၁၀၀မီလီလီတာ)

    နံနံပင္ – လက္တဆုတ္စာ (ပါးပါးလွီးပါ)

---------------------------------------

ခ်က္ျပဳတ္နည္း


၁။ ငါးကို ေၾကခြံဖယ္၊ သန္႔စင္ၿပီ ဓားျဖင့္ အေမၽွာင္းမႊန္းေပးပါ။


၂။ ၿပီလၽွင္ တလဗီယားငါးကို ဆား၊ ၾကက္သားမွုန္႔တို့ျဖင့္ သမေအာင္ ေရာႏုယ္ထားပါ။


၃။ ၿပီေနာက္ ေဆာ့ရည္ အတြက္ ပါ၀င္ေသာပစၥည္းမ်ားျဖစ္ေသာ ( ၾကက္သြန္ျဖဴ၊ ၊သံပရာရည္၊ င႐ုတ္သီးစိမ္း၊ သၾကား၊ ငံျပာရည္၊ေရ) အားလုံးကို ပန္းကန္လုံး တစ္ခုထဲ ထည့္ၿပီး သၾကားအရည္ေပ်ာ္သည္အထိ ေရာေမႊေပးပါ။


၄။ ထိုေဆာ့အရည္မ်ားကို တလာဗီယားငါးေပၚသို့ ေလာင္းထည့္၊ ဇီခ်ိဳသီးထည့္ၿပီ၊ နံနံပင္(အနည္းငယ္) အုပ္ၿပီ ေပါင္းအိုးျဖင့္ မိနစ္ ၂၀ခန္႔ ေပါင္းေပးပါ။


၅။ အရသာရွိေသာ ငါးသံပရာေပါင္းကို ထမင္းပူပူေလးနဲ႔ တြဲဖက္ သုံးေဆာင္နိုင္ပါၿပီ…

---------------------------------------

#credit  Wutyee Food House

---------------------------------------


ၾကက္သား သံပုရာေပါင္း 


အရမ္းစားလို့ေကာင္းၿပီး အရသာရွိလွပါတယ္။

 လုပ္စားၾကည့္ရေအာင္ေနာ္။


ပါဝင္ေသာပစၥည္းမ်ား

၁။ ၾကက္သား ရင္အုပ္သား - ၂၅ က်ပ္သား

၂။ ေရ - ၂ ခြက္ (သို့) ထမင္းစားဇြန္း ၃၂ ဇြန္း

၃။ သံပုရာသီး - ၁ ျခမ္း (သို့) ၁ လုံး

၄။ ယိုးဒယား ငံျပာရည္ - ထမင္းစားဇြန္း ၁ ဇြန္း (သို့) ၁ ဇြန္းခြဲ

၅။ သၾကား - လက္ဖက္ရည္ဇြန္း တ ဝက္

၆။ ဆား - အနည္းငယ္

၇။ င႐ုတ္သီးစိမ္း - ၃ ေတာင့္(သို့) ၅ ေတာင့္ 

၈။ နံနံပင္ - ၅ ပင္

၉။ ၾကက္သြန္ၿမိတ္ - ၂ ပင္ 

၁၀။ ၾကက္သြန္ျဖဴ - ၂ မႊာ

( ၁ ခြက္ = 240 ml = ရိုးရိုးေကာ္ဖီခြက္ ၁ခြက္) 

(ထမင္းစားဇြန္း = 1 tablespoon= 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon= 5 ml)


ျပဳလုပ္နည္း

၁။ ၾကက္သြန္ျဖဴ၊ နံနံပင္၊ ၾကက္သြန္ၿမိတ္ ႏွင့္ င႐ုတ္သီးတို့ကို ညက္ေနေအာင္ ေတာက္ေတာင္စဥ္းထားပါ။ 

၂။ ၾကက္သားကို အတုံးလိုက္ကို ေရေဆး ဆားအနည္းငယ္ႏွင့္ နယ္ၿပီး ေရ ၂ ခြက္ျဖင့္ ဒယ္အိုးထဲထည့္ရ္် ျပဳတ္ပါ။ ထည့္ထားေသာ ေရရဲ့တဝက္ေလာက္ခမ္းသြားလၽွင္မီးဖိုေပၚမွခ်ပါ။ (၁၅ မိနစ္ေလာက္ျပဳတ္ရပါတယ္။)

၃။ ၾကက္သားကို ျပဳတ္ထားေသာ အိုးထဲမွ ဆယ္ရ္် အေအးခံၿပီး အတုံးတုံးထားပါ။ ၾကက္သားတုံးမ်ားကို ပန္းကန္ျပားတခုထဲထည့္ထားပါ။

၄။ ဒယ္အိုးထဲတြင္ က်န္ေသာ ၾကက္သားျပဳတ္ရည္ကို ဆူေအာင္တည္ပါ။ ယိုးဒယားငံျပာရည္၊ သၾကား၊ သံပုရာရည္တို့ကိုထည့္ပါ။ အေပါ့အငံႏွင့္အခ်ဥ္တို့ကိုျမည္းပါ။ 

၅။ ထို့ေနာက္ ေတာက္ေတာက္စဥ္းထားေသာ အရာမ်ားကိုထည့္ပါ။ ၁ မိနစ္ေလာက္ေနလို့ေမႊးလာလၽွင္ ၾကက္သားပန္းကန္ထဲကိုေလာင္းထည့္ပါ။

၅။ ခ်ဥ္ငံစပ္ စားလို့အလြန္ေကာင္းတဲ့ၾကက္သား သံပုရာေပါင္းကို သုံးေဆာင္နိုင္ပါၿပီရွင္။

Crd.Eisan


ကင္းမြန္ သံပုရာေပါင္း

-----------------------------------------------


ဒီေန႔ေတာ့ ျပည္ႀကီးငါး လတ္လတ္ဆတ္ဆတ္ေလးေတြ ရလာတာနဲ႔ ျပည္ႀကီးငါး သံပုရာေပါင္းေလး လုပ္စားျဖစ္ပါတယ္ အင္မတန္မွ စားလို့ေကာင္းၿပီး ရာသီဥတု ေအးစိမ့္စိမ့္ေလးနဲ႔ လိုက္ဖက္လြန္းတဲ့ စားဖြယ္ရာ တစ္မ်ိဳး ျဖစ္ေလေတာ့ မာမာျပင္ဆင္ၿပီး ေပါင္းထားတဲ့ ျပည္ႀကီးငါးေပါင္း ေပါင္းနည္းေလးကို မၽွေဝေပးလိုက္ပါတယ္ရွင္။


ပါ၀င္ပစၥည္းမ်ား


    ျပည္ႀကီးငါး - ႏွစ္ေကာင္ (400 g)

    ဆား - လက္ဖက္ရည္ဇြန္း တစ္၀က္

    ၾကက္သားမွုန္႔  - လက္ဖက္ရည္ဇြန္း တစ္၀က္

    ငါးငံျပာရည္ -  ထမင္းစားဇြန္း ႏွစ္ဇြန္း

    သံပုရာရည္ -  ထမင္းစားဇြန္း ေလးဇြန္း

    င႐ုတ္သီးစိမ္း အနီေရာင္ -  ေလးေတာင့္ 

    င႐ုတ္သီးစိမ္း အစိမ္းေရာင္ - ေလးေတာင့္ 

    ၾကက္သြန္ျဖဴ  အမႊာႀကီးႀကီး ငါးမႊာ

    သၾကား  - လက္ဖက္ရည္ဇြန္း တစ္ဇြန္း

    ေရ - ခြက္တစ္၀က္ (၁၀၀မီလီလီတာ)

    သံပုရာသီး - တစ္လုံး (အလွဆင္ရန္ အကြင္းေလးေတြ လွီးထားပါ)

    နံနံပင္  - ႏွစ္သက္သေလာက္ (အလွဆင္ရန္ အကြင္းေလးေတြ လွီးထားပါ)


ေဆာ့ရည္အတြက္ ျပင္ဆင္ပုံ


    ၾကက္သြန္ျဖဴကို အခြံခြာၿပီး ေရေဆးကာ ဓါးျပားရိုက္ၿပီး ခပ္ႏုတ္ႏုတ္ လွီးထားပါ

    င႐ုတ္သီးစိမ္းကို အညႇာျဖဳတ္ၿပီး ေရေဆးကာ မညက္တစ္ညက္ ေထာင္းထားပါ

    ဇလုံတစ္လုံးထဲမွာ အဆင္သင့္ျပင္ထားေသာ သံပုရာရည္ ငါးငံျပာရည္ သၾကား ေရ ၾကက္သြန္ျဖဴ  င႐ုတ္သီးစိမ္းတို့ကို ေရာၿပီး သၾကားေပ်ာ္တဲ့အထိ ေဖ်ာ္ထားေပးပါ


ဟင္းပြဲအလွဆင္ရန္


    သံပုရာသီးကို အလုံးလိုက္ ေရေဆးၿပီး အကြင္းလိုက္ ခပ္ပါးပါး လွီးထားပါ

    နံနံပင္ကို အပင္လိုက္ ေရေဆးၿပီး မထူမပါး လွီးေပးထားပါ


 

ျပင္ဆင္ပုံ


    ျပည္ႀကီးငါးကို ေၾကာဘက္မွ ေကာ္ေခ်ာင္းကို ထုတ္ေပးပါ

    ဗိုက္ထဲမွ အစာအိတ္ကို မေပါက္မျပဲေအာင္ ေသေသခ်ာခ်ာကိုင္ၿပီး ထုတ္ေပးပါ

    ဗိုက္ထဲမွ သည္းေျခအိတ္ကို မေပါက္မျပဲေအာင္ ေသေသခ်ာခ်ာ ကိုင္ၿပီး ထုတ္ေပးပါ 

    မ်က္လုံးႏွစ္လုံးႏွင့္ သြားတို့ကို လက္ႏွင့္ညႇစ္ၿပီး ထုတ္ေပးပါ

    ၿပီးတာနဲ႔ ျပည္ႀကီးငါးကို ဇလုံထဲမွာ ထည့္ေပးကာ ဆားထည့္ၿပီး ခပ္ဖြဖြနယ္ၿပီး ေရစင္ေအာင္ ေဆးေပးကာ ေရစစ္ထားပါ

    ေရစစ္ထားေသာ ျပည္ႀကီးငါးကို ဆား ၾကက္သားမွုန္႔တို့ျဖင့္ သမေအာင္ ေရာနယ္ေပးထားပါ

    အေရသာ နယ္ၿပီးတာနဲ႔ အရသာ စပ္ထားေသာ ေဆာ့ရည္ကို ျပည္ႀကီးငါး အေပၚသို့ ေလာင္းထည့္ပါ 

    အားလုံးအဆင္သင့္ ျဖစ္တာနဲ႔ ပုံမွာျပထားေသာ ေပါင္းအိုးျဖင့္ steam ခလုတ္ကို ႏွိပ္ေပးကာ ၅မိနစ္ ေပါင္းေပးပါ

    ျပည္ႀကီးငါး ေပါင္းခ်ိန္ျပည့္တာနဲ႔ ေပါင္းအိုးထဲမွ ေလကိုကုန္ေအာင္ ထုတ္ေပးၿပီးမွ အိုးအဖုံးကို ဖြင့္ေပးပါ

    အိုးအဖုံး ဖြင့္ၿပီးတာနဲ႔ အရသာျမည္းၿပီး ခ်ိဳခ်ဥ္ငံစပ္ အရသာကို မိမိစိတ္ႀကိဳက္ရေအာင္ ျပင္ေပးကာ သံပုရာသီး အစိတ္ေလးမ်ားႏွင့္ နံနံပင္ ထည့္ေပးကာ အိုးအဖုံးကို ခနအုပ္ထားပါ

    ၿပီးတာနဲ႔ ျပည္ႀကီးငါးေပါင္း အလွဆင္ရန္အတြက္ ပန္းကန္ထဲမွာ ျပည္ႀကီးငါးကို ထည့္ေပးၿပီး ထိုအေပၚမွ သံပုရာကြင္းႏွင့္ နံနံပင္ကို တင္ေပးပါ

    ခ်ိဳခ်ဥ္ငံစပ္ အရသာရွိေသာ ျပည္ႀကီးငါး သံပုရာေပါင္းကို ဓါးျပတ္ျပတ္ေလးျဖင့္ လွီးေပးကာ သုံးေဆာင္ရန္ ျပင္ေပးနိုင္ပါၿပီ။


မွတ္ခ်က္ ။ ။ မာမာျပထားေသာ ေပါင္းအိုးမ်ိဳး အဆင္သင့္ မရွိပါက ေဇာက္နက္ေသာ အိုးထဲမွာ ေရေလးပုံတစ္ပုံခန္႔ ထည့္ေပးၿပီး ေပါင္းခံခုံကို တင္ေပးပါ

ထိုေပါင္းခံခုံေပၚမွာ ျပည္ႀကီးငါး ပန္းကန္ကို တင္ေပးကာ အဖုံးအုပ္ၿပီး ဆယ့္ငါးမိနစ္ေလာက္ ေပါင္းေပးပါ။

#credit mmlazp

Wednesday, September 2, 2020

ကျန်းမာပြီး၊ ထုထည်ကောင်းသော ဘော်ဒီ ပိုင်ဆိုင်ရန်

💢💢💢 ကျန်းမာပြီး၊ ထုထည်ကောင်းသော ဘော်ဒီ ပိုင်ဆိုင်ရန် 💢💢💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻


💌 gym ကစားသူများသည်၊ စားချင်သည့် အစားအစာမစားရပဲ၊ အရသာကောင်းခြင်း မကောင်းခြင်း ဘေးချိပ်ထားပြီး၊ စားသင့်သည်များကိုစားရသည်မှာ workout ၏ တစိပ်တပိုင်းသာ ဖြစ်ပါသည်။ ပိုကျန်းမာ၊ လှပပြီး မာဆယ် အသင့်အတင့်ရှိသော ဘော်ဒီ ပိုင်ဆိုင်ချင်ပါက ပုံမှန်လူ များထက် အနေအထိုင် အစားအသောက် စနစ်တကျ စားရမည် ဖြစ်ပါသည်။ ညအချိန် လုံလောက်စွာ အိပ်ပေးရပြီး၊ sound sleep အိပ်ရေးဝခြင်း ဖြစ်ရပါသည်။ ငှက်ကလေးတစ်ကောင်လိုသာ စားပြီး၊ လိုချင်သော ဘော်ဒီ size အကြီး ရရှိလာမည် မဟုတ်ပါ။ အောက်ပါအချက်များသည် gym ကစားသမားတိုင်းအတွက်အသုံးဝင်နိုင်ပြီး၊ ပိန်သူများအတွက်အထူးသင့်လျှော်ပါသည်။

၁💌ကယ်လိုရီ လိုသည်ထက် ပိုစားပါ။
ကြီးချင်လျှင် များများစားပါ။ ပို ထုထည်ကြီးရန် ရည်ရွယ်ပါက လိုသည်ထက် ပိုစားမှ ရမည်။ ထိုသို့ ထု တင်ရန်မှာ ကိုယ်အလေးချိန်ပေါင်ကို၂၀ နှင့်မြှောက်ပြီး ကယ်လိုရီတွက်ပြီးစားရပါမည်။ ပေါင်ချိန် ၁၈၀ ရှိသူအတွက် တစ်ရက် စားရန် ကယ်လိုရီမှာ ၃၆၀၀ ဖြစ်ပါသည်။ သို့သော် လူတစ်ဦးချင်း အနည်းအများ ကွာခြားပါသည်။လိုတိုး၊ ပိုလျှော့ လုပ်ပြီး စားနိုင်၏။ ထုထည် တင်လျှင် အဆီအနည်းအများ လိုက်တက်လာ သည်ကိုလည်း သိထားရပါမည်။

၂💌လုံလောက်သော ပရိုတိန်း စားပေးပါ။
ပရိုတိန်းသည် ဘော်ဒီ မာဆယ်အတွက်သာမက၊ ထုထည်အတွက်ပါ ပို စားပေးရန်လိုအပ်ပါသည်။ ကိုယ်အလေးချိန် တစ်ပေါင်လျှင် ၁.၅ သို့ ၂ ဂရမ်နုန်း စားပေးပါ။ ပေါင်ချိန် ၁၈၀ ရှိသူအတွက် တစ်ရက်စားပေးရန် ပရိုတိန်းမှာ ၂၇၀ သို့ ၃၆၀ ဂရမ်ဖြစ်ပါသည်။ ဥပမာ။ ။  ကြက်ဥ နှစ်လုံးစားလျှင် ပရိုတိန်း ၁၂ ဂရမ် ဝန်းကျင်ရရှိပါသည်။ ပရိုတိန်းများကို အသားများဖြစ်သည့် အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါး၊ ပဲ၊ တိုဖူး၊ ပရိုတိန်းပေါင်ဒါ များမှ ရယူနိုင်ပါသည်။

၃💌ကစီကောင်းကောင်းလုံလောက်စွာ စားပါ။
ကစီမှာ လေ့ကျင့်ခန်းပြင်းထန်စွာ ကစားနိုင်ရန်သာမက၊ ထုထည်ကြီးလာစေရန် အလိုအပ်ဆုံးဖြစ်ပါသည်။ ကိုယ်အလေးချိန် တစ်ပေါင်လျှင် ကစီ ၂ သို့ ၂.၅ ဂရမ် အထိစားရပါမည်။ ပေါင်ချိန် ၁၈၀ ရှိသူအတွက် တစ်ရက်စားရန် ကစီမှာ ၃၆၀ ဂရမ် သို့ ၄၅၀ ဂရမ်စားရပါသည်။ မိမိဘော်ဒီနှင့် မိမိ workout ပြုလုပ်ပုံကို ချင့်ချိန်ပြီး လိုတိုး၊ပိုလျှော့လုပ်ပေးပါ။ ကစီကောင်းကောင်းကို ကန်းစွန်းဥ၊ အာလူး၊ oat၊ quinoa၊ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ ထမင်း စသည်တို့မှ ရရှိနိုင်ပါသည်။

၄💌 good fat ကို စားပေးပါ။
အဆီလျှော့စားရသော်လည်း good fat ကို ပိုစားပေရန်လိုအပ်ပါသည်။ ကိုယ်အလေးချိန် တစ်ပေါင်လျှင် ၀.၇ ဂရမ် စားပေးနိုင်ပါသည်။ ပေါင်ချိန် ၁၈၀ ရှိသူအတွက် တစ်ရက်စားရန် good fat မှာ ၁၂၆ ဂရမ်ဖြစ်ပါသည်။ good fat ကို ထောပတ်သီး၊ သံလွင်ဆီ၊ သစ်ကြားသီး၊ almond စေ့၊ နှင့် peanut butter တို့မှ ရရှိပါသည်။ peanut butter တစ်စွန်း အပြည့်တွင် ကယ်လိုရီ ၂၀၀ နီးပါးရှိသည်ကို သတိပြုပါ။

၅💌အစာကို အကြိမ်များများ ခွဲစားပေးပါ။
အစာကို နည်းနည်းနှင့် အကြိမ်များများခွဲစားခြင်းကား gym ကစားသူများသာမက၊ မ ကစားသူများအတွက်ပါ ပိုကောင်းပါသည်။ အစာခြေအား ကောင်းလာစေသလို ကြီးထွားရန်အတွက်လည်း အကျိုးသက်ရောက်ပါသည်။ ငယ်ရွယ်သူများ ၃ နာရီခြား တစ်ကြိမ်စားပေးနိုင်ပါက ပိုပြီးထိရောက်သည်ဟု လေ့လာချက်ကဆိုပါသည်။

၆💌 blender ဝယ်ပါ၊ သုံးပါ။
အစားများများ ဝင်ရန် သို့ ကယ်လိုရီ များများ စားနိုင်ရန် အစာကို blend လုပ်ပြီး သောက်လို့ ရပါသည်။ ကယ်လိုရီ ၅၀၀ နှင့် ၆၀၀ ပမာဏကို ဝါးစားပါက အချိန်ပိုပေးရသည်။ သို့သော် blender ဖြင့် ဖျော်ပြီး သောက်ပါက ပိုလွယ်ကူပြီးသို့ ပိုစားနိုင်သောက်နိုင်ပါသည်။ အထူးသဖြင့် ဘာစားစား မဝသူများ (hardgainer) ၊ များများမစားနိုင်သူများ (small eater) blender သုံးရပါမည်။

၇💌 အမှိုက်စာများ ရှောင်စားပါ။
ကြီး အောင်များများစားရ သည့်တိုင်အောင် healthy food များကို ရွေးစားတတ်ရန်လိုပါသည်။ သူ့သဘာဝ အရသာရှိသည့် အစားအစားများကိုကြိုက်ကြသော်လည်း အရသာမုန့်၊ ဟင်းချိုမုန့်၊ ဆေးသကြားမုန့် များ လွန်ကဲစွာ သုံးထားသော အစားအစာများကို ရှောင်စားရန်လိုပါသည်။ ထိုအစားအစာများမှာ အရာသာရှိရုံ ဖြစ်ပြီး၊ ဘော်ဒီ ပိုပြီးကျန်းမာလာရန်၊ ပို ကြီးလာစေရန် အထောက်အကူ မဖြစ်လာပါ။ အဆီပိုများကိုအဓိကတက်လာစေပါသည်။

၈💌 စျေးဝယ်တတ်ရန် လိုအပ်ပေသည်။
ဘော်ဒီကို ပိုကျန်းမာလာအောင် ဂရုစိုက်တတ်ရုံ ထုဆစ်တတ်ရုံ သာမက၊ စျေးဝယ်တတ်ရန်နှင့် မီးဖိုချောင်ကိစ္စ ပိုင်နိုင်ရန်လိုအပ်ပေသည်။ ဘော်ဒီ ထုဆစ်ခြင်းကား ခုလုပ်၊ ခုရ မဟုတ်ပါ။ ထို့ကြောင့် ရေရှည်အတွက် မိမိ၏ ဝင်ငွေနှင့် လုံလောက်အောင် သုံးတတ်ရန် လိုအပ်ပါသည်။ သင် ကျန်းမာရေးလိုက်စားသူဖြစ်ပြီး စျေးဝယ်တတ်သူ၊ မီးဖိုချောင်ကို ပိုင်သူဖြစ်ပါက၊ သင့် ဖိဖများ သို့ အိမ်သူသက်ထား လည်း သဘောကျပါမည်။

၉💌အိပ်ရာမဝင်ခင် ဗိုက်ဖြည့်ပေးပါ။
အိပ်ချိန်ကပ်ပြီး ဘာမှမစားသင့်ဟု ပြောကြပါသည်။ သင် ဘာစားလဲ အပေါ်မှာ အဓိကမှုတည်သည်ဟု ပြောချင်ပါသည်။ အသက်ငယ်သူများ၊ အကောင် မထွားသူများ hardgainer များ ညအိပ်ရာမဝင်ခင် နာရီဝက် သို့ တစ်နာရီ အလို cheese၊ ပရိုတိန်းပေါင်ဒါ shake၊ ဒိန်ချဉ်၊ အစေ့အဆံ တစ်ခုခု စားပေးရန် လိုပါသည်။ မှတ်ချက်။ ။ ကစီ စား ပါက အဆီပိုတက်လာပါမည်။

၁၀💌လေ့ကျင့်ခန်း အပြီးကောင်းကောင်းစားပါ။
workout သို့ လှုပ်ရှားမှု လုပ်ပြီးသည့်အချိန် အစားအစာကောင်းကောင်း စားပေးရန်အရေးကြီးပါသည်။ ကစားချိန်အတွင်း ကုန်သွားသည့် အားအင်များ ပြန်ဖြည့်ပေးရန်နှင့် ပိုထွားလာစေရန် အစာကျွေးရသည်။ high quality ကို စားပေးရန်တိုက်တွန်းပါသည်။ အလုပ်တဖက်ကြောင့် အဆင်ပြေသည့်အစားအစာများ စားရသူများရှိပါမည်။ ဖြစ်နိုင်ပါက ကြိုတင်စီစဉ်ပြီး စားသင့်ပါသည်။

၁၁💌 ရေများများသောက်ပါ။
ဘော်ဒီအဆီကျရန်သာမက၊ ဘော်ဒီကြီးလာစေရန် ရေများများ သောက်ပေးပါ။ သို့မဟုတ် ရေဓါတ်များများ ပါသည့် အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ နွားနို့များ နှင့် ရေနွေးများလည်း စားသောက်ပေးပါ။ ကျွန်တော်တို့ ခန္ဓာကိုယ် ၏ ၇၀ % သည် ရေဓါတ်ဖြစ်ပါသည်။ တစ်ရက် အနည်းဆုံး ၃ လီတာ မှ ၅ လီတာ သောက်နိုင်လျှင် ပိုကောင်းပါသည်။

၁၂💌 စား စရာများကို ကြိုတင်ပြင်ဆင်ထားပါ။
ကယ်လိုရီ များပြီး ပိုကြီးထွားစေရန် စားရသည့် အစားအစာများမှာ မီးဖိုချောင် အတွက် ပိုအချိန်ပေးရပါသည်။ ၂၄ နာရီအချိန်သည် တချို့အတွက် ပိုနေသော်လည်း၊ gym ကစားသူများအဖို့ အချိန် မလောက်မငှဖြစ်နေတတ်ပါသည်။  ထို့ကြောင့် ဘယ်အချိန်၊ ဘာစားမည် ဆိုသည်ကို ကြိုတင် ပြင်ဆင်ထားပါ။ ဆာသည့်အချိန် လွယ်ကူသည့် အစားအစာများ မှာစားပါက သင့် ဘော်ဒီ ခရီးလမ်းကြောင်း ကြန့်ကြာနေမည်ဖြစ်ပါသည်။

၁၃💌gym မှာ ကစားသည့်အချိန်တွင်လည်း မိမိကစားသည့် မာဆယ်ကို activation ဖြစ်အောင်ကစားရပါမည်။ gym မ ကစားသူသူဖြစ်ပါက၊ နီးရာ gym တစ်ခု ရွေးပြီး၊ သွားကစားသင့်ပါသည်။ gym သည် solo ကစားနိုင်သည်ဖြစ်၍ သင် အားသည့်အချိန်တိုင်း workout လုပ်နိုင်ပါသည်။ indoor ဖြစ်သောကြောင့် ရာသီဥတုကို ထည့်တွက်စရာ မလိုပါ။ gym သွားကစားပြီး healthy & happy lifestyle ပိုင်ဆိုင်အောင် လုပ်ကြပါစို့ဗျာ။

မိတ်ဆွေ၏ like & share တစ်ခုသည် နောက်ထပ် post အသစ်များ ဖြစ်လာစေရန် ခွန်အား ဆိုသည်ကို မမေ့နဲ့အုံးနော်

🙏 have a happy & healthy day 🙏

အားလုံးကျန်းမာကြပါစေ “Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

(Zawgyi)

💢💢💢 က်န္းမာၿပီး၊ ထုထည္ေကာင္းေသာ ေဘာ္ဒီ ပိုင္ဆိုင္ရန္ 💢💢💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻


💌 gym ကစားသူမ်ားသည္၊ စားခ်င္သည့္ အစားအစာမစားရပဲ၊ အရသာေကာင္းျခင္း မေကာင္းျခင္း ေဘးခ်ိပ္ထားၿပီး၊ စားသင့္သည္မ်ားကိုစားရသည္မွာ workout ၏ တစိပ္တပိုင္းသာ ျဖစ္ပါသည္။ ပိုက်န္းမာ၊ လွပၿပီး မာဆယ္ အသင့္အတင့္ရွိေသာ ေဘာ္ဒီ ပိုင္ဆိုင္ခ်င္ပါက ပုံမွန္လူ မ်ားထက္ အေနအထိုင္ အစားအေသာက္ စနစ္တက် စားရမည္ ျဖစ္ပါသည္။ ညအခ်ိန္ လုံေလာက္စြာ အိပ္ေပးရၿပီး၊ sound sleep အိပ္ေရးဝျခင္း ျဖစ္ရပါသည္။ ငွက္ကေလးတစ္ေကာင္လိုသာ စားၿပီး၊ လိုခ်င္ေသာ ေဘာ္ဒီ size အႀကီး ရရွိလာမည္ မဟုတ္ပါ။ ေအာက္ပါအခ်က္မ်ားသည္ gym ကစားသမားတိုင္းအတြက္အသုံးဝင္နိုင္ၿပီး၊ ပိန္သူမ်ားအတြက္အထူးသင့္ေလၽွာ္ပါသည္။

၁💌ကယ္လိုရီ လိုသည္ထက္ ပိုစားပါ။
ႀကီးခ်င္လၽွင္ မ်ားမ်ားစားပါ။ ပို ထုထည္ႀကီးရန္ ရည္ရြယ္ပါက လိုသည္ထက္ ပိုစားမွ ရမည္။ ထိုသို့ ထု တင္ရန္မွာ ကိုယ္အေလးခ်ိန္ေပါင္ကို၂၀ ႏွင့္ေျမႇာက္ၿပီး ကယ္လိုရီတြက္ၿပီးစားရပါမည္။ ေပါင္ခ်ိန္ ၁၈၀ ရွိသူအတြက္ တစ္ရက္ စားရန္ ကယ္လိုရီမွာ ၃၆၀၀ ျဖစ္ပါသည္။ သို့ေသာ္ လူတစ္ဦးခ်င္း အနည္းအမ်ား ကြာျခားပါသည္။လိုတိုး၊ ပိုေလၽွာ့ လုပ္ၿပီး စားနိုင္၏။ ထုထည္ တင္လၽွင္ အဆီအနည္းအမ်ား လိုက္တက္လာ သည္ကိုလည္း သိထားရပါမည္။

၂💌လုံေလာက္ေသာ ပရိုတိန္း စားေပးပါ။
ပရိုတိန္းသည္ ေဘာ္ဒီ မာဆယ္အတြက္သာမက၊ ထုထည္အတြက္ပါ ပို စားေပးရန္လိုအပ္ပါသည္။ ကိုယ္အေလးခ်ိန္ တစ္ေပါင္လၽွင္ ၁.၅ သို့ ၂ ဂရမ္ႏုန္း စားေပးပါ။ ေပါင္ခ်ိန္ ၁၈၀ ရွိသူအတြက္ တစ္ရက္စားေပးရန္ ပရိုတိန္းမွာ ၂၇၀ သို့ ၃၆၀ ဂရမ္ျဖစ္ပါသည္။ ဥပမာ။ ။  ၾကက္ဥ ႏွစ္လုံးစားလၽွင္ ပရိုတိန္း ၁၂ ဂရမ္ ဝန္းက်င္ရရွိပါသည္။ ပရိုတိန္းမ်ားကို အသားမ်ားျဖစ္သည့္ အမဲသား၊ ၾကက္သား၊ ဝက္သား၊ ငါး၊ ပဲ၊ တိုဖူး၊ ပရိုတိန္းေပါင္ဒါ မ်ားမွ ရယူနိုင္ပါသည္။

၃💌ကစီေကာင္းေကာင္းလုံေလာက္စြာ စားပါ။
ကစီမွာ ေလ့က်င့္ခန္းျပင္းထန္စြာ ကစားနိုင္ရန္သာမက၊ ထုထည္ႀကီးလာေစရန္ အလိုအပ္ဆုံးျဖစ္ပါသည္။ ကိုယ္အေလးခ်ိန္ တစ္ေပါင္လၽွင္ ကစီ ၂ သို့ ၂.၅ ဂရမ္ အထိစားရပါမည္။ ေပါင္ခ်ိန္ ၁၈၀ ရွိသူအတြက္ တစ္ရက္စားရန္ ကစီမွာ ၃၆၀ ဂရမ္ သို့ ၄၅၀ ဂရမ္စားရပါသည္။ မိမိေဘာ္ဒီႏွင့္ မိမိ workout ျပဳလုပ္ပုံကို ခ်င့္ခ်ိန္ၿပီး လိုတိုး၊ပိုေလၽွာ့လုပ္ေပးပါ။ ကစီေကာင္းေကာင္းကို ကန္းစြန္းဥ၊ အာလူး၊ oat၊ quinoa၊ ဆန္လုံးညိဳ၊ ေပါင္မုန္႔ၾကမ္း၊ ထမင္း စသည္တို့မွ ရရွိနိုင္ပါသည္။

၄💌 good fat ကို စားေပးပါ။
အဆီေလၽွာ့စားရေသာ္လည္း good fat ကို ပိုစားေပရန္လိုအပ္ပါသည္။ ကိုယ္အေလးခ်ိန္ တစ္ေပါင္လၽွင္ ၀.၇ ဂရမ္ စားေပးနိုင္ပါသည္။ ေပါင္ခ်ိန္ ၁၈၀ ရွိသူအတြက္ တစ္ရက္စားရန္ good fat မွာ ၁၂၆ ဂရမ္ျဖစ္ပါသည္။ good fat ကို ေထာပတ္သီး၊ သံလြင္ဆီ၊ သစ္ၾကားသီး၊ almond ေစ့၊ ႏွင့္ peanut butter တို့မွ ရရွိပါသည္။ peanut butter တစ္စြန္း အျပည့္တြင္ ကယ္လိုရီ ၂၀၀ နီးပါးရွိသည္ကို သတိျပဳပါ။

၅💌အစာကို အႀကိမ္မ်ားမ်ား ခြဲစားေပးပါ။
အစာကို နည္းနည္းႏွင့္ အႀကိမ္မ်ားမ်ားခြဲစားျခင္းကား gym ကစားသူမ်ားသာမက၊ မ ကစားသူမ်ားအတြက္ပါ ပိုေကာင္းပါသည္။ အစာေျခအား ေကာင္းလာေစသလို ႀကီးထြားရန္အတြက္လည္း အက်ိဳးသက္ေရာက္ပါသည္။ ငယ္ရြယ္သူမ်ား ၃ နာရီျခား တစ္ႀကိမ္စားေပးနိုင္ပါက ပိုၿပီးထိေရာက္သည္ဟု ေလ့လာခ်က္ကဆိုပါသည္။

၆💌 blender ဝယ္ပါ၊ သုံးပါ။
အစားမ်ားမ်ား ဝင္ရန္ သို့ ကယ္လိုရီ မ်ားမ်ား စားနိုင္ရန္ အစာကို blend လုပ္ၿပီး ေသာက္လို့ ရပါသည္။ ကယ္လိုရီ ၅၀၀ ႏွင့္ ၆၀၀ ပမာဏကို ဝါးစားပါက အခ်ိန္ပိုေပးရသည္။ သို့ေသာ္ blender ျဖင့္ ေဖ်ာ္ၿပီး ေသာက္ပါက ပိုလြယ္ကူၿပီးသို့ ပိုစားနိုင္ေသာက္နိုင္ပါသည္။ အထူးသျဖင့္ ဘာစားစား မဝသူမ်ား (hardgainer) ၊ မ်ားမ်ားမစားနိုင္သူမ်ား (small eater) blender သုံးရပါမည္။

၇💌 အမွိုက္စာမ်ား ေရွာင္စားပါ။
ႀကီး ေအာင္မ်ားမ်ားစားရ သည့္တိုင္ေအာင္ healthy food မ်ားကို ေရြးစားတတ္ရန္လိုပါသည္။ သူ႔သဘာဝ အရသာရွိသည့္ အစားအစားမ်ားကိုႀကိဳက္ၾကေသာ္လည္း အရသာမုန္႔၊ ဟင္းခ်ိဳမုန္႔၊ ေဆးသၾကားမုန္႔ မ်ား လြန္ကဲစြာ သုံးထားေသာ အစားအစာမ်ားကို ေရွာင္စားရန္လိုပါသည္။ ထိုအစားအစာမ်ားမွာ အရာသာရွိ႐ုံ ျဖစ္ၿပီး၊ ေဘာ္ဒီ ပိုၿပီးက်န္းမာလာရန္၊ ပို ႀကီးလာေစရန္ အေထာက္အကူ မျဖစ္လာပါ။ အဆီပိုမ်ားကိုအဓိကတက္လာေစပါသည္။

၈💌 ေစ်းဝယ္တတ္ရန္ လိုအပ္ေပသည္။
ေဘာ္ဒီကို ပိုက်န္းမာလာေအာင္ ဂ႐ုစိုက္တတ္႐ုံ ထုဆစ္တတ္႐ုံ သာမက၊ ေစ်းဝယ္တတ္ရန္ႏွင့္ မီးဖိုေခ်ာင္ကိစၥ ပိုင္နိုင္ရန္လိုအပ္ေပသည္။ ေဘာ္ဒီ ထုဆစ္ျခင္းကား ခုလုပ္၊ ခုရ မဟုတ္ပါ။ ထို့ေၾကာင့္ ေရရွည္အတြက္ မိမိ၏ ဝင္ေငြႏွင့္ လုံေလာက္ေအာင္ သုံးတတ္ရန္ လိုအပ္ပါသည္။ သင္ က်န္းမာေရးလိုက္စားသူျဖစ္ၿပီး ေစ်းဝယ္တတ္သူ၊ မီးဖိုေခ်ာင္ကို ပိုင္သူျဖစ္ပါက၊ သင့္ ဖိဖမ်ား သို့ အိမ္သူသက္ထား လည္း သေဘာက်ပါမည္။

၉💌အိပ္ရာမဝင္ခင္ ဗိုက္ျဖည့္ေပးပါ။
အိပ္ခ်ိန္ကပ္ၿပီး ဘာမွမစားသင့္ဟု ေျပာၾကပါသည္။ သင္ ဘာစားလဲ အေပၚမွာ အဓိကမွုတည္သည္ဟု ေျပာခ်င္ပါသည္။ အသက္ငယ္သူမ်ား၊ အေကာင္ မထြားသူမ်ား hardgainer မ်ား ညအိပ္ရာမဝင္ခင္ နာရီဝက္ သို့ တစ္နာရီ အလို cheese၊ ပရိုတိန္းေပါင္ဒါ shake၊ ဒိန္ခ်ဥ္၊ အေစ့အဆံ တစ္ခုခု စားေပးရန္ လိုပါသည္။ မွတ္ခ်က္။ ။ ကစီ စား ပါက အဆီပိုတက္လာပါမည္။

၁၀💌ေလ့က်င့္ခန္း အၿပီးေကာင္းေကာင္းစားပါ။
workout သို့ လွုပ္ရွားမွု လုပ္ၿပီးသည့္အခ်ိန္ အစားအစာေကာင္းေကာင္း စားေပးရန္အေရးႀကီးပါသည္။ ကစားခ်ိန္အတြင္း ကုန္သြားသည့္ အားအင္မ်ား ျပန္ျဖည့္ေပးရန္ႏွင့္ ပိုထြားလာေစရန္ အစာေကၽြးရသည္။ high quality ကို စားေပးရန္တိုက္တြန္းပါသည္။ အလုပ္တဖက္ေၾကာင့္ အဆင္ေျပသည့္အစားအစာမ်ား စားရသူမ်ားရွိပါမည္။ ျဖစ္နိုင္ပါက ႀကိဳတင္စီစဥ္ၿပီး စားသင့္ပါသည္။

၁၁💌 ေရမ်ားမ်ားေသာက္ပါ။
ေဘာ္ဒီအဆီက်ရန္သာမက၊ ေဘာ္ဒီႀကီးလာေစရန္ ေရမ်ားမ်ား ေသာက္ေပးပါ။ သို့မဟုတ္ ေရဓါတ္မ်ားမ်ား ပါသည့္ အသီးမ်ား၊ ဟင္းသီးဟင္းရြက္မ်ား၊ ႏြားနို့မ်ား ႏွင့္ ေရေႏြးမ်ားလည္း စားေသာက္ေပးပါ။ ကၽြန္ေတာ္တို့ ခႏၶာကိုယ္ ၏ ၇၀ % သည္ ေရဓါတ္ျဖစ္ပါသည္။ တစ္ရက္ အနည္းဆုံး ၃ လီတာ မွ ၅ လီတာ ေသာက္နိုင္လၽွင္ ပိုေကာင္းပါသည္။

၁၂💌 စား စရာမ်ားကို ႀကိဳတင္ျပင္ဆင္ထားပါ။
ကယ္လိုရီ မ်ားၿပီး ပိုႀကီးထြားေစရန္ စားရသည့္ အစားအစာမ်ားမွာ မီးဖိုေခ်ာင္ အတြက္ ပိုအခ်ိန္ေပးရပါသည္။ ၂၄ နာရီအခ်ိန္သည္ တခ်ိဳ့အတြက္ ပိုေနေသာ္လည္း၊ gym ကစားသူမ်ားအဖို့ အခ်ိန္ မေလာက္မငွျဖစ္ေနတတ္ပါသည္။  ထို့ေၾကာင့္ ဘယ္အခ်ိန္၊ ဘာစားမည္ ဆိုသည္ကို ႀကိဳတင္ ျပင္ဆင္ထားပါ။ ဆာသည့္အခ်ိန္ လြယ္ကူသည့္ အစားအစာမ်ား မွာစားပါက သင့္ ေဘာ္ဒီ ခရီးလမ္းေၾကာင္း ၾကန္႔ၾကာေနမည္ျဖစ္ပါသည္။

၁၃💌gym မွာ ကစားသည့္အခ်ိန္တြင္လည္း မိမိကစားသည့္ မာဆယ္ကို activation ျဖစ္ေအာင္ကစားရပါမည္။ gym မ ကစားသူသူျဖစ္ပါက၊ နီးရာ gym တစ္ခု ေရြးၿပီး၊ သြားကစားသင့္ပါသည္။ gym သည္ solo ကစားနိုင္သည္ျဖစ္၍ သင္ အားသည့္အခ်ိန္တိုင္း workout လုပ္နိုင္ပါသည္။ indoor ျဖစ္ေသာေၾကာင့္ ရာသီဥတုကို ထည့္တြက္စရာ မလိုပါ။ gym သြားကစားၿပီး healthy & happy lifestyle ပိုင္ဆိုင္ေအာင္ လုပ္ၾကပါစို့ဗ်ာ။

မိတ္ေဆြ၏ like & share တစ္ခုသည္ ေနာက္ထပ္ post အသစ္မ်ား ျဖစ္လာေစရန္ ခြန္အား ဆိုသည္ကို မေမ့နဲ႔အုံးေနာ္

🙏 have a happy & healthy day 🙏

အားလုံးက်န္းမာၾကပါေစ “Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

Tuesday, September 1, 2020

“ယောက်ျားကောင်း၊ ဖခင်ကောင်းတွေဖြစ်ဖို့”

“ယောက်ျားကောင်း၊ ဖခင်ကောင်းတွေဖြစ်ဖို့”


- ဒေါက်တာ ဖြိုးသီဟ

ဤဆောင်းပါးကို International Alert နှင့် ဖန်တီးအိမ် အဖွဲ့အစည်းတို့၏ “သင်ဘာလုပ်မလဲ” ကမ်ပိန်းအတွက် ရည်ရွယ်ရေးသားပါသည်။

အခုဆို COVID-19 ဆိုတဲ့ ပြဿနာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်လာတာ ၄ လကျော်၊ ၅ လထဲ ရှိနေပါပြီ။ ကမ္ဘာအနှံ့မှာလည်း ခုထိ ထိန်းချုပ်လို့ မရသေးဘဲ Lockdown ပြန်လုပ်နေရတာတွေတောင် ရှိလာတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ဆိုပေမဲ့ အချိန်ကာလ ကြာလာတဲ့အခါ နယ်ပယ်ပေါင်းစုံကို ထိခိုက်လာတယ်။ စီးပွားရေးတွေ ပျက်ကုန်တယ်။ အလုပ်တွေ ပြုတ်သွားမလား စိုးရိမ်ပူပန်နေရတယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း အနည်းနဲ့အများ ဆိုသလို ထိခိုက်လာပါတယ်။

အထူးသဖြင့် အမျိုးသားတွေပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပခုံးပေါ်မှာ မိသားစုအတွက် ဝင်ငွေရှာရမယ် ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကြီးက ရှိနေလို့ ဖြစ်ပါတယ်။ ဒါဟာ Gender လို့ခေါ်တဲ့၊ ယောက်ျားဆိုတာ ဘယ်လိုဖြစ်ရမယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့်လို့ ပြောရင်လည်း မမှားပါဘူး။

ယောက်ျားဆိုတာ ငွေရှာကောင်းရမယ်၊ အိမ်ထောင်ဦးစီး ပီသရမယ် စတဲ့ သတ်မှတ်ချက်တွေက အမျိုးသားတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလို ခုလိုကာလမျိုးမှာတော့ ငါ့ကလေးတွေအတွက် ငါ ကျောင်းစရိတ် ပေးနိုင်ပါတော့မလား၊ ငါ့မိသားစုအတွက် ငါ ငွေရှာပေးနိုင်ပါတော့မလား စတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကိုပါ ထပ်တိုးလာစေပါတယ်။

အဲ့လို ခံစားချက်တွေ ဖြစ်လာပြီဆိုရင် တချို့က စိတ်ထဲမှာ ကြိတ်ပြီး ခံစားနေတတ်ကြတယ်။ အဲဒါကလည်း ရေရှည်မှာ မကောင်းပါဘူး။ အချိန်ကြာလာတဲ့အခါ မူးယစ်ဆေးတွေ သုံး၊ အရက်တွေ သောက်ပြီး ထွက်ပေါက်ပေးမိတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

နောက်တစ်နည်းကတော့ အပြင်ဘက်ကို ပေါက်ကွဲပစ်လိုက်တာပါ။ ဘယ်သူ့ဆီကိုလဲ ဆိုတော့ ရှင်းပါတယ်။ အိမ်က မိန်းမနဲ့ ကလေးတွေဆီကို ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ COVID ကာလအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ အချက်အလက်တွေက ပြဆိုနေတာပါ။

ရိုက်နှက်မယ်။ ကန်ကျောက်မယ်။ အရက်တွေ မူးပြီး သောင်းကျန်းမယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေးစားမှု မရှိတော့တဲ့အခါ ဘာမဟုတ်တာလေးတွေကအစ အထအန ကောက်မယ်။ ပြဿနာ ရှာမယ်။ ဥပမာ မိန်းမက ဘယ်သူ့မိသားစုကတော့ဖြင့် အဆင်ပြေနေတယ်၊ အားကျလိုက်တာလို့ ပြောလိုက်ရင် နင်က ငါ ပိုက်ဆံမရှာနိုင်တော့လို့ တခြားယောက်ျားကို တမ်းတနေတာလား စသဖြင့် စကားနာထိုးမယ်။ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတဲ့ စကားတွေ လှိုင်လှိုင်သုံးလာမယ်။ နောက်ပြီး ကလေးတွေကိုပါ ရိုက်နှက်တာ၊ ဆဲဆိုတာတွေ လုပ်လာနိုင်တယ်။

ရလဒ်အနေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ ပြေလည်သွားမှာ မဟုတ်ဘဲ မိသားစု ပြိုကွဲသွားမယ်။ ကလေးတွေရဲ့ စိတ်မှာ ဒဏ်ရာရကုန်မယ်။ ဖခင်အပေါ် လေးစားမှုတွေ ပျက်စီးသွားနိုင်တယ်။ ဒီလိုဆိုးကျိုးတွေသာ ထပ်ရလာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ခုလိုကာလမှာ အကောင်းမြင်စိတ် ထားတတ်ဖို့နဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဟာ သိပ်အရေးကြီးလာပါတယ်။

ဒီနေရာမှာ စတီဖင်ကိုဗေး ပြောခဲ့တဲ့ 90/10 principle (၉၀-၁၀ စည်းမျဉ်း) ဆိုတာလေး ပြောပြချင်ပါတယ်။ ကျွန်တော့်အတွက် သိပ်အသုံးဝင်တဲ့ အမြင်မို့ ဝေမျှပေးတဲ့ သဘောပါ။

တော်တော်များများ ကြားဖူးကြမယ်လို့တော့ ထင်ပါတယ်။ သူက ဘာပြောတာလဲဆိုတော့ ကျွန်တော်တို့ဘဝမှာ ကြုံတွေ့ရတဲ့ ၁၀ ရာခိုင်နှုန်းသော အဖြစ်အပျက်တွေဟာ သူ့အလိုလို ဖြစ်လာတာပါ။ ကျွန်တော်တို့ ထိန်းချုပ်လို့ မရပါဘူး။ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကျွန်တော်တို့ လက်ထဲမှာ ရှိနေပါတယ်။

ဥပမာ COVID-19 ဆိုပါတော့။ ဒါ ကျွန်တော်တို့အမှားကြောင့် ဖြစ်ခဲ့တာလည်း မဟုတ်သလို၊ ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ဘူး။ ပြောရရင် ဒါသည် ပြင်ပကနေ သူ့အလိုလို ဖြစ်လာတဲ့ ၁၀ ရာခိုင်နှုန်း။ အဲဒါကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကတော့ ကိုယ့်လက်ထဲမှာတင် ရှိတယ်။ ကိုယ်တိုင် ဆုံးဖြတ်လို့ ရတယ်။ ဒါက ဘဝရဲ့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းအပေါ် သက်ရောက်မှု ရှိလိမ့်မယ်။

ဒီလို ကြုံခဲ့ရတာချင်း အတူတူ တစ်ယောက်က စိတ်ညစ်၊ စိတ်ဖိစီးပြီး အဲဒါကို ထွက်ပေါက်ပေးတဲ့အနေနဲ့ အနိုင်ကျင့် အကြမ်းဖက်မှုတွေ လုပ်မိမယ်။ ဒီတော့ အပေါ်မှာ ပြောခဲ့သလို မိသားစုနဲ့ ဆက်ဆံရေး၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကုန်မယ်။

နောက်တစ်ယောက်ကတော့ COVID က ဖြစ်သွားပြီ။ အလုပ်တွေလည်း ထိခိုက်ကုန်ပြီ။ ဟုတ်ပြီ၊ ဒီအခြေအနေကနေ ငါ အကောင်းဆုံး ဘယ်လိုရှေ့ဆက်မလဲ စဉ်းစားတယ်။ အဖြေရှာတယ်။ လက်တွေ့ လုပ်တယ်။ သူ့ရဲ့ စိတ်ဖိစီးမှုတွေကို သေချာကိုင်တွယ်တယ်။ ဒီတော့ ပြဿနာလည်း အထိုက်အလျောက် ပြေလည်သလို သူ့မိသားစုတွေလည်း ပျော်ရွှင်ရတယ်။ ဒီလို တုံ့ပြန်မယ်ဆိုလည်း ရပြန်တာပဲ။

အဓိက ကွာခြားချက်ကတော့ ကျွန်တော်တို့ရဲ့ အကောင်းမြင်စိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခုလို အချိန်ကာလမျိုးမှာ ကိုယ်မတတ်နိုင်တာကို တွေးပူနေမဲ့အစား တတ်နိုင်တာတွေကို အကောင်းဆုံး လုပ်မယ်ဆိုတဲ့ အကောင်းမြင်စိတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ဟာ သိပ်အရေးကြီးပါတယ်။

နောက်တစ်ချက်အနေနဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း လိုတယ်။ ဒီအတွက် အမျိုးမျိုးသော နည်းလမ်းတွေ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အတွက် အလုပ်ဖြစ်တဲ့ နည်းချင်းတော့ တူမှာ မဟုတ်ပါဘူး။ မိတ်ဆွေတွေအချင်းချင်း ရင်ဖွင့်တာ၊ ခံစားရသမျှတွေကို ဒိုင်ယာရီမှာ ချရေးတာ၊ အပင်စိုက်တာ၊ ပန်းချီဆွဲတာ၊ ကျားထိုးတာလို ဝါသနာပါတဲ့၊ အာရုံလည်း စိုက်ရတဲ့ အလုပ်လေးတွေ လုပ်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ ခြင်းခတ်တာ စသဖြင့် လုပ်နိုင်ပါတယ်။ တခုခုမှာ အာရုံစိုက်စရာ ရှိနေတယ်ဆို တခြားဆီ စိတ်က မရောက်တော့သလို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မြင့်လာပါတယ်။ အထူးသတိပေးချင်တာကတော့ အရက်သောက်တာလို ရေတိုခဏ စိတ်သက်သာပြီး နောက်ဆက်တွဲ ပြဿနာ များတဲ့၊ ခုလို အနိုင်ကျင့် အကြမ်းဖက်မှုတွေကို ပိုလုပ်မိစေတဲ့ နည်းတွေနဲ့တော့ ထွက်ပေါက်မပေးစေချင်ဘူး ဆိုတာပါပဲ။ ဒီလို သောက်သုံးခြင်းဟာ ပြဿနာတွေကိုလည်း ပြေလည်စေနိုင်မှာ မဟုတ်ပါဘူး။

မိသားစုဝင်တွေကိုလည်း အခြေအနေမှန် ပြောပြထားပါ။ သူတို့အနေနဲ့ ကိုယ့်အပေါ် ပိုနားလည်ပေးနိုင်မှာ ဖြစ်သလို အချင်းချင်းလည်း အားပေးဖေးကူလို့ ရသွားပါတယ်။ သူတို့ကပါ ကိုယ့်ပခုံးပေါ်က ဝင်ငွေ ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို အထိုက်အလျောက် ခွဲဝေယူသွားနိုင်တယ်။ ငါ ယောက်ျား၊ ငါ အိမ်ထောင်ဦးစီး၊ ငါပဲ ငွေရှာမယ် ဆိုတဲ့ အစဉ်အလာ သတ်မှတ်ချက်တွေကို ဘေးဖယ်ထားလိုက်ပါ။

တကယ်တော့ အိမ်တွင်းအကြမ်းဖက်မှု ဆိုတာ ဒီလို COVID မဖြစ်ခင် ကာလကတည်းက ရှိနေပြီးသားပါ။ နိုင်ငံတကာမှာတော့ ဒီလိုအကြမ်းဖက်မှုတွေကို တော်တော်လေး အရေးကြီးတဲ့ ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။ အဲဒီလို ရှုမြင်ဖို့အတွက်ကိုလည်း အချက်အလက်ပေါင်းမြောက်များစွာက ပြောပြနေကြတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အချက်အလက် ရှားပါးတဲ့ နိုင်ငံဖြစ်တဲ့အတိုင်း တိတိကျကျ ဘယ်လောက် အခြေအနေထိ ဖြစ်နေတယ် ဆိုတာမျိုး ပြောရ ခက်ပါတယ်။ ပြီးတော့ ဒီကိစ္စအပေါ် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရှုမြင်မှုတွေကလည်း ဖြစ်ရိုးဖြစ်စဉ်လို သဘောထားနေကြတာမို့ ထုတ်မပြောကြဘဲ တိမ်မြုပ်နေတာတွေကလည်း အများကြီးပါ။

၂၀၀၅ ခုနှစ်တုန်းက မန္တလေးမှာ အဖွဲ့အစည်းတစ်ခုက လုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ၂၈၆ ယောက်သော အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ ၆၉ ရာခိုင်နှုန်းက သူတို့အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ကြရတယ်ဆိုပြီး ဖြေဆိုခဲ့ပါတယ်။ ဒါ အံ့သြစရာ ကိန်းဂဏန်း တစ်ခုတော့ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုလည်း သာမန်ဖြစ်စဉ်လို့ ထင်ရလောက်အောင်ကို ဖြစ်နေ ပျက်နေကြတာမို့လို့ပါပဲ။

ဒီလိုအကြမ်းဖက်မှုတွေ ဘာကြောင့် ဖြစ်ရလဲ။ အရှင်းဆုံးပြောရရင်တော့ ပါဝါ မညီမျှမှုကြောင့် ဖြစ်တာပါပဲ။ ယောကျာ်းနဲ့ မိန်းမဟာ ရုပ်ပိုင်းဆိုင်ရာအရ ခန္ဓာကိုယ်တည်ဆောက်မှုချင်း မတူတာမို့ ခွန်အားချင်း ကွာခြားပါတယ်။ နောက်ပြီး ဝင်ငွေကွာပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အစဉ်အလာ သတ်မှတ်ချက်တွေအရ အမျိုးသားကပဲ ဝင်ငွေရှာတယ်။ အမျိုးသမီးက အိမ်ထောင်မှုထိန်းသိမ်းတယ်၊ သားသမီးတွေကို စောင့်ရှောက်တယ်၊ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုတာမျိုး သဘောထားကြတယ်။ ဒီလို ယောကျာ်းအပေါ် လုံးလုံးလျားလျား မှီခိုနေရတော့ သူပြုသမျှ နုရတယ်။ အနိုင်ကျင့် အကြမ်းဖက်ခံရဖို့ ရာခိုင်နှုန်း တအားများလာတယ်။

နောက်ပြီး ယောကျာ်းနဲ့ မိန်းမအပေါ် ထားတဲ့ သတ်မှတ်ချက်တွေအရလည်း ကွာခြားပါသေးတယ်။ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ တဲ့။ စကားပုံတောင် ရှိသေးတယ်။ လောကမှာ အရိုက်ခံချင်တယ် ဆိုတဲ့လူရယ်လို့ မရှိပါဘူး။ ဘယ်သူမှ အသားမနာချင်ဘူး။ ဒါပေမဲ့ သူ့အပေါ်လည်း မှီခိုနေရတဲ့အပြင် အိမ်ထောင်ပျက်ဘဝကိုလည်း မခံယူချင်ကြတဲ့အတွက်သာ ဆက်ပေါင်းနေကြရတာ။

ပတ်ဝန်းကျင်ကလည်း ဒါတွေကို သမားရိုးကျ အဖြစ်အပျက်လိုပဲ သဘောထားကြတယ်။ ယောကျာ်းက မိန်းမကို ရိုက်တယ်ဆိုတဲ့ အသံကြားရင် ဒီမိန်းမ ဘာတွေလုပ်လဲမှ မသိတာ၊ ရိုက်ခံရတာ နည်းတောင် နည်းသေး ဆိုတာမျိုးတွေပဲ ပြောနေကြပြီး ဘယ်သူကမှ အကြမ်းဖက်မှုလို့ မမြင်ကြပါဘူး။ ရိုက်တဲ့ ယောကျာ်းက ပတ်ဝန်းကျင်အမြင်မှာ ရှက်စရာ ဖြစ်မနေဘဲ အရိုက်ခံရတဲ့ မိန်းမကသာ အကဲ့ရဲ့ခံ ဖြစ်နေရတာပါ။

ဒါကြောင့် ဒီလိုအကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ဆိုရင် ပါဝါတွေ ညီသွားအောင်တော့ လုပ်ဖို့ ခက်တာမို့ အဲဒီပါဝါကို အလွဲသုံးစား မလုပ်အောင်ပဲ ထိန်းချုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသားတွေအနေနဲ့ ကိုယ့်ထက် ခွန်အားနည်းတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကို ရိုက်နှက်တာ၊ အကြမ်းဖက်တာ၊ အဓမ္မ လုပ်ယူတာဟာ ယောကျာ်းကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူး ဆိုတဲ့ အသိ ရှိနေဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် ဒီလိုလုပ်ရပ်တွေဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ပတ်ဝန်းကျင်ကလည်း ထိန်းချုပ်ပေးလို့ ရပါတယ်။ မိန်းမကို နှိပ်စက်တဲ့ ယောကျာ်းကို အပြစ်တင်တတ်တဲ့ အလေ့အထ ထွန်းကားလာရင်၊ အကြမ်းဖက်ခံရသူကို အားပေးတတ်တဲ့ အလေ့အထ ထွန်းကားလာရင်၊ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးမျိုးတွေ ပစ်ချထားခဲ့နိုင်ရင် ဒီလိုအမှုအခင်းတွေလည်း နည်းသွားလိမ့်မယ်။ ယောကျာ်းတွေအနေနဲ့လည်း တော်ရုံကျူးလွန်ရဲတော့မှာ မဟုတ်ပါဘူး။

ဒီလိုအကြမ်းဖက်တတ်တဲ့သူကို အမျိုးသားအချင်းချင်းကလည်း ကဲ့ရဲ့ရှုံ့ချဖို့ သိပ်အရေးကြီးပါတယ်။ မိန်းမကို ရိုက်တယ် ဆိုတာ အားကျစရာ ကိစ္စအဖြစ် မရှုမြင်ထားကြပါနဲ့။ အဲဒီအစား ကိုယ့်ဒေါသကို ထိန်းချုပ်နိုင်ခြင်း၊ စိတ်ခံစားချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း၊ အကောင်းမြင်စိတ် ထားနိုင်ခြင်း၊ ဒီလိုအရည်အသွေးတွေကိုသာ အားကျပေးပါ။ ချီးကျူးပေးပါ။
နောက်ဆုံးအနေနဲ့တော့ တရားဥပဒေပိုင်းအရ အကြမ်းဖက်ခံရသူကို အကာအကွယ်ပေးနိုင်ဖို့၊ ကျူးလွန်သူကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှသာ ပါဝါ အသာရထားတဲ့သူတွေ သူတို့ပါဝါကို အလွဲသုံးစား လုပ်ပြီး အကြမ်းဖက်တာမျိုးတွေ လျော့နည်းပပျောက်သွားမှာ ဖြစ်ပါတယ်။

ပြောခဲ့ပြီးသလိုပါပဲ။ အိမ်တွင်းအကြမ်းဖက်မှုတွေဟာ နဂိုကတည်းကိုက ရှိနေပြီးသား ပြဿနာပါ။ ဒါကို COVID က အရှိန်ထပ်မြှင့်ပေးလိုက်ပါတယ်။ ဘယ်လိုစိတ်ဖိစီးမှုတွေပဲ ရှိနေပါစေ၊ တစ်ယောက်ယောက်ကို အနိုင်ကျင့် အကြမ်းဖက်ရင်း ဖြေရှင်းလိုက်တယ် ဆိုတာ လက်ခံနိုင်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒီတော့ အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်ပါ။ ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းပါ။ COVID-19 ဆိုတဲ့ ဗိုင်းရပ်စ်ပိုးကို ကိုယ့်ခန္ဓာကိုယ်ထဲလည်း မဝင်ပါစေနဲ့။ ကိုယ့်မိသားစုတွေကိုလည်း မထိခိုက်ပါစေနဲ့။ ခွန်အားနည်းသူကို အနိုင်မကျင့်တတ်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်၊ သားသမီးတွေအတွက်လည်း လေးစားထိုက်တဲ့ ဖခင်တစ်ယောက်အဖြစ် ရပ်တည်ရင်း ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကို မိသားစုနဲ့ အတူတူ ရင်ဆိုင်ကျော်ဖြတ်စေချင်ပါတယ်။

Ref : Situation Analysis on Gender Equality and Women’s Rights in Myanmar

(7Studioက တင်ဆက်တဲ့ Sponsor Content ဖြစ်ပါတယ်)

(Zawgyi)

“ေယာက္်ားေကာင္း၊ ဖခင္ေကာင္းေတြျဖစ္ဖို့”


- ေဒါက္တာ ၿဖိဳးသီဟ

ဤေဆာင္းပါးကို International Alert ႏွင့္ ဖန္တီးအိမ္ အဖြဲ႕အစည္းတို့၏ “သင္ဘာလုပ္မလဲ” ကမ္ပိန္းအတြက္ ရည္ရြယ္ေရးသားပါသည္။

အခုဆို COVID-19 ဆိုတဲ့ ျပႆနာ ကၽြန္ေတာ္တို့ ျမန္မာနိုင္ငံကို ေရာက္လာတာ ၄ လေက်ာ္၊ ၅ လထဲ ရွိေနပါၿပီ။ ကမၻာအႏွံ့မွာလည္း ခုထိ ထိန္းခ်ဳပ္လို့ မရေသးဘဲ Lockdown ျပန္လုပ္ေနရတာေတြေတာင္ ရွိလာတယ္။ အသက္ရွူလမ္းေၾကာင္းဆိုင္ရာ ဗိုင္းရပ္စ္ပိုး ဆိုေပမဲ့ အခ်ိန္ကာလ ၾကာလာတဲ့အခါ နယ္ပယ္ေပါင္းစုံကို ထိခိုက္လာတယ္။ စီးပြားေရးေတြ ပ်က္ကုန္တယ္။ အလုပ္ေတြ ျပဳတ္သြားမလား စိုးရိမ္ပူပန္ေနရတယ္။ ဒီအခါ ကၽြန္ေတာ္တို့ရဲ့ စိတ္ပိုင္းဆိုင္ရာကိုလည္း အနည္းနဲ႔အမ်ား ဆိုသလို ထိခိုက္လာပါတယ္။

အထူးသျဖင့္ အမ်ိဳးသားေတြပါ။ ဘာလို့လဲဆိုေတာ့ ကၽြန္ေတာ္တို့ ပခုံးေပၚမွာ မိသားစုအတြက္ ဝင္ေငြရွာရမယ္ ဆိုတဲ့ ဝန္ထုပ္ဝန္ပိုးႀကီးက ရွိေနလို့ ျဖစ္ပါတယ္။ ဒါဟာ Gender လို့ေခၚတဲ့၊ ေယာက္်ားဆိုတာ ဘယ္လိုျဖစ္ရမယ္၊ မိန္းမဆိုတာ ဘယ္လိုျဖစ္ရမယ္ ဆိုတဲ့ သတ္မွတ္ခ်က္ေတြေၾကာင့္လို့ ေျပာရင္လည္း မမွားပါဘူး။

ေယာက္်ားဆိုတာ ေငြရွာေကာင္းရမယ္၊ အိမ္ေထာင္ဦးစီး ပီသရမယ္ စတဲ့ သတ္မွတ္ခ်က္ေတြက အမ်ိဳးသားေတြကို ဝန္ထုပ္ဝန္ပိုး ျဖစ္ေစသလို ခုလိုကာလမ်ိဳးမွာေတာ့ ငါ့ကေလးေတြအတြက္ ငါ ေက်ာင္းစရိတ္ ေပးနိုင္ပါေတာ့မလား၊ ငါ့မိသားစုအတြက္ ငါ ေငြရွာေပးနိုင္ပါေတာ့မလား စတဲ့ စိတ္ဖိစီးမွုေတြ၊ စိုးရိမ္ပူပန္မွုေတြကိုပါ ထပ္တိုးလာေစပါတယ္။

အဲ့လို ခံစားခ်က္ေတြ ျဖစ္လာၿပီဆိုရင္ တခ်ိဳ့က စိတ္ထဲမွာ ႀကိတ္ၿပီး ခံစားေနတတ္ၾကတယ္။ အဲဒါကလည္း ေရရွည္မွာ မေကာင္းပါဘူး။ အခ်ိန္ၾကာလာတဲ့အခါ မူးယစ္ေဆးေတြ သုံး၊ အရက္ေတြ ေသာက္ၿပီး ထြက္ေပါက္ေပးမိတာမ်ိဳး၊ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။

ေနာက္တစ္နည္းကေတာ့ အျပင္ဘက္ကို ေပါက္ကြဲပစ္လိုက္တာပါ။ ဘယ္သူ႔ဆီကိုလဲ ဆိုေတာ့ ရွင္းပါတယ္။ အိမ္က မိန္းမနဲ႔ ကေလးေတြဆီကို ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီ COVID ကာလအတြင္းမွာ အိမ္တြင္းအၾကမ္းဖက္မွုေတြ သိသိသာသာ ျမင့္တက္လာတယ္လို့ အခ်က္အလက္ေတြက ျပဆိုေနတာပါ။

ရိုက္ႏွက္မယ္။ ကန္ေက်ာက္မယ္။ အရက္ေတြ မူးၿပီး ေသာင္းက်န္းမယ္။ ေနာက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု၊ ေလးစားမွု မရွိေတာ့တဲ့အခါ ဘာမဟုတ္တာေလးေတြကအစ အထအန ေကာက္မယ္။ ျပႆနာ ရွာမယ္။ ဥပမာ မိန္းမက ဘယ္သူ႔မိသားစုကေတာ့ျဖင့္ အဆင္ေျပေနတယ္၊ အားက်လိုက္တာလို့ ေျပာလိုက္ရင္ နင္က ငါ ပိုက္ဆံမရွာနိုင္ေတာ့လို့ တျခားေယာက္်ားကို တမ္းတေနတာလား စသျဖင့္ စကားနာထိုးမယ္။ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစတဲ့ စကားေတြ လွိုင္လွိုင္သုံးလာမယ္။ ေနာက္ၿပီး ကေလးေတြကိုပါ ရိုက္ႏွက္တာ၊ ဆဲဆိုတာေတြ လုပ္လာနိုင္တယ္။

ရလဒ္အေနနဲ႔ ရင္ဆိုင္ေနရတဲ့ ျပႆနာကေတာ့ ေျပလည္သြားမွာ မဟုတ္ဘဲ မိသားစု ၿပိဳကြဲသြားမယ္။ ကေလးေတြရဲ့ စိတ္မွာ ဒဏ္ရာရကုန္မယ္။ ဖခင္အေပၚ ေလးစားမွုေတြ ပ်က္စီးသြားနိုင္တယ္။ ဒီလိုဆိုးက်ိဳးေတြသာ ထပ္ရလာနိုင္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသားေတြအေနနဲ႔ ခုလိုကာလမွာ အေကာင္းျမင္စိတ္ ထားတတ္ဖို့နဲ႔ စိတ္ဖိစီးမွုေတြကို ကိုင္တြယ္ေျဖရွင္းနိုင္ဖို့ဟာ သိပ္အေရးႀကီးလာပါတယ္။

ဒီေနရာမွာ စတီဖင္ကိုေဗး ေျပာခဲ့တဲ့ 90/10 principle (၉၀-၁၀ စည္းမ်ဥ္း) ဆိုတာေလး ေျပာျပခ်င္ပါတယ္။ ကၽြန္ေတာ့္အတြက္ သိပ္အသုံးဝင္တဲ့ အျမင္မို့ ေဝမၽွေပးတဲ့ သေဘာပါ။

ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကမယ္လို့ေတာ့ ထင္ပါတယ္။ သူက ဘာေျပာတာလဲဆိုေတာ့ ကၽြန္ေတာ္တို့ဘဝမွာ ၾကဳံေတြ႕ရတဲ့ ၁၀ ရာခိုင္ႏွုန္းေသာ အျဖစ္အပ်က္ေတြဟာ သူ႔အလိုလို ျဖစ္လာတာပါ။ ကၽြန္ေတာ္တို့ ထိန္းခ်ဳပ္လို့ မရပါဘူး။ က်န္တဲ့ ၉၀ ရာခိုင္ႏွုန္းကေတာ့ ကၽြန္ေတာ္တို့ လက္ထဲမွာ ရွိေနပါတယ္။

ဥပမာ COVID-19 ဆိုပါေတာ့။ ဒါ ကၽြန္ေတာ္တို့အမွားေၾကာင့္ ျဖစ္ခဲ့တာလည္း မဟုတ္သလို၊ ကၽြန္ေတာ္တို့ ထိန္းခ်ဳပ္နိုင္တဲ့ ကိစၥမ်ိဳးလည္း မဟုတ္ဘူး။ ေျပာရရင္ ဒါသည္ ျပင္ပကေန သူ႔အလိုလို ျဖစ္လာတဲ့ ၁၀ ရာခိုင္ႏွုန္း။ အဲဒါကို ကၽြန္ေတာ္တို့ ဘယ္လိုတုံ႔ျပန္မလဲ ဆိုတာကေတာ့ ကိုယ့္လက္ထဲမွာတင္ ရွိတယ္။ ကိုယ္တိုင္ ဆုံးျဖတ္လို့ ရတယ္။ ဒါက ဘဝရဲ့ က်န္တဲ့ ၉၀ ရာခိုင္ႏွုန္းအေပၚ သက္ေရာက္မွု ရွိလိမ့္မယ္။

ဒီလို ၾကဳံခဲ့ရတာခ်င္း အတူတူ တစ္ေယာက္က စိတ္ညစ္၊ စိတ္ဖိစီးၿပီး အဲဒါကို ထြက္ေပါက္ေပးတဲ့အေနနဲ႔ အနိုင္က်င့္ အၾကမ္းဖက္မွုေတြ လုပ္မိမယ္။ ဒီေတာ့ အေပၚမွာ ေျပာခဲ့သလို မိသားစုနဲ႔ ဆက္ဆံေရး၊ ကေလးေတြရဲ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ကုန္မယ္။

ေနာက္တစ္ေယာက္ကေတာ့ COVID က ျဖစ္သြားၿပီ။ အလုပ္ေတြလည္း ထိခိုက္ကုန္ၿပီ။ ဟုတ္ၿပီ၊ ဒီအေျခအေနကေန ငါ အေကာင္းဆုံး ဘယ္လိုေရွ႕ဆက္မလဲ စဥ္းစားတယ္။ အေျဖရွာတယ္။ လက္ေတြ႕ လုပ္တယ္။ သူ႔ရဲ့ စိတ္ဖိစီးမွုေတြကို ေသခ်ာကိုင္တြယ္တယ္။ ဒီေတာ့ ျပႆနာလည္း အထိုက္အေလ်ာက္ ေျပလည္သလို သူ႔မိသားစုေတြလည္း ေပ်ာ္ရႊင္ရတယ္။ ဒီလို တုံ႔ျပန္မယ္ဆိုလည္း ရျပန္တာပဲ။

အဓိက ကြာျခားခ်က္ကေတာ့ ကၽြန္ေတာ္တို့ရဲ့ အေကာင္းျမင္စိတ္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခုလို အခ်ိန္ကာလမ်ိဳးမွာ ကိုယ္မတတ္နိုင္တာကို ေတြးပူေနမဲ့အစား တတ္နိုင္တာေတြကို အေကာင္းဆုံး လုပ္မယ္ဆိုတဲ့ အေကာင္းျမင္စိတ္အျပည့္နဲ႔ ျဖတ္သန္းနိုင္ဖို့ဟာ သိပ္အေရးႀကီးပါတယ္။

ေနာက္တစ္ခ်က္အေနနဲ႔ စိတ္ဖိစီးမွုေတြကို ကိုင္တြယ္ေျဖရွင္းနိုင္ဖို့လည္း လိုတယ္။ ဒီအတြက္ အမ်ိဳးမ်ိဳးေသာ နည္းလမ္းေတြ ရွိပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္အတြက္ အလုပ္ျဖစ္တဲ့ နည္းခ်င္းေတာ့ တူမွာ မဟုတ္ပါဘူး။ မိတ္ေဆြေတြအခ်င္းခ်င္း ရင္ဖြင့္တာ၊ ခံစားရသမၽွေတြကို ဒိုင္ယာရီမွာ ခ်ေရးတာ၊ အပင္စိုက္တာ၊ ပန္းခ်ီဆြဲတာ၊ က်ားထိုးတာလို ဝါသနာပါတဲ့၊ အာ႐ုံလည္း စိုက္ရတဲ့ အလုပ္ေလးေတြ လုပ္တာ၊ စာအုပ္ဖတ္တာ၊ တရားထိုင္တာ၊ ကိုယ္လက္ေလ့က်င့္ခန္း လုပ္တာ၊ ျခင္းခတ္တာ စသျဖင့္ လုပ္နိုင္ပါတယ္။ တခုခုမွာ အာ႐ုံစိုက္စရာ ရွိေနတယ္ဆို တျခားဆီ စိတ္က မေရာက္ေတာ့သလို၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွုလည္း ျမင့္လာပါတယ္။ အထူးသတိေပးခ်င္တာကေတာ့ အရက္ေသာက္တာလို ေရတိုခဏ စိတ္သက္သာၿပီး ေနာက္ဆက္တြဲ ျပႆနာ မ်ားတဲ့၊ ခုလို အနိုင္က်င့္ အၾကမ္းဖက္မွုေတြကို ပိုလုပ္မိေစတဲ့ နည္းေတြနဲ႔ေတာ့ ထြက္ေပါက္မေပးေစခ်င္ဘူး ဆိုတာပါပဲ။ ဒီလို ေသာက္သုံးျခင္းဟာ ျပႆနာေတြကိုလည္း ေျပလည္ေစနိုင္မွာ မဟုတ္ပါဘူး။

မိသားစုဝင္ေတြကိုလည္း အေျခအေနမွန္ ေျပာျပထားပါ။ သူတို့အေနနဲ႔ ကိုယ့္အေပၚ ပိုနားလည္ေပးနိုင္မွာ ျဖစ္သလို အခ်င္းခ်င္းလည္း အားေပးေဖးကူလို့ ရသြားပါတယ္။ သူတို့ကပါ ကိုယ့္ပခုံးေပၚက ဝင္ေငြ ဆိုတဲ့ ဝန္ထုပ္ဝန္ပိုးကို အထိုက္အေလ်ာက္ ခြဲေဝယူသြားနိုင္တယ္။ ငါ ေယာက္်ား၊ ငါ အိမ္ေထာင္ဦးစီး၊ ငါပဲ ေငြရွာမယ္ ဆိုတဲ့ အစဥ္အလာ သတ္မွတ္ခ်က္ေတြကို ေဘးဖယ္ထားလိုက္ပါ။

တကယ္ေတာ့ အိမ္တြင္းအၾကမ္းဖက္မွု ဆိုတာ ဒီလို COVID မျဖစ္ခင္ ကာလကတည္းက ရွိေနၿပီးသားပါ။ နိုင္ငံတကာမွာေတာ့ ဒီလိုအၾကမ္းဖက္မွုေတြကို ေတာ္ေတာ္ေလး အေရးႀကီးတဲ့ ျပႆနာတစ္ရပ္အျဖစ္ ရွုျမင္ၾကပါတယ္။ အဲဒီလို ရွုျမင္ဖို့အတြက္ကိုလည္း အခ်က္အလက္ေပါင္းေျမာက္မ်ားစြာက ေျပာျပေနၾကတယ္။ ကၽြန္ေတာ္တို့ ျမန္မာနိုင္ငံမွာေတာ့ အခ်က္အလက္ ရွားပါးတဲ့ နိုင္ငံျဖစ္တဲ့အတိုင္း တိတိက်က် ဘယ္ေလာက္ အေျခအေနထိ ျဖစ္ေနတယ္ ဆိုတာမ်ိဳး ေျပာရ ခက္ပါတယ္။ ၿပီးေတာ့ ဒီကိစၥအေပၚ ယဥ္ေက်းမွု ထုံးတမ္းစဥ္လာအရ ရွုျမင္မွုေတြကလည္း ျဖစ္ရိုးျဖစ္စဥ္လို သေဘာထားေနၾကတာမို့ ထုတ္မေျပာၾကဘဲ တိမ္ျမဳပ္ေနတာေတြကလည္း အမ်ားႀကီးပါ။

၂၀၀၅ ခုႏွစ္တုန္းက မႏၲေလးမွာ အဖြဲ႕အစည္းတစ္ခုက လုပ္ခဲ့တဲ့ စစ္တမ္းမွာေတာ့ ၿပီးခဲ့တဲ့ တစ္ႏွစ္တာ ကာလအတြင္းမွာ ၂၈၆ ေယာက္ေသာ အိမ္ေထာင္သည္ အမ်ိဳးသမီးေတြရဲ့ ၆၉ ရာခိုင္ႏွုန္းက သူတို့အိမ္ေထာင္ဖက္ရဲ့ အၾကမ္းဖက္ျခင္းကို ခံခဲ့ၾကရတယ္ဆိုၿပီး ေျဖဆိုခဲ့ပါတယ္။ ဒါ အံ့ၾသစရာ ကိန္းဂဏန္း တစ္ခုေတာ့ မဟုတ္ပါဘူး။ ဘာလို့ဆိုေတာ့ ကၽြန္ေတာ္တို့ ပတ္ဝန္းက်င္မွာဆိုလည္း သာမန္ျဖစ္စဥ္လို့ ထင္ရေလာက္ေအာင္ကို ျဖစ္ေန ပ်က္ေနၾကတာမို့လို့ပါပဲ။

ဒီလိုအၾကမ္းဖက္မွုေတြ ဘာေၾကာင့္ ျဖစ္ရလဲ။ အရွင္းဆုံးေျပာရရင္ေတာ့ ပါဝါ မညီမၽွမွုေၾကာင့္ ျဖစ္တာပါပဲ။ ေယာက်ာ္းနဲ႔ မိန္းမဟာ ႐ုပ္ပိုင္းဆိုင္ရာအရ ခႏၶာကိုယ္တည္ေဆာက္မွုခ်င္း မတူတာမို့ ခြန္အားခ်င္း ကြာျခားပါတယ္။ ေနာက္ၿပီး ဝင္ေငြကြာပါတယ္။ အေပၚမွာ ေျပာခဲ့တဲ့ အစဥ္အလာ သတ္မွတ္ခ်က္ေတြအရ အမ်ိဳးသားကပဲ ဝင္ေငြရွာတယ္။ အမ်ိဳးသမီးက အိမ္ေထာင္မွုထိန္းသိမ္းတယ္၊ သားသမီးေတြကို ေစာင့္ေရွာက္တယ္၊ စီးတဲ့ေရ ဆည္တဲ့ကန္သင္း ဆိုတာမ်ိဳး သေဘာထားၾကတယ္။ ဒီလို ေယာက်ာ္းအေပၚ လုံးလုံးလ်ားလ်ား မွီခိုေနရေတာ့ သူျပဳသမၽွ ႏုရတယ္။ အနိုင္က်င့္ အၾကမ္းဖက္ခံရဖို့ ရာခိုင္ႏွုန္း တအားမ်ားလာတယ္။

ေနာက္ၿပီး ေယာက်ာ္းနဲ႔ မိန္းမအေပၚ ထားတဲ့ သတ္မွတ္ခ်က္ေတြအရလည္း ကြာျခားပါေသးတယ္။ အရိုးကြဲေအာင္ရိုက္မွ အသည္းစြဲေအာင္ခ်စ္တာ တဲ့။ စကားပုံေတာင္ ရွိေသးတယ္။ ေလာကမွာ အရိုက္ခံခ်င္တယ္ ဆိုတဲ့လူရယ္လို့ မရွိပါဘူး။ ဘယ္သူမွ အသားမနာခ်င္ဘူး။ ဒါေပမဲ့ သူ႔အေပၚလည္း မွီခိုေနရတဲ့အျပင္ အိမ္ေထာင္ပ်က္ဘဝကိုလည္း မခံယူခ်င္ၾကတဲ့အတြက္သာ ဆက္ေပါင္းေနၾကရတာ။

ပတ္ဝန္းက်င္ကလည္း ဒါေတြကို သမားရိုးက် အျဖစ္အပ်က္လိုပဲ သေဘာထားၾကတယ္။ ေယာက်ာ္းက မိန္းမကို ရိုက္တယ္ဆိုတဲ့ အသံၾကားရင္ ဒီမိန္းမ ဘာေတြလုပ္လဲမွ မသိတာ၊ ရိုက္ခံရတာ နည္းေတာင္ နည္းေသး ဆိုတာမ်ိဳးေတြပဲ ေျပာေနၾကၿပီး ဘယ္သူကမွ အၾကမ္းဖက္မွုလို့ မျမင္ၾကပါဘူး။ ရိုက္တဲ့ ေယာက်ာ္းက ပတ္ဝန္းက်င္အျမင္မွာ ရွက္စရာ ျဖစ္မေနဘဲ အရိုက္ခံရတဲ့ မိန္းမကသာ အကဲ့ရဲ့ခံ ျဖစ္ေနရတာပါ။

ဒါေၾကာင့္ ဒီလိုအၾကမ္းဖက္မွုေတြကို ကာကြယ္ဖို့ဆိုရင္ ပါဝါေတြ ညီသြားေအာင္ေတာ့ လုပ္ဖို့ ခက္တာမို့ အဲဒီပါဝါကို အလြဲသုံးစား မလုပ္ေအာင္ပဲ ထိန္းခ်ဳပ္လို့ရမွာ ျဖစ္ပါတယ္။ ဒီအတြက္ အမ်ိဳးသားေတြအေနနဲ႔ ကိုယ့္ထက္ ခြန္အားနည္းတဲ့ အမ်ိဳးသမီးေတြ၊ ကေလးေတြကို ရိုက္ႏွက္တာ၊ အၾကမ္းဖက္တာ၊ အဓမၼ လုပ္ယူတာဟာ ေယာက်ာ္းေကာင္းေတြရဲ့ လုပ္ရပ္မဟုတ္ဘူး ဆိုတဲ့ အသိ ရွိေနဖို့ လိုပါတယ္။ တစ္နည္းအားျဖင့္ ဒီလိုလုပ္ရပ္ေတြဟာ ကိုယ့္ရဲ့ စိတ္ပိုင္းဆိုင္ရာ အားနည္းမွုကို ျပသလိုက္တာလည္း ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္အေနနဲ႔ ပတ္ဝန္းက်င္ကလည္း ထိန္းခ်ဳပ္ေပးလို့ ရပါတယ္။ မိန္းမကို ႏွိပ္စက္တဲ့ ေယာက်ာ္းကို အျပစ္တင္တတ္တဲ့ အေလ့အထ ထြန္းကားလာရင္၊ အၾကမ္းဖက္ခံရသူကို အားေပးတတ္တဲ့ အေလ့အထ ထြန္းကားလာရင္၊ ကိုယ္နဲ႔မဆိုင္ဘူးဆိုတဲ့ အေတြးမ်ိဳးေတြ ပစ္ခ်ထားခဲ့နိုင္ရင္ ဒီလိုအမွုအခင္းေတြလည္း နည္းသြားလိမ့္မယ္။ ေယာက်ာ္းေတြအေနနဲ႔လည္း ေတာ္႐ုံက်ဴးလြန္ရဲေတာ့မွာ မဟုတ္ပါဘူး။

ဒီလိုအၾကမ္းဖက္တတ္တဲ့သူကို အမ်ိဳးသားအခ်င္းခ်င္းကလည္း ကဲ့ရဲ့ရွုံ႔ခ်ဖို့ သိပ္အေရးႀကီးပါတယ္။ မိန္းမကို ရိုက္တယ္ ဆိုတာ အားက်စရာ ကိစၥအျဖစ္ မရွုျမင္ထားၾကပါနဲ႔။ အဲဒီအစား ကိုယ့္ေဒါသကို ထိန္းခ်ဳပ္နိုင္ျခင္း၊ စိတ္ခံစားခ်က္ေတြကို ကိုင္တြယ္ေျဖရွင္းနိုင္ျခင္း၊ အေကာင္းျမင္စိတ္ ထားနိုင္ျခင္း၊ ဒီလိုအရည္အေသြးေတြကိုသာ အားက်ေပးပါ။ ခ်ီးက်ဴးေပးပါ။
ေနာက္ဆုံးအေနနဲ႔ေတာ့ တရားဥပေဒပိုင္းအရ အၾကမ္းဖက္ခံရသူကို အကာအကြယ္ေပးနိုင္ဖို့၊ က်ဴးလြန္သူကို ထိေရာက္တဲ့ ျပစ္ဒဏ္ေပးနိုင္ဖို့ လိုပါတယ္။ ဒါမွသာ ပါဝါ အသာရထားတဲ့သူေတြ သူတို့ပါဝါကို အလြဲသုံးစား လုပ္ၿပီး အၾကမ္းဖက္တာမ်ိဳးေတြ ေလ်ာ့နည္းပေပ်ာက္သြားမွာ ျဖစ္ပါတယ္။

ေျပာခဲ့ၿပီးသလိုပါပဲ။ အိမ္တြင္းအၾကမ္းဖက္မွုေတြဟာ နဂိုကတည္းကိုက ရွိေနၿပီးသား ျပႆနာပါ။ ဒါကို COVID က အရွိန္ထပ္ျမႇင့္ေပးလိုက္ပါတယ္။ ဘယ္လိုစိတ္ဖိစီးမွုေတြပဲ ရွိေနပါေစ၊ တစ္ေယာက္ေယာက္ကို အနိုင္က်င့္ အၾကမ္းဖက္ရင္း ေျဖရွင္းလိုက္တယ္ ဆိုတာ လက္ခံနိုင္စရာ ကိစၥတစ္ခု မဟုတ္ပါဘူး။ ဒီေတာ့ အေကာင္းျမင္စိတ္နဲ႔ ေရွ႕ဆက္ပါ။ ကိုယ့္ရဲ့ စိတ္ဖိစီးမွုေတြကို ကိုင္တြယ္ေျဖရွင္းပါ။ COVID-19 ဆိုတဲ့ ဗိုင္းရပ္စ္ပိုးကို ကိုယ့္ခႏၶာကိုယ္ထဲလည္း မဝင္ပါေစနဲ႔။ ကိုယ့္မိသားစုေတြကိုလည္း မထိခိုက္ပါေစနဲ႔။ ခြန္အားနည္းသူကို အနိုင္မက်င့္တတ္တဲ့၊ ဂုဏ္သိကၡာရွိတဲ့ ေယာက္်ားတစ္ေယာက္၊ သားသမီးေတြအတြက္လည္း ေလးစားထိုက္တဲ့ ဖခင္တစ္ေယာက္အျဖစ္ ရပ္တည္ရင္း ဒီကမၻာလုံးဆိုင္ရာ ကပ္ေရာဂါႀကီးကို မိသားစုနဲ႔ အတူတူ ရင္ဆိုင္ေက်ာ္ျဖတ္ေစခ်င္ပါတယ္။

Ref : Situation Analysis on Gender Equality and Women’s Rights in Myanmar

(7Studioက တင္ဆက္တဲ့ Sponsor Content ျဖစ္ပါတယ္)