Monday, October 25, 2021

ကိုယ့်ကိုယ်ကို အဆုံးစီရင်မိအောင် တွန်းအားအပေးနေဆုံးကိစ္စက ဘာလဲ

ကိုယ့်ကိုယ်ကို အဆုံးစီရင်မိအောင် တွန်းအားအပေးနေဆုံးကိစ္စက ဘာလဲ




စာရေးသူ Ye Zon Aung 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Hello Sayarwon Panel မွ အချက်အလက် စစ်ဆေးထားပါသည်။


#Suicide_Problems

#Mental_Health

(အဖန်ငါးရာ ငါးကမ်ဘာကိစ္စကို ခဏထားလိုက်ဦး လတ္တေလာ ရင်ဆိုင်နေရသော ပြဿနာများကနေ ထွက်ပေါက်ရမလားဆိုပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မယ်ဆိုရင် အဖြေက ရလာဒ်ကောင်းထွက်နိုင်ပါ့မလား။ ပင်ကိုယ်စိတ်က အထိအခိုက်မခံ နုနွဲ့လွန်းတယ်ဆိုရင် ဘေးပယောဂအနည်းငယ်လောက်နဲ့တင် သည်လိုကိစ္စဖြစ်သွားနိုင်တာ နားလည်လို့ရပေမယ့် စိတ်ဓာတ်ခိုင်မာပြတ်သားသူတွေမှာ သည်လို အဆုံးစီရင်တဲ့ကိစ္စ ပေါ်ပေါက်လာမယ်ဆိုရင် ဘာကြောင့်လဲလို့ ဘေးလူအနေနဲ့စဉ်းစားစရာရှိပါတယ်။ ဒါကြောင့် နည်းနည်းပဲဖြစ်ဖြစ် တွေးကြည့်လို့ရအောင် ဆောင်းပါးတစ်စောင်ကို မျှေ၀လိုက်ပါတယ်။ ဖတ်ကြည့်ပါ။)


#ကိုယ့်ကိုယ်ကို အဆုံးစီရင်မိအောင် တွန်းအားအပေးနေဆုံးကိစ္စက ဘာလဲ

 သာမန်အချိန်မှာ သာမန်လူတစ်ယောက်အနေနဲ့ တွေးကြည့်မယ်ဆိုရင် မိမိကိုယ်ကိုအဆုံးစီရင်ဖို့ ဆိုတာ အတော်လေးကို ဖြစ်နိုင်ခြေနည်းပါးတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲပါတယ်။


စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနဲ့ စိတ်ပင်ပန်းမှုဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ပါတယ်။ ဒီလိုဖြစ်လာအောင်တွန်းအားပေးနေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပြီးတော့ အဓိကအကျဆုံးတွန်းအားက စားဝတ်နေရေး ဒါမှမဟုတ် ငွေကြေးဥစ္စာနဲ့ဆက်နွယ်တဲ့ကိစ္စတွေ ဖြစ်တယ်လို့ လေ့လာချက်တွေက ဆိုထားကြတာပါ။


 #ဘာကြောင့် ငွေကြေးက လူကို သတ်သေချင်စိတ်ပေါက်စေတာလဲ


 နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ မိသားစုအဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေဟာ ကြုံတွေ့ရနေကြ လောကဓံတရားတွေဖြစ်ပါတယ်။


 ဒီလိုရုံးကန်လှုပ်ရှားနေရတဲ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ နာမကျန်းမှု ဝေဒနာတွေနဲ့ ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်ကြတော့တဲ့သူတွေဟာ ရှိနေတဲ့ လူ့ဘဝကို စွန့်ခွာပြီး ကိုယ်လွတ်ရုံးဖို့ ကြိုးစားကြလေ့ရှိပါတယ်။


 WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ်ဘာပေါ်မှာ စက္ကန့် ၄၀ ကို လူတစ်ဦးနှုန်း မိမိကိုယ္ကို သေကြောင်းကြံစည်နေကြပါတယ်။ ဆိုလိုတာက တစ်နှစ်ကို လူပေါင်း ၈ သိန်းခန့် ကိုယ့်ကိုယ်ကို သတ်သေနေကြတဲ့ သဘောဖြစ်ပါတယ်။


 အဲ့ဒီထဲက ၇၉% ဟာ တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ (ဒါမှမဟုတ်) ဝင်ငွေအလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်ကတော့ သေဆုံးသူတွေရဲ့ ပျမ်းမျှ အသက်အရွယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၉ နှစ်အကြား အသက်အရွယ်မှာဖြစ်ပွားနေကြတာပါပဲ။ စီးပြားကို အားကြိုးမာန်တက် ရှာဖွေနေကြတဲ့အရွယ်ပေါ့။


 ဒီကနေ့ ကမ်ဘာကြီးမှာ ဂုဏ်ဒြပ်တွေနဲ့ ပကာသဏေတြဟာ ရှေ့တန်းကိုရောက်လာပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းစီရဲ့ နေထိုင်မှုဘဝမှာ ငွေကြေးဥစ္စာလိုအပ်ချက်လည်း မြင့်မားလာနေတာ သိသာထင်ရှားလွန်းနေပါရဲ့။


 ဒီလိုလူ့အဖွဲ့အစည်းကြီးထဲမှာ ရှင်သန်နေကြရတဲ့အခါ ငွေကြေးဥစ္စာရှာဖွေစုဆောင်းမှုက လူတစ်ဦးချင်းစီရဲ့ ဘဝမွာ အရေးအပါဆုံးကိစ္စရပ်ဖြစ်လို့လာတော့တာပေါ့။ နေ့စဉ်နဲ့အမျှ မိုးလင်းမိုးချုပ် ရုံးကန်လှုပ်ရှားနေရတာဟာ ငွေကြေးရှာဖွေဖို့ပါပဲ။ ဝင်ငွေရှာဖွေနိုင်မှာ အစားအစာဝယ်စားနိုင်မယ်၊ နေစရာရမယ်၊ မိသားစုကို ထောက်ပံ့နိုင်မယ်၊ အကြွေးဆပ်နိုင်မယ်၊ လုပ်ငန်းကို ရင်းနှီးမြှုပ်နှံနိုင်မယ်၊ စသဖြင့် အကြောင်းအရင်းကတော့ အမျိုးမျိုးပါပဲ။


 လေ့လာချက်တွေအရဆိုရင် လူတွေဟာ ဒီလိုမျိုး နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဒါမှမဟုတ် အရေးအပါဆုံးကိစ္စတစ်ခုအဖြစ် သတ်မှတ်ကာ ကြိုးစားဖန်တီးယူနေရတဲ့ ငွေကြေးဥစ္စာပိုင်းကိစ္စရပ်တွေ တစ်စုံတစ်ရာ အဆင်မပြေဖြစ်လာတဲ့အခါ (သို့) ဒါမှမဟုတ် ပျက်စီးဆုံးရှုံးသွားရတဲ့အခါ (သို့) မဖြည့်ဆည်းနိုင်တော့တဲ့အခါ အလွန်အမင်းစိတ်ဓာတ်ကျသွားတတ်ကြတာ ဓမ္မတာဖြစ်ပါတယ်။


 ဒီအချက်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မိအောင် တွန်းအားပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေထဲမှာ အဆိုးရွားဆုံးလို့ဆိုထားပြီး တခြားအခြေအနေတွေထက် ဖြစ်နိုင်ခြေ ၂၀% လောက်ပိုတယ်လို့ဆိုပါတယ်။


 ဒုခ်တက္ကသိုလ်ရဲ့ လေ့လာချက်အရဆိုရင် ခုလို COVID-19 ရောဂါဆိုးကြီးကြောင့် ကမ်ဘာတစ်ဝှမ်းမှာ စီးပွားရေးထိခိုက်နစ်နာမှုတွေရှိနေ ချိန်မှာ ငွေကြေးပြဿနာတွေ၊ အကြပ်အတည်းတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းပိုမြင့်တက်လာတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဒီနှုန်းတွေဟာ လျော့ကျသွားဖို့ရာလည်း မရှိသေးပါဘူးတဲ့။


 #အရှုံးမပေးပါနဲ့


 မြန်မာနိုင်ငံမှာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ အကြာခဏဖြစ်ပွားနေတာကို ကြားသိနေရပါတယ်။ ခုလို COVID-19 ကာလမှာတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့သတင်းတွေက ကိုဗစ်သတင်းတွေအကြား မြှုပ်နေဟန်တူပါရဲ့။ သိပ်သတိမထားမိပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို သတ်သေနှုန်း အတိုင်းအတာတစ်ခုအထိရှိနေတဲ့ မြန်မာပြည်မှာ အဆုံးစီရင်မှုတွေ ရှိနေမှာတော့ သေချာသလောက်ပါပဲ။


 ယခင်ကတည်းက မြန်မာပြည်မှာဖြစ်တဲ့ အဆုံးစီရင်မှုတွေဟာ အများစုသော အဖြစ်အပျက်တွေဟာ မိသားစုစားဝတ်နေရေးနဲ့ သက်ဆိုင်နေကြတာမို့ တိုင်းပြည်ဆင်းရဲမွဲတေနေမှုဟာ အခြေခံလူတန်းစားတွေရဲ့ လူမှုဘဝအပေါ် ပြင်းထန်တဲ့ ဖိအားတွေဖြစ်နေစေတယ်လို့ မှတ်ယူရပါတယ်။


 ပုံမှန်အားဖြင့် လူတစ်ယောက် ဘယ်အကြောင်းကြောင့်မဆို စိတ်ဖိစီးမှုလွန်ကဲလာရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ ပြဿနာက အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာ နေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခနပေါ်လာနေပါလိမ့်မယ်။


 ဒီအခြေအနေမျိုးကို ရှောင်လွှဲနိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ စိတ်ဖိစီးမှုလက္ခဏာတွေ၊ စိတ်ဓာတ်ကျဆင်းနေတဲ့လက္ခဏာတွေ ရှိနေရင်တောင်မှ လောကဓံကို အရှုံးမပေးပါနဲ့။ အားမလျော့ပါနဲ့။ ရှေ့မှာရောင်နီဖြာတဲ့ နေ့သစ်တွေ ရှိနေဦးမယ်ဆိုတာ သေချာနေလို့ပါ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



ကိုယ့္ကိုယ္ကို အဆုံးစီရင္မိေအာင္ တြန္းအားအေပးေနဆုံးကိစၥက ဘာလဲ




စာေရးသူ Ye Zon Aung 

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။

#Suicide_Problems

#Mental_Health

(အဖန္ငါးရာ ငါးကမၻာကိစၥကို ခဏထားလိုက္ဦး လတ္တေလာ ရင္ဆိုင္ေနရေသာ ျပႆနာမ်ားကေန ထြက္ေပါက္ရမလားဆိုျပီး မိမိကိုယ္ကိုယ္ အဆံုးစီရင္မယ္ဆိုရင္ အေျဖက ရလာဒ္ေကာင္းထြက္ႏိုင္ပါ့မလား။ ပင္ကိုယ္စိတ္က အထိအခိုက္မခံ ႏုႏြဲ႔လြန္းတယ္ဆိုရင္ ေဘးပေယာဂအနည္းငယ္ေလာက္နဲ႔တင္ သည္လိုကိစၥျဖစ္သြားႏိုင္တာ နားလည္လို႔ရေပမယ့္ စိတ္ဓာတ္ခိုင္မာျပတ္သားသူေတြမွာ သည္လို အဆံုးစီရင္တဲ့ကိစၥ ေပၚေပါက္လာမယ္ဆိုရင္ ဘာေၾကာင့္လဲလို႔ ေဘးလူအေနနဲ႔စဥ္းစားစရာရွိပါတယ္။ ဒါေၾကာင့္ နည္းနည္းပဲျဖစ္ျဖစ္ ေတြးၾကည့္လို႔ရေအာင္ ေဆာင္းပါးတစ္ေစာင္ကို မွ်ေ၀လိုက္ပါတယ္။ ဖတ္ၾကည့္ပါ။)


#ကိုယ့္ကိုယ္ကို အဆုံးစီရင္မိေအာင္ တြန္းအားအေပးေနဆုံးကိစၥက ဘာလဲ

 သာမန္အခ်ိန္မွာ သာမန္လူတစ္ေယာက္အေနနဲ႕ ေတြးၾကည့္မယ္ဆိုရင္ မိမိကိုယ္ကိုအဆုံးစီရင္ဖို႔ ဆိုတာ အေတာ္ေလးကို ျဖစ္နိုင္ေျခနည္းပါးတဲ့ကိစၥတစ္ခုပါ။ ဒါေပမယ့္ ျပင္းထန္တဲ့ စိတ္ဖိစီးမႈ၊ ပတ္ဝန္းက်င္ဖိအားနဲ႕ စိတ္အားငယ္မႈစတာေတြကို ခံစားေနရသူတစ္ေယာက္အတြက္ဆိုရင္ေတာ့ ဒီအခ်က္ဟာ ျဖစ္မလာနိုင္ဘူးလို႔ ဆိုဖို႔ခက္ခဲပါတယ္။


စိတ္ဖိစီးမႈ၊ စိတ္ဓာတ္က်မႈနဲ႕ စိတ္ပင္ပန္းမႈေဝဒနာေတြကို ျပင္းျပင္းထန္ထန္ ခံစားေနရသူေတြဟာ ကိုယ့္ကိုယ္ကို သတ္ေသနိုင္ပါတယ္။ ဒီလိုျဖစ္လာေအာင္တြန္းအားေပးေနတဲ့ အေၾကာင္းအရင္းေတြ အမ်ားႀကီးရွိေနၿပီးေတာ့ အဓိကအက်ဆုံးတြန္းအားက စားဝတ္ေနေရး ဒါမွမဟုတ္ ေငြေၾကးဥစၥာနဲ႕ဆက္ႏြယ္တဲ့ကိစၥေတြ ျဖစ္တယ္လို႔ ေလ့လာခ်က္ေတြက ဆိုထားၾကတာပါ။


 #ဘာေၾကာင့္ ေငြေၾကးက လူကို သတ္ေသခ်င္စိတ္ေပါက္ေစတာလဲ


 ေန႕စဥ္လူေနမႈဘဝမွာ စိတ္ဖိစီးမႈေတြ၊ လူမႈဘဝအခက္အခဲေတြ၊ မိသားစုအဆင္မေျပမႈေတြနဲ႕ လူမႈေရး၊ က်န္းမာေရး၊ စီးပြားေရးျပႆနာေတြဟာ ႀကဳံေတြ႕ရေနၾက ေလာကဓံတရားေတြျဖစ္ပါတယ္။


 ဒီလို႐ုံးကန္လႈပ္ရွားေနရတဲ့ဘဝထဲမွာ ပင္ပန္းဆင္းရဲမႈဒဏ္ေတြ၊ နာမက်န္းမႈ ေဝဒနာေတြနဲ႕ ျပင္းထန္လွတဲ့ စိတ္ဖိစီးမႈေတြကို မတြန္းလွန္နိုင္ၾကေတာ့တဲ့သူေတြဟာ ရွိေနတဲ့ လူ႕ဘဝကို စြန႔္ခြာၿပီး ကိုယ္လြတ္႐ုံးဖို႔ ႀကိဳးစားၾကေလ့ရွိပါတယ္။


 WHO ရဲ႕ အခ်က္အလက္ေတြအရ ဒီကေန႕ ကမၻာေပၚမွာ စကၠန႔္ ၄၀ ကို လူတစ္ဦးႏႈန္း မိမိကိုယ္ကို ေသေၾကာင္းႀကံစည္ေနၾကပါတယ္။ ဆိုလိုတာက တစ္ႏွစ္ကို လူေပါင္း ၈ သိန္းခန႔္ ကိုယ့္ကိုယ္ကို သတ္ေသေနၾကတဲ့ သေဘာျဖစ္ပါတယ္။


 အဲ့ဒီထဲက ၇၉% ဟာ တစ္ဦးခ်င္းဝင္ေငြနည္းပါးတဲ့ (ဒါမွမဟုတ္) ဝင္ေငြအလယ္အလတ္သာရွိတဲ့ တိုင္းျပည္ေတြမွာ ျဖစ္ပြားေနတာျဖစ္ပါတယ္။ ပိုမိုဆိုး႐ြားတဲ့အခ်က္ကေတာ့ ေသဆုံးသူေတြရဲ႕ ပ်မ္းမွ် အသက္အ႐ြယ္ဟာ အသက္ ၁၅ ႏွစ္နဲ႕ ၂၉ ႏွစ္အၾကား အသက္အ႐ြယ္မွာျဖစ္ပြားေနၾကတာပါပဲ။ စီးပြားကို အားႀကိဳးမာန္တက္ ရွာေဖြေနၾကတဲ့အ႐ြယ္ေပါ့။


 ဒီကေန႕ ကမၻာႀကီးမွာ ဂုဏ္ျဒပ္ေတြနဲ႕ ပကာသဏေတြဟာ ေရွ႕တန္းကိုေရာက္လာပါတယ္။ ဒါ့အျပင္ လူတစ္ဦးခ်င္းစီရဲ႕ ေနထိုင္မႈဘဝမွာ ေငြေၾကးဥစၥာလိုအပ္ခ်က္လည္း ျမင့္မားလာေနတာ သိသာထင္ရွားလြန္းေနပါရဲ႕။


 ဒီလိုလူ႕အဖြဲ႕အစည္းႀကီးထဲမွာ ရွင္သန္ေနၾကရတဲ့အခါ ေငြေၾကးဥစၥာရွာေဖြစုေဆာင္းမႈက လူတစ္ဦးခ်င္းစီရဲ႕ ဘဝမွာ အေရးအပါဆုံးကိစၥရပ္ျဖစ္လို႔လာေတာ့တာေပါ့။ ေန႕စဥ္နဲ႕အမွ် မိုးလင္းမိုးခ်ဳပ္ ႐ုံးကန္လႈပ္ရွားေနရတာဟာ ေငြေၾကးရွာေဖြဖို႔ပါပဲ။ ဝင္ေငြရွာေဖြနိုင္မွာ အစားအစာဝယ္စားနိုင္မယ္၊ ေနစရာရမယ္၊ မိသားစုကို ေထာက္ပံ့နိုင္မယ္၊ အေႂကြးဆပ္နိုင္မယ္၊ လုပ္ငန္းကို ရင္းႏွီးျမႇုပ္ႏွံနိုင္မယ္၊ စသျဖင့္ အေၾကာင္းအရင္းကေတာ့ အမ်ိဳးမ်ိဳးပါပဲ။


 ေလ့လာခ်က္ေတြအရဆိုရင္ လူေတြဟာ ဒီလိုမ်ိဳး ေန႕စဥ္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခု ဒါမွမဟုတ္ အေရးအပါဆုံးကိစၥတစ္ခုအျဖစ္ သတ္မွတ္ကာ ႀကိဳးစားဖန္တီးယူေနရတဲ့ ေငြေၾကးဥစၥာပိုင္းကိစၥရပ္ေတြ တစ္စုံတစ္ရာ အဆင္မေျပျဖစ္လာတဲ့အခါ (သို႔) ဒါမွမဟုတ္ ပ်က္စီးဆုံးရႈံးသြားရတဲ့အခါ (သို႔) မျဖည့္ဆည္းနိုင္ေတာ့တဲ့အခါ အလြန္အမင္းစိတ္ဓာတ္က်သြားတတ္ၾကတာ ဓမၼတာျဖစ္ပါတယ္။


 ဒီအခ်က္ဟာ ကိုယ့္ကိုယ္ကို အဆုံးစီရင္မိေအာင္ တြန္းအားေပးတဲ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားရမႈေတြထဲမွာ အဆိုး႐ြားဆုံးလို႔ဆိုထားၿပီး တျခားအေျခအေနေတြထက္ ျဖစ္နိုင္ေျခ ၂၀% ေလာက္ပိုတယ္လို႔ဆိုပါတယ္။


 ဒုခ္တကၠသိုလ္ရဲ႕ ေလ့လာခ်က္အရဆိုရင္ ခုလို COVID-19 ေရာဂါဆိုးႀကီးေၾကာင့္ ကမၻာတစ္ဝွမ္းမွာ စီးပြားေရးထိခိုက္နစ္နာမႈေတြရွိေန ခ်ိန္မွာ ေငြေၾကးျပႆနာေတြ၊ အၾကပ္အတည္းေတြေၾကာင့္ ကိုယ့္ကိုယ္ကို သတ္ေသမႈႏႈန္းပိုျမင့္တက္လာတယ္လို႔ ဆိုထားပါတယ္။ ဒါ့အျပင္ ဒီႏႈန္းေတြဟာ ေလ်ာ့က်သြားဖို႔ရာလည္း မရွိေသးပါဘူးတဲ့။


 #အရႈံးမေပးပါနဲ႕


 ျမန္မာနိုင္ငံမွာလည္း ကိုယ့္ကိုယ္ကို အဆုံးစီရင္မႈေတြ အၾကာခဏျဖစ္ပြားေနတာကို ၾကားသိေနရပါတယ္။ ခုလို COVID-19 ကာလမွာေတာ့ ကိုယ့္ကိုယ္ကို အဆုံးစီရင္တဲ့သတင္းေတြက ကိုဗစ္သတင္းေတြအၾကား ျမႇုပ္ေနဟန္တူပါရဲ႕။ သိပ္သတိမထားမိပါဘူး။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို သတ္ေသႏႈန္း အတိုင္းအတာတစ္ခုအထိရွိေနတဲ့ ျမန္မာျပည္မွာ အဆုံးစီရင္မႈေတြ ရွိေနမွာေတာ့ ေသခ်ာသေလာက္ပါပဲ။


 ယခင္ကတည္းက ျမန္မာျပည္မွာျဖစ္တဲ့ အဆုံးစီရင္မႈေတြဟာ အမ်ားစုေသာ အျဖစ္အပ်က္ေတြဟာ မိသားစုစားဝတ္ေနေရးနဲ႕ သက္ဆိုင္ေနၾကတာမို႔ တိုင္းျပည္ဆင္းရဲမြဲေတေနမႈဟာ အေျခခံလူတန္းစားေတြရဲ႕ လူမႈဘဝအေပၚ ျပင္းထန္တဲ့ ဖိအားေတြျဖစ္ေနေစတယ္လို႔ မွတ္ယူရပါတယ္။


 ပုံမွန္အားျဖင့္ လူတစ္ေယာက္ ဘယ္အေၾကာင္းေၾကာင့္မဆို စိတ္ဖိစီးမႈလြန္ကဲလာရင္ ကိုယ့္ကိုယ္ကို သတ္ေသတဲ့ ျပႆနာက အၿမဲလိုလိုကပ္ပါလာတတ္ပါတယ္။ ဘဝဟာ ေနေပ်ာ္စရာမရွိေတာ့ဘူးလို႔ ထင္ျမင္ယူဆလာၿပီး ဘဝကို အဆုံးသတ္ခ်င္စိတ္ မၾကာခနေပၚလာေနပါလိမ့္မယ္။


 ဒီအေျခအေနမ်ိဳးကို ေရွာင္လႊဲနိုင္ဖို႔ လိုအပ္ပါတယ္။ ကိုယ့္မွာ စိတ္ဖိစီးမႈလကၡဏာေတြ၊ စိတ္ဓာတ္က်ဆင္းေနတဲ့လကၡဏာေတြ ရွိေနရင္ေတာင္မွ ေလာကဓံကို အရႈံးမေပးပါနဲ႕။ အားမေလ်ာ့ပါနဲ႕။ ေရွ႕မွာေရာင္နီျဖာတဲ့ ေန႕သစ္ေတြ ရွိေနဦးမယ္ဆိုတာ ေသခ်ာေနလို႔ပါ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: