Thursday, December 16, 2021

ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား

ဘဝအဆက်ဆက်  စိတ်ချမ်းသာရပါလို၏ ဘုရား                                                                                                                       

   


                                                                                                                               

                                                         ရဝေနွယ် (အင်းမ)        


             "ငါလည်း ရမ္မက်ကြီးသော၊ မရောင့်ရဲတတ်သော၊ အမျက်ကြီးသော၊ သူတစ်ထူးကို ညှဉ်းဆဲတတ်သော၊ ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်း မရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မေ့လျော့သော၊ အောက်မေ့တသကင်းသော မဖြစ်မူ၍            

           ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်းကို သိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့သော၊ အောက်မေ့တသရှိသော ဤသို့သော ကျေးဇူးတို့ နှင့် ပြည့်စုံလျက် သံသရာနှိုက်ကျင်လည်၍ မေတ္တေယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ် တရားရလိုသတည်း"။ 

                                                                                                        သိင်္ဃသူ့သမီးကျောက်စာ                                                                      

                                                                                                      (မြန်မာနှစ် ၆၂၈ ၊ ခရစ်နှစ် ၁၂၆၆)             

             လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၅၀) ကျော်က ပုဂံမှာသိင်္ဃသူ့သမီးဆုတောင်းခဲ့တဲ့ ဆုတောင်းကျောက်စာလေးတစ်ခုပါ။ သိင်္ဃသူ့သမီးက ကျောင်းဆောက်ပြီး ကျောင်းမှာနေတဲ့ ရဟန်းသံဃာတွေအတွက် လယ် ဥယျာဉ် ကျွန်တွေလှူပြီး ဆုတောင်းခဲ့တာပါ။                                  

            ဆုတောင်းကိုဖတ်မိတိုင်းဖတ်မိတိုင်း သူဘာဖြစ်လို့များဒီဆုတောင်းကို တောင်းခဲ့တာလဲလို့ တွေးတွေးနေမိပါတယ်။ ဆုတောင်းနောက်ခံသမိုင်းဇာတ်ခုံကိုလည်း သိချင်နေမိပြန်ပါတယ်။ ဆုတောင်းချင်လောက်အောင် အကြောင်းတွေရှိမယ်လို့လည်း ထင်မိပါတယ်။ တခြားပုဂံခေတ်ကျောက်စာဆုတောင်းတွေနဲ့ ကွဲပြားနေတာကလည်း သိချင်စိတ်ကိုပိုပြီး ဖြစ်စေခဲ့ပါတယ်။      

            သိင်္ဃသူ့သမီးဟာ တရုတ်ပြေးမင်းလို့ခေါ်တဲ့ နရသီဟပတေ့မင်းရဲ့မိဖုရားဖြစ်တယ်လို့ ဆယ်တန်းမြန်မာစာအုပ်ပြုစုသူ ပညာရှင်တွေကကျောက်စာထိုးတဲ့ ခုနှစ်ကိုကြည့်ပြီး အဖြေရှာပေးထားပါတယ် ။         

             နရသီဟပတေ့မင်းဟာ ကိုယ်လုပ်တော်မောင်းမသုံးထောင်ထားတာ၊ ဟင်းခွက်သုံးရာနဲ့ ပွဲတော်တည်တာ၊ အိပ်ရာထတာနဲ့ မောင်းမတွေကို တစ်ခုခုနဲ့ ပစ်ပေါက်တတ်တာ၊ သူချစ်လှပါတယ်ဆိုတဲ့မိဖုရားစောလုံကို သတ်ပစ်တာ၊ ကိုယ်ရဲ့အမှုထမ်းသူရဲကောင်း အုတ်လှကို သတ်ခိုင်းတာ၊ သံတမန်ကို မသတ်ရဆိုတဲ့ ဓလေ့ကို ဖျက်ပြီး တရုတ်သံတမန်တွေကို သတ်ပစ်တာ၊ တရုတ်သံတွေကိုသတ်ပစ်လို့ တရုတ်စစ်တပ်စစ်ချီလာတဲ့အခါ မြို့ခိုင်လုံအောင်ဆိုပြီး ဂူနဲ့ စေတီတွေဖျက်ပြီး အုတ်တွေယူတာ၊ တရုတ်စစ်ချီလာလို့ ပြေးရတဲ့အခါမှာလည်း လှေတွေပေါ်မှာ လူမဆန့်တော့လို့ အတွင်းစေကိုယ်လုပ်မောင်းမတွေကို ခြေနဲ့လက်ကို ကြိုးတုပ်ပြီး အသိဉာဏ်မဲ့မဲ့ ရေထဲပစ်ချခိုင်းတာ၊ ဆရာတော်တွေက "ရေထဲတော့ ပစ်မချပါနဲ့ ၊ မောင်းမမိန်းမတွေကို ကြိုက်တဲ့လူ, ရဟန်းတွေယူပါစေ" လို့ မိန့်လို့ မောင်းမတွေ အသက်ချမ်းသာရာရသွားတာ၊ ဖခင်ဥဇနာမင်းကြီးသေတဲ့အခါ အမတ်ကြီးရာဇသင်္ကြံက သူ့အင်္ကျီဖျင်လက်ပေါ် ကွမ်းသွေးထွေးချထားတဲ့ ရန်ငြိုးကြောင့် နန်းလျာဖြစ်တဲ့အစ်ကိုသီဟသူကို မင်းအဖြစ်မပေးဘဲဖမ်းပြီး သူ့ကို နန်းတင်ပေးခဲ့တဲ့ ကျေးဇူးကို မသိတတ်ဘဲ ရာဇသင်္ကြံကို ဒလပို့ပစ်တာ၊ မိဖုရားတွေ တစ်ယောက်နဲ့တစ်ယောက်မနာလိုဖြစ်နေကြတာ၊ မင်းသားညီအစ်ကိုချင်း ရန်စောင်နေကြတာ စသည်စသည် ဝန်းကျင်ဇာတ်ရုပ်တွေကများ သိင်္ဃသူ့သမီးကို ဒီဆုတောင်းတွေတောင်းဖို့ ဖြစ်လာခဲ့လေသလားလို့ တွေးမိပါတယ်။ 

            လူအများစုဟာ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ခံစားချက်ကို အခြေခံပြီးဆုတောင်းကြတာ များပါတယ်။ သူကျင်လည်ရာဝန်းကျင်က သူ့ကို တရားတွေအများကြီး ဟောလိုက်ပုံ ရပါတယ်။     

            သိင်္ဃသူ့သမီးဆုတောင်းက တရားသဘောတွေအပြည့်ပါနေပါတယ်။ အထူးသဖြင့် မလိုချင်တာရယ် လိုချင်တာရယ်ကိုတွဲပြီး ဆုတောင်းသွားတာပါ။ သူ့ဆုတောင်းထဲကအတိုင်း ရမ္မက်နည်းမယ်၊ ဒေါသနည်းမယ်၊ ပညာရှိမယ်၊ ဝန်မတိုဘူး၊ ပေးကမ်းတတ်မယ်၊ သစ္စာရှိမယ်၊ မမေ့တတ်ဘူး၊ ကျေးဇူးသိတတ်မယ်ဆိုရင် ဘဝတစ်ခုက အတော်လေးအေးချမ်းနေပါပြီ။ နေရတာလည်း ပျော်ဖို့ ကောင်းပါတယ်။ ရမ္မက်ဒေါသနည်းရင်ပဲ အတော်နေလို့ ကောင်းနေပါပြီ။         

            ပုဂံခေတ်ကျောက်စာဆုတောင်းတွေကိုကြည့်လိုက်ရင် ငါ့လင်၊ ငါ့သား စသည်ဖြင့် ငါစွဲ အတ္တစွဲတွေနဲ့  'ငါ'တွေကို ထပ်ခါထပ်ခါသုံးပြီး ဆုတောင်းထားသလို ကျိန်စာတွေပါ တွဲတွဲတိုက်လေ့ ရှိပါတယ်။         

            သိင်္ဃသူ့သမီးနဲ့ လင်တူ နရသီဟပတေ့မင်းရဲ့မိဖုရား ဖွားစောကတောင် စောလှဝန်းကျောက်စာမှာ " ငါ့ချစ်သား ၊ အတို့သခင်မင်းကြီး၊ ငါ့မိ၊ ငါ့ဖ၊ ငါ့အစ်မမိဖုရား " စသည်ဖြင့် ငါတွေကို ထပ်ခါထပ်ခါ သုံးပြီး ဆုတောင်းသွားပါတယ်။        

            နာမည်ကျော် မိဖုရားဖွားစောကျောက်စာမှာလည်း "ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီး" စသည်ဖြင့် ငါစွဲတွေနဲ့ ဆုတောင်းထားပါတယ်။         

            ပုဂံခေတ်မှာ မိဖုရားဖွားစော သုံးယောက်ရှိပါတယ်။        

            ပထမဖွားစော(မင်းဝိုင်းဖွားစော)က နရသိင်္ခဥဇနာမင်းရဲ့ မိဖုရား၊ ဥဇ္ဇာနာမင်းရဲ့ မယ်တော်၊ နရသီဟပတေ့မင်းရဲ့ ဘွားတော်ပါ။ နာမည်ကျော်မိဖုရားဖွားစောကျောက်စာရေးထိုးသူပါ။       

            ဒုတိယဖွားစော(စောလှဝန်းဖွားစော)က ဆိတ်ထိန်းကမ်းဖြူရွာဇာတိ ဥဇ္ဇာနာမင်းနဲ့ နရသီဟပတေ့မင်းတို့ရဲ့ မိဖုရား၊ စောလှဝန်းကျောက်စာရေးထိုးသူပါ။ နရသီဟပတေ့မင်း ပညာမဲ့မဲ့ လုပ်သမျှကို စောင့်ရှောက်ပေးခဲ့တဲ့ မိဖုရားပါ။ အဲဒီဒုတိယဖွားစောအကြောင်းကို ဘိလပ်ပြန်သန်းက 'မိဖုရားဖွားစော' ဆိုပြီး သီချင်းဆိုခဲ့သလို မောရစ်ကောလစ်ကလည်း She was a Queen. ဆိုပြီး  ဝတ္ထုရေးခဲ့ပါတယ်။ ဒီဝတ္ထုကိုပဲ ဆရာမြသန်းတင့်က 'ဧကရီဖွားစော'ဆိုပြီး ဘာသာပြန်ခဲ့ပါတယ်။         

            တတိယဖွားစော(သစ်မထီးဖွားစော)ကတော့ ကျော်စွာမင်းရဲ့မိဖုရားပါ။ သားစောနစ်က ဆက်မိဖုရားမြှောက်ခဲ့သူပါ။        

            ပုဂံခေတ်ကျောက်စာတွေမှာ ဆုတောင်းတွေအပြင် ကျိန်စာတွေပါ တွဲတွဲတိုက်လေ့ရှိတာက ပုဂံခေတ်ဓလေ့တစ်ခုလား မသိပါဘူး။          

         "စားသောထမင်းဟင်း၊ သောက်သောရေ၊ နေသောအိမ် အဆိပ်ဖြစ်ပါစေ၊ ဒေဝဒတ်ကားအထက်၊ ဖျက်ရစ်သောသူကား အအောက်ဖြစ်စေသတေး"        

                                                      (အထောလတ်ကျောက်စာ )          

           "ဤငါ့အလှူကို ဖျက်ဆီးသောသူအား အဝီစိငရဲလျှင် ကျက်စေသတည်း။ ကမ္ဘာလေဖျက်သောအခါ မြေကြီးတောင်ပေါ်ခပင်း မုန့်မုန့် ညက်ညက်ပျက်စီးသို့ ပျက်စီးစေသတည်း။ ဆောက်တည်ရာမရ ဖြစ်စေသတည်း"                  

                                                     (မဟာထီးဘုရားကျောက်စာ)          

            သူတို့အလှူတွေကြာရှည်ခိုင်မြဲဖို့ ဆုတောင်းနဲ့အတူ ကျိန်စာတွေပါတွဲတွဲတိုက်ထားတာပါ။ ကျိန်စာတွေထဲက "ဆောက်တည်ရာမရ ဖြစ်စေသတည်း" ဆိုတဲ့ ကျိန်စာကိုတော့ သုံးလေးခေါက်လောက် ပြန်ဖတ်ပြီး ပြုံးတောင်ပြုံးမိပါတယ်။ ကျိန်စာမိတဲ့သူကတော့ မသက်သာလှပါဘူး။ ဘယ်လောက်ပဲချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးရှိရှိ တချိန်လုံးဆောက်တည်ရာမရ ဖြစ်နေတော့မှာပါ။ လူက ဂဏှာမငြိမ် ဣန္ဒြေမရနဲ့ အမြဲစိတ်ယောက်ယက်ခတ်နေရတော့ မှာပါ။ ပျော်မှာလည်းမဟုတ်တော့ပါဘူး။         

           သိင်္ဃသူ့သမီးဆုတောင်းမှာတော့  အများသူငါဆုတောင်းတွေလို "ငါ ငါ ငါ" ဆိုတဲ့ အတ္တစွဲတွေမပါသလို ကျိန်စာတိုက်ထားတာလည်း မတွေ့ရပါဘူး။ သိင်္ဃသူ့သမီးက လက်ရှိဘဝမှာ တရားအသိတွေအတော်အတန်ရှိနေပုံရသလို နောက်ဘဝတွေမှာလည်း တရားအသိတွေ ပိုပိုရှိသွားဖို့ပဲ ဆုတောင်းသွားခဲ့တာပါ။ နရသီဟပတေ့မင်းရဲ့ မိဖုရားဆိုပေမယ့် မိဖုရားလို့ မသုံးဘဲ ကိုယ့်နာမည်ကိုမဖော်ဘဲ သာမန်"မင်းမယား"လို့ပဲ ကျောက်စာမှာရေးထိုးသွားပုံကလည်း သိပ်ပြီး ပေါ်လွင်ချင်ပုံမရပါဘူး။               

           လိုရင်းကတော့ ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားခဲ့တာပါ။                          

           ဒါကြောင့် သိင်္ဃသူ့သမီးဆုတောင်းကိုသာဓကယူပြီး ကိုယ်မလိုချင်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ကုသိုလ်ပြုပြီး ဆုတောင်းသွားရုံပါပဲ။မြတ်စွာဘုရားမှာ ရေချမ်း၊ ပန်းကပ်ပြီးပဲ ဆုတောင်းဆုတောင်း၊ ဂါထာ ပဋ္ဌာန်းပရိတ်တွေရွတ်ပြီးပဲ ဆုတောင်းဆုတောင်း၊ မရှိခက်ခဲနေတဲ့သူတွေကို ပေးကမ်းလှူဒါန်းပြီးပဲ ဆုတောင်းဆုတောင်း၊ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း ဆေးရုံ ဆေးခန်း၊ စာကြည့်တိုက်စသည် အဆောက်အဦတွေဆောက်ပြီးပဲ ဆုတောင်းဆုတောင်း၊ ကိုယ်အဆင်ပြေသလို ကုသိုလ်ပြုပြီးဆုတောင်းလို့ ရပါတယ်။        

            ဥပမာ- ဘုရား ရေချမ်းပန်းကပ်ပြီး  "ဘဝအဆက်ဆက် စိတ်မညစ်ရသော စိတ်ချမ်းသာရသောသူ ဖြစ်ရပါလို၏" လို့ နေ့စဉ်ဆုတောင်းလို့လည်း ရပါတယ်။ ဒါမှမဟုတ် မနက်အိပ်ရာက နိုးတာနဲ့ မထသေးဘဲ နမောတဿသုံးကြိမ်ဆိုပြီး " ဘုရားတပည့်တော် စိတ်ချမ်းသာရပါလို၏  " လို့ ဆုတောင်းနဲ့ အိပ်ရာထလိုက်လည်း ရပါတယ်။      

            ထေရီထေရာဝတ္ထုတွေမှာလည်း ကြိုက်တဲ့ကုသိုလ်ကို ပြုပြီး ကြိုက်တဲ့ဆုကိုတောင်းပြီး သံသရာက ကူးသွားကြတာများပါတယ်။ လိုရင်းကတော့ ကိုယ်လိုချင်တဲ့ဆုကို ကုသိုလ်ပြုပြီးဆုတောင်းကြတာပါ။

            ရှေ့ပိုင်းကာလတွေမှာတော့ ကုသိုလ်ပြုပြီးရင် လိုအပ်ချက်တွေကို မြတ်စွာဘုရားနားငြီးလောက်အောင် ဆုတွေတောင်းတတ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ဘယ်ကုသိုလ်ပဲပြုပြု နိဗ္ဗာန်ပြီးရင် "ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား" လို့ပဲ ဆုတောင်းဖြစ်ပါတော့တယ်။ စိတ်ချမ်းသာမှုနဲ့ယှဉ်ရင် ကျန်တဲ့အရာတွေကို ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ပဲ မနီးမဝေးမှာ ထားချင်ပါတယ်။ ပိုက်ဆံမရှိလို့ကလည်း မဖြစ်ပြန်ဘူး။ အဲဒါတွေကို ခွာထားနိုင်လောက်အောင်လည်း တရားကမရှိသေးပါဘူး။         

             ကုသိုလ်ပြုပြီး "ဘဝအဆက်ဆက် စိတ်ချမ်းသာရပါလို၏ ဘုရား"  လို့ ဆုတောင်းလိုက်ရရင်ပဲ ကျေနပ်သလိုခံစားနေရပါပြီ။ စိတ်ချမ်းသာနေရင်ပဲ ဘဝတစ်ခုကပြည့်စုံနေတယ်လို့လည်း ခံစားရပါတယ်။ အောင်မြင်တာ ထင်ရှားတာ ပိုက်ဆံရှိတာ စသည်တွေဟာ စိတ်ချမ်းသာမှုနဲ့ ယှဉ်လိုက်ရင် အလိုလိုအဝေးကို ရောက်သွားတာပါ။         

              ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် အလေ့အကျင့်များရင် စွဲသွားတတ်ပါတယ်။ စွဲတာမှ ဒီဘဝအတွက်တင်မကပါဘူး ။ နောက်ဘဝအထိပါစွဲသွားတတ်ပါတယ်။ အရင်ဘဝတွေက အစွဲအလမ်းတွေ နောက်ဘဝအဆက်ဆက်အထိပါလာတဲ့ ဇာတ်ဝတ္ထုသာဓကတွေလည်း အများကြီးပါပဲ။       

             What you think you become. So be mindful of what you think.        

             ကိုယ်တွေးနေတာတွေက ကိုယ့်ဘဝဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်အတွေးတွေကို သတိကပ်ပါ။               

             'ကိုယ်တွေးနေတဲ့ အရာတွေက ကိုယ့်ဘဝဖြစ်လာတယ်' တဲ့၊ စိတ်ညစ်စရာတွေ တွေးတွေးနေရင် တွေးပါများလာတဲ့အခါ မသိစိတ်မှာစွဲသွားပါတယ်။ မသိစိတ်မှာစွဲသွားရင် စိတ်ညစ်စရာတစ်ခုခုကို ရှာတွေးပြီး စိတ်ညစ်နေတော့တာပါ။ စိတ်မညစ်ရရင် မနေတတ်တော့ပါဘူး။ စိတ်ညစ်နေရတာကိုပဲ ကိုယ့်ဘဝလို့ ထင်သွားတော့တာပါ။ ကိုယ့်ကိုယ်ကိုယ်သတိထားမိရင် သိသာပါတယ်။

             မကျေနပ်စိတ်အမြဲဖြစ်နေတဲ့သူကလည်း ကြာလာတော့ မကျေနပ်စိတ်က မသိစိတ်မှာစွဲသွားတော့တာပါ။ ဒီတော့ ဘယ်အာရုံပဲလာလာ မကျေနပ်စိတ်ပဲ ဖြစ်နေတော့တာပါ။ မကျေနပ်စိတ်မဖြစ်ရရင် မနေတတ်တော့ပါဘူး။ မကျေနပ်စိတ်ဖြစ်လိုက်ရမှပဲ လူက နေသာထိုင်သာရှိသွားတော့တာပါ။ မကျေနပ်စိတ်က မသိစိတ်မှာစွဲနေတာပါ။ ဒါကို သိစိတ်နဲ့ ပြန်ဖျောက်ရပါတယ်။

             လူတစ်ယောက်ကို မကောင်းမြင်စိတ်အမြဲဖြစ်နေရင်လည်း ကြာလာတဲ့အခါ မကောင်းမြင်စိတ်က ကိုယ့်ရဲ့ မသိစိတ်မှာ စွဲသွားတတ်ပါတယ်။ မသိစိတ်မှာစွဲသွားရင် သူဘာလုပ်လုပ် ဘာပြောပြော မကောင်းဘဲ မြင်နေတော့တာပါ။ တကယ်လို့ ကိုယ်မကောင်းမြင်တဲ့ ပုဂ္ဂိုလ်က မိသားစု, မိတ်ဆွေဖြစ်တယ်ဆိုရင် နှစ်ယောက်လုံးအတွက် လွန်စွာဝမ်းနည်းဖို့ကောင်းပါတယ်။ တချိန်ကပြုခဲ့တဲ့ ကျေးဇူးတို့၊ သံယောဇဉ်တို့ဆိုတာ ပျောက်ကွယ်သွားတော့တာပါ။ ဒါမျိုးကြုံလာခဲ့ရင် ကိုယ့်ကိုယ်ကို သတိပြန်ကပ်ပြီး တချိန်ကကျေးဇူးတို့ ၊ သံယောဇဉ်တို့ကို ထပ်ကာထပ်ကာ ပြန်ပြန်စဉ်းစားပြီး သိစိတ်နဲ့ ပြန်ပယ်ပေးရပါတယ်။ 

             ဒီလိုပါပဲ၊ စိတ်ချမ်းသာစရာပဲ တွေးနေတဲ့သူကလည်း ကြာလာတော့ စိတ်ချမ်းသာတဲ့ လူတစ်ယောက်ဖြစ်လာတော့တာပါ။ ကိုယ်တွေးနေတဲ့အရာတွေက ကြာလာတော့ ကိုယ့်ဘဝဖြစ်လာတဲ့သဘောပါ။ ဒါကြောင့် မနက်အိပ်ရာနိုးတာနဲ့ ချက်ချင်းမထသေးဘဲ နမောတ ဿရွတ်ပြီး စိတ်ချမ်းသာဖို့ ဆုတောင်းမယ်။ တကယ်အိပ်ရာထတာနဲ့ "ငါစိတ်ချမ်းသာတယ် ၊ ငါစိတ်ချမ်းသာတယ်" လို့ ငါးခေါက် ခြောက်ခေါက်လောက် ရွတ်ပြီး ကိုယ်လက်သန့်စင်ခန်းသွားမယ်။ ကိုယ်ကိုယ်တိုင်က စိတ်ချမ်းသာတဲ့လူတစ်ယောက်ဖြစ်ချင်တယ်ဆိုတာကို ကိုယ်တိုင်ပြောပြောပေးတာပါ။                               

             တချို့စိတ်ပညာစာအုပ်တွေမှာဆိုရင် ကိုယ်လုံးပေါ်မှန်ရှေ့ မှာ "ငါစိတ်ချမ်းသာတယ်၊ ငါစိတ်ချမ်းသာတယ်" လို့ တစ်နေ့သုံးကြိမ်လောက် အသံထွက်ပြီးဆိုခိုင်းတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်နေတဲ့သူဆိုရင်လည်း "ငါ့ကိုယ်ကို ငါယုံကြည်တယ် ၊ငါ့ကိုယ်ကို ငါယုံကြည်တယ်" လို့ နေ့စဉ်ဆိုခိုင်းတာပါ။ ဒီတော့ စိတ်ချမ်းသာဖို့ ဘာသာရေးဘက်ကနေ ရွှေတိဂုံဘုရားမှာ ကုသိုလ်ပြုဆုတောင်းမယ်၊ မဟာမုနိဘုရားကြီးမှာ ကုသိုလ်ပြုဆုတောင်းမယ်၊ အိမ်ကဘုရားမှာ ပန်း ရေချမ်းကပ်ဆုတောင်းမယ်၊ တခြားကုသိုလ်တွေပြုဆုတောင်းမယ်။ စိတ်ပညာဘက်ကလည်း "ငါစိတ်ချမ်းသာတယ်၊ ငါစိတ်ချမ်းသာတယ်" လို့ နေ့စဉ်တစ်နေ့သုံးကြိမ်လောက်ရွတ်ပြီး မသိစိတ်မှာစွဲသွားအောင် လေ့ကျင့်ယူမယ်ဆိုရင် စိတ်ချမ်းသာရာနယ်ပယ်နဲ့ နီးနီးလာမှာပါ။        

              တချို့စိတ်ဆင်းရဲစရာတွေက တွေးလို့စိတ်ဆင်းရဲတာပါ၊ မတွေးရင် စိတ်မဆင်းရဲပါဘူး။ သတိထားကြည့်ရင် သိသာပါတယ်။ ဒီတော့ စိတ်ဆင်းရဲစရာတွေ တွေးပြီဆိုရင် သတိလေးနဲ့ ကိုယ့်စိတ်ကို ပြန်ကြည့် ကြည့်ပေးဖို့ပါ။ သတိနဲ့ ပြန်ကြည့်လိုက်ရင် တွေးလို့စိတ်ဆင်းရဲရတယ်ဆိုတာ ကိုယ်တိုင်သိရပါတယ်။        

               တစ်နေ့ကျရင် ခုရှိနေတဲ့လူတွေ ကိုယ်အပါအဝင် တစ်ယောက်မှရှိတော့ မှာ မဟုတ်ပါဘူး။ ဒါတွေကို သိပါလျက်နဲ့ ဟိုလူ့ကြောက်ရ၊ ဒီလူ့ကြောက်ရနဲ့ နေနေရတဲ့ဘဝကလည်း စိတ်ဆင်းရဲစရာအကြောင်းတွေထဲက အကြောင်းတစ်ခုပါ။ ဘယ်သူ့ မှမထိခိုက်ဘူးဆိုရင် လူ့ဘဝသက်တမ်းတိုတိုလေးမှာ ကိုယ်နေချင်တဲ့ ပုံစံလေးနဲ့ နေသွားတာကလည်း စိတ်ချမ်းသာရာတစ်ခုပါပဲ။         

             တကယ်တော့ ဆင်းရဲတယ်ဆိုတာ ဘယ်ဆင်းရဲမှ မကောင်းပါဘူး။ စိတ်ဆင်းရဲတာလည်း မကောင်းပါဘူး။ ပိုက်ဆံဆင်းရဲတာလည်း မကောင်းပါဘူး။ ဒါပေမယ့် ပိုက်ဆံကိုပဲ 'ပထမ' 'ပထမ' ထားနေပြန်ရင်လည်း စိတ်ဆင်းရဲမှုက သက်ရောက်မှုအရ မခေါ်ဘဲရောက်လာရဦးမှာပါ၊ လူတွေဟာ သေသာသွားတယ် ကိုယ်ရှာထားတဲ့ ပိုက်ဆံတွေကို ဘယ်သူမှတော့ ကုန်အောင် သုံးမသွားနိုင်ပါဘူး၊ ဒီလိုနဲ့ပဲ သေသွားရတာပါ။ မနက်ဖြန်ရှင်မယ်ဆိုတာတောင် သေချာတာမဟုတ်ပါဘူး။         

            သိင်္ဃသူ့သမီးကတော့ သူ့ဝန်းကျင်ကဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေကိုကြည့်ပြီးပဲ ဆုတောင်းခဲ့လေသလား၊ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ရမ္မက်ဒေါသစသည်နည်းပါးသူဖြစ်ချင်လို့ပဲ ဆုတောင်းခဲ့လေသလား ဆိုတဲ့ အတွေးကိုတော့ တွေးတွေးနေမိပါတယ်။ တကယ်တော့ သိင်္ဃသူ့သမီးက နှောင်းလူတွေအတွက်တော့ဆုတောင်းနည်းပြတစ်ဦးပါ။ ကျေးဇူးလည်းတင်ဖို့ကောင်းပါတယ်။ ဆုတောင်းလေးက တရားတစ်ခုအနေနဲ့ ဒီနေ့အထိ ကျေးဇူးပြုနေတာကတော့အမှန်တကယ်ပါ။         

             ဘာပဲပြောပြော ပန်းတစ်ပွင့်ပဲလှူလှူ ဘယ်ကုသိုလ်လေးပဲပြုပြု ကုသိုလ်ပြုတိုင်းပြုတိုင်း "ဘဝအဆက်ဆက်စိတ်ချမ်းသာရပါလို၏ ဘုရား" လို့ ဆုတောင်းလိုက်ရတာကကိုပဲ ကျေနပ်ရခြင်းတစ်ခုဖြစ်နေပါပြီလေ။                                                                                                            

                                                                                           ရဝေနွယ်(အင်းမ)

ကျမ်းကိုး။     ။            

            ၁။ ဒဿမတန်းမြန်မာစကားပြေလက်ရွေးစဉ်၊                  

           ၂။ ဦးကုလား မဟာရာဇဝင်ကြီး၊                           

               ပထမအုပ် စာမျက်နှာ ၂၃၄။                  

           ၃။ မှန်နန်းမဟာရာဇဝင်တော်ကြီး၊                           

               မင်းခွေးချေးအကြောင်း။                  

           ၄။ တွင်းသင်းမြန်မာရာဇဝင်သစ်၊                         

               ပထမတွဲ- စာမျက်နှာ ၁၃၉။                  

           ၅။ သုသောဓိတ မဟာရာဇဝင်ကြီး ပတွဲ နှင့် ဒုတွဲ၊                            

               မင်းခွေးချေးအကြောင်း။                  

           ၆။ ပုဂံခေတ်မြန်မာစာပေပါရဂူ (Ph.D) ဘွဲ့အတွက် တင်သွင်းသောကျမ်း၊   

               (မောင်ရဲဌေး)                  

           ၇။ မြန်မာစာပါမောက္ခ ဆရာမ မမိုးမြေ၏ ရာဇဝင်သမိုင်းကျောက်စာများကို 

               စာရေးသူအား နှုတ်အားဖြင့် သင်ကြားပြောပြပေးမှုများ။

           (သမိုင်းရာဇဝင်နာမည်များကိုတော့  "ဦးကုလားမဟာရာဇဝင်ကြီး"တစ်အုပ်ကိုသာယူ၍ ရေးပါသည်)


ဘဝအဆက္ဆက္ စိတ္ခ်မ္းသာရပါလို၏ ဘုရား                                                                                                                       

           


                                                                                                  

             "ငါလည္း ရမၼက္ႀကီးေသာ၊ မေရာင့္ရဲတတ္ေသာ၊ အမ်က္ႀကီးေသာ၊ သူတစ္ထူးကို ညွဥ္းဆဲတတ္ေသာ၊ ပညာမရွိေသာ၊ မိုက္ေသာ၊ ဝန္တိုေသာ၊ အေပးအကမ္း မရွိေသာ၊ သစၥာမရွိေသာ၊ ပ်က္တတ္ေသာ၊ ေမ့ေလ်ာ့ေသာ၊ ေအာက္ေမ့တသကင္းေသာ မျဖစ္မူ၍            

           ရမၼက္နည္းေသာ၊ ေရာင့္ရဲလြယ္ေသာ၊ အမ်က္နည္းေသာ၊ သနားတတ္ေသာ၊ ပညာရွိေသာ၊ အေၾကာင္းကို သိတတ္ေသာ၊ ဝန္မတိုေသာ၊ အေပးအကမ္းရွိေသာ၊ သစၥာရွိေသာ၊ မပ်က္တတ္ေသာ၊ မေမ့ေလ်ာ့ေသာ၊ ေအာက္ေမ့တသရွိေသာ ဤသို႔ေသာ ေက်းဇူးတို႔ ႏွင့္ ျပည့္စုံလ်က္ သံသရာႏွိုက္က်င္လည္၍ ေမေတၱယ်ဘဳရား မ်က္ေမွာက္ကကၤာလွ်င္ ျမတ္ေသာအကြၽတ္ တရားရလိုသတည္း"။ 

                                                                                                        သိဃၤသူ႕သမီးေက်ာက္စာ (ျမန္မာႏွစ္ ၆၂၈ ၊ ခရစ္ႏွစ္ ၁၂၆၆)             


             လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၇၅၀) ေက်ာ္က ပုဂံမွာသိဃၤသူ႕သမီးဆုေတာင္းခဲ့တဲ့ ဆုေတာင္းေက်ာက္စာေလးတစ္ခုပါ။ သိဃၤသူ႕သမီးက ေက်ာင္းေဆာက္ၿပီး ေက်ာင္းမွာေနတဲ့ ရဟန္းသံဃာေတြအတြက္ လယ္ ဥယ်ာဥ္ ကြၽန္ေတြလႉၿပီး ဆုေတာင္းခဲ့တာပါ။                                  


            ဆုေတာင္းကိုဖတ္မိတိုင္းဖတ္မိတိုင္း သူဘာျဖစ္လို႔မ်ားဒီဆုေတာင္းကို ေတာင္းခဲ့တာလဲလို႔ ေတြးေတြးေနမိပါတယ္။ ဆုေတာင္းေနာက္ခံသမိုင္းဇာတ္ခုံကိုလည္း သိခ်င္ေနမိျပန္ပါတယ္။ ဆုေတာင္းခ်င္ေလာက္ေအာင္ အေၾကာင္းေတြရွိမယ္လို႔လည္း ထင္မိပါတယ္။ တျခားပုဂံေခတ္ေက်ာက္စာဆုေတာင္းေတြနဲ႕ ကြဲျပားေနတာကလည္း သိခ်င္စိတ္ကိုပိုၿပီး ျဖစ္ေစခဲ့ပါတယ္။      


            သိဃၤသူ႕သမီးဟာ တ႐ုတ္ေျပးမင္းလို႔ေခၚတဲ့ နရသီဟပေတ့မင္းရဲ႕မိဖုရားျဖစ္တယ္လို႔ ဆယ္တန္းျမန္မာစာအုပ္ျပဳစုသူ ပညာရွင္ေတြကေက်ာက္စာထိုးတဲ့ ခုႏွစ္ကိုၾကည့္ၿပီး အေျဖရွာေပးထားပါတယ္ ။         


             နရသီဟပေတ့မင္းဟာ ကိုယ္လုပ္ေတာ္ေမာင္းမသုံးေထာင္ထားတာ၊ ဟင္းခြက္သုံးရာနဲ႕ ပြဲေတာ္တည္တာ၊ အိပ္ရာထတာနဲ႕ ေမာင္းမေတြကို တစ္ခုခုနဲ႕ ပစ္ေပါက္တတ္တာ၊ သူခ်စ္လွပါတယ္ဆိုတဲ့မိဖုရားေစာလုံကို သတ္ပစ္တာ၊ ကိုယ္ရဲ႕အမႈထမ္းသူရဲေကာင္း အုတ္လွကို သတ္ခိုင္းတာ၊ သံတမန္ကို မသတ္ရဆိုတဲ့ ဓေလ့ကို ဖ်က္ၿပီး တ႐ုတ္သံတမန္ေတြကို သတ္ပစ္တာ၊ တ႐ုတ္သံေတြကိုသတ္ပစ္လို႔ တ႐ုတ္စစ္တပ္စစ္ခ်ီလာတဲ့အခါ ၿမိဳ႕ခိုင္လုံေအာင္ဆိုၿပီး ဂူနဲ႕ ေစတီေတြဖ်က္ၿပီး အုတ္ေတြယူတာ၊ တ႐ုတ္စစ္ခ်ီလာလို႔ ေျပးရတဲ့အခါမွာလည္း ေလွေတြေပၚမွာ လူမဆန႔္ေတာ့လို႔ အတြင္းေစကိုယ္လုပ္ေမာင္းမေတြကို ေျခနဲ႕လက္ကို ႀကိဳးတုပ္ၿပီး အသိဉာဏ္မဲ့မဲ့ ေရထဲပစ္ခ်ခိဳင္းတာ၊ ဆရာေတာ္ေတြက "ေရထဲေတာ့ ပစ္မခ်ပါနဲ႕ ၊ ေမာင္းမမိန္းမေတြကို ႀကိဳက္တဲ့လူ, ရဟန္းေတြယူပါေစ" လို႔ မိန႔္လို႔ ေမာင္းမေတြ အသက္ခ်မ္းသာရာရသြားတာ၊ ဖခင္ဥဇနာမင္းႀကီးေသတဲ့အခါ အမတ္ႀကီးရာဇသၾကၤံက သူ႕အကၤ်ီဖ်င္လက္ေပၚ ကြမ္းေသြးေထြးခ်ထားတဲ့ ရန္ၿငိဳးေၾကာင့္ နန္းလ်ာျဖစ္တဲ့အစ္ကိုသီဟသူကို မင္းအျဖစ္မေပးဘဲဖမ္းၿပီး သူ႕ကို နန္းတင္ေပးခဲ့တဲ့ ေက်းဇူးကို မသိတတ္ဘဲ ရာဇသၾကၤံကို ဒလပို႔ပစ္တာ၊ မိဖုရားေတြ တစ္ေယာက္နဲ႕တစ္ေယာက္မနာလိုျဖစ္ေနၾကတာ၊ မင္းသားညီအစ္ကိုခ်င္း ရန္ေစာင္ေနၾကတာ စသည္စသည္ ဝန္းက်င္ဇာတ္႐ုပ္ေတြကမ်ား သိဃၤသူ႕သမီးကို ဒီဆုေတာင္းေတြေတာင္းဖို႔ ျဖစ္လာခဲ့ေလသလားလို႔ ေတြးမိပါတယ္။ 


            လူအမ်ားစုဟာ ကိုယ့္ပတ္ဝန္းက်င္နဲ႕ ကိုယ့္ခံစားခ်က္ကို အေျခခံၿပီးဆုေတာင္းၾကတာ မ်ားပါတယ္။ သူက်င္လည္ရာဝန္းက်င္က သူ႕ကို တရားေတြအမ်ားႀကီး ေဟာလိုက္ပုံ ရပါတယ္။     


            သိဃၤသူ႕သမီးဆုေတာင္းက တရားသေဘာေတြအျပည့္ပါေနပါတယ္။ အထူးသျဖင့္ မလိုခ်င္တာရယ္ လိုခ်င္တာရယ္ကိုတြဲၿပီး ဆုေတာင္းသြားတာပါ။ သူ႕ဆုေတာင္းထဲကအတိုင္း ရမၼက္နည္းမယ္၊ ေဒါသနည္းမယ္၊ ပညာရွိမယ္၊ ဝန္မတိုဘူး၊ ေပးကမ္းတတ္မယ္၊ သစၥာရွိမယ္၊ မေမ့တတ္ဘူး၊ ေက်းဇူးသိတတ္မယ္ဆိုရင္ ဘဝတစ္ခုက အေတာ္ေလးေအးခ်မ္းေနပါၿပီ။ ေနရတာလည္း ေပ်ာ္ဖို႔ ေကာင္းပါတယ္။ ရမၼက္ေဒါသနည္းရင္ပဲ အေတာ္ေနလို႔ ေကာင္းေနပါၿပီ။         

            ပုဂံေခတ္ေက်ာက္စာဆုေတာင္းေတြကိုၾကည့္လိုက္ရင္ ငါ့လင္၊ ငါ့သား စသည္ျဖင့္ ငါစြဲ အတၱစြဲေတြနဲ႕ 'ငါ'ေတြကို ထပ္ခါထပ္ခါသုံးၿပီး ဆုေတာင္းထားသလို က်ိန္စာေတြပါ တြဲတြဲတိုက္ေလ့ ရွိပါတယ္။        

 

            သိဃၤသူ႕သမီးနဲ႕ လင္တူ နရသီဟပေတ့မင္းရဲ႕မိဖုရား ဖြားေစာကေတာင္ ေစာလွဝန္းေက်ာက္စာမွာ " ငါ့ခ်စ္သား ၊ အတို႔သခင္မင္းႀကီး၊ ငါ့မိ၊ ငါ့ဖ၊ ငါ့အစ္မမိဖုရား " စသည္ျဖင့္ ငါေတြကို ထပ္ခါထပ္ခါ သုံးၿပီး ဆုေတာင္းသြားပါတယ္။        


            နာမည္ေက်ာ္ မိဖုရားဖြားေစာေက်ာက္စာမွာလည္း "ငါ့လင္သခင္မင္းႀကီး၊ ငါ့သားမင္းႀကီး၊ ငါ့ေျမးမင္းႀကီး" စသည္ျဖင့္ ငါစြဲေတြနဲ႕ ဆုေတာင္းထားပါတယ္။         


            ပုဂံေခတ္မွာ မိဖုရားဖြားေစာ သုံးေယာက္ရွိပါတယ္။        


            ပထမဖြားေစာ(မင္းဝိုင္းဖြားေစာ)က နရသိခၤဥဇနာမင္းရဲ႕ မိဖုရား၊ ဥဇၨာနာမင္းရဲ႕ မယ္ေတာ္၊ နရသီဟပေတ့မင္းရဲ႕ ဘြားေတာ္ပါ။ နာမည္ေက်ာ္မိဖုရားဖြားေစာေက်ာက္စာေရးထိုးသူပါ။       


            ဒုတိယဖြားေစာ(ေစာလွဝန္းဖြားေစာ)က ဆိတ္ထိန္းကမ္းျဖဴ႐ြာဇာတိ ဥဇၨာနာမင္းနဲ႕ နရသီဟပေတ့မင္းတို႔ရဲ႕ မိဖုရား၊ ေစာလွဝန္းေက်ာက္စာေရးထိုးသူပါ။ နရသီဟပေတ့မင္း ပညာမဲ့မဲ့ လုပ္သမွ်ကို ေစာင့္ေရွာက္ေပးခဲ့တဲ့ မိဖုရားပါ။ အဲဒီဒုတိယဖြားေစာအေၾကာင္းကို ဘိလပ္ျပန္သန္းက 'မိဖုရားဖြားေစာ' ဆိုၿပီး သီခ်င္းဆိုခဲ့သလို ေမာရစ္ေကာလစ္ကလည္း She was a Queen. ဆိုၿပီး ဝတၳဳေရးခဲ့ပါတယ္။ ဒီဝတၳဳကိုပဲ ဆရာျမသန္းတင့္က 'ဧကရီဖြားေစာ'ဆိုၿပီး ဘာသာျပန္ခဲ့ပါတယ္။         


            တတိယဖြားေစာ(သစ္မထီးဖြားေစာ)ကေတာ့ ေက်ာ္စြာမင္းရဲ႕မိဖုရားပါ။ သားေစာနစ္က ဆက္မိဖုရားျမႇောက္ခဲ့သူပါ။        


            ပုဂံေခတ္ေက်ာက္စာေတြမွာ ဆုေတာင္းေတြအျပင္ က်ိန္စာေတြပါ တြဲတြဲတိုက္ေလ့ရွိတာက ပုဂံေခတ္ဓေလ့တစ္ခုလား မသိပါဘူး။          

         "စားေသာထမင္းဟင္း၊ ေသာက္ေသာေရ၊ ေနေသာအိမ္ အဆိပ္ျဖစ္ပါေစ၊ ေဒဝဒတ္ကားအထက္၊ ဖ်က္ရစ္ေသာသူကား အေအာက္ျဖစ္ေစသေတး"        

                                                      (အေထာလတ္ေက်ာက္စာ )          


           "ဤငါ့အလႉကို ဖ်က္ဆီးေသာသူအား အဝီစိငရဲလွ်င္ က်က္ေစသတည္း။ ကမၻာေလဖ်က္ေသာအခါ ေျမႀကီးေတာင္ေပၚခပင္း မုန႔္မုန႔္ ညက္ညက္ပ်က္စီးသို႔ ပ်က္စီးေစသတည္း။ ေဆာက္တည္ရာမရ ျဖစ္ေစသတည္း"                  

                                                     (မဟာထီးဘုရားေက်ာက္စာ)          


            သူတို႔အလႉေတြၾကာရွည္ခိုင္ၿမဲဖို႔ ဆုေတာင္းနဲ႕အတူ က်ိန္စာေတြပါတြဲတြဲတိုက္ထားတာပါ။ က်ိန္စာေတြထဲက "ေဆာက္တည္ရာမရ ျဖစ္ေစသတည္း" ဆိုတဲ့ က်ိန္စာကိုေတာ့ သုံးေလးေခါက္ေလာက္ ျပန္ဖတ္ၿပီး ၿပဳံးေတာင္ၿပဳံးမိပါတယ္။ က်ိန္စာမိတဲ့သူကေတာ့ မသက္သာလွပါဘူး။ 


ဘယ္ေလာက္ပဲခ်မ္းသာခ်မ္းသာ၊ ဘယ္ေလာက္ပဲ ရာထူးရွိရွိ တခ်ိန္လုံးေဆာက္တည္ရာမရ ျဖစ္ေနေတာ့မွာပါ။ လူက ဂဏွာမၿငိမ္ ဣႏၵျေမရနဲ႕ အၿမဲစိတ္ေယာက္ယက္ခတ္ေနရေတာ့ မွာပါ။ ေပ်ာ္မွာလည္းမဟုတ္ေတာ့ပါဘူး။         


           သိဃၤသူ႕သမီးဆုေတာင္းမွာေတာ့ အမ်ားသူငါဆုေတာင္းေတြလို "ငါ ငါ ငါ" ဆိုတဲ့ အတၱစြဲေတြမပါသလို က်ိန္စာတိုက္ထားတာလည္း မေတြ႕ရပါဘူး။ သိဃၤသူ႕သမီးက လက္ရွိဘဝမွာ တရားအသိေတြအေတာ္အတန္ရွိေနပုံရသလို ေနာက္ဘဝေတြမွာလည္း တရားအသိေတြ ပိုပိုရွိသြားဖို႔ပဲ ဆုေတာင္းသြားခဲ့တာပါ။ နရသီဟပေတ့မင္းရဲ႕ မိဖုရားဆိုေပမယ့္ မိဖုရားလို႔ မသုံးဘဲ ကိုယ့္နာမည္ကိုမေဖာ္ဘဲ သာမန္"မင္းမယား"လို႔ပဲ ေက်ာက္စာမွာေရးထိုးသြားပုံကလည္း သိပ္ၿပီး ေပၚလြင္ခ်င္ပုံမရပါဘူး။               


           လိုရင္းကေတာ့ ကိုယ္မလိုခ်င္တဲ့အရာနဲ႕ လိုခ်င္တဲ့အရာကို ကုသိုလ္ျပဳၿပီး ဆုေတာင္းသြားခဲ့တာပါ။                          


           ဒါေၾကာင့္ သိဃၤသူ႕သမီးဆုေတာင္းကိုသာဓကယူၿပီး ကိုယ္မလိုခ်င္တဲ့အရာနဲ႕ လိုခ်င္တဲ့အရာကို ကုသိုလ္ျပဳၿပီး ဆုေတာင္းသြား႐ုံပါပဲ။ျမတ္စြာဘုရားမွာ ေရခ်မ္း၊ ပန္းကပ္ၿပီးပဲ ဆုေတာင္းဆုေတာင္း၊ ဂါထာ ပ႒ာန္းပရိတ္ေတြ႐ြတ္ၿပီးပဲ ဆုေတာင္းဆုေတာင္း၊ မရွိခက္ခဲေနတဲ့သူေတြကို ေပးကမ္းလႉဒါန္းၿပီးပဲ ဆုေတာင္းဆုေတာင္း၊ ဘုန္းႀကီးေက်ာင္း ၊စာသင္ေက်ာင္း ေဆး႐ုံ ေဆးခန္း၊ စာၾကည့္တိုက္စသည္ အေဆာက္အဦေတြေဆာက္ၿပီးပဲ ဆုေတာင္းဆုေတာင္း၊ ကိုယ္အဆင္ေျပသလို ကုသိုလ္ျပဳၿပီးဆုေတာင္းလို႔ ရပါတယ္။        


            ဥပမာ- ဘုရား ေရခ်မ္းပန္းကပ္ၿပီး "ဘဝအဆက္ဆက္ စိတ္မညစ္ရေသာ စိတ္ခ်မ္းသာရေသာသူ ျဖစ္ရပါလို၏" လို႔ ေန႕စဥ္ဆုေတာင္းလို႔လည္း ရပါတယ္။ ဒါမွမဟုတ္ မနက္အိပ္ရာက နိုးတာနဲ႕ မထေသးဘဲ နေမာတႆသုံးႀကိမ္ဆိုၿပီး " ဘုရားတပည့္ေတာ္ စိတ္ခ်မ္းသာရပါလို၏ " လို႔ ဆုေတာင္းနဲ႕ အိပ္ရာထလိုက္လည္း ရပါတယ္။      


            ေထရီေထရာဝတၳဳေတြမွာလည္း ႀကိဳက္တဲ့ကုသိုလ္ကို ျပဳၿပီး ႀကိဳက္တဲ့ဆုကိုေတာင္းၿပီး သံသရာက ကူးသြားၾကတာမ်ားပါတယ္။ လိုရင္းကေတာ့ ကိုယ္လိုခ်င္တဲ့ဆုကို ကုသိုလ္ျပဳၿပီးဆုေတာင္းၾကတာပါ။


            ေရွ႕ပိုင္းကာလေတြမွာေတာ့ ကုသိုလ္ျပဳၿပီးရင္ လိုအပ္ခ်က္ေတြကို ျမတ္စြာဘုရားနားၿငီးေလာက္ေအာင္ ဆုေတြေတာင္းတတ္ပါတယ္။ ေနာက္ပိုင္းကာလေတြမွာေတာ့ ဘယ္ကုသိုလ္ပဲျပဳျပဳ နိဗၺာန္ၿပီးရင္ "ဘဝအဆက္ဆက္ စိတ္ခ်မ္းသာရပါလို၏ ဘုရား" လို႔ပဲ ဆုေတာင္းျဖစ္ပါေတာ့တယ္။ စိတ္ခ်မ္းသာမႈနဲ႕ယွဥ္ရင္ က်န္တဲ့အရာေတြကို ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္နဲ႕ပဲ မနီးမေဝးမွာ ထားခ်င္ပါတယ္။ ပိုက္ဆံမရွိလို႔ကလည္း မျဖစ္ျပန္ဘူး။ အဲဒါေတြကို ခြာထားနိုင္ေလာက္ေအာင္လည္း တရားကမရွိေသးပါဘူး။         


             ကုသိုလ္ျပဳၿပီး "ဘဝအဆက္ဆက္ စိတ္ခ်မ္းသာရပါလို၏ ဘုရား" လို႔ ဆုေတာင္းလိုက္ရရင္ပဲ ေက်နပ္သလိုခံစားေနရပါၿပီ။ စိတ္ခ်မ္းသာေနရင္ပဲ ဘဝတစ္ခုကျပည့္စုံေနတယ္လို႔လည္း ခံစားရပါတယ္။ ေအာင္ျမင္တာ ထင္ရွားတာ ပိုက္ဆံရွိတာ စသည္ေတြဟာ စိတ္ခ်မ္းသာမႈနဲ႕ ယွဥ္လိုက္ရင္ အလိုလိုအေဝးကို ေရာက္သြားတာပါ။         


              ေကာင္းတာပဲျဖစ္ျဖစ္၊ မေကာင္းတာပဲျဖစ္ျဖစ္ ဘယ္အရာပဲျဖစ္ျဖစ္ အေလ့အက်င့္မ်ားရင္ စြဲသြားတတ္ပါတယ္။ စြဲတာမွ ဒီဘဝအတြက္တင္မကပါဘူး ။ ေနာက္ဘဝအထိပါစြဲသြားတတ္ပါတယ္။ အရင္ဘဝေတြက အစြဲအလမ္းေတြ ေနာက္ဘဝအဆက္ဆက္အထိပါလာတဲ့ ဇာတ္ဝတၳဳသာဓကေတြလည္း အမ်ားႀကီးပါပဲ။      

 

             What you think you become. So be mindful of what you think.        

             ကိုယ္ေတြးေနတာေတြက ကိုယ့္ဘဝျဖစ္လာတယ္။ ဒါေၾကာင့္ ကိုယ့္အေတြးေတြကို သတိကပ္ပါ။               


             'ကိုယ္ေတြးေနတဲ့ အရာေတြက ကိုယ့္ဘဝျဖစ္လာတယ္' တဲ့၊ စိတ္ညစ္စရာေတြ ေတြးေတြးေနရင္ ေတြးပါမ်ားလာတဲ့အခါ မသိစိတ္မွာစြဲသြားပါတယ္။ မသိစိတ္မွာစြဲသြားရင္ စိတ္ညစ္စရာတစ္ခုခုကို ရွာေတြးၿပီး စိတ္ညစ္ေနေတာ့တာပါ။ စိတ္မညစ္ရရင္ မေနတတ္ေတာ့ပါဘူး။ စိတ္ညစ္ေနရတာကိုပဲ ကိုယ့္ဘဝလို႔ ထင္သြားေတာ့တာပါ။ ကိုယ့္ကိုယ္ကိုယ္သတိထားမိရင္ သိသာပါတယ္။


             မေက်နပ္စိတ္အၿမဲျဖစ္ေနတဲ့သူကလည္း ၾကာလာေတာ့ မေက်နပ္စိတ္က မသိစိတ္မွာစြဲသြားေတာ့တာပါ။ ဒီေတာ့ ဘယ္အာ႐ုံပဲလာလာ မေက်နပ္စိတ္ပဲ ျဖစ္ေနေတာ့တာပါ။ မေက်နပ္စိတ္မျဖစ္ရရင္ မေနတတ္ေတာ့ပါဘူး။ မေက်နပ္စိတ္ျဖစ္လိုက္ရမွပဲ လူက ေနသာထိုင္သာရွိသြားေတာ့တာပါ။ မေက်နပ္စိတ္က မသိစိတ္မွာစြဲေနတာပါ။ ဒါကို သိစိတ္နဲ႕ ျပန္ေဖ်ာက္ရပါတယ္။


             လူတစ္ေယာက္ကို မေကာင္းျမင္စိတ္အၿမဲျဖစ္ေနရင္လည္း ၾကာလာတဲ့အခါ မေကာင္းျမင္စိတ္က ကိုယ့္ရဲ႕ မသိစိတ္မွာ စြဲသြားတတ္ပါတယ္။ မသိစိတ္မွာစြဲသြားရင္ သူဘာလုပ္လုပ္ ဘာေျပာေျပာ မေကာင္းဘဲ ျမင္ေနေတာ့တာပါ။ တကယ္လို႔ ကိုယ္မေကာင္းျမင္တဲ့ ပုဂၢိုလ္က မိသားစု, မိတ္ေဆြျဖစ္တယ္ဆိုရင္ ႏွစ္ေယာက္လုံးအတြက္ လြန္စြာဝမ္းနည္းဖို႔ေကာင္းပါတယ္။ တခ်ိန္ကျပဳခဲ့တဲ့ ေက်းဇူးတို႔၊ သံေယာဇဥ္တို႔ဆိုတာ ေပ်ာက္ကြယ္သြားေတာ့တာပါ။ ဒါမ်ိဳးႀကဳံလာခဲ့ရင္ ကိုယ့္ကိုယ္ကို သတိျပန္ကပ္ၿပီး တခ်ိန္ကေက်းဇူးတို႔ ၊ သံေယာဇဥ္တို႔ကို ထပ္ကာထပ္ကာ ျပန္ျပန္စဥ္းစားၿပီး သိစိတ္နဲ႕ ျပန္ပယ္ေပးရပါတယ္။ 


             ဒီလိုပါပဲ၊ စိတ္ခ်မ္းသာစရာပဲ ေတြးေနတဲ့သူကလည္း ၾကာလာေတာ့ စိတ္ခ်မ္းသာတဲ့ လူတစ္ေယာက္ျဖစ္လာေတာ့တာပါ။ ကိုယ္ေတြးေနတဲ့အရာေတြက ၾကာလာေတာ့ ကိုယ့္ဘဝျဖစ္လာတဲ့သေဘာပါ။ ဒါေၾကာင့္ မနက္အိပ္ရာနိုးတာနဲ႕ ခ်က္ခ်င္းမထေသးဘဲ နေမာတ ႆ႐ြတ္ၿပီး စိတ္ခ်မ္းသာဖို႔ ဆုေတာင္းမယ္။ တကယ္အိပ္ရာထတာနဲ႕ "ငါစိတ္ခ်မ္းသာတယ္ ၊ ငါစိတ္ခ်မ္းသာတယ္" လို႔ ငါးေခါက္ ေျခာက္ေခါက္ေလာက္ ႐ြတ္ၿပီး ကိုယ္လက္သန႔္စင္ခန္းသြားမယ္။ ကိုယ္ကိုယ္တိုင္က စိတ္ခ်မ္းသာတဲ့လူတစ္ေယာက္ျဖစ္ခ်င္တယ္ဆိုတာကို ကိုယ္တိုင္ေျပာေျပာေပးတာပါ။                         

      

             တခ်ိဳ႕စိတ္ပညာစာအုပ္ေတြမွာဆိုရင္ ကိုယ္လုံးေပၚမွန္ေရွ႕ မွာ "ငါစိတ္ခ်မ္းသာတယ္၊ ငါစိတ္ခ်မ္းသာတယ္" လို႔ တစ္ေန႕သုံးႀကိမ္ေလာက္ အသံထြက္ၿပီးဆိုခိုင္းတာပါ။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေပ်ာက္ေနတဲ့သူဆိုရင္လည္း "ငါ့ကိုယ္ကို ငါယုံၾကည္တယ္ ၊ငါ့ကိုယ္ကို ငါယုံၾကည္တယ္" လို႔ ေန႕စဥ္ဆိုခိုင္းတာပါ။ ဒီေတာ့ စိတ္ခ်မ္းသာဖို႔ ဘာသာေရးဘက္ကေန ေ႐ႊတိဂုံဘုရားမွာ ကုသိုလ္ျပဳဆုေတာင္းမယ္၊ မဟာမုနိဘုရားႀကီးမွာ ကုသိုလ္ျပဳဆုေတာင္းမယ္၊ အိမ္ကဘုရားမွာ ပန္း ေရခ်မ္းကပ္ဆုေတာင္းမယ္၊ တျခားကုသိုလ္ေတြျပဳဆုေတာင္းမယ္။ စိတ္ပညာဘက္ကလည္း "ငါစိတ္ခ်မ္းသာတယ္၊ ငါစိတ္ခ်မ္းသာတယ္" လို႔ ေန႕စဥ္တစ္ေန႕သုံးႀကိမ္ေလာက္႐ြတ္ၿပီး မသိစိတ္မွာစြဲသြားေအာင္ ေလ့က်င့္ယူမယ္ဆိုရင္ စိတ္ခ်မ္းသာရာနယ္ပယ္နဲ႕ နီးနီးလာမွာပါ။        


              တခ်ိဳ႕စိတ္ဆင္းရဲစရာေတြက ေတြးလို႔စိတ္ဆင္းရဲတာပါ၊ မေတြးရင္ စိတ္မဆင္းရဲပါဘူး။ သတိထားၾကည့္ရင္ သိသာပါတယ္။ ဒီေတာ့ စိတ္ဆင္းရဲစရာေတြ ေတြးၿပီဆိုရင္ သတိေလးနဲ႕ ကိုယ့္စိတ္ကို ျပန္ၾကည့္ ၾကည့္ေပးဖို႔ပါ။ သတိနဲ႕ ျပန္ၾကည့္လိုက္ရင္ ေတြးလို႔စိတ္ဆင္းရဲရတယ္ဆိုတာ ကိုယ္တိုင္သိရပါတယ္။        


               တစ္ေန႕က်ရင္ ခုရွိေနတဲ့လူေတြ ကိုယ္အပါအဝင္ တစ္ေယာက္မွရွိေတာ့ မွာ မဟုတ္ပါဘူး။ ဒါေတြကို သိပါလ်က္နဲ႕ ဟိုလူ႕ေၾကာက္ရ၊ ဒီလူ႕ေၾကာက္ရနဲ႕ ေနေနရတဲ့ဘဝကလည္း စိတ္ဆင္းရဲစရာအေၾကာင္းေတြထဲက အေၾကာင္းတစ္ခုပါ။ ဘယ္သူ႕ မွမထိခိုက္ဘူးဆိုရင္ လူ႕ဘဝသက္တမ္းတိုတိုေလးမွာ ကိုယ္ေနခ်င္တဲ့ ပုံစံေလးနဲ႕ ေနသြားတာကလည္း စိတ္ခ်မ္းသာရာတစ္ခုပါပဲ။         


             တကယ္ေတာ့ ဆင္းရဲတယ္ဆိုတာ ဘယ္ဆင္းရဲမွ မေကာင္းပါဘူး။ စိတ္ဆင္းရဲတာလည္း မေကာင္းပါဘူး။ ပိုက္ဆံဆင္းရဲတာလည္း မေကာင္းပါဘူး။ ဒါေပမယ့္ ပိုက္ဆံကိုပဲ 'ပထမ' 'ပထမ' ထားေနျပန္ရင္လည္း စိတ္ဆင္းရဲမႈက သက္ေရာက္မႈအရ မေခၚဘဲေရာက္လာရဦးမွာပါ၊ လူေတြဟာ ေသသာသြားတယ္ ကိုယ္ရွာထားတဲ့ ပိုက္ဆံေတြကို ဘယ္သူမွေတာ့ ကုန္ေအာင္ သုံးမသြားနိုင္ပါဘူး၊ ဒီလိုနဲ႕ပဲ ေသသြားရတာပါ။ မနက္ျဖန္ရွင္မယ္ဆိုတာေတာင္ ေသခ်ာတာမဟုတ္ပါဘူး။         


            သိဃၤသူ႕သမီးကေတာ့ သူ႕ဝန္းက်င္ကဇာတ္ေဆာင္ေတြရဲ႕ ကံသုံးပါးအမူအရာေတြကိုၾကည့္ၿပီးပဲ ဆုေတာင္းခဲ့ေလသလား၊ ဒါမွမဟုတ္ သူကိုယ္တိုင္ကပဲ ရမၼက္ေဒါသစသည္နည္းပါးသူျဖစ္ခ်င္လို႔ပဲ ဆုေတာင္းခဲ့ေလသလား ဆိုတဲ့ အေတြးကိုေတာ့ ေတြးေတြးေနမိပါတယ္။ တကယ္ေတာ့ သိဃၤသူ႕သမီးက ႏွောင္းလူေတြအတြက္ေတာ့ဆုေတာင္းနည္းျပတစ္ဦးပါ။ ေက်းဇူးလည္းတင္ဖို႔ေကာင္းပါတယ္။ ဆုေတာင္းေလးက တရားတစ္ခုအေနနဲ႕ ဒီေန႕အထိ ေက်းဇူးျပဳေနတာကေတာ့အမွန္တကယ္ပါ။        

 

             ဘာပဲေျပာေျပာ ပန္းတစ္ပြင့္ပဲလႉလႉ ဘယ္ကုသိုလ္ေလးပဲျပဳျပဳ ကုသိုလ္ျပဳတိုင္းျပဳတိုင္း "ဘဝအဆက္ဆက္စိတ္ခ်မ္းသာရပါလို၏ ဘုရား" လို႔ ဆုေတာင္းလိုက္ရတာကကိုပဲ ေက်နပ္ရျခင္းတစ္ခုျဖစ္ေနပါၿပီေလ။                                                                                                            

                                                                                                  #ရေဝႏြယ္(အင္းမ)


က်မ္းကိုး။ ။            

            ၁။ ဒႆမတန္းျမန္မာစကားေျပလက္ေ႐ြးစဥ္၊                  

           ၂။ ဦးကုလား မဟာရာဇဝင္ႀကီး၊                           

               ပထမအုပ္ စာမ်က္ႏွာ ၂၃၄။                

  

           ၃။ မွန္နန္းမဟာရာဇဝင္ေတာ္ႀကီး၊                           

               မင္းေခြးေခ်းအေၾကာင္း။                  


           ၄။ တြင္းသင္းျမန္မာရာဇဝင္သစ္၊                         

               ပထမတြဲ- စာမ်က္ႏွာ ၁၃၉။                

  

           ၅။ သုေသာဓိတ မဟာရာဇဝင္ႀကီး ပတြဲ ႏွင့္ ဒုတြဲ၊                            

               မင္းေခြးေခ်းအေၾကာင္း။                  


           ၆။ ပုဂံေခတ္ျမန္မာစာေပပါရဂူ (Ph.D) ဘြဲ႕အတြက္ တင္သြင္းေသာက်မ္း၊   

               (ေမာင္ရဲေဌး)                  


           ၇။ ျမန္မာစာပါေမာကၡ ဆရာမ မမိုးေျမ၏ ရာဇဝင္သမိုင္းေက်ာက္စာမ်ားကို 

               စာေရးသူအား ႏႈတ္အားျဖင့္ သင္ၾကားေျပာျပေပးမႈမ်ား။


           (သမိုင္းရာဇဝင္နာမည္မ်ားကိုေတာ့ "ဦးကုလားမဟာရာဇဝင္ႀကီး"တစ္အုပ္ကိုသာယူ၍ ေရးပါသည္)

No comments: