Tuesday, December 1, 2020

ဂျိမ်းစ်ဂျွိုက်စ် (၁၈၈၂-၁၉၄၁)

  ဂျိမ်းစ်ဂျွိုက်စ်  (၁၈၈၂-၁၉၄၁) 


-------------------


ဒေါက်တာအောင်ကြီး




“Shut your eyes and see.” - James Joyce, Ulysses



ထူးထူးကဲကဲဂုဏ်ပြုခြင်း




စာရေးဆရာ၊ ကဗျာစာဆိုတွေကို စာဖတ်သူတွေက ဘယ်လို ဂုဏ်ပြုကြသလဲ။ စာဆိုဗိမာန်တည်မည်။ သူ့ စာတွေအကြောင်း ကျမ်းပြုမည်။ ဋီကာရေးမည်။ သူ့ မွေးနေ့ နှစ်ပတ်လည်မှာ သူ့ဘဝ၊ သူ့စာအကြောင်း ဟောကြပြောကြမည်။ ပြီးတော့ အမှတ်တရစာအုပ် ထုတ်မည်။ သူ့ရဲ့ ရာပြည့်မွေးနေ့ပွဲ ကျင်းပမည်။




စာရေးဆရာတစ်ဦးကတော့ အများသူငါနှင့်မတူ ထူးထူးကဲကဲ ဂုဏ်ပြုခြင်းခံရသည်။ သူကတော့ အိုင်ယာလန်စာရေးဆရာ ဂျိမ်းစ်ဂျွိုက်စ်။ သူ၏ အကောင်းဆုံးလက်ရာဖြစ်သည့် ယူးလီဆီးစ် (Ulysses) (၁၉၂၂) ထဲက အဓိကဇာတ်ကောင် လီယိုပိုးဘလွန်းကို အစွဲပြုပြီး ဘလွန်းနေ့ရယ်လို့ ရက်တစ်ရက် သတ်သတ်မှတ်မှတ်ထားပြီး ဂုဏ်ပြုခံရတာ။ နှစ်စဉ်နှစ်တိုင်း ဒဗ္ဗလင်သားတွေရော၊ ကမ္ဘာအနှံ့က ဂျိမ်းစ်ဂျွိုက်ချစ်သူတွေရော ဇွန်လ ၁၆ ရက်နေ့ကို Bloomsday အဖြစ် ဆင်နွှဲကြတာ။




ဘာ့ကြောင့် ဇွန်လ ၁၆ ရက်ကို ရွေးချယ်ခဲ့ပါလိမ့်။ ယူးလီဆီးစ်ဝတ္ထုက ဘလွန်းနှင့် စတီဖင်ဒဲဒလပ်စ်တို့ ၁၉၀၄ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တစ်နေ့တာလုံး ဒဗ္ဗလင်အနှံ့လျှောက်သွားရင်း သူတို့တွေ့ရမြင်ရ ကြုံရ လင်းပွင့်ရတာတွေကို သရုပ်ဖော်ထားတဲ့ဝတ္ထု။ သိစိတ်အလျဉ်ရေးနည်း၊ ဇာတ်ကောင်ရဲ့စိတ်အတွင်း ဖြတ်စီးသွားတဲ့ အတွေးအလျဉ်ကို ပုံဖော်ရေးနည်းစတဲ့ ဘာသာစကား စမ်းသပ်မှုတွေလုပ်ထားတဲ့ ဝတ္ထု။ ဝတ္ထုတစ်အုပ်လုံးက တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှကို ခြယ်မှုန်းထားခြင်း။ ဒါ့ကြောင့် ဇွန်လ ၁၆ ရက်ကို သူတို့ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသတဲ့။ စာပေသမိုင်းတလျှောက်လုံး ဒီလိုဂုဏ်ပြုခံရတာမျိုး ဘယ်စာရေးဆရာများ ရခဲ့ဖူးပါသလဲခင်ဗျာ။




ရုပ်ပုံလွှာ




ဂျိမ်းစ်ဂျွိုက်စ်၏ ပုဂ္ဂလဘဝကို ဖွဲ့နွဲ့ထားတဲ့စာတွေထဲ ယူးလီဆီးစ်ကို ပထမဆုံးထုတ်ဝေပေးခဲ့တဲ့ အမေရိကန်သူ ဆီးလ်ဗီယာဘိချ် (Sylvia Beach) ရေးထားတာ လွမ်းစရာကောင်းသည်။ ဘိချ်က ၁၉၁၉ ခုနှစ် ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ "ရှိတ်စပီးယားနှင့် အပေါင်းအပါများ" (Shakespeare and Company) အမည်နှင့် စာအုပ်ဆိုင်ဖွင့်သည်။ ဖွင့်ပြီးမကြာခင်မှာပဲ သူ့စာအုပ်ဆိုင်က စာရေးဆရာတွေ၊ စာပေသမားတွေ စက်ကျရာ၊ ကွန်းခိုရာ ဖြစ်လာသည်။ ၁၉၂၀ခုနှစ် ပါရီက စာပေမိတ်ဆွေတွေရဲ့အိမ်ပွဲတစ်ခုမှာ ဂျွိုက်စ်ကို သူမ စတွေ့ဖူးသည်။




 'ဒါ နာမည်ကျော် ဂျိမ်းစ်ဂျွိုက်စ်လား' ဟု ကျွန်မ တုန်တုန်ယင်ယင် မေးမိသည်။


'ဂျိမ်းစ်ဂျွိုက်စ်ပါ' သူက ဖြေသည်။




အရပ်က အနေတော်။ ပိန်ပိန်။ ခါးနည်းနည်းကိုင်းသည်။ ခံ့ညားသည်။ သူ့လက်တွေကို သတိမပြုဘဲ မနေနိုင်။ လက်ချောင်းတွေက သွယ်သွယ်လေးတွေ။ ဘယ်လက်ချောင်းမှာ ကျောက်စီလက်စွပ်ခပ်ထူထူ ဝတ်ထားသည်။ မျက်လုံးတွေက ပြာလဲ့နေသည်။ အသိဉာဏ်နှင့် လင်းလက်နေသည့် သူ့မျက်လုံးတွေက အလွန်ကြည့်ကောင်းသည်။ ညာဘက်မျက်လုံးက တစ်ခုခု ထူးခြားနေသလိုလို။ ညာဘက် မျက်မှန်သားက ဘယ်ဘက်ထက် ပိုထူနေတာ သတိထားမိသည်။ ဆံပင်က ထူထူ။ နီဝါဝါ။ လှိုင်းထနေ။ အရေးအကြောင်းထူထူနဖူးကျယ်ကျယ်ကနေ ဆံပင်ကို နောက်လှန်ဖီးထားသည်။




သူ့ အာရုံထက်မြက်မှုက ကျွန်မတွေ့ဖူးသမျှလူတွေထဲ လက်ဖျားခါလောက်သည်။ အသားရောင်   လတ်လတ်။ မျက်နှာမှာ မှဲ့ခြောက်နည်းနည်းရှိ။ နီရောင်သမ်းနေ။ မေးစေ့မှာ မုတ်ဆိတ်မွေးတိုနံ့နံ့။ နှာတံပေါ်ပေါ်။ နှုတ်ခမ်းပါးပါး၊ ပိပိပြားပြား။ ငယ်တုန်းက တော်တော်ချောမယ့်သူဟု ကျွန်မ တွေးမိသည်။"




သူစကားပြောတဲ့အခါ အိုင်းရစ်လေသံပေါက်တာကလွဲလို့ ရှင်းရှင်းလင်းလင်းရှိသည်။ ဘိချ်က သို့ကလို အမှတ်ရသည်။




"သူပြောတဲ့စကားက ရိုးရိုးပဲ။ စကားလုံးတွေ၊ အသံတွေကို ဂရုစိုက်တာ ကျွန်မ သတိပြုမိတယ်။ ဘာသာစကားကို ခုံမင်ချစ်ခင်တာရော၊ နားကောင်းတာရောကြောင့် ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းများစွာ အင်္ဂလိပ်စာသင်တဲ့ ဆရာလုပ်ခဲ့တာလည်း ပါမယ်။"




"ကျွန်မတို့ စကားဆက်ပြောကြတယ်။ ဂျွိုက်စ်က အလွန်ရိုးရှင်းတယ်။ ကျွန်မတို့ခေတ်ရဲ့ အကြီးကျယ်ဆုံး စာရေးဆရာကြီးတစ်ယောက်ရဲ့ ရှေ့မှောက်မှာရောက်နေလို့ စိတ်လှုပ်ရှားရပေမယ့် သူနဲ့ပြောရဆိုရတာ သက်သောင့်သက်သာဖြစ်တယ်။ ဒီ ပထမဆုံးအကြိမ် တွေ့ရတာရော၊ နောက်နောင် တွေ့ရတာရောပဲ။ သူနဲ့ဆုံတိုင်း သူဉာဏ်ကြီးတာကို အမြဲသတိတရရှိတဲ့ကြားထဲကပဲ သူနဲ့ စကားပြောရတာ သိပ်အဆင်ပြေတယ်။ သူနဲ့ပြောရတာလောက် အဆင်ပြေတာမျိုး ကျွန်မတစ်ခါမှ မကြုံဖူးဘူး။"




သူနှင့်ဘာသာစကား




"သူ့မှာ သင်ကြားရေးအတွေ့အကြုံတွေ အများကြီးရှိကြောင်း ဂျွိုက်စ်ကပြောသည်။ အီတလီနိုင်ငံ ထရီအက်စ်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာနေစဉ်က သူကျောင်းဆရာ လုပ်ဖူးသည်။ ကျူရှင်ပြဖူးသည်။




'ဘယ်ဘာသာစကားတွေ သင်ပေးတာလဲ' ဟုမေးတော့ 'အင်္ဂလိပ်စာပါ' ဟုဖြေသည်။


'ဤအရာသည် စားပွဲဖြစ်ပါသည်။ ဤအရာသည် ဖောင်တိန်ဖြစ်ပါသည် စသဖြင့်ပေါ့။ ဂျာမန်ရော၊ လက်တင်ရောပဲ။ ပြင်သစ်တောင် ပါသေးတယ်။'




'ဂရိရော ပါသေးလား' ဟု ကျွန်မက မေးလိုက်သည်။ ရှေးဟောင်းဂရိဘာသာစကားတော့ သူမတတ်ပါတဲ့။ ခေတ်သုံးဂရိစကားတော့ သူကောင်းကောင်းပြောနိုင်သည်။ ထရီအက်စ်မှာနေတုန်းက ဂရိသင်္ဘောသားတွေဆီက ရခဲ့တာ။


ဘာသာစကားတွေထဲ စူးဝင်မှုက ဂျွိုက်စ်အနှစ်သက်ဆုံး ဝါသနာဖြစ်မည်။ ဘာသာစကား ဘယ်နှမျိုးလောက် တတ်သလဲဟု ကျွန်မ သူ့ကိုမေးကြည့်သည်။ ကျွန်မတို့ ရေတွက်ကြည့်တော့ အနည်းဆုံး ၉ မျိုးခန့်ရှိသည်။ အင်္ဂလိပ်ဘာသာစကားအပြင် သူက အီတလီလို၊ ပြင်သစ်လို၊ ဂျာမန်လို၊ ဂရိလို၊ စပိန်လို၊ ဒတ်ချ်လို ပြောနိုင်သည်။ စကင်ဒီနေးဗီးယား ဘာသာစကား သုံးမျိုး တတ်သည်။ နော်ဝေ စာရေးဆရာကြီးအစ်ဘ်ဆင်ရဲ့ စာတွေဖတ်ချင်လို့ နော်ဝေဘာသာစကား သူသင်သည်။ နောက်တော့ ဆွီဒင်နှင့် ဒိန်းမတ်ဘာသာစကားတွေ ဆက်သင်သည်။ ဂျူးဘာသာစကား နှစ်မျိုးလုံး သူပြောတတ်သည်။ တရုတ်နှင့် ဂျပန်ဘာသာ အကြောင်းတော့ သူစကားမစ။ သူငယ်ချင်း အက်ဇရာပေါင်းအတွက် ချန်ခဲ့တာဖြစ်မည်။"




နှစ်လိုဖွယ်ကောင်းသူ 




ဆီးလ်ဗီယာဘိချ်နှင့် ခင်မင်သွားပြီး သူမ၏ "ရှိတ်စပီးယားနှင့် အပေါင်းအပါများ" မှာ သူ မကြာမကြာ လာထိုင်သည်။ ဆိုင်မှာ ဟဲမင်းဝေးလို၊ စကော့ဖစ်ဂျဲရယ်လို လူငယ်စာရေးဆရာတွေနှင့်ဆုံပြီး မိတ်ဆွေဖြစ်သွားသည်။ သူတို့အဖို့ ဂျွိုက်စ်က ဘုရားတစ်ဆူ။ သို့ပေမဲ့ သူတို့တတွေ ဂျွိုက်စ်ကိုဆက်ဆံတဲ့အခါ ရိုသေသမှုထက် ခင်မင်မှုက အလေးသာတာ တွေ့ရသည်။




ဂျွိုက်စ်ကတော့ လူတိုင်းကို တန်းတူရည်တူဆက်ဆံသည်။ စာရေးဆရာဖြစ်ဖြစ်၊ ကလေးသူငယ်ဖြစ်ဖြစ်၊ စားပွဲထိုးဖြစ်ဖြစ်၊ တော်ဝင်မင်းသမီးဖြစ်ဖြစ်၊ အိမ်ဖော်ဖြစ်ဖြစ် သူ့အဖို့တော့ အားလုံးအတူတူ။ သူတို့တတွေ ပြောသမျှဆိုသမျှ သူစိတ်ဝင်စားသည်။ သူ့အနေနှင့် ငြီးငွေ့စရာကောင်းတဲ့လူ မတွေ့ဖူးသေးဘူးဟု ဘိချ်ကိုပြောဖူးသည်။ စာအုပ်ဆိုင်မှာ ဘိချ်အလာကို ထိုင်စောင့်ရင်း ဆိုင်အကူပြောပြတဲ့ပုံပြင်ကို သူစိတ်ဝင်တစား နားထောင်နေတတ်သည်။ ဆိုင်ကို တက္ကစီနှင့်လာတဲ့အခါ ဆိုင်ရှေ့ရောက်သည့်တိုင် ဒရိုင်ဗာပြောတာ ဆုံးအောင်နားထောင်ပြီးမှ ကားပေါ်က ဆင်းသည်။ သူ့ကို လူတိုင်းခင်မင်သည်။ သူ့နှစ်လိုဖွယ်ရှိမှုကို မည်သူမျှ တောင့်မခံနိုင်။




သူစကားပြောတဲ့အခါ မကြာမကြာ အာမေဋိတ်သံ ပြုတတ်သည်။ သို့ပေမဲ့ သုံးတဲ့စကားလုံးတွေက ယဉ်ကျေးသည်။ အဆဲအဆို မပါ။ အကြမ်းပတမ်း မပါ။ သက်ပြင်းချတာ ဝါသနာပါသည်။ သူ့အကြောင်းပြောတဲ့အခါ ရိုးရိုးလေးပြောသည်။ ဖွဲ့တာနွဲ့တာ မရှိ။ နာမဝိသေသန၊ ကြိယာဝိသေသန အပြင်းစားတွေ သုံးလေ့မရှိ။ အဆိုဝါးဆုံးအဖြစ်အပျက်သည်ပင်လျှင် သူ့အတွက်က"စိတ်ပျက်စရာပါပဲ" ဖြစ်သွားသည်။ "သိပ်စိတ်ပျက်စရာကောင်းတာပဲ" အဆင့်ထိ မရောက်။ သူက "အလွန်" တို့ "အရမ်း" တို့ မကြိုက်။ တစ်ခါက "ဘာ့ကြောင့် 'အလွန်လှတယ်' ပြောရတာလဲ။ 'လှတယ်' ဆို တော်ရောပေါ့" ဟု သူပြောနေတာ ဘိချ်ကြားလိုက်ရသည်။ လူတိုင်းအပေါ် သူယဉ်ယဉ်ကျေးကျေး ဆက်ဆံသည်။ အများနှင့် ဆက်ဆံရာတွင် အလွန်အလိုက်သိသည်။




သူ့အိမ်ထောင်ရေး




သူ့ဇနီးလောင်း နိုရာဘာနကယ်ကို ၁၉၀၃ ခုနှစ် သူ ဒဗ္ဗလင်မှာနေစဉ် စတွေ့သည်။ ၁၉၀၄ ခု ဇွန်လ ၁၆ ရက်နေ့မှာ သူတို့နှစ်ဦးသား 'ပထမဆုံးအကြိမ်'  ဒဗ္ဗလင်မြို့ထဲလမ်းလျှောက်ထွက်ခဲ့ကြသည်။ ဒါ့ကြောင့် ယူးလီဆီးစ်ကို အဲဒီနေ့တည်တာ။




ဘိချ်က ဂျွိုက်စ်တို့အိမ် မကြာခဏရောက်သည်။ နိုရာတို့မိသားစုနှင့် ရင်းနှီးသည်။ ဂျွိုက်စ်က စိတ်ကူးယဉ်သလောက် နိုရာက လက်တွေ့ကျသည်။ သူ့ယောက်ျားကို စသည်။ နောက်သည်။ ကလိသည်။ ဗျစ်တောက်ဗျစ်တောက် ဆူသည်။ ဘာမှသုံးစားမရတဲ့လူ ဟုပြောသည်။ သူမ၏ အဆူအပူ အကြိမ်းအမောင်းတွေကို သူသဘောကျသည်။ လူတွေ တလေးတစားလုပ်လွန်းလို့ သူ ငြီးငွေ့နေတာကို နိုရာက ဖြေဆေးပေးလိုက်သလို ဖြစ်သွားသည်။ 




စာအုပ်တွေကို နိုရာသဘောမတွေ့။ ဒါကလည်း ဂျွိုက်စ်အဖို့ သဘောခွေ့စရာ။ ယူးလီဆီးစ်စာအုပ်ကို တစ်ခါမှလှန်မကြည့်ဖူးဘူး ဟုနိုရာက ဘိချ်ကို ပြောဖူးသည်။ တကယ်တော့လည်း ဒီဝတ္ထုကို နိုရာဖတ်စရာ လိုမည်မထင်။ ဒီဝတ္ထုက နိုရာ့ကိုအကြောင်းပြုပြီး ပေါ်လာခဲ့ရတဲ့ ဝတ္ထုလေ။ သူ့ယောက်ျားအကြောင်း နိုရာညည်းပြောလေး ပြောတတ်သည်။ "တချိန်လုံး စာရေးနေတာပဲ။ နားတယ်မရှိဘူး။ မနက်မနိုးတစ်ဝက် နိုးတစ်ဝက်ဖြစ်တာနဲ့ အိပ်ရာဘေး ကြမ်းပေါ်ချထားတဲ့ စာရွက်နဲ့ခဲတံ ကောက်ကိုင်တော့တာ။ ဘယ်အချိန်ဆိုတာ မသိဘူး။ နေ့လယ်စာပြင်နေတဲ့အချိန် သူက ခေါက်ခနဲ ထထွက်သွားချင် သွားတာ။ ဒီလိုလူမျိုးနဲ့နေရတာ ဘယ်အိမ်ဖော် မြဲပါ့မလဲ . . .။ "သူဆူလေ၊ သူ့ယောက်ျားနှင့် ကလေးတွေက ရယ်လေ။




စာရေးဆရာအစား တောင်သူနှင့် ဖြစ်ဖြစ်၊ ဘဏ်လုပ်ငန်းရှင်နှင့် ဖြစ်ဖြစ်၊ ဆိုရစေတော့ အစုတ်ပလုတ်ကောက်တဲ့သူနှင့် ဖြစ်ဖြစ် လက်ထပ်ခဲ့ရမှာဟု နိုရာက ပြောတတ်သည်။ ဒီလိုပြောတဲ့အခါ သူမက နှုတ်ခမ်းကိုတွန့်ပြီး ပြောသည်။ နိုရာဂျွိုက်စ်ကိုရွေးချယ်ခဲ့တာ ဂျွိုက်စ်ကံကောင်းဖို့ပါပဲ။ နိုရာသာ သူ့ဘဝမှာမရှိခဲ့ရင် သူဘာလုပ်နိုင်မလဲ။ နိုရာသာမရှိခဲ့ရင် ယူးလီဆီးစ် ဖြစ်လာပါ့မလား။ နိုရာနှင့်စုံဖက်ရတာ ဂျွိုက်စ်ရတဲ့ ကောင်းကြီးမင်္ဂလာတွေထဲက အကောင်းဆုံး မင်္ဂလာတစ်ပါးဟု ဆိုရမည်။ သူသိတဲ့ စာရေးဆရာတွေထဲ သူတို့ဇနီးမောင်နှံ အိမ်ထောင်ရေးက အပျော်ရွှင်ဆုံးတစ်ခုပဲဟု ဘိချ်က ရေးသည်။




လူထဲကလူ


အနုပညာနှင့်ပတ်သက်၍ သူ့မှာအကြောက်အလန့်မရှိသလောက် တကယ့်လောကကြီးထဲက ဟာတွေကျတော့ သူက ကြောက်နေ လန့်နေပြန်သည်။ မိုးသက်မုန်တိုင်းကျတဲ့အခါ မုန်တိုင်းပြီးတဲ့အထိ သူ့အခန်းထဲ ကုပ်နေတတ်သည်။ သူက အမြင့်ကြောက်သည်။ ပင်လယ်ကြောက်သည်။ ကူးစက်ရောဂါ ကြောက်သည်။




အစွဲကလည်း ကြီးသေးသည်။ သီလရှင်နှစ်ပါးလမ်းပေါ်တွေ့ရင် ဒါ ကံဆိုးတဲ့လက္ခဏာပဲ။ (တခါက သီလရှင်နှစ်ပါးရှိတဲ့လမ်းပေါ်မှာ သူစီးလာတဲ့တက္ကစီနှင့် အခြားတက္ကစီတစ်စင်း တိုက်ဖူးသည်။) နံ      ပါတ်တွေ၊ နေ့တွေမှာ ကံကောင်း၊ ကံဆိုးရှိသည်။ အိမ်ထဲ ထီးဖွင့်မိတာ၊ ခုတင်ပေါ် ယောက်ျားဦးထုပ်တင်ထားမိတာတွေက ကံဆိုးမယ့် နိမိတ်လက္ခဏာတွေ။ ကြောင်မည်းမည်းကျတော့ သူ့အတွက် ကံကောင်းတဲ့ နိမိတ်။ တခါ သူတို့အိမ် ဘိချ်သွားလည်တုန်း နိုရာက သူ့ယောက်ျားလဲလျောင်းနေတဲ့အခန်းထဲ ကြောင်မည်းမည်းတစ်ကောင် ဝင်သွားအောင် ကြိုးစားနေတာတွေ့ရသည်။ ဇနီးသည်ရဲ့လုပ်ရပ် အောင်မြင်/မအောင်မြင်ကို ဂျွိုက်စ်က အခန်းထဲကနေ စိတ်ပူပင်စွာ စောင့်ကြည့်နေသည်။ သူ့နားမှာ ကြောင်တွေရှိတာ သဘောကျသည်။ တခါက သူ့သမီးရဲ့ကြောင်ပေါက်လေးတစ်ကောင် မီးဖိုချောင်ပြတင်းပေါက်ကနေ အောက်ပြုတ်ကျသွားသည်။ သူ့သမီးပြာသလောက် သူလည်း ပြာနေတာတွေ့ရသည်။




ခွေးကိုတော့ သူအလွန်ကြောက်သည်။ ခွေးဆိုရင် သူ့ကိုက်မယ်ချည်း ထင်နေတာ။ သူတို့စာအုပ်ဆိုင် ဂျွိုက်စ်ရောက်လာတိုင်း ဘိချ်က သူ့ခွေးဖြူလေးကို ခပ်မြန်မြန် အပြင်ထုတ်ထားရသည်။ ဟိုးမားရဲ့ယူးလီဆီးစ်ထဲက သြဒီးဆီးယပ်စ်တစ်ယောက် အိမ်ပြန်အရောက် သူ့ရဲ့အချစ်တော်ခွေးအားဂေါ့စ် အပျော်လွန်ပြီး ခေါက်ခနဲ သေသွားတဲ့အကြောင်း အစဖော်ပေးတော့လည်း သူ့ခွေးကြောက်စိတ်က ဘယ့်နှယ်မှမနေ။ 'ဂီးယား' ဟုမြည်တမ်းပြီး ရယ်ပဲရယ်နေသည်။




သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ ကလေးတစ်ကျိပ်လောက်ရချင်တာဟု ပြောဖူးသည်။ သူက အလုပ်ထဲပဲ အစဉ်တစိုက် နှစ်နေသူမဟုတ်။ သူဘယ်လောက် အလုပ်များနေနေ ကလေး နှစ်ယောက်ကို အချိန်ပေးတဲ့ ဖခင်ဖြစ်သည်။ အသံကောင်းတဲ့ သားအတွက် သူဂုဏ်ယူသည်။ ဂျွိုက်စ်မိသားစုအားလုံး အဆိုကောင်းသူတွေ။ အဆိုတော်ဖြစ်ရမည့်အစား စာရေးဆရာဖြစ်ရတာ သူနောင်တရ မဆုံး။ အဆိုတော်လုပ်စားရရင် ဒီ့ထက် အလုပ်ဖြစ်မှာဟု ပြောတတ်သည်။ "ဟုတ်ချင်လည်း ဟုတ်မပေါ့။ ဒါပေမဲ့ စာရေးဆရာအဖြစ်လည်း အောင်မြင်နေတာပဲဟာ" ဟု ဘိချ်က သူ့ကိုတုံ့ပြန်သည်။




ယူးလီဆီးစ်




ယူးလီဆီးစ်ဝတ္ထုကို ၁၉၁၄ ခုမှာ သူ သန္ဓေစတည်သည်။ ၇ နှစ်ကျော်ကျော်ရေးပြီး ၁၉၂၁ အောက်တိုဘာလမှာ အဆုံးသတ်သည်။ သုံးလကြာကြာ ပရုဖ်ဖတ်သည်။ သူ့အသက် ၄၀ ပြည့်မွေးနေ့ (၁၉၂၂ ဖေဖေါ်ဝါရီ ၂ရက်) ရောက်ခါနီးမှ ပရုဖ်ဖတ်တာ ရပ်သည်။




သူ့စာ ပုံနှိပ်ရတဲ့သူတွေခမျာ သနားစရာကောင်းသည်။ သူ့စာအုပ်ကြောင့် သူတို့ပုံမှန် လုပ်နေကျအလုပ်တွေ ခဏခေါက်ထားရသည်။ သို့ပေမဲ့သူတို့က အားတက်သရော ကူကြသည်။ ဂျွိုက်စ် ပရုဖ်ဖတ်တာက စာကျစာန ပြင်တာ၊ အမှားပြင်တာထက် အသစ်ပြန်ရေးတာ ဖြစ်နေသည်။ ယူးလီဆီးစ်ကို တတိယအကြိမ် ပြန်ရေးတာဟု သူကပြောသည်။ စာရွက်ဘေးက ကွက်လပ်နေရာတွေမှာ စာသားအသစ်တွေ ထပ်ဖြည့်သည်။ သူဖြည့်ထားတဲ့စာတွေကို ညွှန်ပြဖို့ရာ ဒုံးပျံတွေ၊ ကြယ်ပွင့်တွေနှင့် တန်ဆာဆင်သည်။ စာပိုဒ်အသစ်တွေ နေရာယူလာတော့ စာမျက်နှာတွေကို ထပ်ခါထပ်ခါ ပြင်ရပြန်သည်။ 




သူ့စာကိုရိုက်ဖို့ စာစီစာရိုက်သူ ရှာရတာကလည်း တစ်ဒုက္ခ။ စာစီစာရိုက် ၉ ယောက် ကျော်သည်အထိ လက်ပြောင်းရတဲ့အခါရှိသည်။ ၈ ယောက်မြောက် စာစီစာရိုက် အမျိုးသမီးဆိုလျှင် သူ့စာရိုက်ရင်း စိတ်ညစ်လွန်း၍ ပြတင်းပေါက်က ခုန်ချဖို့အထိ ဖြစ်သွားသည်။ သူ့လက်ရေးကလည်း တော်ရုံလူဖတ်နိုင်သော လက်ရေးမျိုးမဟုတ်။ နောက်ပြဿနာတစ်ခုက အဖုံးကိစ္စ။ ဂျွိုက်စ်က သူ့စာအုပ်အဖုံးရောင်ကို ဂရိအလံတော်မှာပါတဲ့ အပြာရောင်မျိုး ဖြစ်စေ့ချင်တာ။ အဲဒီ အပြာရောင်စက္ကူ ရှာပုံတော်ဖွင့်ရပုံကလည်း စာတစ်ပုဒ် ဖွဲ့ရလောက်သည်။




ယူးလီဆီးစ် အစအဆုံး ဂျွိုက်စ်က ခဲတံနှင့်ရေးသည်။ (တချို့ရက်တွေမှာ ၁၇ နာရီကြာ ရေးသည်တဲ့။) သူ့ဝတ္ထုတွေအားလုံး လက်နှင့် ခဲတံနှင့်ပဲ ရေးသည်။ ပါရီရှိ စမစ်ဆိုင်ကရတဲ့ ခဲဆံမည်းမည်း ခပ်တုံးတုံးကို သုံးသည်။ ခဲတံက တစ်ရောင်တည်းမဟုတ်၊ ရောင်စုံ။ ဘယ်ခဲတံအရောင် သုံးပြီးရေးလျှင် ဘယ်အခန်းရေးနေတယ်ဆိုတာ သိအောင်လုပ်ထားတာ။ ဖောင်တိန်ကို သူ,မကိုင်တတ်။ တခါက ဖောင်တိန်မင်ဖြည့်ရင်း သူ့တစ်ကိုယ်လုံး မင်တွေပေစွန်းကုန်တာ ဘိချ် တွေ့ဖူးသည်။ နောင် လက်နှိပ်စက်နှင့် စာရေးဖို့ သူစဉ်းစားသည်။ အသံတိတ် ရမင်တန်လက်နှိပ်စက် အကောင်းစားတစ်လုံး သူဝယ်ဖြစ်သွားသည်။ နောင်အသံထွက်တဲ့ လက်နှိပ်စက်နှင့် သူ့လက်နှိပ်စက် အလဲအထပ်လုပ်သည်။ ဘယ်လက်နှိပ်စက်ကိုမှ သူ,မသုံးဖြစ်ခဲ့။




လူနာဖြစ်သွားတဲ့ဂျွိုက်စ်




ပါရီမှာနေရင်း မျက်စိရောဂါဟောင်း ပြန်ထသည်။ ရေတိမ်ရော၊ သူငယ်အိမ် ကြွက်သားရောင်တဲ့ ရောဂါရော။ သို့နှင့် မျက်စိရောဂါကုဖို့၊ ခွဲစိတ်ဖို့ မျက်စိပါရဂူ ဒေါက်တာဘော့ရှ်ဆေးခန်း တက်ရသည်။ ဘော့ရှ်က ဂျွိုက်စ်ကို အလွန်အရေးပေးသည်။ နှစ်ပေါင်းများစွာ ဆေးကုသမှုပေးပြီး ဆေးဖိုးရှင်းတဲ့အချိန် တောင်းတဲ့ဆေးဖိုးက နည်းလွန်းလှသမို့ သူ့မှာ စော်ကားသလို ခံစားရကြောင်း ဂျွိုက်စ်က ပြောဖူးသည်။




ဆေးခန်းအပေါ်ထပ်မှာ ခုတင်နှစ်လုံးပါ အခန်းရှိသည်။ သူကခုတင်တစ်လုံးယူပြီး ကျန်ခုတင်ကို နိုရာယူသည်။ နိုရာမရှိလျှင် သူမနေတတ်။ ဆေးခန်းရဲ့တစ်ဦးသော သူနာပြုဆရာမ ခပ်ထွားထွားက လူနာတွေနှင့် အစပ်မတည့်တတ်သော်လည်း ဂျွိုက်စ်နှင့်ကျအမြဲ အဆင်ချောသည်။ သူက ဆရာမရဲ့အချစ်တော်လူနာ။ ဒီလိုဖြစ်ရတာကလည်း အဆန်းတကြယ် ကိစ္စမဟုတ်။ ဂျွိုက်စ်က ဘယ်တော့မှ မညည်းတတ်တဲ့ လူနာ။ ပြီးတော့ သူက သူတပါးအရိပ်အကဲ အလွန်သိတတ်သူ။




ဂျွိုက်စ်လို အာရုံခံစားမှုထက်မြက်သူအဖို့ မျက်စိရောဂါခံစားရတာ၊ ခွဲစိတ်တဲ့ဝေဒနာခံစားရတာ သူများထက် ပိုပိုသာသာဖြစ်မည်။ သို့ပေမဲ့ သူက ညည်းညူခြင်း၊ ဆူပူခြင်း၊ စိတ်တိုခြင်း မရှိ။ ခွဲပြီးစ မျက်လုံးပတ်တီးစီးထားပြီး အိပ်ရာထဲ နာရီပေါင်းများစွာ လဲလျောင်းနေရသော်လည်း သူ့မှာ စိတ်တိုတာ၊ အလိုမကျတာမျိုး မတွေ့ရ။ ပျင်းရိငြီးငွေ့ပုံလည်း မရ။ သူ့ခေါင်းထဲ သူ့အတွေးနှင့်သူ မွေ့လျော်နေတာဖြစ်မည်။ ဂျွိုက်စ်လို မကုန်နိုင်မခမ်းနိုင်လောက်အောင် ဖန်တီးနိုင်စွမ်းရှိသူအဖို့ ငြီးငွေ့စရာအချိန် မရှိတာဖြစ်မည်။ ဒါ့ပြင် သူက မှတ်ဉာဏ်လေ့ကျင့်ခန်း မှန်မှန်လုပ်သည်။ ငယ်စဉ်ကတည်းက လုပ်ခဲ့တဲ့ လေ့ကျင့်ခန်း။ ဒါ့ကြောင့် ကြားကြားသမျှ အရာအားလုံး သူ့မှတ်ဉာဏ်ထဲ စွဲမြဲသွားတာဟု ပြောဖူးသည်။




သူဆေးခန်းတက်နေတုန်း ဘိချ်သွားကြည့်တဲ့အခါ ကန်တော်ရှင်မ (Lady of the Lake) စာအုပ်ယူလာခဲ့ဖို့ ပြောသည်။ နောက်တစ်ကြိမ်သွားတော့ သူပြောတဲ့စာအုပ် ယူသွားသည်။ ဂျွိုက်စ်က


"ကြိုက်တဲ့စာမျက်နှာဖွင့်ပြီးတော့ စာတစ်ကြောင်းဖတ်ပြစမ်းပါ" ဟု ဘိချ်ကို ခိုင်းသည်။ ဘိချ်ဖတ်    ပြီးပြီးချင်း အဲဒီစာမျက်နှာနှင့် နောက်စာမျက်နှာမှာပါတဲ့ စာပိုဒ်တွေအားလုံး သူအလွတ်ဆက်ရွတ်သည်။ သူရွတ်တာ အမှားတစ်လုံးမှမပါ။ ဘိချ် သဘောပေါက်သွားသည်။ ဂျွိုက်စ်က ဒီစာအုပ်သာမက ကျန်တဲ့စကားပြေစာအုပ်တွေ၊ ကဗျာစာအုပ်တွေ တော်တော်များများ အာဂုံဆောင်ခဲ့တာဖြစ်မည်။ အသက်နှစ်ဆယ်မတိုင်မီ ဖတ်သင့်ဖတ်ရာတွေ အားလုံးလိုလိုဖတ်ပြီး သူ့ခေါင်းထဲ ထည့်ထားခဲ့ဟန်တူသည်။ နောင်တစ်ချိန် သူ အကိုးအကားရှာချင်ရင် စာအုပ်ထ ရှာစရာ၊ စာအုပ်ထ လှန်စရာမလိုတော့ပြီ။




စကားလုံးသမားရဲ့နှလုံးသား




ဂျိမ်းစ်ဂျွိုက်စ်က စကားလုံးသမား။ အင်္ဂလိပ်ဘာသာစကားက ဝေါဟာရကြွယ်ဝလွန်းလို့ စကားလုံးအသစ် ထွင်စရာမလိုဘူးဆိုတဲ့ တစ်နိုင်ငံတည်းသား စာရေးဆရာကြီး ဘားနတ်ရှော၏ အဆိုအမိန့်ကို သူ သဘောမတူ။ သူက စကားလုံးထွင်ရတာ၊ ကုလားဖန်ထိုးရတာ ပျော်သည်။ ဘာသာစကားကို ဟိုစည်းကမ်း ဒီစည်းကမ်းတွေနှင့် ကန့်သတ်ထားတာ၊ ချုပ်နှောင်ထားတာ သူလက်မခံ။ စကားလုံးအပေါ် ခံစားမှုမည်မျှပြင်းပြပုံကို လူငယ်အနုပညာသမားတစ်ဦးရဲ့ရုပ်ပုံလွှာမှာ သို့ကလို ရေးသည်။ "သူ တိတ်တိတ်လေး ငိုချင်တယ်။ သူ့အတွက် မဟုတ်ပါဘူး။ စကားလုံးတွေအတွက်ပါ။ ဂီတလိုလှပတဲ့ ကြေကွဲစရာကောင်းတဲ့ စကားလုံးတွေအတွက် သူငိုချင်တာ။"




ယူးလီဆီးစ်ထွက်ပြီး ၁၇ နှစ်အကြာ ၁၉၃၉ ခုမှာ ဖင်နီဂန်းစ်ဝိတ်ခ် ထွက်လာသည်။ ဒီစာအုပ်ကလည်း ဘာသာစကား စမ်းသပ်ထားတာတွေပါသည်။ ဖတ်ရတာ အလွန်ခက်သည်။ တစ်စုံတစ်ဦးက အိုင်းရစ်လေနှင့်ဖတ်ပြလျှင်တော့ နားထောင်ရတာ အင်မတန်အရသာရှိသည်ဟု ဆိုသည်။ ဒီဝတ္ထုအကြောင်း ဂျွိုက်စ်ကိုမေးကြည့်တော့ သူက အခုလိုဖြေသည်။


"ဒီထဲမှာ အသိခက်တဲ့ပုစ္ဆာတွေ၊ ပဟေဠိတွေ တပုံကြီးထည့်ထားတယ်။ ကျွန်တော်ဘာဆိုလိုချင်မှန်း ပါမောက္ခတွေ နှစ်ပေါင်းရာချီပြီး ဆက်ငြင်းလို့ရအောင် လုပ်ထားတာ။ လူတစ်ဦးတစ်ယောက် ထာဝရအသက်ရှင်အောင်လုပ်လို့ရတာ ဒီနည်းပဲ ရှိတာကိုး။"




ဥရောပနိုင်ငံတွေမှာ ဘဝတလျှောက်လုံးလိုလို လှည့်ပတ်နေထိုင်သွားခဲ့တဲ့ ဂျိမ်းစ်ဂျွိုက်စ်ရဲ့ နှလုံးသားက ဘယ်နေရာရှိပါလိမ့်။ သိချင်ရင် သူ့ ပေးစာထဲက စာတစ်ကြောင်း ဖတ်ကြည့်ရုံ။


"ငါသေတဲ့အခါ ငါ့နှလုံးသားပေါ်မှာ ဒဗ္ဗလင် ဆိုတဲ့စာလုံး ရေးထိုးထားလိမ့်မယ်။"




၃၁-၁၀-၂၀




စာကြွင်း။


ဂျိမ်းစ်ဂျွိုက်စ်အကြောင်း ဖတ်တဲ့အခါ ဆရာဒဂုန်တာရာကို ပြေးသတိရမိ။ ဘားနတ်ရှောနှင့် ဂျွိုက်စ်အကြောင်း ဖတ်ရတဲ့အခါ ဆရာဦးသိန်းဖေမြင့်နှင့် ဆရာတာရာ ခေါင်းထဲဝင်လာ။ သူတို့ကိုလွမ်းလို့ ရေးတာ။




စာညွှန်း။


Shakespeare and Company. Sylvia Beach. 1956.


-------------------


ဂ်ိမ္းစ္ဂြၽိဳက္စ္  (၁၈၈၂-၁၉၄၁) 




“Shut your eyes and see.” - James Joyce, Ulysses


ထူးထူးကဲကဲဂုဏ္ျပဳျခင္း


စာေရးဆရာ၊ ကဗ်ာစာဆိုေတြကို စာဖတ္သူေတြက ဘယ္လို ဂုဏ္ျပဳၾကသလဲ။ စာဆိုဗိမာန္တည္မည္။ သူ႔ စာေတြအေၾကာင္း က်မ္းျပဳမည္။ ဋီကာေရးမည္။ သူ႔ ေမြးေန႔ ႏွစ္ပတ္လည္မွာ သူ႔ဘဝ၊ သူ႔စာအေၾကာင္း ေဟာၾကေျပာၾကမည္။ ၿပီးေတာ့ အမွတ္တရစာအုပ္ ထုတ္မည္။ သူ႔ရဲ႕ ရာျပည့္ေမြးေန႔ပြဲ က်င္းပမည္။


စာေရးဆရာတစ္ဦးကေတာ့ အမ်ားသူငါႏွင့္မတူ ထူးထူးကဲကဲ ဂုဏ္ျပဳျခင္းခံရသည္။ သူကေတာ့ အိုင္ယာလန္စာေရးဆရာ ဂ်ိမ္းစ္ဂြၽိဳက္စ္။ သူ၏ အေကာင္းဆုံးလက္ရာျဖစ္သည့္ ယူးလီဆီးစ္ (Ulysses) (၁၉၂၂) ထဲက အဓိကဇာတ္ေကာင္ လီယိုပိုးဘလြန္းကို အစြဲျပဳၿပီး ဘလြန္းေန႔ရယ္လို႔ ရက္တစ္ရက္ သတ္သတ္မွတ္မွတ္ထားၿပီး ဂုဏ္ျပဳခံရတာ။ ႏွစ္စဥ္ႏွစ္တိုင္း ဒဗၺလင္သားေတြေရာ၊ ကမာၻအႏွံ႔က ဂ်ိမ္းစ္ဂြၽိဳက္ခ်စ္သူေတြေရာ ဇြန္လ ၁၆ ရက္ေန႔ကို Bloomsday အျဖစ္ ဆင္ႏႊဲၾကတာ။


ဘာ့ေၾကာင့္ ဇြန္လ ၁၆ ရက္ကို ေ႐ြးခ်ယ္ခဲ့ပါလိမ့္။ ယူးလီဆီးစ္ဝတၳဳက ဘလြန္းႏွင့္ စတီဖင္ဒဲဒလပ္စ္တို႔ ၁၉၀၄ ခုႏွစ္ ဇြန္လ ၁၆ ရက္ေန႔ တစ္ေန႔တာလုံး ဒဗၺလင္အႏွံ႔ေလွ်ာက္သြားရင္း သူတို႔ေတြ႕ရျမင္ရ ႀကဳံရ လင္းပြင့္ရတာေတြကို သ႐ုပ္ေဖာ္ထားတဲ့ဝတၳဳ။ သိစိတ္အလ်ဥ္ေရးနည္း၊ ဇာတ္ေကာင္ရဲ႕စိတ္အတြင္း ျဖတ္စီးသြားတဲ့ အေတြးအလ်ဥ္ကို ပုံေဖာ္ေရးနည္းစတဲ့ ဘာသာစကား စမ္းသပ္မႈေတြလုပ္ထားတဲ့ ဝတၳဳ။ ဝတၳဳတစ္အုပ္လုံးက တစ္ေန႔တာအတြင္း ျဖစ္ပ်က္ခဲ့သမွ်ကို ျခယ္မႈန္းထားျခင္း။ ဒါ့ေၾကာင့္ ဇြန္လ ၁၆ ရက္ကို သူတို႔ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ပါသတဲ့။ စာေပသမိုင္းတေလွ်ာက္လုံး ဒီလိုဂုဏ္ျပဳခံရတာမ်ိဳး ဘယ္စာေရးဆရာမ်ား ရခဲ့ဖူးပါသလဲခင္ဗ်ာ။


႐ုပ္ပုံလႊာ


ဂ်ိမ္းစ္ဂြၽိဳက္စ္၏ ပုဂၢလဘဝကို ဖြဲ႕ႏြဲ႕ထားတဲ့စာေတြထဲ ယူးလီဆီးစ္ကို ပထမဆုံးထုတ္ေဝေပးခဲ့တဲ့ အေမရိကန္သူ ဆီးလ္ဗီယာဘိခ်္ (Sylvia Beach) ေရးထားတာ လြမ္းစရာေကာင္းသည္။ ဘိခ်္က ၁၉၁၉ ခုႏွစ္ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ေတာ္မွာ "ရွိတ္စပီးယားႏွင့္ အေပါင္းအပါမ်ား" (Shakespeare and Company) အမည္ႏွင့္ စာအုပ္ဆိုင္ဖြင့္သည္။ ဖြင့္ၿပီးမၾကာခင္မွာပဲ သူ႔စာအုပ္ဆိုင္က စာေရးဆရာေတြ၊ စာေပသမားေတြ စက္က်ရာ၊ ကြန္းခိုရာ ျဖစ္လာသည္။ ၁၉၂၀ခုႏွစ္ ပါရီက စာေပမိတ္ေဆြေတြရဲ႕အိမ္ပြဲတစ္ခုမွာ ဂြၽိဳက္စ္ကို သူမ စေတြ႕ဖူးသည္။


 'ဒါ နာမည္ေက်ာ္ ဂ်ိမ္းစ္ဂြၽိဳက္စ္လား' ဟု ကြၽန္မ တုန္တုန္ယင္ယင္ ေမးမိသည္။

'ဂ်ိမ္းစ္ဂြၽိဳက္စ္ပါ' သူက ေျဖသည္။


အရပ္က အေနေတာ္။ ပိန္ပိန္။ ခါးနည္းနည္းကိုင္းသည္။ ခံ့ညားသည္။ သူ႔လက္ေတြကို သတိမျပဳဘဲ မေနႏိုင္။ လက္ေခ်ာင္းေတြက သြယ္သြယ္ေလးေတြ။ ဘယ္လက္ေခ်ာင္းမွာ ေက်ာက္စီလက္စြပ္ခပ္ထူထူ ဝတ္ထားသည္။ မ်က္လုံးေတြက ျပာလဲ့ေနသည္။ အသိဉာဏ္ႏွင့္ လင္းလက္ေနသည့္ သူ႔မ်က္လုံးေတြက အလြန္ၾကည့္ေကာင္းသည္။ ညာဘက္မ်က္လုံးက တစ္ခုခု ထူးျခားေနသလိုလို။ ညာဘက္ မ်က္မွန္သားက ဘယ္ဘက္ထက္ ပိုထူေနတာ သတိထားမိသည္။ ဆံပင္က ထူထူ။ နီဝါဝါ။ လႈိင္းထေန။ အေရးအေၾကာင္းထူထူနဖူးက်ယ္က်ယ္ကေန ဆံပင္ကို ေနာက္လွန္ဖီးထားသည္။


သူ႔ အာ႐ုံထက္ျမက္မႈက ကြၽန္မေတြ႕ဖူးသမွ်လူေတြထဲ လက္ဖ်ားခါေလာက္သည္။ အသားေရာင္   လတ္လတ္။ မ်က္ႏွာမွာ မွဲ႔ေျခာက္နည္းနည္းရွိ။ နီေရာင္သမ္းေန။ ေမးေစ့မွာ မုတ္ဆိတ္ေမြးတိုနံ႔နံ႔။ ႏွာတံေပၚေပၚ။ ႏႈတ္ခမ္းပါးပါး၊ ပိပိျပားျပား။ ငယ္တုန္းက ေတာ္ေတာ္ေခ်ာမယ့္သူဟု ကြၽန္မ ေတြးမိသည္။"


သူစကားေျပာတဲ့အခါ အိုင္းရစ္ေလသံေပါက္တာကလြဲလို႔ ရွင္းရွင္းလင္းလင္းရွိသည္။ ဘိခ်္က သို႔ကလို အမွတ္ရသည္။


"သူေျပာတဲ့စကားက ႐ိုး႐ိုးပဲ။ စကားလုံးေတြ၊ အသံေတြကို ဂ႐ုစိုက္တာ ကြၽန္မ သတိျပဳမိတယ္။ ဘာသာစကားကို ခုံမင္ခ်စ္ခင္တာေရာ၊ နားေကာင္းတာေရာေၾကာင့္ ျဖစ္ပါလိမ့္မယ္။ ႏွစ္ေပါင္းမ်ားစြာ အဂၤလိပ္စာသင္တဲ့ ဆရာလုပ္ခဲ့တာလည္း ပါမယ္။"


"ကြၽန္မတို႔ စကားဆက္ေျပာၾကတယ္။ ဂြၽိဳက္စ္က အလြန္႐ိုးရွင္းတယ္။ ကြၽန္မတို႔ေခတ္ရဲ႕ အႀကီးက်ယ္ဆုံး စာေရးဆရာႀကီးတစ္ေယာက္ရဲ႕ ေရွ႕ေမွာက္မွာေရာက္ေနလို႔ စိတ္လႈပ္ရွားရေပမယ့္ သူနဲ႔ေျပာရဆိုရတာ သက္ေသာင့္သက္သာျဖစ္တယ္။ ဒီ ပထမဆုံးအႀကိမ္ ေတြ႕ရတာေရာ၊ ေနာက္ေနာင္ ေတြ႕ရတာေရာပဲ။ သူနဲ႔ဆုံတိုင္း သူဉာဏ္ႀကီးတာကို အၿမဲသတိတရရွိတဲ့ၾကားထဲကပဲ သူနဲ႔ စကားေျပာရတာ သိပ္အဆင္ေျပတယ္။ သူနဲ႔ေျပာရတာေလာက္ အဆင္ေျပတာမ်ိဳး ကြၽန္မတစ္ခါမွ မႀကဳံဖူးဘူး။"


သူႏွင့္ဘာသာစကား


"သူ႔မွာ သင္ၾကားေရးအေတြ႕အႀကဳံေတြ အမ်ားႀကီးရွိေၾကာင္း ဂြၽိဳက္စ္ကေျပာသည္။ အီတလီႏိုင္ငံ ထရီအက္စ္ၿမိဳ႕ႏွင့္ ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ၿမိဳ႕မွာေနစဥ္က သူေက်ာင္းဆရာ လုပ္ဖူးသည္။ က်ဴရွင္ျပဖူးသည္။


'ဘယ္ဘာသာစကားေတြ သင္ေပးတာလဲ' ဟုေမးေတာ့ 'အဂၤလိပ္စာပါ' ဟုေျဖသည္။

'ဤအရာသည္ စားပြဲျဖစ္ပါသည္။ ဤအရာသည္ ေဖာင္တိန္ျဖစ္ပါသည္ စသျဖင့္ေပါ့။ ဂ်ာမန္ေရာ၊ လက္တင္ေရာပဲ။ ျပင္သစ္ေတာင္ ပါေသးတယ္။'


'ဂရိေရာ ပါေသးလား' ဟု ကြၽန္မက ေမးလိုက္သည္။ ေရွးေဟာင္းဂရိဘာသာစကားေတာ့ သူမတတ္ပါတဲ့။ ေခတ္သုံးဂရိစကားေတာ့ သူေကာင္းေကာင္းေျပာႏိုင္သည္။ ထရီအက္စ္မွာေနတုန္းက ဂရိသေဘၤာသားေတြဆီက ရခဲ့တာ။

ဘာသာစကားေတြထဲ စူးဝင္မႈက ဂြၽိဳက္စ္အႏွစ္သက္ဆုံး ဝါသနာျဖစ္မည္။ ဘာသာစကား ဘယ္ႏွမ်ိဳးေလာက္ တတ္သလဲဟု ကြၽန္မ သူ႔ကိုေမးၾကည့္သည္။ ကြၽန္မတို႔ ေရတြက္ၾကည့္ေတာ့ အနည္းဆုံး ၉ မ်ိဳးခန႔္ရွိသည္။ အဂၤလိပ္ဘာသာစကားအျပင္ သူက အီတလီလို၊ ျပင္သစ္လို၊ ဂ်ာမန္လို၊ ဂရိလို၊ စပိန္လို၊ ဒတ္ခ်္လို ေျပာႏိုင္သည္။ စကင္ဒီေနးဗီးယား ဘာသာစကား သုံးမ်ိဳး တတ္သည္။ ေနာ္ေဝ စာေရးဆရာႀကီးအစ္ဘ္ဆင္ရဲ႕ စာေတြဖတ္ခ်င္လို႔ ေနာ္ေဝဘာသာစကား သူသင္သည္။ ေနာက္ေတာ့ ဆြီဒင္ႏွင့္ ဒိန္းမတ္ဘာသာစကားေတြ ဆက္သင္သည္။ ဂ်ဴးဘာသာစကား ႏွစ္မ်ိဳးလုံး သူေျပာတတ္သည္။ တ႐ုတ္ႏွင့္ ဂ်ပန္ဘာသာ အေၾကာင္းေတာ့ သူစကားမစ။ သူငယ္ခ်င္း အက္ဇရာေပါင္းအတြက္ ခ်န္ခဲ့တာျဖစ္မည္။"


ႏွစ္လိုဖြယ္ေကာင္းသူ 


ဆီးလ္ဗီယာဘိခ်္ႏွင့္ ခင္မင္သြားၿပီး သူမ၏ "ရွိတ္စပီးယားႏွင့္ အေပါင္းအပါမ်ား" မွာ သူ မၾကာမၾကာ လာထိုင္သည္။ ဆိုင္မွာ ဟဲမင္းေဝးလို၊ စေကာ့ဖစ္ဂ်ဲရယ္လို လူငယ္စာေရးဆရာေတြႏွင့္ဆုံၿပီး မိတ္ေဆြျဖစ္သြားသည္။ သူတို႔အဖို႔ ဂြၽိဳက္စ္က ဘုရားတစ္ဆူ။ သို႔ေပမဲ့ သူတို႔တေတြ ဂြၽိဳက္စ္ကိုဆက္ဆံတဲ့အခါ ႐ိုေသသမႈထက္ ခင္မင္မႈက အေလးသာတာ ေတြ႕ရသည္။


ဂြၽိဳက္စ္ကေတာ့ လူတိုင္းကို တန္းတူရည္တူဆက္ဆံသည္။ စာေရးဆရာျဖစ္ျဖစ္၊ ကေလးသူငယ္ျဖစ္ျဖစ္၊ စားပြဲထိုးျဖစ္ျဖစ္၊ ေတာ္ဝင္မင္းသမီးျဖစ္ျဖစ္၊ အိမ္ေဖာ္ျဖစ္ျဖစ္ သူ႔အဖို႔ေတာ့ အားလုံးအတူတူ။ သူတို႔တေတြ ေျပာသမွ်ဆိုသမွ် သူစိတ္ဝင္စားသည္။ သူ႔အေနႏွင့္ ၿငီးေငြ႕စရာေကာင္းတဲ့လူ မေတြ႕ဖူးေသးဘူးဟု ဘိခ်္ကိုေျပာဖူးသည္။ စာအုပ္ဆိုင္မွာ ဘိခ်္အလာကို ထိုင္ေစာင့္ရင္း ဆိုင္အကူေျပာျပတဲ့ပုံျပင္ကို သူစိတ္ဝင္တစား နားေထာင္ေနတတ္သည္။ ဆိုင္ကို တကၠစီႏွင့္လာတဲ့အခါ ဆိုင္ေရွ႕ေရာက္သည့္တိုင္ ဒ႐ိုင္ဗာေျပာတာ ဆုံးေအာင္နားေထာင္ၿပီးမွ ကားေပၚက ဆင္းသည္။ သူ႔ကို လူတိုင္းခင္မင္သည္။ သူ႔ႏွစ္လိုဖြယ္ရွိမႈကို မည္သူမွ် ေတာင့္မခံႏိုင္။


သူစကားေျပာတဲ့အခါ မၾကာမၾကာ အာေမဋိတ္သံ ျပဳတတ္သည္။ သို႔ေပမဲ့ သုံးတဲ့စကားလုံးေတြက ယဥ္ေက်းသည္။ အဆဲအဆို မပါ။ အၾကမ္းပတမ္း မပါ။ သက္ျပင္းခ်တာ ဝါသနာပါသည္။ သူ႔အေၾကာင္းေျပာတဲ့အခါ ႐ိုး႐ိုးေလးေျပာသည္။ ဖြဲ႕တာႏြဲ႕တာ မရွိ။ နာမဝိေသသန၊ ႀကိယာဝိေသသန အျပင္းစားေတြ သုံးေလ့မရွိ။ အဆိုဝါးဆုံးအျဖစ္အပ်က္သည္ပင္လွ်င္ သူ႔အတြက္က"စိတ္ပ်က္စရာပါပဲ" ျဖစ္သြားသည္။ "သိပ္စိတ္ပ်က္စရာေကာင္းတာပဲ" အဆင့္ထိ မေရာက္။ သူက "အလြန္" တို႔ "အရမ္း" တို႔ မႀကိဳက္။ တစ္ခါက "ဘာ့ေၾကာင့္ 'အလြန္လွတယ္' ေျပာရတာလဲ။ 'လွတယ္' ဆို ေတာ္ေရာေပါ့" ဟု သူေျပာေနတာ ဘိခ်္ၾကားလိုက္ရသည္။ လူတိုင္းအေပၚ သူယဥ္ယဥ္ေက်းေက်း ဆက္ဆံသည္။ အမ်ားႏွင့္ ဆက္ဆံရာတြင္ အလြန္အလိုက္သိသည္။


သူ႔အိမ္ေထာင္ေရး


သူ႔ဇနီးေလာင္း ႏိုရာဘာနကယ္ကို ၁၉၀၃ ခုႏွစ္ သူ ဒဗၺလင္မွာေနစဥ္ စေတြ႕သည္။ ၁၉၀၄ ခု ဇြန္လ ၁၆ ရက္ေန႔မွာ သူတို႔ႏွစ္ဦးသား 'ပထမဆုံးအႀကိမ္'  ဒဗၺလင္ၿမိဳ႕ထဲလမ္းေလွ်ာက္ထြက္ခဲ့ၾကသည္။ ဒါ့ေၾကာင့္ ယူးလီဆီးစ္ကို အဲဒီေန႔တည္တာ။


ဘိခ်္က ဂြၽိဳက္စ္တို႔အိမ္ မၾကာခဏေရာက္သည္။ ႏိုရာတို႔မိသားစုႏွင့္ ရင္းႏွီးသည္။ ဂြၽိဳက္စ္က စိတ္ကူးယဥ္သေလာက္ ႏိုရာက လက္ေတြ႕က်သည္။ သူ႔ေယာက္်ားကို စသည္။ ေနာက္သည္။ ကလိသည္။ ဗ်စ္ေတာက္ဗ်စ္ေတာက္ ဆူသည္။ ဘာမွသုံးစားမရတဲ့လူ ဟုေျပာသည္။ သူမ၏ အဆူအပူ အႀကိမ္းအေမာင္းေတြကို သူသေဘာက်သည္။ လူေတြ တေလးတစားလုပ္လြန္းလို႔ သူ ၿငီးေငြ႕ေနတာကို ႏိုရာက ေျဖေဆးေပးလိုက္သလို ျဖစ္သြားသည္။ 


စာအုပ္ေတြကို ႏိုရာသေဘာမေတြ႕။ ဒါကလည္း ဂြၽိဳက္စ္အဖို႔ သေဘာေခြ႕စရာ။ ယူးလီဆီးစ္စာအုပ္ကို တစ္ခါမွလွန္မၾကည့္ဖူးဘူး ဟုႏိုရာက ဘိခ်္ကို ေျပာဖူးသည္။ တကယ္ေတာ့လည္း ဒီဝတၳဳကို ႏိုရာဖတ္စရာ လိုမည္မထင္။ ဒီဝတၳဳက ႏိုရာ့ကိုအေၾကာင္းျပဳၿပီး ေပၚလာခဲ့ရတဲ့ ဝတၳဳေလ။ သူ႔ေယာက္်ားအေၾကာင္း ႏိုရာညည္းေျပာေလး ေျပာတတ္သည္။ "တခ်ိန္လုံး စာေရးေနတာပဲ။ နားတယ္မရွိဘူး။ မနက္မႏိုးတစ္ဝက္ ႏိုးတစ္ဝက္ျဖစ္တာနဲ႔ အိပ္ရာေဘး ၾကမ္းေပၚခ်ထားတဲ့ စာ႐ြက္နဲ႔ခဲတံ ေကာက္ကိုင္ေတာ့တာ။ ဘယ္အခ်ိန္ဆိုတာ မသိဘူး။ ေန႔လယ္စာျပင္ေနတဲ့အခ်ိန္ သူက ေခါက္ခနဲ ထထြက္သြားခ်င္ သြားတာ။ ဒီလိုလူမ်ိဳးနဲ႔ေနရတာ ဘယ္အိမ္ေဖာ္ ၿမဲပါ့မလဲ . . .။ "သူဆူေလ၊ သူ႔ေယာက္်ားႏွင့္ ကေလးေတြက ရယ္ေလ။


စာေရးဆရာအစား ေတာင္သူႏွင့္ ျဖစ္ျဖစ္၊ ဘဏ္လုပ္ငန္းရွင္ႏွင့္ ျဖစ္ျဖစ္၊ ဆိုရေစေတာ့ အစုတ္ပလုတ္ေကာက္တဲ့သူႏွင့္ ျဖစ္ျဖစ္ လက္ထပ္ခဲ့ရမွာဟု ႏိုရာက ေျပာတတ္သည္။ ဒီလိုေျပာတဲ့အခါ သူမက ႏႈတ္ခမ္းကိုတြန႔္ၿပီး ေျပာသည္။ ႏိုရာဂြၽိဳက္စ္ကိုေ႐ြးခ်ယ္ခဲ့တာ ဂြၽိဳက္စ္ကံေကာင္းဖို႔ပါပဲ။ ႏိုရာသာ သူ႔ဘဝမွာမရွိခဲ့ရင္ သူဘာလုပ္ႏိုင္မလဲ။ ႏိုရာသာမရွိခဲ့ရင္ ယူးလီဆီးစ္ ျဖစ္လာပါ့မလား။ ႏိုရာႏွင့္စုံဖက္ရတာ ဂြၽိဳက္စ္ရတဲ့ ေကာင္းႀကီးမဂၤလာေတြထဲက အေကာင္းဆုံး မဂၤလာတစ္ပါးဟု ဆိုရမည္။ သူသိတဲ့ စာေရးဆရာေတြထဲ သူတို႔ဇနီးေမာင္ႏွံ အိမ္ေထာင္ေရးက အေပ်ာ္႐ႊင္ဆုံးတစ္ခုပဲဟု ဘိခ်္က ေရးသည္။


လူထဲကလူ

အႏုပညာႏွင့္ပတ္သက္၍ သူ႔မွာအေၾကာက္အလန႔္မရွိသေလာက္ တကယ့္ေလာကႀကီးထဲက ဟာေတြက်ေတာ့ သူက ေၾကာက္ေန လန႔္ေနျပန္သည္။ မိုးသက္မုန္တိုင္းက်တဲ့အခါ မုန္တိုင္းၿပီးတဲ့အထိ သူ႔အခန္းထဲ ကုပ္ေနတတ္သည္။ သူက အျမင့္ေၾကာက္သည္။ ပင္လယ္ေၾကာက္သည္။ ကူးစက္ေရာဂါ ေၾကာက္သည္။


အစြဲကလည္း ႀကီးေသးသည္။ သီလရွင္ႏွစ္ပါးလမ္းေပၚေတြ႕ရင္ ဒါ ကံဆိုးတဲ့လကၡဏာပဲ။ (တခါက သီလရွင္ႏွစ္ပါးရွိတဲ့လမ္းေပၚမွာ သူစီးလာတဲ့တကၠစီႏွင့္ အျခားတကၠစီတစ္စင္း တိုက္ဖူးသည္။) နံ      ပါတ္ေတြ၊ ေန႔ေတြမွာ ကံေကာင္း၊ ကံဆိုးရွိသည္။ အိမ္ထဲ ထီးဖြင့္မိတာ၊ ခုတင္ေပၚ ေယာက္်ားဦးထုပ္တင္ထားမိတာေတြက ကံဆိုးမယ့္ နိမိတ္လကၡဏာေတြ။ ေၾကာင္မည္းမည္းက်ေတာ့ သူ႔အတြက္ ကံေကာင္းတဲ့ နိမိတ္။ တခါ သူတို႔အိမ္ ဘိခ်္သြားလည္တုန္း ႏိုရာက သူ႔ေယာက္်ားလဲေလ်ာင္းေနတဲ့အခန္းထဲ ေၾကာင္မည္းမည္းတစ္ေကာင္ ဝင္သြားေအာင္ ႀကိဳးစားေနတာေတြ႕ရသည္။ ဇနီးသည္ရဲ႕လုပ္ရပ္ ေအာင္ျမင္/မေအာင္ျမင္ကို ဂြၽိဳက္စ္က အခန္းထဲကေန စိတ္ပူပင္စြာ ေစာင့္ၾကည့္ေနသည္။ သူ႔နားမွာ ေၾကာင္ေတြရွိတာ သေဘာက်သည္။ တခါက သူ႔သမီးရဲ႕ေၾကာင္ေပါက္ေလးတစ္ေကာင္ မီးဖိုေခ်ာင္ျပတင္းေပါက္ကေန ေအာက္ျပဳတ္က်သြားသည္။ သူ႔သမီးျပာသေလာက္ သူလည္း ျပာေနတာေတြ႕ရသည္။


ေခြးကိုေတာ့ သူအလြန္ေၾကာက္သည္။ ေခြးဆိုရင္ သူ႔ကိုက္မယ္ခ်ည္း ထင္ေနတာ။ သူတို႔စာအုပ္ဆိုင္ ဂြၽိဳက္စ္ေရာက္လာတိုင္း ဘိခ်္က သူ႔ေခြးျဖဴေလးကို ခပ္ျမန္ျမန္ အျပင္ထုတ္ထားရသည္။ ဟိုးမားရဲ႕ယူးလီဆီးစ္ထဲက ၾသဒီးဆီးယပ္စ္တစ္ေယာက္ အိမ္ျပန္အေရာက္ သူ႔ရဲ႕အခ်စ္ေတာ္ေခြးအားေဂါ့စ္ အေပ်ာ္လြန္ၿပီး ေခါက္ခနဲ ေသသြားတဲ့အေၾကာင္း အစေဖာ္ေပးေတာ့လည္း သူ႔ေခြးေၾကာက္စိတ္က ဘယ့္ႏွယ္မွမေန။ 'ဂီးယား' ဟုျမည္တမ္းၿပီး ရယ္ပဲရယ္ေနသည္။


သူ႔မွာ သားတစ္ေယာက္ သမီးတစ္ေယာက္ရွိသည္။ ကေလးတစ္က်ိပ္ေလာက္ရခ်င္တာဟု ေျပာဖူးသည္။ သူက အလုပ္ထဲပဲ အစဥ္တစိုက္ ႏွစ္ေနသူမဟုတ္။ သူဘယ္ေလာက္ အလုပ္မ်ားေနေန ကေလး ႏွစ္ေယာက္ကို အခ်ိန္ေပးတဲ့ ဖခင္ျဖစ္သည္။ အသံေကာင္းတဲ့ သားအတြက္ သူဂုဏ္ယူသည္။ ဂြၽိဳက္စ္မိသားစုအားလုံး အဆိုေကာင္းသူေတြ။ အဆိုေတာ္ျဖစ္ရမည့္အစား စာေရးဆရာျဖစ္ရတာ သူေနာင္တရ မဆုံး။ အဆိုေတာ္လုပ္စားရရင္ ဒီ့ထက္ အလုပ္ျဖစ္မွာဟု ေျပာတတ္သည္။ "ဟုတ္ခ်င္လည္း ဟုတ္မေပါ့။ ဒါေပမဲ့ စာေရးဆရာအျဖစ္လည္း ေအာင္ျမင္ေနတာပဲဟာ" ဟု ဘိခ်္က သူ႔ကိုတုံ႔ျပန္သည္။


ယူးလီဆီးစ္


ယူးလီဆီးစ္ဝတၳဳကို ၁၉၁၄ ခုမွာ သူ သေႏၶစတည္သည္။ ၇ ႏွစ္ေက်ာ္ေက်ာ္ေရးၿပီး ၁၉၂၁ ေအာက္တိုဘာလမွာ အဆုံးသတ္သည္။ သုံးလၾကာၾကာ ပ႐ုဖ္ဖတ္သည္။ သူ႔အသက္ ၄၀ ျပည့္ေမြးေန႔ (၁၉၂၂ ေဖေဖၚဝါရီ ၂ရက္) ေရာက္ခါနီးမွ ပ႐ုဖ္ဖတ္တာ ရပ္သည္။


သူ႔စာ ပုံႏွိပ္ရတဲ့သူေတြခမ်ာ သနားစရာေကာင္းသည္။ သူ႔စာအုပ္ေၾကာင့္ သူတို႔ပုံမွန္ လုပ္ေနက်အလုပ္ေတြ ခဏေခါက္ထားရသည္။ သို႔ေပမဲ့သူတို႔က အားတက္သေရာ ကူၾကသည္။ ဂြၽိဳက္စ္ ပ႐ုဖ္ဖတ္တာက စာက်စာန ျပင္တာ၊ အမွားျပင္တာထက္ အသစ္ျပန္ေရးတာ ျဖစ္ေနသည္။ ယူးလီဆီးစ္ကို တတိယအႀကိမ္ ျပန္ေရးတာဟု သူကေျပာသည္။ စာ႐ြက္ေဘးက ကြက္လပ္ေနရာေတြမွာ စာသားအသစ္ေတြ ထပ္ျဖည့္သည္။ သူျဖည့္ထားတဲ့စာေတြကို ၫႊန္ျပဖို႔ရာ ဒုံးပ်ံေတြ၊ ၾကယ္ပြင့္ေတြႏွင့္ တန္ဆာဆင္သည္။ စာပိုဒ္အသစ္ေတြ ေနရာယူလာေတာ့ စာမ်က္ႏွာေတြကို ထပ္ခါထပ္ခါ ျပင္ရျပန္သည္။ 


သူ႔စာကို႐ိုက္ဖို႔ စာစီစာ႐ိုက္သူ ရွာရတာကလည္း တစ္ဒုကၡ။ စာစီစာ႐ိုက္ ၉ ေယာက္ ေက်ာ္သည္အထိ လက္ေျပာင္းရတဲ့အခါရွိသည္။ ၈ ေယာက္ေျမာက္ စာစီစာ႐ိုက္ အမ်ိဳးသမီးဆိုလွ်င္ သူ႔စာ႐ိုက္ရင္း စိတ္ညစ္လြန္း၍ ျပတင္းေပါက္က ခုန္ခ်ဖို႔အထိ ျဖစ္သြားသည္။ သူ႔လက္ေရးကလည္း ေတာ္႐ုံလူဖတ္ႏိုင္ေသာ လက္ေရးမ်ိဳးမဟုတ္။ ေနာက္ျပႆနာတစ္ခုက အဖုံးကိစၥ။ ဂြၽိဳက္စ္က သူ႔စာအုပ္အဖုံးေရာင္ကို ဂရိအလံေတာ္မွာပါတဲ့ အျပာေရာင္မ်ိဳး ျဖစ္ေစ့ခ်င္တာ။ အဲဒီ အျပာေရာင္စကၠဴ ရွာပုံေတာ္ဖြင့္ရပုံကလည္း စာတစ္ပုဒ္ ဖြဲ႕ရေလာက္သည္။


ယူးလီဆီးစ္ အစအဆုံး ဂြၽိဳက္စ္က ခဲတံႏွင့္ေရးသည္။ (တခ်ိဳ႕ရက္ေတြမွာ ၁၇ နာရီၾကာ ေရးသည္တဲ့။) သူ႔ဝတၳဳေတြအားလုံး လက္ႏွင့္ ခဲတံႏွင့္ပဲ ေရးသည္။ ပါရီရွိ စမစ္ဆိုင္ကရတဲ့ ခဲဆံမည္းမည္း ခပ္တုံးတုံးကို သုံးသည္။ ခဲတံက တစ္ေရာင္တည္းမဟုတ္၊ ေရာင္စုံ။ ဘယ္ခဲတံအေရာင္ သုံးၿပီးေရးလွ်င္ ဘယ္အခန္းေရးေနတယ္ဆိုတာ သိေအာင္လုပ္ထားတာ။ ေဖာင္တိန္ကို သူ,မကိုင္တတ္။ တခါက ေဖာင္တိန္မင္ျဖည့္ရင္း သူ႔တစ္ကိုယ္လုံး မင္ေတြေပစြန္းကုန္တာ ဘိခ်္ ေတြ႕ဖူးသည္။ ေနာင္ လက္ႏွိပ္စက္ႏွင့္ စာေရးဖို႔ သူစဥ္းစားသည္။ အသံတိတ္ ရမင္တန္လက္ႏွိပ္စက္ အေကာင္းစားတစ္လုံး သူဝယ္ျဖစ္သြားသည္။ ေနာင္အသံထြက္တဲ့ လက္ႏွိပ္စက္ႏွင့္ သူ႔လက္ႏွိပ္စက္ အလဲအထပ္လုပ္သည္။ ဘယ္လက္ႏွိပ္စက္ကိုမွ သူ,မသုံးျဖစ္ခဲ့။


လူနာျဖစ္သြားတဲ့ဂြၽိဳက္စ္


ပါရီမွာေနရင္း မ်က္စိေရာဂါေဟာင္း ျပန္ထသည္။ ေရတိမ္ေရာ၊ သူငယ္အိမ္ ႂကြက္သားေရာင္တဲ့ ေရာဂါေရာ။ သို႔ႏွင့္ မ်က္စိေရာဂါကုဖို႔၊ ခြဲစိတ္ဖို႔ မ်က္စိပါရဂူ ေဒါက္တာေဘာ့ရွ္ေဆးခန္း တက္ရသည္။ ေဘာ့ရွ္က ဂြၽိဳက္စ္ကို အလြန္အေရးေပးသည္။ ႏွစ္ေပါင္းမ်ားစြာ ေဆးကုသမႈေပးၿပီး ေဆးဖိုးရွင္းတဲ့အခ်ိန္ ေတာင္းတဲ့ေဆးဖိုးက နည္းလြန္းလွသမို႔ သူ႔မွာ ေစာ္ကားသလို ခံစားရေၾကာင္း ဂြၽိဳက္စ္က ေျပာဖူးသည္။


ေဆးခန္းအေပၚထပ္မွာ ခုတင္ႏွစ္လုံးပါ အခန္းရွိသည္။ သူကခုတင္တစ္လုံးယူၿပီး က်န္ခုတင္ကို ႏိုရာယူသည္။ ႏိုရာမရွိလွ်င္ သူမေနတတ္။ ေဆးခန္းရဲ႕တစ္ဦးေသာ သူနာျပဳဆရာမ ခပ္ထြားထြားက လူနာေတြႏွင့္ အစပ္မတည့္တတ္ေသာ္လည္း ဂြၽိဳက္စ္ႏွင့္က်အၿမဲ အဆင္ေခ်ာသည္။ သူက ဆရာမရဲ႕အခ်စ္ေတာ္လူနာ။ ဒီလိုျဖစ္ရတာကလည္း အဆန္းတၾကယ္ ကိစၥမဟုတ္။ ဂြၽိဳက္စ္က ဘယ္ေတာ့မွ မညည္းတတ္တဲ့ လူနာ။ ၿပီးေတာ့ သူက သူတပါးအရိပ္အကဲ အလြန္သိတတ္သူ။


ဂြၽိဳက္စ္လို အာ႐ုံခံစားမႈထက္ျမက္သူအဖို႔ မ်က္စိေရာဂါခံစားရတာ၊ ခြဲစိတ္တဲ့ေဝဒနာခံစားရတာ သူမ်ားထက္ ပိုပိုသာသာျဖစ္မည္။ သို႔ေပမဲ့ သူက ညည္းညဴျခင္း၊ ဆူပူျခင္း၊ စိတ္တိုျခင္း မရွိ။ ခြဲၿပီးစ မ်က္လုံးပတ္တီးစီးထားၿပီး အိပ္ရာထဲ နာရီေပါင္းမ်ားစြာ လဲေလ်ာင္းေနရေသာ္လည္း သူ႔မွာ စိတ္တိုတာ၊ အလိုမက်တာမ်ိဳး မေတြ႕ရ။ ပ်င္းရိၿငီးေငြ႕ပုံလည္း မရ။ သူ႔ေခါင္းထဲ သူ႔အေတြးႏွင့္သူ ေမြ႕ေလ်ာ္ေနတာျဖစ္မည္။ ဂြၽိဳက္စ္လို မကုန္ႏိုင္မခမ္းႏိုင္ေလာက္ေအာင္ ဖန္တီးႏိုင္စြမ္းရွိသူအဖို႔ ၿငီးေငြ႕စရာအခ်ိန္ မရွိတာျဖစ္မည္။ ဒါ့ျပင္ သူက မွတ္ဉာဏ္ေလ့က်င့္ခန္း မွန္မွန္လုပ္သည္။ ငယ္စဥ္ကတည္းက လုပ္ခဲ့တဲ့ ေလ့က်င့္ခန္း။ ဒါ့ေၾကာင့္ ၾကားၾကားသမွ် အရာအားလုံး သူ႔မွတ္ဉာဏ္ထဲ စြဲၿမဲသြားတာဟု ေျပာဖူးသည္။


သူေဆးခန္းတက္ေနတုန္း ဘိခ်္သြားၾကည့္တဲ့အခါ ကန္ေတာ္ရွင္မ (Lady of the Lake) စာအုပ္ယူလာခဲ့ဖို႔ ေျပာသည္။ ေနာက္တစ္ႀကိမ္သြားေတာ့ သူေျပာတဲ့စာအုပ္ ယူသြားသည္။ ဂြၽိဳက္စ္က

"ႀကိဳက္တဲ့စာမ်က္ႏွာဖြင့္ၿပီးေတာ့ စာတစ္ေၾကာင္းဖတ္ျပစမ္းပါ" ဟု ဘိခ်္ကို ခိုင္းသည္။ ဘိခ်္ဖတ္    ၿပီးၿပီးခ်င္း အဲဒီစာမ်က္ႏွာႏွင့္ ေနာက္စာမ်က္ႏွာမွာပါတဲ့ စာပိုဒ္ေတြအားလုံး သူအလြတ္ဆက္႐ြတ္သည္။ သူ႐ြတ္တာ အမွားတစ္လုံးမွမပါ။ ဘိခ်္ သေဘာေပါက္သြားသည္။ ဂြၽိဳက္စ္က ဒီစာအုပ္သာမက က်န္တဲ့စကားေျပစာအုပ္ေတြ၊ ကဗ်ာစာအုပ္ေတြ ေတာ္ေတာ္မ်ားမ်ား အာဂုံေဆာင္ခဲ့တာျဖစ္မည္။ အသက္ႏွစ္ဆယ္မတိုင္မီ ဖတ္သင့္ဖတ္ရာေတြ အားလုံးလိုလိုဖတ္ၿပီး သူ႔ေခါင္းထဲ ထည့္ထားခဲ့ဟန္တူသည္။ ေနာင္တစ္ခ်ိန္ သူ အကိုးအကားရွာခ်င္ရင္ စာအုပ္ထ ရွာစရာ၊ စာအုပ္ထ လွန္စရာမလိုေတာ့ၿပီ။


စကားလုံးသမားရဲ႕ႏွလုံးသား


ဂ်ိမ္းစ္ဂြၽိဳက္စ္က စကားလုံးသမား။ အဂၤလိပ္ဘာသာစကားက ေဝါဟာရႂကြယ္ဝလြန္းလို႔ စကားလုံးအသစ္ ထြင္စရာမလိုဘူးဆိုတဲ့ တစ္ႏိုင္ငံတည္းသား စာေရးဆရာႀကီး ဘားနတ္ေရွာ၏ အဆိုအမိန႔္ကို သူ သေဘာမတူ။ သူက စကားလုံးထြင္ရတာ၊ ကုလားဖန္ထိုးရတာ ေပ်ာ္သည္။ ဘာသာစကားကို ဟိုစည္းကမ္း ဒီစည္းကမ္းေတြႏွင့္ ကန႔္သတ္ထားတာ၊ ခ်ဳပ္ေႏွာင္ထားတာ သူလက္မခံ။ စကားလုံးအေပၚ ခံစားမႈမည္မွ်ျပင္းျပပုံကို လူငယ္အႏုပညာသမားတစ္ဦးရဲ႕႐ုပ္ပုံလႊာမွာ သို႔ကလို ေရးသည္။ "သူ တိတ္တိတ္ေလး ငိုခ်င္တယ္။ သူ႔အတြက္ မဟုတ္ပါဘူး။ စကားလုံးေတြအတြက္ပါ။ ဂီတလိုလွပတဲ့ ေၾကကြဲစရာေကာင္းတဲ့ စကားလုံးေတြအတြက္ သူငိုခ်င္တာ။"


ယူးလီဆီးစ္ထြက္ၿပီး ၁၇ ႏွစ္အၾကာ ၁၉၃၉ ခုမွာ ဖင္နီဂန္းစ္ဝိတ္ခ္ ထြက္လာသည္။ ဒီစာအုပ္ကလည္း ဘာသာစကား စမ္းသပ္ထားတာေတြပါသည္။ ဖတ္ရတာ အလြန္ခက္သည္။ တစ္စုံတစ္ဦးက အိုင္းရစ္ေလႏွင့္ဖတ္ျပလွ်င္ေတာ့ နားေထာင္ရတာ အင္မတန္အရသာရွိသည္ဟု ဆိုသည္။ ဒီဝတၳဳအေၾကာင္း ဂြၽိဳက္စ္ကိုေမးၾကည့္ေတာ့ သူက အခုလိုေျဖသည္။

"ဒီထဲမွာ အသိခက္တဲ့ပုစာၦေတြ၊ ပေဟဠိေတြ တပုံႀကီးထည့္ထားတယ္။ ကြၽန္ေတာ္ဘာဆိုလိုခ်င္မွန္း ပါေမာကၡေတြ ႏွစ္ေပါင္းရာခ်ီၿပီး ဆက္ျငင္းလို႔ရေအာင္ လုပ္ထားတာ။ လူတစ္ဦးတစ္ေယာက္ ထာဝရအသက္ရွင္ေအာင္လုပ္လို႔ရတာ ဒီနည္းပဲ ရွိတာကိုး။"


ဥေရာပႏိုင္ငံေတြမွာ ဘဝတေလွ်ာက္လုံးလိုလို လွည့္ပတ္ေနထိုင္သြားခဲ့တဲ့ ဂ်ိမ္းစ္ဂြၽိဳက္စ္ရဲ႕ ႏွလုံးသားက ဘယ္ေနရာရွိပါလိမ့္။ သိခ်င္ရင္ သူ႔ ေပးစာထဲက စာတစ္ေၾကာင္း ဖတ္ၾကည့္႐ုံ။

"ငါေသတဲ့အခါ ငါ့ႏွလုံးသားေပၚမွာ ဒဗၺလင္ ဆိုတဲ့စာလုံး ေရးထိုးထားလိမ့္မယ္။"


ေဒါက္တာေအာင္ႀကီး

၃၁-၁၀-၂၀


စာႂကြင္း။

ဂ်ိမ္းစ္ဂြၽိဳက္စ္အေၾကာင္း ဖတ္တဲ့အခါ ဆရာဒဂုန္တာရာကို ေျပးသတိရမိ။ ဘားနတ္ေရွာႏွင့္ ဂြၽိဳက္စ္အေၾကာင္း ဖတ္ရတဲ့အခါ ဆရာဦးသိန္းေဖျမင့္ႏွင့္ ဆရာတာရာ ေခါင္းထဲဝင္လာ။ သူတို႔ကိုလြမ္းလို႔ ေရးတာ။


စာၫႊန္း။

Shakespeare and Company. Sylvia Beach. 1956.

No comments: