Friday, October 22, 2021

အမဲ၀မ်းတွင်းသားနဲ့ ကုလားပဲနှပ် - ခရမ်းချဉ်သီး ကျောက်စိမ်းသုပ် - ငါးပိရည်နဲ့ တို့စရာအစုံ

အမဲ၀မ်းတွင်းသားနဲ့ ကုလားပဲနှပ် - ခရမ်းချဉ်သီး ကျောက်စိမ်းသုပ် - ငါးပိရည်နဲ့ တို့စရာအစုံ


အမဲ၀မ်းတွင်းသားနဲ့ ကုလားပဲနှပ်




ပါ၀င်ပစ္စည်းများ

အမဲ (အသည်း၊ အဆုတ်၊ အူချို၊ အထပ်တစ်ရာ) ငါးဆယ်ကျပ်သား၊ ကုလားပဲ တစ်ဆယ်ကျပ်သား၊ ခရမ်းချဉ်သီး သုံးလုံး၊ ငရုတ်သီးခြောက်(အပု) လေးတောင့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ ၁၅မြွှာ၊ ချင်း လက်တစ်ဆစ်၊ ကရေ၀းရွက် ငါးရွက်၊ ဇီယာ/မဆလာ အနည်းငယ်၊ ဆား၊သကြား၊ငံပြာရည်၊နနွင်း အနည်းငယ်စီ၊ ဆီ ငါးကျပ်သား။

ပြင်ဆင်ချက်ပြုတ်ပုံ

ပထမဆုံး အမဲ၀မ်းတွင်းသားတွေကို အရိအရွဲတွေစင်အောင် ဆားနဲ့ ခပ္နာနာ ပွတ်နယ်၍ ရေသုံးထပ်လောက် ဆေးပါ။ 

ဆေးကြောပြီးရင် ဆား၊သကြား၊နနွင်း၊ငံပြာရည်တို့ဖြင့် သမအောင်နယ်ပြီး နူးအောင်ပြုတ်ပါ။ ကုလားပဲကိုလည်း အစေ့မပျက် နူးအောင် ပြုတ်ထားပါ။

ကြက်သွန်အနီ၊အဖြူတို့ကို အခွံနွှာပြီး ဇီယာ၊ ငရုတ်သီးခြောက်တို့နဲ့ရောပြီး မညက်တညက်ထောင်းပါ။

ဟင်းချက်ဖို့ အသင့်ပြင်ပြီးရင် ဆီပူအိုးထဲတွင် ခရမ်းချဉ်သီးကို လေးစိတ်စိတ်ထည့်၊ ကြက်သွန်အနှစ်တွေကိုလည်းထည့်ကာ ဆီသတ်ပါ။ ကြက်သွန်အနှစ်များနွမ်းပြီး မွှေးလာရင် နူးအောင်ပြုတ်ထားတဲ့ ၀မ်းတွင်းသားတွေရယ်၊ ကုလားပဲ ပြုတ်ပြီးသားရယ်၊ ကရေ၀းရွက်၊ မဆလာတွေပါထည့်ပြီး သမအောင်မွှေကာ အဖုံးအုပ်တည်ပါ။ ဟင်းဆီပြန်ပြီး တဖျစ်ဖျစ်မြည်လာရင် ကျက်ပါပြီ။

ပူပူနွေးနွေးသုံးဆောင်မှ ပိုစားကောင်းတဲ့ ဟင်းမျိုးပါ။


ခရမ်းချဉ်သီး ကျောက်စိမ်းသုပ်




ပြင်ဆင်ပြုလုပ်ပုံ

ခရမ်းချဉ်သီးအစိမ်း ၆လုံး (ရေဆေးပြီး ပါးပါးလွီးထားပါ)၊ ပုစွန်ခြောက်အမှုန့် စတီးဇွန်းသေး ၂ဇွန်း၊ မြေပဲလှော် ၂က်ပ္ခြဲသား (မညက်တညက်ထောင်းထားပါ)၊ ကြက်သွန်နီ ၃ဥ (ပါးပါးလွီး၍ ဆီခ်က္ခ်က္ထားပါ)၊ နံနံပင် အနည်းငယ် (ရေဆေးပြီး ပါးပါးလွီးထားပါ)၊ ဆား၊သကြား အနည်းငယ်စီ။

အားလုံးပြင်ဆင်ပြီးလျှင် အ၀ကျယ် ပန်းကန်တစ်ချပ်ထဲတွင် ခရမ်းချဉ်သီးအပါအ၀င် ဆီချက်၊ အစာပလာများအားလုံးကိုထည့်ပြီး သမအောင်နယ်၍ အရသာအနေတော်ဆိုရင် အရသာရှိပြီး နံနံပင်နံ့လေးသင်းနေတဲ့ ခရမ်းချဉ်သီးကျောက်စိမ်းသုပ်ရပါပြီ။


ငါးငပိရေချို




ငါးကြင်းဖြူ. ၃၀ကျပ်သား

ငါးပိရည်ကျို၁၀ကျပ်သား

ကြက်သွန်နီ၂လုံး

ကြက်သွန်ဖြူ ..၇တက်

ငရုတ်သီးစိမ်း.. ..၁၀တောင့်

ကုလားအော်သီး.၂တောင့်

ငရုတ်လှော်မှုန့်၁ဇွန်း


ငါးကိုရေစင်စြာဆေးပြီးတစ်လက်မအရွယ်အတုံးငယ်များတုံးပြီးဆားအနည်းငယ်ဖြင့်အရသာနယ်ထားပါ။

ငါးပိရေကျို ကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူက်နေအောင်ကျို ပြီးစစ်ယူထားပါ။

ကြက်သွန်နီကိုမီးဖုတ်ပြီးကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ကုလားအော်သီးမ်ားကိုရောပြီးလှော်ပါ။

အားလုံးကိုခပ်ကြမ်းကြမ်းလေးထောင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားသောအရောကိုဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်ဆားနယ်ထားသောငါးတွေကိုရေပြန်ဆေးပြီးထည့်ပါ။

ငါးအသားတွေအနည်းငယ်မာလာလျှင်စစ်ထားတဲ့ငါးပိရည်တွေထည့်ပါ။ငရုတ်လှော်မှုန့့်လေးလဲပေါင်းထည့်ပါ။

ဟင်းခတ်မှုန့် ဖြင့်အရသာဖြည့်ပေးပါ။

မိမိနှစ်သက်သလိုအပျစ်၊အကျဲလေးကိုချိန်ဆပြီးမီးဖိုပေါ်မှချပါ။

မိမိနှစ်သက်ရာတို့စရာများဖြင့်တွဲဖက်ပါ။

ကျွန်တော်တို့ကတော့ ဗူးညွှန့်ပြုတ်၊ကန်စွန်းရွက်ပြုတ်၊ ပိန္နဲသီးပြုတ်၊ ပဲတီချဉ်၊ မြင်းခွာရွက်၊ပူဒီနံရွက်တို့ဖြင့်ပြင်ဆင်ထားပါတယ်။



အမဲ၀မ္းတြင္းသားနဲ႔ ကုလားပဲႏွပ္ - ခရမ္းခ်ဥ္သီး ေက်ာက္စိမ္းသုပ္ - ငါးပိရည္နဲ႔ တို႔စရာအစံု

အမဲ၀မ္းတြင္းသားနဲ႔ ကုလားပဲႏွပ္




ပါ၀င္ပစၥည္းမ်ား

အမဲ (အသည္း၊ အဆုတ္၊ အူခ်ိဳ၊ အထပ္တစ္ရာ) ငါးဆယ္က်ပ္သား၊ ကုလားပဲ တစ္ဆယ္က်ပ္သား၊ ခရမ္းခ်ဥ္သီး သံုးလံုး၊ ငရုတ္သီးေျခာက္(အပု) ေလးေတာင့္၊ ၾကက္သြန္နီ ႏွစ္ဥ၊ ၾကက္သြန္ျဖဴ ၁၅ျမႊာ၊ ခ်င္း လက္တစ္ဆစ္၊ ကရေ၀းရြက္ ငါးရြက္၊ ဇီယာ/မဆလာ အနည္းငယ္၊ ဆား၊သၾကား၊ငံျပာရည္၊နႏြင္း အနည္းငယ္စီ၊ ဆီ ငါးက်ပ္သား။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ပထမဆံုး အမဲ၀မ္းတြင္းသားေတြကို အရိအရြဲေတြစင္ေအာင္ ဆားနဲ႔ ခပ္နာနာ ပြတ္နယ္၍ ေရသံုးထပ္ေလာက္ ေဆးပါ။ 

ေဆးေၾကာျပီးရင္ ဆား၊သၾကား၊နႏြင္း၊ငံျပာရည္တို႔ျဖင့္ သမေအာင္နယ္ျပီး ႏူးေအာင္ျပဳတ္ပါ။ ကုလားပဲကိုလည္း အေစ့မပ်က္ ႏူးေအာင္ ျပဳတ္ထားပါ။

ၾကက္သြန္အနီ၊အျဖဴတို႔ကို အခြံႏႊာျပီး ဇီယာ၊ ငရုတ္သီးေျခာက္တို႔နဲ႔ေရာျပီး မညက္တညက္ေထာင္းပါ။

ဟင္းခ်က္ဖို႔ အသင့္ျပင္ျပီးရင္ ဆီပူအိုးထဲတြင္ ခရမ္းခ်ဥ္သီးကို ေလးစိတ္စိတ္ထည့္၊ ၾကက္သြန္အႏွစ္ေတြကိုလည္းထည့္ကာ ဆီသတ္ပါ။ ၾကက္သြန္အႏွစ္မ်ားႏြမ္းျပီး ေမႊးလာရင္ ႏူးေအာင္ျပဳတ္ထားတဲ့ ၀မ္းတြင္းသားေတြရယ္၊ ကုလားပဲ ျပဳတ္ျပီးသားရယ္၊ ကရေ၀းရြက္၊ မဆလာေတြပါထည့္ျပီး သမေအာင္ေမႊကာ အဖံုးအုပ္တည္ပါ။ ဟင္းဆီျပန္ျပီး တဖ်စ္ဖ်စ္ျမည္လာရင္ က်က္ပါျပီ။

ပူပူေႏြးေႏြးသံုးေဆာင္မွ ပိုစားေကာင္းတဲ့ ဟင္းမ်ိဳးပါ။


ခရမ္းခ်ဥ္သီး ေက်ာက္စိမ္းသုပ္




ျပင္ဆင္ျပဳလုပ္ပံု

ခရမ္းခ်ဥ္သီးအစိမ္း ၆လံုး (ေရေဆးျပီး ပါးပါးလွီးထားပါ)၊ ပုစြန္ေျခာက္အမႈန္႔ စတီးဇြန္းေသး ၂ဇြန္း၊ ေျမပဲေလွာ္ ၂က်ပ္ခြဲသား (မညက္တညက္ေထာင္းထားပါ)၊ ၾကက္သြန္နီ ၃ဥ (ပါးပါးလွီး၍ ဆီခ်က္ခ်က္ထားပါ)၊ နံနံပင္ အနည္းငယ္ (ေရေဆးျပီး ပါးပါးလွီးထားပါ)၊ ဆား၊သၾကား အနည္းငယ္စီ။

အားလံုးျပင္ဆင္ျပီးလွ်င္ အ၀က်ယ္ ပန္းကန္တစ္ခ်ပ္ထဲတြင္ ခရမ္းခ်ဥ္သီးအပါအ၀င္ ဆီခ်က္၊ အစာပလာမ်ားအားလံုးကိုထည့္ျပီး သမေအာင္နယ္၍ အရသာအေနေတာ္ဆိုရင္ အရသာရွိျပီး နံနံပင္နံ႔ေလးသင္းေနတဲ့ ခရမ္းခ်ဥ္သီးေက်ာက္စိမ္းသုပ္ရပါျပီ။


ငါးငပိေရခ်ိဳ




ငါးၾကင္​းျဖဴ. ……………၃၀က်ပ္​သား

ငါးပိရည္​က်ိဳ……………၁၀က်ပ္​သား

ၾကက္​သြန္​နီ……………၂လုံး

ၾကက္​သြန္​ျဖဴ …………..၇တက္​

င႐ုတ္​သီးစိမ္​း.. ………..၁၀​ေတာင္​့

ကုလား​ေအာ္​သီး……….၂​ေတာင္​့

င႐ုတ္​​ေလွာ္​မွဳန္​႔…………၁ဇြန္​း


ငါးကို​ေရစင္​စြာ​ေဆးၿပီးတစ္​လက္​မအရြယ္​အတုံးငယ္​မ်ားတုံးၿပီးဆားအနည္​းငယ္​ျဖင္​့အရသာနယ္​ထားပါ။

ငါးပိ​ေရက်ိဳ ကိုနႏြင္​းမႈန့္အ​နည္​းငယ္​ႏွင္​့အတူက​်​ေန​ေအာင္​က်ိဳ ျပီးစစ္​ယူထားပါ။

ၾကက္​သြန္​နီကိုမီးဖုတ္​ၿပီးၾကက္​သြန္​ျဖဴ ၊င႐ုတ္​သီးစိမ္​း၊ကုလား​ေအာ္​သီးမ်ားကို​ေရာၿပီး​ေလွာ္​ပါ။

အားလုံးကိုခပ္​ၾကမ္​းၾကမ္​း​ေလး​ေထာင္​းပါ။

ဒယ္​အိုးတစ္​လုံးမွာဆီအနည္​းငယ္​ကိုအပူ​ေပးၿပီး​ေထာင္​းထား​ေသာအ​ေရာကိုဆီသတ္​ပါ။

အနည္​းငယ္​​ေမႊးလာလွ်င္​ဆားနယ္​ထား​ေသာငါး​ေတြကို​ေရ​ျပန္​​ေဆးၿပီးထည္​့ပါ။

‌ငါးအသား​ေတြအနည္း​ငယ္​မာလာလွ်င္​စစ္​ထားတဲ့ငါးပိ​ရည္​​ေတြထည္​့ပါ။င႐ုတ္​​ေလွာ္​မႈန္႔​႔​​ေလးလဲ​ေပါင္​းထည္​့ပါ။

ဟင္​းခတ္​မႈန္​႔ ျဖင္​့အရသာျဖည္​့​ေပးပါ။

‌မိမိႏွစ္​သက္​သလိုအပ်စ္​၊အက်ဲ​ေလးကိုခ်ိန္​ဆၿပီးမီးဖို​ေပၚမွခ်ပါ။

မိမိႏွစ္သက္ရာတို႔စရာမ်ားျဖင့္တြဲဖက္ပါ။

ကြၽန္ေတာ္တို႔ကေတာ့ ဗူးညႊန္႔ျပဳတ္၊ကန္စြန္းရြက္ျပဳတ္၊ ပိႏၷဲသီးျပဳတ္၊ ပဲတီခ်ဥ္၊ ျမင္းခြာရြက္၊ပူဒီနံရြက္တို႔ျဖင့္ျပင္ဆင္ထားပါတယ္။

No comments: