Tuesday, December 21, 2021

ဖိုဝါဒက ပေးတဲ့ Relationship ပြဿနာများ

 ဖိုဝါဒက ပေးတဲ့ Relationship ပြဿနာများ




(ဖတ်ရန်ကြာချိန် ၇ မိနစ်)


ကျွန်တော်တို့ဆီက RS ပုံစံ အများစုကို ကြည့်လိုက်ရင် ယောက်ျားလေးက မိန်းကလေးကို လိုက်တယ်။ ချစ်ရေးဆိုတယ်။ ပြန်ချစ်လာအောင် ကြိုးစားတယ်။ ချစ်သူဖြစ်သွားပြီဆို လက်ထပ်ပေါင်းသင်းမယ်။ တင့်တောင့်တင့်တယ် ထားနိုင်အောင်လည်း အလုပ်တွေ လုပ်၊ ငွေတွေ ရှာရတယ်။


မိန်းကလေးတော့ သူ့ကို ချဉ်းကပ်လာသူ၊ ချစ်တယ်လို့ ဖွင့်ပြောလာသူကို လေ့လာမယ်။ အကဲခတ်မယ်။ အားကိုးလို့ ရမရ၊ သစ္စာရှိ မရှိ၊ မိဘတွေနဲ့ အဆင်ပြေလောက် မပြေလောက်။ အကဲခတ်လို့ ကျေနပ်ပြီ ဆိုတဲ့အခါ အဖြေပြန်ပေးတယ်။ လက်ထပ်တယ်။ ဒီယောက်ျားကို ဖြည့်ဆည်းတယ်။ ပြုစုတယ်။ သူနဲ့ မွေးလာတဲ့ သားသမီးတွေကို စောင့်ရှောက်တယ်။


ဒါကြောင့် RS တစ်ခုကို အချစ်တွေ၊ မေတ္တာတွေ ခဏဖယ်ပြီး အပေးအယူဆိုတဲ့ ရှုထောင့်ကနေ တည့်တည့်ပြောရရင် ယောက်ျားလေးတစ်ယောက်သည် Sex ကို လိုချင်တယ်။ သူ့ကို အစစအရာရာ ဖြည့်ဆည်းပေးမဲ့သူ၊ အိမ်မှုကိစ္စ နိုင်နင်းသူ၊ Supportive role ကို ယူပေးမဲ့သူ လိုချင်တယ်။ ကလေးမွေးပေးဖို့၊ မိသားစုတစ်ခု သူ လိုချင်တယ်။ ဒီအတွက် သူ ပြန်ပေးရတာက အရည်အချင်း၊ ငွေရှာနိုင်စွမ်း၊ အားကိုးလောက်စရာ အရည်အချင်းတွေ ဖြစ်တယ်။


မိန်းကလေးအတွက်ကတော့ ပြောင်းပြန်ပေါ့။ ဘဝလုံခြုံမှု လိုချင်တယ်။ ပြည့်ပြည့်စုံစုံ နေချင်တယ်။ အားကိုးချင်တယ်။ ပုံအပ်ချင်တယ်။ ပြန်ပေးရတာကတော့ Sex ရယ်၊ အိမ်ထောင်ရှင်မ ဖြစ်ဖို့ရယ်၊ ကလေးမွေးဖွား ပြုစုပျိုးထောင်ဖို့ရယ်။


ဒါကို ကျွန်တော်တို့ အဖိုးအဖွားတွေဆီမှာ တွေ့နိုင်သလို မိဘတွေတုန်းကလည်း ဒီပုံစံပဲ။ ခုထိ ကိုယ်တွေမှာလည်း ဒီပုံစံပဲ တွေ့နေရသေးတယ်။ Sex နဲ့ ပတ်သက်လို့ အပျိုစစ်မှ ဆိုတာမျိုး မဟုတ်တော့ဘူး ဆိုရင်တောင် မိန်းမဆို အိမ်မှုကိစ္စနိုင်မှ၊ အချက်အပြုတ်တော်မှ၊ အပြုအစုကောင်းမှ၊ ဒါတွေတော့ ရှိသေးတာပဲ။ ရုပ်ရှင်ကားတွေ၊ သီချင်းတွေထဲမှာလည်း ဒီသဘောတွေ အများကြီးပဲ တွေ့ရမယ်။ 


ရုတ်တရက်ဆို အဆင်ပြေသလိုတော့ ထင်ရတယ်။ သို့သော် ဒီလိုပုံစံကြောင့် ဘာပြဿနာတွေ ဆက်ဖြစ်ရလဲ ဆိုတာ ဆွေးနွေးပါမယ်။


ဘာပြဿနာတွေ ပေးလဲ


Sex ဆိုတာ နှစ်ယောက်လုံး ခံစားကြရတာ ဖြစ်ပေမဲ့ ယောက်ျားတွေက ရယူတာ၊ မိန်းကလေးတွေက ပေးဆပ်ရတာ ဆိုတဲ့ အမြင်မျိုး ရှိနေတယ်။ မယူရသေးဘဲ အဲဒီကိစ္စ တောင်းဆိုတယ်ဆိုရင် ဒါ မိန်းကလေးကို တန်ဖိုးမထားတာ ဆိုတာမျိုးတောင် မြင်ခဲ့ကြတယ်။ ခုနောက်ပိုင်းသာ သိပ်မရှိတော့တာ။ သမီးရည်းစားဘဝမှာ ဒီမိန်းကလေးကို မှဲ့တစ်ပေါက် မစွန်းစေရဘဲ စောင့်ထိန်းတယ် ဆိုတာသည် ယောက်ျားတွေရဲ့ ဂုဏ်သိက္ခာ ဖြစ်နေခဲ့တာပေါ့။ ဆိုတော့ ယောက်ျားတစ်ယောက်သည် လက်ထပ်ပြီးမှပဲ ဒါကို ရယူနိုင်တယ်။ 


တစ်ဖက်ကလည်း မိန်းကလေးတွေအနေနဲ့ အပျိုစစ်မှသာ မိန်းမကောင်း ပီသတယ် ဆိုတာမျိုး သတ်မှတ်ထားကြတယ်။ လက်ထပ်တဲ့သူကိုမှ သူ့ရဲ့ အပျိုစင်ဘဝကို ပေးအပ်ချင်တယ်ပေါ့။ ယောက်ျားလေးကလည်း အဲ့လိုအပျိုစင်ဘဝကို ရလိုက်ရရင် ဘယ်လောက် ကြည်နူးတယ်၊ ရင်ခုန်တယ် ဆိုတာတွေကို မင်္ဂလာဦးညနဲ့ ပတ်သက်တဲ့ ဝတ္တုတွေ၊ ရုပ်ရှင်ကားတွေ၊ သီချင်းတွေက ဖော်ပြနေတယ်။


နောက်ပိုင်း အိမ်ထောင်သည်ဘဝမှာလည်း ဒီလိုပဲ။ Sex နဲ့ ပတ်သက်ရင် ယောက်ျားလိုအပ်တာ ဖြည့်ဆည်းပေးရတယ်လို့ပဲ မှတ်ယူထားကြတယ်။ Orgasm ဆိုတာ ဘာမှန်းမသိတဲ့ အမျိုးသမီးတွေ တစ်ပုံကြီး။


ဆိုတော့ အစပိုင်းကတော့ သိပ်ပြဿနာမရှိဘူး။ သို့သော် Everything has the expired date လေ။ အထူးသဖြင့် ဒီလိုစိတ်ဆန္ဒ (Passion) တွေ၊ စိတ်လှုပ်ရှားမှု (Excitement) တွေက ပိုပြီး သက်တမ်းကုန်လွယ်တယ်။ ပိုဆိုးတာက Sex ဆိုတာ ကိုယ့်ဘက်က အပေးသပ်သပ်ပဲလို့ ခံယူထားတော့ ပိုပိုပြီး ရင်ခုန်အောင် မလုပ်တော့ဘူး။ လုပ်ရင် ဒါ ရှက်စရာကောင်းတယ်၊ မိန်းမကောင်း မပီသရာ ရောက်တယ်၊ ငါ့ယောက်ျား ငါ့ကို အထင်သေးသွားမယ်၊ ဒီလိုအတွေးတွေ ရှိတယ်။ အဲဒီအခါ ယောက်ျားတွေရဲ့ စိတ်က ပြင်ပမိန်းမတွေဆီ ရောက်လာတယ်။ အသစ်ကို လိုချင်လာတယ်။


ယောက်ျားတိုင်းတော့ မဟုတ်ပါဘူး။ အလုပ်ပဲ အာရုံစိုက်နေတာ၊ မိသားစုနဲ့ ကလေးတွေကို ဦးစားပေးတာ၊ ကိုယ်ကျင့်သိက္ခာကို အလေးထားတာ၊ ဒါမှမဟုတ် Sex က သူ့အတွက် ဒီလောက်ကြီး အရေးမပါလှတာ စသဖြင့် အကြောင်းပေါင်းစုံ ဖြစ်နိုင်တယ်။ သူတို့တွေကတော့ Sex အတွက်နဲ့ တခြားမိန်းမဆီ မရောက်သွားဘူး။ 


သို့သော် တချို့ကတော့ အပေါ်မှာ ပြောခဲ့သလို Excitement အသစ်ကို ရှာချင်လာတယ်။ မိန်းမကိုလည်း ချစ်တယ်။ သားသမီးတွေကိုလည်း ချစ်တယ်။ သို့သော် သူတို့ရဲ့ လိင်ဆန္ဒအတွက်ပေါ့လေ။ အဲဒီကစလို့ အိမ်ထောင်ရေး ပြဿနာ စတက်တယ်။ 


ယောက်ျားက ခြေလှမ်းတွေ ပျက်လာတယ်။ စိတ်က ကိုယ့်ဆီ မရှိတော့ဘူး။ အလုပ်ကနေ ပြန်လာတာတွေ နောက်ကျလာတယ်။ ကြုံဖူးတဲ့ အမျိုးသမီးတွေကတော့ ပိုသိလိမ့်မယ်။ အဲ့လိုအချိန် ဖြစ်ရတဲ့ ခံစားချက်ကို။


အဲဒီမှာမှ တချို့က ငွေပဲ ချူတယ်။ တချို့က လူပါ အပိုင်လိုချင်လာတယ်။ ဇာတ်လမ်းတွေက ပိုရှုပ်ထွေးလာတယ်။ အဲဒီမှာ လာပြီ။ ဟိုတယ်ခန်းထဲထိ လိုက်သွားပြီး ပါးရိုက်တာတို့၊ ဖေ့စ်ဘွတ်ပေါ် တင်ပြီး အရှက်ခွဲတာတို့။ 


ဒါဖြင့် ဒီလောက်ဆိုးတဲ့ ယောက်ျား ကွာလိုက်ပါလား ဆိုတော့ ကွာလို့ မရဘူး။ ဘာလို့လဲဆို မိန်းမတွေဟာ ယောက်ျားတွေအပေါ်မှာ မှီခိုမှု ၃ မျိုး ရှိနေလို့ပဲ။


 ၁။ ငွေကြေးအရ မှီခိုနေရတာ (Financial dependence)


ဘာမှ မလုပ်စားတတ်တော့ ဒီယောက်ျား မရှိရင် မဖြစ်ဘူး။ ဒီတော့ ကြိတ်မှိတ်ပေါင်းသင်းပေတော့ပဲ။ ပေးစရာ ဥပမာတွေက အများကြီးပဲ။ စာရှည်မှာစိုးလို့ အဆိုးဆုံးတစ်ခုကိုပဲ ပြောပြမယ်။ အဖေက သမီးအရင်းကို အဓမ္မကျင့်တယ်။ အဲဒါကို ကလေးက တိုင်မယ်လုပ်တော့ အမေကိုယ်တိုင်က တားတယ်။ နင့်အဖေ ထောင်ကျသွားရင် ငါတို့တစ်မိသားစုလုံး ဒုက္ခရောက်မှာတဲ့။ ဒါ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အဆင့် မဟုတ်တော့ဘူးနော်။ မုဒိမ်းကျင့်တဲ့အဆင့်။ ကျင့်တာကလည်း သမီးရင်းကို။ အဲဒါတောင် ကွာဖို့ မပြောနဲ့၊ ဘာမှ မလုပ်ရဲဘူး ဆိုတာ ဒီလူ့အပေါ် ဝင်ငွေအရ မှီခိုနေရလို့ပဲ။ 


 ၂။ စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရတာ (Emotional dependence)


ခုခေတ်ကျ မိန်းကလေးတွေလည်း ကိုယ်ပိုင်အလုပ်နဲ့၊ ကိုယ်ပိုင်ဝင်ငွေနဲ့ ဖြစ်လာကြပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရတုန်းပဲ။ ယောက်ျားမရှိရင် မတင့်တယ်ဘူး ဆိုတာမျိုးပေါ့။ အိမ်ထောင်ကွဲထားတဲ့ ငါ့ကို တန်ဖိုးထား ချစ်တဲ့သူ၊ လက်ထပ်မဲ့သူမှ ရှိပါဦးမလား စသဖြင့် တွေးမိကြတယ်။ မိန်းကလေးတွေရဲ့ စိတ်မှာကိုက အဲဒီလို မလုံခြုံမှု (Insecurity) က ရှိနေတာ။ မိဘတွေရဲ့ ပျိုးထောင်မှုပုံစံနဲ့လည်း အများကြီး ပတ်သက်တာပေါ့။ 


 ၃။ လူမှုရေးအရ မှီခိုနေရတာ (Social dependence)


အိမ်ထောင်ပျက်ထားတဲ့ အမျိုးသမီး မဖြစ်ချင်ဘူး။ လူတွေ အထင်သေးမှာ ကြောက်တယ်။ တကယ်ကြောက်လောက်အောင်လည်း လူတွေက ကဲ့ရဲ့ကြ၊ သနားကြည့်နဲ့ ကြည့်ကြ လုပ်တာကိုး။ ယောက်ျားတွေကလည်း အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးဆို ပိုပြီး ယိသဲ့သဲ့က လုပ်ချင်ကြသေးတယ်။ ဆိုတော့ ဒါတွေကို ကြောက်တယ်။


ဒီလိုတစ်ခုမဟုတ် တစ်ခု မှီခိုနေရတဲ့အတွက် အမျိုးသမီးတွေဟာ တော်ရုံနဲ့ မကွာနိုင်ဘူး။ အဲ့တော့ ယောက်ျားဖြစ်သူ လုပ်သမျှ သည်းခံ၊ အိမ်မှာတော့ မျက်ရည်နဲ့ မျက်ခွက်။ ဖေ့စ်ဘွတ်ပေါ်တော့ သူ့ယောက်ျား ဘယ်လိုချစ်ကြောင်း တက်တက်ရေး။ မသိတဲ့သူတွေကလည်း အားကျပေါ့။ ဒီလိုအိမ်ထောင်သည် အမျိုးသမီးတွေ အများကြီး ရှိတယ်။


မိန်းမတွေရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-esteem) သည် ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်ယောက်ျားက ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်၊ တန်ဖိုးထားတယ် ဆိုတာကနေ လာတာ များတယ်လေ။ ဒါကြောင့် Right person ဆိုပြီး ပြောတာ၊ ကိုယ့်ပါတနာနဲ့ ပတ်သက်လို့ အကြွားများတာသည် မိန်းမတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ အားအကျခံချင်တာပေါ့။ 


ဒီတော့ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ရလို့ ပိုပျော်မသွားဘူး။ သူ ရပ်တည်နေတဲ့ ကမ္ဘာမြေကြီး ပျောက်သလို ဖြစ်သွားတာ။ အဲဒါထက်စာရင်တော့ ကိုယ့်ဆီ စိတ်မရှိတော့တဲ့ ယောက်ျားကိုပဲ ဆက်ပေါင်းနေလိုက်တာ ပိုကောင်းတယ်ဆိုပြီးပဲ ကြိတ်မှိတ်နေလိုက်ကြတော့တာပဲ။


Sex ကိစ္စ ဖောက်ပြန်မှ မဟုတ်ဘူး။ ရိုက်နှက်၊ အနိုင်ကျင့်၊ Emotional abuse တွေ လုပ်လည်း ဆက်ပေါင်းနေကြရတာ ဒါတွေကြောင့်ပဲ။ 


အိမ်ထောင်သက် နှစ်ကြာလာမှ ပြဿနာ တက်တာလား ဆိုတော့ မဟုတ်ဘူး။ မင်္ဂလာဦးညကတည်းက သတို့သမီးက သွေးမထွက်လို့ ငါ့ကို ချို(ဂျို) တပ်ပေးတယ်၊ နွားဖြစ်အောင် လုပ်တယ် ဆိုပြီး ရန်ရှာတာတွေလည်း ရှိတယ်။ 


သမီးရည်းစားဘဝမှာလည်း တက်တာပဲ။ ဘာလဲဆိုတော့ အပျိုစင်လေးကို ရဖို့ အိမ်ထောင်ရှိတာ မပြောဘဲ ကာမလိမ်လည်ရယူသွားတာ၊ Sex ကို ရဖို့ ချစ်တယ်ဆိုတဲ့ စကားကို လှလှပပပြောပြီး ချင်းထည့်သွားတာ၊ မိန်းကလေးတွေမှာ ဒီရည်းစားနဲ့ အတူနေပြီးလို့ ပြတ်သွားရင် ငါတော့ သွားပြီ၊ တန်ဖိုးမရှိတော့ဘူး ဆိုပြီး စိတ်ဒဏ်ရာတွေ ရကျန်နေခဲ့တာ၊ အဲ့လိုတွေပေါ့။


ဟော အဲဒီထက် ဆိုးလာရင် မုဒိမ်းကျင့်တာ၊ ခြိမ်းခြောက်ပြီး ကာမရယူတာ၊ ကားတင်ပြေးတာတွေ ဖြစ်လာတယ်။ အဲ့လို လုပ်ပြီးသွားရင်လည်း ဒီမုဒိမ်းကောင်က ယူပါမယ်ဆို မိန်းကလေးက လက်ခံလိုက်ရတာ ရှိတယ်။ ပတ်ဝန်းကျင်ကလည်း နားချတာကိုး။ ဟဲ့ တစ်ရှက်ကနေ နှစ်ရှက် မဖြစ်စေနဲ့ပေါ့လေ။ ပြီးခဲ့တာတွေလည်း ပြီးပြီပဲပေါ့။ အဲ့တော့ ဒီမုဒိမ်းကောင်က Impunity လို့ ခေါ်တဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရသွားရော။ ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်။ ပြန်မကြိုက်ဘူးလား။ ရတယ်လေ။ အတင်းအကြပ် ကာမရယူလိုက်။ ဒါဆို ကိုယ့်မိန်းမ မဖြစ်ချင်လည်း ဖြစ်ရတော့မှာပဲ။ ဒီလိုတွေ လက်ခံကျင့်သုံးလာကြရော။


ဒါ ခုနကလို အပေးအယူ၊ အလဲအထပ် လုပ်ခြင်းကနေ ဖြစ်လာတဲ့ အကျိုးဆက်တွေပေါ့။


ဘာကြောင့် ဖြစ်ရသလဲ


ဟုတ်ပြီ။ ဒါဆို ဘာကြောင့် အဲ့လို အပေးအယူပုံစံ ဖြစ်နေရသလဲ စဉ်းစားကြည့်ရအောင်။ 


စကားလုံးတစ်လုံးတည်း ပြောပါဆို Patriarchy လို့ ခေါ်တဲ့ ဖိုဝါဒကြောင့်ပဲ။ ဖိုဝါဒဆိုတာကို ထပ်ရှင်းပြရရင်တော့ အမျိုးသားတွေကို တစ်ဆင့်မြင့် လူတန်းစားရယ်လို့ ဖြစ်စေတဲ့ အတွေးအခေါ်၊ အလေ့အထ၊ ယဉ်ကျေးမှု၊ စံသတ်မှတ်ချက်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။


ယောက်ျားဆိုတာ အရည်အချင်း ရှိရတယ်။ ငွေရှာနိုင်ရတယ်။ ဦးဆောင်နိုင်တယ်။ မိန်းကလေးဆိုတာကတော့ အပျိုစစ်ရမယ်။ အိမ်မှုကိစ္စ နိုင်နင်းရတယ်။ မိခင်ကောင်း ပီသရမယ်။ မိန်းမကောင်း ပန်းပန် တစ်ပွင့်ပန် ဆိုသလို အိမ်ထောင်တစ်ဆက်တည်း ရှိရမယ်။ ဒီလို သတ်မှတ်ချက်တွေ ရှိတယ်။


မိန်းကလေးတစ်ယောက်က ဦးနှောက်ကပဲ ငြင်းငြင်း၊ နှလုံးသားကပဲ ငြင်းငြင်း၊ သူ့လိင်အင်္ဂါကို အပိုင်ရရင် သူ့ကို ပိုင်သွားပြီ ဆိုကတည်းက သူ့တန်ဖိုးဟာ ပညာအရည်အချင်းတို့၊ စိတ်နေစိတ်ထားတို့မှာ မရှိတော့ဘဲ အဲဒီ ၆ လက်မလောက် ရှည်တဲ့ နေရာမှာ ရောက်နေပြီ။


အဲ့လိုပေတံတွေကြောင့်ပဲ ငယ်ငယ်ကတည်းက ယောက်ျားလေး၊ မိန်းကလေးတွေရဲ့ တွေးခေါ်ပုံ၊ အရည်အချင်း ဖြည့်တင်းပုံ၊ ကိုယ့်ကိုယ်ကိုယ် ရှုမြင်မှု (Self-image) ၊ RS နဲ့ အိမ်ထောင်ရေးကနေ ဘာလိုချင်တယ် ဆိုတဲ့ မျှော်လင့်ချက်၊ ဒါတွေ မတူတော့ဘူး ဖြစ်လာတယ်။ အိမ်ထောင်ရေးသည် Partnership မဟုတ်ဘဲ Ownership ပုံစံ ဖြစ်နေတယ်။


ကိုယ်ပိုင်အလုပ်နဲ့၊ အရည်အချင်းနဲ့၊ ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးတွေကအစ အပေါ်မှာ ပြောခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ မလုံခြုံတာတွေ၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲ တွေးပူနေတာတွေ အများကြီးပဲ ရှိတယ်။ ဒါတွေဟာ Patriarchy ကြောင့်ပဲ။ 


တချို့ကလည်း ပြောကြတယ်။ မိန်းကလေးတွေရဲ့ တန်ဖိုးက အပျိုစစ်မှ မဟုတ်ဘူးတဲ့။ ပြန်ကြည့်တော့ ပြောတဲ့ မိန်းကလေးက နိုင်ငံခြားကနေ ဘွဲ့ရထားတာ။ နားထောင်နေတဲ့ မိန်းကလေးက ၄ တန်းနဲ့ ကျောင်းထွက်ထားတဲ့သူ။ သူ့ဘဝက ပညာလည်း ကောင်းကောင်းမသင်ရ၊ အလုပ်လည်း မရှိ၊ ရှိလည်း ရပ်တည်နိုင်လောက်တဲ့ ဝင်ငွေမရ။ အဲဒီအခါ သူ့တန်ဖိုးသည် အပျိုစင်ဘ၀ ဖြစ်နေဦးမှာပဲ။


ဆိုလိုတာက အဲ့တစ်ခုတည်း ကွက်ပြီး ပြောလို့ မရဘူး။ အမြင်ဖွင့်လို့ မရဘူး။ မိန်းကလေးတွေအတွက် ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လုပ်ပေးရမယ်။ ဒါမှ လက်တွေ့ကျမှာ။ အဲ့လို မိန်းကလေးတွေ အခွင့်အရေး ပိုရလာဖို့က Patriarchy ကို ဖယ်ရှားမှ ဖြစ်ပါလိမ့်မယ်။


ပိုရလာဖို့ ဆိုလို့ ဦးစားပေးရမယ် မဟုတ်ဘူး။ Patriarchy ကြောင့် ယောက်ျားတွေက အသာရသလို ဖြစ်နေတဲ့ အနေအထားကို ဖယ်ရှားပြီး မိန်းမတွေအတွက် တန်းတူညီမျှ အခွင့်အရေးတွေ ဖန်တီးပေးဖို့ ဆိုလိုတာ။ ဥပမာ သားနဲ့ သမီးမှာ သားကိုတော့ ကျောင်းဆက်ထား၊ သမီးကို ကျောင်းထုတ်၊ အိမ်အလုပ် ကူခိုင်းတာမျိုးကစလို့၊ လုပ်ခလစာ အညီအမျှ အပေးမခံရခြင်း အလယ်၊ ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီးတွေကို နေရာမပေးတာ အဆုံး၊ ဒါတွေကို လျော့နည်းသွားအောင် လုပ်ဖို့ လိုတယ်။


ယောက်ျားတွေက ချမ်းသာလာရင် ပျက်စီးတယ်၊ မိန်းမတွေက ဆင်းရဲရင် ပျက်စီးတယ် ဆိုတဲ့ စကားရှိတယ်။ ယောက်ျားတွေက အရည်အချင်း ရှိလာတဲ့အခါ၊ ငွေရှာကောင်းလာတဲ့အခါ ဝိုင်းဝိုင်းလည်လာတယ်။ အိမ်ထောင်ရှိရှိ မရှိရှိ ဂရုမစိုက်ဘူး၊ သူ့ကို စပွန်ဆာပေးနိုင်ရင် ပြီးရော ဆိုတဲ့ မိန်းကလေးတွေလည်း ရှိမယ်။ ခုနကလို ကိုယ့်ပါတနာကနေတဆင့် Self-esteem ကို တည်ဆောက်တာမို့ ဒီလို အရည်အချင်းရှိတဲ့ ယောက်ျားနဲ့ တွဲရရင်၊ ယူရရင် ဘဝက ပြည့်စုံပြီဆိုပြီး အပိုင်ယူတာတွေပါ ရှိလာတယ်။ 


မိန်းကလေးတွေကျ ငယ်ငယ်ကတည်းက ယောက်ျားအပေါ် မှီခိုရမယ် ဆိုတဲ့ပုံစံနဲ့ ပျိုးထောင်ခံလာရတော့ သူ သုံးချင်တာ၊ ဝယ်ချင်တာတွေကို ဝယ်ပေးမဲ့ လူတစ်ယောက်က လိုကိုလိုတယ်။ ကိုယ့်ဟာကိုယ် ဝယ်နိုင်ဖို့အတွက် လုံလောက်တဲ့ ပညာအရည်အချင်း၊ အလုပ်အကိုင် အခွင့်အလမ်းကလည်း ရှိမနေဘူး။ ဒီတော့ ဆင်းရဲရင် ပျက်စီးလွယ်တယ် ဆိုပြီး ဖြစ်လာတာ။ ပြောရရင် ဒီစကားသည်လည်း Patriarchy ကြောင့် ဖြစ်လာတာပဲ။


ယောက်ျားလေးတစ်ယောက်က နှစ်ရှည်လများ ရည်းစားဖြစ်ပြီးမှ ဖြတ်လိုက်တယ်ဆို သူများသားသမီးကို မစာနာဘူး ဆိုပြီး ဝိုင်းဆဲကြတယ်။ မိန်းကလေးဘက်က ဖြတ်သွားရင်တော့ ဒါ ဒီကောင် တော်တော်ဆိုးလို့နေမယ် ဆိုပြီး ပြောကြတယ်။ မိန်းမတွေက Double standard ဖြစ်နေတယ် ထင်ရတယ်၊ အမြဲပဲ သူတို့မှန်တယ် ပြောနေသလို ထင်ရတယ်။ သို့သော် အဲ့လိုနှစ်တွေ အကြာကြီး ရည်းစားဖြစ်ပြီးမှ ကွဲသွားရင် မိန်းကလေးဘက်က တန်ဖိုးကျသွားပြီလို့ ဒီလူ့အဖွဲ့အစည်းကပဲ သတ်မှတ်ထားတာကိုး။


Sex ကိစ္စမှာ မိန်းကလေးဘက်က စလို့ပါ ပြောရင် ဘယ်သူမှ မယုံကြဘူး ဆိုတာကလည်း Sex နဲ့ ပတ်သက်ရင် မိန်းကလေးတွေကို ထိန်းသိမ်းထားတာတွေ များလို့ပါ။ ဒီအကြောင်း ပြောရင်၊ ပွင့်လင်းရင် အထင်သေးတတ်ကြလို့ပါ။


ချမ်းသာတဲ့ ယောက်ျားက ရှင်ဘုရင်၊ ပိုက်ဆံမရှိတဲ့ ယောက်ျားက သူတောင်းစား ဆိုပြီး နှိုင်းခံရတာ၊ အပျိုစင်ကို မရလို့ နွား ဆိုပြီး တံဆိပ်ကပ် ခံရတာ၊ ဒါတွေဟာလည်း Patriarchy ကြောင့်ပါပဲ။


အဲ့လိုပဲ အချစ်ခံရသူနဲ့ တွေ့တော့ ကောင်မလေးမျက်နှာက ဘယ်လို ဆိုပြီး ရှယ်နေကြတာ၊ ထက်မြက်တဲ့ မိန်းမ လို့ အစချီပြီး စာအရှည်ကြီးတွေ ရေးနေကြတာ၊ သိန်းဘယ်နှထောင်နဲ့ တင်တောင်းတာ၊ တန်ဖိုးရှိအောင် နေလို့ အဲ့လို တင်တောင်းခံရတာပေါ့ ဆိုပြီး ပြောကြတာ၊ အဲ့လို တင်တောင်းခံရတာကို အားကျနေကြတာ အားလုံးဟာလည်း Patriarchy ကြောင့်ပဲ ဆိုတာ သိဖို့ လိုတယ်။ ကျော်လွန်ပြီး မြင်တတ်ဖို့ လိုပါတယ်။


စာလည်း သိပ်ရှည်နေပြီမို့ နိဂုံးချုပ်ရရင် ဖိုဝါဒဆိုတဲ့ ကိစ္စက ကျွန်တော်တို့ရဲ့ ရင်ထဲ အသည်းထဲမှာ စိမ့်ဝင်နေတဲ့ ကိစ္စ ဖြစ်တယ်။ ယောက်ျားတွေကိုလည်း ဒုက္ခပေးတာ ရှိပေမဲ့ အဓိကအားဖြင့်တော့ မိန်းကလေးတွေကို တစ်ဆင့်နိမ့်တဲ့ လူတန်းစားတွေ ဖြစ်သွားစေပါတယ်။ အပျိုစစ်ခြင်း၊ မစစ်ခြင်း ကိစ္စတွေထက် ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းနဲ့ကို ပြဿနာ ပေးနေတာပါ။ 


ဒါကို လျော့နည်းသွားအောင် လုပ်ဖို့က တစ်ရက် တစ်မနက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ အရင်ဆုံး၊ ကိုယ့်ဆီမှာ အမြစ်တွယ်နေတဲ့ ဒီအမြင်တွေကို တော်လှန်ရမယ်။ ပြီးရင်တော့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဆိုဆုံးမမှုတွေကို ကိုယ့်လက်ထက်မှာ အဆုံးသတ်ပစ်ဖို့ပါပဲ။


ဒေါက်တာ ဖြိုးသီဟ

၂၀.၁၂.၂၀၂၁


ဖိုဝါဒက ေပးတဲ့ Relationship ျပႆနာမ်ား




(ဖတ္ရန္ၾကာခ်ိန္ ၇ မိနစ္)


ကြၽန္ေတာ္တို႔ဆီက RS ပုံစံ အမ်ားစုကို ၾကည့္လိုက္ရင္ ေယာက္်ားေလးက မိန္းကေလးကို လိုက္တယ္။ ခ်စ္ေရးဆိုတယ္။ ျပန္ခ်စ္လာေအာင္ ႀကိဳးစားတယ္။ ခ်စ္သူျဖစ္သြားၿပီဆို လက္ထပ္ေပါင္းသင္းမယ္။ တင့္ေတာင့္တင့္တယ္ ထားနိုင္ေအာင္လည္း အလုပ္ေတြ လုပ္၊ ေငြေတြ ရွာရတယ္။


မိန္းကေလးေတာ့ သူ႕ကို ခ်ဥ္းကပ္လာသူ၊ ခ်စ္တယ္လို႔ ဖြင့္ေျပာလာသူကို ေလ့လာမယ္။ အကဲခတ္မယ္။ အားကိုးလို႔ ရမရ၊ သစၥာရွိ မရွိ၊ မိဘေတြနဲ႕ အဆင္ေျပေလာက္ မေျပေလာက္။ အကဲခတ္လို႔ ေက်နပ္ၿပီ ဆိုတဲ့အခါ အေျဖျပန္ေပးတယ္။ လက္ထပ္တယ္။ ဒီေယာက္်ားကို ျဖည့္ဆည္းတယ္။ ျပဳစုတယ္။ သူနဲ႕ ေမြးလာတဲ့ သားသမီးေတြကို ေစာင့္ေရွာက္တယ္။


ဒါေၾကာင့္ RS တစ္ခုကို အခ်စ္ေတြ၊ ေမတၱာေတြ ခဏဖယ္ၿပီး အေပးအယူဆိုတဲ့ ရႈေထာင့္ကေန တည့္တည့္ေျပာရရင္ ေယာက္်ားေလးတစ္ေယာက္သည္ Sex ကို လိုခ်င္တယ္။ သူ႕ကို အစစအရာရာ ျဖည့္ဆည္းေပးမဲ့သူ၊ အိမ္မႈကိစၥ နိုင္နင္းသူ၊ Supportive role ကို ယူေပးမဲ့သူ လိုခ်င္တယ္။ ကေလးေမြးေပးဖို႔၊ မိသားစုတစ္ခု သူ လိုခ်င္တယ္။ ဒီအတြက္ သူ ျပန္ေပးရတာက အရည္အခ်င္း၊ ေငြရွာနိုင္စြမ္း၊ အားကိုးေလာက္စရာ အရည္အခ်င္းေတြ ျဖစ္တယ္။


မိန္းကေလးအတြက္ကေတာ့ ေျပာင္းျပန္ေပါ့။ ဘဝလုံၿခဳံမႈ လိုခ်င္တယ္။ ျပည့္ျပည့္စုံစုံ ေနခ်င္တယ္။ အားကိုးခ်င္တယ္။ ပုံအပ္ခ်င္တယ္။ ျပန္ေပးရတာကေတာ့ Sex ရယ္၊ အိမ္ေထာင္ရွင္မ ျဖစ္ဖို႔ရယ္၊ ကေလးေမြးဖြား ျပဳစုပ်ိဳးေထာင္ဖို႔ရယ္။


ဒါကို ကြၽန္ေတာ္တို႔ အဖိုးအဖြားေတြဆီမွာ ေတြ႕နိုင္သလို မိဘေတြတုန္းကလည္း ဒီပုံစံပဲ။ ခုထိ ကိုယ္ေတြမွာလည္း ဒီပုံစံပဲ ေတြ႕ေနရေသးတယ္။ Sex နဲ႕ ပတ္သက္လို႔ အပ်ိဳစစ္မွ ဆိုတာမ်ိဳး မဟုတ္ေတာ့ဘူး ဆိုရင္ေတာင္ မိန္းမဆို အိမ္မႈကိစၥနိုင္မွ၊ အခ်က္အျပဳတ္ေတာ္မွ၊ အျပဳအစုေကာင္းမွ၊ ဒါေတြေတာ့ ရွိေသးတာပဲ။ ႐ုပ္ရွင္ကားေတြ၊ သီခ်င္းေတြထဲမွာလည္း ဒီသေဘာေတြ အမ်ားႀကီးပဲ ေတြ႕ရမယ္။ 


႐ုတ္တရက္ဆို အဆင္ေျပသလိုေတာ့ ထင္ရတယ္။ သို႔ေသာ္ ဒီလိုပုံစံေၾကာင့္ ဘာျပႆနာေတြ ဆက္ျဖစ္ရလဲ ဆိုတာ ေဆြးႏြေးပါမယ္။


ဘာျပႆနာေတြ ေပးလဲ


Sex ဆိုတာ ႏွစ္ေယာက္လုံး ခံစားၾကရတာ ျဖစ္ေပမဲ့ ေယာက္်ားေတြက ရယူတာ၊ မိန္းကေလးေတြက ေပးဆပ္ရတာ ဆိုတဲ့ အျမင္မ်ိဳး ရွိေနတယ္။ မယူရေသးဘဲ အဲဒီကိစၥ ေတာင္းဆိုတယ္ဆိုရင္ ဒါ မိန္းကေလးကို တန္ဖိုးမထားတာ ဆိုတာမ်ိဳးေတာင္ ျမင္ခဲ့ၾကတယ္။ ခုေနာက္ပိုင္းသာ သိပ္မရွိေတာ့တာ။ သမီးရည္းစားဘဝမွာ ဒီမိန္းကေလးကို မွဲ႕တစ္ေပါက္ မစြန္းေစရဘဲ ေစာင့္ထိန္းတယ္ ဆိုတာသည္ ေယာက္်ားေတြရဲ႕ ဂုဏ္သိကၡာ ျဖစ္ေနခဲ့တာေပါ့။ ဆိုေတာ့ ေယာက္်ားတစ္ေယာက္သည္ လက္ထပ္ၿပီးမွပဲ ဒါကို ရယူနိုင္တယ္။ 


တစ္ဖက္ကလည္း မိန္းကေလးေတြအေနနဲ႕ အပ်ိဳစစ္မွသာ မိန္းမေကာင္း ပီသတယ္ ဆိုတာမ်ိဳး သတ္မွတ္ထားၾကတယ္။ လက္ထပ္တဲ့သူကိုမွ သူ႕ရဲ႕ အပ်ိဳစင္ဘဝကို ေပးအပ္ခ်င္တယ္ေပါ့။ ေယာက္်ားေလးကလည္း အဲ့လိုအပ်ိဳစင္ဘဝကို ရလိုက္ရရင္ ဘယ္ေလာက္ ၾကည္ႏူးတယ္၊ ရင္ခုန္တယ္ ဆိုတာေတြကို မဂၤလာဦးညနဲ႕ ပတ္သက္တဲ့ ဝတၱဳေတြ၊ ႐ုပ္ရွင္ကားေတြ၊ သီခ်င္းေတြက ေဖာ္ျပေနတယ္။


ေနာက္ပိုင္း အိမ္ေထာင္သည္ဘဝမွာလည္း ဒီလိုပဲ။ Sex နဲ႕ ပတ္သက္ရင္ ေယာက္်ားလိုအပ္တာ ျဖည့္ဆည္းေပးရတယ္လို႔ပဲ မွတ္ယူထားၾကတယ္။ Orgasm ဆိုတာ ဘာမွန္းမသိတဲ့ အမ်ိဳးသမီးေတြ တစ္ပုံႀကီး။


ဆိုေတာ့ အစပိုင္းကေတာ့ သိပ္ျပႆနာမရွိဘူး။ သို႔ေသာ္ Everything has the expired date ေလ။ အထူးသျဖင့္ ဒီလိုစိတ္ဆႏၵ (Passion) ေတြ၊ စိတ္လႈပ္ရွားမႈ (Excitement) ေတြက ပိုၿပီး သက္တမ္းကုန္လြယ္တယ္။ ပိုဆိုးတာက Sex ဆိုတာ ကိုယ့္ဘက္က အေပးသပ္သပ္ပဲလို႔ ခံယူထားေတာ့ ပိုပိုၿပီး ရင္ခုန္ေအာင္ မလုပ္ေတာ့ဘူး။ လုပ္ရင္ ဒါ ရွက္စရာေကာင္းတယ္၊ မိန္းမေကာင္း မပီသရာ ေရာက္တယ္၊ ငါ့ေယာက္်ား ငါ့ကို အထင္ေသးသြားမယ္၊ ဒီလိုအေတြးေတြ ရွိတယ္။ အဲဒီအခါ ေယာက္်ားေတြရဲ႕ စိတ္က ျပင္ပမိန္းမေတြဆီ ေရာက္လာတယ္။ အသစ္ကို လိုခ်င္လာတယ္။


ေယာက္်ားတိုင္းေတာ့ မဟုတ္ပါဘူး။ အလုပ္ပဲ အာ႐ုံစိုက္ေနတာ၊ မိသားစုနဲ႕ ကေလးေတြကို ဦးစားေပးတာ၊ ကိုယ္က်င့္သိကၡာကို အေလးထားတာ၊ ဒါမွမဟုတ္ Sex က သူ႕အတြက္ ဒီေလာက္ႀကီး အေရးမပါလွတာ စသျဖင့္ အေၾကာင္းေပါင္းစုံ ျဖစ္နိုင္တယ္။ သူတို႔ေတြကေတာ့ Sex အတြက္နဲ႕ တျခားမိန္းမဆီ မေရာက္သြားဘူး။ 


သို႔ေသာ္ တခ်ိဳ႕ကေတာ့ အေပၚမွာ ေျပာခဲ့သလို Excitement အသစ္ကို ရွာခ်င္လာတယ္။ မိန္းမကိုလည္း ခ်စ္တယ္။ သားသမီးေတြကိုလည္း ခ်စ္တယ္။ သို႔ေသာ္ သူတို႔ရဲ႕ လိင္ဆႏၵအတြက္ေပါ့ေလ။ အဲဒီကစလို႔ အိမ္ေထာင္ေရး ျပႆနာ စတက္တယ္။ 


ေယာက္်ားက ေျခလွမ္းေတြ ပ်က္လာတယ္။ စိတ္က ကိုယ့္ဆီ မရွိေတာ့ဘူး။ အလုပ္ကေန ျပန္လာတာေတြ ေနာက္က်လာတယ္။ ႀကဳံဖူးတဲ့ အမ်ိဳးသမီးေတြကေတာ့ ပိုသိလိမ့္မယ္။ အဲ့လိုအခ်ိန္ ျဖစ္ရတဲ့ ခံစားခ်က္ကို။


အဲဒီမွာမွ တခ်ိဳ႕က ေငြပဲ ခ်ဴတယ္။ တခ်ိဳ႕က လူပါ အပိုင္လိုခ်င္လာတယ္။ ဇာတ္လမ္းေတြက ပိုရႈပ္ေထြးလာတယ္။ အဲဒီမွာ လာၿပီ။ ဟိုတယ္ခန္းထဲထိ လိုက္သြားၿပီး ပါးရိုက္တာတို႔၊ ေဖ့စ္ဘြတ္ေပၚ တင္ၿပီး အရွက္ခြဲတာတို႔။ 


ဒါျဖင့္ ဒီေလာက္ဆိုးတဲ့ ေယာက္်ား ကြာလိုက္ပါလား ဆိုေတာ့ ကြာလို႔ မရဘူး။ ဘာလို႔လဲဆို မိန္းမေတြဟာ ေယာက္်ားေတြအေပၚမွာ မွီခိုမႈ ၃ မ်ိဳး ရွိေနလို႔ပဲ။


 ၁။ ေငြေၾကးအရ မွီခိုေနရတာ (Financial dependence)


ဘာမွ မလုပ္စားတတ္ေတာ့ ဒီေယာက္်ား မရွိရင္ မျဖစ္ဘူး။ ဒီေတာ့ ႀကိတ္မွိတ္ေပါင္းသင္းေပေတာ့ပဲ။ ေပးစရာ ဥပမာေတြက အမ်ားႀကီးပဲ။ စာရွည္မွာစိုးလို႔ အဆိုးဆုံးတစ္ခုကိုပဲ ေျပာျပမယ္။ အေဖက သမီးအရင္းကို အဓမၼက်င့္တယ္။ အဲဒါကို ကေလးက တိုင္မယ္လုပ္ေတာ့ အေမကိုယ္တိုင္က တားတယ္။ နင့္အေဖ ေထာင္က်သြားရင္ ငါတို႔တစ္မိသားစုလုံး ဒုကၡေရာက္မွာတဲ့။ ဒါ အိမ္ေထာင္ေရး ေဖာက္ျပန္တဲ့အဆင့္ မဟုတ္ေတာ့ဘူးေနာ္။ မုဒိမ္းက်င့္တဲ့အဆင့္။ က်င့္တာကလည္း သမီးရင္းကို။ အဲဒါေတာင္ ကြာဖို႔ မေျပာနဲ႕၊ ဘာမွ မလုပ္ရဲဘူး ဆိုတာ ဒီလူ႕အေပၚ ဝင္ေငြအရ မွီခိုေနရလို႔ပဲ။ 


 ၂။ စိတ္ပိုင္းဆိုင္ရာအရ မွီခိုေနရတာ (Emotional dependence)


ခုေခတ္က် မိန္းကေလးေတြလည္း ကိုယ္ပိုင္အလုပ္နဲ႕၊ ကိုယ္ပိုင္ဝင္ေငြနဲ႕ ျဖစ္လာၾကၿပီ။ ဒါေပမဲ့ စိတ္ပိုင္းဆိုင္ရာအရ မွီခိုေနရတုန္းပဲ။ ေယာက္်ားမရွိရင္ မတင့္တယ္ဘူး ဆိုတာမ်ိဳးေပါ့။ အိမ္ေထာင္ကြဲထားတဲ့ ငါ့ကို တန္ဖိုးထား ခ်စ္တဲ့သူ၊ လက္ထပ္မဲ့သူမွ ရွိပါဦးမလား စသျဖင့္ ေတြးမိၾကတယ္။ မိန္းကေလးေတြရဲ႕ စိတ္မွာကိုက အဲဒီလို မလုံၿခဳံမႈ (Insecurity) က ရွိေနတာ။ မိဘေတြရဲ႕ ပ်ိဳးေထာင္မႈပုံစံနဲ႕လည္း အမ်ားႀကီး ပတ္သက္တာေပါ့။ 


 ၃။ လူမႈေရးအရ မွီခိုေနရတာ (Social dependence)


အိမ္ေထာင္ပ်က္ထားတဲ့ အမ်ိဳးသမီး မျဖစ္ခ်င္ဘူး။ လူေတြ အထင္ေသးမွာ ေၾကာက္တယ္။ တကယ္ေၾကာက္ေလာက္ေအာင္လည္း လူေတြက ကဲ့ရဲ႕ၾက၊ သနားၾကည့္နဲ႕ ၾကည့္ၾက လုပ္တာကိုး။ ေယာက္်ားေတြကလည္း အိမ္ေထာင္ကြဲထားတဲ့ အမ်ိဳးသမီးဆို ပိုၿပီး ယိသဲ့သဲ့က လုပ္ခ်င္ၾကေသးတယ္။ ဆိုေတာ့ ဒါေတြကို ေၾကာက္တယ္။


ဒီလိုတစ္ခုမဟုတ္ တစ္ခု မွီခိုေနရတဲ့အတြက္ အမ်ိဳးသမီးေတြဟာ ေတာ္႐ုံနဲ႕ မကြာနိုင္ဘူး။ အဲ့ေတာ့ ေယာက္်ားျဖစ္သူ လုပ္သမွ် သည္းခံ၊ အိမ္မွာေတာ့ မ်က္ရည္နဲ႕ မ်က္ခြက္။ ေဖ့စ္ဘြတ္ေပၚေတာ့ သူ႕ေယာက္်ား ဘယ္လိုခ်စ္ေၾကာင္း တက္တက္ေရး။ မသိတဲ့သူေတြကလည္း အားက်ေပါ့။ ဒီလိုအိမ္ေထာင္သည္ အမ်ိဳးသမီးေတြ အမ်ားႀကီး ရွိတယ္။


မိန္းမေတြရဲ႕ ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ (Self-esteem) သည္ ကိုယ့္အိမ္ေထာင္ဖက္၊ ကိုယ့္ေယာက္်ားက ဘယ္ေလာက္ခ်စ္တယ္၊ ဂ႐ုစိုက္တယ္၊ တန္ဖိုးထားတယ္ ဆိုတာကေန လာတာ မ်ားတယ္ေလ။ ဒါေၾကာင့္ Right person ဆိုၿပီး ေျပာတာ၊ ကိုယ့္ပါတနာနဲ႕ ပတ္သက္လို႔ အႂကြားမ်ားတာသည္ မိန္းမေတြ ျဖစ္ေနတာ ေတြ႕ရလိမ့္မယ္။ အားအက်ခံခ်င္တာေပါ့။ 


ဒီေတာ့ အဆင္မေျပတဲ့ အိမ္ေထာင္ေရးကို အဆုံးသတ္လိုက္ရလို႔ ပိုေပ်ာ္မသြားဘူး။ သူ ရပ္တည္ေနတဲ့ ကမၻာေျမႀကီး ေပ်ာက္သလို ျဖစ္သြားတာ။ အဲဒါထက္စာရင္ေတာ့ ကိုယ့္ဆီ စိတ္မရွိေတာ့တဲ့ ေယာက္်ားကိုပဲ ဆက္ေပါင္းေနလိုက္တာ ပိုေကာင္းတယ္ဆိုၿပီးပဲ ႀကိတ္မွိတ္ေနလိုက္ၾကေတာ့တာပဲ။


Sex ကိစၥ ေဖာက္ျပန္မွ မဟုတ္ဘူး။ ရိုက္ႏွက္၊ အနိုင္က်င့္၊ Emotional abuse ေတြ လုပ္လည္း ဆက္ေပါင္းေနၾကရတာ ဒါေတြေၾကာင့္ပဲ။ 


အိမ္ေထာင္သက္ ႏွစ္ၾကာလာမွ ျပႆနာ တက္တာလား ဆိုေတာ့ မဟုတ္ဘူး။ မဂၤလာဦးညကတည္းက သတို႔သမီးက ေသြးမထြက္လို႔ ငါ့ကို ခ်ိဳ(ဂ်ိဳ) တပ္ေပးတယ္၊ ႏြားျဖစ္ေအာင္ လုပ္တယ္ ဆိုၿပီး ရန္ရွာတာေတြလည္း ရွိတယ္။ 


သမီးရည္းစားဘဝမွာလည္း တက္တာပဲ။ ဘာလဲဆိုေတာ့ အပ်ိဳစင္ေလးကို ရဖို႔ အိမ္ေထာင္ရွိတာ မေျပာဘဲ ကာမလိမ္လည္ရယူသြားတာ၊ Sex ကို ရဖို႔ ခ်စ္တယ္ဆိုတဲ့ စကားကို လွလွပပေျပာၿပီး ခ်င္းထည့္သြားတာ၊ မိန္းကေလးေတြမွာ ဒီရည္းစားနဲ႕ အတူေနၿပီးလို႔ ျပတ္သြားရင္ ငါေတာ့ သြားၿပီ၊ တန္ဖိုးမရွိေတာ့ဘူး ဆိုၿပီး စိတ္ဒဏ္ရာေတြ ရက်န္ေနခဲ့တာ၊ အဲ့လိုေတြေပါ့။


ေဟာ အဲဒီထက္ ဆိုးလာရင္ မုဒိမ္းက်င့္တာ၊ ၿခိမ္းေျခာက္ၿပီး ကာမရယူတာ၊ ကားတင္ေျပးတာေတြ ျဖစ္လာတယ္။ အဲ့လို လုပ္ၿပီးသြားရင္လည္း ဒီမုဒိမ္းေကာင္က ယူပါမယ္ဆို မိန္းကေလးက လက္ခံလိုက္ရတာ ရွိတယ္။ ပတ္ဝန္းက်င္ကလည္း နားခ်တာကိုး။ ဟဲ့ တစ္ရွက္ကေန ႏွစ္ရွက္ မျဖစ္ေစနဲ႕ေပါ့ေလ။ ၿပီးခဲ့တာေတြလည္း ၿပီးၿပီပဲေပါ့။ အဲ့ေတာ့ ဒီမုဒိမ္းေကာင္က Impunity လို႔ ေခၚတဲ့ ျပစ္ဒဏ္ကင္းလြတ္ခြင့္ ရသြားေရာ။ ေကာင္မေလးတစ္ေယာက္ကို ႀကိဳက္တယ္။ ျပန္မႀကိဳက္ဘူးလား။ ရတယ္ေလ။ အတင္းအၾကပ္ ကာမရယူလိုက္။ ဒါဆို ကိုယ့္မိန္းမ မျဖစ္ခ်င္လည္း ျဖစ္ရေတာ့မွာပဲ။ ဒီလိုေတြ လက္ခံက်င့္သုံးလာၾကေရာ။


ဒါ ခုနကလို အေပးအယူ၊ အလဲအထပ္ လုပ္ျခင္းကေန ျဖစ္လာတဲ့ အက်ိဳးဆက္ေတြေပါ့။


ဘာေၾကာင့္ ျဖစ္ရသလဲ


ဟုတ္ၿပီ။ ဒါဆို ဘာေၾကာင့္ အဲ့လို အေပးအယူပုံစံ ျဖစ္ေနရသလဲ စဥ္းစားၾကည့္ရေအာင္။ 


စကားလုံးတစ္လုံးတည္း ေျပာပါဆို Patriarchy လို႔ ေခၚတဲ့ ဖိုဝါဒေၾကာင့္ပဲ။ ဖိုဝါဒဆိုတာကို ထပ္ရွင္းျပရရင္ေတာ့ အမ်ိဳးသားေတြကို တစ္ဆင့္ျမင့္ လူတန္းစားရယ္လို႔ ျဖစ္ေစတဲ့ အေတြးအေခၚ၊ အေလ့အထ၊ ယဥ္ေက်းမႈ၊ စံသတ္မွတ္ခ်က္ေတြကို ဆိုလိုတာ ျဖစ္ပါတယ္။


ေယာက္်ားဆိုတာ အရည္အခ်င္း ရွိရတယ္။ ေငြရွာနိုင္ရတယ္။ ဦးေဆာင္နိုင္တယ္။ မိန္းကေလးဆိုတာကေတာ့ အပ်ိဳစစ္ရမယ္။ အိမ္မႈကိစၥ နိုင္နင္းရတယ္။ မိခင္ေကာင္း ပီသရမယ္။ မိန္းမေကာင္း ပန္းပန္ တစ္ပြင့္ပန္ ဆိုသလို အိမ္ေထာင္တစ္ဆက္တည္း ရွိရမယ္။ ဒီလို သတ္မွတ္ခ်က္ေတြ ရွိတယ္။


မိန္းကေလးတစ္ေယာက္က ဦးႏွောက္ကပဲ ျငင္းျငင္း၊ ႏွလုံးသားကပဲ ျငင္းျငင္း၊ သူ႕လိင္အဂၤါကို အပိုင္ရရင္ သူ႕ကို ပိုင္သြားၿပီ ဆိုကတည္းက သူ႕တန္ဖိုးဟာ ပညာအရည္အခ်င္းတို႔၊ စိတ္ေနစိတ္ထားတို႔မွာ မရွိေတာ့ဘဲ အဲဒီ ၆ လက္မေလာက္ ရွည္တဲ့ ေနရာမွာ ေရာက္ေနၿပီ။


အဲ့လိုေပတံေတြေၾကာင့္ပဲ ငယ္ငယ္ကတည္းက ေယာက္်ားေလး၊ မိန္းကေလးေတြရဲ႕ ေတြးေခၚပုံ၊ အရည္အခ်င္း ျဖည့္တင္းပုံ၊ ကိုယ့္ကိုယ္ကိုယ္ ရႈျမင္မႈ (Self-image) ၊ RS နဲ႕ အိမ္ေထာင္ေရးကေန ဘာလိုခ်င္တယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္၊ ဒါေတြ မတူေတာ့ဘူး ျဖစ္လာတယ္။ အိမ္ေထာင္ေရးသည္ Partnership မဟုတ္ဘဲ Ownership ပုံစံ ျဖစ္ေနတယ္။


ကိုယ္ပိုင္အလုပ္နဲ႕၊ အရည္အခ်င္းနဲ႕၊ ဝင္ေငြနဲ႕ ရပ္တည္နိုင္တဲ့ မိန္းကေလးေတြကအစ အေပၚမွာ ေျပာခဲ့သလို စိတ္ပိုင္းဆိုင္ရာအရ မလုံၿခဳံတာေတြ၊ ပတ္ဝန္းက်င္က ဘယ္လိုျမင္မလဲ ေတြးပူေနတာေတြ အမ်ားႀကီးပဲ ရွိတယ္။ ဒါေတြဟာ Patriarchy ေၾကာင့္ပဲ။ 


တခ်ိဳ႕ကလည္း ေျပာၾကတယ္။ မိန္းကေလးေတြရဲ႕ တန္ဖိုးက အပ်ိဳစစ္မွ မဟုတ္ဘူးတဲ့။ ျပန္ၾကည့္ေတာ့ ေျပာတဲ့ မိန္းကေလးက နိုင္ငံျခားကေန ဘြဲ႕ရထားတာ။ နားေထာင္ေနတဲ့ မိန္းကေလးက ၄ တန္းနဲ႕ ေက်ာင္းထြက္ထားတဲ့သူ။ သူ႕ဘဝက ပညာလည္း ေကာင္းေကာင္းမသင္ရ၊ အလုပ္လည္း မရွိ၊ ရွိလည္း ရပ္တည္နိုင္ေလာက္တဲ့ ဝင္ေငြမရ။ အဲဒီအခါ သူ႕တန္ဖိုးသည္ အပ်ိဳစင္ဘ၀ ျဖစ္ေနဦးမွာပဲ။


ဆိုလိုတာက အဲ့တစ္ခုတည္း ကြက္ၿပီး ေျပာလို႔ မရဘူး။ အျမင္ဖြင့္လို႔ မရဘူး။ မိန္းကေလးေတြအတြက္ ပညာေရး အခြင့္အလမ္း၊ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရွိေနရမယ္။ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္ေအာင္ လုပ္ေပးရမယ္။ ဒါမွ လက္ေတြ႕က်မွာ။ အဲ့လို မိန္းကေလးေတြ အခြင့္အေရး ပိုရလာဖို႔က Patriarchy ကို ဖယ္ရွားမွ ျဖစ္ပါလိမ့္မယ္။


ပိုရလာဖို႔ ဆိုလို႔ ဦးစားေပးရမယ္ မဟုတ္ဘူး။ Patriarchy ေၾကာင့္ ေယာက္်ားေတြက အသာရသလို ျဖစ္ေနတဲ့ အေနအထားကို ဖယ္ရွားၿပီး မိန္းမေတြအတြက္ တန္းတူညီမွ် အခြင့္အေရးေတြ ဖန္တီးေပးဖို႔ ဆိုလိုတာ။ ဥပမာ သားနဲ႕ သမီးမွာ သားကိုေတာ့ ေက်ာင္းဆက္ထား၊ သမီးကို ေက်ာင္းထုတ္၊ အိမ္အလုပ္ ကူခိုင္းတာမ်ိဳးကစလို႔၊ လုပ္ခလစာ အညီအမွ် အေပးမခံရျခင္း အလယ္၊ ေခါင္းေဆာင္ပိုင္းေတြမွာ အမ်ိဳးသမီးေတြကို ေနရာမေပးတာ အဆုံး၊ ဒါေတြကို ေလ်ာ့နည္းသြားေအာင္ လုပ္ဖို႔ လိုတယ္။


ေယာက္်ားေတြက ခ်မ္းသာလာရင္ ပ်က္စီးတယ္၊ မိန္းမေတြက ဆင္းရဲရင္ ပ်က္စီးတယ္ ဆိုတဲ့ စကားရွိတယ္။ ေယာက္်ားေတြက အရည္အခ်င္း ရွိလာတဲ့အခါ၊ ေငြရွာေကာင္းလာတဲ့အခါ ဝိုင္းဝိုင္းလည္လာတယ္။ အိမ္ေထာင္ရွိရွိ မရွိရွိ ဂ႐ုမစိုက္ဘူး၊ သူ႕ကို စပြန္ဆာေပးနိုင္ရင္ ၿပီးေရာ ဆိုတဲ့ မိန္းကေလးေတြလည္း ရွိမယ္။ ခုနကလို ကိုယ့္ပါတနာကေနတဆင့္ Self-esteem ကို တည္ေဆာက္တာမို႔ ဒီလို အရည္အခ်င္းရွိတဲ့ ေယာက္်ားနဲ႕ တြဲရရင္၊ ယူရရင္ ဘဝက ျပည့္စုံၿပီဆိုၿပီး အပိုင္ယူတာေတြပါ ရွိလာတယ္။ 


မိန္းကေလးေတြက် ငယ္ငယ္ကတည္းက ေယာက္်ားအေပၚ မွီခိုရမယ္ ဆိုတဲ့ပုံစံနဲ႕ ပ်ိဳးေထာင္ခံလာရေတာ့ သူ သုံးခ်င္တာ၊ ဝယ္ခ်င္တာေတြကို ဝယ္ေပးမဲ့ လူတစ္ေယာက္က လိုကိုလိုတယ္။ ကိုယ့္ဟာကိုယ္ ဝယ္နိုင္ဖို႔အတြက္ လုံေလာက္တဲ့ ပညာအရည္အခ်င္း၊ အလုပ္အကိုင္ အခြင့္အလမ္းကလည္း ရွိမေနဘူး။ ဒီေတာ့ ဆင္းရဲရင္ ပ်က္စီးလြယ္တယ္ ဆိုၿပီး ျဖစ္လာတာ။ ေျပာရရင္ ဒီစကားသည္လည္း Patriarchy ေၾကာင့္ ျဖစ္လာတာပဲ။


ေယာက္်ားေလးတစ္ေယာက္က ႏွစ္ရွည္လမ်ား ရည္းစားျဖစ္ၿပီးမွ ျဖတ္လိုက္တယ္ဆို သူမ်ားသားသမီးကို မစာနာဘူး ဆိုၿပီး ဝိုင္းဆဲၾကတယ္။ မိန္းကေလးဘက္က ျဖတ္သြားရင္ေတာ့ ဒါ ဒီေကာင္ ေတာ္ေတာ္ဆိုးလို႔ေနမယ္ ဆိုၿပီး ေျပာၾကတယ္။ မိန္းမေတြက Double standard ျဖစ္ေနတယ္ ထင္ရတယ္၊ အၿမဲပဲ သူတို႔မွန္တယ္ ေျပာေနသလို ထင္ရတယ္။ သို႔ေသာ္ အဲ့လိုႏွစ္ေတြ အၾကာႀကီး ရည္းစားျဖစ္ၿပီးမွ ကြဲသြားရင္ မိန္းကေလးဘက္က တန္ဖိုးက်သြားၿပီလို႔ ဒီလူ႕အဖြဲ႕အစည္းကပဲ သတ္မွတ္ထားတာကိုး။


Sex ကိစၥမွာ မိန္းကေလးဘက္က စလို႔ပါ ေျပာရင္ ဘယ္သူမွ မယုံၾကဘူး ဆိုတာကလည္း Sex နဲ႕ ပတ္သက္ရင္ မိန္းကေလးေတြကို ထိန္းသိမ္းထားတာေတြ မ်ားလို႔ပါ။ ဒီအေၾကာင္း ေျပာရင္၊ ပြင့္လင္းရင္ အထင္ေသးတတ္ၾကလို႔ပါ။


ခ်မ္းသာတဲ့ ေယာက္်ားက ရွင္ဘုရင္၊ ပိုက္ဆံမရွိတဲ့ ေယာက္်ားက သူေတာင္းစား ဆိုၿပီး ႏွိုင္းခံရတာ၊ အပ်ိဳစင္ကို မရလို႔ ႏြား ဆိုၿပီး တံဆိပ္ကပ္ ခံရတာ၊ ဒါေတြဟာလည္း Patriarchy ေၾကာင့္ပါပဲ။


အဲ့လိုပဲ အခ်စ္ခံရသူနဲ႕ ေတြ႕ေတာ့ ေကာင္မေလးမ်က္ႏွာက ဘယ္လို ဆိုၿပီး ရွယ္ေနၾကတာ၊ ထက္ျမက္တဲ့ မိန္းမ လို႔ အစခ်ီၿပီး စာအရွည္ႀကီးေတြ ေရးေနၾကတာ၊ သိန္းဘယ္ႏွေထာင္နဲ႕ တင္ေတာင္းတာ၊ တန္ဖိုးရွိေအာင္ ေနလို႔ အဲ့လို တင္ေတာင္းခံရတာေပါ့ ဆိုၿပီး ေျပာၾကတာ၊ အဲ့လို တင္ေတာင္းခံရတာကို အားက်ေနၾကတာ အားလုံးဟာလည္း Patriarchy ေၾကာင့္ပဲ ဆိုတာ သိဖို႔ လိုတယ္။ ေက်ာ္လြန္ၿပီး ျမင္တတ္ဖို႔ လိုပါတယ္။


စာလည္း သိပ္ရွည္ေနၿပီမို႔ နိဂုံးခ်ဳပ္ရရင္ ဖိုဝါဒဆိုတဲ့ ကိစၥက ကြၽန္ေတာ္တို႔ရဲ႕ ရင္ထဲ အသည္းထဲမွာ စိမ့္ဝင္ေနတဲ့ ကိစၥ ျဖစ္တယ္။ ေယာက္်ားေတြကိုလည္း ဒုကၡေပးတာ ရွိေပမဲ့ အဓိကအားျဖင့္ေတာ့ မိန္းကေလးေတြကို တစ္ဆင့္နိမ့္တဲ့ လူတန္းစားေတြ ျဖစ္သြားေစပါတယ္။ အပ်ိဳစစ္ျခင္း၊ မစစ္ျခင္း ကိစၥေတြထက္ ပိုၿပီးေတာ့ နက္နက္ရွိုင္းရွိုင္းနဲ႕ကို ျပႆနာ ေပးေနတာပါ။ 


ဒါကို ေလ်ာ့နည္းသြားေအာင္ လုပ္ဖို႔က တစ္ရက္ တစ္မနက္တည္းနဲ႕ မျဖစ္နိုင္ပါဘူး။ အရင္ဆုံး၊ ကိုယ့္ဆီမွာ အျမစ္တြယ္ေနတဲ့ ဒီအျမင္ေတြကို ေတာ္လွန္ရမယ္။ ၿပီးရင္ေတာ့ မ်ိဳးရိုးစဥ္ဆက္ လက္ဆင့္ကမ္းလာတဲ့ ဆိုဆုံးမမႈေတြကို ကိုယ့္လက္ထက္မွာ အဆုံးသတ္ပစ္ဖို႔ပါပဲ။


ေဒါက္တာ ၿဖိဳးသီဟ

၂၀.၁၂.၂၀၂၁

Monday, December 20, 2021

ဘယ်တော့မှမလုပ်သင့်တဲ့Windowsအမှားတွေ

 ဘယ်တော့မှမလုပ်သင့်တဲ့Windowsအမှားတွေ




ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

#Windows_OS

#ကွန်ပျူတာအသုံးပြုခြင်း


(ကွန်ပျူတာတစ်လုံးကို အသုံးပြုပြီဆိုတာနဲ့ စက်တစ်လုံးစလုံးကို အဓိကမောင်းနှင်တဲ့ OS အကြောင်း မသိမဖြစ်ပါဘဲ။ ကွန်ပျူတာ လောကမှာ အဓိကသိတဲ့ OS နှစ်မျိုးက Windows OS နဲ့ macOS ဖြစ်ပါတယ်။ အျခား Operation System များကိုတော့ နားသိပ်မယဉ် ကြတာများပါတယ်။ အခုမျှေ၀မယ့်ဆောင်းပါးကတော့ Windows OS အသုံးပြုထားတဲ့ ကွန်ပျူတာများကို အသုံးချတဲ့အခါ မပြုလုပ်သင့်တဲ့ အချက်အလက်အချို့ပေါ့နော်။ အသုံးပြုသူတွေ အများစုလုပ်တတ်ကြတဲ့ ကိစ္စလေးတွေမို့ပါ။)


Windows သုံးပြီဟုဆိုလျှင် မလုပ်သင့်မလုပ်ထိုက်သော ကိစ္စများရှိသည်။ အထူးသဖြင့် OS ထဲရွိ ဖိုင်များနှင့်ပတ်သက်သည့် ကိစ္စဖြစ်သည်။ ထိုမလုပ်သင့်သည့်ကိစ္စများကို လုပ်မိလျှင် OS တည်ငြိမ်မှုကို ထိခိုက်မည် သာမက အလုပ်လုပ်ရာတွင် ကသောင်းကနင်းဖြစ်လာနိုင်သည်။ Windows နှင့်ပတ်သက်ပြီး မလုပ်သင့်သည့်အမှားများကို အောက်ပါအတိုင်းတွေ့ရပါမည်။


(၁) C: Drive ထဲမွာ ဖိုင်များကို ကြုံသလိုဖျက်ခြင်း။

Hard Drive ထဲတွင် Software မ်ား ဖိုင်များ ထည့်ရင်းထည့်ရင်းဖြင့် နေရာလွတ်မကျန်လောက်အောင် ပြည့် သိပ်လာသည့်အခါ ကွန်ပျူတာ အလုပ္လုပ္ပုံ နှေးကွေးလာပါမည်။ ထိုကိစ္စကိုဖြေရှင်းရန် နည်းလမ်းတစ်ခုသာ ရှိသည်။ မိမိအတွက် အသုံးသိပ်မလိုသော ဖိုင်များကို ဖျက်ပစ်ရန်ဖြစ်သည်။ ထိုကိစ္စကိုဆောင်ရွက်ရာတွင် အမြင်ဖြင့်ကြည့်ပြီး ဖိုင်များကို ကိုယ်တိုင်ရွေးချယ်ဖျက်နိုင်သည်။ Windows သည် အချို့သော System ဖိုင်များ ကို မှားယွင်းမဖျက်မိစေရန် ကာကွယ်ထားပါသည်။ သို့သော် ထိုမျှအရေးကြီးသော ဖိုင်များကိုပင် အမှုမဲ့ အမှတ်မဲ့ အလွယ်တကူဖျက်ပစ်မိတတ်ပါသေးသည်။ System ဖိုင်များကိုမှားယွင်းပြီး ဖျက်မိသည့်အခါ အချို့သော program များနှင့် feature မ်ား အလုပ်လုပ်တော့မည် မဟုတ်တော့ပါ။ အဆိုးဆုံးအနေဖြင့် Windows လုံးဝ မတက်သည်အထိ ဖြစ်နိုင်ပါသည်။


မိမိဖျက်လိုသောဖိုင်များကို စနစ္တက် ဖျက်မည်ဆိုလျှင် user folder များဖြစ်သည့် Documents, Music, Pictures နှင့် Video ဖိုင်များကို စနစ္တက် ရှာဖွေဖွင့်လှစ်ပြီး မိမိလုံးဝအသုံးမလိုတော့သည့် ဖိုင်မှန်း သေချာအောင်လုပ်ပြီးမှသာ ဖျက်သင့်ပါသည်။ ပို၍ကောင်းသည်မှာ အရေးကြီးသောဖိုင်များကို ဦးစြာ back up လုပ်ထားသင့်သည်။ ပြီးမှသာ ကွန်ပျူထာထဲတွင်ရှိနေသည့် အမှိုက်ဖိုင်ဆိုသောအရာများကို ဘေးကင်းလုံခြုံစွာ ဖျက်နိုင်ပါမည်။ မလိုသောဖိုင်များကို စိတ်ချစွာလုပ်လျှင် Disk Clean-up ကိုသုံးနိုင်သည်။


ယင်းကိစ္စအတွက် start တွင် ကလစ်နှိပ်ပါ။ ပြီးလျှင် ပေါ်လာသောအကွက်ကြီးထဲမှ ကွက်လပ်နေရာတွင် disk ဟု ရိုက်ထည့်ပါ။ ပြီးလျှင် Disk clean-up link တွင်ကလစ်နှိပ်ပါ။ Clisk clean-up ပွင့်လာလျှင် မိမိဖျက်လိုသောဖိုင်အမျိုးအစားတို့၏ ဘေးတွင်ရှိသော လေးထောင့်ကွက်တွင် အမှန်ခြစ်ပေါ်အောင် ကလစ်နှိပ် ပေးရပါမည်။ ဥပမာပွရလြှငျီDownloaded Program Files, Temporary internet files စသည်တို့ဘေး ရှိလေးထောင့်ကွက်တွင် အမှန်ခြစ်ပေါ်အောင် နှိပ်ပေးခြင်းဖြစ်သည်။ ပြီးလျှင် OK တွင် ကလစ်နှိပ်ခြင်းဖြင့် ဖိုင်များကို စနစ်တကျဖျက်ပေးပါ လိမ့်မည်။ ပို၍နက်နက်နဲနဲစစ်ဆေးပြီးဖျက်လိုပါက CCleaner ကိုအသုံးပြုနိုင် ပါသည်။


(၂) Windows Service တို့ကို disable လုပ်ခြင်း။

နှေးကွေးသော ကွန်ပျူတာတစ်လုံးနှင့် အလုပ်လုပ်ရခြင်းသည် ဒုက္ခတစ်ပါးဖြစ်သည်။ ကွန်ပျူတာအလုပ်လုပ်ရာ တွင် ပိုမြန်လာစေရန် အချို့သော Windows Service မ်ားကို disable လုပ်သင့်သည်ဟု အချို့ ပညာရှင်များက အကြံပြုပါသည်။ အမှန်တကယ်တွင် services များသည် OS တစ္ခု၏ တွဲဖက်အစိတ်အပိုင်းများဖြစ်သည်။ OS တက်လာသည့်အခါ ယင်းတို့ပါ တစ်ပါတည်းတွဲ၍ပါလာသည်။ ပြီးလျှင် နောက်ကွယ်မှနေ၍ ယင်းတို့အလုပ်လုပ် နေပါသည်။


ယခင်ကမူ Windows ၏ service မ်ားအား disable လုပ်ပစ်ခြင်းသည် ကွန်ပျူတာ အလုပ္လုပ္ပုံ ပိုမြန်လာမည်ဟု ယူဆခဲ့ကြပါသည်။ Hardware များအဆင့်နိမ့်စဉ်ကမူ ယင်းလုပ်ရပ်က မှန်ကောင်းမှန်ပါလိမ့် မည်။ ယခု Hardware မ်ား စွမ်းဆောင်ရည်အလွန်မြင့်လာသည့်အခါ ထိုကဲ့သို့ disable လုပ်ခြင်းသည် ကွန်ပျူတာစွမ်းဆောင်ရည်ကိုအနည်းငယ် မျှသာတိုးတက်စေသည်။ သို့မဟုတ် လုံးဝတိုးတက်မှုမရှိဟူ၍ တွေ့ လာရပါသည်။ မပိတ်သင့်သော service တစ္ခုအား disable လုပ်မိလျှင် အကောင်းထက် အဆိုးဖြစ်လာဖို့က ပိုများပါသည်။ ထိုသို့ disable လုပ်မည့်အစား start up တွင်လိုက်ပါလာမည့် Program အရေအတွက်ကိုလျှော့ ချခြင်းနှင့် Uninstaller ကိုသုံး၍ အသုံးမရှိသလောက်ဖြစ်သော software တို့အားဖယ်ရှားခြင်းကသာ ကွန်ပျူတာအလုပ်လုပ်ပုံကို ပို၍မြန်လာစေ နိုင်ပါသည်။


(၃) User Account Control ကို လုံးဝပိတ်ပစ်ခြင်း။

User Account Control (UAC) သည် Windows လုံခြုံမှုအတွက် ထည့်သွင်းပေးထားသော စွမ်းဆောင်ချက် တစ်ရပ်ဖြစ်ပြီး Windows Vista မွ စတင်၍ ပါဝင်လာပါသည်။ Windows System ထဲတွင် အဓိကကျသည့် အပြောင်းအလဲတစ်စုံတစ်ရာလုပ်တိုင်း (ဥပမာ software အသစ်တစ်ခုတင်ခြင်း) Pop up message တစ္ခု တက်လာပြီး သတိပေးသည်ကို ကွန်ပျူတာသုံးသူအတော်များများ ရင်းနှီးနေပြီးဖြစ်ပါသည်။ ကွန်ပျူတာတွင် အပြောင်းအလဲလုပ်သည့်အခါတိုင်း ခွင့်ပြုချက်တောင်းပါသည်။ များသောအားဖြင့် Admin account ကိုသုံးခိုင်း ပြီး Admin password ထည့်ပေးရန် တောင်းခံလေ့ရှိပါသည်။


ထိုဖြစ်ရပ်ကို ကွန်ပျူတာသုံးစွဲသူအတော်များများက သေဘာမက်ပါ။ ငါးမိနစ်တစ်ကြိမ်လောက် UAC dialogue box တက်လာခြင်းကို ကွန်ပျူ တာသုံးသူများစိတ်ကသိကအောက်ဖြစ်ကြပါသည်။ ထို့ကြောင့် Windows 7 မှစပြီး UAC ၏သတိပေးချက်အား အဆင့်လေးဆင့်ခွဲခြားပြီး ထိန်းချုပ်ခွင့်ပြုလာပါသည်။ မည်သည့်အရာကို လုပ်လုပ် Notification တက်သည့် အဆင့်မှနေ၍ Notification လုံးဝမပေါ်စေသည့်အဆင့်ထိ ထိန်းချုပ်ခွင့်ရှိ ပါသည်။ ယင်းကိစ္စအတွက် Control Panel ကိုဖွင့်ပါ။ User Account တွင် ကလစ်နှစ်ချက်နှိပ်ပါ။ ပြီးလျှင် change user account control settings တွင် နှစ်ချက်နှိပ်ပါ။


UAC မှပေးသော notification မ်ား လုံးဝမပေါ်အောင် ပိတ်ပစ်ခြင်းသည် အန္တရာယ်ရှိပါသည်။ အဘယ်ကြောင့် ဆိုသော် မိမိ၏ကွန်ပျူတာ တွင် မိမိ၏ခွင့်ပြုချက်မရှိဘဲ အပြောင်းအလဲတစ်စုံတစ်ရာ ပြုလုပ်သွားခြင်းသည် အန္တရာယ်ရှိနိုင်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ခွင့်ပြုချက်မရဘဲ ပြုလုပ်သောအပြောင်းအလဲများကို ပိတ်နိုင်ရန်အတွက် UAC ကို လိုအပ်ပါသည်။ ထို့ကြောင့် UAC ရွိ notification မ်ားကို လုံးဝပိတ်ရန် မသင့်ဘဲ ဒုတိယအမြင့်ဆုံးလုံခြုံရေး setting တွင်သာထားသင့်ပါသည်။


(၄) Windows 7 နှင့် 8 တွင် Guest User account ခွင့်ပြုခြင်း။

Windows 7 နှင့် 8 တွင် Admin account standard user account နှင့်အတူ Guest Account ကိုလည်း ထည့်သွင်းပေးထားပါသည်။ Windows 10 တွင်မူ Guest account ပါ မလာတော့ပါ။ Guest account ပေးခြင်း၏ ရည်ရွယ်ချက်မှာ လုပ်ပိုင်ခွင့်များ ကန့်သတ်ရန်နှင့် အချို့သောခွင့်ပြုချက်များမပေးရန် (ဥပမာ program installation) အတွက်ဖြစ်ပါသည်။ Guest account အတွက် password မလိုသောမူကို Windows 7 နှင့် 8 တွင် default အဖြစ်ပေးထားပါသည်။ ထို့ကြောင့် Guest account ဖြင့် ဝင်ရောက်အသုံးပြုသူသည် မိမိ၏ကွန်ပျူတာကို အလွယ်တကူဖွင့်၍ သုံးနိုင်ပါမည်။ အွန်လိုင်းပေါ် တက်နိုင်ပါမည်။ မိမိ၏ကွန်ရက်အတွင်းရှိ အခြားသော device မ်ားအား access လုပ်နိုင်ပါသည်။ ထို့ကြောင့် Guest account ခွင့်ပြုထားခြင်းသည်။ ကွန်ပျူတာအတွက် လုံခြုံမှုမရှိစေပါ။ Gusest account ကို ပယ်ဖျက်ရန်အတွက် Control panel ကိုဖွင့်ပါ။ add or remove user accounts တွင် ကလစ်နှိပ်ပါ။ ပြီးလျှင် Guest account တွင် ကလစ်နှိပ်ပါ။ Turn off the guest account ကိုရွေးပါ။ မိမိ၏ကွန်ပျူတာကို အျခားသူမ်ားအား အသုံးပြုခွင့်ပေးလိုပါက တစ်ဦးချင်းအတွက် password ထားပြီး အသုံးပြုနိုင်သော standard user account သည်သာ အသင့်တော်ဆုံးဖြစ်ပါသည်။


(မူလမျှေ၀သူ - MWS)


ဘယ္ေတာ့မွမလုပ္သင့္တဲ့Windowsအမွားေတြ




ေဆာင္းပါးရွင္ - ဧဧသက္ (ၿဖိဳးဓနဒစ္ဂ်စ္တယ္ဓာတ္ပုံ)

#Windows_OS

#ကြန္ပ်ဴတာအသံုးျပဳျခင္း


(ကြန္ပ်ဴတာတစ္လံုးကို အသံုးျပဳျပီဆိုတာနဲ႔ စက္တစ္လံုးစလံုးကို အဓိကေမာင္းႏွင္တဲ့ OS အေၾကာင္း မသိမျဖစ္ပါဘဲ။ ကြန္ပ်ဴတာ ေလာကမွာ အဓိကသိတဲ့ OS ႏွစ္မ်ိဳးက Windows OS နဲ႔ macOS ျဖစ္ပါတယ္။ အျခား Operation System မ်ားကိုေတာ့ နားသိပ္မယဥ္ ၾကတာမ်ားပါတယ္။ အခုမွ်ေ၀မယ့္ေဆာင္းပါးကေတာ့ Windows OS အသံုးျပဳထားတဲ့ ကြန္ပ်ဴတာမ်ားကို အသံုးခ်တဲ့အခါ မျပဳလုပ္သင့္တဲ့ အခ်က္အလက္အခ်ိဳ႕ေပါ့ေနာ္။ အသံုးျပဳသူေတြ အမ်ားစုလုပ္တတ္ၾကတဲ့ ကိစၥေလးေတြမို႔ပါ။)


Windows သုံးၿပီဟုဆိုလွ်င္ မလုပ္သင့္မလုပ္ထိုက္ေသာ ကိစၥမ်ားရွိသည္။ အထူးသျဖင့္ OS ထဲရွိ ဖိုင္မ်ားႏွင့္ပတ္သက္သည့္ ကိစၥျဖစ္သည္။ ထိုမလုပ္သင့္သည့္ကိစၥမ်ားကို လုပ္မိလွ်င္ OS တည္ၿငိမ္မႈကို ထိခိုက္မည္ သာမက အလုပ္လုပ္ရာတြင္ ကေသာင္းကနင္းျဖစ္လာနိုင္သည္။ Windows ႏွင့္ပတ္သက္ၿပီး မလုပ္သင့္သည့္အမွားမ်ားကို ေအာက္ပါအတိုင္းေတြ႕ရပါမည္။


(၁) C: Drive ထဲမွာ ဖိုင္မ်ားကို ႀကဳံသလိုဖ်က္ျခင္း။

Hard Drive ထဲတြင္ Software မ်ား ဖိုင္မ်ား ထည့္ရင္းထည့္ရင္းျဖင့္ ေနရာလြတ္မက်န္ေလာက္ေအာင္ ျပည့္ သိပ္လာသည့္အခါ ကြန္ပ်ဴတာ အလုပ္လုပ္ပုံ ေႏွးေကြးလာပါမည္။ ထိုကိစၥကိုေျဖရွင္းရန္ နည္းလမ္းတစ္ခုသာ ရွိသည္။ မိမိအတြက္ အသုံးသိပ္မလိုေသာ ဖိုင္မ်ားကို ဖ်က္ပစ္ရန္ျဖစ္သည္။ ထိုကိစၥကိုေဆာင္႐ြက္ရာတြင္ အျမင္ျဖင့္ၾကည့္ၿပီး ဖိုင္မ်ားကို ကိုယ္တိုင္ေ႐ြးခ်ယ္ဖ်က္နိုင္သည္။ Windows သည္ အခ်ိဳ႕ေသာ System ဖိုင္မ်ား ကို မွားယြင္းမဖ်က္မိေစရန္ ကာကြယ္ထားပါသည္။ သို႔ေသာ္ ထိုမွ်အေရးႀကီးေသာ ဖိုင္မ်ားကိုပင္ အမႈမဲ့ အမွတ္မဲ့ အလြယ္တကူဖ်က္ပစ္မိတတ္ပါေသးသည္။ System ဖိုင္မ်ားကိုမွားယြင္းၿပီး ဖ်က္မိသည့္အခါ အခ်ိဳ႕ေသာ program မ်ားႏွင့္ feature မ်ား အလုပ္လုပ္ေတာ့မည္ မဟုတ္ေတာ့ပါ။ အဆိုးဆုံးအေနျဖင့္ Windows လုံးဝ မတက္သည္အထိ ျဖစ္နိုင္ပါသည္။


မိမိဖ်က္လိုေသာဖိုင္မ်ားကို စနစ္တက် ဖ်က္မည္ဆိုလွ်င္ user folder မ်ားျဖစ္သည့္ Documents, Music, Pictures ႏွင့္ Video ဖိုင္မ်ားကို စနစ္တက် ရွာေဖြဖြင့္လွစ္ၿပီး မိမိလုံးဝအသုံးမလိုေတာ့သည့္ ဖိုင္မွန္း ေသခ်ာေအာင္လုပ္ၿပီးမွသာ ဖ်က္သင့္ပါသည္။ ပို၍ေကာင္းသည္မွာ အေရးႀကီးေသာဖိုင္မ်ားကို ဦးစြာ back up လုပ္ထားသင့္သည္။ ၿပီးမွသာ ကြန္ပ်ဴထာထဲတြင္ရွိေနသည့္ အမွိုက္ဖိုင္ဆိုေသာအရာမ်ားကို ေဘးကင္းလုံၿခဳံစြာ ဖ်က္နိုင္ပါမည္။ မလိုေသာဖိုင္မ်ားကို စိတ္ခ်စြာလုပ္လွ်င္ Disk Clean-up ကိုသုံးနိုင္သည္။


ယင္းကိစၥအတြက္ start တြင္ ကလစ္ႏွိပ္ပါ။ ၿပီးလွ်င္ ေပၚလာေသာအကြက္ႀကီးထဲမွ ကြက္လပ္ေနရာတြင္ disk ဟု ရိုက္ထည့္ပါ။ ၿပီးလွ်င္ Disk clean-up link တြင္ကလစ္ႏွိပ္ပါ။ Clisk clean-up ပြင့္လာလွ်င္ မိမိဖ်က္လိုေသာဖိုင္အမ်ိဳးအစားတို႔၏ ေဘးတြင္ရွိေသာ ေလးေထာင့္ကြက္တြင္ အမွန္ျခစ္ေပၚေအာင္ ကလစ္ႏွိပ္ ေပးရပါမည္။ ဥပမာပြရလျှင်ီDownloaded Program Files, Temporary internet files စသည္တို႔ေဘး ရွိေလးေထာင့္ကြက္တြင္ အမွန္ျခစ္ေပၚေအာင္ ႏွိပ္ေပးျခင္းျဖစ္သည္။ ၿပီးလွ်င္ OK တြင္ ကလစ္ႏွိပ္ျခင္းျဖင့္ ဖိုင္မ်ားကို စနစ္တက်ဖ်က္ေပးပါ လိမ့္မည္။ ပို၍နက္နက္နဲနဲစစ္ေဆးၿပီးဖ်က္လိုပါက CCleaner ကိုအသုံးျပဳနိုင္ ပါသည္။


(၂) Windows Service တို႔ကို disable လုပ္ျခင္း။

ႏွေးေကြးေသာ ကြန္ပ်ဴတာတစ္လုံးႏွင့္ အလုပ္လုပ္ရျခင္းသည္ ဒုကၡတစ္ပါးျဖစ္သည္။ ကြန္ပ်ဴတာအလုပ္လုပ္ရာ တြင္ ပိုျမန္လာေစရန္ အခ်ိဳ႕ေသာ Windows Service မ်ားကို disable လုပ္သင့္သည္ဟု အခ်ိဳ႕ ပညာရွင္မ်ားက အႀကံျပဳပါသည္။ အမွန္တကယ္တြင္ services မ်ားသည္ OS တစ္ခု၏ တြဲဖက္အစိတ္အပိုင္းမ်ားျဖစ္သည္။ OS တက္လာသည့္အခါ ယင္းတို႔ပါ တစ္ပါတည္းတြဲ၍ပါလာသည္။ ၿပီးလွ်င္ ေနာက္ကြယ္မွေန၍ ယင္းတို႔အလုပ္လုပ္ ေနပါသည္။


ယခင္ကမူ Windows ၏ service မ်ားအား disable လုပ္ပစ္ျခင္းသည္ ကြန္ပ်ဴတာ အလုပ္လုပ္ပုံ ပိုျမန္လာမည္ဟု ယူဆခဲ့ၾကပါသည္။ Hardware မ်ားအဆင့္နိမ့္စဥ္ကမူ ယင္းလုပ္ရပ္က မွန္ေကာင္းမွန္ပါလိမ့္ မည္။ ယခု Hardware မ်ား စြမ္းေဆာင္ရည္အလြန္ျမင့္လာသည့္အခါ ထိုကဲ့သို႔ disable လုပ္ျခင္းသည္ ကြန္ပ်ဴတာစြမ္းေဆာင္ရည္ကိုအနည္းငယ္ မွ်သာတိုးတက္ေစသည္။ သို႔မဟုတ္ လုံးဝတိုးတက္မႈမရွိဟူ၍ ေတြ႕ လာရပါသည္။ မပိတ္သင့္ေသာ service တစ္ခုအား disable လုပ္မိလွ်င္ အေကာင္းထက္ အဆိုးျဖစ္လာဖို႔က ပိုမ်ားပါသည္။ ထိုသို႔ disable လုပ္မည့္အစား start up တြင္လိုက္ပါလာမည့္ Program အေရအတြက္ကိုေလွ်ာ့ ခ်ျခင္းႏွင့္ Uninstaller ကိုသုံး၍ အသုံးမရွိသေလာက္ျဖစ္ေသာ software တို႔အားဖယ္ရွားျခင္းကသာ ကြန္ပ်ဴတာအလုပ္လုပ္ပုံကို ပို၍ျမန္လာေစ နိုင္ပါသည္။


(၃) User Account Control ကို လုံးဝပိတ္ပစ္ျခင္း။

User Account Control (UAC) သည္ Windows လုံၿခဳံမႈအတြက္ ထည့္သြင္းေပးထားေသာ စြမ္းေဆာင္ခ်က္ တစ္ရပ္ျဖစ္ၿပီး Windows Vista မွ စတင္၍ ပါဝင္လာပါသည္။ Windows System ထဲတြင္ အဓိကက်သည့္ အေျပာင္းအလဲတစ္စုံတစ္ရာလုပ္တိုင္း (ဥပမာ software အသစ္တစ္ခုတင္ျခင္း) Pop up message တစ္ခု တက္လာၿပီး သတိေပးသည္ကို ကြန္ပ်ဴတာသုံးသူအေတာ္မ်ားမ်ား ရင္းႏွီးေနၿပီးျဖစ္ပါသည္။ ကြန္ပ်ဴတာတြင္ အေျပာင္းအလဲလုပ္သည့္အခါတိုင္း ခြင့္ျပဳခ်က္ေတာင္းပါသည္။ မ်ားေသာအားျဖင့္ Admin account ကိုသုံးခိုင္း ၿပီး Admin password ထည့္ေပးရန္ ေတာင္းခံေလ့ရွိပါသည္။


ထိုျဖစ္ရပ္ကို ကြန္ပ်ဴတာသုံးစြဲသူအေတာ္မ်ားမ်ားက သေဘာမက်ပါ။ ငါးမိနစ္တစ္ႀကိမ္ေလာက္ UAC dialogue box တက္လာျခင္းကို ကြန္ပ်ဴ တာသုံးသူမ်ားစိတ္ကသိကေအာက္ျဖစ္ၾကပါသည္။ ထို႔ေၾကာင့္ Windows 7 မွစၿပီး UAC ၏သတိေပးခ်က္အား အဆင့္ေလးဆင့္ခြဲျခားၿပီး ထိန္းခ်ဳပ္ခြင့္ျပဳလာပါသည္။ မည္သည့္အရာကို လုပ္လုပ္ Notification တက္သည့္ အဆင့္မွေန၍ Notification လုံးဝမေပၚေစသည့္အဆင့္ထိ ထိန္းခ်ဳပ္ခြင့္ရွိ ပါသည္။ ယင္းကိစၥအတြက္ Control Panel ကိုဖြင့္ပါ။ User Account တြင္ ကလစ္ႏွစ္ခ်က္ႏွိပ္ပါ။ ၿပီးလွ်င္ change user account control settings တြင္ ႏွစ္ခ်က္ႏွိပ္ပါ။


UAC မွေပးေသာ notification မ်ား လုံးဝမေပၚေအာင္ ပိတ္ပစ္ျခင္းသည္ အႏၱရာယ္ရွိပါသည္။ အဘယ္ေၾကာင့္ ဆိုေသာ္ မိမိ၏ကြန္ပ်ဴတာ တြင္ မိမိ၏ခြင့္ျပဳခ်က္မရွိဘဲ အေျပာင္းအလဲတစ္စုံတစ္ရာ ျပဳလုပ္သြားျခင္းသည္ အႏၱရာယ္ရွိနိုင္ေသာေၾကာင့္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ခြင့္ျပဳခ်က္မရဘဲ ျပဳလုပ္ေသာအေျပာင္းအလဲမ်ားကို ပိတ္နိုင္ရန္အတြက္ UAC ကို လိုအပ္ပါသည္။ ထို႔ေၾကာင့္ UAC ရွိ notification မ်ားကို လုံးဝပိတ္ရန္ မသင့္ဘဲ ဒုတိယအျမင့္ဆုံးလုံၿခဳံေရး setting တြင္သာထားသင့္ပါသည္။


(၄) Windows 7 ႏွင့္ 8 တြင္ Guest User account ခြင့္ျပဳျခင္း။

Windows 7 ႏွင့္ 8 တြင္ Admin account standard user account ႏွင့္အတူ Guest Account ကိုလည္း ထည့္သြင္းေပးထားပါသည္။ Windows 10 တြင္မူ Guest account ပါ မလာေတာ့ပါ။ Guest account ေပးျခင္း၏ ရည္႐ြယ္ခ်က္မွာ လုပ္ပိုင္ခြင့္မ်ား ကန႔္သတ္ရန္ႏွင့္ အခ်ိဳ႕ေသာခြင့္ျပဳခ်က္မ်ားမေပးရန္ (ဥပမာ program installation) အတြက္ျဖစ္ပါသည္။ Guest account အတြက္ password မလိုေသာမူကို Windows 7 ႏွင့္ 8 တြင္ default အျဖစ္ေပးထားပါသည္။ ထို႔ေၾကာင့္ Guest account ျဖင့္ ဝင္ေရာက္အသုံးျပဳသူသည္ မိမိ၏ကြန္ပ်ဴတာကို အလြယ္တကူဖြင့္၍ သုံးနိုင္ပါမည္။ အြန္လိုင္းေပၚ တက္နိုင္ပါမည္။ မိမိ၏ကြန္ရက္အတြင္းရွိ အျခားေသာ device မ်ားအား access လုပ္နိုင္ပါသည္။ ထို႔ေၾကာင့္ Guest account ခြင့္ျပဳထားျခင္းသည္။ ကြန္ပ်ဴတာအတြက္ လုံၿခဳံမႈမရွိေစပါ။ Gusest account ကို ပယ္ဖ်က္ရန္အတြက္ Control panel ကိုဖြင့္ပါ။ add or remove user accounts တြင္ ကလစ္ႏွိပ္ပါ။ ၿပီးလွ်င္ Guest account တြင္ ကလစ္ႏွိပ္ပါ။ Turn off the guest account ကိုေ႐ြးပါ။ မိမိ၏ကြန္ပ်ဴတာကို အျခားသူမ်ားအား အသုံးျပဳခြင့္ေပးလိုပါက တစ္ဦးခ်င္းအတြက္ password ထားၿပီး အသုံးျပဳနိုင္ေသာ standard user account သည္သာ အသင့္ေတာ္ဆုံးျဖစ္ပါသည္။


(မူလမွ်ေ၀သူ - MWS)


Sunday, December 19, 2021

အဆီမြန်မြန်ကျချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ

အဆီမြန်မြန်ကျချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ




စာရေးသူ Ye Myo Myat 

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win


#BodyWeight

#Fitness

#ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း


(လေဒီတို့ကို တိုင်တည်ပြီးရေးထားကြပေမယ့် အထိုင်များတဲ့ အမျိုးသားများလည်း ထပ်တူလိုက်နာသင့်တဲ့ အချက်လေးတွေဖြစ်ပါတယ်။ ကိုယ်အလေးချိန်တိုး၊ အဆီတိုးတာဟာ အချိန်ကြာလာတာနဲ့အမျှ သွေးတိုး၊နှလုံး၊ဆီးချိုရောဂါများသို့ ဦးတည်မှာသေချာသလောက်မို့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းလေးတွေ ထပ်ပေါင်းလုပ်ရင်တော့ အကောင်းဆုံးဖြစ်သလို အစားအသောက်ကိုလည်း ဆင်ခြင်ကြတာပေါ့။)


ဒီဘက်ခေတ်ထဲမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေပါ အဆီကျဖို့ ကြိုးစားလာကြတယ်နော်။ အဓိကကေတာ့ အလွအပကို ပိုပြီး ဦးစားပေးလာကြတယ်လို့ ထင်ရပေမယ့် ကျန်းမာရေးဘက်က ကြည့်ရင်း ကိုယ်ခန္ဓာအတွင်းက မကောင်းတဲ့ အဆီပိုတွေကို အမြန်ချဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဆီတွေက ကိုယ်ထဲမှာ နေတာကြာလာတာနဲ့အမျှ အဝလွန်လာမယ်၊ ကိုယ်အလေးချိန်တိုးလာမယ်၊ ကြွက်သားတွေ လျော့တိလျော့ရဲ ဖြစ်လာမယ်၊ နောက်ဆက်တွဲအနေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာမယ်၊ ကင်ဆာရောဂါ တချို့ဖြစ်နိုင်ခြေပါ မြင့်တက်လာမှာပါ။


 နောက်ပြီးတော့ ဝတဲ့သူတွေမှာမှ အဆီများနေတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေမှာလည်း ကိုယ်ခန္ဓာ၊ သွေးကြောတွေထဲမှာ အဆီဖုံးနေတာမျိုးတွေ ဖြစ်နိုင်တယ်နော်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဝနေတယ်လို့ ထင်နေတာဖြစ်စေ၊ ကျန်းမာရေးလိုက်စား ဖို့အတွက်ဖြစ်စေ အဆီချဖို့ လိုအပ်တယ်နော်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဆီချချင်တဲ့သူတိုင်း သိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေပဲ ဖြစ်ပါတယ်။


 အဆီချချင်သူတွေအတွက် နေထိုင်စားသောက်မှုပုံစံ


 ၁။ လေ့ကျင့်ခန်း များများလုပ်ပါ။


 ကိုယ္က အမြဲတမ်း ထိုင်ပဲထိုင်နေတယ်ဆိုရင် စားထားသမွ် အဆီတွေက ကိုယ်ထဲမှာ စုမိနေမှာပါ။ ဒါ့အပြင် လှုပ်ရှားမှုကလည်း မရှိတော့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ ပိုပြီးနည်းသွားပါတယ်။ ဒါကြောင့် အဆီကျဖို့ ရည်စူးထားသူတွေအနေနဲ့ လေ့ကျင့်ခန်း ဖြည်းဖြည်းချင်း စလုပ်ပေးဖို့ လိုပါတယ်။ မနက်နိုးလာတဲ့အချိန်မှာ ရေတစ်ခွက် အဝသောက်ပါ။ ပြီးရင် လမ်းလျှောက်ထွက်ပါ။ လမ်းလျှောက်တာ နာရီဝက်လောက်ကြာရင် ၁၀မိနစ် ဖြည်းဖြည်းချင်း ပြေးပါ။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပါ။ အစပိုင်းမှာ မောတယ်၊ ပင်ပန်းတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ သက်လုံပိုကောင်းလာမှာဖြစ်လို့ အမောပိုခံလာမယ်၊ ပိုပြီး လေ့ကျင့်ခန်းလုပ်နိုင်တဲ့အတွက် ကိုယ်အလေးချိန် တွေလည်း က်လာမွာပါ။


 ၂။ Gym ကစားပါ။


 ဒါကေတာ့ အဆီချဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ္ခုပါပဲ။ Gym မွာ နည်းပြဆရာနဲ့ စနစ္တက် လေ့ကျင့်ကစားတဲ့အခါ ကိုယ့်ရဲ့ ကိုယျခန်ဓါအခြိုးအစားပေါျ မူတည်ပြီး ဘယ်ကစားနည်းမှာ ပိုဆော့သင့်လဲ၊ ဘယ်လိုအနေအထားမျိုးက ကိုယ့်ကို ကစားတဲ့ နေရာမှာ ပိုပြီး အားစိုက်ထုတ်နိုင်မလဲ အစရှိသဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ ဒီတော့ စကစားတဲ့နေ့မှာ ကိုယ္က ဘယ်လောက်ပမာဏ အထိ အဆီကျချင်လဲ၊ ဘယျလိုကိုယျခန်ဓါအခြိုးအစားမြိုး ရချင်လဲဆိုတာ နည်းပြဆရာကို ပြောပြပြီး သူလေ့ကျင့်တဲ့ ပုံစံအတိုင်း မပျက်မကွက် ကစားပေးဖို့ လိုပါတယ်။


 ၃။ ပရိုတင်းဓါတ် များများစားပေးပါ။


 ပရိုတင်းဓါတ်က လူတွေရဲ့ တစ်နေ့တာ အာဟာရမွာ မဖြစ်မနေပါသင့်ပါတယ်။ သူက ကြွက်သားတွေကို ကြီးထွားဖွံ့ဖြိုးစေပြီး ကိုယ္ခံအားစနစ္ကို မြှင့်တင်ပေးနိုင်တယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပြီး ကိုယ်တွင်းမှာရှိတဲ့ အဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ တစ်နေ့တာ ကုန္ဆုံးသြားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးလို့ လေ့ကျင့်ခန်းလုပ်နေသူတွေ၊ အလုပ်အရမ်းများတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ကိုယ္က ပိန်နေလို့ ကိုယ်အလေးချိန်တက်ချင်လား၊ ဝနေလို့ အဆီချဖို့ ကြိုးစားနေတာလား ပရိုတင်းကို များများစားပေးတာ အကောင်းဆုံးပဲနော်။ ပရိုတင်းဓါတ်ကို အသား၊ ငါးကေန အများဆုံးရနိုင်တဲ့အပြင် ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။


 ၄။ တခြားအာဟာရဖြစ်စေမယ့် အစားအစာတွေကိုလည်း မ်ားမ်ားစားပါ။


 ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသား၊ ငါးအပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အစေ့အဆန်၊ အခြံမာသီး၊ ဂျုံ၊ ပြောင်း၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးဖို့ လိုပါတယ်။ ကိုယ်ခန္ဓာကြီးထွားဖွွံ့ဖြိုးဖို့၊ အသက်ရှည်ကျန်းမာစေဖို့၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို ဒီအစားအစာကေန အဓိက ရရှိတာဖြစ်ပါတယ်။


 ၅။ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများစားပါ။


 ဗိုက်ဝရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အစာတွေကို အများကြီးစားချလိုက်ရင် အစာအိမ်ကလည်း အစာချေဖျက်ဖို့ ပိုကြာသလို ဒီအစားအစာ ကေန အာဟာရေတြ စုပ်ယူဖို့လည်း ခက်သွားနိုင်ပါတယ်။ အဆိုးဆုံးကေတာ့ အဆီတွေ၊ ကယ်လိုရီတွေများပြီး ပုံသြားတဲ့အခါ အစာကလည်း မချေဖျက်နိုင်တော့ အဆီတွေက ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း စုပုံလာတော့တာပေါ့။ ဒါကြောင့် ပမာဏနည်းနည်းနဲ့ မကြာခဏ စားတတ်တဲ့အကျင့်ကို လုပ်ပေးပါ။


 အဆီချဖို့ ကြိုးစားနေတယ်ဆိုရင် ဒီအချက်တွေကို သတိထားပေးပါ။


 ၁။ အိပ်ရေးအပျက်မခံပါနဲ့။ ညဘက်တွေမှာ ၁၂နာရီထက် နောက်မကျစေဘဲ အိပ်ပေးပါ။ တစ်နေ့ကို ညအိပ်ချိန် အနည်းဆုံး ၇နာရီရှိဖို့ လိုပါတယ်။


 ၂။ အဆီ၊ အငန်၊ အချိုစာတွေ ရှောင်ပါ။


 ၃။ ညေန ၆နာရီနောက်ပိုင်းမှ ညစာစားတဲ့ အကျင့်ကို ဖျောက်ပါ။ ညစာအတွက် ပေါ့ပေါ့ပါးပါး အစာကြေလွယ်စေမယ့် ဟင်းတွေ၊ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။


 ၄။ ရေများများသောက်ပါ။


 ၅။ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အချိန်အကြာကြီး ထိုင်မနေပါနဲ့။ နာရီဝက်ခြားတစ်ခါ ထပြီး ဟိုသြား၊ ဒီသြားလုပ္တာ၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ။


 နေထိုင်စားသောက်တဲ့ပုံစံကို အပေါ်မှာ ပြောပြခဲ့သလို ပြောင်းလဲပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်း သိသာတဲ့ ပြောင်းလဲမှုရလဒ်ကို တွေ့ရမှာပါ။ အဆီခ်တယ္ဆိုတာ အလှအပအတွက် တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးှရှိတာမို့ က်ား၊ မ၊ အသက် အရွယ်မရွေး တတ်နိုင်သလောက် အဆီချဖို့ ကြိုးစားကြပါလို့ အကြံပေးလိုက်ပါတယ်နော်။


အဆီျမန္ျမန္က်ခ်င္ရင္ ကိုယ့္ရဲ႕တစ္ေန႕တာကို ဒီလိုေျပာင္းလဲလိုက္ပါ




စာေရးသူ Ye Myo Myat 

ေဆးပညာပိုင္းဆိုင္ရာ တည္းျဖတ္သူ Dr. Thurein Hlaing Win


#BodyWeight

#Fitness

#ကိုယ္အေလးခ်ိန္ထိန္းသိမ္းျခင္း


(ေလဒီတို႔ကို တိုင္တည္ျပီးေရးထားၾကေပမယ့္ အထိုင္မ်ားတဲ့ အမ်ိဳးသားမ်ားလည္း ထပ္တူလိုက္နာသင့္တဲ့ အခ်က္ေလးေတြျဖစ္ပါတယ္။ ကိုယ္အေလးခ်ိန္တိုး၊ အဆီတိုးတာဟာ အခ်ိန္ၾကာလာတာနဲ႕အမွ် ေသြးတိုး၊ႏွလံုး၊ဆီးခ်ိဳေရာဂါမ်ားသို႔ ဦးတည္မွာေသခ်ာသေလာက္မို႔ ေပါ့ပါးတဲ့ေလ့က်င့္ခန္းေလးေတြ ထပ္ေပါင္းလုပ္ရင္ေတာ့ အေကာင္းဆံုးျဖစ္သလို အစားအေသာက္ကိုလည္း ဆင္ျခင္ၾကတာေပါ့။)


ဒီဘက္ေခတ္ထဲမွာ ေယာက္်ားေလးေတြေရာ မိန္းကေလးေတြပါ အဆီက်ဖို႕ ႀကိဳးစားလာၾကတယ္ေနာ္။ အဓိကကေတာ့ အလွအပကို ပိုၿပီး ဦးစားေပးလာၾကတယ္လို႔ ထင္ရေပမယ့္ က်န္းမာေရးဘက္က ၾကည့္ရင္း ကိုယ္ခႏၶာအတြင္းက မေကာင္းတဲ့ အဆီပိုေတြကို အျမန္ခ်ဖို႕ လိုအပ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအဆီေတြက ကိုယ္ထဲမွာ ေနတာၾကာလာတာနဲ႕အမွ် အဝလြန္လာမယ္၊ ကိုယ္အေလးခ်ိန္တိုးလာမယ္၊ ၾကြက္သားေတြ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္လာမယ္၊ ေနာက္ဆက္တြဲအေနနဲ႕ ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါေတြ ျဖစ္လာမယ္၊ ကင္ဆာေရာဂါ တခ်ိဳ႕ျဖစ္နိုင္ေျခပါ ျမင့္တက္လာမွာပါ။


 ေနာက္ၿပီးေတာ့ ဝတဲ့သူေတြမွာမွ အဆီမ်ားေနတာမဟုတ္ပါဘူး။ ပိန္တဲ့သူေတြမွာလည္း ကိုယ္ခႏၶာ၊ ေသြးေၾကာေတြထဲမွာ အဆီဖုံးေနတာမ်ိဳးေတြ ျဖစ္နိုင္တယ္ေနာ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ဝေနတယ္လို႔ ထင္ေနတာျဖစ္ေစ၊ က်န္းမာေရးလိုက္စား ဖို႔အတြက္ျဖစ္ေစ အဆီခ်ဖို႔ လိုအပ္တယ္ေနာ္။ ဒီေန႕ေျပာျပေပးမယ့္ အေၾကာင္းအရာကေတာ့ အဆီခ်ခ်င္တဲ့သူတိုင္း သိထားသင့္တဲ့ စားေသာက္ေနထိုင္မႈပုံစံနဲ႕ ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေတြပဲ ျဖစ္ပါတယ္။


 အဆီခ်ခ်င္သူေတြအတြက္ ေနထိုင္စားေသာက္မႈပုံစံ


 ၁။ ေလ့က်င့္ခန္း မ်ားမ်ားလုပ္ပါ။


 ကိုယ္က အၿမဲတမ္း ထိုင္ပဲထိုင္ေနတယ္ဆိုရင္ စားထားသမွ် အဆီေတြက ကိုယ္ထဲမွာ စုမိေနမွာပါ။ ဒါ့အျပင္ လႈပ္ရွားမႈကလည္း မရွိေတာ့ ကယ္လိုရီေတြ ေလာင္ကြၽမ္းဖို႔ ပိုၿပီးနည္းသြားပါတယ္။ ဒါေၾကာင့္ အဆီက်ဖိဳ႕ ရည္စူးထားသူေတြအေနနဲ႕ ေလ့က်င့္ခန္း ျဖည္းျဖည္းခ်င္း စလုပ္ေပးဖို႔ လိုပါတယ္။ မနက္နိုးလာတဲ့အခ်ိန္မွာ ေရတစ္ခြက္ အဝေသာက္ပါ။ ၿပီးရင္ လမ္းေလွ်ာက္ထြက္ပါ။ လမ္းေလွ်ာက္တာ နာရီဝက္ေလာက္ၾကာရင္ ၁၀မိနစ္ ျဖည္းျဖည္းခ်င္း ေျပးပါ။ ကိုယ္ကာယေလ့က်င့္ခန္း လုပ္ပါ။ အစပိုင္းမွာ ေမာတယ္၊ ပင္ပန္းတယ္လို႔ ထင္ရေပမယ့္ ေနာက္ပိုင္းမွာ သက္လုံပိုေကာင္းလာမွာျဖစ္လို႔ အေမာပိုခံလာမယ္၊ ပိုၿပီး ေလ့က်င့္ခန္းလုပ္နိုင္တဲ့အတြက္ ကိုယ္အေလးခ်ိန္ ေတြလည္း က်လာမွာပါ။


 ၂။ Gym ကစားပါ။


 ဒါကေတာ့ အဆီခ်ဖို႔ အထိေရာက္ဆုံးနည္းလမ္းေတြထဲက တစ္ခုပါပဲ။ Gym မွာ နည္းျပဆရာနဲ႕ စနစ္တက် ေလ့က်င့္ကစားတဲ့အခါ ကိုယ့္ရဲ႕ ကိုယ်ခန္ဓါအချိုးအစားပေါ် မူတည္ၿပီး ဘယ္ကစားနည္းမွာ ပိုေဆာ့သင့္လဲ၊ ဘယ္လိုအေနအထားမ်ိဳးက ကိုယ့္ကို ကစားတဲ့ ေနရာမွာ ပိုၿပီး အားစိုက္ထုတ္နိုင္မလဲ အစရွိသျဖင့္ ျပသေပးမွာ ျဖစ္ပါတယ္။ ဒီေတာ့ စကစားတဲ့ေန႕မွာ ကိုယ္က ဘယ္ေလာက္ပမာဏ အထိ အဆီက်ခ်င္လဲ၊ ဘယ်လိုကိုယ်ခန္ဓါအချိုးအစားမျိုး ရခ်င္လဲဆိုတာ နည္းျပဆရာကို ေျပာျပၿပီး သူေလ့က်င့္တဲ့ ပုံစံအတိုင္း မပ်က္မကြက္ ကစားေပးဖို႔ လိုပါတယ္။


 ၃။ ပရိုတင္းဓါတ္ မ်ားမ်ားစားေပးပါ။


 ပရိုတင္းဓါတ္က လူေတြရဲ႕ တစ္ေန႕တာ အာဟာရမွာ မျဖစ္မေနပါသင့္ပါတယ္။ သူက ႂကြက္သားေတြကို ႀကီးထြားဖြံ႕ၿဖိဳးေစၿပီး ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးနိုင္တယ္။ ဇီဝကမၼျဖစ္စဥ္ေတြကို ျမန္ဆန္ေစၿပီး ကိုယ္တြင္းမွာရွိတဲ့ အဆီေတြ၊ ကယ္လိုရီေတြကို ေလာင္ကြၽမ္းေစတယ္။ တစ္ေန႕တာ ကုန္ဆုံးသြားတဲ့ အားအင္ေတြကို ျပန္လည္ျဖည့္တင္းေပးလို႔ ေလ့က်င့္ခန္းလုပ္ေနသူေတြ၊ အလုပ္အရမ္းမ်ားတဲ့သူေတြအတြက္လည္း အဆင္ေျပပါတယ္။ ကိုယ္က ပိန္ေနလို႔ ကိုယ္အေလးခ်ိန္တက္ခ်င္လား၊ ဝေနလို႔ အဆီခ်ဖို႔ ႀကိဳးစားေနတာလား ပရိုတင္းကို မ်ားမ်ားစားေပးတာ အေကာင္းဆုံးပဲေနာ္။ ပရိုတင္းဓါတ္ကို အသား၊ ငါးကေန အမ်ားဆုံးရနိုင္တဲ့အျပင္ ပဲအမ်ိဳးမ်ိဳး၊ ဥအမ်ိဳးမ်ိဳးနဲ႕ နို႔ထြက္ပစၥည္းေတြကေန ရရွိနိုင္ပါတယ္။


 ၄။ တျခားအာဟာရျဖစ္ေစမယ့္ အစားအစာေတြကိုလည္း မ်ားမ်ားစားပါ။


 ပရိုတင္းဓါတ္ႂကြယ္ဝတဲ့ အသား၊ ငါးအျပင္ ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံေတြ၊ အေစ့အဆန္၊ အခြံမာသီး၊ ဂ်ဳံ၊ ေျပာင္း၊ ပဲ အစရွိသျဖင့္ စုံလင္စြာ စားေပးဖို႔ လိုပါတယ္။ ကိုယ္ခႏၶာၾကီးထြားဖြြံ႕ျဖိဳးဖို႔၊ အသက္ရွည္က်န္းမာေစဖို႔၊ ကိုယ္တြင္းအဂၤါေတြ ေကာင္းစြာ အလုပ္လုပ္နိုင္ဖို႔ လိုအပ္တဲ့ ဗီတာမင္နဲ႕ အာဟာရဓါတ္ေတြကို ဒီအစားအစာကေန အဓိက ရရွိတာျဖစ္ပါတယ္။


 ၅။ ပမာဏနည္းနည္းနဲ႕ အႀကိမ္ေရမ်ားမ်ားစားပါ။


 ဗိုက္ဝရင္ၿပီးေရာဆိုတဲ့ စိတ္နဲ႕ အစာေတြကို အမ်ားႀကီးစားခ်လိဳက္ရင္ အစာအိမ္ကလည္း အစာေခ်ဖ်က္ဖို႔ ပိုၾကာသလို ဒီအစားအစာ ကေန အာဟာရေတြ စုပ္ယူဖို႔လည္း ခက္သြားနိုင္ပါတယ္။ အဆိုးဆုံးကေတာ့ အဆီေတြ၊ ကယ္လိုရီေတြမ်ားၿပီး ပုံသြားတဲ့အခါ အစာကလည္း မေခ်ဖ်က္နိုင္ေတာ့ အဆီေတြက ဟိုနားနည္းနည္း၊ ဒီနားနည္းနည္း စုပုံလာေတာ့တာေပါ့။ ဒါေၾကာင့္ ပမာဏနည္းနည္းနဲ႕ မၾကာခဏ စားတတ္တဲ့အက်င့္ကို လုပ္ေပးပါ။


 အဆီခ်ဖို႕ ႀကိဳးစားေနတယ္ဆိုရင္ ဒီအခ်က္ေတြကို သတိထားေပးပါ။


 ၁။ အိပ္ေရးအပ်က္မခံပါနဲ႕။ ညဘက္ေတြမွာ ၁၂နာရီထက္ ေနာက္မက်ေစဘဲ အိပ္ေပးပါ။ တစ္ေန႕ကို ညအိပ္ခ်ိန္ အနည္းဆုံး ၇နာရီရွိဖို့ လိုပါတယ္။


 ၂။ အဆီ၊ အငန္၊ အခ်ိဳစာေတြ ေရွာင္ပါ။


 ၃။ ညေန ၆နာရီေနာက္ပိုင္းမွ ညစာစားတဲ့ အက်င့္ကို ေဖ်ာက္ပါ။ ညစာအတြက္ ေပါ့ေပါ့ပါးပါး အစာေၾကလြယ္ေစမယ့္ ဟင္းေတြ၊ အသီးအနွံေတြနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို မ်ားမ်ားစားေပးပါ။


 ၄။ ေရမ်ားမ်ားေသာက္ပါ။


 ၅။ အလုပ္မွာျဖစ္ျဖစ္၊ အိမ္မွာျဖစ္ျဖစ္ အခ်ိန္အၾကာႀကီး ထိုင္မေနပါနဲ႕။ နာရီဝက္ျခားတစ္ခါ ထၿပီး ဟိုသြား၊ ဒီသြားလုပ္တာ၊ ေလ့က်င့္ခန္းတစ္ခုခု လုပ္ေပးပါ။


 ေနထိုင္စားေသာက္တဲ့ပုံစံကို အေပၚမွာ ေျပာျပခဲ့သလို ေျပာင္းလဲေပးမယ္ဆိုရင္ေတာ့ အခ်ိန္တိုအတြင္း သိသာတဲ့ ေျပာင္းလဲမႈရလဒ္ကို ေတြ႕ရမွာပါ။ အဆီခ်တယ္ဆိုတာ အလွအပအတြက္ တစ္ခုတည္းမဟုတ္ဘဲ က်န္းမာေရးအတြက္ပါ အက်ိဳးွရွိတာမို႔ က်ား၊ မ၊ အသက္ အ႐ြယ္မေ႐ြး တတ္နိုင္သေလာက္ အဆီခ်ဖို႔ ႀကိဳးစားၾကပါလို႔ အႀကံေပးလိုက္ပါတယ္ေနာ္။

Saturday, December 18, 2021

ဆူးလေဘုရားသမိုင်း

 ဆူးလေဘုရားသမိုင်း

>>>>>>>>>>>>>>>>>




#ဆူးလေစေတီ

#ဘုရားသမိုင်း

#စေတီပုထိုး


(ရန်ကုန်မြို့ကြီး နယ်နိမိတ်မကျယ်ပြန့်ခင်က ဆူးလေစေတီဟာ မြို့လယ်ခေါင်ကျခဲ့ပါသတဲ့။ မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံတွေ အနားမွာ ရှိနေပြီး အမြို့မြို့အနယ်နယ်ကိုသွားချင်လို့ ဘတ်စ်ကားစီးချင်ရင် အဓိကဆုံမှတ်က ဆူးလေဘုရား၀န်းကျင်ပဲဖြစ်ပါတယ်။ ဆူးလေစေတီတော်ကြီးရဲ့ သမိုင်းကို မသိသေးသူများ သိနိုင်အောင် ထပ်မံေ၀ငှပါရစေ။ ဖတ်ကြည့်ကြပါ။)


ဆူးလေစေတီတော်ကြီးကား ယခု ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်ရန် မည်သည့်နေရာဌာနတွင် တည်ထား ကိုးကွယ် သင့်ကြောင်း ဥက္ကလာပမင်းကြီးနှင့်တကွသော ဗိုလ်ပါအပေါင်း၊ ပြည်သူအပေါင်း၊ နတ်အပေါင်း စုဝေးသော နေရာဌာနကြီးဖြစ်သောကြောင့် စုဝေးစေတီ ဟု လွန်ခဲ့သော နှစ်ပေါင်း ၂,ဝဝဝ ကျော်က ခေါ်ဆိုခဲ့ကြသည် ဆို၏။


ထိုမွ ကျိုက်အသုက်၊ လေးဆူနတ် ကြီးများကို ဂုဏ်ပြု၍ လေးဆူစေတီ၊ စူဠ စေတီစသည်တို့ဖြင့်ခေတ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့လေသည်ဆို၏။လွန်ခဲ့သော နှစ် ၃ဝဝ ခန့်က ဒဂုံ (ဒဂုန်)မြို့မှ ရန်ကုန်မြို့ဟု အမည်ပြောင်းလဲခဲ့ပြီး အုပ္စိုးသူ မင်းဆက်များစွာ ပြောင်းလဲခဲ့သည့် အချိန်အထိ ဆူးလေစေတီသည်မြို့ပြင်ဘုရား။


ဘုရားပတ်ဝန်းကျင်တွင် ဘုန်းကြီးကျောင်းများ၊ ချောင်း၊ ကန်၊ အင်း၊ သင်္ချိုင်းများနှင့် ယာခင်းကျယ်ကြီးများ၊ ဥယျာဉ်ခြံမြေများဖြင့် ဝန်းရံနေခဲ့သည်။ ထို့ပြင် ဘုရားကို ရေများ ပတ်လည်ဝိုင်းလျက်ရှိခဲ့သည်ဟူ၏။ထိုမှနယ်ချဲ့အင်္ဂလိပ်တို့ ၁၈၅၂ ခုနှစ်၌ ကျွန်တော်တို့နိုင်ငံကို စစ်နိုင်ခဲ့၍ အုပ်စိုးခဲ့ချိန်တွင် ရန်ကုန်မြို့သစ်ကြီး စီမံကိန်းကို စတင်ခဲ့သည်ဆို၏။


ထိုစီမံကိန်းနှင့်အတူ ဆူးလေဘုရားသည် အဓိကအချက်အချာနေရာကြီးတစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် ဗြိတိသျှအစိုးရ၏ မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူခဲ့၍ ၁၈၈၆ ခုနှစ်၌ ကိုလိုနီနိုင်ငံအဖြစ် ကြေညာခြင်းခံခဲ့ရသည်။


ရန်ကုန်မြို့ကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်ဆို၏။ကိုလိုနီခေတ် ကော်မရှင်နာမင်းကြီး ဆာ အာသာဖယ်ယာသည် ရန်ကုန်မြို့ကြီးကို ခေတ်မီမြို့သစ်ကြီး တည်ဆောက်ရန် အမိန့်ခံယူခဲ့ပြီး စစ်အင်ဂျင်နီယာတပ်မှ လက်ဖတင်နင် ဖေရဇာကို တာဝန်ပေးခဲ့သည်ဆို၏။


မျိုးမတူ ဘာသာခြားတို့ခေတ်၊ အုပ်စိုးချိန် ဖြစ်သောကြောင့် ထိုကာလတွင် ဘုန်းကြီး ကျောင်းပေါင်း ၅ဝ ကျော်ကို ဖျက်၍ ယခုသရက်တောကျောင်းတိုက်နေရာသို့ ပို့ပစ်ခဲ့သည်။ ထို့ပြင် ဘုရားစေတီပုထိုးငယ်ပေါင်း ထောင်နှင့်ချီ၍ ဖျက်ဆီးပစ်ခဲ့သည်ဟူ၏။ သင်္ချိုင်းပေါင်းများစွာ ဖြိုဖျက်ပစ်၏။ ယခုသိမ်ကြီးဈေးနေရာတွင်ကား ကျိုက်မြတ်သံချို စေတီတော်ကြီးကိုပင် ဖျက်ပစ်ခဲ့ကြသည် ဆို၏။


(ထိုဘုရားကြီးမှာ ယခုနောင်တော် ကြီးစေတီထက်ပင် ဉာဏ်တော်မြင့်သည်။)ထိုကာလ၌ ဆူးလေစေတီတော်ကြီးကိုလည်း ဖြိုဖျက်ရန် ကြံစည်ခဲ့ချိန်တွင် ထိုစဉ် က ရန်ကုန်မြို့တော်၏ သမာဓိမြို့လူကြီးများကို စစ်ကဲမောင်ထော်လေးက ဦးဆောင်၍ ဗြိတိသျှနိုင်ငံ၊ လန်ဒန်မြို့ရှိ၊ ဝိတိုရိယဘုရင်မကြီးထံ တောင်းပန်လွှာပေးပို့ခဲ့သည်ဆို၏။


ထိုအခါမွ ထူပါစေတီကို မတူးဖြို မဖ်က္ဆီး ရ၊ ဆူးလေကုန်းတော်ကို ကွေ့ပတ်၍ သွားရမည်ဟူသော အမိန့်စာရောက်ရှိခဲ့၍ ဖ်က္ဆီး ခြင်းမခံရတော့ပေဟူ၏။ထိုမှ ဆူးလေဘုရားကို ဗဟိုပြု၍ ရန်ကုန် မြို့ကွက်သစ်ကြီးကို မြေဖို့၊ မြေညှိ၊ အကွက် ဖော်၍ ရပ်ကွက်များ၊ မြို့နယ်များ၊ ရုံးကြီးများနှင့် စတင်ခဲ့ရာ မ်ားစြာ စည်ကားခဲ့လေသည်။


ထို့ပြင် ဆူးလေစေတီတော်ကြီးကို ဗဟိုပြု၍ ရန်ကုန်မြို့တွင်း၊ မြို့ပြင်သာမက မြန်မာတစ်နိုင်ငံလုံးသို့လည်းရန်ကုန်မြို့နှင့် မိုင်မည်မျှ ကွာဝေးသည်ဆိုသော အတိုင်းအတာဆုံမှတ် အဓိကစေတီကြီးဖြစ်ခဲ့လေသည်။ ဒုတိယကမ်ဘာစစ်ကြီး ဖြစ်ခါနီး အချိန် များတွင် ဆူးလေစေတီတော်ကြီးနှင့် ဆူးလေ လမ်းမကြီးသည် အထူးစည်ကားခဲ့သည်။


#သမိုင်းကြောင်း


သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။


အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။


သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် ကျိုက်အသုတ် ဘုရားဟုတွေ့ရ၏။ ကျိုက် ဘုရား၊ အသုတ် အမတ်ကြီးဟု အဓိပ်ပါယျရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် ဆံတော်ဘုရား ဟု ခေါ်ဆိုနိုင်၏။


သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် စုဝေးစေတီဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။


ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ်ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် လေးဆူစေတီ ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ ဆူးလေစေတီ ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။


ဆူးလေစေတီတော်၏ ပရိဝှုဏ် အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။


ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ ဖိနပ္ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။


ကြာ၀န်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်၏။


ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။


#သိဖွယ်မှတ်ဖွယ်များ


ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀ငျရောကျနားတောျ မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ရန်ကုန်မြို့ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။


အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်၀န်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စေသာ မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်း၀န်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀နျးကငြျဖွဈ၏။


ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်း၀ယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။


မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာ၀တီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာ၀တီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။


ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ၀နျးကငြျတှငျ ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်၀န်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီး၀န်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။


ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရွိ၏။


ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကေရာ(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးမ်ား စည်ကား နေသည်ဟုဆို၏။


အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။


မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။


သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖ်က္ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တျ်တကမွဖွေဈသည့ျ ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ၀တ်တကမွကေို မြို့သစ်အတွင်းထည့်ခဲ့၏။


ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္႑ာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပ်က္စီးခဲ့ရ၏။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။


#ဆူးလေဘိုးဘိုးကြီး သမိုင်း


ဤဘဒ္ဒကမ်ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် လေးဆူနတ်ကြီး ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။


ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။


လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။


ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ၀တျလဲတောျ ပုဆိုး၊ အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။


လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအမ်ား၏ အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။


လေးဆူနတ်ကြီး အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ဆူးလေဘိုးဘိုး ကြီး ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ်ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။


ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘ၀နာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။


မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြောက်နိုင်တယ် ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။


#CRDUHla Than Aung

#နော်ဂဲလယ်ထူး(စာပေပရဟိတ)


ဆူးေလဘုရားသမိုင္း

>>>>>>>>>>>>>>>>>




#ဆူးေလေစတီ

#ဘုရားသမိုင္း

#ေစတီပုထိုး

(ရန္ကုန္ျမိဳ႕ၾကီး နယ္နိမိတ္မက်ယ္ျပန္႔ခင္က ဆူးေလေစတီဟာ ျမိဳ႕လယ္ေခါင္က်ခဲ့ပါသတဲ့။ ျမိဳ႕ေတာ္ခန္းမ၊ မဟာဗႏၶဳလပန္းျခံေတြ အနားမွာ ရွိေနျပီး အျမိဳ႕ျမိဳ႕အနယ္နယ္ကိုသြားခ်င္လို႔ ဘတ္စ္ကားစီးခ်င္ရင္ အဓိကဆံုမွတ္က ဆူးေလဘုရား၀န္းက်င္ပဲျဖစ္ပါတယ္။ ဆူးေလေစတီေတာ္ၾကီးရဲ႕ သမိုင္းကို မသိေသးသူမ်ား သိႏိုင္ေအာင္ ထပ္မံေ၀ငွပါရေစ။ ဖတ္ၾကည့္ၾကပါ။)


ဆူးေလေစတီေတာ္ႀကီးကား ယခု ေ႐ႊတိဂုံေစတီေတာ္ႀကီး တည္ထားကိုးကြယ္ရန္ မည္သည့္ေနရာဌာနတြင္ တည္ထား ကိုးကြယ္ သင့္ေၾကာင္း ဥကၠလာပမင္းႀကီးႏွင့္တကြေသာ ဗိုလ္ပါအေပါင္း၊ ျပည္သူအေပါင္း၊ နတ္အေပါင္း စုေဝးေသာ ေနရာဌာနႀကီးျဖစ္ေသာေၾကာင့္ စုေဝးေစတီ ဟု လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂,ဝဝဝ ေက်ာ္က ေခၚဆိုခဲ့ၾကသည္ ဆို၏။


ထိုမွ က်ိဳက္အသုက္၊ ေလးဆူနတ္ ႀကီးမ်ားကို ဂုဏ္ျပဳ၍ ေလးဆူေစတီ၊ စူဠ ေစတီစသည္တို႔ျဖင့္ေခတ္ေပါင္းမ်ားစြာ ေက်ာ္ျဖတ္ခဲ့ေလသည္ဆို၏။လြန္ခဲ့ေသာ ႏွစ္ ၃ဝဝ ခန့္က ဒဂုံ (ဒဂုန္)ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕ဟု အမည္ေျပာင္းလဲခဲ့ၿပီး အုပ္စိုးသူ မင္းဆက္မ်ားစြာ ေျပာင္းလဲခဲ့သည့္ အခ်ိန္အထိ ဆူးေလေစတီသည္ၿမိဳ႕ျပင္ဘုရား။


ဘုရားပတ္ဝန္းက်င္တြင္ ဘုန္းႀကီးေက်ာင္းမ်ား၊ ေခ်ာင္း၊ ကန္၊ အင္း၊ သခၤ်ိဳင္းမ်ားႏွင့္ ယာခင္းက်ယ္ႀကီးမ်ား၊ ဥယ်ာဥ္ၿခံေျမမ်ားျဖင့္ ဝန္းရံေနခဲ့သည္။ ထို႔ျပင္ ဘုရားကို ေရမ်ား ပတ္လည္ဝိုင္းလ်က္ရွိခဲ့သည္ဟူ၏။ထိုမွနယ္ခ်ဲ့အဂၤလိပ္တို႔ ၁၈၅၂ ခုႏွစ္၌ ကြၽန္ေတာ္တို႔နိုင္ငံကို စစ္နိုင္ခဲ့၍ အုပ္စိုးခဲ့ခ်ိန္တြင္ ရန္ကုန္ၿမိဳ႕သစ္ႀကီး စီမံကိန္းကို စတင္ခဲ့သည္ဆို၏။


ထိုစီမံကိန္းႏွင့္အတူ ဆူးေလဘုရားသည္ အဓိကအခ်က္အခ်ာေနရာႀကီးတစ္ခုျဖစ္လာခဲ့သည္။ ထို႔ေနာက္ ၿဗိတိသွ်အစိုးရ၏ ျမန္မာတစ္နိုင္ငံလုံးကို သိမ္းယူခဲ့၍ ၁၈၈၆ ခုႏွစ္၌ ကိုလိုနီနိုင္ငံအျဖစ္ ေၾကညာျခင္းခံခဲ့ရသည္။


ရန္ကုန္ၿမိဳ႕ကိုလည္း ျမန္မာနိုင္ငံ၏ ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခဲ့သည္ဆို၏။ကိုလိုနီေခတ္ ေကာ္မရွင္နာမင္းႀကီး ဆာ အာသာဖယ္ယာသည္ ရန္ကုန္ၿမိဳ႕ႀကီးကို ေခတ္မီၿမိဳ႕သစ္ႀကီး တည္ေဆာက္ရန္ အမိန့္ခံယူခဲ့ၿပီး စစ္အင္ဂ်င္နီယာတပ္မွ လက္ဖတင္နင္ ဖေရဇာကို တာဝန္ေပးခဲ့သည္ဆို၏။


မ်ိဳးမတူ ဘာသာျခားတို႔ေခတ္၊ အုပ္စိုးခ်ိန္ ျဖစ္ေသာေၾကာင့္ ထိုကာလတြင္ ဘုန္းႀကီး ေက်ာင္းေပါင္း ၅ဝ ေက်ာ္ကို ဖ်က္၍ ယခုသရက္ေတာေက်ာင္းတိုက္ေနရာသို႔ ပို႔ပစ္ခဲ့သည္။ ထို႔ျပင္ ဘုရားေစတီပုထိုးငယ္ေပါင္း ေထာင္ႏွင့္ခ်ီ၍ ဖ်က္ဆီးပစ္ခဲ့သည္ဟူ၏။ သခၤ်ိဳင္းေပါင္းမ်ားစြာ ၿဖိဳဖ်က္ပစ္၏။ ယခုသိမ္ႀကီးေစ်းေနရာတြင္ကား က်ိဳက္ျမတ္သံခ်ိဳ ေစတီေတာ္ႀကီးကိုပင္ ဖ်က္ပစ္ခဲ့ၾကသည္ ဆို၏။


(ထိုဘုရားႀကီးမွာ ယခုေနာင္ေတာ္ ႀကီးေစတီထက္ပင္ ဥာဏ္ေတာ္ျမင့္သည္။)ထိုကာလ၌ ဆူးေလေစတီေတာ္ႀကီးကိုလည္း ၿဖိဳဖ်က္ရန္ ႀကံစည္ခဲ့ခ်ိန္တြင္ ထိုစဥ္ က ရန္ကုန္ၿမိဳ႕ေတာ္၏ သမာဓိၿမိဳ႕လူႀကီးမ်ားကို စစ္ကဲေမာင္ေထာ္ေလးက ဦးေဆာင္၍ ၿဗိတိသွ်နိုင္ငံ၊ လန္ဒန္ၿမိဳ႕ရွိ၊ ဝိတိုရိယဘုရင္မႀကီးထံ ေတာင္းပန္လႊာေပးပို႔ခဲ့သည္ဆို၏။


ထိုအခါမွ ထူပါေစတီကို မတူးၿဖိဳ မဖ်က္ဆီး ရ၊ ဆူးေလကုန္းေတာ္ကို ေကြ႕ပတ္၍ သြားရမည္ဟူေသာ အမိန့္စာေရာက္ရွိခဲ့၍ ဖ်က္ဆီး ျခင္းမခံရေတာ့ေပဟူ၏။ထိုမွ ဆူးေလဘုရားကို ဗဟိုျပဳ၍ ရန္ကုန္ ၿမိဳ႕ကြက္သစ္ႀကီးကို ေျမဖို႔၊ ေျမညွိ၊ အကြက္ ေဖာ္၍ ရပ္ကြက္မ်ား၊ ၿမိဳ႕နယ္မ်ား၊ ႐ုံးႀကီးမ်ားႏွင့္ စတင္ခဲ့ရာ မ်ားစြာ စည္ကားခဲ့ေလသည္။


ထို႔ျပင္ ဆူးေလေစတီေတာ္ႀကီးကို ဗဟိုျပဳ၍ ရန္ကုန္ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္သာမက ျမန္မာတစ္နိုင္ငံလုံးသို႔လည္းရန္ကုန္ၿမိဳ႕ႏွင့္ မိုင္မည္မွ် ကြာေဝးသည္ဆိုေသာ အတိုင္းအတာဆုံမွတ္ အဓိကေစတီႀကီးျဖစ္ခဲ့ေလသည္။ ဒုတိယကမၻာစစ္ႀကီး ျဖစ္ခါနီး အခ်ိန္ မ်ားတြင္ ဆူးေလေစတီေတာ္ႀကီးႏွင့္ ဆူးေလ လမ္းမႀကီးသည္ အထူးစည္ကားခဲ့သည္။


#သမိုင္းေၾကာင္း


သီဟဒီပမင္းႀကီးသည္ ရဟႏၱာအရွင္သူျမတ္တို႔၏ သာသနာျပဳ ရည္မွန္းခ်က္အတိုင္း သာသနာေတာ္ ထြန္းကားျပန့္ပြားေရးအတြက္ အမတ္သူရဲေကာင္းမ်ားအား လမ္းၫႊန္ခ်က္ေပး၍ သာသနာခရီးကို စီစဥ္ေပးခဲ့သည္။


အမတ္သူရဲေကာင္းတို႔သည္လည္း ဘုရင္ၫႊန္ၾကားခ်က္အတိုင္း ဗုဒၶျမတ္စြာ၏ ဓာတ္ေတာ္၊ ဆံေတာ္မ်ားအား ပင့္ေဆာင္၍ ေ႐ႊတိဂုံ ေစတီေတာ္ ႀကီးတည္ရာ သိဂၤုတၱရ ကုန္းေတာ္ပတ္လည္တြင္ ေစတီေတာ္မ်ား တည္ထားကိုးကြယ္ရန္ ႀကိဳးစားစြမ္းေဆာင္မႈမ်ား ျပဳခဲ့ၾကသည္။


သမိုင္း အေထာက္အထားမ်ားအရ ဆူးေလေစတီ ေတာ္အား အသုတ္အမတ္ ႀကီး တည္ထားသည္ဟုသိရ၏။ သူရဲေကာင္း အသုတ္အမတ္ႀကီး တည္ထားသျဖင့္ သမိုင္းအခ်ိဳ႕တြင္ က်ိဳက္အသုတ္ ဘုရားဟုေတြ႕ရ၏။ က်ိဳက္ ဘုရား၊ အသုတ္ အမတ္ႀကီးဟု အဓိပ္ပါယ်ရ၏။ အသုတ္အမတ္ႀကီး ဘုရား ဟုဖြင့္ဆိုရမည္ျဖစ္၏။ သို႔ႏွယ္ပင္ အခ်ိဳ႕ပညာရွင္တို႔က အသုတ္ဟူသည္မွာ ဆံေတာ္ဟု ဖြင့္ဆိုၾကသျဖင့္ ဆံေတာ္ဘုရား ဟု ေခၚဆိုနိုင္၏။


သို႔ႏွယ္ပင္ အခ်ိဳ႕သမိုင္းပညာရွင္တို႔က ဥကၠလာပမင္းႀကီး ေ႐ႊတိဂုံဆံေတာ္ရွင္တည္ထားရာ သိဂၤုတၱရ ကုန္းေတာ္ အားရွာေဖြစဥ္ စုေဝးတိုင္ပင္ရာဌာနျဖစ္သျဖင့္ စုေဝးေစတီဘြဲ႕မည္ တြင္သည္ဟုလည္း ဆိုၾက၏။


ဤကဲ့သို႔ပင္ အခ်ိဳ႕က ဘဒၵကမၻာ၌ ပြင့္ေတာ္မူမည့္ ဘုရားရွင္တို႔အား မီလိုက္သည့္ ေလးဆူနတ္ႀကီးတို႔၏ စုေဝးေနရာ၌တည္ထားေသာေၾကာင့္ ေလးဆူေစတီ ဟုေခၚတြင္ ၾကသလို ကာလေ႐ြ႕လ်ားခဲ့ၿပီး ပဋိေလာမျပန္၍ ဆူးေလေစတီ ဟုေခၚတြင္သည္ဆိုၾက၏။ မည္သို႔ျဖစ္ေစ ဆူးေလေစတီသည္ ေ႐ႊတိဂုံ ေစတီေတာ္ ႀကီး၏ ေတာင္ဘက္အေရွ႕သို႔ စဥ္းငယ္ယြန္း သည့္တာ (၉၀၀) ခန့္အကြာ ေတာင္ကုန္းအျမင့္ တြင္တည္သည္ကမူအမွန္ပင္။


ဆူးေလေစတီေတာ္၏ ပရိဝႈဏ္ အက်ယ္အ၀န္းမွာ (၂.၁၈၁)ဧကရွိၿပီး အေရွ႕ႏွင့္ အေနာက္အလ်ားေပ (၃၂၂)ေပ ေတာင္ေျမာက္ အလ်ားေပ (၂၉၁)ေပ၊ ရင္ျပင္မွငွက္ျမတ္နား စိန္ဖူးေတာ္အထိ ဉာဏ္ေတာ္ေပ (၁၅၁)ေပအျမင့္ရွိသည္။


ဆူးေလေစတီေတာ္သည္ ပန္းတင္ခုံဖိနပ္ေတာ္မွစ၍ ငွက္ေပ်ာဖူး အထိ ရွစ္ျမႇောင္ကိုယ္ထည္ရွိသည္။ အရပ္ရွစ္မ်က္ႏွာ ပူေဇာ္ခံရာအျဖစ္ရည္မွန္းဟန္တူသည္ဟု ဖြင့္ဆိုၾက၏။ ပန္းတင္ခုံ၊ ဖိနပ္ခုံ၊ ရွစ္ေထာင့္မွာ မဂ္ၢင္ တရား ရွစ္ပါးအားရည္မွန္းျခင္းျဖစ္၏။


ၾကာ၀န္းသုံးရစ္ပါရွိရာ ရတနာသုံးပါးကို ၫႊန္းသည္ဟု ဖြင့္ဆိုနိုင္၏။ ေခါင္းေလာင္း သပိတ္ေမွာက္မွာ အရိယာတို႔၏ က်င့္စဥ္ျဖဴစင္သည့္ ဘ၀ကိုရည္မွန္းျခင္းျဖစ္၏။ ေဖာင္းရစ္ကိုးရစ္ ပါရွိေနျခင္းသည္ ေလာကုတၱရာကိုးပါးအား ရည္မွန္းျခင္းျဖစ္၏။


ၾကာေမွာက္ၾကာလွန္၊ ငွက္ေပ်ာဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တို႔မွ ဗုဒၶဓမၼစက္ေတာ္သန့္စင္မြန္ျမတ္ျခင္းဟု ေလာကုတၱရာ တရားအလုံးစုံအား ေလာကီအျမင္ႏွင့္ စပ္ဟပ္ ေပါင္းစပ္ၿပီး ေရွးေခတ္ဗိသုကာပညာရွင္မ်ား တင္စားခဲ့သည္ဟု ဆိုရမည္ျဖစ္၏။


#သိဖြယ္မွတ္ဖြယ္မ်ား


ဆူးေလေစတီေတာ္သည္ အေလာင္းမင္းတရားႀကီး ရာမညတိုင္းအား သိမ္းပိုက္စဥ္ ဒဂုံၿမိဳ႕သို႔ ၀င်ရောက်နားတော် မူသည့္အခါ ဒဂုံၿမိဳ႕သည္ ယာေတာေျမအျဖစ္ေရာက္ေနၿပီဆိုရမည္။ အေလာင္းမင္းတရားႀကီးသည္ ၁၇၅၅-ခုႏွစ္၌ ေ႐ႊတိဂုံေစတီေတာ္အား ဖူးျမင္ၿပီး ရန္အေပါင္း ကုန္ေသာ နိမိတ္အျဖစ္ ဒဂုံၿမိဳ႕အား ရန္ကုန္ၿမိဳ႕ဟု ဘြဲ႕မည္တပ္ၿပီး ၿမိဳ႕သစ္ တည္ခဲ့၏။


အေလာင္းမင္းတရားတည္သည့္ ရန္ကုန္ၿမိဳ႕သည္ အက်ယ္ အ၀န္းအားျဖင့္ (၁၁၁၉)တာခန့္ က်ယ္၀န္း၏။ ရန္ကုန္ၿမိဳ႕အား သစ္တပ္ၿမိဳ႕အျဖစ္ က်ဳံး၊ ေျမာင္၊ တံခါး၊ ျပအိုး စေသာ ၿမိဳ႕အဂၤါႏွင့္ တည္ခဲ့သည္။ နယ္နိမိတ္အက်ယ္အ၀န္းမွာ ေျမာက္ ဘက္တြင္ ဆူးေလဘုရား ေတာင္ဘက္တြင္ ရန္ကုန္ျမစ္၊ အေရွ႕ဘက္၌ ကုန္သည္လမ္း၀န္းက်င္၊ (ဂ်ဴဒါအီစကယ္လမ္း) အေနာက္ဘက္တြင္ လမ္း(၃၀)သို႔မဟုတ္ စစ္ကဲေမာင္ေထာ္ေလးလမ္း ၀န်းကျင်ဖြစ်၏။


ထိုစဥ္က ဆူးေလေစတီေတာ္သည္ သစ္တပ္ၿမိဳ႕ရိုး အျပင္တြင္ ရွိၿပီးေရပတ္လည္ဝိုင္းရံလွ်က္ ရွိသည္။ ကုန္းျမင့္ေပၚမွ ေစတီတစ္ဆူအျဖစ္ရွိေန၏။ အေလာင္းဘုရားၿမိဳ႕တည္စက လူဦးေရ တစ္ေသာင္းခန့္သာရွိေသာ္လည္း ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ ခဲ့သည္အေလွ်ာက္ လူဦးေရတိုးတက္လာသည့္ အေလွ်ာက္ ကူးသန္းေရာင္း၀ယ္ေရး လုပ္ငန္းမ်ားႀကီးထြားလာၿပီး အခ်က္အျခာေဒသျဖစ္လာခဲ့၏။


ျမန္မာသကၠရာဇ္ (၁၂၀၃)ခုႏွစ္၊ ေ႐ႊဘိုမင္း(ခ) ဟံသာ၀တီမင္း(ခ) ကုန္းေဘာင္မင္း၊ အမရပူရၿမိဳ႕ေတာ္မွ ဒဂုံ(ရန္ကုန္)သို႔ ၾကည္းေၾကာင္းေရေၾကာင္းႏွင့္ မဟာဗ်ဴဟာ နည္းဗ်ဴဟာ အျပည့္ႏွင့္ ႂကြခ်ီခဲ့၏။ ထိုစဥ္က ေ႐ႊဘို(ေခၚ) သာယာ၀တီမင္းႏွင့္ အေလာင္းဘုရားတည္ထားခဲ့သည့္ ရန္ကုန္ၿမိဳ႕အား တိုးခ်ဲ့လွ်က္ ေအာင္ေျမရန္ႏွင္းၿမိဳ႕သစ္ အျဖစ္ ကမၺည္းတင္ခဲ့သည္။


ထိုအခါ ဆူးေလေစတီသည္ ၿမိဳ႕သစ္နယ္နိမိတ္အတြင္းသို႔ ေရာက္ခဲ့၏ ဆူးေလေစတီ၏ ၀န်းကျင်တွင် ႐ြံ႕ဗြက္၊ ေရအိုင္ ႏွင့္ေတာခ်ဳံမ်ား ထူထပ္စြာေပါက္ေရာက္ေန၏။ ဒီေရအတက္အက် ျဖစ္ေပၚ၍ ေစတီေတာ္၀န္းက်င္ကို ဒီေရလႊမ္းမိုးမႈ ရွိခဲ့သည္။ ေစတီအနီး၀န္းက်င္ရွိ ဗြက္ေတာမ်ား အလယ္၌ပင္ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ားတည္ရွိခဲ့သည္ဟုဆို၏။ သစ္ပင္မ်ား အုပ္အုပ္ဆိုင္းဆိုင္းရွိသျဖင့္ ေရျပင္က်ယ္ႏွင့္ ၾကည္ႏူးဖြယ္ ေအးခ်မ္းေနသည္ဟုဆို၏။


ဆူးေလေစတီ၏ အေနာက္ဘက္ေစာင္းတန္းသည္ ယခုတည္ရွိသည့္ ဆက္သြယ္ေရး႐ုံးအထိရွိသည္ဟု ဆို၏။ ျမန္မာ သကၠရာဇ္ (၁၂၁၄)ခုႏွစ္ အဂၤလိပ္ျမန္မာ ပထမစစ္ပြဲၿပီးခ်ိန္အထိ ဗႏၶဳလပန္းၿခံ၏ ေတာင္ဘက္ကြၽန္းေနရာမ်ားသည္ ေရလယ္ကြၽန္း ျဖစ္ေနသည္။ ဆူးေလဘုရားသို႔ကူးရန္ ေက်ာက္တံတား တစ္ခုတည္ေဆာက္ထားသည္ဟု အဆိုရွိ၏။


ေရလယ္ေက်ာင္းမ်ား ယခင္က ဆူးေလလမ္းကိုေလွ်ာတန္းလမ္းဟု ေခၚခဲ့ၿပီးေနာင္တြင္ ဆူးေလဘုရားလမ္းဟု တြင္ခဲ့၏။ ေက်ာက္တံတားလမ္း ဟု ေခၚလည္းရွိ၏။ ထိုစဥ္က ဆူးေလေစတီေတာ္၏ အေနာက္ေတာင္ဘက္ မနီးမေဝးတြင္ က်ိဳက္မဲ သံကေရာ(ေခၚ) က်ိဳက္ျမတ္သံခ်ိဳ ေစတီႏွင့္ ရဟႏၱာသိမ္ေတာ္ႀကီးလည္းရွိသျဖင့္ ဘုရားဖူးမ်ား စည္ကား ေနသည္ဟုဆို၏။


အဂၤလိပ္ျမန္မာဒုတိယစစ္ပြဲအၿပီး၌ အဂၤလိပ္တို႔သည္ ရန္ကုန္ၿမိဳ႕အား အစိုးရ႐ုံးစိုက္ရာဟု သတ္မွတ္ခဲ့၏။ ထို႔အတူ ေကာ္မရွင္နာမင္းႀကီး ဆာအာသာဖယ္ရာကာၿမိဳ႕သစ္တည္ရန္ အမိန့္ႏွင့္ အတူေတာင္ကုန္းၿဖိဳျခင္း၊ အနိမ့္ပိုင္းေျမဖို႔ျခင္း၊ လမ္းေဖာက္ျခင္းမ်ားျပဳခဲ့သလို ေစတီပုထိုးမ်ား၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားအား ၿဖိဳဖ်က္ခဲ့သည္။


ၿမိဳ႕ကြက္ႏွင့္ မလြတ္ဟု အေၾကာင္း ျပကာ ဆူးေလ၀န္းက်င္ရွိ ဘုန္းေတာ္ႀကီးေက်ာင္း(၅၀)အား သရက္ဥယ်ာဥ္တည္ရွိရာသို႔ ဖယ္ရွားေျပာင္းေ႐ႊ႕ခဲ့၏။ အဂၤလိပ္နယ္ခ်ဲ့တို႔သည္ က်ိဳက္ျမတ္သံခ်ိဳ ေစတီအား ၿဖိဳဖ်က္ခဲ့ၿပီးေနာက္ တဆင့္လွမ္းတက္ခါ ဆူးေလေစတီႀကီးအား ၿဖိဳဖ်က္ရန္ ႀကိဳးပန္းၾက၏။ အာဏာပိုင္တို႔အား ဆူးေလေစတီသည္ လမ္းဆုံလမ္းခြတြင္ရွိသည့္ ေစတီျဖစ္သျဖင့္ ၿဖိဳဖ်က္သင့္သည္ဟု တင္ျပၾက၏။


သို႔ေသာ္ အဂၤလန္တြင္ရွိသည့္ ဝိတိုရိယ ဘုရင္မႀကီးက `ဆူးေလေစတီသည္ ထူပါေစတီျဖစ္သျဖင့္ မတူးၿဖိဳ၊ မဖ်က္ဆီးရ ဆူးေလေစတီအားေကြ႕ပတ္သြားရမည္ဟု အမိန့္ျပန္ၾကားခဲ့၏။ ယင္းသို႔ ျပန္ၾကားေသာ္လည္း အဂၤလိပ္နယ္ခ်ဲ့တို႔သည္ လုပ္ပိုင္ခြင့္ အာဏာကို အသုံးျပဳ၍ ဆူးေလေစတီေတာ္ ၀တ်္တကမြေဖြစ်သည့် ကုန္းေတာ္ေအာက္ေျခမ်ားအား တူးၿဖိဳဖဲ့ခ်ၾက၏။ ေျမညွိၿပီး ၀တ္တကမြေကို ၿမိဳ႕သစ္အတြင္းထည့္ခဲ့၏။


ထို႔ေၾကာင့္ ဆူးေလေစတီသည္ မွန္ကူကြက္သ႑ာန္ ကုန္းေတာ္ငယ္ျဖစ္ေနျခင္းျဖစ္၏။ ဆူးေလေစတီေတာ္၏ ေျခေတာ္ရင္း ပတ္လည္တြင္ရွိသည့္ ဂႏၶကုဋိတိုက္ တန္ေဆာင္းႏွင့္ ေစာင္းတန္းစသည့္ သာသနိက အေဆာက္အအုံမ်ား ပ်က္စီးခဲ့ရ၏။ နယ္ခ်ဲ့အာဏာပိုင္မ်ား၏ ေစ်းၿပိဳင္စနစ္ျဖင့္ ေရာင္းခ်မႈ ေၾကာင့္ ဗႏၶဳလပန္းၿခံ(ယခင္ဖိုက္စကြဲယားပန္းၿခံ) ဗလီႀကီး၊ ၿမိဳ႕ေတာ္ခန္းမ စသည့္အေဆာက္အဦးမ်ား ေပၚေပါက္ခဲ့ရ ျခင္းျဖစ္သည္။


#ဆူးေလဘိုးဘိုးႀကီး သမိုင္း


ဤဘဒၵကမၻာတြင္ ပြင့္ခဲ့သည့္ ျမတ္စြာဘုရားရွင္ ေလးဆူအားမွီလိုက္သည့္ သက္ေတာ္ရွည္ ေလးဆူနတ္ႀကီး ဟု သမိုင္းစဥ္မ်ားတြင္ ေတြ႕ရသည္။ ေလးဆူနတ္ႀကီးသည္ ေ႐ႊတိဂုံေစတီေတာ္အား တည္ထားကိုးကြယ္ရန္ ေနရာျဖစ္သည့္ သိဂၤုတၱရကုန္းေျမအား ၫႊန္ျပေပးခဲ့သည့္ ဘိုးဘိုးႀကီးမ်ားအနက္ တစ္ပါးျဖစ္၏။


ယခင္က ေလးဆူနတ္ႀကီး ဟုလူသိမ်ားခဲ့ၿပီး ထိုေနရာတစ္ဝိုက္တြင္ ေနထိုင္သူမ်ား၏ ကိုးကြယ္ဆည္းကပ္မႈကို ခံခဲ့ရသည္။ ယုံၾကည္မႈလြန္ကဲသည့္ ျမန္မာလူမ်ိဳးမ်ားသည္ ယုံၾကည္မႈႏွင့္အတူ အားကိုးအားထား ျပဳခဲ့သည္လည္း ရွိသည္။


လုပ္ငန္းေဆာင္တာ လုပ္ကိုင္ရာတြင္ျဖစ္ေစ၊ အခက္အခဲ ႀကဳံခဲ့သည့္အခါတြင္ျဖစ္ေစ၊ ေလးဆူနတ္ႀကီးအား ပသပူေဇာ္ အဓိ႒ာန္ ျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္ႏွင့္အညီ ေအာင္ျမင္မႈမ်ားစြာ ရခဲ့သည့္ သာဓကမ်ားရွိခဲ့သည္ ဟု ဆို၏။


ထို႔ေၾကာင့္ လူအမ်ားသည္ ဤေလးဆူနတ္ႀကီးအား ထိုေနရာတြင္ နတ္နန္းျပဳလုပ္၍ ပူေဇာ္ခဲ့သည့္ အစဥ္အလာ ရွိခဲ့သည္။ ေရွးသူေဟာင္းတို႔ စကားလည္းရွိ၏။ အခ်ိဳ႕၏စကားအရ ေလးဆူနတ္ႀကီးသည္ ရန္ကုန္ၿမိဳ႕လယ္ အား ပိုင္သူဟု ဆို၏။ အဓိ႒ာန္ႏွင့္ လုပ္ငန္းလုပ္၍ ေအာင္ျမင္လွ်င္ တတ္နိုင္လွ်င္ တတ္နိုင္သေလာက္ ၀တ်လဲတော် ပုဆိုး၊ အကၤ်ီပုဝါမွ အစ ေငြအသျပာတတ္နိုင္သ၍ ပူေဇာ္ၾကသည္။


ေလးဆူနတ္ႀကီးသည္ နတ္သက္ရွည္သူျဖစ္ၿပီး ေကာင္းမႈ ေကာင္းက်ိဳးျပဳသူဟုလည္း ဆို၏။ လူအမ်ားသည္ ေလးဆူနတ္ႀကီးသည္ လူအမ်ား၏ အပူေဇာ္ခံ ဘ၀သို႔ ေရာက္ခဲ့ၿပီး ေလးဆူနတ္ႀကီး ေနထိုင္သည့္နယ္တြင္ ေစတီဘုရား တည္ထား ကိုးကြယ္သည့္အခါ ထိုေစတီဘုရား၌ ေလးဆူနတ္ႀကီးအား သီးျခား နန္းျပဳလုပ္၍ ပူေဇာ္ၾက၏။


ေလးဆူနတ္ႀကီး အား ဆူးေလေစတီေတာ္ အတြင္း၌ သီးျခားနန္းတည္ ကိုးကြယ္၍ ကာလရွည္ၾကာ ကိုးကြယ္မႈၾကာလာသည့္အခါ လူအမ်ား၏စိတ္ထဲ၌ ေလးဆူနတ္ႀကီးအား ဆူးေလ ေစတီေတာ္အား အစြဲျပဳ၍ ဆူးေလဘိုးဘိုး ႀကီး ဟု ေခၚတြင္လာခဲ့ၾကသည္။ စင္စစ္ ေလးဆူနတ္ႀကီးသည္ ေလးဆူနတ္ဟုေခၚခဲ့ေသာ္လည္း သာမန္နတ္မ်ိဳး နတ္ႏြယ္ မဟုတ္၊ ဘဒၵကမၻာတြင္ ပြင့္ေတာ္မူသည့္ ဘုရားရွင္မ်ားအား မွီလိုက္ေသာ နတ္ျဖစ္သည္။


ေရွးသူေဟာင္း အခ်ိဳ႕က သူေတာ္စင္နတ္ဟုေခၚ၏။ မေကာင္းသူပယ္၊ ေကာင္းသူကယ္၏။ သာသနာအတြက္ ဘ၀နာတရားကိုးစားသူဟုဆို၏။ ေကာင္းမႈေကာင္းက်ိဳးျပဳသူမ်ား၊ ဘာသာ သာသနာအက်ိဳးျပဳသူမ်ားအား ေဆာင္မမည္ဟု ဆို၏။ ဆူးေလဘိုးဘိုးႀကီး ၏ နန္းထိမ္းတစ္ဦးက ဆူးေလဘိုးဘိုးႀကီးအား သက္ေတာ္ရွည္ သူေတာ္စင္ နတ္မင္းႀကီးတစ္ပါးပဲ၊ ဆူးေလ ဘိုးဘိုးႀကီးဟာ ရန္ကုန္ၿမိဳ႕လယ္ကို ပိုင္စိုးထိမ္းသမ္းထားသူ လည္းျဖစ္တယ္။


ၿမိဳ႕လည္တစ္ဝိုက္မွာ လုပ္ငန္းလုပ္သူေတြ၊ အားကိုးအားထားျပဳ တိုင္တည္အလုပ္လုပ္ရင္း အမ်ားႀကီး ေအာင္ျမင္ ထေျမာက္နိုင္တယ္ ဟုဆို၏။ ထို႔အတူ နန္းထိမ္းေဟာင္း ႀကီးက ဆူးေလဘိုးဘိုးႀကီးဟာ ဘာသာသာသနာအတြက္ ေစာင့္ထိန္းသူျဖစ္လို႔ ဘာသာသာသနာ အက်ိဳးျပဳသူေတြကို ပိုၿပီး ေစာင္မၾကည့္ရႈတယ္။ ဆူးေလဘိုးဘိုးႀကီးကို တိုင္တည္အလုပ္ လုပ္သူဟာ ကံငါးပါးလုံၿခဳံရမယ္ ဟုဆို၏။


#CRDUHla Than Aung

#ေနာ္ဂဲလယ္ထူး(စာေပပရဟိတ)

Friday, December 17, 2021

Sticky Rice Special

 Sticky Rice Special 

အုန်းနို့ အစာသွပ်ကောက်ညှင်းကင်

----------------------------------------




အစာပြေ လုပ်စားနိုင်ဖို့ အုန်းနို့ ကောက်ညှင်းကင်လေးကို ရွေးချယ်ထားပါတယ်။ အုန်းနို့နဲ့ ချက်ထားတာမို့ ကောက်ညှင်းကင်က ချိုစိမ့်ပြီ အထဲမွာ တူနာ အစာသြပ္ထားတာပါ။ အရမ်းလည်း စားလို့ ကောင်းတဲ့ ချက်နည်းတစ်ခု ဖြစ်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်

-----------------------------------------------------------------------------

ကောက်ညှင်းချက်ရန် ပါ၀င်ပစ္စည်းများ

    ကောက်ညှင်းဆန် ၁ခြက္ခြဲ

    အုန်းနို့ခရင် ၁၆၀ မီလီလီတာ

    ရေ ၁ခွက်

    ဆား လက်ဖက်ရည်ဇွန်း တ၀က်

    သကြား စားပွဲတင်ဇွန်း တ၀က်

----------------------------------------

တူနာအစာသွပ်ရန် ပါ၀င်ပစ္စည်းများ

    တူနာ(chunk) စည်သွပ် ၁ဘူး

    ဆား လက်ဖက်ရည်ဇွန်း တ၀က်

    ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ

    သံပရာရည် စားပွဲတင်ဇွန်း ၁ဇွန်း

    သကြား လက်ဖက်ရည်ဇွန်း တ၀က်

    ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလွီးပါ)

----------------------------------------

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (တူနာ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံပရာရည်၊ သကြား၊ ကြက်သွန်မြိတ်) တို့ကို သမအောင် ရောနုယ်ထားပါ။

၂။ ပြီနောက် Rice Cooker ထဲ (ကောက်ညှင်းဆန်၊ အုန်းနို့၊ ရေ၊ ဆား၊ သကြား) တို့ကို ထည့်ပြီ ထမင်းချက်သလိုပင် အုန်းနို့ကောက်ညှင်းကို ချက်ပေးပါ။

၃။ အုန်းနို့ ကောက်ညှင်း ရပြီဆိုလျှင် ဇောက်ပန်းကန်ထဲ ခေတ္တ အအေးခံပေးပါ။

၄။ ပြီနောက် ငပျောရွက်(သို့) aluminum foil သတ္တုပြားကို ဆီသုတ်ပေးပါ။

၅။ ကောက်ညှင်းများကို အလျားလိုက်ခင်းပေးပြီ အလယ်မှာ တူနာမ်ားကို ခင်းပေးပါ။

၆။ ကောက်ညှင်းကို တူနာအုပ်အောင် ပိတ်လိုက်ပြီ အရှညျအဝိုငျးဖွဈအောငျ ပုံတွင်ပါသည့်အတိုင်း ထုပ်ပေးပါ။

ရ။ ပြီလျှင် မီးကင်ပြားဖြင့် အုန်းနို့ ကောက်ညှင်းများကို တဖက္ကို ၁၀မိနစ်နှုန်းဖြင့် မိနစ်၂၀ခန့် ကင်ပေးပါ။

၈။ အုန်းနို့ ကောက်ညှင်းကင်ရပြီဆိုလျှင် ခေတ္တမျှ အအေးခံပြီ ၁လက်မအရွယ် အတုံးလေးများ ပိုင်းဖြတ်ကာ အရသာရွိစြာ သုံးဆောင်နိုင်ပါပြီ

----------------------------------------

---------------------------------------

Wutyee Foods 


ကောက်ညှင်းရွှေထမင်း 




(ရွှေထမင်း ပါဝင်ပစ္စည်း )


၁) ကောက်ညှင်း ၃ ခွက် 

၂) အုန်းနို့ ၁ ခွက်

၃) ထန်းလျှက်ရည် ၂ ခွက်

၄) ဆား ၃/၄ လဘ္ကက်စားဇွန်း 


ထမင်းအိုးမှာ ပါတဲ့ ဆန် ချိန် ခွက် ကို သုံးပါမယ် နော် ။

၁/ ကောက်ညှင်း ၃ခွက် ကို မနက်လုပ်ရင် ညထဲက ရေစိမ် မနက်ကြမှာ ပေါင်းပါ sweet rice/ glutinuous rice လို့ ခေါ်ပါတယ်။

၂/ ထန်းလျှက် ကို ပျော်အောင် ရေထည့်ပြီး ကျို ပါ , အမှိုက် စင်အောင် ရေစစ် နဲ့ စစ် ပါ။ အသားတင် ထန်းလျှက်ရည် ၁ ခွက် ကို အုန်းနို့ (coconut cream သုံးထားပါတယ်) ၁ ခွက်, ဆား သင့်ရုံ ( လဘ္ကက် စားဇွန်း ၃/၄ ခန့်) ထည့်ပြီး ပျစ်လာသည် အထိ ကျိုပါ။

၃/ ကောက်ညှင်း ထမင်း နဲ့ အုန်း ထန်းလျှက် ပျစ် ရည် ကို သမအောင်မွှေ ပြီး ဆီသုတ်မဟုတ် ထောပတ် သုပ္ထားတဲ့ ခွက်ထဲ မွာ ထည့် , အပေါ် ယံ မျက်နှာပြင် ကို ဆီသုတ် ထားတဲ့ ယောင်းမ နဲ့ ကျစ်အောင် နဲနဲ ဖိ ပြီး ညွိ ပါ.. 

အေးသွားရင် ဆီသုတ္ထားတဲ့ ဒါး နဲ့ လှီးပြီး အုန်းဖတ် လေး နဲ့ စားလို့ရပါပြီ ရှင် .. 

(Ma Khin Oo)


ချောကလက်ကောက်ညှင်းထုပ်




အုန်းနို့ကောက်ညှင်းကို ချောကလက်အစာသွပ်ပေါင်းထားခြင်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

*******

ကောက်ညှင်း - ၂ခွက်

အုန်းနို့ - ၂၀၀ml

သကြား - ၂ ဇွန်း စားပွဲတင်

ဆား - အနည်းငယ်

ချောကလတ် - ၂တောင့်

ငှက်ပျောဖတ် - လိုသလောက်

ပြုလုပ်နည်း

******

(၁)ကောက်ညှင်းကိုရေဆေးပြီးတညစိမ်ပြီးရေစစ်ထားပါ။

(၂ )ထမင်းပေါင်းအိုးတွင်ကောက်ညှင်း၊ဆား၊သကြား၊အုန်းနို့ထည့်ပြီးရေတပြေးညီထည့်ပြီးတည်ပါ။

(၃)ခလုတ်ပြုတ်ပါကအဖုံးမဖွင့်ဘဲခဏ အေအးခံထားပါ။

(၄) ငှက်ပျောဖက်ကို သန့်ရှင်းပြီး မီးပြထားပါ။

(၅)ချောကလတ်ကို အချောင်းလေးများဖြတ်ထားပါ။

(၆)ငှက်ပျောဖက်ခင်းပြီးကောက်ညှင်းခပ်မာမာအနေထားကိုဇွန်းဖြင့့်ဖြန့်ထည့်ပါ။

(၇)အလယ်တွင်ချောကလတ်ထည့်ပြီးအပေါ်မှကောက်ညှင်းအနည်းငယ်ဖြင့်ပြန်အုပ်ပြီးထုပ်ပေးပါ။ကျိုးဖြင့်စည်းလိုကစည်းပါ။

(၈)အားလုံးထုပ်ပြီးပါကပေါင်းအိုးတွင်ရေခံပြီးမိနစ်၂၀ခန့်ပေါင်းပါ။

(၉)အတွင်းမှကောက်ညှင်းသေချာနှပ်ပါကအအေးခံကာထုတ်ယူသုံးဆောင်နိုင်ပါပြီ ။

(Sofia Food paradise) 


ဒူးရင်းသီး အုန်းနို့ကောက်ညှင်းထုတ်




ဒီနေ့တော့ ဒူးရင်းသီး အုန်းနိူ့ ကောက်ညှင်းထုပ်လေးတွေ ထုတ်စားဖြစ်ပါတယ် အုန်းနို့အနံ့လေး သင်းနေပြီး စေးထမ်းထမ်း ချိုစိမ့်စိမ့်လေးနဲ့ အရမ်းကို စားလို့ကောင်းပါတယ်။

ငှက်ပျောရွက်နဲ့ ထုတ်တဲ့အတွက် ငှက်ပျောရွက်ကိုတော့ သေသေချာချာ ဆေးစေချင်ပါတယ် ငှက်ပျောရွက်မှာ ကပ်နေတတ်တဲ့ ဖုံတွေ ငှက်ချေးတွေ ကပ်နေတတ်ပါတယ် နောက်တစ်ခုက ခဲထားတဲ့ ငှက်ပျောရွက်တွေဆိုရင် ပိုပြီးသတိထားပြီး ဆေးပေးပါ။

ငှက်ပျောရွက်က လတ်လတ်ဆတ်ဆတ် မရေလေတာ့ ခဲထားတာကိုဘဲ သုံးရပါတယ် ခဲထားတဲ့ အထုတ္ကို ဖြေလိုက်တာနဲ့ ရွှံ့လိုမဲမဲ အဖတ်တွေ ကိုင်မိတဲ့အတွက် ရေကို၈ထပ်လောက် ဆေးရပါတယ် ရေဆေးပြီးပြန်တော့ တစ်ခါသုံး အဝတ်စနဲ့ သေသေချာချာ သုတ်ပေးပြီးမှ သုံးပေးတာ အကောင်းဆုံးပါဘဲ။

နောက်တစ်ခုက ခဲထားတဲ့ အရွက်တွေကို သုံးထားတဲ့အတွက် အရွက်တွေက စုတ်ပျဲလွယ်ပါတယ် ထိလိုက်တာနဲ့ ကွဲထွက်သွားတတ်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်း မကိုင်ဖို့လဲ သတိပေးပါရစေ။

ကောက်ညှင်းထုတ်ဖို့ အရွက်ကို ပိုင်းဖြတ်တဲ့ နေရာမှာလဲ အတိအက် ပိုင်းဖြတ်လို့ မရပြန်ပါဘူး မိမိအဆင်ပြေသလို ကောငျးတဲ့နရွေလေးတှကေို ရွေးပြီးပိုင်းဖြတ်ပေးပါ။

ကောက်ညှင်းထုတ်တော့မယ် ဆိုရင်လဲ အရွက်တစ်ထဲဆိုရင် ကွဲထွက်သွားတတ်တဲ့အတွက် အရွက်ကို နှစ်ထပ်သုံးထပ်လောက် ထပ်ပေးပြီးမှ ထုတ်ပေးပါလို့ အကြံပေးရင်း မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ (ငါးဖူးစာ)


ကောက်ညင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ

ဒူးရင်းသီး - ၅မွှာ

သကြား - ထမင်းစားဇွန်း နှစ်ဇွန်း မောက်မောက် (အချိုကြိုက်ပါက ပိုထည့်ပါ)

အုန်းနို့့ - 300 ml

ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 

အုန်းသီးဖတ် - မိမိနှစ်သက်သလောက် သုံးပေးပါ

ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ


ပြင်ဆင်ပုံ

ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ပြီး တစ်ညအိပ် ရေစိမ်ထားပါ။ နောက်နေ့မနက်မှာ တစ်ညအိပ် ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေတစ်ထပ်ဆေးပြီး ဇကာထဲလောင်းထည့်ကာ ရေစစ်ထားပါ။


ဇောက်နက်ပြီး မကပ်သော အိုးအနေတော် တစ္လုံးထဲမွာ အုန်းနိူ့ ဆားနှင့် သကြားကို အပူပေးပြီး သကြား ပျော်သွားအောင် တည်ပေးထားပါ။ဆားနှင့်သကြား ပျော်သွားစေရန် မကြာ မကြာ မွှေမွှေပေးပါ။ဆားနှင့်သကြား ပျော်သွားပါက ရေစစ်ထားသော ကောက်ညှင်းများကိုထည့်ပြီး မွှေပေးပါ။ အိုးမကပ်အောင် မကြာခဏ မွှေကာ အုန်းနိူ့များ ခမ်းသွားသည်အထိ တည်ထားပါ။

ကောက်ညှင်းသား လှစေရန် ကောက်ညှင်းဆန်ကို ခပ်ဖြေးဖြေးဘဲ မွှေပေးပါ။ပြီးတာနဲ့ မီးဖိုမွဖယ္ကာ အေအးခံထားပါ။


ငှက်ပျောရွက်များအား အနေတော် ပိုင်းဖြတ်ပေးပြီး ရေစင်အောင် ဆေးပေးပါ။

လတ်လတ်ဆတ်ဆတ် ငှက်ပျောရွက် သုံးပါက ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး အနည်းငယ်ပျော့သွားအောင် microwave ထဲ ၁ မိနစ် (သို့) ၁ မိနစ်ခွဲခန့်ထည့်ပါ။Microwave မရွိပါက အနည်းငယ် နွမ်းသွားစေရန် နေပူပူမှာ တစ်နာရီလောက် နေလှန်းပေးပါ။နေမပူပါက မီးဖိုပေါ်မှာ မီးအပူရှိန် ခပ်ဝေးဝေးမှာထားပြီး အနည်းငယ် နွမ်းသွားအောင် ကင်ပေးပါ။မီးကင်ခြင်း နေပူလှန်းခြင်း မိုက်ခရိုဝေ့ မီးဖိုထဲမွာ အပူပြထားသော ငှက်ပျောရွက်များကို ကောက်ညှင်းမထုတ်ခင် ရေစင်အောင် ဆေးပေးပြီး တစ်ခါသုံး အဝတ်စလေးများဖြင့် သန့်ရှင်းသွားအောင် လိုက်သုတ်ပေးထားပါ။မာမာကတော့ ငှက်ပျောရွက် လတ်လတ်ဆတ်ဆတ် မရတဲ့အတွက် ခဲထားတဲ့ အရွက်များကို သုံးထားပါတယ်။ခဲထားတဲ့ အရွက်များက အင်မတန်မှ ညစ်ပါတ်ပါတယ် ဒါကြောင့်မို့ ရေစင်အောင်ဆေးပြီး အဝတ်စနှင့် သေသေချာချာ သုတ်ပေးပြီးမှ သုံးပါ။


ဒူးရင်းသီးကိုအစေ့ဖယ်ပြီး အနေအထားအတိုင်း တစ်ဝက်ပိုင်းပေးထားပါ။အဆင်သင့် ဖြစ်တာနဲ့ ငှက်ပျောရွက်ထဲသို့ ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်း မောက်မောက် ကို အနည်းငယ် ဖြန့်ပြီးထည့်ပေးပါ။ထိုကောက်ညှင်းပေါ်မှာ ဒူးရင်းသီး တစ်ခြမ်းကို တင်ပေးပါ။ဒူးရင်းသီး အပေါ်မှာ နောက်ထပ် ကောက်ညှင်း ထမင်းစားဇွန်း တစ် ဇွန်းကို ဖြန့်ပြီးတင်ပေးပါ။ပြီးတာနဲ့ ဘေးနှစ်ဘက်မှ တစ္စဆီယူကာ ကောက်ညှင်းအပေါ်မှာ အုပ်ပေးပါ။ 


ဘေးနှစ်ဖက် အုပ်ပြီးတာနဲ့ အောက်ဖက်မှ ငှက်ပျောရွက်ကို အပေါ်ဖက်ကို ခေါက်တင်ပေးပါ။ပြီးတာနဲ့ အပေါ်ဖက်မှ အရွက်စကို ထပ်အုပ်ပေးပါ။ငှက်ပျောရွက်က ရှည်နေပါက အနားသားမ်ားကို ထုတ်လို့ ရရုံဘဲထားပြီး ကပ်ကြေးနှင့် ညှပ်ထုတ်ပေးပါ။၈ ထုပ္လုံးကို အထက်ပါ နည်းအတိုင်း ကောက်ညှင်းဆန်များ ကုန်အောင် ထုတ်ပေးပါ။တစ်ထုတ် ထုတ်ပြီးတိုင်း အထုတ္ကို မှောက်ပြီး ဗန်းထဲမှာ ထည့်ထားပေးပါ။


အားလုံးထုတ်ပြီးတာနဲ့ အထုတ်နှစ်ထုတ်ကိုပူးပြီး ကြိုးနှင့်ခပ်တင်းတင်း ချည်ပေးပါ။မုန့်ထုတ်များ အားလုံးခြည်ပြီးတာနဲ့ ပေါင်းမည့်ဇကာထဲ စီပြီးထည့်ပေးပါ။ပေါင်းအိုးထဲကို ပေါင်းခံခုံ မထိအောင်ရေထည့်ပေးပါ။ရေထည့်ပြီးတာနဲ့ ပေါင်းခံဇကာကို တင်ပေးပြီး အိုးအဖုံး အုပ်ပေးပါ။ပြီးတာနဲ့ ပေါင်းအိုးရဲ့ steam ခလုတ္ကို နှိပ်ကာ မိနစ်နှစ်ဆယ်ကို နှိပ်ပေးပြီး ပေါင်းပေးပါ။မိနစ်နှစ်ဆယ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ။


အိုးအဖုံး ဖွင့်ပြီးတာနဲ့ ဒူးရင်းသီးအုန်းနို့ ကောက်ညှင်းထုတ် မွှေးမွှေး အိအိလေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

(မာမာ)


ကောက်ညှင်းနှင့် ဝက်ကြိတ်သားထုပ်

(Sticky Rice with Mince Meat Pocket) 

...........................................................




ပါဝင်ပစ္စည်းများ

....................... 

 ကောက်ညှင်းဆန် - ၂ ခွက် (ရေစိမ်ထားပါ)

 ဝက်ကြိတ်သား - ၂၅ ကျပ်သား

 ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

 ပဲငံပြာရည်အချို - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

 ပဲငံပြာရည် အငန် - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

 နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

 နှမ်းနက်စေ့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း

 သီဟိုဠ်စေ့လှော် - စားပွဲဇွန်း ၂ ဇွန်း 

 ငှက်ပျောရွက် - ၂ လက် 

 (အလည်ရိုးကိုဖယ်ပြီး အရွက်ကြီးပဲ နေပူလှန်းထားပါ)

 နှီးကြိုး - ၁ စည်း 


ပြုလုပ်နည်း

...............

၁။ ဖန်ဇလုံအကြီးထဲ ကောက်ညင်းဆန်၊ အသား၊ ဆား၊ ပဲငံပြာရည်အချို၊ အငန်၊ နှမ်းဆီ၊ နှမ်း၊ သီဟိုဠ်စေ့များ အားလုံးထည့်ပြီး ရောသမပါ။ 


၂။ ငှက်ပျောရွက်များကို အနေတော်အပိုင်းလေးတွေဖြတ်ထားပါ။ နေပူလှန်းတာကြာလျှင် မီးအပူနှင့် အနည်းငယ်နွမ်းသွားအောင် လုပ်ပေးပါ။ 

ထုပ်ရတာ အဆင်ပြေပါတယ်။


၃။ ဇောက်နက်အိုးကြီးထဲ ရေတစ်ဝက်လောက်ထည့်ပြီး ရေဆူအောင်တည်ထားပါ။


၄။ ငှက်ပျောရွက်ကိုဖျန့်ပြီးမှ နယ်နှပ်ထားသော ကောက်ညှင်းစားပွဲဇွန်းနှစ်ဇွန်းကို ငှက်ပျောရွက်အလယ်မှာထည့်ပါ။ ပြီးလျှင် ငှက်ပျော ရွက် ဘယ်ဘက်အရွက်ကို ကောက်ညှင်းပေါ်ခေါက်တင်ပါ။ပြီးလျှင် ညာဘက်မှ ငှက်ပျောရွက်ကိုခေါက်ပါ။ အရှည်လိုက်ကို အောက်ကနေပြီး ခေါက်ပြီးလျှင် အပေါ်ဘက်မှ ကျန်အပိုင်းကို ခေါက်တင်ပါ။ တစ်ထုပ်ချင်းကို ဒီအတိုင်းဆက်လုပ်ပါ။ ခေါက်ထားသောဘက်ကို အတွင်းမှာထားပြီး ၂ ထုပ်ပေါင်း နှီးကြိုးလေးနှင့် တင်းနေအောင်ချီပါ။


၅။ အသင့်တည်ထားသော ရေနွေးအိုးဆူလျှင် ကောက်ညှင်းထုပ်များထည့်ပြီး၊မိနစ် ၅ဝ လောက်ထည့်ပြီးပြုတ်ပါ။ အဖုံးအုပ်ပြီး တည်ပါ။ အငွေ့တက်လာပြီး ငှက်ပျောရွက်အရောင်ပြောင်းလာလျှင်ရပါပြီ။ ကောက်ညှင်းထုပ်များကို ရေထဲမှဆယ်ပြီး နှစ်ထပ်ပေါင်းအိုးထဲ ထည့်ပြီး ၁၅ မိနစ်လောက်ထည့်ပြီး ထပ်ပေါင်းပါ။ 

ရေစစ်ပြီး ကောက်ညှင်းစီးသွားအောင်ပါ။ ပူပူနွေးနွေး အချဉ်ရည်လေးနှင့်တွဲစားလျှင် လိုက်ဖက်ပါတယ်။ 


မှတ်ချက်- ကြိုက်နှစ်သက်သောအသားနှင့် အစားထိုးသုံးလို့ရပါတယ်။

...................................................

Syi Lwin 


Sticky Rice Special 

အုန္းနို႔ အစာသြပ္ေကာက္ညွင္းကင္

----------------------------------------




အစာေျပ လုပ္စားနိုင္ဖို႔ အုန္းနို႔ ေကာက္ညွင္းကင္ေလးကို ေ႐ြးခ်ယ္ထားပါတယ္။ အုန္းနို႔နဲ႕ ခ်က္ထားတာမို႔ ေကာက္ညွင္းကင္က ခ်ိဳစိမ့္ၿပီ အထဲမွာ တူနာ အစာသြပ္ထားတာပါ။ အရမ္းလည္း စားလို႔ ေကာင္းတဲ့ ခ်က္နည္းတစ္ခု ျဖစ္တာမို႔ ခုပဲ တူတူ လုပ္ၾကည့္ရေအာင္

-----------------------------------------------------------------------------

ေကာက္ညွင္းခ်က္ရန္ ပါ၀င္ပစၥည္းမ်ား

    ေကာက္ညွင္းဆန္ ၁ခြက္ခြဲ

    အုန္းနို႔ခရင္ ၁၆၀ မီလီလီတာ

    ေရ ၁ခြက္

    ဆား လက္ဖက္ရည္ဇြန္း တ၀က္

    သၾကား စားပြဲတင္ဇြန္း တ၀က္

----------------------------------------

တူနာအစာသြပ္ရန္ ပါ၀င္ပစၥည္းမ်ား

    တူနာ(chunk) စည္သြပ္ ၁ဘူး

    ဆား လက္ဖက္ရည္ဇြန္း တ၀က္

    င႐ုတ္ေကာင္းမႈန့္ လက္ဖက္ရည္ဇြန္း ၃ပုံ၁ပုံ

    သံပရာရည္ စားပြဲတင္ဇြန္း ၁ဇြန္း

    သၾကား လက္ဖက္ရည္ဇြန္း တ၀က္

    ၾကက္သြန္ၿမိတ္ အနည္းငယ္ (ပါးပါးလွီးပါ)

----------------------------------------

ခ်က္ျပဳတ္နည္း

၁။ အရင္ဆုံး ေဇာက္ပန္းကန္လုံးထဲ (တူနာ၊ ဆား၊ င႐ုတ္ေကာင္းမႈန့္၊ သံပရာရည္၊ သၾကား၊ ၾကက္သြန္ၿမိတ္) တို႔ကို သမေအာင္ ေရာႏုယ္ထားပါ။

၂။ ၿပီေနာက္ Rice Cooker ထဲ (ေကာက္ညွင္းဆန္၊ အုန္းနို႔၊ ေရ၊ ဆား၊ သၾကား) တို႔ကို ထည့္ၿပီ ထမင္းခ်က္သလိုပင္ အုန္းနို႔ေကာက္ညွင္းကို ခ်က္ေပးပါ။

၃။ အုန္းနို႔ ေကာက္ညွင္း ရၿပီဆိုလွ်င္ ေဇာက္ပန္းကန္ထဲ ေခတၱ အေအးခံေပးပါ။

၄။ ၿပီေနာက္ ငေပ်ာ႐ြက္(သို႔) aluminum foil သတၱဳျပားကို ဆီသုတ္ေပးပါ။

၅။ ေကာက္ညွင္းမ်ားကို အလ်ားလိုက္ခင္းေပးၿပီ အလယ္မွာ တူနာမ်ားကို ခင္းေပးပါ။

၆။ ေကာက္ညွင္းကို တူနာအုပ္ေအာင္ ပိတ္လိုက္ၿပီ အရှည်အဝုိင်းဖြစ်အောင် ပုံတြင္ပါသည့္အတိုင္း ထုပ္ေပးပါ။

ရ။ ၿပီလွ်င္ မီးကင္ျပားျဖင့္ အုန္းနို႔ ေကာက္ညွင္းမ်ားကို တဖက္ကို ၁၀မိနစ္ႏႈန္းျဖင့္ မိနစ္၂၀ခန့္ ကင္ေပးပါ။

၈။ အုန္းနို႔ ေကာက္ညွင္းကင္ရၿပီဆိုလွ်င္ ေခတၱမွ် အေအးခံၿပီ ၁လက္မအ႐ြယ္ အတုံးေလးမ်ား ပိုင္းျဖတ္ကာ အရသာရွိစြာ သုံးေဆာင္နိုင္ပါၿပီ

----------------------------------------

---------------------------------------

Wutyee Foods 


ေကာက္ညွင္းေ႐ႊထမင္း 




(ေ႐ႊထမင္း ပါဝင္ပစၥည္း )


၁) ေကာက္ညွင္း ၃ ခြက္ 

၂) အုန္းနို႔ ၁ ခြက္

၃) ထန္းလွ်က္ရည္ ၂ ခြက္

၄) ဆား ၃/၄ လဘၠက္စားဇြန္း 


ထမင္းအိုးမွာ ပါတဲ့ ဆန္ ခ်ိန္ ခြက္ ကို သုံးပါမယ္ ေနာ္ ။

၁/ ေကာက္ညွင္း ၃ခြက္ ကို မနက္လုပ္ရင္ ညထဲက ေရစိမ္ မနက္ၾကမွာ ေပါင္းပါ sweet rice/ glutinuous rice လို႔ ေခၚပါတယ္။

၂/ ထန္းလွ်က္ ကို ေပ်ာ္ေအာင္ ေရထည့္ၿပီး က်ိဳ ပါ , အမွိုက္ စင္ေအာင္ ေရစစ္ နဲ႕ စစ္ ပါ။ အသားတင္ ထန္းလွ်က္ရည္ ၁ ခြက္ ကို အုန္းနို႔ (coconut cream သုံးထားပါတယ္) ၁ ခြက္, ဆား သင့္႐ုံ ( လဘၠက္ စားဇြန္း ၃/၄ ခန့္) ထည့္ၿပီး ပ်စ္လာသည္ အထိ က်ိဳပါ။

၃/ ေကာက္ညွင္း ထမင္း နဲ႕ အုန္း ထန္းလွ်က္ ပ်စ္ ရည္ ကို သမေအာင္ေမႊ ၿပီး ဆီသုတ္မဟုတ္ ေထာပတ္ သုပ္ထားတဲ့ ခြက္ထဲ မွာ ထည့္ , အေပၚ ယံ မ်က္ႏွာျပင္ ကို ဆီသုတ္ ထားတဲ့ ေယာင္းမ နဲ႕ က်စ္ေအာင္ နဲနဲ ဖိ ၿပီး ညွိ ပါ.. 

ေအးသြားရင္ ဆီသုတ္ထားတဲ့ ဒါး နဲ႕ လွီးၿပီး အုန္းဖတ္ ေလး နဲ႕ စားလို႔ရပါၿပီ ရွင္ .. 

(Ma Khin Oo)


ေခ်ာကလက္ေကာက္ညွင္းထုပ္




အုန္းႏို႔ေကာက္ညွင္းကို ေခ်ာကလက္အစာသြပ္ေပါင္းထားျခင္းျဖစ္ပါတယ္။

ပါဝင္ပစၥည္း

*******

ေကာက္ညွင္း - ၂ခြက္

အုန္းနို႔ - ၂၀၀ml

သၾကား - ၂ ဇြန္း စားပြဲတင္

ဆား - အနည္းငယ္

ေခ်ာကလတ္ - ၂ေတာင့္

ငွက္ေပ်ာဖတ္ - လိုသေလာက္

ျပဳလုပ္နည္း

******

(၁)ေကာက္ညွင္းကိုေရေဆးၿပီးတညစိမ္ၿပီးေရစစ္ထားပါ။

(၂ )ထမင္းေပါင္းအိုးတြင္ေကာက္ညွင္း၊ဆား၊သၾကား၊အုန္းနို႔ထည့္ၿပီးေရတေျပးညီထည့္ၿပီးတည္ပါ။

(၃)ခလုတ္ျပဳတ္ပါကအဖုံးမဖြင့္ဘဲခဏ အေအးခံထားပါ။

(၄) ငွက္ေပ်ာဖက္ကို သန္႔ရွင္းျပီး မီးျပထားပါ။

(၅)ေခ်ာကလတ္ကို အေခ်ာင္းေလးမ်ားျဖတ္ထားပါ။

(၆)ငွက္ေပ်ာဖက္ခင္းၿပီးေကာက္ညွင္းခပ္မာမာအေနထားကိုဇြန္းျဖင့့္ျဖန့္ထည့္ပါ။

(၇)အလယ္တြင္ေခ်ာကလတ္ထည့္ၿပီးအေပၚမွေကာက္ညွင္းအနည္းငယ္ျဖင့္ျပန္အုပ္ၿပီးထုပ္ေပးပါ။က်ိဳးျဖင့္စည္းလိုကစည္းပါ။

(၈)အားလုံးထုပ္ၿပီးပါကေပါင္းအိုးတြင္ေရခံၿပီးမိနစ္၂၀ခန့္ေပါင္းပါ။

(၉)အတြင္းမွေကာက္ညွင္းေသခ်ာႏွပ္ပါကအေအးခံကာထုတ္ယူသုံးေဆာင္နိုင္ပါၿပီ ။

(Sofia Food paradise) 


ဒူးရင္းသီး အုန္းနို႔ေကာက္ညွင္းထုတ္




ဒီေန႕ေတာ့ ဒူးရင္းသီး အုန္းနိူ႕ ေကာက္ညွင္းထုပ္ေလးေတြ ထုတ္စားျဖစ္ပါတယ္ အုန္းနို႔အနံ႕ေလး သင္းေနၿပီး ေစးထမ္းထမ္း ခ်ိဳစိမ့္စိမ့္ေလးနဲ႕ အရမ္းကို စားလို႔ေကာင္းပါတယ္။

ငွက္ေပ်ာ႐ြက္နဲ႕ ထုတ္တဲ့အတြက္ ငွက္ေပ်ာ႐ြက္ကိုေတာ့ ေသေသခ်ာခ်ာ ေဆးေစခ်င္ပါတယ္ ငွက္ေပ်ာ႐ြက္မွာ ကပ္ေနတတ္တဲ့ ဖုံေတြ ငွက္ေခ်းေတြ ကပ္ေနတတ္ပါတယ္ ေနာက္တစ္ခုက ခဲထားတဲ့ ငွက္ေပ်ာ႐ြက္ေတြဆိုရင္ ပိုၿပီးသတိထားၿပီး ေဆးေပးပါ။

ငွက္ေပ်ာ႐ြက္က လတ္လတ္ဆတ္ဆတ္ မရေလေတာ့ ခဲထားတာကိုဘဲ သုံးရပါတယ္ ခဲထားတဲ့ အထုတ္ကို ေျဖလိုက္တာနဲ႕ ႐ႊံ႕လိုမဲမဲ အဖတ္ေတြ ကိုင္မိတဲ့အတြက္ ေရကို၈ထပ္ေလာက္ ေဆးရပါတယ္ ေရေဆးၿပီးျပန္ေတာ့ တစ္ခါသုံး အဝတ္စနဲ႕ ေသေသခ်ာခ်ာ သုတ္ေပးၿပီးမွ သုံးေပးတာ အေကာင္းဆုံးပါဘဲ။

ေနာက္တစ္ခုက ခဲထားတဲ့ အ႐ြက္ေတြကို သုံးထားတဲ့အတြက္ အ႐ြက္ေတြက စုတ္ပ်ဲလြယ္ပါတယ္ ထိလိုက္တာနဲ႕ ကြဲထြက္သြားတတ္တဲ့အတြက္ ၾကမ္းၾကမ္းတမ္းတမ္း မကိုင္ဖို႔လဲ သတိေပးပါရေစ။

ေကာက္ညွင္းထုတ္ဖို႔ အ႐ြက္ကို ပိုင္းျဖတ္တဲ့ ေနရာမွာလဲ အတိအက် ပိုင္းျဖတ္လို႔ မရျပန္ပါဘူး မိမိအဆင္ေျပသလို ကောင်းတဲ့နေရြလေးတွေကို ေ႐ြးၿပီးပိုင္းျဖတ္ေပးပါ။

ေကာက္ညွင္းထုတ္ေတာ့မယ္ ဆိုရင္လဲ အ႐ြက္တစ္ထဲဆိုရင္ ကြဲထြက္သြားတတ္တဲ့အတြက္ အ႐ြက္ကို ႏွစ္ထပ္သုံးထပ္ေလာက္ ထပ္ေပးၿပီးမွ ထုတ္ေပးပါလို႔ အႀကံေပးရင္း မာမာျပင္ဆင္ထားတဲ့ နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္ရွင္။


ပါ၀င္ပစၥည္းမ်ား (ငါးဖူးစာ)


ေကာက္ညင္းဆန္ - ထမင္းေပါင္းအိုး ဆန္ခ်င္ဗူး ႏွစ္ဗူးခြဲ

ဒူးရင္းသီး - ၅မႊာ

သၾကား - ထမင္းစားဇြန္း ႏွစ္ဇြန္း ေမာက္ေမာက္ (အခ်ိဳႀကိဳက္ပါက ပိုထည့္ပါ)

အုန္းနို႔့ - 300 ml

ဆား - လက္ဖက္ရည္ဇြန္း တစ္ဝက္ 

အုန္းသီးဖတ္ - မိမိႏွစ္သက္သေလာက္ သုံးေပးပါ

ငွက္ေပ်ာ႐ြက္ - လိုသေလာက္ သုံးေပးပါ


ျပင္ဆင္ပုံ

ေကာက္ညွင္းဆန္ကို ေရျမဳပ္ေအာင္ထည့္ၿပီး တစ္ညအိပ္ ေရစိမ္ထားပါ။ ေနာက္ေန႕မနက္မွာ တစ္ညအိပ္ ေရစိမ္ထားေသာ ေကာက္ညွင္းဆန္ကို ေရတစ္ထပ္ေဆးၿပီး ဇကာထဲေလာင္းထည့္ကာ ေရစစ္ထားပါ။


ေဇာက္နက္ၿပီး မကပ္ေသာ အိုးအေနေတာ္ တစ္လုံးထဲမွာ အုန္းနိူ႕ ဆားႏွင့္ သၾကားကို အပူေပးၿပီး သၾကား ေပ်ာ္သြားေအာင္ တည္ေပးထားပါ။ဆားႏွင့္သၾကား ေပ်ာ္သြားေစရန္ မၾကာ မၾကာ ေမႊေမႊေပးပါ။ဆားႏွင့္သၾကား ေပ်ာ္သြားပါက ေရစစ္ထားေသာ ေကာက္ညွင္းမ်ားကိုထည့္ၿပီး ေမႊေပးပါ။ အိုးမကပ္ေအာင္ မၾကာခဏ ေမႊကာ အုန္းနိူ႕မ်ား ခမ္းသြားသည္အထိ တည္ထားပါ။

ေကာက္ညွင္းသား လွေစရန္ ေကာက္ညွင္းဆန္ကို ခပ္ေျဖးေျဖးဘဲ ေမႊေပးပါ။ၿပီးတာနဲ႕ မီးဖိုမွဖယ္ကာ အေအးခံထားပါ။


ငွက္ေပ်ာ႐ြက္မ်ားအား အေနေတာ္ ပိုင္းျဖတ္ေပးၿပီး ေရစင္ေအာင္ ေဆးေပးပါ။

လတ္လတ္ဆတ္ဆတ္ ငွက္ေပ်ာ႐ြက္ သုံးပါက ငွက္ေပ်ာ႐ြက္ကို ေရစင္ေအာင္ေဆးၿပီး အနည္းငယ္ေပ်ာ့သြားေအာင္ microwave ထဲ ၁ မိနစ္ (သို႔) ၁ မိနစ္ခြဲခန့္ထည့္ပါ။Microwave မရွိပါက အနည္းငယ္ ႏြမ္းသြားေစရန္ ေနပူပူမွာ တစ္နာရီေလာက္ ေနလွန္းေပးပါ။ေနမပူပါက မီးဖိုေပၚမွာ မီးအပူရွိန္ ခပ္ေဝးေဝးမွာထားၿပီး အနည္းငယ္ ႏြမ္းသြားေအာင္ ကင္ေပးပါ။မီးကင္ျခင္း ေနပူလွန္းျခင္း မိုက္ခရိုေဝ့ မီးဖိုထဲမွာ အပူျပထားေသာ ငွက္ေပ်ာ႐ြက္မ်ားကို ေကာက္ညွင္းမထုတ္ခင္ ေရစင္ေအာင္ ေဆးေပးၿပီး တစ္ခါသုံး အဝတ္စေလးမ်ားျဖင့္ သန့္ရွင္းသြားေအာင္ လိုက္သုတ္ေပးထားပါ။မာမာကေတာ့ ငွက္ေပ်ာ႐ြက္ လတ္လတ္ဆတ္ဆတ္ မရတဲ့အတြက္ ခဲထားတဲ့ အ႐ြက္မ်ားကို သုံးထားပါတယ္။ခဲထားတဲ့ အ႐ြက္မ်ားက အင္မတန္မွ ညစ္ပါတ္ပါတယ္ ဒါေၾကာင့္မို႔ ေရစင္ေအာင္ေဆးၿပီး အဝတ္စႏွင့္ ေသေသခ်ာခ်ာ သုတ္ေပးၿပီးမွ သုံးပါ။


ဒူးရင္းသီးကိုအေစ့ဖယ္ၿပီး အေနအထားအတိုင္း တစ္ဝက္ပိုင္းေပးထားပါ။အဆင္သင့္ ျဖစ္တာနဲ႕ ငွက္ေပ်ာ႐ြက္ထဲသို႔ ေကာက္ညွင္း ထမင္းစားဇြန္း တစ္ ဇြန္း ေမာက္ေမာက္ ကို အနည္းငယ္ ျဖန့္ၿပီးထည့္ေပးပါ။ထိုေကာက္ညွင္းေပၚမွာ ဒူးရင္းသီး တစ္ျခမ္းကို တင္ေပးပါ။ဒူးရင္းသီး အေပၚမွာ ေနာက္ထပ္ ေကာက္ညွင္း ထမင္းစားဇြန္း တစ္ ဇြန္းကို ျဖန့္ၿပီးတင္ေပးပါ။ၿပီးတာနဲ႕ ေဘးႏွစ္ဘက္မွ တစ္စဆီယူကာ ေကာက္ညွင္းအေပၚမွာ အုပ္ေပးပါ။ 


ေဘးႏွစ္ဖက္ အုပ္ၿပီးတာနဲ႕ ေအာက္ဖက္မွ ငွက္ေပ်ာ႐ြက္ကို အေပၚဖက္ကို ေခါက္တင္ေပးပါ။ၿပီးတာနဲ႕ အေပၚဖက္မွ အ႐ြက္စကို ထပ္အုပ္ေပးပါ။ငွက္ေပ်ာ႐ြက္က ရွည္ေနပါက အနားသားမ်ားကို ထုတ္လို႔ ရ႐ုံဘဲထားၿပီး ကပ္ေၾကးႏွင့္ ညွပ္ထုတ္ေပးပါ။၈ ထုပ္လုံးကို အထက္ပါ နည္းအတိုင္း ေကာက္ညွင္းဆန္မ်ား ကုန္ေအာင္ ထုတ္ေပးပါ။တစ္ထုတ္ ထုတ္ၿပီးတိုင္း အထုတ္ကို ေမွာက္ၿပီး ဗန္းထဲမွာ ထည့္ထားေပးပါ။


အားလုံးထုတ္ၿပီးတာနဲ႕ အထုတ္ႏွစ္ထုတ္ကိုပူးၿပီး ႀကိဳးႏွင့္ခပ္တင္းတင္း ခ်ည္ေပးပါ။မုန့္ထုတ္မ်ား အားလုံးျခည္ၿပီးတာနဲ႕ ေပါင္းမည့္ဇကာထဲ စီၿပီးထည့္ေပးပါ။ေပါင္းအိုးထဲကို ေပါင္းခံခုံ မထိေအာင္ေရထည့္ေပးပါ။ေရထည့္ၿပီးတာနဲ႕ ေပါင္းခံဇကာကို တင္ေပးၿပီး အိုးအဖုံး အုပ္ေပးပါ။ၿပီးတာနဲ႕ ေပါင္းအိုးရဲ႕ steam ခလုတ္ကို ႏွိပ္ကာ မိနစ္ႏွစ္ဆယ္ကို ႏွိပ္ေပးၿပီး ေပါင္းေပးပါ။မိနစ္ႏွစ္ဆယ္ ျပည့္တာနဲ႕ ေပါင္းအိုးထဲမွ ေလကုန္ေအာင္ ထုတ္ေပးၿပီးမွ အိုးအဖုံးကို ဖြင့္ေပးပါ။


အိုးအဖုံး ဖြင့္ၿပီးတာနဲ႕ ဒူးရင္းသီးအုန္းနို႔ ေကာက္ညွင္းထုတ္ ေမႊးေမႊး အိအိေလးကို သုံးေဆာင္ရန္ ျပင္ေပးနိူင္ပါၿပီ။

(မာမာ)


ေကာက္ညွင္းႏွင့္ ဝက္ႀကိတ္သားထုပ္

(Sticky Rice with Mince Meat Pocket) 

...........................................................




ပါဝင္ပစၥည္းမ်ား

....................... 

 ေကာက္ညွင္းဆန္ - ၂ ခြက္ (ေရစိမ္ထားပါ)

 ဝက္ႀကိတ္သား - ၂၅ က်ပ္သား

 ဆား - လက္ဖက္ရည္ဇြန္း တစ္ဝက္

 ပဲငံျပာရည္အခ်ိဳ - လက္ဖက္ရည္ဇြန္း ၂ ဇြန္း

 ပဲငံျပာရည္ အငန္ - လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ

 ႏွမ္းဆီ - လက္ဖက္ရည္ဇြန္း ၂ ဇြန္း

 ႏွမ္းနက္ေစ့ - လက္ဖက္ရည္ဇြန္း ၂ ဇြန္း

 သီဟိုဠ္ေစ့ေလွာ္ - စားပြဲဇြန္း ၂ ဇြန္း 

 ငွက္ေပ်ာ႐ြက္ - ၂ လက္ 

 (အလည္ရိုးကိုဖယ္ၿပီး အ႐ြက္ႀကီးပဲ ေနပူလွန္းထားပါ)

 ႏွီးႀကိဳး - ၁ စည္း 


ျပဳလုပ္နည္း

...............

၁။ ဖန္ဇလုံအႀကီးထဲ ေကာက္ညင္းဆန္၊ အသား၊ ဆား၊ ပဲငံျပာရည္အခ်ိဳ၊ အငန္၊ ႏွမ္းဆီ၊ ႏွမ္း၊ သီဟိုဠ္ေစ့မ်ား အားလုံးထည့္ၿပီး ေရာသမပါ။ 


၂။ ငွက္ေပ်ာ႐ြက္မ်ားကို အေနေတာ္အပိုင္းေလးေတြျဖတ္ထားပါ။ ေနပူလွန္းတာၾကာလွ်င္ မီးအပူႏွင့္ အနည္းငယ္ႏြမ္းသြားေအာင္ လုပ္ေပးပါ။ 

ထုပ္ရတာ အဆင္ေျပပါတယ္။


၃။ ေဇာက္နက္အိုးႀကီးထဲ ေရတစ္ဝက္ေလာက္ထည့္ၿပီး ေရဆူေအာင္တည္ထားပါ။


၄။ ငွက္ေပ်ာ႐ြက္ကိုဖ်န့္ၿပီးမွ နယ္ႏွပ္ထားေသာ ေကာက္ညွင္းစားပြဲဇြန္းႏွစ္ဇြန္းကို ငွက္ေပ်ာ႐ြက္အလယ္မွာထည့္ပါ။ ၿပီးလွ်င္ ငွက္ေပ်ာ ႐ြက္ ဘယ္ဘက္အ႐ြက္ကို ေကာက္ညွင္းေပၚေခါက္တင္ပါ။ၿပီးလွ်င္ ညာဘက္မွ ငွက္ေပ်ာ႐ြက္ကိုေခါက္ပါ။ အရွည္လိုက္ကို ေအာက္ကေနၿပီး ေခါက္ၿပီးလွ်င္ အေပၚဘက္မွ က်န္အပိုင္းကို ေခါက္တင္ပါ။ တစ္ထုပ္ခ်င္းကို ဒီအတိုင္းဆက္လုပ္ပါ။ ေခါက္ထားေသာဘက္ကို အတြင္းမွာထားၿပီး ၂ ထုပ္ေပါင္း ႏွီးႀကိဳးေလးႏွင့္ တင္းေနေအာင္ခ်ီပါ။


၅။ အသင့္တည္ထားေသာ ေရႏြေးအိုးဆူလွ်င္ ေကာက္ညွင္းထုပ္မ်ားထည့္ၿပီး၊မိနစ္ ၅ဝ ေလာက္ထည့္ၿပီးျပဳတ္ပါ။ အဖုံးအုပ္ၿပီး တည္ပါ။ အေငြ႕တက္လာၿပီး ငွက္ေပ်ာ႐ြက္အေရာင္ေျပာင္းလာလွ်င္ရပါၿပီ။ ေကာက္ညွင္းထုပ္မ်ားကို ေရထဲမွဆယ္ၿပီး ႏွစ္ထပ္ေပါင္းအိုးထဲ ထည့္ၿပီး ၁၅ မိနစ္ေလာက္ထည့္ၿပီး ထပ္ေပါင္းပါ။ 

ေရစစ္ၿပီး ေကာက္ညွင္းစီးသြားေအာင္ပါ။ ပူပူႏြေးႏြေး အခ်ဥ္ရည္ေလးႏွင့္တြဲစားလွ်င္ လိုက္ဖက္ပါတယ္။ 


မွတ္ခ်က္- ႀကိဳက္ႏွစ္သက္ေသာအသားႏွင့္ အစားထိုးသုံးလို႔ရပါတယ္။

...................................................

Syi Lwin