Friday, February 23, 2018

ကြက်ရိုးဟင်းရည် - မြိတ်​ငါးပိထောင်း - သရက်သီးခေတ္တာဟင်း


မြိတ်ငါးပိထောင်းဟင်း

 မြိတ်တံငါသည်ဟင်းလို့လည်း ခေါ်လို့ရမယ်ထင်ပါတယ်။ ပင်လယ်ကရလာတဲ့ ငါးအမျိုးမျိုးနဲ့ ပုစွန် အသေးလေးတွေကို အိမ်မှာ အဆင်သင့်ရှိနေတဲ့ မြိတ်ငါးပိထောင်းနဲ့ ပအုံးရည်နဲ့ ချက်တဲ့ ဒေသအစားအစာ လေးပါ။


ပါဝင်ပစ္စည်းများ
မြိတ်ငါးပိထောင်းနည်း ~

ငါးပိ  -  စားပွဲဇွန်း ၂ ဇွန်း (မီးကင်ထားပါ)
ငရုတ်သီးမှည့်အနီ (အစို)  -  ၅၀ဝ ဂရမ်
ငရုတ်သီးစိမ်း  -  ၁၅၀ ဂရမ်
ကြက်သွန်ဖြူ  -  ၃၅ ဂရမ် (မီးကင်ထားပါ)
ပုစွန်ခြောက်  -  ၄၀ ဂရမ်
အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရောပြီး ထောင်းထားပါ။

မြိတ်ငါးပိထောင်းဟင်းအတွက် လိုအပ်တာတွေကတော့-
ကင်းမွန်  -  ၃၀ဝ ဂရမ် (သန့်ရှင်းထားပါ)
ကြိုက်နှစ်သက်ရာ ငါးအသေး  -  ၃၅၀ ဂရမ်
(ငါးမုတ်အဖြူအသေးကို သုံးထားပါတယ်)
ပုစွန်အသေး  -  ၁၅၀ ဂရမ်
ငါးနပ်  -  ၃၅၀ ဂရမ်
ပအုံးရည်  -  စားပွဲဇွန်း ၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း တစ်ဝက်
ရေ  -  ၇၀ဝ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်
၁။ အိုးတစ်လုံးထဲ ရေထည့်ပြီး ဆူအောင်တည်ပါ။
၂။ ရေဆူသည်နှင့် ပအုံးရည်နှင့် မြိတ်ငါးပိထောင်း ၃ ဇွန်းထည့်ပါ။
၃။ ပြီးလျှင် ပင်လယ်စာအားလုံးထည့်ပြီး ချက်ပါ။
၎။ ပြီးလျှင် ဆားထည့်ပြီး ချက်ပါ။
၅။ အရမ်းလွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ ဟင်းလေးရပါပြီ။ (ပိုနေတဲ့ မြိတ်ငါးပိ ထောင်းကို သိမ်းထားပါ။)

သရက်သီးခေတ္တာဟင်း
...............................


 ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ သရက်သီးဟင်းရည်လေးဖြစ်ပါတယ်။ သရက်သီးစိမ်းတစ်လုံးရှိရုံနဲ့ ဟင်းတစ်ခွက်အဖြစ် တည်ခင်းနိုင်မယ့် အချဉ်ဟင်းလေးပဲ ဖြစ်ပါတယ်။ပဲပုပ်ထောင်းကြော်နဲ့လိုက်ဖက်တဲ့ ထမင်းမြိန်စေမယ့် အဆီကင်း ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• သရက်သီးစိမ်း - ၁ လုံး
• ခရမ်းချဉ်သီး  - ၁ လုံး
• ကြက်သွန်နီ - ၁ လုံး
• ကြက်သွန်ဖြူ  - ၃ မြွှာ
• မြေပဲလှော်ထောင်း - လက်တစ်ဆုပ်
• ဆား - စားပွဲဇွန်း တစ်ဝက်
• ဟင်းခတ်မှုန့်  - အနည်းငယ်
• နံနံပင် - အနည်းငယ်

ပုလုပ်နည်းအဆင့်ဆင့်
၁။ သရက်သီးစိမ်းကို အခွံနွှာပြီး ပါးပါးလှီးထားပါ။
၂။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး ပါးပါးစိတ်ထားပါ။
 မြေပဲဆံလှော်ပြီး ထောင်းထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။
၃။ အားလုံးအသင့်ဖြစ်ပါက ဟင်းရည်ချက်မယ့်အိုးထဲ သရက်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ် သီးတို့ကိုထည့်ပါ။ ရေတစ်ပန်းကန်လုံးထည့်ပြီး ဆူပွက်အောင် တည်ပါ။
၎။ ဆူပွက်ပါက ဆား၊ ဟင်းခတ်မှုန့်နှင့် မြေပဲထောင်းထည့်ပြီး သရက်သီးအနည်းငယ် အိအောင် တည်ပေးပါ။
၅။ သရက်သီးနူးအိပါက အရသာအပေါ့အငန်မြည်းပြီး နံနံပင်ခတ်ကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။
............................
Sofia

(ချက်ပြုတ်ပြသူများ - မအိသက် မြင့်ဦးသာSofia)

No comments: