ကိုယ့်ရဲ့ကလေးကို မသိစိတ်နဲ့ပြောတယ်ဆိုရင် မိဘတစ်ယောက်အနေနဲ့ ပြောနေတာမဟုတ်ဘူး။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အကြောင်း အပိုင်း(၁)
မိဘနဲ့သားသမီး - သားသမီးမဖြစ်ဘူးတဲ့ မိဘမရှိဘူး။ သားသမီးအတွေ့အကြုံနဲ့ မိဘအတွေ့အကြုံနဲ့ အဲဒီအတွေ့အကြုံနှစ်ခုနဲ့ဆိုတော့ ကိုယ့်ရဲ့သားသမီးက သားသမီးအတွေ့အကြုံပဲရှိသေးတယ်။ အဲဒီအချိန်မှာ မိဘအတွေ့အကြုံမရှိသေးဘူး။
မရှိသေးတဲ့အချိန်မှာ ကိုယ်က သူတို့ထက်ပိုပြီးတော့ အတွေ့အကြုံများတယ်၊ ပိုသိတယ်ဆိုတဲ့ စိတ်ဝင်တတ်တယ်။ တစ်ဖက်ကလည်း responsibility တာဝန်ယူမှ တာဝန်ခံမှု ဒါကြီးကလည်း ရှိတာကိုး။
နောက်ပြီးတော့ ကလေးကလည်းပဲ အခုငယ်သေးတယ်ဆိုတော့ အခုမှ လောကကြီးအကြောင်းကို တစ်ခုပြီးတစ်ခု သင်ကာစပဲရှိသေးတယ် ဆိုတော့ စိတ်ထဲမှာ အဲဒါဝင်တတ်တယ်။
ကိုယ်က information ပိုသိရုံနဲ့ အကုန်လုံးသိတယ် အဲဒီလိုပြောလို့မရဘူး။ သိရမယ့်အထဲမှာ information တင်မကဘူး၊ EQ (Emotional Quotient) လည်းပါတယ်။
Emotional Quotient ကျတော့ ဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာ ကလေးတစ်ယောက်ရှိတယ်၊ လူကြီးတစ်ယောက်ရှိတယ် အမြဲတမ်း။ မိဘတွေလည်း ဒီအတိုင်းပဲ။ မိဘမဟုတ်တဲ့ ဥပမာ ဘုန်းဘုန်းတို့လိုလည်း အဲဒီအတိုင်းပဲ။ ကိုယ့်ရဲ့စိတ်ထဲမှာ ကလေးတစ်ယောက်ရှိတယ်၊ လူကြီးတစ်ယောက်ရှိတယ်။
ဒါကတော့ အဘိဓမ္မရှုထောင့်ရယ် psychology ရှုထောင့်ရယ်ပြောတာပါ။ ကလေးဆိုတာတော့ subconscious mind ကိုပြောတာ။ လူကြီးဆိုတာတော့ conscious mind ကိုပြောတာ။
Subconscious mind မသိစိတ်ဆိုတာ သူက အကျင့်နဲ့လုပ်သွားတာ၊ မျက်စိမှိတ်လုပ်တာ။ ပန်းရောင်ကြိုက်တဲ့လူက ဘာကြောင့်ပန်းရောင်ကြိုက်တယ်ဆိုတာ သူကအကြောင်းပြချက်မလိုဘူး။ အကြောင်းပြချက် မရှိဘူး။ သူ့ရဲ့ subconscious mind ထဲမှာ အဲဒါကို သူ register လုပ်ထားတာ။ အဲဒါပဲ။
အဖြူရောင်ကြိုက်တဲ့လူကလည်း သူက တခြားမဟုတ်ဘူး၊ အဲဒီအဖြူရောင်အကြောင်းတစ်ခုခုကြောင့် ပထမဆုံး register လုပ်မိလို့ နောက်ပြီးတော့ ဘဝတစ်လျှောက်လုံးမှာ အဖြူရောင်ကို မကြိုက်စေတဲ့ incident တွေပေါ့နော် မရှိခဲ့လို့။
ဒါကြောင့် သူ့မှာအဖြူရောင်က သူ့ရဲ့ favourite ကာလာဖြစ်နေတာ။ ဒီဟာတွေက သူက subconscious habit တွေ။ အဲဒါတွေက ကလေးတွေပေါ့နော်။ ဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာ ကလေးတွေ။
ကိုယ့်ရဲ့ emotion နဲ့ပြောတဲ့အခါကျတော့ အပြင်ကနေကြည့်မယ်ဆိုရင်တော့ ကိုယ်က မိဘပဲ၊ ဒါပေမဲ့ ကိုယ်က conscious mind နဲ့ပြော တာလား၊ subconscious mind နဲ့ပြောတာလား အပြင်ကလူက သိချင်မှသိတာ။ တခါတခါ ကိုယ်တိုင်လည်း သိချင်မှသိတာ။
Subconscious mind နဲ့ပြောမိရင်တော့ ကိုယ့်ရဲ့ကလေးကို ကိုယ်ကလေးတစ်ယောက်အနေနဲ့ ပြန်ပြောတာ၊ မိဘတစ်ယောက်အနေနဲ့ ပြောနေတာ မဟုတ်ပါဘူး။
အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ emotion ကိုလည်းကိုယ်သိတယ်၊ ကိုယ့်ကလေးရဲ့ emotion ကိုလည်းကိုယ်သိတယ်။ သိတာက တစ်ခုနော် awareness ဖြစ်တာ။ နောက် သိပြီးတော့ ကိုင်တွယ်တတ်တာ regulate လုပ်တတ်တာ အဲဒါကနောက်တစ်ခု၊ awareness and regulating.
Awareness of emotion and regulating emotion - ကိုယ် aware ဖြစ်လာတဲ့ emotion ကကြောက်စိတ်ဖြစ်လာတယ်၊ အဲဒီ emotion ကို ဘယ်လိုကိုင်တွယ်မယ်၊ ကိုင်တွယ်မယ့်နည်းကို regulation ခေါ်တာ။ စည်းကမ်းဥပဒေပြောတာမဟုတ်ဘူး။
ဘုန်းဘုန်းတို့က emotion အရ ကိုယ်ကိုယ်တိုင်အပါအဝင်ပါ။ ဘုန်းဘုန်း အသက် (၅၀)ကျော်ပါပြီ။ တခါတခါကိုယ်က ကလေးပဲ။ ဘာလို့တုန်းဆိုကိုယ့် emotion ကိုလေ ကိုယ်က “ကြင်ကြင်နာနာ၊ ရဲရဲတင်းတင်း”စကားလုံးနှစ်လုံး။
တစ်ခုက ရဲရဲတင်းတင်း courage ရှိတယ်ပြောတာ။ နောက်တစ်ခုက ကြင်ကြင်နာနာဆိုတာ kindness ဒီဟာနဲ့ကိုင်တွယ်တာထက် သူက နည်းနည်း uncomfortable ဖြစ်တယ်ဆိုရင် သူ့ကို ဖိထားလိုက်တာ suppress လုပ်ထားလိုက်တာ။
အဲဒါကြောင့် ဘုန်းဘုန်းတို့ တရားထိုင်တဲ့အခါ ပေါ်လာတဲ့ emotion တွေ၊ ပေါ်လာတဲ့ အတွေးတွေကိုသိအောင်၊ ပေါ်လာတဲ့အတွေးတွေကို ပေါ်လာတဲ့အတိုင်းမှတ်ပါ။ မှတ်ပါဆိုတာက register လုပ်ခိုင်းတာ။ recognize လုပ်ခိုင်းတာ။ accept လုပ်ခိုင်းတာ။ အဲဒါကိုမှတ်တယ်လို့ေခေါ်တယ်။
ကိုယ့်ရဲ့ emotion ကို အများကြီးမှတ်တဲ့အခါကျတော့ နောက်ပိုင်းကျတော့ အဲဒီဟာကို တခြားလူအပေါ်မှာ ကိုယ် relate လုပ်ကြည့်တဲ့အခါမှာ သူတို့လည်း ဒီအတိုင်းဖြစ်မှာပဲဆိုပြီး သူတို့ကို နားလည်နိုင်တယ်။
ပထမဆုံးကျတော့ self-awareness ၊ နောက်ပိုင်းကျတော့ social-awareness။ အဲဒီ awareness နှစ်ခုပူးပေါင်းနိုင်တယ်။
Out of date အဖြစ်လွယ်တဲ့အရာတွေထဲမှာ Parenting Skills ပါလောက်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အကြောင်း အပိုင်း(၂)
ဘုန်းဘုန်းမှာ အများကြီးတော့မရှိပါဘူး။ ဒီစာအုပ်လေးရှိပြီးသား ဖတ်ပြီးသားလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ Brave Parenting တဲ့။ Brave Parenting: A Buddhist-Inspired Guide to Raising Emotionally Resilient Children. ရေးတဲ့ပုဂ္ဂိုလ်က Krissy Pozatek ဆိုတာ။
Brave Parenting ဆိုတာ google ထဲမှာရှာကြည့်လို့ရတယ်။ရိုက်တာတော့ Wisdom Publications ဆိုတာ အမေရိကားမှာ ဗုဒ္ဓဘာသာ publisher တွေရှိပါတယ်။အဲဒီထဲမှာ Wisdom Publications ဆိုတာ ဗုဒ္ဓဘာသာစာအုပ်တစ်မျိုးပဲရိုက်တယ်။
နောက်တစ်ခုရှိသေးတယ် Snow Lion ဆိုတာ အဲဒီ publication ကလည်း ဗုဒ္ဓဘာသာစာအုပ်ပဲရိုက်ပါတယ်။ ဒါက Wisdom Publications ကနေရိုက်တဲ့ဟာ။
အကျဉ်းချုပ်ပြီးတော့ပြောပြရမယ်ဆိုရင်တော့ ဗုဒ္ဓမြတ်စွာဘုရားဟောထားတဲ့ အဘိဓမ္မာကို ဒီစိတ်ပိုင်းဆိုင်ရာကို ယူပြီးတော့ လိုရင်းတိုရှင်း လေးတွေ တင်ပြထားတာပေါ့။ ဒီထဲမှာ emotion ကို river - စမ်းချောင်းတို့ ရေယာဉ်တို့ မြစ်ကြီးတို့ အဲဒါမျိုးတွေနဲ့ နှိုင်းယှဉ်ထားတယ်။ အမြဲတမ်းစီးဆင်းနေတယ်။
မြစ်ကြီးတစ်ခုစီးဆင်းတယ်ဆိုလည်း အမြင့် အနိမ့်ရှိတယ်။ မိုးတွေရွာပြီးတော့ ရေအရမ်းသန်တဲ့အခါစီးတဲ့အခါလည်းရှိတယ်။ နွေဖြစ်လို့ ရေကျသွားပြီးတော့ တချို့နေရာမှာ သောင်တင်နေတဲ့ဟာလေးတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် သူက အမြဲတမ်း စီးနေတယ်။
Emotion သဘောလေးကို အဲဒီပုံစံမျိုးပြောထားတယ်။ ဒါ ဗုဒ္ဓဘာသာရဲ့အတွေးပါ။ ဗုဒ္ဓဘာသာက လမ်းတို့၊ ရေတို့ ဒါမျိုးတွေနဲ့ နှိုင်းယှဉ်ထားတယ် ဘဝကို။ လမ်းဆိုရင် အမြဲတမ်းရွေ့လျားနေတယ်ပေါ့။ မဂ္ဂင်ရှစ်ပါးမှာရှိတဲ့ မဂ္ဂဆိုတာလမ်းနော်။ ဘဝက ခရီးသွားနေတယ် life is journey ပဲ။
ဘုန်းဘုန်းတို့သုံးတဲ့စကား သောတာပန်တို့ ‘သောတ’ဆိုတာ ရေအယာဉ်၊ “ပတိသောတဂါမိ”ဆိုတာ မြတ်စွာဘုရားက သူက ရေဆန်ကူးတဲ့ ပုဂ္ဂိုလ်ပါတဲ့။ လူအများစုနဲ့ကွာတာ။
လူအများစုက တကယ်လို့ ဒီမှာ uncomfortable emotion နည်းနည်းခံစားရခက်တဲ့ emotion တွေမကျေနပ်တဲ့ဟာတွေ၊ စိုးရိမ်တဲ့ဟာတွေ၊ ကြောက်စိတ်တွေဖြစ်လာပြီဆိုရင် လူတွေက အဲဒီဟာကို ဖျောက်ပစ်လိုက်၊ ထွက်ပြေးလိုက် လူအများစုက ဒါမျိုးတွေတွေးကြတယ်၊ fight and flight ဆိုတာ အများစုက အဲဒီလိုတွေးတယ်။
ဗုဒ္ဓမြတ်စွာဘုရားကတော့ အဲဒီလိုမဟုတ်ဘူး။ fight and flight နဲ့မရဘူး။ အဲဒီ emotion တွေကို အနီးကပ်ကြည့်ရမယ်၊ အနီးကပ်လေ့လာရမယ်၊ တရားထိုင်တာ စိတ္တာနုပဿနာဆိုတာ ဒါလေးပဲ။
ကိုယ့်ရဲ့ emotion ကိုအနီးကပ်လေ့လာတာ၊ close observation, close investigation လုပ်တာ။ To study our emotions closely. အဲဒဟာကိုပြောတာ။
အဲဒါကြောင့် မိဘတွေအနေနဲ့ဆိုရင် ဘုန်းဘုန်းမပြောခင်ကတည်းက ရှိပြီးသားဖြစ်ပါလိမ့်မယ်။ မိဘတွေအနေနဲ့တွေ့ဆုံဖို့ အချင်းချင်း အမြင်တွေ ဖလှယ်ဖို့ အဲဒါမျိုးတွေပေါ့။
ဘုန်းဘုန်းမှားချင်လည်းမှားလိမ့်မယ် ဘုန်းဘုန်းထင်တာပေါ့နော်။ အခု iPhone တွေ Samsung တွေ သူတို့က အသစ်တွေ ခဏခဏထွက်လာတယ်လေ။ ခဏလေးနဲ့ out of date ဖြစ်သွားတယ်။ အသစ်ဝယ်ရပြန်တယ်။
အဲဒီလို out of date အဖြစ်လွယ်တဲ့ အရာတွေထဲမှာ ဘုန်းဘုန်းထင်တာ parenting skills တစ်ခုပါလောက်တယ်။
ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းဘုန်းနဲ့ရင်းနီးတဲ့လူငယ်လေးတွေပေါ့နော်။ သူတို့ကလေးရှိတဲ့အခါမှာ သူတို့ကလေးကို သူတို့ ဘယ်ပုံစံမျိုးနဲ့ ပြုစုမယ်ဆိုတာ အဲဒါ သူတို့ရဲ့မိဘ အဘိုးအဘွားတွေပါလာပြီးတော့ပြောရင် သူတို့လုံးဝမကြိုက်ဘူး။
အဘိုးအဘွားကလည်းပဲ ‘ဒို့က ဒါတွေလုပ်ခဲ့တာ၊ ဒို့က ဒါတွေဖြတ်ခဲ့တာ၊ သူတို့ကမှ အခုမိဘအသစ် new parents သူတို့ဘာမှမသိသေးဘူး’ ဆိုပြီးပြောချင်တယ်။
ပြောချင်တဲ့အခါမှာ ပြဿနာတွေဖြစ်ရော။ တခါတခါ ဘုန်းဘုန်းဆီလာတယ်။ ‘ဘုန်းဘုန်းရယ် အဘိုးအဘွားတွေနည်းနည်းပြောပေးပါအုန်း’တဲ့။ အဲဒါ အဘိုးအဘွားက ကလေးကိုမြင်တဲ့ပုံစံ မိဘကမြင်တဲ့ပုံစံမတူဘူး။
ဘုန်းဘုန်းကပြန်စဉ်းစားကြည့်တယ် အခု အဘိုးအဘွားတွေနော် သူတို့မိဘတုန်းကရှိခဲ့တဲ့ မိဘအတွေ့အကြုံ - Parental experiences အဲဒါတွေ သူတို့ သားသမီးတုန်းကတော့ သူတို့စိတ်ကြိုက် အဲဒီအသိဉာဏ်၊ သူတို့ရဲ့စိတ်ကူးယဉ် အကုန်လုံးအသုံးပြုနိုင်တယ်။
မြေးအချိန်ရောက်လာတဲ့အခါကျတော့ အဲဒီနည်းကို ပြန်ပြီးတော့ အသုံးပြုတာ သူတို့သားသမီးကိုယ်တိုင်ကကို လက်မခံတော့ဘူး။ အဲဒါကြောင့် ဘုန်းဘုန်းထင်တာ parental skills က one generation ပဲ ခံတယ်လို့အပြင်ကနေ observe လုပ်ကြည့်တာ၊ မှားချင်လည်းမှားသွားလိမ့်မယ်။ မှားရင်လည်း ဘုန်းဘုန်းကိုပြင်ပေးနော်။
မိဘနဲ့ ကလေးကြားမှာ “ပေးကားပေး၏မရ” ဖြစ်တတ်တယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အကြောင်း အပိုင်း(၃)
ဘုန်းဘုန်းကပြန်စဉ်းစားကြည့်တယ် အခု အဘိုးအဘွားတွေနော် သူတို့မိဘတုန်းကရှိခဲ့တဲ့ မိဘအတွေ့အကြုံ - parental experiences အဲဒါတွေ သူတို့သားသမီးတုန်းကတော့ သူတို့စိတ်ကြိုက် အဲဒီအသိဉာဏ်၊ သူတို့ရဲ့ စိတ်ကူးယဉ် အကုန်လုံးအသုံးပြုနိုင်တယ်။
မြေးအချိန်ရောက်လာတဲ့အခါကျတော့ အဲဒီနည်းကိုပြန်ပြီးတော့ အသုံးပြုတာ သူတို့သားသမီးကိုယ်တိုင်ကကို လက်မခံတော့ဘူး။အဲဒါကြောင့် ဘုန်းဘုန်းထင်တာ parental skills က one generation ပဲခံတယ်လို့ အပြင်ကနေ observe လုပ်ကြည့်တာ၊ မှားချင်လည်း မှားသွားလိမ့်မယ်။ မှားရင်လည်း ဘုန်းဘုန်းကိုပြင်ပေးနော်။
နောက်တစ်ုက ဘဲလ်ဂရိတ်(Belgrade) မှာပါ အတွေ့အကြုံလေးတစ်ခု Professor of Astronomy ဆိုတာ နက္ခတ်ဗေဒင်ကျွမ်းကျင်တဲ့ ပါမောက္ခကြီးပေါ့။ ဆားဗီးယားလူမျိုး အမေရိကန်နိုင်ငံမှာ Ph.D သွားလုပ်ပြီးတော့ နာဆာ (NASA) မှာအလုပ်လုပ်ဖူးတယ်။ Ph.D ပြီးတော့ နာဆာမှာ သုံးနှစ်အလုပ်လုပ်ဖူးတယ်။ အဲဒီလိုတော်ပါတယ်။ သူ့အမျိုးသမီးကလည်းပဲ အမေရိကားမှာ MBA ရခဲ့တယ်။
တစ်နေ့ကျတော့ သားအကြီးက ၆နှစ်ရှိတဲ့အချိန် သားအငယ်ကတော့ ၂နှစ်ပဲရှိသေးတယ်။ဘဲလ်ဂရိတ်မှာ ဘုန်းဘုန်း ၁၁နှစ်ရှိပါပြီ နှစ်စဉ် သာသနာသွားပြုတာ။ တစ်နေ့ကျတော့ တရားစခန်းလဲပြီးလည်းပြီးရော
“အရှင်ဘုရားကို တပည့်တော်တို့က private consultation လုပ်ချင်တယ်”တဲ့။
အဲဒါကြောင့် ဆွမ်းလည်းကပ်ရင်းနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ တပည့်တော်တိုင်ပင်ချင်တယ်”ဆိုတော့ ဘုန်းဘုန်းလည်းလိုက်သွားတယ်။
အဲဒါဘာတုန်းဆိုတော့
“အရှင်ဘုရားကြည့်ပါအုန်း၊ အရင်တစ်ပတ်က တပည့်တော်သားကြီးက ဘာပြောတုန်းဆိုတော့ Daddy, you never buy anything. ဖေဖေ ဖေဖေက သားကို ဘာမှမဝယ်ပေးဘူး”ဆိုတော့ တပည့်တော်က ‘ဝယ်ပေးတာ တစ်ရက်ပဲရှိသေးတယ်၊ တပည့်တော်က credit card receipt ပြတယ် သက်သေအနေနဲ့။ ‘ဘာလို့မဝယ်ပေးရမှာလဲ’
ကလေးက သူ့ကို အဲဒီလိုပြောတယ်ဆိုတော့ မိဘရဲ့မာနထိခိုက်တယ်။ ကိုယ်က အကောင်းဆုံးဖြစ်အောင် တာဝန်အကျေဆုံးမိဘဖြစ်အောင် လုပ်ပါရဲ့နဲ့ ဒီလိုအပြောခံရတယ်ဆိုတော့ စိတ်ထဲမှာ လုံးဝမခံနိုင်ဘူး။ အိပ်လို့တောင် မရဘူးတဲ့။
“အရှင်ဘုရား သင်ပေးတဲ့ တရားထိုင်နည်း တပည့်တော် လုံးဝသုံးလို့မရဘူး”
“ဟုတ်လား ကလေးက ဘာပြောတာတုန်း”
“တပည့်တော်ကို တခါမှ မဝယ်ပေးဘူး။ တပည့်တော်တို့က ခဏခဏဝယ်ပေးတယ်”
“အဲဒါ ကလေးက ခြောက်နှစ်ပဲရှိသေးတယ် ဘာလို့ သည်လိုလိမ်တတ်တာတုန်း”
“ဟာ ဆရာကြီး နက္ခတ္တဗေဒင်ပညာရှင်ကနေပြီးတော့ ကလေးကိုအဲဒီလိုမကြည့်ပါနဲ့။ ကလေးက မလိမ်ဘူး။ ခြောက်နှစ်ပဲရှိသေးတယ် သူမလိမ်ဘူး” ဘုန်းဘုန်းပြောပြတယ်။
“ဒါဖြင့် သူပြောတဲ့ဟာက မှန်မှမမှန်တာဘုရား”တဲ့။
“သူ့ရှုထောင့်ကနေကြည့်တတ်ရင်တော့မှန်တယ်”လို့ ဘုန်းဘုန်းကပြောတယ်။ ကလေးကိုနည်းနည်းရှေ့နေလိုက်ပေးလိုက်တာပေါ့။
“ဆရာကြီးကလည်းမှန်တယ်” ဆရာကြီးမမှန်ဘယ်နေမှာတုန်း ဒီမှာ receipt တောင်ရှိတယ်။
“ဒါဖြင့် ကလေးက ဘယ်လိုမှန်တုန်း”
ကလေးမှန်တာက ဖေဖေက ကစားစရာဝယ်ပေးတာတော့ဟုတ်တယ်။ ဒါပေမယ့် I don’t feel it’s mine. အဲဒီကစားစရာက သားရဲ့ကစားစရာလို့ စိတ်ထဲမှာ မထင်ဘူး။ အဲဒါကြောင့် ဝယ်ပေးပေမယ့် သားရဲ့ကစားစရာမဟုတ်ဘူးလို့ စိတ်ထဲမှာ ထင်နေတယ်။ ဒါကြောင့်ေဖေဖေကိုဒီလိုပြောတာ။
ဆိုလိုတာက မြန်မာစကားမှာ “ပေးကားပေး၏ မရ”ဆိုတာ သည်နေရာမှာ အဲဒီလိုဖြစ်နေတယ်။ ဘာလို့အဲဒီလိုဖြစ်တာတုန်း။ ဘုန်းဘုန်းကပြောတယ် သူတို့ကို မမေးသေးဘူး၊ ဘုန်းဘုန်းကပြောပြတယ်။
တချို့အိမ်တွေမှာ ဘုန်းဘုန်းရောက်ဖူးတဲ့ အိမ်တွေမှာ ကလေးတစ်ယောက်တည်းပဲရှိတဲ့အခါကျတော့ ပစ္စည်းလေးတွေ ကစားစရာလေးတွေ ဝယ်ပေးတယ်။ ကလေးက မတောင်းသေးဘူး။ လူကြီးကဝယ်ပေးတယ်။ မိဘကဝယ်ပေးတာလည်း အဘိုးအဘွားကဝယ်ပေးတာလည်းရှိတယ်။ နောက်ပြီးတော့ အန်တီတွေ အန်ကယ်လ်တွေဝယ်ပေးတာလည်းရှိတယ်။
ဝယ်လာတဲ့ ကစားစရာတွေကများလွန်းတယ်၊ မြန်လွန်းတဲ့အခါကျတော့ ဘယ်ကစားစရာတစ်ခုနဲ့မှ relationship မလုပ်ရသေးဘူး။ မတည်ဆောက်ရသေးဘူး။ သူ့ရဲ့ subconscious mind ထဲကို sit in မလုပ်ရသေးဘူး။ အဲဒီ ကစားစရာတို့ပေးတာက သူက ကလေးရဲ့လိုအပ်ချက်ထက် လူကြီးရဲ့လိုအပ်ချက်။
တခါတခါ အပြင်မှာ အလုပ်သွားလုပ်တယ်။ အပြင်အလုပ်သွားလုပ်တော့ ဒီအတိုင်းပဲ ကလေးကိုကျောင်းမှာ မူကြိုမှာ၊ နောက်ပြီးတော့ အိမ်မှာ နာနီနဲ့ အတူတူပစ်ထားတဲ့အခါကျတော့ အိမ်ပြန်ရောက်ပြီးတော့ ကလေးမြင်တဲ့အခါ စိတ်ထဲမှာ guiltyြဖြစ်ရော။
Guilty ဖြစ်တဲ့အခါကျတော့ ကိုယ့်စိတ်ကိုနှစ်သိမ့်တဲ့အနေနဲ့ ပြန်လာတိုင်း ပြန်လာတိုင်း ကစားစရာလေးတွေပါလာတယ်။ အဲဒီကစားစရာက ကလေးကတောင်းတာမဟုတ်ဘူး။ ကလေးက တောင်းတယ်ဆိုတော့ အပြင်က ကလေးက ကိုယ်မွေးထားတဲ့ကလေးကတောင်းတာမဟုတ်ဘူး။ အတွင်းက ကိုယ့်ရဲ့စိတ်ထဲက subconscious mind ကတောင်းတာ။
ဒီ Subconscious mind ကတောင်းတဲ့ ဒီဟာကိုတောင်းတိုင်းပေးရမလား၊ ပေးတဲ့အခါ ဘယ်ပုံစံမျိုးနဲ့ပေးရမှာတုန်း၊ ဈေးထဲကနေ ဝယ်ပေးရမလား၊ ဒါမှမဟုတ် awareness, mindfulness ဆိုတဲ့ဟာ အဲဒီဟာနဲ့ပေးမလား။
Subconscious mind ဆိုတဲ့ မသိစိတ်ဆိုတဲ့ ဒီကလေးကတောင်းတယ်ဆိုရင် conscious mind ဆိုတဲ့ မိဘနဲ့ပေးရမယ်။ အဲဒီဟာကို ကိုယ်က emotion အရ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး connect မလုပ်ပေးနိုင်တဲ့အခါကျတော့ ကိုယ့်ကလေးကို ကိုယ် spoil လုပ်မိတာပေါ့။
ကလေးကစားစရာ နှစ်ခုရှိတယ်ဆိုရင် အဲဒီကစားစရာနှစ်ခုစလုံးနဲ့ relationship တည်ဆောက်ဖို့ ခိုင်မြဲတဲ့ relation တည်ဆောက်ဖို့အတွက် သူအချိန်ပိုယူရတယ်။ ဘယ်ဟာက သူ့ဟာတုန်း၊ ဘယ်ဟာက သူ့အတွက်အရေးပါတုန်းဆိုတဲ့ အဲဒီဟာက သူ့အနေနဲ့ဆုံးဖြတ်ရတာ ခက်တယ်။ ဒါတစ်ခုပေါ့နော်။
ဘုန်းဘုန်းပြောချင်တာက ကလေးကို look after လုပ်တဲ့နေရာမှာ ခုနနေတုန်းက ဆရာကြီးဆိုရင် သူ့သားအဲဒီလိုပြောတဲ့အခါကျတော့ သားကို သူက လူကြီးတစ်ယောက်အနေနဲ့ပြန်ငြင်းတယ်။
“သားဘာဖြစ်လို့ ဒီလိုပြောတာတုန်း”
ကလေးရဲ့ရှုထောင့်ကိုသူက ပြန်ပြီးတော့ထိုင်ပြီးနားမထောင်နိုင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သူ့ရဲ့ pride သူ့ရဲ့မာနကိုထိသွားတာကိုး။ သူ့မာနထိသွားတာ။ ငါ့ကို ဒီလိုတာဝန်မကျေဘူးဆိုတဲ့ မိဘပုံစံမျိုးနဲ့ ငါ့ကို ဒီလိုပြောတယ်ဆိုပြီးတော့ မကျေနပ်ဘူး။
မကျေနပ်ရုံတင်မကဘူး သူ့သားကို ဘာလို့ပြောတုန်း။ ခြောက်နှစ်သားလေးလိမ်တတ်တယ်ဆိုပြီးတော့ သူကပြောတာ။ ဘုန်းဘုန်းရှင်းပြတဲ့အခါကျတော့ အဲဒါမျိုးတွေဖြစ်တ်တယ်။
“အရှင်ဘုရားတဲ့ တပည့်တော်တို့က အဲဒီအမှားတော့မှားခဲ့ပြီ”တဲ့။
“အများကြီးဝယ်ပေးဖူးတယ်၊ နောက် သူက အကြီးဆုံးမြေးဆိုတော့ ဒီလိုပဲ ဝိုင်းပြီးတော့ဝယ်ပေးကြတယ်။ ဒါဖြင့် ဘယ်လိုလုပ်မှာတုန်း”
“ဆရာကြီး အများကြီးတော့မဟုတ်ပါဘူး။ သူနဲ့ဘောလုံးကစားပေးပါ။ သူနဲ့ တစ်ခုခု ကစားပေးပါ”
လိုတာက ဒီအချိန်လေးလိုပါတယ်။
ကစားတဲ့အခါမှာ ကိုယ်လိုချင်တဲ့ဟာကို သွားပြီးတော့ impose လုပ်တာထက် သူ့ဟာကနေပြီးတော့ သူ့ရဲ့အလို သူ့ရဲ့ character လေးတွေကို စောင့်ကြည့်ပေးဖို့လိုအပ်တယ်။
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်)
ဆက်လက်ဖော်ပြပါမည်။
(၃၁/October/2020) ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် Myanmar Parenting မိသားစုများအတွက် ဟောကြားတော်မူခဲ့သော တရားတော်မှ “Parenting”အကြောင်းကိုကောက်နှုတ်ရေးသားပူဇော်ပါသည်။
*** ဆရာတော်ရဲ့ ဟောတရားကိုစာပြန်စီထားခြင်းကြောင့် ပါဠိစာလုံးနဲ့ စာအကျအပေါက်အမှားအယွင်းရှိပါက သည်းခံပေးပါရန်။
(Zawgyi)
ကိုယ့္ရဲ႕ကေလးကို မသိစိတ္နဲ႔ေျပာတယ္ဆိုရင္ မိဘတစ္ေယာက္အေနနဲ႔ ေျပာေနတာမဟုတ္ဘူး။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အေၾကာင္း အပိုင္း(၁)
မိဘနဲ႔သားသမီး - သားသမီးမျဖစ္ဘူးတဲ့ မိဘမရွိဘူး။ သားသမီးအေတြ႕အၾကံဳနဲ႔ မိဘအေတြ႕အၾကံဳနဲ႔ အဲဒီအေတြ႕အၾကံဳႏွစ္ခုနဲ႔ဆိုေတာ့ ကိုယ့္ရဲ႕သားသမီးက သားသမီးအေတြ႕အၾကံဳပဲရွိေသးတယ္။ အဲဒီအခ်ိန္မွာ မိဘအေတြ႕အၾကံဳမရွိေသးဘူး။
မရွိေသးတဲ့အခ်ိန္မွာ ကိုယ္က သူတို႔ထက္ပိုျပီးေတာ့ အေတြ႕အၾကံဳမ်ားတယ္၊ ပိုသိတယ္ဆိုတဲ့ စိတ္၀င္တတ္တယ္။ တစ္ဖက္ကလည္း responsibility တာ၀န္ယူမွ တာ၀န္ခံမႈ ဒါၾကီးကလည္း ရွိတာကိုး။
ေနာက္ျပီးေတာ့ ကေလးကလည္းပဲ အခုငယ္ေသးတယ္ဆိုေတာ့ အခုမွ ေလာကၾကီးအေၾကာင္းကို တစ္ခုျပီးတစ္ခု သင္ကာစပဲရွိေသးတယ္ ဆိုေတာ့ စိတ္ထဲမွာ အဲဒါ၀င္တတ္တယ္။
ကိုယ္က information ပိုသိရံုနဲ႔ အကုန္လံုးသိတယ္ အဲဒီလိုေျပာလို႔မရဘူး။ သိရမယ့္အထဲမွာ information တင္မကဘူး၊ EQ (Emotional Quotient) လည္းပါတယ္။
Emotional Quotient က်ေတာ့ ဘုန္းဘုန္းတုိ႔ရဲ႕စိတ္ထဲမွာ ကေလးတစ္ေယာက္ရွိတယ္၊ လူၾကီးတစ္ေယာက္ရွိတယ္ အျမဲတမ္း။ မိဘေတြလည္း ဒီအတိုင္းပဲ။ မိဘမဟုတ္တဲ့ ဥပမာ ဘုန္းဘုန္းတို႔လိုလည္း အဲဒီအတိုင္းပဲ။ ကိုယ့္ရဲ႕စိတ္ထဲမွာ ကေလးတစ္ေယာက္ရွိတယ္၊ လူၾကီးတစ္ေယာက္ရွိတယ္။
ဒါကေတာ့ အဘိဓမၼရႈေထာင့္ရယ္ psychology ရႈေထာင့္ရယ္ေျပာတာပါ။ ကေလးဆိုတာေတာ့ subconscious mind ကိုေျပာတာ။ လူၾကီးဆိုတာေတာ့ conscious mind ကိုေျပာတာ။
Subconscious mind မသိစိတ္ဆိုတာ သူက အက်င့္နဲ႔လုပ္သြားတာ၊ မ်က္စိမွိတ္လုပ္တာ။ ပန္းေရာင္ၾကိဳက္တဲ့လူက ဘာေၾကာင့္ပန္းေရာင္ၾကိဳက္တယ္ဆိုတာ သူကအေၾကာင္းျပခ်က္မလိုဘူး။ အေၾကာင္းျပခ်က္ မရွိဘူး။ သူ႔ရဲ႕ subconscious mind ထဲမွာ အဲဒါကို သူ register လုပ္ထားတာ။ အဲဒါပဲ။
အျဖဴေရာင္ၾကိဳက္တဲ့လူကလည္း သူက တျခားမဟုတ္ဘူး၊ အဲဒီအျဖဴေရာင္အေၾကာင္းတစ္ခုခုေၾကာင့္ ပထမဆံုး register လုပ္မိလို႔ ေနာက္ျပီးေတာ့ ဘ၀တစ္ေလွ်ာက္လံုးမွာ အျဖဴေရာင္ကို မၾကိဳက္ေစတဲ့ incident ေတြေပါ့ေနာ္ မရွိခဲ့လို႔။
ဒါေၾကာင့္ သူ႕မွာအျဖဴေရာင္က သူ႔ရဲ႕ favourite ကာလာျဖစ္ေနတာ။ ဒီဟာေတြက သူက subconscious habit ေတြ။ အဲဒါေတြက ကေလးေတြေပါ့ေနာ္။ ဘုန္းဘုန္းတို႔ရဲ႕စိတ္ထဲမွာ ကေလးေတြ။
ကိုယ့္ရဲ႕ emotion နဲ႔ေျပာတဲ့အခါက်ေတာ့ အျပင္ကေနၾကည့္မယ္ဆိုရင္ေတာ့ ကိုယ္က မိဘပဲ၊ ဒါေပမဲ့ ကိုယ္က conscious mind နဲ႔ေျပာ တာလား၊ subconscious mind နဲ႔ေျပာတာလား အျပင္ကလူက သိခ်င္မွသိတာ။ တခါတခါ ကိုယ္တိုင္လည္း သိခ်င္မွသိတာ။
Subconscious mind နဲ႔ေျပာမိရင္ေတာ့ ကိုယ့္ရဲ႕ကေလးကို ကိုယ္ကေလးတစ္ေယာက္အေနနဲ႔ ျပန္ေျပာတာ၊ မိဘတစ္ေယာက္အေနနဲ႔ ေျပာေနတာ မဟုတ္ပါဘူး။
အဲဒီလိုမဟုတ္ဘဲနဲ႔ ကိုယ့္ရဲ႕ emotion ကိုလည္းကိုယ္သိတယ္၊ ကိုယ့္ကေလးရဲ႕ emotion ကိုလည္းကိုယ္သိတယ္။ သိတာက တစ္ခုေနာ္ awareness ျဖစ္တာ။ ေနာက္ သိျပီးေတာ့ ကိုင္တြယ္တတ္တာ regulate လုပ္တတ္တာ အဲဒါကေနာက္တစ္ခု၊ awareness and regulating.
Awareness of emotion and regulating emotion - ကုိယ္ aware ျဖစ္လာတဲ့ emotion ကေၾကာက္စိတ္ျဖစ္လာတယ္၊ အဲဒီ emotion ကို ဘယ္လိုကိုင္တြယ္မယ္၊ ကိုင္တြယ္မယ့္နည္းကို regulation ေခၚတာ။ စည္းကမ္းဥပေဒေျပာတာမဟုတ္ဘူး။
ဘုန္းဘုန္းတို႔က emotion အရ ကိုယ္ကိုယ္တိုင္အပါအ၀င္ပါ။ ဘုန္းဘုန္း အသက္ (၅၀)ေက်ာ္ပါျပီ။ တခါတခါကိုယ္က ကေလးပဲ။ ဘာလို႔တုန္းဆိုကိုယ့္ emotion ကိုေလ ကိုယ္က “ၾကင္ၾကင္နာနာ၊ ရဲရဲတင္းတင္း”စကားလံုးႏွစ္လံုး။
တစ္ခုက ရဲရဲတင္းတင္း courage ရွိတယ္ေျပာတာ။ ေနာက္တစ္ခုက ၾကင္ၾကင္နာနာဆိုတာ kindness ဒီဟာနဲ႔ကိုင္တြယ္တာထက္ သူက နည္းနည္း uncomfortable ျဖစ္တယ္ဆိုရင္ သူ႕ကို ဖိထားလိုက္တာ suppress လုပ္ထားလိုက္တာ။
အဲဒါေၾကာင့္ ဘုန္းဘုန္းတို႔ တရားထိုင္တဲ့အခါ ေပၚလာတဲ့ emotion ေတြ၊ ေပၚလာတဲ့ အေတြးေတြကိုသိေအာင္၊ ေပၚလာတဲ့အေတြးေတြကို ေပၚလာတဲ့အတိုင္းမွတ္ပါ။ မွတ္ပါဆိုတာက register လုပ္ခိုင္းတာ။ recognize လုပ္ခိုင္းတာ။ accept လုပ္ခိုင္းတာ။ အဲဒါကိုမွတ္တယ္လို႔ ေခၚတယ္။
ကိုယ့္ရဲ႕ emotion ကို အမ်ားၾကီးမွတ္တဲ့အခါက်ေတာ့ ေနာက္ပိုင္းက်ေတာ့ အဲဒီဟာကို တျခားလူအေပၚမွာ ကိုယ္ relate လုပ္ၾကည့္တဲ့အခါမွာ သူတို႔လည္း ဒီအတိုင္းျဖစ္မွာပဲဆိုျပီး သူတို႔ကို နားလည္ႏိုင္တယ္။
ပထမဆံုးက်ေတာ့ self-awareness ၊ ေနာက္ပိုင္းက်ေတာ့ social-awareness။ အဲဒီ awareness ႏွစ္ခုပူးေပါင္းႏိုင္တယ္။
Out of date အျဖစ္လြယ္တဲ့အရာေတြထဲမွာ Parenting Skills ပါေလာက္တယ္
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အေၾကာင္း အပိုင္း(၂)
ဘုန္းဘုန္းမွာ အမ်ားၾကီးေတာ့မရွိပါဘူး။ ဒီစာအုပ္ေလးရွိျပီးသား ဖတ္ျပီးသားလည္း ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ Brave Parenting တဲ့။ Brave Parenting: A Buddhist-Inspired Guide to Raising Emotionally Resilient Children. ေရးတဲ့ပုဂၢိဳလ္က Krissy Pozatek ဆိုတာ။
Brave Parenting ဆိုတာ google ထဲမွာရွာၾကည့္လို႔ရတယ္။ရိုက္တာေတာ့ Wisdom Publications ဆိုတာ အေမရိကားမွာ ဗုဒၶဘာသာ publisher ေတြရွိပါတယ္။အဲဒီထဲမွာ Wisdom Publications ဆိုတာ ဗုဒၶဘာသာစာအုပ္တစ္မ်ိဳးပဲရိုက္တယ္။
ေနာက္တစ္ခုရွိေသးတယ္ Snow Lion ဆိုတာ အဲဒီ publication ကလည္း ဗုဒၶဘာသာစာအုပ္ပဲရိုက္ပါတယ္။ ဒါက Wisdom Publications ကေနရိုက္တဲ့ဟာ။
အက်ဥ္းခ်ဳပ္ျပီးေတာ့ေျပာျပရမယ္ဆိုရင္ေတာ့ ဗုဒၶျမတ္စြာဘုရားေဟာထားတဲ့ အဘိဓမၼာကို ဒီစိတ္ပိုင္းဆိုင္ရာကို ယူျပီးေတာ့ လိုရင္းတိုရွင္း ေလးေတြ တင္ျပထားတာေပါ့။ ဒီထဲမွာ emotion ကို river - စမ္းေခ်ာင္းတို႔ ေရယာဥ္တို႔ ျမစ္ၾကီးတို႔ အဲဒါမ်ိဳးေတြနဲ႔ ႏႈိင္းယွဥ္ထားတယ္။ အျမဲတမ္းစီးဆင္းေနတယ္။
ျမစ္ၾကီးတစ္ခုစီးဆင္းတယ္ဆိုလည္း အျမင့္ အနိမ့္ရွိတယ္။ မိုးေတြရြာျပီးေတာ့ ေရအရမ္းသန္တဲ့အခါစီးတဲ့အခါလည္းရွိတယ္။ ေႏြျဖစ္လို႔ ေရက်သြားျပီးေတာ့ တခ်ိဳ႕ေနရာမွာ ေသာင္တင္ေနတဲ့ဟာေလးေတြလည္းရွိတယ္။ ဘာပဲျဖစ္ျဖစ္ သူက အျမဲတမ္း စီးေနတယ္။
Emotion သေဘာေလးကို အဲဒီပံုစံမ်ိဳးေျပာထားတယ္။ ဒါ ဗုဒၶဘာသာရဲ႕အေတြးပါ။ ဗုဒၶဘာသာက လမ္းတို႔၊ ေရတို႔ ဒါမ်ိဳးေတြနဲ႔ ႏႈိင္းယွဥ္ထားတယ္ ဘ၀ကို။ လမ္းဆိုရင္ အျမဲတမ္းေရြ႕လ်ားေနတယ္ေပါ့။ မဂၢင္ရွစ္ပါးမွာရွိတဲ့ မဂၢဆိုတာလမ္းေနာ္။ ဘ၀က ခရီးသြားေနတယ္ life is journey ပဲ။
ဘုန္းဘုန္းတို႔သံုးတဲ့စကား ေသာတာပန္တို႔ ‘ေသာတ’ဆိုတာ ေရအယာဥ္၊ “ပတိေသာတဂါမိ”ဆိုတာ ျမတ္စြာဘုရားက သူက ေရဆန္ကူးတဲ့ ပုဂၢိဳလ္ပါတဲ့။ လူအမ်ားစုနဲ႔ကြာတာ။
လူအမ်ားစုက တကယ္လို႔ ဒီမွာ uncomfortable emotion နည္းနည္းခံစားရခက္တဲ့ emotion ေတြမေက်နပ္တဲ့ဟာေတြ၊ စိုးရိမ္တဲ့ဟာေတြ၊ ေၾကာက္စိတ္ေတြျဖစ္လာျပီဆိုရင္ လူေတြက အဲဒီဟာကို ေဖ်ာက္ပစ္လိုက္၊ ထြက္ေျပးလိုက္ လူအမ်ားစုက ဒါမ်ိဳးေတြေတြးၾကတယ္၊ fight and flight ဆိုတာ အမ်ားစုက အဲဒီလိုေတြးတယ္။
ဗုဒၶျမတ္စြာဘုရားကေတာ့ အဲဒီလိုမဟုတ္ဘူး။ fight and flight နဲ႔မရဘူး။ အဲဒီ emotion ေတြကို အနီးကပ္ၾကည့္ရမယ္၊ အနီးကပ္ေလ့လာရမယ္၊ တရားထိုင္တာ စိတၱာႏုပႆနာဆိုတာ ဒါေလးပဲ။
ကိုယ့္ရဲ႕ emotion ကိုအနီးကပ္ေလ့လာတာ၊ close observation, close investigation လုပ္တာ။ To study our emotions closely. အဲဒဟာကိုေျပာတာ။
အဲဒါေၾကာင့္ မိဘေတြအေနနဲ႔ဆိုရင္ ဘုန္းဘုန္းမေျပာခင္ကတည္းက ရွိျပီးသားျဖစ္ပါလိမ့္မယ္။ မိဘေတြအေနနဲ႔ေတြ႕ဆံုဖို႔ အခ်င္းခ်င္း အျမင္ေတြ ဖလွယ္ဖို႔ အဲဒါမ်ိဳးေတြေပါ့။
ဘုန္းဘုန္းမွားခ်င္လည္းမွားလိမ့္မယ္ ဘုန္းဘုန္းထင္တာေပါ့ေနာ္။ အခု iPhone ေတြ Samsung ေတြ သူတို႔က အသစ္ေတြ ခဏခဏထြက္လာတယ္ေလ။ ခဏေလးနဲ႔ out of date ျဖစ္သြားတယ္။ အသစ္၀ယ္ရျပန္တယ္။
အဲဒီလို out of date အျဖစ္လြယ္တဲ့ အရာေတြထဲမွာ ဘုန္းဘုန္းထင္တာ parenting skills တစ္ခုပါေလာက္တယ္။
ဘာျဖစ္လို႔တုန္းဆိုေတာ့ ဘုန္းဘုန္းနဲ႔ရင္းနီးတဲ့လူငယ္ေလးေတြေပါ့ေနာ္။ သူတို႔ကေလးရွိတဲ့အခါမွာ သူတို႔ကေလးကို သူတို႔ ဘယ္ပံုစံမ်ိဳးနဲ႔ ျပဳစုမယ္ဆိုတာ အဲဒါ သူတို႔ရဲ႕မိဘ အဘိုးအဘြားေတြပါလာျပီးေတာ့ေျပာရင္ သူတို႔လုံး၀မၾကိဳက္ဘူး။
အဘိုးအဘြားကလည္းပဲ ‘ဒို႔က ဒါေတြလုပ္ခဲ့တာ၊ ဒို႔က ဒါေတြျဖတ္ခဲ့တာ၊ သူတို႔ကမွ အခုမိဘအသစ္ new parents သူတို႔ဘာမွမသိေသးဘူး’ ဆိုျပီးေျပာခ်င္တယ္။
ေျပာခ်င္တဲ့အခါမွာ ျပႆနာေတြျဖစ္ေရာ။ တခါတခါ ဘုန္းဘုန္းဆီလာတယ္။ ‘ဘုန္းဘုန္းရယ္ အဘိုးအဘြားေတြနည္းနည္းေျပာေပးပါအုန္း’တဲ့။ အဲဒါ အဘိုးအဘြားက ကေလးကိုျမင္တဲ့ပံုစံ မိဘကျမင္တဲ့ပံုစံမတူဘူး။
ဘုန္းဘုန္းကျပန္စဥ္းစားၾကည့္တယ္ အခု အဘိုးအဘြားေတြေနာ္ သူတို႔မိဘတုန္းကရွိခဲ့တဲ့ မိဘအေတြ႕အၾကံဳ - Parental experiences အဲဒါေတြ သူတို႔ သားသမီးတုန္းကေတာ့ သူတို႔စိတ္ၾကိဳက္ အဲဒီအသိၪာဏ္၊ သူတို႔ရဲ႕စိတ္ကူးယဥ္ အကုန္လံုးအသံုးျပဳႏိုင္တယ္။
ေျမးအခ်ိန္ေရာက္လာတဲ့အခါက်ေတာ့ အဲဒီနည္းကို ျပန္ျပီးေတာ့ အသံုးျပဳတာ သူတို႔သားသမီးကိုယ္တိုင္ကကို လက္မခံေတာ့ဘူး။ အဲဒါေၾကာင့္ ဘုန္းဘုန္းထင္တာ parental skills က one generation ပဲ ခံတယ္လို႔အျပင္ကေန observe လုပ္ၾကည့္တာ၊ မွားခ်င္လည္းမွားသြားလိမ့္မယ္။ မွားရင္လည္း ဘုန္းဘုန္းကိုျပင္ေပးေနာ္။
မိဘနဲ႔ ကေလးၾကားမွာ “ေပးကားေပး၏မရ” ျဖစ္တတ္တယ္။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အေၾကာင္း အပိုင္း(၃)
ဘုန္းဘုန္းကျပန္စဥ္းစားၾကည့္တယ္ အခု အဘိုးအဘြားေတြေနာ္ သူတို႔မိဘတုန္းကရွိခဲ့တဲ့ မိဘအေတြ႕အၾကံဳ - parental experiences အဲဒါေတြ သူတို႔သားသမီးတုန္းကေတာ့ သူတို႔စိတ္ၾကိဳက္ အဲဒီအသိဉာဏ္၊ သူတို႔ရဲ႕ စိတ္ကူးယဥ္ အကုန္လံုးအသံုးျပဳႏိုင္တယ္။
ေျမးအခ်ိန္ေရာက္လာတဲ့အခါက်ေတာ့ အဲဒီနည္းကိုျပန္ျပီးေတာ့ အသံုးျပဳတာ သူတို႔သားသမီးကိုယ္တိုင္ကကို လက္မခံေတာ့ဘူး။အဲဒါေၾကာင့္ ဘုန္းဘုန္းထင္တာ parental skills က one generation ပဲခံတယ္လို႔ အျပင္ကေန observe လုပ္ၾကည့္တာ၊ မွားခ်င္လည္း မွားသြားလိမ့္မယ္။ မွားရင္လည္း ဘုန္းဘုန္းကိုျပင္ေပးေနာ္။
ေနာက္တစ္ုက ဘဲလ္ဂရိတ္(Belgrade) မွာပါ အေတြ႕အၾကံဳေလးတစ္ခု Professor of Astronomy ဆိုတာ နကၡတ္ေဗဒင္ကၽြမ္းက်င္တဲ့ ပါေမာကၡၾကီးေပါ့။ ဆားဗီးယားလူမ်ိဳး အေမရိကန္ႏိုင္ငံမွာ Ph.D သြားလုပ္ျပီးေတာ့ နာဆာ (NASA) မွာအလုပ္လုပ္ဖူးတယ္။ Ph.D ျပီးေတာ့ နာဆာမွာ သံုးႏွစ္အလုပ္လုပ္ဖူးတယ္။ အဲဒီလိုေတာ္ပါတယ္။ သူ႕အမ်ိဳးသမီးကလည္းပဲ အေမရိကားမွာ MBA ရခဲ့တယ္။
တစ္ေန႔က်ေတာ့ သားအၾကီးက ၆ႏွစ္ရွိတဲ့အခ်ိန္ သားအငယ္ကေတာ့ ၂ႏွစ္ပဲရွိေသးတယ္။ဘဲလ္ဂရိတ္မွာ ဘုန္းဘုန္း ၁၁ႏွစ္ရွိပါျပီ ႏွစ္စဥ္ သာသနာသြားျပဳတာ။ တစ္ေန႔က်ေတာ့ တရားစခန္းလဲျပီးလည္းျပီးေရာ
“အရွင္ဘုရားကို တပည့္ေတာ္တို႔က private consultation လုပ္ခ်င္တယ္”တဲ့။
အဲဒါေၾကာင့္ ဆြမ္းလည္းကပ္ရင္းနဲ႔ စားေသာက္ဆိုင္တစ္ဆိုင္မွာ တပည့္ေတာ္တိုင္ပင္ခ်င္တယ္”ဆိုေတာ့ ဘုန္းဘုန္းလည္းလိုက္သြားတယ္။
အဲဒါဘာတုန္းဆိုေတာ့
“အရွင္ဘုရားၾကည့္ပါအုန္း၊ အရင္တစ္ပတ္က တပည့္ေတာ္သားၾကီးက ဘာေျပာတုန္းဆိုေတာ့ Daddy, you never buy anything. ေဖေဖ ေဖေဖက သားကို ဘာမွမ၀ယ္ေပးဘူး”ဆိုေတာ့ တပည့္ေတာ္က ‘၀ယ္ေပးတာ တစ္ရက္ပဲရွိေသးတယ္၊ တပည့္ေတာ္က credit card receipt ျပတယ္ သက္ေသအေနနဲ႔။ ‘ဘာလို႔မ၀ယ္ေပးရမွာလဲ’
ကေလးက သူ႕ကို အဲဒီလိုေျပာတယ္ဆိုေတာ့ မိဘရဲ႕မာနထိခိုက္တယ္။ ကိုယ္က အေကာင္းဆံုးျဖစ္ေအာင္ တာ၀န္အေက်ဆံုးမိဘျဖစ္ေအာင္ လုပ္ပါရဲ႕နဲ႔ ဒီလိုအေျပာခံရတယ္ဆိုေတာ့ စိတ္ထဲမွာ လံုး၀မခံႏိုင္ဘူး။ အိပ္လို႔ေတာင္ မရဘူးတဲ့။
“အရွင္ဘုရား သင္ေပးတဲ့ တရားထိုင္နည္း တပည့္ေတာ္ လံုး၀သံုးလို႔မရဘူး”
“ဟုတ္လား ကေလးက ဘာေျပာတာတုန္း”
“တပည့္ေတာ္ကို တခါမွ မ၀ယ္ေပးဘူး။ တပည့္ေတာ္တို႔က ခဏခဏ၀ယ္ေပးတယ္”
“အဲဒါ ကေလးက ေျခာက္ႏွစ္ပဲရွိေသးတယ္ ဘာလို႔ သည္လိုလိမ္တတ္တာတုန္း”
“ဟာ ဆရာၾကီး နကၡတၱေဗဒင္ပညာရွင္ကေနျပီးေတာ့ ကေလးကိုအဲဒီလိုမၾကည့္ပါနဲ႔။ ကေလးက မလိမ္ဘူး။ ေျခာက္ႏွစ္ပဲရွိေသးတယ္ သူမလိမ္ဘူး” ဘုန္းဘုန္းေျပာျပတယ္။
“ဒါျဖင့္ သူေျပာတဲ့ဟာက မွန္မွမမွန္တာဘုရား”တဲ့။
“သူ႕ရႈေထာင့္ကေနၾကည့္တတ္ရင္ေတာ့မွန္တယ္”လို႔ ဘုန္းဘုန္းကေျပာတယ္။ ကေလးကိုနည္းနည္းေရွ႕ေနလိုက္ေပးလိုက္တာေပါ့။
“ဆရာၾကီးကလည္းမွန္တယ္” ဆရာၾကီးမမွန္ဘယ္ေနမွာတုန္း ဒီမွာ receipt ေတာင္ရွိတယ္။
“ဒါျဖင့္ ကေလးက ဘယ္လုိမွန္တုန္း”
ကေလးမွန္တာက ေဖေဖက ကစားစရာ၀ယ္ေပးတာေတာ့ဟုတ္တယ္။ ဒါေပမယ့္ I don’t feel it’s mine. အဲဒီကစားစရာက သားရဲ႕ကစားစရာလို႔ စိတ္ထဲမွာ မထင္ဘူး။ အဲဒါေၾကာင့္ ၀ယ္ေပးေပမယ့္ သားရဲ႕ကစားစရာမဟုတ္ဘူးလို႔ စိတ္ထဲမွာ ထင္ေနတယ္။ ဒါေၾကာင့္ ေဖေဖကိုဒီလိုေျပာတာ။
ဆိုလိုတာက ျမန္မာစကားမွာ “ေပးကားေပး၏ မရ”ဆိုတာ သည္ေနရာမွာ အဲဒီလိုျဖစ္ေနတယ္။ ဘာလို႔အဲဒီလိုျဖစ္တာတုန္း။ ဘုန္းဘုန္းကေျပာတယ္ သူတို႔ကို မေမးေသးဘူး၊ ဘုန္းဘုန္းကေျပာျပတယ္။
တခ်ိဳ႕အိမ္ေတြမွာ ဘုန္းဘုန္းေရာက္ဖူးတဲ့ အိမ္ေတြမွာ ကေလးတစ္ေယာက္တည္းပဲရွိတဲ့အခါက်ေတာ့ ပစၥည္းေလးေတြ ကစားစရာေလးေတြ ၀ယ္ေပးတယ္။ ကေလးက မေတာင္းေသးဘူး။ လူၾကီးက၀ယ္ေပးတယ္။ မိဘက၀ယ္ေပးတာလည္း အဘိုးအဘြားက၀ယ္ေပးတာလည္းရွိတယ္။ ေနာက္ျပီးေတာ့ အန္တီေတြ အန္ကယ္လ္ေတြ၀ယ္ေပးတာလည္းရွိတယ္။
၀ယ္လာတဲ့ ကစားစရာေတြကမ်ားလြန္းတယ္၊ ျမန္လြန္းတဲ့အခါက်ေတာ့ ဘယ္ကစားစရာတစ္ခုနဲ႔မွ relationship မလုပ္ရေသးဘူး။ မတည္ေဆာက္ရေသးဘူး။ သူ႔ရဲ႕ subconscious mind ထဲကို sit in မလုပ္ရေသးဘူး။ အဲဒီ ကစားစရာတို႔ေပးတာက သူက ကေလးရဲ႕လိုအပ္ခ်က္ထက္ လူၾကီးရဲ႕လိုအပ္ခ်က္။
တခါတခါ အျပင္မွာ အလုပ္သြားလုပ္တယ္။ အျပင္အလုပ္သြားလုပ္ေတာ့ ဒီအတိုင္းပဲ ကေလးကိုေက်ာင္းမွာ မူၾကိဳမွာ၊ ေနာက္ျပီးေတာ့ အိမ္မွာ နာနီနဲ႔ အတူတူပစ္ထားတဲ့အခါက်ေတာ့ အိမ္ျပန္ေရာက္ျပီးေတာ့ ကေလးျမင္တဲ့အခါ စိတ္ထဲမွာ guilty ျဖစ္ေရာ။
Guilty ျဖစ္တဲ့အခါက်ေတာ့ ကိုယ့္စိတ္ကိုႏွစ္သိမ့္တဲ့အေနနဲ႔ ျပန္လာတိုင္း ျပန္လာတိုင္း ကစားစရာေလးေတြပါလာတယ္။ အဲဒီကစားစရာက ကေလးကေတာင္းတာမဟုတ္ဘူး။ ကေလးက ေတာင္းတယ္ဆိုေတာ့ အျပင္က ကေလးက ကိုယ္ေမြးထားတဲ့ကေလးကေတာင္းတာမဟုတ္ဘူး။ အတြင္းက ကိုယ့္ရဲ႕စိတ္ထဲက subconscious mind ကေတာင္းတာ။
ဒီ Subconscious mind ကေတာင္းတဲ့ ဒီဟာကိုေတာင္းတိုင္းေပးရမလား၊ ေပးတဲ့အခါ ဘယ္ပံုစံမ်ိဳးနဲ႔ေပးရမွာတုန္း၊ ေစ်းထဲကေန ၀ယ္ေပးရမလား၊ ဒါမွမဟုတ္ awareness, mindfulness ဆိုတဲ့ဟာ အဲဒီဟာနဲ႔ေပးမလား။
Subconscious mind ဆိုတဲ့ မသိစိတ္ဆိုတဲ့ ဒီကေလးကေတာင္းတယ္ဆိုရင္ conscious mind ဆိုတဲ့ မိဘနဲ႔ေပးရမယ္။ အဲဒီဟာကို ကိုယ္က emotion အရ ကိုယ့္ကိုယ္ကုိယ္ျပန္ျပီး connect မလုပ္ေပးႏိုင္တဲ့အခါက်ေတာ့ ကိုယ့္ကေလးကို ကိုယ္ spoil လုပ္မိတာေပါ့။
ကေလးကစားစရာ ႏွစ္ခုရွိတယ္ဆိုရင္ အဲဒီကစားစရာႏွစ္ခုစလံုးနဲ႔ relationship တည္ေဆာက္ဖို႔ ခိုင္ျမဲတဲ့ relation တည္ေဆာက္ဖို႔အတြက္ သူအခ်ိန္ပိုယူရတယ္။ ဘယ္ဟာက သူ႕ဟာတုန္း၊ ဘယ္ဟာက သူ႕အတြက္အေရးပါတုန္းဆိုတဲ့ အဲဒီဟာက သူ႕အေနနဲ႔ဆံဳးျဖတ္ရတာ ခက္တယ္။ ဒါတစ္ခုေပါ့ေနာ္။
ဘုန္းဘုန္းေျပာခ်င္တာက ကေလးကို look after လုပ္တဲ့ေနရာမွာ ခုနေနတုန္းက ဆရာၾကီးဆိုရင္ သူ႕သားအဲဒီလိုေျပာတဲ့အခါက်ေတာ့ သားကို သူက လူၾကီးတစ္ေယာက္အေနနဲ႔ျပန္ျငင္းတယ္။
“သားဘာျဖစ္လို႔ ဒီလိုေျပာတာတုန္း”
ကေလးရဲ႕ရႈေထာင့္ကိုသူက ျပန္ျပီးေတာ့ထိုင္ျပီးနားမေထာင္ႏိုင္ဘူး။ ဘာျဖစ္လို႔တုန္းဆိုေတာ့ သူ႕ရဲ႕ pride သူ႕ရဲ႕မာနကိုထိသြားတာကိုး။ သူ႕မာနထိသြားတာ။ ငါ့ကို ဒီလိုတာ၀န္မေက်ဘူးဆိုတဲ့ မိဘပံုစံမ်ိဳးနဲ႔ ငါ့ကို ဒီလိုေျပာတယ္ဆိုျပီးေတာ့ မေက်နပ္ဘူး။
မေက်နပ္ရံုတင္မကဘူး သူ႕သားကို ဘာလို႔ေျပာတုန္း။ ေျခာက္ႏွစ္သားေလးလိမ္တတ္တယ္ဆိုျပီးေတာ့ သူကေျပာတာ။ ဘုန္းဘုန္းရွင္းျပတဲ့အခါက်ေတာ့ အဲဒါမ်ိဳးေတြျဖစ္တ္တယ္။
“အရွင္ဘုရားတဲ့ တပည့္ေတာ္တို႔က အဲဒီအမွားေတာ့မွားခဲ့ျပီ”တဲ့။
“အမ်ားၾကီး၀ယ္ေပးဖူးတယ္၊ ေနာက္ သူက အၾကီးဆံုးေျမးဆိုေတာ့ ဒီလိုပဲ ၀ိုင္းျပီးေတာ့၀ယ္ေပးၾကတယ္။ ဒါျဖင့္ ဘယ္လိုလုပ္မွာတုန္း”
“ဆရာၾကီး အမ်ားၾကီးေတာ့မဟုတ္ပါဘူး။ သူနဲ႔ေဘာလံုးကစားေပးပါ။ သူနဲ႔ တစ္ခုခု ကစားေပးပါ”
လုိတာက ဒီအခ်ိန္ေလးလိုပါတယ္။
ကစားတဲ့အခါမွာ ကိုယ္လိုခ်င္တဲ့ဟာကို သြားျပီးေတာ့ impose လုပ္တာထက္ သူ႕ဟာကေနျပီးေတာ့ သူ႔ရဲ႕အလို သူ႕ရဲ႕ character ေလးေတြကို ေစာင့္ၾကည့္ေပးဖို႔လိုအပ္တယ္။
ပါေမာကၡေဒါက္တာ အရွင္ဓမၼသာမိ ေအာက္စဖို႔ဒ္ဆရာေတာ္)
ဆက္လက္ေဖာ္ျပပါမည္။
(၃၁/October/2020) ရွမ္းျပည္နယ္ ဗုဒၶတကၠသိုလ္တြင္ Myanmar Parenting မိသားစုမ်ားအတြက္ ေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္မွ “Parenting”အေၾကာင္းကို ေကာက္ႏႈတ္ေရးသားပူေဇာ္ပါသည္။
*** ဆရာေတာ္ရဲ႕ ေဟာတရားကိုစာျပန္စီထားျခင္းေၾကာင့္ ပါဠိစာလံုးနဲ႔ စာအက်အေပါက္အမွားအယြင္းရွိပါက သည္းခံေပးပါရန္။
No comments:
Post a Comment