Saturday, October 5, 2013

HIV-AIDS မေးခွန်းများ





HIV-AIDS မေးခွန်းများ
• ဘယ်နည်းလမ်းတွေကနေ ကူးစက်သလဲ။
Blood သွေး၊ semen ယောက်ျားလိင်ဆက်ဆံစဉ်မှာထွက်တဲ့အရည်၊ vaginal secretions မိန်းမ ဗဂျိုင်းနာအရည်နဲ့ breast milk နို့ရည်တွေကနေတဆင့် ကူးစက်တယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ အများဆုံးကူးစက်နည်းဖြစ်တယ်။

• သွေးကနေ ဘာလို့ကူးသလဲ။

ဗိုင်းရပ်အမျိုးအစားက လူတကိုယ်လုံးမှာ နေရာရွေးတယ်။ HIV viruses တွေ ကိုယ်ထဲဝင်လာတာနဲ့ မျိုးပွါးဘို့လုပ်တယ်။ အရေအတွက်များလာချိန်မှာ WBC သွေးဖြူဥတွေကိုလဲ တိုက်ခိုက်တယ်။ သွေးဖြူဥဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်စစ်သားတွေ ဖြစ်လို့ ဗိုင်းရပ်စ်တွေကတိုက်ခိုက်တာခံရပြီး နည်းလာတာနဲ့ ကိုယ့်ခုခံအားတွေကျဆင်းလာတယ်။ တော်တော်တန်တန် ရောဂါ ဥပမာ အအေးမိတာ၊ ဝမ်းလျှောတာမျိုးကအစ မခံနိုင်ဖြစ်လာတယ်။


• သွားရည်-တံတွေး-မျက်ရည်တွေကနေ ကူသလား။
မကူးပါ။ အဲတာတွေထဲမှာ ဗိုင်းရပ်စ် အရေအတွက် နည်းလို့ဖြစ်ပါတယ်။


• လိင်ဆက်ဆံရာကနေ မတော်တဆ ဆီးစပ်မွှေး ပါးစပ်ထဲဝင်ရင် ကူးစက်နိုင်သလား။
မကူးစက်ပါ။ ပိုးတွေက ရှင်နေဘို့ ကိုယ်ခန္ဓာထဲကအရည်လိုအပ်တယ်။


• လိင်ဆက်ဆံရာမှာ ပါးစပ်သုံးတာကို ခံယူသူကို ကူစက်သလား။
ကူးစက်နိုင်ပါတယ်။ မျိုမချပေမဲ့လဲ ကူးစက်နိုင်တယ်။ ဒါပေမဲ့ ပြုလုပ်ပေးသူမှာ ပါစပ်နေရာအနီးအနားမယ် အနာ၊ ဒဏ်ရာ၊ သွား-သွားဖုံးရောဂါ ရှိနေမှသာ ကူးစက်နိုင်တယ်။ (ကွန်ွးမ်) သုံးရင် ကာကွယ်နိုင်တယ်။ မပါရင် အနည်းဆုံးတော့ (စီမင်) ကို မျိုမချပါနဲ့။ ပါးစပ်သုံးလို့ ဒီပိုးကူးစက်နိုင်တဲ့ ရာခိုင်နှုန်းက လိင်အင်္ဂါကိုအသုံးပြုတာထက် အတော်ကြီးနည်းပါးတယ်။


• နှုပ်ခမ်းခြင်း နမ်းစုပ်ရာကနေ ကူးသလား။
ဝ့၁% သာကူးစက်တယ်လို့ ပြောနိုင်တယ်။


• တံတွေး မျက်စိထဲဝင်ရင် ကူးသလား။
မကူးစက်လောက်ပါ။ (ဘီ) ပိုးကတော့ ကူးစက်နိုင်တယ်။


• ယောက်ျးလိင်အရည် မျက်စိထဲဝင်ရင် ကူးသလား။
ကူးစက်နိုင်တယ်။


• အသက်ရှူရာကနေ ကူးသလား။
မကူးစက်ပါ။


• ခြင်ကနေကူးသလား။
မကူးစက်ပါ။ ခြင်ရဲ့ကိုယ်က ပိုးအတွက် အေးလွန်းတယ်။


• ဆီး (သေး) ကနေကူးသလား။
မကူးပါ။ ဒါပေမဲ့ ဆီးထဲမှာ သွေးပါနေရင် မပြောနိုင်ပါ။


ဒေါက်တာတင့်ဆွေ (၂၇-၉-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - HIV-AIDS မေးခွန်းများ 

TDF-IVR အမျိုးသမီးထဲမှာ ဆေးကွင်းထည့်ထားရင် HIV ကို ကာကွယ်နိုင်လောက်တယ်

 • လေ့လာမှု အသစ်တခုကနေ အမျိုးသမီးရဲ့ မွေးဖွါးလမ်းကြာင်း (ဗဂျိုင်းနား) ထဲမှာ HIV ကိုကုရာမှာ သုံးတဲ့ဆေး ပါတဲ့ ကွင်းလေးထည့်ထားရင် HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်စရာ ရှိတယ်လို့ သိလာရပါတယ်။

• အကောင်တွေကို စမ်းသပ်ရာမှာ Simian immunodeficiency virus (SHIV) ဗိုင်းရပ်စ်တွေရဲ့ ရန်ကနေ ၁ဝဝ% ကာကွယ်တာကို တွေ့ရှိလာရပါတယ်။


• ဒီစမ်းသပ်မှုကို အမေရိကား၊ (အူတား) တက္ကသိုလ်မှာ ၁ဝ နှစ်ကြာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာခင် လူတွေကို စမ်းပါတော့မယ်။


• ဆေးကွင်းကနေ ဗိုင်းရပ်ကိုနိုင်တဲ့ ဆေးကို စဉ်ဆက်မပြတ် ရာသီစက်ဝန်း တခုလုံး ထုတ်ေးပးနေပါမယ်။


• သောက်ဆေးတွေပေးရင် ဆေးအလေးချိန် များမှရတယ်။ ဆေးကို (ဂျဲလ်) လုပ်ပြီး အတူမနေခင် သုတ်လိမ်းရတာက အဆင်မပြေတာ တွေ့လာရတယ်။ မသုံးချင်ကြဘူးတဲ့။


• အခုဆေးကွင်းသစ်ကို ရက် ၃ဝ မှသာ တခါထည့်ထားဘို့ဖြစ်တယ်။


• TDF-IVR (Tenofovir Disoproxil Fumarate Intravaginal Ring) လို့ခေါ်ပြီး သောက်ဆေးထက် ဆေးနည်းတာနဲ့ ရတယ်။


• ကနေ့ တကမ္ဘာလုံးမှာ လူနာပေါင်း ၃့၅ သန်းသောက်နေရတဲ့ Tenofovir ဆေးကို အမှုံ့လုပ်ထားတယ်။ အရင်က ဒီလိုမစမ်းဘူးသေးပါ။


• NuvaRing ခေါ်တဲ့ ကိုယ်ဝန်တားဆေးကွင်းကို (စီလီကွန်) နဲ့လုပ်ထားပြီး အခုဆေးကွင်းကိုတော့ (ပေါ်လီမာ) တမျိုးနဲ့လုပ်ထားတယ်။ ဆေးထုတ်ပေးနှုန်းမှာ အဆ ၁ဝဝဝ ပိုတ်။


• လူတွေကို နယူးယောက်မှာရှိတဲ့ (အဲလ်ဗတ် အိုင်းစတိုင်း အင်စတီကျု) ဆေးကျောင်းမှာ လာမဲ့နိုဝင်္ဘာလမယ် လုပ်မှာ ဖြစ်ပါတယ်။ အမျိုးသမီး ၆ဝ ကို ၁၄ ရက်ဆေးကွင်းထည့်ထားပြီး စမ်းပါမယ်။


• ဒီဆေးနဲ့အတူ ကိုယ်ဝန်တားဆေးနဲ့ တခြား ဗိုင်းရပ်ဆေးကိုလဲ ရောထည့်ပါအုံးမယ်။


တောင်အာဖရိကားမှာလဲ ဆေးကွင်းကို စမ်းပြီးပါပြီ။ အဲဒီမှာက ဗိုင်းရပ်စ်ဆေး Dapivirine ကို စမ်းပါတယ်။ စမ်းသပ်မှုအဆင့် (၃) ရောက်နေပါပြီ။ မကြာခင်မှာ (မာလာဝီ) နဲ့ (ရဝမ်ဒါ) မှာ ဆက်စမ်းပါမယ်။ ၂ဝ၁၅ ရောက်ရင် အဖြေတွေ သိလာရပါမယ်။ ၂ဝ၁ဝ တုံးက CAPRISA 004 gel သုံးခဲ့တာမှာ ၃၉% သာ ကူးစက်မှုကို တားဆီးတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ရက် ၆ဝ ကနေ ၉ဝ အထိ ထားနိုင်ပြီး၊ ဈေးချိုတာကိုလဲ စမ်းနေပါတယ်။
အမေရိကားမှာ လုပ်တဲ့နည်းက ပိုအလားအလာ ကောင်းတယ်လို့ ပြောရပါမယ်။

ဒေါက်တာတင့်ဆွေ (၂-၁ဝ-၂ဝ၁၃)
ဒေါက်တာတင့်ဆွေTDF-IVR အမျိုးသမီးထဲမှာ ဆေးကွင်းထည့်ထားရင် HIV ကို ကာကွယ်နိုင်လောက်တယ် 

No comments: