Monday, December 28, 2020

“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”

 “အမျိုးသမီး နှင့် ခေါင်းဆောင်မှု”



လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ရေးခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်ဖြစ်တော့ အဲဒီထဲမှာ အားနွဲ့တဲ့မိန်းမသား ဆိုတဲ့ စကားလုံးကို ကြိမ်ဖန်များစွာ အသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဘုရင်မအဖြစ်ပါဝင်တဲ့ ဇာတ်ဆောင်ကိုလည်း ဦးမဆောင်နိုင်သူ၊ မိုက်မဲသူ၊ ဘဝင်မြင့်သူအဖြစ် ပုံဖော်ထားတယ်။ 




အားနွဲ့တယ်ဆိုတာက ကိုယ်ခန္ဓာသန်မာမှုကို ပြောတာပေ့ါလေ။ ဒါကလည်း သဘာဝပဲကိုး၊ ယောကျာ်းလေးတစ်ယောက်မှာ ဖိုဟော်မုန်းထွက်လာရင် ကြွက်သားထု ဖြစ်လာပေမဲ့ မဟော်မုန်းဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်ကို နူးညံ့စေတာမျိုးလေ။ ဒါတောင် ခုနောက်ပိုင်း ကြွက်သားတွေ အမြှောင်းမြှောင်းနဲ့ အမျိုးသမီးတွေလည်း ရှိလာပြီ။ စစ်မက် ဖြစ်ပွားတဲ့အချိန်၊ သဘာဝဘေးသင့်တဲ့အချိန်၊ ဒီလို တည်ငြိမ်မှု ပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အနေအထားမျိုးတွေမှာ အမျိုးသမီးတွေဟာ ခွန်အားနည်းတာကြောင့် အနိုင်ကျင့်စော်ကားမှုတွေ ခံကြရတယ်။ အထိခိုက်လွယ်ဆုံး လူအုပ်စု ဖြစ်လာတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေဆို အမျိုးသမီးတွေကို ပိုပြီး အကာအကွယ် ပေးကြရတယ်။




ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ရှိနေတဲ့ အနေအထားမျိုးမှာကျ အားနွဲ့တယ်ဆိုတာက ပြောရခက်သွားပြီ။ ဘာလို့ဆိုတော့ ဒီခေတ်မှာ ခွန်အားကြီးလို့ အလုပ်ဖြစ်တဲ့နေရာ သိပ်မကျန်တော့ဘူး။ အားလုံးက ပညာနဲ့လုပ်ကြ၊ ယှဉ်ကြတဲ့ခေတ် ဖြစ်နေပြီ။ ဒါကြောင့် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာဟာ ပညာမတတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီတော့ အားနွဲ့သူက မိန်းမလည်း ဖြစ်နိုင်တယ်၊ ယောကျာ်းလည်း ဖြစ်နိုင်တယ်။




ခေါင်းဆောင်မှုကို တစ်ခွန်းတည်းပြောပါ ဆိုရင် အဲဒါ လွှမ်းမိုးနိုင်စွမ်း (Influence) ပါပဲ။ အဲဒီလို လွှမ်းမိုးဖို့ဆိုရင် ခေါင်းဆောင်မှာ ပါဝါရှိရတယ်။ အဓိကအားဖြင့်တော့ ပါဝါ ၂ မျိုးပေါ့၊ Positional Power နဲ့ Personal Power ။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ပြောခွင့်၊ ဆိုခွင့်၊ လုပ်ခိုင်းခွင့် ရှိနေတာက Positional power ဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ စွမ်းဆောင်ရည် စတာတွေကြောင့် ရလာတဲ့ ပါဝါကိုတော့ Personal power လို့ခေါ်ပါတယ်။ 




တကယ်ဆို အဲဒီ Personal power ထဲမှာ ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာ မပါပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်က ယောကျာ်းဖြစ်နေခဲ့ရင် (ခေတ်စကားနဲ့ပြောရရင်တော့) လူပိုရှိန်ပြီး၊ မိန်းမဖြစ်နေခဲ့ရင်တော့ အထင်သေးတယ်၊ တခုခုဆို ကလန်ကဆန် လုပ်ချင်တယ်ပေါ့။ ရာထူးကြောင့် မတတ်သာလို့သာ နေရမယ်၊ မိန်းမတွေက ခေါင်းဆောင်နိုင်စွမ်း မရှိပါဘူး၊ တွေဝေတယ်၊ မပြတ်သားဘူး၊ မဆုံးဖြတ်နိုင်ဘူး ဒါမျိုးတွေ ထင်တတ်ကြတယ်။ ကျားမခွဲခြားဆက်ဆံမှု များတဲ့နေရာမှာဆို အဲဒီပုံစံမျိုး ပိုတွေ့ရတတ်တယ်။ မိန်းကလေးတစ်ယောက် ခေါင်းဆောင်နိုင်စွမ်း မရှိခဲ့ရင် မိန်းမမို့လို့ လို့ ပြောတတ်ကြပေမယ့် ယောကျာ်းလေးတစ်ယောက် ခေါင်းမဆောင်နိုင်ဘူးဆိုရင်တော့ ယောကျာ်းမို့လို့ ဆိုတာမျိုး မပြောတတ်ကြဘူး။ 




ဘာဖြစ်လို့ အဲဒီလို သတ်မှတ်နေကြတာလဲ။ တွေးကြည့်ရင် တရားသေသတ်မှတ်ချက် (Stereotype) ဆိုတာတွေဟာ အကြောင်းမဲ့ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဥပမာ ဆိုပါတော့၊ တောသူတောင်သားတွေဟာ ရိုးသားကြတယ် ဆိုတဲ့ သတ်မှတ်မှု။ ဘာလို့ဖြစ်လာလဲ။ တောသူတောင်သားတွေဟာ ရိုးသားကြတယ်၊ ပွင့်လင်းကြတယ်၊ လှည့်တာပတ်တာ ရှားတယ်၊ အဲဒါကြောင့် ဒီလိုသတ်မှတ်လိုက်ကြတယ်။ ဒါပေမယ့် တောသူတောင်သားတိုင်း ရိုးသားနေသလား ဆိုတော့ မဟုတ်ဘူး။ ဒါကြောင့် တောသူတောင်သားမှန်ရင် အားလုံးရိုးသားတယ်လို့ တထစ်ချ သတ်မှတ်လိုက်လို့ မရဘူး။ ဒါကို သတိပေးရမယ်။ နောက်ပြီး လှည့်တတ်ပတ်တတ်တဲ့ တောသူတောင်သားတွေ များလာခဲ့မယ်ဆိုရင် အဲဒီသတ်မှတ်ချက်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။




အခု အမျိုးသမီးတွေ ဦးဆောင်နိုင်စွမ်း မရှိဘူး ဆိုတဲ့ သတ်မှတ်ချက်ဟာလည်း ဒီသဘောပဲ။ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။ မိန်းကလေးတွေဟာ တခုခုဆို မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ။ အစည်းအဝေးတွေမှာ ဟောဟောဒိုင်းဒိုင်း ပြောနေပြီဆို ကြည့်လိုက်၊ ယောကျာ်းလေး ဖြစ်နေတာများတယ်။ ကိုယ့်အမြင် ကိုယ့်အတွေးကို ရဲရဲတင်းတင်း မထုတ်ဖော်ရဲကြဘူး။ ဒီမှာတင်လားဆိုတော့ မဟုတ်ဘူး၊ ဖေ့စ်ဘွတ်ရဲ့ Chief Operation Officer ဖြစ်တဲ့ Sheryl Sandberg ကိုယ်တိုင်လည်း သူ့စာအုပ်ထဲမှာ အဲဒီလိုရေးဖူးတယ်။ အစည်းအဝေးတွေမှာ မဲခွဲလို့ လက်ထောင်ကြရင်တောင် ရဲရဲတင်းတင်း မထောင်ရဲကြဘူး တဲ့။ ဒါတွေကြောင့်ပဲ မိန်းကလေးဆိုတာ ဦးဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ပေါ်လာရတာ။




ဒါကြောင့် အဲဒီသတ်မှတ်ချက်တွေ ပျောက်သွားချင်ရင် တစ်ဖက်ကလည်း မိန်းကလေးဆိုတိုင်း ခေါင်းဆောင် မဖြစ်နိုင်ဘူးလို့ တရားသေ မသတ်မှတ်ကြဖို့လိုသလို၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတွေ ခပ်များများ ပေါ်လာဖို့လည်း လိုတယ်။ အဲဒါက ဒီသတ်မှတ်ချက်တွေကို ဖျက်ဆီးနိုင်တဲ့ အကောင်းဆုံးလက်နက်ပဲ။




နေရာမပေးချင်တာ နဲ့ ယူနိုင်စွမ်းမရှိတာ နှစ်ခုပေါ့။ ဒီတော့ မပေးချင်တဲ့နေရာကို ယူနိုင်စွမ်းရှိကြောင်း သက်သေပြခြင်းနဲ့ပဲ အရယူပြကြရလိမ့်မယ်။




တကယ်တော့ မိန်းကလေးတွေ ဘာလို့ အဲလိုဖြစ်ရလဲဆိုတာက သားနဲ့သမီးကို မိဘက၊ ဆရာက၊ အသိုင်းအဝိုင်းက ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲဆိုတာနဲ့ အဓိကသက်ဆိုင်တယ်။ သားကိုတော့ လွတ်လွတ်လပ်လပ် နေစေတယ်၊ ရဲရဲတင်းတင်း ဖြစ်အောင် လေ့ကျင့်ပေးတယ်၊ သမီးကိုတော့ ယဉ်ကျေးမှုတို့၊ အစဉ်အလာတို့ ခေါင်းစဉ်တပ်ပြီး မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်၊ အိမ်မှုကိစ္စ နိုင်နင်းရတယ်၊ တခုခုဆို အနစ်နာခံရတယ်၊ ဒါမျိုးတွေ ပုံသွင်းခဲ့တယ်။ အဲဒီအခါမှာ မိန်းကလေးတွေရဲ့ သတ္တိ၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြတ်သားမှု၊ ဒါတွေက အသားသေကုန်တယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာဖို့ဆိုရင် မိန်းကလေးတွေကို ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြောင်းဖို့လိုတယ်။ မဟုတ်ရင် အဲဒီထဲကနေ ဖောက်ထွက်နိုင်ဖို့ အတော်ကြိုးစားရမှာကိုး။




EQ ဆိုတာကို  စမိတ်ဆက်ခဲ့တဲ့ Daniel Goleman ကတော့ သူ့ဘလော့ဂ်တစ်ခုမှာ ရေးထားတယ်။ အဖွဲ့အစည်းအသီးသီးက အမျိုးသား အမျိုးသမီး ၅၅,၀၀၀ ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Soft skill ပိုင်းမှာ ပိုပြီးသာလွန်တာကို တွေ့ရတယ် တဲ့။ Soft skill ဆိုတာ ရော့ ဒါက ဒီလို ဆိုပြီး သင်ပေးလိုက်လို့ မရတဲ့ ပြဿနာဖြေရှင်းခြင်း (Problem solving)၊ ပဋိပက္ခကိုင်တွယ်ခြင်း (Conflict management)၊ ကိုယ်ချင်းစာစိတ် (Empathy) နည်းပြခြင်းနဲ့ လမ်းညွှန်ပေးခြင်း (Coaching &mentoring) ရည်မှန်းချက်ပြည့်မြောက်အောင် အာရုံစူးစိုက်ခြင်း (Focus on achieving goals) ဒါတွေပါတယ်။ အရှင်းဆုံးပြောရရင် EQ ပဲပေါ့။




ဒါကို ကြည့်ပြီး ခေါင်းဆောင်နေရာဆို မိန်းကလေးပဲရွေး လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ခေါင်းဆောင်မှု အရည်အသွေးဟာ ယောကျာ်းရယ် မိန်းမရယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ဆိုင်တယ်၊ ဘယ်သူမဆို လေ့ကျင့်ပျိုးထောင်လို့ ရနိုင်တယ်ဆိုတာကို သိစေချင်တာပါ။




ခေတ်က ပြောင်းနေပြီ။ ကမ္ဘာမှာရော ကျွန်တော်တို့ဆီမှာပါ အမျိုးသမီးခေါင်းဆောင်တွေ နယ်ပယ်အသီးသီးမှာ ရှိနေပြီ။ ဒါကြောင့် မိန်းမအုပ်ချုပ်ရင် တိုင်းပြည်ဘာဖြစ်မယ်၊ မိန်းကလေးဆိုတာ ခေါင်းဆောင်နေရာနဲ့ မသင့်တော်ဘူး ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေ ထားခဲ့မှ ရတော့မယ်။




အဲဒီလို ရှေးရိုးစွဲအမြင်တွေ၊ တရားသေအမြင်တွေ ဆုပ်ကိုင်ထားတဲ့သူဟာ အကယ်၍များ ယောကျာ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် အိမ်ထောင်ရေးအဆင်ပြေဖို့ မလွယ်ဘူး၊ လိုအပ်ချက်တွေ များလာတဲ့ ခေတ်ကြီးထဲမှာ မိသားစုတာဝန်ကို ကိုယ်တစ်ယောက်တည်း ထမ်းနေရလိမ့်မယ်၊ ကိုယ့်သားသမီးတွေအတွက် မိခင်ကောင်းတစ်ယောက်ကို လက်လွတ်သွားရလိမ့်မယ်။




အကယ်၍များ ဝန်ထမ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့လက်အောက်မှာ မလုပ်ချင်ဘူး ဆိုပြီး အလုပ်မှာ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။




အကယ်၍များ မိခင်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်သမီးလေးရဲ့ အစွမ်းအစတွေဟာ အစဉ်အလာ သတ်မှတ်ချက်တွေအောက်မှာ ပျောက်ဆုံးသွားရလိမ့်မယ်။ ရွယ်တူမိန်းကလေးချင်းမှာကို တစ်တန်း နိမ့်နေလိမ့်မယ်။ ကိုယ့်သား ယူလာမယ့် ထက်ထက်မြက်မြက် ချွေးမနဲ့လည်း အဆင်ပြေမယ်မဟုတ်ဘူး။




အကယ်၍များ ပြည်သူအများစု ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်အတွက် တကယ်သင့်တော်တဲ့ ခေါင်းဆောင်ကောင်းရဖို့ အခွင့်အလမ်း ၅၀%ကို ငြင်းပယ်လိုက်တာနဲ့ တူနေပါလိမ့်မယ်။




ဒါကြောင့် ပြန်ပြောရရင် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာ ပညာမတတ်တာကို ခေါ်တာဖြစ်တယ်၊ ဒီတော့ အားနွဲ့သူက ယောကျာ်းလည်း ဖြစ်နိုင်တယ်၊ မိန်းမလည်း ဖြစ်နိုင်တယ်၊ အမျိုးသမီးခေါင်းဆောင်တွေ ပိုများလာဖို့အတွက်ဆိုရင် ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြင်ဖို့လိုတယ်၊ ခေါင်းဆောင်နေရာအတွက် စဉ်းစားတဲ့အခါ ယောကျာ်းရယ် မိန်းမရယ် မကြည့်ဘဲ အရည်အချင်းရှိတဲ့သူကို နေရာပေးနိုင်ဖို့ လိုတယ်၊ လေးစားတတ်ဖို့ လိုတယ်။ ဒါပါပဲ။




ဒေါက်တာ ဖြိုးသီဟ


၁၄.၉.၂၀၁၆


(Zawgyi) 


 “အမ်ိဳးသမီး ႏွင့္ ေခါင္းေဆာင္မွု”




လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ေက်ာ္ေလာက္က ေရးခဲ့တဲ့ ဝတၳဳရွည္တစ္ပုဒ္ကို ဖတ္ျဖစ္ေတာ့ အဲဒီထဲမွာ အားႏြဲ႕တဲ့မိန္းမသား ဆိုတဲ့ စကားလုံးကို ႀကိမ္ဖန္မ်ားစြာ အသုံးျပဳထားတာ ေတြ႕ရပါတယ္။ အဲဒီဇာတ္လမ္းထဲမွာ ဘုရင္မအျဖစ္ပါဝင္တဲ့ ဇာတ္ေဆာင္ကိုလည္း ဦးမေဆာင္နိုင္သူ၊ မိုက္မဲသူ၊ ဘဝင္ျမင့္သူအျဖစ္ ပုံေဖာ္ထားတယ္။ 


အားႏြဲ႕တယ္ဆိုတာက ကိုယ္ခႏၶာသန္မာမွုကို ေျပာတာေပ့ါေလ။ ဒါကလည္း သဘာဝပဲကိုး၊ ေယာက်ာ္းေလးတစ္ေယာက္မွာ ဖိုေဟာ္မုန္းထြက္လာရင္ ႂကြက္သားထု ျဖစ္လာေပမဲ့ မေဟာ္မုန္းဆိုတာက မိန္းကေလးတစ္ေယာက္ရဲ့ အသားအရည္ကို ႏူးညံ့ေစတာမ်ိဳးေလ။ ဒါေတာင္ ခုေနာက္ပိုင္း ႂကြက္သားေတြ အေျမႇာင္းေျမႇာင္းနဲ႔ အမ်ိဳးသမီးေတြလည္း ရွိလာၿပီ။ စစ္မက္ ျဖစ္ပြားတဲ့အခ်ိန္၊ သဘာဝေဘးသင့္တဲ့အခ်ိန္၊ ဒီလို တည္ၿငိမ္မွု ပ်က္ျပားသြားၿပီး တရားဥပေဒစိုးမိုးမွု အားနည္းတဲ့ အေနအထားမ်ိဳးေတြမွာ အမ်ိဳးသမီးေတြဟာ ခြန္အားနည္းတာေၾကာင့္ အနိုင္က်င့္ေစာ္ကားမွုေတြ ခံၾကရတယ္။ အထိခိုက္လြယ္ဆုံး လူအုပ္စု ျဖစ္လာတယ္။ ဒါေၾကာင့္ အဲဒီလိုအခ်ိန္ေတြဆို အမ်ိဳးသမီးေတြကို ပိုၿပီး အကာအကြယ္ ေပးၾကရတယ္။


ဒါေပမဲ့ ဒီလိုမဟုတ္ဘဲ တည္ၿငိမ္မွု၊ တရားဥပေဒစိုးမိုးမွု ရွိေနတဲ့ အေနအထားမ်ိဳးမွာက် အားႏြဲ႕တယ္ဆိုတာက ေျပာရခက္သြားၿပီ။ ဘာလို့ဆိုေတာ့ ဒီေခတ္မွာ ခြန္အားႀကီးလို့ အလုပ္ျဖစ္တဲ့ေနရာ သိပ္မက်န္ေတာ့ဘူး။ အားလုံးက ပညာနဲ႔လုပ္ၾက၊ ယွဥ္ၾကတဲ့ေခတ္ ျဖစ္ေနၿပီ။ ဒါေၾကာင့္ ဒီေခတ္မွာ အားႏြဲ႕တယ္ဆိုတာဟာ ပညာမတတ္တာကို ေခၚတာျဖစ္ပါတယ္။ ဒီေတာ့ အားႏြဲ႕သူက မိန္းမလည္း ျဖစ္နိုင္တယ္၊ ေယာက်ာ္းလည္း ျဖစ္နိုင္တယ္။


ေခါင္းေဆာင္မွုကို တစ္ခြန္းတည္းေျပာပါ ဆိုရင္ အဲဒါ လႊမ္းမိုးနိုင္စြမ္း (Influence) ပါပဲ။ အဲဒီလို လႊမ္းမိုးဖို့ဆိုရင္ ေခါင္းေဆာင္မွာ ပါဝါရွိရတယ္။ အဓိကအားျဖင့္ေတာ့ ပါဝါ ၂ မ်ိဳးေပါ့၊ Positional Power နဲ႔ Personal Power ။ ကိုယ္ရထားတဲ့ ရာထူးေၾကာင့္ ေျပာခြင့္၊ ဆိုခြင့္၊ လုပ္ခိုင္းခြင့္ ရွိေနတာက Positional power ျဖစ္ၿပီး ကိုယ့္ရဲ့ ကိုယ္ရည္ကိုယ္ေသြး၊ အရည္အခ်င္း၊ စြမ္းေဆာင္ရည္ စတာေတြေၾကာင့္ ရလာတဲ့ ပါဝါကိုေတာ့ Personal power လို့ေခၚပါတယ္။ 


တကယ္ဆို အဲဒီ Personal power ထဲမွာ ေယာက်ာ္းျဖစ္ျခင္း၊ မိန္းမျဖစ္ျခင္း ဆိုတာ မပါပါဘူး။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ေခါင္းေဆာင္က ေယာက်ာ္းျဖစ္ေနခဲ့ရင္ (ေခတ္စကားနဲ႔ေျပာရရင္ေတာ့) လူပိုရွိန္ၿပီး၊ မိန္းမျဖစ္ေနခဲ့ရင္ေတာ့ အထင္ေသးတယ္၊ တခုခုဆို ကလန္ကဆန္ လုပ္ခ်င္တယ္ေပါ့။ ရာထူးေၾကာင့္ မတတ္သာလို့သာ ေနရမယ္၊ မိန္းမေတြက ေခါင္းေဆာင္နိုင္စြမ္း မရွိပါဘူး၊ ေတြေဝတယ္၊ မျပတ္သားဘူး၊ မဆုံးျဖတ္နိုင္ဘူး ဒါမ်ိဳးေတြ ထင္တတ္ၾကတယ္။ က်ားမခြဲျခားဆက္ဆံမွု မ်ားတဲ့ေနရာမွာဆို အဲဒီပုံစံမ်ိဳး ပိုေတြ႕ရတတ္တယ္။ မိန္းကေလးတစ္ေယာက္ ေခါင္းေဆာင္နိုင္စြမ္း မရွိခဲ့ရင္ မိန္းမမို့လို့ လို့ ေျပာတတ္ၾကေပမယ့္ ေယာက်ာ္းေလးတစ္ေယာက္ ေခါင္းမေဆာင္နိုင္ဘူးဆိုရင္ေတာ့ ေယာက်ာ္းမို့လို့ ဆိုတာမ်ိဳး မေျပာတတ္ၾကဘူး။ 


ဘာျဖစ္လို့ အဲဒီလို သတ္မွတ္ေနၾကတာလဲ။ ေတြးၾကည့္ရင္ တရားေသသတ္မွတ္ခ်က္ (Stereotype) ဆိုတာေတြဟာ အေၾကာင္းမဲ့ေပၚလာတာေတာ့ မဟုတ္ပါဘူး။ ဥပမာ ဆိုပါေတာ့၊ ေတာသူေတာင္သားေတြဟာ ရိုးသားၾကတယ္ ဆိုတဲ့ သတ္မွတ္မွု။ ဘာလို့ျဖစ္လာလဲ။ ေတာသူေတာင္သားေတြဟာ ရိုးသားၾကတယ္၊ ပြင့္လင္းၾကတယ္၊ လွည့္တာပတ္တာ ရွားတယ္၊ အဲဒါေၾကာင့္ ဒီလိုသတ္မွတ္လိုက္ၾကတယ္။ ဒါေပမယ့္ ေတာသူေတာင္သားတိုင္း ရိုးသားေနသလား ဆိုေတာ့ မဟုတ္ဘူး။ ဒါေၾကာင့္ ေတာသူေတာင္သားမွန္ရင္ အားလုံးရိုးသားတယ္လို့ တထစ္ခ် သတ္မွတ္လိုက္လို့ မရဘူး။ ဒါကို သတိေပးရမယ္။ ေနာက္ၿပီး လွည့္တတ္ပတ္တတ္တဲ့ ေတာသူေတာင္သားေတြ မ်ားလာခဲ့မယ္ဆိုရင္ အဲဒီသတ္မွတ္ခ်က္ေတြလည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားလိမ့္မယ္။


အခု အမ်ိဳးသမီးေတြ ဦးေဆာင္နိုင္စြမ္း မရွိဘူး ဆိုတဲ့ သတ္မွတ္ခ်က္ဟာလည္း ဒီသေဘာပဲ။ အေၾကာင္းမဲ့ ျဖစ္လာတာ မဟုတ္ဘူး။ မိန္းကေလးေတြဟာ တခုခုဆို မလုပ္ရဲ၊ မကိုင္ရဲ၊ မေျပာရဲ၊ မဆိုရဲ။ အစည္းအေဝးေတြမွာ ေဟာေဟာဒိုင္းဒိုင္း ေျပာေနၿပီဆို ၾကည့္လိုက္၊ ေယာက်ာ္းေလး ျဖစ္ေနတာမ်ားတယ္။ ကိုယ့္အျမင္ ကိုယ့္အေတြးကို ရဲရဲတင္းတင္း မထုတ္ေဖာ္ရဲၾကဘူး။ ဒီမွာတင္လားဆိုေတာ့ မဟုတ္ဘူး၊ ေဖ့စ္ဘြတ္ရဲ့ Chief Operation Officer ျဖစ္တဲ့ Sheryl Sandberg ကိုယ္တိုင္လည္း သူ႔စာအုပ္ထဲမွာ အဲဒီလိုေရးဖူးတယ္။ အစည္းအေဝးေတြမွာ မဲခြဲလို့ လက္ေထာင္ၾကရင္ေတာင္ ရဲရဲတင္းတင္း မေထာင္ရဲၾကဘူး တဲ့။ ဒါေတြေၾကာင့္ပဲ မိန္းကေလးဆိုတာ ဦးေဆာင္နိုင္စြမ္း မရွိဘူးဆိုတဲ့ သတ္မွတ္ခ်က္ေတြ ေပၚလာရတာ။


ဒါေၾကာင့္ အဲဒီသတ္မွတ္ခ်က္ေတြ ေပ်ာက္သြားခ်င္ရင္ တစ္ဖက္ကလည္း မိန္းကေလးဆိုတိုင္း ေခါင္းေဆာင္ မျဖစ္နိုင္ဘူးလို့ တရားေသ မသတ္မွတ္ၾကဖို့လိုသလို၊ ေခါင္းေဆာင္နိုင္စြမ္းရွိတဲ့ မိန္းကေလးေတြ ခပ္မ်ားမ်ား ေပၚလာဖို့လည္း လိုတယ္။ အဲဒါက ဒီသတ္မွတ္ခ်က္ေတြကို ဖ်က္ဆီးနိုင္တဲ့ အေကာင္းဆုံးလက္နက္ပဲ။


ေနရာမေပးခ်င္တာ နဲ႔ ယူနိုင္စြမ္းမရွိတာ ႏွစ္ခုေပါ့။ ဒီေတာ့ မေပးခ်င္တဲ့ေနရာကို ယူနိုင္စြမ္းရွိေၾကာင္း သက္ေသျပျခင္းနဲ႔ပဲ အရယူျပၾကရလိမ့္မယ္။


တကယ္ေတာ့ မိန္းကေလးေတြ ဘာလို့ အဲလိုျဖစ္ရလဲဆိုတာက သားနဲ႔သမီးကို မိဘက၊ ဆရာက၊ အသိုင္းအဝိုင္းက ဘယ္လိုျပဳစုပ်ိဳးေထာင္ခဲ့သလဲဆိုတာနဲ႔ အဓိကသက္ဆိုင္တယ္။ သားကိုေတာ့ လြတ္လြတ္လပ္လပ္ ေနေစတယ္၊ ရဲရဲတင္းတင္း ျဖစ္ေအာင္ ေလ့က်င့္ေပးတယ္၊ သမီးကိုေတာ့ ယဥ္ေက်းမွုတို့၊ အစဥ္အလာတို့ ေခါင္းစဥ္တပ္ၿပီး မိန္းကေလးဆိုတာ ဗိုင္းေကာင္းေက်ာက္ဖိေနရတယ္၊ အိမ္မွုကိစၥ နိုင္နင္းရတယ္၊ တခုခုဆို အနစ္နာခံရတယ္၊ ဒါမ်ိဳးေတြ ပုံသြင္းခဲ့တယ္။ အဲဒီအခါမွာ မိန္းကေလးေတြရဲ့ သတၱိ၊ ဆုံးျဖတ္နိုင္စြမ္း၊ ျပတ္သားမွု၊ ဒါေတြက အသားေသကုန္တယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ေပၚလာဖို့ဆိုရင္ မိန္းကေလးေတြကို ျပဳစုပ်ိဳးေထာင္တဲ့ပုံစံေတြ ေျပာင္းဖို့လိုတယ္။ မဟုတ္ရင္ အဲဒီထဲကေန ေဖာက္ထြက္နိုင္ဖို့ အေတာ္ႀကိဳးစားရမွာကိုး။


EQ ဆိုတာကို  စမိတ္ဆက္ခဲ့တဲ့ Daniel Goleman ကေတာ့ သူ႔ဘေလာ့ဂ္တစ္ခုမွာ ေရးထားတယ္။ အဖြဲ႕အစည္းအသီးသီးက အမ်ိဳးသား အမ်ိဳးသမီး ၅၅,၀၀၀ ကို ဆန္းစစ္ၾကည့္လိုက္တဲ့အခါ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ Soft skill ပိုင္းမွာ ပိုၿပီးသာလြန္တာကို ေတြ႕ရတယ္ တဲ့။ Soft skill ဆိုတာ ေရာ့ ဒါက ဒီလို ဆိုၿပီး သင္ေပးလိုက္လို့ မရတဲ့ ျပႆနာေျဖရွင္းျခင္း (Problem solving)၊ ပဋိပကၡကိုင္တြယ္ျခင္း (Conflict management)၊ ကိုယ္ခ်င္းစာစိတ္ (Empathy) နည္းျပျခင္းနဲ႔ လမ္းညႊန္ေပးျခင္း (Coaching &mentoring) ရည္မွန္းခ်က္ျပည့္ေျမာက္ေအာင္ အာ႐ုံစူးစိုက္ျခင္း (Focus on achieving goals) ဒါေတြပါတယ္။ အရွင္းဆုံးေျပာရရင္ EQ ပဲေပါ့။


ဒါကို ၾကည့္ၿပီး ေခါင္းေဆာင္ေနရာဆို မိန္းကေလးပဲေရြး လို့ ဆိုလိုတာေတာ့ မဟုတ္ဘူး။ ေခါင္းေဆာင္မွု အရည္အေသြးဟာ ေယာက်ာ္းရယ္ မိန္းမရယ္နဲ႔ မဆိုင္ဘဲ တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႔ ဆိုင္တယ္၊ ဘယ္သူမဆို ေလ့က်င့္ပ်ိဳးေထာင္လို့ ရနိုင္တယ္ဆိုတာကို သိေစခ်င္တာပါ။


ေခတ္က ေျပာင္းေနၿပီ။ ကမၻာမွာေရာ ကၽြန္ေတာ္တို့ဆီမွာပါ အမ်ိဳးသမီးေခါင္းေဆာင္ေတြ နယ္ပယ္အသီးသီးမွာ ရွိေနၿပီ။ ဒါေၾကာင့္ မိန္းမအုပ္ခ်ဳပ္ရင္ တိုင္းျပည္ဘာျဖစ္မယ္၊ မိန္းကေလးဆိုတာ ေခါင္းေဆာင္ေနရာနဲ႔ မသင့္ေတာ္ဘူး ဆိုတဲ့ ေရွးရိုးစြဲအျမင္ေတြ ထားခဲ့မွ ရေတာ့မယ္။


အဲဒီလို ေရွးရိုးစြဲအျမင္ေတြ၊ တရားေသအျမင္ေတြ ဆုပ္ကိုင္ထားတဲ့သူဟာ အကယ္၍မ်ား ေယာက်ာ္းတစ္ေယာက္ ျဖစ္ေနခဲ့မယ္ဆိုရင္ အိမ္ေထာင္ေရးအဆင္ေျပဖို့ မလြယ္ဘူး၊ လိုအပ္ခ်က္ေတြ မ်ားလာတဲ့ ေခတ္ႀကီးထဲမွာ မိသားစုတာဝန္ကို ကိုယ္တစ္ေယာက္တည္း ထမ္းေနရလိမ့္မယ္၊ ကိုယ့္သားသမီးေတြအတြက္ မိခင္ေကာင္းတစ္ေယာက္ကို လက္လြတ္သြားရလိမ့္မယ္။


အကယ္၍မ်ား ဝန္ထမ္းတစ္ေယာက္ ျဖစ္ေနခဲ့မယ္ဆိုရင္ မိန္းမတစ္ေယာက္ရဲ့လက္ေအာက္မွာ မလုပ္ခ်င္ဘူး ဆိုၿပီး အလုပ္မွာ မေပ်ာ္မရႊင္ ျဖစ္ေနရလိမ့္မယ္။


အကယ္၍မ်ား မိခင္တစ္ေယာက္ ျဖစ္ေနခဲ့မယ္ဆိုရင္ ကိုယ့္သမီးေလးရဲ့ အစြမ္းအစေတြဟာ အစဥ္အလာ သတ္မွတ္ခ်က္ေတြေအာက္မွာ ေပ်ာက္ဆုံးသြားရလိမ့္မယ္။ ရြယ္တူမိန္းကေလးခ်င္းမွာကို တစ္တန္း နိမ့္ေနလိမ့္မယ္။ ကိုယ့္သား ယူလာမယ့္ ထက္ထက္ျမက္ျမက္ ေခၽြးမနဲ႔လည္း အဆင္ေျပမယ္မဟုတ္ဘူး။


အကယ္၍မ်ား ျပည္သူအမ်ားစု ျဖစ္ေနခဲ့မယ္ဆိုရင္ေတာ့ ကိုယ့္တိုင္းျပည္အတြက္ တကယ္သင့္ေတာ္တဲ့ ေခါင္းေဆာင္ေကာင္းရဖို့ အခြင့္အလမ္း ၅၀%ကို ျငင္းပယ္လိုက္တာနဲ႔ တူေနပါလိမ့္မယ္။


ဒါေၾကာင့္ ျပန္ေျပာရရင္ ဒီေခတ္မွာ အားႏြဲ႕တယ္ဆိုတာ ပညာမတတ္တာကို ေခၚတာျဖစ္တယ္၊ ဒီေတာ့ အားႏြဲ႕သူက ေယာက်ာ္းလည္း ျဖစ္နိုင္တယ္၊ မိန္းမလည္း ျဖစ္နိုင္တယ္၊ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ပိုမ်ားလာဖို့အတြက္ဆိုရင္ ငယ္ငယ္ကတည္းက ျပဳစုပ်ိဳးေထာင္တဲ့ပုံစံေတြ ျပင္ဖို့လိုတယ္၊ ေခါင္းေဆာင္ေနရာအတြက္ စဥ္းစားတဲ့အခါ ေယာက်ာ္းရယ္ မိန္းမရယ္ မၾကည့္ဘဲ အရည္အခ်င္းရွိတဲ့သူကို ေနရာေပးနိုင္ဖို့ လိုတယ္၊ ေလးစားတတ္ဖို့ လိုတယ္။ ဒါပါပဲ။


ေဒါက္တာ ၿဖိဳးသီဟ

၁၄.၉.၂၀၁၆

No comments: