Tuesday, April 10, 2012

သွေးအဖြေရရှိမယ်ဆိုရင်

HIV ပိုးမရှိဘူးဆိုရင်....
တကယ်လို့ ကိုယ့်မှာ HIV ပိုးမရှိဘူးဆိုတဲ့ သွေးအဖြေရခဲ့မယ်ဆိုရင် အောက်ပါအချက်တွေကို ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေးပညာပေးဝန်ထမ်း (သို့) နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးနဲ့ တိုင်ပင်ဆွေးနွေးပါ။ HIV ပိုး ကူးစက်ခံရနိုင်တဲ့ အပြုအမူတစ်ခုခုကိုများ လောလောလတ်လတ် မှာပြုလုပ်ခဲ့မိသေးလား။ ပြုလုပ်ခဲ့ရင် ဘယ်တုန်းကဖြစ်ခဲ့တာလဲ။
- ကြားကာလအတွင်းမှာ ရောက်နေတာမျိုးဖြစ်နိုင်သလား။
- သေချာတဲ့သွေးအဖြေရအောင် နောက်ထပ်တစ်ကြိမ်ကို ဘယ်အချိန်မှာ ပြန်စစ်သင့်သလဲ။
- ပိုးကူးစက်မခံရအောင် နောက်ပိုင်းမှာ ဘယ်လို ကာကွယ်သွားမလဲ။

HIV ပိုးရှိနေမယ်ဆိုရင် . . .
တကယ်လို့ ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတဲ့ သွေးအဖြေရရှိမယ်ဆိုရင် အောက်ပါအချက်တွေကို ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေးပညာပေးဝန်ထမ်း (သို့) နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးနဲ့ တိုင်ပင်ဆွေးနွေး အကူအညီရယူပါ။
- သွေးအဖြေနဲ့ ပတ်သက်ပြီး ဘယ်လိုလက်ခံမလဲ
- မိသားစုနဲ့ သူငယ်ချင်းအသိုင်းအ၀ိုင်းအပေါ်မှ
ာ ဘယ်လိုသက်ရောက်မှုတွေရှိသလဲ
- ဘယ်သူ့ကို ဖွင့်ပြောပြမလဲ
- ကိုယ်ရဲ့လက်ရှိ လိင်ဆက်ဆံဖက်၊ အရင် လိင်ဆက်ဆံဖက်တွေကိုရော စစ်ဆေးမှုခံယူဖို့ ဘယ်လို တိုက်တွန်းမလဲ
- အလုပ်ရှင်တွေ၊ တချို့ကျန်းမာရေးဝန်ထမ်းတွေနဲ့ တခြားသူတွေဆီက ဖြစ်လာနိုင်တဲ့ ခွဲခြားဆက်ဆံမှုများအကြောင်း
- ဘယ်လို ထောက်ပံ့မှုမျိုးတွေ လိုအပ်နိုင်မလဲ
- ကျန်းမာရေးဆက်ကောင်းနေအောင် ဘယ်လို နေထိုင်ရမလဲ
- ဘယ်လို ဆေးကုသမှုမျိုးတွေကို ခံယူရမလဲ

ကိုယ်ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်ပါတနာမှာ HIV ပိုး ရှိတယ်ဆိုရင် . . .
ကိုယ်နဲ့ကိုယ့်လိင်ဆက်ဆံဖက်သွေးစစ်လိုက်တဲ့အခါ တစ်ယောက်ယောက်မှာ HIV ပိုးရှိတယ်ဆိုတဲ့သွေးအဖြေထွက်ခြင်းဟာ သူနဲ့အဆက်ဖြတ်လိုက်ရတော့မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ကွန်ဒုံးကိုတော့ အမြဲတမ်းသုံးရမယ်လို့ ဆိုလိုပါတယ်။ Top ပဲဖြစ်ဖြစ်၊ Bottom ပဲဖြစ်ဖြစ်၊ Versatile ပဲဖြစ်ဖြစ် HIV ပိုးရှိသူနဲ့ မရှိတဲ့သူလိင်ဆက်ဆံမယ်ဆိုရင် အပြန်အလှန် ကူးစက်နိုင်တာ ချည်းပါပဲ။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးနဲ့ဂျယ်ကို အမြဲတမ်းသုံးပါ။

ကိုယ်နဲ့သူ နှစ်ယောက်စလုံးမှာ HIV ပိုးရှိတယ်ဆိုရင်
ကိုယ့်မှာရော ကိုယ့်လိင်ဆက်ဆံဖက်ရော နှစ်ယောက်စလုံးမှာHIV ပိုးရှိနေလျှင်လည်း ကွန်ဒုံးနဲ့ဂျယ်ကို မဖြစ်မနေသုံးရ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ရှိတဲ့ HIV ပိုးအမျိုးအစားနဲ့ ကိုယ့်မှာ ကူးစက်ခံထားရတဲ့ HIV ပိုးအမျိုးအစား ကွဲပြားနိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

HIV ပိုး ၁ အမျိုးအစားကူးစက်ခံထားသူတွေဟာ အဲဒီ ၁ အမျိုးအစားထဲကပဲ မျိုးစိတ်မတူတဲ့ HIV ပိုးမျိုးကွဲတွေထပ်မံကူးစက်ခံရနိုင်တာကြောင့်ဖြစ်ပါတယ်။ HIV ပိုး အမျိုးအစား ၁ နဲ့ ၂ အတူတွဲပြီး ကူးစက်နိုင်တဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ အမျိုးအစားမတူတဲ့ HIV ပိုးတွေထပ်မံကူးစက်ခံရတဲ့သူတွေ ဟာ AIDS ရောဂါအဆင့်ကိုပိုပြီးမြန်မြန်ဆန်ဆန်ရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင်တခြားကူးစက်နိုင်သေးတဲ့ ကာလသားရောဂါတွေ အများအပြားရှိသေးတာမို့ လိင်ဆက်ဆံတိုင်းကွန်ဒုံးနဲ့ဂျယ်ကို အမြဲသုံးရပါလိမ့်မယ်။

မောင်တို့ရွာ - သွေးအဖြေရရှိမယ်ဆိုရင်

No comments: