Friday, February 28, 2020

နံရိုးပေါင်းဆီချက်ခေါက်ဆွဲ -မြေအိုးကြက်ဆီထမင်း

မြေအိုးကြက်ဆီထမင်း
--------------------------


 ဒါကတော့ မြေအိုးကြက်ဆီထမင်းချက်နည်းလေးပါ။ အိမ်မှာ လူနည်းတာပဲဖြစ်ဖြစ်၊ အိမ်သားတွေ  အစားမညီတာပဲဖြစ်ဖြစ် မိမိစားချင်တာကို ချက်မစားရဘူးဆိုတာ မဖြစ်ရလေ အောင် ရည်ရွယ်ပါတယ်။ တစ်ယောက်စာ တစ်အိုးလေးကို ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြာ အချိန်လေးပေးရုံနဲ့ ချက်စားလို့ရပါတယ်။

ကြက်ဆီထမင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ
• ရှမ်းဆန်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ပေါင်  -  ၁ ချောင်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ပြုတ်ရည်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ဆီဖတ်  -  ၁ ဖတ်
• ကြက်သွန်ဖြူ  -  ၁ လုံး
• ချင်း  -  ၅ ပြား (ပါးပါးလွှာထားပါ)
• ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• နံနံပင်အမြစ်  -  ၂ ပင်
• ကွကျဥ  -  ၁ လုံး

ပြုလုပ်နည်း
 ဦးစွာ ကြက်ဆီဖတ်ကို ဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် မီးအေးအေးနဲ့ ကြော်ပါ။ လွှာထားသော ချင်းကို ထည့်ပါ။ ကြက်ဆီဖတ်များြွကပ်ရွလာလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပြီးြွကပ်ရွလာလျှင် ရပါပြီ။ ကြက်ပေါင်လုံးကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ပြုတ်ပါ။ ပြုတ်သည့်အခါ အဖုံးဖွင့်ပြီး ပြုတ်လျှင် ကြည်လင်သော ကြက်ပြုတ်ရည်ကို ရပါမယ်။ ကြက်သားနူးပြီဆိုလျှင် ကြက်ဆီထမင်း ချက်လို့ရပါပြီ။ ဆန်ကို ရေဆေးပြီး ရေကုန်အောင် စစ်ထားပါ။ ချက်မည့်မြေအိုးထဲ နံနံပင်အမြစ်
၂ ပင်ထည့်ပါ။ ဆန်ထည့်ထားပါ။ ကြက်ပြုတ်ရည်ထဲ ဆားနှင့် သကြား ပျော်ဝင်အောင်မွှေပြီး ဆန်ထည့်ထားသော မြေအိုးထဲ လောင်းထည့်ပါ။ ကြက်ဆီကို စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး အဖုံးအုပ် တည်ပါ။ မီးအလယ်အလတ်နဲ့တည်ပြီး ဆူလာလျှင်လုံးဝ မီးလျှော့ချတည်ပါ။ ရေခန်းစပြုလာလျှင် ကြက်ပေါင်နှင့် ပြုတ်ထားသောကြက်ဥကို ခြမ်းထည့်ပြီး အဖုံးအုပ်ထားပါ။ ရေခန်းပြီး အငွေ့လှိုင် လာလျှင် မီးပိတ်၍ မီးဖိုပေါ်မှာ ၁ မိနစ်ခန့်ထားပြီး သုံးဆောင်လို့ရပါပြီ။
-----------------------------
ပန်းခရေ

နံရိုးပေါင်းဆီချက်ခေါက်ဆွဲ
------------------------------


ပါဝင်ပစ္စည်းများ
• ချင်း  -  ၂၀ ဂရမ်
• ကရဝေးရွက်  -  ၂ ရွက်
• ကြက်သွန်နီ  -  ၂၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၃၅ ဂရမ်
• ငရုတ်ကောင်းစေ့  -  စားပွဲဇွန်း ၁ ဇွန်း
• နွယ်ချို  -  စားပွဲဇွန်း ၁ ဇွန်း
• ရေနွေးဆူဆူ  -  ၂ လီတာ (ဝက်နံရိုးပြုတ်ရန်)
• ဆား  -  စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၃ ဇွန်း
• ဝက်နံရိုး  -  ၈ဝဝ ဂရမ်
• ရေနွေး  -  ၅ဝဝ မီလီလီတာ
• ခေါက်ဆွဲ  -  ၆ဝဝ ဂရမ်
• ထိုင်ဝမ်မုန်ညင်း  -  ၃ဝဝ ဂရမ်
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ဒယ်အိုးထဲ ချင်း၊ ကရဝေးရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နှင့် နွယ်ချို တို့ကို မီးအေးအေးနဲ့ လှော်ပါ။ ပြီးလျှင် ရေနွေးဆူဆူလောင်းထည့်ပါ။ ဆား၊ ပဲငံပြာရည် အကြည် စားပွဲဇွန်း ၂ ဇွန်းနှင့် ဝက်နံရိုးတို့ကို ထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာလျှင် အမြှုပ်များကို ခပ်ထုတ်ပစ်ပါ။ ၄၅ မိနစ်ခန့် တည်ပါ။ ဝက်နံရိုးပြုတ်ရည် ရလာလျှင် ပြုတ်ရည်ကို ဇလုံထဲ စစ်ထည့်ပါ။
၂။ ပြီးလျှင် ဝက်နံရိုးပြုတ်ရည်တစ်ဝက်ကို  ရေနွေး ၅ဝဝ မီလီလီတာ ထည့်ပြီး တည်ပါ။ မိနစ်အနည်းငယ်ခန့် ဆူအောင်တည်ပါ။ ပြီးလျှင် ခေါက်ဆွဲထည့်ပြုတ်ပါ။ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ခေါက်ဆွဲကို ဆန်ခါထဲ ဆယ်ထည့်ထားပါ။ ခေါက်ဆွဲပြုတ်ရည်နဲ့ ထိုင်ဝမ် မုန်ညင်းကို ပြုတ်ပါ။
၃။ ပြီးလျှင် ပန်းကန်ထဲ ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း၊ ဝက်နံရိုး ပြုတ်ရည် အနည်းငယ်နှင့် ပြုတ်ထားတဲ့ခေါက်ဆွဲတို့ကို ထည့်ပြီး သမအောင် နယ်ပါ။ နှံ့စပ်သွားပြီဆိုလျှင် ပြုတ်ထားတဲ့ ထိုင်ဝမ်မုန်ညင်း၊ ဝက်နံရိုး၊ ကြက်သွန်မြိတ်နှင့် ငရုတ် ကောင်းမှုန့်တို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
-------------------------------------
Tin Tin Oo

No comments: