Sunday, October 24, 2021
Second Laptop မဝယ်ခင်မှာ သိထားသင့်တဲ့ အချက် (၁၀) ချက်
Second Laptop မဝယ်ခင်မှာ သိထားသင့်တဲ့ အချက် (၁၀) ချက် 
=============
#Second_Hands
#Buyer_Guides
#Laptop
(တစ်ပတ်ရစ်လို့ပြောပြော အသစ်စက်စက်မဟုတ်တဲ့ Laptop တစ်လုံးကို အရေးပေါ်လိုအပ်နေချိန်မို့ ဒါမှမဟုတ် ငွေမနိုင်လို့ ၀ယ်ယူ အသုံးပြုရတော့မယ့်အခါ ဘာတွေသိထားသင့်သလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်စောင်ကို ထပ်ဆင့်ဖော်ပြမှာဖြစ်ပါတယ်။)
မဂ်လာပါခင်ဗျာ။ ဒီနေ့မှာတော့ ကျနော်ရဲ့ မိတ်ဆွေများအတွက် Second Laptop တစ်လုံးမဝယ်ခင်မှာ သိထားသင့်တဲ့ အချက် (၁၀) ခ်က္ကို ပြန်လည် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ 
1. Know Your Needs 
Second Laptop တစ်လုံးမဝယ်ခင်မှာ အရင်ဆုံးသိထားရမှာက ကွန်ပြုတာကို ဘာအသုံးပြုဖို့အတွက် ဝယ် လဲဆိုတာကို သိရန်လိုအပ်ပါတယ်။ ဒါမွသာ မိမိလိုအပ်တာနဲ့ Matches လုပ်ပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဥပမာဆိုရင် မိမိသုံးချင်တဲ့ Application တွေ၊ Ram နှင့် Hard Disk ပမာဏေတြကို ကြိုတင်စဉ်းစားထားဖို့ လိုပါလိမ့်မယ်။ 
2. Inspect the laptop Body 
Laptop Body နှင့်ပတ်သတ်ပြီး သေချာ ကြည့်ရှု့ဖို လိုပါမယ်။ ဥပမာအားဖြင့် Laptop Frame တွေ ပျက်စီးနေတာလား၊ ဖိထားလို့ပိန်နေလား၊ screws တွေ အစုံပါရဲ့လား စတာတွေ ကို သေချာကြည့် ဖို့လိုပါမယ်။  
3. Check the screen condition 
နောက်ထပ် အရေးကြီးတာ တစ္ခုကေတာ့ screen ဖြစ်ပါတယ်။ ဥပမာအားဖြင့် screen တွေသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလား၊ အရောင်တွေမှန်ရဲ့လား၊ အလင်းအမှောင် စတာတွေကို စစ်ဆေးရပါမယ်။ အဲ့နောက်တစ်ခုက Video တစ်ခုလောက်ကို ဖွင့်ကြည့်လိုက်ပြီး Screen အပြည့်ပေါ်ရဲ့လား၊ Screen ထောင့်နားတွေ အထိရော မြင်ရရဲ့လား ဆိုတာကို ကြည့်ရှု့ရပါမယ်။ 
4. Test the Keyboard and Track pad 
Keyboard နဲ့ track-pad ဆိုတာသည် Laptop တစ်လုံးမှာဆိုရင် အများဆုံးအသုံးပြုသော အစိတ်အပိုင်းဖြစ်ပါတယ်။ Desktop တွေမှာဆိုရင် ပြသာနာမရှိပေမယ့် Laptop မှာဆိုရင် Keyboard လဲဖို့ ဈေးနှုန်းအားဖြင့် အကုန်အကျများပါတယ်။ တော်ကြာ ဆင်ဖိုးထက် ချွန်းဖို့ကများနေပါဦးမယ်။ ဥပမာအားဖြင့် - Keyboard မွာပါတဲ့ Key တွေသည် ပျက်စီးနေတာလား၊ စာရိုက်ကြည့်သည့်အခါတွင် သက်တောင့်သက်သာရှိရဲ့လား၊ Key တွေမှန်ရဲ့လား ကြည့်ရပါမယ်။ Track Pad ဆိုရင်လည်း ဘာ gestures တွေလုပ်လဲမေးပါ။ ပြီးရင် စမ်းကြည့်ပါ။ Track Pad မွာပါတဲ့ Key တွေကိုလဲ စစ်ဆေးဖို့မမေ့နဲ့ဦးနော်။
5. Test the Port and CD/DVD Drive 
Laptop မွာပါတဲ့ Ports တွေကို စမ်းကြည့်ပါ။ ဒါတွေကို ဘာလို့ စစ်ဆေးဖို့ လိုအပ်သလဲဆိုရင် ဒီ Port တွေသည် Motherboard နဲ့ တခါထဲချိပ်ဆက်ထားတဲ့ အတွက် ပျက်နေတယ်ဆိုရင် လဲဖို့ အခက်အခဲရှိနိုင်ပါတယ်။ လဲလို့မရဘူးပြောတာ မဟုတ်ဘူးနော်။ USB Ports အကုန္လုံး ကောင်းလား မကောင်းလားကြည့်ပါ။ Headphone Jack တွေ၊ Ethernet Port တွေ၊ HDMI တွေ၊ SD Card Slot တွေ စတဲ့ ရွိရွိသမွ် Port တွေအကုန် စစ်ဆေးပါ။ ဒါ့အပြင် CD/DVD Drive အလုပ်လုပ် မလုပ္လား ခွေထည့်ပြီး စမ်းကြည့်ပါ။ 
6. Check Wireless Connectivity 
Wireless ပါတယ်ဆိုရင် အလုပ္လုပ္လား မလုပ္လား သိအောင်လို့ Wifi စမ်းချိပ်ကြည့်ပါ။ ဒါ့အပြင် Bluetooth လဲစစ်ဆေးလိုက်ဦးနော်။ 
7. Test the Webcam and Speaker 
Second Laptop တွေမှာပါတဲ့ Webcam တော်တော်များများကတော့ ပုံမှန်လောက်ပါဘဲ ရှိပါတယ်။ အရမ်းကြီး ကောင်းမနေဘူးလို့ပြောတာပါ။ ဒါပေမယ့် မရှိတာထက်စာရင်တော့ ပုံမှန်လောက်လေးကတော့ ပိုကောင်းပါ တယ်။ Webcam ဖွင့်ကြည့်လိုက်ရင် ဝါးနေလား၊ အဆင်းရာတွေရှိနေလား စစ်ဆေးနိုင်ပါတယ်။ Speaker ကောင်း မကောင်းစမ်းဖို့အတွက် သီချင်းဖွင့်ပြီး နားထောင်းကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။ 
8. Check the Battery Health 
Battery ဟာ စစ်ဆေးဖို့ မမေ့သင့်တဲ့ အထဲမွာပါ ပါတယ်။ Second Laptop ဖြစ်တဲ့အတွက် Battery သည် အသစ်နီးလောက်တော့ မကောင်းနိုင်တာ လက်ခံထားရပါမယ်။ Battery ဘယ်လောက်ထိ ကြာကြာ ခံ လဲ မေးကြည့်ပါ။ စမ်းကြည့်ပါ။ Battery ပတ်သတ်လို့တော့ ပြသာနာတော့ နည်းနည်းရှိတယ်ဗျ။ ဘယ်မှာလဲဆို တော့ တချို့လက်တော့တွေမှာဆိုရင် Battery ကအသေကြီးဖြစ်နေတယ်။ ဒါဆိုရင် Battery ပြန်လဲမယ်ဆို ရင် အဆင်ပြေနိုင်လား မေးပါ။ 
9. Check Warranty 
Second Laptop ဆိုပေမယ့်လဲ အထင်မသေးနဲ့ဗျ။ Second Laptop ဆိုင်တွေမှာ ဝယ်တယ်ဆိုရင် Warranty ဘယ်လောက်ပေးလဲမေးပါ။ User အချင်းချင်းရောင်းဝယ်လုပ်တယ်ဆိုရင် Warranty စာရွက်ရှိသေးလား မေးပါ။ Warranty ရှိရင် ဈေးတမျိုး၊ Warranty မရှိရင် ဈေးတမျိုးဖြစ်သွားနိုင်ပါတယ်။ ဒါကလဲ မိတ်ဆွေတို့လဲ သိမယ်ထင်ပါတယ်။ 
10. Compare Prices 
ကဲ နောက်ဆုံးတစ်ခုရောက်လာပါပြီ။ ဒါကေတာ့ အရေးကြီးဆုံးပေါ့ဗျာ။ အပေါ်မှာပြောထားတဲ့ အချက် ၉ချက်တော့ အဆင်ပြေတယ် ဒါပေမယ့် ဈေးကပုံမှန်ထက်များနေ တယ်ဆိုရင်လဲ မဖြစ်ပြန်ဘူး။ ဒါကြောင့် တစ်ခုထဲနဲ့ မဆုံးဖြတ်ပါနဲ့။ အနည်းဆုံး ၃ခုလောက်ကို Compare လုပ်ပြီးမှဘဲ ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။ 
~ကိုကောင်းမြတ် 
#KoKaungMyat
#Computer
=============
#Second_Hands
#Buyer_Guides
#Laptop
မဂ်လာပါခင်ဗျာ။ ဒီနေ့မှာတော့ ကျနော်ရဲ့ မိတ်ဆွေများအတွက် Second Laptop တစ်လုံးမဝယ်ခင်မှာ သိထားသင့်တဲ့ အချက် (၁၀) ချက်ကို ပြန်လည် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ 
1. Know Your Needs 
9. Check Warranty 
10. Compare Prices 
~ကိုကောင်းမြတ် 
#KoKaungMyat
#Computer
No comments: