ဆူးလေဘုရားသမိုင်း
>>>>>>>>>>>>>>>>>
#ဆူးလေစေတီ
#ဘုရားသမိုင်း
#စေတီပုထိုး
(ရန်ကုန်မြို့ကြီး နယ်နိမိတ်မကျယ်ပြန့်ခင်က ဆူးလေစေတီဟာ မြို့လယ်ခေါင်ကျခဲ့ပါသတဲ့။ မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံတွေ အနားမွာ ရှိနေပြီး အမြို့မြို့အနယ်နယ်ကိုသွားချင်လို့ ဘတ်စ်ကားစီးချင်ရင် အဓိကဆုံမှတ်က ဆူးလေဘုရား၀န်းကျင်ပဲဖြစ်ပါတယ်။ ဆူးလေစေတီတော်ကြီးရဲ့ သမိုင်းကို မသိသေးသူများ သိနိုင်အောင် ထပ်မံေ၀ငှပါရစေ။ ဖတ်ကြည့်ကြပါ။)
ဆူးလေစေတီတော်ကြီးကား ယခု ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်ရန် မည်သည့်နေရာဌာနတွင် တည်ထား ကိုးကွယ် သင့်ကြောင်း ဥက္ကလာပမင်းကြီးနှင့်တကွသော ဗိုလ်ပါအပေါင်း၊ ပြည်သူအပေါင်း၊ နတ်အပေါင်း စုဝေးသော နေရာဌာနကြီးဖြစ်သောကြောင့် စုဝေးစေတီ ဟု လွန်ခဲ့သော နှစ်ပေါင်း ၂,ဝဝဝ ကျော်က ခေါ်ဆိုခဲ့ကြသည် ဆို၏။
ထိုမွ ကျိုက်အသုက်၊ လေးဆူနတ် ကြီးများကို ဂုဏ်ပြု၍ လေးဆူစေတီ၊ စူဠ စေတီစသည်တို့ဖြင့်ခေတ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့လေသည်ဆို၏။လွန်ခဲ့သော နှစ် ၃ဝဝ ခန့်က ဒဂုံ (ဒဂုန်)မြို့မှ ရန်ကုန်မြို့ဟု အမည်ပြောင်းလဲခဲ့ပြီး အုပ္စိုးသူ မင်းဆက်များစွာ ပြောင်းလဲခဲ့သည့် အချိန်အထိ ဆူးလေစေတီသည်မြို့ပြင်ဘုရား။
ဘုရားပတ်ဝန်းကျင်တွင် ဘုန်းကြီးကျောင်းများ၊ ချောင်း၊ ကန်၊ အင်း၊ သင်္ချိုင်းများနှင့် ယာခင်းကျယ်ကြီးများ၊ ဥယျာဉ်ခြံမြေများဖြင့် ဝန်းရံနေခဲ့သည်။ ထို့ပြင် ဘုရားကို ရေများ ပတ်လည်ဝိုင်းလျက်ရှိခဲ့သည်ဟူ၏။ထိုမှနယ်ချဲ့အင်္ဂလိပ်တို့ ၁၈၅၂ ခုနှစ်၌ ကျွန်တော်တို့နိုင်ငံကို စစ်နိုင်ခဲ့၍ အုပ်စိုးခဲ့ချိန်တွင် ရန်ကုန်မြို့သစ်ကြီး စီမံကိန်းကို စတင်ခဲ့သည်ဆို၏။
ထိုစီမံကိန်းနှင့်အတူ ဆူးလေဘုရားသည် အဓိကအချက်အချာနေရာကြီးတစ်ခုဖြစ်လာခဲ့သည်။ ထို့နောက် ဗြိတိသျှအစိုးရ၏ မြန်မာတစ်နိုင်ငံလုံးကို သိမ်းယူခဲ့၍ ၁၈၈၆ ခုနှစ်၌ ကိုလိုနီနိုင်ငံအဖြစ် ကြေညာခြင်းခံခဲ့ရသည်။
ရန်ကုန်မြို့ကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်ဆို၏။ကိုလိုနီခေတ် ကော်မရှင်နာမင်းကြီး ဆာ အာသာဖယ်ယာသည် ရန်ကုန်မြို့ကြီးကို ခေတ်မီမြို့သစ်ကြီး တည်ဆောက်ရန် အမိန့်ခံယူခဲ့ပြီး စစ်အင်ဂျင်နီယာတပ်မှ လက်ဖတင်နင် ဖေရဇာကို တာဝန်ပေးခဲ့သည်ဆို၏။
မျိုးမတူ ဘာသာခြားတို့ခေတ်၊ အုပ်စိုးချိန် ဖြစ်သောကြောင့် ထိုကာလတွင် ဘုန်းကြီး ကျောင်းပေါင်း ၅ဝ ကျော်ကို ဖျက်၍ ယခုသရက်တောကျောင်းတိုက်နေရာသို့ ပို့ပစ်ခဲ့သည်။ ထို့ပြင် ဘုရားစေတီပုထိုးငယ်ပေါင်း ထောင်နှင့်ချီ၍ ဖျက်ဆီးပစ်ခဲ့သည်ဟူ၏။ သင်္ချိုင်းပေါင်းများစွာ ဖြိုဖျက်ပစ်၏။ ယခုသိမ်ကြီးဈေးနေရာတွင်ကား ကျိုက်မြတ်သံချို စေတီတော်ကြီးကိုပင် ဖျက်ပစ်ခဲ့ကြသည် ဆို၏။
(ထိုဘုရားကြီးမှာ ယခုနောင်တော် ကြီးစေတီထက်ပင် ဉာဏ်တော်မြင့်သည်။)ထိုကာလ၌ ဆူးလေစေတီတော်ကြီးကိုလည်း ဖြိုဖျက်ရန် ကြံစည်ခဲ့ချိန်တွင် ထိုစဉ် က ရန်ကုန်မြို့တော်၏ သမာဓိမြို့လူကြီးများကို စစ်ကဲမောင်ထော်လေးက ဦးဆောင်၍ ဗြိတိသျှနိုင်ငံ၊ လန်ဒန်မြို့ရှိ၊ ဝိတိုရိယဘုရင်မကြီးထံ တောင်းပန်လွှာပေးပို့ခဲ့သည်ဆို၏။
ထိုအခါမွ ထူပါစေတီကို မတူးဖြို မဖ်က္ဆီး ရ၊ ဆူးလေကုန်းတော်ကို ကွေ့ပတ်၍ သွားရမည်ဟူသော အမိန့်စာရောက်ရှိခဲ့၍ ဖ်က္ဆီး ခြင်းမခံရတော့ပေဟူ၏။ထိုမှ ဆူးလေဘုရားကို ဗဟိုပြု၍ ရန်ကုန် မြို့ကွက်သစ်ကြီးကို မြေဖို့၊ မြေညှိ၊ အကွက် ဖော်၍ ရပ်ကွက်များ၊ မြို့နယ်များ၊ ရုံးကြီးများနှင့် စတင်ခဲ့ရာ မ်ားစြာ စည်ကားခဲ့လေသည်။
ထို့ပြင် ဆူးလေစေတီတော်ကြီးကို ဗဟိုပြု၍ ရန်ကုန်မြို့တွင်း၊ မြို့ပြင်သာမက မြန်မာတစ်နိုင်ငံလုံးသို့လည်းရန်ကုန်မြို့နှင့် မိုင်မည်မျှ ကွာဝေးသည်ဆိုသော အတိုင်းအတာဆုံမှတ် အဓိကစေတီကြီးဖြစ်ခဲ့လေသည်။ ဒုတိယကမ်ဘာစစ်ကြီး ဖြစ်ခါနီး အချိန် များတွင် ဆူးလေစေတီတော်ကြီးနှင့် ဆူးလေ လမ်းမကြီးသည် အထူးစည်ကားခဲ့သည်။
#သမိုင်းကြောင်း
သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။
အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။
သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် ကျိုက်အသုတ် ဘုရားဟုတွေ့ရ၏။ ကျိုက် ဘုရား၊ အသုတ် အမတ်ကြီးဟု အဓိပ်ပါယျရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် ဆံတော်ဘုရား ဟု ခေါ်ဆိုနိုင်၏။
သို့နှယ်ပင် အချို့သမိုင်းပညာရှင်တို့က ဥက္ကလာပမင်းကြီး ရွှေတိဂုံဆံတော်ရှင်တည်ထားရာ သိင်္ဂုတ္တရ ကုန်းတော် အားရှာဖွေစဉ် စုဝေးတိုင်ပင်ရာဌာနဖြစ်သဖြင့် စုဝေးစေတီဘွဲ့မည် တွင်သည်ဟုလည်း ဆိုကြ၏။
ဤကဲ့သို့ပင် အချို့က ဘဒ္ဒကမ်ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်တို့အား မီလိုက်သည့် လေးဆူနတ်ကြီးတို့၏ စုဝေးနေရာ၌တည်ထားသောကြောင့် လေးဆူစေတီ ဟုခေါ်တွင် ကြသလို ကာလရွေ့လျားခဲ့ပြီး ပဋိလောမပြန်၍ ဆူးလေစေတီ ဟုခေါ်တွင်သည်ဆိုကြ၏။ မည်သို့ဖြစ်စေ ဆူးလေစေတီသည် ရွှေတိဂုံ စေတီတော် ကြီး၏ တောင်ဘက်အရှေ့သို့ စဉ်းငယ်ယွန်း သည့်တာ (၉၀၀) ခန့်အကွာ တောင်ကုန်းအမြင့် တွင်တည်သည်ကမူအမှန်ပင်။
ဆူးလေစေတီတော်၏ ပရိဝှုဏ် အကျယ်အ၀န်းမှာ (၂.၁၈၁)ဧကရှိပြီး အရှေ့နှင့် အနောက်အလျားပေ (၃၂၂)ပေ တောင်မြောက် အလျားပေ (၂၉၁)ပေ၊ ရင်ပြင်မှငှက်မြတ်နား စိန်ဖူးတော်အထိ ဉာဏ်တော်ပေ (၁၅၁)ပေအမြင့်ရှိသည်။
ဆူးလေစေတီတော်သည် ပန်းတင်ခုံဖိနပ်တော်မှစ၍ ငှက်ပျောဖူး အထိ ရှစ်မြှောင်ကိုယ်ထည်ရှိသည်။ အရပ်ရှစ်မျက်နှာ ပူဇော်ခံရာအဖြစ်ရည်မှန်းဟန်တူသည်ဟု ဖွင့်ဆိုကြ၏။ ပန်းတင်ခုံ၊ ဖိနပ္ခုံ၊ ရှစ်ထောင့်မှာ မဂ်္ဂင် တရား ရှစ်ပါးအားရည်မှန်းခြင်းဖြစ်၏။
ကြာ၀န်းသုံးရစ်ပါရှိရာ ရတနာသုံးပါးကို ညွှန်းသည်ဟု ဖွင့်ဆိုနိုင်၏။ ခေါင်းလောင်း သပိတ်မှောက်မှာ အရိယာတို့၏ ကျင့်စဉ်ဖြူစင်သည့် ဘ၀ကိုရည်မှန်းခြင်းဖြစ်၏။ ဖောင်းရစ်ကိုးရစ် ပါရှိနေခြင်းသည် လောကုတ္တရာကိုးပါးအား ရည်မှန်းခြင်းဖြစ်၏။
ကြာမှောက်ကြာလှန်၊ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော် တို့မှ ဗုဒ္ဓဓမ္မစက်တော်သန့်စင်မွန်မြတ်ခြင်းဟု လောကုတ္တရာ တရားအလုံးစုံအား လောကီအမြင်နှင့် စပ်ဟပ် ပေါင်းစပ်ပြီး ရှေးခေတ်ဗိသုကာပညာရှင်များ တင်စားခဲ့သည်ဟု ဆိုရမည်ဖြစ်၏။
#သိဖွယ်မှတ်ဖွယ်များ
ဆူးလေစေတီတော်သည် အလောင်းမင်းတရားကြီး ရာမညတိုင်းအား သိမ်းပိုက်စဉ် ဒဂုံမြို့သို့ ၀ငျရောကျနားတောျ မူသည့်အခါ ဒဂုံမြို့သည် ယာတောမြေအဖြစ်ရောက်နေပြီဆိုရမည်။ အလောင်းမင်းတရားကြီးသည် ၁၇၅၅-ခုနှစ်၌ ရွှေတိဂုံစေတီတော်အား ဖူးမြင်ပြီး ရန်အပေါင်း ကုန်သော နိမိတ်အဖြစ် ဒဂုံမြို့အား ရန်ကုန်မြို့ဟု ဘွဲ့မည်တပ်ပြီး မြို့သစ် တည်ခဲ့၏။
အလောင်းမင်းတရားတည်သည့် ရန်ကုန်မြို့သည် အကျယ် အ၀န်းအားဖြင့် (၁၁၁၉)တာခန့် ကျယ်၀န်း၏။ ရန်ကုန်မြို့အား သစ်တပ်မြို့အဖြစ် ကျုံး၊ မြောင်၊ တံခါး၊ ပြအိုး စေသာ မြို့အင်္ဂါနှင့် တည်ခဲ့သည်။ နယ်နိမိတ်အကျယ်အ၀န်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်း၀န်းကျင်၊ (ဂျူဒါအီစကယ်လမ်း) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀နျးကငြျဖွဈ၏။
ထိုစဉ်က ဆူးလေစေတီတော်သည် သစ်တပ်မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ရှိသည်။ ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ အလောင်းဘုရားမြို့တည်စက လူဦးရေ တစ်သောင်းခန့်သာရှိသော်လည်း ပင်လယ်ဆိပ်ကမ်းမြို့ဖြစ် ခဲ့သည်အလျှောက် လူဦးရေတိုးတက်လာသည့် အလျှောက် ကူးသန်းရောင်း၀ယ်ရေး လုပ်ငန်းများကြီးထွားလာပြီး အချက်အခြာဒေသဖြစ်လာခဲ့၏။
မြန်မာသက္ကရာဇ် (၁၂၀၃)ခုနှစ်၊ ရွှေဘိုမင်း(ခ) ဟံသာ၀တီမင်း(ခ) ကုန်းဘောင်မင်း၊ အမရပူရမြို့တော်မှ ဒဂုံ(ရန်ကုန်)သို့ ကြည်းကြောင်းရေကြောင်းနှင့် မဟာဗျူဟာ နည်းဗျူဟာ အပြည့်နှင့် ကြွချီခဲ့၏။ ထိုစဉ်က ရွှေဘို(ခေါ်) သာယာ၀တီမင်းနှင့် အလောင်းဘုရားတည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ် ကမ္ဗည်းတင်ခဲ့သည်။
ထိုအခါ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏ ဆူးလေစေတီ၏ ၀နျးကငြျတှငျ ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေ၏။ ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်၀န်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီး၀န်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းရှိသဖြင့် ရေပြင်ကျယ်နှင့် ကြည်နူးဖွယ် အေးချမ်းနေသည်ဟုဆို၏။
ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် ရေလယ်ကျွန်း ဖြစ်နေသည်။ ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရွိ၏။
ရေလယ်ကျောင်းများ ယခင်က ဆူးလေလမ်းကိုလျှောတန်းလမ်းဟု ခေါ်ခဲ့ပြီးနောင်တွင် ဆူးလေဘုရားလမ်းဟု တွင်ခဲ့၏။ ကျောက်တံတားလမ်း ဟု ခေါ်လည်းရှိ၏။ ထိုစဉ်က ဆူးလေစေတီတော်၏ အနောက်တောင်ဘက် မနီးမဝေးတွင် ကျိုက်မဲ သံကေရာ(ခေါ်) ကျိုက်မြတ်သံချို စေတီနှင့် ရဟန္တာသိမ်တော်ကြီးလည်းရှိသဖြင့် ဘုရားဖူးမ်ား စည်ကား နေသည်ဟုဆို၏။
အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး၌ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့အား အစိုးရရုံးစိုက်ရာဟု သတ်မှတ်ခဲ့၏။ ထို့အတူ ကော်မရှင်နာမင်းကြီး ဆာအာသာဖယ်ရာကာမြို့သစ်တည်ရန် အမိန့်နှင့် အတူတောင်ကုန်းဖြိုခြင်း၊ အနိမ့်ပိုင်းမြေဖို့ခြင်း၊ လမ်းဖောက်ခြင်းများပြုခဲ့သလို စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများအား ဖြိုဖျက်ခဲ့သည်။
မြို့ကွက်နှင့် မလွတ်ဟု အကြောင်း ပြကာ ဆူးလေ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်နယ်ချဲ့တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် တဆင့်လှမ်းတက်ခါ ဆူးလေစေတီကြီးအား ဖြိုဖျက်ရန် ကြိုးပန်းကြ၏။ အာဏာပိုင်တို့အား ဆူးလေစေတီသည် လမ်းဆုံလမ်းခွတွင်ရှိသည့် စေတီဖြစ်သဖြင့် ဖြိုဖျက်သင့်သည်ဟု တင်ပြကြ၏။
သို့သော် အင်္ဂလန်တွင်ရှိသည့် ဝိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖ်က္ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့သည် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြု၍ ဆူးလေစေတီတော် ၀တျ်တကမွဖွေဈသည့ျ ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏။ မြေညှိပြီး ၀တ်တကမွကေို မြို့သစ်အတွင်းထည့်ခဲ့၏။
ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္႑ာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပ်က္စီးခဲ့ရ၏။ နယ်ချဲ့အာဏာပိုင်များ၏ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမှု ကြောင့် ဗန္ဓုလပန်းခြံ(ယခင်ဖိုက်စကွဲယားပန်းခြံ) ဗလီကြီး၊ မြို့တော်ခန်းမ စသည့်အဆောက်အဦးများ ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။
#ဆူးလေဘိုးဘိုးကြီး သမိုင်း
ဤဘဒ္ဒကမ်ဘာတွင် ပွင့်ခဲ့သည့် မြတ်စွာဘုရားရှင် လေးဆူအားမှီလိုက်သည့် သက်တော်ရှည် လေးဆူနတ်ကြီး ဟု သမိုင်းစဉ်များတွင် တွေ့ရသည်။ လေးဆူနတ်ကြီးသည် ရွှေတိဂုံစေတီတော်အား တည်ထားကိုးကွယ်ရန် နေရာဖြစ်သည့် သိင်္ဂုတ္တရကုန်းမြေအား ညွှန်ပြပေးခဲ့သည့် ဘိုးဘိုးကြီးများအနက် တစ်ပါးဖြစ်၏။
ယခင်က လေးဆူနတ်ကြီး ဟုလူသိများခဲ့ပြီး ထိုနေရာတစ်ဝိုက်တွင် နေထိုင်သူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံခဲ့ရသည်။ ယုံကြည်မှုလွန်ကဲသည့် မြန်မာလူမျိုးများသည် ယုံကြည်မှုနှင့်အတူ အားကိုးအားထား ပြုခဲ့သည်လည်း ရှိသည်။
လုပ်ငန်းဆောင်တာ လုပ်ကိုင်ရာတွင်ဖြစ်စေ၊ အခက်အခဲ ကြုံခဲ့သည့်အခါတွင်ဖြစ်စေ၊ လေးဆူနတ်ကြီးအား ပသပူဇော် အဓိဋ္ဌာန် ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်နှင့်အညီ အောင်မြင်မှုများစွာ ရခဲ့သည့် သာဓကများရှိခဲ့သည် ဟု ဆို၏။
ထို့ကြောင့် လူအများသည် ဤလေးဆူနတ်ကြီးအား ထိုနေရာတွင် နတ်နန်းပြုလုပ်၍ ပူဇော်ခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ရှေးသူဟောင်းတို့ စကားလည်းရှိ၏။ အချို့၏စကားအရ လေးဆူနတ်ကြီးသည် ရန်ကုန်မြို့လယ် အား ပိုင်သူဟု ဆို၏။ အဓိဋ္ဌာန်နှင့် လုပ်ငန်းလုပ်၍ အောင်မြင်လျှင် တတ်နိုင်လျှင် တတ်နိုင်သလောက် ၀တျလဲတောျ ပုဆိုး၊ အင်္ကျီပုဝါမှ အစ ငွေအသပြာတတ်နိုင်သ၍ ပူဇော်ကြသည်။
လေးဆူနတ်ကြီးသည် နတ်သက်ရှည်သူဖြစ်ပြီး ကောင်းမှု ကောင်းကျိုးပြုသူဟုလည်း ဆို၏။ လူအများသည် လေးဆူနတ်ကြီးသည် လူအမ်ား၏ အပူဇော်ခံ ဘ၀သို့ ရောက်ခဲ့ပြီး လေးဆူနတ်ကြီး နေထိုင်သည့်နယ်တွင် စေတီဘုရား တည်ထား ကိုးကွယ်သည့်အခါ ထိုစေတီဘုရား၌ လေးဆူနတ်ကြီးအား သီးခြား နန်းပြုလုပ်၍ ပူဇော်ကြ၏။
လေးဆူနတ်ကြီး အား ဆူးလေစေတီတော် အတွင်း၌ သီးခြားနန်းတည် ကိုးကွယ်၍ ကာလရှည်ကြာ ကိုးကွယ်မှုကြာလာသည့်အခါ လူအများ၏စိတ်ထဲ၌ လေးဆူနတ်ကြီးအား ဆူးလေ စေတီတော်အား အစွဲပြု၍ ဆူးလေဘိုးဘိုး ကြီး ဟု ခေါ်တွင်လာခဲ့ကြသည်။ စင်စစ် လေးဆူနတ်ကြီးသည် လေးဆူနတ်ဟုခေါ်ခဲ့သော်လည်း သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ်ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်ဖြစ်သည်။
ရှေးသူဟောင်း အချို့က သူတော်စင်နတ်ဟုခေါ်၏။ မကောင်းသူပယ်၊ ကောင်းသူကယ်၏။ သာသနာအတွက် ဘ၀နာတရားကိုးစားသူဟုဆို၏။ ကောင်းမှုကောင်းကျိုးပြုသူများ၊ ဘာသာ သာသနာအကျိုးပြုသူများအား ဆောင်မမည်ဟု ဆို၏။ ဆူးလေဘိုးဘိုးကြီး ၏ နန်းထိမ်းတစ်ဦးက ဆူးလေဘိုးဘိုးကြီးအား သက်တော်ရှည် သူတော်စင် နတ်မင်းကြီးတစ်ပါးပဲ၊ ဆူးလေ ဘိုးဘိုးကြီးဟာ ရန်ကုန်မြို့လယ်ကို ပိုင်စိုးထိမ်းသမ်းထားသူ လည်းဖြစ်တယ်။
မြို့လည်တစ်ဝိုက်မှာ လုပ်ငန်းလုပ်သူတွေ၊ အားကိုးအားထားပြု တိုင်တည်အလုပ်လုပ်ရင်း အများကြီး အောင်မြင် ထမြောက်နိုင်တယ် ဟုဆို၏။ ထို့အတူ နန်းထိမ်းဟောင်း ကြီးက ဆူးလေဘိုးဘိုးကြီးဟာ ဘာသာသာသနာအတွက် စောင့်ထိန်းသူဖြစ်လို့ ဘာသာသာသနာ အကျိုးပြုသူတွေကို ပိုပြီး စောင်မကြည့်ရှုတယ်။ ဆူးလေဘိုးဘိုးကြီးကို တိုင်တည်အလုပ် လုပ်သူဟာ ကံငါးပါးလုံခြုံရမယ် ဟုဆို၏။
#CRDUHla Than Aung
#နော်ဂဲလယ်ထူး(စာပေပရဟိတ)
ဆူးေလဘုရားသမိုင္း
>>>>>>>>>>>>>>>>>
#ဆူးေလေစတီ
#ဘုရားသမိုင္း
#ေစတီပုထိုး
(ရန္ကုန္ျမိဳ႕ၾကီး နယ္နိမိတ္မက်ယ္ျပန္႔ခင္က ဆူးေလေစတီဟာ ျမိဳ႕လယ္ေခါင္က်ခဲ့ပါသတဲ့။ ျမိဳ႕ေတာ္ခန္းမ၊ မဟာဗႏၶဳလပန္းျခံေတြ အနားမွာ ရွိေနျပီး အျမိဳ႕ျမိဳ႕အနယ္နယ္ကိုသြားခ်င္လို႔ ဘတ္စ္ကားစီးခ်င္ရင္ အဓိကဆံုမွတ္က ဆူးေလဘုရား၀န္းက်င္ပဲျဖစ္ပါတယ္။ ဆူးေလေစတီေတာ္ၾကီးရဲ႕ သမိုင္းကို မသိေသးသူမ်ား သိႏိုင္ေအာင္ ထပ္မံေ၀ငွပါရေစ။ ဖတ္ၾကည့္ၾကပါ။)
ဆူးေလေစတီေတာ္ႀကီးကား ယခု ေ႐ႊတိဂုံေစတီေတာ္ႀကီး တည္ထားကိုးကြယ္ရန္ မည္သည့္ေနရာဌာနတြင္ တည္ထား ကိုးကြယ္ သင့္ေၾကာင္း ဥကၠလာပမင္းႀကီးႏွင့္တကြေသာ ဗိုလ္ပါအေပါင္း၊ ျပည္သူအေပါင္း၊ နတ္အေပါင္း စုေဝးေသာ ေနရာဌာနႀကီးျဖစ္ေသာေၾကာင့္ စုေဝးေစတီ ဟု လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂,ဝဝဝ ေက်ာ္က ေခၚဆိုခဲ့ၾကသည္ ဆို၏။
ထိုမွ က်ိဳက္အသုက္၊ ေလးဆူနတ္ ႀကီးမ်ားကို ဂုဏ္ျပဳ၍ ေလးဆူေစတီ၊ စူဠ ေစတီစသည္တို႔ျဖင့္ေခတ္ေပါင္းမ်ားစြာ ေက်ာ္ျဖတ္ခဲ့ေလသည္ဆို၏။လြန္ခဲ့ေသာ ႏွစ္ ၃ဝဝ ခန့္က ဒဂုံ (ဒဂုန္)ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕ဟု အမည္ေျပာင္းလဲခဲ့ၿပီး အုပ္စိုးသူ မင္းဆက္မ်ားစြာ ေျပာင္းလဲခဲ့သည့္ အခ်ိန္အထိ ဆူးေလေစတီသည္ၿမိဳ႕ျပင္ဘုရား။
ဘုရားပတ္ဝန္းက်င္တြင္ ဘုန္းႀကီးေက်ာင္းမ်ား၊ ေခ်ာင္း၊ ကန္၊ အင္း၊ သခၤ်ိဳင္းမ်ားႏွင့္ ယာခင္းက်ယ္ႀကီးမ်ား၊ ဥယ်ာဥ္ၿခံေျမမ်ားျဖင့္ ဝန္းရံေနခဲ့သည္။ ထို႔ျပင္ ဘုရားကို ေရမ်ား ပတ္လည္ဝိုင္းလ်က္ရွိခဲ့သည္ဟူ၏။ထိုမွနယ္ခ်ဲ့အဂၤလိပ္တို႔ ၁၈၅၂ ခုႏွစ္၌ ကြၽန္ေတာ္တို႔နိုင္ငံကို စစ္နိုင္ခဲ့၍ အုပ္စိုးခဲ့ခ်ိန္တြင္ ရန္ကုန္ၿမိဳ႕သစ္ႀကီး စီမံကိန္းကို စတင္ခဲ့သည္ဆို၏။
ထိုစီမံကိန္းႏွင့္အတူ ဆူးေလဘုရားသည္ အဓိကအခ်က္အခ်ာေနရာႀကီးတစ္ခုျဖစ္လာခဲ့သည္။ ထို႔ေနာက္ ၿဗိတိသွ်အစိုးရ၏ ျမန္မာတစ္နိုင္ငံလုံးကို သိမ္းယူခဲ့၍ ၁၈၈၆ ခုႏွစ္၌ ကိုလိုနီနိုင္ငံအျဖစ္ ေၾကညာျခင္းခံခဲ့ရသည္။
ရန္ကုန္ၿမိဳ႕ကိုလည္း ျမန္မာနိုင္ငံ၏ ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခဲ့သည္ဆို၏။ကိုလိုနီေခတ္ ေကာ္မရွင္နာမင္းႀကီး ဆာ အာသာဖယ္ယာသည္ ရန္ကုန္ၿမိဳ႕ႀကီးကို ေခတ္မီၿမိဳ႕သစ္ႀကီး တည္ေဆာက္ရန္ အမိန့္ခံယူခဲ့ၿပီး စစ္အင္ဂ်င္နီယာတပ္မွ လက္ဖတင္နင္ ဖေရဇာကို တာဝန္ေပးခဲ့သည္ဆို၏။
မ်ိဳးမတူ ဘာသာျခားတို႔ေခတ္၊ အုပ္စိုးခ်ိန္ ျဖစ္ေသာေၾကာင့္ ထိုကာလတြင္ ဘုန္းႀကီး ေက်ာင္းေပါင္း ၅ဝ ေက်ာ္ကို ဖ်က္၍ ယခုသရက္ေတာေက်ာင္းတိုက္ေနရာသို႔ ပို႔ပစ္ခဲ့သည္။ ထို႔ျပင္ ဘုရားေစတီပုထိုးငယ္ေပါင္း ေထာင္ႏွင့္ခ်ီ၍ ဖ်က္ဆီးပစ္ခဲ့သည္ဟူ၏။ သခၤ်ိဳင္းေပါင္းမ်ားစြာ ၿဖိဳဖ်က္ပစ္၏။ ယခုသိမ္ႀကီးေစ်းေနရာတြင္ကား က်ိဳက္ျမတ္သံခ်ိဳ ေစတီေတာ္ႀကီးကိုပင္ ဖ်က္ပစ္ခဲ့ၾကသည္ ဆို၏။
(ထိုဘုရားႀကီးမွာ ယခုေနာင္ေတာ္ ႀကီးေစတီထက္ပင္ ဥာဏ္ေတာ္ျမင့္သည္။)ထိုကာလ၌ ဆူးေလေစတီေတာ္ႀကီးကိုလည္း ၿဖိဳဖ်က္ရန္ ႀကံစည္ခဲ့ခ်ိန္တြင္ ထိုစဥ္ က ရန္ကုန္ၿမိဳ႕ေတာ္၏ သမာဓိၿမိဳ႕လူႀကီးမ်ားကို စစ္ကဲေမာင္ေထာ္ေလးက ဦးေဆာင္၍ ၿဗိတိသွ်နိုင္ငံ၊ လန္ဒန္ၿမိဳ႕ရွိ၊ ဝိတိုရိယဘုရင္မႀကီးထံ ေတာင္းပန္လႊာေပးပို႔ခဲ့သည္ဆို၏။
ထိုအခါမွ ထူပါေစတီကို မတူးၿဖိဳ မဖ်က္ဆီး ရ၊ ဆူးေလကုန္းေတာ္ကို ေကြ႕ပတ္၍ သြားရမည္ဟူေသာ အမိန့္စာေရာက္ရွိခဲ့၍ ဖ်က္ဆီး ျခင္းမခံရေတာ့ေပဟူ၏။ထိုမွ ဆူးေလဘုရားကို ဗဟိုျပဳ၍ ရန္ကုန္ ၿမိဳ႕ကြက္သစ္ႀကီးကို ေျမဖို႔၊ ေျမညွိ၊ အကြက္ ေဖာ္၍ ရပ္ကြက္မ်ား၊ ၿမိဳ႕နယ္မ်ား၊ ႐ုံးႀကီးမ်ားႏွင့္ စတင္ခဲ့ရာ မ်ားစြာ စည္ကားခဲ့ေလသည္။
ထို႔ျပင္ ဆူးေလေစတီေတာ္ႀကီးကို ဗဟိုျပဳ၍ ရန္ကုန္ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္သာမက ျမန္မာတစ္နိုင္ငံလုံးသို႔လည္းရန္ကုန္ၿမိဳ႕ႏွင့္ မိုင္မည္မွ် ကြာေဝးသည္ဆိုေသာ အတိုင္းအတာဆုံမွတ္ အဓိကေစတီႀကီးျဖစ္ခဲ့ေလသည္။ ဒုတိယကမၻာစစ္ႀကီး ျဖစ္ခါနီး အခ်ိန္ မ်ားတြင္ ဆူးေလေစတီေတာ္ႀကီးႏွင့္ ဆူးေလ လမ္းမႀကီးသည္ အထူးစည္ကားခဲ့သည္။
#သမိုင္းေၾကာင္း
သီဟဒီပမင္းႀကီးသည္ ရဟႏၱာအရွင္သူျမတ္တို႔၏ သာသနာျပဳ ရည္မွန္းခ်က္အတိုင္း သာသနာေတာ္ ထြန္းကားျပန့္ပြားေရးအတြက္ အမတ္သူရဲေကာင္းမ်ားအား လမ္းၫႊန္ခ်က္ေပး၍ သာသနာခရီးကို စီစဥ္ေပးခဲ့သည္။
အမတ္သူရဲေကာင္းတို႔သည္လည္း ဘုရင္ၫႊန္ၾကားခ်က္အတိုင္း ဗုဒၶျမတ္စြာ၏ ဓာတ္ေတာ္၊ ဆံေတာ္မ်ားအား ပင့္ေဆာင္၍ ေ႐ႊတိဂုံ ေစတီေတာ္ ႀကီးတည္ရာ သိဂၤုတၱရ ကုန္းေတာ္ပတ္လည္တြင္ ေစတီေတာ္မ်ား တည္ထားကိုးကြယ္ရန္ ႀကိဳးစားစြမ္းေဆာင္မႈမ်ား ျပဳခဲ့ၾကသည္။
သမိုင္း အေထာက္အထားမ်ားအရ ဆူးေလေစတီ ေတာ္အား အသုတ္အမတ္ ႀကီး တည္ထားသည္ဟုသိရ၏။ သူရဲေကာင္း အသုတ္အမတ္ႀကီး တည္ထားသျဖင့္ သမိုင္းအခ်ိဳ႕တြင္ က်ိဳက္အသုတ္ ဘုရားဟုေတြ႕ရ၏။ က်ိဳက္ ဘုရား၊ အသုတ္ အမတ္ႀကီးဟု အဓိပ္ပါယ်ရ၏။ အသုတ္အမတ္ႀကီး ဘုရား ဟုဖြင့္ဆိုရမည္ျဖစ္၏။ သို႔ႏွယ္ပင္ အခ်ိဳ႕ပညာရွင္တို႔က အသုတ္ဟူသည္မွာ ဆံေတာ္ဟု ဖြင့္ဆိုၾကသျဖင့္ ဆံေတာ္ဘုရား ဟု ေခၚဆိုနိုင္၏။
သို႔ႏွယ္ပင္ အခ်ိဳ႕သမိုင္းပညာရွင္တို႔က ဥကၠလာပမင္းႀကီး ေ႐ႊတိဂုံဆံေတာ္ရွင္တည္ထားရာ သိဂၤုတၱရ ကုန္းေတာ္ အားရွာေဖြစဥ္ စုေဝးတိုင္ပင္ရာဌာနျဖစ္သျဖင့္ စုေဝးေစတီဘြဲ႕မည္ တြင္သည္ဟုလည္း ဆိုၾက၏။
ဤကဲ့သို႔ပင္ အခ်ိဳ႕က ဘဒၵကမၻာ၌ ပြင့္ေတာ္မူမည့္ ဘုရားရွင္တို႔အား မီလိုက္သည့္ ေလးဆူနတ္ႀကီးတို႔၏ စုေဝးေနရာ၌တည္ထားေသာေၾကာင့္ ေလးဆူေစတီ ဟုေခၚတြင္ ၾကသလို ကာလေ႐ြ႕လ်ားခဲ့ၿပီး ပဋိေလာမျပန္၍ ဆူးေလေစတီ ဟုေခၚတြင္သည္ဆိုၾက၏။ မည္သို႔ျဖစ္ေစ ဆူးေလေစတီသည္ ေ႐ႊတိဂုံ ေစတီေတာ္ ႀကီး၏ ေတာင္ဘက္အေရွ႕သို႔ စဥ္းငယ္ယြန္း သည့္တာ (၉၀၀) ခန့္အကြာ ေတာင္ကုန္းအျမင့္ တြင္တည္သည္ကမူအမွန္ပင္။
ဆူးေလေစတီေတာ္၏ ပရိဝႈဏ္ အက်ယ္အ၀န္းမွာ (၂.၁၈၁)ဧကရွိၿပီး အေရွ႕ႏွင့္ အေနာက္အလ်ားေပ (၃၂၂)ေပ ေတာင္ေျမာက္ အလ်ားေပ (၂၉၁)ေပ၊ ရင္ျပင္မွငွက္ျမတ္နား စိန္ဖူးေတာ္အထိ ဉာဏ္ေတာ္ေပ (၁၅၁)ေပအျမင့္ရွိသည္။
ဆူးေလေစတီေတာ္သည္ ပန္းတင္ခုံဖိနပ္ေတာ္မွစ၍ ငွက္ေပ်ာဖူး အထိ ရွစ္ျမႇောင္ကိုယ္ထည္ရွိသည္။ အရပ္ရွစ္မ်က္ႏွာ ပူေဇာ္ခံရာအျဖစ္ရည္မွန္းဟန္တူသည္ဟု ဖြင့္ဆိုၾက၏။ ပန္းတင္ခုံ၊ ဖိနပ္ခုံ၊ ရွစ္ေထာင့္မွာ မဂ္ၢင္ တရား ရွစ္ပါးအားရည္မွန္းျခင္းျဖစ္၏။
ၾကာ၀န္းသုံးရစ္ပါရွိရာ ရတနာသုံးပါးကို ၫႊန္းသည္ဟု ဖြင့္ဆိုနိုင္၏။ ေခါင္းေလာင္း သပိတ္ေမွာက္မွာ အရိယာတို႔၏ က်င့္စဥ္ျဖဴစင္သည့္ ဘ၀ကိုရည္မွန္းျခင္းျဖစ္၏။ ေဖာင္းရစ္ကိုးရစ္ ပါရွိေနျခင္းသည္ ေလာကုတၱရာကိုးပါးအား ရည္မွန္းျခင္းျဖစ္၏။
ၾကာေမွာက္ၾကာလွန္၊ ငွက္ေပ်ာဖူးေတာ္၊ ငွက္ျမတ္နားေတာ္ တို႔မွ ဗုဒၶဓမၼစက္ေတာ္သန့္စင္မြန္ျမတ္ျခင္းဟု ေလာကုတၱရာ တရားအလုံးစုံအား ေလာကီအျမင္ႏွင့္ စပ္ဟပ္ ေပါင္းစပ္ၿပီး ေရွးေခတ္ဗိသုကာပညာရွင္မ်ား တင္စားခဲ့သည္ဟု ဆိုရမည္ျဖစ္၏။
#သိဖြယ္မွတ္ဖြယ္မ်ား
ဆူးေလေစတီေတာ္သည္ အေလာင္းမင္းတရားႀကီး ရာမညတိုင္းအား သိမ္းပိုက္စဥ္ ဒဂုံၿမိဳ႕သို႔ ၀င်ရောက်နားတော် မူသည့္အခါ ဒဂုံၿမိဳ႕သည္ ယာေတာေျမအျဖစ္ေရာက္ေနၿပီဆိုရမည္။ အေလာင္းမင္းတရားႀကီးသည္ ၁၇၅၅-ခုႏွစ္၌ ေ႐ႊတိဂုံေစတီေတာ္အား ဖူးျမင္ၿပီး ရန္အေပါင္း ကုန္ေသာ နိမိတ္အျဖစ္ ဒဂုံၿမိဳ႕အား ရန္ကုန္ၿမိဳ႕ဟု ဘြဲ႕မည္တပ္ၿပီး ၿမိဳ႕သစ္ တည္ခဲ့၏။
အေလာင္းမင္းတရားတည္သည့္ ရန္ကုန္ၿမိဳ႕သည္ အက်ယ္ အ၀န္းအားျဖင့္ (၁၁၁၉)တာခန့္ က်ယ္၀န္း၏။ ရန္ကုန္ၿမိဳ႕အား သစ္တပ္ၿမိဳ႕အျဖစ္ က်ဳံး၊ ေျမာင္၊ တံခါး၊ ျပအိုး စေသာ ၿမိဳ႕အဂၤါႏွင့္ တည္ခဲ့သည္။ နယ္နိမိတ္အက်ယ္အ၀န္းမွာ ေျမာက္ ဘက္တြင္ ဆူးေလဘုရား ေတာင္ဘက္တြင္ ရန္ကုန္ျမစ္၊ အေရွ႕ဘက္၌ ကုန္သည္လမ္း၀န္းက်င္၊ (ဂ်ဴဒါအီစကယ္လမ္း) အေနာက္ဘက္တြင္ လမ္း(၃၀)သို႔မဟုတ္ စစ္ကဲေမာင္ေထာ္ေလးလမ္း ၀န်းကျင်ဖြစ်၏။
ထိုစဥ္က ဆူးေလေစတီေတာ္သည္ သစ္တပ္ၿမိဳ႕ရိုး အျပင္တြင္ ရွိၿပီးေရပတ္လည္ဝိုင္းရံလွ်က္ ရွိသည္။ ကုန္းျမင့္ေပၚမွ ေစတီတစ္ဆူအျဖစ္ရွိေန၏။ အေလာင္းဘုရားၿမိဳ႕တည္စက လူဦးေရ တစ္ေသာင္းခန့္သာရွိေသာ္လည္း ပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ ခဲ့သည္အေလွ်ာက္ လူဦးေရတိုးတက္လာသည့္ အေလွ်ာက္ ကူးသန္းေရာင္း၀ယ္ေရး လုပ္ငန္းမ်ားႀကီးထြားလာၿပီး အခ်က္အျခာေဒသျဖစ္လာခဲ့၏။
ျမန္မာသကၠရာဇ္ (၁၂၀၃)ခုႏွစ္၊ ေ႐ႊဘိုမင္း(ခ) ဟံသာ၀တီမင္း(ခ) ကုန္းေဘာင္မင္း၊ အမရပူရၿမိဳ႕ေတာ္မွ ဒဂုံ(ရန္ကုန္)သို႔ ၾကည္းေၾကာင္းေရေၾကာင္းႏွင့္ မဟာဗ်ဴဟာ နည္းဗ်ဴဟာ အျပည့္ႏွင့္ ႂကြခ်ီခဲ့၏။ ထိုစဥ္က ေ႐ႊဘို(ေခၚ) သာယာ၀တီမင္းႏွင့္ အေလာင္းဘုရားတည္ထားခဲ့သည့္ ရန္ကုန္ၿမိဳ႕အား တိုးခ်ဲ့လွ်က္ ေအာင္ေျမရန္ႏွင္းၿမိဳ႕သစ္ အျဖစ္ ကမၺည္းတင္ခဲ့သည္။
ထိုအခါ ဆူးေလေစတီသည္ ၿမိဳ႕သစ္နယ္နိမိတ္အတြင္းသို႔ ေရာက္ခဲ့၏ ဆူးေလေစတီ၏ ၀န်းကျင်တွင် ႐ြံ႕ဗြက္၊ ေရအိုင္ ႏွင့္ေတာခ်ဳံမ်ား ထူထပ္စြာေပါက္ေရာက္ေန၏။ ဒီေရအတက္အက် ျဖစ္ေပၚ၍ ေစတီေတာ္၀န္းက်င္ကို ဒီေရလႊမ္းမိုးမႈ ရွိခဲ့သည္။ ေစတီအနီး၀န္းက်င္ရွိ ဗြက္ေတာမ်ား အလယ္၌ပင္ ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ားတည္ရွိခဲ့သည္ဟုဆို၏။ သစ္ပင္မ်ား အုပ္အုပ္ဆိုင္းဆိုင္းရွိသျဖင့္ ေရျပင္က်ယ္ႏွင့္ ၾကည္ႏူးဖြယ္ ေအးခ်မ္းေနသည္ဟုဆို၏။
ဆူးေလေစတီ၏ အေနာက္ဘက္ေစာင္းတန္းသည္ ယခုတည္ရွိသည့္ ဆက္သြယ္ေရး႐ုံးအထိရွိသည္ဟု ဆို၏။ ျမန္မာ သကၠရာဇ္ (၁၂၁၄)ခုႏွစ္ အဂၤလိပ္ျမန္မာ ပထမစစ္ပြဲၿပီးခ်ိန္အထိ ဗႏၶဳလပန္းၿခံ၏ ေတာင္ဘက္ကြၽန္းေနရာမ်ားသည္ ေရလယ္ကြၽန္း ျဖစ္ေနသည္။ ဆူးေလဘုရားသို႔ကူးရန္ ေက်ာက္တံတား တစ္ခုတည္ေဆာက္ထားသည္ဟု အဆိုရွိ၏။
ေရလယ္ေက်ာင္းမ်ား ယခင္က ဆူးေလလမ္းကိုေလွ်ာတန္းလမ္းဟု ေခၚခဲ့ၿပီးေနာင္တြင္ ဆူးေလဘုရားလမ္းဟု တြင္ခဲ့၏။ ေက်ာက္တံတားလမ္း ဟု ေခၚလည္းရွိ၏။ ထိုစဥ္က ဆူးေလေစတီေတာ္၏ အေနာက္ေတာင္ဘက္ မနီးမေဝးတြင္ က်ိဳက္မဲ သံကေရာ(ေခၚ) က်ိဳက္ျမတ္သံခ်ိဳ ေစတီႏွင့္ ရဟႏၱာသိမ္ေတာ္ႀကီးလည္းရွိသျဖင့္ ဘုရားဖူးမ်ား စည္ကား ေနသည္ဟုဆို၏။
အဂၤလိပ္ျမန္မာဒုတိယစစ္ပြဲအၿပီး၌ အဂၤလိပ္တို႔သည္ ရန္ကုန္ၿမိဳ႕အား အစိုးရ႐ုံးစိုက္ရာဟု သတ္မွတ္ခဲ့၏။ ထို႔အတူ ေကာ္မရွင္နာမင္းႀကီး ဆာအာသာဖယ္ရာကာၿမိဳ႕သစ္တည္ရန္ အမိန့္ႏွင့္ အတူေတာင္ကုန္းၿဖိဳျခင္း၊ အနိမ့္ပိုင္းေျမဖို႔ျခင္း၊ လမ္းေဖာက္ျခင္းမ်ားျပဳခဲ့သလို ေစတီပုထိုးမ်ား၊ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားအား ၿဖိဳဖ်က္ခဲ့သည္။
ၿမိဳ႕ကြက္ႏွင့္ မလြတ္ဟု အေၾကာင္း ျပကာ ဆူးေလ၀န္းက်င္ရွိ ဘုန္းေတာ္ႀကီးေက်ာင္း(၅၀)အား သရက္ဥယ်ာဥ္တည္ရွိရာသို႔ ဖယ္ရွားေျပာင္းေ႐ႊ႕ခဲ့၏။ အဂၤလိပ္နယ္ခ်ဲ့တို႔သည္ က်ိဳက္ျမတ္သံခ်ိဳ ေစတီအား ၿဖိဳဖ်က္ခဲ့ၿပီးေနာက္ တဆင့္လွမ္းတက္ခါ ဆူးေလေစတီႀကီးအား ၿဖိဳဖ်က္ရန္ ႀကိဳးပန္းၾက၏။ အာဏာပိုင္တို႔အား ဆူးေလေစတီသည္ လမ္းဆုံလမ္းခြတြင္ရွိသည့္ ေစတီျဖစ္သျဖင့္ ၿဖိဳဖ်က္သင့္သည္ဟု တင္ျပၾက၏။
သို႔ေသာ္ အဂၤလန္တြင္ရွိသည့္ ဝိတိုရိယ ဘုရင္မႀကီးက `ဆူးေလေစတီသည္ ထူပါေစတီျဖစ္သျဖင့္ မတူးၿဖိဳ၊ မဖ်က္ဆီးရ ဆူးေလေစတီအားေကြ႕ပတ္သြားရမည္ဟု အမိန့္ျပန္ၾကားခဲ့၏။ ယင္းသို႔ ျပန္ၾကားေသာ္လည္း အဂၤလိပ္နယ္ခ်ဲ့တို႔သည္ လုပ္ပိုင္ခြင့္ အာဏာကို အသုံးျပဳ၍ ဆူးေလေစတီေတာ္ ၀တ်္တကမြေဖြစ်သည့် ကုန္းေတာ္ေအာက္ေျခမ်ားအား တူးၿဖိဳဖဲ့ခ်ၾက၏။ ေျမညွိၿပီး ၀တ္တကမြေကို ၿမိဳ႕သစ္အတြင္းထည့္ခဲ့၏။
ထို႔ေၾကာင့္ ဆူးေလေစတီသည္ မွန္ကူကြက္သ႑ာန္ ကုန္းေတာ္ငယ္ျဖစ္ေနျခင္းျဖစ္၏။ ဆူးေလေစတီေတာ္၏ ေျခေတာ္ရင္း ပတ္လည္တြင္ရွိသည့္ ဂႏၶကုဋိတိုက္ တန္ေဆာင္းႏွင့္ ေစာင္းတန္းစသည့္ သာသနိက အေဆာက္အအုံမ်ား ပ်က္စီးခဲ့ရ၏။ နယ္ခ်ဲ့အာဏာပိုင္မ်ား၏ ေစ်းၿပိဳင္စနစ္ျဖင့္ ေရာင္းခ်မႈ ေၾကာင့္ ဗႏၶဳလပန္းၿခံ(ယခင္ဖိုက္စကြဲယားပန္းၿခံ) ဗလီႀကီး၊ ၿမိဳ႕ေတာ္ခန္းမ စသည့္အေဆာက္အဦးမ်ား ေပၚေပါက္ခဲ့ရ ျခင္းျဖစ္သည္။
#ဆူးေလဘိုးဘိုးႀကီး သမိုင္း
ဤဘဒၵကမၻာတြင္ ပြင့္ခဲ့သည့္ ျမတ္စြာဘုရားရွင္ ေလးဆူအားမွီလိုက္သည့္ သက္ေတာ္ရွည္ ေလးဆူနတ္ႀကီး ဟု သမိုင္းစဥ္မ်ားတြင္ ေတြ႕ရသည္။ ေလးဆူနတ္ႀကီးသည္ ေ႐ႊတိဂုံေစတီေတာ္အား တည္ထားကိုးကြယ္ရန္ ေနရာျဖစ္သည့္ သိဂၤုတၱရကုန္းေျမအား ၫႊန္ျပေပးခဲ့သည့္ ဘိုးဘိုးႀကီးမ်ားအနက္ တစ္ပါးျဖစ္၏။
ယခင္က ေလးဆူနတ္ႀကီး ဟုလူသိမ်ားခဲ့ၿပီး ထိုေနရာတစ္ဝိုက္တြင္ ေနထိုင္သူမ်ား၏ ကိုးကြယ္ဆည္းကပ္မႈကို ခံခဲ့ရသည္။ ယုံၾကည္မႈလြန္ကဲသည့္ ျမန္မာလူမ်ိဳးမ်ားသည္ ယုံၾကည္မႈႏွင့္အတူ အားကိုးအားထား ျပဳခဲ့သည္လည္း ရွိသည္။
လုပ္ငန္းေဆာင္တာ လုပ္ကိုင္ရာတြင္ျဖစ္ေစ၊ အခက္အခဲ ႀကဳံခဲ့သည့္အခါတြင္ျဖစ္ေစ၊ ေလးဆူနတ္ႀကီးအား ပသပူေဇာ္ အဓိ႒ာန္ ျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္ႏွင့္အညီ ေအာင္ျမင္မႈမ်ားစြာ ရခဲ့သည့္ သာဓကမ်ားရွိခဲ့သည္ ဟု ဆို၏။
ထို႔ေၾကာင့္ လူအမ်ားသည္ ဤေလးဆူနတ္ႀကီးအား ထိုေနရာတြင္ နတ္နန္းျပဳလုပ္၍ ပူေဇာ္ခဲ့သည့္ အစဥ္အလာ ရွိခဲ့သည္။ ေရွးသူေဟာင္းတို႔ စကားလည္းရွိ၏။ အခ်ိဳ႕၏စကားအရ ေလးဆူနတ္ႀကီးသည္ ရန္ကုန္ၿမိဳ႕လယ္ အား ပိုင္သူဟု ဆို၏။ အဓိ႒ာန္ႏွင့္ လုပ္ငန္းလုပ္၍ ေအာင္ျမင္လွ်င္ တတ္နိုင္လွ်င္ တတ္နိုင္သေလာက္ ၀တ်လဲတော် ပုဆိုး၊ အကၤ်ီပုဝါမွ အစ ေငြအသျပာတတ္နိုင္သ၍ ပူေဇာ္ၾကသည္။
ေလးဆူနတ္ႀကီးသည္ နတ္သက္ရွည္သူျဖစ္ၿပီး ေကာင္းမႈ ေကာင္းက်ိဳးျပဳသူဟုလည္း ဆို၏။ လူအမ်ားသည္ ေလးဆူနတ္ႀကီးသည္ လူအမ်ား၏ အပူေဇာ္ခံ ဘ၀သို႔ ေရာက္ခဲ့ၿပီး ေလးဆူနတ္ႀကီး ေနထိုင္သည့္နယ္တြင္ ေစတီဘုရား တည္ထား ကိုးကြယ္သည့္အခါ ထိုေစတီဘုရား၌ ေလးဆူနတ္ႀကီးအား သီးျခား နန္းျပဳလုပ္၍ ပူေဇာ္ၾက၏။
ေလးဆူနတ္ႀကီး အား ဆူးေလေစတီေတာ္ အတြင္း၌ သီးျခားနန္းတည္ ကိုးကြယ္၍ ကာလရွည္ၾကာ ကိုးကြယ္မႈၾကာလာသည့္အခါ လူအမ်ား၏စိတ္ထဲ၌ ေလးဆူနတ္ႀကီးအား ဆူးေလ ေစတီေတာ္အား အစြဲျပဳ၍ ဆူးေလဘိုးဘိုး ႀကီး ဟု ေခၚတြင္လာခဲ့ၾကသည္။ စင္စစ္ ေလးဆူနတ္ႀကီးသည္ ေလးဆူနတ္ဟုေခၚခဲ့ေသာ္လည္း သာမန္နတ္မ်ိဳး နတ္ႏြယ္ မဟုတ္၊ ဘဒၵကမၻာတြင္ ပြင့္ေတာ္မူသည့္ ဘုရားရွင္မ်ားအား မွီလိုက္ေသာ နတ္ျဖစ္သည္။
ေရွးသူေဟာင္း အခ်ိဳ႕က သူေတာ္စင္နတ္ဟုေခၚ၏။ မေကာင္းသူပယ္၊ ေကာင္းသူကယ္၏။ သာသနာအတြက္ ဘ၀နာတရားကိုးစားသူဟုဆို၏။ ေကာင္းမႈေကာင္းက်ိဳးျပဳသူမ်ား၊ ဘာသာ သာသနာအက်ိဳးျပဳသူမ်ားအား ေဆာင္မမည္ဟု ဆို၏။ ဆူးေလဘိုးဘိုးႀကီး ၏ နန္းထိမ္းတစ္ဦးက ဆူးေလဘိုးဘိုးႀကီးအား သက္ေတာ္ရွည္ သူေတာ္စင္ နတ္မင္းႀကီးတစ္ပါးပဲ၊ ဆူးေလ ဘိုးဘိုးႀကီးဟာ ရန္ကုန္ၿမိဳ႕လယ္ကို ပိုင္စိုးထိမ္းသမ္းထားသူ လည္းျဖစ္တယ္။
ၿမိဳ႕လည္တစ္ဝိုက္မွာ လုပ္ငန္းလုပ္သူေတြ၊ အားကိုးအားထားျပဳ တိုင္တည္အလုပ္လုပ္ရင္း အမ်ားႀကီး ေအာင္ျမင္ ထေျမာက္နိုင္တယ္ ဟုဆို၏။ ထို႔အတူ နန္းထိမ္းေဟာင္း ႀကီးက ဆူးေလဘိုးဘိုးႀကီးဟာ ဘာသာသာသနာအတြက္ ေစာင့္ထိန္းသူျဖစ္လို႔ ဘာသာသာသနာ အက်ိဳးျပဳသူေတြကို ပိုၿပီး ေစာင္မၾကည့္ရႈတယ္။ ဆူးေလဘိုးဘိုးႀကီးကို တိုင္တည္အလုပ္ လုပ္သူဟာ ကံငါးပါးလုံၿခဳံရမယ္ ဟုဆို၏။
#CRDUHla Than Aung
#ေနာ္ဂဲလယ္ထူး(စာေပပရဟိတ)
No comments:
Post a Comment