Sunday, September 2, 2012

ပုံမှန်ခေါ်ယူလေ့ရှိသော ပညာသင်ဆုအချို့



ပြည်ပနိုင်ငံများကနေ နိုင်ငံအများအပြားကို အကြောင်းအရာအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ဘာသာရပ်အမျိုးမျိုးအတွက် ပညာသင်ဆု ပေးအပ်ကြရာမှာ မြန်မာနိုင်ငံဟာလည်း သတ်မှတ်ချက်အမျိုးမျိုးနဲ့ လျှောက်ထားနိုင်သူ နိုင်ငံစာရင်းထဲမှာပါ တစ်နည်းမဟုတ် တစ်နည်းပါနေလေ့ရှိပါတယ်။ ဖွံ့ဖြိုးဆဲ သို့မဟုတ် ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများအတွက်၊ အာရှ ပစိဖိတ်ဒေသနိုင်ငံများအတွက်၊ မဲခေါင်ဒေသနိုင်ငံများအတွက် စသည်ဖြင့် ခေါ်ယူလေ့ရှိတာပါ။ ပညာသင်ဆုတွေမှာ ကျောင်းတွေကပေးတာ၊ အဖွဲ့အစည်းကပေးတာ၊ အစိုးရတွေက ပေးတာ စသဖြင့်ရှိတဲ့အထဲမှာတချို့ပညာသင်ဆုတွေက ကိုယ်တိုင်လျှောက်လို့ရတယ်ဆိုတာကို မျက်စိဖွင့်နားစွင့်ရှိနေရင်၊ လေ့လာရှာဖွေနေရင်သိနိုင်ပြီး တချို့ပညာသင်ဆုတွေကတော့ ပုံမှန်ခေါ်ယူလေ့ရှိပြီး ပညာသင်ဆုစိတ်ဝင်စာ့းသူတွေကြား သိသာထင်ရှား ပါတယ်။ အဲဒီထဲက ပုံမှန်ခေါ်ယူတတ်လေ့ရှိတဲ့ ပညာသင်ဆုတချို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ နာမည် တချို့ကို ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

APSC
အတော်များများသိနေပြီဖြစ်တဲ့နာမည်ပါ။ APSC (Asia Pacific ScholarshipConsortium) ကို ၂၀၀၇ ခုနှစ်မှာ တည်ထောင်ပါတယ်။ ထိုင်း၊
ဟောင်ကောင်၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားပြီး လျှောက်ထားနိုင်တဲ့ နိုင်ငံတွေက မြန်မာပြီးရင် ကမ္ဘောဒီးယား၊ ထိုင်းနဲ့လာအိုနိုင်ငံတွေပဲရှိပါတယ်။ ဘွဲ့လွန်ဒီဂရီအတွက် ဒီပညာရပ်နယ်ပယ်တွေထဲက ဘာသာရပ်တွေကို လျှောက်ထား
နိုင်ပါတယ်။ နှစ်ကုန်ပိုင်း မရောက်ခင်ခေါ်ယူလေ့ရှိပါတယ်။
Community Health, Development, Education, Environment, Humanities & Social Sciences, Media, Policy, Law & Administration, Social Work.တို့ပါ။
www.apscconsortium.org နဲ့  www.myanmarstudyabroad.org တို့မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Heinrich Boll
Heinrich Boll Stiftung (HBS) ဟာလည်း ရင်းနှီးပြီးသားနာမည်ပါ။ထိုင်းမှာ အခြေစိုက်တဲ့ အရှေ့တောင်အာရှဒေသရုံးကနေ ထိုင်းနိုင်ငံထဲက တက္ကသိုလ်တွေမှာ ဘွဲ့လွန်တက်ရောက်နိုင်ဖို့ မြန်မာကျောင်းသားတွေ ခေါ်ယူလေ့ရှိပါတယ်။ အောက်ပါတက္ကသိုလ် သုံးခုနဲ့ ဘာသာရပ် တွေကိုကြည့်ပါ။ ပြီးခဲ့တဲ့နှစ်ကတော့ နိုဝင်ဘာမှာ ခေါ်ပါတယ်။
- Master of Arts in Economics (International Program), Thammasat University in Bangkok, Faculty of Economics (2 academic Years)
- Master of Arts in International Development Studies (MAIDS), Chulalongkorn University in Bangkok, Faculty of Political
Science (1 Academic Year).
- Master of Arts in Sustainable Development, Chiang Mai University, at the Regional Center for Social Science and Sustainable Development (RCSD), Faculty of Social Sciences (2 Academic Years).
www.boell-southeastasia.org နဲ့ www.myanmarstudyaborad.org တို့မှာဝင်ကြည့်နိုင်ပါတယ်။

Chevening Scholarship
ဒါက ဗြိတိန်အစိုးရကပေးတဲ့ပညာသင်ဆုပါ။ မြန်မာအပါအ၀င်နိုင်ငံအတော်များများကိုပေးတာဖြစ်ပြီး၎င်းတို့ရဲ့ သက်ဆိုင်ရာနိုင်ငံသံရုံးတွေက
နေ ခေါ်ယူလေ့ရှိတာပါ။ ၁၉၈၃ ခုနှစ်မှာတည်ထောင်ပါတယ်။ ဗြိတိန်နိုင်ငံကတက္ကသိုလ်တွေမှာတက်ဖို့ ဘွဲ့လွန်အဆင့်အတွက် ခေါ်ယူပါတယ်။ ကိုယ့်နိုင်ငံက နယ်ပယ်တစ်ခုခုထဲမှာခေါင်းဆောင်နိုင်သူဖြစ်လာဖို့ ရည်ရွယ်ပြီး Mid-Career အဆင့် လူငယ်တွေကို
ခေါ်ယူပါတယ်။ Fellowship Program တစ်ခုပါ။ Politics, Business, The Media, Civil Society, Religion ဘာသာရပ်တွေပါဝင်ပြီး နိုင်ငံပေါင်း
၁၁၀ ကိုခေါ်ယူပါတယ်။ နှစ်လယ်ပိုင်းမှာခေါ်ယူပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးကနေ သတင်းထုတ်ပြန်တတ်ပါတယ်။ www.fco.gov.uk မှာ ကြည့်လို့ရပါတယ်။

Fulbright Foreign Student Scholarship
အမေရိကန်အစိုးရကပေးတဲ့ ပညာသင်ဆုဖြစ်ပြီး သူတို့နိုင်ငံကတက္ကသိုလ်တွေမှာ ဘွဲ့လွန်အဆင့်တက်ရောက်နိုင်ဖို့ဖြစ်ပါတယ်။ Fulbright Program ကို၁၉၅၆ ခုနှစ်မှာ စတင်တည်ထောင်ပြီးနိုင်ငံပေါင်း ၁၅၀ ကျော် ကိုပေးလျက်ရှိပါတယ်။ နှစ်လယ်ပိုင်းမှာ ခေါ်ယူလေ့ရှိ
ပါတယ်။ www.fulbright.state.gov

The Hubert H.Humphrey Fellowship Program (HHH)
ဒါကလည်း အမေရိကန်အစိုးရ က ပေးတာပါ။ ဒီဂရီပရိုဂရမ်မဟုတ်ပါဘူး။ ဒီအစီအစဉ်ကို ၁၉၇၈ ခုနှစ်မှာစတင်တာဖြစ်ပြီး ဒီဘာသာရပ်တွေ
လေ့လာနိုင်ပါတယ်။ ဒီအစီအစဉ်ကလည်း နိုင်ငံပေါင်း ၁၅၀ ကျော်ကိုခေါ်ယူပါတယ်။
- Agricultural and Rural Development
- Communications/Journalism
- Substance Abuse Education, Prevention, and Treatment
- Economic Development/Finance and Banking
- Educational Administration, Planning and Policy
- Higher Education Administration
- HIV/AIDS Policy and Prevention
- Human Resource Management
- Law and Human Rights
- Natural Resources & Environmental Policy/Climate Change
- Public Health Policy and Management
- Public Policy Analysis and Public Administration
- Teaching of English as a Foreign Language
- Technology Policy andManagement
- Trafficking in Persons Policy and Prevention
- Urban and Regional Planning
www.humphreyfellowship.org မှာ လေ့လာနိုင်ပါတယ်။င်္ Fulbright နဲ့ Humphrey နှစ်ခုစလုံးကို နှစ်လယ်ပိုင်းမှာ ခေါ်ယူလေ့ရှိ
ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ သတင်းထုတ်ပြန်ပေးလေ့ရှိပါတယ်။ http://burma.usembassy.gov/scholarships.html တို့မှာ ၀င်ရောက်ကြည့်ရှုနိုင်မှာပါ။

ADS, ALAS
သြစတြေးလျအစိုးရက ဘွဲ့လွန်ပညာသင်များအတွက်ပေးသော ပညာသင်ဆုများပါ။ Australian Development Scholarship (ADS) နဲ့ Australian Leadership Awards Scholarships (ALAS) တို့မှာ ADS မှာ Health (Especially for Mothers and Children),Basic Education, Food Security and Livelihoods (Agriculture) တို့ကိုဦးစားပေးရွေးချယ်မှာဖြစ်ပြီး Law, Public Policy, Economics, Development Studies and International Relations ဘာသာရပ်တွေကိုလည်း စဉ်းစားပေးမယ်လို့ဆိုပါတယ်။ ALAS ကလည်း ADS နဲ့စဉ်းစားရွေးချယ်ပုံတူတယ်လို့ဆိုပြီး သူကတော့ ပိုပြီးပြိုင်ဆိုင်မှု များပါတယ်။ ဒီနှစ်ခုကလည်း နှစ်လယ်ပိုင်းမှာခေါ်ယူလေ့ရှိတာပါ။

Credit: The Voice Weekly Journal (Vol.8, No.35, Monday, September 3-9, 2012)

No comments: