ဗုဒ္ဓနဲ့ ပြည့်တန်ဆာပေါ်အမြင်ကို
ဗုဒ္ဓနဲ့ လူ့ဂုဏ်သိက္ခာ human dignity ဆိုတဲ့
ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ် မဖတ်ရသေးသူများအတွက် ပြန်ဖတ်လို့ရေအောင် ထပ်မံ တင်ပေးလိုက်ပါတယ်ခင်ဗျား။
ဗုဒ္ဓနဲ့ လူ့ဂုဏ်သိက္ခာ human dignity
................................................
ဗုဒ္ဓက လူ့ဂုဏ်သိက္ခာ human dignity ကို
ဘယ်လို စဉ်းစားသလဲလို့ တွေးမိတဲ့အခါ
ဗုဒ္ဓခေတ် အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ အထားအသိုကို စေ့ငုနိုင်မှသာ ဗုဒ္ဓရဲ့ လူသားအပေါ်တန်ဖိုးထားမှု
အကဲဖြတ်နိုင်ပါလိမ့်မယ်။
ဗုဒ္ဓခေတ်ရဲ့ အိန္ဒိယလူမှုအဖွဲ့အစည်းမှာ
အမျိုးသမီးရဲ့ဦးဆောင်မှု အခန်းကဏ္ဍတွေဟာ
အမျိုးသားတွေရဲ့ အနောက်ကိုတွန်းပို့ခံထားရပါတယ်။
ဘာကြောင့် အမျိုးသမီးထုကို
အနောက်တွန်းပို့ရသလဲဆိုရင်
ခန္ဓာကိုယ်ကိုအားထားပြီး တိုက်ခိုက်အနိုင်ယူဆုံးဖြတ်ရတဲ့ ဓားလှံ၊လက်နက်
စစ်ပွဲတွေကြောင့်လို့ အကြမ်းမျဉ်းပြောလို့ရပါတယ်။
ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်တည်ဆောက်ပုံအရ ဆုံးဖြတ်နေသေးတဲ့ အခြေအနေတွေလည်းဖြစ်တယ်။
အိန္ဒိယလူမှုအဖွဲ့အစည်းနဲ့ နိုင်ငံအသီးသီးရဲ့အယူအဆတွေဟာ
ခွန်အားဆိုတဲ့အရာပေါ်မှာ အမျိုးသမီးရဲ့အခန်းကဏ္ဍကို
လက်စသပ်ထားတာမျိုးဖြစ်နေတယ်။
ထူးခြားတာက အိန္ဒိယဟာ ဗုဒ္ဓခေတ်မှာ ဉာဏ်ပညာထွန်းလင်းမှု ဆုံချက်လာဖြစ်နေတာပဲ။ ဂိုဏ်းဂဏအသီးသီးရဲ့ လွတ်လပ်တဲ့ အသိအမြင်တွေးခေါ်ချက်တွေနဲ့ ဘဝအပေါ်ခံယူချက်တွေဟာ အဲဒီခေတ်ကလူတွေရဲ့
အဆာလောင်ဆုံးသော ရှာဖွေမှုဖြစ်နေတဲ့အချက်ပဲ။
အိန္ဒိယနိုင်ငံရဲ ဘုရင့်သမီးတော်တွေဆိုတာလည်း
အခြားဘုရင်တွေရဲ့ အင်အားကို ချိန်ခွင်လျှာဖို့ညှိဖို့
အပေးအယူလုပ်ရတဲ့ ပစ္စည်းတစ်ခုလိုဖြစ်နေခဲ့တယ်။
အိန္ဒိယလူ့အဖွဲ့အစည်းမှာ အာဏာအထက်ဆုံးနဲု့အဆင့်အတန်း
အရှိဆုံးလို့ခံယူထားတဲ့
ဘုရင့်သမီးတော်တွေတောင်မှ
အမျိုးသမီးအခွင့်အရေးဆိုတာ
နိုင်ငံရေးအပေါင်ပစ္စည်းတစ်ခုထက်ပိုမလာခဲ့ဖူး။
အိန္ဒိယလူမှုအဖွဲ့အစည်းမှာ
အမျိုးးသမီးတွေရဲ့အခွင့်အရေး women right နဲ့
ကိုယ်ပိုင်ဆုံးဖြတ်ခွင့် self determination ဟာ
တံခါးချက် lock ကျနေခဲ့တယ်လို့ဆိုရပါမယ်။
သုတ္တန်ပိဋကတ်၊ ခုဒ္ဒနိကာယ် ထေရီဂါထာထဲက
ကိသာဂေါတမီထေရီဂါထာကို လေ့လာကြည့်ရင်
သားယောက်ျားရဲ့တန်ဖိုးဟာ အိန္ဒိယလူ့အဖွဲ့အစည်းထဲမှာ လူရိုသေ၊ရှင်ရိုသေ ဖြစ်တဲ့အထိ အနာဂတ်မျှော်မှန်းရလဒ်
တွေနဲ့ ချိန်စက်တွေးတောထားတဲ့အမြတ်တန်ဖိုးထဲမှာ
ထည့်တွက်ထားလေ့ရှိတယ်ဆိုတာ တွေ့ရပါတယ်။
ကိသာဂေါတမီအနေနဲ့ မိမိရဲ့သားသေသွားတဲ့အခါမှာ
ဆောက်တည်ရာမရတဲ့ အခြေအနေကိုကြည့်ရင်
အိန္ဒိယလူ့အဖွဲ့အစည်းဟာ သားယောက်ျားကို အားကိုးမှီခိုရာအဖြစ်
တန်ဖိုးထားတယ်ဆိုတာ ပေါ်လွင်လှပါတယ်၊
ဒါကြောင့်သားယောက်ျားလေးနဲ့ သမီးမိန်းကလေး
အကျိုးစီးပွားကိုယှဉ်လာတဲ့အခါ
အဲဒီအချိန်ကမ္ဘာတစ်ခုလုံးနီးပါးကလည်း
သားယောက်ျားလေးကို ခန္ဓာကိုယ်တည်ဆောက်ပုံအရ
မိသားစုကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့
အချက်ပေါ်မှာပဲ ဆုံးဖြတ်ခဲ့ကြပါလိမ့်မယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကျော်ခန့်က
အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေနဲ့အမျိုးသားတန်းတူအခွင့်အရေး
ဘယ်နေရာမှာ ရနေပြီလဲလို့
ထောက်ဆတဲ့အခါ သုတ္တန်ပိဋကတ်၊ခုဒ္ဒကနိကာယ်၊ ထေရီ ဂါထာထဲက ဘဒ္ဒကုဏ္ဍလကေသာထေရီဂါထာ
နဲ့ နန္ဒုတ္တရာကေသာထေရီဂါထာတွေကို ကြည့်ရင်တွေ့နိုင်ပါတယ်။
သူတို့ ဝင်ရောက်ထားတဲ့ဂိုဏ်းဂဏအသီးသီးရဲ့
အယူဝါဒတွေနဲ့ ဘဝပေါ်ခံယူထားတဲ့ အသိအမြင်
အတွေးအခေါ်တွေကို
နေရာအနှံ့လိုက်ပြီး ဝါဒယှဉ်ပြိုင်တာတွေ့ရပါတယ်။
အိန္ဒိယလူမှုအဖွဲ့အစည်းဟာ အတွေးအခေါ် အယူအဆ နဲ့ပတ်သက်လာရင်
အမျိုးသမီးနဲ့အမျိုးသားကို တန်းတူရှုမြင်ထားတယ်ဆိုတာတွေ့ရတယ်။
အဲဒီအချိန်ကတည်းက အိန္ဒိယဟာ လွတ်လပ်စွာပြောဆိုခွင့် Freedom of speech
ဟာတွင်ကျယ်ခဲ့ပြီးသားဆိုတာ မငြင်းနိုင်ပါဘူး။
ကိုယ့်အတွေးအခေါ်ကိုယ့်အယုဝါဒပေါ်မှာ
ရဲရဲဝံ့ဝံ့ရပ်တည်တဲ့မိန်းကလေးဆိုရင်
အိန္ဒိယလူမှုအဖွဲ့အစည်းက နေရာပေးခဲ့ပြီးသားဆိုတဲ့ အချက်ကိုလည်း အသက်ဝင်စေပါတယ်။
ဝါဒပြိုင်တဲ့အခါ လူသွားလူလာများတဲ့လမ်းဆုံလမ်းခွတွေမှာ
သဲပုံတစ်ပုံထဲ သစ်ခက်တစ်ခက်ကို စိုက်လိုက်ပြီဆိုရင်
ဝါဒတင်တို့ခေါ်တယ်။ အခြားဝါဒတစ်ခုက
ဒီဝါဒတင်စိန်ခေါ်မှုကို လက်ခံခြေပမယ်ဆိုရင်
သဲပုံထဲက သစ်ခက်ကိုယူပြီးချိုးလိုက်ရုံပဲ။ ဒါသိမ်မွေ့တဲ့
အပြန်အလှန်ငြင်းခုံမှု debate ကို လွန်ခဲ့တဲ့ နှစ်ပေါင်း
၂၆၀၀ ကျော်ခန့်ကတည်းက အိန္ဒိယလူ့အဖွဲ့အစည်းက
ယဉ်းပါးအသားကျနေပုံပါ။
အပိုင်းနှစ်ပိုင်းကို စဉ်းစားရင်
အိန္ဒိယလူ့မှုအဖွဲ့အစည်းမှာ
အတွေးအခေါ်အယူဝါဒအရဘဝကိုရှင်သန်မလား
ဒါမှမဟုတ်
တစ်ပါးသူရဲ့အစီမံအောက်မှာပဲ ဘဝကို
အညံ့ခံမလား ဆိုတဲ့ ပေးထားချက်နှစ်ခုကို အိန္ဒိယက အမျိုးသမီးများကို ပေးထားခဲ့တယ်လို့ဆိုရပါမယ်။
ဒါကြောင့်အိန္ဒိယဟာ အမျိုးသမီးတွေကို အသိပညာဉာဏ်အမြှော်အမြင်နဲ့အတွေးအခေါ်
Spiritual gain အရမှာ
လွတ်လပ်ခွင့်ပေးထားပေမဲ့
ခန္ဓာကိုယ်တည်ဆောက်မှုနဲ့အိမ်ထောင်မှုတာဝန်ထမ်းဆောင်မှု physical gain ဆိုတဲ့အရာမှာ အစဉ်အလာစည်းကမ်းတွေက ကန့်သတ်ချုပ်နှောင်ထားတယ်ဆိုတဲ့အချက်ကို
နှစ်ပိုင်းခွဲမြင်မှ အိန္ဒိယလူ့အဖွဲ့အစည်းရဲ့
အမျိုးသမီးအပေါ်တန်ဖိုးထားမှုကို ပိုမြင်သာနိုင်ပါလိမ့်မယ်။
အိန္ဒိယရဲ့လူ့ဂုဏ်သိက္ခာဟာ
သိမ်မွေ့ပြီးမမြင်သာတဲ့ အသိဉာဏ်ပညာဆိုတဲ့
နှလုံးသားဝိဉာဉ်ထဲကို နှစ်မြုပ်ပစ်လိုက်
ခြင်းခံရတယ်လို့ဆိုနိုင်တယ်။
အိန္ဒိယလူ့အဖွဲ့အစည်းရဲ့ အမျိုးသမီးပေါ်ထားတဲ့ လူ့ဂုဏ်သိက္ခာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ
ဘုရင်ရဲ့အုပ်ချုပ်ရေးစနစ်အောက်မှာပဲ
မသိမသာ တိမ်းပါးချွတ်ချော်နေခဲ့ဟန်တူပါတယ်။
အဲဒီအချက်ကိုဆွေးနွေးဖို့
ဝိနယပိဋကတျ၊ မဟာဝဂ်ဂ၊ လစ ်ဆဝီဝတ်ထု ကို
လေ့လာတဲ့အခါ လစ္ဆဝီမင်းတွေရဲ့ အမျိုးသမီးတွေပေါ်ထားတဲ့ ယူဆချက်တွေတွေ့ရပါတယ်။
လစ ္ဆဝီမင်းတွေရဲ့ ဝေသာလီပြည်ကိုခွဲဝေအုပ်ချုပ်ပုံကို ကြည့်ရင် သာမာန်ပြည်သူတစ်ယောက်အနေနဲ့မင်းဖြစ်ခွင့်မရှိဘဲ
မင်းသားတွေသာလျင် အုပ်စိုးခွင့်ရရမယ်ဆိုတဲ့
Oligarchy စနစ်ကျင့်သုံးနေတဲ့
ဂဏအစုအဇွဲ့အုပ်ချုပ်တဲ့
စနစ်မျိုးတွေ့ရတယ်။
ဒီမိုကရေစီသဘာဝ democratic nature
နဲ့လစ္ဆဝီမင်းတွေရဲ့အုပ်ချုပ်ပုံ Oligarchic system နှစ်ခုက ဆန့်ကျင်ဖက်အသွင်သဏ္ဍာန်ရှိပါတယ်။
ဒါကြောင့် အဗမ္ဗပါလီလို့ခေါ်တဲ့ အမျိုးသမီးရဲ့လူ့ဂုဏ်သိက္ခာကို စဉ်းစားတဲ့အခါ
လစ္ဆဝီမင်းတွေရဲ့ အုပ်ချုပ်ရေးနဲ့အချင်းချင်းညီညွှတ်ရေးဆိုတဲ့
ရှုထောင့်အောင်မှာပဲ ပိုင်းဖြတ်လိုက်တဲ့အခါ
အများသဘောဆန္ဒဆုံးဖြတ်ချက်ဆိုတဲ့
အုပ်ချုပ်ရေးယန္တယားအောက်မှာ
ပြည့်တန်ဆာဖြစ်သွားခဲ့တယ်။
ဒါအာလုံးသဘောတူမျှဝေ
လက်ခံချက် consensus ကို
ထည့်မတွက်ပဲ အမျိုးသမီးရဲ့လူ့ဂုဏ်သိက္ခာကို
လစ္ဆဝီမင်းတွေ
အနိုင်ထက်သိမ်းပိုက်လိုက်ခြင်းသာဖြစ်ပါတယ်။ ဒါလူ့ဂုဏ်သိက္ခာကို အာဏာနဲ့မဒိန်းကျင့်လိုက်တာပါပဲ။
ဒါကြောင့်အိန္ဒိယလူ့အဖွဲ့အစည်းရဲ့
လူ့ဂုဏ်သိက္ခာ human dignity ဆိုတာ
အမှောင်တစ်ခြမ်းအလင်းတစ်ခြမ်းကာလမှာပဲ
ငြိမ်သက်နေခဲ့ရပါလိမ့်မယ်။
အမျိုးသမီးတစ်ဦးရဲ့လွတ်လပ်စွာဖြစ်တည်ခွင့်ကို
အုပ်ချုပ်မှုအာဏာရဲ့ မတရားစီရင်မှုအောက် လူ့ဂုဏ်သိက္ခာတစ်ရပ်ဆုံးရှုံးသွားတဲ့
အမျိုးသမိးတစ်ဦးရဲ့ ငရဲခန်းဟာ
ကြေကွဲစရာတွေ လက်တုန့်ပြန်ချင်စိတ်တွေ
ရုန်းကြွနေပါလိမ့်မယ်။ ဒါအမျိုးသမီးတစ်ဦးကို
လူ့အဖွဲ့အစည်းတစ်ခုရဲ့ ခြေသုတ်ခုံပေါ်ချပြီး
မကြာခဏချနင်းချေဖွခိုင်းတဲ့ စိတ်သိမ်ငယ်မှုလောက်
ကြေကွဲဖွယ်ကောင်းတဲ့ အခြေအနေတွေကို
ချိန်စက်နားလည်စေချင်တာပါ။
အဲဒီလူ့ကိုယ်ကျင်တရားတန်ဖိုးကို
အတင်းအဓမ္မပြုသိမ်းပိုက်ခံထားရတဲ့
အမ္ဗပါလီပြည့်တန်ဆာမအနေနဲ့ ကိုယ်ကျင့်တရားတန်ဖိုးထားတဲ့
ဗုဒ္ဓဆီကို ဘယ်လိုစိတ်နဲ့များချဉ်းကပ်ခဲ့သလဲလို့စဉ်းစားရင်
ထိတ်လန့်တုန်လှုပ်စရာပါ။
မိမိကိုယ်ကိုမယုံရဲစိတ်နဲ့အမ္ဗပါလီပြည့်တန်ဆာမက
ဗုဒ္ဓကို ဆွမ်းစားပင့်လျောက်ပါတယ်။
ဗုဒ္ဓက အလွယ်တကူလက်ခံလိုက်ပါတယ်။
အမ္ဗပါလီအနေနဲ့ဗုဒ္ဓက ဆွမ်းလိုက်ခံလိုက်တာဟာ
သူ့ရဲ့ဂုဏ်သိက္ခာကိုလက်ခံလိုက်တယ်လို့မြင်တယ်။
အဲဒီဆွမ်းဟာ အမ္ဗပါလီရဲ့ အရေးကြီးဆုံးဂုဏ်သိက္ခာပဲ
ဒါကြောင့် ဗုဒ္ဓဆီကပြန်တဲ့အခါ
သူမအပေါ်လွှမ်းခြုံနေတဲ့ လူ့လိုသူလိုဆက်ဆံခံရတဲ့
လူ့ဂုဏ်သိက္ခာပီတိအဟုန်ဟာ
သူမရဲ့လှည်းနဲ့
လစ္ဆဝီမင်းတွေရဲ့ မောင်းလာတဲ့လှည်းနဲ့
ဝင်ရိုးအချင်းချင်း ထိခတ်မိသွားတဲ့အထိဖြစ်ခဲ့တယ်။
လစ္ဆဝီမင်းသားက အကြောင်းအရင်းကိုစုံစမ်းတဲ့အခါ
ဗုဒ္ဓဆီက ဆွမ်းပင့်လျောက်တာကိုလက်ခံရရှိတဲ့
အမ္ဗပါလီရဲ့အခြေအနေကို စုံစမ်းသိရှိရတယ်။
ဒါကြောင့်အမ္ဗပါလီရဲ့ဆွမ်းကို လစ္ဆဝီမင်းတွေက
အသပြာတစ်သိန်းနဲ့ဝယ်ယူဖို့ကမ်းလှမ်းတယ်။
ဒါအမ္ဗပါလီရဲ့ လူသားတစ်ဦးရဲ့အခွင်အရေးရပိုင်ခွင့်
နဲ့တန်ဖိုးထားမှု value ကို ထပ်ပြီးဈေးနှုန်း
Price နဲ့ဖြတ်တာပါပဲ။
အမ္ဗပါလီလိုချင်တာက
ငွေကြေးအသပြာမဟုတ်ဘူး
လစ္ဆဝီမင်းသားတွေနင်းခြေထားတဲ့
သူမရဲ့ လူ့ဂုဏ်သိက္ခာ တန်ဖိုးထားမှုပါ။
လူသားတစ်ယောက်ရဲ့ရပိုင်ခွင့်တိုင်းကို
ငွေကြေးနဲ့ဝယ်ယူတိုင်းဖြတ်လို့မရဘူးဆိုတာပါပဲ။ ဒါကြောင့်
ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။
လစ္ဆဝီမင်းတွေက ဗုဒ္ဓဆီသွားပြီး
အမ္ဗပါလီဆွမ်းကပ်မဲ့ရက်ကိုပဲ ဆွမ်းစားလျောက်ထားတဲ့အခါ
ဗုဒ္ဓက အမ္ဗပါလီကို ကတိပေးထားတာဖြစ်တဲ့အတွက်
လစ္ဆဝီမင်းတွေ လာလျှောက်တဲ့ဆွမ်းကိုငြင်းပယ်ခဲ့ပါတယ်။
အဲဒီအချက်ကိုသုံးသပ်ကြည့်ရင်
ဆွမ်းကိုလက်ခံတဲ့အခါ
ဘုရင်ဖြစ်လို့ ၊မင်းသားဖြစ်လို့ ၊
ကျွန်ဖြစ်လို့၊ ပြည်တန်ဆာဖြစ်လို့ ဆိုပြီး
အလုပ်အကိုင်တွေ၊ လူတန်းစားအမြင်တွေနဲ့
ခွဲခြားဆက်ဆံမှု Discrimination လုပ်ပြီး
ဆွမ်းကိုလက်ခံခဲ့တာ မဟုတ်ဘူးဆိုတာ
ထင်ရှားပါတယ်။
အဲဒီလူတန်းအစားအမြင်တွေကို ပယ်သတ်ဖျောက်ဖျက်ထားထားလိုက်တဲ့အတွက်
ဗုဒ္ဓလက်ခံလိုက်တဲ့ဆွမ်းဟာ
အမ္ဗပါလီအတွက်
အဖိုးအဖြတ်နိုင်တဲ့ လူ့ဂုဏ်သိက္ခာတန်ဖိုး
တစ်ရပ် ဖြစ်နေတယ်ဆိုတာပါပဲ။
ဒါကြောင့်လူ့ဂုဏ်သိက္ခာဆိုတာ
ဘယ်လောက်သေးငယ်တဲ့အမှုဖြစ်ပါစေ
လူတွေကို လူလိုမြင်ပြီး
လေးစားတန်ဖိုးထားဆက်ဆံမှုဆိုတာပါပဲ။
၃း၃၇ ညနေ
၇..၂. .၂၀၂၀ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
(Zawgyi)
ဗုဒၶနဲ႔ ျပည့္တန္ဆာေပၚအျမင္ကို
ဗုဒၶနဲ႔ လူ႔ဂုဏ္သိကၡာ human dignity ဆိုတဲ့
ေခါင္းစဥ္နဲ႔ ေရးခဲ့ဖူးပါတယ္ မဖတ္ရေသးသူမ်ားအတြက္ ျပန္ဖတ္လို့ေရေအာင္ ထပ္မံ တင္ေပးလိုက္ပါတယ္ခင္ဗ်ား။
ဗုဒၶနဲ႔ လူ႔ဂုဏ္သိကၡာ human dignity
................................................
ဗုဒၶက လူ႔ဂုဏ္သိကၡာ human dignity ကို
ဘယ္လို စဥ္းစားသလဲလို့ ေတြးမိတဲ့အခါ
ဗုဒၶေခတ္ အိႏၵိယလူ႔အဖြဲ႕အစည္းရဲ့ အထားအသိုကို ေစ့ငုနိုင္မွသာ ဗုဒၶရဲ့ လူသားအေပၚတန္ဖိုးထားမွု
အကဲျဖတ္နိုင္ပါလိမ့္မယ္။
ဗုဒၶေခတ္ရဲ့ အိႏၵိယလူမွုအဖြဲ႕အစည္းမွာ
အမ်ိဳးသမီးရဲ့ဦးေဆာင္မွု အခန္းက႑ေတြဟာ
အမ်ိဳးသားေတြရဲ့ အေနာက္ကိုတြန္းပို့ခံထားရပါတယ္။
ဘာေၾကာင့္ အမ်ိဳးသမီးထုကို
အေနာက္တြန္းပို့ရသလဲဆိုရင္
ခႏၶာကိုယ္ကိုအားထားၿပီး တိုက္ခိုက္အနိုင္ယူဆုံးျဖတ္ရတဲ့ ဓားလွံ၊လက္နက္
စစ္ပြဲေတြေၾကာင့္လို့ အၾကမ္းမ်ဥ္းေျပာလို့ရပါတယ္။
ကမၻာေပၚမွာ ခႏၶာကိုယ္တည္ေဆာက္ပုံအရ ဆုံးျဖတ္ေနေသးတဲ့ အေျခအေနေတြလည္းျဖစ္တယ္။
အိႏၵိယလူမွုအဖြဲ႕အစည္းနဲ႔ နိုင္ငံအသီးသီးရဲ့အယူအဆေတြဟာ
ခြန္အားဆိုတဲ့အရာေပၚမွာ အမ်ိဳးသမီးရဲ့အခန္းက႑ကို
လက္စသပ္ထားတာမ်ိဳးျဖစ္ေနတယ္။
ထူးျခားတာက အိႏၵိယဟာ ဗုဒၶေခတ္မွာ ဉာဏ္ပညာထြန္းလင္းမွု ဆုံခ်က္လာျဖစ္ေနတာပဲ။ ဂိုဏ္းဂဏအသီးသီးရဲ့ လြတ္လပ္တဲ့ အသိအျမင္ေတြးေခၚခ်က္ေတြနဲ႔ ဘဝအေပၚခံယူခ်က္ေတြဟာ အဲဒီေခတ္ကလူေတြရဲ့
အဆာေလာင္ဆုံးေသာ ရွာေဖြမွုျဖစ္ေနတဲ့အခ်က္ပဲ။
အိႏၵိယနိုင္ငံရဲ ဘုရင့္သမီးေတာ္ေတြဆိုတာလည္း
အျခားဘုရင္ေတြရဲ့ အင္အားကို ခ်ိန္ခြင္လၽွာဖို့ညႇိဖို့
အေပးအယူလုပ္ရတဲ့ ပစၥည္းတစ္ခုလိုျဖစ္ေနခဲ့တယ္။
အိႏၵိယလူ႔အဖြဲ႕အစည္းမွာ အာဏာအထက္ဆုံးနဲု့အဆင့္အတန္း
အရွိဆုံးလို့ခံယူထားတဲ့
ဘုရင့္သမီးေတာ္ေတြေတာင္မွ
အမ်ိဳးသမီးအခြင့္အေရးဆိုတာ
နိုင္ငံေရးအေပါင္ပစၥည္းတစ္ခုထက္ပိုမလာခဲ့ဖူး။
အိႏၵိယလူမွုအဖြဲ႕အစည္းမွာ
အမ်ိဳးးသမီးေတြရဲ့အခြင့္အေရး women right နဲ႔
ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ self determination ဟာ
တံခါးခ်က္ lock က်ေနခဲ့တယ္လို့ဆိုရပါမယ္။
သုတၱန္ပိဋကတ္၊ ခုဒၵနိကာယ္ ေထရီဂါထာထဲက
ကိသာေဂါတမီေထရီဂါထာကို ေလ့လာၾကည့္ရင္
သားေယာက္်ားရဲ့တန္ဖိုးဟာ အိႏၵိယလူ႔အဖြဲ႕အစည္းထဲမွာ လူရိုေသ၊ရွင္ရိုေသ ျဖစ္တဲ့အထိ အနာဂတ္ေမၽွာ္မွန္းရလဒ္
ေတြနဲ႔ ခ်ိန္စက္ေတြးေတာထားတဲ့အျမတ္တန္ဖိုးထဲမွာ
ထည့္တြက္ထားေလ့ရွိတယ္ဆိုတာ ေတြ႕ရပါတယ္။
ကိသာေဂါတမီအေနနဲ႔ မိမိရဲ့သားေသသြားတဲ့အခါမွာ
ေဆာက္တည္ရာမရတဲ့ အေျခအေနကိုၾကည့္ရင္
အိႏၵိယလူ႔အဖြဲ႕အစည္းဟာ သားေယာက္်ားကို အားကိုးမွီခိုရာအျဖစ္
တန္ဖိုးထားတယ္ဆိုတာ ေပၚလြင္လွပါတယ္၊
ဒါေၾကာင့္သားေယာက္်ားေလးနဲ႔ သမီးမိန္းကေလး
အက်ိဳးစီးပြားကိုယွဥ္လာတဲ့အခါ
အဲဒီအခ်ိန္ကမၻာတစ္ခုလုံးနီးပါးကလည္း
သားေယာက္်ားေလးကို ခႏၶာကိုယ္တည္ေဆာက္ပုံအရ
မိသားစုကို ကာကြယ္ေပးနိုင္တယ္ဆိုတဲ့
အခ်က္ေပၚမွာပဲ ဆုံးျဖတ္ခဲ့ၾကပါလိမ့္မယ္။
လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၆၀၀ ေက်ာ္ခန္႔က
အိႏၵိယလူ႔အဖြဲ႕အစည္းမွာ အမ်ိဳးသမီးေတြနဲ႔အမ်ိဳးသားတန္းတူအခြင့္အေရး
ဘယ္ေနရာမွာ ရေနၿပီလဲလို့
ေထာက္ဆတဲ့အခါ သုတၱန္ပိဋကတ္၊ခုဒၵကနိကာယ္၊ ေထရီ ဂါထာထဲက ဘဒၵကု႑လေကသာေထရီဂါထာ
နဲ႔ နႏၵဳတၱရာေကသာေထရီဂါထာေတြကို ၾကည့္ရင္ေတြ႕နိုင္ပါတယ္။
သူတို့ ဝင္ေရာက္ထားတဲ့ဂိုဏ္းဂဏအသီးသီးရဲ့
အယူဝါဒေတြနဲ႔ ဘဝေပၚခံယူထားတဲ့ အသိအျမင္
အေတြးအေခၚေတြကို
ေနရာအႏွံ့လိုက္ၿပီး ဝါဒယွဥ္ၿပိဳင္တာေတြ႕ရပါတယ္။
အိႏၵိယလူမွုအဖြဲ႕အစည္းဟာ အေတြးအေခၚ အယူအဆ နဲ႔ပတ္သက္လာရင္
အမ်ိဳးသမီးနဲ႔အမ်ိဳးသားကို တန္းတူရွုျမင္ထားတယ္ဆိုတာေတြ႕ရတယ္။
အဲဒီအခ်ိန္ကတည္းက အိႏၵိယဟာ လြတ္လပ္စြာေျပာဆိုခြင့္ Freedom of speech
ဟာတြင္က်ယ္ခဲ့ၿပီးသားဆိုတာ မျငင္းနိုင္ပါဘူး။
ကိုယ့္အေတြးအေခၚကိုယ့္အယုဝါဒေပၚမွာ
ရဲရဲဝံ့ဝံ့ရပ္တည္တဲ့မိန္းကေလးဆိုရင္
အိႏၵိယလူမွုအဖြဲ႕အစည္းက ေနရာေပးခဲ့ၿပီးသားဆိုတဲ့ အခ်က္ကိုလည္း အသက္ဝင္ေစပါတယ္။
ဝါဒၿပိဳင္တဲ့အခါ လူသြားလူလာမ်ားတဲ့လမ္းဆုံလမ္းခြေတြမွာ
သဲပုံတစ္ပုံထဲ သစ္ခက္တစ္ခက္ကို စိုက္လိုက္ၿပီဆိုရင္
ဝါဒတင္တို့ေခၚတယ္။ အျခားဝါဒတစ္ခုက
ဒီဝါဒတင္စိန္ေခၚမွုကို လက္ခံေျခပမယ္ဆိုရင္
သဲပုံထဲက သစ္ခက္ကိုယူၿပီးခ်ိဳးလိုက္႐ုံပဲ။ ဒါသိမ္ေမြ႕တဲ့
အျပန္အလွန္ျငင္းခုံမွု debate ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း
၂၆၀၀ ေက်ာ္ခန္႔ကတည္းက အိႏၵိယလူ႔အဖြဲ႕အစည္းက
ယဥ္းပါးအသားက်ေနပုံပါ။
အပိုင္းႏွစ္ပိုင္းကို စဥ္းစားရင္
အိႏၵိယလူ႔မွုအဖြဲ႕အစည္းမွာ
အေတြးအေခၚအယူဝါဒအရဘဝကိုရွင္သန္မလား
ဒါမွမဟုတ္
တစ္ပါးသူရဲ့အစီမံေအာက္မွာပဲ ဘဝကို
အညံ့ခံမလား ဆိုတဲ့ ေပးထားခ်က္ႏွစ္ခုကို အိႏၵိယက အမ်ိဳးသမီးမ်ားကို ေပးထားခဲ့တယ္လို့ဆိုရပါမယ္။
ဒါေၾကာင့္အိႏၵိယဟာ အမ်ိဳးသမီးေတြကို အသိပညာဉာဏ္အေျမႇာ္အျမင္နဲ႔အေတြးအေခၚ
Spiritual gain အရမွာ
လြတ္လပ္ခြင့္ေပးထားေပမဲ့
ခႏၶာကိုယ္တည္ေဆာက္မွုနဲ႔အိမ္ေထာင္မွုတာဝန္ထမ္းေဆာင္မွု physical gain ဆိုတဲ့အရာမွာ အစဥ္အလာစည္းကမ္းေတြက ကန္႔သတ္ခ်ဳပ္ေႏွာင္ထားတယ္ဆိုတဲ့အခ်က္ကို
ႏွစ္ပိုင္းခြဲျမင္မွ အိႏၵိယလူ႔အဖြဲ႕အစည္းရဲ့
အမ်ိဳးသမီးအေပၚတန္ဖိုးထားမွုကို ပိုျမင္သာနိုင္ပါလိမ့္မယ္။
အိႏၵိယရဲ့လူ႔ဂုဏ္သိကၡာဟာ
သိမ္ေမြ႕ၿပီးမျမင္သာတဲ့ အသိဉာဏ္ပညာဆိုတဲ့
ႏွလုံးသားဝိဉာဥ္ထဲကို ႏွစ္ျမဳပ္ပစ္လိုက္
ျခင္းခံရတယ္လို့ဆိုနိုင္တယ္။
အိႏၵိယလူ႔အဖြဲ႕အစည္းရဲ့ အမ်ိဳးသမီးေပၚထားတဲ့ လူ႔ဂုဏ္သိကၡာနဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေတြဟာ
ဘုရင္ရဲ့အုပ္ခ်ဳပ္ေရးစနစ္ေအာက္မွာပဲ
မသိမသာ တိမ္းပါးခၽြတ္ေခ်ာ္ေနခဲ့ဟန္တူပါတယ္။
အဲဒီအခ်က္ကိုေဆြးေႏြးဖို့
ဝိနယပိဋကတ်၊ မဟာဝဂ္ဂ၊ လစ ္ဆဝီဝတ္ထု ကို
ေလ့လာတဲ့အခါ လစၧဝီမင္းေတြရဲ့ အမ်ိဳးသမီးေတြေပၚထားတဲ့ ယူဆခ်က္ေတြေတြ႕ရပါတယ္။
လစ ၦဝီမင္းေတြရဲ့ ေဝသာလီျပည္ကိုခြဲေဝအုပ္ခ်ဳပ္ပုံကို ၾကည့္ရင္ သာမာန္ျပည္သူတစ္ေယာက္အေနနဲ႔မင္းျဖစ္ခြင့္မရွိဘဲ
မင္းသားေတြသာလ်င္ အုပ္စိုးခြင့္ရရမယ္ဆိုတဲ့
Oligarchy စနစ္က်င့္သုံးေနတဲ့
ဂဏအစုအဇြဲ႕အုပ္ခ်ဳပ္တဲ့
စနစ္မ်ိဳးေတြ႕ရတယ္။
ဒီမိုကေရစီသဘာဝ democratic nature
နဲ႔လစၧဝီမင္းေတြရဲ့အုပ္ခ်ဳပ္ပုံ Oligarchic system ႏွစ္ခုက ဆန္႔က်င္ဖက္အသြင္သ႑ာန္ရွိပါတယ္။
ဒါေၾကာင့္ အဗမၺပါလီလို့ေခၚတဲ့ အမ်ိဳးသမီးရဲ့လူ႔ဂုဏ္သိကၡာကို စဥ္းစားတဲ့အခါ
လစၧဝီမင္းေတြရဲ့ အုပ္ခ်ဳပ္ေရးနဲ႔အခ်င္းခ်င္းညီညႊတ္ေရးဆိုတဲ့
ရွုေထာင့္ေအာင္မွာပဲ ပိုင္းျဖတ္လိုက္တဲ့အခါ
အမ်ားသေဘာဆႏၵဆုံးျဖတ္ခ်က္ဆိုတဲ့
အုပ္ခ်ဳပ္ေရးယႏၲယားေအာက္မွာ
ျပည့္တန္ဆာျဖစ္သြားခဲ့တယ္။
ဒါအာလုံးသေဘာတူမၽွေဝ
လက္ခံခ်က္ consensus ကို
ထည့္မတြက္ပဲ အမ်ိဳးသမီးရဲ့လူ႔ဂုဏ္သိကၡာကို
လစၧဝီမင္းေတြ
အနိုင္ထက္သိမ္းပိုက္လိုက္ျခင္းသာျဖစ္ပါတယ္။ ဒါလူ႔ဂုဏ္သိကၡာကို အာဏာနဲ႔မဒိန္းက်င့္လိုက္တာပါပဲ။
ဒါေၾကာင့္အိႏၵိယလူ႔အဖြဲ႕အစည္းရဲ့
လူ႔ဂုဏ္သိကၡာ human dignity ဆိုတာ
အေမွာင္တစ္ျခမ္းအလင္းတစ္ျခမ္းကာလမွာပဲ
ၿငိမ္သက္ေနခဲ့ရပါလိမ့္မယ္။
အမ်ိဳးသမီးတစ္ဦးရဲ့လြတ္လပ္စြာျဖစ္တည္ခြင့္ကို
အုပ္ခ်ဳပ္မွုအာဏာရဲ့ မတရားစီရင္မွုေအာက္ လူ႔ဂုဏ္သိကၡာတစ္ရပ္ဆုံးရွုံးသြားတဲ့
အမ်ိဳးသမိးတစ္ဦးရဲ့ ငရဲခန္းဟာ
ေၾကကြဲစရာေတြ လက္တုန္႔ျပန္ခ်င္စိတ္ေတြ
႐ုန္းႂကြေနပါလိမ့္မယ္။ ဒါအမ်ိဳးသမီးတစ္ဦးကို
လူ႔အဖြဲ႕အစည္းတစ္ခုရဲ့ ေျခသုတ္ခုံေပၚခ်ၿပီး
မၾကာခဏခ်နင္းေခ်ဖြခိုင္းတဲ့ စိတ္သိမ္ငယ္မွုေလာက္
ေၾကကြဲဖြယ္ေကာင္းတဲ့ အေျခအေနေတြကို
ခ်ိန္စက္နားလည္ေစခ်င္တာပါ။
အဲဒီလူ႔ကိုယ္က်င္တရားတန္ဖိုးကို
အတင္းအဓမၼျပဳသိမ္းပိုက္ခံထားရတဲ့
အမၺပါလီျပည့္တန္ဆာမအေနနဲ႔ ကိုယ္က်င့္တရားတန္ဖိုးထားတဲ့
ဗုဒၶဆီကို ဘယ္လိုစိတ္နဲ႔မ်ားခ်ဥ္းကပ္ခဲ့သလဲလို့စဥ္းစားရင္
ထိတ္လန္႔တုန္လွုပ္စရာပါ။
မိမိကိုယ္ကိုမယုံရဲစိတ္နဲ႔အမၺပါလီျပည့္တန္ဆာမက
ဗုဒၶကို ဆြမ္းစားပင့္ေလ်ာက္ပါတယ္။
ဗုဒၶက အလြယ္တကူလက္ခံလိုက္ပါတယ္။
အမၺပါလီအေနနဲ႔ဗုဒၶက ဆြမ္းလိုက္ခံလိုက္တာဟာ
သူ႔ရဲ့ဂုဏ္သိကၡာကိုလက္ခံလိုက္တယ္လို့ျမင္တယ္။
အဲဒီဆြမ္းဟာ အမၺပါလီရဲ့ အေရးႀကီးဆုံးဂုဏ္သိကၡာပဲ
ဒါေၾကာင့္ ဗုဒၶဆီကျပန္တဲ့အခါ
သူမအေပၚလႊမ္းျခဳံေနတဲ့ လူ႔လိုသူလိုဆက္ဆံခံရတဲ့
လူ႔ဂုဏ္သိကၡာပီိတိအဟုန္ဟာ
သူမရဲ့လွည္းနဲ႔
လစၧဝီမင္းေတြရဲ့ ေမာင္းလာတဲ့လွည္းနဲ႔
ဝင္ရိုးအခ်င္းခ်င္း ထိခတ္မိသြားတဲ့အထိျဖစ္ခဲ့တယ္။
လစၧဝီမင္းသားက အေၾကာင္းအရင္းကိုစုံစမ္းတဲ့အခါ
ဗုဒၶဆီက ဆြမ္းပင့္ေလ်ာက္တာကိုလက္ခံရရွိတဲ့
အမၺပါလီရဲ့အေျခအေနကို စုံစမ္းသိရွိရတယ္။
ဒါေၾကာင့္အမၺပါလီရဲ့ဆြမ္းကို လစၧဝီမင္းေတြက
အသျပာတစ္သိန္းနဲ႔ဝယ္ယူဖို့ကမ္းလွမ္းတယ္။
ဒါအမၺပါလီရဲ့ လူသားတစ္ဦးရဲ့အခြင္အေရးရပိုင္ခြင့္
နဲ႔တန္ဖိုးထားမွု value ကို ထပ္ၿပီးေစ်းႏွုန္း
Price နဲ႔ျဖတ္တာပါပဲ။
အမၺပါလီလိုခ်င္တာက
ေငြေၾကးအသျပာမဟုတ္ဘူး
လစၧဝီမင္းသားေတြနင္းေျခထားတဲ့
သူမရဲ့ လူ႔ဂုဏ္သိကၡာ တန္ဖိုးထားမွုပါ။
လူသားတစ္ေယာက္ရဲ့ရပိုင္ခြင့္တိုင္းကို
ေငြေၾကးနဲ႔ဝယ္ယူတိုင္းျဖတ္လို့မရဘူးဆိုတာပါပဲ။ ဒါေၾကာင့္
ျပတ္ျပတ္သားသား ျငင္းဆိုခဲ့ပါတယ္။
လစၧဝီမင္းေတြက ဗုဒၶဆီသြားၿပီး
အမၺပါလီဆြမ္းကပ္မဲ့ရက္ကိုပဲ ဆြမ္းစားေလ်ာက္ထားတဲ့အခါ
ဗုဒၶက အမၺပါလီကို ကတိေပးထားတာျဖစ္တဲ့အတြက္
လစၧဝီမင္းေတြ လာေလၽွာက္တဲ့ဆြမ္းကိုျငင္းပယ္ခဲ့ပါတယ္။
အဲဒီအခ်က္ကိုသုံးသပ္ၾကည့္ရင္
ဆြမ္းကိုလက္ခံတဲ့အခါ
ဘုရင္ျဖစ္လို့ ၊မင္းသားျဖစ္လို့ ၊
ကၽြန္ျဖစ္လို့၊ ျပည္တန္ဆာျဖစ္လို့ ဆိုၿပီး
အလုပ္အကိုင္ေတြ၊ လူတန္းစားအျမင္ေတြနဲ႔
ခြဲျခားဆက္ဆံမွု Discrimination လုပ္ၿပီး
ဆြမ္းကိုလက္ခံခဲ့တာ မဟုတ္ဘူးဆိုတာ
ထင္ရွားပါတယ္။
အဲဒီလူတန္းအစားအျမင္ေတြကို ပယ္သတ္ေဖ်ာက္ဖ်က္ထားထားလိုက္တဲ့အတြက္
ဗုဒၶလက္ခံလိုက္တဲ့ဆြမ္းဟာ
အမၺပါလီအတြက္
အဖိုးအျဖတ္နိုင္တဲ့ လူ႔ဂုဏ္သိကၡာတန္ဖိုး
တစ္ရပ္ ျဖစ္ေနတယ္ဆိုတာပါပဲ။
ဒါေၾကာင့္လူ႔ဂုဏ္သိကၡာဆိုတာ
ဘယ္ေလာက္ေသးငယ္တဲ့အမွုျဖစ္ပါေစ
လူေတြကို လူလိုျမင္ၿပီး
ေလးစားတန္ဖိုးထားဆက္ဆံမွုဆိုတာပါပဲ။
၃း၃၇ ညေန
၇..၂. .၂၀၂၀ နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္
No comments:
Post a Comment