Friday, October 29, 2021
Chapati - Puri - Khaja - Paratha
 Chapati - Puri - Khaja - Paratha
Chapati
ချပါတီလုပ်နည်းအမျိုမျိုးရှိပါတယ်အခြေခံအားဖြင့်တော့တူညီကြပြီးပါဝင်ပစ္စည်းအနည်းငယ်ကွဲပြားကြပါတယ်။ဂျုံကြမ်းကိုသာအသုံးပြုပြီး ပြုလုပ်ရပါတယ်။
ခ်ပါတီ Dough
*********
Wheat Flour - ၃၅၀ဂရမ် (ဂျုံကြမ်း) 
ကြက်ဥ - တစ္လုံး
ဆား - လ်ဘက်ဇွန်း တစ်ဝက်
သကြား - နှစ်ဇွန်း စားပွဲတင်ဇွန်း
ရေ -  ၁၇၅ ml
ဆီ - ၂၀ ဂရမ်
ပြုလုပ်နည်း
*******
(၁)ဇလုံတခုတွင်ဂျုံမှုန့်နှင့်ပါဝင်ပစ္စည်းများကိုထည့်ပြီးဆယ်မိနစ်ခန့်နှယ် ပြီး နှပ်ထားပါ။
(၂)ဂျုံနှပ်လျှင်မိမိနှစ်သက်ရာဆိုဒ်အလုံးလေးများလုံးပါ(ခုလုပ္ထားတဲ့ ဆိုဒ်ရှစ်ခုရပါတယ်)
(၃)ပြီးလျှင်လုံးထားသောဂျုံကိုလိမ့်တုံးဖြင့်ဖြန့်ပြီးအလယ်တွင်ဆီသုတ်ကာလေးထောင့်လေးခေါက်ပြီးဘမ်းတခုတွင်ထည့်၍ဖုံးအုပ်ထားပါ။
(၄)ဂျုံလုံးအားလုံးခေါက်ပြီးပါကပထမဆုံးအလုံးမှစကာဂျုံမှုန့်ဖြူးပြီးသာသာ ဖြန့်ပါ ။
(၅)အိုးတခုတွင်ဆီ (သို့ ) ထောပတ်သုတ်ပြီး ကြော်ပါ။ မီးပျင်းရပါမယ်။ အရောင်ရလျှင်တဖက်ကိုလှန်ပြီးဆက်ကြော်ပါ။ အပေါ် မျက်နှာပြင်ကိုထောပတ်သို့ ဆီသုတ်ပေးပါ။ (၆)နှစ်ဘက်လုံးအရောင်ရလျှင်ချ ပြီးမသုံးဆောင်မှီအိုးတခုတွင် ထည့်ပြီးလေလုံ အောင်အုပ်ထားပါ။ (လေသလပ်ကမာခြောက်ခြောက် ဖြစ်တတ်ပါတယ်)
(၇) ကြက်သားဟင်း၊ အာလူးဟင်း၊ ပဲဟင်း၊ စွတ်ပြုတ် နှစ်သက်ရာဖြင့် (ကြက်သွန်၊ခရမ်းချဉ်သီးပူစီနံ) အချဉ်သုပ်ပြီး တွဲဖက်သုံးဆောင်နိုင်ပါပြီ။
ချက်ပြုတ်ပြသူ - Sofia
အာလူးပူရီ
ပါဝင်ပစ္စည်းများ
ဂျုံကြမ်း (ဂျုံနယ်ရန်)  -  ၁၀ ကျပ်သား (ဂျုံနုလည်း အသုံးပြုလို့ရပါတယ်)
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
သကြား  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း 
ရေ  -  အကြမ်းပန်းကန်လုံး ၂ လုံးခန့်
ဂျုံမှုန့် (ဖြူးရန်အတွက်)  -  အနည်းငယ် 
ပူရီကြော်ရန်အတွက်
ဆီ  -  ၁၀ ကျပ်သား 
ပြုလုပ်နည်း
 ဦးစြာ ဂျုံထဲ ဆား၊ သကြားနှင့် ရေထည့်ပြီး ပျော့ပျောင်းလာအောင် နယ်ပါ။ နယ်သားကျလာလျှင် ဆီထည့်ပြီး ထပ်၍နယ်ပါ။ ဂျုံသား နယ်သားကျပြီး ချောမွတ်လာပြီဆိုလျှင် အဝတ်ရေစိုလေးအုပ်ပြီး ၁ နာရီခန့် နှပ်ထားပါ။ ဂျုံနှပ်ချိန်ပိုလေ မုန့်သား ပိုကောင်းလေပါ။ အချိန်စေ့လျှင် ဂျုံလုံး ၁၀ လုံးခန့် ရအောင်လုံးပါ။ ပြီးလျှင် ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ဂျုံလုံးကို လှိမ့်တံနှင့် လှိမ့်ကာ ပါးပါးဝိုင်းဝိုင်း လေးရအောင် လှိမ့်ပါ။ ဆီပူအိုးတည်ပြီး မီးအလယ်အလတ်နဲ့ ပူရီကို ကြော်ပါ။ ကြော်သည့်အခါ ဇွန်းနှင့် ပူရီကို ဖိထားလျှင် ဖောင်း တက်လာပြီး ပူရီဖောင်းဖောင်းအိအိလေးရပါမယ်။
အာလူးဟင်းချက်ရန်အတွက် - 
အာလူး  -  ၂၅ ကျပ်သား 
ဆီ  -  ၂  ၁/၂ ကျပ်သား
ကြက်သွန်နီ  -  ၁ လုံး 
မဆလာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
မုန်ညင်းစေ့  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
ဇီရာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့်  -  အနည်းငယ် 
ဆား  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း 
သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
အရသာမှုန့်  -  ဇွန်းဖျားနှင့် အနည်းငယ်
ပျဉ်းတော်သိမ်ရွက်  -  အနည်းငယ်
ပြုလုပ်နည်း
 အာလူးကို ပြုတ်၍ အခွံနွှာပြီး လက်နှင့် အတုံးလေးများရအောင် ခြေထားပါ။ ဆီပူအိုး တည်ပြီး ဆီပူလာလျှင် ပျဉ်းတော်သိမ်ရွက်၊ မုန်ညင်းစေ့၊ နနွင်းမှုန့်နှင့် ဇီရာတို့ကို ၁၀ စက္ကန့်မျှ ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ကြက်သွန်နီ အနည်းငယ် မပျော့မမာဖြစ်လာလျှင် မဆလာထည့်ပြီး အာလူးထည့်၍ မွှေပါ။ ဆား၊ အရသာ၊ သကြားထည့်ပါ။ ရေနွေးအနည်းငယ်ထည့်ပြီး အဖုံးအုပ် ၍ ချက်ပါ။ ဆီကျန်၊ ရေကျန် အနေအထားလေး ဖြစ်ရပါမယ်။
...............
ပန်းခရေ
*** အချဉ်က ကြက်သွန်နီ+ခရမ်းချဉ်သီး+သခြါးသီး+ပူစီနံ+သံပရာရည်ညှစ်ပြီး ငရုပ်သီးစိမ်းလေးကိုက်စား အရမ်းလိုက်ဖက်ပါတယ်။
Khaja ခါဂျာမုန့်လုပ်နည်း
😋😋😋😋😋😋😋😋😋😋
 ပွဲဈေးတန်း၊ မုန့်ဈေးတန်းတွေမှာ မြင်လိုက်ရရင် ခါဂျာအရှည်ကြီးတွေကို ဝယ်မစားရမနေနိုင်အောင်ပါပဲ။ ဝါးဗန်းကြီးထဲမှာ ထပ္ထားတဲ့ ခါဂျာအထပ်ထပ်တွေက ပွဲဈေးတန်းလာသူတွေကို ဆွဲဆောင်မှုအရမ်းရှိလှတယ်။ ဒီခါဂျာလုပ်နည်းကတော့ အသေးစားလေးဖြစ်လို့ မီနီ ခါဂျာလို့ ခေါ်ရမယ်ထင်တယ်။
ပါဝင်ပစ္စည်းများ
ဂျုံမှုန့် - ၁၂၀ ဂရမ်
ဆီ - စားပွဲဇွန်း ၃ ဇွန်း
ဆား - အနည်းငယ်
ရေ - စားပွဲဇွန်း ၄ ဇွန်း
သကြားရည်အတွက် လိုအပ်တာတွေကတော့
သကြား - ၁ ခွက်
ရေ - ခွက်တစ်ဝက်
ပြုလုပ်နည်း
 ဂျုံမှုန့်နဲ့ ဆားကို ဇလုံထဲ ထည့်ပါ။  ဆီထည့်ပြီး အရင်နယ်ရပါမယ်။ အားလုံးနှံ့သွားပြီဆိုမှ ရေကို နည်းနည်းချင်းစီ ထည့်ပြီး နယ်ရပါမယ်။ ဇလုံထဲမွာ ဂျုံမှုန့် လုံးဝမမြင်ရတော့တဲ့အထိ နယ်ပါ။ ဒါဆိုရင် မုန့်သားရပါပြီ။ အဖုံးဖုံးထားပါ။ သကြားကျိုဖို့အတွက် အိုးအေသးတစ္လုံး ထဲကို သကြားနဲ့ရေထည့်ပြီး ပျစ်အောင် ကျိုရပါမယ်။ ပျစ်လာရင် လက်နဲ့ စမ်းကြည့် ပါ။ လက်မှာ စေးကပ်နေပြီဆိုရင် ရပါပြီ။ စားပြဲကို ဂျုံ အနည်းငယ် ဖြူးပါ။ နယ္ထားတဲ့ မုန့်သားကို စားပွဲပေါ် တင်ပြီး နယ်ပါ။ မုန့်သားချောလာရင် ရပါပြီ။ ပြီးလျှင် မုန့်သားကို ၅ ပိုင်း ဖြတ်ပါ။ ဖြတ်ထားတဲ့တစ်ပိုင်းစီကို အလုံးဖြစ်အောင် ပြန်လုံးပါ။ တစ္လုံးစီကို ယူပြီး ဂျုံ ဖြူးထားတဲ့ စားပွဲပေါ် မွာ စက်ဝိုင်းပုံရအောင် တလိမ့် တုံးနဲ့ လိမ့်ပါ။ ကော်ပြန့်ဖတ်လို ပါးနေရပါမယ်။ ဘယ် လောက်ကြီးအောင် လိမ့်ရမလဲဆိုရင် အသားကင်တဲ့ ဝါးချောင်းအရှည်စာလောက် ရွိရ ပါမယ်။ လိမ့်ပြီးရင် ဘေးနားမှာထားပါ။ နောက်တစ်ချပ်ရအောင်လိမ့်ပါ။ ပြီးလျှင် ဘေးမှာချထားတဲ့ ပထမအချပ်ပေါ်ကို ဆီသုတ်ပါ။ ဂျုံအနည်းငယ် ဖြူးပါ။ ပြီးလျှင် ဒုတိယ အခ်ပ္ကို ပထမအချပ်ပေါ် တင်ထားပါ။ ကျန်တဲ့ ၃ ချပ် ကိုလည်း ဆက်ပြီး ထပ်ပါ။ ထပ်တိုင်းမှာ ဆီသုတ် ဂျုံ ဖြူးရမှာ ဖြစ်ပါတယ်။ ၅ ချပ် မြောက် အထပ်ပေါ်ကို  လည်း ဆီသုတ် ဂျုံဖြူးပါ။ ပြီးလျှင် ဆလင်ဒါပုံစံအရှည် ဖြစ်အောင် လိပ်ပါ။
 လိပ်တဲ့အခါမှာ အစွန်ဆုံးအထပ်တွေမှာ ကွာကျနေရင် ရေနည်းနည်းစွတ်ပြီး ဖိပေးပါ။ ပြီးလျှင် အပိုင်း ၈ ပိုင်း ဖြတ်ပါ။ မုန့်သား အရစ်ပေါင်းများစွာပါတဲ့ မုန့်သားအဝိုင်း ၈ ဝိုင်းရပါမယ်။ တစ်ပိုင်းကို ယူပြီး ထောင်ထား ပါ။ ပြီးလျှင် လက်နဲ့ အသာဖိခ်ပါ။ မုန့်သား အရှည်အချောင်း ရပါမယ်။ ကျန်တဲ့ ရ ခုကိုလည်း ဆက်လုပ်ပါ။ ပြီးလျှင် ဆီအိုးထဲ ထည့်ပြီး ကြော်ပါ။ နီညိုရောင်သန်းရင် ဆယ္ထားပါ။ အားလုံးကြော်ပြီး သွားရင်  တစ်ခုချင်းစီကို သကြားရည်မှာ နှစ်ပြီး ဆည်ထားပါ။
-------------------------
Myint Oo Tha
မြင်းခြံ ကြက်သား၊ ပလတာ
မြင်းခြံစတိုင် ကြက်သား နှင့် ပလတာချက်နည်းလေးပါ။ အညာမွာ ခေါ်တဲ့ ပလတာက ရန်ကုန်မှာက အထပ္တရာ ပလတာလို့ ခေါ်ပါတယ်။ ပလတာ လုပ်ပုံ အဆင့်ဆင့်ပါ ဖော်ပြထားတာမို့ လုပ်ရလည်း လြယ္ကူမွာပါ။ အညာ ကြက်သား၊ ပလတာချက်နည်းရဲ့ ထူးခြားချက်က မြင်းခြံ မုန့်ကြွပ်ရယ်၊ ပဲဟင်းရည်နဲ့ တွဲဖက်ပြီ သုံးဆောင်ရတာပါပဲ။ အရမ်းလည်း စားလို့ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်
ပလတာအတွက် ပါ၀င်ပစ္စည်းများ
ဂျုံမှုန့်  ခွက်၂ခွက်
နွားနို့(အပူ)(သို့)ရေပူ  ခွက် ၄ပုံ၃ပုံ
ဆီ  စားပွဲတင်ဇွန်း ၁ဇွန်း
ဆား  လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား  လက်ဖက်ရည်ဇွန်း ၁ဇွန်း
Baking powder  လက်ဖက်ရည်ဇွန်း တ၀က်
ပလတာ ပြုလုပ်နည်း
၁။ ဇောက်ပန်းကန်လုံးထဲ (ဂျုံမှုန့်၊ ဆား၊ သကြား၊ baking powder) တို့ကို ထည့်ပြီ ရောမွှေထားပါ။
၂။ ပြီလျှင် ဆီထည့်ပြီ နွားနို့ကို ဖြည်းဖြည်းခြင်း ထည့်ပြီ ဂျုံဒိုး နူညံ့သည်အထိ သမအောင် လက်ဖြင့် ဂျုံကို နာနာနုယ်ပေးပါ။
၃။ ပြီနောက် ရောနုယ်ထားသော ဂျုံဒိုးကို အ၀တ်သန့်စိုဖြင့် အုပ်ပြီ အနည်းဆုံး မိနစ် ၂၀ခန့် နုပ်ထားပေးပါ။
၄။ ပြီလျှင် ဂျုံးဒိုးကို အရွယ်တူ အလုံး ၆လုံးလုံးပေးပြီ အပေါ်မှ ဆီအနည်းငယ် သုပ်ပေးပါ။
၅။ ဂျုံလုံးဒိုးများကို အပေါ်မှ အ၀တ်စို(သို့)ပလတ်စတစ်အကြည် အုပ်ပြီ နောက်ထပ် ၁၀မိနစ်ခန့် ထပ်နုပ်ပေးပါ။
၆။ ထို့နောက် စားပြဲကို ဆီအနည်းငယ် သုတ်ပြီ ဂျုံဒိုးလုံးကို အပြားလုပ်ပြီ ဒလိမ့်တုံးဖြင့် ဂျုံဒိုး ပါးလွှားသွားသည်အထိ လိမ့်ပေးပါ။
၇။ ပြီနောက် ဂျုံဒိုးပြားကို အလယ်မှ ဓားဖြင့် ထပ်ခြမ်းခြမ်းလိုက်ပါ။
၈။ ပြီမှ ထပ်ခြမ်းခြမ်းထားသော ဂျုံဒိုးပြားတစ်ခုကို ပုံတွင် ပါသည့်အတိုင်း အထပ်ထပ်လေးများ ဆုံးတဲ့အထိ ထပ်သွားပါ။
၉။ ပြီလျှင် ဒိုးပြားကို ပုံတွင် ပါသည့်အတိုင်း အ၀ိုင်းလိမ့်ပေးပါ။
၁၀။ ထို့နည်းအတိုင်း ကျန်ဂျုံဒိုးများကို ပြုလုပ်ပေးပါ။
၁၁။ အ၀ိုင်းလိမ့်ထားသော ဂျုံဒိုးများကို ဒလိမ့်တုံးဖြင့် ၃လက်မခွဲအရွယ် ပြန်လိမ့်ပေးပါ။
၁၂။ ပြီနောက် ဒယ်ထဲ ဂီ(သို့)ဆီ(စားပွဲတင်ဇွန်း ၆ဇွန်း) ထည့်ပြီ ဆီပူလျှင် ဂျုံဒိုးများထည့်ပြီ အရောင်ရသည်အထိ တဖက် ၁မိနစ်နှုန့်ဖြင့် ကြော်ပေးပါ။
ကြက်သား ပလတာဟင်း နဲ့ တွဲဖက် ပါ၀င်ပစ္စည်းများ
ကြက်ရင်ဗုံ  ၁ခု (ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့် အနည်းငယ်ဖြင့် ေ၇ာနုယ်ပြီ ကျက်အောင် ပြုတ်ပြီ ၁လက်မအရွယ် အ၇ှည်ပါးပါးလှီးပါ)
သခြာသီး  ၁ခု (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
ကြက်သွန်နီ  ၃လုံး (ပါးပါးလွီးပါ)
အညာ မုန့်ကြွပ်  လက်၂ဆုတ်စာ
နံနံပင်  ၁စည်း (ပါးပါးလွီးပါ)
ပဲဟင်းရည်အတွက် ပါ၀င်ပစ္စည်းများ
ကုလားပဲ(အစိမ်းမှုန့်)  စားပွဲတင်ဇွန်း ၂ဇွန်း (ရေ(၃၀၀ မီလီလီတာ)ဖြင့် ရောမွှေထားပါ)
ဂျင်း  လက်မ၀က် (ညက်အောင် ထောင်းပါ)
ငရုတ္သီး ဆီချက်  စားပွဲတင်ဇွန်း ၅ဇွန်း
ကြက်သွန်ဖြူ  ၂မွှာ (ညှက်အောင် ထောင်းပါ)
ကြက်သွန်နီ(ဥေသး)  ၈ဥ
ဆား  လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငါးငံပြာရည်  စားပွဲတင်ဇွန်း ၁ဇွန်း
သကြား  လက်ဖက်ရည်ဇွန်း ၂ဇွန်း
အချိုမှုန့်  လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည်  ၁ခွက် (၂၀၀ မီလီလီတာ)
ပဲဟင်းရည် ချက်နည်း
၁။ အရင်ဆုံး ကြက်ပြုတ်ရည်ကို ဆူအောင် မီးအတင့်သင့်ဖြင့်တည်ထားပါ။
၂။ ဆူလာလျှင် ပဲအရည်၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ငံပြာရည်၊ သကြား၊ အချိုမှုန့် တို့ကို ထည့်ပြီ မီးအတင့်သင့်ဖြင့် ပဲပြုတ်ရည် တ၀က်ခမ်းသည်အထိ ဇွန်းဖြင့် မွှေကာ တည်ထားပေးပါ။
ကြက်သား နှင့် ပလတာပြင်ဆင်နည်း
၁။ ခွက်ထဲ (ပလတာ၊ ကြက်သွန်နီ၊ သခြာသီး၊ မုန့်ကြွပ်၊ ကြက်သား၊ နံနံပင်၊ ငရုတ်သီးဆီချက်) တို့ကို ထည့်ပေးပါ။
၂။ ပြီမှ ပဲဟင်းရည်ကို အပေါ်မှ ဆမ်း၊ နံနံပင်အုပ်ပြီ အရသာရွိစြာ အညာစတိုင် ကြက်သား၊ ပလတာဟင်းကို သုံးဆောင်နိုင်ပါပြီ။
ချက်ပြုတ်ပြသူ - Wutyee Foodhouse
Chapati – Puri – Khaja – Paratha
Chapati
ချပါတီ Dough
*********
ကြက်ဥ - တစ်လုံး
ဆား - လ္ဘက်ဇွန်း တစ်ဝက်
ရေ - ၁၇၅ ml
ဆီ - ၂၀ ဂရမ်
ပြုလုပ်နည်း
*******
(၂)ဂျုံနှပ်လျှင်မိမိနှစ်သက်ရာဆိုဒ်အလုံးလေးများလုံးပါ(ခုလုပ်ထားတဲ့ ဆိုဒ်ရှစ်ခုရပါတယ်)
ချက်ပြုတ်ပြသူ - Sofia
အာလူးပူရီ
ပါဝင်ပစ္စည်းများ
ဆီ - စားပွဲဇွန်း ၃ ဇွန်း 
ပူရီကြော်ရန်အတွက်
ဆီ - ၁၀ ကျပ်သား 
ပြုလုပ်နည်း
အာလူး - ၂၅ ကျပ်သား 
ဆီ - ၂ ၁/၂ ကျပ်သား
ကြက်သွန်နီ - ၁ လုံး 
ပြုလုပ်နည်း
...............
ပန်းခရေ
*** အချဉ်က ကြက်သွန်နီ+ခရမ်းချဉ်သီး+သခွါးသီး+ပူစီနံ+သံပရာရည်ညှစ်ပြီး ငရုပ်သီးစိမ်းလေးကိုက်စား အရမ်းလိုက်ဖက်ပါတယ်။
😋😋😋😋😋😋😋😋😋😋
ပါဝင်ပစ္စည်းများ
ဂျုံမှုန့် - ၁၂၀ ဂရမ်
ဆီ - စားပွဲဇွန်း ၃ ဇွန်း
ဆား - အနည်းငယ်
ရေ - စားပွဲဇွန်း ၄ ဇွန်း
သကြား - ၁ ခွက်
ရေ - ခွက်တစ်ဝက်
ပြုလုပ်နည်း
-------------------------
Myint Oo Tha
မြင်းခြံ ကြက်သား၊ ပလတာ
ဂျုံမှုန့် – ခွက်၂ခွက်
ပလတာ ပြုလုပ်နည်း
၆။ ထို့နောက် စားပွဲကို ဆီအနည်းငယ် သုတ်ပြီ ဂျုံဒိုးလုံးကို အပြားလုပ်ပြီ ဒလိမ့်တုံးဖြင့် ဂျုံဒိုး ပါးလွှားသွားသည်အထိ လိမ့်ပေးပါ။
သခွာသီး – ၁ခု (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၅ဇွန်း
ကြက်သွန်နီ(ဥသေး) – ၈ဥ
ပဲဟင်းရည် ချက်နည်း
၁။ ခွက်ထဲ (ပလတာ၊ ကြက်သွန်နီ၊ သခွာသီး၊ မုန့်ကြွပ်၊ ကြက်သား၊ နံနံပင်၊ ငရုတ်သီးဆီချက်) တို့ကို ထည့်ပေးပါ။
၂။ ပြီမှ ပဲဟင်းရည်ကို အပေါ်မှ ဆမ်း၊ နံနံပင်အုပ်ပြီ အရသာရှိစွာ အညာစတိုင် ကြက်သား၊ ပလတာဟင်းကို သုံးဆောင်နိုင်ပါပြီ။
No comments: