ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ပြန်ကြည့်ပြီးတော့ သုံးသပ်တဲ့အကျင့်လေးလုပ်ပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အကြောင်း အပိုင်း(၄)
ဒါ အမေရိကားမှာ ဘုန်းဘုန်းဝယ်လာတဲ့ စာအုပ်တစ်အုပ်ပါ။ The Whole-Brain Child ဆိုတာ။ ဒါ neurology ရှုထောင့်ကနေပြောပါတယ်။ ဒီစာအုပ်ကတော့ လူသိများပါတယ်။ သူဘာပြောတုန်းဆိုတော့ connect and redirect တဲ့။ သူ second chapter ထဲမှာပြောတာ။
Connect ဆိုတာက You need to connect with your child’s emotion. သူ့ emotion ကို သူနားလည်အောင်ကိုယ်ကနေပြီးတော့ တခါတခါ သူနဲ့စကားပြောပုံက မှန်ပုံစံမျိုး၊ mirror ပုံစံမျိုးဖြစ်အောင် လုပ်ရတဲ့ဟာမျိုးလေးတွေ ဒီစာအုပ်ကပြောထားတယ်။
Connect and redirect ကတော့ သတိပဌာန်ထဲကစွမ်းရည်တွေယူထားတယ်။ နောက် name it to tame it ဆိုတာ စိတ်ထဲမှာ negative emotion တို့ Fear တို့ anxiety တို့ insecure feeling တို့ အဲဒါမျိုးတွေဖြစ်လာတယ်ဆိုရင် name it ဆိုတာ ဒါကြီးက ဘာကြီးတုန်းဆိုတာ ကလေးနဲ့ ဆွေးနွေးပြီးတော့ အဲဒါကို နာမည်တစ်ခုပေးရမယ်။
မနက်က တရားပွဲမှာ ဘုန်းဘုန်း ဒီစာအုပ်လေးအကြောင်း နည်းနည်းပြောပြတယ်။ Emotional Intelligence: Empathy ဒီအကြောင်း နည်းနည်းပြောတယ်။ Stamford တက္ကသိုလ်က Neurosurgeon Prof. James Doty အကြောင်းပါ။ အသက် ၁၃နှစ်အထိ သူ့ရဲ့ emotion ကို သူ့မိဘတွေနဲ့ဆွေးနွေးဖို့မဖြစ်နိုင်ခဲ့ဘူး။
အမေနေမကောင်းဘူး၊ အဖေက အရက်သမား၊ ကံကောင်းချင်တဲ့အခါကျတော့ magic - မျက်လှည့်ပစ္စည်းသွားဝယ်ဖို့လုပ်ရင်းနဲ့ ဆိုင်တစ်ဆိုင် ထဲမှာ တရားထိုင်တဲ့ဆိုင်ရှင်ရဲ့ အမေနဲ့သွားတွေ့တဲ့အခါကျတော့ အဲဒီအဖွားကြီးကခြောက်ပတ်စာ သူ့ကိုတရားထိုင်တာ သင်ပေးတယ်။
အဲဒါကြောင့် သူ့ emotion ကို သူပြန်ပြီးတော့ကိုင်တွယ်တတ်တယ်။ ကိုင်တွယ်တတ်တဲ့အခါကျတော့ ခါတိုင်းနဲ့မတူဘူးတဲ့။ တစ်နေ့ကျတော့ သူ့မိဘစကားများနေတဲ့အခါမှာ ရန်ဖြစ်နေတဲ့အခါမှာ ခါတိုင်းဆိုရင် သူက သူ့အခန်းထဲမှာကုပ်နေပြီးတော့နေတာ စကားလုံးဝမပြော အသက် တောင်မရှူတဲ့ပုံစံမျိုး အရမ်းကြောက်နေတာ။ တံခါးချက်ချပြီးတော့။
တရားထိုင်ပြီးတဲ့နောက်ပိုင်း သူ့ emotion ကိုသူ ကိုင်တွယ်တတ်တဲ့နောက်ပိုင်း အဲဒီနောက်ပိုင်းကျတော့ သူဘာလုပ်တုန်းဆိုတော့ တံခါးဖွင့်ပြီးတော့ သူ့အဖေနဲ့အမေဆီသွားတယ်တဲ့။ သွားရပ်နေတယ် သူတို့စကားများတဲ့နေရာသွားရပ်တယ်တဲ့။ ‘ဖေဖေနဲ့မေမေ ဘာတွေ စကားများနေတာတုန်း”တဲ့။
သူ့မိဘက အဲဒီလို တစ်ခါမှ အမေးမခံရဘူးတဲ့အခါကျတော့ ချက်ချင်းဘာမှမပြောနိုင်ဘူး။ အဲဒီအချိန်မှာ သူက ဘာပြောတုန်းဆိုတော့ “I Love You” ဆိုပြီးတော့ “ဖေဖေနဲ့မေမေ့တို့ကိုချစ်တယ်” အဲဒီလိုပြောပြီးတော့ သူ့အခန်းထဲဝင်တယ်တဲ့။ သူ့အခန်းထဲမဝင်ခင်မှာ သူ့မိဘကလည်းပဲ “James, we love you too.” သားကိုလည်းေဖေဖေတို့မေမေတို့ချစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ သူ့ရှေ့မှာ တခါမှ ရန်မဖြစ်တော့ဘူး။ Connection လုပ်တာပြောတာ။ Redirect လုပ်တဲ့အခါကျတော့ ဘယ်ဘက်ကို direct လုပ်လိုက်တုန်းဆို ဒီ empathy ဘက် အဲဒီဘက်ကိုလုပ်တာပေါ့။
Neurology ကနေပြောရင်တော့ ဒီထဲမှာ သူ လူတိုင်းနားလည်အောင် လူပြိန်းစကားနဲ့ပြောတာတော့ upstair brain နဲ့ downstair brain, downstair brain ကတော့ amygdala ကိုပြောတာပေါ့။ ဒေါသဖြစ်တာတို့ စိတ်တိုလွယ်တာတို့ စိတ်လိုက်မာန်ပါလုပ်တတ်တာတို့ အဲဒါမျိုးတွေ။
ခုနတုန်းက ဘုန်းဘုန်းပြောတဲ့ subconscious habit ပါပဲ။ Psychology ရှုထောင့်ကနေပြောရင် upstair brain ကတော့ ဒီ hippocampus တို့ တွေးခေါ်တတ်တဲ့ဟာတွေ conscious mind တွေ သတိတရားရှိတဲ့စိတ် အဲဒါ။
ကိုယ့်ဟာကိုယ် train လုပ်ရမယ့်ဟာက Engage, don’t enrage. Engage ဆိုတာ ဒေါသမီးတောက်တဲ့ဟာပေါ့နော်။ ဒေါသမီးတောက်မယ့်အစား ကိုယ့်ရဲ့ emotion ကို ကိုယ်ပြန်ကြည့်ပြီးတော့ြပြန်ကိုင်တွယ်တတ်အောင်လုပ်တဲ့ဟာလေး။
နောက်တချို့ဟာတွေကျတော့ television ကြည့်တဲ့အခါမှာ remote control သုံးသလို အဝေးကနေကြည့်တာ။ သူဆိုလိုတာက အတိတ်ကို ပြန်ပြီးတော့ သုံးသပ်ဖို့ပြောပါတယ်။ အတိတ်တုန်းက ဘယ်နေ့တုန်းက ကလေးနဲ့စကားပြောတဲ့အခါမှာ ဘယ်လို emotion ဖြစ်သွားတယ်။ အဲဒီဟာလေးကို ပြန်ပြီးတော့ reflect လုပ်တဲ့အကျင့်လေးလုပ်ထား။
ဒါကတော့ ဘုန်းဘုန်းတို့မှာ တရားထိုင်တဲ့အခါမှာ အနုဿတိကမ္မဋ္ဌာန်းလို့ခေါ်တယ်။ ပြန်ကြည့်တာပါ။ ကိုယ့်စိတ်က တည်ငြိမ်နေတဲ့အချိန်မှာ ပြန်ပြီးတော့ကြည့်တာ။ အုပ်စုအနေနဲ့ကြည့်နိုင်ရင်တော့ပိုကောင်းတယ်။ အုပ်စုသေးသေးလေးနဲ့ကြည့်နိုင်ရင် ပိုကောင်းတယ်။ ရင်းနီးတဲ့မိသားစုချင်း ဒီလိုတွေ့ပြီးတော့ေြပြောတာမျိုးတွေ။
ပြောပြီဆိုရင် အချင်းချင်းကိုယ့်ရဲ့ emotion ကိုနားလည်အောင်လုပ်ပြီးတော့ acknowledgement ပေါ့။ acknowledgement through kindness ကိုယ့်ကိုယ်ကိုယ် ကြင်နာပြီးတော့ ဒီပြီးခဲ့တဲ့emotion ကို သူ့အဖြစ်ကို အဖြစ်အတိုင်း ပြန်ပြီးတော့လက်ခံတယ်၊ အဲဒါလေးလိုအပ်တယ်။
သားသမီးတွေရဲ့ စိတ်ခံစားမှုတွေ ဟော်မုန်းတွေက အသက်အရွယ်လိုက်ပြောင်းလဲတတ်တယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အကြောင်း အပိုင်း(၅)
တခါတခါကျတော့ မိဘအနေနဲ့က အတန်းကျောင်းတွေလိုမဟုတ်ဘူး။အတန်းကျောင်းကျတော့ တစ်တန်းကနေ ဆယ့်နှစ်တန်းဆိုရင် သူက text bookေတွေအကုန်လုံးလုပ်ထားတယ်။
မိဘအနေနဲ့က အနာဂတ်အတွက် စိုးရိမ်လိုက်၊ နောက်ပြီးတော့ လက်ရှိပစ္စုပ္ပုန်အခြေအနေenjoy လုပ်လိုက်၊ ကလေးက ငယ်တယ်ဆိုရင် သူ့အရွယ်ကလည်း enjoy လုပ်တယ်။
ဒီဆရာမကြီး (Krissy Pozatek) ဆိုရင် adolescent ကလေးတွေကို specialize လုပ်တဲ့ Psychologist ပါ။ အဲဒီကလေးတွေ အသက် ၁၃နှစ်၊ ၁၄နှစ်၊ ၁၅ - ၁၆နှစ်အဲဒီအရွယ်ကျရင် သူတို့ emotionေတွေဘယ်လိုပြောင်းတတ်တယ်။
သူတို့ရဲ့ဟော်မုန်းတွေဘယ်လိုပြောင်းတတ်တယ်ဆိုတာ ငါးနှစ်ခြောက်နှစ်ကလေးရဲ့မိဘက အဲဒါတွေပြင်ဆင်မထားဘူး။ြပြင်ဆင်မထားတာတွေများတယ်။
ဘာလို့တုန်းဆိုတော့ ငါးနှစ်ခြောက်နှစ်ကလေးက အရမ်း cute ဖြစ်တဲ့အခါကျတော့ ဒီထဲမှာပဲ ကိုယ်က enjoy ဖြစ်နေတာပေါ့။ ၁၂နှစ်ကျော် ၁၃နှစ် ၁၄နှစ်ရောက်ရော ကလေးက independence ဖြစ်ချင်တဲ့အခါ လွတ်လပ်မှုလိုချင်တဲ့အခါမှာ တခါတည်းတောင်းဆိုမှုတွေ လွန်ဆွဲမှုတွေ များလာတဲ့အခါမှာ တချို့မိဘတွေက panic ဖြစ်တယ်။
Panic ဖြစ်ရုံတင်မကဘူး ကိုယ့်ကလေးကို ကိုယ်ပြန်ပြီးတော့ judging တွေလုပ်တယ်၊ ‘ကလေးကရိုင်းတယ်’ ဘာညာ အဲဒါမျိုးတွေပြော တာလေ ဘုန်းဘုန်းကတောင်းပန်ရတယ်။ဘုန်းဘုန်းဆီမှာလာပြောရင် အဲဒီတစ်ခုတော့တောင်းပန်ပါရစေ အဲဒီတစ်ခုတော့ မပြောပါနဲ့။ ဒါတွေက passive of life ဒီဟော်မုန်းပြောင်းတဲ့အချိန်မှာြဖြစ်တတ်တဲ့ဟာလေးတွေပါ။
မင်္ဂလသုတ်ထဲမှာ “အေသဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္ဏသေဝနာ၊ ပူဇာ စ ပူဇေနယျာနံ” အဲဒီဟာတွေက သူက socializing skill ကိုပြောတာ။ မင်္ဂလသုတ်က socializing skill အဲဒီကနေပြီးတော့ ဘယ်အထိရောက်အောင်သွားတုန်းဆို အဲဒီထဲမှာ family life နဲ့ ပတ်သက်တာလည်းရှိတယ်၊ education နဲ့ပတ်သက်တာလည်းရှိတယ်။
Education နဲ့ပတ်သက်တာဆိုရင် ဒီ socializing ကစတယ်၊ “ပတိရူပဒေသဝါသောစ” အင်္ဂလိပ်လို formative years ခေါ်တဲ့ဟာ formative years က သူတို့ရဲ့အလေ့အကျင့်တွေ character တွေတည်ဆောက်တဲ့အချိန် ခြောက်နှစ် ခုနှစ်နှစ်ကနေပြီးတော့ နောက်ဆယ့်ခြောက်နှစ် လောက်အထိ ဒိန်းမတ်နိုင်ငံမှာဆိုရင် ခြောက်နှစ်ကနေ ဆယ့်ခြောက်နှစ်အထိ အဲဒီအချိန် သူတို့က ဘာလုပ်ပေးတုန်း ဆိုတော့ စိတ်ဝင်စား စရာကောင်းတာအတန်းကျောင်းမှာ Empathy lesson ဆိုတာ အပတ်စဉ်လုပ်တယ်၊ ဥပဒေနဲ့သတ်မှတ်ထားတာ။
အဲဒီ Formative years မှာ ကလေးတွေက သူများပြောတာကို ဆုံးအောင်နားထောင်တတ်တဲ့ကလေး၊ သူတို့ပြောချင်တဲ့ဟာကိုလည်းပဲ ယုံယုံ ကြည်ကြည်နဲ့ သူ့စိတ်ထဲမှာရှိတဲ့ဟာကို ပြောရဲတယ်။ အဲဒီကလေးမျိုးဖြစ်အောင် သူတို့ကြပြုစုပျိုးထောင်ပေးတာကိုး။
Empathy Lesson လုပ်တယ်ဆိုတာ၊ စာသင်တာ မဟုတ်ပါဘူး။ ကလေးတွေအချင်းချင်းဆွေးနွေးတယ်၊ ဆွေးနွေးတဲ့နေရာမှာ အကုန်လုံးက သူတို့ရဲ့ ရှုထောင့်တွေပြောနိုင်အောင်၊ ပြောပြီးပြီးရင် သူများရဲ့ရှုထောင့်ကိုယ့်ရှုထောင့် ညှိတတ်အောင်၊ နားထောင်တတ်အောင် အဲဒီလိုသင်ပေးတာမျိုးပါ။
နောက်ပြီးတော့ အများပြောတဲ့အခါမှာ လူတိုင်း လူတိုင်းက အားနည်းချက်ရှိတယ်၊ အားသာချက်လည်းရှိတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားနည်းချက်ကို လက်ခံဖို့အတွက် အားမငယ်ဖို့ သိမ်ငယ်တဲ့စိတ်မဖြစ်ဖို့၊ ကိုယ့်ရဲ့အားသာချက်ကိုပြောဖို့လည်း စိတ်ထဲမှာ မာနာမဖြစ်ဖို့ ရဲရဲရင့်ရင့်ပြောဖို့ကြောက်ဖို့လည်းမလိုဘူး။ အဲဒါမျိုးတွေသင်ပေးတာပေါ့။
မင်္ဂလသုတ်ထဲမှာဆိုရင်တော့ “ဂါရဝေါစ”ဆိုတာက လေးစားတာ၊ တခြားလူကပြောတာကို ကိုယ်က တလေးတစားနားထောင်တာ၊ မြန်မာစကားက နည်းနည်းလေးရောနေတယ်။ နားထောင်တယ်ဆိုတဲ့ဟာက ဆုံးအောင်နားထောင်တာနဲ့ လိုက်နာတာနဲ့ အဲဒီနှစ်ခုစလုံးပါတယ်။
နားထောင်တယ်ဆိုတာ သူကလိုက်နာတာပါ ပါတယ်။ အမှန်ကတော့ တစ်ဖက်သားရဲ့ စိတ်နေသဘောထား သူ့ရဲ့ခံစားချက် အဲဒီဟာကို အလေးထားတာ ဂါရဝ။ လိုက်နာတာ မလိုက်နာတာ ဒါက တစ်ခု။
“နိဝါတောစ”ဆိုတာက ကိုယ့်အကြောင်း အရမ်းကြီးလေမထွားဖို့ပါ။ တခါတခါ ဘုန်းဘုန်းတို့ရှိတာထက်ပိုပြီးတာ့ပြောချင်တာ ဘာဖြစ်လို့တုန်း ဆိုတော့ သူများအသိအမှတ်ပြုလိုလို့။
သူများအသိအမှတ်မပြုဘူးဆိုရင် ကိုယ်က တစ်ကောင်ကြွက်လို စိတ်ထဲမှာထင်ပြီးတော့ အားငယ်တယ်၊ သိမ်ငယ်တဲ့စိတ်တွေ insecure feeling တွေဖြစ်တယ်။
ဒါကြောင့် Recognition (အသိအမှတ်ပြုတာ) လိုချင်တာ၊ ဒါကြောင့် မှန်ပေမယ့်နေရာဒေသမဟုတ်တဲ့ဟာတွေ အချိန်မဟုတ်တဲ့ ဟာတွေ အဲဒါတွေပြောမိတယ်၊ အဲဒါမျိုးတွေပါ။
ဆက်လက်ဖော်ပြပါမည်။
(၃၁/October/2020) ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တွင် Myanmar Parenting မိသားစုများအတွက် ဟောကြားတော်မူခဲ့သော တရားတော်မှ “Parenting”အကြောင်းကို ကောက်နှုတ်ရေးသားပူဇော်ပါသည်။
မိဘနဲ့သားသမီး လိုက်နာအပ်သည့် မင်္ဂလာတရားတော်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အကြောင်း - အပိုင်း(၆)
★ မင်္ဂလသုတ်ထဲမှာ ဆိုရင်တော့ “ဂါရဝေါ စ” ဆိုတာက လေးစားတာ၊ တခြားလူက ပြောတာကို ကိုယ်က အလေးတစား နားထောင်တာ။ မြန်မာစကားက နည်းနည်းလေးရောနေတယ်။ နားထောင်တယ်ဆိုတဲ့ဟာက ဆုံးအောင် နားထောင်တာနဲ့ လိုက်နာတာနဲ့ အဲဒီနှစ်ခုစလုံးပါတယ်။
★ နားထောင်တယ်ဆိုတာ သူက လိုက်နာတာပါ ပါတယ်။ အမှန်ကတော့ တစ်ဖက်သားရဲ့ စိတ်နေသဘောထား သူ့ရဲ့ခံစားချက် အဲဒီဟာကို အလေးထားတာ ဂါရဝ။ လိုက်နာတာ မလိုက်နာတာ ဒါက တစ်ခု။
★ “နိဝါတော စ” ဆိုတာက ကိုယ့်အကြောင်း အရမ်းကြီး လေမထွားဖို့ပါ။ တခါတခါ ဘုန်းဘုန်းတို့ ရှိတာထက်ပိုပြီးတော့ ပြောချင်တာ ဘာဖြစ်လို့တုန်းဆိုတော့ သူများ အသိအမှတ်ပြုလိုလို့။
★ သူများအသိအမှတ်မပြုဘူးဆိုရင် ကိုယ်က တစ်ကောင်ကြွက်လို စိတ်ထဲမှာ ထင်ပြီးတော့ အားငယ်တယ်၊ သိမ်ငယ်တဲ့စိတ်တွေ insecure feeling တွေဖြစ်တယ်။
★ ဒါကြောင့် recognition (အသိအမှတ်ပြုတာ) လိုချင်တာ၊ ဒါကြောင့် မှန်ပေမဲ့ နေရာဒေသမဟုတ်တဲ့ဟာတွေ အချိန်မဟုတ်တဲ့ဟာတွေ အဲဒါတွေ ပြောမိတယ်၊ အဲဒါမျိုးတွေပေါ့။
★ “ဂါရဝေါတောစ နိဝါတောစ၊ သန္တုဋ္ဌိ စ ကတညုတာ” သန္တုဋ္ဌိစ - ရောင့်ရဲတယ်ဆိုတာ ဒီဟာက တော်တော်ကို missunderstood concept တစ်ခုပဲ။ နားလည်မှုတော်တော်မှားတယ်။ ရောင့်ရဲတယ်ဆိုတာက ပိုက်ဆံသိပ်မရှာနဲ့၊ ပညာသိပ်မရှာနဲ့ အဲဒီလိုပြောတာ မဟုတ်ပါဘူး။
★ ကိုယ်ရရှိထားတဲ့အရာကို စိတ်ထဲမှာ ကြည့်ပြီးတော့ ပီတိဖြစ်ပါလို့ ပြောတာ။ ဆက်ပြီးတော့ ရှာပါ၊ ပညာလည်း ဆက်ရှာပါ။ မိတ်ဆွေလည်း ဆက်ရှာပါ၊ ပိုက်ဆံလည်း ဆက်ရှာပါ။ ဘာအတွက် ရှာရမှာတုန်းဆို အများအကျိုးအတွက် ကိုယ့်အတွက် ဖူလုံပြီဆိုရင် အများအတွက် ကိုယ်ဒီထက်ပိုပြီး contribution လုပ်နိုင်အောင်။
★ ချမ်းသာတဲ့နိုင်ငံတွေက အခွန်လေးဆယ်ရာခိုင်နှုန်း ပေးတယ်နော်။ High branch ဆိုတဲ့ဟာတွေလေ လေးဆယ်ရာခိုင်နှုန်းပေးတယ်။ အဲဒီလို အခွန်များများပေးနိုင်အောင် များများအောင်မြင်တဲ့အခါကျတော့ ကိုယ် အခွန်တွေ အများကြီးပေးနိုင်တာပေါ့။
★ အဲဒီအခွန်တွေနဲ့ ဆေးရုံတွေ ဆေးခန်းတွေ အတန်ကျောင်းတွေ လုပ်နိုင်တယ်။ “သန္တုဋ္ဌိ စ ကတညုတာ” - ကတညုတာ ဟိုတစ်နေ့က ဘုန်းဘုန်း ဟောသွားပြီးပြီ။ ကျေးဇူးအောက်မေ့တဲ့အကျင့်လုပ်ပါ။
★ အခု ဘုန်းဘုန်း office ထဲမှာထိုင်ပြီး တရားဟောနိုင်တာ တရားအလှူရှင်တွေကလည်းရှိတယ်၊ နောက်ပြီးတော့ ဒီကင်မရာတွေကို တီထွင်တဲ့လူတွေလည်းရှိတယ်၊ လျှပ်စစ်မီးတီထွင်တဲ့ လူတွေလည်းရှိတယ်။ အခုနောက်ဆုံး ဒီ zoom ကို တီထွင်တဲ့လူတွေလည်းရှိတယ်။ ဘုန်းဘုန်းကို ကူညီတဲ့ assistant တွေလည်းရှိတယ်။
★ သူတို့ကြောင့် ဒီတရားပွဲလေးဖြစ်တယ်။ အဲဒီဟာလေးကို appreciate လုပ်တဲ့အခါကျတော့ “ကတညုတာ” ဖြစ်သွားတယ်။ အဲဒီလိုလုပ်ရဲတဲ့အချိန်မှာ သူတစ်ပါးရဲ့ အခန်းကဏ္ဍကို acknowledge လုပ်တဲ့အခါ အသိအမှတ်ပြုတဲ့အခါမှာ ဘုန်းဘုန်းရဲ့စိတ်ထဲမှာ တကယ်လို့ ကိုယ်က ရိုးရိုးသားသားလုပ်နိုင်တယ်ဆိုတယ်ရင် စိတ်ထဲမှာ ချမ်းသာတယ်။
★ မလုပ်ချင်ဘူးဆိုရင် စိတ်ထဲမှာ secure မဖြစ်လို့။ ငါကြောင့်ဖြစ်တာ ငါက လုပ်တာ၊ ငါတွေ များနေတဲ့အခါကျတော့ တခြားလူရဲ့ အခန်းကဏ္ဍ acknowlege လုပ်ဖို့ ခဲယဉ်းသွားတယ်။ ဒါ “ကတညုတာ” ကျေးဇူးသိတတ်ဖို့။
★ နောက်တစ်ခုက “ခန္တီ စ” အဲဒီဟာတွေရှိပြီဆိုရင် သူက tolerance ဖြစ်တယ်။ ဆိုလိုတာက ကိုယ့်ရဲ့ emotion ကို ကိုယ်က သူတို့ပြောစကား ဒီထဲ(Harbard Business Review : Empathy) မှာပြောတဲ့ စကားလုံးတစ်ခုကတော့ We can suspend our judgement.
★ တခါတခါ ဘုန်းဘုန်းတို့က judging လုပ်တာ အရမ်းမြန်တယ်။ ကလေးတွေ ကိုယ့်တပည့်တွေ ပြန် judge လုပ်တာ၊ ကိုယ့်သားသမီးကို ပြန် judge လုပ်တာ၊ ဘယ်လိုဖြစ်တယ် ကောင်းတယ်မကောင်းဘူးဆို အဲဒီလိုပြောတာ အရမ်းမြန်တယ်။ ခန္တီတရားရှိတဲ့ပုဂ္ဂိုလ်ကျတော့ အဲဒီဟာ control ရတယ်။ စိတ်ပိုတည်ငြိမ်တယ်။
★ “သောဝစဿတာ” ဒီဟာလေး အရေးကြီးတယ်၊ “သောဝစဿတာ” ဆိုတာ သူက dialog ကောင်းတာကိုပြောတာ။ အနောက်တိုင်းမှာ နာမည်ကြီးတဲ့ ဇင် ဆရာတော်တစ်ပါးကတော့ ဘယ်လိုပြောတုန်းဆို deep listening အချင်းချင်းနားထောင်တာ။
★ တခါတခါ ကိုယ့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာတွေ ကိုယ်ပြန်ပြီးတော့ နားထောင်တာ။ သမာသမတ်ဖြစ်အောင် နားထောင်တာ။ ကိုယ့်ရဲ့မိသားစု အထူးသဖြင့် ကိုယ့်ရဲ့သာသမီး သူတို့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ဟာကို ကိုယ်က နားထောင်ပေးမယ်။
★ ဒီစာအုပ်နှစ်ခု (Brave Parenting and The WholeBrain Child) အဲဒီဟာတွေ emphasize လုပ်ထားတယ်။ နောက်တစ်ခုရှိသေးတယ် ဒါကတော့ ကြာပါပြီး သိပြီးသားဖြစ်ပါလိမ့်မယ် nonviolent communication ဒါကလည်း listening အရမ်းကိုအားပေးတယ်။
★ နားထောင်တယ်ဆိုတဲ့နေရာမှာ ဘာမှ မပြောဘဲနဲ့ ဒီလို တိတ်တဆိတ် နားထောင်တာကို နားထောင်ကောင်းလို့ မဆိုပါဘူး။ စိတ်ဝင်တစားနဲ့နားထောင်ပြီးတော့ လိုအပ်ရင် မေးခွန်းပြန်မေးတယ်။ အဲဒီ မေးခွန်းက ပြောတဲ့လူ reflective ပုံစံမျိုးဖြစ်အောင် မေးပေးနိုင်တယ်။ စိတ်ဝင်စားမှုပြတယ် ဒါမျိုးတွေ။
★ ဆိုလိုတာက ပြောနေတဲ့လူရဲ့ စိတ်ထဲက ခံစားချက်ကို နားလည်အောင် တက်တက်ကြွကြွ ကြိုးစားတယ်။ အဲဒီလို “သောဝစဿတာ” ရှိတဲ့အခါကြမှ “ကာလေန ဓမ္မာသာကစ္ဆာ” ဓမ္မာသာကစ္ဆာ dialog ရှိနိုင်တယ်။ မိဘနဲ့သားသမီး dialog ရှိနိုင်တယ်။ ဆွေးနွေးမှုဆိုတာရှိတယ်။
★ တချို့မိဘက ဆွေးနွေးမခံဘူး။ လုံးဝဆွေးနွေးမခံဘူး။ ငါက မိဘ၊ ငါ အဖေ၊ ငါက အမေ နင်တို့လာမပြောနဲံ ငရဲကြီးမယ်ဆိုပြီးတော့ သူက ကလေးက မိဘကို ပြန်ဆဲတဲ့အခါမှာ ငရဲကြီးရင်ကြီးလိမ့်မယ် ဒါပေမဲ့ တစ်ခုခုပြန်မေးတာ၊ နားမလည်လို့ ပြန်မေးတာ မဖြစ်နိုင်ဘူးထင်လို့ ပြန်မေးတာ အဲဒါတွေက ငရဲမကြီးပါဘူး။
★ နေရာတိုင်းမှာ ငရဲကြီးတယ်ဆိုပြီးတော့ ကလေးကို ပိတ်ထားလိုက်ရင် communication channel ပိတ်သွားတယ်။ ဒါကြောင့် “ကာလေန ဓမ္မာသာကစ္ဆာ” အရမ်းအရေးကြီးတယ်။
★ ဘုန်းဘုန်းတို့ မြန်မာယဉ်ကျေးမှုထဲမှာ ဒီမင်္ဂလာတရား သိပ်ပြီးတော့ မထည့်ဖြစ်ဘူး။ အတန်ကျောင်းမှာ အရမ်းကို အဆင့်မြင့်တဲ့ တက္ကသိုလ်တွေအထိ ဒီဟာ ဘုန်းဘုန်းတို့ သိပ်မထည့်ဖြစ်ဘူး။ တက္ကသိုလ် လေးဆယ်ကျော် workshop တွေ လုပ်ဖူးပါတယ်။
★ ကျောင်းသားတွေကို မေးဖို့ encourage လုပ်တဲ့အခါမှာ တချို့ဆရာတွေက ကြောက်စိတ်ဝင်တယ်။ ကျောင်းသားမေးတဲ့အခါမှာ ဆရာတွေက ကြောက်စိတ်ဝင်တယ်။ ဆေးကျောင်းတစ်ခုမှာဆိုရင် ကျောင်းသားမေးပြီးတဲ့နောက်ပိုင်းမှာ ဘုန်းဘုန်းကို မေးပြီးတဲ့နောက်ပိုင်းမှာ ဆရာကဘုန်းဘုန်း မဖြေခင်မှာ ဝင်ပြီးတော့ပြောတယ်။
★ “မင်းက အဲဒီမေးခွန်း ဆရာတော်ကိုမေးရမှာ မဟုတ်ဘူး၊ ငါ့ မေးရမှာ” ကလေးက လန့်သွားတာပေ့ါ။ ဘုန်းကြီးကျောင်းမှာ တချို့ဘုန်းကြီးကျောင်းမှာ ကိုရင်လေးတွေ နားမလည်လို့ တချို့ကိုရင်လေးတွေ သတ္တိရှိတယ်။ သတ္တိနဲ့ စာချဘုန်းကြီးကို ပြန်မေးတဲ့အခါမှာ စာချဘုန်းကြီးက မကြိုက်ဘူး။ ဘာလို့တုန်းဆို အဲဒီကိုရင်လေးကို ဒဏ်ပေးတာ အဲဒီစာသင်ခန်းထဲမှာ ထိုင်ထလုပ်ခိုင်းတာတို့ အတန်းပြီးသည်အထိ ရပ်ခိုင်းတာတို့ အဲဒါမျိုးတွေ လုပ်တာ။
★ ဗုဒ္ဓမြတ်စွာဘုရားက ‘ဓမ္မာသာကစ္ဆာ” ဆွေးနွေးရမယ်၊ သူ့အမြင် ကိုယ့်အမြင်ဆွေးနွေးရမယ်ဆိုတဲ့ဟာ ဒီဟာကြီးက လုပ်ရတာ အရမ်းခက်တယ်။ ဘာလို့ခက်တာတုန်း ဘုန်းဘုန်းတို့က စိတ်ထဲမှာ secure မဖြစ်လို့ စိတ်ထဲမှာ လုံလုံခြုံခြုံမဖြစ်လို့။
★ သိချင်လို့မေးတဲ့ဟာကို ငါ့ စိန်ခေါ်တယ်ဆိုပြီးတော့ ကိုယ်က သွားပြီးတော့ judge လုပ်လိုက်တာ။ အဲဒီလိုလုပ်လိုက်တဲ့အခါကျတော့ ကိုယ့်ကို မေးတဲ့လူတိုင်းကို ရန်သူလို့ထင်သွားတာ။ “ငါ့ကို စော်ကားတယ်” အဲဒါမျိုးတွေ သွားမြင်တယ်။
★ အဲဒီအမြင်သာမရှိဘူးဆိုရင် ကိုယ့်ကိုလာမေးတဲ့ဟာ ပြဿနာမဟုတ်ပါဘူး။ သူမေးတဲ့ဟာက ပြဿနာမဟုတ်ဘူး။ သူမေးတဲ့ဟာကို မြင်တဲ့ကိုယ့်အမြင်က ပြဿနာဖြစ်နိုင်တာ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၃၁.၁၀.၂၀၂၀) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် Myanmar Parenting မိသားစုများအတွက် ဟောကြားတော်မူခဲ့သော တရားတော်မှ “Parenting အကြောင်း” ကို ကောက်နုတ်ရေးသားပူဇော်ပါသည်။
မိဘနဲ့သားသမီ အမြဲတမ်း ဆွေးနွေညှိုနှိုင်း ရမယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အကြောင်း - အပိုင်း(၇) - နောက်ဆုံးပိုင်း
★ ဒါကြောင့်အချိန်လည်း ကြာသွားပြီ၊ ဘုန်းဘုန်း ဒီစာအုပ်လေးတွေ ပြန်ပြီးတော့ ပြောပြအုန်းမယ်၊ ဒီ The WholeBrain Child စာအုပ်ကို ဆရာကြီးတစ်ယောက်နဲ့ ဆရာမကြီးတစ်ယောက်ရေးပါတယ်။
★ ဆရာကြီးကတော့ Daniel J. Siegel ဟားဗဒ်ထွက် ဆရာဝန်ကြီးပါ UCLA ဆေးကျောင်းမှာ အလုပ်လုပ်ပါတယ်။ သူက သတိပဋ္ဌာန်ကို ပညာရေးထဲမှာရော နောက်ပြီးတော့ ကလေးတွေအတွက်ရော အသုံးပြုတဲ့နေရာမှာ လမ်းညွှန်နေတဲ့ သူတစ်ယောက်ပါ။ YouTube တွေထဲမှာ သူရဲ့ lecture တွေ အများကြီးရှိတယ်။ ဒီဆရာမ Dr.Tina Payne Bryson သူရဲ့ lecture တွေလည်းပဲ ရှိတယ်။
★ ဒီစာအုပ်(BRAVE PARENTING. A Buddhist-Inspired Guide to Raising Emotionally Resilient Children) ဗုဒ္ဓဘာသာရဲ့ အတွေးအခါ်နဲ့ Parenting experience ကို ရေးထားတာ၊ နှစ်ခုစလုံးကောင်းပါတယ်။
★ မိဘနဲ့သားသမီးက အမြဲတမ်း negotiate လုပ်ရတယ်ဆိုတာ ဘုန်းဘုန်းနောက်ဆုံးပြောပြီးတော့ အကျဉ်းချုပ်မယ်။ ဘုရားဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မြတ်စွာဘုရားကို ခမည်းတော် သုဒ္ဓေါဓနမင်းကြီးက ပြန်ပြီးတော့ ပင့်ပါတယ်။
★ ပြည်တော်ပြန်ခရီးဆိုပြီး ဆရာတော်ကြီးတွေ ရေးထားတဲ့စာအုပ်တွေ အရမ်းကောင်းပါတယ်။ ချမ်းမြေ့ဆရာတော်ကြီးတို့ သီတဂူဆရာတော်ကြီး တရားတွေတို့ တော်တော်ကောင်းပါတယ်။ အဲဒီထဲမှာ incident တစ်ခု ဘုန်းဘုန်းက ထောက်ပြချင်တယ်။
★ နန်းတော်ထဲမှာ ဘုရင် status နဲ့ နောက်ပြီးတော့ ပြန်လာတဲ့ မြတ်စွာဘုရားကလည်း သူရဲ့တိုင်းပြည်မှာ သူက အိမ်ရှေ့မင်းသားဆိုတော့ သူ့ရဲ့ status နဲ့ တန်အောင် ကျကျနန ချက်ထားတာ ပြင်ဆင်ထားတာ စားစရာသောက်စရာတွေ၊ ဆွမ်းဟင်းတွေ။
★ ဒါပေမဲ့ တရားဝင်မပင့်ဘူးလေ ဆွမ်းလာဘုဉ်းပါဆိုပြီး မပင့်ဘူး၊ နန်းတွင်းလူတွေ တစ်ယောက်မှ မပင့်ဘူး။ အဲဒါကြောင့် မြတ်စွာဘုရား ဘာလုပ်တုန်း သပိတ်နဲ့ ဆွမ်းခံကြွတယ်၊ ဆွမ်းခံကြွပြီးတော့ သစ်ပင်တစ်ပင်အောက်မှာ ဆွမ်းဘုဉ်းတာ အဲဒါကို အဖေက လုံးဝလက်မခံဘူး။
★ ခမည်းတော် လုံးဝလက်မခံနိုင်ဘူး၊ ဒါပေမဲ့ သားကလည်းပဲ သူလုပ်ရမယ့်ဟာ ဒါ အမှတ်ပဲ။ သူ့လုပ်ရပ်ကမှန်တယ်ဆိုပြီး သားတော်ဖြစ်တဲ့ မြတ်စွာဘုရားကလည်းပဲ မှန်တယ်။ အဲဒီနေရာမှာ ဒါ ခမည်းတော်ဆိုလည်း မကြာခင် အရိယာဖြစ်တော့မယ် ပုဂ္ဂိုလ်၊ သားတော်ကလည်း ဒီမှာ ဘုရားဖြစ်နေပြီ၊ အဲဒီအချိန်မှာတောင်ပဲ နားမလည်တာ ရှိသေးတယ်။
★ စကားပြောရတာ negotiate လုပ်ရတာ၊ တစ်ယောက်ရှုထောင့်ကို တစ်ယောက် ထိုင်ပြီးတော့ နားထောင်ရတာ ရှိသေးတယ်။ တစ်ယောက်ရဲ့ ရှုထောင့်ကိုတစ်ယောက် ထိုင်ပြီးတော့ ပြောတဲ့အခါကျတော့ မြတ်စွာဘုရားကလည်း ခမည်းတော်ရဲ့ စိတ်ပျက်တာကို နားလည်တယ်။
★ ခမည်းတော်က သံဃာတွေအကြောင်း မသိသေးဘူး၊ သားတော် ပြောင်းလဲသွားတယ်ဆိုတာ မသိသေးဘူး။ ဒါကြောင့် ဒါလေးကတော့ ရှင်းပြမယ်။ သွားရှင်းပြတယ်။ ဒီဟာဆွမ်းသွားခံစားပြီးတော့ လမ်းဘေးမှာ ဘုဉ်းတဲ့ဟာ သစ်ပင်အောက်မှာ ဘုဉ်းတဲ့ဟာ ဒီဟာက နိမ့်ကျတဲ့အလုပ်မဟုတ်ပါဘူး။
★ အဲ့ဒီလိုအမြင်ဖြစ်တဲ့အခါကျမှ စိတ်ဒုက္ခရောက်တာ၊ အဲဒီအမြင်မရှိဘူးဆိုရင် ဒုက္ခမရောက်ဘူး။ ဒီခန္ဓာကိုယ် စောင့်ရှောက်ဖို့အတွက် အာဟာရက အများကြီးမလိုအပ်ဘူး။ အဲဒီတော့ သားနဲ့အဖေနဲ့ စကားပြောတဲ့အခါကျတော့ အဆင်ပြေသွားရော။
★ ဆိုလိုတာက အဲဒီလောက်ထိ အဆင့်မြင့်တဲ့ပုဂ္ဂိုလ်တွေတောင်မှ သားနဲ့အဖ They could not take anything for granted. ဟုတ်တယ်မို့လား။ ပေါ့ပေါ့ထားလို့မရဘူး၊ “ငါ့အဖေက ငါ့ကို အကုန်လုံး နားလည်ပါတယ်” “ငါ့သား ငါ့ကို အကုန်နားလည်ပါတယ်” ဒီလိုပုံစံမျိုး တစ်ထစ်ချ ပေါ့ပေါ့လုပ်လို့မရဘူး။
★ တစ်ပါးက သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားဖြစ်နေပြီ၊ ခမည်းတော်ကြီးကလည်း မကြာခင် အရိယာဖြစ်တော့မယ်၊ နာရီပိုင်းပဲလိုတော့တယ်။ အဲဒီမှာတောင်မှ မိဘနဲ့သားသမီး negotiate လုပ်ရတယ်။ သူလိုချင်တဲ့ဟာ သူ့အမြင် ကိုယ့်အမြင်။
★ အဲဒါကြောင့် မိဘတွေအနေနဲ့ “ငါ သိထားတာ အကုန်သိထားပြီ” ဆိုပြီး အဲဒီလို တံခါးပိတ်မထားပါနဲ့လို့ ဘုန်းဘုန်းက ပြောချင်တယ်။ Not to take anything for granted but to retain something curiosity. ဒီစိတ်ဝင်စားတဲံဟာ အဲဒီဟာ ကိုယ့်အတွက်ရော ကိုယ့်သားသမီးတွေ သူများသားသမီးတွေအတွက်ရော၊ ကိုယ့်သားသမီးတင်မကပါဘူး နောင်ကျရင်လည်း ကိုယ့်မြေးတွေအတွက်ပါ အဲဒါတွေပါ တွေးထားရမှာပေါ့။
★ အဲဒီတော့ ဒီထဲမှာ River လို့ ရေးထားတယ်၊ မြစ်ရေယာဉ်လို အမြဲတမ်း စီးဆင်းနေတာ။ စီးဆင်းနေတဲ့အခါကျတော့ parenting skill က ပြောင်းလဲနေတယ်လို့ ပြောချင်တာ။ အမြဲတမ်းပြောင်းလဲနေတယ် ပြောချင်တာ။
★ ပြောင်းလဲမှုနဲ့ မဆန့်ကျင်ဘဲနဲ့ နေတတ်တဲ့ skill ကို အလယ်အလတ်လမ်းစဉ်လို့လည်းခေါ်တယ်၊ တခါတခါကျ မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်တယ်။ မဂ္ဂင်ရှစ်ပါးထဲမှာ “သမ္မာဒိဋ္ဌိ” ဆိုတာက နေရာတိုင်းမှ ပြဿနာရှိနိုင်တယ်၊ ဒီပြဿနာတွေဟာ universal ဖြစ်တယ်၊ အဲဒီယူဆတာကို သမ္မာဒိဋ္ဌိလို့ခေါ်တယ်။
★ “သမ္မာသင်္ကပ္ပ” ဆိုတာက အဲဒီလို မြင်ထားတဲ့အတိုင်း ပြဿနာနဲ့တွေ့ကြုံတဲ့အခါမှာ ကိုယ့် emotion က resilience ဖြစ်အောင် မေတ္တာနဲ့ကရုဏာနဲ့ ကိုယ့်ရဲ့ emotion ကို training လုပ်ထားတာကို သမ္မာသင်္ကပ္ပခေါ်တယ်။ ရှစ်ပါးထဲမှာ နှစ်ပါးလောက်ပဲပြောမယ်။
★ အရေးကြီးတဲ့ဟာတော့ nonviolent - ကြမ်းကြမ်းတမ်းတမ်း မလုပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း ကြမ်းကြမ်းတမ်းတမ်းမလုပ်ဖို့ သားသမီးလည်း ကြမ်းကြမ်းတမ်းတမ်း မလုပ်ဖို့ ပြောဖို့ အလျင်စလိုသွားပြီးတော့ judge မလုပ်ဖို့ အဲဒါတွေ အရေးကြီးပါတယ်။
★ နောက်ကိုယ့်ရဲ့ emotion ကိုလည်း ကိုယ် take care လုပ်ဖို့ သိပ်အရေးကြီးပါတယ်။ အဲဒါတွေ လုပ်တယ်ဆိုရင်တော့ မျှော်မှန်းထားတဲ့အတိုင်း အကောင်းဆုံး မိဘတွေဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတာကို ဗုဒ္ဓမြတ်စွာဘုရားက လူသားတွေဟာ သူတို့ရဲ့ကံကြမ္မာကို သူတို့လက်ထဲ ထည့်နိုင်တဲ့စွမ်းရည်ရှိတယ်။
★ သူတို့မမြင်ရတဲ့ နတ်ဘုရားတွေ ဘယ်သူ့ကို ဆရာတင်ဖို့မလိုဘူး။ “အတ္တာဟိ အတ္တနော နာထော” အဲဒီလို ဗုဒ္ဓမြတ်စွာဘုရားက လမ်းညွှန်ပေးထားတာ။ ကိုယ်တော်တိုင်ကလည်းပဲ သူ့ရဲ့သား ရာဟုလာကို ဆုံးမတဲ့အခါမှာ သူကိုယ်တိုင်လည်း ဆုံးမပါတယ်၊ သွန်သင်ပေးပါတယ်။ ပြီးတော့အပြင်က အကူအညီလည်း ယူတယ်။
★ အဲဒါတော့ အရှင်သာရိပုတ္တရာကို ဥပဇ္ဈာယ်လုပ်ခိုင်းလိုက်တယ် သွန်သင်ဆုံးမခိုင်းတယ်၊ share responsibility တွေလုပ်တယ်ပေါ့။ ဒီနေ့ ဘုန်းဘုန်းပြောချင်တာတော့ ဒါလေးပါပဲ။
အားလုံးကျန်းမာချမ်းသာကြပါစေ။
သာဓု၊ သာဓု၊ သာဓု။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ🙏🙏🙏
(၃၁.၁၀.၂၀၂၀) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် Myanmar Parenting မိသားစုများအတွက် ဟောကြားတော်မူခဲ့သော တရားတော်မှ “Parenting အကြောင်း” ကို ကောက်နုတ်ရေးသားပူဇော်ပါသည်။
*** ဆရာတော်ရဲ့ ဟောတရားကိုစာပြန်စီထားခြင်းကြောင့် ပါဠိစာလုံးနဲ့ စာအကျအပေါက်အမှားအယွင်းရှိပါက သည်းခံပေးပါရန်။
(Zawgyi)
ကိုယ့္ရဲ႕စိတ္ခံစားမႈေတြကို ျပန္ၾကည့္ျပီးေတာ့ သံုးသပ္တဲ့အက်င့္ေလးလုပ္ပါ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အေၾကာင္း အပိုင္း(၄)
ဒါ အေမရိကားမွာ ဘုန္းဘုန္း၀ယ္လာတဲ့ စာအုပ္တစ္အုပ္ပါ။ The Whole-Brain Child ဆိုတာ။ ဒါ neurology ရႈေထာင့္ကေနေျပာပါတယ္။ ဒီစာအုပ္ကေတာ့ လူသိမ်ားပါတယ္။ သူဘာေျပာတုန္းဆိုေတာ့ connect and redirect တဲ့။ သူ second chapter ထဲမွာေျပာတာ။
Connect ဆိုတာက You need to connect with your child’s emotion. သူ႕ emotion ကို သူနားလည္ေအာင္ကိုယ္ကေနျပီးေတာ့ တခါတခါ သူနဲ႔စကားေျပာပံုက မွန္ပံုစံမ်ိဳး၊ mirror ပံုစံမ်ိဳးျဖစ္ေအာင္ လုပ္ရတဲ့ဟာမ်ိဳးေလးေတြ ဒီစာအုပ္ကေျပာထားတယ္။
Connect and redirect ကေတာ့ သတိပဌာန္ထဲကစြမ္းရည္ေတြယူထားတယ္။ ေနာက္ name it to tame it ဆိုတာ စိတ္ထဲမွာ negative emotion တို႔ Fear တို႔ anxiety တို႔ insecure feeling တို႔ အဲဒါမ်ိဳးေတြျဖစ္လာတယ္ဆိုရင္ name it ဆိုတာ ဒါၾကီးက ဘာၾကီးတုန္းဆိုတာ ကေလးနဲ႔ ေဆြးေႏြးျပီးေတာ့ အဲဒါကို နာမည္တစ္ခုေပးရမယ္။
မနက္က တရားပြဲမွာ ဘုန္းဘုန္း ဒီစာအုပ္ေလးအေၾကာင္း နည္းနည္းေျပာျပတယ္။ Emotional Intelligence: Empathy ဒီအေၾကာင္း နည္းနည္းေျပာတယ္။ Stamford တကၠသိုလ္က Neurosurgeon Prof. James Doty အေၾကာင္းပါ။ အသက္ ၁၃ႏွစ္အထိ သူ႕ရဲ႕ emotion ကို သူ႕မိဘေတြနဲ႔ေဆြးေႏြးဖို႔မျဖစ္ႏိုင္ခဲ့ဘူး။
အေမေနမေကာင္းဘူး၊ အေဖက အရက္သမား၊ ကံေကာင္းခ်င္တဲ့အခါက်ေတာ့ magic - မ်က္လွည့္ပစၥည္းသြား၀ယ္ဖို႔လုပ္ရင္းနဲ႔ ဆိုင္တစ္ဆိုင္ ထဲမွာ တရားထိုင္တဲ့ဆိုင္ရွင္ရဲ႕ အေမနဲ႔သြားေတြ႕တဲ့အခါက်ေတာ့ အဲဒီအဖြားၾကီးကေျခာက္ပတ္စာ သူ႕ကိုတရားထိုင္တာ သင္ေပးတယ္။
အဲဒါေၾကာင့္ သူ႕ emotion ကို သူျပန္ျပီးေတာ့ကိုင္တြယ္တတ္တယ္။ ကိုင္တြယ္တတ္တဲ့အခါက်ေတာ့ ခါတိုင္းနဲ႔မတူဘူးတဲ့။ တစ္ေန႔က်ေတာ့ သူ႕မိဘစကားမ်ားေနတဲ့အခါမွာ ရန္ျဖစ္ေနတဲ့အခါမွာ ခါတိုင္းဆိုရင္ သူက သူ႕အခန္းထဲမွာကုပ္ေနျပီးေတာ့ေနတာ စကားလံုး၀မေျပာ အသက္ ေတာင္မရွဴတဲ့ပံုစံမ်ိဳး အရမ္းေၾကာက္ေနတာ။ တံခါးခ်က္ခ်ျပီးေတာ့။
တရားထိုင္ျပီးတဲ့ေနာက္ပိုင္း သူ႕ emotion ကိုသူ ကိုင္တြယ္တတ္တဲ့ေနာက္ပိုင္း အဲဒီေနာက္ပိုင္းက်ေတာ့ သူဘာလုပ္တုန္းဆိုေတာ့ တံခါးဖြင့္ျပီးေတာ့ သူ႕အေဖနဲ႔အေမဆီသြားတယ္တဲ့။ သြားရပ္ေနတယ္ သူတို႔စကားမ်ားတဲ့ေနရာသြားရပ္တယ္တဲ့။ ‘ေဖေဖနဲ႔ေမေမ ဘာေတြ စကားမ်ားေနတာတုန္း”တဲ့။
သူ႕မိဘက အဲဒီလို တစ္ခါမွ အေမးမခံရဘူးတဲ့အခါက်ေတာ့ ခ်က္ခ်င္းဘာမွမေျပာႏိုင္ဘူး။ အဲဒီအခ်ိန္မွာ သူက ဘာေျပာတုန္းဆိုေတာ့ “I Love You” ဆိုျပီးေတာ့ “ေဖေဖနဲ႔ေမေမ့တို႔ကိုခ်စ္တယ္” အဲဒီလိုေျပာျပီးေတာ့ သူ႕အခန္းထဲ၀င္တယ္တဲ့။ သူ႕အခန္းထဲမ၀င္ခင္မွာ သူ႕မိဘကလည္းပဲ “James, we love you too.” သားကိုလည္း ေဖေဖတို႔ေမေမတို႔ခ်စ္ပါတယ္။
အဲဒီေနာက္ပိုင္းမွာ သူ႔ေရွ႕မွာ တခါမွ ရန္မျဖစ္ေတာ့ဘူး။ Connection လုပ္တာေျပာတာ။ Redirect လုပ္တဲ့အခါက်ေတာ့ ဘယ္ဘက္ကို direct လုပ္လိုက္တုန္းဆို ဒီ empathy ဘက္ အဲဒီဘက္ကိုလုပ္တာေပါ့။
Neurology ကေနေျပာရင္ေတာ့ ဒီထဲမွာ သူ လူတိုင္းနားလည္ေအာင္ လူျပိန္းစကားနဲ႔ေျပာတာေတာ့ upstair brain နဲ႔ downstair brain, downstair brain ကေတာ့ amygdala ကိုေျပာတာေပါ့။ ေဒါသျဖစ္တာတို႔ စိတ္တိုလြယ္တာတို႔ စိတ္လိုက္မာန္ပါလုပ္တတ္တာတို႔ အဲဒါမ်ိဳးေတြ။
ခုနတုန္းက ဘုန္းဘုန္းေျပာတဲ့ subconscious habit ပါပဲ။ Psychology ရႈေထာင့္ကေနေျပာရင္ upstair brain ကေတာ့ ဒီ hippocampus တို႔ ေတြးေခၚတတ္တဲ့ဟာေတြ conscious mind ေတြ သတိတရားရွိတဲ့စိတ္ အဲဒါ။
ကိုယ့္ဟာကိုယ္ train လုပ္ရမယ့္ဟာက Engage, don’t enrage. Engage ဆိုတာ ေဒါသမီးေတာက္တဲ့ဟာေပါ့ေနာ္။ ေဒါသမီးေတာက္မယ့္အစား ကိုယ့္ရဲ႕ emotion ကို ကိုယ္ျပန္ၾကည့္ျပီးေတာ့ ျပန္ကိုင္တြယ္တတ္ေအာင္လုပ္တဲ့ဟာေလး။
ေနာက္တခ်ိဳ႕ဟာေတြက်ေတာ့ television ၾကည့္တဲ့အခါမွာ remote control သံုးသလို အေ၀းကေနၾကည့္တာ။ သူဆိုလိုတာက အတိတ္ကို ျပန္ျပီးေတာ့ သံုးသပ္ဖို႔ေျပာပါတယ္။ အတိတ္တုန္းက ဘယ္ေန႔တုန္းက ကေလးနဲ႔စကားေျပာတဲ့အခါမွာ ဘယ္လို emotion ျဖစ္သြားတယ္။ အဲဒီဟာေလးကို ျပန္ျပီးေတာ့ reflect လုပ္တဲ့အက်င့္ေလးလုပ္ထား။
ဒါကေတာ့ ဘုန္းဘုန္းတို႔မွာ တရားထိုင္တဲ့အခါမွာ အႏုႆတိကမၼ႒ာန္းလို႔ေခၚတယ္။ ျပန္ၾကည့္တာပါ။ ကိုယ့္စိတ္က တည္ျငိမ္ေနတဲ့အခ်ိန္မွာ ျပန္ျပီးေတာ့ၾကည့္တာ။ အုပ္စုအေနနဲ႔ၾကည့္ႏိုင္ရင္ေတာ့ပိုေကာင္းတယ္။ အုပ္စုေသးေသးေလးနဲ႔ၾကည့္ႏိုင္ရင္ ပိုေကာင္းတယ္။ ရင္းနီးတဲ့မိသားစုခ်င္း ဒီလိုေတြ႕ျပီးေတာ့ ေျပာတာမ်ိဳးေတြ။
ေျပာျပီဆိုရင္ အခ်င္းခ်င္းကိုယ့္ရဲ႕ emotion ကိုနားလည္ေအာင္လုပ္ျပီးေတာ့ acknowledgement ေပါ့။ acknowledgement through kindness ကိုယ့္ကိုယ္ကိုယ္ ၾကင္နာျပီးေတာ့ ဒီျပီးခဲ့တဲ့emotion ကို သူ႕အျဖစ္ကို အျဖစ္အတိုင္း ျပန္ျပီးေတာ့လက္ခံတယ္၊ အဲဒါေလးလိုအပ္တယ္။
သားသမီးေတြရဲ႕ စိတ္ခံစားမႈေတြ ေဟာ္မုန္းေတြက အသက္အရြယ္လိုက္ေျပာင္းလဲတတ္တယ္
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အေၾကာင္း အပိုင္း(၅)
တခါတခါက်ေတာ့ မိဘအေနနဲ႔က အတန္းေက်ာင္းေတြလိုမဟုတ္ဘူး။အတန္းေက်ာင္းက်ေတာ့ တစ္တန္းကေန ဆယ့္ႏွစ္တန္းဆိုရင္ သူက text book ေတြအကုန္လံုးလုပ္ထားတယ္။
မိဘအေနနဲ႔က အနာဂတ္အတြက္ စိုးရိမ္လိုက္၊ ေနာက္ျပီးေတာ့ လက္ရွိပစၥဳပၸဳန္အေျခအေနenjoy လုပ္လိုက္၊ ကေလးက ငယ္တယ္ဆိုရင္ သူ႕အရြယ္ကလည္း enjoy လုပ္တယ္။
ဒီဆရာမၾကီး (Krissy Pozatek) ဆိုရင္ adolescent ကေလးေတြကို specialize လုပ္တဲ့ Psychologist ပါ။ အဲဒီကေလးေတြ အသက္ ၁၃ႏွစ္၊ ၁၄ႏွစ္၊ ၁၅ - ၁၆ႏွစ္အဲဒီအရြယ္က်ရင္ သူတို႔ emotion ေတြဘယ္လိုေျပာင္းတတ္တယ္။
သူတို႔ရဲ႕ေဟာ္မုန္းေတြဘယ္လိုေျပာင္းတတ္တယ္ဆိုတာ ငါးႏွစ္ေျခာက္ႏွစ္ကေလးရဲ႕မိဘက အဲဒါေတြျပင္ဆင္မထားဘူး။ ျပင္ဆင္မထားတာေတြမ်ားတယ္။
ဘာလို႔တုန္းဆိုေတာ့ ငါးႏွစ္ေျခာက္ႏွစ္ကေလးက အရမ္း cute ျဖစ္တဲ့အခါက်ေတာ့ ဒီထဲမွာပဲ ကိုယ္က enjoy ျဖစ္ေနတာေပါ့။ ၁၂ႏွစ္ေက်ာ္ ၁၃ႏွစ္ ၁၄ႏွစ္ေရာက္ေရာ ကေလးက independence ျဖစ္ခ်င္တဲ့အခါ လြတ္လပ္မႈလိုခ်င္တဲ့အခါမွာ တခါတည္းေတာင္းဆိုမႈေတြ လြန္ဆြဲမႈေတြ မ်ားလာတဲ့အခါမွာ တခ်ိဳ႕မိဘေတြက panic ျဖစ္တယ္။
Panic ျဖစ္ရံုတင္မကဘူး ကိုယ့္ကေလးကို ကိုယ္ျပန္ျပီးေတာ့ judging ေတြလုပ္တယ္၊ ‘ကေလးကရိုင္းတယ္’ ဘာညာ အဲဒါမ်ိဳးေတြေျပာ တာေလ ဘုန္းဘုန္းကေတာင္းပန္ရတယ္။ဘုန္းဘုန္းဆီမွာလာေျပာရင္ အဲဒီတစ္ခုေတာ့ေတာင္းပန္ပါရေစ အဲဒီတစ္ခုေတာ့ မေျပာပါနဲ႔။ ဒါေတြက passive of life ဒီေဟာ္မုန္းေျပာင္းတဲ့အခ်ိန္မွာ ျဖစ္တတ္တဲ့ဟာေလးေတြပါ။
မဂၤလသုတ္ထဲမွာ “ေအသ၀နာ စ ဗာလာနံ၊ ပ႑ိတာနဥၰေသ၀နာ၊ ပူဇာ စ ပူေဇနယ်ာနံ” အဲဒီဟာေတြက သူက socializing skill ကိုေျပာတာ။ မဂၤလသုတ္က socializing skill အဲဒီကေနျပီးေတာ့ ဘယ္အထိေရာက္ေအာင္သြားတုန္းဆို အဲဒီထဲမွာ family life နဲ႔ ပတ္သက္တာလည္းရွိတယ္၊ education နဲ႔ပတ္သက္တာလည္းရွိတယ္။
Education နဲ႔ပတ္သက္တာဆိုရင္ ဒီ socializing ကစတယ္၊ “ပတိရူပေဒသ၀ါေသာစ” အဂၤလိပ္လို formative years ေခၚတဲ့ဟာ formative years က သူတို႔ရဲ႕အေလ့အက်င့္ေတြ character ေတြတည္ေဆာက္တဲ့အခ်ိန္ ေျခာက္ႏွစ္ ခုႏွစ္ႏွစ္ကေနျပီးေတာ့ ေနာက္ဆယ့္ေျခာက္ႏွစ္ ေလာက္အထိ ဒိန္းမတ္ႏိုင္ငံမွာဆိုရင္ ေျခာက္ႏွစ္ကေန ဆယ့္ေျခာက္ႏွစ္အထိ အဲဒီအခ်ိန္ သူတို႔က ဘာလုပ္ေပးတုန္း ဆိုေတာ့ စိတ္၀င္စား စရာေကာင္းတာအတန္းေက်ာင္းမွာ Empathy lesson ဆိုတာ အပတ္စဥ္လုပ္တယ္၊ ဥပေဒနဲ႔သတ္မွတ္ထားတာ။
အဲဒီ Formative years မွာ ကေလးေတြက သူမ်ားေျပာတာကို ဆံုးေအာင္နားေထာင္တတ္တဲ့ကေလး၊ သူတို႔ေျပာခ်င္တဲ့ဟာကိုလည္းပဲ ယံုယံု ၾကည္ၾကည္နဲ႔ သူ႕စိတ္ထဲမွာရွိတဲ့ဟာကို ေျပာရဲတယ္။ အဲဒီကေလးမ်ိဳးျဖစ္ေအာင္ သူတို႔က ျပဳစုပ်ိဳးေထာင္ေပးတာကိုး။
Empathy Lesson လုပ္တယ္ဆိုတာ၊ စာသင္တာ မဟုတ္ပါဘူး။ ကေလးေတြအခ်င္းခ်င္းေဆြးေႏြးတယ္၊ ေဆြးေႏြးတဲ့ေနရာမွာ အကုန္လံုးက သူတို႔ရဲ႕ ရႈေထာင့္ေတြေျပာႏိုင္ေအာင္၊ ေျပာျပီးျပီးရင္ သူမ်ားရဲ႕ရႈေထာင့္ကိုယ့္ရႈေထာင့္ ညွိတတ္ေအာင္၊ နားေထာင္တတ္ေအာင္ အဲဒီလိုသင္ေပးတာမ်ိဳးပါ။
ေနာက္ျပီးေတာ့ အမ်ားေျပာတဲ့အခါမွာ လူတိုင္း လူတိုင္းက အားနည္းခ်က္ရွိတယ္၊ အားသာခ်က္လည္းရွိတယ္။ အဲဒါေၾကာင့္ ကိုယ့္ရဲ႕အားနည္းခ်က္ကို လက္ခံဖို႔အတြက္ အားမငယ္ဖို႔ သိမ္ငယ္တဲ့စိတ္မျဖစ္ဖို႔၊ ကိုယ့္ရဲ႕အားသာခ်က္ကိုေျပာဖို႔လည္း စိတ္ထဲမွာ မာနာမျဖစ္ဖို႔ ရဲရဲရင့္ရင့္ေျပာဖုိ႔ေၾကာက္ဖို႔လည္းမလိုဘူး။ အဲဒါမ်ိဳးေတြသင္ေပးတာေပါ့။
မဂၤလသုတ္ထဲမွာဆိုရင္ေတာ့ “ဂါရေ၀ါစ”ဆိုတာက ေလးစားတာ၊ တျခားလူကေျပာတာကို ကိုယ္က တေလးတစားနားေထာင္တာ၊ ျမန္မာစကားက နည္းနည္းေလးေရာေနတယ္။ နားေထာင္တယ္ဆိုတဲ့ဟာက ဆံုးေအာင္နားေထာင္တာနဲ႔ လိုက္နာတာနဲ႔ အဲဒီႏွစ္ခုစလံုးပါတယ္။
နားေထာင္တယ္ဆိုတာ သူကလိုက္နာတာပါ ပါတယ္။ အမွန္ကေတာ့ တစ္ဖက္သားရဲ႕ စိတ္ေနသေဘာထား သူ႕ရဲ႕ခံစားခ်က္ အဲဒီဟာကို အေလးထားတာ ဂါရ၀။ လိုက္နာတာ မလိုက္နာတာ ဒါက တစ္ခု။
“နိ၀ါေတာစ”ဆိုတာက ကိုယ့္အေၾကာင္း အရမ္းၾကီးေလမထြားဖို႔ပါ။ တခါတခါ ဘုန္းဘုန္းတို႔ရွိတာထက္ပိုျပီးတာ့ေျပာခ်င္တာ ဘာျဖစ္လို႔တုန္း ဆိုေတာ့ သူမ်ားအသိအမွတ္ျပဳလိုလို႔။
သူမ်ားအသိအမွတ္မျပဳဘူးဆိုရင္ ကိုယ္က တစ္ေကာင္ၾကြက္လို စိတ္ထဲမွာထင္ျပီးေတာ့ အားငယ္တယ္၊ သိမ္ငယ္တဲ့စိတ္ေတြ insecure feeling ေတြျဖစ္တယ္။
ဒါေၾကာင့္ Recognition (အသိအမွတ္ျပဳတာ) လိုခ်င္တာ၊ ဒါေၾကာင့္ မွန္ေပမယ့္ေနရာေဒသမဟုတ္တဲ့ဟာေတြ အခ်ိန္မဟုတ္တဲ့ ဟာေတြ အဲဒါေတြေျပာမိတယ္၊ အဲဒါမ်ိဳးေတြပါ။
ဆက္လက္ေဖာ္ျပပါမည္။
(၃၁/October/2020) ရွမ္းျပည္နယ္ ဗုဒၶတကၠသိုလ္တြင္ Myanmar Parenting မိသားစုမ်ားအတြက္ ေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္မွ “Parenting”အေၾကာင္းကို ေကာက္ႏႈတ္ေရးသားပူေဇာ္ပါသည္။
မိဘနဲ႔သားသမီး လိုက္နာအပ္သည့္ မဂၤလာတရားေတာ္
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အေၾကာင္း - အပိုင္း(၆)
★ မဂၤလသုတ္ထဲမွာ ဆိုရင္ေတာ့ “ဂါရေဝါ စ” ဆိုတာက ေလးစားတာ၊ တျခားလူက ေျပာတာကို ကိုယ္က အေလးတစား နားေထာင္တာ။ ျမန္မာစကားက နည္းနည္းေလးေရာေနတယ္။ နားေထာင္တယ္ဆိုတဲ့ဟာက ဆုံးေအာင္ နားေထာင္တာနဲ႔ လိုက္နာတာနဲ႔ အဲဒီႏွစ္ခုစလုံးပါတယ္။
★ နားေထာင္တယ္ဆိုတာ သူက လိုက္နာတာပါ ပါတယ္။ အမွန္ကေတာ့ တစ္ဖက္သားရဲ့ စိတ္ေနသေဘာထား သူ႔ရဲ့ခံစားခ်က္ အဲဒီဟာကို အေလးထားတာ ဂါရဝ။ လိုက္နာတာ မလိုက္နာတာ ဒါက တစ္ခု။
★ “နိဝါေတာ စ” ဆိုတာက ကိုယ့္အေၾကာင္း အရမ္းႀကီး ေလမထြားဖို့ပါ။ တခါတခါ ဘုန္းဘုန္းတို့ ရွိတာထက္ပိုၿပီးေတာ့ ေျပာခ်င္တာ ဘာျဖစ္လို့တုန္းဆိုေတာ့ သူမ်ား အသိအမွတ္ျပဳလိုလို့။
★ သူမ်ားအသိအမွတ္မျပဳဘူးဆိုရင္ ကိုယ္က တစ္ေကာင္ႂကြက္လို စိတ္ထဲမွာ ထင္ၿပီးေတာ့ အားငယ္တယ္၊ သိမ္ငယ္တဲ့စိတ္ေတြ insecure feeling ေတြျဖစ္တယ္။
★ ဒါေၾကာင့္ recognition (အသိအမွတ္ျပဳတာ) လိုခ်င္တာ၊ ဒါေၾကာင့္ မွန္ေပမဲ့ ေနရာေဒသမဟုတ္တဲ့ဟာေတြ အခ်ိန္မဟုတ္တဲ့ဟာေတြ အဲဒါေတြ ေျပာမိတယ္၊ အဲဒါမ်ိဳးေတြေပါ့။
★ “ဂါရေဝါေတာစ နိဝါေတာစ၊ သႏၲဳ႒ိ စ ကတညဳတာ” သႏၲဳ႒ိစ - ေရာင့္ရဲတယ္ဆိုတာ ဒီဟာက ေတာ္ေတာ္ကို missunderstood concept တစ္ခုပဲ။ နားလည္မွုေတာ္ေတာ္မွားတယ္။ ေရာင့္ရဲတယ္ဆိုတာက ပိုက္ဆံသိပ္မရွာနဲ႔၊ ပညာသိပ္မရွာနဲ႔ အဲဒီလိုေျပာတာ မဟုတ္ပါဘူး။
★ ကိုယ္ရရွိထားတဲ့အရာကို စိတ္ထဲမွာ ၾကည့္ၿပီးေတာ့ ပီတိျဖစ္ပါလို့ ေျပာတာ။ ဆက္ၿပီးေတာ့ ရွာပါ၊ ပညာလည္း ဆက္ရွာပါ။ မိတ္ေဆြလည္း ဆက္ရွာပါ၊ ပိုက္ဆံလည္း ဆက္ရွာပါ။ ဘာအတြက္ ရွာရမွာတုန္းဆို အမ်ားအက်ိဳးအတြက္ ကိုယ့္အတြက္ ဖူလုံၿပီဆိုရင္ အမ်ားအတြက္ ကိုယ္ဒီထက္ပိုၿပီး contribution လုပ္နိုင္ေအာင္။
★ ခ်မ္းသာတဲ့နိုင္ငံေတြက အခြန္ေလးဆယ္ရာခိုင္ႏွုန္း ေပးတယ္ေနာ္။ High branch ဆိုတဲ့ဟာေတြေလ ေလးဆယ္ရာခိုင္ႏွုန္းေပးတယ္။ အဲဒီလို အခြန္မ်ားမ်ားေပးနိုင္ေအာင္ မ်ားမ်ားေအာင္ျမင္တဲ့အခါက်ေတာ့ ကိုယ္ အခြန္ေတြ အမ်ားႀကီးေပးနိုင္တာေပါ့။
★ အဲဒီအခြန္ေတြနဲ႔ ေဆး႐ုံေတြ ေဆးခန္းေတြ အတန္ေက်ာင္းေတြ လုပ္နိုင္တယ္။ “သႏၲဳ႒ိ စ ကတညဳတာ” - ကတညဳတာ ဟိုတစ္ေန႔က ဘုန္းဘုန္း ေဟာသြားၿပီးၿပီ။ ေက်းဇူးေအာက္ေမ့တဲ့အက်င့္လုပ္ပါ။
★ အခု ဘုန္းဘုန္း office ထဲမွာထိုင္ၿပီး တရားေဟာနိုင္တာ တရားအလွူရွင္ေတြကလည္းရွိတယ္၊ ေနာက္ၿပီးေတာ့ ဒီကင္မရာေတြကို တီထြင္တဲ့လူေတြလည္းရွိတယ္၊ လၽွပ္စစ္မီးတီထြင္တဲ့ လူေတြလည္းရွိတယ္။ အခုေနာက္ဆုံး ဒီ zoom ကို တီထြင္တဲ့လူေတြလည္းရွိတယ္။ ဘုန္းဘုန္းကို ကူညီတဲ့ assistant ေတြလည္းရွိတယ္။
★ သူတို့ေၾကာင့္ ဒီတရားပြဲေလးျဖစ္တယ္။ အဲဒီဟာေလးကို appreciate လုပ္တဲ့အခါက်ေတာ့ “ကတညဳတာ” ျဖစ္သြားတယ္။ အဲဒီလိုလုပ္ရဲတဲ့အခ်ိန္မွာ သူတစ္ပါးရဲ့ အခန္းက႑ကို acknowledge လုပ္တဲ့အခါ အသိအမွတ္ျပဳတဲ့အခါမွာ ဘုန္းဘုန္းရဲ့စိတ္ထဲမွာ တကယ္လို့ ကိုယ္က ရိုးရိုးသားသားလုပ္နိုင္တယ္ဆိုတယ္ရင္ စိတ္ထဲမွာ ခ်မ္းသာတယ္။
★ မလုပ္ခ်င္ဘူးဆိုရင္ စိတ္ထဲမွာ secure မျဖစ္လို့။ ငါေၾကာင့္ျဖစ္တာ ငါက လုပ္တာ၊ ငါေတြ မ်ားေနတဲ့အခါက်ေတာ့ တျခားလူရဲ့ အခန္းက႑ acknowlege လုပ္ဖို့ ခဲယဥ္းသြားတယ္။ ဒါ “ကတညဳတာ” ေက်းဇူးသိတတ္ဖို့။
★ ေနာက္တစ္ခုက “ခႏၲီ စ” အဲဒီဟာေတြရွိၿပီဆိုရင္ သူက tolerance ျဖစ္တယ္။ ဆိုလိုတာက ကိုယ့္ရဲ့ emotion ကို ကိုယ္က သူတို့ေျပာစကား ဒီထဲ(Harbard Business Review : Empathy) မွာေျပာတဲ့ စကားလုံးတစ္ခုကေတာ့ We can suspend our judgement.
★ တခါတခါ ဘုန္းဘုန္းတို့က judging လုပ္တာ အရမ္းျမန္တယ္။ ကေလးေတြ ကိုယ့္တပည့္ေတြ ျပန္ judge လုပ္တာ၊ ကိုယ့္သားသမီးကို ျပန္ judge လုပ္တာ၊ ဘယ္လိုျဖစ္တယ္ ေကာင္းတယ္မေကာင္းဘူးဆို အဲဒီလိုေျပာတာ အရမ္းျမန္တယ္။ ခႏၲီတရားရွိတဲ့ပုဂၢိဳလ္က်ေတာ့ အဲဒီဟာ control ရတယ္။ စိတ္ပိုတည္ၿငိမ္တယ္။
★ “ေသာဝစႆတာ” ဒီဟာေလး အေရးႀကီးတယ္၊ “ေသာဝစႆတာ” ဆိုတာ သူက dialog ေကာင္းတာကိုေျပာတာ။ အေနာက္တိုင္းမွာ နာမည္ႀကီးတဲ့ ဇင္ ဆရာေတာ္တစ္ပါးကေတာ့ ဘယ္လိုေျပာတုန္းဆို deep listening အခ်င္းခ်င္းနားေထာင္တာ။
★ တခါတခါ ကိုယ့္စိတ္ထဲမွာ ျဖစ္ေပၚေနတဲ့အရာေတြ ကိုယ္ျပန္ၿပီးေတာ့ နားေထာင္တာ။ သမာသမတ္ျဖစ္ေအာင္ နားေထာင္တာ။ ကိုယ့္ရဲ့မိသားစု အထူးသျဖင့္ ကိုယ့္ရဲ့သာသမီး သူတို့ရဲ့စိတ္ထဲမွာ ျဖစ္ေပၚေနတဲ့ဟာကို ကိုယ္က နားေထာင္ေပးမယ္။
★ ဒီစာအုပ္ႏွစ္ခု (Brave Parenting and The WholeBrain Child) အဲဒီဟာေတြ emphasize လုပ္ထားတယ္။ ေနာက္တစ္ခုရွိေသးတယ္ ဒါကေတာ့ ၾကာပါၿပီး သိၿပီးသားျဖစ္ပါလိမ့္မယ္ nonviolent communication ဒါကလည္း listening အရမ္းကိုအားေပးတယ္။
★ နားေထာင္တယ္ဆိုတဲ့ေနရာမွာ ဘာမွ မေျပာဘဲနဲ႔ ဒီလို တိတ္တဆိတ္ နားေထာင္တာကို နားေထာင္ေကာင္းလို့ မဆိုပါဘူး။ စိတ္ဝင္တစားနဲ႔နားေထာင္ၿပီးေတာ့ လိုအပ္ရင္ ေမးခြန္းျပန္ေမးတယ္။ အဲဒီ ေမးခြန္းက ေျပာတဲ့လူ reflective ပုံစံမ်ိဳးျဖစ္ေအာင္ ေမးေပးနိုင္တယ္။ စိတ္ဝင္စားမွုျပတယ္ ဒါမ်ိဳးေတြ။
★ ဆိုလိုတာက ေျပာေနတဲ့လူရဲ့ စိတ္ထဲက ခံစားခ်က္ကို နားလည္ေအာင္ တက္တက္ႂကြႂကြ ႀကိဳးစားတယ္။ အဲဒီလို “ေသာဝစႆတာ” ရွိတဲ့အခါၾကမွ “ကာေလန ဓမၼာသာကစၧာ” ဓမၼာသာကစၧာ dialog ရွိနိုင္တယ္။ မိဘနဲ႔သားသမီး dialog ရွိနိုင္တယ္။ ေဆြးေႏြးမွုဆိုတာရွိတယ္။
★ တခ်ိဳ့မိဘက ေဆြးေႏြးမခံဘူး။ လုံးဝေဆြးေႏြးမခံဘူး။ ငါက မိဘ၊ ငါ အေဖ၊ ငါက အေမ နင္တို့လာမေျပာနဲံ ငရဲႀကီးမယ္ဆိုၿပီးေတာ့ သူက ကေလးက မိဘကို ျပန္ဆဲတဲ့အခါမွာ ငရဲႀကီးရင္ႀကီးလိမ့္မယ္ ဒါေပမဲ့ တစ္ခုခုျပန္ေမးတာ၊ နားမလည္လို့ ျပန္ေမးတာ မျဖစ္နိုင္ဘူးထင္လို့ ျပန္ေမးတာ အဲဒါေတြက ငရဲမႀကီးပါဘူး။
★ ေနရာတိုင္းမွာ ငရဲႀကီးတယ္ဆိုၿပီးေတာ့ ကေလးကို ပိတ္ထားလိုက္ရင္ communication channel ပိတ္သြားတယ္။ ဒါေၾကာင့္ “ကာေလန ဓမၼာသာကစၧာ” အရမ္းအေရးႀကီးတယ္။
★ ဘုန္းဘုန္းတို့ ျမန္မာယဥ္ေက်းမွုထဲမွာ ဒီမဂၤလာတရား သိပ္ၿပီးေတာ့ မထည့္ျဖစ္ဘူး။ အတန္ေက်ာင္းမွာ အရမ္းကို အဆင့္ျမင့္တဲ့ တကၠသိုလ္ေတြအထိ ဒီဟာ ဘုန္းဘုန္းတို့ သိပ္မထည့္ျဖစ္ဘူး။ တကၠသိုလ္ ေလးဆယ္ေက်ာ္ workshop ေတြ လုပ္ဖူးပါတယ္။
★ ေက်ာင္းသားေတြကို ေမးဖို့ encourage လုပ္တဲ့အခါမွာ တခ်ိဳ့ဆရာေတြက ေၾကာက္စိတ္ဝင္တယ္။ ေက်ာင္းသားေမးတဲ့အခါမွာ ဆရာေတြက ေၾကာက္စိတ္ဝင္တယ္။ ေဆးေက်ာင္းတစ္ခုမွာဆိုရင္ ေက်ာင္းသားေမးၿပီးတဲ့ေနာက္ပိုင္းမွာ ဘုန္းဘုန္းကို ေမးၿပီးတဲ့ေနာက္ပိုင္းမွာ ဆရာကဘုန္းဘုန္း မေျဖခင္မွာ ဝင္ၿပီးေတာ့ေျပာတယ္။
★ “မင္းက အဲဒီေမးခြန္း ဆရာေတာ္ကိုေမးရမွာ မဟုတ္ဘူး၊ ငါ့ ေမးရမွာ” ကေလးက လန႔္သြားတာေပ့ါ။ ဘုန္းႀကီးေက်ာင္းမွာ တခ်ိဳ့ဘုန္းႀကီးေက်ာင္းမွာ ကိုရင္ေလးေတြ နားမလည္လို့ တခ်ိဳ့ကိုရင္ေလးေတြ သတၱိရွိတယ္။ သတၱိနဲ႔ စာခ်ဘုန္းႀကီးကို ျပန္ေမးတဲ့အခါမွာ စာခ်ဘုန္းႀကီးက မႀကိဳက္ဘူး။ ဘာလို့တုန္းဆို အဲဒီကိုရင္ေလးကို ဒဏ္ေပးတာ အဲဒီစာသင္ခန္းထဲမွာ ထိုင္ထလုပ္ခိုင္းတာတို့ အတန္းၿပီးသည္အထိ ရပ္ခိုင္းတာတို့ အဲဒါမ်ိဳးေတြ လုပ္တာ။
★ ဗုဒၶျမတ္စြာဘုရားက ‘ဓမၼာသာကစၧာ” ေဆြးေႏြးရမယ္၊ သူ႔အျမင္ ကိုယ့္အျမင္ေဆြးေႏြးရမယ္ဆိုတဲ့ဟာ ဒီဟာႀကီးက လုပ္ရတာ အရမ္းခက္တယ္။ ဘာလို့ခက္တာတုန္း ဘုန္းဘုန္းတို့က စိတ္ထဲမွာ secure မျဖစ္လို့ စိတ္ထဲမွာ လုံလုံျခဳံျခဳံမျဖစ္လို့။
★ သိခ်င္လို့ေမးတဲ့ဟာကို ငါ့ စိန္ေခၚတယ္ဆိုၿပီးေတာ့ ကိုယ္က သြားၿပီးေတာ့ judge လုပ္လိုက္တာ။ အဲဒီလိုလုပ္လိုက္တဲ့အခါက်ေတာ့ ကိုယ့္ကို ေမးတဲ့လူတိုင္းကို ရန္သူလို့ထင္သြားတာ။ “ငါ့ကို ေစာ္ကားတယ္” အဲဒါမ်ိဳးေတြ သြားျမင္တယ္။
★ အဲဒီအျမင္သာမရွိဘူးဆိုရင္ ကိုယ့္ကိုလာေမးတဲ့ဟာ ျပႆနာမဟုတ္ပါဘူး။ သူေမးတဲ့ဟာက ျပႆနာမဟုတ္ဘူး။ သူေမးတဲ့ဟာကို ျမင္တဲ့ကိုယ့္အျမင္က ျပႆနာျဖစ္နိုင္တာ။
ဆက္လက္ေဖာ္ျပပါမည္။
ေက်းဇူးေတာ္ရွင္ေအာက္စဖို့ဒ္ဆရာေတာ္
ပါေမာကၡ ေဒါက္တာအရွင္ဓမၼသာမိ
🙏🙏🙏
(၃၁.၁၀.၂၀၂၀) ရွမ္းျပည္နယ္ဗုဒၶတကၠသိုလ္တြင္ Myanmar Parenting မိသားစုမ်ားအတြက္ ေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္မွ “Parenting အေၾကာင္း” ကို ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။
မိဘနဲ႔သားသမီ အျမဲတမ္း ေဆြးေႏြညႇိုႏွိုင္း ရမယ္
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Parenting အေၾကာင္း - အပိုင္း(၇) - ေနာက္ဆုံးပိုင္း
★ ဒါေၾကာင့္အခ်ိန္လည္း ၾကာသြားၿပီ၊ ဘုန္းဘုန္း ဒီစာအုပ္ေလးေတြ ျပန္ၿပီးေတာ့ ေျပာျပအုန္းမယ္၊ ဒီ The WholeBrain Child စာအုပ္ကို ဆရာႀကီးတစ္ေယာက္နဲ႔ ဆရာမႀကီးတစ္ေယာက္ေရးပါတယ္။
★ ဆရာႀကီးကေတာ့ Daniel J. Siegel ဟားဗဒ္ထြက္ ဆရာဝန္ႀကီးပါ UCLA ေဆးေက်ာင္းမွာ အလုပ္လုပ္ပါတယ္။ သူက သတိပ႒ာန္ကို ပညာေရးထဲမွာေရာ ေနာက္ၿပီးေတာ့ ကေလးေတြအတြက္ေရာ အသုံးျပဳတဲ့ေနရာမွာ လမ္းညႊန္ေနတဲ့ သူတစ္ေယာက္ပါ။ YouTube ေတြထဲမွာ သူရဲ့ lecture ေတြ အမ်ားႀကီးရွိတယ္။ ဒီဆရာမ Dr.Tina Payne Bryson သူရဲ့ lecture ေတြလည္းပဲ ရွိတယ္။
★ ဒီစာအုပ္(BRAVE PARENTING. A Buddhist-Inspired Guide to Raising Emotionally Resilient Children) ဗုဒၶဘာသာရဲ့ အေတြးအခၚနဲ႔ Parenting experience ကို ေရးထားတာ၊ ႏွစ္ခုစလုံးေကာင္းပါတယ္။
★ မိဘနဲ႔သားသမီးက အျမဲတမ္း negotiate လုပ္ရတယ္ဆိုတာ ဘုန္းဘုန္းေနာက္ဆုံးေျပာၿပီးေတာ့ အက်ဥ္းခ်ဳပ္မယ္။ ဘုရားျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာ ျမတ္စြာဘုရားကို ခမည္းေတာ္ သုေဒၶါဓနမင္းႀကီးက ျပန္ၿပီးေတာ့ ပင့္ပါတယ္။
★ ျပည္ေတာ္ျပန္ခရီးဆိုၿပီး ဆရာေတာ္ႀကီးေတြ ေရးထားတဲ့စာအုပ္ေတြ အရမ္းေကာင္းပါတယ္။ ခ်မ္းေျမ့ဆရာေတာ္ႀကီးတို့ သီတဂူဆရာေတာ္ႀကီး တရားေတြတို့ ေတာ္ေတာ္ေကာင္းပါတယ္။ အဲဒီထဲမွာ incident တစ္ခု ဘုန္းဘုန္းက ေထာက္ျပခ်င္တယ္။
★ နန္းေတာ္ထဲမွာ ဘုရင္ status နဲ႔ ေနာက္ၿပီးေတာ့ ျပန္လာတဲ့ ျမတ္စြာဘုရားကလည္း သူရဲ့တိုင္းျပည္မွာ သူက အိမ္ေရွ႕မင္းသားဆိုေတာ့ သူ႔ရဲ့ status နဲ႔ တန္ေအာင္ က်က်နန ခ်က္ထားတာ ျပင္ဆင္ထားတာ စားစရာေသာက္စရာေတြ၊ ဆြမ္းဟင္းေတြ။
★ ဒါေပမဲ့ တရားဝင္မပင့္ဘူးေလ ဆြမ္းလာဘုဥ္းပါဆိုၿပီး မပင့္ဘူး၊ နန္းတြင္းလူေတြ တစ္ေယာက္မွ မပင့္ဘူး။ အဲဒါေၾကာင့္ ျမတ္စြာဘုရား ဘာလုပ္တုန္း သပိတ္နဲ႔ ဆြမ္းခံႂကြတယ္၊ ဆြမ္းခံႂကြၿပီးေတာ့ သစ္ပင္တစ္ပင္ေအာက္မွာ ဆြမ္းဘုဥ္းတာ အဲဒါကို အေဖက လုံးဝလက္မခံဘူး။
★ ခမည္းေတာ္ လုံးဝလက္မခံနိုင္ဘူး၊ ဒါေပမဲ့ သားကလည္းပဲ သူလုပ္ရမယ့္ဟာ ဒါ အမွတ္ပဲ။ သူ႔လုပ္ရပ္ကမွန္တယ္ဆိုၿပီး သားေတာ္ျဖစ္တဲ့ ျမတ္စြာဘုရားကလည္းပဲ မွန္တယ္။ အဲဒီေနရာမွာ ဒါ ခမည္းေတာ္ဆိုလည္း မၾကာခင္ အရိယာျဖစ္ေတာ့မယ္ ပုဂၢိဳလ္၊ သားေတာ္ကလည္း ဒီမွာ ဘုရားျဖစ္ေနၿပီ၊ အဲဒီအခ်ိန္မွာေတာင္ပဲ နားမလည္တာ ရွိေသးတယ္။
★ စကားေျပာရတာ negotiate လုပ္ရတာ၊ တစ္ေယာက္ရွုေထာင့္ကို တစ္ေယာက္ ထိုင္ၿပီးေတာ့ နားေထာင္ရတာ ရွိေသးတယ္။ တစ္ေယာက္ရဲ့ ရွုေထာင့္ကိုတစ္ေယာက္ ထိုင္ၿပီးေတာ့ ေျပာတဲ့အခါက်ေတာ့ ျမတ္စြာဘုရားကလည္း ခမည္းေတာ္ရဲ့ စိတ္ပ်က္တာကို နားလည္တယ္။
★ ခမည္းေတာ္က သံဃာေတြအေၾကာင္း မသိေသးဘူး၊ သားေတာ္ ေျပာင္းလဲသြားတယ္ဆိုတာ မသိေသးဘူး။ ဒါေၾကာင့္ ဒါေလးကေတာ့ ရွင္းျပမယ္။ သြားရွင္းျပတယ္။ ဒီဟာဆြမ္းသြားခံစားၿပီးေတာ့ လမ္းေဘးမွာ ဘုဥ္းတဲ့ဟာ သစ္ပင္ေအာက္မွာ ဘုဥ္းတဲ့ဟာ ဒီဟာက နိမ့္က်တဲ့အလုပ္မဟုတ္ပါဘူး။
★ အဲ့ဒီလိုအျမင္ျဖစ္တဲ့အခါက်မွ စိတ္ဒုကၡေရာက္တာ၊ အဲဒီအျမင္မရွိဘူးဆိုရင္ ဒုကၡမေရာက္ဘူး။ ဒီခႏၶာကိုယ္ ေစာင့္ေရွာက္ဖို့အတြက္ အာဟာရက အမ်ားႀကီးမလိုအပ္ဘူး။ အဲဒီေတာ့ သားနဲ႔အေဖနဲ႔ စကားေျပာတဲ့အခါက်ေတာ့ အဆင္ေျပသြားေရာ။
★ ဆိုလိုတာက အဲဒီေလာက္ထိ အဆင့္ျမင့္တဲ့ပုဂၢိဳလ္ေတြေတာင္မွ သားနဲ႔အဖ They could not take anything for granted. ဟုတ္တယ္မို့လား။ ေပါ့ေပါ့ထားလို့မရဘူး၊ “ငါ့အေဖက ငါ့ကို အကုန္လုံး နားလည္ပါတယ္” “ငါ့သား ငါ့ကို အကုန္နားလည္ပါတယ္” ဒီလိုပုံစံမ်ိဳး တစ္ထစ္ခ် ေပါ့ေပါ့လုပ္လို့မရဘူး။
★ တစ္ပါးက သဗၺညဳတဉာဏ္ေတာ္ရွင္ ဘုရားျဖစ္ေနၿပီ၊ ခမည္းေတာ္ႀကီးကလည္း မၾကာခင္ အရိယာျဖစ္ေတာ့မယ္၊ နာရီပိုင္းပဲလိုေတာ့တယ္။ အဲဒီမွာေတာင္မွ မိဘနဲ႔သားသမီး negotiate လုပ္ရတယ္။ သူလိုခ်င္တဲ့ဟာ သူ႔အျမင္ ကိုယ့္အျမင္။
★ အဲဒါေၾကာင့္ မိဘေတြအေနနဲ႔ “ငါ သိထားတာ အကုန္သိထားၿပီ” ဆိုၿပီး အဲဒီလို တံခါးပိတ္မထားပါနဲ႔လို့ ဘုန္းဘုန္းက ေျပာခ်င္တယ္။ Not to take anything for granted but to retain something curiosity. ဒီစိတ္ဝင္စားတဲံဟာ အဲဒီဟာ ကိုယ့္အတြက္ေရာ ကိုယ့္သားသမီးေတြ သူမ်ားသားသမီးေတြအတြက္ေရာ၊ ကိုယ့္သားသမီးတင္မကပါဘူး ေနာင္က်ရင္လည္း ကိုယ့္ေျမးေတြအတြက္ပါ အဲဒါေတြပါ ေတြးထားရမွာေပါ့။
★ အဲဒီေတာ့ ဒီထဲမွာ River လို့ ေရးထားတယ္၊ ျမစ္ေရယာဥ္လို အျမဲတမ္း စီးဆင္းေနတာ။ စီးဆင္းေနတဲ့အခါက်ေတာ့ parenting skill က ေျပာင္းလဲေနတယ္လို့ ေျပာခ်င္တာ။ အျမဲတမ္းေျပာင္းလဲေနတယ္ ေျပာခ်င္တာ။
★ ေျပာင္းလဲမွုနဲ႔ မဆန႔္က်င္ဘဲနဲ႔ ေနတတ္တဲ့ skill ကို အလယ္အလတ္လမ္းစဥ္လို့လည္းေခၚတယ္၊ တခါတခါက် မဂၢင္ရွစ္ပါးလို့လည္း ေခၚတယ္။ မဂၢင္ရွစ္ပါးထဲမွာ “သမၼာဒိ႒ိ” ဆိုတာက ေနရာတိုင္းမွ ျပႆနာရွိနိုင္တယ္၊ ဒီျပႆနာေတြဟာ universal ျဖစ္တယ္၊ အဲဒီယူဆတာကို သမၼာဒိ႒ိလို့ေခၚတယ္။
★ “သမၼာသကၤပၸ” ဆိုတာက အဲဒီလို ျမင္ထားတဲ့အတိုင္း ျပႆနာနဲ႔ေတြ႕ၾကဳံတဲ့အခါမွာ ကိုယ့္ emotion က resilience ျဖစ္ေအာင္ ေမတၱာနဲ႔က႐ုဏာနဲ႔ ကိုယ့္ရဲ့ emotion ကို training လုပ္ထားတာကို သမၼာသကၤပၸေခၚတယ္။ ရွစ္ပါးထဲမွာ ႏွစ္ပါးေလာက္ပဲေျပာမယ္။
★ အေရးႀကီးတဲ့ဟာေတာ့ nonviolent - ၾကမ္းၾကမ္းတမ္းတမ္း မလုပ္ဖို့၊ ကိုယ့္ကိုယ္ကိုယ္လည္း ၾကမ္းၾကမ္းတမ္းတမ္းမလုပ္ဖို့ သားသမီးလည္း ၾကမ္းၾကမ္းတမ္းတမ္း မလုပ္ဖို့ ေျပာဖို့ အလ်င္စလိုသြားၿပီးေတာ့ judge မလုပ္ဖို့ အဲဒါေတြ အေရးႀကီးပါတယ္။
★ ေနာက္ကိုယ့္ရဲ့ emotion ကိုလည္း ကိုယ္ take care လုပ္ဖို့ သိပ္အေရးႀကီးပါတယ္။ အဲဒါေတြ လုပ္တယ္ဆိုရင္ေတာ့ ေမၽွာ္မွန္းထားတဲ့အတိုင္း အေကာင္းဆုံး မိဘေတြျဖစ္နိုင္တယ္။ ျဖစ္နိုင္တယ္ဆိုတာကို ဗုဒၶျမတ္စြာဘုရားက လူသားေတြဟာ သူတို့ရဲ့ကံၾကမၼာကို သူတို့လက္ထဲ ထည့္နိုင္တဲ့စြမ္းရည္ရွိတယ္။
★ သူတို့မျမင္ရတဲ့ နတ္ဘုရားေတြ ဘယ္သူ႔ကို ဆရာတင္ဖို့မလိုဘူး။ “အတၱာဟိ အတၱေနာ နာေထာ” အဲဒီလို ဗုဒၶျမတ္စြာဘုရားက လမ္းညႊန္ေပးထားတာ။ ကိုယ္ေတာ္တိုင္ကလည္းပဲ သူ႔ရဲ့သား ရာဟုလာကို ဆုံးမတဲ့အခါမွာ သူကိုယ္တိုင္လည္း ဆုံးမပါတယ္၊ သြန္သင္ေပးပါတယ္။ ၿပီးေတာ့အျပင္က အကူအညီလည္း ယူတယ္။
★ အဲဒါေတာ့ အရွင္သာရိပုတၱရာကို ဥပဇၩာယ္လုပ္ခိုင္းလိုက္တယ္ သြန္သင္ဆုံးမခိုင္းတယ္၊ share responsibility ေတြလုပ္တယ္ေပါ့။ ဒီေန႔ ဘုန္းဘုန္းေျပာခ်င္တာေတာ့ ဒါေလးပါပဲ။
အားလုံးက်န္းမာခ်မ္းသာၾကပါေစ။
သာဓု၊ သာဓု၊ သာဓု။
ေက်းဇူးေတာ္ရွင္ေအာက္စဖို့ဒ္ဆရာေတာ္
ပါေမာကၡ ေဒါက္တာအရွင္ဓမၼသာမိ🙏🙏🙏
(၃၁.၁၀.၂၀၂၀) ရွမ္းျပည္နယ္ဗုဒၶတကၠသိုလ္တြင္ Myanmar Parenting မိသားစုမ်ားအတြက္ ေဟာၾကားေတာ္မူခဲ့ေသာ တရားေတာ္မွ “Parenting အေၾကာင္း” ကို ေကာက္ႏုတ္ေရးသားပူေဇာ္ပါသည္။
*** ဆရာေတာ္ရဲ႕ ေဟာတရားကိုစာျပန္စီထားျခင္းေၾကာင့္ ပါဠိစာလံုးနဲ႔ စာအက်အေပါက္အမွားအယြင္းရွိပါက သည္းခံေပးပါရန္။
No comments:
Post a Comment