Showing posts with label Motivation. Show all posts
Showing posts with label Motivation. Show all posts

Tuesday, May 12, 2026

"အောင်မြင်သူတို့၏ လျှို့ဝှက်စိတ်နေသဘောထား ၁၀ ချက်"

 “တရုတ်သမိုင်းတစ်လျှောက် အောင်မြင်သူတို့၏ လျှို့ဝှက်စိတ်နေသဘောထား ၁၀ ချက်” 



ခေတ်သစ်၏ အလျင်အမြန် ပြောင်းလဲနေမှုများ၊ အလုပ်အကိုင်နှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြတ်သန်းရာ၌ အဆင်ပြေနိုင်စေရန် သမိုင်းထဲက ပုဂ္ဂိုလ်များထံမှ ရရှိသော နည်းဗျူဟာဆိုင်ရာ အကြံပြုချက်များကို တင်ပေးလိုက်ပါတယ်။ နယ်ပယ်တစ်ခုတွင် အောင်မြင်ရန်အတွက် ကြိုးစားအားထုတ်မှုတစ်ခုတည်းဖြင့် မလုံလောက်ဘဲ၊ လူ့သဘောသဘာဝကို နားလည်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန်လည်း လိုအပ်ကြောင်း အလေးပေးထားပါတယ်။ 


နည်းဗျူဟာဆိုင်ရာထားရှိရမည့် စိတ်နေသဘောထား ၁၀ ချက်


၁။ မိမိရဲ့ ရည်မှန်းချက်ကို ဖုံးကွယ်ထားပါ


ကိုယ့်ရဲ့ အမှန်တကယ် ရည်ရွယ်ချက်ကို အစောကတည်းက မဖော်ပြပါနဲ့။ မဟုတ်ရင် အကြံတူ အခြားသူတွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်။ ကျူးယွမ်ကျန်း (朱元璋) လိုပဲ တခြားလူတွေက နာမည်ကျော်ကြားဖို့ ရုန်းကန်တိုက်ခိုက်နေချိန်မှာ သူကတော့ တိတ်တဆိတ် မိမိရဲ့အင်အားကို တည်ဆောက်နေခဲ့ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အရေးကြီးတဲ့ခြေလှမ်းကို မလှမ်းရသေးခင်၊ ကိုယ့်ရဲ့ အခြေခံစွမ်းရည်တွေကို အရင်ဦးဆုံး တည်ဆောက်ထားသင့်ပါတယ်။


၂။ စိတ်ခံစားချက်ကို ထိန်းချုပ်ပါ


"သင့်စိတ်ခံစားချက်ကို မျက်နှာပေါ်တွင် မဖော်ပြပါနှင့်" ဆိုတဲ့ စကားအတိုင်း ကိုယ့်စိတ်ထဲရှိသမျှကို အပြင်ကို ထုတ်မပြပါနဲ့။ မင်မင်းဆက်ခေတ်က အရာရှိ ရွှီ့ကျဲ (徐階) ဟာ မိမိ၏ ရန်သူကို မုန်းတီးနေပေမယ့်လည်း၊ သူ၏ ဒေါသကို ဖုံးကွယ်ကာ သက်သေအထောက်အထား ရတဲ့အထိ ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံခဲ့ပါတယ်။ အလုပ်ခွင်ထဲမှာ အချင်းချင်း ထိတွေ့ဆက်ဆံရတဲ့အခါ လူမှုဆက်ဆံရေးကို စိတ်ခံစားချက်ထက် ယုတ္တိဗေဒဂိမ်းတစ်ခုလို မြင်သင့်ပါတယ်။


၃။ ကျင့်ဝတ်ကို လိုက်လျောညီထွေရှိအောင် ကျင့်သုံးပါ


မိမိ၏ ကျင့်ဝတ်နှင့် ပတ်သတ်လာလျှင် အလွန်အမင်း တင်းကျပ်လွန်းခြင်း မပြုပါနှင့်။ စစ်သူကြီး ချီကျိကွမ်း (戚繼光) ဟာ သူ့စစ်တပ်အတွက် ရန်ပုံငွေရရှိနိုင်စေဖို့ အကျင့်ပျက် အရာရှိတွေနဲ့ ဆက်ဆံရေးကောင်းအောင် ငွေကြေးသုံးစွဲခဲ့ရပါတယ်။ ရံဖန်ရံခါ နည်းလမ်းထက် အဓိကရည်ရွယ်ချက်ကို ပိုအာရုံစိုက်သင့်ပါတယ်။


၄။ မိတ်ဖက်ဆက်ဆံရေးကို စည်းမျဉ်းနဲ့ အကျိုးစီးပွားပေါ် တည်ဆောက်ပါ၊ ခံစားချက်ဖြင့် မဟုတ်ပါ


စိတ်ခံစားချက်တွေက ပြောင်းလဲတတ်ပေမယ့် အကျိုးစီးပွားနဲ့ စည်းမျဉ်းတွေကတော့ မပြောင်းလဲတတ်ပဲ ပိုတည်ငြိမ်မှု ရှိပါတယ်။ ကောကျစ့်ရိ (郭子儀) နှင့် လီကွမ်းပိ (李光弼) တို့ဟာ ပြိုင်ဘက်တွေဖြစ်ပေမယ့် ရှင်သန်ရေးအတွက် လိုအပ်ချက်ကြောင့် ပူးပေါင်းခဲ့ကြပါတယ်။ စီးပွားရေးမှာ “ခင်မင်မှု” ဆိုတဲ့ ခံစားချက်ထက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုနဲ့ စာချုပ်စာတမ်းပါ အချက်အလက်များ မှန်ကန်တိကျ ရှင်းလင်းမှုကို ဦးစားပေးသင့်ပါတယ်။


၅။ နည်းဗျူဟာအရ အားနည်းချက်ကို ပြသပေးလိုက်ပါ


တစ်ခါတလေ မိမိရန်သူအား မိမိ၏ အားနည်းချက်ကိုပြသပေးတာက ရန်သူကို သတိပေါ့လျော့သွားစေနိုင်သည့် အားသာချက်လည်း ဖြစ်လာနိုင်ပါတယ်။ လျိုပန်းဟာ ဟုန်မန်စားသောက်ပွဲ (鴻門宴) မှာ ရှန့်ယွီရဲ့ သတိကို လျော့ပေါ့စေဖို့ မိမိကိုယ်မိမိ အနှိမ်ခံကာ နှိမ့်ချခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က အဖြေသိပြီးသား ဖြစ်နေရင်တောင်မှ တစ်ဖက်လူဆီက အကြံဉာဏ်တောင်းတာမျိုးက တစ်ဖက်လူကိုလည်း စိတ်ချစေပြီး ထိုသူတို့ စိတ်ထဲတွင် မိမိက မခြိမ်းခြောက်သလို ခံစားရစေနိုင်ပါတယ်။ (တစ်ဖက်လူကို သူ့လို စောင်တုံးပဲလို့ ကိုယ့်ကို ထင်သွားလေ ကောင်းလေပါပဲ။)


၆။ အရေးကြီးတဲ့ အကျိုးစီးပွားကိစ္စတွေမှာ ဆုံးဖြတ်ချက်ပြတ်သားပါ


အရေးကြီးတဲ့အချိန်တွေမှာ စိတ်ပျော့မနေပါနဲ့။ ထူမုအရေးအခင်း (土木堡之變) အတွင်း အမတ်ကြီး ယွီချမ်း (於謙) ဟာ ဖမ်းဆီးခံထားရတဲ့ ဧကရာဇ်ရဲ့ အသက်ထက်၊ မင်နိုင်ငံလုံခြုံရေးကို ဦးစားပေးခဲ့ပါတယ်။ ဘဝမှာလည်း မအောင်မြင်တော့တဲ့ Project တွေ၊ အဆိပ်အတောက်လိုဖြစ်နေတဲ့ ဆက်ဆံရေးတွေကို ချီတုံချတုံလုပ်မနေဘဲ မတွန့်မဆုတ် ဖြတ်တောက်ပစ်သင့်ပါတယ်။


၇။ ခေတ်ရဲ့အရှိန်ကို စီးနင်းလိုက်ပါသွားပါ


အင်အားချည်းသက်သက် မကိုးစားပါနဲ့။ ခေတ်အခြေအနေကို လေကြောင်းသင့်သလို အသုံးချပါ။ ကျူးယွမ်ကျန်း (朱元璋) ဟာ ဖော့ရန်ရေကန်တိုက်ပွဲ (鄱陽之戰) မှာ မီးနဲ့တိုက်ခိုက်ရန်အလို့ငှာ လေတိုက်ခတ်ရာဦးတည်ချက်ကို စောင့်ဆိုင်းပြီးမှ အနိုင်ရခဲ့ပါတယ်။ ကိုယ့်ကြိုးစားမှုကို စျေးကွက်လမ်းကြောင်းနဲ့ platform အပြောင်းအလဲတွေနဲ့ ကိုက်ညီပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်သင့်ပါတယ်။


၈။ မိမိ၏ အကောင်းဆုံးကတ်ကို ဖုံးကွယ်ထားပြီး အားနည်းသော ချို့ယွင်းချက်အနည်းငယ်ကို ထုတ်ပြပါ


လူတွေဟာ “ပြီးပြည့်စုံလွန်းသူ” ကို ကြောက်တတ်ပါတယ်။ ရှောင်းဟယ် (蕭何) ဟာ သူ့ကို ဟန့်ကောင်းကျုဧကရာဇ် လျိုပန်းက နိုင်ငံရေးအရ ခြိမ်းခြောက်မှုအဖြစ် မရှုမြင်စေရန်နှင့် မသင်္ကာမှုမှ ကင်းဝေးစေရန်အလို့ငှာ မြေတွေကို ဈေးပေါပေါနဲ့ အချိုအချောင်လိုက်ဝယ်ပြီး မိမိရဲ့ဂုဏ်သတင်းကို တမင်တကာ ထိခိုက်စေခဲ့ပါတယ်။ ကုမ္ပဏီထဲမှာဆိုရင်လည်း အထက်လူကြီးကို ကိုယ့်ရဲ့ အမှားသေးသေးလေး တစ်ခုလောက်ကို ပြင်ဆင်ခွင့်ပေးလိုက်တာက မိမိကို သူ့အနေဖြင့် ထိန်းချုပ်ထားနိုင်တယ်လို့ ခံစားရစေပါတယ်။


၉။ အခြားသူတွေအတွက် ထွက်ပေါက်ချန်ထားပါ


လူတစ်ယောက်ကို လမ်းဆုံးထိရောက်အောင် မတွန်းပို့မိပါစေနဲ့။ သူ့အတွက် နောက်ဆုတ်ပြေးဖို့ ထွက်ပေါက်တစ်ခုတော့ ချန်ထားပေးပါ။ ချူဘုရင် ကျွမ်း (楚莊王) ဟာ တစ်ကြိမ်က သူ့မိဖုရားကို ရိုင်းစိုင်းစော်ကားခဲ့တဲ့ အရာရှိကို ခွင့်လွှတ်ပေးခဲ့ပြီး၊ နောက်ပိုင်း အဲ့ဒီအရာရှိက စစ်ပွဲမှာ ချူဘုရင်ရဲ့ အသက်ကို ကယ်တင်ခဲ့ပါတယ်။ ကိုယ်အသာစီးရနေချိန်မှာတောင် တစ်ဖက်လူကို ဂုဏ်သိက္ခာရှိရှိ ထွက်ခွာသွားနိုင်တဲ့ လမ်းတော့ ချန်ထားပေးသင့်ပါတယ်။


၁၀။ အိမ်နိမ့်စံအချိန် (ကျရှုံးနေချိန်) မှာ သည်းခံပြီး မိမိကိုယ်ကို ပြန်တည်ဆောက်ပါ


ကျရှုံးမှုကို စိတ်ဓာတ်ခွန်အား တိုးတက်လာမယ့် အချိန်အဖြစ် အသုံးချပါ။ ဝမ်ရန်မင် (王陽明) ဟာ ပြည်နှင်ဒဏ်ခံနေရချိန်မှာပဲ “နှလုံးသားဒဿန” (心学) အတွေးအခေါ်ပညာကို တည်ထောင်ခဲ့ပါတယ်။ သစ္စာဖောက်ခံရတာ၊ ဒေဝါလီခံရတာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမျိုးမှာ အပြင်က ဆူညံသံတွေကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့ အဓိကယှဉ်ပြိုင်နိုင်စွမ်းကို ထက်မြက်လာအောင် မြှင့်တင်သင့်ပါတယ်။


အနှစ်ချုပ်


ကမ္ဘာကြီးထဲမှာ မယိမ်းယိုင်ဘဲ ရပ်တည်နိုင်ဖို့ လျှို့ဝှက်ချက်ကို အကျဉ်းချုပ်ပြောရမယ်ဆိုရင် 


* ကိုယ့်ရည်မှန်းချက်ကို ဖုံးကွယ်ထားရမယ်

* စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရမယ်

* လိုက်လျောညီထွေဖြစ်အောင် နေရမယ်

* ဘယ်အချိန်မှာ သည်းခံရမယ်၊ ဘယ်အချိန်မှာ ပြတ်သားရမယ်ဆိုတာကို သိနားလည်ရမယ် 


ဒါပါပဲ 


#林圛朙「天下第一」

Monday, December 28, 2020

“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”

 “အမျိုးသမီး နှင့် ခေါင်းဆောင်မှု”



လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ရေးခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်ဖြစ်တော့ အဲဒီထဲမှာ အားနွဲ့တဲ့မိန်းမသား ဆိုတဲ့ စကားလုံးကို ကြိမ်ဖန်များစွာ အသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဘုရင်မအဖြစ်ပါဝင်တဲ့ ဇာတ်ဆောင်ကိုလည်း ဦးမဆောင်နိုင်သူ၊ မိုက်မဲသူ၊ ဘဝင်မြင့်သူအဖြစ် ပုံဖော်ထားတယ်။ 




အားနွဲ့တယ်ဆိုတာက ကိုယ်ခန္ဓာသန်မာမှုကို ပြောတာပေ့ါလေ။ ဒါကလည်း သဘာဝပဲကိုး၊ ယောကျာ်းလေးတစ်ယောက်မှာ ဖိုဟော်မုန်းထွက်လာရင် ကြွက်သားထု ဖြစ်လာပေမဲ့ မဟော်မုန်းဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်ကို နူးညံ့စေတာမျိုးလေ။ ဒါတောင် ခုနောက်ပိုင်း ကြွက်သားတွေ အမြှောင်းမြှောင်းနဲ့ အမျိုးသမီးတွေလည်း ရှိလာပြီ။ စစ်မက် ဖြစ်ပွားတဲ့အချိန်၊ သဘာဝဘေးသင့်တဲ့အချိန်၊ ဒီလို တည်ငြိမ်မှု ပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အနေအထားမျိုးတွေမှာ အမျိုးသမီးတွေဟာ ခွန်အားနည်းတာကြောင့် အနိုင်ကျင့်စော်ကားမှုတွေ ခံကြရတယ်။ အထိခိုက်လွယ်ဆုံး လူအုပ်စု ဖြစ်လာတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေဆို အမျိုးသမီးတွေကို ပိုပြီး အကာအကွယ် ပေးကြရတယ်။




ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ရှိနေတဲ့ အနေအထားမျိုးမှာကျ အားနွဲ့တယ်ဆိုတာက ပြောရခက်သွားပြီ။ ဘာလို့ဆိုတော့ ဒီခေတ်မှာ ခွန်အားကြီးလို့ အလုပ်ဖြစ်တဲ့နေရာ သိပ်မကျန်တော့ဘူး။ အားလုံးက ပညာနဲ့လုပ်ကြ၊ ယှဉ်ကြတဲ့ခေတ် ဖြစ်နေပြီ။ ဒါကြောင့် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာဟာ ပညာမတတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီတော့ အားနွဲ့သူက မိန်းမလည်း ဖြစ်နိုင်တယ်၊ ယောကျာ်းလည်း ဖြစ်နိုင်တယ်။




ခေါင်းဆောင်မှုကို တစ်ခွန်းတည်းပြောပါ ဆိုရင် အဲဒါ လွှမ်းမိုးနိုင်စွမ်း (Influence) ပါပဲ။ အဲဒီလို လွှမ်းမိုးဖို့ဆိုရင် ခေါင်းဆောင်မှာ ပါဝါရှိရတယ်။ အဓိကအားဖြင့်တော့ ပါဝါ ၂ မျိုးပေါ့၊ Positional Power နဲ့ Personal Power ။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ပြောခွင့်၊ ဆိုခွင့်၊ လုပ်ခိုင်းခွင့် ရှိနေတာက Positional power ဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ စွမ်းဆောင်ရည် စတာတွေကြောင့် ရလာတဲ့ ပါဝါကိုတော့ Personal power လို့ခေါ်ပါတယ်။ 




တကယ်ဆို အဲဒီ Personal power ထဲမှာ ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာ မပါပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်က ယောကျာ်းဖြစ်နေခဲ့ရင် (ခေတ်စကားနဲ့ပြောရရင်တော့) လူပိုရှိန်ပြီး၊ မိန်းမဖြစ်နေခဲ့ရင်တော့ အထင်သေးတယ်၊ တခုခုဆို ကလန်ကဆန် လုပ်ချင်တယ်ပေါ့။ ရာထူးကြောင့် မတတ်သာလို့သာ နေရမယ်၊ မိန်းမတွေက ခေါင်းဆောင်နိုင်စွမ်း မရှိပါဘူး၊ တွေဝေတယ်၊ မပြတ်သားဘူး၊ မဆုံးဖြတ်နိုင်ဘူး ဒါမျိုးတွေ ထင်တတ်ကြတယ်။ ကျားမခွဲခြားဆက်ဆံမှု များတဲ့နေရာမှာဆို အဲဒီပုံစံမျိုး ပိုတွေ့ရတတ်တယ်။ မိန်းကလေးတစ်ယောက် ခေါင်းဆောင်နိုင်စွမ်း မရှိခဲ့ရင် မိန်းမမို့လို့ လို့ ပြောတတ်ကြပေမယ့် ယောကျာ်းလေးတစ်ယောက် ခေါင်းမဆောင်နိုင်ဘူးဆိုရင်တော့ ယောကျာ်းမို့လို့ ဆိုတာမျိုး မပြောတတ်ကြဘူး။ 




ဘာဖြစ်လို့ အဲဒီလို သတ်မှတ်နေကြတာလဲ။ တွေးကြည့်ရင် တရားသေသတ်မှတ်ချက် (Stereotype) ဆိုတာတွေဟာ အကြောင်းမဲ့ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဥပမာ ဆိုပါတော့၊ တောသူတောင်သားတွေဟာ ရိုးသားကြတယ် ဆိုတဲ့ သတ်မှတ်မှု။ ဘာလို့ဖြစ်လာလဲ။ တောသူတောင်သားတွေဟာ ရိုးသားကြတယ်၊ ပွင့်လင်းကြတယ်၊ လှည့်တာပတ်တာ ရှားတယ်၊ အဲဒါကြောင့် ဒီလိုသတ်မှတ်လိုက်ကြတယ်။ ဒါပေမယ့် တောသူတောင်သားတိုင်း ရိုးသားနေသလား ဆိုတော့ မဟုတ်ဘူး။ ဒါကြောင့် တောသူတောင်သားမှန်ရင် အားလုံးရိုးသားတယ်လို့ တထစ်ချ သတ်မှတ်လိုက်လို့ မရဘူး။ ဒါကို သတိပေးရမယ်။ နောက်ပြီး လှည့်တတ်ပတ်တတ်တဲ့ တောသူတောင်သားတွေ များလာခဲ့မယ်ဆိုရင် အဲဒီသတ်မှတ်ချက်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။




အခု အမျိုးသမီးတွေ ဦးဆောင်နိုင်စွမ်း မရှိဘူး ဆိုတဲ့ သတ်မှတ်ချက်ဟာလည်း ဒီသဘောပဲ။ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။ မိန်းကလေးတွေဟာ တခုခုဆို မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ။ အစည်းအဝေးတွေမှာ ဟောဟောဒိုင်းဒိုင်း ပြောနေပြီဆို ကြည့်လိုက်၊ ယောကျာ်းလေး ဖြစ်နေတာများတယ်။ ကိုယ့်အမြင် ကိုယ့်အတွေးကို ရဲရဲတင်းတင်း မထုတ်ဖော်ရဲကြဘူး။ ဒီမှာတင်လားဆိုတော့ မဟုတ်ဘူး၊ ဖေ့စ်ဘွတ်ရဲ့ Chief Operation Officer ဖြစ်တဲ့ Sheryl Sandberg ကိုယ်တိုင်လည်း သူ့စာအုပ်ထဲမှာ အဲဒီလိုရေးဖူးတယ်။ အစည်းအဝေးတွေမှာ မဲခွဲလို့ လက်ထောင်ကြရင်တောင် ရဲရဲတင်းတင်း မထောင်ရဲကြဘူး တဲ့။ ဒါတွေကြောင့်ပဲ မိန်းကလေးဆိုတာ ဦးဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ပေါ်လာရတာ။




ဒါကြောင့် အဲဒီသတ်မှတ်ချက်တွေ ပျောက်သွားချင်ရင် တစ်ဖက်ကလည်း မိန်းကလေးဆိုတိုင်း ခေါင်းဆောင် မဖြစ်နိုင်ဘူးလို့ တရားသေ မသတ်မှတ်ကြဖို့လိုသလို၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတွေ ခပ်များများ ပေါ်လာဖို့လည်း လိုတယ်။ အဲဒါက ဒီသတ်မှတ်ချက်တွေကို ဖျက်ဆီးနိုင်တဲ့ အကောင်းဆုံးလက်နက်ပဲ။




နေရာမပေးချင်တာ နဲ့ ယူနိုင်စွမ်းမရှိတာ နှစ်ခုပေါ့။ ဒီတော့ မပေးချင်တဲ့နေရာကို ယူနိုင်စွမ်းရှိကြောင်း သက်သေပြခြင်းနဲ့ပဲ အရယူပြကြရလိမ့်မယ်။




တကယ်တော့ မိန်းကလေးတွေ ဘာလို့ အဲလိုဖြစ်ရလဲဆိုတာက သားနဲ့သမီးကို မိဘက၊ ဆရာက၊ အသိုင်းအဝိုင်းက ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲဆိုတာနဲ့ အဓိကသက်ဆိုင်တယ်။ သားကိုတော့ လွတ်လွတ်လပ်လပ် နေစေတယ်၊ ရဲရဲတင်းတင်း ဖြစ်အောင် လေ့ကျင့်ပေးတယ်၊ သမီးကိုတော့ ယဉ်ကျေးမှုတို့၊ အစဉ်အလာတို့ ခေါင်းစဉ်တပ်ပြီး မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်၊ အိမ်မှုကိစ္စ နိုင်နင်းရတယ်၊ တခုခုဆို အနစ်နာခံရတယ်၊ ဒါမျိုးတွေ ပုံသွင်းခဲ့တယ်။ အဲဒီအခါမှာ မိန်းကလေးတွေရဲ့ သတ္တိ၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြတ်သားမှု၊ ဒါတွေက အသားသေကုန်တယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာဖို့ဆိုရင် မိန်းကလေးတွေကို ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြောင်းဖို့လိုတယ်။ မဟုတ်ရင် အဲဒီထဲကနေ ဖောက်ထွက်နိုင်ဖို့ အတော်ကြိုးစားရမှာကိုး။




EQ ဆိုတာကို  စမိတ်ဆက်ခဲ့တဲ့ Daniel Goleman ကတော့ သူ့ဘလော့ဂ်တစ်ခုမှာ ရေးထားတယ်။ အဖွဲ့အစည်းအသီးသီးက အမျိုးသား အမျိုးသမီး ၅၅,၀၀၀ ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Soft skill ပိုင်းမှာ ပိုပြီးသာလွန်တာကို တွေ့ရတယ် တဲ့။ Soft skill ဆိုတာ ရော့ ဒါက ဒီလို ဆိုပြီး သင်ပေးလိုက်လို့ မရတဲ့ ပြဿနာဖြေရှင်းခြင်း (Problem solving)၊ ပဋိပက္ခကိုင်တွယ်ခြင်း (Conflict management)၊ ကိုယ်ချင်းစာစိတ် (Empathy) နည်းပြခြင်းနဲ့ လမ်းညွှန်ပေးခြင်း (Coaching &mentoring) ရည်မှန်းချက်ပြည့်မြောက်အောင် အာရုံစူးစိုက်ခြင်း (Focus on achieving goals) ဒါတွေပါတယ်။ အရှင်းဆုံးပြောရရင် EQ ပဲပေါ့။




ဒါကို ကြည့်ပြီး ခေါင်းဆောင်နေရာဆို မိန်းကလေးပဲရွေး လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ခေါင်းဆောင်မှု အရည်အသွေးဟာ ယောကျာ်းရယ် မိန်းမရယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ဆိုင်တယ်၊ ဘယ်သူမဆို လေ့ကျင့်ပျိုးထောင်လို့ ရနိုင်တယ်ဆိုတာကို သိစေချင်တာပါ။




ခေတ်က ပြောင်းနေပြီ။ ကမ္ဘာမှာရော ကျွန်တော်တို့ဆီမှာပါ အမျိုးသမီးခေါင်းဆောင်တွေ နယ်ပယ်အသီးသီးမှာ ရှိနေပြီ။ ဒါကြောင့် မိန်းမအုပ်ချုပ်ရင် တိုင်းပြည်ဘာဖြစ်မယ်၊ မိန်းကလေးဆိုတာ ခေါင်းဆောင်နေရာနဲ့ မသင့်တော်ဘူး ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေ ထားခဲ့မှ ရတော့မယ်။




အဲဒီလို ရှေးရိုးစွဲအမြင်တွေ၊ တရားသေအမြင်တွေ ဆုပ်ကိုင်ထားတဲ့သူဟာ အကယ်၍များ ယောကျာ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် အိမ်ထောင်ရေးအဆင်ပြေဖို့ မလွယ်ဘူး၊ လိုအပ်ချက်တွေ များလာတဲ့ ခေတ်ကြီးထဲမှာ မိသားစုတာဝန်ကို ကိုယ်တစ်ယောက်တည်း ထမ်းနေရလိမ့်မယ်၊ ကိုယ့်သားသမီးတွေအတွက် မိခင်ကောင်းတစ်ယောက်ကို လက်လွတ်သွားရလိမ့်မယ်။




အကယ်၍များ ဝန်ထမ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့လက်အောက်မှာ မလုပ်ချင်ဘူး ဆိုပြီး အလုပ်မှာ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။




အကယ်၍များ မိခင်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်သမီးလေးရဲ့ အစွမ်းအစတွေဟာ အစဉ်အလာ သတ်မှတ်ချက်တွေအောက်မှာ ပျောက်ဆုံးသွားရလိမ့်မယ်။ ရွယ်တူမိန်းကလေးချင်းမှာကို တစ်တန်း နိမ့်နေလိမ့်မယ်။ ကိုယ့်သား ယူလာမယ့် ထက်ထက်မြက်မြက် ချွေးမနဲ့လည်း အဆင်ပြေမယ်မဟုတ်ဘူး။




အကယ်၍များ ပြည်သူအများစု ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်အတွက် တကယ်သင့်တော်တဲ့ ခေါင်းဆောင်ကောင်းရဖို့ အခွင့်အလမ်း ၅၀%ကို ငြင်းပယ်လိုက်တာနဲ့ တူနေပါလိမ့်မယ်။




ဒါကြောင့် ပြန်ပြောရရင် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာ ပညာမတတ်တာကို ခေါ်တာဖြစ်တယ်၊ ဒီတော့ အားနွဲ့သူက ယောကျာ်းလည်း ဖြစ်နိုင်တယ်၊ မိန်းမလည်း ဖြစ်နိုင်တယ်၊ အမျိုးသမီးခေါင်းဆောင်တွေ ပိုများလာဖို့အတွက်ဆိုရင် ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြင်ဖို့လိုတယ်၊ ခေါင်းဆောင်နေရာအတွက် စဉ်းစားတဲ့အခါ ယောကျာ်းရယ် မိန်းမရယ် မကြည့်ဘဲ အရည်အချင်းရှိတဲ့သူကို နေရာပေးနိုင်ဖို့ လိုတယ်၊ လေးစားတတ်ဖို့ လိုတယ်။ ဒါပါပဲ။




ဒေါက်တာ ဖြိုးသီဟ


၁၄.၉.၂၀၁၆


(Zawgyi) 


 “အမ်ိဳးသမီး ႏွင့္ ေခါင္းေဆာင္မွု”




လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ေက်ာ္ေလာက္က ေရးခဲ့တဲ့ ဝတၳဳရွည္တစ္ပုဒ္ကို ဖတ္ျဖစ္ေတာ့ အဲဒီထဲမွာ အားႏြဲ႕တဲ့မိန္းမသား ဆိုတဲ့ စကားလုံးကို ႀကိမ္ဖန္မ်ားစြာ အသုံးျပဳထားတာ ေတြ႕ရပါတယ္။ အဲဒီဇာတ္လမ္းထဲမွာ ဘုရင္မအျဖစ္ပါဝင္တဲ့ ဇာတ္ေဆာင္ကိုလည္း ဦးမေဆာင္နိုင္သူ၊ မိုက္မဲသူ၊ ဘဝင္ျမင့္သူအျဖစ္ ပုံေဖာ္ထားတယ္။ 


အားႏြဲ႕တယ္ဆိုတာက ကိုယ္ခႏၶာသန္မာမွုကို ေျပာတာေပ့ါေလ။ ဒါကလည္း သဘာဝပဲကိုး၊ ေယာက်ာ္းေလးတစ္ေယာက္မွာ ဖိုေဟာ္မုန္းထြက္လာရင္ ႂကြက္သားထု ျဖစ္လာေပမဲ့ မေဟာ္မုန္းဆိုတာက မိန္းကေလးတစ္ေယာက္ရဲ့ အသားအရည္ကို ႏူးညံ့ေစတာမ်ိဳးေလ။ ဒါေတာင္ ခုေနာက္ပိုင္း ႂကြက္သားေတြ အေျမႇာင္းေျမႇာင္းနဲ႔ အမ်ိဳးသမီးေတြလည္း ရွိလာၿပီ။ စစ္မက္ ျဖစ္ပြားတဲ့အခ်ိန္၊ သဘာဝေဘးသင့္တဲ့အခ်ိန္၊ ဒီလို တည္ၿငိမ္မွု ပ်က္ျပားသြားၿပီး တရားဥပေဒစိုးမိုးမွု အားနည္းတဲ့ အေနအထားမ်ိဳးေတြမွာ အမ်ိဳးသမီးေတြဟာ ခြန္အားနည္းတာေၾကာင့္ အနိုင္က်င့္ေစာ္ကားမွုေတြ ခံၾကရတယ္။ အထိခိုက္လြယ္ဆုံး လူအုပ္စု ျဖစ္လာတယ္။ ဒါေၾကာင့္ အဲဒီလိုအခ်ိန္ေတြဆို အမ်ိဳးသမီးေတြကို ပိုၿပီး အကာအကြယ္ ေပးၾကရတယ္။


ဒါေပမဲ့ ဒီလိုမဟုတ္ဘဲ တည္ၿငိမ္မွု၊ တရားဥပေဒစိုးမိုးမွု ရွိေနတဲ့ အေနအထားမ်ိဳးမွာက် အားႏြဲ႕တယ္ဆိုတာက ေျပာရခက္သြားၿပီ။ ဘာလို့ဆိုေတာ့ ဒီေခတ္မွာ ခြန္အားႀကီးလို့ အလုပ္ျဖစ္တဲ့ေနရာ သိပ္မက်န္ေတာ့ဘူး။ အားလုံးက ပညာနဲ႔လုပ္ၾက၊ ယွဥ္ၾကတဲ့ေခတ္ ျဖစ္ေနၿပီ။ ဒါေၾကာင့္ ဒီေခတ္မွာ အားႏြဲ႕တယ္ဆိုတာဟာ ပညာမတတ္တာကို ေခၚတာျဖစ္ပါတယ္။ ဒီေတာ့ အားႏြဲ႕သူက မိန္းမလည္း ျဖစ္နိုင္တယ္၊ ေယာက်ာ္းလည္း ျဖစ္နိုင္တယ္။


ေခါင္းေဆာင္မွုကို တစ္ခြန္းတည္းေျပာပါ ဆိုရင္ အဲဒါ လႊမ္းမိုးနိုင္စြမ္း (Influence) ပါပဲ။ အဲဒီလို လႊမ္းမိုးဖို့ဆိုရင္ ေခါင္းေဆာင္မွာ ပါဝါရွိရတယ္။ အဓိကအားျဖင့္ေတာ့ ပါဝါ ၂ မ်ိဳးေပါ့၊ Positional Power နဲ႔ Personal Power ။ ကိုယ္ရထားတဲ့ ရာထူးေၾကာင့္ ေျပာခြင့္၊ ဆိုခြင့္၊ လုပ္ခိုင္းခြင့္ ရွိေနတာက Positional power ျဖစ္ၿပီး ကိုယ့္ရဲ့ ကိုယ္ရည္ကိုယ္ေသြး၊ အရည္အခ်င္း၊ စြမ္းေဆာင္ရည္ စတာေတြေၾကာင့္ ရလာတဲ့ ပါဝါကိုေတာ့ Personal power လို့ေခၚပါတယ္။ 


တကယ္ဆို အဲဒီ Personal power ထဲမွာ ေယာက်ာ္းျဖစ္ျခင္း၊ မိန္းမျဖစ္ျခင္း ဆိုတာ မပါပါဘူး။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ေခါင္းေဆာင္က ေယာက်ာ္းျဖစ္ေနခဲ့ရင္ (ေခတ္စကားနဲ႔ေျပာရရင္ေတာ့) လူပိုရွိန္ၿပီး၊ မိန္းမျဖစ္ေနခဲ့ရင္ေတာ့ အထင္ေသးတယ္၊ တခုခုဆို ကလန္ကဆန္ လုပ္ခ်င္တယ္ေပါ့။ ရာထူးေၾကာင့္ မတတ္သာလို့သာ ေနရမယ္၊ မိန္းမေတြက ေခါင္းေဆာင္နိုင္စြမ္း မရွိပါဘူး၊ ေတြေဝတယ္၊ မျပတ္သားဘူး၊ မဆုံးျဖတ္နိုင္ဘူး ဒါမ်ိဳးေတြ ထင္တတ္ၾကတယ္။ က်ားမခြဲျခားဆက္ဆံမွု မ်ားတဲ့ေနရာမွာဆို အဲဒီပုံစံမ်ိဳး ပိုေတြ႕ရတတ္တယ္။ မိန္းကေလးတစ္ေယာက္ ေခါင္းေဆာင္နိုင္စြမ္း မရွိခဲ့ရင္ မိန္းမမို့လို့ လို့ ေျပာတတ္ၾကေပမယ့္ ေယာက်ာ္းေလးတစ္ေယာက္ ေခါင္းမေဆာင္နိုင္ဘူးဆိုရင္ေတာ့ ေယာက်ာ္းမို့လို့ ဆိုတာမ်ိဳး မေျပာတတ္ၾကဘူး။ 


ဘာျဖစ္လို့ အဲဒီလို သတ္မွတ္ေနၾကတာလဲ။ ေတြးၾကည့္ရင္ တရားေသသတ္မွတ္ခ်က္ (Stereotype) ဆိုတာေတြဟာ အေၾကာင္းမဲ့ေပၚလာတာေတာ့ မဟုတ္ပါဘူး။ ဥပမာ ဆိုပါေတာ့၊ ေတာသူေတာင္သားေတြဟာ ရိုးသားၾကတယ္ ဆိုတဲ့ သတ္မွတ္မွု။ ဘာလို့ျဖစ္လာလဲ။ ေတာသူေတာင္သားေတြဟာ ရိုးသားၾကတယ္၊ ပြင့္လင္းၾကတယ္၊ လွည့္တာပတ္တာ ရွားတယ္၊ အဲဒါေၾကာင့္ ဒီလိုသတ္မွတ္လိုက္ၾကတယ္။ ဒါေပမယ့္ ေတာသူေတာင္သားတိုင္း ရိုးသားေနသလား ဆိုေတာ့ မဟုတ္ဘူး။ ဒါေၾကာင့္ ေတာသူေတာင္သားမွန္ရင္ အားလုံးရိုးသားတယ္လို့ တထစ္ခ် သတ္မွတ္လိုက္လို့ မရဘူး။ ဒါကို သတိေပးရမယ္။ ေနာက္ၿပီး လွည့္တတ္ပတ္တတ္တဲ့ ေတာသူေတာင္သားေတြ မ်ားလာခဲ့မယ္ဆိုရင္ အဲဒီသတ္မွတ္ခ်က္ေတြလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားလိမ့္မယ္။


အခု အမ်ိဳးသမီးေတြ ဦးေဆာင္နိုင္စြမ္း မရွိဘူး ဆိုတဲ့ သတ္မွတ္ခ်က္ဟာလည္း ဒီသေဘာပဲ။ အေၾကာင္းမဲ့ ျဖစ္လာတာ မဟုတ္ဘူး။ မိန္းကေလးေတြဟာ တခုခုဆို မလုပ္ရဲ၊ မကိုင္ရဲ၊ မေျပာရဲ၊ မဆိုရဲ။ အစည္းအေဝးေတြမွာ ေဟာေဟာဒိုင္းဒိုင္း ေျပာေနၿပီဆို ၾကည့္လိုက္၊ ေယာက်ာ္းေလး ျဖစ္ေနတာမ်ားတယ္။ ကိုယ့္အျမင္ ကိုယ့္အေတြးကို ရဲရဲတင္းတင္း မထုတ္ေဖာ္ရဲၾကဘူး။ ဒီမွာတင္လားဆိုေတာ့ မဟုတ္ဘူး၊ ေဖ့စ္ဘြတ္ရဲ့ Chief Operation Officer ျဖစ္တဲ့ Sheryl Sandberg ကိုယ္တိုင္လည္း သူ႔စာအုပ္ထဲမွာ အဲဒီလိုေရးဖူးတယ္။ အစည္းအေဝးေတြမွာ မဲခြဲလို့ လက္ေထာင္ၾကရင္ေတာင္ ရဲရဲတင္းတင္း မေထာင္ရဲၾကဘူး တဲ့။ ဒါေတြေၾကာင့္ပဲ မိန္းကေလးဆိုတာ ဦးေဆာင္နိုင္စြမ္း မရွိဘူးဆိုတဲ့ သတ္မွတ္ခ်က္ေတြ ေပၚလာရတာ။


ဒါေၾကာင့္ အဲဒီသတ္မွတ္ခ်က္ေတြ ေပ်ာက္သြားခ်င္ရင္ တစ္ဖက္ကလည္း မိန္းကေလးဆိုတိုင္း ေခါင္းေဆာင္ မျဖစ္နိုင္ဘူးလို့ တရားေသ မသတ္မွတ္ၾကဖို့လိုသလို၊ ေခါင္းေဆာင္နိုင္စြမ္းရွိတဲ့ မိန္းကေလးေတြ ခပ္မ်ားမ်ား ေပၚလာဖို့လည္း လိုတယ္။ အဲဒါက ဒီသတ္မွတ္ခ်က္ေတြကို ဖ်က္ဆီးနိုင္တဲ့ အေကာင္းဆုံးလက္နက္ပဲ။


ေနရာမေပးခ်င္တာ နဲ႔ ယူနိုင္စြမ္းမရွိတာ ႏွစ္ခုေပါ့။ ဒီေတာ့ မေပးခ်င္တဲ့ေနရာကို ယူနိုင္စြမ္းရွိေၾကာင္း သက္ေသျပျခင္းနဲ႔ပဲ အရယူျပၾကရလိမ့္မယ္။


တကယ္ေတာ့ မိန္းကေလးေတြ ဘာလို့ အဲလိုျဖစ္ရလဲဆိုတာက သားနဲ႔သမီးကို မိဘက၊ ဆရာက၊ အသိုင္းအဝိုင္းက ဘယ္လိုျပဳစုပ်ိဳးေထာင္ခဲ့သလဲဆိုတာနဲ႔ အဓိကသက္ဆိုင္တယ္။ သားကိုေတာ့ လြတ္လြတ္လပ္လပ္ ေနေစတယ္၊ ရဲရဲတင္းတင္း ျဖစ္ေအာင္ ေလ့က်င့္ေပးတယ္၊ သမီးကိုေတာ့ ယဥ္ေက်းမွုတို့၊ အစဥ္အလာတို့ ေခါင္းစဥ္တပ္ၿပီး မိန္းကေလးဆိုတာ ဗိုင္းေကာင္းေက်ာက္ဖိေနရတယ္၊ အိမ္မွုကိစၥ နိုင္နင္းရတယ္၊ တခုခုဆို အနစ္နာခံရတယ္၊ ဒါမ်ိဳးေတြ ပုံသြင္းခဲ့တယ္။ အဲဒီအခါမွာ မိန္းကေလးေတြရဲ့ သတၱိ၊ ဆုံးျဖတ္နိုင္စြမ္း၊ ျပတ္သားမွု၊ ဒါေတြက အသားေသကုန္တယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ေပၚလာဖို့ဆိုရင္ မိန္းကေလးေတြကို ျပဳစုပ်ိဳးေထာင္တဲ့ပုံစံေတြ ေျပာင္းဖို့လိုတယ္။ မဟုတ္ရင္ အဲဒီထဲကေန ေဖာက္ထြက္နိုင္ဖို့ အေတာ္ႀကိဳးစားရမွာကိုး။


EQ ဆိုတာကို  စမိတ္ဆက္ခဲ့တဲ့ Daniel Goleman ကေတာ့ သူ႔ဘေလာ့ဂ္တစ္ခုမွာ ေရးထားတယ္။ အဖြဲ႕အစည္းအသီးသီးက အမ်ိဳးသား အမ်ိဳးသမီး ၅၅,၀၀၀ ကို ဆန္းစစ္ၾကည့္လိုက္တဲ့အခါ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ Soft skill ပိုင္းမွာ ပိုၿပီးသာလြန္တာကို ေတြ႕ရတယ္ တဲ့။ Soft skill ဆိုတာ ေရာ့ ဒါက ဒီလို ဆိုၿပီး သင္ေပးလိုက္လို့ မရတဲ့ ျပႆနာေျဖရွင္းျခင္း (Problem solving)၊ ပဋိပကၡကိုင္တြယ္ျခင္း (Conflict management)၊ ကိုယ္ခ်င္းစာစိတ္ (Empathy) နည္းျပျခင္းနဲ႔ လမ္းညႊန္ေပးျခင္း (Coaching &mentoring) ရည္မွန္းခ်က္ျပည့္ေျမာက္ေအာင္ အာ႐ုံစူးစိုက္ျခင္း (Focus on achieving goals) ဒါေတြပါတယ္။ အရွင္းဆုံးေျပာရရင္ EQ ပဲေပါ့။


ဒါကို ၾကည့္ၿပီး ေခါင္းေဆာင္ေနရာဆို မိန္းကေလးပဲေရြး လို့ ဆိုလိုတာေတာ့ မဟုတ္ဘူး။ ေခါင္းေဆာင္မွု အရည္အေသြးဟာ ေယာက်ာ္းရယ္ မိန္းမရယ္နဲ႔ မဆိုင္ဘဲ တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႔ ဆိုင္တယ္၊ ဘယ္သူမဆို ေလ့က်င့္ပ်ိဳးေထာင္လို့ ရနိုင္တယ္ဆိုတာကို သိေစခ်င္တာပါ။


ေခတ္က ေျပာင္းေနၿပီ။ ကမၻာမွာေရာ ကၽြန္ေတာ္တို့ဆီမွာပါ အမ်ိဳးသမီးေခါင္းေဆာင္ေတြ နယ္ပယ္အသီးသီးမွာ ရွိေနၿပီ။ ဒါေၾကာင့္ မိန္းမအုပ္ခ်ဳပ္ရင္ တိုင္းျပည္ဘာျဖစ္မယ္၊ မိန္းကေလးဆိုတာ ေခါင္းေဆာင္ေနရာနဲ႔ မသင့္ေတာ္ဘူး ဆိုတဲ့ ေရွးရိုးစြဲအျမင္ေတြ ထားခဲ့မွ ရေတာ့မယ္။


အဲဒီလို ေရွးရိုးစြဲအျမင္ေတြ၊ တရားေသအျမင္ေတြ ဆုပ္ကိုင္ထားတဲ့သူဟာ အကယ္၍မ်ား ေယာက်ာ္းတစ္ေယာက္ ျဖစ္ေနခဲ့မယ္ဆိုရင္ အိမ္ေထာင္ေရးအဆင္ေျပဖို့ မလြယ္ဘူး၊ လိုအပ္ခ်က္ေတြ မ်ားလာတဲ့ ေခတ္ႀကီးထဲမွာ မိသားစုတာဝန္ကို ကိုယ္တစ္ေယာက္တည္း ထမ္းေနရလိမ့္မယ္၊ ကိုယ့္သားသမီးေတြအတြက္ မိခင္ေကာင္းတစ္ေယာက္ကို လက္လြတ္သြားရလိမ့္မယ္။


အကယ္၍မ်ား ဝန္ထမ္းတစ္ေယာက္ ျဖစ္ေနခဲ့မယ္ဆိုရင္ မိန္းမတစ္ေယာက္ရဲ့လက္ေအာက္မွာ မလုပ္ခ်င္ဘူး ဆိုၿပီး အလုပ္မွာ မေပ်ာ္မရႊင္ ျဖစ္ေနရလိမ့္မယ္။


အကယ္၍မ်ား မိခင္တစ္ေယာက္ ျဖစ္ေနခဲ့မယ္ဆိုရင္ ကိုယ့္သမီးေလးရဲ့ အစြမ္းအစေတြဟာ အစဥ္အလာ သတ္မွတ္ခ်က္ေတြေအာက္မွာ ေပ်ာက္ဆုံးသြားရလိမ့္မယ္။ ရြယ္တူမိန္းကေလးခ်င္းမွာကို တစ္တန္း နိမ့္ေနလိမ့္မယ္။ ကိုယ့္သား ယူလာမယ့္ ထက္ထက္ျမက္ျမက္ ေခၽြးမနဲ႔လည္း အဆင္ေျပမယ္မဟုတ္ဘူး။


အကယ္၍မ်ား ျပည္သူအမ်ားစု ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ကိုယ့္တိုင္းျပည္အတြက္ တကယ္သင့္ေတာ္တဲ့ ေခါင္းေဆာင္ေကာင္းရဖို့ အခြင့္အလမ္း ၅၀%ကို ျငင္းပယ္လိုက္တာနဲ႔ တူေနပါလိမ့္မယ္။


ဒါေၾကာင့္ ျပန္ေျပာရရင္ ဒီေခတ္မွာ အားႏြဲ႕တယ္ဆိုတာ ပညာမတတ္တာကို ေခၚတာျဖစ္တယ္၊ ဒီေတာ့ အားႏြဲ႕သူက ေယာက်ာ္းလည္း ျဖစ္နိုင္တယ္၊ မိန္းမလည္း ျဖစ္နိုင္တယ္၊ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ပိုမ်ားလာဖို့အတြက္ဆိုရင္ ငယ္ငယ္ကတည္းက ျပဳစုပ်ိဳးေထာင္တဲ့ပုံစံေတြ ျပင္ဖို့လိုတယ္၊ ေခါင္းေဆာင္ေနရာအတြက္ စဥ္းစားတဲ့အခါ ေယာက်ာ္းရယ္ မိန္းမရယ္ မၾကည့္ဘဲ အရည္အခ်င္းရွိတဲ့သူကို ေနရာေပးနိုင္ဖို့ လိုတယ္၊ ေလးစားတတ္ဖို့ လိုတယ္။ ဒါပါပဲ။


ေဒါက္တာ ၿဖိဳးသီဟ

၁၄.၉.၂၀၁၆

Saturday, October 10, 2020

Facing Your Mid-career Crisis

 လမ်းခုလတ်မှာ အကျပ်အတည်းကို ရင်ဆိုင်ခြင်း မေးကြည့်ပါမယ် - ဆက်ထိန်းသင့်သလား၊ လက်လျှော့လိုက်ရမလား။ (စက်တင်ဘာလ 2020)




          တစ်ခါတစ်ရံ ကျနော်တို့တွေဟာ ကိုယ်ရွေးချယ်ခဲ့တဲ့အလုပ်၊ လမ်းကြောင်းမှားနေပြီလား၊ ဘယ်ဘက်ကို ပြန်ပြောင်းရင်ကောင်းမလဲစသဖြင့် စဉ်းစားတွေးတောမိတတ်ကြသလို၊ တစ်ခါတစ်ရံမှာ နောင်တရမိသလို ခံစားရတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စာရေးသူပါမောက္ခ Kieran Setiya က သူ့ရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး မိမိကိုယ်ကိုယ်စီမံခန့်ခွဲခြင်းကဏ္ဍမှာ ဒီဆောင်းပါးနဲ့ အကြံပြု၊ လႈံ႔ဆော်မှုပြုထားတာကို ဆီလျော်သလို ပြန်ဆို တင်ပြလိုက်ရပါတယ်။   


လွန်ခဲ့တဲ့ (၈)နှစ်လောက်တုန်းက 


          သူဟာ ဘာအပြောင်းအလဲမှ သိပ်မရှိလှတဲ့ ဝန်းကျင်မှာ နေခဲ့ပါလားဆိုတာကို သတိပြုမိခဲ့ပါတယ်။ သူဟာဘယ်သူလဲ။ အထင်ကရတက္ကသိုလ်တစ်ခုရဲ့ အမြဲတမ်းရာထူးတစ်နေရာမှာ ခန့်အပ်ခြင်းခံထားရတဲ့ Philosophy ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ သူ့မှာ အရင်အိပ်မက် မက်ထားတဲ့အလုပ်တွေ လည်းရှိခဲ့မှာပါ။ အခက်အခဲကြားထဲက စာအုပ်တွေထုတ်ဝေနိုင်မှု (သို့)လွဲခဲ့မှုတွေ၊ လုပ်သက်လေးရအောင်၊ ရာထူးတိုးခံရအောင်ကြိုးစားရင်း စိတ်ဖိစီးမှုတွေနဲ့ ဒီလိုဘွဲ့တွေပေးတဲ့တက္ကသိုလ်ကနေပဲ တစ်ဆင့်တစ်ဆင့်တက်လှမ်းဖြတ်သန်းခဲ့ရပါတယ်။ သူ့မှာ ဇနီး၊ ကလေးတစ်ယောက်နဲ့ အငှားစနစ်နဲ့ ဝယ်ယူထားတဲ့ အိမ်တစ်လုံးရှိပါတယ်။ တကယ်တော့ သူ့ရဲ့အလုပ်ကို သူမြတ်နိုးပါတယ်။ ဒီလိုနဲ့ပဲ အနာဂတ်မျှော်လင့်ချက်တွေနဲ့ တစ်ပတ်ကနေ တစ်ပတ်၊ တစ်လကနေ တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်နဲ့ ကြိုးစားလာလိုက်တာ၊ အသက်ကလေးရဲ့ရလာ ငယ်ရွယ်သူလို သွက်လက်ဖြတ်လတ်မှုတွေ နည်းလာကာ၊ လေးလံထိုင်းမှိုင်းလာတဲ့အထိဖြစ်ပါတယ်။ သူရေးလက်စ စာတမ်းလည်း ပြီးလို့ မကြာမီမှာ ထုတ်ဝေနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီတစ်အုပ်ပြီးရင် နောက်ထပ်တစ်အုပ်ဆက်ရေးဦးမှာပါ။ ဒီတစ်သုတ် တက်နေတဲ့ကျောင်းသားတွေကိုလည်း စာသင်ရဦးမယ်။ သူတို့လေးတွေလည်း တဖြည်းဖြည်းနဲ့ ပညာတွေတတ်၊ ဘွဲ့တွေရနဲ့ အမိတက္ကသိုလ်ကနေ ထွက်ခွာသွားကြတော့မှာ။ နောက်ထပ်ကျောင်းသားအသစ်တွေလည်း ထပ်ရောက်ကြ၊ ပညာရပ်တွေ လေ့လာဆည်းပူးကြဦးမှာပါ။ ဒါကြောင့် သူ့ရဲ့အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်က သူ့ကို ဥမင်တစ်ခုထဲမှာ ဆွဲဆန့်ထားသလိုဖြစ်နေပါတယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ လုပ်သက် သက်တမ်းထက်ဝက်ဖြစ်တဲ့ လမ်းခုလတ်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်လာရခြင်းပဲဖြစ်ပါတော့တယ်။ 


          ဒီလိုဖြစ်တာဟာ သူတစ်ယောက်တည်းလားလို့ မေးပြန်တော့လည်း၊ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုလည်း များမကြာမီမှာ သိလာရပါတယ်။ သူ့ရဲ့ အတိဒုက္ခကို သူငယ်ချင်းအပေါင်းအသင်းတွေကို ပြောပြတော့ ဝိုင်းဟားတာ ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဒါဟာ မီးခိုးကဲ့သို့ လွင့်ပယ်ပပျောက်သွားပြီး၊ အောင်မြင်တယ်လို့ ထင်ရတဲ့ ဘဝထဲမှာနောင်တတရား တွေနဲ့ ကျန်နေခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်ပုံပြင်တွေကို လက်ထပ်သင်ကြားပေးခဲ့တဲ့ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ကြားရတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုနေရသလို ဖြစ်နေပါလိမ့်မယ်။ များမ ကြာမီကာလက သုတေသနအများအပြားပြုလုပ်ချက်တွေက သက်လတ်ပိုင်း (ပျမ်းမျှအားဖြင့်) တွေဟာ လူ့ဘဝသက်တမ်းမှာ အခက်အခဲဆုံးသော ကာလဖြစ်တယ်လို့ အခိုင်အမာပြဆိုနေကြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက စီးပွားရေးပညာရှင် David Blanchflower နဲ့ Andrew Oswald တို့က ဘဝမှာကျေနပ်စရာတွေနဲ့ပါလို့ မိမိသဘောဆန္ဒနဲ့ ဖွင့်ဟဝန်ခံမှုမှာ အညွှန်း ကိန်းတွေဟာ တဖြည်းဖြည်းနဲ့ “U” ပုံသဏ္ဍာန်ကွေးသွားတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဆန်းစစ်ချက်ရဲ့ ဆိုလိုရင်းက လူငယ်ဘဝမှာကျေနပ်မှု မြင့်မားတာနဲ့ စတင်ခဲ့ကြတာများပါတယ်။ အသက် (၄၀)လောက်မှာ မကျေနပ်ချင်တော့လို့ အညွှန်းကိန်းက အောက်ဖက်ကို ထိုင်ဆင်းလာခြင်းဖြစ်ပြီး၊ အဲဒီအသက်ထက်ပိုကြီးလာတဲ့အခါ ကျေနပ်မှုအညွှန်းကိန်းကပြန်တက်လာတဲ့ သဘောတရားကို ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီပုံသဏ္ဍာန်က ကမ္ဘာနဲ့အဝှမ်း အမျိုးသမီးရော၊ အမျိုးသားအပေါ်မှာပါ သက်ရောက်မှု၊ အတော်ကြီးပါတယ်။ ဒီ “U” ပုံသဏ္ဍာန်အကွေးလေးဟာ အခြားသောအ ကြောင်းအရာတွေကြောင့် အပြောင်းအလဲ အနည်းငယ်ဖြစ်စေနိုင်ပေမယ့် (ဥပမာ - သားသမီးရလို့ မိဘအဖြစ်ရောက်ရှိလာလို့ ကျေနပ်နေခြင်း)၊ ဒီ သဘောတရား ပုံသဏ္ဍာန်အတိုင်း ဆက်ရှိနေဦးမှာပါ။ အကွေးလေးကတော့ ညင်ညင်သာသာလေးသာ ကွေးသွားပေမယ့် ထင်ထင်ရှားရှားပြနေဦးမှာဖြစ်ပါတယ်။ ပျမ်းမျှအား အသက် (၂၀) နဲ့ အသက် (၄၅)လောက်အကြား၊ ကျေနပ်မှုကွာဟချက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလုပ်ဖြုတ်ခံရလို့ (သို့) အိမ်ထောက်ကွဲခြင်းတို့ကြောင့် ကျေနပ်မှုတွေ ကျဆင်းသွားတာနဲ့ ဆက်စပ်မှုရှိနေပါတယ်။ 


          အစောပိုင်းတုန်းက အလုပ်နဲ့ပတ်သက်တဲ့ သုတေသနပြုချက်တွေအရ ဘဝမှာကျေနပ်မှုရှိတယ်ဆိုတဲ့ အချက်အလက်တွေဟာ အပြောင်းအလဲမရှိဘဲ တစ်သမတ်တည်းဖြစ်နေပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက ဗြိတိသျှ အလုပ်သမား (၅၀၀၀) ဦးကို ဆန်းစစ်မှုတွေ့ရှိချက်စာတမ်းအပေါ် အခြေခံချက်အရ အလုပ်အပေါ် ကျေနပ်မှု “U” ပုံသဏ္ဍာန်ဟာ ညင်ညင်သာသာလေး ကွေးသွားတယ်ဆိုပေမယ့် အသက် (၃၉)နှစ်လောက်မှာ အနိမ့်ဆုံးဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ စိတ်ကိုခွဲခြမ်းစိတ်ဖြာလေ့လာသူ Elliot Jaques က ၁၉၆၅ခုနှစ်လောက်မှာ “Midlife crisis” လို့ဆိုပြီး စကား လုံးအသစ်ထွင်ပြောခဲ့ပါတယ်။ ၎င်းက လူလတ်ပိုင်းမှာ အိမ်ထောင်တစ်ခုထက်ပိုတဲ့ အရှုပ်အထွေးနဲ့ ရင်ဆိုင်နေရတဲ့ ဝ္လေနာသည်တွေကိုပဲ ရည်ညွှန်းတာမဟုတ်တဲ့အပြင် Michelangelo ကနေ Gauguin တို့လို ပန်းချီ၊ ပန်းပုပညာရှင်တွေရဲ့ အနုပညာဖန်တီးတဲ့ဘဝတွေမှာတောင် သိသိသာသာကြီး အပြောင်းအလဲတွေဖြစ်ခဲ့ကြပါတယ်လို့ ထောက်ပြညွှန်းဆိုထား ပါတယ်။ ၎င်းတို့ဟာ ယခင်တွေးထားခဲ့တဲ့ အလုပ်တွေ၊ လုပ်ချင်ခဲ့တဲ့အလုပ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ခံစားခဲ့ရလို့ပဲဖြစ်ပါတယ်။


          “Mid-career crisis” ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ သေသေချာချာနားမလည်နိုင်ဖြစ်နေပါတယ်။ ဘာကြောင့်များ လုပ်သက်လမ်းခုလတ်မှာ အလုပ်အပေါ်ကျေနပ်မှုတွေကို ထိခိုက်လာရပါသလဲ။ သူ့ရဲ့ အတွေ့ အကြုံ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောဆိုကြည့်ခြင်းအားဖြင့်၊ အချက်အလက်ပေါင်းစုံရလာခဲ့ပါတယ်၊ အချက်အလက်တူရာစုပြီး ချုံ့လိုက်ခြင်း၊ ရှောင်လွှဲလို့မရတဲ့ နောက်တတရား၊ နောက်ပိုင်းမှာ အစားထိုးမှုတွေ ပြုလုပ်ခဲ့ရပြီးနောက်မှာ ပြီးမြောက်အောင်မြင်သွားတဲ့ ခက်ခဲတဲ့ စီမံကိန်းတွေ စတာတွေကို ချိန်ဆခဲ့ခြင်းဖြစ်ပါတယ်။ 


          တစ်ဖန် အကူအညီအထောက်အပံ့ရဖို့အတွက် အတွေးအခေါ်ပိုင်းဆိုင်ရာပညာရပ်ရှုထောင့်က ကြည့်ရပါမယ်။ ကျွန်ုပ်တို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စိတ်ဓာတ်ကို ဘယ်လိုပုံဖော်သလဲဆိုတာကို ခေတ်ဟောင်းရော ခေတ်သစ်မှာရှိကြတဲ့ တွေးခေါ်ပညာရှင်တွေက ပေးတဲ့ စဉ်းစားစရာတွေ၊ ရှုထောင့်အမျိုးမျိုးရှိနေတော့ အတိအကျပြောဖို့ ခက်နေပါတယ်။ ဒီအချက် တွေက ကုထုံးတွေဖြစ်တဲ့အပြင် ရောဂါရှာဖွေရာမှာလည်း အထာက်အကူ ဖြစ်စေမှာပါ။ ဒါတွေရပြီဆိုရင် သင့်ကို လုပ်သက်လမ်းခုလတ်မှာ စိတ်ပျက်စရာတွေဖြစ်နေလား၊ သင်လုပ်နေတဲ့အလုပ်ကနေ အပြောင်းအလဲလုပ်ဖို့ လိုမလား၊ ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို သိရှိနိုင်ဖို့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်လိုက်ပြီး အပြောင်းအလဲလုပ်လိုက်ခြင်းက ကောင်းတာတွေဖြစ်လာနိုင်ပေမယ့် အမြဲတမ်းအလုပ်ဖြစ်မှာ မဟုတ်ပါ။ သင်ရောက်သင့်တဲ့နေရာမှာနေနေရသည့်တိုင်အောင် စိတ်ပျက်စရာကောင်းတာနဲ့ နောင်တရနေတာကို ကုသရာမှာ အထောက်အကူပြုနိုင် ပါတယ်။


ပြီးခဲ့တဲ့ အတိတ်အတွက် နောင်တများ


          အတွေးအခေါ်အယူအဆပညာရပ်ဘက်က ထိုးထွင်းသိမြင်လာရတာက ပြောင်းလဲလို့မရတော့တာကို လက်ခံရတာဟာ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ ဘဝက တဖြည်းဖြည်းနဲ့ မှိန်လာတယ်၊ ကျဆင်းလာတဲ့ သဘောတော့ရှိပေမယ့် ဆက်သွားနေရတာပဲလေ၊  ရွေးချယ်စရာတွေကလည်း အကန့်အသတ်နဲ့ဖြစ်လာပြီ၊ အတိတ်က ဆုံးဖြတ်ချက်တွေကလည်း အရည်ပျော်ကျလာပြီ။ ကျနော်တို့ ဘယ်လောက်အထိ ဆက်လုပ်နိုင်ဦးမှာလဲဆိုပြီး လျော့တွက်ခဲ့တဲ့တိုင်အောင် ကိုယ်ရွေးချယ်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ ရလဒ္ တွေကိုလည်း ရှောင်လွှဲလို့ မရနိုင်တော့ဘူးပေါ့။ လုပ်သက် သက်တမ်းဝက် ရောက်တဲ့အခါ မကြာခဏဆိုသလိုပဲ ကိုယ်မနေဖူးတဲ့ ဘဝတွေနဲ့ပတ်သက်တာကို အထင်ကြီးပြီး၊ လွတ်သွားရကောင်းလားဆိုပြီး၊ နာကျဉ်မှုတွေကို ခံစားရတတ်ပါတယ်။ 


          စာရေးသူပါမောက္ခ Kieran Setiya ရဲ့အကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သူဟာ သူ့အဖေလိုပဲ ဆရာဝန်ဖြစ်ချင်ခဲ့တာပါ။ ကဗျာဆရာတစ်ယောက်ဖြစ်ဖို့လည်း စိတ်ကူးယဉ်ခဲ့တာပဲ။ ကောလိပ်ရောက်တော့ philosophy ဘာသာရပ်ကို သူရွေးချယ်ခဲ့တယ်။ နောင် (၁၅)နှစ်၊ အနှစ် (၂၀)ကြာသည့်တိုင်အောင် အပြောင်းအလဲတွေနဲ့ ပတ်သက်တာ မစဉ်းစား မိခဲ့ဘူး။ သင်တို့တွေအတွက် ခက်ကောင်း၊ ခက်နိုင်သော်လည်း သူအဖို့ရာ အလွယ်တကူပဲ သူရွေးချယ်ခဲ့တဲ့ ပညာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ အသက် (၃၅)နှစ်လောက်ရောက်တော့ ပညာရေးဆိုင်ရာပြေးလမ်းမှာ အတားအဆီးတွေကို ခုန်ပျံကျော်လွှားရင်း၊ ခဏအပန်းဖြေ၊ အသက်ပြင်းပြင်းလေးရှူနေစဉ် သူလုပ်ချင်ခဲ့တာတွေကို ဘာတစ်ခုမှ မလုပ်ခဲ့မိပါလားလို့ သတိပြုမိခဲ့ပါတယ်။ ပညာရေးမှာ လုပ်ကိုင်နေခြင်းဟာ မထူးဆန်းတဲ့ အစီအစဉ်အတိုင်း လုပ်ကိုင်နေရပေမယ့် စွန့်လွှတ်ဖို့ခက်ခဲပါတယ်။ ဘယ်သူများ အလွယ်တကူ လုပ်သက်ကို စွန့်လွှတ်နိုင်မှာလဲ။ တကယ်ဆိုတော့ ဆေးကျောင်းလျှောက်မယ်၊ ကဗျာဆရာလုပ်မယ်ဆိုပြီး ဂီယာပြောင်းထိုးတော့မယ်ဆိုတာလည်း မဖြစ်နိုင်တော့ပါ။ သူက University of Pittsburgh ကနေ MIT ကို ပြောင်းကောင်းပြောင်းနိုင်သော်လည်း၊ ပညာရေးလောကကနေထွက်ဖြစ်မှာ မဟုတ်တော့ဘူးပေါ့။


          သင့်ရဲ့အတိတ်က အသက်မွေးဝမ်းကျောင်းမှုပုံသဏ္ဍာန်က ရှုပ်ထွေးမှုကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။ ကံကြမ္မာပဲပေါ့။ ပျမ်းမျှခြင်းအားဖြင့် အသက် (၄၀)နှစ်အရွယ်မှာ အလုပ်ပမာဏဟာ ကျယ်ပြန့်နေလောက်ပါပြီ။ အတွေ့အကြုံတွေများနေပြီ၊ ကျွမ်းကျင်တာတွေလည်း များနေပြီပေါ့။ သို့သော် အခြေခံအချက်တွေကတော့ ကျန်နေပါသေးတယ်။ ကျနော်တို့ ကိုယ့်ဘဝနောက်ကြောင်းပြန်ခေါ်ကြည့်လိုက်တဲ့အခါ တစ်ခါတရံ သက်သောင့်သက်သာရှိပေမယ့် အချို့အချိန်တွေမှာ နောင်တရနေတတ်ပါတယ်။ ကိုယ်မလျှောက်ခဲ့ရတဲ့လမ်းတွေအတွက် လိုချင်တောင်းတနေလို့ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ philosophy က ကျနော်တို့ကို ကူညီနိုင်မလား။


          ဖြစ်နိုင်တယ်လို့ သူထင်ပါတယ်။ ဒီနောင်တဆိုတဲ့ ပြဿနာကို အခြားနည်းနဲ့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ကျနော်တို့ မလုပ်ကိုင်ခဲ့တဲ့ အလုပ်တွေ၊ မဖြတ်သန်းခဲ့တဲ့ ဘဝတွေနဲ့ပတ်သက်လို့ ဆုံးရှုံးတယ်လို့ ဘာကြောင့်များ ခံစားနေကြရတာလဲ။ အခြေအနေကောင်းနေသည့်တိုင်အောင် ဒီလိုပဲဖြစ်နေကြတာပဲ၊ ဘာလို့လဲဆိုတော့ မတူတဲ့ရွေးချယ်မှုတွေမှာ မတူတဲ့တန်ဖိုးတွေရှိနေတာကို သိကြလို့ပဲဖြစ်ပါတယ်။ ထိုက်တန်တဲ့လုပ်ဆောင်မှုတွေဟာ သူ့နည်းနဲ့သူတော့ ကျေနပ်စရာတွေဖြစ်နေမှာပါ။ ရိုးရိုးလေးဥပမာပေးကြည့်မယ်ဆိုရင် - ယနေ့ညမှာ ပြဇာတ်ပွဲသွားကြည့်မလား၊ ဒါမှမဟုတ် ကမ္ဘာအဆင့်ပထမဦးဆုံး အားကစားပွဲစဉ်တွေကို သွားကြည့်မှာလား။ baseball နဲ့ပတ်သက်လို့ သင်ကောင်းကောင်းသိထားတယ်ဆိုရင် နည်းနည်းလေးလွတ်သွားတာဟာ သင့်အတွက် ဘာမှမဖြစ်လောက်ဘူးလို့ ဆိုရမှာပါ၊ ဒါဆိုသင့်ရဲ့ ဆုံးဖြတ်ချက်မှန်တယ်လို့ ပြောရမှာပေါ့။ အကယ်၍ ပြဇာတ်ဆိုတာ တစ်ညတည်းပြတာဆိုရင် အဲဒီညသွားမကြည့်ဖြစ်ခဲ့ရင် ဇာတ်ပွဲက ပြကွက်တွေ အကုန်လွတ်သွားမှာဖြစ်ပါတယ်။ အသက်မွေးမှု အလုပ်လုပ်တာဟာလည်း ဒီလိုဖြစ်စဉ်သဘောတရားတွေပဲဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုက ရာထူးအဆင့်တူတဲ့အလုပ်ကို တစ်ပြိုင်နက်တည်း ခေါ်ခဲ့မယ်ဆိုရင် သင်က လစာပေးများတဲ့ ကုမ္ပဏီကို ရွေးချယ်ခဲ့မှာပဲ။ ဒါဆို သင်ဝမ်းနည်းစရာမလိုဘူးပေါ့။ သို့သော် သင့်ရွေးချယ်မှုက မှန်ကန်နေ သည့်တိုင်အောင် ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ အလုပ်ကနေ ဖက်ရှင်ဘက်ကို ပြောင်းရွေးချယ်မယ်ဆိုရင် အတွေ့အကြုံတွေဆုံးရှုံးမှုဖြစ်မှာကတော့ အသေအချာပါ။ 


          အဲဒီနောင်တတရားက အရာရာတိုင်းမှားယွင်းတာလို့ ညွှန်းဆိုတာတော့ မဟုတ်ပါ။ ရလာတဲ့ ရလဒ္က အဖူးအပွင့်တွေနဲ့ ဝေဝေဆာဆာဖြစ်နေသည့်တိုင်အောင် နောင်တဆိုတာကရှိနေဦးမှာပါ။ သင်တန်ဖိုးထားတဲ့ လှုပ်ရှားမှုတိုင်းမှာ နောင်တဆိုတာက ဆက်ပြနေဦးမှာပါ။ ဘဏ္ဍာရေးလုပ်ငန်းနယ်ထဲသွားမယ့်အစား ဖက်ရှင်ဘက်ကို လိုက်မယ်ဆိုရင် အာရုံစိုက်ရမှာတွေက မတူပေမယ့် အတွေ့အကြုံဆိုတာတွေက သူနယ်ပယ်နဲ့ သူရနေမှာဖြစ်ပါတယ်။ ဒီနောင်တဆိုတာကို ဘယ်လိုဖယ်ရှားရမလဲ။ လုံးလုံးလျားလျားဖယ်ရှားနိုင်မယ့် တစ်ခုတည်းသောနည်းက - တစ်ခုခုရွေးထုတ် ပြီး အဲဒီတစ်ခု၊ နည်းတစ်နည်းအပေါ်မှာပဲ အာရုံစိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ အဲဒီတစ်ခုဟာ သင့်ဘဝကို ဆင်းရဲမှုဖြစ်ကောင်း ဖြစ်စေနိုင်ပါမယ်။ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့က ကောင်းဖို့ဖြစ်လာတာ၊ ထိုက်တန်တာ ဖြစ်လာတာလို႔သာ မှတ်ရမှာဖြစ်ပါတယ်။


အမှားတွေ၊ ကံဆိုးတာ၊ ရှုံးနိမ့်တာတွေ


          အားလုံးတော့ ကောင်းနေတာပဲလို့ သင်ပြောကောင်း ပြောပါလိမ့်မယ်။ ဒါပေမဲ့ တချို့ဟာတွေက အဆင်မပြေဘူး။ ဒါဆို ဘာမှားနေလဲ၊ ကံဆိုးတာလား၊ တကယ်ပဲ ကျရှုံးတာလား။ အလုပ်လုပ်ကြသူတိုင်း၊ အလုပ်တိုင်းမှာ အမြဲမှန်နေတာမှမရှိဘဲ မှားတဲ့အခါတွေလည်းရှိပါရဲ့။ တချို့ကျတော့ ပိုမှားတာ၊ အမှားများတာတွေတော့ရှိကြမှာပေါ့။ လုပ်သက်သက်တမ်းဝက်မှာ ကိုယ့်ကိုယ်ကိုယ်သိလာရတာက ဖြစ်သင့်တာတွေအတွက် ဝမ်းနည်းစရာ တွေပါပဲလားဆိုတာပါ။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကဆို အလားအလာရှိနေတဲ့ ဂီတနဲ့ အသက်မွေးဝမ်းကျောင်းမှုကို စွန့်လွှတ်ပြီး corporate lawyer အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ (၁၀)နှစ်ကြာတဲ့အခါ မကျေမချမ်း ဖြစ်ပြီး သူမရဲ့ အလုပ်ဟာ ပျင်းစရာကောင်းတယ်ဆိုတာ သိလာရပါတယ်။ ဒီအချိန်ကျမှတော့ ဒီလမ်းကြောင်းပေါ်ကနေ ပြန်ပြောင်းဖို့ စူးစမ်းမှုနဲ့ အရင်တုန်းကသာ ပြောင်းခဲ့ရင်ကောင်းသားဆိုတဲ့ ခြောက်လှန့်မှုတွေရှိနေမှာတော့ အမှန်ပဲဖြစ်ပါတယ်။ ဘာကြောင့်များ ဂီတကို စွန့်လွှတ်တဲ့ အမှားတွေလုပ်ခဲ့တာလဲ။ အဲဒါနဲ့ ဘယ်လောက်များ ငြိမ်းချမ်းနေလိုက်မလဲ။


          အတွေးအခေါ်ဘက်က ထပ်ကြည့်ပါမယ်။ ဘာလုပ်သင့်ခဲ့သလဲဆိုတာ (သို့) အဲဒီအချိန်တုန်းက လိုလိုလားလားရှိနေခဲ့တဲ့အရာကို အခုအချိန်မှာ ဘယ်လိုမြင်သလဲဆိုတာ ကွဲကွဲပြားပြားသိအောင်ကြည့်ပါ။ အဖြစ်အပျက်တွေဟာ မှန်းထားသလိုဆက်မဖြစ်တဲ့အခါ ဒီနှစ်ခုဟာ သိသိသာသာကြီး ကွဲပြားလာလိမ့်မယ်။ အကယ်၍ ရူးသွပ်တဲ့ မြှုပ်နှံမှုတွေလုပ်ခဲ့ပေမယ့် အကျိုးအမြတ်တွေရခဲ့မယ်ဆိုရင် ဒီအပေါ်မှာ နောင်တဆိုတာ မထားသင့်ဘူးပေါ့။ သို့သော် အခြေအနေပြောင်းသွားလို့ စိတ်ခံစားချက်ပြောင်းတာကတော့ အံ့ဩစရာမဟုတ်ပါ။ Moral philosopher ဖြစ်တဲ့ Derek Parfit က ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ဘဝမတည်ငြိမ်ဖြစ်စေနိုင်စေကာမူ၊ ကိုယ်ဝန်ဆောင်မယ်၊ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့ စိတ်ကူးနဲ့ တွေးတောပုံဖော်ကြည့်လိုက်ပါတယ်။ ဒီလိုဆုံးဖြတ်ခြင်းဟာ သူမရဲ့ ပညာရေးကို တိုတောင်းပြတ်တောက်နိုင်ပါတယ်၊ ကလေးကို မွေးမြူဖို့ အများကြီးရုန်းကန်ရမှာဖြစ်လို့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ထင်မြင်ယူဆပါတယ်။ သို့သော်လည်း နှစ်တွေများစွာကြာလာပြီးတဲ့နောက်မှာ သူမရဲ့ ဆယ်ကျော်သက်အရွယ်သားလေးကို ပွေ့ဖက်ထားချိန်မှာ ကလေးအတွက် ဂုဏ်ယူနေမယ်၊ သူမလုပ်ခဲ့တဲ့ အမှားဆိုတဲ့အရာအတွက် ဓမ္မဓိဌာန်ကျစွာပဲ ဝမ်းမြောက်ဝမ်းသာဖြစ်နေမှာပါ။ သင်ချစ်ခင်မြတ်နိုးသူနဲ့သာ နေနေရမယ်ဆိုရင် အတိတ်မှာဖြစ်ခဲ့တာတွေအပေါ်မှာ အခိုင်အမာရပ်တည်ပြီး နောင်တဆိုတာမရှိနိုင်ဘူးပေါ့။   


          ဂီတနဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းမှုကို လက်လွတ်လိုက်ရတဲ့အပေါ် ဝမ်းနည်းနောင်တရနေတဲ့ သူငယ်ချင်းကို - သူမသာ ဥပဒေ ကျောင်းကို မရောက်ခဲ့ရင် လက်ရှိချစ်ရတဲ့ ခင်ပွန်းနဲ့လည်း ဆုံရမှာမဟုတ်ဘူး၊ သမီးဆိုတာလည်း ရှိလာမှာမဟုတ်ကြောင်း၊ ပြန်ပြောင်းအမှတ်ရစေခဲ့ပါတယ်။ ချစ်ခင်မှု၊ မြတ်နိုးမှုတွေဟာ နောင်တတရားကို တန်ပြန်ပြီး၊ ကျား ကန်ပေးနိုင်မယ့် အလေးတုံး၊ တန်ဖိုးပဲဖြစ်ပါတယ်။ ဒါကြောင့် သူဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရာကနေ စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာကနေ ကောက်သင်းကောက်သလို အချက်အလက်တွေစုဆောင်းကာ၊ ပြီးပြည့်စုံအောင် လေ့လာဆန်းစစ်မှုတွေကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အတွေးအခေါ်ပညာရှင် Robert Adams က “အကယ်၍သာ ကျွန်ုပ်တို့ရဲ့ဘဝဟာ ကောင်းမွန်နေပြီဆိုရင် ပိုကောင်းအောင်နေမယ်ဆိုတာထက် ဝမ်းမြောက်ပျော်ရွှင်နေတတ်ကြပါတယ်။ ဒါပေမဲ့ မတူဘူးပေါ့။” လို့ ရေးသားခဲ့ပါတယ်။ 


          မပြတ်မသား မပီဝိုးတဝါးအချက်အလက်တွေ၊ စိတ်ကူးတွေနဲ့မဟုတ်ဘဲ အတိအကျပြောရရင် သင်က အလုပ်အကိုင်မှာ တော်တော်ကြီးအောင် မြင်နေမယ်ဆိုပါစို့။ သင်လျှောက်လှမ်းခဲ့တဲ့လမ်းကြောင်းဟာ ခိုင်မာတယ်၊  သင့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဟာ အမှန်တကယ်ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ လူတွေနဲ့ တွဲဖက်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ဒီလူတစ်ယောက်နဲ့ အပြန်အလှန်ပေါင်းသင်းဆက်ဆံမှု၊ အပေးအယူမျှတမှု၊ အခြား သူတွေနဲ့ မရနိုင်တာ၊ ဒီလူနဲ့ပဲရတယ်၊ သူနဲ့လုပ်လို့ပဲ အောင်မြင်တယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ စာရေးသူက philosopher မဖြစ်ဘဲ သမားတော်ဖြစ်ခဲ့သင့်တယ်လို့ သူ့ကိုယ်သူစဉ်းစားမိတိုင်း၊ သူရွေးချယ်ခဲ့မှုအပေါ် နောင်တတွေရနေခဲ့ပါတယ်။ ဒါဆို ကျောင်းသားတွေ အောင်မြင်တိုးတက်သွားတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောင်မြင်တဲ့ပြောဆိုဆွေးနွေးမှုတွေ၊ အောင်မြင်တဲ့တင်ပြမှုတွေဟာ လျှောက်လှမ်းခဲ့တဲ့လမ်းတွေမှာ ရေတွက်လို့ မရနိုင်တဲ့ထင်ရှားတဲ့လုပ်ဆောင်ချက်တွေ၊ တန်ဖိုးတွေပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေကို နောင်တရပါတယ်ဆိုရင် သူ့အလုပ်ရဲ့ ညက်ညောမှု၊ အဖိုးတန်တဲ့ရလဒ္တွေကို လျစ်လျှူရှုသလိုဖြစ်သွားပါလိမ့်မယ်။ ဒါဟာအမှန်ပါပဲ။ ကိုယ်မရခဲ့တဲ့ ကြီးကျယ်ပါတယ်ဆိုတဲ့ ကာတွန်းဆန်တဲ့ဘဝကို ဆန့်ကျင် လိုက်ရမှာဖြစ်ပါတယ်။


          ဒါဟာ အလုပ်မှာ ကန့်သတ်မှုတွေရှိနေတဲ့အခါ ပြန်လည်စဉ်းစားတဲ့ နည်းလမ်းဖြစ်ပါတယ်။ အမှားတိုင်းကို နောက်ပြန်ဆွဲဖို့ (သို့) နောင်တဆိုတာ မရှိရအောင် အာမခံလို့တော့ မရဘူးပေါ့။ သင်ရွေးချယ်လိုက်တဲ့အလုပ်ပေါ် မူတည်ပြီး လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေ၊ ဆက်ဆံရတဲ့လူတွေ၊ ဒါတွေအပေါ်စွဲညှိနှစ်မြှုပ်ထားရမှာဖြစ်ပြီး အဲဒီကနေထွက်လိုက်ရင်တော့ လုပ်စရာမလိုတော့ဘူး၊ ဒါပေမဲ့ နောင်တဆိုတာကို ခလုတ်ဖွင့်လိုက်သလို ဖြစ်လာနိုင်ပါတယ်။ 


လက်ရှိဘဝကို ငြီးငွေ့နေပြီ


          ခွက်ကို ချထားသကဲ့သို့ “U” ပုံသဏ္ဍာန်အကွေးလေးဖြစ်နေတာနဲ့  ထိပ်တိုက်ရင်ဆိုင်အငြင်းပွားမနေတော့ဘဲ ပြောင်းလဲလို့ မရတာကို လက်ခံဖို့ပဲရှိပါတယ်။ စာရေးသူအတွက် လုပ်သက်လမ်းခုလတ်မှာ စိတ်ပျက်စရာကိုဖြစ်စေတဲ့ အနက်နဲဆုံးသော အရင်းအမြစ်က ဘာဖြစ်မလဲ။ အတိတ်နဲ့ ပတ်သက်တဲ့ နောင်တတရားမဟုတ်ဘဲ ပစ္စုပ္ပန်မှာ အချည်းအနှီးဖြစ်တယ်လို့ ခံစားရမှာကိုပဲဖြစ်ပါတယ်။ သူ့အလုပ်ကတော့ ထိုက်တန်နေသေးတယ်လို့ ထင်ရပါတယ် - သင်ကြားမှုတွေ၊ သုတေသနပြုချက်တွေ၊ စာအုပ်ရေးသားမှုတွေမှာ ရလဒ္တွေကို မြင်နေရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့မှာပြို ကျပျက်စီးသွားမယ့် ဟောင်းလောင်းဖြစ်နေတဲ့ စီမံကိန်းအစီအစဉ်တွေ လိုဖြစ်နေပါတယ်။ တစ်ခုပြီး တစ်ခုလုပ်မယ်လို့ မျှော်လင့်ရပေမယ့် နောက် ဆုံးမှာ အငြိမ်းစားယူသည့်တိုင် တစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်တယ်လို့ ခံစားရပါတယ်။


          ကြည့်ရတာတော့ ဘာမှမရှိဘူးဆိုပေမယ့် ထိုက်တန်အောင် ဘယ်လိုလုပ်နိုင်မလဲ။ လိုအပ်တာတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ အဖြေသိထားပြီး ဖြစ်အောင် လုပ်ထားမယ် (သို့) ပြဿနာဖြေရှင်းလိုက်လို့ ရလဒ္ကောင်းလာတယ် စသဖြင့်ကောင်းအောင်ပြုပြင်ပြီး တန်ဖိုးတက်အောင်လုပ်ပါလို့ ပထမရှင်းလင်းချက်က ညွှန်းဆိုပါတယ်။ အလုပ်တွေက ဒီလိုတွေပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေအကြား ပရိပက္ခဖြစ်နေစဉ်မှာ ကြားကဖြန်ဖြေပေးရတဲ့အခါမျိုးတွေမှာ ထုတ်ကုန်ကနေ မမျှော်လင့်ဘဲ ချို့ယွင်းမှုတွေဖြစ်လာတာကို ဖြေရှင်းပေးရတဲ့အချိန်မျိုးတွေမှာ စည်းကမ်းသတ်မှတ်ချက်နဲ့ ညီပါတယ်ဆိုပြီး မိမိကိုယ်ကိုသေချာနေပါစေ။ ဒါတွေလိုအပ်ပါသော်လည်း၊ ကောင်းအောင်တော့ လုပ်ပေးလိုက်တာပဲ၊ ကျေနပ်မှု၊ မကျေနပ်မှုဆိုတာ ကန့်သတ်ချက်တွေရှိတော့ ပြောမရဘူးပေါ့။ အကောင်းဆုံးလုပ်နိုင်တာက အမှားကို ပြုပြင်၊ ပစ်မှတ်ကို ထိအောင်လုပ် (သို့) မမှားအောင် ကာကွယ်တားဆီး၊ အကောင်းမြင်ကြီးပဲ မလုပ်ဖို့ စတာတွေပဲဖြစ်ပါတယ်။ ဘာလို့အပင်ပန်းခံနေ မလဲ။ 


          Mid-career crisis အတွက် အကြောင်းပြချက်တစ်ခုက အလုပ်ပြုတ်မှာကြောက်လို့၊ ရလဒ္မကောင်းမှာ စိုးလို့ အလုပ်ထဲမှာအချိန်တွေအများကြီးသုံးနေခဲ့ကြခြင်းပဲဖြစ်ပါတယ်။ တကယ်ဆိုတော့ ရပ်တည်နိုင်လောက်မယ့် အခြေအနေရှိတဲ့ အလုပ်စီမံကိန်းတွေ၊ ကိုယ်နဲ့ ထိုက်တန်တဲ့အလုပ်တွေကိုသာ လုပ်ကိုင်သင့်ကြပါတယ်။ ဖြေရှင်းနည်းကတော့ ရုံး ခန်းထဲမှာဖြစ်နေပါစေ၊ ကိုယ့်အတွက် စိတ်ခံစားချက်ကောင်းတဲ့ လုပ်ဆောင်မှုတွေနဲ့ အချိန်ကုန်နေရမယ်ဆိုရင် ဥပမာအားဖြင့် နှစ်အကြာကြီး ရပ်ထားတဲ့ အိမ်မွေးတိရိစ္ဆာန်မွေးတာပြန်စမယ်၊ ကိုယ်နှစ်သက်တဲ့ ဝါသနာကို ပြန်လည်သက်ဝင်နိုးကြားလာအောင် (သို့) နောက်ထပ်ဝါသနာအသစ်ကို အကောင်အထည်ဖော်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီအကြံဟာ သာမန်လို့ ထင်ရပေမယ့် တော်တော်နက်နဲမှုရှိပါတယ်။ Salsa dancing ဆိုခေါ်တဲ့ လက်တင်အက ကတာ၊ တံဆိပ်ခေါင်းစုတာတွေဟာ သင့်အလုပ်ထက်ပိုပြီး အရေးမကြီးဘူးဆိုတာဖြစ်ရပါမယ်၊ ဒါပေမဲ့ ရပ်တည်ဖို့အတွက် လုပ်ရမယ့်အရာတွေကိုတော့ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့က အနှစ်သာရဖြစ်ပါတယ်။ ဒါဆိုရင် သင့်ဘဝမှာ ထိုထိုသော သာယာမှုတွေအတွက် အခန်းတွေ လုပ်ထားရမှာဖြစ်ပါတယ်။  


          Mid-career လိုကာလမှာ “ဘာမှမရှိပါလား” ဆိုတဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်လို့ ဒုတိယရှင်းလင်းချက်မှာ - ကိုယ်ရပ်တည်ဖို့ လိုအပ်တာထက် ပိုလိုချင်တဲ့ စိတ်ကြောင့် ဒီလိုစိတ်ခံစားရတာပါလို့ ရှင်းလင်းတင်ပြထားပါတယ်။ ဒါကို အတွေးအခေါ်ပညာရပ်ဆန်စွာနဲ့ ကြည့်လိုက်မယ်ဆိုရင် အလုပ်တွေရဲ့ သဘောသဘာဝနဲ့ အဲဒီအပေါ် ဘယ်လောက်အထိမြှုပ်နှံထား တာလဲ စတဲ့အဆင့်ဆင့်သောဖြစ်စဉ်တွေကို - စာရွက်အဆင့်ကနေ အကောင်အထည်ဖော်တဲ့အဆင့်တက်လာမယ်၊ ပွဲစား၊ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းရတဲ့အဆင့် (သို့) ထုတ်ကုန်ကနေ ပုံစံရုပ်လုံးပေါ်လာတဲ့အဆင့် စတာတွေကို ထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ အလုပ်ဆိုတာ သူ့သက်ဆိုင်ရာအလိုက် ပြီးမြောက်ဖို့ ပန်းတိုင်တွေ၊ ရည်ရွယ်ချက်တွေ သတ်မှတ်ထားကြရပါတယ်။ ဥပမာ - စာစီစာကုံးရေးမယ်လို့ ရည်ရွယ်ချက်ထား အာရုံပြုထားတယ်ဆိုရင် ရေးလို့တော့ မပြီးသေးပေမယ့် ပြီးမယ့်အချိန်လေးကို စဉ်းစားကြည့်လိုက်မိတတ်ပါတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် ပြီးမယ့်အချိန်၊ အောင်မြင်မယ့်အချိန်ကို မှန်းကြည့်တတ်ကြတာ လူ့သဘာဝပါ။ ကျေနပ်မှုဆိုတာ အတိတ်မှာရော အနာဂတ်မှာပါရှိနေတတ်ပြီး၊ လက်ရှိကာလမှာ ဘာမှမရှိဘူးဆိုတာ အံ့ဩစရာတော့မဟုတ်ဘူးပေါ့။ သင့်အတွက် အဓိပ္ပာယ်အနှစ်သာရ အကျိုးရှိမယ့် အလုပ်တစ်ခုကို ပြီးစီးဖို့ ကြန့်ကြာနေမယ်၊ နောက်ပြီး ဒီအလုပ်နဲ့ပါ အဆက်ဖြတ်ခံရမယ်ဆိုရင်တော့ ဒါဟာ အဆိုးဆုံးပဲပေါ့။ အလုပ်တစ်ခု၊ စီမံကိန်းတစ်ခုရဖို့အတွက် လိုက်နေချိန်မှာ အောင်မြင်သွားတာလည်းရှိသလို လက်လွှတ်လိုက်တာလည်းရှိရာ အဲဒါတွေက သင့်ရဲ့ဘဝကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။


          Mid-career crisis ရဲ့နောက်ပုံစံတစ်မျိုးကတော့ စီမံကိန်းတွေအပေါ် အလွန်အကျွံမြှုပ်နှံပြီး၊ နောက်ထပ်ပြီး၊ နောက်ထပ်အောင်မြင်မှုတွေအတွက် မှန်းထားတတ်ကြခြင်းပဲဖြစ်ပါတယ်။ ဒါဟာ နောက်ထပ်လမ်းကြောင်း လည်းဖြစ်နိုင်ပါတယ်။ သတိရှိနေရမယ်ဆိုတာ ယနေ့ခေတ်လိုအခါမျိုးမှာ ဖက်ရှင်လိုဖြစ်နေပါပြီ။ ပစ္စုပ္ပန်မှာ နေနေတယ်ဆိုတာကို မမေ့အောင် ဂါထာမန်းမှုတ်နေရမှာဖြစ်ပါတယ်။ သူဟာ စာနာတတ်သူ မဟုတ်ပါ။ တစ်ဦးတည်း ရပ်တည်လို့မရဘူးဆိုတော့ ထင်ရှားတာ ဘာကျန်ဦးမှာလဲ။ ပစ္စုပ္ပန်မှာ နေတယ်၊ ဘာမှထူးဆန်းတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိနေရမှာ ဖြစ်ပါတယ်။


          အဓိကသော့ချက်က ကျွန်ုပ်တို့နဲ့ပတ်သက်နေတဲ့ လှုပ်ရှားမှုနှစ်မျိုးကို ခွဲခြားသိမြင်အောင်လုပ်ခြင်းဖြစ်ပါတယ်။ စီမံချက်တွေ၊ စီမံကိန်းတွေဆိုတာဟာ ဦးတည်ချက်၊ ရည်ရွယ်ချက်ပန်းတိုင်တွေနဲ့ လှုပ်ရှားလုပ်ကိုင်ဆောင် ရွက်ကြရတာဖြစ်ပါတယ်။ လမ်းခုလတ်မှာ မအောင်မြင်သေးဘူးနော်၊ ဒါပေမဲ့ ခရီးလမ်းဆုံး၊ ပန်းတိုင်ကို ဖော်ပြထားရပါတယ်။ အောင်မြင်မှုတွေရပြီ၊ ကျေနပ်ပြီဆိုရင် စီမံချက်ကို အဆုံးသတ်၊ နောက်ထပ်စီမံချက်အသစ်ကို ရွှေ့ကြရမှာ ဖြစ်ပါတယ်။   


          နောက်လှုပ်ရှားမှုတစ်မျိုးမှာတော့ လမ်းဆုံးပန်းတိုင်က တွဲ၍ပါမလာပါ။  “အိမ်ပြန်နေတယ်” နဲ့ “အညောင်းအညာပြေလမ်း လျှောက်နေတယ်”၊    “ကလေးသိပ်နေတယ်” နဲ့ “ကလေးကို အုပ်ထိန်းတယ်” စတဲ့ မတူကွဲပြား တာကို စဉ်းစားကြည့်ပါ။ သင်ဟာ ပစ်မှတ်သတ်မှတ်ထားခြင်းမရှိတဲ့အလုပ်ကို လုပ်နေရတယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုဖြစ်မှာ မဟုတ်သလို၊ ဘာမှမရှိပါလားဆိုတဲ့ စိတ်ခံစားချက်လည်း ပေါ်လာမှာ မဟုတ်ပါ။ ပစ်မှတ်မပါတဲ့အလုပ်တွေက လက်ရှိပစ္စုပ္ပန်ကို တည့်တည့်ရှုရတဲ့သဘောရှိပါတယ်။ 


          လုပ်ငန်းခွင်မှာ ဦးတည်ချက်နဲ့ ပစ်မှတ်ထားလုပ်ရတဲ့အလုပ်တွေရှိသလို၊ ပစ်မှတ်မထားဘဲ အလုပ်တွေလည်း လုပ်နေရတာလည်းရှိပါတယ်။  ဥပမာ - HR report ပြင်ဆင်မယ်ဆိုရင် ရည်ရွယ်ချက်၊ ဦးတည်ချက်ရှိရမှာဖြစ်ပြီး၊ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ တုန့်ပြန်မှု၊ ထင်မြင်ချက်တောင်းတယ်ဆိုရင် ရည်ရွယ်ချက်ကြီးကြီးမားမားတွေချမှတ်နေစရာမလိုဘူးပေါ့။ ဦးတည်ချက်တွေချ၊ ပန်းတိုင်တွေချပြီးလုပ်တော့မယ်ဆိုရင် အဓိပ္ပာယ်ရှိ အနှစ်သာရပြည့်ဝနေဖို့ လိုပါတယ်။ ညှိနှိုင်းနေရတဲ့အလုပ်တွေမှာဆို ကုမ္ပဏီကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့၊ ညီလာခံတစ်ခုကို လက်ခံကျင်းပနေတယ်ဆိုရင် အကျိုးဆိုင်သူတွေနဲ့ ရင်းနှီးမှု၊ အဆက်အသွယ်အချိတ်အဆက်မိဖို့ စတဲ့ ဦးတည်ချက်၊ ပန်းတိုင်တွေရှိနေရမှာဖြစ်ပါတယ်။ ဒါဆို သင့်မှာ ရွေးချယ်စရာရှိနေပြီပဲ။ သတ်မှတ်ချက်တွေနဲ့ စီစဉ်ထားတဲ့ စီမံကိန်းပဲဖြစ်ဖြစ်၊ လုပ်လက်စ လုပ်ရိုးလုပ်စဉ်လုပ်ငန်းစဉ်ပဲဖြစ်ဖြစ်၊ တစ်ခုမဟုတ်တစ်ခုကိုတော့ အာရုံစိုက်လုပ်နေရမှာဖြစ်ပါတယ်။ သင့်ရဲ့ ဦးတည်ရာဟာ စီမံကိန်းနဲ့ လုပ်ရတဲ့အလုပ်တွေနည်းအောင် ရည်ရွယ်ထားတယ်ဆိုရင် အပြောင်းအလဲလုပ်ဖို့ မလိုဘဲ (သို့) သင်ဘယ်လောက်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်သလဲ အပေါ်မူတည်ပြီး ချိန်ညှိမှုတွေလုပ်ခြင်းအားဖြင့် လက်ရှိအချိန်မှာ ဘာမှမရှိပါလားဆိုတဲ့ စိတ်ခံစားချက်ကို အနိုင်ယူနိုင်မှာဖြစ်ပါတယ်။ 


          စစ်ဆေးတဲ့မေးခွန်းဆီပြန်သွားကြရအောင်။ Mid-career နဲ့ပတ်သက်တဲ့ စိတ်ပျက်စရာတွေက ဘယ်အချိန်မှာ ပြောင်းလဲဖို့ အချက်ပြပါသလဲ၊ အပြောင်းအလဲကို ဆန့်ကျင်မယ်ဆိုရင် ဘယ်လိုထင်မလဲ၊ ဘယ်လိုခံစားရမလဲ။ သင့်ရဲ့ အရည်အချင်းက အလုပ်နဲ့ကိုက်ညီမှုမရှိလို့ (သို့) သင့်ရဲ့   စိတ်ဝင်စားတဲ့အရာပြောင်းလဲသွားလို့ (သို့) နောင်မှာ ရာထူးတိုးနိုင်မယ့် အလားအလာနည်းလို့ စတာတွေကြောင့် သင့်ကို မကျေနပ်မှုတွေဖြစ်လာစေနိုင်ပါတယ်။ သင့်ရဲ့ ကျေနပ်မှုမရှိခြင်းဟာ နောင်တဆိုတဲ့ ခလုတ်ကို ဖွင့်လိုက်သလို၊ စီမံကိန်းတွေကို ကိုယ့်သဘောနဲ့ ကိုယ်ရပ်ဆိုင်းလိုက်တာတွေ၊ ဦးတည်ရာမဲ့ နောက်ထပ်အလုပ်သစ်ရှာတာတွေ ဖြစ်လာနိုင်ပါတယ်။ စာရေးသူက သူရှာဖွေထားတဲ့အကြောင်းအရာတစ်ခုကို သတ်မှတ်နိုင်ဖို့ အ ဆင့်ကို ဗျူဟာချဆောင်ရွက်ခဲ့ပါတယ်။ ဒီဗျူဟာတွေက အကန့်အသတ်ဖြစ်နေတဲ့ သင့်ရဲ့အသက်မွေးဝမ်းကျောင်းမှုကို ပြန်လည်သင့်မြတ်အောင် လုပ်ပေးနိုင်လောက်ပါ့မလား။ အကယ်၍ မလုပ်ပေးနိုင်ဘူးဆိုရင် လမ်းကြောင်းပြောင်းဖို့ပဲ ဆွေးနွေးရတော့မှာပေါ့။ လုပ်သက် သက်တမ်းဝက်က သိပ်အနောက်ကျကြီးတော့ မဟုတ်ပါ။ Mid-career crisis ကို အခြေခံ ကျကျလှုံ့ဆော်မှုတွေ လုပ်နိုင်ပြီး၊ ပြောင်းလဲမှုတွေကို မျက်မြင္ဒိ႒ဖြစ်အောင် လုပ်နိုင်ပါတယ်။


          သင် ရုတ်တရက်ပြောင်းပစ်ရတော့မယ်ဆိုရင် ဗျူဟာလိုပါမယ်၊ မမေ့သင့်ပါ။ စာရေးသူလည်း သူ့ရဲ့ စိတ်ပျက်စရာလုပ်ငန်းခွင်ဘဝကနေ ပြန်လည်နိုးထပြီး၊ အလုပ်မှာပျော်ရွှင်စွာ ဆက်လက်လုပ်ကိုင်နိုင်ဖို့ ဒီလိုပဲဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ သတိလက်လွတ်ဖြစ်တတ်တာက ရှောင်လွှဲဖို့ ကြိုးစားချင်တယ်၊ ဒါပေမဲ့ မရဘူးဆိုတာကို သိထားရပါမယ်။ ချိတ်ဆက်၊ တွဲဆက်လိုက်ခြင်းက နောင်တကို ပြန်လည်၍ချိန်ခွင်လျှာချိန်ညှိလိုက်သလိုဖြစ်မယ်ဆိုတာကို နားလည်ထားရမှာဖြစ်ပါတယ်။ စီမံကိန်းတွေ (သို့) ထုတ်ကုန်တွေကို တန်ဖိုးတက်လာဖို့ချည်းမဟုတ်ဘဲ လုပ်နည်းကိုပါ တန်ဖိုးတက်လာအောင် ထိုက်တန်တဲ့လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ ချန်ထားပါဦးလို့ အားပေးရင်း၊ ဆီလျော်သလိုပြန်ဆိုမျှဝေအပ်ပါတယ်။


Reference:  


Kieran Setiya, a professor in the Department of Linguistics and Philosophy at MIT (2017). Facing Your Mid-career Crisis. Princeton University Press, Harvard Business Review.


(Zawgyi)

လမ္းခုလတ္မွာ အက်ပ္အတည္းကို ရင္ဆိုင္ျခင္း ေမးၾကည့္ပါမယ္ - ဆက္ထိန္းသင့္သလား၊ လက္ေလွ်ာ့လိုက္ရမလား။ (စက္တင္ဘာလ 2020)




          တစ္ခါတစ္ရံ က်ေနာ္တို႔ေတြဟာ ကိုယ္ေ႐ြးခ်ယ္ခဲ့တဲ့အလုပ္၊ လမ္းေၾကာင္းမွားေနၿပီလား၊ ဘယ္ဘက္ကို ျပန္ေျပာင္းရင္ေကာင္းမလဲစသျဖင့္ စဥ္းစားေတြးေတာမိတတ္ၾကသလို၊ တစ္ခါတစ္ရံမွာ ေနာင္တရမိသလို ခံစားရတတ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ စာေရးသူပါေမာကၡ Kieran Setiya က သူ႔ရဲ႕ အေတြ႕အႀကဳံအေပၚ အေျခခံၿပီး မိမိကိုယ္ကိုယ္စီမံခန႔္ခြဲျခင္းက႑မွာ ဒီေဆာင္းပါးနဲ႔ အႀကံျပဳ၊ လႈံ႔ေဆာ္မႈျပဳထားတာကို ဆီေလ်ာ္သလို ျပန္ဆို တင္ျပလိုက္ရပါတယ္။   


လြန္ခဲ့တဲ့ (၈)ႏွစ္ေလာက္တုန္းက 


          သူဟာ ဘာအေျပာင္းအလဲမွ သိပ္မရွိလွတဲ့ ဝန္းက်င္မွာ ေနခဲ့ပါလားဆိုတာကို သတိျပဳမိခဲ့ပါတယ္။ သူဟာဘယ္သူလဲ။ အထင္ကရတကၠသိုလ္တစ္ခုရဲ႕ အၿမဲတမ္းရာထူးတစ္ေနရာမွာ ခန႔္အပ္ျခင္းခံထားရတဲ့ Philosophy ပါေမာကၡတစ္ဦးျဖစ္ပါတယ္။ သူ႔မွာ အရင္အိပ္မက္ မက္ထားတဲ့အလုပ္ေတြ လည္းရွိခဲ့မွာပါ။ အခက္အခဲၾကားထဲက စာအုပ္ေတြထုတ္ေဝႏိုင္မႈ (သို႔)လြဲခဲ့မႈေတြ၊ လုပ္သက္ေလးရေအာင္၊ ရာထူးတိုးခံရေအာင္ႀကိဳးစားရင္း စိတ္ဖိစီးမႈေတြနဲ႔ ဒီလိုဘြဲ႕ေတြေပးတဲ့တကၠသိုလ္ကေနပဲ တစ္ဆင့္တစ္ဆင့္တက္လွမ္းျဖတ္သန္းခဲ့ရပါတယ္။ သူ႔မွာ ဇနီး၊ ကေလးတစ္ေယာက္နဲ႔ အငွားစနစ္နဲ႔ ဝယ္ယူထားတဲ့ အိမ္တစ္လုံးရွိပါတယ္။ တကယ္ေတာ့ သူ႔ရဲ႕အလုပ္ကို သူျမတ္ႏိုးပါတယ္။ ဒီလိုနဲ႔ပဲ အနာဂတ္ေမွ်ာ္လင့္ခ်က္ေတြနဲ႔ တစ္ပတ္ကေန တစ္ပတ္၊ တစ္လကေန တစ္လ၊ တစ္ႏွစ္ၿပီး တစ္ႏွစ္နဲ႔ ႀကိဳးစားလာလိုက္တာ၊ အသက္ကေလးရဲ႕ရလာ ငယ္႐ြယ္သူလို သြက္လက္ျဖတ္လတ္မႈေတြ နည္းလာကာ၊ ေလးလံထိုင္းမႈိင္းလာတဲ့အထိျဖစ္ပါတယ္။ သူေရးလက္စ စာတမ္းလည္း ၿပီးလို႔ မၾကာမီမွာ ထုတ္ေဝႏိုင္ေတာ့မွာျဖစ္ပါတယ္။ အဲဒီတစ္အုပ္ၿပီးရင္ ေနာက္ထပ္တစ္အုပ္ဆက္ေရးဦးမွာပါ။ ဒီတစ္သုတ္ တက္ေနတဲ့ေက်ာင္းသားေတြကိုလည္း စာသင္ရဦးမယ္။ သူတို႔ေလးေတြလည္း တျဖည္းျဖည္းနဲ႔ ပညာေတြတတ္၊ ဘြဲ႕ေတြရနဲ႔ အမိတကၠသိုလ္ကေန ထြက္ခြာသြားၾကေတာ့မွာ။ ေနာက္ထပ္ေက်ာင္းသားအသစ္ေတြလည္း ထပ္ေရာက္ၾက၊ ပညာရပ္ေတြ ေလ့လာဆည္းပူးၾကဦးမွာပါ။ ဒါေၾကာင့္ သူ႔ရဲ႕အသက္ေမြးဝမ္းေက်ာင္းတဲ့ အလုပ္က သူ႔ကို ဥမင္တစ္ခုထဲမွာ ဆြဲဆန႔္ထားသလိုျဖစ္ေနပါတယ္။ ဒီလိုနဲ႔ပဲ သူ႔ရဲ႕ လုပ္သက္ သက္တမ္းထက္ဝက္ျဖစ္တဲ့ လမ္းခုလတ္မွာ အက်ပ္အတည္းနဲ႔ ရင္ဆိုင္လာရျခင္းပဲျဖစ္ပါေတာ့တယ္။ 


          ဒီလိုျဖစ္တာဟာ သူတစ္ေယာက္တည္းလားလို႔ ေမးျပန္ေတာ့လည္း၊ သူတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကိုလည္း မ်ားမၾကာမီမွာ သိလာရပါတယ္။ သူ႔ရဲ႕ အတိဒုကၡကို သူငယ္ခ်င္းအေပါင္းအသင္းေတြကို ေျပာျပေတာ့ ဝိုင္းဟားတာ ခံခဲ့ရပါေသးတယ္။ ဒါေပမဲ့ ဒါဟာ မီးခိုးကဲ့သို႔ လြင့္ပယ္ပေပ်ာက္သြားၿပီး၊ ေအာင္ျမင္တယ္လို႔ ထင္ရတဲ့ ဘဝထဲမွာေနာင္တတရား ေတြနဲ႔ က်န္ေနခဲ့ရပါတယ္။ ဒီလိုအျဖစ္အပ်က္ပုံျပင္ေတြကို လက္ထပ္သင္ၾကားေပးခဲ့တဲ့ ဆရာသမားေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန ၾကားရတတ္ပါတယ္။ သင္ကိုယ္တိုင္လည္း ဒီလိုေနရသလို ျဖစ္ေနပါလိမ့္မယ္။ မ်ားမ ၾကာမီကာလက သုေတသနအမ်ားအျပားျပဳလုပ္ခ်က္ေတြက သက္လတ္ပိုင္း (ပ်မ္းမွ်အားျဖင့္) ေတြဟာ လူ႔ဘဝသက္တမ္းမွာ အခက္အခဲဆုံးေသာ ကာလျဖစ္တယ္လို႔ အခိုင္အမာျပဆိုေနၾကပါတယ္။ ၂၀၀၈ ခုႏွစ္တုန္းက စီးပြားေရးပညာရွင္ David Blanchflower နဲ႔ Andrew Oswald တို႔က ဘဝမွာေက်နပ္စရာေတြနဲ႔ပါလို႔ မိမိသေဘာဆႏၵနဲ႔ ဖြင့္ဟဝန္ခံမႈမွာ အၫႊန္း ကိန္းေတြဟာ တျဖည္းျဖည္းနဲ႔ “U” ပုံသ႑ာန္ေကြးသြားတာကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ ဆန္းစစ္ခ်က္ရဲ႕ ဆိုလိုရင္းက လူငယ္ဘဝမွာေက်နပ္မႈ ျမင့္မားတာနဲ႔ စတင္ခဲ့ၾကတာမ်ားပါတယ္။ အသက္ (၄၀)ေလာက္မွာ မေက်နပ္ခ်င္ေတာ့လို႔ အၫႊန္းကိန္းက ေအာက္ဖက္ကို ထိုင္ဆင္းလာျခင္းျဖစ္ၿပီး၊ အဲဒီအသက္ထက္ပိုႀကီးလာတဲ့အခါ ေက်နပ္မႈအၫႊန္းကိန္းကျပန္တက္လာတဲ့ သေဘာတရားကို ရွာေဖြေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္။ ဒီပုံသ႑ာန္က ကမာၻနဲ႔အဝွမ္း အမ်ိဳးသမီးေရာ၊ အမ်ိဳးသားအေပၚမွာပါ သက္ေရာက္မႈ၊ အေတာ္ႀကီးပါတယ္။ ဒီ “U” ပုံသ႑ာန္အေကြးေလးဟာ အျခားေသာအ ေၾကာင္းအရာေတြေၾကာင့္ အေျပာင္းအလဲ အနည္းငယ္ျဖစ္ေစႏိုင္ေပမယ့္ (ဥပမာ - သားသမီးရလို႔ မိဘအျဖစ္ေရာက္ရွိလာလို႔ ေက်နပ္ေနျခင္း)၊ ဒီ သေဘာတရား ပုံသ႑ာန္အတိုင္း ဆက္ရွိေနဦးမွာပါ။ အေကြးေလးကေတာ့ ညင္ညင္သာသာေလးသာ ေကြးသြားေပမယ့္ ထင္ထင္ရွားရွားျပေနဦးမွာျဖစ္ပါတယ္။ ပ်မ္းမွ်အား အသက္ (၂၀) နဲ႔ အသက္ (၄၅)ေလာက္အၾကား၊ ေက်နပ္မႈကြာဟခ်က္ေတြကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ အလုပ္ျဖဳတ္ခံရလို႔ (သို႔) အိမ္ေထာက္ကြဲျခင္းတို႔ေၾကာင့္ ေက်နပ္မႈေတြ က်ဆင္းသြားတာနဲ႔ ဆက္စပ္မႈရွိေနပါတယ္။ 


          အေစာပိုင္းတုန္းက အလုပ္နဲ႔ပတ္သက္တဲ့ သုေတသနျပဳခ်က္ေတြအရ ဘဝမွာေက်နပ္မႈရွိတယ္ဆိုတဲ့ အခ်က္အလက္ေတြဟာ အေျပာင္းအလဲမရွိဘဲ တစ္သမတ္တည္းျဖစ္ေနပါတယ္။ ၁၉၉၆ ခုႏွစ္တုန္းက ၿဗိတိသွ် အလုပ္သမား (၅၀၀၀) ဦးကို ဆန္းစစ္မႈေတြ႕ရွိခ်က္စာတမ္းအေပၚ အေျခခံခ်က္အရ အလုပ္အေပၚ ေက်နပ္မႈ “U” ပုံသ႑ာန္ဟာ ညင္ညင္သာသာေလး ေကြးသြားတယ္ဆိုေပမယ့္ အသက္ (၃၉)ႏွစ္ေလာက္မွာ အနိမ့္ဆုံးျဖစ္ေနတာကို ေတြ႕ရတတ္ပါတယ္။ စိတ္ကိုခြဲျခမ္းစိတ္ျဖာေလ့လာသူ Elliot Jaques က ၁၉၆၅ခုႏွစ္ေလာက္မွာ “Midlife crisis” လို႔ဆိုၿပီး စကား လုံးအသစ္ထြင္ေျပာခဲ့ပါတယ္။ ၎က လူလတ္ပိုင္းမွာ အိမ္ေထာင္တစ္ခုထက္ပိုတဲ့ အရႈပ္အေထြးနဲ႔ ရင္ဆိုင္ေနရတဲ့ ေဝႅနာသည္ေတြကိုပဲ ရည္ၫႊန္းတာမဟုတ္တဲ့အျပင္ Michelangelo ကေန Gauguin တို႔လို ပန္းခ်ီ၊ ပန္းပုပညာရွင္ေတြရဲ႕ အႏုပညာဖန္တီးတဲ့ဘဝေတြမွာေတာင္ သိသိသာသာႀကီး အေျပာင္းအလဲေတြျဖစ္ခဲ့ၾကပါတယ္လို႔ ေထာက္ျပၫႊန္းဆိုထား ပါတယ္။ ၎တို႔ဟာ ယခင္ေတြးထားခဲ့တဲ့ အလုပ္ေတြ၊ လုပ္ခ်င္ခဲ့တဲ့အလုပ္ေတြကို အေကာင္အထည္မေဖာ္ႏိုင္ခဲ့ဘူးလို႔ ခံစားခဲ့ရလို႔ပဲျဖစ္ပါတယ္။


          “Mid-career crisis” ျဖစ္ရတဲ့ အေၾကာင္းအရင္းကိုေတာ့ ေသေသခ်ာခ်ာနားမလည္ႏိုင္ျဖစ္ေနပါတယ္။ ဘာေၾကာင့္မ်ား လုပ္သက္လမ္းခုလတ္မွာ အလုပ္အေပၚေက်နပ္မႈေတြကို ထိခိုက္လာရပါသလဲ။ သူ႔ရဲ႕ အေတြ႕ အႀကဳံ၊ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ စကားေျပာဆိုၾကည့္ျခင္းအားျဖင့္၊ အခ်က္အလက္ေပါင္းစုံရလာခဲ့ပါတယ္၊ အခ်က္အလက္တူရာစုၿပီး ခ်ဳံ႕လိုက္ျခင္း၊ ေရွာင္လႊဲလို႔မရတဲ့ ေနာက္တတရား၊ ေနာက္ပိုင္းမွာ အစားထိုးမႈေတြ ျပဳလုပ္ခဲ့ရၿပီးေနာက္မွာ ၿပီးေျမာက္ေအာင္ျမင္သြားတဲ့ ခက္ခဲတဲ့ စီမံကိန္းေတြ စတာေတြကို ခ်ိန္ဆခဲ့ျခင္းျဖစ္ပါတယ္။ 


          တစ္ဖန္ အကူအညီအေထာက္အပံ့ရဖို႔အတြက္ အေတြးအေခၚပိုင္းဆိုင္ရာပညာရပ္ရႈေထာင့္က ၾကည့္ရပါမယ္။ ကြၽႏ္ုပ္တို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ စိတ္ဓာတ္ကို ဘယ္လိုပုံေဖာ္သလဲဆိုတာကို ေခတ္ေဟာင္းေရာ ေခတ္သစ္မွာရွိၾကတဲ့ ေတြးေခၚပညာရွင္ေတြက ေပးတဲ့ စဥ္းစားစရာေတြ၊ ရႈေထာင့္အမ်ိဳးမ်ိဳးရွိေနေတာ့ အတိအက်ေျပာဖို႔ ခက္ေနပါတယ္။ ဒီအခ်က္ ေတြက ကုထုံးေတြျဖစ္တဲ့အျပင္ ေရာဂါရွာေဖြရာမွာလည္း အထာက္အကူ ျဖစ္ေစမွာပါ။ ဒါေတြရၿပီဆိုရင္ သင့္ကို လုပ္သက္လမ္းခုလတ္မွာ စိတ္ပ်က္စရာေတြျဖစ္ေနလား၊ သင္လုပ္ေနတဲ့အလုပ္ကေန အေျပာင္းအလဲလုပ္ဖို႔ လိုမလား၊ ဘယ္လိုေျပာင္းလဲရမလဲဆိုတာေတြကို သိရွိႏိုင္ဖို႔ အကူအညီေပးႏိုင္မွာျဖစ္ပါတယ္။ လုပ္ေနတဲ့အလုပ္ကို ရပ္လိုက္ၿပီး အေျပာင္းအလဲလုပ္လိုက္ျခင္းက ေကာင္းတာေတြျဖစ္လာႏိုင္ေပမယ့္ အၿမဲတမ္းအလုပ္ျဖစ္မွာ မဟုတ္ပါ။ သင္ေရာက္သင့္တဲ့ေနရာမွာေနေနရသည့္တိုင္ေအာင္ စိတ္ပ်က္စရာေကာင္းတာနဲ႔ ေနာင္တရေနတာကို ကုသရာမွာ အေထာက္အကူျပဳႏိုင္ ပါတယ္။


ၿပီးခဲ့တဲ့ အတိတ္အတြက္ ေနာင္တမ်ား


          အေတြးအေခၚအယူအဆပညာရပ္ဘက္က ထိုးထြင္းသိျမင္လာရတာက ေျပာင္းလဲလို႔မရေတာ့တာကို လက္ခံရတာဟာ စိန္ေခၚမႈပဲျဖစ္ပါတယ္။ ဘဝက တျဖည္းျဖည္းနဲ႔ မွိန္လာတယ္၊ က်ဆင္းလာတဲ့ သေဘာေတာ့ရွိေပမယ့္ ဆက္သြားေနရတာပဲေလ၊  ေ႐ြးခ်ယ္စရာေတြကလည္း အကန႔္အသတ္နဲ႔ျဖစ္လာၿပီ၊ အတိတ္က ဆုံးျဖတ္ခ်က္ေတြကလည္း အရည္ေပ်ာ္က်လာၿပီ။ က်ေနာ္တို႔ ဘယ္ေလာက္အထိ ဆက္လုပ္ႏိုင္ဦးမွာလဲဆိုၿပီး ေလ်ာ့တြက္ခဲ့တဲ့တိုင္ေအာင္ ကိုယ္ေ႐ြးခ်ယ္ခဲ့တာေတြနဲ႔ ပတ္သက္တဲ့ ရလဒ္ ေတြကိုလည္း ေရွာင္လႊဲလို႔ မရႏိုင္ေတာ့ဘူးေပါ့။ လုပ္သက္ သက္တမ္းဝက္ ေရာက္တဲ့အခါ မၾကာခဏဆိုသလိုပဲ ကိုယ္မေနဖူးတဲ့ ဘဝေတြနဲ႔ပတ္သက္တာကို အထင္ႀကီးၿပီး၊ လြတ္သြားရေကာင္းလားဆိုၿပီး၊ နာက်ဥ္မႈေတြကို ခံစားရတတ္ပါတယ္။ 


          စာေရးသူပါေမာကၡ Kieran Setiya ရဲ႕အေၾကာင္းကို ျပန္ၾကည့္မယ္ဆိုရင္ သူဟာ သူ႔အေဖလိုပဲ ဆရာဝန္ျဖစ္ခ်င္ခဲ့တာပါ။ ကဗ်ာဆရာတစ္ေယာက္ျဖစ္ဖို႔လည္း စိတ္ကူးယဥ္ခဲ့တာပဲ။ ေကာလိပ္ေရာက္ေတာ့ philosophy ဘာသာရပ္ကို သူေ႐ြးခ်ယ္ခဲ့တယ္။ ေနာင္ (၁၅)ႏွစ္၊ အႏွစ္ (၂၀)ၾကာသည့္တိုင္ေအာင္ အေျပာင္းအလဲေတြနဲ႔ ပတ္သက္တာ မစဥ္းစား မိခဲ့ဘူး။ သင္တို႔ေတြအတြက္ ခက္ေကာင္း၊ ခက္ႏိုင္ေသာ္လည္း သူအဖို႔ရာ အလြယ္တကူပဲ သူေ႐ြးခ်ယ္ခဲ့တဲ့ ပညာရပ္နဲ႔ ဘြဲ႕ရခဲ့ပါတယ္။ အသက္ (၃၅)ႏွစ္ေလာက္ေရာက္ေတာ့ ပညာေရးဆိုင္ရာေျပးလမ္းမွာ အတားအဆီးေတြကို ခုန္ပ်ံေက်ာ္လႊားရင္း၊ ခဏအပန္းေျဖ၊ အသက္ျပင္းျပင္းေလးရႉေနစဥ္ သူလုပ္ခ်င္ခဲ့တာေတြကို ဘာတစ္ခုမွ မလုပ္ခဲ့မိပါလားလို႔ သတိျပဳမိခဲ့ပါတယ္။ ပညာေရးမွာ လုပ္ကိုင္ေနျခင္းဟာ မထူးဆန္းတဲ့ အစီအစဥ္အတိုင္း လုပ္ကိုင္ေနရေပမယ့္ စြန႔္လႊတ္ဖို႔ခက္ခဲပါတယ္။ ဘယ္သူမ်ား အလြယ္တကူ လုပ္သက္ကို စြန႔္လႊတ္ႏိုင္မွာလဲ။ တကယ္ဆိုေတာ့ ေဆးေက်ာင္းေလွ်ာက္မယ္၊ ကဗ်ာဆရာလုပ္မယ္ဆိုၿပီး ဂီယာေျပာင္းထိုးေတာ့မယ္ဆိုတာလည္း မျဖစ္ႏိုင္ေတာ့ပါ။ သူက University of Pittsburgh ကေန MIT ကို ေျပာင္းေကာင္းေျပာင္းႏိုင္ေသာ္လည္း၊ ပညာေရးေလာကကေနထြက္ျဖစ္မွာ မဟုတ္ေတာ့ဘူးေပါ့။


          သင့္ရဲ႕အတိတ္က အသက္ေမြးဝမ္းေက်ာင္းမႈပုံသ႑ာန္က ရႈပ္ေထြးမႈေၾကာင့္ ျဖစ္ႏိုင္ေျခရွိပါတယ္။ ကံၾကမၼာပဲေပါ့။ ပ်မ္းမွ်ျခင္းအားျဖင့္ အသက္ (၄၀)ႏွစ္အ႐ြယ္မွာ အလုပ္ပမာဏဟာ က်ယ္ျပန႔္ေနေလာက္ပါၿပီ။ အေတြ႕အႀကဳံေတြမ်ားေနၿပီ၊ ကြၽမ္းက်င္တာေတြလည္း မ်ားေနၿပီေပါ့။ သို႔ေသာ္ အေျခခံအခ်က္ေတြကေတာ့ က်န္ေနပါေသးတယ္။ က်ေနာ္တို႔ ကိုယ့္ဘဝေနာက္ေၾကာင္းျပန္ေခၚၾကည့္လိုက္တဲ့အခါ တစ္ခါတရံ သက္ေသာင့္သက္သာရွိေပမယ့္ အခ်ိဳ႕အခ်ိန္ေတြမွာ ေနာင္တရေနတတ္ပါတယ္။ ကိုယ္မေလွ်ာက္ခဲ့ရတဲ့လမ္းေတြအတြက္ လိုခ်င္ေတာင္းတေနလို႔ျဖစ္ပါတယ္။ ဒါေတြနဲ႔ပတ္သက္လို႔ philosophy က က်ေနာ္တို႔ကို ကူညီႏိုင္မလား။


          ျဖစ္ႏိုင္တယ္လို႔ သူထင္ပါတယ္။ ဒီေနာင္တဆိုတဲ့ ျပႆနာကို အျခားနည္းနဲ႔ ျပဳျပင္ေျပာင္းလဲမႈ ျပဳလုပ္ေပးျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔ မလုပ္ကိုင္ခဲ့တဲ့ အလုပ္ေတြ၊ မျဖတ္သန္းခဲ့တဲ့ ဘဝေတြနဲ႔ပတ္သက္လို႔ ဆုံးရႈံးတယ္လို႔ ဘာေၾကာင့္မ်ား ခံစားေနၾကရတာလဲ။ အေျခအေနေကာင္းေနသည့္တိုင္ေအာင္ ဒီလိုပဲျဖစ္ေနၾကတာပဲ၊ ဘာလို႔လဲဆိုေတာ့ မတူတဲ့ေ႐ြးခ်ယ္မႈေတြမွာ မတူတဲ့တန္ဖိုးေတြရွိေနတာကို သိၾကလို႔ပဲျဖစ္ပါတယ္။ ထိုက္တန္တဲ့လုပ္ေဆာင္မႈေတြဟာ သူ႔နည္းနဲ႔သူေတာ့ ေက်နပ္စရာေတြျဖစ္ေနမွာပါ။ ႐ိုး႐ိုးေလးဥပမာေပးၾကည့္မယ္ဆိုရင္ - ယေန႔ညမွာ ျပဇာတ္ပြဲသြားၾကည့္မလား၊ ဒါမွမဟုတ္ ကမာၻအဆင့္ပထမဦးဆုံး အားကစားပြဲစဥ္ေတြကို သြားၾကည့္မွာလား။ baseball နဲ႔ပတ္သက္လို႔ သင္ေကာင္းေကာင္းသိထားတယ္ဆိုရင္ နည္းနည္းေလးလြတ္သြားတာဟာ သင့္အတြက္ ဘာမွမျဖစ္ေလာက္ဘူးလို႔ ဆိုရမွာပါ၊ ဒါဆိုသင့္ရဲ႕ ဆုံးျဖတ္ခ်က္မွန္တယ္လို႔ ေျပာရမွာေပါ့။ အကယ္၍ ျပဇာတ္ဆိုတာ တစ္ညတည္းျပတာဆိုရင္ အဲဒီညသြားမၾကည့္ျဖစ္ခဲ့ရင္ ဇာတ္ပြဲက ျပကြက္ေတြ အကုန္လြတ္သြားမွာျဖစ္ပါတယ္။ အသက္ေမြးမႈ အလုပ္လုပ္တာဟာလည္း ဒီလိုျဖစ္စဥ္သေဘာတရားေတြပဲျဖစ္ပါတယ္။ ကုမၸဏီႏွစ္ခုက ရာထူးအဆင့္တူတဲ့အလုပ္ကို တစ္ၿပိဳင္နက္တည္း ေခၚခဲ့မယ္ဆိုရင္ သင္က လစာေပးမ်ားတဲ့ ကုမၸဏီကို ေ႐ြးခ်ယ္ခဲ့မွာပဲ။ ဒါဆို သင္ဝမ္းနည္းစရာမလိုဘူးေပါ့။ သို႔ေသာ္ သင့္ေ႐ြးခ်ယ္မႈက မွန္ကန္ေန သည့္တိုင္ေအာင္ ဘ႑ာေရးနဲ႔ဆိုင္တဲ့ အလုပ္ကေန ဖက္ရွင္ဘက္ကို ေျပာင္းေ႐ြးခ်ယ္မယ္ဆိုရင္ အေတြ႕အႀကဳံေတြဆုံးရႈံးမႈျဖစ္မွာကေတာ့ အေသအခ်ာပါ။ 


          အဲဒီေနာင္တတရားက အရာရာတိုင္းမွားယြင္းတာလို႔ ၫႊန္းဆိုတာေတာ့ မဟုတ္ပါ။ ရလာတဲ့ ရလဒၠ အဖူးအပြင့္ေတြနဲ႔ ေဝေဝဆာဆာျဖစ္ေနသည့္တိုင္ေအာင္ ေနာင္တဆိုတာကရွိေနဦးမွာပါ။ သင္တန္ဖိုးထားတဲ့ လႈပ္ရွားမႈတိုင္းမွာ ေနာင္တဆိုတာက ဆက္ျပေနဦးမွာပါ။ ဘ႑ာေရးလုပ္ငန္းနယ္ထဲသြားမယ့္အစား ဖက္ရွင္ဘက္ကို လိုက္မယ္ဆိုရင္ အာ႐ုံစိုက္ရမွာေတြက မတူေပမယ့္ အေတြ႕အႀကဳံဆိုတာေတြက သူနယ္ပယ္နဲ႔ သူရေနမွာျဖစ္ပါတယ္။ ဒီေနာင္တဆိုတာကို ဘယ္လိုဖယ္ရွားရမလဲ။ လုံးလုံးလ်ားလ်ားဖယ္ရွားႏိုင္မယ့္ တစ္ခုတည္းေသာနည္းက - တစ္ခုခုေ႐ြးထုတ္ ၿပီး အဲဒီတစ္ခု၊ နည္းတစ္နည္းအေပၚမွာပဲ အာ႐ုံစိုက္လိုက္ျခင္းပဲျဖစ္ပါတယ္။ အဲဒီတစ္ခုဟာ သင့္ဘဝကို ဆင္းရဲမႈျဖစ္ေကာင္း ျဖစ္ေစႏိုင္ပါမယ္။ ကိုယ့္ကိုယ္ကိုယ္ သတိေပးဖို႔က ေကာင္းဖို႔ျဖစ္လာတာ၊ ထိုက္တန္တာ ျဖစ္လာတာလို႔သာ မွတ္ရမွာျဖစ္ပါတယ္။


အမွားေတြ၊ ကံဆိုးတာ၊ ရႈံးနိမ့္တာေတြ


          အားလုံးေတာ့ ေကာင္းေနတာပဲလို႔ သင္ေျပာေကာင္း ေျပာပါလိမ့္မယ္။ ဒါေပမဲ့ တခ်ိဳ႕ဟာေတြက အဆင္မေျပဘူး။ ဒါဆို ဘာမွားေနလဲ၊ ကံဆိုးတာလား၊ တကယ္ပဲ က်ရႈံးတာလား။ အလုပ္လုပ္ၾကသူတိုင္း၊ အလုပ္တိုင္းမွာ အၿမဲမွန္ေနတာမွမရွိဘဲ မွားတဲ့အခါေတြလည္းရွိပါရဲ႕။ တခ်ိဳ႕က်ေတာ့ ပိုမွားတာ၊ အမွားမ်ားတာေတြေတာ့ရွိၾကမွာေပါ့။ လုပ္သက္သက္တမ္းဝက္မွာ ကိုယ့္ကိုယ္ကိုယ္သိလာရတာက ျဖစ္သင့္တာေတြအတြက္ ဝမ္းနည္းစရာ ေတြပါပဲလားဆိုတာပါ။ သူ႔ရဲ႕သူငယ္ခ်င္းတစ္ေယာက္ကဆို အလားအလာရွိေနတဲ့ ဂီတနဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈကို စြန႔္လႊတ္ၿပီး corporate lawyer အလုပ္ကို ေျပာင္းလုပ္ခဲ့ပါတယ္။ (၁၀)ႏွစ္ၾကာတဲ့အခါ မေက်မခ်မ္း ျဖစ္ၿပီး သူမရဲ႕ အလုပ္ဟာ ပ်င္းစရာေကာင္းတယ္ဆိုတာ သိလာရပါတယ္။ ဒီအခ်ိန္က်မွေတာ့ ဒီလမ္းေၾကာင္းေပၚကေန ျပန္ေျပာင္းဖို႔ စူးစမ္းမႈနဲ႔ အရင္တုန္းကသာ ေျပာင္းခဲ့ရင္ေကာင္းသားဆိုတဲ့ ေျခာက္လွန႔္မႈေတြရွိေနမွာေတာ့ အမွန္ပဲျဖစ္ပါတယ္။ ဘာေၾကာင့္မ်ား ဂီတကို စြန႔္လႊတ္တဲ့ အမွားေတြလုပ္ခဲ့တာလဲ။ အဲဒါနဲ႔ ဘယ္ေလာက္မ်ား ၿငိမ္းခ်မ္းေနလိုက္မလဲ။


          အေတြးအေခၚဘက္က ထပ္ၾကည့္ပါမယ္။ ဘာလုပ္သင့္ခဲ့သလဲဆိုတာ (သို႔) အဲဒီအခ်ိန္တုန္းက လိုလိုလားလားရွိေနခဲ့တဲ့အရာကို အခုအခ်ိန္မွာ ဘယ္လိုျမင္သလဲဆိုတာ ကြဲကြဲျပားျပားသိေအာင္ၾကည့္ပါ။ အျဖစ္အပ်က္ေတြဟာ မွန္းထားသလိုဆက္မျဖစ္တဲ့အခါ ဒီႏွစ္ခုဟာ သိသိသာသာႀကီး ကြဲျပားလာလိမ့္မယ္။ အကယ္၍ ႐ူးသြပ္တဲ့ ျမႇဳပ္ႏွံမႈေတြလုပ္ခဲ့ေပမယ့္ အက်ိဳးအျမတ္ေတြရခဲ့မယ္ဆိုရင္ ဒီအေပၚမွာ ေနာင္တဆိုတာ မထားသင့္ဘူးေပါ့။ သို႔ေသာ္ အေျခအေနေျပာင္းသြားလို႔ စိတ္ခံစားခ်က္ေျပာင္းတာကေတာ့ အံ့ဩစရာမဟုတ္ပါ။ Moral philosopher ျဖစ္တဲ့ Derek Parfit က ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕ ဘဝမတည္ၿငိမ္ျဖစ္ေစႏိုင္ေစကာမူ၊ ကိုယ္ဝန္ေဆာင္မယ္၊ ကေလးယူမယ္လို႔ ဆုံးျဖတ္လိုက္တယ္လို႔ စိတ္ကူးနဲ႔ ေတြးေတာပုံေဖာ္ၾကည့္လိုက္ပါတယ္။ ဒီလိုဆုံးျဖတ္ျခင္းဟာ သူမရဲ႕ ပညာေရးကို တိုေတာင္းျပတ္ေတာက္ႏိုင္ပါတယ္၊ ကေလးကို ေမြးျမဴဖို႔ အမ်ားႀကီး႐ုန္းကန္ရမွာျဖစ္လို႔ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္လို႔ ထင္ျမင္ယူဆပါတယ္။ သို႔ေသာ္လည္း ႏွစ္ေတြမ်ားစြာၾကာလာၿပီးတဲ့ေနာက္မွာ သူမရဲ႕ ဆယ္ေက်ာ္သက္အ႐ြယ္သားေလးကို ေပြ႕ဖက္ထားခ်ိန္မွာ ကေလးအတြက္ ဂုဏ္ယူေနမယ္၊ သူမလုပ္ခဲ့တဲ့ အမွားဆိုတဲ့အရာအတြက္ ဓမၼဓိဌာန္က်စြာပဲ ဝမ္းေျမာက္ဝမ္းသာျဖစ္ေနမွာပါ။ သင္ခ်စ္ခင္ျမတ္ႏိုးသူနဲ႔သာ ေနေနရမယ္ဆိုရင္ အတိတ္မွာျဖစ္ခဲ့တာေတြအေပၚမွာ အခိုင္အမာရပ္တည္ၿပီး ေနာင္တဆိုတာမရွိႏိုင္ဘူးေပါ့။   


          ဂီတနဲ႔ပတ္သက္တဲ့ အသက္ေမြးဝမ္းေက်ာင္းမႈကို လက္လြတ္လိုက္ရတဲ့အေပၚ ဝမ္းနည္းေနာင္တရေနတဲ့ သူငယ္ခ်င္းကို - သူမသာ ဥပေဒ ေက်ာင္းကို မေရာက္ခဲ့ရင္ လက္ရွိခ်စ္ရတဲ့ ခင္ပြန္းနဲ႔လည္း ဆုံရမွာမဟုတ္ဘူး၊ သမီးဆိုတာလည္း ရွိလာမွာမဟုတ္ေၾကာင္း၊ ျပန္ေျပာင္းအမွတ္ရေစခဲ့ပါတယ္။ ခ်စ္ခင္မႈ၊ ျမတ္ႏိုးမႈေတြဟာ ေနာင္တတရားကို တန္ျပန္ၿပီး၊ က်ား ကန္ေပးႏိုင္မယ့္ အေလးတုံး၊ တန္ဖိုးပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ေပါင္းသင္းဆက္ဆံရာကေန စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာကေန ေကာက္သင္းေကာက္သလို အခ်က္အလက္ေတြစုေဆာင္းကာ၊ ၿပီးျပည့္စုံေအာင္ ေလ့လာဆန္းစစ္မႈေတြကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။ အေတြးအေခၚပညာရွင္ Robert Adams က “အကယ္၍သာ ကြၽႏ္ုပ္တို႔ရဲ႕ဘဝဟာ ေကာင္းမြန္ေနၿပီဆိုရင္ ပိုေကာင္းေအာင္ေနမယ္ဆိုတာထက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ မတူဘူးေပါ့။” လို႔ ေရးသားခဲ့ပါတယ္။ 


          မျပတ္မသား မပီဝိုးတဝါးအခ်က္အလက္ေတြ၊ စိတ္ကူးေတြနဲ႔မဟုတ္ဘဲ အတိအက်ေျပာရရင္ သင္က အလုပ္အကိုင္မွာ ေတာ္ေတာ္ႀကီးေအာင္ ျမင္ေနမယ္ဆိုပါစို႔။ သင္ေလွ်ာက္လွမ္းခဲ့တဲ့လမ္းေၾကာင္းဟာ ခိုင္မာတယ္၊  သင့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းအလုပ္ဟာ အမွန္တကယ္ေကာင္းမြန္တယ္လို႔ ဆိုရမွာပါ။ လူေတြနဲ႔ တြဲဖက္ေပါင္းသင္းဆက္ဆံတဲ့ေနရာမွာ ဒီလူတစ္ေယာက္နဲ႔ အျပန္အလွန္ေပါင္းသင္းဆက္ဆံမႈ၊ အေပးအယူမွ်တမႈ၊ အျခား သူေတြနဲ႔ မရႏိုင္တာ၊ ဒီလူနဲ႔ပဲရတယ္၊ သူနဲ႔လုပ္လို႔ပဲ ေအာင္ျမင္တယ္ဆိုတဲ့သေဘာမ်ိဳးျဖစ္ပါတယ္။ စာေရးသူက philosopher မျဖစ္ဘဲ သမားေတာ္ျဖစ္ခဲ့သင့္တယ္လို႔ သူ႔ကိုယ္သူစဥ္းစားမိတိုင္း၊ သူေ႐ြးခ်ယ္ခဲ့မႈအေပၚ ေနာင္တေတြရေနခဲ့ပါတယ္။ ဒါဆို ေက်ာင္းသားေတြ ေအာင္ျမင္တိုးတက္သြားတာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေအာင္ျမင္တဲ့ေျပာဆိုေဆြးေႏြးမႈေတြ၊ ေအာင္ျမင္တဲ့တင္ျပမႈေတြဟာ ေလွ်ာက္လွမ္းခဲ့တဲ့လမ္းေတြမွာ ေရတြက္လို႔ မရႏိုင္တဲ့ထင္ရွားတဲ့လုပ္ေဆာင္ခ်က္ေတြ၊ တန္ဖိုးေတြပဲျဖစ္ပါတယ္။ ဒီလိုအေျခအေနကို ေနာင္တရပါတယ္ဆိုရင္ သူ႔အလုပ္ရဲ႕ ညက္ေညာမႈ၊ အဖိုးတန္တဲ့ရလဒေ႖ကို လ်စ္လွ်ဴရႈသလိုျဖစ္သြားပါလိမ့္မယ္။ ဒါဟာအမွန္ပါပဲ။ ကိုယ္မရခဲ့တဲ့ ႀကီးက်ယ္ပါတယ္ဆိုတဲ့ ကာတြန္းဆန္တဲ့ဘဝကို ဆန႔္က်င္ လိုက္ရမွာျဖစ္ပါတယ္။


          ဒါဟာ အလုပ္မွာ ကန႔္သတ္မႈေတြရွိေနတဲ့အခါ ျပန္လည္စဥ္းစားတဲ့ နည္းလမ္းျဖစ္ပါတယ္။ အမွားတိုင္းကို ေနာက္ျပန္ဆြဲဖို႔ (သို႔) ေနာင္တဆိုတာ မရွိရေအာင္ အာမခံလို႔ေတာ့ မရဘူးေပါ့။ သင္ေ႐ြးခ်ယ္လိုက္တဲ့အလုပ္ေပၚ မူတည္ၿပီး လုပ္ေဆာင္ရတဲ့ လုပ္ေဆာင္ခ်က္ေတြ၊ ဆက္ဆံရတဲ့လူေတြ၊ ဒါေတြအေပၚစြဲညႇိႏွစ္ျမႇဳပ္ထားရမွာျဖစ္ၿပီး အဲဒီကေနထြက္လိုက္ရင္ေတာ့ လုပ္စရာမလိုေတာ့ဘူး၊ ဒါေပမဲ့ ေနာင္တဆိုတာကို ခလုတ္ဖြင့္လိုက္သလို ျဖစ္လာႏိုင္ပါတယ္။ 


လက္ရွိဘဝကို ၿငီးေငြ႕ေနၿပီ


          ခြက္ကို ခ်ထားသကဲ့သို႔ “U” ပုံသ႑ာန္အေကြးေလးျဖစ္ေနတာနဲ႔  ထိပ္တိုက္ရင္ဆိုင္အျငင္းပြားမေနေတာ့ဘဲ ေျပာင္းလဲလို႔ မရတာကို လက္ခံဖို႔ပဲရွိပါတယ္။ စာေရးသူအတြက္ လုပ္သက္လမ္းခုလတ္မွာ စိတ္ပ်က္စရာကိုျဖစ္ေစတဲ့ အနက္နဲဆုံးေသာ အရင္းအျမစ္က ဘာျဖစ္မလဲ။ အတိတ္နဲ႔ ပတ္သက္တဲ့ ေနာင္တတရားမဟုတ္ဘဲ ပစၥဳပၸန္မွာ အခ်ည္းအႏွီးျဖစ္တယ္လို႔ ခံစားရမွာကိုပဲျဖစ္ပါတယ္။ သူ႔အလုပ္ကေတာ့ ထိုက္တန္ေနေသးတယ္လို႔ ထင္ရပါတယ္ - သင္ၾကားမႈေတြ၊ သုေတသနျပဳခ်က္ေတြ၊ စာအုပ္ေရးသားမႈေတြမွာ ရလဒေ႖ကို ျမင္ေနရလို႔ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ ေရွ႕မွာၿပိဳ က်ပ်က္စီးသြားမယ့္ ေဟာင္းေလာင္းျဖစ္ေနတဲ့ စီမံကိန္းအစီအစဥ္ေတြ လိုျဖစ္ေနပါတယ္။ တစ္ခုၿပီး တစ္ခုလုပ္မယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ ေနာက္ ဆုံးမွာ အၿငိမ္းစားယူသည့္တိုင္ တစ္နည္းနည္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ထိခိုက္တယ္လို႔ ခံစားရပါတယ္။


          ၾကည့္ရတာေတာ့ ဘာမွမရွိဘူးဆိုေပမယ့္ ထိုက္တန္ေအာင္ ဘယ္လိုလုပ္ႏိုင္မလဲ။ လိုအပ္တာေတာ့ မဟုတ္ေသးဘူး၊ ဒါေပမဲ့ အေျဖသိထားၿပီး ျဖစ္ေအာင္ လုပ္ထားမယ္ (သို႔) ျပႆနာေျဖရွင္းလိုက္လို႔ ရလေဒၠာင္းလာတယ္ စသျဖင့္ေကာင္းေအာင္ျပဳျပင္ၿပီး တန္ဖိုးတက္ေအာင္လုပ္ပါလို႔ ပထမရွင္းလင္းခ်က္က ၫႊန္းဆိုပါတယ္။ အလုပ္ေတြက ဒီလိုေတြပါပဲ။ လုပ္ေဖာ္ကိုင္ဖက္ေတြအၾကား ပရိပကၡျဖစ္ေနစဥ္မွာ ၾကားကျဖန္ေျဖေပးရတဲ့အခါမ်ိဳးေတြမွာ ထုတ္ကုန္ကေန မေမွ်ာ္လင့္ဘဲ ခ်ိဳ႕ယြင္းမႈေတြျဖစ္လာတာကို ေျဖရွင္းေပးရတဲ့အခ်ိန္မ်ိဳးေတြမွာ စည္းကမ္းသတ္မွတ္ခ်က္နဲ႔ ညီပါတယ္ဆိုၿပီး မိမိကိုယ္ကိုေသခ်ာေနပါေစ။ ဒါေတြလိုအပ္ပါေသာ္လည္း၊ ေကာင္းေအာင္ေတာ့ လုပ္ေပးလိုက္တာပဲ၊ ေက်နပ္မႈ၊ မေက်နပ္မႈဆိုတာ ကန႔္သတ္ခ်က္ေတြရွိေတာ့ ေျပာမရဘူးေပါ့။ အေကာင္းဆုံးလုပ္ႏိုင္တာက အမွားကို ျပဳျပင္၊ ပစ္မွတ္ကို ထိေအာင္လုပ္ (သို႔) မမွားေအာင္ ကာကြယ္တားဆီး၊ အေကာင္းျမင္ႀကီးပဲ မလုပ္ဖို႔ စတာေတြပဲျဖစ္ပါတယ္။ ဘာလို႔အပင္ပန္းခံေန မလဲ။ 


          Mid-career crisis အတြက္ အေၾကာင္းျပခ်က္တစ္ခုက အလုပ္ျပဳတ္မွာေၾကာက္လို႔၊ ရလဒၼေကာင္းမွာ စိုးလို႔ အလုပ္ထဲမွာအခ်ိန္ေတြအမ်ားႀကီးသုံးေနခဲ့ၾကျခင္းပဲျဖစ္ပါတယ္။ တကယ္ဆိုေတာ့ ရပ္တည္ႏိုင္ေလာက္မယ့္ အေျခအေနရွိတဲ့ အလုပ္စီမံကိန္းေတြ၊ ကိုယ္နဲ႔ ထိုက္တန္တဲ့အလုပ္ေတြကိုသာ လုပ္ကိုင္သင့္ၾကပါတယ္။ ေျဖရွင္းနည္းကေတာ့ ႐ုံး ခန္းထဲမွာျဖစ္ေနပါေစ၊ ကိုယ့္အတြက္ စိတ္ခံစားခ်က္ေကာင္းတဲ့ လုပ္ေဆာင္မႈေတြနဲ႔ အခ်ိန္ကုန္ေနရမယ္ဆိုရင္ ဥပမာအားျဖင့္ ႏွစ္အၾကာႀကီး ရပ္ထားတဲ့ အိမ္ေမြးတိရိစာၦန္ေမြးတာျပန္စမယ္၊ ကိုယ္ႏွစ္သက္တဲ့ ဝါသနာကို ျပန္လည္သက္ဝင္ႏိုးၾကားလာေအာင္ (သို႔) ေနာက္ထပ္ဝါသနာအသစ္ကို အေကာင္အထည္ေဖာ္ျခင္းတို႔ပဲျဖစ္ပါတယ္။ ဒီအႀကံဟာ သာမန္လို႔ ထင္ရေပမယ့္ ေတာ္ေတာ္နက္နဲမႈရွိပါတယ္။ Salsa dancing ဆိုေခၚတဲ့ လက္တင္အက ကတာ၊ တံဆိပ္ေခါင္းစုတာေတြဟာ သင့္အလုပ္ထက္ပိုၿပီး အေရးမႀကီးဘူးဆိုတာျဖစ္ရပါမယ္၊ ဒါေပမဲ့ ရပ္တည္ဖို႔အတြက္ လုပ္ရမယ့္အရာေတြကိုေတာ့ တိုးတက္ေကာင္းမြန္ေအာင္လုပ္ဖို႔က အႏွစ္သာရျဖစ္ပါတယ္။ ဒါဆိုရင္ သင့္ဘဝမွာ ထိုထိုေသာ သာယာမႈေတြအတြက္ အခန္းေတြ လုပ္ထားရမွာျဖစ္ပါတယ္။  


          Mid-career လိုကာလမွာ “ဘာမွမရွိပါလား” ဆိုတဲ့ စိတ္ခံစားခ်က္နဲ႔ ပတ္သက္လို႔ ဒုတိယရွင္းလင္းခ်က္မွာ - ကိုယ္ရပ္တည္ဖို႔ လိုအပ္တာထက္ ပိုလိုခ်င္တဲ့ စိတ္ေၾကာင့္ ဒီလိုစိတ္ခံစားရတာပါလို႔ ရွင္းလင္းတင္ျပထားပါတယ္။ ဒါကို အေတြးအေခၚပညာရပ္ဆန္စြာနဲ႔ ၾကည့္လိုက္မယ္ဆိုရင္ အလုပ္ေတြရဲ႕ သေဘာသဘာဝနဲ႔ အဲဒီအေပၚ ဘယ္ေလာက္အထိျမႇဳပ္ႏွံထား တာလဲ စတဲ့အဆင့္ဆင့္ေသာျဖစ္စဥ္ေတြကို - စာ႐ြက္အဆင့္ကေန အေကာင္အထည္ေဖာ္တဲ့အဆင့္တက္လာမယ္၊ ပြဲစား၊ ကိုယ္စားလွယ္ေတြနဲ႔ ညႇိႏႈိင္းရတဲ့အဆင့္ (သို႔) ထုတ္ကုန္ကေန ပုံစံ႐ုပ္လုံးေပၚလာတဲ့အဆင့္ စတာေတြကို ထင္ထင္ရွားရွားေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အလုပ္ဆိုတာ သူ႔သက္ဆိုင္ရာအလိုက္ ၿပီးေျမာက္ဖို႔ ပန္းတိုင္ေတြ၊ ရည္႐ြယ္ခ်က္ေတြ သတ္မွတ္ထားၾကရပါတယ္။ ဥပမာ - စာစီစာကုံးေရးမယ္လို႔ ရည္႐ြယ္ခ်က္ထား အာ႐ုံျပဳထားတယ္ဆိုရင္ ေရးလို႔ေတာ့ မၿပီးေသးေပမယ့္ ၿပီးမယ့္အခ်ိန္ေလးကို စဥ္းစားၾကည့္လိုက္မိတတ္ပါတယ္။ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ၿပီးမယ့္အခ်ိန္၊ ေအာင္ျမင္မယ့္အခ်ိန္ကို မွန္းၾကည့္တတ္ၾကတာ လူ႔သဘာဝပါ။ ေက်နပ္မႈဆိုတာ အတိတ္မွာေရာ အနာဂတ္မွာပါရွိေနတတ္ၿပီး၊ လက္ရွိကာလမွာ ဘာမွမရွိဘူးဆိုတာ အံ့ဩစရာေတာ့မဟုတ္ဘူးေပါ့။ သင့္အတြက္ အဓိပၸာယ္အႏွစ္သာရ အက်ိဳးရွိမယ့္ အလုပ္တစ္ခုကို ၿပီးစီးဖို႔ ၾကန႔္ၾကာေနမယ္၊ ေနာက္ၿပီး ဒီအလုပ္နဲ႔ပါ အဆက္ျဖတ္ခံရမယ္ဆိုရင္ေတာ့ ဒါဟာ အဆိုးဆုံးပဲေပါ့။ အလုပ္တစ္ခု၊ စီမံကိန္းတစ္ခုရဖို႔အတြက္ လိုက္ေနခ်ိန္မွာ ေအာင္ျမင္သြားတာလည္းရွိသလို လက္လႊတ္လိုက္တာလည္းရွိရာ အဲဒါေတြက သင့္ရဲ႕ဘဝကို အေျပာင္းအလဲျဖစ္ေစႏိုင္ပါတယ္။


          Mid-career crisis ရဲ႕ေနာက္ပုံစံတစ္မ်ိဳးကေတာ့ စီမံကိန္းေတြအေပၚ အလြန္အကြၽံျမႇဳပ္ႏွံၿပီး၊ ေနာက္ထပ္ၿပီး၊ ေနာက္ထပ္ေအာင္ျမင္မႈေတြအတြက္ မွန္းထားတတ္ၾကျခင္းပဲျဖစ္ပါတယ္။ ဒါဟာ ေနာက္ထပ္လမ္းေၾကာင္း လည္းျဖစ္ႏိုင္ပါတယ္။ သတိရွိေနရမယ္ဆိုတာ ယေန႔ေခတ္လိုအခါမ်ိဳးမွာ ဖက္ရွင္လိုျဖစ္ေနပါၿပီ။ ပစၥဳပၸန္မွာ ေနေနတယ္ဆိုတာကို မေမ့ေအာင္ ဂါထာမန္းမႈတ္ေနရမွာျဖစ္ပါတယ္။ သူဟာ စာနာတတ္သူ မဟုတ္ပါ။ တစ္ဦးတည္း ရပ္တည္လို႔မရဘူးဆိုေတာ့ ထင္ရွားတာ ဘာက်န္ဦးမွာလဲ။ ပစၥဳပၸန္မွာ ေနတယ္၊ ဘာမွထူးဆန္းတာ မဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္းသိေနရမွာ ျဖစ္ပါတယ္။


          အဓိကေသာ့ခ်က္က ကြၽႏ္ုပ္တို႔နဲ႔ပတ္သက္ေနတဲ့ လႈပ္ရွားမႈႏွစ္မ်ိဳးကို ခြဲျခားသိျမင္ေအာင္လုပ္ျခင္းျဖစ္ပါတယ္။ စီမံခ်က္ေတြ၊ စီမံကိန္းေတြဆိုတာဟာ ဦးတည္ခ်က္၊ ရည္႐ြယ္ခ်က္ပန္းတိုင္ေတြနဲ႔ လႈပ္ရွားလုပ္ကိုင္ေဆာင္ ႐ြက္ၾကရတာျဖစ္ပါတယ္။ လမ္းခုလတ္မွာ မေအာင္ျမင္ေသးဘူးေနာ္၊ ဒါေပမဲ့ ခရီးလမ္းဆုံး၊ ပန္းတိုင္ကို ေဖာ္ျပထားရပါတယ္။ ေအာင္ျမင္မႈေတြရၿပီ၊ ေက်နပ္ၿပီဆိုရင္ စီမံခ်က္ကို အဆုံးသတ္၊ ေနာက္ထပ္စီမံခ်က္အသစ္ကို ေ႐ႊ႕ၾကရမွာ ျဖစ္ပါတယ္။   


          ေနာက္လႈပ္ရွားမႈတစ္မ်ိဳးမွာေတာ့ လမ္းဆုံးပန္းတိုင္က တြဲ၍ပါမလာပါ။  “အိမ္ျပန္ေနတယ္” နဲ႔ “အေညာင္းအညာေျပလမ္း ေလွ်ာက္ေနတယ္”၊    “ကေလးသိပ္ေနတယ္” နဲ႔ “ကေလးကို အုပ္ထိန္းတယ္” စတဲ့ မတူကြဲျပား တာကို စဥ္းစားၾကည့္ပါ။ သင္ဟာ ပစ္မွတ္သတ္မွတ္ထားျခင္းမရွိတဲ့အလုပ္ကို လုပ္ေနရတယ္ဆိုရင္ ပင္ပန္းႏြမ္းနယ္မႈျဖစ္မွာ မဟုတ္သလို၊ ဘာမွမရွိပါလားဆိုတဲ့ စိတ္ခံစားခ်က္လည္း ေပၚလာမွာ မဟုတ္ပါ။ ပစ္မွတ္မပါတဲ့အလုပ္ေတြက လက္ရွိပစၥဳပၸန္ကို တည့္တည့္ရႈရတဲ့သေဘာရွိပါတယ္။ 


          လုပ္ငန္းခြင္မွာ ဦးတည္ခ်က္နဲ႔ ပစ္မွတ္ထားလုပ္ရတဲ့အလုပ္ေတြရွိသလို၊ ပစ္မွတ္မထားဘဲ အလုပ္ေတြလည္း လုပ္ေနရတာလည္းရွိပါတယ္။  ဥပမာ - HR report ျပင္ဆင္မယ္ဆိုရင္ ရည္႐ြယ္ခ်က္၊ ဦးတည္ခ်က္ရွိရမွာျဖစ္ၿပီး၊ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန တုန႔္ျပန္မႈ၊ ထင္ျမင္ခ်က္ေတာင္းတယ္ဆိုရင္ ရည္႐ြယ္ခ်က္ႀကီးႀကီးမားမားေတြခ်မွတ္ေနစရာမလိုဘူးေပါ့။ ဦးတည္ခ်က္ေတြခ်၊ ပန္းတိုင္ေတြခ်ၿပီးလုပ္ေတာ့မယ္ဆိုရင္ အဓိပၸာယ္ရွိ အႏွစ္သာရျပည့္ဝေနဖို႔ လိုပါတယ္။ ညႇိႏႈိင္းေနရတဲ့အလုပ္ေတြမွာဆို ကုမၸဏီႀကီးထြားဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ ညီလာခံတစ္ခုကို လက္ခံက်င္းပေနတယ္ဆိုရင္ အက်ိဳးဆိုင္သူေတြနဲ႔ ရင္းႏွီးမႈ၊ အဆက္အသြယ္အခ်ိတ္အဆက္မိဖို႔ စတဲ့ ဦးတည္ခ်က္၊ ပန္းတိုင္ေတြရွိေနရမွာျဖစ္ပါတယ္။ ဒါဆို သင့္မွာ ေ႐ြးခ်ယ္စရာရွိေနၿပီပဲ။ သတ္မွတ္ခ်က္ေတြနဲ႔ စီစဥ္ထားတဲ့ စီမံကိန္းပဲျဖစ္ျဖစ္၊ လုပ္လက္စ လုပ္႐ိုးလုပ္စဥ္လုပ္ငန္းစဥ္ပဲျဖစ္ျဖစ္၊ တစ္ခုမဟုတ္တစ္ခုကိုေတာ့ အာ႐ုံစိုက္လုပ္ေနရမွာျဖစ္ပါတယ္။ သင့္ရဲ႕ ဦးတည္ရာဟာ စီမံကိန္းနဲ႔ လုပ္ရတဲ့အလုပ္ေတြနည္းေအာင္ ရည္႐ြယ္ထားတယ္ဆိုရင္ အေျပာင္းအလဲလုပ္ဖို႔ မလိုဘဲ (သို႔) သင္ဘယ္ေလာက္အထိ ကြၽမ္းက်င္ပိုင္ႏိုင္စြာ လုပ္ႏိုင္သလဲ အေပၚမူတည္ၿပီး ခ်ိန္ညႇိမႈေတြလုပ္ျခင္းအားျဖင့္ လက္ရွိအခ်ိန္မွာ ဘာမွမရွိပါလားဆိုတဲ့ စိတ္ခံစားခ်က္ကို အႏိုင္ယူႏိုင္မွာျဖစ္ပါတယ္။ 


          စစ္ေဆးတဲ့ေမးခြန္းဆီျပန္သြားၾကရေအာင္။ Mid-career နဲ႔ပတ္သက္တဲ့ စိတ္ပ်က္စရာေတြက ဘယ္အခ်ိန္မွာ ေျပာင္းလဲဖို႔ အခ်က္ျပပါသလဲ၊ အေျပာင္းအလဲကို ဆန႔္က်င္မယ္ဆိုရင္ ဘယ္လိုထင္မလဲ၊ ဘယ္လိုခံစားရမလဲ။ သင့္ရဲ႕ အရည္အခ်င္းက အလုပ္နဲ႔ကိုက္ညီမႈမရွိလို႔ (သို႔) သင့္ရဲ႕   စိတ္ဝင္စားတဲ့အရာေျပာင္းလဲသြားလို႔ (သို႔) ေနာင္မွာ ရာထူးတိုးႏိုင္မယ့္ အလားအလာနည္းလို႔ စတာေတြေၾကာင့္ သင့္ကို မေက်နပ္မႈေတြျဖစ္လာေစႏိုင္ပါတယ္။ သင့္ရဲ႕ ေက်နပ္မႈမရွိျခင္းဟာ ေနာင္တဆိုတဲ့ ခလုတ္ကို ဖြင့္လိုက္သလို၊ စီမံကိန္းေတြကို ကိုယ့္သေဘာနဲ႔ ကိုယ္ရပ္ဆိုင္းလိုက္တာေတြ၊ ဦးတည္ရာမဲ့ ေနာက္ထပ္အလုပ္သစ္ရွာတာေတြ ျဖစ္လာႏိုင္ပါတယ္။ စာေရးသူက သူရွာေဖြထားတဲ့အေၾကာင္းအရာတစ္ခုကို သတ္မွတ္ႏိုင္ဖို႔ အ ဆင့္ကို ဗ်ဴဟာခ်ေဆာင္႐ြက္ခဲ့ပါတယ္။ ဒီဗ်ဴဟာေတြက အကန႔္အသတ္ျဖစ္ေနတဲ့ သင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈကို ျပန္လည္သင့္ျမတ္ေအာင္ လုပ္ေပးႏိုင္ေလာက္ပါ့မလား။ အကယ္၍ မလုပ္ေပးႏိုင္ဘူးဆိုရင္ လမ္းေၾကာင္းေျပာင္းဖို႔ပဲ ေဆြးေႏြးရေတာ့မွာေပါ့။ လုပ္သက္ သက္တမ္းဝက္က သိပ္အေနာက္က်ႀကီးေတာ့ မဟုတ္ပါ။ Mid-career crisis ကို အေျခခံ က်က်လႈံ႕ေဆာ္မႈေတြ လုပ္ႏိုင္ၿပီး၊ ေျပာင္းလဲမႈေတြကို မ်က္ျမငၵိ႒ျဖစ္ေအာင္ လုပ္ႏိုင္ပါတယ္။


          သင္ ႐ုတ္တရက္ေျပာင္းပစ္ရေတာ့မယ္ဆိုရင္ ဗ်ဴဟာလိုပါမယ္၊ မေမ့သင့္ပါ။ စာေရးသူလည္း သူ႔ရဲ႕ စိတ္ပ်က္စရာလုပ္ငန္းခြင္ဘဝကေန ျပန္လည္ႏိုးထၿပီး၊ အလုပ္မွာေပ်ာ္႐ႊင္စြာ ဆက္လက္လုပ္ကိုင္ႏိုင္ဖို႔ ဒီလိုပဲျဖတ္သန္းခဲ့ရတာ ျဖစ္ပါတယ္။ သတိလက္လြတ္ျဖစ္တတ္တာက ေရွာင္လႊဲဖို႔ ႀကိဳးစားခ်င္တယ္၊ ဒါေပမဲ့ မရဘူးဆိုတာကို သိထားရပါမယ္။ ခ်ိတ္ဆက္၊ တြဲဆက္လိုက္ျခင္းက ေနာင္တကို ျပန္လည္၍ခ်ိန္ခြင္လွ်ာခ်ိန္ညႇိလိုက္သလိုျဖစ္မယ္ဆိုတာကို နားလည္ထားရမွာျဖစ္ပါတယ္။ စီမံကိန္းေတြ (သို႔) ထုတ္ကုန္ေတြကို တန္ဖိုးတက္လာဖို႔ခ်ည္းမဟုတ္ဘဲ လုပ္နည္းကိုပါ တန္ဖိုးတက္လာေအာင္ ထိုက္တန္တဲ့လႈပ္ရွားမႈေတြ လုပ္ႏိုင္ဖို႔ ခ်န္ထားပါဦးလို႔ အားေပးရင္း၊ ဆီေလ်ာ္သလိုျပန္ဆိုမွ်ေဝအပ္ပါတယ္။


Reference:  


Kieran Setiya, a professor in the Department of Linguistics and Philosophy at MIT (2017). Facing Your Mid-career Crisis. Princeton University Press, Harvard Business Review.


Monday, September 7, 2020

အကောင်းမြင်စိတ်ရှိ လာအောင်ဘယ်လို ကြိုးစားကြမလဲ ... ?

 အကောင်းမြင်စိတ်ရှိ လာအောင်ဘယ်လို ကြိုးစားကြမလဲ ... ?




လူ့သဘော သဘာဝအရ အကောင်းမြင်စိတ်ရှိဖို့ရာ အရမ်းကို ခက်ခဲပါတယ်။ အဆိုးမြင်တတ်တဲ့စိတ်ဟာ သင်ပေးစရာမလိုဘဲ တတ်မြောက်နေကြပြီးသားပါ။

အဆိုးမြင်တတ်တဲ့ စိတ်က ဘဝရဲ့ ကောင်းမွန်တဲ့အချိန်တွေ၊ အခွင့်အရေးတွေကို တံတိုင်းတစ်ခုလို ခြားပစ်လိုက်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။


အခု Beatrix ကနေပြီးတော့ အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ဖို့ နည်းလမ်း(၉)သွယ်ကို ဖော်ပြပေးချင်ပါတယ်။ 🤗


အဲ့(၉)ချက်ထဲက တစ်ချက်ကိုရွေးချယ်ပြီး ရက်၃ဝလောက် လေ့ကျင့်နေထိုင်ကြည့်ပါ။ တစ်ချက်ကို ကျင့်သားရသွားပြီဆိုမှ နောက်တစ်ချက်စီ အဆင့်တက်သွားပါနော်။😌


၁.ကိုယ့်ကိုကိုယ် မှန်ကန်တဲ့ မေးခွန်းတွေ မေးပါ။


ဒီအချက်က ရိုးရှင်းပေမယ့် အကောင်းမြင်စိတ်ရှိလာဖို့ ပြုစုပျိုးထောင်တဲ့နေရာမှာ အရမ်းအရေးပါတဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။ အခက်အခဲ အကျပ်အတည်း ကြုံရချိန်မှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မေးလိုက်တဲ့မေးခွန်းပေါ် မူတည်ပြီး ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာ အခြေအနေကို ကွဲပြားခြားနားသွားအောင် လုပ်နိုင်ပါတယ်။


အဆိုးမြင်သမားဆိုရင်


👉ဘာလို့ ငါ့ကျမှ ဒီလိုတွေ ဖြစ်နေရတာလဲ ..


👉ဘာလို့ ငါ့ဆီမှာဘဲ တစ်ချိန်လုံး ဆိုးတဲ့အရာတွေ လာဖြစ်နေရတာလဲ ..


ဒီလိုသာ မေးခွန်းထုတ်မိရင် သင်ဟာ ပြဿနာရဲ့အဖြေကို မရှာဖွေနိုင်တော့သလို စိတ်ဓါတ်ကျ ဝမ်းနည်းမှုတွေကိုဘဲ ခံစားနေရနိုင်ပါတယ်။


အကောင်းမြင်သမားတွေ ကတော့ အောက်ပါမေးခွန်းလေးတွေကို မေးပြီး ဖြစ်နိုင်ချေတွေ အမြင်သစ်တွေကို ရှာဖွေလေ့ ရှိကြပါတယ်။


👉ဒီဖြစ်ရပ်ထဲက ကောင်းတဲ့အရာကဘာလဲ ..


👉ဒီအခြေအနေကနေ ငါဘာတွေ သင်ယူနိုင်သလဲ ...


👉ဒီဖြစ်ရပ်ကို ဖြေရှင်းဖို့ ဒီနေ့အတွက် ပထမဆုံး ငါစလုပ်သင့်တဲ့ အရာက ဘာလဲ ... စတဲ့ မေးခွန်းမျိုးလေးတွေဘဲဖြစ်ပါတယ်။


၂.ဘဝကို အကောင်းမြင်စိတ်တွေ နဲ့ တည်ဆောက်ရှင်သန်ပါ။


သင်နဲ့အတူ အချိန်တွေကို ဖြတ်သန်းတဲ့သူ နှင့် သင့်အပေါ် လွှမ်းမိုး ခွင့်ပြုထားတဲ့ သတင်းအချက်တွေက သင့်ရဲ့ကိုယ်ကျင့်တရား နဲ့ သင် ဘယ်လိုတွေးခေါ်တတ်တယ် ဆိုတဲ့အပေါ်ကို အများကြီးသက်ရောက်မှုရှိပါတယ်။ သင့်ကို အားပေး ထောက်ပံ့တဲ့သူတွေနဲ့ ပိုအချိန်ဖြုန်းပါ။


စာရေးသူမှာလည်း အကောင်းမြင်စိတ်အရမ်းရှိတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်🤗❤။


သူတို့တွေနဲ့ အချိန်ဖြုန်းလိုက်တာနဲ့ ကိုယ်ပါ အကောင်းမြင်စိတ်ရှိလာသလို ခံစားလာရတာ တကယ်လက်တွေ့ပါ။ သူတို့က motivation ဖြစ်စေတဲ့ video လေးတွေကြည့်တယ်။ စိတ်အားတက်စေတဲ့ သီချင်းလေးတွေ နားထောင်တတ်ကြပါတယ်တဲ့။


၃. ကိုယ့်မှာ ရှိတာလေးကို ကျေးဇူးတင်ပါ။ (ကိုယ့်ကိုကိုယ် ဘယ်တော့မှ မမေ့ပါနဲ့တဲ့)


အရိုးရှင်းဆုံးနဲ့ အကောင်းမြင်စိတ် ပိုမိုရှင်သန်လာဖို့ အမြန်ဆုံး နည်းလမ်းကတော့ "Gratitude" ဆိုတဲ့(ကျေးဇူးတင်တတ်ခြင်း) ပါဘဲ။ 


ဒီနေ့အတွက် ငါ့ဘဝမှာ ဘယ်အရာတွေကို ကျေးဇူးတင်သင့်သလဲ ..


ငါ့ဘဝမှာ ကျေးဇူးတင်သင့်တဲ့သူတွေက ဘယ်သူတွေလဲ။ ဘာကြောင့်လဲ ...


ငါကိုယ်ငါ ကျေးဇူးတင် ဂုဏ်ယူသင့်တဲ့ အရာတွေကဘာတွေလဲ .. ❤


ဒီမေးခွန်းလေးကို မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး မေးကြည့်ပါ။🤗


၄.ကိုယ်ခန္ဓာ ကျန်းမာရေး ကိုလည်း မမေ့ပါနဲ့။


စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမယ်ပေါ့နော်။ ဒါပေမယ့်လည်း ကိုယ်က အိပ်ရေးတွေ ပျက် အစားအသောက် မမှန်ရင် စိတ်က အမြဲရှုပ်ထွေးနေတတ်ရော။ဘာလုပ်လုပ် အဆင်မပြေဘဲ စိတ်မကြည်တော့ အဆိုးတွေချည်း မြင်နေလိမ့်မယ်။

ဒါ့ကြောင့် အိပ်ရေးဝဝအိပ်ပြီး ကျန်းမာရေးနဲညီညွတ်တဲ့ အစားအစာတွေ စားပါ။


၅.အကောင်းမြင်စိတ် နဲ့ သင့်ရဲ့ တစ်နေ့တာကိုစတင်ပါ။


မနက်မိုးလင်း အိပ်ရာထတိုင်း လောကကြီးကို ကျေးဇူးတင်ပြီး နိုးထပါ။မနက်စာ မစားခင်  ဘယ်သူ့တွေကို ကျေးဇူးတင်တယ်၊ ဘာတွေကို

ငါအောင်မြင်အောင် လုပ်နိုင်ခဲ့တယ်၊ ငါဘာကောင်းမှုတွေ လုပ်ခဲ့သလဲ စဉ်းစားတာမျိုး၊ အကောင်းမြင်စိတ်နဲ့ သုံးသပ်တဲ့ သတင်းတွေ 

နားထောင်တာမျိုးတို့၊ လေ့ကျင့်ခန်းတို့ ပြုလုပ်ပါ။


နောက်ပြီး မနက်ပိုင်း ဘုရားရှိခိုးတာတို့၊ မေတ္တာသုတ် တရားတော်တွေ နားထောင်တာတို့က တကယ် စိတ်ကို ကြည်လင်စေပါတယ်။ မနက်ထဲကစိတ်ကြည်နေရင် ဘာအလုပ်လုပ်အဆင်ပြေနေမှာပါ။ 🤗


၆.ပြဿနာ ရဲ့ အဖြေကိုဘဲ အာရုံစိုက်ပါ။


အဆိုးမြင်စိတ်ကို ပိုမိုရှင်သန် ကြီးထွားလာစေတာက ဘာမှမလုပ်ဘဲ ထိုင်နေခြင်းပါ။ အကယ်၍ကိုယ့်မှာ ပြဿနာ တစ်ခုခု ပေါ်လာပြီဆိုတာနဲ့ချက်ချင်းဘယ်လို ဖြေရှင်းသင့်လဲ ဘဲတွေးပါ။ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ပါ။


"ငါဒီနေ့အတွက် ဒီကိစ္စကို ဖြေရှင်းဖို့ ဘာများလုပ်နိုင်မလဲ" စဉ်းစားပါ။


ကိုယ် ဖြေရှင်းမယ့် နည်းလမ်းက ကြီးမားပြီးအချိန်ဆွဲ စေသလို ဖြစ်နေရင် ဒီမေးခွန်းလေးပြန်မေးကြည့်ပါ။


"ဒီနေ့အဖို့ ငါရှေ့ဆက်နိုင်ဖို့ အသေးငယ်ဆုံး ခြေလှမ်းက ဘာဖြစ်မလဲ"


ရှေ့ဆက် လျှောက်လှမ်းနိုင်ဖို့ ပြဿနာတွေကို တစ်ဆင့်ချင်းစီ ဖြေရှင်းပါ။


(ရှေ့အပတ်က ပြဿနာဖြေရှင်းနည်း အကြောင်း ရေးပေးထားပါတယ်နော် ပြန်ဖတ်ကြည့်ပါ )


၇. စိုးရိမ်လွန်တတ်တဲ့ အကျင့်တွေကိုဖျောက်ပါ။


စိုးရိမ်လွန်တတ်တဲ့ အကျင့်က တစ်ခါတစ်လေ မဖြစ်နိုင်တဲ့ အရာတွေကိုပါ တွေးမိနိုင်တာမို့ အဆိုးမြင်စိတ်ကို အားကောင်းစေတဲ့ အရာတစ်ခုပါနော်။

ကိုယ် တွေးကြောက်နေတဲ့ တချို့အရာတွေက တကယ် ဖြစ်မလာနိုင်ပါဘူးနော်။ သူတို့တွေက စိတ်ကူးယဉ်အိပ်မက်ဆိုးတွေပါဘဲ။


ဥပမာ- ကိုယ်က အလုပ်တစ်ခုကို မလျှောက်ကြည့်ခင်မှာ ငါလုပ်နိုင်လောက်မှာ မဟုတ်ပါဘူးလို့ တွေးပူပြီး မလျှောက်ဘဲနေလိုက်တာက အခွင့်အရေးတစ်ခုကို ဆုံးရှုံးသွားရတာဘဲမဟုတ်လား။


၈."အကောင်းဆုံး"ဆိုတဲ့ စကားလုံးနဲ့ အရာရာကို မဖျက်ဆီးပစ်ပါနဲ့။


အကောင်းမြင်စိတ် ရှိလာအောင် ကြိုးစားနေတဲ့အချိန်မှာ တစ်ခါတစ်လေ အကောင်းမြင်လို့ မရလောက်အောင် ဖြစ်လာတဲ့ကိစ္စလေးတွေ ရှိတတ်ပါတယ်။

အဲ့လိုအခိုက်အတန့်လေးတွေမှာ လူတွေက ငါဘယ်လောက်ဘဲ အကောင်းမြင်စိတ်ရှိရှိ ၊ဘယ်လောက်ဘဲ ကြိုးစားကြိုးစား၊ ငါ့ဆီကို မကောင်းတာတွေဘဲ ဖြစ်လာတယ်လို့ တွေးမိတတ်ကြပါတယ်။ အဲ့လိုနဲ့ဘဲ အကောင်းမြင်စိတ် မထားနိုင်တော့ဘဲ လက်လျှော့သွားကြသူတွေရှိပါတယ်။


ဒီလိုတွေ ဖြစ်လာရတာဟာ ကိုယ့်ကိုကိုယ် အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီလို့ သတ်မှတ်မိသွားလို့ပါ။ 


"ငါအကောင်းဆုံးကြိုးစားခဲ့ပြီးပြီဘဲ ဖြစ်မလာတာကတော့ မတတ်နိုင်ဘူးလို့ မတွေးလိုက်ပါနဲ့"။ ငါ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် လိုအပ်ချက်လေးတွေ ရှိနေလို့နေမယ်။ အဲ့အချက်လေးတွေကို ပြင်ပြီး နောက်တစ်ခါ ကြိုးစားကြည့်ရမယ်။ ဘယ်လိုလေး ပြောင်းလဲ ဖြေရှင်းရင်ကောင်းမလဲ ဆိုတာ စဉ်းစားကြည့်ပါ။


၉.ကိုယ့်ကိုကိုယ် ဘယ်တော့မှ အရှုံးမပေးမိဖို့ သတိပေးပါ။


ဘဝမှာ အကောင်းနဲ့အဆိုးနဲ့ ဒွန်တွဲနေတာမို့ ဘဝမှာ ရင်ဆိုင် ဖြေရှင်းရခက်တဲ့ အခြေအနေတွေတော့ ရှိလာနိုင်တာပါဘဲ။ တစ်ခါတစ်လေ ကံကြမ္မာကလည်း လှည့်စားတတ်တာကိုး။ ဒါပေမယ့်လည်း အကောင်းမြင်သမားတွေကတော့ အမြဲကြည့်လိုက်တိုင်း အေးချမ်းနေကြသူတွေချည်းပါဘဲ။


စာရေးဆရာ ထင်လင်း ဘာသာပြန်ဆိုရေးသားထားတဲ့ "မေတ္တာရှင်မလေး ပေါ်လီယာနာ"စာအုပ်လေးဖတ်ကြည့်ဖို့ အကြံပြုပါရစေ။


အားလုံးဘဲ အကောင်းမြင်စိတ် ရှိဖို့ ကြိုးစားကြပါနော်။


ဘယ်တော့မှ ဘဝကို အရှုံးမပေးပါနဲ့။


စာရေးသူလည်း ကြိုးစား နေထိုင်ပါတော့မယ်။


စာတွေဖတ်ပေးလို့ စာဖတ်သူလေးတွေကို ကျေးဇူးတင်ပါတယ်နော်။


စာဖတ်သူလေးတွေကို ဒီကနေဘဲ နှုတ်ဆက်လိုက်ပါတော့တယ်။ ❤


Reference:

https://www.lifehack.org/articles/communication/9-ways-stay-positive.html


Written by

#HydraMyo

(Zawgyi)

အေကာင္းျမင္စိတ္ရွိ လာေအာင္ဘယ္လို ႀကိဳးစားၾကမလဲ ... ?




လူ႔သေဘာ သဘာဝအရ အေကာင္းျမင္စိတ္ရွိဖို့ရာ အရမ္းကို ခက္ခဲပါတယ္။ အဆိုးျမင္တတ္တဲ့စိတ္ဟာ သင္ေပးစရာမလိုဘဲ တတ္ေျမာက္ေနၾကၿပီးသားပါ။

အဆိုးျမင္တတ္တဲ့ စိတ္က ဘဝရဲ့ ေကာင္းမြန္တဲ့အခ်ိန္ေတြ၊ အခြင့္အေရးေတြကို တံတိုင္းတစ္ခုလို ျခားပစ္လိုက္နိုင္တဲ့ အရာတစ္ခုျဖစ္ပါတယ္။


အခု Beatrix ကေနၿပီးေတာ့ အေကာင္းျမင္စိတ္ရွိေအာင္ ေလ့က်င့္ဖို့ နည္းလမ္း(၉)သြယ္ကို ေဖာ္ျပေပးခ်င္ပါတယ္။ 🤗


အဲ့(၉)ခ်က္ထဲက တစ္ခ်က္ကိုေရြးခ်ယ္ၿပီး ရက္၃၀ေလာက္ ေလ့က်င့္ေနထိုင္ၾကည့္ပါ။ တစ္ခ်က္ကို က်င့္သားရသြားၿပီဆိုမွ ေနာက္တစ္ခ်က္စီ အဆင့္တက္သြားပါေနာ္။😌


၁.ကိုယ့္ကိုကိုယ္ မွန္ကန္တဲ့ ေမးခြန္းေတြ ေမးပါ။


ဒီအခ်က္က ရိုးရွင္းေပမယ့္ အေကာင္းျမင္စိတ္ရွိလာဖို့ ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ အရမ္းအေရးပါတဲ့ အေလ့အက်င့္ တစ္ခု ျဖစ္ပါတယ္။ အခက္အခဲ အက်ပ္အတည္း ၾကဳံရခ်ိန္မွာ ကၽြန္ေတာ္တို့ ကိုယ့္ကိုကိုယ္ ေမးလိုက္တဲ့ေမးခြန္းေပၚ မူတည္ၿပီး ကၽြန္ေတာ္တို့ ၾကဳံေတြ႕ေနရတဲ့ ျပႆနာ အေျခအေနကို ကြဲျပားျခားနားသြားေအာင္ လုပ္နိုင္ပါတယ္။


အဆိုးျမင္သမားဆိုရင္


👉ဘာလို့ ငါ့က်မွ ဒီလိုေတြ ျဖစ္ေနရတာလဲ ..


👉ဘာလို့ ငါ့ဆီမွာဘဲ တစ္ခ်ိန္လုံး ဆိုးတဲ့အရာေတြ လာျဖစ္ေနရတာလဲ ..


ဒီလိုသာ ေမးခြန္းထုတ္မိရင္ သင္ဟာ ျပႆနာရဲ့အေျဖကို မရွာေဖြနိုင္ေတာ့သလို စိတ္ဓါတ္က် ဝမ္းနည္းမွုေတြကိုဘဲ ခံစားေနရနိုင္ပါတယ္။


အေကာင္းျမင္သမားေတြ ကေတာ့ ေအာက္ပါေမးခြန္းေလးေတြကို ေမးၿပီး ျဖစ္နိုင္ေခ်ေတြ အျမင္သစ္ေတြကို ရွာေဖြေလ့ ရွိၾကပါတယ္။


👉ဒီျဖစ္ရပ္ထဲက ေကာင္းတဲ့အရာကဘာလဲ ..


👉ဒီအေျခအေနကေန ငါဘာေတြ သင္ယူနိုင္သလဲ ...


👉ဒီျဖစ္ရပ္ကို ေျဖရွင္းဖို့ ဒီေန႔အတြက္ ပထမဆုံး ငါစလုပ္သင့္တဲ့ အရာက ဘာလဲ ... စတဲ့ ေမးခြန္းမ်ိဳးေလးေတြဘဲျဖစ္ပါတယ္။


၂.ဘဝကို အေကာင္းျမင္စိတ္ေတြ နဲ႔ တည္ေဆာက္ရွင္သန္ပါ။


သင္နဲ႔အတူ အခ်ိန္ေတြကို ျဖတ္သန္းတဲ့သူ ႏွင့္ သင့္အေပၚ လႊမ္းမိုး ခြင့္ျပဳထားတဲ့ သတင္းအခ်က္ေတြက သင့္ရဲ့ကိုယ္က်င့္တရား နဲ႔ သင္ ဘယ္လိုေတြးေခၚတတ္တယ္ ဆိုတဲ့အေပၚကို အမ်ားႀကီးသက္ေရာက္မွုရွိပါတယ္။ သင့္ကို အားေပး ေထာက္ပံ့တဲ့သူေတြနဲ႔ ပိုအခ်ိန္ျဖဳန္းပါ။


စာေရးသူမွာလည္း အေကာင္းျမင္စိတ္အရမ္းရွိတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ရွိပါတယ္🤗❤။


သူတို့ေတြနဲ႔ အခ်ိန္ျဖဳန္းလိုက္တာနဲ႔ ကိုယ္ပါ အေကာင္းျမင္စိတ္ရွိလာသလို ခံစားလာရတာ တကယ္လက္ေတြ႕ပါ။ သူတို့က motivation ျဖစ္ေစတဲ့ video ေလးေတြၾကည့္တယ္။ စိတ္အားတက္ေစတဲ့ သီခ်င္းေလးေတြ နားေထာင္တတ္ၾကပါတယ္တဲ့။


၃. ကိုယ့္မွာ ရွိတာေလးကို ေက်းဇူးတင္ပါ။ (ကိုယ့္ကိုကိုယ္ ဘယ္ေတာ့မွ မေမ့ပါနဲ႔တဲ့)


အရိုးရွင္းဆုံးနဲ႔ အေကာင္းျမင္စိတ္ ပိုမိုရွင္သန္လာဖို့ အျမန္ဆုံး နည္းလမ္းကေတာ့ "Gratitude" ဆိုတဲ့(ေက်းဇူးတင္တတ္ျခင္း) ပါဘဲ။ 


ဒီေန႔အတြက္ ငါ့ဘဝမွာ ဘယ္အရာေတြကို ေက်းဇူးတင္သင့္သလဲ ..


ငါ့ဘဝမွာ ေက်းဇူးတင္သင့္တဲ့သူေတြက ဘယ္သူေတြလဲ။ ဘာေၾကာင့္လဲ ...


ငါကိုယ္ငါ ေက်းဇူးတင္ ဂုဏ္ယူသင့္တဲ့ အရာေတြကဘာေတြလဲ .. ❤


ဒီေမးခြန္းေလးကို မိနစ္အနည္းငယ္ေလာက္ အခ်ိန္ေပးၿပီး ေမးၾကည့္ပါ။🤗


၄.ကိုယ္ခႏၶာ က်န္းမာေရး ကိုလည္း မေမ့ပါနဲ႔။


စိတ္က်န္းမာမွ ကိုယ္က်န္းမာမယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း ကိုယ္က အိပ္ေရးေတြ ပ်က္ အစားအေသာက္ မမွန္ရင္ စိတ္က အျမဲရွုပ္ေထြးေနတတ္ေရာ။ဘာလုပ္လုပ္ အဆင္မေျပဘဲ စိတ္မၾကည္ေတာ့ အဆိုးေတြခ်ည္း ျမင္ေနလိမ့္မယ္။

ဒါ့ေၾကာင့္ အိပ္ေရးဝဝအိပ္ၿပီး က်န္းမာေရးနဲညီညြတ္တဲ့ အစားအစာေတြ စားပါ။


၅.အေကာင္းျမင္စိတ္ နဲ႔ သင့္ရဲ့ တစ္ေန႔တာကိုစတင္ပါ။


မနက္မိုးလင္း အိပ္ရာထတိုင္း ေလာကႀကီးကို ေက်းဇူးတင္ၿပီး နိုးထပါ။မနက္စာ မစားခင္  ဘယ္သူ႔ေတြကို ေက်းဇူးတင္တယ္၊ ဘာေတြကို

ငါေအာင္ျမင္ေအာင္ လုပ္နိုင္ခဲ့တယ္၊ ငါဘာေကာင္းမွုေတြ လုပ္ခဲ့သလဲ စဥ္းစားတာမ်ိဳး၊ အေကာင္းျမင္စိတ္နဲ႔ သုံးသပ္တဲ့ သတင္းေတြ 

နားေထာင္တာမ်ိဳးတို့၊ ေလ့က်င့္ခန္းတို့ ျပဳလုပ္ပါ။


ေနာက္ၿပီး မနက္ပိုင္း ဘုရားရွိခိုးတာတို့၊ ေမတၱာသုတ္ တရားေတာ္ေတြ နားေထာင္တာတို့က တကယ္ စိတ္ကို ၾကည္လင္ေစပါတယ္။ မနက္ထဲကစိတ္ၾကည္ေနရင္ ဘာအလုပ္လုပ္အဆင္ေျပေနမွာပါ။ 🤗


၆.ျပႆနာ ရဲ့ အေျဖကိုဘဲ အာ႐ုံစိုက္ပါ။


အဆိုးျမင္စိတ္ကို ပိုမိုရွင္သန္ ႀကီးထြားလာေစတာက ဘာမွမလုပ္ဘဲ ထိုင္ေနျခင္းပါ။ အကယ္၍ကိုယ့္မွာ ျပႆနာ တစ္ခုခု ေပၚလာၿပီဆိုတာနဲ႔ခ်က္ခ်င္းဘယ္လို ေျဖရွင္းသင့္လဲ ဘဲေတြးပါ။ ကိုယ့္ကိုကိုယ္ေမးခြန္းထုတ္ပါ။


"ငါဒီေန႔အတြက္ ဒီကိစၥကို ေျဖရွင္းဖို့ ဘာမ်ားလုပ္နိုင္မလဲ" စဥ္းစားပါ။


ကိုယ္ ေျဖရွင္းမယ့္ နည္းလမ္းက ႀကီးမားၿပီးအခ်ိန္ဆြဲ ေစသလို ျဖစ္ေနရင္ ဒီေမးခြန္းေလးျပန္ေမးၾကည့္ပါ။


"ဒီေန႔အဖို့ ငါေရွ႕ဆက္နိုင္ဖို့ အေသးငယ္ဆုံး ေျခလွမ္းက ဘာျဖစ္မလဲ"


ေရွ႕ဆက္ ေလၽွာက္လွမ္းနိုင္ဖို့ ျပႆနာေတြကို တစ္ဆင့္ခ်င္းစီ ေျဖရွင္းပါ။


(ေရွ႕အပတ္က ျပႆနာေျဖရွင္းနည္း အေၾကာင္း ေရးေပးထားပါတယ္ေနာ္ ျပန္ဖတ္ၾကည့္ပါ )


၇. စိုးရိမ္လြန္တတ္တဲ့ အက်င့္ေတြကိုေဖ်ာက္ပါ။


စိုးရိမ္လြန္တတ္တဲ့ အက်င့္က တစ္ခါတစ္ေလ မျဖစ္နိုင္တဲ့ အရာေတြကိုပါ ေတြးမိနိုင္တာမို့ အဆိုးျမင္စိတ္ကို အားေကာင္းေစတဲ့ အရာတစ္ခုပါေနာ္။

ကိုယ္ ေတြးေၾကာက္ေနတဲ့ တခ်ိဳ့အရာေတြက တကယ္ ျဖစ္မလာနိုင္ပါဘူးေနာ္။ သူတို့ေတြက စိတ္ကူးယဥ္အိပ္မက္ဆိုးေတြပါဘဲ။


ဥပမာ- ကိုယ္က အလုပ္တစ္ခုကို မေလၽွာက္ၾကည့္ခင္မွာ ငါလုပ္နိုင္ေလာက္မွာ မဟုတ္ပါဘူးလို့ ေတြးပူၿပီး မေလၽွာက္ဘဲေနလိုက္တာက အခြင့္အေရးတစ္ခုကို ဆုံးရွုံးသြားရတာဘဲမဟုတ္လား။


၈."အေကာင္းဆုံး"ဆိုတဲ့ စကားလုံးနဲ႔ အရာရာကို မဖ်က္ဆီးပစ္ပါနဲ႔။


အေကာင္းျမင္စိတ္ ရွိလာေအာင္ ႀကိဳးစားေနတဲ့အခ်ိန္မွာ တစ္ခါတစ္ေလ အေကာင္းျမင္လို့ မရေလာက္ေအာင္ ျဖစ္လာတဲ့ကိစၥေလးေတြ ရွိတတ္ပါတယ္။

အဲ့လိုအခိုက္အတန္႔ေလးေတြမွာ လူေတြက ငါဘယ္ေလာက္ဘဲ အေကာင္းျမင္စိတ္ရွိရွိ ၊ဘယ္ေလာက္ဘဲ ႀကိဳးစားႀကိဳးစား၊ ငါ့ဆီကို မေကာင္းတာေတြဘဲ ျဖစ္လာတယ္လို့ ေတြးမိတတ္ၾကပါတယ္။ အဲ့လိုနဲ႔ဘဲ အေကာင္းျမင္စိတ္ မထားနိုင္ေတာ့ဘဲ လက္ေလၽွာ့သြားၾကသူေတြရွိပါတယ္။


ဒီလိုေတြ ျဖစ္လာရတာဟာ ကိုယ့္ကိုကိုယ္ အေကာင္းဆုံး ႀကိဳးစားခဲ့ၿပီးၿပီလို့ သတ္မွတ္မိသြားလို့ပါ။ 


"ငါအေကာင္းဆုံးႀကိဳးစားခဲ့ၿပီးၿပီဘဲ ျဖစ္မလာတာကေတာ့ မတတ္နိုင္ဘူးလို့ မေတြးလိုက္ပါနဲ႔"။ ငါ အေကာင္းဆုံး ႀကိဳးစားခဲ့ေပမယ့္ လိုအပ္ခ်က္ေလးေတြ ရွိေနလို့ေနမယ္။ အဲ့အခ်က္ေလးေတြကို ျပင္ၿပီး ေနာက္တစ္ခါ ႀကိဳးစားၾကည့္ရမယ္။ ဘယ္လိုေလး ေျပာင္းလဲ ေျဖရွင္းရင္ေကာင္းမလဲ ဆိုတာ စဥ္းစားၾကည့္ပါ။


၉.ကိုယ့္ကိုကိုယ္ ဘယ္ေတာ့မွ အရွုံးမေပးမိဖို့ သတိေပးပါ။


ဘဝမွာ အေကာင္းနဲ႔အဆိုးနဲ႔ ဒြန္တြဲေနတာမို့ ဘဝမွာ ရင္ဆိုင္ ေျဖရွင္းရခက္တဲ့ အေျခအေနေတြေတာ့ ရွိလာနိုင္တာပါဘဲ။ တစ္ခါတစ္ေလ ကံၾကမၼာကလည္း လွည့္စားတတ္တာကိုး။ ဒါေပမယ့္လည္း အေကာင္းျမင္သမားေတြကေတာ့ အျမဲၾကည့္လိုက္တိုင္း ေအးခ်မ္းေနၾကသူေတြခ်ည္းပါဘဲ။


စာေရးဆရာ ထင္လင္း ဘာသာျပန္ဆိုေရးသားထားတဲ့ "ေမတၱာရွင္မေလး ေပၚလီယာနာ"စာအုပ္ေလးဖတ္ၾကည့္ဖို့ အႀကံျပဳပါရေစ။


အားလုံးဘဲ အေကာင္းျမင္စိတ္ ရွိဖို့ ႀကိဳးစားၾကပါေနာ္။


ဘယ္ေတာ့မွ ဘဝကို အရွုံးမေပးပါနဲ႔။


စာေရးသူလည္း ႀကိဳးစား ေနထိုင္ပါေတာ့မယ္။


စာေတြဖတ္ေပးလို့ စာဖတ္သူေလးေတြကို ေက်းဇူးတင္ပါတယ္ေနာ္။


စာဖတ္သူေလးေတြကို ဒီကေနဘဲ ႏွုတ္ဆက္လိုက္ပါေတာ့တယ္။ ❤


Reference:

https://www.lifehack.org/articles/communication/9-ways-stay-positive.html


Written by

#HydraMyo

Wednesday, July 8, 2020

Public Speaking :-O

လူရှေ့ထွက် စကားပြောဖို့ ကြောက်နေကြတာလား? 🥶

လူအများရှေ့မှာ ဒူးမတုန်၊ ရင်မတုန်အောင် ပြောဖို့ သတ္တိမွေးနေကြတာလား? 🤔

🤗ဒါဆို ဒီပို့စ်က သင့်အတွက်ဘဲ ဖြစ်ပါတယ် 🤗

📣...🗣🗣🗣...📣


Public speaker လုပ်ချင်သူတစ်ဦးအနေနဲ့ အရင်းဆုံး နားထောင်သူတွေရဲ့စိတ်ထဲကို ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေ ပေါ်လာအောင် ပြောဆိုပေးဖို့ ဖြစ်ပါတယ်။ ဒါနဲ့ စိတ်ကူးဆိုတာ ဘာလဲ။ စိတ်ကူးက ပုံစံအမျိုးမျိုးနဲ့ လာလေ့ရှိပါတယ်။ စိတ်ကူးသည် စိတ်တွင်ဖြစ်ပေါ်စေသောအတွေးများသို့မဟုတ်စုဆောင်းမှုအတွေးအခေါ်များဖြစ်သည်။ စိတ်ကူးဟာ လူတွေရဲ့ လုပ်ဆောင်ပုံတွေကို အနာဂတ်မှာ ကောင်းမွန်အောင် ပုံဖော်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် စိတ်ကူးတွေက တကယ့်ကိုအရေးပါ အရာရောက်တဲ့ စွမ်းအားတွေ ဖြစ်ပါတယ်။

💠💠💠💠💠

Public speaker တစ်ဦးအနေနဲ့ လူတွေရဲ့ စိတ်ထဲမှာ လေးနက်တဲ့ စိတ်ကူးတစ်ခုကို တည်ဆောက်လို့ရအောင် အသုံးဝင်တဲ့ အချက်(5)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1️⃣ သင့်ရဲ့ အဓိက စိတ်ကူးကို အာရုံစိုက်ပါ။

စိတ်ကူးတွေဟာ ရှုပ်ထွေးပါတယ်။ဒါပေမဲ့ အကြောင်းအရာတစ်ခုကို သေသေချာချာ ရှင်းပြပေးဖို့တော့ လိုအပ်ပါလိမ့်မည်။ဥပမာအားဖြင့်ဆိုရလျှင်

ဆက်စက်မှုရှိတဲ့ ဥပမာတွေပေးဖို့၊ နမူနာတွေပြဖို့။

ထိုအခါမှ သင်ပြောပြချင်တဲ့ အကြောင်းအရာကို တစ်နည်းနည်းနဲ့ ချိတ်ဆက်နိုင်ပြီး နားလည်နိုင်မှာ ဖြစ်ပါတယ်။

2️⃣ လူတွေရဲ့ ဂရုစိုက်မှုကို ခံရနိုင်လောက်တဲ့   အကြောင်းပြချက် တစ်ခုပေးပါ။

သင်ပြောလိုတဲ့ အရာတွေကို လူတွေနားလည်အောင် ထိထိမိမိ ပြောဆိုတတ်ရပါမယ်။သူတို့ရဲ့ သိလိုစိတ်ကို နှိုးဆွပေးတဲ့ မေးခွန်းမျိုးကို မေးကြည့်ပါ။ ထိုအခါမှ ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှုကို ခံရပြီး ဖြည့်ဆည်းဖို့လိုအပ်တဲ့ ဟာကွက်တွေကိုလည်း သူတို့ခံစားမိလိမ့်မည်။

3️⃣ ရင်းနှီးတဲ့ အကြောင်းအရာတွေနဲ့ စိတ်ကူးကို တည်ဆောင်ပါ။

လူတွေနဲ့ ချိတ်ဆက်မှုရှိမဲ့ ဘာသာစကားကို အသုံးပြုပါ။ ဥပမာအားဖြင့် သင်ပြောတာကို နားထောင်နေတဲ့ ပရိတ်သတ်တွေက သက်ကြီးရွယ်အိုပိုင်းလား၊ လူငယ်ပိုင်းလား ဆိုပြီး သိရှိထားပါ။ ပြီးရင် သူတို့နဲ့ လိုက်ဖက်သင့်တော်တဲ့ စကားအသုံးနှုန်းမျိုးနဲ့ ပြောပြဖို့ လိုအပ်လာပါလိမ့်မည်။

4️⃣  မျက်စိချင်း ဆုံနိုင်အောင် ကြိုးစားပါ။

လူရှေ့ထွက်စကားပြောရင် လူတော်တော်များများလုပ်တတ်ကြတဲ့ အမှားတစ်ခုကတော့ မျက်နှာကျက်(သို့မဟုတ်)ကြမ်းပြင်ကို စိုက်ကြည့်ပြီး စကားပြောတတ်ကြတာပါပဲ။ တကယ်တမ်းတော့ ဒီလိုလုပ်တာဟာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို လျော့နည်းစေပါတယ်။ ထို့ကြောင့်နားထောင်နေသူတစ်ယောက်ချင်းစီနဲ့ မျက်လုံးချင်း ဆုံနိုင်အောင် ကြိုးစားပါ။

5️⃣ သင့်ရဲ့ စိတ်ကူးကို မျှဝေရကျိုးနပ်ပါစေ။

"ဒီစိတ်ကူးက ဘယ်သူ့အတွက် အကျိုးဖြစ်စေသလဲ" ဆိုပြီး သင့်ကိုယ်သင်မေးကြည့်ပါ။ ရလဒ်က သင့်အတွက်ဘဲ တိုးတက်စေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ သင်ပြောဆိုလိုက်တဲ့ အကြောင်းအရာတစ်ခုဟာ ပရိတ်သတ်တွေရဲ့ အမြင်ကို ထူးခြားပြောင်းလဲနိုင်စွမ်းရှိရင်တော့ သင့်မှာ ပြောင်မြောက်တဲ့ အရည်အချင်းရှိလို့ဘဲ ဖြစ်ပါတယ်။

ထို့ကြောင့် မိတ်ဆွေတို့လည်း လေ့ကျင့်ကြပါ။ အရှေ့ကိုထွက်လိုက်ပါ၊ လူတွေနဲ့ပြောဆိုဆက်ဆံပါ၊ လူရှေ့ထွက် ပြောဆိုခြင်းစွမ်းရည်သည် နေရင်းထိုင်ရင်း တိုးတက်လာမည် မဟုတ်ပါ။ သင်၏ကိုယ်ပိုင်အတွေ့အကြုံများမှအချိန်၊ လေ့ကျင့်မှုနှင့် သင်ယူနိုင်စွမ်းများလည်း လိုအပ်ပါလိမ့်မည်။ အလွန်အကျွံစိတ်လှုပ်ရှားစရာမလိုပါနှင့်ဤ နည်းစနစ်များအားလုံးကိုအချိန်တိုင်းအသုံးပြုရန်မလိုအပ်သော်လည်း တစ်ခုသို့မဟုတ်နှစ်ခုဖြင့်စတင်ကြည့်ပါ၊ နောက်ပိုင်းတွင် သင်၏ လေ့ကျင့်သင်ယူမှုနှင့် ကြိုးစားအားထုတ်မှုကြောင့် အလိုအလျောက်ပင် တတ်ကျွမ်းလာလိမ့်မည်။

#Noel
#Sone_See_Yar

(Zawgyi)

လူေရွ႕ထြက္ စကားေျပာဖို့ ေၾကာက္ေနၾကတာလား? 🥶

လူအမ်ားေရွ႕မွာ ဒူးမတုန္၊ ရင္မတုန္ေအာင္ ေျပာဖို့ သတၱိေမြးေနၾကတာလား? 🤔

🤗ဒါဆို ဒီပို့စ္က သင့္အတြက္ဘဲ ျဖစ္ပါတယ္ 🤗

📣...🗣🗣🗣...📣


Public speaker လုပ္ခ်င္သူတစ္ဦးအေနနဲ႔ အရင္းဆုံး နားေထာင္သူေတြရဲ့စိတ္ထဲကို ထူးျခားတဲ့ စိတ္ကူးစိတ္သန္းေတြ ေပၚလာေအာင္ ေျပာဆိုေပးဖို့ ျဖစ္ပါတယ္။ ဒါနဲ႔ စိတ္ကူးဆိုတာ ဘာလဲ။ စိတ္ကူးက ပုံစံအမ်ိဳးမ်ိဳးနဲ႔ လာေလ့ရွိပါတယ္။ စိတ္ကူးသည္ စိတ္တြင္ျဖစ္ေပၚေစေသာအေတြးမ်ားသို့မဟုတ္စုေဆာင္းမွုအေတြးအေခၚမ်ားျဖစ္သည္။ စိတ္ကူးဟာ လူေတြရဲ့ လုပ္ေဆာင္ပုံေတြကို အနာဂတ္မွာ ေကာင္းမြန္ေအာင္ ပုံေဖာ္ေပးနိုင္စြမ္း ရွိပါတယ္။ ဒါေၾကာင့္ စိတ္ကူးေတြက တကယ့္ကိုအေရးပါ အရာေရာက္တဲ့ စြမ္းအားေတြ ျဖစ္ပါတယ္။

💠💠💠💠💠

Public speaker တစ္ဦးအေနနဲ႔ လူေတြရဲ့ စိတ္ထဲမွာ ေလးနက္တဲ့ စိတ္ကူးတစ္ခုကို တည္ေဆာက္လို့ရေအာင္ အသုံးဝင္တဲ့ အခ်က္(5)ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

1️⃣ သင့္ရဲ့ အဓိက စိတ္ကူးကို အာ႐ုံစိုက္ပါ။

စိတ္ကူးေတြဟာ ရွုပ္ေထြးပါတယ္။ဒါေပမဲ့ အေၾကာင္းအရာတစ္ခုကို ေသေသခ်ာခ်ာ ရွင္းျပေပးဖို့ေတာ့ လိုအပ္ပါလိမ့္မည္။ဥပမာအားျဖင့္ဆိုရလၽွင္

ဆက္စက္မွုရွိတဲ့ ဥပမာေတြေပးဖို့၊ နမူနာေတြျပဖို့။

ထိုအခါမွ သင္ေျပာျပခ်င္တဲ့ အေၾကာင္းအရာကို တစ္နည္းနည္းနဲ႔ ခ်ိတ္ဆက္နိုင္ၿပီး နားလည္နိုင္မွာ ျဖစ္ပါတယ္။

2️⃣ လူေတြရဲ့ ဂ႐ုစိုက္မွုကို ခံရနိုင္ေလာက္တဲ့   အေၾကာင္းျပခ်က္ တစ္ခုေပးပါ။

သင္ေျပာလိုတဲ့ အရာေတြကို လူေတြနားလည္ေအာင္ ထိထိမိမိ ေျပာဆိုတတ္ရပါမယ္။သူတို့ရဲ့ သိလိုစိတ္ကို ႏွိုးဆြေပးတဲ့ ေမးခြန္းမ်ိဳးကို ေမးၾကည့္ပါ။ ထိုအခါမွ ပရိတ္သတ္ေတြရဲ့ အာ႐ုံစိုက္မွုကို ခံရၿပီး ျဖည့္ဆည္းဖို့လိုအပ္တဲ့ ဟာကြက္ေတြကိုလည္း သူတို့ခံစားမိလိမ့္မည္။

3️⃣ ရင္းႏွီးတဲ့ အေၾကာင္းအရာေတြနဲ႔ စိတ္ကူးကို တည္ေဆာင္ပါ။

လူေတြနဲ႔ ခ်ိတ္ဆက္မွုရွိမဲ့ ဘာသာစကားကို အသုံးျပဳပါ။ ဥပမာအားျဖင့္ သင္ေျပာတာကို နားေထာင္ေနတဲ့ ပရိတ္သတ္ေတြက သက္ႀကီးရြယ္အိုပိုင္းလား၊ လူငယ္ပိုင္းလား ဆိုၿပီး သိရွိထားပါ။ ၿပီးရင္ သူတို့နဲ႔ လိုက္ဖက္သင့္ေတာ္တဲ့ စကားအသုံးႏွုန္းမ်ိဳးနဲ႔ ေျပာျပဖို့ လိုအပ္လာပါလိမ့္မည္။

4️⃣  မ်က္စိခ်င္း ဆုံနိုင္ေအာင္ ႀကိဳးစားပါ။

လူေရွ႕ထြက္စကားေျပာရင္ လူေတာ္ေတာ္မ်ားမ်ားလုပ္တတ္ၾကတဲ့ အမွားတစ္ခုကေတာ့ မ်က္ႏွာက်က္(သို့မဟုတ္)ၾကမ္းျပင္ကို စိုက္ၾကည့္ၿပီး စကားေျပာတတ္ၾကတာပါပဲ။ တကယ္တမ္းေတာ့ ဒီလိုလုပ္တာဟာ ပရိသတ္ေတြရဲ့ အာ႐ုံစိုက္မွုကို ေလ်ာ့နည္းေစပါတယ္။ ထို့ေၾကာင့္နားေထာင္ေနသူတစ္ေယာက္ခ်င္းစီနဲ႔ မ်က္လုံးခ်င္း ဆုံနိုင္ေအာင္ ႀကိဳးစားပါ။

5️⃣ သင့္ရဲ့ စိတ္ကူးကို မၽွေဝရက်ိဳးနပ္ပါေစ။

"ဒီစိတ္ကူးက ဘယ္သူ႔အတြက္ အက်ိဳးျဖစ္ေစသလဲ" ဆိုၿပီး သင့္ကိုယ္သင္ေမးၾကည့္ပါ။ ရလဒ္က သင့္အတြက္ဘဲ တိုးတက္ေစတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ သင္ေျပာဆိုလိုက္တဲ့ အေၾကာင္းအရာတစ္ခုဟာ ပရိတ္သတ္ေတြရဲ့ အျမင္ကို ထူးျခားေျပာင္းလဲနိုင္စြမ္းရွိရင္ေတာ့ သင့္မွာ ေျပာင္ေျမာက္တဲ့ အရည္အခ်င္းရွိလို့ဘဲ ျဖစ္ပါတယ္။

ထို့ေၾကာင့္ မိတ္ေဆြတို့လည္း ေလ့က်င့္ၾကပါ။ အေရွ႕ကိုထြက္လိုက္ပါ၊ လူေတြနဲ႔ေျပာဆိုဆက္ဆံပါ၊ လူေရွ႕ထြက္ ေျပာဆိုျခင္းစြမ္းရည္သည္ ေနရင္းထိုင္ရင္း တိုးတက္လာမည္ မဟုတ္ပါ။ သင္၏ကိုယ္ပိုင္အေတြ႕အၾကဳံမ်ားမွအခ်ိန္၊ ေလ့က်င့္မွုႏွင့္ သင္ယူနိုင္စြမ္းမ်ားလည္း လိုအပ္ပါလိမ့္မည္။ အလြန္အကၽြံစိတ္လွုပ္ရွားစရာမလိုပါႏွင့္ဤ နည္းစနစ္မ်ားအားလုံးကိုအခ်ိန္တိုင္းအသုံးျပဳရန္မလိုအပ္ေသာ္လည္း တစ္ခုသို့မဟုတ္ႏွစ္ခုျဖင့္စတင္ၾကည့္ပါ၊ ေနာက္ပိုင္းတြင္ သင္၏ ေလ့က်င့္သင္ယူမွုႏွင့္ ႀကိဳးစားအားထုတ္မွုေၾကာင့္ အလိုအေလ်ာက္ပင္ တတ္ကၽြမ္းလာလိမ့္မည္။

#Noel
#Sone_See_Yar

Sunday, December 23, 2018

Professional နဲ႕ Passion



အားေတာ့နာပါတယ္၊ ထမင္းစား ပ်က္သြားႏုိင္တဲ့ စကားပံုေလးတစ္ခုနဲ႕ ေဆာင္းပါးကို စဖြင့္ရမွာမုိ႕ပါ။ “၀က္ျဖစ္မွေတာ့ မစင္ မေၾကာက္နဲ႕ေတာ့” တဲ့။ ဒီစကားေလး ၾကားဖူးၾကမယ္ ထင္ပါတယ္။ အမ်ားအားျဖင့္ေတာ့ မထူးဇာတ္ခင္းလိုက္ လို႕ အဓိပၸါယ္ေပါက္ၾကပါတယ္။ ေလာင္းကစားနည္းနည္းလုပ္တယ္၊ ရံႈးသြားတယ္၊ မထူးပါဘူး မရပ္နဲ႕ေတာ့ ဆက္သာေလာင္း ဆုိတာမ်ိဳးေတြမွာ ေျပာေလ့ရွိၾကပါတယ္။

ကၽြန္ေတာ္ကေတာ့ ေနာက္တစ္ဖက္ကေန လွည္႕ေတြးၾကည္႕မယ္။ ပေရာ္ဖက္ရွင္နယ္ အလုပ္တစ္ခုခ်င္းစီမွာ သက္ဆုိင္ရာအလိုက္ မေကာင္းတဲ့အပုိင္းေတြ၊ စိတ္ညစ္ရတဲ့အပုိင္းေတြဆုိတာ ရွိၾကတာပဲ။ ဥပမာ ကၽြန္ေတာ္ဆုိ အမ်ိဳးသမီးအေရးကိစၥနဲ႕ ပတ္သက္တဲ့ ေဆာင္းပါးေတြ အေရးမ်ားတယ္။ ဘာလို႕ဆိုေတာ့ ဒါဟာ ကုိယ့္ႏုိင္ငံ၊ ကုိယ့္အသုိင္းအ၀ုိင္းမွာ တကယ္ကုိ လိုအပ္ေနတယ္လို႕ ယံုၾကည္လို႕။

ဟုတ္ျပီ၊ အဲ့လိုေတြ ရပ္တည္ျပီး ေရးေတာ့မယ္ဆုိတဲ့အခါ စိတ္ထဲ ၾကိဳျပင္ဆင္ထားရတယ္။ ဒီလူက မိန္းကေလးေတြၾကိဳက္ေအာင္ ေရးေနတာပါကြာ တို႕၊ ေပၚပင္ေတြ လိုက္ေရးတာပါ တို႕ ဆုိတဲ့ အသံေတြကို ခံႏုိင္ရည္ရွိဖုိ႕ပဲ။ ဒီလိုအေၾကာင္းအရာေရးရင္ ဒီလိုေျပာခံရႏုိင္တယ္။ အေျပာမခံႏုိင္ရင္ မေရးနဲ႕။ မရပ္တည္နဲ႕။

ေျပာရရင္ေတာ့ ၀က္ျဖစ္ခ်င္ရင္ မစင္မေၾကာက္နဲ႕။

တျခားပေရာ္ဖက္ရွင္ေတြမွာလည္း အဲ့လိုပဲ။ စစ္သားအလုပ္ဟာ ဂုဏ္ယူစရာေကာင္းတယ္။ တုိင္းျပည္ကုိ ကာကြယ္ေနရတာကိုး။ (ေယဘုယ်သေဘာ ေျပာပါတယ္။) ျပည္သူျပည္သားေတြကလည္း ခ်စ္တယ္။ ဒါေပမယ့္ စစ္သားလုပ္မယ္ဆုိ တုိက္ပြဲက်ႏုိင္တယ္၊ ဒုကၡိတျဖစ္သြားႏုိင္တယ္ ဆိုတဲ့ အဆုိးဘက္ကုိလည္း လက္ခံထားႏုိင္ဖုိ႕လိုတယ္။ ဒါကိုေၾကာက္ေနရင္ စစ္သားမလုပ္နဲ႕။ စစ္သားလုပ္မယ္ဆုိလည္း ဒါကိုပဲ အေၾကာင္းျပမေနနဲ႕။ ဒါက စစ္သားတစ္ေယာက္အျဖစ္ ရပ္တည္မယ္ဆိုရင္ ပါကုိပါလာမယ့္ ကိစၥပဲ။

ဆရာ၀န္ဘ၀၊ ပီတိျဖစ္စရာေကာင္းတယ္။ လူေတြကလည္း ေလးစားခ်စ္ခင္ၾကတယ္။ ဒါေပမယ့္ အလုပ္ခ်ိန္ရယ္လို႕ သတ္သတ္မွတ္မွတ္မရွိႏုိင္တာ၊ လူ႕အသက္နဲ႕ အလုပ္လုပ္ရတာမို႕ စိတ္ဖိစီးမႈမ်ားတာ၊ အမွားအယြင္းမခံတာ၊ အျမဲတမ္း ေဆးပညာအသစ္အသစ္ေတြကို ေလ့လာေနရတာ၊ ဒါေတြကလည္း ဆရာ၀န္ဘ၀မွာ ကပ္ပါလာျပီးသား ျဖစ္တယ္။ လက္မခံႏုိင္ရင္ ဆရာ၀န္ မလုပ္နဲ႕ေပါ့။

အဆုိေတာ္ဘ၀၊ ေတြးၾကည္႕ရင္ ေပ်ာ္စရာၾကီး။ ကုိယ္က လက္ေျမွာက္ဆုိ ေျမွာက္ၾကတယ္၊ ခုန္ဆုိ ခုန္ၾကတယ္၊ ကုိယ့္နာမည္ကို စင္ေအာက္ကေန ေအာ္ျပီး အားေပးေနၾကတယ္။ ဒါေပမယ့္ အဲ့လုိနာမည္မၾကီးခင္ ေရသန္႕ဗူးဒဏ္ကုိ ခံရႏုိင္တယ္၊ အေ၀ဖန္ခံရမယ္။ ကုိယ့္အသံ၊ ကုိယ့္သက္လံုကို ထိခိုက္ေစမယ့္ အျပဳအမူေတြကုိ ေရွာင္ရွားရမယ္။ လူသိပဲမ်ားခ်င္တာ၊ Popular ပဲ ျဖစ္ခ်င္တာ၊ ေ၀ဖန္ရင္ေတာ့ ျပင္းျပင္းထန္ထန္ ရန္ျပန္ေတြ႕ပစ္မယ္ လုပ္ေနလို႕မရဘူး။ ဒါေတြကို ေၾကာက္ေနရင္ အဆုိေတာ္ မလုပ္တာေကာင္းတယ္။

ကၽြန္ေတာ္တို႕ပတ္၀န္းက်င္မွာ တခ်ိဳ႕လူေတြဟာ ကေလးစိတ္မကုန္ၾကေသးတာကို ေတြ႕ရတယ္။ ကေလးရဲ႕ သဘာ၀အရ ေကာင္းတာေတြခ်ည္း လိုခ်င္တယ္။ မေကာင္းတာ နည္းနည္း ပါလုိက္ရင္ မၾကိဳက္ၾကေတာ့ဘူး။ တျဖည္းျဖည္း အသက္ၾကီးလာတဲ့အခါမွာေတာ့ ကေလးဘ၀ကလို အျမဲတမ္းအေကာင္းေတြခ်ည္း ျဖစ္မေနႏုိင္ဘူး ဆုိတာကို လက္ခံႏုိင္ေအာင္ ၾကိဳးစားလာရတယ္။ ဘယ္အလုပ္မဆုိ ေပ်ာ္စရာရွိသလို စိတ္ပ်က္စရာေတြလည္း ရွိတယ္။ ေကာင္းတာရွိသလို ဆုိးတာလည္း ရွိတယ္။ Positive ရွိသလုိ Negative လည္း ရွိတယ္။ အဆီေတြနဲ႕ ၀င္းေနသလို၊ သဲကလည္း တရွပ္ရွပ္ျဖစ္ေနတယ္။ တစ္ျခမ္းကိုပဲ လုိခ်င္ျပီး တစ္ျခမ္းကို မၾကိဳက္ဘူး ျငင္းလို႕မရဘူး။ အကုန္လံုးကို လက္ခံႏုိင္စြမ္း ရွိရတယ္။ ဒါကိုပဲ ပရုိပီသတယ္လို႕ ေခၚၾကတာျဖစ္တယ္။

အစိုးရျဖစ္ရင္ ေ၀ဖန္ေထာက္ျပခံရမယ္။ ေဘာလံုးသမားျဖစ္ရင္ အျမဲမျပတ္ ေလ့က်င့္ေနရမယ္၊ အေနအထုိင္ ဆင္ျခင္ရမယ္။ Customer service ေပးတဲ့သူဟာ ကုိယ့္စိတ္ခံစားခ်က္ ဘယ္လိုပဲျဖစ္ေနပါေစ၊ မ်က္ႏွာကုိ ျပံဳးရႊင္ေနေအာင္၊ ၀ယ္သူအေပၚ စိတ္ရွည္ရွည္ထားႏုိင္ေအာင္ ၾကိဳးစားထားရမယ္။ တစ္ခုခုကို ၾကီးၾကီးမားမား ေျပာင္းလဲပစ္ခ်င္တဲ့သူဟာလည္း ရံႈးနိမ့္မႈေတြ၊ စိတ္ပ်က္စရာေတြနဲ႕ ယဥ္ပါးေနေအာင္ ေလ့က်င့္ထားႏုိင္ရမယ္။ အဲဒီလို ျပင္ဆင္မထားႏုိင္ရင္ အေစာကတည္းက အဲ့အလုပ္ကုိ မလုပ္ခဲ့တာ ပိုေကာင္းလိမ့္မယ္။

တစ္ခါတစ္ေလမွာေတာ့ လူငယ္ေတြဟာ ေအာင္ျမင္ေနတဲ့သူတစ္ေယာက္ကုိ ၾကည္႕ျပီး သူ႕လုိျဖစ္ခ်င္ၾကတယ္။ ဥပမာ ေဘာလံုးသမား၊ အဆုိေတာ္၊ ဆရာ၀န္၊ လုပ္ငန္းရွင္ စသျဖင့္ေပါ့။ ဒါေပမယ့္ အဲ့လုိေတာ့ ျဖစ္ခ်င္ျပီး သူရင္ဆုိင္ေနတဲ့ စိတ္ဖိစီးစရာေတြ၊ မ်ားျပားလွတဲ့ အလုပ္ခ်ိန္ေတြ၊ သူစိုက္ထုတ္ရတဲ့ အားအင္ေတြကို သိရတဲ့အခါမွာ ကုိယ္ဟာ အဲ့လိုလူ မျဖစ္ခ်င္ေတာ့ဘူး။ ဒါဆုိရင္ေတာ့ ကုိယ္ဟာ အဲဒါကို တကယ္ႏွစ္ႏွစ္ကာကာ လုိခ်င္ေနတာ မဟုတ္ေသးဘူးလို႕ သတ္မွတ္ႏုိင္ပါတယ္။

ေအာင္ျမင္ခ်င္တယ္၊ မၾကိဳးစားခ်င္ဘူး။ နာမည္ၾကီးခ်င္တယ္၊ ဒါေပမယ့္ အဲ့လိုျဖစ္လာဖို႕ ျဖတ္သန္းရတဲ့ ခရီးၾကမ္းကိုေတာ့ ကၽြန္ေတာ္တုိ႕က မသြားခ်င္ဘူး။ ေရတြင္းက ခုမွတူးတုန္း၊ ေရၾကည္က ေသာက္ခ်င္ေနၾကျပီ။ တကယ္တမ္းေတာ့ လူဟာ တခုခုကို ျဖစ္ခ်င္လာျပီဆုိတဲ့အခါ ဘာကိုမွ မမႈေတာ့ပါဘူး။ ဒီအလုုပ္ကိုလုပ္မယ္ဆုိ ဒါေတြၾကံဳရႏုိင္တယ္ဆုိတာ သိသိၾကီးနဲ႕ေတာင္ ေခါင္းမာမာနဲ႕ ဆက္လုပ္ေနဦးမယ္ ဆိုတဲ့အလုပ္မ်ိဳးကသာ ကုိယ္တကယ္ Passion ရွိတဲ့အလုပ္မ်ိဳး ျဖစ္ပါတယ္။ ဆရာတစ္ေယာက္ ေျပာသလို ေျပာရရင္ ဂီတကို သိပ္၀ါသနာပါတဲ့ လူတစ္ေယာက္ဟာ သူ႕အေခြထြက္၊ သီခ်င္းေတြေပါက္၊ ပရိသတ္က အားေပးမွ ေပ်ာ္တာ မဟုတ္ဘူး၊ သူ႕ဟာသူ သီခ်င္းေတြေရး၊ သီခ်င္းေတြတီး၊ ဖန္တီးမႈေတြလုပ္ေနရကတည္းကုိက ေပ်ာ္ေနတာတဲ့။ သေဘာက ပန္းတုိင္ေရာက္မွ မဟုတ္ဘူး၊ ခရီးၾကမ္းကို ျဖတ္ေနရကတည္းက ေပ်ာ္ေနတာ။ အဲ့လိုအလုပ္မ်ိဳးကို ရွာဖို႕လိုပါတယ္။

အစပိုင္းမွာ ေျပာခဲ့တဲ့ စကားပံုကုိ ျပန္ေကာက္ရရင္ ၀က္ျဖစ္ခ်င္တယ္ဆုိ မစင္ မေၾကာက္နဲ႕၊ အဲ တကယ္လုိ႕ မစင္ကုိ ေၾကာက္ေနျပီဆုိလည္း ေသခ်ာတယ္၊ ကုိယ္ဟာ တကယ္ ၀က္ျဖစ္ခ်င္တာ မဟုတ္ေသးပါဘူး။

ဒါေၾကာင့္ ေဆာင္းပါးကုိ ျပန္ခ်ဳပ္ျပီး ေျပာရရင္ေတာ့ အလုပ္တစ္ခုမွာ ပရုိပီသတယ္ဆုိတာဟာ ဒီအလုပ္ရဲ႕ အေကာင္းအဆုိး အားလံုးကို လက္သင့္ခံႏုိင္စြမ္းကို ေခၚတာျဖစ္ျပီး၊ လူေတြေျပာေျပာေနတဲ့ Passion ဆုိတာကေတာ့ အေကာင္းေတြျဖစ္ေနခ်ိန္မွာ ေပ်ာ္ေနတာမ်ိဳး မဟုတ္ဘဲ၊ အဆုိးေတြနဲ႕ ရင္ဆုိင္ေနရခ်ိန္မွာေတာင္ ေရွ႕ဆက္ေလွ်ာက္ေနဦးမယ္ဆုိတဲ့ စိတ္ကို ေခၚတာ ျဖစ္ပါတယ္။

ေဒါက္တာ ျဖိဳးသီဟ

(၉.၆.၂၀၁၈ ထုတ္ Voice Weekly ပါ ေဆာင္းပါးကို အနည္းငယ္ ျပင္ဆင္ထားပါသည္)

Tuesday, April 3, 2018

သင့္ကိုဖ်က္ဆီးေနတဲ့ အက်င့္ဆိုး (၁၀) ခု ‼️


အက်င့္ေကာင္းေတြဟာ ကိုယ့္ရဲ႕အနာဂတ္ကို ေရႊေရာင္ခင္းတဲ့ လမ္းတစ္ခုျဖစ္ေစႏုိင္သလုိ မေကာင္းတဲ့ အက်င့္ဆိုးေတြဟာလည္း ကိုယ့္ရဲ႕ေတာက္ပႏုိင္မယ့္အနာဂတ္ကို ေမွးမွိန္ေပ်ာက္ကြယ္သြားေစႏုိင္ပါတယ္။

က်ြန္ေတာ္တို႔ရဲ့ ေန႔စဥ္ဘဝမွာ လုပ္နိုင္စြမ္းအား ပိုတိုးလာေစဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ က်ြန္ေတာ္တို႔ရဲ့ဘစိတ္အားထက္သန္မႈကို ဟန္႔တားေနတဲ့ အက်င့္ဆိုးေတြကို ဖ်က္ပစ္ဖို႔ပါပဲ။ ဒီလို အက်င့္ဆိုးေတြဟာ လူကို စိတ္မေပ်ာ္မရႊင္ျဖစ္ေစတဲ့အျပင္ ကိုယ္ပိုင္စြမ္းရည္ကိုလည္း ေလ်ာ့က်ေစတာပါ။ ဘဝဆိုတာဟာ အဟန္႔အတား အေနွာင့္အယွက္ေတြ ရွိေနသလို ဒီအရာေတြကို ကာကြယ္ဖို႔ မတတ္သာတဲ့အခါ သင့္ရဲ့ေန႔ရက္ေတြဟာ ရွင္သန္ရခက္ခဲလာတာကို ေတြ႔ရပါလိမ့္မယ္။ ဒီလိုအျဖစ္ခံမယ့္အစား သင့္အေနနဲ႔ ဘဝမွာ ကိုယ္ပိုင္စြမ္းရည္ေတြတက္လာဖို႔နဲ႔ စိတ္အားထက္သန္မႈတိုးလာေစဖို႔ ဘယ္လိုအရာေတြကို ေျပာင္းလဲျပင္ဆင္သင့္သလဲဆိုတာကို ေတြးေတာရွာေဖြသင့္ပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ သင့္ရဲ့ျဖစ္တည္မႈဟာလည္း ပိုမိုခိုင္ျမဲလာမွာပါပဲ။

ဒါေၾကာင့္ ကိုယ့္ရဲ႕ဘဝမွာ ေနေပ်ာ္ျပီး ေအာင္ျမင္မႈရေစဖို႔ ျပင္ဆင္သင့္တဲ့ အက်င့္ဆိုး (၁၀) ခုကို Myanmar Online Entrepreneur - MOE မိတ္ေဆြေတြအားလံုးအတြက္ ေဝမွ်ေပးခ်င္ပါတယ္။

(1) ကိုယ္ဘာမွမတတ္နိုင္တဲ့အရာေတြကို လိုက္ပူပန္ေနတာ။

ဘဝမွာ ခက္ခဲတဲ့အခ်ိန္ေတြ အေျခအေနေတြ ၾကံဳေကာင္းၾကံဳလာနိုင္တဲ့အခါ သင္ဘာမွမတတ္နိုင္တဲ့ အရာတစ္ခုအတြက္ ထိုင္စိတ္ပူေနရုံနဲ႔ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။ ဥပမာ အစိုးရက ခ်လိုက္တဲ့ ဆံုးျဖတ္ခ်က္မ်ိဳး အမွတ္မထင္ၾကံဳရတဲ့ ကံဆိုးမႈမ်ိဳးေတြကို သင္ထိန္းခ်ဳပ္နိုင္မွာ မဟုတ္ပါဘူး။ သင္လုပ္ရမယ့္ တစ္ခုတည္းေသာအရာက ဘာဆက္လုပ္ရမလဲဆိုတဲ့ ဆံုးျဖတ္ခ်က္ကိုခ်ဖို႔ပါပဲ။ ထိုင္ျပီး နာက်င္ေၾကကြဲေနမယ့္အစား ျဖစ္ျပီးသမ်ွကို လက္ခံလိုက္တာဟာ စိတ္ေပါ့ပါးလြတ္လပ္မႈအျပင္ စိတ္ခြန္အားကိုပါ ပိုတိုးလာေစပါတယ္။
_________________________

(2) အျမဲတမ္း perfect ျဖစ္ေနခ်င္တာ။

ဘယ္အရာမွ ျပီးျပည့္စံုတယ္ဆိုတာမရွိပါဘူး။ တခါတေလမွာ လံုးဝ perfect ေနဖို႔ဆိုတဲ့အရာက အေရးၾကီးေပမယ့္ တခါတေလမွာေတာ့ မလိုအပ္လွပါဘူး။ ဒါေၾကာင့္ perfect ျဖစ္မွရမယ္ဆိုတဲ့ စိတ္စြဲလမ္းမႈ မထားပါနဲ႔။ ဒီစိတ္ေၾကာင့္လည္း သင့္ရဲ့ စြမ္းရည္ေတြကို မလိုအပ္ဘဲ ျဖဳန္းတီးရာေရာက္တတ္ပါတယ္။
_________________________

(3) တျခားသူေတြ အာရုံစိုက္တဲ့အေပၚ လိုက္ေယာင္တာ။

 အေၾကာင္းအရာတစ္ခုခုကို မေက်မနပ္ ျငင္းခုန္ေနတဲ့သူေတြ ဆန္႔က်င္ေျပာဆိုေနတဲ့သူေတြကေတာ့ အျမဲရွိေနမွာပါ။ ဥပမာ သင့္ရဲ့သူငယ္ခ်င္းေတြနဲ႔ စကားေျပာရင္း သူတို႔က သူတို႔ရဲ့ သူေဌးအေၾကာင္း အခ်ိန္ၾကာၾကာ မေက်မနပ္ေျပာဆိုတာကို နားေထာင္ေဆြးေႏြးရတဲ့အခါ သင့္အတြက္ စိတ္ခြန္အားေတြ အလကားသက္သက္ ဆံုးရႈံးတာကို သတိထားမိပါသလား။ အဆိုးျမင္စိတ္ရွိေနသူေတြရဲ့ စကားကို နားေထာင္ရတာဟာ စိတ္ပင္ပန္းစရာေကာင္းပါတယ္။ ဒါေၾကာင့္ တတ္နိုင္သမ်ွ ဒီလိုအေျခအေနမ်ိဳးကိုေရွာင္ပါ။ သင္နဲ႔ မပတ္သက္တဲ့ သင္ကိုယ္တိုင္လည္း စိတ္မဝင္စားတဲ့ အရာေတြရဲ့ ေနွာင့္ယွက္မႈကို ေရွာင္ရွားနိုင္ပါေစ။
_________________________

(4) အကူအညီမယူခ်င္တဲ့သူေတြကို ကူညီေပးတာ။

သင္ခ်စ္ခင္ဂရုစိုက္တဲ့သူေတြမွာ တခါတေလ အခက္အခဲၾကံဳေနတာမ်ိဳးရွိပါလိမ့္မယ္။ ဒီအခ်ိန္မွာ သင့္အေနနဲ႔လည္း တတ္အားသမ်ွ ကူညီေစာင္မရမွာပါ။ ကူညီတဲ့အခါမွာ အေျခအေနအရ အရမ္းပင္ပန္းတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါလိမ့္မယ္။ ဒါေပမယ့္ သင္ကိုယ္တိုင္ မတတ္နိုင္တဲ့အေျခအေနမွာဆိုရင္ေတာ့ အားစိုက္သမ်ွ အလကားပါပဲ။ ဒါ့အျပင္ တဖက္လူက မကူညီေစခ်င္လို႔ ျငင္းဆန္တဲ့ အေျခအေနမ်ိဳးမွာ ကူညီမိရင္ေတာ့ သင္ကိုယ္တိုင္ မခ်င့္မရဲနဲ႔ ပင္ပင္ပန္းပန္း လွည့္ျပန္လာရမယ့္အျပင္ တျခားသူအတြက္လည္း အက်ိဳးရွိမွာ မဟုတ္ပါဘူး။
_________________________

(5) တျခားသူေတြရဲ့ အေသးအဖြဲ အျပဳအမူ အေျပာအဆိုတိုင္းကို အာရုံစိုက္လြန္းတာ။

တခါတေလမွာ တျခားသူေတြရဲ့ အေျပာအဆို အျပဳအမူေတြဟာ က်ြန္ေတာ္တို႔အတြက္ ေလးစားတန္ဖိုးထားစရာျဖစ္တတ္ပါတယ္။ ဒါေပမယ့္ တခါတေလမွာေတာ့ သူတို႔ရဲ့ အျပဳအမူ အေျပာအဆိုေတြေၾကာင့္ က်ြန္ေတာ္တို႔ကို အဆိုးသေဘာ သက္ေရာက္မႈေတြ ရတတ္ပါတယ္။ မ်ားေသာအားျဖင့္ က်ြန္ေတာ္တို႔က သူတို႔ေျပာသမ်ွလုပ္သမ်ွကို အာရုံစိုက္လြန္းၾကေပမယ့္ တကယ္တမ္းမွာ အေသးအဖြဲအရာေလးေတြဆိုတာ ဘာမွအေရးမပါတာကို နားလည္ထားသင့္ပါတယ္။
_________________________

(6) ကိုယ့္ကို စိတ္ဓာတ္က်ေစမယ့္သူေတြအနားမွာ ေနတာ။

မိမိေဘးမွာ ရွိေနသူေတြရဲ့ ေမ်ွာ္လင့္ခ်က္ေတြကို လိုက္လံျဖည့္ဆည္းရွင္သန္ရင္း ကိုယ့္ကိုယ္ကို ဘာမွန္းနားမလည္ေတာ့ဘဲ စိတ္ဓာတ္က်ေနသူေတြရွိတတ္ပါတယ္။ ဒါေၾကာင့္ သင့္ကို အရွိအတိုင္းလက္ခံေပးျပီး ပံ့ပိုးကူညီေပးသူေတြကိုပဲ အနားမွာထားပါ။
_________________________

(7) ကိုယ္တိုင္သေဘာမက်တဲ့ အလုပ္အကိုင္မ်ိဳး လုပ္မိတာ။

တခါတရံမွာ ကိုယ္သေဘာမက်တဲ့အလုပ္ကို ေရွာင္လႊဲမရဘဲလုပ္ရတာမ်ိဳးရွိပါတယ္။ တကယ္လို႔မ်ား ဒီအလုပ္ဟာ သင့္အတြက္ အခ်ိန္ျပည့္အလုပ္ဆိုရင္ေတာ့ ဒီအေျခအေနကို ေျပာင္းလဲသင့္ပါျပီ။ တစ္ေန႔ 8 နာရီေလာက္ ကိုယ္မလုပ္ခ်င္တဲ့အလုပ္ကို ဘာအက်ိဳးမွာလည္း မရွိဘဲလုပ္ေနတာဟာ အင္မတန္ ျဖဳန္းတီးရာေရာက္ပါတယ္။ ဒါက အလုပ္ထြက္ဖို႔ ေျပာေနတာမဟုတ္ပါဘူး။ သင္နွစ္သက္ျမတ္နိုးရာ အလုပ္ကို ၾကိဳးစားရွာေဖြဖို႔ တိုက္တြန္းခ်င္တာပါ။
_________________________

(8) ကိုယ္လက္ေလ့က်င့္ခန္း မလုပ္တာ။

ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာဟာ စိတ္ဖိစီးမႈကို ေလ်ွာ့ခ်ေပးတဲ့အျပင္ ကိုယ့္ကိုယ္ကိုလည္း က်န္းမာတယ္လို႔ ယံုၾကည္မႈတိုးေစပါတယ္။ ကိုယ္လက္ေလ့က်င့္ခန္းမလုပ္တာဟာ တကယ္မေကာင္းတဲ့အက်င့္ပါပဲ။ ဒါေၾကာင့္ တစ္ပတ္မွာ သံုးရက္ေလာက္ေတာ့ Gym ကိုသြားသင့္တာပါ။ Gym သြားဖို႔အခ်ိန္မေပးႏုိင္ရင္ ဒါမွမဟုတ္ ပိုက္ဆံအပိုကုန္တယ္လုိ႔ထင္ရင္ေတာင္ တစ္ေန႔ကို နာရီဝက္ တစ္နာရီေလာက္ လမ္းေလွ်ာက္တာျဖစ္ျဖစ္ ဒါမွမဟုတ္ အိပ္ထမတင္၊ ဒိုက္ထိုး၊ ထုိင္ထ စတဲ့ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေတြကို တစ္ေန႔ကို နာရီဝက္ေလာက္ ေန႔တိုင္း လုပ္ေဆာင္ေပးသင့္ပါတယ္။
_________________________

(9) အတိတ္က ကံမေကာင္းခဲ့တာေတြကို ျပန္ေတြးေတာတာ။

အတိတ္ကျဖစ္ျပီးသား သင္ဘာမွမတတ္နိုင္ေတာ့တဲ့အရာေတြကို ျပန္ေတြးေတာေနတာဟာ အလကားပါပဲ။ ဒီအက်င့္ဟာ လက္ရွိမွာရွိေနသင့္တဲ့ စိတ္ခြန္အားေတြပါ ေလ်ာ့က်ေစတဲ့အျပင္ လက္ရွိအေျခအေနကေန ေအာက္ကို ဆြဲခ်တတ္ပါေသးတယ္။ ဒါေၾကာင့္ လုပ္သင့္တာကေတာ့ ေနာက္ေၾကာင္းမျပန္ဖို႔နဲ႔ ေရွ့ကိုသာ ဦးတည္ေလ်ွာက္လွမ္းဖို႔ပါပဲ။
_________________________

(10) ျငင္းဆန္ရမွာ ခက္ခဲတာ / အားနာတာ။

က်ြန္ေတာ္တို႔ဟာ ေဘးပတ္ဝန္းက်င္ကသူေတြကို စိတ္ေက်နပ္မႈ အင္မတန္ရေစခ်င္ၾကပါတယ္။ ဒါေၾကာင့္လည္း တဖက္သားကို ျငင္းဆန္ဖို႔ ခက္ခဲၾကတာပါ။ တခါတေလမွာ ဒါဟာ က်ြန္ေတာ္တို႔ကို comfort zone အျပင္ကို တြန္းပို႔ေပးတတ္တာေကာင္းေပမယ့္ မ်ားေသာအားျဖင့္ က်ြန္ေတာ္တို႔ကို ထိခိုက္ေစတတ္ပါတယ္။ မျငင္းဆန္ရဲတာေတြေၾကာင့္ က်ြန္ေတာ္တို႔ မလုပ္ခ်င္တဲ့ အလုပ္ေတြ တာဝန္ေတြယူရတတ္ပါတယ္။ ဒါကို ေျဖရွင္းနည္းကေတာ့ ဘယ္လိုျငင္းဆန္ရမလဲဆိုတာ သင္ယူဖို႔ပါပဲ။ အစပိုင္းမွာခက္ခဲေပမယ့္ ေနာက္ပိုင္းမွာေတာ့ သင့္ကို လူေတြေလးစားလာမွာပါ။ ဒါ့အျပင္ သင့္အတြက္လည္း အခ်ိန္ပိုရေစလို႔ တျခားအေရးၾကီးတဲ့အရာေတြကို ေကာင္းေကာင္းလုပ္ေဆာင္နိုင္ပါလိမ့္မယ္။
_________________________

အခုဆိုရင္ေတာ့ မိတ္ေဆြတုိ႔လည္း ကိုယ့္ကိုမသိမသာပ်က္စီးေစတဲ့ အက်င့္ဆိုးေတြကို သိရွိသြားျပီဆိုေတာ့ အဲ့ဒီအက်င့္ဆိုးေတြကို ကိုယ့္ရဲ႕ဘဝထဲ၊ ကိုယ့္ရဲ႕ေန႔စဥ္လုပ္ငန္းေဆာင္တာေတြထဲကေန အျပီးအပိုင္ထုတ္ပစ္ဖုိ႔ စတင္ေဆာင္ရြက္လုိက္ပါေတာ့။

Credit: MyanmarOnlineEntrepreneur
#MOE
#BadHabits
#MyanmarOnlineEntrepreneur