Monday, October 18, 2021

ဇီးကွက်စိန် (လောကနန္ဒာ - ပုဂံ)

 ဇးကွက်စိန် (လောကနန္ဒာ - ပုဂံ)

~~~~~~~~~~~




#Biography

#ဇီးကွက်စိန်

#မြန်မာအမျိုးသမီး


(ကျွန်တော်တို့ ကလေးဘ၀အရွယ် အဒေါ်၊ဦးလေးတွေ ပြောပြဖူးတဲ့ ပုံပြင်သဖွယ် (မ)ဇီးကွက်စိန်အကြောင်းကို ပုဂံဒေသကို မေရာက္ဖူး သေးချိန်ကတည်းက ကြားဖူးခဲ့ပါတယ်။ အရပ် ၇ပေကျော်မယ့် ဇီးကွက်စိန်တဲ့။ ဘုရားထီးတော်တွေ အတော်လှူဒါန်းခဲ့တဲ့သူတဲ့။ သူ့အကြောင်းကို အပြည့်အစုံမဟုတ်သော်ငြား အနည်းငယ်လောက်သိရအောင် ကူးယူေ၀ငှလိုက်ပါတယ်။)


ဇီးကြက္စိန္ကို ၁၃၁၈ခုနှစ်၊ (၁၉၅၆)ခုနှစ်တွင် အဖ ဦးထွန်းသိန်း၊ ဒေါ်ငြိမ်းတို့မှ မွေးဖွားသည်။ မွေးချင်း လေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး ကျန်သုံးယောက်မှာ ယောက်ျားလေးများဖြစ်ကြသည်။ ငယ်နာမည်မှာ မခင်စိန် ဖြစ်သည်။


#####


ထူးခြားမှု 


ကိုယ်ဝန်မရှိခင် ထူးခြားအိပ်မက် မက်ဖူးသည်။ အိမ်ဦးခန်း ခေါင်တိုင်တွင် ဆင်ဖြူတော် ဝပ်နေသည်ဟု မက်ခဲ့သည်။ ဇီးကွက်စိန် ကွယ်လွန်သောနေ့၌လည်း ဆင်တစ်ကောင်နှင့် ဆင်ဦးစီးတစ်ယောက် လာရောက်ကာ ရုပ်အလောင်းကို သေချာ ကြည့်သွားဘူးသည်။


#####


ဘာကြောင့်ခေါ်


ဇီးကြက္စိန္ကို မွေးပြီး ၇-ရက်ပြည့် ကင်ပွန်းတပ်နေ့တွင် သူအိပ်သော ပုခက်၏ ရင်တားကြိုးတန်းပေါ်၌ ဇီးကွက်တစ်ကောင် လာရောက်နားသည့်အတွက် ဇီးကွက်စိန်ဟု ခေါ်ကြခြင်း ဖြစ်သည်။


#####


ဖြစ်စဉ်


ဇီးကြက္စိန္ကို မွေးဖွားချိန်၌ သာမန်ကလေးတစ်ယောက်လိုပင် မွေးဖွားကြီးပြင်းလာပြီး ငါးနှစ်သမီးအရွယ်မှ စ၍ တဖြေးဖြေး ကြီးထွားလာသည်။ ၁၂-နှစ်သမီးအရွယ်တွင် သူ၏ အရပ်ရှည်သည့် သတင်းကို တစ်နိုင်ငံလုံးထိ သိရှိသွားကြလေသည်။ အရပ် ရှစ်ပေ ရှိပြီး သူစီးရန် ဖိနပ္ကို မြင်းခြံမြို့မှ အော်ဒါမှာယူရသည်။


ပုဂံရွိ ယွန်းအကြမ်းထည်လုပ်ငန်းကို လုပ်ကိုင်သည်။ အစားအစာကို ပုံမွန္လူမ်ား စားသလောက်ပဲ စားသည်။ တစ်နေ့ကို သုံးလေးကြိမ် လောက် စားသည်။ အဝတ်အစားများ ဆိုလျှင်လည်း ပိတ္စ တစ္ကိုက္ကို အင်္ကျီချုပ်ဝတ်မရပေ။ သုံးတောင်ပိတ်စမှ လက္စက အင်္ကျီရ သည်။ လက်ရှည်အင်္ကျီ တစ်ထည်ကို ပိတ္စ ငါးတောင်ခန့် ချုပ်၍ ဝတ်ရသည်။ လုံချည်တစ်ထည်ကို ခြောက်တောင် ချုပ်ရသည်။ မိန်းမလုံချည် သုံးကွင်းကို သူ့အတွက် နှစ်ကွင်းသာရသည်။


လောကနန္ဒာဘုရားကို ဘုရားဖူးလာရင်း ဧည့်သည်များက ဇီးကြက္စိန္ကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ကြသည်။ လာကြည့်သူ မ်ားက သူ့ကို စကားပြောကြသည်။ ဇီးကွက်စိန်ကလည်း ပြန်လည် စကားပြောသည်။ မတ်တတ်ရပ်ခိုင်းလျှင် မတ်တတ်ရပ်ပြသည်။


အသက် (၁၃)နှစ်အရွယ်တွင် မ်က္စိ ကွယ်သွားသည်။ (၁၄)နှစ်အရွယ်တွင် ရန်ကုန်၌ မျက်စိကုသွားသောအခါ ဆရာဝန္က ဟော်မုန်း ဓာတ်များ၍ ဖြစ်သည်ဟု ဆိုသည်။ အိမ်အပြင် လမ်းလျှောက်ရန် အိမ်ရှေ့ရှိ မန်ကျည်းပင် နှစ်ပင်ကို ကြိုးတန်းထားပြီး ကြိုးတန်းကိုင်၍ လမ်းလျှောက်ရသည်။ မျက်စိကွယ်ပြီးနောက် ခါးပါကိုင်းလာလေသည်။ နောက်ပိုင်း၌ သွားလာမှု သိပ်မလုပ်နိုင်တော့ပေ။


#####


ကောင်းမှုကုသိုလ်


လောကနန္ဒာစေတီအပါအဝင် ဘုရားမ်ားကို ထီးတော်များလှူခဲ့သည်။ ရွာထဲက ကလေးများကိုလည်း တစ်လတစ်ကြိမ်၊ နှစ်ကြိမ် ဆန်ပြုတ်အမြဲတိုက်ကျွေးသည်။


######


ဘ၀နိဂုံး


မြန်မာသက္ကရာဇ် ၁၃၄၁-ခုနှစ် (၁၉၇၉)ခုနှစ်တွင် ရေချိုးမှား၍ ကျန်းမာရေး မကောင်းရာမှ ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်တွင် အသက် (၂၃)နှစ် ရှိပြီဖြစ်သည်။ သေဆုံးပြီးနောက် သူ၏ ရုပ်အလောင်းကို မန္တလေးဆေးတက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။ နေထိုင် မကောင်းသောအချိန်၌ နေခဲ့သည့် အိမ်ခြံဝင်းနေရာတွင် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားသည်။ ကျောက်တိုင်၏ ဘေး ပတ်လည်တစ်ဖက်တစ်ချက်စီတွင် မဇီးကွက်စိန် အထိမ်းအမှတ် ကျောက်တိုင်၊ ၁၃၁၈-ခု မွေး၊ ၁၃၄၁-ခု ဆုံး၊ အရပ် ၈ ပေ ဟု ကမ္ပည်းထိုးထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်သည်။ 


မှီငြမ်း : Wikipedia

Via.Myo Zin


ဇီးကြက္စိန္ (ေလာကနႏၵာ - ပုဂံ)

~~~~~~~~~~~




#Biography

#ဇီးကြက္စိန္

#ျမန္မာအမ်ိဳးသမီး


(ကၽြန္ေတာ္တို႔ ကေလးဘ၀အရြယ္ အေဒၚ၊ဦးေလးေတြ ေျပာျပဖူးတဲ့ ပံုျပင္သဖြယ္ (မ)ဇီးကြက္စိန္အေၾကာင္းကို ပုဂံေဒသကို မေရာက္ဖူး ေသးခ်ိန္ကတည္းက ၾကားဖူးခဲ့ပါတယ္။ အရပ္ ၇ေပေက်ာ္မယ့္ ဇီးကြက္စိန္တဲ့။ ဘုရားထီးေတာ္ေတြ အေတာ္လွဴဒါန္းခဲ့တဲ့သူတဲ့။ သူ႕အေၾကာင္းကို အျပည့္အစံုမဟုတ္ေသာ္ျငား အနည္းငယ္ေလာက္သိရေအာင္ ကူးယူေ၀ငွလိုက္ပါတယ္။)


ဇီးကြက္စိန္ကို ၁၃၁၈ခုႏွစ္၊ (၁၉၅၆)ခုႏွစ္တြင္ အဖ ဦးထြန္းသိန္း၊ ေဒၚၿငိမ္းတို႔မွ ေမြးဖြားသည္။ ေမြးခ်င္း ေလးေယာက္အနက္ အငယ္ဆုံးသမီးျဖစ္ၿပီး က်န္သုံးေယာက္မွာ ေယာက္်ားေလးမ်ားျဖစ္ၾကသည္။ ငယ္နာမည္မွာ မခင္စိန္ ျဖစ္သည္။


#####


ထူးျခားမႈ 


ကိုယ္ဝန္မရွိခင္ ထူးျခားအိပ္မက္ မက္ဖူးသည္။ အိမ္ဦးခန္း ေခါင္တိုင္တြင္ ဆင္ျဖဴေတာ္ ဝပ္ေနသည္ဟု မက္ခဲ့သည္။ ဇီးကြက္စိန္ ကြယ္လြန္ေသာေန႕၌လည္း ဆင္တစ္ေကာင္ႏွင့္ ဆင္ဦးစီးတစ္ေယာက္ လာေရာက္ကာ ႐ုပ္အေလာင္းကို ေသခ်ာ ၾကည့္သြားဘူးသည္။


#####


ဘာေၾကာင့္ေခၚ


ဇီးကြက္စိန္ကို ေမြးၿပီး ၇-ရက္ျပည့္ ကင္ပြန္းတပ္ေန႕တြင္ သူအိပ္ေသာ ပုခက္၏ ရင္တားႀကိဳးတန္းေပၚ၌ ဇီးကြက္တစ္ေကာင္ လာေရာက္နားသည့္အတြက္ ဇီးကြက္စိန္ဟု ေခၚၾကျခင္း ျဖစ္သည္။


#####


ျဖစ္စဥ္


ဇီးကြက္စိန္ကို ေမြးဖြားခ်ိန္၌ သာမန္ကေလးတစ္ေယာက္လိုပင္ ေမြးဖြားႀကီးျပင္းလာၿပီး ငါးႏွစ္သမီးအ႐ြယ္မွ စ၍ တေျဖးေျဖး ႀကီးထြားလာသည္။ ၁၂-ႏွစ္သမီးအ႐ြယ္တြင္ သူ၏ အရပ္ရွည္သည့္ သတင္းကို တစ္နိုင္ငံလုံးထိ သိရွိသြားၾကေလသည္။ အရပ္ ရွစ္ေပ ရွိၿပီး သူစီးရန္ ဖိနပ္ကို ျမင္းၿခံၿမိဳ႕မွ ေအာ္ဒါမွာယူရသည္။


ပုဂံရွိ ယြန္းအၾကမ္းထည္လုပ္ငန္းကို လုပ္ကိုင္သည္။ အစားအစာကို ပုံမွန္လူမ်ား စားသေလာက္ပဲ စားသည္။ တစ္ေန႕ကို သုံးေလးၾကိမ္ ေလာက္ စားသည္။ အဝတ္အစားမ်ား ဆိုလွ်င္လည္း ပိတ္စ တစ္ကိုက္ကို အကၤ်ီခ်ဳပ္ဝတ္မရေပ။ သုံးေတာင္ပိတ္စမွ လက္စက အကၤ်ီရ သည္။ လက္ရွည္အကၤ်ီ တစ္ထည္ကို ပိတ္စ ငါးေတာင္ခန႔္ ခ်ဳပ္၍ ဝတ္ရသည္။ လုံခ်ည္တစ္ထည္ကို ေျခာက္ေတာင္ ခ်ဳပ္ရသည္။ မိန္းမလုံခ်ည္ သုံးကြင္းကို သူ႕အတြက္ ႏွစ္ကြင္းသာရသည္။


ေလာကနႏၵာဘုရားကို ဘုရားဖူးလာရင္း ဧည့္သည္မ်ားက ဇီးကြက္စိန္ကို အထူးအဆန္းသဖြယ္ လာေရာက္ၾကည့္ၾကသည္။ လာၾကည့္သူ မ်ားက သူ႕ကို စကားေျပာၾကသည္။ ဇီးကြက္စိန္ကလည္း ျပန္လည္ စကားေျပာသည္။ မတ္တတ္ရပ္ခိုင္းလွ်င္ မတ္တတ္ရပ္ျပသည္။


အသက္ (၁၃)ႏွစ္အ႐ြယ္တြင္ မ်က္စိ ကြယ္သြားသည္။ (၁၄)ႏွစ္အ႐ြယ္တြင္ ရန္ကုန္၌ မ်က္စိကုသြားေသာအခါ ဆရာဝန္က ေဟာ္မုန္း ဓာတ္မ်ား၍ ျဖစ္သည္ဟု ဆိုသည္။ အိမ္အျပင္ လမ္းေလွ်ာက္ရန္ အိမ္ေရွ႕ရွိ မန္က်ည္းပင္ ႏွစ္ပင္ကို ႀကိဳးတန္းထားၿပီး ႀကိဳးတန္းကိုင္၍ လမ္းေလွ်ာက္ရသည္။ မ်က္စိကြယ္ၿပီးေနာက္ ခါးပါကိုင္းလာေလသည္။ ေနာက္ပိုင္း၌ သြားလာမႈ သိပ္မလုပ္နိုင္ေတာ့ေပ။


#####


ေကာင္းမႈကုသိုလ္


ေလာကနႏၵာေစတီအပါအဝင္ ဘုရားမ်ားကို ထီးေတာ္မ်ားလႉခဲ့သည္။ ႐ြာထဲက ကေလးမ်ားကိုလည္း တစ္လတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ဆန္ျပဳတ္အၿမဲတိုက္ေကြၽးသည္။


######


ဘ၀နိဂုံး


ျမန္မာသကၠရာဇ္ ၁၃၄၁-ခုႏွစ္ (၁၉၇၉)ခုႏွစ္တြင္ ေရခ်ိဳးမွား၍ က်န္းမာေရး မေကာင္းရာမွ ကြယ္လြန္သြားေလသည္။ ကြယ္လြန္ခ်ိန္တြင္ အသက္ (၂၃)ႏွစ္ ရွိၿပီျဖစ္သည္။ ေသဆုံးၿပီးေနာက္ သူ၏ ႐ုပ္အေလာင္းကို မႏၱေလးေဆးတကၠသိုလ္သို႔ လႉဒါန္းခဲ့သည္။ ေနထိုင္ မေကာင္းေသာအခ်ိန္၌ ေနခဲ့သည့္ အိမ္ၿခံဝင္းေနရာတြင္ အထိမ္းအမွတ္ ေက်ာက္တိုင္ စိုက္ထူထားသည္။ ေက်ာက္တိုင္၏ ေဘး ပတ္လည္တစ္ဖက္တစ္ခ်က္စီတြင္ မဇီးကြက္စိန္ အထိမ္းအမွတ္ ေက်ာက္တိုင္၊ ၁၃၁၈-ခု ေမြး၊ ၁၃၄၁-ခု ဆုံး၊ အရပ္ ၈ ေပ ဟု ကမၸည္းထိုးထားသည္ကို ယေန႕တိုင္ ေတြ႕ျမင္နိုင္သည္။ 




မွီျငမ္း : Wikipedia

Via.Myo Zin

No comments: