Friday, October 25, 2013

ဟိုစပ်စပ် ဒီစပ်စပ်


လက်သန်းချိတ် ကတိပေးခြင်း ဟူသည် (Pinky Swear) 

လက်သန်းချိတ် ကတိပေးတဲ့ ယဉ်ကျေးမှုက ကမ္ဘာတစ်ခုလုံး ပျံ့ နှံ့နေတာ ဖြစ်ပါတယ်။ အမှန်တော့ ယင်း ယဉ်ကျေးမှုက This Little Piggy ကလေးချော့ သီချင်းကနေ စတာ ဖြစ်ပါတယ်။

၁၇ ရာစုကျော်က လက်ချောင်း၊ ခြေချောင်းများကို ရေတွက်ပြီး ဆော့ရတဲ့ ကဗျာ သီချင်းမျိုး ဖြစ်ပြီး Piggy ဆိုတာ လက်တစ်ချောင်းချင်းစီကို ဝက် တစ်ကောင်စီလို့ ရည်ညွန်းသလို ဖြစ်ပါတယ်။ ရည်ရွယ်ချက် ကတော့ ကလေးများ ဂဏန်းသင်္ချာ ရေတွက်တတ်ဖို့ ဖြစ်ပြီး အင်္ဂလန်မှာ စတဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ သို့ပေမယ့် ယင်း ရေတွက်ရာကနေ လက် ကလေးတွေ အချင်းချင်း ( ဝက်ကလေးတွေအချင်းချင်း) ကတိအပြန် အလှန် ပေးကြသလို ဆော့ရင်း လက်သန်းချင်း ချိတ်တယ် ဆိုတာ ကတိပေး တဲ့ သဘောအထိ သက်ရောက်လာပါတယ်။ (ဥပမာ- သူငယ်ချင်းရဲ့  ဝက်ကလေး အပြင်သွားတော့ သူငယ်ချင်း ဝကကလေးကို ပြန်လာမယ်လို့ ကတိပေးတဲ့အနေနဲ့ ကလေးအချင်းချင်း လက်သန်းချိတ်ကြတာမျိုး ဖြစ်ပါ တယ်။
Piggy ကို Pinky လို့ပြောင်းခေါ်ပြီး ယင်းဟာ အမေရိကန်-အင်္ဂလိပ်၊ စကော့တလန် အင်္ဂလိပ်မှာ လက်သန်းကို ရည်ညွန်းပါတယ်။ ဒါကြောင့် Pinky swear ( လက်သန်း ကတိ) လို့ ဆိုလိုပါတယ်။ ဂျပန်မှာ ကျတော့ Finger Cut-off လို့ ဘာသာပြန်ယူပါတယ်။ ဆိုလိုရင်းကတော့ ကတိဖျက်ရင် လက်သန်းကို ဖြတ်ရတာ ဖြစ်ပါတယ်။ ဂျပန်မှာတော့ ကတိ ဖျက်သူဟာ လက်သန်းဖြတ်တဲ့ ယဉ်ကျေးမှုနဲ့ Pinky swear ဟာ တစ်ချိန်က ထင်ရှားခဲ့ဖူး ပါတယ်။ ယနေ့တိုင်လည်း ရာကူဇာ ဂိုဏ်းများမှာ ကလေးတွေ လို လက်သန်းချိတ် ကတိမပေးပေမယ့် ကတိဖျက်တဲ့သူဟာ လက်ချောင်း များ ဖြတ်နေဆဲ ဖြစ်ပါတယ်။

ဒီတော့ Pinky swear ဆိုတာ လက်သန်းနဲ့ ရင်းပြီး ပေးတဲ့ ကတိလို့လည်း အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ကတိတစ်ခု ဖျက်တယ်ဆိုတာ လက်သန်း မရှိတော့မှ ဖျက်နိုင်တယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ သို့ပေမယ့် လက်သန်း ရှိရှိ မရှိရှိ Pinky swear လုပ်ထားပြီးရင် ယင်းကတိဟာ ဘယ်တော့မှ မဖျက်ရဘူးလို့ အဓိပ္ပါယ် ရပါတယ်။

ယနေ့မှာတော့ ယင်း Pinky swear - ကတိကို ကလေးများကြား၊ အရင်းနှီး ဆုံး သူငယ်ချင်းများကြား၊ ချစ်သူများကြား၊ မိဘနှင့် သားငယ်၊ သမီးငယ်များကြား ပေး တတ်ကြပြီး ကတိပေးတဲ့ အမှတ်အသား တစ်ခုအနေနဲ့ တစ်ကမ္ဘာလုံး အသုံးပြုလျက် ရှိပါတယ်။
---
Ref: wiki
.
အောင်ခမ်း ( ရိုးရာလေး )

Retina Display ဖြင့် iPadmini ထွက်ပြီ 

 iPad mini ရဲ့  ဒုတိယမျိုးဆက်ဖြစ်ပြီး သူ့ကို iPad mini 2 လို့ အမည်မပေးပဲ iPad mini with Retina Display လို့ပဲ ရိုးရိုးရှင်းရှင်းခေါ်ဆို ထားပါတယ်။ သို့ပေမယ့် အတွင်းက Specification များကတော့ ပြောင်းလဲ သွားပါပြီ။


iOS7.0.3 ကို အသုံးပြုထားပြီး Chip က A7 ဖြစ်ပါတယ်။ A7 က 64 Bit architecture ကို အသုံးပြုပြီး Desktop class ဖြစ်ကြောင်း မိတ်ဆက်ပွဲမှာ ထည့်ပြောသွားပါတယ်။ Retina Display 9.7 လက်မရဲ့  အရည်အသွေးက 2048x1536 resolution ဖြစ်ပြီး pixel per inch က326 တောင် ရှိပါတယ်။ A7 Chip က CPU Performance ၄ ဆ တက်မယ်။ Graphic Performance ၈ ဆ တက်မယ်။ ပြီးတော့ ဘက်ထရီကို ၁၀ နာရီ အသုံးခံစေပါတယ်။ Wi-Fi, Bluetooth ပါဝင်ပြီး GSM, CDMA network range ကို support လုပ်နိုင်ကြောင့် Connectivity list မှာ ဖော်ပြ ထားပါတယ်။

ဈေးနှုန်းကတော့ 16 GB အတွက်ကို အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ 16 GB, 32GB, 128 GB flash memory ၃ မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPad mini ဒုတိယမျိုးဖြစ်ဖြစ်တဲ့ iPad mini with Retina display ကို နိုဝင်ဘာလအတွင်း ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

iPad mini 2 generation အကြောင်းကို အောက်ပါလခ့်မှာ ဝင်ရောက် အသေးစိတ်ဝင်ရောက် လေ့လာ နိုင်ပါတယ်။
http://www.apple.com/ipad-mini/

.
အောင်ခမ်း ( ရိုးရာလေး )


ထင်းမီးနဲ့ အိုင်ဖုန်းအားဖြည့်မယ်၊ ရေကျိုမယ်

ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၂၀ ကျော်ဆိုတော့ ၁ သိန်းဝန်းကျင် တန်ဖိုးရှိမယ့် ပစ္စည်းလေး ဖြစ်ပါတယ်။
BioLite Stove လို့အမည်ပေးထားပြီး ထင်းမီးထည့်လိုက် ရင်ရေကျိုချက် လို့ရမယ်၊ ဖုန်းအားလည်း သွင်းလို့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဖုန်းကတော့ အိုင်ဖုန်းပဲ ဖြစ်ပါတယ်။ အိုင်ဖုန်း ဘယ်အမျိုးအစားကိုမဆို အားသွင်းလို့ ရပါတယ်။ ရေတစ်လီတာ ကျိုချက်ဖို့ကိုလည်း ၄ မိနစ်ဝန်းကျင်ပဲ ကြာပါ တယ်။ ဒါက ကိုယ်ထည့်တဲ့ ထင်းမီးပမာဏပေါ်လည်း မူတည်ပါတယ်။ ထင်းမီးတစ်ခုတည်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ လောင်နိုင်တဲ့ ဘယ်လိုလောင်စာအမျိုးအစားကို မဆို အသုံးပြုလို့ မီးမွေးလို့ရမှာ ဖြစ် ပါတယ်။

ယင်းမီးကနေ အပူထွက်မယ်။ ယင်းအပူကို သာမိုအလက်ထရစ် ဂျန်နရေတာ က ဆွဲယူပြီး လျှပ်စစ်ဓာတ်အား ထုတ်ပေးပါမယ်။ ယင်း လျှပ်စစ် ဓာတ်အား က USB ပေါက်ကနေ Apple တို့ Gadget တိုင်းကို အားသွင်းလို့ ရမှာ ဖြစ် ပါတယ်။ Android အတွက်လည်း ရှိတယ်လို့ ဆိုပါတယ်။ ဖုန်းတင်မကပဲနဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများကိုလည်း အားသွင်းနိုင်မှာ ဖြစ်ပါ တယ်။

အသေးစိတ်အချက်အလက်များကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://biolitestove.com
အောင်ခမ်း ( ရိုးရာလေး )


No comments: