သူငယ်ချင်းတို့ရေ
အသီးအနှံတွေပေါတဲ့ ဆောင်းဦးရာသီရောက်တော့မယ်။ နာနတ်သီးတွေလည်း လှိုင်လှိုင်ပေါလာ
တော့မယ် မဟုတ်လား။ များသောအားဖြင့် နာနတ်သီးကို အစိမ်းလိုက် ခွဲစားကြတာများတယ်
ဒါပေမယ့် ထိုင်း ဟင်းလျာတွေမှာတော့ ဟင်းလျာတစ်ချို့မှာ
နာနတ်သီးကိုထည့်ချက်တတ်ကြတာမြင်ဖူးစားဖူးတယ်ဗျ။
အခု
သူငယ်ချင်းတို့ အားလပ်ချိန်မှာ နှုတ်မြိန်စေဖို့ နာနတ်သီး ထမင်းကြော်နဲ့
နာနတ်သီးသုပ်စားပုံလေးတွေကို တင်ဆက်လိုက်ပါတယ်...ချိုမြိန်ကြပါစေ....
နာနတ်သီး
ထမင်းကြော်
လိုအပ်သော
ပစ္စည်းများ
၁။
ထမင်း ၃ခွက်စာ
၂။
နာနတ်သီးအမှည့် ၁ လုံး
၃။
မုန်လာဥနီ ၃ပုံတစ်ပုံခန့်
၎။
ကြက်သွန်နီဥလတ် ၁လုံး
၅။
ငရုတ်ပွ ၁ တောင့်
၆။
ငရုတ်ခြောက်တောင့် ၁ တောင့်
၇။
ကြက်သွန်ဖြူ ၃ မွှာခန့်
၈။
ပဲငံပြာရည် စားပွဲတင်ဇွန်း
၁ ဇွန်း
၉။
သကြား စားပွဲတင်ဇွန်း
၁ ဇွန်း
၁၀။
ဆီ စားပွဲတင်ဇွန်း
၂ ဇွန်း
၁၁။
ဆား သင့်ရုံ
၁၂။
ဂျင်း(ထောင်းပြီးသား) လက်ဖက်ရည်ဇွန်းတစ်ဝက်
၁၃။
သီဟိုဠ်စေ့ အနည်းငယ်
၁၄။
စပျစ်ခြောက် အနည်းငယ်
ပြင်ဆင်ပုံအဆင့်ဆင့်
-
နာနတ်သီးကို
ဒေါင်လိုက်အညီအမျှပိုင်းချလိုက်ပါ။ အရွက်များကို မဖယ်ဘဲထားပါ။ နာနတ်သီးအသားများကို
ဓါးဖြင့်လှီးယူလိုက်ပါ။
-
နာနတ်သီးအသားတစ်ဝက်ကို
အပိုင်းသေးသေးလေးများဖြစ်အောင်လှီးထားပါ။
-
ဂျင်း၊ကြက်သွန်ဖြူ၊ငရုတ်ခြောက်တောင့်
တို့ကိုရောထောင်းပါ။
-
ငရုတ်ပွ၊မုန်လာဥနီနှင့်
ကြက်သွန်နီကိုလည်းလှီးထားပါ။
-
ပြုလုပ်ပုံအဆင့်ဆင့်
၁။
ဆီကို ဒယ်အိုးထဲထည့်၍ ကြက်သွန်နီကို အညိုရောင်သမ်းလာသည့်အထိ ဆီသတ်ပါ။
၂။
ထောင်းထားပြီးသားဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ခြောက်တောင့်တို့ကိုထည့်ပြီး ၁
မိနစ်ခန့်ဆီသတ်ပါ။
၃။
လှီးထားသော ငရုတ်ပွနှင့် မုန်လာဥနီတို့ကို ရောထည့်ပြီး နူးညံ့လာသည်အထိ ချက်ပေးပါ။
၎။
ပြီးလျှင် လှီးထားသော နာနတ်သီး၊ဆားနှင့် သကြားစသည်တို့ကိုရောထည့်ပြီး ၁ မိနစ်ခန့်ကြော်ပေးပါ။
၅။
ထမင်း၊ပဲငံပြာရည်၊သီဟိုဠ်စေ့နှင့် စပျစ်ခြောက်စသည်တို့ကို ရောထည့်ပြီး ၁
မိနစ်ခန့်ကြော်ပေးပါ။
၆။
ပြီးလျှင် ပန်းကန်ထဲသို့ထည့်၍သုံးဆောင်နိုင်ပါပြီ။
နာနတ်သီးသုပ်
လိုအပ်သောပစ္စည်းများ
၁။
နာနတ်သီး(အမှည့်) တစ်ခြမ်း
၂။
ငါးပိစိမ်းစား အနည်းငယ်
၃။
ပုစွန်ခြောက်မှုန့် အနည်းငယ်
၎။
သကြား အနည်းငယ်
၅။
ငရုတ်သီးစိမ်း အနည်းငယ်
၆။
ကြက်သွန်နီ ၂
လုံး
၇။
ဆား သင့်ရုံ
ပြုလုပ်နည်းအဆင့်ဆင့်
-
နာနတ်သီးကို
ဓါးဖြင့်မလှီးဘဲ၊ အပိုင်းသေးသေးလေးများဖြစ်စေရန် ဓါးဖြင့်ပေါက်ပေးပါ။
အရမ်းချဉ်မသွားစေရန် နာနတ်သီးအရည်အနည်းငယ်ကို ညှစ်ထုတ်လိုက်ပါ။
-
ကြက်သွန်နီအား
ပါးပါးလှီးထားပါ။
-
ငါးပိစိမ်းစားအား
မီးဖုတ်ထားပါ။
-
ပြီးလျှင်
နာနတ်သီး၊ ငါးပိစိမ်းစား၊ပုစွန်ခြောက်မှုန့်၊သကြား၊ကြက်သွန်နီ၊ ဆားများထည့်နယ်ပြီး
သုံးဆောင်နိုင်ပါသည်။
-
အစပ်ကြိုက်လျှင်
ငရုတ်သီးစိမ်းကို ပါးပါးလှီး၍ထည့်ကာ သုံးဆောင်နိုင်ပါသည်။
Credit: Online Website...
No comments:
Post a Comment