ဗုဒ္ဓနှင့်လူ့အခွင့်အရေးHuman Rights
..................................................
လူ့အခွင့်ရေးကို လောကီနယ်ပယ်ကိစ္စရပ် အဖြစ်နဲ့သာ ရှုမြင်သတ်မှတ်တဲ့အခါ လောကုတ္တရာနယ်ပယ်အဖြစ် လျှောက်လှမ်းနေတဲ့ သံဃာ့အဖွဲ့အစည်းထဲက လူ့အခွင့်အရေး Human Rights ကို ရှုမြင်ဖို့ ဘာသာရေးဆိုတဲ့ အသိက အကန့်အသတ်ရှိနေခဲ့ကြပါတယ်။
လောကီ၊ လောကုတ္တရာ ဆိုတဲ့ နယ်နမိတ်ကို မကန့်သတ်ဘဲ လူဖြစ်ခြင်းဆိုတဲ့ ရှုထောင့်ကနေ လူ့အခွင့်အရေး human rights ကို လေ့လာမယ်ဆိုရင် သံဃာ့အဖွဲ့အစည်းထူထောင်ပုံမှာ လူ့အခွင့်အရေးဆိုင်ရာအနှစ်သားတွေတွေ့ရတယ် ဆိုတာပါပဲ။
ဒါကြောင့် လူ့အခွင့်ရေးဆိုတဲ့ စကားကိုကြားလိုက်ရင် ဗုဒ္ဓဘာသာနဲ့ လူအခွင့်အရေးဟာ အကွာအဝေး တစ်ရပ်လို ရှုမြင်သွားကြတာကို အရင်ဖယ်ခွာပစ်ဖို့ပါ။
အဲဒီ အကွာအဝေးကန့်သတ်ခံလိုက်ရတဲ့အချက်ကပဲ နှစ်ပေါင်း ၂၆၀၀ကျော်ကတည်းက ဗုဒ္ဓတန်ဖိုးထားတဲ့ လူ့အခွင့်အရေး သဘောတရားဟာ တိမ်မြုပ်နေခဲ့တယ် လို့ဆိုရပါမယ်။
ဗြဟ္မဏလူ့အဖွဲ့အစည်းအားကောင်းမောင်းသန်ဖြစ်ချိန်မှာ ဗုဒ္ဓက သံဃာအဖွဲ့အစည်းကို ထူထောင်ခဲ့ရတာဖြစ်တဲ့ အတွက် အိန္ဒိယလူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အစဉ်အလာအယူအဆတွေနဲ့ တွန်းတိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ယူဆနိုင်ပါတယ်။
လူတန်းစားအယူအဆ အားကောင်းအမြစ်တွယ်လွန်းတဲ့ အိန္ဒိယလူအဖွဲ့အစည်းတစ်ခုလုံးရဲ့အဆောက်အအုံကို ဗုဒ္ဓက သီခြားလူတန်းစားအမြင် အယူအဆသစ်နဲ့ တွေးခေါ်စေခဲ့တာမျိုးတွေ့ရပါတယ်။
လူတန်းစားအဖြစ်ခွဲခြားခြင်း Discrimination အမြင်တွေနဲ့ အသားကျနေတဲ့ အိန္ဒိယလူ့အဖွဲ့အစည်းကို သံဃာ့အဖွဲ့အစည်းက တော်လှန်ရေးတစ်ရပ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုရမယ့်သာဓက တွေပိဋကတ်တော်မှာတွေ့ရပါတယ်။
လူတန်းစားနဲ့အမျိုးမျိုနဲ့ ပထုတ်ပယ်မြစ်တားဆီးကန့်သတ်ခြင်း marginalized လုပ်ခံထားရတဲ့ အိန္ဒိယလူ့အဖွဲ့အစည်းကို လူအဖြစ်ပထမဦးစွာရှုမြင်ဖို့ သံဃာ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။
ဗုဒ္ဓက လူတွေကို ဘယ်လိုတန်ဖိုးထားသလဲဆိုတာကို သိမှ ဗုဒ္ဓက လူ့အခွင့်အရေးကို ဘယ်လိုမြင်လဲ ဆိုတဲ့ အချက်ကို သိမြင်ဖို့လွယ်ပါလိမ့်မယ်။
နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းက ဗုဒ္ဓထူထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းဟာ လူဖြစ်ခြင်းကို လူတန်းစားအမြင်တွေနဲ့ ခွဲခြားကန့်သတ်ခြင်းမရှိဘဲရှုမြင်ခဲ့တာကိုကြည့်ရင် လူ့အခွင့်ရေးဆိုတဲ့ အဓိပ္ပါယ်နဲ့ယဉ်ပါးပြီးသားဖြစ်ပါတယ်။
ယနေ့ခေတ် လူ့အခွင့်အရေး Human rights ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအရ ကြည့်ရင်လည်း ဗုဒ္ဓ က လူတန်းစားခွဲခြားတဲ့ အမြင်တွေကို ပယ်မြစ်ခဲ့တာကို ကြည့်ရင် ငြင်းဆိုဖို့ခက်ပါတယ်။
လူ့အခွင့်အရေးဆိုတဲ့ စကားရပ်ကို ပြန်လည် သုံးသပ်ဖို့အနောက်ဥရောပမှာ လူ့အခွင့်အရေး Human rights ဆိုတဲ့စကားရပ်က ဘယ်လောက်ကာလတွေမှာ တွင်ကျယ်ခဲ့သလဲဆိုတာအရင်သုံးသပ်ရပါလိမ့်မယ်။.
အေဒီ ၁၂၁၅ လောက်မှာ မဂ်နာကာတာ၊ (Magna Carta )၊ အေဒီ ၁၆၈၉ လောက်မှာ အင်္ဂလိပ်လူမျိုး တွေရဲ့ အခွင့်ရေးဆိုင်ရာဥပဒေမူကြမ်း ( the English Bill of Rights )၊ အေဒီ ၁၇၈၉ ပြင်သစ်တွေရဲ့ လူမျိုးနဲ့ နိုင်ငံသားဆိုင်ရာအခွင့်ရေးကြေညာစာတမ်း ( the French Declaration on the Rights of Man and Citizen) ၊ အေဒီ ၁၇၉၁ မှာ ယူနိုက်တက် စတိတ်ရဲ့ ဖွဲ့စည်းပုံနဲ့ အခွင့်အရေးဥပဒေမူကြမ်း (Constitution and Bill of Rights)
အနောက်တိုင်းသားတွေရဲ့ ယနေ့ ပြောနေတဲ့ လူ့အခွင့်ရေးဆိုင်ရာရှေ့ပြေးနမူနာတွေပဲဖြစ်ပါတယ်။
အရှေ့တိုင်းတွေရဲ့အသိပညာတွေကို ကိုလိုနီနယ်ချဲ့ ခြင်း နဲ့ နယ်မြေလက်ဦးမှုရယူခံရခြင်းဆိုတာတွေနဲ့ ပိုင်းဖြတ်ခံရတဲ့ ကာလ ဖြစ်တာကြောင့် အိန္ဒိယရဲ့စိတ်နှလုံးဆိုင်ရာ ဖွံဖြိုးခဲ့မှုကို အာရုံမစိုက်မိခဲ့ကြဘူးလို့ဆိုနိုင်ပါတယ်။
စစ်ရေး၊ နိုင်ငံရေးအမြင်တွေနဲ့ ကိုလိုနီနယ်ချဲ့ခြင်းသဘောတရားတွေ ကြီးစိုးနေတဲ့အချိန်ဖြစ်တဲ့အတွက် အရှေ့တိုင်းသားတွေရဲ့ သိမ်မွေ့တဲ့ အတွေးအခေါ် ရှုမြင်ခြင်းတွေကိုအနောက်တိုင်းသားတွေ မက်မက်စက်စက်ခံစားခွင့်မရခဲ့ တာလည်းပါပါလိမ့်မယ်။
ခေတ်မီလက်နက်များဆန်းသစ်တီထွင်နိုင်ခြင်းနဲ့ လူအမြောက်မြားတင်ဆောင်နိုင်တဲ့ ရွက်သင်္ဘောတည်ဆောက်နိုင်ခြင်းဆိုတဲ့ အတတ်ပညာပိုင်းဆိုင်ရာ မာန်မာနအာဏာကြောင့် အိန္ဒိယနိုင်ငံရဲ့ စိတ်နှလုံးဆိုင်ရာ တွေးခေါ်မှုပညာရပ်တွေကို အထင်မြင်သေးလျစ်လျူခဲ့ကြတာလည်းပါပါတယ်။
စစ်နိုင်နိုင်ငံများက စစ်ရှုံးနိုင်ငံများအပေါ် နိုင်ငံရေးအရ အထင်မြင်အသေးခြင်းနောက်ဆက်တွဲတွေကြောင့် အရှေ့တိုင်းသားတွေရဲ့ ကြွယ်ဝလှတဲ့ အသိဉာဏ်တွေဟာ အနောက်ကိုလိုနီနယ်ချဲ့များရဲ့အောက် မှေးမှိန်ခံလိုက်ရပါတယ်။
နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံရဲ့အစဉ်အလာကြီးမားတဲ့ ဝေဒဆိုင်ရာ စာပေများနဲ့ အသားကျနေထိုင်ရင်းနှီးလာတဲ့အခါ တိမ်မြုပ်နေတဲ့ အိန္ဒိယနှလုံးသားကို ပြန်ဖော်ဖို့ကြိုးစားလာကြ ပြန်ပါတယ်။
အိန္ဒိယရှေးဟောင်းစာပေတွေကိုဖော်ခုတ်မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့အခါ အဲဒီခေတ်ကာလက ကမ္ဘာ့စာပေအသီးသီးကိုမှတ်တမ်းတင်နေတဲ့ ဂျာမာန်ဘာသာဟာ အရေးပါခဲ့တဲ့ ကြားခံနယ်နမိတ်ဖြစ်လာခဲ့တယ်။
ဂျာမန်ဘာသာစကားတတ်မြောက်ပါမှ မှတ်တမ်းတင်ထားခဲ့တဲ့အတွက် ဂျာမန်ပညာရှင်များရဲ့ စာပေဟာ တန်ဖိုးထားကိုးကားစရာ ဖြစ်ပါတယ်။
အဲဒီ ၁၉ ရာစု ခေတ်လောက်က ဂျာမန်ဘာစကားတတ်မြောက်မှ ဘာသာရပ်ကို လေ့လာနိုင်တယ်ဆိုတဲ့ ဘာသာစကားနဲ့ ကိုလိုနီပြုခြင်းဆိုတဲ့ အမြင်တွေက ၁၈ ရာစုနှောင်းပိုင်းကာလတွေနဲ့ ၁၉ ရာစုအစောပိုင်းကာလမှာ အားကောင်း နေခဲ့ဖူးပါတယ်။
ဂျမာန်တွေရဲ့ အဲဒီဘာသာစကားနဲ့ ကိုလိုနီပြုလွှမ်းမိုးခြင်းသဘောတရားကို အတုလိုက်ပြီး အင်္ဂလိပ်တွေကလည်း ဂျာမာန်စာပေနဲ့မှတ်တမ်းတွေကို အင်္ဂလိပ်လိုဘာသာပြန်ပြီ ကမ္ဘာ့တစ်ဝန်းလုံးကိုဖြန့်ဝေခဲ့ပါတယ်။
အင်္ဂလိပ်လူမျိုးတွေအနေနဲ့ ကမ္ဘာ့စာပေအသီးသီးကို အင်္ဂလိပ်လို ဘာသာပြန်တာကို လက်ဦးမှုပြန်ယူနိုင်ခဲ့ခြင်းဟာ ရာစုနှစ်ပေါင်းများစွာ အနာဂတ်ကိုကြိုစောရောက်ခဲ့ကြရတယ်။
အင်္ဂလိပ်စကားတတ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆကို ဂျမာန်စာပေမဖြစ်မနေတတ်မြောက်သင့်တယ်ဆိုတဲ့ အယူအဆနေရာမှာ အစားထိုးနိုင်ခဲ့တယ်။
အင်္ဂလိပ်ဘာသာစကားတတ်မြောက်မှုဟာ အရေးပါတယ်ဆိုတဲ့ အင်္ဂလိပ်တွေရဲ့ ဝါဒဖြန့်မှုသဘောတရားဟာ ယနေ့ထက်တိုင်အောင်မြင်ခဲ့တယ်ဆိုတာ ဆယ်မြူရယ်ဟန်တင်တန်ရဲ့ the crash of civilization မှာထောက်ပြခဲ့တာ စဉ်းစားစရာပါပဲ။
ဘာသာစကားကိုလိုနီဖြစ်မှုကနေ ကင်းလွတ်တဲ့ ဂျပန်လူမျိုးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ နိုင်ငတော်ံဖြစ်ပေါ်တိုးတက်မှုကို သက်သက်အနေနဲ့ တွေးခေါ်စရာဖြစ်စေခဲ့ပါတယ်။
ကိုလိုနီအယူအဆတွေကို လက်လွတ်မခံနိုင်သေးတဲ့ အနောက်နိုင်ငံအချို့ရဲ့ လူ့အခွင့်အရေးဆိုတာ စကားလုံးနောက်ကွယ်က လုပ်ရပ်တွေဟာ အချို့ပညာရှင်တွေအဖို့သံသယဖြစ်စရာကောင်းနေခဲ့ပါတယ်။
လူ့အခွင့်အရေး human rights ဆိုတဲ့ စကားလုံး အကြောင်းပြချက်သက်သက်နဲ့ နိုင်ငံတစ်ခုကနေ အခြားနိုင်ငံတစ်ခုကို အယူအဆပိုင်းဆိုင်ရာ ကိုလိုနီပြုခြင်း မဖြစ်ဖို့လိုပါတယ်။.
ဒါကြောင့် ဗုဒ္ဓပြောတဲ့ လူ့အခွင့်အရေးဆိုင်ရာ သဘောထားနဲ့ အနောက်နိုင်ငံတွေရဲ့ လူအခွင့်အရေးသဘောတရားနှစ်ရပ်ကိုတော့ ရှင်းလင်းထားရမယ်လို့ မြင်မိပါတယ်။
အနောက်ကမ္ဘာရဲ့ အယူအဆရဲ့ လူ့အခွင့်အရေး concept အယူအဆဟာ လူအမူအကျင့်တွေရဲ့ အဆင့်အတန်းတွေကို ဖော်ပြနိုင်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စည်းမျဉ်းတွေနဲ့ နှုန်းစံတွေဖြစ်တယ်ဆိုတာ ဖော်ပြထားတွေ့ရပါတယ်။
(Human rights are moral principles or norms that describe certain standards of human behaviour.)
လူ့အခွင့်အရေးHuman Rights ဆိုတဲ့ စကားလုံးဟာ နှစ်ပေါင်း ၂၆၀၀ ကျော်ကာလကတည်းက သံဃာအဖွဲ့အစည်းထဲမှာ ဝေါဟာရအနေနဲ့ သက်သေပြဖို့ခက်ပေမယ့် အနှစ်သာရအားဖြင့်တော့ ဖွံ့ဖြိုးနေပြီးသားလို့ ယူဆနိုင်ပါတယ်။
သံဃာ့အဖွဲ့အစည်းကိုထူထောင်တဲ့အခါ အိန္ဒိယ လူမှုရေးစနစ်မှာ အမြစ်တွယ်နေတဲ့
ဗြာဟ္မဏ (ပုဏ္ဏားမျိုး)
ခတ္တိယ ( မင်းမျိုး)
ဝဿ (ကုန်သည်မျိုး)
သုဒ္ဒ (ကျွန်မျိုး) လို့ ခေါ်တဲ့ လူတန်းစာ အားလုံးကို မခွဲခြားဘဲဆက်ဆံခဲ့ပါတယ်။
သံဃာ့အဖွဲ့အစည်းထဲကို ဝင်ရောက်တဲ့အခါ လူတန်းစားအမြင်တွေကို စွန့်လွှတ်ပြီးလူဆိုတဲ့ အမြင်ကို ရအောင် ဗုဒ္ဓက ဆောင်ရွက်ခဲ့ပါတယ်။
သံဃာ့အဖွဲ့အစည်းမှာ သံဃာတာဝန်ကို ထမ်းဆောင်တဲ့ အာမခံချက်မျိုးသာရှိရင်အာဖရိကသားပဲဖြစ်ဖြစ်၊ အင်္ဂလန်နိုင်ငံသားပဲဖြစ်ဖြစ်၊ ဂျပန်နိုင်ငံသားပဲဖြစ်ဖြစ်၊ အမေရိကန်နိုင်ငံသားပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံသားပဲဖြစ်ဖြစ် သံဃာ့အဖွဲ့အစည်းထဲ ဝင်ရောက်ခွင့်ရှိပါတယ်။
နိုင်ငံသားအလိုက် အထူးအခွင့်အရေး ဆိုတာ မရှိပါဘူး။ ရဟန်းတစ်ပါးဖြစ်ချင်းနဲ့ သပိတ်တစ်လုံးနဲ့ ကိုယ့်အသက် မွေးဝမ်းကြောင်းမှုကို ကိုယ့်ခြေထောက်ပေါ်မှာ မိမိကိုယ်ကိုမှီခို ရပ်တည်ရပါတယ်။
သံဃာ့အဖွဲ့အစည်းထဲမှာ နိုင်ငံသားဖြစ်ချင်း လူမျိုးဖြစ်ခြင်းဆိုတဲ့ သဘောတရားတွေကို အခွံ့ချွတ်ချခဲလိုက်ရပြီး ရဟန်းတစ်ပါးဖြစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သက်ဝင်စေပါတယ်။
လူ့အခွင့်အရေးကို လေးစားလိုက်နာပါတယ်လို့ တတွင်တွင်ပြောနေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံတကာလေဆိပ်တွေကို ကြည့်ရင် နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်အောက် နိုင်ငံရဲ့အမည်ပေါ်က ခံစားချက်နဲ့ လူမျိုးရေးဖိနှိပ်သလိုဖြစ်နေတဲ့ နေရာသဖွယ်ဖြစ်နေတာကိုခံစားကြည့်ရင် လူ့အခွင့်အရေးရင့်ကျက်တယ်လို့ ပြောတဲ့ဝေါဟာရဟာ သံသယဖြစ်စရာဖြစ်နေသေးတာပါပဲ။
စိတ်လုံခြုံမှုကို ကသိကအောက်ဖြစ်အောင် လုပ်လိုက်တဲ့အပြုအမူတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု တစ်မျိုးဖြစ်တယ် ဆိုတာကိုပါထည့်တွက် ထားဖို့ပါပဲ။
ဝိနယပိဋကတ် စူဠဝဂ္ဂမှာပါတဲ့ " သာသနာတော်ရဲ့အံ့ဖွယ်ရှစ်ပါး" ဆိုတဲ့ အကြောင်းအရာမှာ ဗုဒ္ဓမိန့်မှာခဲ့တာကို တွေ့နိုင်ပါတယ်။
လူတန်းစားခွဲခြားမှုအမြင်တွေဟာ သာသနာတော်ထဲကို ရောက်သွားရင် လူ ဆိုတဲ့ ကျယ်ပြန့် တဲ့အမြင်အဖြစ် သံဃာ့အဖွဲ့အစည်းထဲမှာ တည်ဆောက်ခဲ့ တာကို တွေ့ရပါတယ်။
"ရဟန်းတို့ 'ဂင်္ဂါ ၊ယမုနာ၊ အစိရဝတီ ၊သရဘူ ၊မဟီ' လို့ခေါ်တဲ့ မြစ်ကြီးတွေဟာ မဟာသမုဒ္ဒရာကို ရောက်သွားရင် ရှအရင်ကရခဲ့တဲ့ အမည် အနွယ်တွေ ပျောက်သွားပြီး 'မဟာသမုဒ္ဒရာ ' ဆိုတဲ့ အမည်ကို ရလိုက်သလိုပဲ
အဲဒီလို 'မင်း ၊ပုဏ္ဏား ၊ကုန်သည် သူဆင်းရဲ' ဆိုတဲ့ အဲဒီ အမျိုးလေးပါးဟာ ဗုဒ္ဓရဲ့ 'သာသနာတော်' လို့ခေါ်တဲ့ သံဃာ့အဖွဲ့အစည်းထဲမှာ
လူ့ဘောင်ကနေ ရဟန်းဘောင်ထဲကို ဝင်လာခဲ့လျှင် အရင်ကရခဲ့တဲ့ အမည် အနွယ်တို့ကို စွန့်ပြီး''သာကီဝင် မင်းသား ဘုရားသားတော် ရဟန်းတွေ '' ဆိုတဲ့ အမည်တွေပဲဖြစ်သွားတယ်။
သံဃာ့အဖွဲ့အစည်းထဲရောက်လာရင် အမျိုးမာန်ကိုစွန့်ရတယ်။
ဇာတိမာန်တွေကို စွန့်ရတယ်။ ဗြဟ္မဏအမျိုးအနွယ်ဖြစ်တာတို့ ၊ မင်းမျိုးဖြစ်တာတို့၊ ကုန်သည်မျိုးဖြစ်တာတို့ ဆိုတာတွေကို ပြပြီးအထူးအခွင့်အရေးဆိုတာ မရှိဘူး။
သံဃာ့အဖွဲ့အစည်းထဲမှာ ရဟန်းဖြစ်ခြင်း ဆိုတဲ့ မိမိကိုယ်ကို တာဝန်ယူရမည့် လူတစ်ယောက်ဖြစ်ချင်းဆိုတာပဲရှိပါတယ်။
အကယ်၍များသံဃာ့အဖွဲ့အစည်းထဲမှာ လူတန်းစားအမြင်ကို သာရှေ့တန်းတင်လိုက်ရင် သံဃာ့ အဖွဲ့အစည်းဟာ လူမှုရေးတရားမျှတမှု Social justice ဟာ တစ်ဖက်စောင်းသွားပြီး အဖွဲ့အစည်းတည်မြဲမှူကိုတောင် ကမောက်ကမဖြစ်စေနိုင်ပါတယ်။
လူဖြစ်ခြင်းဆိုတဲ့ ဂုဏ်သိက္ခာ အောက်မှာ လူဖြစ်ခြင်းကို ရာထူး၊ အဆင့်အတန်း၊ ကျားမ၊ အသက်အရွယ်၊ အမျိုးအနွယ်ဇာတိနဲ့ ပိုင်းခြားခြင်းမှု မရှိသင့်ပါဘူး။
လူ့ဖြစ်ခြင်းဆိုတဲ့ ဂုဏ်သိက္ခာကို လေးစား လိုက်နာပေးတဲ့အချက်ဟာ လူ့အခွင့်အရေးကို လိုက်နာပေးခြင်းပဲဖြစ်ပါတယ်။
အဲဒီ လူတွေကို အတန်းအစား အမျိုးအမည် မခွဲဘဲ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာပေးတဲ့ အယူအဆဟာ သံဃာ့အဖွဲ့အစည်းထဲမှာ ရဟန်းတော်ဖြစ်င်းဆိုတဲ့ အမည်တစ်သားတည်းပေါ်မှာ ရပ်တည်စေခဲ့တာ တွေ့ရပါတယ်။
သံဃာ့အဖွဲ့အစည်းထဲမှာ လူတန်းစားအမြင်ကို ဗုဒ္ဓရဲရဲကြီးစွန့်ပစ်ခဲ့တာကို ကြည့်ရင် လူ့အခွင့်အရေးဆိုတဲ့ သဘာဝကို သံဃာ့အဖွဲ့အစည်းထဲမှာ ဖွံ့ဖြိုးပြီးဖြစ်စေခဲ့တယ်လို့ဆိုရပါမယ်။
လူတန်းစား၊ အမြင်နဲ့ အမျိုးအနွယ်ဇာတိကို စွန့်ပယ်တဲ့ လူဖြစ်ခြင်းဆိုတဲ့အပေါ်ကနေ လူသားအချင်းချင်း စာနာထောက်ထားမှု Humanitarianism ရှိတဲ့အမြင်ကို ဖွံဖြိုးစေခဲ့ ပါတယ်။
သံဃာ့အဖွဲ့အစည်း လူတန်းစားခွဲခြားတဲ့ အမြင်တွေကို ခဝါချရာနယ်နိမိတ်မျဉ်းဖြစ်သလို လူ့ကို အမှောင့်ပယောဂပူးစေတဲ့ ရာထူး၊ စည်းစိမ်၊ ပကာသနတွေကိုဖျောက်ဖျက်ပစ်တဲ့ နေရာမွန်လည်းဖြစ်ပါတယ်။
လူဖြစ်ခြင်းကို သံဃာ့အဖွဲ့အစည်းရဲ့ လူ့အခွင့် အရေးယူဆချက်အရ လူအဖြစ်ပြန်ရတဲ့ ကျင့်စဉ်ပဲဖြစ်ပါတယ်။
တကယ်တော့ သံဃာ့အဖွဲ့အစည်းတစ်ရပ်အတွက်တော့ လူ့အခွင့်ရေးဆိုတာ အသုံးစရာလက်နက်မဟုတ်ဘူး လူ့အဖွဲ့အစည်းအတွက် ကျငိ့သုံးစရာ ဖြစ်တယ်ဆိုတာ သံဃာ့အဖွဲ့အစည်းက ရေရှည်တည်မြဲမှုနဲ့ သက်သေပြခဲ့တာတွေ့ရပါတယ်။
ရး၅၈ ည
၁၇.၁၂. ၂၀၂၀ အိမ်
(Zawgyi)
ဗုဒၶႏွင့္လူ႔အခြင့္အေရးHuman Rights
..................................................
လူ႔အခြင့္ေရးကို ေလာကီနယ္ပယ္ကိစၥရပ္ အျဖစ္နဲ႔သာ ရွုျမင္သတ္မွတ္တဲ့အခါ ေလာကုတၱရာနယ္ပယ္အျဖစ္ ေလၽွာက္လွမ္းေနတဲ့ သံဃာ့အဖြဲ႕အစည္းထဲက လူ႔အခြင့္အေရး Human Rights ကို ရွုျမင္ဖို့ ဘာသာေရးဆိုတဲ့ အသိက အကန႔္အသတ္ရွိေနခဲ့ၾကပါတယ္။
ေလာကီ၊ ေလာကုတၱရာ ဆိုတဲ့ နယ္နမိတ္ကို မကန႔္သတ္ဘဲ လူျဖစ္ျခင္းဆိုတဲ့ ရွုေထာင့္ကေန လူ႔အခြင့္အေရး human rights ကို ေလ့လာမယ္ဆိုရင္ သံဃာ့အဖြဲ႕အစည္းထူေထာင္ပုံမွာ လူ႔အခြင့္အေရးဆိုင္ရာအႏွစ္သားေတြေတြ႕ရတယ္ ဆိုတာပါပဲ။
ဒါေၾကာင့္ လူ႔အခြင့္ေရးဆိုတဲ့ စကားကိုၾကားလိုက္ရင္ ဗုဒၶဘာသာနဲ႔ လူအခြင့္အေရးဟာ အကြာအေဝး တစ္ရပ္လို ရွုျမင္သြားၾကတာကို အရင္ဖယ္ခြာပစ္ဖို့ပါ။
အဲဒီ အကြာအေဝးကန႔္သတ္ခံလိုက္ရတဲ့အခ်က္ကပဲ ႏွစ္ေပါင္း ၂၆၀၀ေက်ာ္ကတည္းက ဗုဒၶတန္ဖိုးထားတဲ့ လူ႔အခြင့္အေရး သေဘာတရားဟာ တိမ္ျမဳပ္ေနခဲ့တယ္ လို့ဆိုရပါမယ္။
ျဗဟၼဏလူ႔အဖြဲ႕အစည္းအားေကာင္းေမာင္းသန္ျဖစ္ခ်ိန္မွာ ဗုဒၶက သံဃာအဖြဲ႕အစည္းကို ထူေထာင္ခဲ့ရတာျဖစ္တဲ့ အတြက္ အိႏၵိယလူ႔အဖြဲ႕အစည္းတစ္ခုလုံးရဲ့ အစဥ္အလာအယူအဆေတြနဲ႔ တြန္းတိုက္မွုေတြ ျဖစ္ခဲ့တယ္လို့ယူဆနိုင္ပါတယ္။
လူတန္းစားအယူအဆ အားေကာင္းအျမစ္တြယ္လြန္းတဲ့ အိႏၵိယလူအဖြဲ႕အစည္းတစ္ခုလုံးရဲ့အေဆာက္အအုံကို ဗုဒၶက သီျခားလူတန္းစားအျမင္ အယူအဆသစ္နဲ႔ ေတြးေခၚေစခဲ့တာမ်ိဳးေတြ႕ရပါတယ္။
လူတန္းစားအျဖစ္ခြဲျခားျခင္း Discrimination အျမင္ေတြနဲ႔ အသားက်ေနတဲ့ အိႏၵိယလူ႔အဖြဲ႕အစည္းကို သံဃာ့အဖြဲ႕အစည္းက ေတာ္လွန္ေရးတစ္ရပ္ေဆာင္ရြက္ခဲ့တယ္လို့ ဆိုရမယ့္သာဓက ေတြပိဋကတ္ေတာ္မွာေတြ႕ရပါတယ္။
လူတန္းစားနဲ႔အမ်ိဳးမ်ိဳနဲ႔ ပထုတ္ပယ္ျမစ္တားဆီးကန႔္သတ္ျခင္း marginalized လုပ္ခံထားရတဲ့ အိႏၵိယလူ႔အဖြဲ႕အစည္းကို လူအျဖစ္ပထမဦးစြာရွုျမင္ဖို့ သံဃာ့အဖြဲ႕အစည္းတစ္ရပ္ ထူေထာင္ခဲ့တယ္လို့လည္းဆိုနိုင္ပါတယ္။
ဗုဒၶက လူေတြကို ဘယ္လိုတန္ဖိုးထားသလဲဆိုတာကို သိမွ ဗုဒၶက လူ႔အခြင့္အေရးကို ဘယ္လိုျမင္လဲ ဆိုတဲ့ အခ်က္ကို သိျမင္ဖို့လြယ္ပါလိမ့္မယ္။
ႏွစ္ေပါင္း ၂၆၀၀ ေက်ာ္ကတည္းက ဗုဒၶထူေထာင္ခဲ့တဲ့ သံဃာ့အဖြဲ႕အစည္းဟာ လူျဖစ္ျခင္းကို လူတန္းစားအျမင္ေတြနဲ႔ ခြဲျခားကန႔္သတ္ျခင္းမရွိဘဲရွုျမင္ခဲ့တာကိုၾကည့္ရင္ လူ႔အခြင့္ေရးဆိုတဲ့ အဓိပၸါယ္နဲ႔ယဥ္ပါးၿပီးသားျဖစ္ပါတယ္။
ယေန႔ေခတ္ လူ႔အခြင့္အေရး Human rights ဆိုတဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ေတြအရ ၾကည့္ရင္လည္း ဗုဒၶ က လူတန္းစားခြဲျခားတဲ့ အျမင္ေတြကို ပယ္ျမစ္ခဲ့တာကို ၾကည့္ရင္ ျငင္းဆိုဖို့ခက္ပါတယ္။
လူ႔အခြင့္အေရးဆိုတဲ့ စကားရပ္ကို ျပန္လည္ သုံးသပ္ဖို့အေနာက္ဥေရာပမွာ လူ႔အခြင့္အေရး Human rights ဆိုတဲ့စကားရပ္က ဘယ္ေလာက္ကာလေတြမွာ တြင္က်ယ္ခဲ့သလဲဆိုတာအရင္သုံးသပ္ရပါလိမ့္မယ္။.
ေအဒီ ၁၂၁၅ ေလာက္မွာ မဂ္နာကာတာ၊ (Magna Carta )၊ ေအဒီ ၁၆၈၉ ေလာက္မွာ အဂၤလိပ္လူမ်ိဳး ေတြရဲ့ အခြင့္ေရးဆိုင္ရာဥပေဒမူၾကမ္း ( the English Bill of Rights )၊ ေအဒီ ၁၇၈၉ ျပင္သစ္ေတြရဲ့ လူမ်ိဳးနဲ႔ နိုင္ငံသားဆိုင္ရာအခြင့္ေရးေၾကညာစာတမ္း ( the French Declaration on the Rights of Man and Citizen) ၊ ေအဒီ ၁၇၉၁ မွာ ယူနိုက္တက္ စတိတ္ရဲ့ ဖြဲ႕စည္းပုံနဲ႔ အခြင့္အေရးဥပေဒမူၾကမ္း (Constitution and Bill of Rights)
အေနာက္တိုင္းသားေတြရဲ့ ယေန႔ ေျပာေနတဲ့ လူ႔အခြင့္ေရးဆိုင္ရာေရွ႕ေျပးနမူနာေတြပဲျဖစ္ပါတယ္။
အေရွ႕တိုင္းေတြရဲ့အသိပညာေတြကို ကိုလိုနီနယ္ခ်ဲ႕ ျခင္း နဲ႔ နယ္ေျမလက္ဦးမွုရယူခံရျခင္းဆိုတာေတြနဲ႔ ပိုင္းျဖတ္ခံရတဲ့ ကာလ ျဖစ္တာေၾကာင့္ အိႏၵိယရဲ့စိတ္ႏွလုံးဆိုင္ရာ ဖြံၿဖိဳးခဲ့မွုကို အာ႐ုံမစိုက္မိခဲ့ၾကဘူးလို့ဆိုနိုင္ပါတယ္။
စစ္ေရး၊ နိုင္ငံေရးအျမင္ေတြနဲ႔ ကိုလိုနီနယ္ခ်ဲ႕ျခင္းသေဘာတရားေတြ ႀကီးစိုးေနတဲ့အခ်ိန္ျဖစ္တဲ့အတြက္ အေရွ႕တိုင္းသားေတြရဲ့ သိမ္ေမြ႕တဲ့ အေတြးအေခၚ ရွုျမင္ျခင္းေတြကိုအေနာက္တိုင္းသားေတြ မက္မက္စက္စက္ခံစားခြင့္မရခဲ့ တာလည္းပါပါလိမ့္မယ္။
ေခတ္မီလက္နက္မ်ားဆန္းသစ္တီထြင္နိုင္ျခင္းနဲ႔ လူအေျမာက္ျမားတင္ေဆာင္နိုင္တဲ့ ရြက္သေဘၤာတည္ေဆာက္နိုင္ျခင္းဆိုတဲ့ အတတ္ပညာပိုင္းဆိုင္ရာ မာန္မာနအာဏာေၾကာင့္ အိႏၵိယနိုင္ငံရဲ့ စိတ္ႏွလုံးဆိုင္ရာ ေတြးေခၚမွုပညာရပ္ေတြကို အထင္ျမင္ေသးလ်စ္လ်ဴခဲ့ၾကတာလည္းပါပါတယ္။
စစ္နိုင္နိုင္ငံမ်ားက စစ္ရွုံးနိုင္ငံမ်ားအေပၚ နိုင္ငံေရးအရ အထင္ျမင္အေသးျခင္းေနာက္ဆက္တြဲေတြေၾကာင့္ အေရွ႕တိုင္းသားေတြရဲ့ ႂကြယ္ဝလွတဲ့ အသိဉာဏ္ေတြဟာ အေနာက္ကိုလိုနီနယ္ခ်ဲ႕မ်ားရဲ့ေအာက္ ေမွးမွိန္ခံလိုက္ရပါတယ္။
ေနာက္ပိုင္းမွာ အိႏၵိယနိုင္ငံရဲ့အစဥ္အလာႀကီးမားတဲ့ ေဝဒဆိုင္ရာ စာေပမ်ားနဲ႔ အသားက်ေနထိုင္ရင္းႏွီးလာတဲ့အခါ တိမ္ျမဳပ္ေနတဲ့ အိႏၵိယႏွလုံးသားကို ျပန္ေဖာ္ဖို့ႀကိဳးစားလာၾက ျပန္ပါတယ္။
အိႏၵိယေရွးေဟာင္းစာေပေတြကိုေဖာ္ခုတ္မွတ္တမ္းတင္ဖို့ ႀကိဳးစားတဲ့အခါ အဲဒီေခတ္ကာလက ကမၻာ့စာေပအသီးသီးကိုမွတ္တမ္းတင္ေနတဲ့ ဂ်ာမာန္ဘာသာဟာ အေရးပါခဲ့တဲ့ ၾကားခံနယ္နမိတ္ျဖစ္လာခဲ့တယ္။
ဂ်ာမန္ဘာသာစကားတတ္ေျမာက္ပါမွ မွတ္တမ္းတင္ထားခဲ့တဲ့အတြက္ ဂ်ာမန္ပညာရွင္မ်ားရဲ့ စာေပဟာ တန္ဖိုးထားကိုးကားစရာ ျဖစ္ပါတယ္။
အဲဒီ ၁၉ ရာစု ေခတ္ေလာက္က ဂ်ာမန္ဘာစကားတတ္ေျမာက္မွ ဘာသာရပ္ကို ေလ့လာနိုင္တယ္ဆိုတဲ့ ဘာသာစကားနဲ႔ ကိုလိုနီျပဳျခင္းဆိုတဲ့ အျမင္ေတြက ၁၈ ရာစုေႏွာင္းပိုင္းကာလေတြနဲ႔ ၁၉ ရာစုအေစာပိုင္းကာလမွာ အားေကာင္း ေနခဲ့ဖူးပါတယ္။
ဂ်မာန္ေတြရဲ့ အဲဒီဘာသာစကားနဲ႔ ကိုလိုနီျပဳလႊမ္းမိုးျခင္းသေဘာတရားကို အတုလိုက္ၿပီး အဂၤလိပ္ေတြကလည္း ဂ်ာမာန္စာေပနဲ႔မွတ္တမ္းေတြကို အဂၤလိပ္လိုဘာသာျပန္ၿပီ ကမၻာ့တစ္ဝန္းလုံးကိုျဖန႔္ေဝခဲ့ပါတယ္။
အဂၤလိပ္လူမ်ိဳးေတြအေနနဲ႔ ကမၻာ့စာေပအသီးသီးကို အဂၤလိပ္လို ဘာသာျပန္တာကို လက္ဦးမွုျပန္ယူနိုင္ခဲ့ျခင္းဟာ ရာစုႏွစ္ေပါင္းမ်ားစြာ အနာဂတ္ကိုႀကိဳေစာေရာက္ခဲ့ၾကရတယ္။
အဂၤလိပ္စကားတတ္ဖို့ အေရးႀကီးတယ္ဆိုတဲ့ အယူအဆကို ဂ်မာန္စာေပမျဖစ္မေနတတ္ေျမာက္သင့္တယ္ဆိုတဲ့ အယူအဆေနရာမွာ အစားထိုးနိုင္ခဲ့တယ္။
အဂၤလိပ္ဘာသာစကားတတ္ေျမာက္မွုဟာ အေရးပါတယ္ဆိုတဲ့ အဂၤလိပ္ေတြရဲ့ ဝါဒျဖန႔္မွုသေဘာတရားဟာ ယေန႔ထက္တိုင္ေအာင္ျမင္ခဲ့တယ္ဆိုတာ ဆယ္ျမဴရယ္ဟန္တင္တန္ရဲ့ the crash of civilization မွာေထာက္ျပခဲ့တာ စဥ္းစားစရာပါပဲ။
ဘာသာစကားကိုလိုနီျဖစ္မွုကေန ကင္းလြတ္တဲ့ ဂ်ပန္လူမ်ိဳးေတြရဲ့ ကိုယ္ပိုင္ဘာသာစကားနဲ႔ နိုင္ငေတာ္ံျဖစ္ေပၚတိုးတက္မွုကို သက္သက္အေနနဲ႔ ေတြးေခၚစရာျဖစ္ေစခဲ့ပါတယ္။
ကိုလိုနီအယူအဆေတြကို လက္လြတ္မခံနိုင္ေသးတဲ့ အေနာက္နိုင္ငံအခ်ိဳ့ရဲ့ လူ႔အခြင့္အေရးဆိုတာ စကားလုံးေနာက္ကြယ္က လုပ္ရပ္ေတြဟာ အခ်ိဳ့ပညာရွင္ေတြအဖို့သံသယျဖစ္စရာေကာင္းေနခဲ့ပါတယ္။
လူ႔အခြင့္အေရး human rights ဆိုတဲ့ စကားလုံး အေၾကာင္းျပခ်က္သက္သက္နဲ႔ နိုင္ငံတစ္ခုကေန အျခားနိုင္ငံတစ္ခုကို အယူအဆပိုင္းဆိုင္ရာ ကိုလိုနီျပဳျခင္း မျဖစ္ဖို့လိုပါတယ္။.
ဒါေၾကာင့္ ဗုဒၶေျပာတဲ့ လူ႔အခြင့္အေရးဆိုင္ရာ သေဘာထားနဲ႔ အေနာက္နိုင္ငံေတြရဲ့ လူအခြင့္အေရးသေဘာတရားႏွစ္ရပ္ကိုေတာ့ ရွင္းလင္းထားရမယ္လို့ ျမင္မိပါတယ္။
အေနာက္ကမၻာရဲ့ အယူအဆရဲ့ လူ႔အခြင့္အေရး concept အယူအဆဟာ လူအမူအက်င့္ေတြရဲ့ အဆင့္အတန္းေတြကို ေဖာ္ျပနိုင္တဲ့ ကိုယ္က်င့္တရားဆိုင္ရာ စည္းမ်ဥ္းေတြနဲ႔ ႏွုန္းစံေတြျဖစ္တယ္ဆိုတာ ေဖာ္ျပထားေတြ႕ရပါတယ္။
(Human rights are moral principles or norms that describe certain standards of human behaviour.)
လူ႔အခြင့္အေရးHuman Rights ဆိုတဲ့ စကားလုံးဟာ ႏွစ္ေပါင္း ၂၆၀၀ ေက်ာ္ကာလကတည္းက သံဃာအဖြဲ႕အစည္းထဲမွာ ေဝါဟာရအေနနဲ႔ သက္ေသျပဖို့ခက္ေပမယ့္ အႏွစ္သာရအားျဖင့္ေတာ့ ဖြံ့ၿဖိဳးေနၿပီးသားလို့ ယူဆနိုင္ပါတယ္။
သံဃာ့အဖြဲ႕အစည္းကိုထူေထာင္တဲ့အခါ အိႏၵိယ လူမွုေရးစနစ္မွာ အျမစ္တြယ္ေနတဲ့
ျဗာဟၼဏ (ပုဏၰားမ်ိဳး)
ခတၱိယ ( မင္းမ်ိဳး)
ဝႆ (ကုန္သည္မ်ိဳး)
သုဒၵ (ကၽြန္မ်ိဳး) လို့ ေခၚတဲ့ လူတန္းစာ အားလုံးကို မခြဲျခားဘဲဆက္ဆံခဲ့ပါတယ္။
သံဃာ့အဖြဲ႕အစည္းထဲကို ဝင္ေရာက္တဲ့အခါ လူတန္းစားအျမင္ေတြကို စြန႔္လႊတ္ၿပီးလူဆိုတဲ့ အျမင္ကို ရေအာင္ ဗုဒၶက ေဆာင္ရြက္ခဲ့ပါတယ္။
သံဃာ့အဖြဲ႕အစည္းမွာ သံဃာတာဝန္ကို ထမ္းေဆာင္တဲ့ အာမခံခ်က္မ်ိဳးသာရွိရင္အာဖရိကသားပဲျဖစ္ျဖစ္၊ အဂၤလန္နိုင္ငံသားပဲျဖစ္ျဖစ္၊ ဂ်ပန္နိုင္ငံသားပဲျဖစ္ျဖစ္၊ အေမရိကန္နိုင္ငံသားပဲျဖစ္ျဖစ္၊ တ႐ုတ္နိုင္ငံသားပဲျဖစ္ျဖစ္ သံဃာ့အဖြဲ႕အစည္းထဲ ဝင္ေရာက္ခြင့္ရွိပါတယ္။
နိုင္ငံသားအလိုက္ အထူးအခြင့္အေရး ဆိုတာ မရွိပါဘူး။ ရဟန္းတစ္ပါးျဖစ္ခ်င္းနဲ႔ သပိတ္တစ္လုံးနဲ႔ ကိုယ့္အသက္ ေမြးဝမ္းေၾကာင္းမွုကို ကိုယ့္ေျခေထာက္ေပၚမွာ မိမိကိုယ္ကိုမွီခို ရပ္တည္ရပါတယ္။
သံဃာ့အဖြဲ႕အစည္းထဲမွာ နိုင္ငံသားျဖစ္ခ်င္း လူမ်ိဳးျဖစ္ျခင္းဆိုတဲ့ သေဘာတရားေတြကို အခြံ့ခၽြတ္ခ်ခဲလိုက္ရၿပီး ရဟန္းတစ္ပါးျဖစ္ျခင္းဆိုတဲ့ အဓိပၸါယ္ကို သက္ဝင္ေစပါတယ္။
လူ႔အခြင့္အေရးကို ေလးစားလိုက္နာပါတယ္လို့ တတြင္တြင္ေျပာေနတဲ့ နိုင္ငံေတြရဲ့ နိုင္ငံတကာေလဆိပ္ေတြကို ၾကည့္ရင္ နိုင္ငံေတာ္လုံျခဳံေရးဆိုတဲ့ အေၾကာင္းျပခ်က္ေအာက္ နိုင္ငံရဲ့အမည္ေပၚက ခံစားခ်က္နဲ႔ လူမ်ိဳးေရးဖိႏွိပ္သလိုျဖစ္ေနတဲ့ ေနရာသဖြယ္ျဖစ္ေနတာကိုခံစားၾကည့္ရင္ လူ႔အခြင့္အေရးရင့္က်က္တယ္လို့ ေျပာတဲ့ေဝါဟာရဟာ သံသယျဖစ္စရာျဖစ္ေနေသးတာပါပဲ။
စိတ္လုံျခဳံမွုကို ကသိကေအာက္ျဖစ္ေအာင္ လုပ္လိုက္တဲ့အျပဳအမူတိုင္းဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမွု တစ္မ်ိဳးျဖစ္တယ္ ဆိုတာကိုပါထည့္တြက္ ထားဖို့ပါပဲ။
ဝိနယပိဋကတ္ စူဠဝဂၢမွာပါတဲ့ " သာသနာေတာ္ရဲ့အံ့ဖြယ္ရွစ္ပါး" ဆိုတဲ့ အေၾကာင္းအရာမွာ ဗုဒၶမိန႔္မွာခဲ့တာကို ေတြ႕နိုင္ပါတယ္။
လူတန္းစားခြဲျခားမွုအျမင္ေတြဟာ သာသနာေတာ္ထဲကို ေရာက္သြားရင္ လူ ဆိုတဲ့ က်ယ္ျပန႔္ တဲ့အျမင္အျဖစ္ သံဃာ့အဖြဲ႕အစည္းထဲမွာ တည္ေဆာက္ခဲ့ တာကို ေတြ႕ရပါတယ္။
"ရဟန္းတို့ 'ဂဂၤါ ၊ယမုနာ၊ အစိရဝတီ ၊သရဘူ ၊မဟီ' လို့ေခၚတဲ့ ျမစ္ႀကီးေတြဟာ မဟာသမုဒၵရာကို ေရာက္သြားရင္ ရွအရင္ကရခဲ့တဲ့ အမည္ အႏြယ္ေတြ ေပ်ာက္သြားၿပီး 'မဟာသမုဒၵရာ ' ဆိုတဲ့ အမည္ကို ရလိုက္သလိုပဲ
အဲဒီလို 'မင္း ၊ပုဏၰား ၊ကုန္သည္ သူဆင္းရဲ' ဆိုတဲ့ အဲဒီ အမ်ိဳးေလးပါးဟာ ဗုဒၶရဲ့ 'သာသနာေတာ္' လို့ေခၚတဲ့ သံဃာ့အဖြဲ႕အစည္းထဲမွာ
လူ႔ေဘာင္ကေန ရဟန္းေဘာင္ထဲကို ဝင္လာခဲ့လၽွင္ အရင္ကရခဲ့တဲ့ အမည္ အႏြယ္တို့ကို စြန႔္ၿပီး''သာကီဝင္ မင္းသား ဘုရားသားေတာ္ ရဟန္းေတြ '' ဆိုတဲ့ အမည္ေတြပဲျဖစ္သြားတယ္။
သံဃာ့အဖြဲ႕အစည္းထဲေရာက္လာရင္ အမ်ိဳးမာန္ကိုစြန႔္ရတယ္။
ဇာတိမာန္ေတြကို စြန႔္ရတယ္။ ျဗဟၼဏအမ်ိဳးအႏြယ္ျဖစ္တာတို့ ၊ မင္းမ်ိဳးျဖစ္တာတို့၊ ကုန္သည္မ်ိဳးျဖစ္တာတို့ ဆိုတာေတြကို ျပၿပီးအထူးအခြင့္အေရးဆိုတာ မရွိဘူး။
သံဃာ့အဖြဲ႕အစည္းထဲမွာ ရဟန္းျဖစ္ျခင္း ဆိုတဲ့ မိမိကိုယ္ကို တာဝန္ယူရမည့္ လူတစ္ေယာက္ျဖစ္ခ်င္းဆိုတာပဲရွိပါတယ္။
အကယ္၍မ်ားသံဃာ့အဖြဲ႕အစည္းထဲမွာ လူတန္းစားအျမင္ကို သာေရွ႕တန္းတင္လိုက္ရင္ သံဃာ့ အဖြဲ႕အစည္းဟာ လူမွုေရးတရားမၽွတမွု Social justice ဟာ တစ္ဖက္ေစာင္းသြားၿပီး အဖြဲ႕အစည္းတည္ျမဲမွူကိုေတာင္ ကေမာက္ကမျဖစ္ေစနိုင္ပါတယ္။
လူျဖစ္ျခင္းဆိုတဲ့ ဂုဏ္သိကၡာ ေအာက္မွာ လူျဖစ္ျခင္းကို ရာထူး၊ အဆင့္အတန္း၊ က်ားမ၊ အသက္အရြယ္၊ အမ်ိဳးအႏြယ္ဇာတိနဲ႔ ပိုင္းျခားျခင္းမွု မရွိသင့္ပါဘူး။
လူ႔ျဖစ္ျခင္းဆိုတဲ့ ဂုဏ္သိကၡာကို ေလးစား လိုက္နာေပးတဲ့အခ်က္ဟာ လူ႔အခြင့္အေရးကို လိုက္နာေပးျခင္းပဲျဖစ္ပါတယ္။
အဲဒီ လူေတြကို အတန္းအစား အမ်ိဳးအမည္ မခြဲဘဲ လူ႔ဂုဏ္သိကၡာကို ေလးစားလိုက္နာေပးတဲ့ အယူအဆဟာ သံဃာ့အဖြဲ႕အစည္းထဲမွာ ရဟန္းေတာ္ျဖစ္င္းဆိုတဲ့ အမည္တစ္သားတည္းေပၚမွာ ရပ္တည္ေစခဲ့တာ ေတြ႕ရပါတယ္။
သံဃာ့အဖြဲ႕အစည္းထဲမွာ လူတန္းစားအျမင္ကို ဗုဒၶရဲရဲႀကီးစြန႔္ပစ္ခဲ့တာကို ၾကည့္ရင္ လူ႔အခြင့္အေရးဆိုတဲ့ သဘာဝကို သံဃာ့အဖြဲ႕အစည္းထဲမွာ ဖြံ့ၿဖိဳးၿပီးျဖစ္ေစခဲ့တယ္လို့ဆိုရပါမယ္။
လူတန္းစား၊ အျမင္နဲ႔ အမ်ိဳးအႏြယ္ဇာတိကို စြန႔္ပယ္တဲ့ လူျဖစ္ျခင္းဆိုတဲ့အေပၚကေန လူသားအခ်င္းခ်င္း စာနာေထာက္ထားမွု Humanitarianism ရွိတဲ့အျမင္ကို ဖြံၿဖိဳးေစခဲ့ ပါတယ္။
သံဃာ့အဖြဲ႕အစည္း လူတန္းစားခြဲျခားတဲ့ အျမင္ေတြကို ခဝါခ်ရာနယ္နိမိတ္မ်ဥ္းျဖစ္သလို လူ႔ကို အေမွာင့္ပေယာဂပူးေစတဲ့ ရာထူး၊ စည္းစိမ္၊ ပကာသနေတြကိုေဖ်ာက္ဖ်က္ပစ္တဲ့ ေနရာမြန္လည္းျဖစ္ပါတယ္။
လူျဖစ္ျခင္းကို သံဃာ့အဖြဲ႕အစည္းရဲ့ လူ႔အခြင့္ အေရးယူဆခ်က္အရ လူအျဖစ္ျပန္ရတဲ့ က်င့္စဥ္ပဲျဖစ္ပါတယ္။
တကယ္ေတာ့ သံဃာ့အဖြဲ႕အစည္းတစ္ရပ္အတြက္ေတာ့ လူ႔အခြင့္ေရးဆိုတာ အသုံးစရာလက္နက္မဟုတ္ဘူး လူ႔အဖြဲ႕အစည္းအတြက္ က်ငိ့သုံးစရာ ျဖစ္တယ္ဆိုတာ သံဃာ့အဖြဲ႕အစည္းက ေရရွည္တည္ျမဲမွုနဲ႔ သက္ေသျပခဲ့တာေတြ႕ရပါတယ္။
ရး၅၈ ည
၁၇.၁၂. ၂၀၂၀ အိမ္
No comments:
Post a Comment