မန္တလေးမုန့်တီ
Mandalay မုန့်တီ ( နန်းလတ်) ၁၅ပွဲစာအတွက်
ကြက်သားဟင်းအတွက်လိုအပ်တာတွေကတော့..
မြန်မာကြက် - ၁ကောင် ( ၆၀ ကျပ်သား)(လေးခြမ်းခြမ်းထားပါ)
ကြက်သွန်ဖြူ - ၅၀ ဂရမ်
ချင်း - ၃၀ ဂရမ်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ - စားပွဲဇွန်း ၂ ဇွန်း
ရေ - ၆၀၀ မီလီလီတာ
ဆီနီချက်ရန်လိုအပ်တာတွေကတော့……
ဆီ - ၅၀ ကျပ်သား
အရောင်တင်မှုန့် - စားပွဲဇွန်း ၅ ဇွန်း
ငရုတ်သီးအစပ်မှုန့် - စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ - ၅၀ ဂရမ်
ဆီဝါချက်ရန် လိုအပ်တတွေကတော့…
ဆီ - ၄၀ ကျပ်သား
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ - ၈၀ ဂရမ်
ကြက်သွန်ဖြူ - ၄၀ ဂရမ်
မုန့်ကြွပ်ကြော်ရန်လိုအပ်တာတွေကတော့…
ခေါက်ဆွဲဖတ်အစို - ၂၀၀-၃၀၀ ဂရမ်
ကြော်ရန်ဆီ
ငရုတ်သီးကြော်အတွက်လိုအပ်တာတွေကတော့…
ငရုတ်သီးအကြမ်းဖတ် - ၇၀ ဂရမ်
ကြက်သွန်ဖြူ - အနည်းငယ် (နုပ်နုပ်စဉ်း)
ဆီချက်မှရတဲ့ ကြက်သွန်ဖြူကြော်နဲ့အနီ
ဆား - အနည်းငယ်
ဆီ - စားပွဲဇွန်း ၁၀ ဇွန်း
Mandalay မုန့်တီ ၁၅ ပွဲစာအတွက် လိုအပ်တာတွေကတော့….
မုန့်တီဖတ်အစို ( နန်းကြီး/နန်းလတ်) - ၁ပိသာ ၅၀ ကျပ်သား
ကုလားပဲမှုန့်အကျက်မှုန့် - ၁၅ ဇွန်း
ငံပြာရည် (ကျိုပြီးသား) - စားပွဲဇွန်း ၁၅ ဇွန်း
ပဲပင်ပေါက် - ၃၀ ကျပ်သား ( ၄၇၀ ဂရမ်)
နံနံပင် - ၁၀ ပင်
ပြုလုပ်နည်း
1. ချင်း၊ ကြက်သွန်ဖြူကိုထောင်းပါ။ ပြီးလျှင် ကြက်သားကို ထောင်းထားတဲ့ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ဆား၊ အသားမှုန့်တို့နဲ့နယ်ပါ။
2. အိုးထဲကိုဆီထည့်ပြီး ကြက်သားထည့်ပြီးမွှေပေးပါ။.ပြီးလျှင် ရေထည့်ပြီး ကြက်သားနူးသည်အထိချက်ပါ။ ရေခမ်းပြီးဆီပြန်သည်အထိချက်ပါ။
3. ပြီးလျှင် ကြက်သားကို ဆယ်ပြီးအအေးခံထားပါ။
4. ကြက်သားအအေးလာရင် အသာထွင်းပြီးထားပါ။
5. အရိုးကို အိုးတစ်လုံးထဲထည့်ပြီး ရေထည့်ပြီး ဆက်ပြုတ်ထားပါ။ အရသာအတွက် ငံပြာရည်၊ ဆား၊ ကြိုက်နှစ်သက်ပါက အချိုမှုန့် ဒါမှမဟုတ် အသားမှုန့်ထည့်ပါ။
6. ဆီနီချက်ရန်အတွက် ဆီအိုးတည်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူထည့်ပြီးကြော်ပါ။ မွှေးလာရင် မီးပိတ်ပါ။ ပြီးလျှင် ငရုတ်သီးနှစ်မျိုးထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ဆန်ခါဖြင့်စစ်ထားပါ။
7. ဆီဝါချက်ရန်အတွက်.ဆီအိုးတည်ပါ။ ဆီပူလာရင်ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီးကြော်ပါ။ မွှေးလာရင် မီးဖိုပေါ်မှချပြီး ဆီငွေ့သေအောင်ထားပါ။ ပြီးလျှင် နနွင်းမှုန့်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ဆန်ခါဖြင့်စစ်ထားပါ။
8. ငရုတ်သီးကြော်ရန် ဆီအိုးတည်ပါ။ ဆီပူလာရင်ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ပြီး ကြော်ပါ။ ပြီးလျှင် ငရုတ်သီးထည့်ပြီးကြော်ပါ။ ဆားထည့်ပြီး မွှေပေးပါ။ ဆီနီ ဆီချက်စဉ်က စစ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ငရုတ်သီးကြော်နဲ့ပြန်မွှေပေးပါ။
9. ငံပြာရည်ကို အိုးထဲထည့်ပြီးကျက်အောင်ချက်ပါ။
10. ပဲပင်ပေါက်ကို ရေနွေးဖျောထားပါ။ နံနံပင်ကိုလှီးထားပါ။ ပဲမှုန့်အကျက်မှုန့်ကို ပန်းကန်ထဲအဆင်သင့်ထည့်ထားပါ။
11. အချဉ်အတွက် ကြက်သွန်နီကို အကွင်းလိုက်လှီးထားပါ။သံပရာသီးကို စိတ်ထားပါ။
12. မုန့်ဖတ် တစ်ပွဲစာ ၁၅၀ ဂရမ်ကို ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် အချိုမှုန့်အနည်းငယ် (မကြိုက်လျှင် မထည့်ဘဲလည်းရတယ်). ပဲမှုန့်အကျက်မှုန့် စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် စားပွဲဇွန်း ၁ ဇွန်း၊ ဆီနီ စားပွဲဇွန်း ၂ ဇွန်း၊ ဆီဝါ စားပွဲဇွန်း ၁ ဇွန်း၊ ပဲပင်ပေါက်၊ နံနံပင်၊ ကြက်သားထည့်ပြီးနယ်ပါ။
13. မုန့်ကြွပ်ကြော်ထည့်ပါ။ ကြက်သွန်ချဉ်ဟင်းချိုတို့ဖြင့်သုံးဆောင်ပါ။
မြိတ်ကတ်ကြေးကိုက်
ဆန်ခေါက်ဆွဲ - ၄၀၀ ဂရမ်
ပြည်ကြီးငါးအကောင်အသေး - ၁၅၀ ဂရမ် ( ၄ ကောင်)
ပုစွန် - ၁၅၀ ဂရမ်
စားတော်ပဲပြုတ် - အနည်းငယ်
ဘဲဥ - ၂ လုံး
ပုလဲဧရာ အုန်းရည်ရှလကာ - စားပွဲဇွန်း ၃ ဇွန်း
ငရုတ်သီးအတောင့်ပွ - ၁၀ တောင့် ( ၂၅ ဂရမ်)
ကြက်သွန်ဖြူ - ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
ပဲပင်ပေါက် - ၁၂၀ ဂရမ်
ကုဆိုင် - ၂၀ ဂရမ်
ကြက်သွန်မြိတ် - ၂ ပင်
ဆီ - ၃ + ၂ စားပွဲဇွန်း
ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား - အနည်းငယ်
ပြုလုပ်ပုံ
1. ဆန်ပြားခေါက်ဆွဲကို ဓားဖြင့်လှီးပြီး ကြော်ရ လွယ်ကူစေရန် တစ်ဖတ်ချင်းစီ ခွာထားပါ။
2. ပြုတ်ထားတဲ့ ငရုတ်သီးခြောက်ကို ညက်အောင်ထောင်းပါ။ ပြီးလျှင် အုန်းရည်ရှလကာရည်နဲ့ရောပြီး မွှေထားပါ။
3. ပြည်ကြီးငါးရဲ့ အတွင်းဖက်ပိုင်းကို ဓားဖြင့်မွှန်းပါ။ ပြီးလျှင် အကောင်ကြီးပါက ၄ ပိုင်းဖြတ်ထားပါ။
4. ခေါက်ဆွဲကြော်မည့် ဒယ်အိုးအကြီးထဲကို ဆီ ၃ ဇွန်းထည့်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပေးပါ။
5. အနံ့မွှေးလာသည်နှင့် အုန်းရည်ရှလကာရည်နဲ့ရောထားတဲ့ ငရုတ်သီးအနှစ် ၃ ဇွန်းထည့်ပြီး ဆီသတ်ပါ။
6. ပြီးလျှင် ပုစွန်နဲ့ပြည်ကြီးငါးထည့်ပြီး ကြော်ပါ။
7. ဆန်ခေါက်ဆွဲထည့်ပြီး ကြော်ပါ။ ပြီးလျှင် ပဲငံပြာရည်၊ အသားမှုန့်၊ ဆားထည့်ပြီး မွှေပေးပါ။
8. မွှေပြီးတာနဲ့ ခေါက်ဆွဲကို ဘေးမှာကပ်ပြီး အလည်မှာ ဆီ ၂ ဇွန်းထည့်ပါ။
9. ဆီပူလျှင် ဘဲဥ၂ လုံးဖောက်ထည့်ပြီး မွှေပေးပါ။
10. ကြက်ဥကျက်ရင် ဆန်ခေါက်ဆွဲနဲ့ပြန်ရောပြီး ကြော်ပါ။
11. ပဲပင်ပေါက်၊ ကုဆိုင်၊ ကြက်သွန်မြိတ်ထည့်ပြီး မီးပိတ်ပါ။ ပြီးနောက်မွှေပေးပါ။ ပြီးလျှင် စားတော်ပဲပြုတ်ဖြူးပေးပါ။
ထိုင်းဆန်ပြားကြော်
-----------------------
ပါဝင်ပစ္စည်းများ
• ဆန်ပြားအစို - ၅ဝဝ ဂရမ်
• ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကိုက်လန် - ၃ ပင်
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
Marinate လုပ်ရန် လိုအပ်တာတွေကတော့-
• ကြက်သား - ၂ဝဝ ဂရမ် (ပါးပါးလှီးထားပါ)
• ပုစွန် - ၁၅၀ ဂရမ်
(အခွံခွာပြီး အခွံကို ပြုတ်ရည်လုပ်ရန်သိမ်းထားပါ)
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
• ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကြက်ရိုး - ၁ ခြမ်း
• ပုစွန်အခွံ - ၁၅၀ ဂရမ်
• ရေ
• ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

• ခရုဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ်
• နှမ်းဆီမွှေး - အနည်းငယ်
• ကွကျဥအကာ - ၁ လုံး
ငရုတ်ချဉ်တည်ရန် လိုအပ်တာတွေကတော့-
• ငရုတ်သီးစိမ်း - ၅ တောင့် (ပါးပါးလှီးထားပါ)
• ရှလကာရည် - စားပွဲဇွန်း ၅ ဇွန်း
• ဆား - အနည်းငယ်
• သကြား - အနည်းငယ်
ဆော့စ်အတွက် လိုအပ်တာတွေကတော့-
• ကြက်သွန်ဖြူ - စားပွဲဇွန်း ၂ ဇွန်း (နုပ်နုပ်စဉ်း)
• တရုတ်ပဲငါးပိ - စားပွဲဇွန်း ၁ ဇွန်း
• အရိုးပြုတ်ရည် - ၂ ခွက်
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၁/၂ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
• ကော်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်အဖြူ - အနည်းငယ်
ပြုလုပ်နည်း
၁။ ပုစွန်အခွံကို ပန်းရောင်သန်းသည်အထိ လှော်ပါ။ ပြီးလျှင် အရိုးပြုတ်ရည်အိုးထဲ ထည့်ပြီး ပြုတ်ပါ။ မီးအေးအေးနဲ့ တည်ထားပြီး ဆန်ခါဖြင့် စစ်ထားပါ။
၂။ ခေါက်ဆွဲနဲ့ တွဲစားရန် ငရုတ်ချဉ်လုပ်ဖို့အတွက် ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ရှလကာရည်၊ ဆားနှင့် သကြားထည့်ပြီး အချဉ်တည်ထားပါ။
၃။ ကြက်သားကို Marinate လုပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးနှင့် နယ်ပြီး
နှပ်ထားပါ။
၎။ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာသည်နှင့် ဆန်ပြားထည့်ပါ။
၅။ ပြီးလျှင် ပဲငံပြာရည်အနောက်ထည့်ပြီး မွှေပါ။ ဆန်ပြားကို နီညိုရောင်သန်းအောင် ကြော်ပြီး ဆယ်ယူထားပါ။
၆။ ဆော့စ်ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး ကြက်သွန်ဖြူနှင့် တရုတ်ပဲငါးပိ ထည့်ပြီး ဆီသတ်ပါ။
၇။ ပြီးလျှင် နှပ်ထားတဲ့ ကြက်သားထည့်ပြီး ကြော်ပါ။ ကြက်သားအရောင်ပြောင်းသည် နှင့် ပြုတ်ရည်ထည့်ပြီး တည်ထားပါ။
၈။ ပြုတ်ရည်ဆူလာလျှင် ကိုက်လန်ထည့်ပါ။
၉။ ပြီးလျှင် ပဲငံပြာရည်အကြည်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး ဆူအောင် တည်ပါ။
၁၀။ ဟင်းရည်ပျစ်စေရန် ကော်မှုန့်ကို ရေဖျော်ပြီး ထည့်ပါ။
၁၁။ ပြီးလျှင် ကြော်ထားတဲ့ ဆန်ပြားအပေါ်မှာ လောင်းပါ။
၁၂။ ဆန်ပြားကြော်ကို ငရုတ်သီးစိမ်းချဉ်နှင့် တွဲပြီး စားပါ။
--------------------------------------
Myint Oo Tha
ယိုးဒယားကြက်ကောင်လုံးကင်
(Thai Style Grilled Chicken)
------------------------------------
ယိုးဒယားကြက်ကင်ကို အရသာအမျိုးမျိုးရှိတဲ့အထဲက ဒီနည်းလေးကတော့ အရသာ တစ်မူထူးပြီး သင်းပျံ့မွှေးကြိုင်လို့ ကင်လို့မလောက်တဲ့အထဲမှာ ပါပါတယ်။ နှစ်သစ်ကူးပွဲတော် များနဲ့ ပါတီပွဲများအတွက် အနောက်တိုင်းပုံစံအရသာနဲ့ ကွဲပြား စေမယ့် ထိုင်းကြက်ကင်ကို ပြင်ဆင်ပေးထားတဲ့ ကြက်ကင် နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
• ကြက် - ၁ ကောင်
(၂ ၁/၂ ကီလို)
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၈ ဇွန်း
• ခရုဆီ - ၅ ဇွန်း
• ဟင်းခတ်မှုန့် - ၁ ဇွန်း
• ငရုတ်ကောင်း - ၁ ဇွန်း
• စပါးလင် - ၂ ချောင်း
• ယိုးဒယားမဆလာ - ၂ ဇွန်း
• နှမ်းဆီ - ၃ ဇွန်း
• အုန်းနို့ (ခရင်မ်) - ၅ ဇွန်း
ပြုလုပ်နည်း
၁။ ကြက်တစ်ကောင်ကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။
၂။ စပါးလင်ကို ပါးပါးလှီးဖြတ်၍ ငရုတ်ကောင်းနှင့်ရောပြီး ကြိတ်ထားပါ။
၃။ ရေစစ်ထားသောကြက်ကို ဇလုံတစ်လုံးထဲ ထည့်ပြီး ပါဝင်သော ဟင်းစပ်ပစ္စည်းများ ထည့်၍ သမအောင်မွှေပါ။ ကြက်ရဲ့ ဝမ်းဗိုက်အတွင်းနှင့် အရေခွံကို ဟ၍ အတွင်းသို့ အရသာများဝင်အောင် နယ်ပြီး တစ်ည (သို့) အနည်းဆုံး ၃ နာရီခန့် နှပ်ထားပါ။
၎။ ဥလနည ကို ၁၈၀ ဒီဂရီအပူပေးထားပါ။ နှပ်ထားသောကြက်ကို ဗန်းအောက်ခြေမှာ မကပ်အောင် နှစ်သက်ရာ အာလူးနှင့် မုန်လာဥတို့ကို ခင်းပြီး ထည့်ပါ။
၅။ ဗန်းအပေါ်မှ အလူမီနီယံစက္ကူအုပ်ပြီး ၁ နာရီခန့် ကင်ပါ။ ၁ နာရီခန့် ကင်ပြီးပါက အပေါ်ဖုံးအုပ်ထားသည်ကို ဖွင့်ပြီး ၁၅ မိနှစ်ခန့် အရောင်ရသည်အထိ ကင်ပါ။
၆။ ကြက်အပေါ်မှာ ဗန်းအောက်ခြေမှ ထွက်လာသော ဆော့စ်များကို ဆမ်းပေးပါ။ အညိုရောင်သန်းလာပါက ထုတ်ယူ၍ နှစ်သက်ရာအချဉ်နှင့် တွဲဖက်တည်ခင်းပြီး သုံးဆောင် နိုင်ပါပြီ။
၇။ အလိုက်ဖက်ဆုံးအချဉ်မှာ မန်ကျည်းမှည့်၊ ထန်းလျက်၊ ငရုတ်သီးမှုန့်တို့နှင့် ရောကျိုပြီး ရှမ်းနံနံနှင့် ဆန်လှော်မှုန့်ထည့်ထားသော အချဉ်ဖြစ်ပါတယ်။
------------------------------------
Sofia

No comments:
Post a Comment