Friday, September 14, 2012

ကျန်းမာရေး အမေးအဖြေ (၅၉)


1. တားဆေး ၁ လုံးကို ချက်ချင်း တိုက်ပါတယ်။
2. သူ့ဇနီးကို တားဆေးတွေ မသုံးခိုင်းချင်လို့
3. ကျွန်တော့် လိင်အင်္ဂါတွင် ဖြစ်ပွားနေသည်မှာ
4. ခဏခဏ အဖြူဆင်းတဲ့ ရောဂါဖြစ်နေပါတယ်။
5. အဲဒီဆေးကို ရှာကြည့်တာ ဆေးနာမည်တောင် မရှိဘူးလို့ ပြောပါတယ်။
6. ဆေးထိုးစရာမလိုဘဲ သောက်ဆေးနဲ့ လုံလောက်နိုင်ပါသလားရှင့်။
7. လိင်ဆက်ဆံမှု တစ်ခါမှမပြုဖူးတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့
8. ရာသီပြီးပြီးချင်း ၁ ရက် ၂ ရက် လင်မယားအတူနေတာ
9. AIDS sign ဖြစ်နေအုံးမယ်စလို့ တော်တော် စိတ်ဆင်းရဲနေပါတယ်။
10. ကျနော်တွင် ညဉ်ဆိုးတစ်ခု ရှိသည့်မှာ


Wed, Aug 1, 2012 at 5:05 PM
ရာသီပြီးပြီးချင်း ၁ ရက် ၂ ရက် လင်မယားအတူနေတာ ကိုယ်ဝန်ရှိသွားတယ်ဆရာ။ အဲ့ဒါဖြစ်နိုင်ပါ့မလား။ ကျွန်တော်က ခရီးဝေးမှာနေတဲ့လူပါ။ အိမ်ထောင်ရေးအရမ်းမပြေလည်ဖြစ်နေတယ်။ ဆေးပညာအနေနဲ့ ကူညီဖြေရှင်းပေးပါဆရာ။


သုတေသနရလဒ်တွေ -
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံး ရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးဘဲဆက်ဆံသူတွေထဲက ၁၁့၉% ကိုယ်ဝန်ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

သုတေသနလုပ်တာတွေက ရာသီစဆင်းတဲ့ရက်နောက် ၈ ရက်မှာလုပ်တယ်။ အဲဒီထက်စောရင် မရနိုင်လောက်လို့ ဖြစ်တယ်။ Human error လူ့အမှား ဆိုတာတော့ ရှိတာပေါ့။

Wed, Aug 1, 2012 at 6:16 AM
လွန်ခဲ့တဲ့ သုံးလလောက်က ကျွန်တော် ဆေးစစ်ထားပါတယ်။ အားလုံးအဆင်ပြေပါတယ်။ ခုကျွန်တော့မှာ ယားဖုတွေ ပေါက်နေပါတယ်။ နောက်ကျောဘက်တွေမှာပါ။ နှစ်ရက်လောက်ရှိပါပြီ။ မိတ်ဖုကြီးတွေလို ခြင်ကိုက်ဖုလိုမျိုးတွေပါ။ သူငယ်ချင်းက AIDS sign ဖြစ်နေအုံးမယ်စလို့ တော်တော် စိတ်ဆင်းရဲနေပါတယ်။ ဆေးစစ်ပြီး နောက်မှာလဲ ကြေးစား မိန်းကလေး တစ်ယောက်နဲ့ နေခဲ့မိပါတယ်။ ကွန်ဒုံးလဲသုံးပါတယ်။ ဒါပေမယ့် oral sex မှာတော့ မသုံးပါဘူး။ ဒါကြောင့် ဖြစ်နိုင်မဖြစ်နိုင်နဲ့ ဘယ်လို sign တွေ ဆိုတာသိချင်ပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာလဲ သိချင်ပါတယ်။


သွေးစစ်တာတခုတည်းနေသာ HIV ပိုးဝင်တာခံထားရ-မရ သိနိုင်တယ်။ ရောဂါအကြောင်းတွေ အများကြီးရေးထားပါတယ်။ http://dts-medicaleducation-adult.blogspot.in/ မှာ ဖတ်ပါ။

Calamine lotion လိမ်းပါ။ Cetrizine tablet တညတပြားသောက်ပါ။ ဆေးစစ်ပါ။


Thu, Aug 2, 2012 at 12:57 AM
ယခု ရက်ပိုင်းအတွင်း ကျနော့ ဖိုအင်္ဂါ၏ အပေါ် ညာဘက်ပိုင်း ချက်နှင့် လိင်တန်အရင်းတို့၏အလယ် ညာဘက် ယွန်းယွန်းတွင် အောင့်တောင့်တောင့်ဖြစ်နေပါသည်။ ဝှေးစေ့ဆက်နေသည့်ဟု ခံစားရပါသည်။ အကြောင်းမှာ အတွင်းခံဘောင်းဘီ ကြပ်လျှင်လည်း နည်းနည်းအောင့်သလိုဖြစ်သည့်နေရာပါ။ ကျနော်တွင် ညဉ်ဆိုးတစ်ခု ရှိသည့်မှာ Porn တွေကြည့်ပါက Masturbate မလုပ်မနေလုပ်နေရပါသည်။ လုပ်ပါက သုက်ထွက်သွားပြီးမှ နောက်နေ့တွင် နေသာထိုင်သာရှိပါသည်။ မလုပ်ဘဲနေပါက ဆီးအောင့်သလိုဖြစ်နေတတ်ပါသည်။ အရှေ့အလယ်ပိုင်းဒေသတွင် နေနေပါသည်ခင်ဗျာ။ Temp 45
C အထက်ပါခင်ဗျား။

မာစတာဘေးရှင်းအတွက် မစိုးရိမ်ပါနဲ့။ သဘာဝပါ။ ရောဂါမရစေပါ။ အောင့်တယ်ပြောတဲ့နေရာဟာ ဗိုက်မှာဖြစ်နေတယ်။ အဲဒီနေရာက အးအတက်နေရာလဲဖြစ်တယ်။ ကျား-အကျောရောင်တာဆိုရင် ကပ်ပယ်အိတ်မှာသာအောင့်တယ်။ ဆီးအောင့်တာဆိုရင် ဆီးစပ် အလည်လောက်မှာသာအောင့်တယ်။ ဆီးအောင့်တာဆိုရင် ဆီးသွားရင်အောင့်-နာမယ်။ ဆီးပူမယ်။ ဆီးခဏခဏသွားချင်မယ်။ ကြာတော့ သွားချင်ပေမဲ့ ဆီးနည်းလာတယ်။ Septrin တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ ရေများများသောက်ပါ။ အပူအစပ်လျှော့စားပါ။ အူအတက်ဆိုရင် ကိုယ်ပူလာရင် ဆရာဝန်ပြပါ။ ပိုနာလာရင်လဲ ပြပါ။ သိပ်မာတဲ့အစာ လေလောဆည်မှာရှောင်ထားပါ။ အဲဒီနှစ်ခုမဟုတ်ရင် Ibuprofen, Paracetamol, Diclofenic ရတာတဲ့ဆေး တမျိုးမျိုး၊ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ခါ၊ ၃-၄ ရက်သောက်ပါ။

ဒေါက်တာတင့်ဆွေအမေးအဖြေ (၅၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ) 

No comments: