Wednesday, September 12, 2012

Website လိပ်စာလေးတွေပြောပြမယ်


(1)         www.now.jit.su  မက်ဒရစ်၊ပဲရစ်၊ လော့စ်အိန်ဂျလိစ်စတဲ့ ကမ္ဘာ့နာမည်ကြီး မြို့ကြီး ၁၀မြို့ကျော်က လူမှုကွန်ရက် အသုံးပြုတဲ့သူတွေရဲ့ လွှင့်တင်သမျှ၊ မျှဝေသမျှ ဓာတ်ပုံတွေကို ၀က်ဘ်ဆိုက်တစ်ခုထဲမှာ ကြည့်ရှုနိုင်အောင် စီစဉ်ပေးထား ပါတယ်။ အချိန်နဲ့အမျှ ဓာတ်ပုတွေက ရောက်ရှိနေမှာဖြစ်ပြီး ဓာတ်ပုံတင်သူကိုလည်း မြင်တွေ့ရမှာပါ။ ဒါကြောင့် ဓာတ်ပုံ မျှဝေရေးမှာ နာမည်ကြီးတဲ့ ရဲ့ဓာတ်ပုံတွေကို စိတ်ကြိုက်ကြည့်ရှုချင်တဲ့သူတွေအတွက် နှစ်သက်စရာကောင်းလို့ ရွေးချယ် ဖော်ပြလိုက်တာဖြစ်ပါတယ်။ အဲဒီမြို့ကြီးတွေရဲ့ အချိန်တွေကိုလည်း ၀က်ဘ်ဆိုက်ရဲ့ မှာတင် အလွယ်တကူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးရအဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေက စိတ်ဝင်စားစရာကောင်းနေမှာပါ။
(2)         www.photobucket.com အသုံးပြုသူတွေ သိခဲ့ကြတာကြာပါပြီ။ အဓိကအားဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းစနစ်နဲ့ သိမ်းဆည်းထားနိုင်အောင် ကူညီပေးထားတဲ့ ၀က်ဘ်ဆိုက်လေးပါပဲ။ Resolution မြင့်ပြီး ဖိုင်ဆိုက်ကြီးတဲ့ ဓာတ်ပုံတွေကိုလည်း အဆင်ပြေပြေသိမ်းဆည်းထားလို့ရသလို Facebook, Twitter စတဲ့ လူမှုကွန်ရက် တွေနဲ့ ချိတ်ဆက်ပြီးတော့ ဓာတ်ပုံတွေကို မျှဝေနိုင်မှာဖြစ်ပါတယ်။ ဒီဆိုက်ကနေမှတစ်ဆင့် ဓာတ်ပုံအတွက် သိသင့်သိ ထိုက်တာတွေကိုလည်း ဖတ်ရှုလေ့လာနိုင်မှာပါ။ ဓာတ်ပုံတွေကို တည်းဖြတ်နိုင်တဲ့ Feature တွေကိုလည်း ထည့်သွင်းပေး ထားပြီး စိတ်ကြိုက်ပြုပြင်ဖို့အခွင့်အရေးရှိပါတယ်။
(3)         www.sketchmyphoto.com ကိုယ့်ရဲ့ ဓာတ်ပုံတွေကို Upload လုပ်တင်ပြီး ခဲပန်းချီအဖြစ်ပြန်ပြောင်းဖန်တီးလို့ ရတဲ့ ဆိုက်ပဲဖြစ်ပါတယ်။ ကိုယ်ပိုင်အကောင့်ပြုလုပ်ထားရမှာဖြစ်ပေမယ့် အခမဲ့ပါ။ ကိုယ့်ဓာတ်ပုံကို ခဲပန်းချီအဖြစ်မပြောင်း ချင်ရင်လဲ တခြားသူတွေရဲ့ ဓာတ်ပုံတွေကို ပြောင်းလဲနိုင်မှာပါ။ ဓာတ်ပုံကို Effect များစွာထည့်သွင်းပြီး ဒီဇိုင်းဆင်ဖို့လည်း အခွင့် အရေးပေးထားတာကိုတွေ့ရပါတယ်။
(4)         www.boston.com သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုသူတွေနဲ့ သတ္တဗေဒသုတေသနပြုသူတွေကို အလေးထားပြီး ဖော်ပြပေးနေတဲ့ National Geographic တင်ဆက်မှုပိုင်းရဲ့ ဆွဲဆောင်မှုအကောင်းဆုံး ဓာတ်ပုံတွေကို အဓိကကြည့်ရှုနိုင်ပါတယ်။ အဓိကအားဖြင့် အလွန်ကြီးတဲ့ ဒာတ်ပုံတွေကို စုစည်းပေးထားခြင်းဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဓာတ်ပုံတွေကို သိမ်း ဆည်းထားချင်သူတွေအတွက် အလွန်သင့်တော်တဲ့ ဆိုက်ဖြစ်ပါတယ်။ ကမ္ဘာ့သတင်းတွေကိုလည်း ဖတ်ရှုနိုင်အောင် ပြုလုပ်ပေးထားပြီး တခြားစိတ်ဝင်စားဖွယ်ရာ ကဏ္ဍတွေကိုလည်း စနစ်တကျတင်ဆက်ပေးထားတာကို တွေ့ရပါတယ်။

Ref: Online

No comments: