Friday, April 6, 2012

The New iPad



အားလုံးမျှော်လင့်နေကြသလိုပဲ Apple ရဲ့ တတိယမျိုးဆက် iPad ဟာ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် အားလုံးကြိုတင်မှန်းဆခဲ့ကြသလို iPad 3, iPad 2HD, iPad 2 S ဘာတစ်ခုမှမဟုတ်ဘဲ iPad ဆိုတဲ့နာမည်ပဲပြန်သုံးခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ Apple ရဲ့တတိယမျိုးဆက် iPad အသစ်ဖြစ်ပြီး နာမည်ကလည်း ထူးဆန်း၊ ပုံစံကလည်း iPad 2 အတိုင်းပဲဆိုပေမယ့် အဆင့်မြှင့်ထားတာတွေက အများကြီးပါ။ Retina display ဟာ 2048x1536 pixels အထိရှိလာပြီး iPad 2 ထက် လေးဆပိုလာပါတယ်။ ဒါကြောင့် LCD screen ကိုကြည့်နေရ တယ်လို့ မခံစားရဘဲ ဓာတ်ပုံတစ်ပုံကြည့်နေရသလို တစ်သားထဲနေလောက်အောင်ကို pixels တွေကစိပ်ပါတယ်။

Apple ရဲ့ CEO ဖြစ်သူ တင်ကွတ်ခ်က iPad 2 ရဲ့ Screen နဲ့ A5 chip ထက်ပိုကောင်းအောင်လုပ်နိုင်မယ့် ကုမ္ပဏီဟာ Apple ပဲဖြစ်မယ် လို့ဆိုပါတယ်။ သူ့စကားဟာမှားတယ်လို့မပြောနိုင်ပါဘူး။ Apple ရဲ့ အနာဂတ်အစီအမံတွေကလည်း အင်မတန်ကိုစေ့စပ်တယ်ဆိုတာ မြင်သာပါတယ်။

ပထမဆုံး iPad နဲ့လူတွေအားလုံး tablet ကွန်ပျူတာသုံးချင်လာအောင် ဆွဲဆောင်ခဲ့ပါတယ်။ ပြိုင်ဘက်တွေ iPad ကိုမီလာပြီဆိုတာနဲ့ Apple ဟာ iPad 2ကိုမဖြစ်နိုင်ဘူးလို့ယူဆရတဲ့ပမာဏအထိ ပါးလွှာသွားအောင် ပြင်ဆင်မြှင့်ခဲ့ပါတယ်။ ပြီးတော့ ပြိုင်ဘက်တွေမီလာပြီ ဆိုပြန်တော့ iPad အသစ်ကို အလွန်မြင့်မားတဲ့ screen resolution နဲ့ထပ်တုတ်ခဲ့ပါတယ်။ နောက်တစ်ကြိမ် ပြိုင်ဘက်တွေမီလာပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒါကြောင့် ဒီတစ်ပတ်အနေနဲ့ iPad အသစ်နဲ့ ပတ်သက်သမျှကို ဖော်ပြပေးလိုက် ပါတယ်။

အံ့သြဖွယ်ရာအရည်အသွေးနဲ့ Retina Display

iPad အသစ်ရဲ့ Retina display ဟာ အလွန်ကို ကောင်းမွန်တယ်လို့ဆိုနိုင်ပြီး iPad 2 မှာရှိတဲ့ pixel ထက်လေးဆပိုများပါတယ်။ Retina Display ဟာ iPad သုံးသူတွေရဲ့အတွေ့အကြုံအားလုံးကိုပြောင်းလဲပစ်နိုင်လောက်အောင် သဘာဝနဲ့ဆင်တူပြီး အလွန်တိကျတဲ့ ပုံတွေ ကို မြင်တွေ့ခွင့်ရပါလိမ့်မယ်။

Mobile Device Display တွေထဲမှာ အကောင်းဆုံးအရည်အသွေး

iPad အသစ်ရဲ့ Retina Display ဟာလက်ရှိ mobile device အားလုံးမှာ အကောင်းဆုံးပါ။ ဒါဟာ လုံးဝအငြင်းပွားစရာမလိုတဲ့ကိစ္စပါ။ iPad အသစ်ရဲ့ Retina Display ဟာ 2048 x 1536 resolution ဖြစ်ကာအရောင်အသွေး ၄၄ရာခိုင်နှုန်း ပိုပြည့်စုံတောက်ပလာပြီး 3.1 million pixel ရှိတယ်ဆိုတာ တကယ်အံ့အားသင့်စရာပါ။ HDTV တွေမှာပါတဲ့ pixel ထက်တစ်သန်းကျော်ပိုများတဲ့ပမာဏဖြစ်ပါတယ်။ pixel တွေဟာတစ်ခုနဲ့တစ်ခု အလွန်နီးကပ်စွာရှိနေတာမို့ သာမန်မျက်စိနဲ့မမြင်ရတော့ဘဲ ရုပ်ပုံတွေ၊ စာသားတွေ၊ ဂိမ်းတွေကို တကယ့် လက်တွေက သဘာဝထဲမှာလို့ ခံစားရပါလိမ့်မယ်။

အားလုံးထဲက ဖောက်ထွက်လာတဲ့ နည်းပညာအသစ်နဲ့Display

ဒီလို iPad 2 ထက် pixel လေးဆများတဲ့ display ကိုရဖို့အတွက် လုံးဝကွဲပြားခြားနားတဲ့ ဒီဇိုင်းကို သုံးခဲ့ရပါတယ်။ display တွင်ရှိသော pixel များမှ အလင်းရောင်လွှတ်ပေးနိုင်ရန် ကွဲပြားခြားနားတဲ့ Signal များပေးပို့ရပြီး ထို pixel များ များပြားလွန်းလျှင် Signal များရော ထွေးကာ ပုံ၏အရည်အသွေးကိုထိခိုက်ပါလိမ့်မယ်။ iPad အသစ်ရဲ့ display ကို အခုလိုကြည်လင်တောက်ပနေစေဖို့ Apple အင်ဂျင်နီယာတွေဟာ pixel တွေကို တခြားအလွှာ(Plane)တစ်ခုမှာခွဲထားခဲ့ရပါတယ်။ ဒါမှပဲ Signals တွေကိုခွဲထုတ်နိုင်မှာပါ။ ဒီနည်းပညာဟာ iPad အသစ်လိုပဲ အားလုံးထဲက ဖောက်ထွက်ပြီး ထွက်ပေါ်လာတဲ့ နည်းပညာအသစ်ပါ။

A5x Chip

A5X chip မှာ quad-core graphic ပါဝင်ပြီး iPad 2 ထက် လေးဆများတဲ့ pixel ကို ထောက်ပံ့ပေးထားရပေမယ့် အားလုံးသော iPad များရဲ့ထုံးစံအတိုင်း သုံးရတာအဆင်ပြေချောမွေ့ပါလိမ့်မယ်။ iPad အသစ်ရဲ့ Retina display ဟာ A5X chip မပါရင် စွမ်းဆောင်ရည် အပြည့်မရနိုင်ပါဘူး။ AX5 chip ဟာ Dual-core Processor ဖြစ်ပြီး သူ့မှာပါတဲ့ quad-core graphics ကြောင့် iPad အသစ်ရဲ့လုပ်ငန်း အားလုံးဟာ အလွန်မြန်ဆန်ပါလိမ့်မယ်။ ဒီလောက် စွမ်းဆောင်ရည်တွေမြှင့်ထားတဲ့ကြားထဲက iPad အသစ်ရဲ့ ဘက်ထရီဟာ ၁၀နာရီ အသုံးခံတာကလည်း အံ့အားသင့်စရာပါပဲ။

Instant On

သင်ဟာ သင့်ရဲ့ iPad ကို တစ်နေ့လုံး သုံးနေရပါတယ်။ တစ်ခါတလေ မိနစ်ပိုင်း၊ တစ်ခါတလေ နာရီပိုင်းလောက် နေရာစုံ မှာ သုံးဖြစ်ပါလိမ့်မယ်။ သင် Home button ကို နှိပ်လိုက်ရုံ ဒါမှမဟုတ် smart cover ကိုဖွင့်ရုံနဲ့ iPad အသစ်ဟာ ချက်ခြင်း သုံး ဖို့အဆင်သင့်ဖြစ်နေမှာပါ။ သင့်အလုပ်တွေကို မြန်မြန်ဆန်ဆန် ချက်ခြင်း လုပ်နိုင်တာ Flash storage ကြောင့်ပါပဲ။

i Sight Camera (Shoot 5 megapixel still images)

iPad အသစ်ရဲ့ကျောဘက်မှာရှိတဲ့ကင်မရာဟာ အဆင့်မြှင့်ထားတဲ့ 5MP, iSight ကင်မရာပါ။ illumination sensor ပါဝင် တဲ့အတွက် နေရောင်ထဲမှာဖြစ်စေ၊ ဖယောင်းတိုင်မီးရောင်နဲ့ဖြစ်စေ ကြည်လင်တောက်ပတဲ့ ပုံတွေကို ရိုက်နိုင်ပါလိမ့်မယ်။ Built in Face detection စနစ်ပါဝင်လာပြီး မျက်နှာ၁၀ခုအထိ မှတ်သားပေးထားပါလိမ့်မယ်။ iPad အသစ်ရဲ့ iSight ကင်မရာဟာ iPhone 4Sရဲ့ကင်မရာကို ယှဉ်ပြိုင်နိုင်ပြီး ပုံကောင်းတွေရဖို့အတွက် လုံလောက်ရုံသာမက ပိုလျှံလို့နေ ပါတယ်။

HD Video Recording (Record HD Video in full 1080p.)

တစ်ခါတစ်ရံ ဘ၀မှာအရေးပါတဲ့ပုံရိပ်လေးတွေ ဒါမှမဟုတ် အမှတ်ရစရာတွေကို ရုတ်တရက် မှတ်တမ်းတင်ချင်စိတ် ဖြစ်ပေါ်လာတတ်ကြ ပါတယ်။ ဒါဆိုရင် iPad အသစ်ရဲ့ iSight ကင်မရာဟာ 1080p နဲ့ HD ဗီဒီယိုရိုက်ကူးမှတ်တမ်း တင်နိုင်ပါတယ်။ automatic video stabilization စနစ်ကြောင့်မှတ်တမ်းတင်ထားသမျှ ဗီဒီယိုတွေဟာ ပုံရိပ်တွေတည်ငြိမ် ပြတ်သားနေပါလိမ့်မယ်။ ကင်မရာ ကိုင်ထားတဲ့ လက်ကလှုပ်နေမယ်ဆိုရင်တောင် စိတ်မပူရတော့ပါဘူး။

It's all in the Lenses

အားလုံးဟာ တကယ်တော့ မှန်ဘီလူးရဲ့စွမ်းရည်ပေါ်မှာပဲ မူတည်နေပါတယ်။ megapixels ဘယ်လောက်ရှိတယ်ဆိုတာ အရေးပါပေမယ့် တခြားအရာတွေဖြစ်တဲ့ ကင်မရာရဲ့မှန်ဘီလူး၊ ပုံရိပ်အချက်ပြပေးမယ့် processor နဲ့ software စတာ တွေကလဲ အရေးပါပါတယ်။ iSight ကင်မရာဟာ အဆင့်မြင့်မှန်ဘီလူးကိုသုံးထားပြီး အကောင်းဆုံးပုံကိုပေးနိုင်ဖို့ စီစဉ် ထားပါတယ်။ f/2.4 aperture နဲ့ Five element မှန်ဘီလူးတို့ဟာ အလင်းကိုကောင်းကောင်းဖမ်းယူနိုင်လို့ ကြည်လင် တောက်ပတဲ့ပုံကို ရစေပါတယ်။ ပြီးတော့ ဈေးနှုန်းကြီးမြင့်တဲ့ SLR ကင်မရာတွေမှာပဲပါဝင်တဲ့ hybrid infrared filer က လည်း မလိုအပ်တဲ့ အနီအောက်ရောင်စဉ်တွေဖယ်ရှားပေးလို့ ပိုမိုတိကျတဲ့အရောင်ကို ရစေပါတယ်။

App Store

iPad အတွက် app တွေဟာ တခြား app တွေနဲ့မတူပါဘူး။ ၂၀၀,၀၀၀ကျော်ရှိနေပြီဖြစ်တဲ့ app အားလုံးဟာ iPad 9.7 လက်မ မျက်နှာပြင်မှာ အလုပ်လုပ်နိုင်အောင် ဒီဇိုင်းဆင်ထားတဲ့အတွက် သီးသန့်ဆန်ပြီး ပိုမိုလှပပါတယ်။ ပြီးတော့ iPad ကအမြဲတမ်း updates တွေ သတင်းပေးနေတဲ့အတွက် သင့်ရဲ့ apps တွေဟာ အမြဲအဆင့်မီနေမှာပါ။

iOS 5.1

iPad အသစ်နဲ့အတူတူ iOS 5.1 ပါအဆင့်မြှင့်ပြီး ထွက်ရှိလာခဲ့ပါတယ်။ iOS ဟာ iPad ရဲ့နောက်ကွယ်က ဖန်တီးရှင်ပါ။ iOS ကြောင့် multi touch, apps တွေ အဆင်ပြေပြေသုံးနိုင်တဲ့ အတွက် apps ဖန်တီးသူတွေအနေနဲ့ အနှစ်သက်ဆုံး OS ဖြစ်ပါတယ်။ အသစ်ထွက် လာခဲ့တဲ့ iOS 5.1 မှာ Japanese Siri, Photo Stream, Camera Shortcut, Face detection, Bug fixes စတာတွေကို အဆင့်မြှင့်တင် ထားပြီး အသံအရည်အသွေးကို ပိုကောင်းအောင်မြှင့်တင်ပေးထားပါတယ်။

iPad and Environment

Apple ဟာ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့အတွက် iPad မှာပါင်တဲ့ပစ္စည်းတွေကို သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီ အောင် ပြန်လည်အသုံးပြုနိုင်(သို့)ဖျက်ဆီးရလွယ်ကူမယ့် ပစ္စည်းတွေအဖြစ် စနစ်တကျ တည်ဆောင်ထားပါတယ်။

- LCD display ဟာ ပြဒါးနဲ့ အာဆင်းနစ်ဓာတ်ပါဝင်မှု ကင်းစင်ပါတယ်။

- BFR (Brominated Flame Retardent) နဲ့ PVC (Polyvinyl chloride) လို ဓာတုပစ္စည်းတွေကင်းစင်ပါတယ်။

- အလူမီနီယံ နဲ့ဖန်သားတွေဟာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

i Cloud

i Cloud မှာ သီချင်း၊ ဓာတ်ပုံ၊ Mail, ပြက္ခဒိန်နဲ့ တခြားအရာများစွာကို သိုလှောင်ထားနိုင်ပါတယ်။ iPad မှာ ၀ယ်လိုက်တဲ့ သီချင်းရိုက် လိုက်တဲ့ ဓာတ်ပုံမှန်သမျှကို i Cloud ကနေတစ်ဆင့် Mac ကွန်ပျူတာ၊ iPhone နဲ့ iPod touch တွေဆီ ဖြန့် ဝေပေးပါလိမ့်မယ်။ ဒါ့အပြင် တန်ဖိုးရှိတဲ့ Data တွေမပျောက်ပျက်အောင် i Cloud မှာ Backup ပြုလုပ်ထားနိုင်ပါတယ်။

4G LTE

Wireless နည်းပညာတွေထဲမှာ အဆင့်အမြင့်ဆုံး နောက်ဆုံးပေါ် 4G LTE စနစ်ကို iPad အသစ်မှာသုံးလို့ရနိုင်ပါတယ်။ ဒီနည်းပညာ အသစ်ကို ထောက်ပံ့ပေးနိုင်တဲ့ networks ရှိရင် download speed ကို 73 Mbs အထိရနိုင်ပါလိမ့်မယ်။ iPad အသစ်ဟာဘယ်နေရာကို ယူသွားသွား network နဲ့ ချိတ်ဆက်သုံးနိုင်ဖို့အတွက် အများကြီးပြင်ဆင်ပေးထားပါတယ်။ သူ့ရဲ့ cellular အင်တာနာဟာ ပိုပြီးကြီးတဲ့ Frequency spectrum တွေကိုဖမ်းယူနိုင်ပါတယ်။GSM နဲ့ UMTS network နည်းပညာတွေဖြစ်တဲ့ HSPA+ နဲ့ DC – HSDPA ဆိုတဲ့ အမြန်ဆုံး 3G network တွေနဲ့လဲ ချိတ်ဆက်ပြီးသုံးနိုင်ပါတယ်။ Downlink speed ဟာ DC-HSDPA နဲ့ဆိုရင် 42Mbps နဲ့ HSPA+ နဲ့ဆိုရင်တော့ 21.1 Mbps ထိရနိုင်ပါတယ်။

Software

iPad အသစ်နဲ့အတူ သူ့ရဲ့ Screen အသစ်ရဲ့ resolution နဲ့ကိုက်ညီဖို့အတွက် i Work application တွေအားလုံးကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ Garage Band ဆိုရင် note edition ပါပါဝင်လို့ ပိုပြီးအသုံးဝင်လာပါတယ်။ i Movie, i Photo ဆိုရင် iPad အသစ်အတွက် ဒီဇိုင်းအသစ်နဲ့ထွက်ရှိလာရုံမက effect အသစ်တွေ၊ multi-touch editing နဲ့ device တစ်ခုကတစ်ခုကို ပုံတွေလွှဲပြောင်းပေးနိုင်တဲ့ beam photos ပါပါဝင်လာပါတယ်။

Ditation

iPad အသစ်မှာ Siri ပါမလာပါဘူး။ Siri ဟာ အင်တာနက်ဆက်သွယ်မှုအမြဲလိုအပ်တဲ့အတွက် Wi-Fi သီးသန့်သာပါတဲ့ iPad အတွက် မသင့်တော်လို့ ချန်လှပ်ခဲ့ပုံရပါတယ်။ ဒါပေမယ့် iPad အသစ်မှာ ditation ပါလာပြီး touch screen ကီးဘုတ်မှာပါတဲ့ မိုခရိုဖုန်းပုံလေးကတစ်ဆင့် သုံးနိုင်ပါတယ်။ E-mail, text, web ရှာဖွေခြင်းနဲ့ မှတ်စုရေးမှတ်ရန်အတွက် သင့်အသံကိုသာအသုံးပြုဖို့လိုပါတယ်။ Ditation ဟာ တခြား apps တွေနဲ့လည်းအလုပ်လုပ်နိုင်တာမို့ Facebook, Twitter စတာတွေမှာပါ သုံးလို့ရပါတယ်။

ပြောင်းလဲမှုမရှိတဲ့အသွင်အပြင်

iPad အသစ်ဟာ ဒီဇိုင်းအားလုံးပြောင်းလဲပစ်မယ်လို့ ကောလဟာလတွေထွက်နေပေမယ့် iPad အသစ်ရဲ့ပုံစံဟာ ဘာမှ ပြောင်းလဲထားတာမရှိသလောက်ပါပဲ။ ကျောဘက်မှာရှိတဲ့ ကင်မရာ(i Sight) ရဲ့ အရွယ်အစားပိုကြီးလာတာ၊ အလေးချိန် အနည်းငယ် ပိုလာတာလောက်ပါပဲ။ iPad 2 ဟာ 1.33 ပေါင်လေးပြီး၊ iPad အသစ်ဟာ 1.4ပေါင်လေးပါတယ်။ ပြီးတော့ (0.03 လက်မ)ပိုပြီးထူလာပါတယ်။ iPad အသစ်ဟာ အဖြူနဲ့အနက်နှစ်မျိုးရနိုင်ပြီး သိုလှောင်မှုပမာဏကတော့ အရင် အတိုင်းဖြစ်တဲ့ 16GB, 32GB နဲ့ 64 GB တို့ပါပဲ။

ဈေးကွက်အတွင်းရောက်ရှိမည့်အချိန်

iPad အသစ်ဟာ iPad 2 ကိုစရောင်းစဉ်က ဈေးအတိုင်းပဲ ဈေးကွက်အတွင်းဖြန့်ချိမှာဖြစ်ပါတယ်။ Wi-Fi သီးသန့်အတွက် ဈေးနှုန်းက ၄၉၉ဒေါ်လာနဲ့စတင်ထားပါတယ်။ iPad 2 ကိုတော့ ဈေးလျှော့ပြီး ၃၉၉ဒေါ်လာနဲ့ ရောင်းချပါလိမ့်မယ်။

Wi-Fi Wi-Fi + 4G

16GB $499 $ 629

32GB $599 $729

64GB $699 $829

အခုအချိန်မှာ မတ်လ ၁၆ရက်နဲ့ ၂၃ရက်မှာဖြန့်ချိမယ့် နိုင်ငံတွေအတွက် အသစ်ကိုကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။

Technical Specifications

Models အတွက် နှစ်မျိုးရနိုင်ပါတယ်။ Wi-fi , Wi-Fi + 4G ပါ။

Size and Weight ကတော့ Height: 9.50 inches, Width: 7.31inches, Depth: 0.37 inch မှာ တူနေပြီး အလေးချိန်မှာ Weight: 1.44 pounds and 1.46 pounds သာနည်းနည်းကွာသွားတာပါ။

Storage သိုလှောင်မှုပမာဏတွေကတော့ 16GB, 32GB, 64GB အတူတူပါပဲ။

Display မှာ Retina display, 9.7 inch (diagonal) LED-backit glossy widescreen Multi-Touch display, 2048-by-1536-pixels per inch (ppi), Fingerprint-resistant oleophobic coating (ဆီမတင်စေသည့်မျက်နှာပြင်အလွှာ) တို့နဲ့ ဖွဲ့စည်းခင်းကျင်းထားပါတယ်။

Chip အနေနဲ့ကတော့ Dual-core Apple A5X custom-designed, high-performance, low-power system-on-a-chip with quad-core graphics ကိုအသုံးပြုထားပါတယ်။

Wireless and Cellular အတွက်ဆိုရင် Wi-Fi တော့ Wi-Fi (802.11a/b/g/n)and Bluetooth 4.0 technology ကိုသာ ရနိုင်ပြီး Wi-Fi + 4Gအတွက်ဆိုရင် Wi-Fi (802.11a/b/g/n), Bluetooth 4.0 technology, Wi-Fi+4G (4G LITE (700,2100MHz) UMTS/HSPA/ HSPA+/DC-HSDPA (850, 900, 1900, 2100 MHz), GSM/EDGE (850, 900, 1800, 1900 MHz) တွေရနိုင်ပါတယ်။

Cameras, Photos, and Video Recording တွေအတွက် 5-megapixel iSight camera, Autofocus, Face detection in still images , Video recording, HD(1080p) up to 30 frames per second with audio, Video stabilization, Face Time camera with VGA-quality photos and video at up to 30 frames per second, Photo and video geotagging တွေပါဝင်ပါတယ်။

Battery and Power အတွက်နှိုင်းယှဉ်ရရင်တော့ Wi-Fi အတွက် Built-in 42.5-watt-hour rechargeable lithium-polymer battery, Up to 10 hours of surfing the web on Wi-Fi, watching video, or listening to music, Charging via power adapter or USB to computer system ဖြစ်ပြီး၊ Wi-Fi+4G အတွက်ဆိုရင် Built-in 42.5-watt-hour rechargeable lithium-polymer battery, Up to 10 hours of surfing the web on Wi-Fi, watching video, or listening to music, Up to 9 hours of surfing the web using cellular data network, Charging via power adapter or USB to computer system တွေပိုမိုရရှိပါမယ်။

Alex Aung

စာကြွင်း ။ ။ အခုဆောင်းပါးကိုဖတ်နေရချိန်မှာတော့ ပြည်တွင်းကတစ်ချို့သော Apple Computer Store ဆိုင်များမှာ ၀ယ်လို့ ရနေလောက်ပြီထင်ပါ တယ်။

Credit: Net Guide Journal Vol.2, Issue 26

No comments: