Friday, February 16, 2018

ကြိတ်မုန့် - မလေးရှားချဉ်စပ်ခေါက်ဆွဲ - Pineapple Beignet - အမေကြီးရှင် ထမင်းချဉ်

ကြိတ်မုန့်
.............


 ကြိတ်မုန့်ဆိုတာ မန္တလေးမြို့ရဲ့ အထင်ကရ မုန့်လေး တစ်ခု နေ့လယ်အဆာပြေ စားရတယ်လို့ ပြောပါတယ်။ ဆန်ကိုအခြေခံပြီး လုပ်ရတာလေးပါနော်။ ကျွန်မကတော့ ဆန်မှုန့်ကို လုပ်ပြပါမယ်။ ဆန်အစစ်နဲ့လုပ်ရင် ပိုအဆင်ပြေ စွာ အရသာပိုရှိနိုင်ပေမယ့် ရည်ရွယ်ချက်ကိုက လွယ်လွယ်ကူကူ လိုက်လုပ်စေချင်တာဆိုတော့ ဆန်မှုန့်တွေနဲ့ပဲ လုပ်လို့ရပါတယ်ဆိုတာလေးကို ပြချင်တာပါ။

ပါဝင်ပစ္စည်းများ
• ဆန်မှုန့် - ၁၅၀ ဂရမ်
• Yeast  (တဆေး) - အချိုစားဇွန်း တစ်ဝက်
• ရေ - 500 ml

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဆန်မှုန့်နဲ့ရေကို ရောပြီးမွှေထားပါ။ ဆန်မှုန့်တွေကြေ နေပါစေ။ Yeast  ကို ရေနွေးနွေးနဲ့ ဖျော်ပြီးရောပါ။ ၁၅ မိနစ်လောက် ထားထားပါ။
၂။ ဆန်မှုန့်အရည်ကျဲကျဲလေးရလျှင် မကပ်တဲ့အိုးကို ဆီသုတ်ပါ။ မီးအေးအေးနဲ့ အပူပေးထားပါ။
၃။ မုန့်နှစ်ရည်ကို ဇွန်းလေးနဲ့ခပ်ယူပြီး အရှည်လိုက်လေး လောင်းထည့်ပါ။
၎။ ဒယ်ပေါ်မှာ ခြောက်လာပြီး မုန့်သားပေါက်လာလျှင် ကျက်ပါပြီ။
၅။ မုန့်ကို တစ်ခုချင်းစီလုပ်ပြီး ထပ်ထားပါ။
၆။ ညိုနေအောင် ဆားကိုလှော်ထားတဲ့ ဆားလှော်ထောင်း၊ မြေပဲထောင်း၊ ကြက်သွန်နီ ကြော်လေးနဲ့ မုန့်သားကို ဆီလေးဆမ်းပြီး စားလို့ရပါပြီ။
.................................
မအိသက်
HtetFamily's Creation

မလေးရှားချဉ်စပ်ခေါက်ဆွဲ 
(Asam Laksa Penang Laksa Hot and Sour Noodle in Fish Soup)
...........................


 မလေးရှားချဉ်စပ်ခေါက်ဆွဲ Asam Laksa ကို မလေးရှားနဲ့ စင်ကာပူမှာ နေရာဒေသအလိုက် ပြင်ဆင် ချက်ပြုတ်ကြပုံချင်း အနည်းငယ်ကွဲပြားကြပါတယ်။ အခုချက်ထားတဲ့ နည်းကတော့ မလေးရှား ပီနန်းဒေသမှ ချက်နည်းပုံစံလေးပဲ ဖြစ်ပါတယ်။ စားနေကြနဲ့မတူဘဲ တစ်မူထူးခြားစွာ တည်ခင်းလိုသော အိမ်ရှင်မများနှင့် ဝါသနာရှင်များအတွက် ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ 
ငါးကွမ်းရှပ်/ငါးပါးနီ  -  ၅၀ဝ ဂရမ်
ချင်း  -  လက် ၂ ဆစ်
Asam (ချဉ်စော်ခါးသီးခြောက်)  -  ၅ ဖတ်
မန်ကျည်းမှည့်  -  လက်တစ်ဆုပ်
ရေ  -  ၆ ခွက် (တစ်လီတာခွဲ)
မိဿလင်ဖူး  -  ၂ ဖူး
ဖက်ဖယ်ရွက် (Laksa Leave)  -  ၅ ပင်
ဆား  -  စားပွဲဇွန်း  ၁ ဇွန်း
သကြား  -  ၃ ဇွန်း
ငရုတ်သီးခြောက်  -  ၁၅ တောင့်
ပုစွန်ငါးပိ  -  စားပွဲဇွန်း  ၂ ဇွန်း
စပါးလင်  -  ၂ ချောင်း
ငရုတ်သီးစိမ်း  -  ၄တောင့်
ကြက်သွန်နီ  -  ၈ လုံး

အလှဆင်ရန်
ပူဒီနာအရွက်ချြွေ
နာနတ်သီး
သခွားသီးအမျှင်
ကြက်သွန်နီပါးပါးစိတ်

ပြင်ဆင်ပြုလုပ်ပုံ
၁။ ဦးစွာ ငါးကို ရေဆေးသန့်စင်ကာ ချင်း၊ ဆား၊ ချဉ်စော်ခါးသီးခြောက်နှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ငါးနူးအောင်ပြုတ်ထားပါ။
၂။ ငါးနူးပါက ဆယ်ယူပြီး အရိုးများ နွှင်ထားပါ။ အိုးထဲမှ အဖတ်များ ဆယ်ယူပြီး ငါးပြုတ်ရည်ဟင်းရည် ချက်ရန် ဖယ်ထားပါ။
၃။ ငါးပိကို မီးကင်ထားပါ။ ငရုတ်သီးခြောက်ကို ရေစိမ်ထားပြီး ပွလာပါက ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ငါးပိ၊ ငရုတ်သီးစိမ်း၊ စပါးလင်အတွင်းပိုင်းကို နုပ်နုပ်စဉ်းထားသည်တို့ကို ကြိတ်စက်ဖြင့် ညက်အောင် ကြိတ်ပါ။
၎။ ဟင်းရည်ချက်မယ့်အိုးထဲ ကြိတ်ထားသည်တို့ကို ထည့်ပါ။ ငါးပြုတ်ရည်ကို ထည့်တည်ပါ။ မိဿလင် ဖူးကို ထက်ခြမ်းခြမ်းထည့်ပါ။
၅။ ဆူပွက်ပါက မန်ကျည်းမှည့်အနှစ်၊ ဆားနှင့် သကြားတို့ကိုထည့်ပါ။ ဖက်ဖယ်ရွက်ကို ရေဆေးသန့်စင်ပြီး အရွက်ခြွေထည့်ပါ။
၆။ အရသာအပေါ့အငန်မြည်းပြီး မီးပိတ်ကာ သုံးဆောင်ရန် ချဉ်စပ်ဟင်းရည် အသင့်ဖြစ်ပါပြီ။
၇။ မုန့်တီဖတ်ကို ရေနွေးဖျောပြီး ပန်းကန်ထဲထည့်ပါ။ ချဉ်စပ်ဟင်းရည်ခပ်ထည့်ပြီး အပေါ်မှ ကြက်သွန် ပါးပါးလှီး၊ သခွားသီးအမျှင်၊ နာနတ်သီးအမြှောင်းနှင့် ပူဒီနာတို့ ထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
............................
Sofia

Pineapple Beignet (US measurement )
-------------------------
(Gboflotos- Ivory coast dessert)


Beignet ဟာ ပြင်သစ် အစားအစာ ဖြစ်ပြီး ၊ ပြင်သစ်တွေ တချိန်က စိုးမိုးခဲ့ ဖူးတဲ့ အာဖရိက နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ Ivory coast ဟာ ဒီ မုန့်လုပ်နည်းကို သူတို့ နည်း၊ဟန် နဲ့ ပြန် ဖန်တီးခဲ့ကြတဲ့ Dessert တစ်မျိုးဖြစ်ပါတယ်။

ပါဝင် ပစ္စည်း
========
ဂျုံမှုန့်၅ ခွက်
၁၆ oz နာနတ်သီးရည်
လက်္ဘရည် ဇွန်း ၁ ဇွန်း မုန့်ဖုတ်ဆိုဒါ
စားပွဲတင်ဇွန်း ၄ ဇွန်း ထောပတ်(အခန်း အပူချိန်)
သကြား ၂ခွက်

လုပ်နည်း
=======
နာနတ်သီးရည်ကို ပန်းကန်လုံးအကြီးထဲ ထည့်ပါ။
သကြားကို ထည့်ပြီး အရည်ပျော်အောင် မွှေရပါမယ်။
ဖုန့်ဖုတ်ဆိုဒါကို ထည့်ပြီး ဂျုံမှုန့်နဲ့ ထောပတ်ကို ထည့်ရပါမယ်။
ဂျုံသား ချောမွေ့လာတဲ့ အထိ နယ်ရပါမယ်။ ပြီးတော့ မိနစ် နှစ်ဆယ်ခန့်နပ်ထားပါ။
အလုံးတွေလိပ်ဖို့ အသားအရမ်းပျော့နေရင် ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့် နပ်ထားပါ။
လက်မ ၀န်းကျင်အလုံးငယ်လေးတွေ လုံးပြီး ၃၂၀ ဒီက၇ီ ဖာရင်ဟိုကှ်ဆီပူမှာ ထည့်ကြော်ရပါတယ်။
ကြော်ချိန် ၅ မိနစ်ခန့်ရှိပါတယ်။

ကြော်ပြီးသွားရင် သကြားမှုန့် ဖြူးပြီး စားနိုင်ပါတယ်။


Chef Mang

*အမေကြီးရှင် ထမင်းချဉ်*
-----------------------------
ကျွန်တော့်ရဲ့အဖွားအမေကြီးရှင်ရဲ့ လက်ရာပါ. ကျွန်တော်တို့ငယ်ငယ်ကတည်းကခုချိန်အထိအမြဲလုပ်စားဖြစ်တယ်. အထူးသဖြင့် ဝါတွင်းကာလအဖိတ်နေ့ ညနေဆွမ်းတော်ကြီးလှည့်တဲ့အခါ ထမင်းချဉ်နဲ့ဧည့်ခံပြီးကုသိုလ် လုပ်လေ့ရှိပါတယ်. သီတင်းကျွတ် ရွာကစာရေးတံမဲပွဲမှာထမင်းချဉ်နဲ့ဧည့်ခံကျွေးမွှေးပါတယ်. အမေကြီးရှင် လက်ထက်ကနေ. ကျနော့်ရဲအမေထိ နှစ်စဉ်မပျက် ကျွေးမွေးဧည့်ခံပါတယ်.ခုချိန်မှာဆိုယင် ကျွန်တော့်ညီမအငယ်ဆုံးမှတာဝန်ဆက်ယူပြီးကုသိုလ်ယူနေစဲပါ။

ကျွန်တော်တို့ရဲ့ရွာဓလေ့ မြန်မာရိုးရာထမင်းချဉ်ကိုပျောက်ကွယ်မသွားအောင် ကျွန်တော်တို့မိသားစုမှ ဆက်လက်ထိမ်းသိမ်းပြီးနေပါတယ်.။ ခုချိန်ခါမှာ နိုင်ငံပေါင်းစုံမှ အစားအသောက်မျိုးစုံကျွန်တော်တို့နိုင်ငံထဲဝင်ရောက်လာတာကိုဝမ်းသာအားရကြိုဆိုသလို ၊ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာကျေးလက်အစားအစာကိုပျောက်ကွယ်မသွားအောင်.အခု cooking video လေးကနေတင်ဆက်ပေးရတာဖြစ်ပါတယ်.နောက်ပြီးတော့ လူသိနည်းသေးတဲ့ မြန်မာအစားအစာကိုလူပိုသိလာပြီးစားသုံးလာစေချင်တဲ့ အတွက်ပါ။


ပါဝင်ပစ္စည်း

၁။ထမင်းဖြူ
၂။ဆား
၃။ဆီ
၎။ ကြက်သွန်ဖြူ
၅။နနွန်းမှုန့်
၆။ခရမ်းချဉ်သီးဆော့စ်

ထမင်းချဉ်အနှစ်ချက်ရန်လိုအပ်တာတွေကတော့…….

၁။ခရမ်းချဉ်သီးမှည့်မှည့်
၂။ထန်းလျက်
၃။ထမင်းချဉ်နဲ့တွဲစားရန်လိုအပ်တာတွေကတော့…
၎။ကြက်သွန်နီကြော်
၅။မြေပဲဆံကြော်
၆။ငရုပ်သီးအတောင့်ကြော်
၇။ကြက်သားကြော် (သို့) ဆိတ်သားကြော်။

ပြုလုပ်နည်း
------------

၁. ခရမ်းချဉ်သီးကိုအတုံးသေးသေးတုံးပြီးချက်မည့်အိုးထဲထည့်ပါ။

၂.ပြီးယင် ထန်းလျက်ထည့်ပါ။

၃. မန်ကျဉ်းသီးကို အရည်ပျော်ပြီးခရမ်းချဉ်သီးအနှစ်ရတဲ့အထိချက်ပါ.ပြီးယင် မီးဖိုပေါမှာ ချပြီးအအေးခံထားပါ။

၎.ကြက်သွန်ဖြူဆီချက် ချက်ဖို့အတွက် ကြက်သွန်ဖြူကိုမညက်တညက်ထောင်းပါ။

၅.ဆီအိုးတည်ပြီးဆီပူအောင် တည်ထားပါ၊ဆီဝါချက်မှာဖြစ်တဲ့အတွက် နနွန်းမူန့်အနည်းငယ်ထည့်ပါ။

၆.ဆီပူသည်နှင့် ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီးကြော်ပါ။ ကြက်သွန်ဖြူရွှေဝါရောင်သမ်းလျင် ရပါပြီ။ကြက်သွန်ုဖြူမကြွမ်းစေရန် သတိထားဖို့လိုပါတယ်။ ပြီးရင် အပူခံတဲ့ခွက်ထဲထည့်ပါ။

၇.ထမင်းချဉ်နယ်ဖို့အတွက် လင်ဗန်းထဲကိုချက်ထားတဲ့ ထမင်းဖြန့်ပြီးထည့်ပါ။.ပြီးရင် ချက်ထားတဲ့ ခရမ်းချဉ်သီးအနှစ် ၊.ခရမ်းချဉ်သီးဆော့စ်.ဆားထည့်ပြီးနယ်ပါ၊.ပြီးရင် ကြိုက်နှစ်သက်တဲ့အရွယ် အလုံးလုံးထားပါ။

၈. ထမင်းချဉ်စားတော့မယ်ဆိုရင်စားသုံးမည့်ပန်းကန်ပြားတဲ့ ထမင်ချဉ်လုံးကိုထည့်ပြီးချေလိုက်ပါ။.ပြီး၇င် ကြက်သွန်ဖြူဆီချက်ဝါ၊.ကြက်သွန်နီကြော်ထည့်ပြီးနယ်ပါ.ပြီးရင် မြေပဲဆံကြော်.၊ငရုပ်သီးတောင့်ကြော်၊.ကြက်သွန်နီကြော်ဖြူးပြီးသုံးဆောင်ပါ။.ကြိုက်နှစ်သက်တဲ့ အသားကြော်ထည့်စားလည်းလိုက်ဖက်ပါတယ်။

No comments: