Friday, February 21, 2020

ဂွေးတောက်ရွက် ကြက်တောင်ပံဟင်းချို -ကျောက်ပွင့်အစပ်ဟင်း-ငရုတ်သီးစိမ်းရခိုင်ချက်- ထန်းသီးဆံအညာချက် -ငါးအချောင်းကြော် (Crispy Fish Fingers)

ဂွေးတောက်ရွက် ကြက်တောင်ပံဟင်းချို
--------------------------------------------


ပါဝင်ပစ္စည်းများ
• ကြက်တောင်ပံ  -  ၈ဝဝ ဂရမ်
• ဂွေးတောက်ရွက်  -  ၇၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၁၀ ဂရမ်
• ချင်း  -  ၇ ဂရမ်
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ခရုဆီ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆန်လှော်မှုန့်  -  ၂၀ ဂရမ်
• ရေ  -  ၂ လီတာ
• ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။ 
၂။ ကြက်တောင်ပံနှင့် ရေထည့်ပြီး မီးအေးအေးဖြင့် မိနစ် ၃၀ ခန့် ချက်ပါ။ 
၃။ ကြက်တောင်ပံများ နူးအိလာလျှင် ဆန်လှော်မှုန့်ထည့်ပါ။ အရသာအတွက် ဆားနှင့် ခရုဆီထည့်ပါ။ အရသာများထည့်ပြီး ဟင်းချိုကို ဆူအောင် တည်ပါ။ ဂွေးတောက် ရွက်များ ထည့်၍  အပေါ်မှ ငရုတ်ကောင်းမှုန့်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------
Htain Lin Maung 

ကျောက်ပွင့်အစပ်ဟင်း
------------------------------


ပါဝင်ပစ္စည်းများ
• ကျောက်ပွင့်  -  ၂ ပွင့်
• ကြက်သွန်နီ  -  ၁ လုံး
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• ငါးပိ  -  အနည်းငယ်
• ငရုတ်သီးစိမ်း  -  ၄ တောင့်
• ရှောက်ရွက်  -  ၄ ရွက်
• နနွင်းမှုန့်  -  အနည်းငယ်
• ဆီ  -  အနည်းငယ်
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငံပြာရည်  -  အနည်းငယ်
• ကြက်သွန်မြိတ်  -  အနည်းငယ်
• သံပရာသီး  -  အနည်းငယ်
• ချင်း  -  အနည်းငယ်

ပြုလုပ်နည်း
 ‌ကျောက်ပွင့်ကို အနေတော်လှီးထားပါ။ ပြီးလျှင် ငရုတ်သီးစိမ်း
ကို ဓားပြားရိုက်ပါ။ သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ရှောက်ရွက်ကို ပါးပါးလှီးပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူ လာပြီဆိုလျှင် နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့် အနံ့မွှေးလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ချင်းနှင့် ကြက်သွန်နီ ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ/နီ၊ ချင်းအနံ့မွှေးလာပြီဆိုလျှင် ငါးပိထည့်ပြီး ဆီသတ်ပါ။ ငါးပိနံ့မွှေးလာပြီဆိုလျှင် ငရုတ်သီးစိမ်းထည့်ပြီး ဆီသတ် ပါ။ အရသာများအဖြစ် ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြားနှင့် ငံပြာရည် ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အနှစ်ရအောင် ချက်ပါ။ ရေဆူလာ ပြီဆိုလျှင် ကျောက်ပွင့်ထည့်ပါ။ ကျောက်ပွင့် ထည့်ပြီးလျှင် ရေ အနည်း ငယ်ထပ်ထည့်ပြီး ၅ မိနစ်ခန့် နှပ်ထားပါ။ ၅ မိနစ်ခန့် နှပ်ပြီးသွားလျှင် သံပရာသီးထည့်ပါ။ ဆီပြန် ရေကျန် အနေအထားရပြီဆိုလျှင် 
ရှောက်ရွက်ထည့်ပါ။ အနံ့အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------------------------------
Eant Wint Htut

ငါးအချောင်းကြော် (Crispy Fish Fingers)
----------------------------------------------------


 ယိုးဒယားစတိုင် ငါးအချောင်းကြော်ကို ပုံမှန်အားဖြင့် တန်ပူရာမှုန့်နဲ့ ကြော်ပါတယ်။ ရွှေလိပ်ပြာကို သုံးလို့ရပါတယ်။ ယခုကြော်ထားတာကတော့ အပြင်က ပေါင်မုန့်ခြောက် ကပ်ထားပြီး ပုံစံတစ်မျိုးနဲ့ ကြော်ထားတာလေးပါ။

ပါဝင်ပစ္စည်းများ
• ငါးတန်ငါးအသား  -  ၅ဝဝ ဂရမ်
• ယိုးဒယားငံပြာရည်  -  စားပွဲဇွန်း ၂ ဇွန်း 
• ခရုဆီ  -  ၁ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ  -  အနည်းငယ် 
• တန်ပူရာမှုန့် (ရွှေလိပ်ပြာ)  -  ၁ ထုပ်
• ပေါင်မုန့်ခြောက်  -  တစ်ပန်းကန်  
 (သုံးလိုလျှင်)
• ဆီ  -  ကြော်ရန် (အလုံအလောက်)

ပြုလုပ်နည်း
၁။ ငါးတန်ငါးအသားကို အသုံးပြုပါက အသားရဲ့  အနီရောင်၊ အညိုရောင် အပိုင်းများကို သန့်စင် ပေးပါ။ ညှီနံ့ပြင်းလို့ပါ။ ငါးကို ရေဆေးသန့်စင်၍ ရေစစ်ပြီး အချောင်းလေးများ လှီးဖြတ်ထားပါ။
၂။ လှီးပြီးပါက ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး ငံပြာရည်၊ ခရုဆီနှင့် ငရုတ်ကောင်းမှုန့်အဖြူတို့ကို ထည့်ပြီး နယ်ထားပါ။
၃။ ပန်းကန်တစ်ချပ်မှာ တန်ပူရာမှုန့်ဖျော်ထားပါ။ မပျစ်မကျဲ အနေအထား ဖျော်ပါ။
၎။ အားလုံးအဆင်သင့်ဖြစ်လျှင် ဆီအိုးတည်ထားပါ။ ဆီပူလာလျှင် အရသာနယ်ပြီးသား ငါးကို မုန့်နှစ်ရည်ထဲ နှစ်၍ ဆီပူထဲ ထည့်ကြော်ပါ။ ငါးများကို ဆက်တိုက် ထည့်ပြီးလျှင် မီးအရှိန်ကို အမြင့်ဆုံးအထိ တင်ပြီး ကြော်ပါက ငါးအချောင်းကြော်ြွကပ်ရွပြီး ဖောင်းဖောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ (ပေါင်မုန့်ခြောက်ကပ်လိုပါက မုန့်နှစ်ကပ်ပြီး ပေါင်မုန့်ခြောက်ကပ်၍ ဆီပူထဲ ထည့်ကြော်ပါ။)
၅။ အဆက်မပြတ်မွှေပေးပြီး ရွှေဝါရောင်ရပါက ဆယ်ယူ၍ ဆီစစ်ကာ Thai Chilli Sauce မှာ သံပရာသီးညှစ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
--------------------------------------------
Sofia

ငရုတ်သီးစိမ်းရခိုင်ချက်
----------------------------------


   ရခိုင်ဟင်းလျာတွေဟာ ဆီအသုံးနည်းပြီး ပူပူစပ်စပ်ကလေးနဲ့ ချဉ်ငန်စပ်အရသာကဲလို့ နှုတ်မြိန်စေတဲ့အတွက် အကြိုက်များကြတာ ဖြစ်ပါတယ်။ ငရုတ်သီးကို ရခိုင်ရိုးရာပုံစံချက်ထားတဲ့ ငရုတ်သီးချက်က အတို့အမြှုပ်စုံစုံလင်လင်နဲ့ စားကြတဲ့
အခါ  ထမင်းဝိုင်းမှာ ငရုတ်သီးချက်တစ်ခွက်နဲ့တင် အခြားဟင်းအမည်များ မလိုအောင် ပြည့်စုံတယ်လို့ ကြိုက်နှစ်သက်သူများက ပြောကြပါတယ်။

ပါဝင်ပစ္စည်းများ
• ငရုတ်သီးစိမ်းတောင့်  -  ၁၀ ကျပ်သား
• ရေငန်ငါး (ပင်လယ်ငါး)  -  ၁၀ ကျပ်သား
• မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• မန်ကျည်းသီး  -  ခုံညင်းလုံးခန့်
• ဆား၊ နနွင်းမှုန့်၊ နံနံပင်  -  သင့်ရုံ

ပြုလုပ်နည်း
၁။ ငရုတ်သီးရခိုင်ချက် ချက်ရန် မည်သည့် ပင်လယ် ငါးမျိုးမဆို သုံးနိုင်ပါသည်။ ရေချိုငါးများနှင့်
လည်း ချက်နိုင်ပါသည်။ ငါးကို သန့်စင်အောင် ဆေးကြောပြီး ဆားနှင့် နနွင်းမှုန့်ထည့်၍ ရေနှင့် ပြုတ်ပြီး အရိုးဖယ်ကာ အသားနွှင်ထားပါ။ ဆီကို သီးခြားမသုံးဘဲ ငါးမှထွက်သည့် သဘာဝအဆီ ဖြင့်သာ ချက်ပြုတ်ကြခြင်း ဖြစ်ပါသည်။
၂။ ငရုတ်သီးစိမ်းတောင့်များ အညှြာွေခ၍ ရေဆေးပြီး ဆုံတွင် လေးစိတ်ကွဲ ထောင်း ထားပါ။ မန်ကျည်းသီးကို ရေစိမ်ပြီး မန်ကျည်းရည်တွင် မျှင်ငါးပိကို ထည့်ဖျော် ထားပါ။ နံနံပင်များ သင်ထားပါ။
၃။ အားလုံးအသင့်ဖြစ်လျှင် ချက်မည့်အိုးထဲ အဆာအားလုံးထည့်၍ ရေသင့်ရုံ
ထည့်ပြီး ပွက်ပွက်ဆူအောင်ကျိုကာ မပျစ်မကျဲအနေအထားလေးဖြင့် ချက်ပါ။ ဟင်းရည်အိုးကျက်လျှင် နံနံပင်အုပ်ပြီး အတို့အမြှုပ်စုံစုံလင်လင်ဖြင့်  ဆီလွတ် ငရုတ်သီးရခိုင်ချက်ကို မြိန်မြိန်ယှက်ယှက် သုံးဆောင်နိုင်ပါပြီ။
------------------------------
ဦးစံလွင်(ငါးဦးစီး)

ထန်းသီးဆံအညာချက်
----------------------------


 ယခုလိုဆောင်းဦးပေါက်ရာသီမှာ ထန်းသီးဆံ များကို ပေါပေါလောလော တွေ့နေရပါပြီ။ အချို့က ထန်းသီးဆံ နုနုကလေးများကို ရေစိမ်ထားတဲ့ ကောက် ညှင်းဆန်နဲ့နယ်၍ နှစ်နေလောက်ပြပြီး အချဉ်တည်
ကာ မန်ကျည်းရွက်နုကလေးတွေနဲ့ ရောချက်ပြီး ပုစွန် ငါးပိ အခတ်ကလေးနဲ့ ထသီးဆံ (ထန်းသီးဆံ) အညာ ချက် ချက်ကြပါတယ်။

ပါဝင်ပစ္စည်းများ
• ထန်းသီးဆံ (အနေတော်)  -  ၅ ခု
• ဆီ  -  ၂  ၁/၂ ကျပ်သား
• ကြက်သွန်နီ  -  ၂ လုံး
• ကြက်သွန်ဖြူ  -  ၁ လုံး
• မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးစိမ်းတောင့်  -  ၅ တောင့်
• ဆား၊ နနွင်းမှုန့်  -  သင့်ရုံ

ပြုလုပ်နည်း
၁။ ထန်းသီးဆံကို ရေဆေး၍ အပေါ်ယံအခွံပါးကလေးများ စင်အောင် ခွာပြီး မထူ မပါးလေး လှီးထားပါ။
၂။ ကြက်သွန်ဖြူ/နီကို အခွံနွှာ၍ ခပ်ကြမ်းကြမ်းထောင်းပြီး ငရုတ်သီးစိမ်းတောင့် လေးများကို ထက်ခြမ်းခြမ်းပါ။
၃။ အားလုံးအသင့်ဖြစ်လျှင် ဆီအိုးထဲမှာ ကြက်သွန်ဖြူ/နီ ထောင်းပြီးသား အရော ကို ဆီသတ်ပြီး ထန်းသီးစိတ်လေးများထည့်ကာ ဆား၊ နနွင်းမှုန့်နှင့် မျှင်ငါးပိ
တို့ကို ရေဖျော်ထည့်ပြီး ဖိုမှာတည်ပါ။
၎။ ဟင်းအိုးဆီ ဆူသံပေးလာလျှင် အသီးနူးအောင် လုံးရေထည့်ပြီး ဆီပြန်အောင် တည်ပါ။ ဆီပြန်လာလျှင် ငရုတ်သီးစိမ်းထက်ခြမ်းခွဲများ အုပ်၍ ဖိုမှချပါ။ ငရုတ် သီးစိမ်းနံ့လေးသင်းပြီး ဝါးလိုက်သည့်အခါ အိအိထုတ်ထုတ်နှင့် အရသာ တစ်မျိုးထူးသည့် ထန်းသီးဆံအညာချက်ကလေး အသင့်ရပါပြီ။
------------------------------
စံလွင် (ငါးဦးစီး)

No comments: