Wednesday, September 12, 2012

G-mail Inbox


မေးလ်တွေကို MP3 ဖိုင်ပြောင်းပြီး ပို့လို့ရတဲ့နေရာ
မိမိရေးထားတဲ့စာကို သူက အင်္ဂလိပ်လို MP3 အသံဖိုင်ပြောင်းပြီး ဖတ်ပေးတာဖြစ်ပါတယ်။ အင်္ဂလိပ်စာကို ကောင်းမွန်စွာ ရေးတတ်ဖို့ လိုမယ်ထင်ပါတယ်။

၁။ ဒီ http://vozme.com/index.php?lang=en ကို Link သွားပါ။ ဒါပေမဲ့ မြန်မာလိုတော့ သုံးလို့မရသလို ကျန်တဲ့ဘာသာတွေလည်း အသုံးပြုလို့မရပါဘူး။ ဒါကြောင့် အင်္ဂလိပ်တစ်မျိုးပဲသုံးလို့ ရပါမယ်။ မိမိ အင်္ဂလိပ်လို ရေးထားတာတွေကို မိန်းကလေးအသံ၊ ယောက်ျားလေးအသံ မိမိစိတ်ကြိုက်ရွေးပြီးတာနဲ့ Creat MP3 ကို Click လိုက်ပါ။ 

၂။ MP3 ပြောင်းထားတဲ့ မိမိရေးထားတဲ့စာတွေကို ဖတ်ပြတာ တွေ့ရမှာပါ။ မိမိက Download MP3 ကို Click လိုက်ပြီး Download ချလိုက်ပါ။ ပြီးရင် မိမိပို့ချင်တဲ့ သူဆီကို မေးလ်ကနေ ပို့နိုင်ပါပြီ။

Auto Response ကို Date နဲ့သတ်မှတ်ရအောင်
အခုနောက်ပိုင်းမေးလ်မှာ Tool အသစ်တွေ တိုးလာတာတော့ အတော်ကြာနေပါပြီ။ သတိမထားမိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်တင်ပြပေးလိုက်တာပါ။

အရင်ကတော့ Auto စာပြန်စနစ်ကို Last ဆိုပြီးပဲ Tool ကပါတာပေါ့။ အခုတော့ Tool က End ဆိုပြီးပြောင်းထားတာ တွေ့ရတယ်။ ပြီးတော့ရက်စွဲကိုလည်း သေချာရွေးချယ်လို့ ရအောင် Calendar ထည့်ထားတာကိုတွေ့ရတယ်။ ဒါကြောင့်သုံးရတာ ပိုအဆင်ပြေလာ တာတွေ့ရတယ်။ မိမိ Gmail မသုံးတဲ့ အချိန်၊ ခရီးသွားစရာရှိတဲ့အချိန်မှာ မိမိဆီကို မေးလ်ပို့လာတဲ့သူတွေကို Auto Responder လုပ်ပေးထားသလို မိမိသတ်မှတ်ထားတဲ့ ရက်ပြည့်သွင်္ားတာနဲ့ Auto Turn off ဖြစ်သွားအောင်လုပ်တာကို အဓိက အသားပေးတင်ပြ ချင်တာ ဖြစ်ပါတယ်။

၁။ မိမိ Gmail ကို Sign In လုပ်လိုက်ပါ။
၂။ Setting ကို ထပ် Click လိုက်ပါ။
၃။ Vacation Responder အကွက်မှာ Vacation Responder On ကို Click လိုက်ပါ။ First Day အကွက်မှာက မိမိစပြီး Responder လုပ်စေချင်တဲ့ Date ကိုရွေးချယ်ပေးပါ။ End မှာကတော့ မိမိ Responder လုပ်တဲ့အကြောင်း၊ ဘယ်နေရာမှာ ရပ်စေချင်လဲဆိုတာကို ရွေးချယ်ပေးလိုက်ပါ။ Subject မှာတော့ မိမိရေးချင်တဲ့အကြောင်းအရာတစ်ခုခု ရေးလိုက်ပါ။ မရေးလည်း ရပါတယ်။ Message မှာတော့ ဘယ်သွားနေလို့၊ ဘာလုပ်နေလို့ဆိုတာကို ရေးလိုက်ပေါ့။
၎။ ပြီးရင်တော့ Save Changes ကို Click လိုက်ပါ။ အိုကေပါစေ။

သူများစက်ကို ၀င်ကြည့်မယ်
Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြုပုံလေး တင်ပြချင်ပါတယ်။ Team Viewer တို့လိုအသုံးပြုနိုင်တဲ့ Tools လေးပါ။ မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့လို လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးပါ။ Window Tools လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် စိတ်ဝင်စားဖို့ ကောင်းမှာပါ။ အောက်မှာ လုပ်ပုံလုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး။

ပြုလုပ်နည်း
၁။ Start>>>window remote assistance လို့ရိုက်လိုက်ပါ။
၂။ Box (Windows Remote Assistance Window) လေးတစ်ခု ကျလာပါလိမ့်မယ်။ ကျလာတဲ့ အနီရောင် ၀ိုင်းပြထားတာ (Save this invitation as a file) ကို Click နှိပ်ပြီး ၀င်လိုက်ပါ။
၃။ Box ကလေးကို နှိပ်ပြီး ရလာတဲ့ဖိုင်လေးကို Desktop မှာ Save ထားလိုက်ပါ။
၎။ Save လိုက်တာနဲ့ Password ပေးတဲ့ Box လေးပါ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်။ (Box ကို မပိတ်လိုက်ပါနဲ့)
၅။ ရလာတဲ့ File နဲ့ Password ကိုကြည့်မယ့်သူဆီ G-Talk ကတစ်ဆင့်ပို့ပေးလိုက်ပါ။

ကြည့်မည့်သူအပိုင်း
၁။ ကြည့်ခံရမယ့်သူ ပို့လာတဲ့ဖိုင်ကို ဖွင့်ပြီး ပေးထားတဲ့ Password ကို Box ထဲမှာ ထည့်လိုက်ပါ။
၂။ ကြည့်လို့၊ပြုပြင်လို့ရသွားပါပြီ။ အားလုံးပဲ အဆင်ပြေနားလည်မယ်လို့ မျှော်လင့်ပါတယ်။

မကြည့်စေချင်တဲ့ Website တွေကို Block မယ်
ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အိမ်တွေမှာပဲဖြစ်ဖြစ် Admin Account ကနေ မိမိ မလိုချင်တဲ့၊ ကလေးငယ်တွေပဲဖြစ်ဖြစ် မကြည့်စေချင်တဲ့ Website တွေကို Software မသုံးဘဲ ပိတ်ထားလို့ ရပါတယ်။ လွယ်ကူရိုးရှင်းတဲ့အပြင် Site တွေကိုလည်း အကန့်အသတ်မရှိ ပိတ်နိုင်တဲ့အတွက် အားလုံးပဲ လိုအပ်ရင် အသုံးပြုလို့ရအောင် မျှဝေလိုက်ပါတယ်။
ပြုလုပ်နည်း
၁။ All Program ကနေ အဆင့်ဆင့်သွားပါ။ Start>>Run>> Cmd ကနေလည်း တိုက်ရိုက်သွားလို့ရပါတယ်။
၂။ Notepad C: /Windows/System32/drivers/etc/hosts ကို Cmd (Command Prompt) ထဲမှာ အတိအကျ ရိုက်ထည့်လိုက်ပါ။
၃။ ကျလာတဲ့ Notepad ဖိုင်လေးရဲ့ အောက်ဆုံးနားမှာ 127.0.0.1 ပိတ်ချင်တဲ့လိပ်စာကို ရိုက်ထည့်ပေးလိုက်ပါ။
၎။ Save ပြီးရင် ပိတ်လိုက်ပါ။ Cmd ကိုလည်း Exit လုပ်လိုက်ပါ။
၅။ ဒါဆို သင်အသုံးမပြုစေလိုတဲ့ Website ထဲကို ၀င်လို့ မရတော့ပါဘူး။
တကယ်လို့ ပြန်ဝင်ချင်တယ်ဆိုရင်တော့ 127.0.0.1 ပိတ်ချင်တဲ့ လိပ်စာလေးကိုပြန်ဖျက်လိုက်ပါ။ ဒါဆိုပြန်ဝင်လို့ရပါပြီ။

Ref: Forward Mail

No comments: