Saturday, October 23, 2021

ကိန္နရာအက

ကိန္နရာအက




#သျှမ်းရိုးရာယဉ်ကျေးမှု

#ကိန္နရီ_ကိန္နရာအက

#တိုင်းရင်းသားရိုးရာအက

(အကဆိုတာ တေးဂီတ တီလုံး သံစဉ်နဲ့အညီ ကြည့်ရှုရအဆင်ပြေအောင် ကိုယ်ခန္ဓာကို ယိမ်းနွဲ့လှုပ်ရှားပြတာမျိုးကို ခေါ်သလားလို့။ ကမ်ဘာမြေပေါ်နေထိုင်ကြတဲ့ လူအမျိုးမျိုးအထွေထွေမှာ သက်ဆိုင်ရာ လူမျိုးအလိုက် ကပြတတ်ကြတဲ့ အကအမျိုးအစားတွေမျိုးစုံရှိကြ ရာမွာ ကျွန်တော်တို့ မြန်မာပြည်ရှိ တိုင်းရင်းနွယ်ဖွား ညီအစ်ကိုမောင်နှမ သျှမ်းလူမျိုးတို့ရဲ့ ရိုးရာအကမ်ားထဲက အထင်ကရဖြစ်တဲ့ ကိန္နရာအကအကြောင်းကို ဗဟုသုတရေစေသာငွာ ကူးယူေ၀ငှလိုက်ပါတယ်။)


ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားလူမျိုးများ၏အရေးအပါဆုံး ယဉ်ကျေးမှုအကကို ညွှန်ပြပါဆိုလျှင် "ကိန္နရာအက"ကို ညွှန်ပြရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရှမ်း လူမျိုးတို့၏ရိုးရာယဉ်ကျေးမှုတွင် အစဉ်အလာကြီးမားစွာ တည်ရှိခဲ့သော ကိန္နရာအကကို မဖော်ပြလျှင် ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှုသည် ပြီးပြည့်စုံနိုင်လိမ့်မည် မဟုတ်ချေ။


ရှမ်းအမျိုးသားတို့၏ကိန္နရာ ကိန္နရီလက္ခဏာကို အောက်ပါအတိုင်း အကျဉ်းချုပ်မှတ်သား နိုင်ပေသည်။ 


၁။ ရွှေရောင်အဆင်းရှိပြီး အတီး အမှုတ် အက အခုန် ကျွမ်းကျင်သည်။ 

၂။ သိမ်မွေ့နူးညံ့သည့်အမူအရာရှိသည်။ 

၃။ ပန်းဝတ်မှုံ ဝတ္ဆံမ်ားကိုသာ စားသည်။ 

၄။ ပသာဒငါးပါးနှင့်ပြည့်စုံသည်။ 

၅။ ဘုရားပွင့်သည့်နေ့တွင် ဝမ်းသာရွှင်မြူးစွာ ကခုန်သည်။ 


အထက်ပါ အင်္ဂါလက္ခဏာငါးချက်မှာ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုများနှင့်သင့်တင့်ညီညွှတ် မှုရှိသည့်အပြင် ဘုရားဟော ဇာတ်တော်များနှင့်လည်း ကိုက်ညီမှု ရှိပေသည်။


#ကိန္နရာအကစခဲ့ပုံ 


မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး မယ်တော်ဖြစ်ခဲ့ ဖူးသော သန ္တုဿိတနတ်သားအား အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်မှ သင်္က ဿနဂိုရ်ပြည်သို့ဆင်းသက်တော်မူခဲ့သည်။ ထိုသို့ဆင်းသက်တော်မူရာ၌ လူ နတ် ဗြဟ္မာ ကိန္နရာ ကိန္နရီ တို့ပါမကျန် မြတ်စွာဘုရားရှင်အား လာရောက်ဦးညွှတ်ပူဇော်ကြသည်။ ထိုသို့ ဘုရားရှင်အား လာရောက်ပူဇော်ကန်တော့ကြ သည့်သတ္တဝါအပေါင်းတို့တွင် လွပ ကျော့ရှင်း ဖော့ယမင်းကဲ့သို့ နွဲ့နှောင်းပျော့ပြောင်းသော ဟန်အမူအရာရှိသည့်ကိန္နရာ ကိန္နရီတို့လည်း ပါ ဝင်ကြ၏။ ကိန္နရာ ကိန္နရီတို့သည် မြင်းမိုရ်တောင်မှ ဆင်းသက်လာကြသည်ဟူ၏။ လူတစ်ပိုင်း ငှက်တစ်ပိုင်းပင်ဖြစ်သော်လည်း အခြားသောသတ္တဝါများထက် လှပနွဲ့နှောင်း စြာ ပူဇော်ကန်တော့ကြသည်ဆို၏။ ကိန္နရာ ကိန္နရီတို့သည် မြတ်စွာဘုရားရှင်အား ယဉ်ကျေးသိမ်မွေ့စွာ ပူဇော်ကန်တော့ပြီး ကခုန်မြူးတူးကာ မြင်းမိုရ်တောင်သို့ ပျံသွားကြတော့သည်။ မြတ်စွာဘုရားရှင်အား လာရောက်ဖူးမြော် ပူဇော်ကန်တော့ကြသည့်ပရိသတ်များမှာ ကိန္န ရာတို့၏လှပဆန်းသစ်သော အမူအရာနှင့်ကကြိုးကကွက်များမှာ မ်က္စိထဲမွ မထွက်နိုင်ကြသဖြင့် တသ သ လွမ်းတမြေ့မြေ့ ကျွမ်းမတတ် ခံစားကြရသည်ဟူ၏။ ထို့ကြောင့် ပန်တျာနှင့်ပတ်သက်၍ကျွမ်းကျင်သူတို့က မြင်တွေ့လိုက်ရသည့်ကိန္နရာကကြိုး ကကွက်များကို အတုယူပြီး လူဖြင့် အစားထိုး ကပြခဲ့ကြသည်။ ထိုအချိန်မှစ၍ "ကိန္နရာအက"စတင်ဖြစ်ပေါ်လာကြောင်း ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ သိရှိရပေသည်။


#စကြဝတေးမင်းလက်ထက် 


စကြဝတေးမင်းလက်ထက် ကိန္နရာအက ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ 'ကိန္နရာအက'ဖြစ်ပေါ်လာပုံတစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။ စကြဝတေးမင်း စိုးစံစဉ်ကာလက ဘုန်းတန်ခိုးအာဏာထက်မြက်သည့်မင်းဖြစ်သည့်အား လျော်စွာ တစ်နှစ်လျှင် တစ်ကြိမ် လူ နတ် တိရစ ္ဆာန္မ်ား လာရောက်ပူဇော်ကန်တော့ကြရသည်။ လာရောက်ပူဇော်ကြသည့်သတ္တဝါ အပေါင်းတို့တွင် ကိန္နရာ ကိန္နရီငှက်တို့သည် လှပရှုချင်စ ဖွယ်ရှိပြီး ယဉ်ကျေးသိမ်မွေ့သော ဟန်အမူအရာနှင့်ပြည့်စုံကြ၏။ နူးညံ့ပျော့ပျောင်း ဖရောင်းသဖွယ်ဖြစ် ၏။ အများနှင့်မတူ တစ်မူထူးခြားသည့်ကကြိုးကကွက်များဖြင့် သီဆိုမြူးတူး ကခုန်ပျော်ရွှင်လေ့ရှိကြ သည် ဆို၏။ ကိန္နရာတို့သည် နှစ်စဉ်နှစ်တိုင်း စကြဝတေးမင်းအား လာရောက်ပူဇော်ကန်တော့လေ့ရှိရာ တွေ့မြင်ရသူတို့မှာ လွမ်းဆွတ်ကြည်နူး ရွှင်မြူးပီတိ ဖြစ်ကြရပြီး စွဲတသသဖြင့် ရှုမဝအောင် ဖြစ်နေကြရ ၏။ စကြဝတေးမင်း မရှိသည့်နောက် မင်းအဆက်ဆက် ပြောင်းလာခဲ့ကြရာ မင်းတို့၏စရိုက် မတူညီကြသဖြင့် ကိန္နရာ ကိန္နရီငှက်များလည်း လာရောက်ပူဇော်ကန်တော့ကြ သည့်စဉ်အလာမှာ ပျောက်ကွယ်သွားတော့သည်။ မိဘဘိုးဘြားမ်ားက ကိန္နရာတို့အကအကြောင်း ထုံးဟောင်းသက်သေရှိခဲ့ပုံများကို သား စဉ်မြေးဆက် ပြောပြခဲ့ရာ ကိန္နရာတို့၏ဟန်ပန်အမူအရာဖြင့် ကကြိုးကကွက်များကို တွေ့မြင်လိုကြသည့် ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် ဘုရင်မင်းမြတ်က တောကျွမ်းသည့်မုဆိုးကြီးအား ခေါ်ယူကာ ကိန္နရာငှက်ကို လက်ရဖမ်းယူခဲ့ရန် စေလွှတ်လိုက်သည်။ မုဆိုးကြီးက ဘုရင့်အမိန့်တော်အတိုင်း ထောင်ချောက်ဖြင့် ဖမ်းယူရာ ကိန္နရာငှက်ကို ရရှိခဲ့သည်။ ကိန္နရာငှက်သည် မုဆိုးလက်သို့ ရောက်ရှိခဲ့ရသော်လည်း ရက်စက်ကြမ်းကြုတ်သည့်လူ သားများနှင့်တွေ့ဆုံရန် ဝန်လေးနေရှာ၏။ ထို့ကြောင့်ပင် ကိန္နရာငှက်ကို စောင့်ရှောက်ရန် ရှမ်းဘာသာ ဖြင့် ကွန်းန်ခူင်(မြန်မာလို အစောင့်အရှောက်ဘီလူး)ခေါ် လူ့တိရစ ်ဆာန်ကြီးတစ်ဦးက လိုက်ပါလာရ၏။ သုဝဏ္ဏသာမဇာတ်တွင် ကိန္နရာတို့သည် လူကို ကြောက်ရွံ့ထိတ်လန့်ကြောင်း ပါရှိသဖြင့် ရှမ်းလူမျိုးတို့၏အယူအဆနှင့်တူညီနေပုံကို သတိမူသင့်၏။ ကိန္နရာ၏အစောင့်အရှောက် ဘီလူးပါရွိလာ ပုံနှင့်ပန်းချီပန်းပုများတွင် ဘီလူးရုပ်နှင့်ယှဉ်တွဲပါရှိနေပုံများကို သတိမူသင့်၏။(ဤကား စကားချပ်)


#အစဉ်အလာအတိုင်းကပြကြခြင်း


ရှမ်းပြည်နယ် အချို့သောဒေသများတွင် အထက်ပါအယူအဆအတိုင်း ကိန္နရာတစ်ကောင် မုဆိုးတစ်ယောက်နှင့်ကွန်းန်ခူင်တစ်ကောင်တို့ ပါဝင်ကပြကြသည်ကို တွေ့ရ၏။ ကျပပုံမွာ မုဆိုးကြီးက လေးမြားညွှတ်ကွင်းများ ကိုင်ဆောင်၍ လှည့်လည်နေဟန်၊ ကိန္နရာ မွာ ကွင်းလယ်၌ ကပြနေဟန်၊ ထို့နောက် မုဆိုးကြီးက ထောင်ချောက်များကို ပြင်ဆင်ပြုလုပ်နေဟန်၊ ကိန္နရာကို လေးမြားဖြင့် ပစ်ခတ်နေဟန် စသည်ဖြင့် သရုပ်ဖော်ကပြကြသည်။ ကိန္နရာကို စောင့်ရှောက်ရန် လိုက်ပါလာသည့်ကွန်းန်ခူင်ကမူ ခက်ရင်းခွ သို့မဟုတ် လွံ တစ်ချောင်းကို ကိုင်ဆောင်ပြီး ကိန္နရာ၏အနီးတွင် ရှိနေရသည်။ ကွန်းန်ခူင်သည် လူများအကြား မရောက်ရှိဖူးသဖြင့် ထိတ်လန့်နေဟန်၊ ကိန္နရာအား လူတို့ ရန်မပြုနိုင်စေရေးအတွက် ချောက်လှန့်နေဟန် စသည်ဖြင့် ဟာသရသပေါ်လွင်စွာ လှုပ်ရှားပြသရသည်။ ပွဲကြည့်ပရိသတ်များမှာ အထူးနှစ်ခြိုက်ကြသည်။ ဘုရင့်အမိန့်တော်အရ မျက်စိသူငယ်၊ နားသူငယ်ဖြင့် လူပုံအလယ် ရောက်ရှိလာရသော ကိန္နရာအပေါ် ကရုဏာစိတ်များ ဖြစ်ပွားကြရသည်။ မုဆိုးကြီး၏ ကြမ်းကြုတ်ခက်ထန်မှု ဒေါသရောင်များ လွှမ်းမိုးနေသဖြင့် ရုဒ္ဒရသ ပေါ်လွင်ထင်ရှားစေသည်။ ကွန်းန်ခူင်အဖြစ် သရုပ်ဆောင်သူမှာ ကြောက်လန့်ဖွယ်ရှိသည့်မျက်နှာဖုံးတပ်ဆင်ထားကြ သည်။ အဝတ်ကိုလည်း ရှမ်းစက္ကူများကို မွေးရှည်သဏ္ဌာန်ပြုလုပ်ပြီး ဝတ်ဆင်ထားသည်။ ကိန္နရာကသူ အမောအပန်းဖြေနေခိုက် မုဆိုးက ရိုးရာသီချင်းကိုလက်တန်းသီဆိုကြသည်။ ကပြသည့်အဖွဲ့ထဲမှာ ဝါသနာပါသူများလည်း ဝင်ရောက်၍ ဆိုနိုင်သည်။ အိမ်ရှေ့၊ ခြံရှေ့ စသည်တို့၌ ကပြသည့်အခါ အိမ်ရှင်၊ ခြံရှင်များအား ကျေးဇူးတင်ကြောင်း၊ စည်းစိမ်ဥစ္စာ တိုးပွားစေကြောင်း စသည့်ဆုတောင်းသီချင်းမျိုးကို စပ်ဆိုလေ့ရှိကြသည်။


#ကိန္နရာကိန္နရီဝတ်စုံ 


ရှမ်းကိန္နရာကမည့်သူ၏ဦးခေါင်းတွင် မကိုဋ်ပါသည့်ခေါင်းကို မျက်နှာစွပ်ထားရသည်။ တောင်ပံနှင့်အမြီးကို သုံးထပ်မှခုနစ်ထပ်အထိ ပြုလုပ်ကြသည်။ ခုနစ်ထပ်ရှိလျှင် သုံးထပ်မှာ အသေပြု လုပ်ထားကြသည်။ ကျန်လေးထပ်ကိုမူ အရှင်ပြုလုပ်ထားရသည်။ [ကိန္နရာအသေး(အငယ်)ဆိုလျှင် တောင်ပံနှင့်အမြီးနှစ်ထပ်သာ ရှိသည့်ဝတ်စုံကို အသုံးပြုကြသည်။] ကိန္နရာတောင်ပံကို လက်မောင်းရင်းနှင့်လက်ကောက်ဝတ်တွင် ကြိုးဖြင့်ချည်ထားကြသည် နောက်ထိန်းကြိုးနှစ်ချောင်းကို လည်ပင်းမှာသိုင်းပြီး ခါးပတ်၌ချည်ထားကြ၏။ တောင်ပံနှင့်အမြီးကို လွ လှပပလှုပ်ရှားစေရေးအတွက် နောက်ထိန်းကြိုးကို အသုံးပြုခြင်းဖြစ်သည်။ တောင်ပံအရောင်ကို ဖဲအ စိမ်းရောင်ဖြင့် အသုံးပြုကြသည်။ အချို့က ပိတ်ပါးအစိမ်းရောင်ဖြင့် ပြုလုပ်ကြသည်။ "မြကြောစိမ်းစိမ်း မြရည်လိမ်း"ဆိုသည့်နှယ် သဘာဝကျသော စီစဉ်မှုတစ်ရပ် ဖြစ်သည်။ အင်္ကျီကို ရင်စေ့ချုပ်ထားပြီး ရင်ပတ်၌ ရွှေပြားငွေပြား ကပ်ထားလေ့ရှိကြသည်။ နတ်ဝတ် တန်ဆာကဲ့သို့ ပြုလုပ်ထားကြသည်။ ရွှေချည်ထိုး ဘောင်းဘီခံပြီး ပုဆိုးတောင်ရှည်ကို ခါးတောင်းကျိုက် ၍လည်း ဝတ်ဆင်ကြ၏။ ကိန္နရီမ၏တောင်ပံကို နှစ်ထပ်မှသုံးထပ်အထိ ပြုလုပ်ကြသည်။ ပန်းန်ကူမ်ခေါ်မကိုဋ်မှာ ကိန္နရာနှင့်မတူဘဲ အမျိုးအစားကွဲပြားအောင် ပြုလုပ်လေ့ရှိကြသည်။


#ရှေးကရှမ်းကိန္နရာအက 


ရှေးက ရှမ်းကိန္နရာအကများမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဆို၏။ ကြိုးပေါင်း ၆၀ ကျော်တပ်ပြီး မျက်နှာဖုံးလှလှစွပ်ကာ ရှမ်းဘောင်းဘီနှင့်လက်ကြပ်အင်္ကျီအပေါ်တွင် လယ္ဂ်ာ၊ ခါးပုံ၊ ခါးစည်း၊ လက်စည်းများအပြင် အိုးစည်သံနှင့်လိုက်၍ ပျော့ပျောင်းသိမ်မွေ့ညက်ညောစွာ ကပြလေ့ရှိကြ သည်ဟုသိရသည်။ အမြီးအတောင်ကို ဖွင့်ချည်ပိတ်ချည်ပြုလုပ်၍ လက်ချောင်းကလေးများတွင် ကြိုးတပ်ပြီး လက်လှုပ်ဟန်ကိုလိုက်၍ အတောင်များ ကြွကြွရွရွဖြစ်စေခဲ့သည်ဆို၏။ အလွန်ပျော့ပျောင်းသောအမျိုး သားမ်ားသာ ကပြလေ့ရှိသည်။ ကိန္နရာတို့၏ရိုးရာသဘာဝအတိုင်း ဆင်ယင်ကပြခြင်းဖြစ်၍ လွန်စွာကြည့်ကောင်းသည်ဟု ဆို၏။ နောက်ပြန်ခါးကော့၍ အတောင်ချည်းသာ လှုပ်ရှားကပြသည့်ယဉ်ကျေးမှုအနုပညာရပ်များအား ယခုအခါ မမြင်တွေ့ရတော့သည်မှာ ဝမ်းနည်းဖွယ် ကောင်းလှ၏။ ဤကား ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်အဖြစ် တင်ပြရခြင်း ဖြစ်၏။


 ==#တစ္လေက်ာ္ကျပရ ==

 ရှမ်းလူမျိုးတို့၏ကိန္နရာအကနှင့်အတူ တိုးနယားအကကိုလည်း ပူးတွဲကျင်းပလေ့ရှိကြ သည်။ ဘုရားသခင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ကြွချီတော်မူစဉ်က တိုးနယားလည်း ပါဝင်သည် ဆို၏။ ထို့ကြောင့် ရှမ်းကိန္နရာအကနှင့်အတူ တိုးနယားအကကိုလည်း ထည့်သွင်းကျင်းပကြသည်။ ရှမ်းပြည်နယ် ကိန္နရာအက(တိုးနယားအက)မ်ား ကပြရာတွင် သီတင်းကျွတ်ပွဲတော်တွင် ကျင်းပပုံမှာ တစ်မူထူးခြားလှ၏။ သီတင်းကျွတ်လပြည့်နေ့တွင် ဥပုသ္သီလ စောင့်ထိန်းကြ၏။ အလှူဒါနပြုလုပ်ကြ၏။ "တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား"ဆိုသည့်စကားပုံအတိုင်း အလှူရေစက် လက် နှင့်မကွာသောသူများ ဖြစ်၏။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ တစ်ညလျှင် ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းကျစီ ပူဇော်ကန်တော့ပွဲ ပြုလုပ်လေ့ရှိသည်။ ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လုံးမွ သံဃာတော်အရှင်မြတ်တို့သည် ပူဇော်ကန်တော့ပွဲ ပြုလုပ်မည့်ကျောင်းသို့ ကြွရောက်လာကြရ သည်။ ပူဇော်ပွဲကျင်းပသည့်ရွာမှ တကာ တကာမမ်ားက လှူဖွယ်ဝတၳုပစ္စည်းမျိုးစုံတို့ဖြင့် သံဃာတော် မ်ားအား ပူဇော်လှူဒါန်း ဆက်ကပ်ကြသည်။ ထိုသို့အစဉ်အလာအတိုင်း ပြုလုပ်ကြပြီးမှ ရှမ်းကိန္နရာအက၊ တိုးနယားအကမ်ားကို အား ပါးတရ ကခုန်ဖျော်ဖြေကြသည်။ ယင်းသို့ တစ်ညလျှင် တစ်ကျောင်းကျ အထက်ပါအစီအစဉ်အတိုင်း ပူဇော်ကန်တော့ပွဲများ ကျင်းပရသဖြင့် ဒေသအတွင်း၌ ဘုန်းတော်ကြီးကျောင်း များလေလေ ရက်ကြာရှည်လေလေ ဖြစ်ကာ ဘုန်းတော်ကြီးကျောင်းများသော နယ်ဒေသများတွင်မူ ကိန္နရာအက၊ တိုးနယားအကမ်ားမွာ တစ္လ ကျော်သော်လည်း က၍မပြီးနိုင်၊ ပရိသတ်ကလည်း အီ၍ မငြီးနိုင် ဖြစ်ရသည်။


 ==#ဆုမွန်တောင်းပြီးမှကပြ ==

 အလှူအတန်းပွဲလမ်းသဘင်ရှိလျှင် အလှူရှင်အိမ်ရှင်များအား လာရောက်ကပြမည့်ကိန္နရာ အဖွဲ့က ကြိုတင်အကြောင်းကြားထားရသည်။ အလှူရှင်အိမ်ရှင်များကလည်း ပန်းပေါက်ပေါက်နှင့်ငှက် ပျောသီးများ ပါဝင်သည့်ကန်တော့ပွဲကို ပြင်ဆင်ပေးရသည်။ ထို့နောက် ကိန္နရာအဖွဲ့ခေါင်းဆောင်နှင့်အလှူရှင် အိမ်ရှင်တို့က အချီအချ ပြောဆိုကြရ သည်။ အချီအချ ပြောဆိုရာ၌ နေဘ ကာရံများဖြင့် အတိုင်အဖောက်ညီစွာ ပြောဆိုကြရသည်။


အိမ်ရှင်။ ။ အဆွေတို့... ဘယ်အရပ်က လာကြပါသလဲ။ ဘာတွေများ ယူဆောင်လာခဲ့ကြပါသလဲ။

အဖွဲ့ခေါင်းဆောင်။ ။ ကြှနျုပျတို့မွငျးမိုရျတောငျခွရေငျးက လာပါတယ်။ ကပြအသုံးတော်ခံရန်ကိန္န ရာလည်း ပါလာပါတယ်။


အိမ်ရှင်။ ။ ကိန္နရာဆိုသည်မှာ ဘယ်လိုငှက်မျိုး ဖြစ်ပါသလဲ။

အဖွဲ့ခေါင်းဆောင်။ ။ ကိန္နရာဆိုသည်မှာ ငှက်ကောင်းငှက်မြတ်မျိုး ဖြစ်ပါတယ်။ ကပြအသုံးတော် ခံလျှင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ရွှေငွေရတနာ စည်းစိမ်ဥစ္စာတွေလည်း တိုးပွားလာပါလိမ့်မယ်။


အိမ်ရှင်။ ။ အလို... ဒီလိုဆိုရင် ကြှနျုပျတို့အိမျထဲ ဝင်ရောက်ကပြပါဦးလား။ အဆွေတို့အဖွဲ့အားလုံးကို ကန်တော့ပွဲဖြင့် ခရီးဦးကြိုဆိုပါတယ်။ ဤကဲ့သို့ အချီအချ ပြောဆိုပြီးနောက် အသင့်ပြင်ဆင်ထားသည့်ကန်တော့ပွဲကို အဖွဲ့ခေါင်း ဆောင်အား ပေးအပ်ရသည်။ အဖွဲ့ခေါင်းဆောင်က အိမ်ရှင်(အလှူရှင်)အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန် ရွှေငွေ ရတနာမ်ား ပေါပြည့်ဝရန်နှင့်စည်းစိမ်ဥစ္စာများ တိုးပွားစေရန်အတွက် ဆုမွန်ကောင်းတောင်းပေးရသည်။


#ကိန္နရာအဖွဲ့စည်းကမ်း ပြင်ဆင်

ကိန္နရာကမည့်သူသည် ကိန္နရာဝတ်စုံကို ပထမဦးဆုံး ကန်တော့ရသည်။ ကန်တော့ပြီးမှ ဝတ္စုံကို ဝတ်ဆင်ရသည်။ ကိန္နရာဝတ်စုံကို ဝတ်ပြီးလျှင် အိုးစည်ကို ကန်တော့ပြီးမှ ကပြရသည်။ ကျပရာ၌ အိမ်ရှင်များ၏ဆန္ဒအတိုင်း ကပြရသည်။ ရရှိသည့်ဆုငွေကို အဖွဲ့သားအားလုံး ပိုင်ဆိုင်ကြသည်။ ကိန္နရာဝတ်စုံကို အမျိုးသမီးများ မကျော်လွှားရချေ။ ၎င်းပြင် ဝတ်ကြည့်၊ စွပ်ကြည့် ခြင်းများလည်း မပြုလုပ်ရချေ။


#အကနှစ်မျိုးနှင့်ကကြိုးကကွက် 


#ရှမ်းကိန္နရာတွင်_


လိုင်းကကန်တော့(ကန်တော့ပန်းဆင်အက)နှင့် လိုင်းကလော်င်အပုမ်(ဝတၳုပုံပြင် သရုပ်ဖော်)အကဟူ၍ နှစ်မျိုးရှိသည်။


 လိုင်းကကန်တော့(ကန်တော့ပန်းဆင်)အကကို ဘာသာရေးနှင့်ပတ်သက်သည့်ပွဲလမ်း သဘင်များ၌သာ ကပြရသည်။ ကိန္နရာတစ်ကောင်တည်း ကပြရပြီး မျက်နှာဖုံး တပ်ဆင်ရသည်။ ကျပ မည့်နေရာတွင်ရပ်၍ ကိန္နရာဝတ်စုံအလှကို ပြသရသည်။ တောင်ပံနှင့်အမြီးတို့ကို လွပစြာ ဖြန့်ပြရသည်။ ထို့နောက် ကွင်းတစ်ပတ် လျှောက်ပြရသည်။ စ၍လျှောက်သည့်နေရာသို့ ရောက်ရှိမှ ကိန္နရာအကကို ကပြရသည်။ လက်အုပ်နှစ်ဖက်ချီ၍ ဦးခေါင်းကို ဟိုသည်ငဲ့ကာ နွဲ့နွဲ့နှောင်းနှောင်း ဟန်အမူအရာဖြင့် ကန် တော့ပန်းဆင်ပြီးနောက် ကွင်းပတ်၍ ကပြရသည်။ ကျပရာ၌ ပျော်ရွှင်ဝမ်းမြောက် မြူးကြွသည့်ဟန်အမူ အရာဖြင့် ကပြရသည်။ ကွင်းတစ်ပတ်ကပြ၍ မူလနေရာသို့ ရောက်ရှိသောအခါ သိမ်မွေ့သောအမူအရာဖြင့် ကျပ ရင်း ရှေ့သို့တက်ရသည်။ ကွင်းလယ်သို့ ရောက်ရှိလျှင် ကိုယ္ကို နှိမ့်လိုက်၊ မြင့်လိုက်ပြုလုပ်ပြီး တဖြည်း ဖြည်း အောက်သို့ နှိမ့်ချဝပ်တွားဟန်ဖြင့် ရှေ့တည့်တည့်(ရဟန်းသံဃာတော် သို့မဟုတ် လူကြီးများစု ဝေးနေထိုင်ရာ)သို့ ကန်တော့ပန်းဆင် ကပြကြရသည်။ ထို့နောက် ကိုယ္ကို နှိမ့်ထားရာမှ တဖြည်းဖြည်းချင်းထပြီး သုံးကြိမ်ပြည့်အောင် ကန်တော့ ပန်းဆင်ရသည်။ ယင်းသို့ သုံးကြိမ်တိုင်တိုင် ကန်တော့ပန်းဆင်ပြီးလျှင် အိုးစည်တီးသံသို့လိုက်ပြီး ပျော် ရွှင်မြူးကြွ လွပစြာ ကခုန်ဖျော်ဖြေ တင်ဆက်ကြသည်။ ကိန္နရာ၏လှပနွဲ့နှောင်းသည့်ခန္ဓာကိုယ်နှင့်အတူ မြီးဖျားတောင်ပံတို့ကို ဖြန့်လိုက်၊ စုလိုက်၊ ခေါင်းကိုငဲ့လိုက်၊ စောင်းလိုက်ဖြင့် ကပြနေသည့်ကိန္နရာအကမှာ ပရိသတ်များ မှင်တက်မိအောင် အ သည်းသို့ထိမျှ စွဲငြိစေသော ရိုးရာအကပညာတစ်ရပ် ဖြစ်သည်။


 လိုင်းကလော်င်အပုမ်(ဝတၳုပုံပြင် သရုပ်ဖော်)အကကိုမူ များသောအားဖြင့် ဇာတ်စင်များ ပေါ်တွင် ကပြလေ့ရှိသည်။ ထိုအကကို ကျပရာ၌ ကိန္နရာ ကိန္နရီမောင်နှံစုံ ပါဝင်ကြသည်။ အမျိုးသား(ကိန္နရာ)က မျက်နှာဖုံးတပ်ဆင်ပြီး အမျိုးသမီး(ကိန္နရီ)မွာ မျက်နှာဖုံး မတပ်ကြပါ။ ရှေးဦးစွာ ကိန္နရာဖိုက ကွင်းတစ်ပတ်လျှောက်ပြီး ကပြရာနောက်သို့ ကိန္နရီမက နောက်မှ လိုက်ပြီး ကပြရသည်။ ကိန္နရာဖိုက ကိန္နရီမကို စိတ်မချသည့်ဟန်ဖြင့် ရပ်လိုက်၊ သွားလိုက်၊ ကိန္နရီမ၏ မျက်နှာကို တစ်ဝကြီး ကြည့်လိုက်ဖြင့် ကွင်းတစ်ပတ်ပြည့်အောင် လှည့်၍ကပြရသည်။ ကွင်းလယ်သို့ ရောက်ရှိမှ ဝတၳုဇာတ်လမ်းကို စ၍ကပြရသည်။ ကိန္နရာဖိုက ကောင်းကင်သို့ မြားသုံးကြိမ်ပစ်လွှတ်ဟန်၊ မြားကို လိုက်ဖမ်းဟန်၊ မြားမှန်သ ဖြင့် ထိခိုက်နာကျင်လဲကျဟန် စသည်ဖြင့် ပြုလုပ်ရသည်။ နာကျင်သည့်ဒဏ်ကြောင့် ကိုယ္လုံး၊ တောင် ပံနှင့်အမြီးတို့ကို တဖ်ပ္ဖ်ပ္ခတ္ကာ ယိမ်းယိုင်နေဟန် ပြုလုပ်ပြရသည်။ ကိန္နရီမက ကိန္နရာကို ပတ်ပြီး ဝမ်းနည်းငိုကျွေး ပူဆွေးသောက ဗျာပါဒမီးတောက်ကာ အပူလုံးကြွ၍ ယူကျုံးမရ ဖြစ်သည့်ဟန်ဖြင့် ကပြရသည်။ ထို့နောက် ကိန္နရီမက သစ္စာတိုင်တည်ပြီး နတ်သိကြားများထံ အကူအညီတောင်းရသည်။ သိကြားမင်းက လာရောက်၍ ကုသပေးသည့်အလား ကိန္နရီမက ဆင်းလိုက်၊ ပျံလိုက်၊ ရစ်ဝဲလိုက်ဖြင့် ကပြရသည်။ ကိန္နရာဖိုမှာ ဒဏ်ရာတဖြည်းဖြည်း သက်သာလာဟန်ဖြင့် လှုပ်ရှားပြီး ထလာကာ ကိန္နရာ ကိန္နရီမောင်နှံ တူစုံတွဲပြီး နွှဲပျော်နေကြဟန် ပြန်လည်ကပြရသည်။ ပရိသတ်များမှာ သေအတူ ရှင်မကွာ မခြဲမခြာ သစ္စာရှိကြသည့်ကိန္နရာ ကိန္နရီမောင်နှံကို ကြည့်ပြီး သဘောကျနှစ်ခြိုက်စွာ အားပေးကြသည်။


#လက်ဆင့်ကမ်း ဆောင်ရွက်သင့် ပြင်ဆင်

ဇာတကဝတၳုတော်၌ ပါရှိသည့် စန္ဒကိန္နရီဇာတ်ပုံနှင့် အလားတူသည့် ဤရှမ်းကိန္နရာအကမှာ လွန်စွာပင် ကြည့်ကောင်းလှ၏။ ရိုးရာစဉ်ဆက်မပျက် ကကြိုးကကွက်များ တီထွင်၍ ယနေ့တိုင်ရှင်သန် နေလျက်ရှိသော ပြည်ထောင်စုဖွားတိုင်းရင်းသား ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှု အနုပညာရပ်များအား ကြှနျုပျတို့ ပြည်ထောင်စုသားများက လက်ဆင့်ကမ်း ထိန်းသိမ်းထားနိုင်ကြမည်ဆိုလျှင် ပို၍တိုးတက် လာနိုင်၏။ အောင်မြင်လာနိုင်၏။ ဂုဏ်ယူစရာ၊ မြတ်နိုးစရာ၊ နှစ်ခြိုက်စရာအပြည့်ရှိသည့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောပပျောက်ခြင်း မရှိရေးအတွက် တိုင်းရင်းသားအားလုံး၌ တာဝန်ရှိ၏။ ရှမ်းလူမျိုးတို့၏ကိန္နရာအက ကိန္နရာအယူအဆနှင့်ယဉ်ကျေးမှုအစဉ်အလာများမှ ကိန္နရာ နှင့်ပတ်သက်သည့်ဓလေ့ထုံးစံများအား သိမြင်ခံစားရသည်မှာ သမိုင်းအတွက် တန္ဖိုးရွိလွ၏။ ယဉ်ကျေး မှုအတွက် အထောက်အကူဖြစ်စေ၏။ မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူစရာကောင်းသည့်ရိုးရာယဉ် ကျေးမှုအမွေအနှစ်များဖြစ်၏။ ယဉ်ကျေးသော၊ သိမ်မွေ့သော၊ ရိုးသားသော၊ အနုပညာရပ်ပေါင်းစုံပါဝင်သော ကိန္နရာအ လွ ကိန္နရာအကသည် ရှမ်းလူမျိုးတို့အတွက်သာမက မြန်မာတစ်မျိုးသားလုံးတို့အတွက် လက်ဆင့် ကမ်းဆောင်ရွက်ရမည့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင် ဖြစ်ပါတော့သည်။ [၁]


#ကိုးကား_


 စိတြ ရေးသားသော "ကိန္နရာ ကိန္နရီ"စာအုပ် စာမျက်နှာ(၃၆ မွ ၄၄ ထိ)

Bhonebsmမွ လွန်ခဲ့သော ၁၀ ရက် အကြာက နောက်ဆုံး တည်းဖြတ်ခဲ့သည်။


#credit_wikipedia



ကိႏၷရာအက




#သွ်မ္းရိုးရာယဥ္ေက်းမႈ

#ကိႏၷရီ_ကိႏၷရာအက

#တိုင္းရင္းသားရိုးရာအက

(အကဆိုတာ ေတးဂီတ တီလံုး သံစဥ္နဲ႔အညီ ၾကည့္ရႈရအဆင္ေျပေအာင္ ကိုယ္ခႏၶာကို ယိမ္းႏြဲ႔လႈပ္ရွားျပတာမ်ိဳးကို ေခၚသလားလို႔။ ကမၻာေျမေပၚေနထိုင္ၾကတဲ့ လူအမ်ိဳးမ်ိဳးအေထြေထြမွာ သက္ဆိုင္ရာ လူမ်ိဳးအလိုက္ ကျပတတ္ၾကတဲ့ အကအမ်ိဳးအစားေတြမ်ိဳးစံုရွိၾက ရာမွာ ကၽြန္ေတာ္တို႔ ျမန္မာျပည္ရွိ တိုင္းရင္းႏြယ္ဖြား ညီအစ္ကိုေမာင္ႏွမ သွ်မ္းလူမ်ိဳးတို႔ရဲ႕ ရိုးရာအကမ်ားထဲက အထင္ကရျဖစ္တဲ့ ကိႏၷရာအကအေၾကာင္းကို ဗဟုသုတရေစေသာငွာ ကူးယူေ၀ငွလိုက္ပါတယ္။)


ျပည္ေထာင္စုျမန္မာနိုင္ငံအတြင္းရွိ ျပည္ေထာင္စုဖြား ရွမ္းတိုင္းရင္းသားလူမ်ိဳးမ်ား၏အေရးအပါဆုံး ယဥ္ေက်းမႈအကကို ၫႊန္ျပပါဆိုလွ်င္ "ကိႏၷရာအက"ကို ၫႊန္ျပရေပလိမ့္မည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ရွမ္း လူမ်ိဳးတို႔၏ရိုးရာယဥ္ေက်းမႈတြင္ အစဥ္အလာႀကီးမားစြာ တည္ရွိခဲ့ေသာ ကိႏၷရာအကကို မေဖာ္ျပလွ်င္ ရွမ္းလူမ်ိဳးတို႔၏ရိုးရာယဥ္ေက်းမႈသည္ ၿပီးျပည့္စုံနိုင္လိမ့္မည္ မဟုတ္ေခ်။


ရွမ္းအမ်ိဳးသားတို႔၏ကိႏၷရာ ကိႏၷရီလကၡဏာကို ေအာက္ပါအတိုင္း အက်ဥ္းခ်ဳပ္မွတ္သား နိုင္ေပသည္။ 


၁။ ေ႐ႊေရာင္အဆင္းရွိၿပီး အတီး အမႈတ္ အက အခုန္ ကြၽမ္းက်င္သည္။ 

၂။ သိမ္ေမြ႕ႏူးညံ့သည့္အမူအရာရွိသည္။ 

၃။ ပန္းဝတ္မႈံ ဝတ္ဆံမ်ားကိုသာ စားသည္။ 

၄။ ပသာဒငါးပါးႏွင့္ျပည့္စုံသည္။ 

၅။ ဘုရားပြင့္သည့္ေန႕တြင္ ဝမ္းသာ႐ႊင္ျမဴးစြာ ကခုန္သည္။ 


အထက္ပါ အဂၤါလကၡဏာငါးခ်က္မွာ ျမန္မာတို႔၏ရိုးရာယဥ္ေက်းမႈမ်ားႏွင့္သင့္တင့္ညီၫႊတ္ မႈရွိသည့္အျပင္ ဘုရားေဟာ ဇာတ္ေတာ္မ်ားႏွင့္လည္း ကိုက္ညီမႈ ရွိေပသည္။


#ကိႏၷရာအကစခဲ့ပုံ 


ျမတ္စြာဘုရားသခင္သည္ တာဝတႎသာနတ္ျပည္၌ ဝါတြင္းသုံးလပတ္လုံး မယ္ေတာ္ျဖစ္ခဲ့ ဖူးေသာ သန ၱဳႆိတနတ္သားအား အဘိဓမၼာတရားေတာ္မ်ားကို ေဟာၾကားေတာ္မူခဲ့သည္။ သီတင္းကြၽတ္လျပည့္ေန႕တြင္ ျမတ္စြာဘုရားသခင္သည္ တာဝတႎသာနတ္ျပည္မွ သကၤ ႆနဂိုရ္ျပည္သို႔ဆင္းသက္ေတာ္မူခဲ့သည္။ ထိုသို႔ဆင္းသက္ေတာ္မူရာ၌ လူ နတ္ ျဗဟၼာ ကိႏၷရာ ကိႏၷရီ တို႔ပါမက်န္ ျမတ္စြာဘုရားရွင္အား လာေရာက္ဦးၫႊတ္ပူေဇာ္ၾကသည္။ ထိုသို႔ ဘုရားရွင္အား လာေရာက္ပူေဇာ္ကန္ေတာ့ၾက သည့္သတၱဝါအေပါင္းတို႔တြင္ လွပ ေက်ာ့ရွင္း ေဖာ့ယမင္းကဲ့သို႔ ႏြဲ႕ႏွောင္းေပ်ာ့ေျပာင္းေသာ ဟန္အမူအရာရွိသည့္ကိႏၷရာ ကိႏၷရီတို႔လည္း ပါ ဝင္ၾက၏။ ကိႏၷရာ ကိႏၷရီတို႔သည္ ျမင္းမိုရ္ေတာင္မွ ဆင္းသက္လာၾကသည္ဟူ၏။ လူတစ္ပိုင္း ငွက္တစ္ပိုင္းပင္ျဖစ္ေသာ္လည္း အျခားေသာသတၱဝါမ်ားထက္ လွပႏြဲ႕ႏွောင္း စြာ ပူေဇာ္ကန္ေတာ့ၾကသည္ဆို၏။ ကိႏၷရာ ကိႏၷရီတို႔သည္ ျမတ္စြာဘုရားရွင္အား ယဥ္ေက်းသိမ္ေမြ႕စြာ ပူေဇာ္ကန္ေတာ့ၿပီး ကခုန္ျမဴးတူးကာ ျမင္းမိုရ္ေတာင္သို႔ ပ်ံသြားၾကေတာ့သည္။ ျမတ္စြာဘုရားရွင္အား လာေရာက္ဖူးေျမာ္ ပူေဇာ္ကန္ေတာ့ၾကသည့္ပရိသတ္မ်ားမွာ ကိႏၷ ရာတို႔၏လွပဆန္းသစ္ေသာ အမူအရာႏွင့္ကႀကိဳးကကြက္မ်ားမွာ မ်က္စိထဲမွ မထြက္နိုင္ၾကသျဖင့္ တသ သ လြမ္းတေျမ့ေျမ့ ကြၽမ္းမတတ္ ခံစားၾကရသည္ဟူ၏။ ထို႔ေၾကာင့္ ပန္တ်ာႏွင့္ပတ္သက္၍ကြၽမ္းက်င္သူတို႔က ျမင္ေတြ႕လိုက္ရသည့္ကိႏၷရာကႀကိဳး ကကြက္မ်ားကို အတုယူၿပီး လူျဖင့္ အစားထိုး ကျပခဲ့ၾကသည္။ ထိုအခ်ိန္မွစ၍ "ကိႏၷရာအက"စတင္ျဖစ္ေပၚလာေၾကာင္း ရွမ္းလူမ်ိဳးတို႔၏ရိုးရာယဥ္ေက်းမႈ အစဥ္အလာအရ သိရွိရေပသည္။


#စၾကဝေတးမင္းလက္ထက္ 


စၾကဝေတးမင္းလက္ထက္ ကိႏၷရာအက ရွမ္းလူမ်ိဳးတို႔၏ရိုးရာယဥ္ေက်းမႈအစဥ္အလာအရ 'ကိႏၷရာအက'ျဖစ္ေပၚလာပုံတစ္ခုမွာ ေအာက္ပါအတိုင္း ျဖစ္သည္။ စၾကဝေတးမင္း စိုးစံစဥ္ကာလက ဘုန္းတန္ခိုးအာဏာထက္ျမက္သည့္မင္းျဖစ္သည့္အား ေလ်ာ္စြာ တစ္ႏွစ္လွ်င္ တစ္ႀကိမ္ လူ နတ္ တိရစ ္ဆာန္မ်ား လာေရာက္ပူေဇာ္ကန္ေတာ့ၾကရသည္။ လာေရာက္ပူေဇာ္ၾကသည့္သတၱဝါ အေပါင္းတို႔တြင္ ကိႏၷရာ ကိႏၷရီငွက္တို႔သည္ လွပရႈခ်င္စ ဖြယ္ရွိၿပီး ယဥ္ေက်းသိမ္ေမြ႕ေသာ ဟန္အမူအရာႏွင့္ျပည့္စုံၾက၏။ ႏူးညံ့ေပ်ာ့ေပ်ာင္း ဖေရာင္းသဖြယ္ျဖစ္ ၏။ အမ်ားႏွင့္မတူ တစ္မူထူးျခားသည့္ကႀကိဳးကကြက္မ်ားျဖင့္ သီဆိုျမဴးတူး ကခုန္ေပ်ာ္႐ႊင္ေလ့ရွိၾက သည္ ဆို၏။ ကိႏၷရာတို႔သည္ ႏွစ္စဥ္ႏွစ္တိုင္း စၾကဝေတးမင္းအား လာေရာက္ပူေဇာ္ကန္ေတာ့ေလ့ရွိရာ ေတြ႕ျမင္ရသူတို႔မွာ လြမ္းဆြတ္ၾကည္ႏူး ႐ႊင္ျမဴးပီတိ ျဖစ္ၾကရၿပီး စြဲတသသျဖင့္ ရႈမဝေအာင္ ျဖစ္ေနၾကရ ၏။ စၾကဝေတးမင္း မရွိသည့္ေနာက္ မင္းအဆက္ဆက္ ေျပာင္းလာခဲ့ၾကရာ မင္းတို႔၏စရိုက္ မတူညီၾကသျဖင့္ ကိႏၷရာ ကိႏၷရီငွက္မ်ားလည္း လာေရာက္ပူေဇာ္ကန္ေတာ့ၾက သည့္စဥ္အလာမွာ ေပ်ာက္ကြယ္သြားေတာ့သည္။ မိဘဘိုးဘြားမ်ားက ကိႏၷရာတို႔အကအေၾကာင္း ထုံးေဟာင္းသက္ေသရွိခဲ့ပုံမ်ားကို သား စဥ္ေျမးဆက္ ေျပာျပခဲ့ရာ ကိႏၷရာတို႔၏ဟန္ပန္အမူအရာျဖင့္ ကႀကိဳးကကြက္မ်ားကို ေတြ႕ျမင္လိုၾကသည့္ ဆႏၵမ်ား ျဖစ္ေပၚလာၾကသည္။ ထို႔ေၾကာင့္ ဘုရင္မင္းျမတ္က ေတာကြၽမ္းသည့္မုဆိုးႀကီးအား ေခၚယူကာ ကိႏၷရာငွက္ကို လက္ရဖမ္းယူခဲ့ရန္ ေစလႊတ္လိုက္သည္။ မုဆိုးႀကီးက ဘုရင့္အမိန႔္ေတာ္အတိုင္း ေထာင္ေခ်ာက္ျဖင့္ ဖမ္းယူရာ ကိႏၷရာငွက္ကို ရရွိခဲ့သည္။ ကိႏၷရာငွက္သည္ မုဆိုးလက္သို႔ ေရာက္ရွိခဲ့ရေသာ္လည္း ရက္စက္ၾကမ္းၾကဳတ္သည့္လူ သားမ်ားႏွင့္ေတြ႕ဆုံရန္ ဝန္ေလးေနရွာ၏။ ထို႔ေၾကာင့္ပင္ ကိႏၷရာငွက္ကို ေစာင့္ေရွာက္ရန္ ရွမ္းဘာသာ ျဖင့္ ကြန္းန္ခူင္(ျမန္မာလို အေစာင့္အေရွာက္ဘီလူး)ေခၚ လူ႕တိရစ ္ဆာန္ႀကီးတစ္ဦးက လိုက္ပါလာရ၏။ သုဝဏၰသာမဇာတ္တြင္ ကိႏၷရာတို႔သည္ လူကို ေၾကာက္႐ြံ႕ထိတ္လန႔္ေၾကာင္း ပါရွိသျဖင့္ ရွမ္းလူမ်ိဳးတို႔၏အယူအဆႏွင့္တူညီေနပုံကို သတိမူသင့္၏။ ကိႏၷရာ၏အေစာင့္အေရွာက္ ဘီလူးပါရွိလာ ပုံႏွင့္ပန္းခ်ီပန္းပုမ်ားတြင္ ဘီလူး႐ုပ္ႏွင့္ယွဥ္တြဲပါရွိေနပုံမ်ားကို သတိမူသင့္၏။(ဤကား စကားခ်ပ္)


#အစဥ္အလာအတိုင္းကျပၾကျခင္း


ရွမ္းျပည္နယ္ အခ်ိဳ႕ေသာေဒသမ်ားတြင္ အထက္ပါအယူအဆအတိုင္း ကိႏၷရာတစ္ေကာင္ မုဆိုးတစ္ေယာက္ႏွင့္ကြန္းန္ခူင္တစ္ေကာင္တို႔ ပါဝင္ကျပၾကသည္ကို ေတြ႕ရ၏။ ကျပပုံမွာ မုဆိုးႀကီးက ေလးျမားၫႊတ္ကြင္းမ်ား ကိုင္ေဆာင္၍ လွည့္လည္ေနဟန္၊ ကိႏၷရာ မွာ ကြင္းလယ္၌ ကျပေနဟန္၊ ထို႔ေနာက္ မုဆိုးႀကီးက ေထာင္ေခ်ာက္မ်ားကို ျပင္ဆင္ျပဳလုပ္ေနဟန္၊ ကိႏၷရာကို ေလးျမားျဖင့္ ပစ္ခတ္ေနဟန္ စသည္ျဖင့္ သ႐ုပ္ေဖာ္ကျပၾကသည္။ ကိႏၷရာကို ေစာင့္ေရွာက္ရန္ လိုက္ပါလာသည့္ကြန္းန္ခူင္ကမူ ခက္ရင္းခြ သို႔မဟုတ္ လွံ တစ္ေခ်ာင္းကို ကိုင္ေဆာင္ၿပီး ကိႏၷရာ၏အနီးတြင္ ရွိေနရသည္။ ကြန္းန္ခူင္သည္ လူမ်ားအၾကား မေရာက္ရွိဖူးသျဖင့္ ထိတ္လန႔္ေနဟန္၊ ကိႏၷရာအား လူတို႔ ရန္မျပဳနိုင္ေစေရးအတြက္ ေခ်ာက္လွန႔္ေနဟန္ စသည္ျဖင့္ ဟာသရသေပၚလြင္စြာ လႈပ္ရွားျပသရသည္။ ပြဲၾကည့္ပရိသတ္မ်ားမွာ အထူးႏွစ္ၿခိဳက္ၾကသည္။ ဘုရင့္အမိန႔္ေတာ္အရ မ်က္စိသူငယ္၊ နားသူငယ္ျဖင့္ လူပုံအလယ္ ေရာက္ရွိလာရေသာ ကိႏၷရာအေပၚ က႐ုဏာစိတ္မ်ား ျဖစ္ပြားၾကရသည္။ မုဆိုးႀကီး၏ ၾကမ္းၾကဳတ္ခက္ထန္မႈ ေဒါသေရာင္မ်ား လႊမ္းမိုးေနသျဖင့္ ႐ုဒၵရသ ေပၚလြင္ထင္ရွားေစသည္။ ကြန္းန္ခူင္အျဖစ္ သ႐ုပ္ေဆာင္သူမွာ ေၾကာက္လန႔္ဖြယ္ရွိသည့္မ်က္ႏွာဖုံးတပ္ဆင္ထားၾက သည္။ အဝတ္ကိုလည္း ရွမ္းစကၠဴမ်ားကို ေမြးရွည္သဏၭာန္ျပဳလုပ္ၿပီး ဝတ္ဆင္ထားသည္။ ကိႏၷရာကသူ အေမာအပန္းေျဖေနခိုက္ မုဆိုးက ရိုးရာသီခ်င္းကိုလက္တန္းသီဆိုၾကသည္။ ကျပသည့္အဖြဲ႕ထဲမွာ ဝါသနာပါသူမ်ားလည္း ဝင္ေရာက္၍ ဆိုနိုင္သည္။ အိမ္ေရွ႕၊ ၿခံေရွ႕ စသည္တို႔၌ ကျပသည့္အခါ အိမ္ရွင္၊ ၿခံရွင္မ်ားအား ေက်းဇူးတင္ေၾကာင္း၊ စည္းစိမ္ဥစၥာ တိုးပြားေစေၾကာင္း စသည့္ဆုေတာင္းသီခ်င္းမ်ိဳးကို စပ္ဆိုေလ့ရွိၾကသည္။


#ကိႏၷရာကိႏၷရီဝတ္စုံ 


ရွမ္းကိႏၷရာကမည့္သူ၏ဦးေခါင္းတြင္ မကိုဋ္ပါသည့္ေခါင္းကို မ်က္ႏွာစြပ္ထားရသည္။ ေတာင္ပံႏွင့္အၿမီးကို သုံးထပ္မွခုနစ္ထပ္အထိ ျပဳလုပ္ၾကသည္။ ခုနစ္ထပ္ရွိလွ်င္ သုံးထပ္မွာ အေသျပဳ လုပ္ထားၾကသည္။ က်န္ေလးထပ္ကိုမူ အရွင္ျပဳလုပ္ထားရသည္။ [ကိႏၷရာအေသး(အငယ္)ဆိုလွ်င္ ေတာင္ပံႏွင့္အၿမီးႏွစ္ထပ္သာ ရွိသည့္ဝတ္စုံကို အသုံးျပဳၾကသည္။] ကိႏၷရာေတာင္ပံကို လက္ေမာင္းရင္းႏွင့္လက္ေကာက္ဝတ္တြင္ ႀကိဳးျဖင့္ခ်ည္ထားၾကသည္ ေနာက္ထိန္းႀကိဳးႏွစ္ေခ်ာင္းကို လည္ပင္းမွာသိုင္းၿပီး ခါးပတ္၌ခ်ည္ထားၾက၏။ ေတာင္ပံႏွင့္အၿမီးကို လွ လွပပလႈပ္ရွားေစေရးအတြက္ ေနာက္ထိန္းႀကိဳးကို အသုံးျပဳျခင္းျဖစ္သည္။ ေတာင္ပံအေရာင္ကို ဖဲအ စိမ္းေရာင္ျဖင့္ အသုံးျပဳၾကသည္။ အခ်ိဳ႕က ပိတ္ပါးအစိမ္းေရာင္ျဖင့္ ျပဳလုပ္ၾကသည္။ "ျမေၾကာစိမ္းစိမ္း ျမရည္လိမ္း"ဆိုသည့္ႏွယ္ သဘာဝက်ေသာ စီစဥ္မႈတစ္ရပ္ ျဖစ္သည္။ အကၤ်ီကို ရင္ေစ့ခ်ဳပ္ထားၿပီး ရင္ပတ္၌ ေ႐ႊျပားေငြျပား ကပ္ထားေလ့ရွိၾကသည္။ နတ္ဝတ္ တန္ဆာကဲ့သို႔ ျပဳလုပ္ထားၾကသည္။ ေ႐ႊခ်ည္ထိုး ေဘာင္းဘီခံၿပီး ပုဆိုးေတာင္ရွည္ကို ခါးေတာင္းက်ိဳက္ ၍လည္း ဝတ္ဆင္ၾက၏။ ကိႏၷရီမ၏ေတာင္ပံကို ႏွစ္ထပ္မွသုံးထပ္အထိ ျပဳလုပ္ၾကသည္။ ပန္းန္ကူမ္ေခၚမကိုဋ္မွာ ကိႏၷရာႏွင့္မတူဘဲ အမ်ိဳးအစားကြဲျပားေအာင္ ျပဳလုပ္ေလ့ရွိၾကသည္။


#ေရွးကရွမ္းကိႏၷရာအက 


ေရွးက ရွမ္းကိႏၷရာအကမ်ားမွာ အလြန္စိတ္ဝင္စားဖြယ္ ေကာင္းသည္ဆို၏။ ႀကိဳးေပါင္း ၆၀ ေက်ာ္တပ္ၿပီး မ်က္ႏွာဖုံးလွလွစြပ္ကာ ရွမ္းေဘာင္းဘီႏွင့္လက္ၾကပ္အကၤ်ီအေပၚတြင္ လယ္ဂ်ာ၊ ခါးပုံ၊ ခါးစည္း၊ လက္စည္းမ်ားအျပင္ အိုးစည္သံႏွင့္လိုက္၍ ေပ်ာ့ေပ်ာင္းသိမ္ေမြ႕ညက္ေညာစြာ ကျပေလ့ရွိၾက သည္ဟုသိရသည္။ အၿမီးအေတာင္ကို ဖြင့္ခ်ည္ပိတ္ခ်ည္ျပဳလုပ္၍ လက္ေခ်ာင္းကေလးမ်ားတြင္ ႀကိဳးတပ္ၿပီး လက္လႈပ္ဟန္ကိုလိုက္၍ အေတာင္မ်ား ႂကြႂကြ႐ြ႐ြျဖစ္ေစခဲ့သည္ဆို၏။ အလြန္ေပ်ာ့ေပ်ာင္းေသာအမ်ိဳး သားမ်ားသာ ကျပေလ့ရွိသည္။ ကိႏၷရာတို႔၏ရိုးရာသဘာဝအတိုင္း ဆင္ယင္ကျပျခင္းျဖစ္၍ လြန္စြာၾကည့္ေကာင္းသည္ဟု ဆို၏။ ေနာက္ျပန္ခါးေကာ့၍ အေတာင္ခ်ည္းသာ လႈပ္ရွားကျပသည့္ယဥ္ေက်းမႈအႏုပညာရပ္မ်ားအား ယခုအခါ မျမင္ေတြ႕ရေတာ့သည္မွာ ဝမ္းနည္းဖြယ္ ေကာင္းလွ၏။ ဤကား ေရွးေခတ္ေဟာင္း ေအာက္ေမ့ဖြယ္အျဖစ္ တင္ျပရျခင္း ျဖစ္၏။


 ==#တစ္လေက်ာ္ကျပရ ==

 ရွမ္းလူမ်ိဳးတို႔၏ကိႏၷရာအကႏွင့္အတူ တိုးနယားအကကိုလည္း ပူးတြဲက်င္းပေလ့ရွိၾက သည္။ ဘုရားသခင္ သကၤႆနဂိုရ္ျပည္သို႔ ဆင္းသက္ႂကြခ်ီေတာ္မူစဥ္က တိုးနယားလည္း ပါဝင္သည္ ဆို၏။ ထို႔ေၾကာင့္ ရွမ္းကိႏၷရာအကႏွင့္အတူ တိုးနယားအကကိုလည္း ထည့္သြင္းက်င္းပၾကသည္။ ရွမ္းျပည္နယ္ ကိႏၷရာအက(တိုးနယားအက)မ်ား ကျပရာတြင္ သီတင္းကြၽတ္ပြဲေတာ္တြင္ က်င္းပပုံမွာ တစ္မူထူးျခားလွ၏။ သီတင္းကြၽတ္လျပည့္ေန႕တြင္ ဥပုသ္သီလ ေစာင့္ထိန္းၾက၏။ အလႉဒါနျပဳလုပ္ၾက၏။ "တစ္မူးရလို႔ တစ္ပဲလႉ တို႔ရွမ္းေတာင္သူ တူနိုင္ရိုးလား"ဆိုသည့္စကားပုံအတိုင္း အလႉေရစက္ လက္ ႏွင့္မကြာေသာသူမ်ား ျဖစ္၏။ သီတင္းကြၽတ္လျပည့္ေက်ာ္တစ္ရက္ေန႕မွစ၍ တစ္ညလွ်င္ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ ေက်ာင္းက်စီ ပူေဇာ္ကန္ေတာ့ပြဲ ျပဳလုပ္ေလ့ရွိသည္။ ေဒသအတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအား လုံးမွ သံဃာေတာ္အရွင္ျမတ္တို႔သည္ ပူေဇာ္ကန္ေတာ့ပြဲ ျပဳလုပ္မည့္ေက်ာင္းသို႔ ႂကြေရာက္လာၾကရ သည္။ ပူေဇာ္ပြဲက်င္းပသည့္႐ြာမွ တကာ တကာမမ်ားက လႉဖြယ္ဝတၳဳပစၥည္းမ်ိဳးစုံတို႔ျဖင့္ သံဃာေတာ္ မ်ားအား ပူေဇာ္လႉဒါန္း ဆက္ကပ္ၾကသည္။ ထိုသို႔အစဥ္အလာအတိုင္း ျပဳလုပ္ၾကၿပီးမွ ရွမ္းကိႏၷရာအက၊ တိုးနယားအကမ်ားကို အား ပါးတရ ကခုန္ေဖ်ာ္ေျဖၾကသည္။ ယင္းသို႔ တစ္ညလွ်င္ တစ္ေက်ာင္းက် အထက္ပါအစီအစဥ္အတိုင္း ပူေဇာ္ကန္ေတာ့ပြဲမ်ား က်င္းပရသျဖင့္ ေဒသအတြင္း၌ ဘုန္းေတာ္ႀကီးေက်ာင္း မ်ားေလေလ ရက္ၾကာရွည္ေလေလ ျဖစ္ကာ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားေသာ နယ္ေဒသမ်ားတြင္မူ ကိႏၷရာအက၊ တိုးနယားအကမ်ားမွာ တစ္လ ေက်ာ္ေသာ္လည္း က၍မၿပီးနိုင္၊ ပရိသတ္ကလည္း အီ၍ မၿငီးနိုင္ ျဖစ္ရသည္။


 ==#ဆုမြန္ေတာင္းၿပီးမွကျပ ==

 အလႉအတန္းပြဲလမ္းသဘင္ရွိလွ်င္ အလႉရွင္အိမ္ရွင္မ်ားအား လာေရာက္ကျပမည့္ကိႏၷရာ အဖြဲ႕က ႀကိဳတင္အေၾကာင္းၾကားထားရသည္။ အလႉရွင္အိမ္ရွင္မ်ားကလည္း ပန္းေပါက္ေပါက္ႏွင့္ငွက္ ေပ်ာသီးမ်ား ပါဝင္သည့္ကန္ေတာ့ပြဲကို ျပင္ဆင္ေပးရသည္။ ထို႔ေနာက္ ကိႏၷရာအဖြဲ႕ေခါင္းေဆာင္ႏွင့္အလႉရွင္ အိမ္ရွင္တို႔က အခ်ီအခ် ေျပာဆိုၾကရ သည္။ အခ်ီအခ် ေျပာဆိုရာ၌ နေဘ ကာရံမ်ားျဖင့္ အတိုင္အေဖာက္ညီစြာ ေျပာဆိုၾကရသည္။


အိမ္ရွင္။ ။ အေဆြတို႔... ဘယ္အရပ္က လာၾကပါသလဲ။ ဘာေတြမ်ား ယူေဆာင္လာခဲ့ၾကပါသလဲ။

အဖြဲ႕ေခါင္းေဆာင္။ ။ ကျွန်ုပ်တို့မြင်းမိုရ်တောင်ခြေရင်းက လာပါတယ္။ ကျပအသုံးေတာ္ခံရန္ကိႏၷ ရာလည္း ပါလာပါတယ္။


အိမ္ရွင္။ ။ ကိႏၷရာဆိုသည္မွာ ဘယ္လိုငွက္မ်ိဳး ျဖစ္ပါသလဲ။

အဖြဲ႕ေခါင္းေဆာင္။ ။ ကိႏၷရာဆိုသည္မွာ ငွက္ေကာင္းငွက္ျမတ္မ်ိဳး ျဖစ္ပါတယ္။ ကျပအသုံးေတာ္ ခံလွ်င္ မဂၤလာအေပါင္းႏွင့္ျပည့္စုံၿပီး ေ႐ႊေငြရတနာ စည္းစိမ္ဥစၥာေတြလည္း တိုးပြားလာပါလိမ့္မယ္။


အိမ္ရွင္။ ။ အလို... ဒီလိုဆိုရင္ ကျွန်ုပ်တို့အိမ်ထဲ ဝင္ေရာက္ကျပပါဦးလား။ အေဆြတို႔အဖြဲ႕အားလုံးကို ကန္ေတာ့ပြဲျဖင့္ ခရီးဦးႀကိဳဆိုပါတယ္။ ဤကဲ့သို႔ အခ်ီအခ် ေျပာဆိုၿပီးေနာက္ အသင့္ျပင္ဆင္ထားသည့္ကန္ေတာ့ပြဲကို အဖြဲ႕ေခါင္း ေဆာင္အား ေပးအပ္ရသည္။ အဖြဲ႕ေခါင္းေဆာင္က အိမ္ရွင္(အလႉရွင္)အတြက္ မဂၤလာအေပါင္းႏွင့္ျပည့္စုံေစရန္ ေ႐ႊေငြ ရတနာမ်ား ေပါျပည့္ဝရန္ႏွင့္စည္းစိမ္ဥစၥာမ်ား တိုးပြားေစရန္အတြက္ ဆုမြန္ေကာင္းေတာင္းေပးရသည္။


#ကိႏၷရာအဖြဲ႕စည္းကမ္း ျပင္ဆင္

ကိႏၷရာကမည့္သူသည္ ကိႏၷရာဝတ္စုံကို ပထမဦးဆုံး ကန္ေတာ့ရသည္။ ကန္ေတာ့ၿပီးမွ ဝတ္စုံကို ဝတ္ဆင္ရသည္။ ကိႏၷရာဝတ္စုံကို ဝတ္ၿပီးလွ်င္ အိုးစည္ကို ကန္ေတာ့ၿပီးမွ ကျပရသည္။ ကျပရာ၌ အိမ္ရွင္မ်ား၏ဆႏၵအတိုင္း ကျပရသည္။ ရရွိသည့္ဆုေငြကို အဖြဲ႕သားအားလုံး ပိုင္ဆိုင္ၾကသည္။ ကိႏၷရာဝတ္စုံကို အမ်ိဳးသမီးမ်ား မေက်ာ္လႊားရေခ်။ ၎ျပင္ ဝတ္ၾကည့္၊ စြပ္ၾကည့္ ျခင္းမ်ားလည္း မျပဳလုပ္ရေခ်။


#အကႏွစ္မ်ိဳးႏွင့္ကႀကိဳးကကြက္ 


#ရွမ္းကိႏၷရာတြင္_


လိုင္းကကန္ေတာ့(ကန္ေတာ့ပန္းဆင္အက)ႏွင့္ လိုင္းကေလာ္င္အပုမ္(ဝတၳဳပုံျပင္ သ႐ုပ္ေဖာ္)အကဟူ၍ ႏွစ္မ်ိဳးရွိသည္။


 လိုင္းကကန္ေတာ့(ကန္ေတာ့ပန္းဆင္)အကကို ဘာသာေရးႏွင့္ပတ္သက္သည့္ပြဲလမ္း သဘင္မ်ား၌သာ ကျပရသည္။ ကိႏၷရာတစ္ေကာင္တည္း ကျပရၿပီး မ်က္ႏွာဖုံး တပ္ဆင္ရသည္။ ကျပ မည့္ေနရာတြင္ရပ္၍ ကိႏၷရာဝတ္စုံအလွကို ျပသရသည္။ ေတာင္ပံႏွင့္အၿမီးတို႔ကို လွပစြာ ျဖန႔္ျပရသည္။ ထို႔ေနာက္ ကြင္းတစ္ပတ္ ေလွ်ာက္ျပရသည္။ စ၍ေလွ်ာက္သည့္ေနရာသို႔ ေရာက္ရွိမွ ကိႏၷရာအကကို ကျပရသည္။ လက္အုပ္ႏွစ္ဖက္ခ်ီ၍ ဦးေခါင္းကို ဟိုသည္ငဲ့ကာ ႏြဲ႕ႏြဲ႕ႏွောင္းႏွောင္း ဟန္အမူအရာျဖင့္ ကန္ ေတာ့ပန္းဆင္ၿပီးေနာက္ ကြင္းပတ္၍ ကျပရသည္။ ကျပရာ၌ ေပ်ာ္႐ႊင္ဝမ္းေျမာက္ ျမဴးႂကြသည့္ဟန္အမူ အရာျဖင့္ ကျပရသည္။ ကြင္းတစ္ပတ္ကျပ၍ မူလေနရာသို႔ ေရာက္ရွိေသာအခါ သိမ္ေမြ႕ေသာအမူအရာျဖင့္ ကျပ ရင္း ေရွ႕သို႔တက္ရသည္။ ကြင္းလယ္သို႔ ေရာက္ရွိလွ်င္ ကိုယ္ကို ႏွိမ့္လိုက္၊ ျမင့္လိုက္ျပဳလုပ္ၿပီး တျဖည္း ျဖည္း ေအာက္သို႔ ႏွိမ့္ခ်ဝပ္တြားဟန္ျဖင့္ ေရွ႕တည့္တည့္(ရဟန္းသံဃာေတာ္ သို႔မဟုတ္ လူႀကီးမ်ားစု ေဝးေနထိုင္ရာ)သို႔ ကန္ေတာ့ပန္းဆင္ ကျပၾကရသည္။ ထို႔ေနာက္ ကိုယ္ကို ႏွိမ့္ထားရာမွ တျဖည္းျဖည္းခ်င္းထၿပီး သုံးႀကိမ္ျပည့္ေအာင္ ကန္ေတာ့ ပန္းဆင္ရသည္။ ယင္းသို႔ သုံးႀကိမ္တိုင္တိုင္ ကန္ေတာ့ပန္းဆင္ၿပီးလွ်င္ အိုးစည္တီးသံသို႔လိုက္ၿပီး ေပ်ာ္ ႐ႊင္ျမဴးႂကြ လွပစြာ ကခုန္ေဖ်ာ္ေျဖ တင္ဆက္ၾကသည္။ ကိႏၷရာ၏လွပႏြဲ႕ႏွောင္းသည့္ခႏၶာကိုယ္ႏွင့္အတူ ၿမီးဖ်ားေတာင္ပံတို႔ကို ျဖန႔္လိုက္၊ စုလိုက္၊ ေခါင္းကိုငဲ့လိုက္၊ ေစာင္းလိုက္ျဖင့္ ကျပေနသည့္ကိႏၷရာအကမွာ ပရိသတ္မ်ား မွင္တက္မိေအာင္ အ သည္းသို႔ထိမွ် စြဲၿငိေစေသာ ရိုးရာအကပညာတစ္ရပ္ ျဖစ္သည္။


 လိုင္းကေလာ္င္အပုမ္(ဝတၳဳပုံျပင္ သ႐ုပ္ေဖာ္)အကကိုမူ မ်ားေသာအားျဖင့္ ဇာတ္စင္မ်ား ေပၚတြင္ ကျပေလ့ရွိသည္။ ထိုအကကို ကျပရာ၌ ကိႏၷရာ ကိႏၷရီေမာင္ႏွံစုံ ပါဝင္ၾကသည္။ အမ်ိဳးသား(ကိႏၷရာ)က မ်က္ႏွာဖုံးတပ္ဆင္ၿပီး အမ်ိဳးသမီး(ကိႏၷရီ)မွာ မ်က္ႏွာဖုံး မတပ္ၾကပါ။ ေရွးဦးစြာ ကိႏၷရာဖိုက ကြင္းတစ္ပတ္ေလွ်ာက္ၿပီး ကျပရာေနာက္သို႔ ကိႏၷရီမက ေနာက္မွ လိုက္ၿပီး ကျပရသည္။ ကိႏၷရာဖိုက ကိႏၷရီမကို စိတ္မခ်သည့္ဟန္ျဖင့္ ရပ္လိုက္၊ သြားလိုက္၊ ကိႏၷရီမ၏ မ်က္ႏွာကို တစ္ဝႀကီး ၾကည့္လိုက္ျဖင့္ ကြင္းတစ္ပတ္ျပည့္ေအာင္ လွည့္၍ကျပရသည္။ ကြင္းလယ္သို႔ ေရာက္ရွိမွ ဝတၳဳဇာတ္လမ္းကို စ၍ကျပရသည္။ ကိႏၷရာဖိုက ေကာင္းကင္သို႔ ျမားသုံးႀကိမ္ပစ္လႊတ္ဟန္၊ ျမားကို လိုက္ဖမ္းဟန္၊ ျမားမွန္သ ျဖင့္ ထိခိုက္နာက်င္လဲက်ဟန္ စသည္ျဖင့္ ျပဳလုပ္ရသည္။ နာက်င္သည့္ဒဏ္ေၾကာင့္ ကိုယ္လုံး၊ ေတာင္ ပံႏွင့္အၿမီးတို႔ကို တဖ်ပ္ဖ်ပ္ခတ္ကာ ယိမ္းယိုင္ေနဟန္ ျပဳလုပ္ျပရသည္။ ကိႏၷရီမက ကိႏၷရာကို ပတ္ၿပီး ဝမ္းနည္းငိုေကြၽး ပူေဆြးေသာက ဗ်ာပါဒမီးေတာက္ကာ အပူလုံးႂကြ၍ ယူက်ဳံးမရ ျဖစ္သည့္ဟန္ျဖင့္ ကျပရသည္။ ထို႔ေနာက္ ကိႏၷရီမက သစၥာတိုင္တည္ၿပီး နတ္သိၾကားမ်ားထံ အကူအညီေတာင္းရသည္။ သိၾကားမင္းက လာေရာက္၍ ကုသေပးသည့္အလား ကိႏၷရီမက ဆင္းလိုက္၊ ပ်ံလိုက္၊ ရစ္ဝဲလိုက္ျဖင့္ ကျပရသည္။ ကိႏၷရာဖိုမွာ ဒဏ္ရာတျဖည္းျဖည္း သက္သာလာဟန္ျဖင့္ လႈပ္ရွားၿပီး ထလာကာ ကိႏၷရာ ကိႏၷရီေမာင္ႏွံ တူစုံတြဲၿပီး ႏႊဲေပ်ာ္ေနၾကဟန္ ျပန္လည္ကျပရသည္။ ပရိသတ္မ်ားမွာ ေသအတူ ရွင္မကြာ မခြဲမခြာ သစၥာရွိၾကသည့္ကိႏၷရာ ကိႏၷရီေမာင္ႏွံကို ၾကည့္ၿပီး သေဘာက်ႏွစ္ၿခိဳက္စြာ အားေပးၾကသည္။


#လက္ဆင့္ကမ္း ေဆာင္႐ြက္သင့္ ျပင္ဆင္

ဇာတကဝတၳဳေတာ္၌ ပါရွိသည့္ စႏၵကိႏၷရီဇာတ္ပုံႏွင့္ အလားတူသည့္ ဤရွမ္းကိႏၷရာအကမွာ လြန္စြာပင္ ၾကည့္ေကာင္းလွ၏။ ရိုးရာစဥ္ဆက္မပ်က္ ကႀကိဳးကကြက္မ်ား တီထြင္၍ ယေန႕တိုင္ရွင္သန္ ေနလ်က္ရွိေသာ ျပည္ေထာင္စုဖြားတိုင္းရင္းသား ရွမ္းလူမ်ိဳးမ်ား၏ ယဥ္ေက်းမႈ အႏုပညာရပ္မ်ားအား ကျွန်ုပ်တို့ ျပည္ေထာင္စုသားမ်ားက လက္ဆင့္ကမ္း ထိန္းသိမ္းထားနိုင္ၾကမည္ဆိုလွ်င္ ပို၍တိုးတက္ လာနိုင္၏။ ေအာင္ျမင္လာနိုင္၏။ ဂုဏ္ယူစရာ၊ ျမတ္နိုးစရာ၊ ႏွစ္ၿခိဳက္စရာအျပည့္ရွိသည့္ရိုးရာယဥ္ေက်းမႈ အေမြအႏွစ္မ်ား တိမ္ေကာပေပ်ာက္ျခင္း မရွိေရးအတြက္ တိုင္းရင္းသားအားလုံး၌ တာဝန္ရွိ၏။ ရွမ္းလူမ်ိဳးတို႔၏ကိႏၷရာအက ကိႏၷရာအယူအဆႏွင့္ယဥ္ေက်းမႈအစဥ္အလာမ်ားမွ ကိႏၷရာ ႏွင့္ပတ္သက္သည့္ဓေလ့ထုံးစံမ်ားအား သိျမင္ခံစားရသည္မွာ သမိုင္းအတြက္ တန္ဖိုးရွိလွ၏။ ယဥ္ေက်း မႈအတြက္ အေထာက္အကူျဖစ္ေစ၏။ ျမန္မာလူမ်ိဳးတို႔အတြက္ ဂုဏ္ယူစရာေကာင္းသည့္ရိုးရာယဥ္ ေက်းမႈအေမြအႏွစ္မ်ားျဖစ္၏။ ယဥ္ေက်းေသာ၊ သိမ္ေမြ႕ေသာ၊ ရိုးသားေသာ၊ အႏုပညာရပ္ေပါင္းစုံပါဝင္ေသာ ကိႏၷရာအ လွ ကိႏၷရာအကသည္ ရွမ္းလူမ်ိဳးတို႔အတြက္သာမက ျမန္မာတစ္မ်ိဳးသားလုံးတို႔အတြက္ လက္ဆင့္ ကမ္းေဆာင္႐ြက္ရမည့္ရိုးရာယဥ္ေက်းမႈ အေမြအႏွစ္တစ္ရပ္ပင္ ျဖစ္ပါေတာ့သည္။ [၁]


#ကိုးကား_


 စိၾတ ေရးသားေသာ "ကိႏၷရာ ကိႏၷရီ"စာအုပ္ စာမ်က္ႏွာ(၃၆ မွ ၄၄ ထိ)

Bhonebsmမွ လြန္ခဲ့ေသာ ၁၀ ရက္ အၾကာက ေနာက္ဆုံး တည္းျဖတ္ခဲ့သည္။


#credit_wikipedia

No comments: