Wednesday, September 26, 2012

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း


လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို Sexually transmitted disease သို့မဟုတ် venereal diseases (VD) လို့လည်းခေါ်ပါတယ် ။ STD ဆိုတာဟာ လူသားတွေကြားထဲမှာ လိင်နှင့်ဆိုင်သော အပြုအမှုများ ( ဥပမာ လိင်ဆက်ဆံခြင်း ၊ oral sex ၊ anal sex ) စသည်တို့မှ ကူးစက်တတ်သော ရောဂါများကို ဆိုလိုပါတယ်။

ဟိုးအရင်တုန်းကတော့ အဲဒီလိုရောဂါတွေကို Sexually transmitted disease (STD ) သို့မဟုတ် Venereal diseases (VD ) လို့ခေါ်ကြပေမယ့် အခု နှစ်ပိုင်းအနည်းငယ်မှာတော့ Sexually transmitted infections (STI) လို့ပြောင်းခေါ်လာခဲ့ကြပါတယ်။ ဆိုလိုတာက လူတစ်ယောက်ဟ ဘာရောဂါ တစ်ခုမှ အခံမရှိပဲနဲ့ လိင်မှုဆိုင်ရာနည်းလမ်းတွေမှ တဆင့် ရောဂါကူးစက်ခံရနိုင်တယ်လို့ ဆိုလိုပါတယ် ။ အချို့သော STI တွေ ကတော့ ရောဂါရှိသူအသုံးပြုထားတဲ့ အကြောဆေးသွင်းအပ်တွေမှတဆင့် ကူးစက်နိုင်သလို ကလေးမီးဖွားခြင်း ၊ နို့တိုက်ကျွေးခြင်းတွေကနေလည်းကူးစက်နိုင်ပါသေးတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီပြီးကတည်းက လိင်မှတဆင့်ကူးစက်တတ်သော ရောဂါတွေဟာ ပေါ်ပေါက်နေပြီဖြစ်ပါတယ် ။

အမျိုးအစားများ
၁၉၉၀ ခုနှစ်အထိတော့ STD ကို Venereal disease အဖြစ် လူသိများခဲ့ကြပါတယ် ။ Veneris ဆိုတာ လက်တင်ဘာသာနဲ့ Venus ရဲ့နာမည်ဖြစ်ပြီး venus ဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ နတ်ဘုရား ကိုဆိုလိုပါတယ် ။ ရောဂါတစ်ခုဖြစ်ပြီဆိုရင် ၀င်ရောက်နေတဲ့ရောဂါပိုးက ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို မူမမှန်စေခြင်း ပျက်ဆီးစေခြင်းကို ဖြစ်စေပါတယ် ။ အချို့သောရောဂါတွေမှာတော့ ဘာရောဂါ လက္ခဏာမှ မပြပဲနဲ့လည်း ရှိနိုင်ပါတယ် ။ HPV လို့ခေါ်တဲ့ ရေယုံကိုဖြစ်စေတဲ့ရောဂါပိုးမျိုးကတော့ လိင်မှုဆိုင်ရာ ဆက်ဆံမှုများတဲ့ လူတွေမှာ ရောဂါကူးစက်စေပြီး ရောဂါဖြစ်စေမှုကတော့ လူအနည်းငယ်ကိုသာ ဖြစ်စေနိုင်တယ် ဆိုတာကိုလည်း သိထားရပါမယ် ။ STD ဆိုတာဟာ ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကိုပဲ ရည်ညွှန်းတာဖြစ်ပြီး  အချိန်အများစုမှာဆိုရင် လူတွေဟာ သူတို့ကိုယ်သူတို့ STD ကူးစက်ခံနေရမှန်းမသိကြတာများပါတယ်။ အထူး သဖြင့် ရောဂါရဲ့လက္ခဏာတွေစပေါ်လာတဲ့အချိန် သို့မဟုတ် စစ်ဆေးမှုတွေပြုလုပ်တဲ့အ ချိန်မှ သာ ကိုယ့်မှာ ရောဂါပိုးရှိနေမှန်းသိကြတာများပါတယ်။

ဥပမာ တစ်ခုကိုကြည့်မယ်ဆိုရင် Meningitis လို့ခေါ်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါဟာ လိင်မှတဆင့် ကူးစက်နိုင်ပေမယ့် သူ့ကို STI အဖြစ် ခေါင်းစဉ်မတပ်ကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ sexual contact ဟာ meningitis ကိုဖြစ်စေတဲ့ pathogens ရဲ့ မူလဇစ်မြစ် Primary vector မဟုတ်လို့ပါပဲ ။ STI ဟာ တခြားကူးစက်နည်းတွေ ဖြစ်တဲ့ ( သွေးသွင်းခြင်းမှ တဆင့် အပ်များမျှဝေသုံးစွဲခြင်း ) စတာတွေကနေ ကူးစက် တာ နည်းပြီး လိင်မှ တဆင့်သာ အဓိကကူးစက်တတ်တယ်ဆိုတာကိုတော့ နားလည်ထားရပါမယ် ။ ဒါကြောင့် လူတစ်ယောက်ဟာ STI တွေဖြစ်တဲ့ Chlamydia , gonorrhea ( ဆီးပူညောင်းကျ ) , genital herpes ( လိင်အဂါင်္ ရေယုံများ ) ကူးစက်ခံနေရပြီဆိုရင် ဒါဟာ လိင်မှ တဆင့်ကူးစက်တာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ် ။
တကယ်တော့ sexual contact အတွင်းမှာ အထက်မှာ ပြောထားတဲ့ ရောဂါတွေသာ မကပဲ အအေးမိဖျားနာ ၊ တုပ်ကွေး ၊ အဆုတ်ရောင် ရောဂါတွေလည်းး လူတစ်ဦးကနေတစ်ဦး ကူးစက်နိုင်ပါသေးတယ် ။ ဒီလို မျိုး ရောဂါတွေကိုတော့ sexual contact ရှိပေမယ့်လည်း STD အဖြစ် ထည့်သွင်းစဉ်းစားလေ့မရှိပါဘူး ။

ဖြစ်စေသောအကြောင်းအရာများ

Bacterial ရောဂါပိုးများ
-  Chancroid (Haemophilus ducreyi)
- Chlamydia (Chlamydia trachomatis)
- Granuloma inguinale or (Klebsiella granulomatis)
- Gonorrhea (Neisseria gonorrhoeae)
Syphilis (Treponema pallidum)

Fungal (မှိုပိုးများ )
- Candidiasis (yeast infection)
Viral ( ဗိုင်းရပ်ပိုးများ )
- Viral Hepatitis B Virus ( တံတွေး ၊ လိင်အဂါင်္မှ အရည်များမှတဆင့် ) (မှတ်ချက် – အသည်းရောင်အသားဝါ အေနဲ့ အီးတို့ဟာ fecal-oral route မှသာ ကူးစက်နိုင်ပါတယ် ။ စီပိုးကတော့ လိင်မှတဆင့်ကူးစက်တာ ရှားပါတယ် )
- Herpes simplex virus 1 & 2 ( အရေပြား အာခံတွင်း ရေယုံ အဖုတွေ ရှိရှိမရှိရှိ ကူးစက်နိုင်ပါတယ် )
- HIV ( လိင်အဂါင်္မှ အရည်များ ၊ သုတ်ရည် ၊ နို့ရည် ၊ သွေး မှ တဆင့် )
- HPV ( ကြွက်နို့ ဖြစ်စေသော ပိုး ၊ အရည်ပြား အာခံတွင်းတို့မှ တဆင့် ) (မှတ်ချက် – အန္တရာယ်များတဲ့ High risk အုပ်စု HPV ပိုးတွေဟာ သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်ပြီး တခြား စအို ၊ လိင်တံ နဲ့ မိန်းမကိုယ် ကင်ဆာတွေကိုလည်းဖြစ်စေနိုင်ပါတယ် ။ တခြား သော HPV ပိုးတွေဟာ လိင်အဂါင်္ကြွက်နို့တွေဖြစ်စေနိုင်ပါတယ် )
- Molluscum contagiosum
Parasites (ကပ်ပါးပိုးများ )
-  Crab louse,  (Pthirus pubis)
-  Scabies (Sarcoptes scabiei) ၀ဲနာများ
Protozoal (ပရိုတို ဇိုးဝါးများ)
-  Trichomoniasis (Trichomonas vaginalis)

STD အကြောင်းသိကောင်းစရာ
STD အများစုဟာ လိင်တံ ၊  မိန်းမကိုယ် ၊ အစာဟောင်းအိမ် ၊ ဆီးလမ်းကြောင်း ၊ ပါးစပ် ၊  လည်မျို ၊ အသက်ရှူလမ်းကြောင်း နဲ့ မျက်လုံး တို့မှာရှိတဲ့ mucous အမြှေးပါးကနေတဆင့် ကူးစက်တတ်ပါတယ် ။ လိင်တံထိပ်ကို ဖုံးအုပ်ထားတဲ့ မြင်နေရတဲ့အရေပြားဟာ mucous membrane ဖြစ်ပါတယ် ။ အဲဒီကနေတဆင့် mucus အချွဲတွေ ထုတ်ပါတယ် ( ပါးစပ်မှာ ရှိတဲ့ နှုတ်ခမ်းနဲ့တူပါတယ် ) ။ Mucous အမြှေးပါးနဲ့ အရေပြားနဲ့ မတူတဲ့အချက်ကတော့ Mucous အမြှေားပါးဟာ အချို့သော ရောဂါပိုးတွေကို ခန္ဓာကိုယ်မထဲမှာ ထားရှိထားနိုင်ပါတယ် ။ ရောဂါပိုးတွေဟာလည်း အရေပြားပွန်းပဲ့ရာ လေးတစ်ခု ကနေတောင် တစ်မိနစ်အတွင်း ၀င်ရောက်ကူးစက်သွားနိုင်ပါတယ် ။ ဒါ့အပြင် ရောဂါပိုးတွေဟာ မစင် ၊ ဆီးနဲ့ ချွေးတို့ကနေတဆင့်လည်း ကူးစက်နိုင်ပါတယ် ။ ဘယ်လောက်အထိ ထိတွေ့သလဲဆိုတဲ့ ပမာဏဟာ ရောဂါ ပိုးဝင်ရောက်စေမှု အတိုင်းအတာကို ကွဲပြားစေတယ်ဆိုတာ မှန်ပေမယ့်လည်း ရောဂါအားလုံးမှာတော့ ရောဂါရှိနေတဲ့ အရည် ကနေ Mucous membrane ကိုအနည်းငယ်လေး ထိတွေ့ယုံနဲ့တင် ရောဂါ ဖြစ်စေနိုင်ပါတယ် ။

Mucous Membrane ဟာ နှုတ်ခမ်းမှာရော လိင်အဂါင်္မှာရော ပါရှိပေမယ့်လည်း STI အများစုဟာ သာမန် နှုတ်ခမ်းချင်း နမ်းတာထက်စာရင် Oral sex နေက ကူးစက်ဖို့ ပိုလွယ်ကူပါတယ် ။ Safe sex chart အရ ရောဂါပိုးအများစုဟာ ပါးစပ်မှ လိင်အဂါင်္ ၊ လိင်အင်္ဂါမှ ပါးစပ် အစရှိသဖြင့် ပိုမိုလွယ်ကူစွာ ကူးစက်နိုင်ကြောင်းတွေ့ရပါတယ် ။ တံတွေးမှာထက်စရာ မျိုးပွားအဂါင်္မှ ထွက်ရှိသော အရည်တွေမှာ ရောဂါပိုးတွေ ပိုပါဝင်ပါတယ် ။ Herpes simplex နဲ့ HPV ပိုးတွေကတော့ အရေပြားကနေ တိုက်ရိုက် ထိတွေ့ခြင်းမှ ကူးစက်နိုင်ပါတယ် ။ KSHV ဆိုတဲ့ပိုးကတော့ တံတွေးကနေတဆင့် ( နမ်းခြင်း ၊ တံတွေးအား ချောဆီအဖြစ် အသုံးပြုခြင်း ) ကူးစက်နိုင်ပါတယ် ။ STD အမျိုးအစားပေါ် မူတည်ပြီးတော့ လူတစ်ယောက်ဟာ ဘယ်လို ရောဂါလက္ခဏာမျိုးမှ မပြပဲနဲ့လည်း ရောဂါတွေကို ပျံ့နှံ့ကူးစက်စေနိုင်စွမ်းရှိပါတယ် ။

ဥပမာ အနေနဲ့ပြောရရင် Herpes ရေယုံပိုးဟာ ရေယုံအဖု တွေရှိနေတဲ့လူဟာ မရှိတဲ့လူထက်စာရင်ပိုမို ရောဂါပိုးပျံ့ပွားစေနိုင်ပြီး HIV ကတော့ အချိန်တိုင်းမှာ ရောဂါပြန့်ပွားကူးစက်စေနိုင်ပါတယ် ။ ဆိုလိုတာက လူတစ်ယောက်ဟာ HIV ရှိနေတယ်ဆိုရင် AIDS ရဲ့ ရောဂါလက္ခဏာတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ HIV ကိုကူးစက်စေနိုင်ပါတယ် ။ STD ထဲမှာ အပါအ၀င်ဖြစ်တဲ့ ဒီ HIV ပိုးဟာလည်း အမေကနေ ကလေးကို ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်စေ နို့တိုက်ကျွေးချိန်မှာ ဖြစ်စေ ကူးစက်သွားနိုင်ပါသေးတယ် ။
လိင်ဆက်ဆံဖက် များလာလေလေ ရောဂါ ပိုးကူးစက်နိုင်ခြေကလည်းများလာလေလေဆိုတာကိုလည်း သိထားရပါမယ်။  STD ရှိတိုင်းအားလုံးဟာ လိင်ဆက်ဆံခြင်းမှ တဆင့်ကူးစက်တယ်လို့ တရားသေတော့ပြောလို့ မရပါဘူး ။ ဥပမာ ဆေးမှင်ကြောင်ထိုးခြင်း ၊ ကလေးမွေးခြင်း ၊ အပ်စူးမိခြင်း ၊ အပ်များ မျှဝေသုံးစွခြင်း နဲ့ သွေးသွင်းခြင်း စတာတွေကနေတဆင့် ကူးစက်တာတွေ လည်းရှိတတ်ပါတယ် ။ အထူးသဖြင့် Medical workers တွေနဲ့ သွေးအမြဲသွင်းနေရတဲ့လူနာတွေဟာ အဖြစ်များလေ့ရှိကြပါတယ်။
Sexual activity ပြုလုပ်နေစဉ်အတွင်း STD ကို လျော့ချနိုင်ဖို့အတွက် အကောင်းဆုံး Safe sex အတွက် ဆေးပညာ ကျွမ်းကျင်သူတွေ အကြံပေးထားတာကတော့ ကွန်ဒုံးသုံးကြဖို့ပဲ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အလုံးစုံကြီး အန္တရာယ်ကင်းပါတယ်လို့ အာမခံတာမျိုးတော့မဟုတ်ပါဘူး ။ STD ဟာ ဘာလက္ခဏာမှ မပြပဲ ပိုးသယ်ဆောင်သူအဖြစ် နေနိုင်တာမျိုးလည်းရှိနိုင်ပါတယ် ။ တခါတရံမှာ STD ရှိတဲ့အမျိုးသမီးတစ်ယောက်ဟာ တင်ပဆုံရိုးအတွင်း ရောင်ရမ်းနာကျင်ရောဂါ ( Pelvic Inflammatory disease ) ကိုလည်း ခံစားရနိုင်ပါတယ် ။

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုက်ကြမလဲ
တကယ်တော့ STI ဟာ များစွာ ကျယ်ပြန့်တဲ့အတွက်ကြောင့် စစ်ဆေးမှုပေါင်းများစွာ ပြုလုပ်ဖို့လိုအပ်ပါတယ် ။  တစ်ခုချင်းစီအတွက် စစ်ဆေးတာမျိုးလည်းရှိပါတယ် ။ ကာလသားရောဂါ (Syphilis ) , trichomonas, gonorrhea ( ဆီးပူညောင်းကျ ) , chlamydia , herpes (ရေယုံ ) , hepatitis ( အသည်းရောင်အသားဝါ ) နဲ့ HIV ပိုးအတွက် စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ် ။ ဒီလို STI tests တွေကို ဘာကြောင့် ပြုလုပ်ဖို့ လိုသလဲဆိုတော့

- ရောဂါရဲ့ ဖြစ်စေတဲ့အကြောင်းကို သိရှိဖို့အတွက် diagnositic test ပြုလုပ်ဖို့ လိုအပ်ခြင်း
- ရောဂါ လက္ခဏာမပြပဲ ပိုးသယ်ဆောင်နိုင်ခြင်း သို့မဟုတ် မည်သည့်ရောဂါပိုးမှန်းသိစေရန် Screening test ပြုလုပ်ခြင်း
- အကယ်၍ ကိုယ်ဝန်ဆောင်ချိန်တွင် ကူးစက်ပါက ကလေးအား ကူးစက်ခြင်းအား ကာကွယ်ရန်
- မီးဖွားစဉ်တွင် အမေမှတဆင့် ကလေးအား STI မကူးစက်စေရန်
- ရောဂါပိုးရှိနေသော သွေး သို့မဟုတ် ကိုယ်တွင်းအဂါင်္များအား သုံးစွဲခြင်းအား ကာကွယ်ရန်
- ရောဂါပိုးရှိသူနှင့် ရောဂါပိုးမရှိသူအား ထိတွေ့ခြင်းအား ကာကွယ်နိုင်ရန်
- လူသားထုတစ်ရပ်လုံးအား ရောဂါ ပြန့်ပွားမှုမှ စောင့်ကြည့်နိုင်ရန် စတဲ့အကြောင်းပြချက်များစွာရှိပါတယ် ။

ရောဂါအမျိုးအစားပေါ်မူတည်ပြီးတော့ အချို့သော STD တွေဟာ မျိုးမပွားနိုင်ခြင်း ၊ နာတာရည် နာကျင်ခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။  ဒါကြောင့် စောစောသိ စောစော ကုသခြင်းဟာ ရောဂါပျံ့နှံ့မှုကို ထိမ်းချုပ်နိုင်ယုံသာမက ရောဂါ လက္ခဏာတွေ လျှင်လျှင်မြန်မြန် ပျောက်ကင်း နိုင်ဖို့အတွက်လည်း အလွန်အရေးပါပါတယ် ။ တခါတရံမှာ Window period လို့ခေါ်တဲ့ STI test ဟာ negative ဖြစ်နေတာမျိုးလည်း ရှိတတ်ပါတယ် ။ ဒီလို အချိန်အတောအတွင်းမှာတော့ ရောဂါပိုးဟာကူးစက်ပျံ့ပွားနိုင်ပါတယ် ။ ဒီအချိန်ကာလဟာ ဘယ်လောက်ထိ ရှည်ကြာသလဲဆိုတာကတော့ ရောဂါပိုး အမျိုးအစားနဲ့ test အပေါ် မူတည်ပါတယ်။

Report တစ်ခုမှာဆိုရင် လူတွေဟာ ဆရာဝန်ဆီသွားပြီး အကြံဥာဏ်တောင်းဖို့ထက်စာရင် ကုသမှုခံယူဖို့ထက်စာရင် အင်တာနက်ပေါ်မှာ ရောဂါအကြောင်းရှာဖွေ ကြတယ်လို့ အစီရင်ခံထားပါတယ်။ ရောဂါ ကူးစက်နေ တဲ့လူက ဆရာဝန်ဆီ ပြသဖို့ ၀န်လေးနေခြင်းကလည်း ရောဂါကို diagnosis ပြုလုပ်ဖို့ နှောင့်နှေးကြန့်ကြာစေပါတယ် ။ ကုသမှုအနေနဲ့ကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စစ်ဆေး ကုသမှုခံယူဖို့ အရေးကြီး ပါတယ် ။ ဒါကြောင့် ကုသမှုအပိုင်းကိုတော့ အကျယ်ချဲ့ပြီးမရေးတော့ပါဘူး ။ လိင် အဓ္ဓမ အနိုင်ကျင့်ဆက်ဆံခံရတဲ့သူတွေမှာတော့ ကာကွယ်တဲ့အနေနဲ့ azithromycin , cefixime နဲ့ metronidazole ပေါင်းစပ်ဆေးတွေ သုံးကြတာများပါတယ် ။ ဒါကြောင့် ရောဂါဖြစ်လာပြီဆိုရင် မရှက်ပါနဲ့ ဆရာဝန်နဲ့သေချာ တိုင်ပင်ကုသမှုခံယူကြပါ ။

ဘယ်လိုကာကွယ်ကြမလဲ ။
ဒီခေါင်းစဉ်ကတော့အရေးကြီးပါတယ် ။ အခုနောက်ပိုင်းမှာဆိုရင် Sexual health clinic တွေက ကွန်ဒုံးတွေကို ဖြန့်ဝေပြီး အဖြစ်များတဲ့ လူထုထဲမှာ ကွန်ဒုံးရောက်ရှိစေရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်နေကြပါပြီ ။ ကာကွယ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ ခန္ဓာကိုယ်ရဲ့ အရည် တွေနဲ့ ထိတွေ့စေခြင်းကို ရှောင်ကြဉ်ခြင်းနည်းလမ်းဖြစ်ပါတယ် ။ ထိတွေ့တယ်ဆိုတဲ့နေရာမှာ (ဥပမာ Cybersex, phonesex , masturbation – တကိုယ်ရည်စိတ်ဖျော်ဖြေခြင်း ) စတာတွေကတော့ မပါဝင်ပါဘူး ။ ဒါကြောင့် ဒီလို နည်းလမ်းတွေကလည်း တိုက်ရိုက်ထိတွေ့တာကို ရှောင်လွှဲတာဖြစ်တဲ့အတွက် အသုံးပြုနိုင်ပါတယ် ။

- ကွန်ဒုံးကို စနစ်တကျ အကျိုးရှိရှိ အသုံးပြုခြင်းကလည်း ရောဂါဖြစ်စေမှုကို အတော်ကြီးလျော့သွားစေနိုင်ပါတယ် ။ ရောဂါပိုးအများစုက ကူးစက်ခံရတာနဲ့ချက်ချင်း သိနိုင်တာမျိုးမဟုတ်ပါဘူး။ အချိန်အတိုင်းအတာ တခုရောက်မှသာ detect လုပ်လို့ရတာဖြစ်ပါတယ် ။ ကွန်ဒုံးမှာလည်း အမျိုးသားသုံးရော အမျိုးသမီးသုံးရော ၂ ခုစလုံးရှိပါတယ် ။ Barrier ဖြစ်တဲ့အတွက်ကြောင့် သူဖုံးအုပ်ထားတဲ့ နေရာလေးကိုသာလျှင် ကာကွယ် မှုပေးနိုင်ပါတယ် ။ မဖုံးအုပ်ထားတဲ့ တခြားခန္ဓာကိုယ်နေရာခြင်းထိတွေ့မှုတွေကတော့ ရောဂါကူးစက်ခံရမှု ရှိနေတုန်းပါပဲ။

- Vaccines ထိုးခြင်း အထူးသဖြင့် Hepatitis A , Hepatits B နဲ့ အချို့သော HPV ပိုးတွေအတွက် ဗက်ဆင်းတွေ ရရှိနေပါပြီ ။ လိင်ဆက်ဆံမှုမရှိခင် Vaccine ထိုးထားခြင်းကလည်း အမြင့်ဆုံးကာကွယ်မှုကို ပေးနိုင် ပါတယ် ။ ဒါ့အပြင် ကွန်ဒုံးစနစ်တကျ အသုံးပြုခြင်းကလည်း အလွန်အရေးကြီးလှပါတယ် ။ နောက်မှသီးသန့်ကွန်ဒုံးအကြောင်း ထပ်ရေးပါဦးမယ် ။
- Nonoxyol-9 လေ့လာသူတွေကတော့Vaginal microbicide ဖြစ်တဲ့ nonoxynol-9 ဟာ STD ဖြစ်ပွားမှုနှုန်းကို လျော့ကျစေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ် ။ ဒါပေမယ့် Trial တွေမှာတော့ အကျိုးမရှိပါဘူး လို့ ဖော်ပြထားပါတယ် ။

အကောင်ဆုံး နဲ့အထိရောက်ဆုံး အကြံပေးချင်တာကတော့
၁ ။ မိမိ ရဲ့ Partner အပေါ် သစ္စာရှိပါ ။
၂  ။ မရှောင်နိုင်က ကွန်ဒုံးသုံးပါ ။
၃ ။ အရည်များထား ထိတွေ့ခြင်းအား တတ်နိုင်သမျှ ရောင်ကြဉ်ပါ ။
၎ ။  မိမိကြောင့် ဇနီး ၊ ခင်ပွန်း ၊ သားသမီး တွေရဲ့ ဘ၀တွေကို စတေးရခြင်းမဖြစ်ပါစေနဲ့ ။
၅  ။ ဖြစ်လာခဲ့ရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ အမြန်ဆုံပွင့်ပွင့်လင်းလင်းပြောပြပြီး ကုသမှုခံယူပါ ။ ရောဂါ အကြောင်းေ ပြာပြရတာ ရှက်စရာမဟုတ်ပါ ။ မိမိမပြောပဲ နေ၍ မိမိရဲ့ မိသားစုတွေကို ကူးစက်စေမှသာ ရှက်စရာဖြစ်ပါတယ် ။

သက်တန့်ချို

No comments: