Friday, February 9, 2018

မြိတ်ကတ်ကြေးကိုက် - ၀က်​သားတုတ်​ထိုး - ရွှေတောင်ခေါက်ဆွဲ

*** မြိတ်ကတ်ကြေးကိုက် ***


ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နာမည်ကြီးပြီး လူကြိုက်များပါတယ်... မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ ဆို ကမာ၊ ရှပ်၊ ပုဇွန် ခြေထောက်တို့က အစထည့်ပြီး ချက်ကြပါတယ်။ ချက်နည်းလေးကို ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ
ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ ကျပ်သား
ပုဇွန်ကျား – ၂၀ ကျပ်သား (အမြှီးချန်ကာ အခွံနွာပြီး ကျောခွဲထားပေးပါ)
ကင်းမွန် (သို့) ပြည်ကြီးငါး – ၂၀ ကျပ်သား (အညှိအချွဲတွေ စင်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီးမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီးလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ)
ဂဏန်းချောင်း – ၇ ချောင်း (အစောင်းပါးပါး လှီးပါ)
ကမာ – ၇ ကောင် (ရှာလကာရည်နဲ့ အရင်ဆေးပြီးမှ ရေနဲ့ ပြန်ဆေးထားပါ)
ကြက်သား – ၁၅ ကျပ်သား (အစောင်း ပါးပါးလှီးပါ) (optional)
ပဲပင်ပေါက် – ၁၀ ကျပ်သား (ရေစင်အောင် ဆေးထားပါ)
ကြက်သွန်မြိတ် – ၅ စည်း ( ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ – ၆ မွှာ (နုတ်နုတ်စဉ်းပေးပါ)
ဘဲဥ – ၄ လုံး (ဆားအနည်းငယ် ထည့်၍ ခလောက်ထားပေးပါ)
ပဲပြုတ် – ၁၀ ကျပ်သား

အရသာအတွက် ပါဝင်ပစ္စည်းများ
ပအုန်းရည် – စားပွဲတင်ဇွန်း ၆ ဇွန်း (ပအုန်းရည်အစား ရှာလကာရည်ထည့်လို့ ရပါတယ်)
ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း တ၀က်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြင်ဆင်နည်း
၁။ အရင်ဆုံး ကြက်သား၊ ကင်ပွန်း၊ ပုဇွန်ကျားများကို ( ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) စ်ီဖြင့် နယ်ထားပေးပါ။
၂။ ပြီးလျှင် ခလောက်ထားသော ဘဲဥကို ဒယ်အိုးထဲ ထည့်၍ ကြော်ပေးပြီး ပါးပါးပြန်လှီးပေးထားပါ။
၃။ ထို့နောက် ချက်ပြုတ်ရန် ပန်းကန်တစ်ခုထဲတွင် ပြင်ဆင်ထားပေးပါ။

ချက်ပြုတ်နည်း
၁။ ဒယ်ထဲသို့ ဆီ (စားပွဲတင်ဇွန်း ၆ ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူများကို ထည့်ပြီး ဆီသပ်ပေးပါ။
၂။ ပြီးလျှင် ငရုတ်သီးမှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်း) ထည့်ကာ ၁ စက္ကန့်မျှ မွှေပေးပါ။
၃။ ထို့နောက် ကြက်သား၊ ပုဇွန်ကျား၊ ပြည်ကြီးငါး၊ ကမာ၊ ဂဏန်းချောင်းများကို ထည့်၍ မကျက်တကျက် အနေထား ရောက်သည်အထိ ရောမွှေပေးပါ။
၎။ ထိုချိန်မှ ကတ်ကြေးကိုက်မုန့်ဖတ်ကို ဇလုံတစ်ခုထဲ ထည့်၍ (ပအုန်းရည် (စားပွဲတင်ဇွန်း ၆ ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)၊ ပဲငံပြာရည် အနောက်၊ ပဲငံပြာရည် အကြည်) တို့ဖြင့် သမအောင် နယ်ပြီး ဒယ်ထဲသို့ လောင်းထည့်လိုက်ပါ။
၅။ ပြီးနောက် နှံ့ အောင် ရောမွှေလိုက်ပါ။ အရသာအပေါ့အငံမြည်း၍ ဆား(လက်ဖက်ရည်ဇွန်း ၃ ဇွန်း)၊ ကြက်သားမှုန့် (စားပွဲတင်ဇွန်း ၁ ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထည့်ပေးပါ။
၆။ အရသာအနေတော်မှ ပဲပင်ပေါက်၊ ပဲပြုတ်၊ ကြက်ဥတို့ ထည့်ပေးပါ။
၇။ မီးဖိုမှ ချခါနီးမှ ကြက်သွန်မြိတ်များကို ဖြူးပေးပြီး အရသာရှိရှိ မြိတ်ကတ်ကြေးကိုက်ကို သုံးဆောင်နိုင်ပါပြီ။


ဝက်သားဒုတ်ထိုး   
❤❤❤❤❤


(ဝက်အူမကြီး ဒုတ်ထိုး)
ဝက်အူမကြီး - ၃၀ သား
ဆား - အနည်းငယ် ရှလကာရည် - အနည်းငယ်
ရှလကာရည် - အနည်းငယ်
Maggi Seasoning Sauce - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
နာနတ်ပွင့် - ၂ ပွင့်
ဆီ - အနည်းငယ်
ရေနွေး

(ဝက်သား သုံးထပ်သား ဒုတ်ထိုး)
ဝက်သား သုံးထပ်သား - ၂၅ သား
နာနတ်ပွင့် - ၂ ပွင့်
Maggi Seasoning Sauce - အနည်းငယ်
ဆား & ငရုပ်ကောင်းမှုန့် - အနည်းငယ်
ရေနွေး

(ကြက်အူ ဒုတ်ထိုး)
ကြက်အူ - ၂၀ သား
ဆား - အနည်းငယ်
ရှလကာရည် - အနည်းငယ်
Maggi Seasoning Sauce - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
နာနတ်ပွင့် - ၂ ပွင့်
ဆီ - အနည်းငယ်
ရေနွေး

(တွဲဖက်စားရန်)
အချဉ်ရည် ၊ ငရုပ်ဆီ ၊
ငရုပ်ဆီ
ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း
ပြုလုပ်နည်း

(ဝက်အူမကြီး ဒုတ်ထိုး)
ဝက်အူမကြီးကို ဆား ၊ ရှလကာရည် တို့နှင့် အထပ်ထပ် အခါခါ ဆေးပါ ။
ပြီးလျင် ဝက်အူမကြီးကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်ရ်ျ နှပ်ထားပါ ။
ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်ရ်ျ နှပ်ထားသော ဝက်အူမကြီးကို အရောင်နီလာသည်အထိ ထည့်ရ်ျ လှိမ့်ပါ ။
ပြီးလျင် နာနတ်ပွင့် နှင့် ရေနွေးကို ဝက်အူမကြီး မြှပ်သည်အထိ ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။ ရေလိုက နဲနဲခြင်း ထပ်ရ်ျ ထည့်နိုင်ပါသည် ။
ဝက်အူမကြီးက ကျက်ပါက အအေးခံရ်ျ မထူမပါး လှီးရ်ျ အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။

(ဝက်သား သုံးထပ်သား ဒုတ်ထိုး)
ဝက်သား သုံးထပ်သားကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်ရ်ျ နှပ်ထားပါ ။
ဒယ်အိုးထဲတွင် ဝက်သား သုံးထပ်သားကို ထည့်ပြီး နာနတ်ပွင့် နှင့် ရေနွေးကို မြှပ်သည်အထိ ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။ ရေလိုက နဲနဲခြင်း ထပ်ရ်ျ ထည့်နိုင်ပါသည် ။
ဝက်သား သုံးထပ်သားကို နူးမြည့်သည်အထိ တည်ရန် မလိုပါ ။
အသားနူးက အအေးခံရ်ျ မထူမပါး လှီးပြီး အိုးထဲမှ ဝက်သားအရည်ကို ဆန်းပြီး အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။

(ကြက်အူ ဒုတ်ထိုး)
ကြက်အူများကို ဆား ၊ ရှလကာရည် တို့နှင့် အထပ်ထပ် အခါခါ ဆေးပါ ။
ပြီးလျင် ကြက်အူများကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်ရ်ျ နှပ်ထားပါ ။
ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်ရ်ျ နှပ်ထားသော ကြက်အူများကို အရောင်နီလာသည်အထိ ထည့်ရ်ျ လှိမ့်ပါ ။
ပြီးလျင် နာနတ်ပွင့် နှင့် ရေနွေးကို ကြက်အူများ မြှပ်သည်အထိ ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။
ကြက်အူသည် နူးလွယ်ရ်ျ ရေအများကြီး မထည့်ရပါ ။ ရေလိုက နဲနဲခြင်း ထပ်ရ်ျ ထည့်နိုင်ပါသည် ။
ကြက်အူများ ကျက်ပါက အအေးခံပြီး တလုပ်စာစီ လှီးရ်ျ အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။
ဝက်အူမကြီး ဒုတ်ထိုး ၊ ဝက်သား သုံးထပ်သား ဒုတ်ထိုး ၊ ကြက်အူ ဒုတ်ထိုး တို့ကို အချဉ်ရည် ၊ ငရုပ်ဆီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းတို့နှင့် တွဲဖက်ရ်ျ စားကြပါသည် ။

ရွှေတောင်ခေါက်ဆွဲ



ရွှေတောင်ခေါက်ဆွဲကို ရွှေတောင်မှာ သွားစားစရာမလိုဘူးနော်။အိမ်မှာလည်း ချက်စားလို.ရပါတယ်။စားလို.အရမ်းကောင်းပြီး ချက်ရတာလည်း လွယ်ပါတယ်။ပိတ်ရက်မှာ ဘော်ဒါတွေ အိမ်မှာချက်စားလို.ရအောင် ချက်နည်းလေးပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ရွှေတောင်ခေါက်ဆွဲချက်ရန် ပါဝင်ပစ္စည်းများ



ကြက်သား ရင်ဗုံသား -၂ ခု (အတုံးသေးသေးလှီးထားပါ)
ကြက်ရိုး - အနည်းငယ် (အရည်သောက်အတွက်ပြုတ်ထားပါ)
ဂျုံခေါက်ဆွဲခြောက် - ၁ စည်း
အုန်းနို. - ၁ ဗူး
ကြက်သွန်နီ - ၄ လုံး (ပါးပါးလှီး)
ကြက်သွန်ဖြူ - ၅ မွှာ (သေးသေးစိတ်)
သံပုရာသီး - ၄ လုံး (၄ စိပ်စိပ်)
နံနံပင် - ၁ စည်း (ရေဆေး လှီးထားပါ)
ပဲကျက်မှုန်.- အနည်းငယ်
ငရုတ်သီးအကျက်မှုန်.- အနည်းငယ်
ဆား -အနည်းငယ်
ကြက်သားမှုန်. - အနည်းငယ်
ဆီ - အနည်းငယ်

ချက်ပြုတ်နည်း 



ရွှေတောင်ခေါက်ဆွဲအတွက် ဂျုံခေါက်ဆွဲခြောက်ကို ပြုတ်ပြီး ဆယ်ထားပါ။
ရွှေတောင်ခေါက်ဆွဲနဲ.တွဲစားရန် အကြွပ်ကြော်အတွက် ပြုတ်ပြီးသားခေါက်ဆွဲ လက်နှစ်ဆုပ်စာ ဆီပူပူမှာ အညိုရောင်သန်းလာတဲ့အထိ အကြွပ်ကြော်ပြီး ဆယ်ထားပါ။

အုန်းနို. အနှစ်အတွက် အုန်းနို.တစ်ဗူးကို ဆီပြန်ပြီး အနှစ်ရသည်အထိ ကျိုပြီး ပန်းကန်ထဲထည့်ထားပါ။

ကြက်သားဟင်းချက်ရန် ဒယ်ထဲဆီပူလာရင် ကြက်သွန်ဖြူဆီသတ်ပါ။ကြက်သားထည့်မွှေပါ။
၂ မိနစ်ခန်.ကြာလျှင် ရေ ၂ ဗူးခန်.ထည့်တည်ပါ။ဆား၊ကြက်သားမှုန်.ထည့်ပါ။
အရသာမြည်းပါ။ကြက်သားကျက်ပြီး
ရေ ၁ ဗူးခန်.ကျန်လျှင် မီးပိတ်လိုက်ပါ။
ဟင်းရည်များများကြိုက်ရင် ရေပိုထည့်ပါ။

ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်နည်း

ဇောက်ပန်းကန်ထဲ ခေါက်ဆွဲ၊အကြွပ်ကြော်၊
ကြက်သွန်နီ၊အုန်းနို.အနှစ်၊
ပဲအကျက်မှုန်.၊သံပုရာသီး၊ငရုတ်သီးမှုန်.၊နံနံပင်ထည့်ပါ။
ပြီးရင် ကြက်သားဟင်းရည်ခပ်ထည့်ပြီး ရွှေတောင်ခေါက်ဆွဲတစ်ပွဲကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ ;)

မှတ်ချက်။   ။ရွှေတောင်ခေါက်ဆွဲနဲ.တွဲဖက်စားသုံးရန် အရည်သောက်အတွက် ကြက်ပြုတ်ရည်ကို အရသာမှုန်.ထည့်ပြီး ကြက်သွန်မိတ် ဒါမှမဟုတ် တရုတ်နံနံပင်ထည့်ပါ။

Credit to Kyaw Min Htwe

No comments: