ဖိုဝါဒက ပေးတဲ့ Relationship ပြဿနာများ
(ဖတ်ရန်ကြာချိန် ၇ မိနစ်)
ကျွန်တော်တို့ဆီက RS ပုံစံ အများစုကို ကြည့်လိုက်ရင် ယောက်ျားလေးက မိန်းကလေးကို လိုက်တယ်။ ချစ်ရေးဆိုတယ်။ ပြန်ချစ်လာအောင် ကြိုးစားတယ်။ ချစ်သူဖြစ်သွားပြီဆို လက်ထပ်ပေါင်းသင်းမယ်။ တင့်တောင့်တင့်တယ် ထားနိုင်အောင်လည်း အလုပ်တွေ လုပ်၊ ငွေတွေ ရှာရတယ်။
မိန်းကလေးတော့ သူ့ကို ချဉ်းကပ်လာသူ၊ ချစ်တယ်လို့ ဖွင့်ပြောလာသူကို လေ့လာမယ်။ အကဲခတ်မယ်။ အားကိုးလို့ ရမရ၊ သစ္စာရှိ မရှိ၊ မိဘတွေနဲ့ အဆင်ပြေလောက် မပြေလောက်။ အကဲခတ်လို့ ကျေနပ်ပြီ ဆိုတဲ့အခါ အဖြေပြန်ပေးတယ်။ လက်ထပ်တယ်။ ဒီယောက်ျားကို ဖြည့်ဆည်းတယ်။ ပြုစုတယ်။ သူနဲ့ မွေးလာတဲ့ သားသမီးတွေကို စောင့်ရှောက်တယ်။
ဒါကြောင့် RS တစ်ခုကို အချစ်တွေ၊ မေတ္တာတွေ ခဏဖယ်ပြီး အပေးအယူဆိုတဲ့ ရှုထောင့်ကနေ တည့်တည့်ပြောရရင် ယောက်ျားလေးတစ်ယောက်သည် Sex ကို လိုချင်တယ်။ သူ့ကို အစစအရာရာ ဖြည့်ဆည်းပေးမဲ့သူ၊ အိမ်မှုကိစ္စ နိုင်နင်းသူ၊ Supportive role ကို ယူပေးမဲ့သူ လိုချင်တယ်။ ကလေးမွေးပေးဖို့၊ မိသားစုတစ်ခု သူ လိုချင်တယ်။ ဒီအတွက် သူ ပြန်ပေးရတာက အရည်အချင်း၊ ငွေရှာနိုင်စွမ်း၊ အားကိုးလောက်စရာ အရည်အချင်းတွေ ဖြစ်တယ်။
မိန်းကလေးအတွက်ကတော့ ပြောင်းပြန်ပေါ့။ ဘဝလုံခြုံမှု လိုချင်တယ်။ ပြည့်ပြည့်စုံစုံ နေချင်တယ်။ အားကိုးချင်တယ်။ ပုံအပ်ချင်တယ်။ ပြန်ပေးရတာကတော့ Sex ရယ်၊ အိမ်ထောင်ရှင်မ ဖြစ်ဖို့ရယ်၊ ကလေးမွေးဖွား ပြုစုပျိုးထောင်ဖို့ရယ်။
ဒါကို ကျွန်တော်တို့ အဖိုးအဖွားတွေဆီမှာ တွေ့နိုင်သလို မိဘတွေတုန်းကလည်း ဒီပုံစံပဲ။ ခုထိ ကိုယ်တွေမှာလည်း ဒီပုံစံပဲ တွေ့နေရသေးတယ်။ Sex နဲ့ ပတ်သက်လို့ အပျိုစစ်မှ ဆိုတာမျိုး မဟုတ်တော့ဘူး ဆိုရင်တောင် မိန်းမဆို အိမ်မှုကိစ္စနိုင်မှ၊ အချက်အပြုတ်တော်မှ၊ အပြုအစုကောင်းမှ၊ ဒါတွေတော့ ရှိသေးတာပဲ။ ရုပ်ရှင်ကားတွေ၊ သီချင်းတွေထဲမှာလည်း ဒီသဘောတွေ အများကြီးပဲ တွေ့ရမယ်။
ရုတ်တရက်ဆို အဆင်ပြေသလိုတော့ ထင်ရတယ်။ သို့သော် ဒီလိုပုံစံကြောင့် ဘာပြဿနာတွေ ဆက်ဖြစ်ရလဲ ဆိုတာ ဆွေးနွေးပါမယ်။
ဘာပြဿနာတွေ ပေးလဲ
Sex ဆိုတာ နှစ်ယောက်လုံး ခံစားကြရတာ ဖြစ်ပေမဲ့ ယောက်ျားတွေက ရယူတာ၊ မိန်းကလေးတွေက ပေးဆပ်ရတာ ဆိုတဲ့ အမြင်မျိုး ရှိနေတယ်။ မယူရသေးဘဲ အဲဒီကိစ္စ တောင်းဆိုတယ်ဆိုရင် ဒါ မိန်းကလေးကို တန်ဖိုးမထားတာ ဆိုတာမျိုးတောင် မြင်ခဲ့ကြတယ်။ ခုနောက်ပိုင်းသာ သိပ်မရှိတော့တာ။ သမီးရည်းစားဘဝမှာ ဒီမိန်းကလေးကို မှဲ့တစ်ပေါက် မစွန်းစေရဘဲ စောင့်ထိန်းတယ် ဆိုတာသည် ယောက်ျားတွေရဲ့ ဂုဏ်သိက္ခာ ဖြစ်နေခဲ့တာပေါ့။ ဆိုတော့ ယောက်ျားတစ်ယောက်သည် လက်ထပ်ပြီးမှပဲ ဒါကို ရယူနိုင်တယ်။
တစ်ဖက်ကလည်း မိန်းကလေးတွေအနေနဲ့ အပျိုစစ်မှသာ မိန်းမကောင်း ပီသတယ် ဆိုတာမျိုး သတ်မှတ်ထားကြတယ်။ လက်ထပ်တဲ့သူကိုမှ သူ့ရဲ့ အပျိုစင်ဘဝကို ပေးအပ်ချင်တယ်ပေါ့။ ယောက်ျားလေးကလည်း အဲ့လိုအပျိုစင်ဘဝကို ရလိုက်ရရင် ဘယ်လောက် ကြည်နူးတယ်၊ ရင်ခုန်တယ် ဆိုတာတွေကို မင်္ဂလာဦးညနဲ့ ပတ်သက်တဲ့ ဝတ္တုတွေ၊ ရုပ်ရှင်ကားတွေ၊ သီချင်းတွေက ဖော်ပြနေတယ်။
နောက်ပိုင်း အိမ်ထောင်သည်ဘဝမှာလည်း ဒီလိုပဲ။ Sex နဲ့ ပတ်သက်ရင် ယောက်ျားလိုအပ်တာ ဖြည့်ဆည်းပေးရတယ်လို့ပဲ မှတ်ယူထားကြတယ်။ Orgasm ဆိုတာ ဘာမှန်းမသိတဲ့ အမျိုးသမီးတွေ တစ်ပုံကြီး။
ဆိုတော့ အစပိုင်းကတော့ သိပ်ပြဿနာမရှိဘူး။ သို့သော် Everything has the expired date လေ။ အထူးသဖြင့် ဒီလိုစိတ်ဆန္ဒ (Passion) တွေ၊ စိတ်လှုပ်ရှားမှု (Excitement) တွေက ပိုပြီး သက်တမ်းကုန်လွယ်တယ်။ ပိုဆိုးတာက Sex ဆိုတာ ကိုယ့်ဘက်က အပေးသပ်သပ်ပဲလို့ ခံယူထားတော့ ပိုပိုပြီး ရင်ခုန်အောင် မလုပ်တော့ဘူး။ လုပ်ရင် ဒါ ရှက်စရာကောင်းတယ်၊ မိန်းမကောင်း မပီသရာ ရောက်တယ်၊ ငါ့ယောက်ျား ငါ့ကို အထင်သေးသွားမယ်၊ ဒီလိုအတွေးတွေ ရှိတယ်။ အဲဒီအခါ ယောက်ျားတွေရဲ့ စိတ်က ပြင်ပမိန်းမတွေဆီ ရောက်လာတယ်။ အသစ်ကို လိုချင်လာတယ်။
ယောက်ျားတိုင်းတော့ မဟုတ်ပါဘူး။ အလုပ်ပဲ အာရုံစိုက်နေတာ၊ မိသားစုနဲ့ ကလေးတွေကို ဦးစားပေးတာ၊ ကိုယ်ကျင့်သိက္ခာကို အလေးထားတာ၊ ဒါမှမဟုတ် Sex က သူ့အတွက် ဒီလောက်ကြီး အရေးမပါလှတာ စသဖြင့် အကြောင်းပေါင်းစုံ ဖြစ်နိုင်တယ်။ သူတို့တွေကတော့ Sex အတွက်နဲ့ တခြားမိန်းမဆီ မရောက်သွားဘူး။
သို့သော် တချို့ကတော့ အပေါ်မှာ ပြောခဲ့သလို Excitement အသစ်ကို ရှာချင်လာတယ်။ မိန်းမကိုလည်း ချစ်တယ်။ သားသမီးတွေကိုလည်း ချစ်တယ်။ သို့သော် သူတို့ရဲ့ လိင်ဆန္ဒအတွက်ပေါ့လေ။ အဲဒီကစလို့ အိမ်ထောင်ရေး ပြဿနာ စတက်တယ်။
ယောက်ျားက ခြေလှမ်းတွေ ပျက်လာတယ်။ စိတ်က ကိုယ့်ဆီ မရှိတော့ဘူး။ အလုပ်ကနေ ပြန်လာတာတွေ နောက်ကျလာတယ်။ ကြုံဖူးတဲ့ အမျိုးသမီးတွေကတော့ ပိုသိလိမ့်မယ်။ အဲ့လိုအချိန် ဖြစ်ရတဲ့ ခံစားချက်ကို။
အဲဒီမှာမှ တချို့က ငွေပဲ ချူတယ်။ တချို့က လူပါ အပိုင်လိုချင်လာတယ်။ ဇာတ်လမ်းတွေက ပိုရှုပ်ထွေးလာတယ်။ အဲဒီမှာ လာပြီ။ ဟိုတယ်ခန်းထဲထိ လိုက်သွားပြီး ပါးရိုက်တာတို့၊ ဖေ့စ်ဘွတ်ပေါ် တင်ပြီး အရှက်ခွဲတာတို့။
ဒါဖြင့် ဒီလောက်ဆိုးတဲ့ ယောက်ျား ကွာလိုက်ပါလား ဆိုတော့ ကွာလို့ မရဘူး။ ဘာလို့လဲဆို မိန်းမတွေဟာ ယောက်ျားတွေအပေါ်မှာ မှီခိုမှု ၃ မျိုး ရှိနေလို့ပဲ။
၁။ ငွေကြေးအရ မှီခိုနေရတာ (Financial dependence)
ဘာမှ မလုပ်စားတတ်တော့ ဒီယောက်ျား မရှိရင် မဖြစ်ဘူး။ ဒီတော့ ကြိတ်မှိတ်ပေါင်းသင်းပေတော့ပဲ။ ပေးစရာ ဥပမာတွေက အများကြီးပဲ။ စာရှည်မှာစိုးလို့ အဆိုးဆုံးတစ်ခုကိုပဲ ပြောပြမယ်။ အဖေက သမီးအရင်းကို အဓမ္မကျင့်တယ်။ အဲဒါကို ကလေးက တိုင်မယ်လုပ်တော့ အမေကိုယ်တိုင်က တားတယ်။ နင့်အဖေ ထောင်ကျသွားရင် ငါတို့တစ်မိသားစုလုံး ဒုက္ခရောက်မှာတဲ့။ ဒါ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အဆင့် မဟုတ်တော့ဘူးနော်။ မုဒိမ်းကျင့်တဲ့အဆင့်။ ကျင့်တာကလည်း သမီးရင်းကို။ အဲဒါတောင် ကွာဖို့ မပြောနဲ့၊ ဘာမှ မလုပ်ရဲဘူး ဆိုတာ ဒီလူ့အပေါ် ဝင်ငွေအရ မှီခိုနေရလို့ပဲ။
၂။ စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရတာ (Emotional dependence)
ခုခေတ်ကျ မိန်းကလေးတွေလည်း ကိုယ်ပိုင်အလုပ်နဲ့၊ ကိုယ်ပိုင်ဝင်ငွေနဲ့ ဖြစ်လာကြပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရတုန်းပဲ။ ယောက်ျားမရှိရင် မတင့်တယ်ဘူး ဆိုတာမျိုးပေါ့။ အိမ်ထောင်ကွဲထားတဲ့ ငါ့ကို တန်ဖိုးထား ချစ်တဲ့သူ၊ လက်ထပ်မဲ့သူမှ ရှိပါဦးမလား စသဖြင့် တွေးမိကြတယ်။ မိန်းကလေးတွေရဲ့ စိတ်မှာကိုက အဲဒီလို မလုံခြုံမှု (Insecurity) က ရှိနေတာ။ မိဘတွေရဲ့ ပျိုးထောင်မှုပုံစံနဲ့လည်း အများကြီး ပတ်သက်တာပေါ့။
၃။ လူမှုရေးအရ မှီခိုနေရတာ (Social dependence)
အိမ်ထောင်ပျက်ထားတဲ့ အမျိုးသမီး မဖြစ်ချင်ဘူး။ လူတွေ အထင်သေးမှာ ကြောက်တယ်။ တကယ်ကြောက်လောက်အောင်လည်း လူတွေက ကဲ့ရဲ့ကြ၊ သနားကြည့်နဲ့ ကြည့်ကြ လုပ်တာကိုး။ ယောက်ျားတွေကလည်း အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးဆို ပိုပြီး ယိသဲ့သဲ့က လုပ်ချင်ကြသေးတယ်။ ဆိုတော့ ဒါတွေကို ကြောက်တယ်။
ဒီလိုတစ်ခုမဟုတ် တစ်ခု မှီခိုနေရတဲ့အတွက် အမျိုးသမီးတွေဟာ တော်ရုံနဲ့ မကွာနိုင်ဘူး။ အဲ့တော့ ယောက်ျားဖြစ်သူ လုပ်သမျှ သည်းခံ၊ အိမ်မှာတော့ မျက်ရည်နဲ့ မျက်ခွက်။ ဖေ့စ်ဘွတ်ပေါ်တော့ သူ့ယောက်ျား ဘယ်လိုချစ်ကြောင်း တက်တက်ရေး။ မသိတဲ့သူတွေကလည်း အားကျပေါ့။ ဒီလိုအိမ်ထောင်သည် အမျိုးသမီးတွေ အများကြီး ရှိတယ်။
မိန်းမတွေရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-esteem) သည် ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်ယောက်ျားက ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်၊ တန်ဖိုးထားတယ် ဆိုတာကနေ လာတာ များတယ်လေ။ ဒါကြောင့် Right person ဆိုပြီး ပြောတာ၊ ကိုယ့်ပါတနာနဲ့ ပတ်သက်လို့ အကြွားများတာသည် မိန်းမတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ အားအကျခံချင်တာပေါ့။
ဒီတော့ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ရလို့ ပိုပျော်မသွားဘူး။ သူ ရပ်တည်နေတဲ့ ကမ္ဘာမြေကြီး ပျောက်သလို ဖြစ်သွားတာ။ အဲဒါထက်စာရင်တော့ ကိုယ့်ဆီ စိတ်မရှိတော့တဲ့ ယောက်ျားကိုပဲ ဆက်ပေါင်းနေလိုက်တာ ပိုကောင်းတယ်ဆိုပြီးပဲ ကြိတ်မှိတ်နေလိုက်ကြတော့တာပဲ။
Sex ကိစ္စ ဖောက်ပြန်မှ မဟုတ်ဘူး။ ရိုက်နှက်၊ အနိုင်ကျင့်၊ Emotional abuse တွေ လုပ်လည်း ဆက်ပေါင်းနေကြရတာ ဒါတွေကြောင့်ပဲ။
အိမ်ထောင်သက် နှစ်ကြာလာမှ ပြဿနာ တက်တာလား ဆိုတော့ မဟုတ်ဘူး။ မင်္ဂလာဦးညကတည်းက သတို့သမီးက သွေးမထွက်လို့ ငါ့ကို ချို(ဂျို) တပ်ပေးတယ်၊ နွားဖြစ်အောင် လုပ်တယ် ဆိုပြီး ရန်ရှာတာတွေလည်း ရှိတယ်။
သမီးရည်းစားဘဝမှာလည်း တက်တာပဲ။ ဘာလဲဆိုတော့ အပျိုစင်လေးကို ရဖို့ အိမ်ထောင်ရှိတာ မပြောဘဲ ကာမလိမ်လည်ရယူသွားတာ၊ Sex ကို ရဖို့ ချစ်တယ်ဆိုတဲ့ စကားကို လှလှပပပြောပြီး ချင်းထည့်သွားတာ၊ မိန်းကလေးတွေမှာ ဒီရည်းစားနဲ့ အတူနေပြီးလို့ ပြတ်သွားရင် ငါတော့ သွားပြီ၊ တန်ဖိုးမရှိတော့ဘူး ဆိုပြီး စိတ်ဒဏ်ရာတွေ ရကျန်နေခဲ့တာ၊ အဲ့လိုတွေပေါ့။
ဟော အဲဒီထက် ဆိုးလာရင် မုဒိမ်းကျင့်တာ၊ ခြိမ်းခြောက်ပြီး ကာမရယူတာ၊ ကားတင်ပြေးတာတွေ ဖြစ်လာတယ်။ အဲ့လို လုပ်ပြီးသွားရင်လည်း ဒီမုဒိမ်းကောင်က ယူပါမယ်ဆို မိန်းကလေးက လက်ခံလိုက်ရတာ ရှိတယ်။ ပတ်ဝန်းကျင်ကလည်း နားချတာကိုး။ ဟဲ့ တစ်ရှက်ကနေ နှစ်ရှက် မဖြစ်စေနဲ့ပေါ့လေ။ ပြီးခဲ့တာတွေလည်း ပြီးပြီပဲပေါ့။ အဲ့တော့ ဒီမုဒိမ်းကောင်က Impunity လို့ ခေါ်တဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရသွားရော။ ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်။ ပြန်မကြိုက်ဘူးလား။ ရတယ်လေ။ အတင်းအကြပ် ကာမရယူလိုက်။ ဒါဆို ကိုယ့်မိန်းမ မဖြစ်ချင်လည်း ဖြစ်ရတော့မှာပဲ။ ဒီလိုတွေ လက်ခံကျင့်သုံးလာကြရော။
ဒါ ခုနကလို အပေးအယူ၊ အလဲအထပ် လုပ်ခြင်းကနေ ဖြစ်လာတဲ့ အကျိုးဆက်တွေပေါ့။
ဘာကြောင့် ဖြစ်ရသလဲ
ဟုတ်ပြီ။ ဒါဆို ဘာကြောင့် အဲ့လို အပေးအယူပုံစံ ဖြစ်နေရသလဲ စဉ်းစားကြည့်ရအောင်။
စကားလုံးတစ်လုံးတည်း ပြောပါဆို Patriarchy လို့ ခေါ်တဲ့ ဖိုဝါဒကြောင့်ပဲ။ ဖိုဝါဒဆိုတာကို ထပ်ရှင်းပြရရင်တော့ အမျိုးသားတွေကို တစ်ဆင့်မြင့် လူတန်းစားရယ်လို့ ဖြစ်စေတဲ့ အတွေးအခေါ်၊ အလေ့အထ၊ ယဉ်ကျေးမှု၊ စံသတ်မှတ်ချက်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။
ယောက်ျားဆိုတာ အရည်အချင်း ရှိရတယ်။ ငွေရှာနိုင်ရတယ်။ ဦးဆောင်နိုင်တယ်။ မိန်းကလေးဆိုတာကတော့ အပျိုစစ်ရမယ်။ အိမ်မှုကိစ္စ နိုင်နင်းရတယ်။ မိခင်ကောင်း ပီသရမယ်။ မိန်းမကောင်း ပန်းပန် တစ်ပွင့်ပန် ဆိုသလို အိမ်ထောင်တစ်ဆက်တည်း ရှိရမယ်။ ဒီလို သတ်မှတ်ချက်တွေ ရှိတယ်။
မိန်းကလေးတစ်ယောက်က ဦးနှောက်ကပဲ ငြင်းငြင်း၊ နှလုံးသားကပဲ ငြင်းငြင်း၊ သူ့လိင်အင်္ဂါကို အပိုင်ရရင် သူ့ကို ပိုင်သွားပြီ ဆိုကတည်းက သူ့တန်ဖိုးဟာ ပညာအရည်အချင်းတို့၊ စိတ်နေစိတ်ထားတို့မှာ မရှိတော့ဘဲ အဲဒီ ၆ လက်မလောက် ရှည်တဲ့ နေရာမှာ ရောက်နေပြီ။
အဲ့လိုပေတံတွေကြောင့်ပဲ ငယ်ငယ်ကတည်းက ယောက်ျားလေး၊ မိန်းကလေးတွေရဲ့ တွေးခေါ်ပုံ၊ အရည်အချင်း ဖြည့်တင်းပုံ၊ ကိုယ့်ကိုယ်ကိုယ် ရှုမြင်မှု (Self-image) ၊ RS နဲ့ အိမ်ထောင်ရေးကနေ ဘာလိုချင်တယ် ဆိုတဲ့ မျှော်လင့်ချက်၊ ဒါတွေ မတူတော့ဘူး ဖြစ်လာတယ်။ အိမ်ထောင်ရေးသည် Partnership မဟုတ်ဘဲ Ownership ပုံစံ ဖြစ်နေတယ်။
ကိုယ်ပိုင်အလုပ်နဲ့၊ အရည်အချင်းနဲ့၊ ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးတွေကအစ အပေါ်မှာ ပြောခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ မလုံခြုံတာတွေ၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲ တွေးပူနေတာတွေ အများကြီးပဲ ရှိတယ်။ ဒါတွေဟာ Patriarchy ကြောင့်ပဲ။
တချို့ကလည်း ပြောကြတယ်။ မိန်းကလေးတွေရဲ့ တန်ဖိုးက အပျိုစစ်မှ မဟုတ်ဘူးတဲ့။ ပြန်ကြည့်တော့ ပြောတဲ့ မိန်းကလေးက နိုင်ငံခြားကနေ ဘွဲ့ရထားတာ။ နားထောင်နေတဲ့ မိန်းကလေးက ၄ တန်းနဲ့ ကျောင်းထွက်ထားတဲ့သူ။ သူ့ဘဝက ပညာလည်း ကောင်းကောင်းမသင်ရ၊ အလုပ်လည်း မရှိ၊ ရှိလည်း ရပ်တည်နိုင်လောက်တဲ့ ဝင်ငွေမရ။ အဲဒီအခါ သူ့တန်ဖိုးသည် အပျိုစင်ဘ၀ ဖြစ်နေဦးမှာပဲ။
ဆိုလိုတာက အဲ့တစ်ခုတည်း ကွက်ပြီး ပြောလို့ မရဘူး။ အမြင်ဖွင့်လို့ မရဘူး။ မိန်းကလေးတွေအတွက် ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လုပ်ပေးရမယ်။ ဒါမှ လက်တွေ့ကျမှာ။ အဲ့လို မိန်းကလေးတွေ အခွင့်အရေး ပိုရလာဖို့က Patriarchy ကို ဖယ်ရှားမှ ဖြစ်ပါလိမ့်မယ်။
ပိုရလာဖို့ ဆိုလို့ ဦးစားပေးရမယ် မဟုတ်ဘူး။ Patriarchy ကြောင့် ယောက်ျားတွေက အသာရသလို ဖြစ်နေတဲ့ အနေအထားကို ဖယ်ရှားပြီး မိန်းမတွေအတွက် တန်းတူညီမျှ အခွင့်အရေးတွေ ဖန်တီးပေးဖို့ ဆိုလိုတာ။ ဥပမာ သားနဲ့ သမီးမှာ သားကိုတော့ ကျောင်းဆက်ထား၊ သမီးကို ကျောင်းထုတ်၊ အိမ်အလုပ် ကူခိုင်းတာမျိုးကစလို့၊ လုပ်ခလစာ အညီအမျှ အပေးမခံရခြင်း အလယ်၊ ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီးတွေကို နေရာမပေးတာ အဆုံး၊ ဒါတွေကို လျော့နည်းသွားအောင် လုပ်ဖို့ လိုတယ်။
ယောက်ျားတွေက ချမ်းသာလာရင် ပျက်စီးတယ်၊ မိန်းမတွေက ဆင်းရဲရင် ပျက်စီးတယ် ဆိုတဲ့ စကားရှိတယ်။ ယောက်ျားတွေက အရည်အချင်း ရှိလာတဲ့အခါ၊ ငွေရှာကောင်းလာတဲ့အခါ ဝိုင်းဝိုင်းလည်လာတယ်။ အိမ်ထောင်ရှိရှိ မရှိရှိ ဂရုမစိုက်ဘူး၊ သူ့ကို စပွန်ဆာပေးနိုင်ရင် ပြီးရော ဆိုတဲ့ မိန်းကလေးတွေလည်း ရှိမယ်။ ခုနကလို ကိုယ့်ပါတနာကနေတဆင့် Self-esteem ကို တည်ဆောက်တာမို့ ဒီလို အရည်အချင်းရှိတဲ့ ယောက်ျားနဲ့ တွဲရရင်၊ ယူရရင် ဘဝက ပြည့်စုံပြီဆိုပြီး အပိုင်ယူတာတွေပါ ရှိလာတယ်။
မိန်းကလေးတွေကျ ငယ်ငယ်ကတည်းက ယောက်ျားအပေါ် မှီခိုရမယ် ဆိုတဲ့ပုံစံနဲ့ ပျိုးထောင်ခံလာရတော့ သူ သုံးချင်တာ၊ ဝယ်ချင်တာတွေကို ဝယ်ပေးမဲ့ လူတစ်ယောက်က လိုကိုလိုတယ်။ ကိုယ့်ဟာကိုယ် ဝယ်နိုင်ဖို့အတွက် လုံလောက်တဲ့ ပညာအရည်အချင်း၊ အလုပ်အကိုင် အခွင့်အလမ်းကလည်း ရှိမနေဘူး။ ဒီတော့ ဆင်းရဲရင် ပျက်စီးလွယ်တယ် ဆိုပြီး ဖြစ်လာတာ။ ပြောရရင် ဒီစကားသည်လည်း Patriarchy ကြောင့် ဖြစ်လာတာပဲ။
ယောက်ျားလေးတစ်ယောက်က နှစ်ရှည်လများ ရည်းစားဖြစ်ပြီးမှ ဖြတ်လိုက်တယ်ဆို သူများသားသမီးကို မစာနာဘူး ဆိုပြီး ဝိုင်းဆဲကြတယ်။ မိန်းကလေးဘက်က ဖြတ်သွားရင်တော့ ဒါ ဒီကောင် တော်တော်ဆိုးလို့နေမယ် ဆိုပြီး ပြောကြတယ်။ မိန်းမတွေက Double standard ဖြစ်နေတယ် ထင်ရတယ်၊ အမြဲပဲ သူတို့မှန်တယ် ပြောနေသလို ထင်ရတယ်။ သို့သော် အဲ့လိုနှစ်တွေ အကြာကြီး ရည်းစားဖြစ်ပြီးမှ ကွဲသွားရင် မိန်းကလေးဘက်က တန်ဖိုးကျသွားပြီလို့ ဒီလူ့အဖွဲ့အစည်းကပဲ သတ်မှတ်ထားတာကိုး။
Sex ကိစ္စမှာ မိန်းကလေးဘက်က စလို့ပါ ပြောရင် ဘယ်သူမှ မယုံကြဘူး ဆိုတာကလည်း Sex နဲ့ ပတ်သက်ရင် မိန်းကလေးတွေကို ထိန်းသိမ်းထားတာတွေ များလို့ပါ။ ဒီအကြောင်း ပြောရင်၊ ပွင့်လင်းရင် အထင်သေးတတ်ကြလို့ပါ။
ချမ်းသာတဲ့ ယောက်ျားက ရှင်ဘုရင်၊ ပိုက်ဆံမရှိတဲ့ ယောက်ျားက သူတောင်းစား ဆိုပြီး နှိုင်းခံရတာ၊ အပျိုစင်ကို မရလို့ နွား ဆိုပြီး တံဆိပ်ကပ် ခံရတာ၊ ဒါတွေဟာလည်း Patriarchy ကြောင့်ပါပဲ။
အဲ့လိုပဲ အချစ်ခံရသူနဲ့ တွေ့တော့ ကောင်မလေးမျက်နှာက ဘယ်လို ဆိုပြီး ရှယ်နေကြတာ၊ ထက်မြက်တဲ့ မိန်းမ လို့ အစချီပြီး စာအရှည်ကြီးတွေ ရေးနေကြတာ၊ သိန်းဘယ်နှထောင်နဲ့ တင်တောင်းတာ၊ တန်ဖိုးရှိအောင် နေလို့ အဲ့လို တင်တောင်းခံရတာပေါ့ ဆိုပြီး ပြောကြတာ၊ အဲ့လို တင်တောင်းခံရတာကို အားကျနေကြတာ အားလုံးဟာလည်း Patriarchy ကြောင့်ပဲ ဆိုတာ သိဖို့ လိုတယ်။ ကျော်လွန်ပြီး မြင်တတ်ဖို့ လိုပါတယ်။
စာလည်း သိပ်ရှည်နေပြီမို့ နိဂုံးချုပ်ရရင် ဖိုဝါဒဆိုတဲ့ ကိစ္စက ကျွန်တော်တို့ရဲ့ ရင်ထဲ အသည်းထဲမှာ စိမ့်ဝင်နေတဲ့ ကိစ္စ ဖြစ်တယ်။ ယောက်ျားတွေကိုလည်း ဒုက္ခပေးတာ ရှိပေမဲ့ အဓိကအားဖြင့်တော့ မိန်းကလေးတွေကို တစ်ဆင့်နိမ့်တဲ့ လူတန်းစားတွေ ဖြစ်သွားစေပါတယ်။ အပျိုစစ်ခြင်း၊ မစစ်ခြင်း ကိစ္စတွေထက် ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းနဲ့ကို ပြဿနာ ပေးနေတာပါ။
ဒါကို လျော့နည်းသွားအောင် လုပ်ဖို့က တစ်ရက် တစ်မနက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ အရင်ဆုံး၊ ကိုယ့်ဆီမှာ အမြစ်တွယ်နေတဲ့ ဒီအမြင်တွေကို တော်လှန်ရမယ်။ ပြီးရင်တော့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဆိုဆုံးမမှုတွေကို ကိုယ့်လက်ထက်မှာ အဆုံးသတ်ပစ်ဖို့ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၂၀.၁၂.၂၀၂၁
ဖိုဝါဒက ေပးတဲ့ Relationship ျပႆနာမ်ား
(ဖတ္ရန္ၾကာခ်ိန္ ၇ မိနစ္)
ကြၽန္ေတာ္တို႔ဆီက RS ပုံစံ အမ်ားစုကို ၾကည့္လိုက္ရင္ ေယာက္်ားေလးက မိန္းကေလးကို လိုက္တယ္။ ခ်စ္ေရးဆိုတယ္။ ျပန္ခ်စ္လာေအာင္ ႀကိဳးစားတယ္။ ခ်စ္သူျဖစ္သြားၿပီဆို လက္ထပ္ေပါင္းသင္းမယ္။ တင့္ေတာင့္တင့္တယ္ ထားနိုင္ေအာင္လည္း အလုပ္ေတြ လုပ္၊ ေငြေတြ ရွာရတယ္။
မိန္းကေလးေတာ့ သူ႕ကို ခ်ဥ္းကပ္လာသူ၊ ခ်စ္တယ္လို႔ ဖြင့္ေျပာလာသူကို ေလ့လာမယ္။ အကဲခတ္မယ္။ အားကိုးလို႔ ရမရ၊ သစၥာရွိ မရွိ၊ မိဘေတြနဲ႕ အဆင္ေျပေလာက္ မေျပေလာက္။ အကဲခတ္လို႔ ေက်နပ္ၿပီ ဆိုတဲ့အခါ အေျဖျပန္ေပးတယ္။ လက္ထပ္တယ္။ ဒီေယာက္်ားကို ျဖည့္ဆည္းတယ္။ ျပဳစုတယ္။ သူနဲ႕ ေမြးလာတဲ့ သားသမီးေတြကို ေစာင့္ေရွာက္တယ္။
ဒါေၾကာင့္ RS တစ္ခုကို အခ်စ္ေတြ၊ ေမတၱာေတြ ခဏဖယ္ၿပီး အေပးအယူဆိုတဲ့ ရႈေထာင့္ကေန တည့္တည့္ေျပာရရင္ ေယာက္်ားေလးတစ္ေယာက္သည္ Sex ကို လိုခ်င္တယ္။ သူ႕ကို အစစအရာရာ ျဖည့္ဆည္းေပးမဲ့သူ၊ အိမ္မႈကိစၥ နိုင္နင္းသူ၊ Supportive role ကို ယူေပးမဲ့သူ လိုခ်င္တယ္။ ကေလးေမြးေပးဖို႔၊ မိသားစုတစ္ခု သူ လိုခ်င္တယ္။ ဒီအတြက္ သူ ျပန္ေပးရတာက အရည္အခ်င္း၊ ေငြရွာနိုင္စြမ္း၊ အားကိုးေလာက္စရာ အရည္အခ်င္းေတြ ျဖစ္တယ္။
မိန္းကေလးအတြက္ကေတာ့ ေျပာင္းျပန္ေပါ့။ ဘဝလုံၿခဳံမႈ လိုခ်င္တယ္။ ျပည့္ျပည့္စုံစုံ ေနခ်င္တယ္။ အားကိုးခ်င္တယ္။ ပုံအပ္ခ်င္တယ္။ ျပန္ေပးရတာကေတာ့ Sex ရယ္၊ အိမ္ေထာင္ရွင္မ ျဖစ္ဖို႔ရယ္၊ ကေလးေမြးဖြား ျပဳစုပ်ိဳးေထာင္ဖို႔ရယ္။
ဒါကို ကြၽန္ေတာ္တို႔ အဖိုးအဖြားေတြဆီမွာ ေတြ႕နိုင္သလို မိဘေတြတုန္းကလည္း ဒီပုံစံပဲ။ ခုထိ ကိုယ္ေတြမွာလည္း ဒီပုံစံပဲ ေတြ႕ေနရေသးတယ္။ Sex နဲ႕ ပတ္သက္လို႔ အပ်ိဳစစ္မွ ဆိုတာမ်ိဳး မဟုတ္ေတာ့ဘူး ဆိုရင္ေတာင္ မိန္းမဆို အိမ္မႈကိစၥနိုင္မွ၊ အခ်က္အျပဳတ္ေတာ္မွ၊ အျပဳအစုေကာင္းမွ၊ ဒါေတြေတာ့ ရွိေသးတာပဲ။ ႐ုပ္ရွင္ကားေတြ၊ သီခ်င္းေတြထဲမွာလည္း ဒီသေဘာေတြ အမ်ားႀကီးပဲ ေတြ႕ရမယ္။
႐ုတ္တရက္ဆို အဆင္ေျပသလိုေတာ့ ထင္ရတယ္။ သို႔ေသာ္ ဒီလိုပုံစံေၾကာင့္ ဘာျပႆနာေတြ ဆက္ျဖစ္ရလဲ ဆိုတာ ေဆြးႏြေးပါမယ္။
ဘာျပႆနာေတြ ေပးလဲ
Sex ဆိုတာ ႏွစ္ေယာက္လုံး ခံစားၾကရတာ ျဖစ္ေပမဲ့ ေယာက္်ားေတြက ရယူတာ၊ မိန္းကေလးေတြက ေပးဆပ္ရတာ ဆိုတဲ့ အျမင္မ်ိဳး ရွိေနတယ္။ မယူရေသးဘဲ အဲဒီကိစၥ ေတာင္းဆိုတယ္ဆိုရင္ ဒါ မိန္းကေလးကို တန္ဖိုးမထားတာ ဆိုတာမ်ိဳးေတာင္ ျမင္ခဲ့ၾကတယ္။ ခုေနာက္ပိုင္းသာ သိပ္မရွိေတာ့တာ။ သမီးရည္းစားဘဝမွာ ဒီမိန္းကေလးကို မွဲ႕တစ္ေပါက္ မစြန္းေစရဘဲ ေစာင့္ထိန္းတယ္ ဆိုတာသည္ ေယာက္်ားေတြရဲ႕ ဂုဏ္သိကၡာ ျဖစ္ေနခဲ့တာေပါ့။ ဆိုေတာ့ ေယာက္်ားတစ္ေယာက္သည္ လက္ထပ္ၿပီးမွပဲ ဒါကို ရယူနိုင္တယ္။
တစ္ဖက္ကလည္း မိန္းကေလးေတြအေနနဲ႕ အပ်ိဳစစ္မွသာ မိန္းမေကာင္း ပီသတယ္ ဆိုတာမ်ိဳး သတ္မွတ္ထားၾကတယ္။ လက္ထပ္တဲ့သူကိုမွ သူ႕ရဲ႕ အပ်ိဳစင္ဘဝကို ေပးအပ္ခ်င္တယ္ေပါ့။ ေယာက္်ားေလးကလည္း အဲ့လိုအပ်ိဳစင္ဘဝကို ရလိုက္ရရင္ ဘယ္ေလာက္ ၾကည္ႏူးတယ္၊ ရင္ခုန္တယ္ ဆိုတာေတြကို မဂၤလာဦးညနဲ႕ ပတ္သက္တဲ့ ဝတၱဳေတြ၊ ႐ုပ္ရွင္ကားေတြ၊ သီခ်င္းေတြက ေဖာ္ျပေနတယ္။
ေနာက္ပိုင္း အိမ္ေထာင္သည္ဘဝမွာလည္း ဒီလိုပဲ။ Sex နဲ႕ ပတ္သက္ရင္ ေယာက္်ားလိုအပ္တာ ျဖည့္ဆည္းေပးရတယ္လို႔ပဲ မွတ္ယူထားၾကတယ္။ Orgasm ဆိုတာ ဘာမွန္းမသိတဲ့ အမ်ိဳးသမီးေတြ တစ္ပုံႀကီး။
ဆိုေတာ့ အစပိုင္းကေတာ့ သိပ္ျပႆနာမရွိဘူး။ သို႔ေသာ္ Everything has the expired date ေလ။ အထူးသျဖင့္ ဒီလိုစိတ္ဆႏၵ (Passion) ေတြ၊ စိတ္လႈပ္ရွားမႈ (Excitement) ေတြက ပိုၿပီး သက္တမ္းကုန္လြယ္တယ္။ ပိုဆိုးတာက Sex ဆိုတာ ကိုယ့္ဘက္က အေပးသပ္သပ္ပဲလို႔ ခံယူထားေတာ့ ပိုပိုၿပီး ရင္ခုန္ေအာင္ မလုပ္ေတာ့ဘူး။ လုပ္ရင္ ဒါ ရွက္စရာေကာင္းတယ္၊ မိန္းမေကာင္း မပီသရာ ေရာက္တယ္၊ ငါ့ေယာက္်ား ငါ့ကို အထင္ေသးသြားမယ္၊ ဒီလိုအေတြးေတြ ရွိတယ္။ အဲဒီအခါ ေယာက္်ားေတြရဲ႕ စိတ္က ျပင္ပမိန္းမေတြဆီ ေရာက္လာတယ္။ အသစ္ကို လိုခ်င္လာတယ္။
ေယာက္်ားတိုင္းေတာ့ မဟုတ္ပါဘူး။ အလုပ္ပဲ အာ႐ုံစိုက္ေနတာ၊ မိသားစုနဲ႕ ကေလးေတြကို ဦးစားေပးတာ၊ ကိုယ္က်င့္သိကၡာကို အေလးထားတာ၊ ဒါမွမဟုတ္ Sex က သူ႕အတြက္ ဒီေလာက္ႀကီး အေရးမပါလွတာ စသျဖင့္ အေၾကာင္းေပါင္းစုံ ျဖစ္နိုင္တယ္။ သူတို႔ေတြကေတာ့ Sex အတြက္နဲ႕ တျခားမိန္းမဆီ မေရာက္သြားဘူး။
သို႔ေသာ္ တခ်ိဳ႕ကေတာ့ အေပၚမွာ ေျပာခဲ့သလို Excitement အသစ္ကို ရွာခ်င္လာတယ္။ မိန္းမကိုလည္း ခ်စ္တယ္။ သားသမီးေတြကိုလည္း ခ်စ္တယ္။ သို႔ေသာ္ သူတို႔ရဲ႕ လိင္ဆႏၵအတြက္ေပါ့ေလ။ အဲဒီကစလို႔ အိမ္ေထာင္ေရး ျပႆနာ စတက္တယ္။
ေယာက္်ားက ေျခလွမ္းေတြ ပ်က္လာတယ္။ စိတ္က ကိုယ့္ဆီ မရွိေတာ့ဘူး။ အလုပ္ကေန ျပန္လာတာေတြ ေနာက္က်လာတယ္။ ႀကဳံဖူးတဲ့ အမ်ိဳးသမီးေတြကေတာ့ ပိုသိလိမ့္မယ္။ အဲ့လိုအခ်ိန္ ျဖစ္ရတဲ့ ခံစားခ်က္ကို။
အဲဒီမွာမွ တခ်ိဳ႕က ေငြပဲ ခ်ဴတယ္။ တခ်ိဳ႕က လူပါ အပိုင္လိုခ်င္လာတယ္။ ဇာတ္လမ္းေတြက ပိုရႈပ္ေထြးလာတယ္။ အဲဒီမွာ လာၿပီ။ ဟိုတယ္ခန္းထဲထိ လိုက္သြားၿပီး ပါးရိုက္တာတို႔၊ ေဖ့စ္ဘြတ္ေပၚ တင္ၿပီး အရွက္ခြဲတာတို႔။
ဒါျဖင့္ ဒီေလာက္ဆိုးတဲ့ ေယာက္်ား ကြာလိုက္ပါလား ဆိုေတာ့ ကြာလို႔ မရဘူး။ ဘာလို႔လဲဆို မိန္းမေတြဟာ ေယာက္်ားေတြအေပၚမွာ မွီခိုမႈ ၃ မ်ိဳး ရွိေနလို႔ပဲ။
၁။ ေငြေၾကးအရ မွီခိုေနရတာ (Financial dependence)
ဘာမွ မလုပ္စားတတ္ေတာ့ ဒီေယာက္်ား မရွိရင္ မျဖစ္ဘူး။ ဒီေတာ့ ႀကိတ္မွိတ္ေပါင္းသင္းေပေတာ့ပဲ။ ေပးစရာ ဥပမာေတြက အမ်ားႀကီးပဲ။ စာရွည္မွာစိုးလို႔ အဆိုးဆုံးတစ္ခုကိုပဲ ေျပာျပမယ္။ အေဖက သမီးအရင္းကို အဓမၼက်င့္တယ္။ အဲဒါကို ကေလးက တိုင္မယ္လုပ္ေတာ့ အေမကိုယ္တိုင္က တားတယ္။ နင့္အေဖ ေထာင္က်သြားရင္ ငါတို႔တစ္မိသားစုလုံး ဒုကၡေရာက္မွာတဲ့။ ဒါ အိမ္ေထာင္ေရး ေဖာက္ျပန္တဲ့အဆင့္ မဟုတ္ေတာ့ဘူးေနာ္။ မုဒိမ္းက်င့္တဲ့အဆင့္။ က်င့္တာကလည္း သမီးရင္းကို။ အဲဒါေတာင္ ကြာဖို႔ မေျပာနဲ႕၊ ဘာမွ မလုပ္ရဲဘူး ဆိုတာ ဒီလူ႕အေပၚ ဝင္ေငြအရ မွီခိုေနရလို႔ပဲ။
၂။ စိတ္ပိုင္းဆိုင္ရာအရ မွီခိုေနရတာ (Emotional dependence)
ခုေခတ္က် မိန္းကေလးေတြလည္း ကိုယ္ပိုင္အလုပ္နဲ႕၊ ကိုယ္ပိုင္ဝင္ေငြနဲ႕ ျဖစ္လာၾကၿပီ။ ဒါေပမဲ့ စိတ္ပိုင္းဆိုင္ရာအရ မွီခိုေနရတုန္းပဲ။ ေယာက္်ားမရွိရင္ မတင့္တယ္ဘူး ဆိုတာမ်ိဳးေပါ့။ အိမ္ေထာင္ကြဲထားတဲ့ ငါ့ကို တန္ဖိုးထား ခ်စ္တဲ့သူ၊ လက္ထပ္မဲ့သူမွ ရွိပါဦးမလား စသျဖင့္ ေတြးမိၾကတယ္။ မိန္းကေလးေတြရဲ႕ စိတ္မွာကိုက အဲဒီလို မလုံၿခဳံမႈ (Insecurity) က ရွိေနတာ။ မိဘေတြရဲ႕ ပ်ိဳးေထာင္မႈပုံစံနဲ႕လည္း အမ်ားႀကီး ပတ္သက္တာေပါ့။
၃။ လူမႈေရးအရ မွီခိုေနရတာ (Social dependence)
အိမ္ေထာင္ပ်က္ထားတဲ့ အမ်ိဳးသမီး မျဖစ္ခ်င္ဘူး။ လူေတြ အထင္ေသးမွာ ေၾကာက္တယ္။ တကယ္ေၾကာက္ေလာက္ေအာင္လည္း လူေတြက ကဲ့ရဲ႕ၾက၊ သနားၾကည့္နဲ႕ ၾကည့္ၾက လုပ္တာကိုး။ ေယာက္်ားေတြကလည္း အိမ္ေထာင္ကြဲထားတဲ့ အမ်ိဳးသမီးဆို ပိုၿပီး ယိသဲ့သဲ့က လုပ္ခ်င္ၾကေသးတယ္။ ဆိုေတာ့ ဒါေတြကို ေၾကာက္တယ္။
ဒီလိုတစ္ခုမဟုတ္ တစ္ခု မွီခိုေနရတဲ့အတြက္ အမ်ိဳးသမီးေတြဟာ ေတာ္႐ုံနဲ႕ မကြာနိုင္ဘူး။ အဲ့ေတာ့ ေယာက္်ားျဖစ္သူ လုပ္သမွ် သည္းခံ၊ အိမ္မွာေတာ့ မ်က္ရည္နဲ႕ မ်က္ခြက္။ ေဖ့စ္ဘြတ္ေပၚေတာ့ သူ႕ေယာက္်ား ဘယ္လိုခ်စ္ေၾကာင္း တက္တက္ေရး။ မသိတဲ့သူေတြကလည္း အားက်ေပါ့။ ဒီလိုအိမ္ေထာင္သည္ အမ်ိဳးသမီးေတြ အမ်ားႀကီး ရွိတယ္။
မိန္းမေတြရဲ႕ ကိုယ့္ကိုယ္ကိုယ္ ေလးစားမႈ (Self-esteem) သည္ ကိုယ့္အိမ္ေထာင္ဖက္၊ ကိုယ့္ေယာက္်ားက ဘယ္ေလာက္ခ်စ္တယ္၊ ဂ႐ုစိုက္တယ္၊ တန္ဖိုးထားတယ္ ဆိုတာကေန လာတာ မ်ားတယ္ေလ။ ဒါေၾကာင့္ Right person ဆိုၿပီး ေျပာတာ၊ ကိုယ့္ပါတနာနဲ႕ ပတ္သက္လို႔ အႂကြားမ်ားတာသည္ မိန္းမေတြ ျဖစ္ေနတာ ေတြ႕ရလိမ့္မယ္။ အားအက်ခံခ်င္တာေပါ့။
ဒီေတာ့ အဆင္မေျပတဲ့ အိမ္ေထာင္ေရးကို အဆုံးသတ္လိုက္ရလို႔ ပိုေပ်ာ္မသြားဘူး။ သူ ရပ္တည္ေနတဲ့ ကမၻာေျမႀကီး ေပ်ာက္သလို ျဖစ္သြားတာ။ အဲဒါထက္စာရင္ေတာ့ ကိုယ့္ဆီ စိတ္မရွိေတာ့တဲ့ ေယာက္်ားကိုပဲ ဆက္ေပါင္းေနလိုက္တာ ပိုေကာင္းတယ္ဆိုၿပီးပဲ ႀကိတ္မွိတ္ေနလိုက္ၾကေတာ့တာပဲ။
Sex ကိစၥ ေဖာက္ျပန္မွ မဟုတ္ဘူး။ ရိုက္ႏွက္၊ အနိုင္က်င့္၊ Emotional abuse ေတြ လုပ္လည္း ဆက္ေပါင္းေနၾကရတာ ဒါေတြေၾကာင့္ပဲ။
အိမ္ေထာင္သက္ ႏွစ္ၾကာလာမွ ျပႆနာ တက္တာလား ဆိုေတာ့ မဟုတ္ဘူး။ မဂၤလာဦးညကတည္းက သတို႔သမီးက ေသြးမထြက္လို႔ ငါ့ကို ခ်ိဳ(ဂ်ိဳ) တပ္ေပးတယ္၊ ႏြားျဖစ္ေအာင္ လုပ္တယ္ ဆိုၿပီး ရန္ရွာတာေတြလည္း ရွိတယ္။
သမီးရည္းစားဘဝမွာလည္း တက္တာပဲ။ ဘာလဲဆိုေတာ့ အပ်ိဳစင္ေလးကို ရဖို႔ အိမ္ေထာင္ရွိတာ မေျပာဘဲ ကာမလိမ္လည္ရယူသြားတာ၊ Sex ကို ရဖို႔ ခ်စ္တယ္ဆိုတဲ့ စကားကို လွလွပပေျပာၿပီး ခ်င္းထည့္သြားတာ၊ မိန္းကေလးေတြမွာ ဒီရည္းစားနဲ႕ အတူေနၿပီးလို႔ ျပတ္သြားရင္ ငါေတာ့ သြားၿပီ၊ တန္ဖိုးမရွိေတာ့ဘူး ဆိုၿပီး စိတ္ဒဏ္ရာေတြ ရက်န္ေနခဲ့တာ၊ အဲ့လိုေတြေပါ့။
ေဟာ အဲဒီထက္ ဆိုးလာရင္ မုဒိမ္းက်င့္တာ၊ ၿခိမ္းေျခာက္ၿပီး ကာမရယူတာ၊ ကားတင္ေျပးတာေတြ ျဖစ္လာတယ္။ အဲ့လို လုပ္ၿပီးသြားရင္လည္း ဒီမုဒိမ္းေကာင္က ယူပါမယ္ဆို မိန္းကေလးက လက္ခံလိုက္ရတာ ရွိတယ္။ ပတ္ဝန္းက်င္ကလည္း နားခ်တာကိုး။ ဟဲ့ တစ္ရွက္ကေန ႏွစ္ရွက္ မျဖစ္ေစနဲ႕ေပါ့ေလ။ ၿပီးခဲ့တာေတြလည္း ၿပီးၿပီပဲေပါ့။ အဲ့ေတာ့ ဒီမုဒိမ္းေကာင္က Impunity လို႔ ေခၚတဲ့ ျပစ္ဒဏ္ကင္းလြတ္ခြင့္ ရသြားေရာ။ ေကာင္မေလးတစ္ေယာက္ကို ႀကိဳက္တယ္။ ျပန္မႀကိဳက္ဘူးလား။ ရတယ္ေလ။ အတင္းအၾကပ္ ကာမရယူလိုက္။ ဒါဆို ကိုယ့္မိန္းမ မျဖစ္ခ်င္လည္း ျဖစ္ရေတာ့မွာပဲ။ ဒီလိုေတြ လက္ခံက်င့္သုံးလာၾကေရာ။
ဒါ ခုနကလို အေပးအယူ၊ အလဲအထပ္ လုပ္ျခင္းကေန ျဖစ္လာတဲ့ အက်ိဳးဆက္ေတြေပါ့။
ဘာေၾကာင့္ ျဖစ္ရသလဲ
ဟုတ္ၿပီ။ ဒါဆို ဘာေၾကာင့္ အဲ့လို အေပးအယူပုံစံ ျဖစ္ေနရသလဲ စဥ္းစားၾကည့္ရေအာင္။
စကားလုံးတစ္လုံးတည္း ေျပာပါဆို Patriarchy လို႔ ေခၚတဲ့ ဖိုဝါဒေၾကာင့္ပဲ။ ဖိုဝါဒဆိုတာကို ထပ္ရွင္းျပရရင္ေတာ့ အမ်ိဳးသားေတြကို တစ္ဆင့္ျမင့္ လူတန္းစားရယ္လို႔ ျဖစ္ေစတဲ့ အေတြးအေခၚ၊ အေလ့အထ၊ ယဥ္ေက်းမႈ၊ စံသတ္မွတ္ခ်က္ေတြကို ဆိုလိုတာ ျဖစ္ပါတယ္။
ေယာက္်ားဆိုတာ အရည္အခ်င္း ရွိရတယ္။ ေငြရွာနိုင္ရတယ္။ ဦးေဆာင္နိုင္တယ္။ မိန္းကေလးဆိုတာကေတာ့ အပ်ိဳစစ္ရမယ္။ အိမ္မႈကိစၥ နိုင္နင္းရတယ္။ မိခင္ေကာင္း ပီသရမယ္။ မိန္းမေကာင္း ပန္းပန္ တစ္ပြင့္ပန္ ဆိုသလို အိမ္ေထာင္တစ္ဆက္တည္း ရွိရမယ္။ ဒီလို သတ္မွတ္ခ်က္ေတြ ရွိတယ္။
မိန္းကေလးတစ္ေယာက္က ဦးႏွောက္ကပဲ ျငင္းျငင္း၊ ႏွလုံးသားကပဲ ျငင္းျငင္း၊ သူ႕လိင္အဂၤါကို အပိုင္ရရင္ သူ႕ကို ပိုင္သြားၿပီ ဆိုကတည္းက သူ႕တန္ဖိုးဟာ ပညာအရည္အခ်င္းတို႔၊ စိတ္ေနစိတ္ထားတို႔မွာ မရွိေတာ့ဘဲ အဲဒီ ၆ လက္မေလာက္ ရွည္တဲ့ ေနရာမွာ ေရာက္ေနၿပီ။
အဲ့လိုေပတံေတြေၾကာင့္ပဲ ငယ္ငယ္ကတည္းက ေယာက္်ားေလး၊ မိန္းကေလးေတြရဲ႕ ေတြးေခၚပုံ၊ အရည္အခ်င္း ျဖည့္တင္းပုံ၊ ကိုယ့္ကိုယ္ကိုယ္ ရႈျမင္မႈ (Self-image) ၊ RS နဲ႕ အိမ္ေထာင္ေရးကေန ဘာလိုခ်င္တယ္ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္၊ ဒါေတြ မတူေတာ့ဘူး ျဖစ္လာတယ္။ အိမ္ေထာင္ေရးသည္ Partnership မဟုတ္ဘဲ Ownership ပုံစံ ျဖစ္ေနတယ္။
ကိုယ္ပိုင္အလုပ္နဲ႕၊ အရည္အခ်င္းနဲ႕၊ ဝင္ေငြနဲ႕ ရပ္တည္နိုင္တဲ့ မိန္းကေလးေတြကအစ အေပၚမွာ ေျပာခဲ့သလို စိတ္ပိုင္းဆိုင္ရာအရ မလုံၿခဳံတာေတြ၊ ပတ္ဝန္းက်င္က ဘယ္လိုျမင္မလဲ ေတြးပူေနတာေတြ အမ်ားႀကီးပဲ ရွိတယ္။ ဒါေတြဟာ Patriarchy ေၾကာင့္ပဲ။
တခ်ိဳ႕ကလည္း ေျပာၾကတယ္။ မိန္းကေလးေတြရဲ႕ တန္ဖိုးက အပ်ိဳစစ္မွ မဟုတ္ဘူးတဲ့။ ျပန္ၾကည့္ေတာ့ ေျပာတဲ့ မိန္းကေလးက နိုင္ငံျခားကေန ဘြဲ႕ရထားတာ။ နားေထာင္ေနတဲ့ မိန္းကေလးက ၄ တန္းနဲ႕ ေက်ာင္းထြက္ထားတဲ့သူ။ သူ႕ဘဝက ပညာလည္း ေကာင္းေကာင္းမသင္ရ၊ အလုပ္လည္း မရွိ၊ ရွိလည္း ရပ္တည္နိုင္ေလာက္တဲ့ ဝင္ေငြမရ။ အဲဒီအခါ သူ႕တန္ဖိုးသည္ အပ်ိဳစင္ဘ၀ ျဖစ္ေနဦးမွာပဲ။
ဆိုလိုတာက အဲ့တစ္ခုတည္း ကြက္ၿပီး ေျပာလို႔ မရဘူး။ အျမင္ဖြင့္လို႔ မရဘူး။ မိန္းကေလးေတြအတြက္ ပညာေရး အခြင့္အလမ္း၊ အလုပ္အကိုင္ အခြင့္အလမ္းေတြ ရွိေနရမယ္။ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္နိုင္ေအာင္ လုပ္ေပးရမယ္။ ဒါမွ လက္ေတြ႕က်မွာ။ အဲ့လို မိန္းကေလးေတြ အခြင့္အေရး ပိုရလာဖို႔က Patriarchy ကို ဖယ္ရွားမွ ျဖစ္ပါလိမ့္မယ္။
ပိုရလာဖို႔ ဆိုလို႔ ဦးစားေပးရမယ္ မဟုတ္ဘူး။ Patriarchy ေၾကာင့္ ေယာက္်ားေတြက အသာရသလို ျဖစ္ေနတဲ့ အေနအထားကို ဖယ္ရွားၿပီး မိန္းမေတြအတြက္ တန္းတူညီမွ် အခြင့္အေရးေတြ ဖန္တီးေပးဖို႔ ဆိုလိုတာ။ ဥပမာ သားနဲ႕ သမီးမွာ သားကိုေတာ့ ေက်ာင္းဆက္ထား၊ သမီးကို ေက်ာင္းထုတ္၊ အိမ္အလုပ္ ကူခိုင္းတာမ်ိဳးကစလို႔၊ လုပ္ခလစာ အညီအမွ် အေပးမခံရျခင္း အလယ္၊ ေခါင္းေဆာင္ပိုင္းေတြမွာ အမ်ိဳးသမီးေတြကို ေနရာမေပးတာ အဆုံး၊ ဒါေတြကို ေလ်ာ့နည္းသြားေအာင္ လုပ္ဖို႔ လိုတယ္။
ေယာက္်ားေတြက ခ်မ္းသာလာရင္ ပ်က္စီးတယ္၊ မိန္းမေတြက ဆင္းရဲရင္ ပ်က္စီးတယ္ ဆိုတဲ့ စကားရွိတယ္။ ေယာက္်ားေတြက အရည္အခ်င္း ရွိလာတဲ့အခါ၊ ေငြရွာေကာင္းလာတဲ့အခါ ဝိုင္းဝိုင္းလည္လာတယ္။ အိမ္ေထာင္ရွိရွိ မရွိရွိ ဂ႐ုမစိုက္ဘူး၊ သူ႕ကို စပြန္ဆာေပးနိုင္ရင္ ၿပီးေရာ ဆိုတဲ့ မိန္းကေလးေတြလည္း ရွိမယ္။ ခုနကလို ကိုယ့္ပါတနာကေနတဆင့္ Self-esteem ကို တည္ေဆာက္တာမို႔ ဒီလို အရည္အခ်င္းရွိတဲ့ ေယာက္်ားနဲ႕ တြဲရရင္၊ ယူရရင္ ဘဝက ျပည့္စုံၿပီဆိုၿပီး အပိုင္ယူတာေတြပါ ရွိလာတယ္။
မိန္းကေလးေတြက် ငယ္ငယ္ကတည္းက ေယာက္်ားအေပၚ မွီခိုရမယ္ ဆိုတဲ့ပုံစံနဲ႕ ပ်ိဳးေထာင္ခံလာရေတာ့ သူ သုံးခ်င္တာ၊ ဝယ္ခ်င္တာေတြကို ဝယ္ေပးမဲ့ လူတစ္ေယာက္က လိုကိုလိုတယ္။ ကိုယ့္ဟာကိုယ္ ဝယ္နိုင္ဖို႔အတြက္ လုံေလာက္တဲ့ ပညာအရည္အခ်င္း၊ အလုပ္အကိုင္ အခြင့္အလမ္းကလည္း ရွိမေနဘူး။ ဒီေတာ့ ဆင္းရဲရင္ ပ်က္စီးလြယ္တယ္ ဆိုၿပီး ျဖစ္လာတာ။ ေျပာရရင္ ဒီစကားသည္လည္း Patriarchy ေၾကာင့္ ျဖစ္လာတာပဲ။
ေယာက္်ားေလးတစ္ေယာက္က ႏွစ္ရွည္လမ်ား ရည္းစားျဖစ္ၿပီးမွ ျဖတ္လိုက္တယ္ဆို သူမ်ားသားသမီးကို မစာနာဘူး ဆိုၿပီး ဝိုင္းဆဲၾကတယ္။ မိန္းကေလးဘက္က ျဖတ္သြားရင္ေတာ့ ဒါ ဒီေကာင္ ေတာ္ေတာ္ဆိုးလို႔ေနမယ္ ဆိုၿပီး ေျပာၾကတယ္။ မိန္းမေတြက Double standard ျဖစ္ေနတယ္ ထင္ရတယ္၊ အၿမဲပဲ သူတို႔မွန္တယ္ ေျပာေနသလို ထင္ရတယ္။ သို႔ေသာ္ အဲ့လိုႏွစ္ေတြ အၾကာႀကီး ရည္းစားျဖစ္ၿပီးမွ ကြဲသြားရင္ မိန္းကေလးဘက္က တန္ဖိုးက်သြားၿပီလို႔ ဒီလူ႕အဖြဲ႕အစည္းကပဲ သတ္မွတ္ထားတာကိုး။
Sex ကိစၥမွာ မိန္းကေလးဘက္က စလို႔ပါ ေျပာရင္ ဘယ္သူမွ မယုံၾကဘူး ဆိုတာကလည္း Sex နဲ႕ ပတ္သက္ရင္ မိန္းကေလးေတြကို ထိန္းသိမ္းထားတာေတြ မ်ားလို႔ပါ။ ဒီအေၾကာင္း ေျပာရင္၊ ပြင့္လင္းရင္ အထင္ေသးတတ္ၾကလို႔ပါ။
ခ်မ္းသာတဲ့ ေယာက္်ားက ရွင္ဘုရင္၊ ပိုက္ဆံမရွိတဲ့ ေယာက္်ားက သူေတာင္းစား ဆိုၿပီး ႏွိုင္းခံရတာ၊ အပ်ိဳစင္ကို မရလို႔ ႏြား ဆိုၿပီး တံဆိပ္ကပ္ ခံရတာ၊ ဒါေတြဟာလည္း Patriarchy ေၾကာင့္ပါပဲ။
အဲ့လိုပဲ အခ်စ္ခံရသူနဲ႕ ေတြ႕ေတာ့ ေကာင္မေလးမ်က္ႏွာက ဘယ္လို ဆိုၿပီး ရွယ္ေနၾကတာ၊ ထက္ျမက္တဲ့ မိန္းမ လို႔ အစခ်ီၿပီး စာအရွည္ႀကီးေတြ ေရးေနၾကတာ၊ သိန္းဘယ္ႏွေထာင္နဲ႕ တင္ေတာင္းတာ၊ တန္ဖိုးရွိေအာင္ ေနလို႔ အဲ့လို တင္ေတာင္းခံရတာေပါ့ ဆိုၿပီး ေျပာၾကတာ၊ အဲ့လို တင္ေတာင္းခံရတာကို အားက်ေနၾကတာ အားလုံးဟာလည္း Patriarchy ေၾကာင့္ပဲ ဆိုတာ သိဖို႔ လိုတယ္။ ေက်ာ္လြန္ၿပီး ျမင္တတ္ဖို႔ လိုပါတယ္။
စာလည္း သိပ္ရွည္ေနၿပီမို႔ နိဂုံးခ်ဳပ္ရရင္ ဖိုဝါဒဆိုတဲ့ ကိစၥက ကြၽန္ေတာ္တို႔ရဲ႕ ရင္ထဲ အသည္းထဲမွာ စိမ့္ဝင္ေနတဲ့ ကိစၥ ျဖစ္တယ္။ ေယာက္်ားေတြကိုလည္း ဒုကၡေပးတာ ရွိေပမဲ့ အဓိကအားျဖင့္ေတာ့ မိန္းကေလးေတြကို တစ္ဆင့္နိမ့္တဲ့ လူတန္းစားေတြ ျဖစ္သြားေစပါတယ္။ အပ်ိဳစစ္ျခင္း၊ မစစ္ျခင္း ကိစၥေတြထက္ ပိုၿပီးေတာ့ နက္နက္ရွိုင္းရွိုင္းနဲ႕ကို ျပႆနာ ေပးေနတာပါ။
ဒါကို ေလ်ာ့နည္းသြားေအာင္ လုပ္ဖို႔က တစ္ရက္ တစ္မနက္တည္းနဲ႕ မျဖစ္နိုင္ပါဘူး။ အရင္ဆုံး၊ ကိုယ့္ဆီမွာ အျမစ္တြယ္ေနတဲ့ ဒီအျမင္ေတြကို ေတာ္လွန္ရမယ္။ ၿပီးရင္ေတာ့ မ်ိဳးရိုးစဥ္ဆက္ လက္ဆင့္ကမ္းလာတဲ့ ဆိုဆုံးမမႈေတြကို ကိုယ့္လက္ထက္မွာ အဆုံးသတ္ပစ္ဖို႔ပါပဲ။
ေဒါက္တာ ၿဖိဳးသီဟ
၂၀.၁၂.၂၀၂၁
No comments:
Post a Comment