Sunday, September 15, 2019

ဆင်တုပ်ကွေးရောဂါ (အပိုင်း နှစ်)

ကာကွယ်ဆေးမရှိသေးသော
Chikungunya Virus ကြောင့်ဖြစ်သည့်
ဆင်တုပ်ကွေးရောဂါ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹


အမေရိကန်နိုင်ငံက..ရောဂါထိန်းချုပ်ရေး ဗဟိုဌာနချုပ် Center of Disease Control(CDC)၏ "ချစ်ကွန်ကွန်းယား" ဆင်တုပ်ကွေးအဖျားကြောင့်ဖြစ်သည့် အဆစ်ရောင်ရောဂါအကြောင်းကို
ဖတ်ကြည့်မိသောအခါတွင် ယခု မြန်မာပြည်တွင်လူအများခံစားနေကြရသည်နှင့် တစ်ထပ်တည်းတူညီနေသည်ကိုတွေ့ရသည်။
ထို့ကြောင့် အဆစ်ရောင်ရောဂါအကြောင်းဖတ်ကြည့်ပြီး ကျန်းမာရေးဗဟုသုတရနိုင်ကြပါစေ။

အများအားဖြင့်အဆစ်ကြီးကြီးတွေ..ရောင်ရမ်းနာကျင်တတ်သည်။

®ပုခုံးဆစ်
®တတောင်ဆစ်
®လက်ကောက်ဝတ်ဆစ်
®ခါးရိုးဆစ်
®ကျောရိုးဆစ်
®တင်ပဆုံရိုးဆစ်
®ဆီးခုံရိုးဆစ်
®ပေါင်ရင်းဆစ်..တင်ပခွက်ဆစ်..
®ဒူးဆစ်..
®ခြေကောက်ဝတ်ဆစ်..
®ဖနောင့်..
®ခြေချောင်းဆစ်
®လက်ချောင်းဆစ်များလည်းရောင်သည်။

အဆစ်ရောင်ရမ်းမှုအပြင် ကြွက်သားကြီးများလည်းရောင်ရမ်းတတ်သည်။

®ပခုံးကြွက်သားများ
®လက်ပြင်ကြွက်သားများ
®ရင်ဘတ်ကြွက်သားများ
®ပုခုံးကြွက်သားများ
®လက်မောင်းကြွက်သားများ
®လက်ဖျံကြွက်သားများ
®တင်ပဆုံကြွက်သားများ
®ပေါင်ကြွက်သားများ
®ခြေသလုံးကြွက်သားများ
ကိုင်ရိုက်ထားသကဲ့သို့နာကျင်နေတတ်သည်။

လူတယောက်နှင့်တစ်ယောက်
ရောဂါဒဏ်ကိုခံနိုင်ရည်ရှိမှုမတူကြချေ။
တစ်ချို့  မှာ ၃ရက်မှ ၅ ရက်၊ သို့မဟုတ်
ရက်သတ္တတစ်ပတ်လောက်နှင့် သက်သာသွား
သော်လည်း တချို့ မှာ ၂ ပတ်၊၃ပတ်မှ
တစ်လလောက်အထိအချိန်ကြာကြာနာကျင်မှုကို
ဒဏ်ခံစားရတတ်သည်။

တစ်ချို့ မှာ လပေါင်းများစွာနာကျင်မှုဝေဒနာ
ခံရတတ်ပြီး ယခုအချိန်ထိ ၂ ပတ်ကြာတဲ့အထိ
နာနေသောလူနာများကိုသာတွေ့ရပါသေးသည်။

သတိပြုစရာများမှာ ⤵️

✖ Chikungunya..ဆင်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။

✖ ရောဂါပိုးသယ်ဆောင်လာသည့်
ခြင်ကိုက်ခံရမှု ကြောင့် ရောဂါကူးစက်ခံရတတ်
သောကြောင့် ခြင်ကိုက်မခံရအောင်သတိထားရ
ပါမည်။ ခြင်မပေါက်ပွားအောင်နည်းလမ်းကို
ရှာကြရပါမည်။

✖ Vaxagrip..လို..တုပ်ကွေးကာကွယ်ဆေးမှာ..
Chikungunya Virus..မပါသည့်အတွက်..
တုပ်ကွေးကာကွယ်ဆေးထိုးထားသော်လည်း
ရောဂါပိုးပါသည့်ခြင်ကိုက်ခံရပါက ရောဂါကူးစက်
ခံရမည်ဖြစ်သည်။

✖ Chikingunya..ဆင်တုပ်ကွေးရောဂါအတွက်
ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်နိုင်သောဆေးမပေါ်
သေးဟုထုတ်ပြန်ချက်များအရသိရသည်။

✖ ဆရာဝန်များ ကုသပေးနေကြသည်မှာ
Chikungunya..ဆင်တုပ်ကွေးရောဂါကို
ကုသပေးနေကြတာမဟုတ်ပါ။

#တုပ်ကွေးပိုးကြောင့်..

☺ အဖျားကြီးနေသည်ကိုအဖျားလျော့လာအောင်
ဆေးထိုးသောက်ဆေးပေးကြခြင်းဖြစ်သည်။

☺ ကိုက်ခဲနာကျင်တာသက်သာအောင်..
အကိုက်အခဲပျောက်ဆေးထိုးပေးခြင်းနှင့်
သောက်ဆေးပေးခြင်းဖြစ်သည်။

☺ သွေးပေါင်ချိန်ကျသွားလျင်၊ ရေခမ်းခြောက်သည့်
လက္ခဏာပြလျင် ဓာတ်ဆားရည်သွင်းပေးခြင်းနှင့်
ဓာတ်ဆားရည်သောက်ခိုင်းသည်။

☺ တုပ်ကွေးကြောင့် ကိုယ်ခန္ဓာ၏
သဘာဝခုခံအားများကျသွားတတ်ပါသည်။
ထိုအခါမျိုးတွင် ဘက်တီးရီးယားရောဂါပိုးများ
အပိုဝင်လာတတ်သောကြောင့် သင့်လျော်သည့်
ပိုးသတ်ဆေးများထိုးသင့်ပါကထိုးပေးရသကဲ့သို့
သာက်ဆေးပေးသင့်ပါကလည်းပေးရပါသည်။

✌ အမှန်မှာ ယခုဖြစ်နေသည့် Chikungunya virus ပိုးအတွက် သီးသန့်ထုတ်ထားသည့်ဆေး
တစ်ခုမျှမပါသကဲ့သို့ရှိလည်းမရှိပါ။

➖➖➖➖➖➖➖➖➖➖➖

✌ Chikungunya..ဆင်တုပ်ကွေးရောဂါ
ပျောက်ကင်းဖို့အတွက်..အဓိကအရေးကြီးဆုံးမှာ
ခန္ဓာကိုယ်ရဲ့သဘာဝခုခံကာကွယ်အား..
Immunity ကိုမြင့်တင်နိုင်ဖို့ပင်ဖြစ်သည်။🔺

#လိုက်နာဖို့လိုသည်မှာ🔻🔻🔻🔻

☺ အိပ်ရေးဝဝအိပ်ရမည်။

☺ သက်တောင့်သက်သာအနားယူရမည်။

☺ ပင်ပန်းသည့်အလုပ် မလုပ်ရ၆ာ။

☺ ပင်ပင်ပန်းပန်းအားကစားမျိုးမလုပ်ရပါ။

☺ အဟာရ ပြည့်ဝသည့် အသား၊ငါး၊ကြက်ဥ၊
နွားနို့၊ ပဲနို့ ၊ ငှက်ပျောသီး များများစားရမည်၊
များများသောက်ရမည်။

☺ သဘာဝသစ်သီးရည်များ၊ လတ်လတ်
ဆတ်ဆတ်အသီးများများစားပေးရမည်။
☺ အိုဗာတင်း၊ကွေကာ၊ ဟောလစ်၊ မိုင်လို၊
အင်ရှူးယားစသည့် အဟာရမှုန့်များးဖျော်သောက်
ပေးရမည်။
☺ ရေဓာတ်ပြည့်ဝနေအောင်ဂရုတစိုက်ဖြင့်
ရေများများသောက်ပေးရမည်။
☺ သွေးပေါင်ကျနေပါက၊ ခြေလက်ညောင်းပြီး
ပျော့နေပါက ဓာတ်ဆားထုပ်ဖျော်သောက်ရမည်။

☺ Chikungunya..အဆစ်ရောင်ရမ်းနာ
ကြွက်သားရောင်ရမ်းနာအတွက်
အကောင်းဆုံးမှာ

☺ ရေနွေးခပ်နွေးနွေးနဲ့စိမ်ချိုးခြင်း။

☺ ရေစိမ်ကန်မရှိပါက ရေနွေးနဲ့ခပ်ကြာကြာ
ချိုးခြင်း။ အဝတ်လေးကိုရေနွေးမှာစိမ်၊
ဆပ်ပြာအမြုပ်ထအောင်လုပ်၊ ခန္ဓာကိုယ်အနှံ့
ပွတ်တိုက်ခြင်းလည်းထိရောက်ပါသည်။

☺ ရေနွေးကြောင့်ရောင်နေသည့်အဆစ်များ
ရောင်နေသည့်ကြွက်သားများပြေလျော့ပြီး
သိသိသာသာနာကျင်မှုဒဏ်လျော့ကျစေပါသည်။

☺ ရေနွေးဖြင့်ရေချိုးဖို့အတွက်မဖြစ်နိုင်ပါက
ဝန်လေးနေပါက၊ကြောက်နေပါက၊
ရေနွေးအိတ်လေးေ၉ာ်လည်းကောင်း၊
ရေနွေးပုလင်းလေးသော်လည်းကောင်း
နာနေသည့် အဆစ်များကြွက်သားများတွင်
ကပ်ထားလည်းဖြစ်ပါသည်။

✖ အထူးသတိထားရမည်မှာ.....🔻🔻🔻

အဆစ်များ ကြွက်သားများကို လုံးဝလုံးဝ
နှိပ်နှယ်ခြင်း၊ အနင်ခံခြင်း၊အဆစ်ချိုးခြင်း၊
အဆစ်ဆွဲဆန့်ခြင်းမလုပ်ရပါ။

✖ တုပ်ကွေးကြောင့်အဆစ်ရောင်ကြွက်သား
ရောင်သည့်အခါ
အဆစ်များကြွက်သားများနုသွားကြပါသည်။

နုနေသည့် အဆစ်များ ကြွက်သားများကို
ကြမ်းကြမ်းတမ်းတမ်းကိုယ်တွယ်မိပါက
ဒဏ်ရာအကြီးကြီးရသွားနိုင်ပါသည်။

Chikungunya  တုပ်ကွေးရောဂါသည်
ခန္ဓကိုယ်၏ သဘာဝခုခံအား Immunity နှင့်
အလိုအလျောက်ပျောက်ကင်းနိုင်သော်လည်း
အခန့်မသင့်ပါက နောက်ဆက်တွဲရောဂါ
ကြီးကြီးမားမားရတတ်သောကြောင့်
တတ်ကျွမ်းနားလည်သည့် ဆရာဝန်များထံတွင်
ပြသပြီး ကုသစေဖို့ အကြံပြုပါသည်။

✖ အထူးသဖြင့်🔻🔻🔻🔻

အကိုက်အခဲအမြန်ပျောက်စေသည့်
စပ်ထုပ်ဆေးများသည် အခုဖြစ်နေသော
တုပ်ကွေးရောဂါအား ပိုဆိုးစေသည့်အတွက်
ရှောင်ကြဖို့အထူးလိုအပ်ပါသည်။

စပ်ထုပ်ဆေးများတွင်
ခန္ဓာကိုယ်၏ သဘာဝခုခံအားကို
ပျက်စီးစေနိုင်သည့် ဒက်စာမီသာစုန်း၊
ပရက်နီဆိုလုံး စသည့် စတီးရွိုက်များ
ပါပါနေတတ်သောကြောင့်ဖြစ်သည်။

ဆင်ခြင်နိုင်ကြပါစေ..
အသိတိုးကြပါစေ.
ဖျားသူတွေအမြန်ပျောက်ကြပါစေ..
မဖျားသေးသူတွေ..မဖျားကြပါစေနှင့်..

မေတ္တာဖြင့်

ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ.၁၁၀၀၈
M.B.,B.S;Dip.Med.Sc;
M.Med.(National University of Singapore);
Completion Certificate in Family Medicine

No comments: