Wednesday, May 26, 2021

White Gold vs Platinum

 [Unicode]ရွှေဖြူ နှင့် ပလက်တီနမ်

================




ကျမရဲ့အတွေ့အကြုံတွေကိုဝေမျှရင်း ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်းကို ဗဟုသုတရစေချင်လို့ ဒီစာလေးကိုရေးဖြစ်တာပါ။ အရင်ဆုံးတော့ ကျမတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြချင်ပါတယ်။ ပြီးမှ ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတအဖြစ်ဝေမျှပေးပါမယ်။


တစ်ရက်မှာ ကျမတို့ အဖွားအတွက် လက်ကောက်ဝယ်ဖို့ဆိုပြီး ရွှေဆိုင်/ရွှေဖြူဆိုင် လေးငါးခြောက်ဆိုင်လောက်ကို ရောက်ခဲ့တယ်။ ပထမဆုံးဝင်ကြည့်ခဲ့တဲ့ဆိုင်ကိုကျော်ပြီး ဒုတိယ၀င်ကြည့်ခဲ့တဲ့ဆိုင်ကနေ စပြောပါမယ်။


ဒုတိယကြည့်ဖြစ်တဲ့ဆိုင်ကတော့ ရွှေနဂါး ပလက်တီနမ်နှင့်ရွှေဆိုင် ဆိုတဲ့ဆိုင်ပါ။ ဒီလက်ကောက်လေးကြည့်ပါရစေဆိုတော့ မှန်ပုံးထဲကနေထုတ်ပြရင်း “ဒါကျွန်မတို့သူဌေး နိုင်ငံခြားကနေတိုက်ရိုက်တင်သွင်းလာတဲ့ ပလက်တီနမ်အထည်တွေပါ။ မြန်မာနိုင်ငံမှာ ပလက်တီနမ်ကို ရွှေလိုနေ့စဉ်ပေါက်ဈေးနဲ့ တွက်ပြီးရောင်းပေးတဲ့ဆိုင်၊ ဒီလိုဆိုင်မျိုး ဒီတစ်ဆိုင်ပဲရှိတယ်။ ပြန်သွင်းရင်လည်း နေ့စဉ်ပေါက်ဈေးနဲ့တွက်တာဆိုတော့ ဈေးတက်ရင် ၀ယ်သူဘက်ကမနစ်နာဘူး။ တခြားဆိုင်တွေဆိုရင် ဂရမ်ချိန်နဲ့ရောင်းကြတာ ဈေးကြီးတယ်၊ ပြန်သွင်းရင်လည်း ဈေးနှိမ်တယ်……..” ဆိုတာတွေကို တလက်စက် ပြောနေတာပါ။ ကျမလည်းစိတ်ထဲတော်တော်ထူးဆန်းသွားတယ် ပလက်တီနမ်ပေါက်ဈေးကို ဘယ်ကကြည့်လဲ ဆိုတော့ မသိဘူး သူဌေးကိုယ်တိုင်ကြည့်တာလို့ပြောတယ်။ စကားပြောတဲ့ပုံကလည်း လူတတ်ကြီးလုပ်ပြီး ၀ယ်သူကို ဘာမှမသိတဲ့လူလို ဆက်ဆံတယ်။ အဲဒါနဲ့ ကျမနည်းနည်းတော့ ဒေါသထွက်သွားပြီး “ဒါ ပလက်တီနမ် မဟုတ်ဘူး ဒါ ရွှေဖြူ။ ဒီမှာ Au 750 လို့တောင်ရေးထားသေးတယ်။ Au ဆိုတာရွှေကို ဓာတုဗေဒလိုခေါ်တာ၊ အဲဒီ 750 ဆိုတာ ရွှေရဲ့ Hallmark၊ ပလက်တီနမ်က Pt လို့ခေါ်တယ်” လို့ပြောတော့ “ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် ဒါပလက်တီနမ်၊ ကျမတိုသူဌေးကိုယ်တိုင် နိုင်ငံခြားက တိုက်ရိုက်တင်သွင်းတာ။” လို့ပြောပြန်တယ်။ စကားပြောပုံကလည်း အဆင်မပြေပါ။ ကဲထားပါတော့လေဆိုပြီး ဒါဆိုရင် ဒီလက်ကောက်လေးဘယ်လောက်ကျမလဲဆိုပြီး ဈေးမေးကြည့်တော့၊ ဈေးကိုမြန်မာရွှေထုံးစံနဲ့တွက်ပါတယ်။ ပစ္စည်းက ၃.၂ ပဲ၊ အလျော့တွက်က ၁.၄ ပဲ ပေါင်း ၄.၆ ပဲ၊ အဲဒါကို သူတို့ပြောတဲ့ ပေါက်ဈေးဆိုတာနဲ့မြှောက်လိုက်တော့ တန်ဖိုးက ၅၉၈,၅၀၀ ကျပ်ကျပါတယ်။ ကျမအထင် ၁၀ ဂရမ်လောက်ပဲရှိတဲ့ လက်ကောက်ပါးလှပ်လှပ်လေးက ၆သိန်းနီးပါးကျတယ်။ ပြီးတော့ အဲဒီ ၅၉၈,၅၀၀ ကို ၁၆.၆ နဲ့စားချလိုက်ပြီး ဂရမ်ချိန်နဲ့ဆိုရင် ၁ ဂရမ်ကို ၃၆,၀၅၄ ကျပ်ပဲရှိတယ်ဆိုပြီးပြောပြန်ပါတယ်။ ၁၆.၆ ဆိုတာ ၁ ကျပ်သားမှာရှိတဲ့ ဂရမ်အလေးချိန်ပါ။ ထပ်ပြောရရင် သူပါးစပ်ကပြောတော့ ၃ ပဲ ၂ ရွေးလို့ပြောတယ်၊ တကယ်ဆိုရင် ၁ ပဲမှာ ၈ ရွေးဆိုတော့ ၃ ပဲ ၂ ရွေးက ၃.၂ ပဲ မဖြစ်နိုင်ပါဘူး။ ဈေးနှုန်းကိုလည်း ဘယ်လိုတွက်တယ်မသိဘူး၊ မျက်လုံးတောင်ပြူးသွားတယ်။ ဒီလိုတွက်ပြီး ဘယ်နှစ်ယောက်ကို ဒီလိုရောင်းပြီးပြီဆိုတာတော့ မသိဘူး၊ ကျမဆိုင်မှာကြည့်နေတုန်းတင် အတွဲတစ်တွဲက စုံတွဲလက်စွပ်ဝယ်ဖို့ ကြည့်နေကြသေးတယ်။


အဲဒါနဲ့ နောက်တစ်ဆိုင်ကိုသွားတယ် နာမည်ကြီးတဲ့ ပါဝါရွှေဆိုင်ပါ။ ရွှေဖြူထည်တွေနည်းပြီး လက်ကောက်ကလည်း ရွေးစရာနည်းတယ်။ ဈေးမေးကြည့်ဦးမှဆိုပြီး ဈေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကနေ ၅၀,၀၀၀ ကျော်အထိရှိတယ်တဲ့။ ဒီဇိုင်းပေါ်မူတည်ပြီး ဈေးကွာတယ်ဆိုပဲ။ ကျမက ဒီဇိုင်းလှလည်း ဒီရွှေပဲ၊ မလှလည်း ဒီရွှေပဲ၊ ဘာလို့ဈေးကွာရတာလဲဆိုတော့ ကျမကို “ဒီဇိုင်းလှရင်ဈေးကွာတာကြီးပဲ၊ ၀ယ်ဖူးရင်သိပါတယ်။” လို့ရန်တွေ့သလိုပြန်ပြောတယ်။


ကဲဒီတစ်ခါနာမည်ကြီး ရွှေဆိုင်ကိုသွားမယ်ဆိုပြီး ရွှေနန်းတော်ဆိုင်ကိုဝင်တယ်။ ဈေးမေးတော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၅၀,၀၀၀ ကျော်ထိရှိတယ်တဲ့။ ဆိုင်းဘုတ်မှာလည်း ပလက်တီနမ်ဆိုပြီးတော့တောင် ရေးထားလိုက်သေးတယ်။ အနီးနားက နောက်နှစ်ဆိုင်ကိုဝင်မေးကြည့်တော့ ၁ ဂရမ်ကို ၄၈,၀၀၀၊ ၄၉,၀၀၀ ရှိကြတယ်။ သူတို့ဆိုင်တွေလည်း ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းကြတယ်။ ကျမ တော်တော်စိတ်အလိုမကျဖြစ်ရတယ်။ ရွှေဆိုင်တွေက သာမန်စတိုးဆိုင်တွေထက် ၀န်ဆောင်မှုကောင်းသင့်တယ် မဟုတ်ဘူးလား။ အခုတော့ ၀ယ်ရင်ဝယ် မ၀ယ်ရင်လာမမေးနဲ့ဆိုတဲ့ ပုံစံမျိုးတဲ့ ၀ယ်သူကိုဆက်ဆံတာမျိုး မဖြစ်သင့်ပါ။ ပြီးတော့ ရွှေဖြူကို ပလက်တီနမ်လုပ်ပြီးရောင်းနေကြသေးတယ်။ ဒီလိုဆို ဒါဟာ သမာအာဇီဝ မဖြစ်နိုင်တော့ပါ။


အဲဒါနဲ့ ဆက်မရှာချင်တော့ပဲ ပထမဆုံး ၀င်ကြည့်ခဲ့တဲ့ဆိုင်ကိုပဲပြန်သွားပြီး ၀ယ်ဖြစ်ခဲ့တယ်။ အဲဒီဆိုင်က More & More ဆိုတဲ့ ရွှေဖြူတွေချည်းရောင်းတဲ့ဆိုင်ပါ။ အဲဒီဆိုင်ကတော့ ရွှေဖြူကို ရွှေဖြူလို့ပဲခေါ်ပြီး ဈေးနှုန်းကိုလည်း ဂရမ်ချိန်နဲ့ပဲရောင်းပါတယ်။ ဈေးမေးကြည့်တော့ ၁ ဂရမ်ကို ၄၆,၀၀၀ ကျပ်နဲ့တွက်တယ်တဲ့။ ပစ္စည်းတွေလည်း တော်တော်များများရှိတယ်၊ ဒီဇိုင်းတွေလည်း ရွေးစရာတွေရှိတော့ အဆင်ပြေတယ်။ ရောင်းတဲ့အမျိုးသမီးတွေကလည်း အခြားရွှေဆိုင်တွေထက်စာရင် ၀န်ဆောင်မှုကောင်းတယ်လို့ ပြောရမယ်။ မှန်မှန်ကန်ကန်နဲ့ ရောင်းတဲ့ဆိုင်လည်းဖြစ် စိတ်တိုင်းကျတဲ့ပစ္စည်းလည်း ရှာတွေ့တာကြောင့် More & More မှာပဲ ၀ယ်ဖြစ်ခဲ့တယ်။


ကျမတို့နိုင်ငံမှာ ရွှေဖြူနဲ့ ပလက်တီနမ်ကို ကွဲကွဲပြားပြားမသိကြတဲ့သူများတယ်။ ရန်ကုန်မှာရှိတဲ့ အချို့ရွှေဆိုင်တွေကသာ ရွှေဖြူလို့ခေါ်ပြီး အခြားရွှေဆိုင်တော်တော်များများက ပလက်တီနမ်လို့ ဆိုင်းဘုတ်တင်ပြီးရောင်းနေကြတာတွေ အားလုံးက ရွှေဖြူတွေပါ၊ ပလက်တီနမ်မဟုတ်ပါဘူး။ ရောင်းသူတွေကိုယ်တိုင်က ပလက်တီနမ်လို့ခေါ်ပြီးရောင်းနေမှတော့ လူတွေလိုက်ခေါ်ကြတာ မဆန်းပါဘူး။ ဒါကြောင့် မသိသေးတဲ့သူတွေကို သိသွားအောင်ပြောပြချင်စိတ်ပေါ်လာလို့ ကျမတွေ့ကြုံခဲ့ရတဲ့ ဒီအဖြစ်အပျက်လေးကိုအရင်ပြုပြီး စာဖတ်သူအားလုံးကို ရွှေဖြူနဲ့ ပလက်တီနမ်အကြောင်း ဗဟုသုတမျှဝေပေးလိုက်ပါတယ်…


ရွှေဖြူ ဆိုသည်မှာ…


ရွှေဖြူဆိုသည်မှာ ရွှေသတ္တုစပ်တစ်မျိုးဖြစ်ပါသည်။ ရွှေအ၀ါကို အဖြူရောင်ရှိသောအခြားသတ္တုများဖြစ်တဲ့ နီကယ် (nickel)၊ ဇင့် (zinc)၊ ပလက်ဒီယမ် (palladium)၊ နှင့် ပလက်တီနမ် (platinum) သတ္တုတွေကို အချိုးကျရောစပ်ပြီး၊ ရိုဒီယမ် (rhodium) သတ္တုဖြင့် အပေါ်ယံမှာအရောင်တင်လိုက်သောအခါ ရွှေဖြူဖြစ်လာသည်။ ရွှေဖြူကို 24K, 22K, 18K, 14K စသည်ဖြင့် ရွှေ၏အရည်အသွေးကို ကရက် (karat) ဟူသောအတိုင်းအတာဖြင့် ဖော်ပြကြသည်။ 24K ဆိုသည်မှာ ရွှေဝါ ၉၉% နှုန်းပါဝင်ပြီး၊ 22K ဆိုသည်မှာ ရွှေဝါ ၉၁% ပါဝင်ကြောင်းကို ဖော်ညွှန်းသည်။ လက်ဝတ်ရတနာများအဖြစ် ၀တ်ဆင်ရန်ပြုလုပ်ထားသော ရွှေဖြူများသည် 18K (ရွှေဝါ ပါဝင်မှု ၇၅% နှုန်း) နှင့် 14K (ရွှေဝါ ပါဝင်မှု ၆၀%ခန့်) ရှိသော ရွှေဖြူထည်များဖြစ်ကြသည်။ ထို့ကြေင့် ရွှေဖြူထည်များ၏ အတွင်းတစ်နေရာတွင် 18K၊ 14K ဟုရေးသားထားလေ့ရှိသည်။ အချို့ရွှေဖြူထည်များတွင် 750 ဟုရေးသားလေ့ရှိကြပြီး၊ ထို 750 သည်လည်း ရွှေဝါပါဝင်မှု ၇၅% ရှိကြောင်း ဖော်ညွှန်းခြင်းဖြစ်သည်။ ဤကဲ့သို့ဖော်ညွန်းခြင်းကို ရွှေ၏ Hallmark ဟုခေါ်သည်။


ပလက်တီနမ် ဆိုသည်မှာ…


ပလက်တီနမ် ဆိုသည်မှာ မီခိုးဖြူရောင်ရှိသော သတ္တုတစ်မျိုးဖြစ်သည်။ ပလက်တီနမ်၏ အရောင်သည် ပိုမိုဖြူဖွေးပြီး အရာင်မှာလည်းကြာရှည်ခံသည့်အတွက် ရွှေဖြူကဲ့သို့ ရိုဒီယမ် (rhodium) သတ္တုဖြင့် အရောင်တင်ရန်မလိုပါ။ လက်ဝတ်ရတနာပြုလုပ်ရာတွင်လည်း ပလက်တီနမ်ကို ရွှေဖြူကဲ့သို့ အခြားသတ္တုများရောစပ်ရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ပလက်တီနမ်သည် ရွှေထက်သိပ်သည်းဆများပြီး ပိုမိုမာကျောသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပလက်တီနမ်သည် ရွှေထက်ပိုလေးခြင်းဖြစ်သည်။ ပလက်တီနမ်သည် ရှားပါးသောသတ္တုတစ်မျိုးလည်းဖြစ်ပြီး၊ ရွှေဖြူထက် ဈေးပိုကြီးသည်။ ထိုသို့သောအကြောင်းများကြောင့် ပလက်တီနမ်ကို လက်ဝတ်ရတနာအဖြစ်လည်း အသုံးနည်းကြသည်။


Credit ; Pinky (Pwintyeekyaw)


မှက်ချက်

ဒီစာမှာ ရွှေဆိုင်နာမည်တွေကို ထည့်ရေးရတာ စာဖတ်သူတွေကို ဘယ်ဆိုင်တွေဆိုတာကို အတိအကျသိစေချင်လို့ပါ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ် စီပွားရေးတိုက်ခိုက်လိုစိတ် လုံးဝမရှိပဲ အဖြစ်အပျက်တစ်ခုအနေနဲ့သာ ရေးသားခြင်းဖြစ်ပါတယ်။


#ပလက်တီနမ် နှင့် ရွှေဖြူ  ကွာခြားချက်


ပလက်တီနမ် ဆိုတာ အဖြူရောင်ဂုဏ်သတ္တိရှိသော သဘာဝတွင်းထွက် သတ္ထု ပဲဖြစ်တယ်။


ရွှေဖြူဆိုတာကတော့ ရွှေကို အဖြူရောင်ဂုဏ်သတ္တိရှိသော  သတ္တုများနှင့် ရောစပ်ပြီး ပြုလုပ်ထားခြင်းဖြစ်တယ်။


အပြင်ပန်းကြည့်မယ်ဆိုရင် နှစ်ခုလုံးက အဖြူရောင်ဖြစ်တဲ့အတွက် တူတယ်လို့ထင်ရပင်မဲ့ သူတို့ရဲ့ ဂုဏ်သတ္တိတွေဟာ အများကြီး ကွဲလွဲပါတယ် ။


ပလက်တီနမ် (Platinum)


ပလက်တီနမ် ကို ပါဝင်တဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး   Pt999 , Pt990 , Pt950  ဆိုပြီး သုံး မျိုးခွဲပါတယ် ။


Pt 999   -  Pt 999 ဆိုတာ 99.9 %  သန့်စင်ပြီး ပလက်တီနမ်သတ္တု ပါဝင်ပါတယ်။


Pt 990    -  Pt 990 ဆိုတာ 99.0 %  သန့်စင်ပြီး ပလက်တီနမ်သတ္တု ပါဝင်ပါတယ်။


Pt 950    -  Pt 950 ဆိုတာ 95.0 %  သန့်စင်ပြီး ပလက်တီနမ်သတ္တု ပါဝင်ပါပြီး 5 % က Cobalt ဆိုသော သတ္တုတစ်မျိုးပါဝင်ပါတယ်။


ရွှေဖြူ   (White Gold)


ရွှေဖြူ  ကိုလည်း ပါဝင်တဲ့ ရာခိုင်နှုန်း ပေါ်မူတည်ပြီး  18K (Au-750) နှင့် 14K (Au-585) ဆိုပြီး နှစ်မျိုးခွဲပါတယ်။ ( မြန်မာပြည်ဈေးကွက်တွင် ဤ နှစ်မျိုးသာ အသုံးများသောကြောင့် နှစ်မျိုးသာခွဲပြထားခြင်းဖြစ်သည်။ 9K ,10K, 22K ဆိုပြီးလည်း ခွဲနိူင်သည်။)


*Au ဆိုတာ ရွှေ ကို ကိုယ်စားပြုသော သင်္ကေတဖြစ်သည်။*


*K ဆိုတာ Karat (ခေါ်) ရွှေပါဝင်သော အလေးချိန်ကို ညွန်းသည်။*


18K (သို့) Au-750   -  Au-750 ဆိုတာ 75% ရွှေ ( Gold ) ပါဝင်ပြီး  25 % မှာ  Silver , Manganese ,Palladium တို့ ပါဝင်ပါတယ်။ ( 24K ဆိုတာ  100% ရွှေရည် အပြည့်ကို ဆိုလိုပြီး 18K က 18/24 ပဲပါတာဖြစ်လို့ 75% ရွှေပါတာပဲဖြစ်တယ်။)


14K(သို့) Au-585  - Au-585 ဆိုတာ 58.5% ရွှေ ( Gold ) ပါဝင်ပြီး  41.5 % မှာ  Silver , Manganese ,Palladium တို့ ပါဝင်ပါတယ်။ (14K က 14/24 ပဲပါတာဖြစ်လို့ 58.5 % ရွှေပါတာပဲဖြစ်တယ်။)


ဒါကိုကြည့်ခြင်းအားဖြင့် 18K နှင့် 14K ယှဉ်မယ်ဆိုလျှင် 18K ဟာ ရွှေပိုမို ပါဝင်တာကြောင့် အရည်အသွေးပိုကောင်းပါတယ်။


18K  ရွှေဖြူကို အရောင် နှင့်လည်း White Gold , Pink Gold , Yellow Gold ဆိုပြီး ထပ်မံ ခွဲခြားနိူင်ပါတယ် ။ 


White Gold  - 75% Pure Gold  + 25 % Silver , Manganese , Palladium


Pink Gold    - 75% Pure Gold  + 25% Copper


Yellow Gold - 75% Pure Gold + 25% Copper , Zinc


[Zawgyi]ေရႊျဖဴ ႏွင့္ ပလက္တီနမ္

================




က်မရဲ့အေတြ့အႀကံဳေတြကိုေဝမ်ွရင္း ေရႊျဖဴနဲ႔ ပလက္တီနမ္အေၾကာင္းကို ဗဟုသုတရေစခ်င္လို႔ ဒီစာေလးကိုေရးျဖစ္တာပါ။ အရင္ဆံုးေတာ့ က်မေတြ့ႀကံဳခဲ့တဲ့ အေတြ့အႀကံဳေတြကို ေျပာျပခ်င္ပါတယ္။ ၿပီးမွ ေရႊျဖဴနဲ႔ ပလက္တီနမ္အေၾကာင္း ဗဟုသုတအျဖစ္ေဝမ်ွေပးပါမယ္။


တစ္ရက္မွာ က်မတို႔ အဖြားအတြက္ လက္ေကာက္ဝယ္ဖို႔ဆိုၿပီး ေရႊဆိုင္/ေရႊျဖဴဆိုင္ ေလးငါးေျခာက္ဆိုင္ေလာက္ကို ေရာက္ခဲ့တယ္။ ပထမဆံုးဝင္ၾကၫ့္ခဲ့တဲ့ဆိုင္ကိုေက်ာ္ၿပီး ဒုတိယ၀င္ၾကၫ့္ခဲ့တဲ့ဆိုင္ကေန စေျပာပါမယ္။


ဒုတိယၾကၫ့္ျဖစ္တဲ့ဆိုင္ကေတာ့ ေရႊနဂါး ပလက္တီနမ္ႏွင့္ေရႊဆိုင္ ဆိုတဲ့ဆိုင္ပါ။ ဒီလက္ေကာက္ေလးၾကၫ့္ပါရေစဆိုေတာ့ မွန္ပံုးထဲကေနထုတ္ျပရင္း “ဒါကြၽန္မတို႔သူေဌး ႏိုင္ငံျခားကေနတိုက္ရိုက္တင္သြင္းလာတဲ့ ပလက္တီနမ္အထည္ေတြပါ။ ျမန္မာႏိုင္ငံမွာ ပလက္တီနမ္ကို ေရႊလိုေန့စဉ္ေပါက္ေဈးနဲ႔ တြက္ၿပီးေရာင္းေပးတဲ့ဆိုင္၊ ဒီလိုဆိုင္မ်ိဳး ဒီတစ္ဆိုင္ပဲရိွတယ္။ ျပန္သြင္းရင္လည္း ေန့စဉ္ေပါက္ေဈးနဲ႔တြက္တာဆိုေတာ့ ေဈးတက္ရင္ ၀ယ္သူဘက္ကမနစ္နာဘူး။ တျခားဆိုင္ေတြဆိုရင္ ဂရမ္ခ်ိန္နဲ႔ေရာင္းၾကတာ ေဈးႀကီးတယ္၊ ျပန္သြင္းရင္လည္း ေဈးႏိွမ္တယ္……..” ဆိုတာေတြကို တလက္စက္ ေျပာေနတာပါ။ က်မလည္းစိတ္ထဲေတာ္ေတာ္ထူးဆန္းသြားတယ္ ပလက္တီနမ္ေပါက္ေဈးကို ဘယ္ကၾကၫ့္လဲ ဆိုေတာ့ မသိဘူး သူေဌးကိုယ္တိုင္ၾကၫ့္တာလို႔ေျပာတယ္။ စကားေျပာတဲ့ပံုကလည္း လူတတ္ႀကီးလုပ္ၿပီး ၀ယ္သူကို ဘာမွမသိတဲ့လူလို ဆက္ဆံတယ္။ အဲဒါနဲ႔ က်မနည္းနည္းေတာ့ ေဒါသထြက္သြားၿပီး “ဒါ ပလက္တီနမ္ မဟုတ္ဘူး ဒါ ေရႊျဖဴ။ ဒီမွာ Au 750 လို႔ေတာင္ေရးထားေသးတယ္။ Au ဆိုတာေရႊကို ဓာတုေဗဒလိုေခၚတာ၊ အဲဒီ 750 ဆိုတာ ေရႊရဲ့ Hallmark၊ ပလက္တီနမ္က Pt လို႔ေခၚတယ္” လို႔ေျပာေတာ့ “ဟုတ္ေတာ့ဟုတ္တယ္ ဒါေပမယ့္ ဒါပလက္တီနမ္၊ က်မတိုသူေဌးကိုယ္တိုင္ ႏိုင္ငံျခားက တိုက္ရိုက္တင္သြင္းတာ။” လို႔ေျပာျပန္တယ္။ စကားေျပာပံုကလည္း အဆင္မေျပပါ။ ကဲထားပါေတာ့ေလဆိုၿပီး ဒါဆိုရင္ ဒီလက္ေကာက္ေလးဘယ္ေလာက္က်မလဲဆိုၿပီး ေဈးေမးၾကၫ့္ေတာ့၊ ေဈးကိုျမန္မာေရႊထံုးစံနဲ႔တြက္ပါတယ္။ ပစၥည္းက ၃.၂ ပဲ၊ အေလ်ာ့တြက္က ၁.၄ ပဲ ေပါင္း ၄.၆ ပဲ၊ အဲဒါကို သူတို႔ေျပာတဲ့ ေပါက္ေဈးဆိုတာနဲ႔ေျမႇာက္လိုက္ေတာ့ တန္ဖိုးက ၅၉၈,၅၀၀ က်ပ္က်ပါတယ္။ က်မအထင္ ၁၀ ဂရမ္ေလာက္ပဲရိွတဲ့ လက္ေကာက္ပါးလွပ္လွပ္ေလးက ၆သိန္းနီးပါးက်တယ္။ ၿပီးေတာ့ အဲဒီ ၅၉၈,၅၀၀ ကို ၁၆.၆ နဲ႔စားခ်လိုက္ၿပီး ဂရမ္ခ်ိန္နဲ႔ဆိုရင္ ၁ ဂရမ္ကို ၃၆,၀၅၄ က်ပ္ပဲရိွတယ္ဆိုၿပီးေျပာျပန္ပါတယ္။ ၁၆.၆ ဆိုတာ ၁ က်ပ္သားမွာရိွတဲ့ ဂရမ္အေလးခ်ိန္ပါ။ ထပ္ေျပာရရင္ သူပါးစပ္ကေျပာေတာ့ ၃ ပဲ ၂ ေရြးလို႔ေျပာတယ္၊ တကယ္ဆိုရင္ ၁ ပဲမွာ ၈ ေရြးဆိုေတာ့ ၃ ပဲ ၂ ေရြးက ၃.၂ ပဲ မျဖစ္ႏိုင္ပါဘူး။ ေဈးႏႈန္းကိုလည္း ဘယ္လိုတြက္တယ္မသိဘူး၊ မ်က္လံုးေတာင္ျပဴးသြားတယ္။ ဒီလိုတြက္ၿပီး ဘယ္ႏွစ္ေယာက္ကို ဒီလိုေရာင္းၿပီးၿပီဆိုတာေတာ့ မသိဘူး၊ က်မဆိုင္မွာၾကၫ့္ေနတုန္းတင္ အတြဲတစ္တြဲက စံုတြဲလက္စြပ္ဝယ္ဖို႔ ၾကၫ့္ေနၾကေသးတယ္။


အဲဒါနဲ႔ ေနာက္တစ္ဆိုင္ကိုသြားတယ္ နာမည္ႀကီးတဲ့ ပါဝါေရႊဆိုင္ပါ။ ေရႊျဖဴထည္ေတြနည္းၿပီး လက္ေကာက္ကလည္း ေရြးစရာနည္းတယ္။ ေဈးေမးၾကၫ့္ဦးမွဆိုၿပီး ေဈးေမးၾကၫ့္ေတာ့ ၁ ဂရမ္ကို ၄၆,၀၀၀ ကေန ၅၀,၀၀၀ ေက်ာ္အထိရိွတယ္တဲ့။ ဒီဇိုင္းေပၚမူတည္ၿပီး ေဈးကြာတယ္ဆိုပဲ။ က်မက ဒီဇိုင္းလွလည္း ဒီေရႊပဲ၊ မလွလည္း ဒီေရႊပဲ၊ ဘာလို႔ေဈးကြာရတာလဲဆိုေတာ့ က်မကို “ဒီဇိုင္းလွရင္ေဈးကြာတာႀကီးပဲ၊ ၀ယ္ဖူးရင္သိပါတယ္။” လို႔ရန္ေတြ့သလိုျပန္ေျပာတယ္။


ကဲဒီတစ္ခါနာမည္ႀကီး ေရႊဆိုင္ကိုသြားမယ္ဆိုၿပီး ေရႊနန္းေတာ္ဆိုင္ကိုဝင္တယ္။ ေဈးေမးေတာ့ ၁ ဂရမ္ကို ၄၈,၀၀၀၊ ၅၀,၀၀၀ ေက်ာ္ထိရိွတယ္တဲ့။ ဆိုင္းဘုတ္မွာလည္း ပလက္တီနမ္ဆိုၿပီးေတာ့ေတာင္ ေရးထားလိုက္ေသးတယ္။ အနီးနားက ေနာက္ႏွစ္ဆိုင္ကိုဝင္ေမးၾကၫ့္ေတာ့ ၁ ဂရမ္ကို ၄၈,၀၀၀၊ ၄၉,၀၀၀ ရိွၾကတယ္။ သူတို႔ဆိုင္ေတြလည္း ပလက္တီနမ္လို႔ ဆိုင္းဘုတ္တင္ၿပီးေရာင္းၾကတယ္။ က်မ ေတာ္ေတာ္စိတ္အလိုမက်ျဖစ္ရတယ္။ ေရႊဆိုင္ေတြက သာမန္စတိုးဆိုင္ေတြထက္ ၀န္ေဆာင္မႈေကာင္းသင့္တယ္ မဟုတ္ဘူးလား။ အခုေတာ့ ၀ယ္ရင္ဝယ္ မ၀ယ္ရင္လာမေမးနဲ႔ဆိုတဲ့ ပံုစံမ်ိဳးတဲ့ ၀ယ္သူကိုဆက္ဆံတာမ်ိဳး မျဖစ္သင့္ပါ။ ၿပီးေတာ့ ေရႊျဖဴကို ပလက္တီနမ္လုပ္ၿပီးေရာင္းေနၾကေသးတယ္။ ဒီလိုဆို ဒါဟာ သမာအာဇီဝ မျဖစ္ႏိုင္ေတာ့ပါ။


အဲဒါနဲ႔ ဆက္မရွာခ်င္ေတာ့ပဲ ပထမဆံုး ၀င္ၾကၫ့္ခဲ့တဲ့ဆိုင္ကိုပဲျပန္သြားၿပီး ၀ယ္ျဖစ္ခဲ့တယ္။ အဲဒီဆိုင္က More & More ဆိုတဲ့ ေရႊျဖဴေတြခ်ည္းေရာင္းတဲ့ဆိုင္ပါ။ အဲဒီဆိုင္ကေတာ့ ေရႊျဖဴကို ေရႊျဖဴလို႔ပဲေခၚၿပီး ေဈးႏႈန္းကိုလည္း ဂရမ္ခ်ိန္နဲ႔ပဲေရာင္းပါတယ္။ ေဈးေမးၾကၫ့္ေတာ့ ၁ ဂရမ္ကို ၄၆,၀၀၀ က်ပ္နဲ႔တြက္တယ္တဲ့။ ပစၥည္းေတြလည္း ေတာ္ေတာ္မ်ားမ်ားရိွတယ္၊ ဒီဇိုင္းေတြလည္း ေရြးစရာေတြရိွေတာ့ အဆင္ေျပတယ္။ ေရာင္းတဲ့အမ်ိဳးသမီးေတြကလည္း အျခားေရႊဆိုင္ေတြထက္စာရင္ ၀န္ေဆာင္မႈေကာင္းတယ္လို႔ ေျပာရမယ္။ မွန္မွန္ကန္ကန္နဲ႔ ေရာင္းတဲ့ဆိုင္လည္းျဖစ္ စိတ္တိုင္းက်တဲ့ပစၥည္းလည္း ရွာေတြ့တာေၾကာင့္ More & More မွာပဲ ၀ယ္ျဖစ္ခဲ့တယ္။


က်မတို႔ႏိုင္ငံမွာ ေရႊျဖဴနဲ႔ ပလက္တီနမ္ကို ကြဲကြဲျပားျပားမသိၾကတဲ့သူမ်ားတယ္။ ရန္ကုန္မွာရိွတဲ့ အခ်ိဳ႕ေရႊဆိုင္ေတြကသာ ေရႊျဖဴလို႔ေခၚၿပီး အျခားေရႊဆိုင္ေတာ္ေတာ္မ်ားမ်ားက ပလက္တီနမ္လို႔ ဆိုင္းဘုတ္တင္ၿပီးေရာင္းေနၾကတာေတြ အားလံုးက ေရႊျဖဴေတြပါ၊ ပလက္တီနမ္မဟုတ္ပါဘူး။ ေရာင္းသူေတြကိုယ္တိုင္က ပလက္တီနမ္လို႔ေခၚၿပီးေရာင္းေနမွေတာ့ လူေတြလိုက္ေခၚၾကတာ မဆန္းပါဘူး။ ဒါေၾကာင့္ မသိေသးတဲ့သူေတြကို သိသြားေအာင္ေျပာျပခ်င္စိတ္ေပၚလာလို႔ က်မေတြ့ႀကံဳခဲ့ရတဲ့ ဒီအျဖစ္အပ်က္ေလးကိုအရင္ျပဳျပီး စာဖတ္သူအားလံုးကို ေရႊျဖဴနဲ႔ ပလက္တီနမ္အေၾကာင္း ဗဟုသုတမ်ွေဝေပးလိုက္ပါတယ္…


ေရႊျဖဴ ဆိုသည္မွာ…


ေရႊျဖဴဆိုသည္မွာ ေရႊသတၲုစပ္တစ္မ်ိဳးျဖစ္ပါသည္။ ေရႊအဝါကို အျဖဴေရာင္ရိွေသာအျခားသတၲုမ်ားျဖစ္တဲ့ နီကယ္ (nickel)၊ ဇင့္ (zinc)၊ ပလက္ဒီယမ္ (palladium)၊ ႏွင့္ ပလက္တီနမ္ (platinum) သတၲုေတြကို အခ်ိဳးက်ေရာစပ္ၿပီး၊ ရိုဒီယမ္ (rhodium) သတၲုျဖင့္ အေပၚယံမွာအေရာင္တင္လိုက္ေသာအခါ ေရႊျဖဴျဖစ္လာသည္။ ေရႊျဖဴကို 24K, 22K, 18K, 14K စသည္ျဖင့္ ေရႊ၏အရည္အေသြးကို ကရက္ (karat) ဟူေသာအတိုင္းအတာျဖင့္ ေဖာ္ျပၾကသည္။ 24K ဆိုသည္မွာ ေရႊဝါ ၉၉% ႏႈန္းပါဝင္ၿပီး၊ 22K ဆိုသည္မွာ ေရႊဝါ ၉၁% ပါဝင္ေၾကာင္းကို ေဖာ္ၫႊန္းသည္။ လက္ဝတ္ရတနာမ်ားအျဖစ္ ၀တ္ဆင္ရန္ျပဳလုပ္ထားေသာ ေရႊျဖဴမ်ားသည္ 18K (ေရႊဝါ ပါဝင္မႈ ၇၅% ႏႈန္း) ႏွင့္ 14K (ေရႊဝါ ပါဝင္မႈ ၆၀%ခန႔္) ရိွေသာ ေရႊျဖဴထည္မ်ားျဖစ္ၾကသည္။ ထို႔ေၾကင့္ ေရႊျဖဴထည္မ်ား၏ အတြင္းတစ္ေနရာတြင္ 18K၊ 14K ဟုေရးသားထားေလ့ရိွသည္။ အခ်ိဳ႕ေရႊျဖဴထည္မ်ားတြင္ 750 ဟုေရးသားေလ့ရိွၾကၿပီး၊ ထို 750 သည္လည္း ေရႊဝါပါဝင္မႈ ၇၅% ရိွေၾကာင္း ေဖာ္ၫႊန္းျခင္းျဖစ္သည္။ ဤကဲ့သို႔ေဖာ္ၫြန္းျခင္းကို ေရႊ၏ Hallmark ဟုေခၚသည္။


ပလက္တီနမ္ ဆိုသည္မွာ…


ပလက္တီနမ္ ဆိုသည္မွာ မီခိုးျဖဴေရာင္ရိွေသာ သတၲုတစ္မ်ိဳးျဖစ္သည္။ ပလက္တီနမ္၏ အေရာင္သည္ ပိုမိုျဖဴေဖြးၿပီး အရာင္မွာလည္းၾကာရွည္ခံသၫ့္အတြက္ ေရႊျဖဴကဲ့သို႔ ရိုဒီယမ္ (rhodium) သတၲုျဖင့္ အေရာင္တင္ရန္မလိုပါ။ လက္ဝတ္ရတနာျပဳလုပ္ရာတြင္လည္း ပလက္တီနမ္ကို ေရႊျဖဴကဲ့သို႔ အျခားသတၲုမ်ားေရာစပ္ရန္ မလိုပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ပလက္တီနမ္သည္ ေရႊထက္သိပ္သည္းဆမ်ားၿပီး ပိုမိုမာေက်ာေသာေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ ပလက္တီနမ္သည္ ေရႊထက္ပိုေလးျခင္းျဖစ္သည္။ ပလက္တီနမ္သည္ ရွားပါးေသာသတၲုတစ္မ်ိဳးလည္းျဖစ္ၿပီး၊ ေရႊျဖဴထက္ ေဈးပိုႀကီးသည္။ ထိုသို႔ေသာအေၾကာင္းမ်ားေၾကာင့္ ပလက္တီနမ္ကို လက္ဝတ္ရတနာအျဖစ္လည္း အသံုးနည္းၾကသည္။


Credit ; Pinky (Pwintyeekyaw)


မွက္ခ်က္

ဒီစာမွာ ေရႊဆိုင္နာမည္ေတြကို ထၫ့္ေရးရတာ စာဖတ္သူေတြကို ဘယ္ဆိုင္ေတြဆိုတာကို အတိအက်သိေစခ်င္လို႔ပါ။ ပုဂၢိုလ္ေရးတိုက္ခိုက္လိုစိတ္ စီပြားေရးတိုက္ခိုက္လိုစိတ္ လံုးဝမရိွပဲ အျဖစ္အပ်က္တစ္ခုအေနနဲ႔သာ ေရးသားျခင္းျဖစ္ပါတယ္။


#ပလက္တီနမ္ ႏွင့္ ေရႊျဖဴ  ကြာျခားခ်က္


ပလက္တီနမ္ ဆိုတာ အျဖဴေရာင္ဂုဏ္သတၲိရိွေသာ သဘာဝတြင္းထြက္ သတၴု ပဲျဖစ္တယ္။


ေရႊျဖဴဆိုတာကေတာ့ ေရႊကို အျဖဴေရာင္ဂုဏ္သတၲိရိွေသာ  သတၲုမ်ားႏွင့္ ေရာစပ္ၿပီး ျပဳလုပ္ထားျခင္းျဖစ္တယ္။


အျပင္ပန္းၾကၫ့္မယ္ဆိုရင္ ႏွစ္ခုလံုးက အျဖဴေရာင္ျဖစ္တဲ့အတြက္ တူတယ္လို႔ထင္ရပင္မဲ့ သူတို႔ရဲ့ ဂုဏ္သတၲိေတြဟာ အမ်ားႀကီး ကြဲလြဲပါတယ္ ။


ပလက္တီနမ္ (Platinum)


ပလက္တီနမ္ ကို ပါဝင္တဲ့ ရာခိုင္ႏႈန္းေပၚမူတည္ၿပီး   Pt999 , Pt990 , Pt950  ဆိုၿပီး သံုး မ်ိဳးခြဲပါတယ္ ။


Pt 999   -  Pt 999 ဆိုတာ 99.9 %  သန႔္စင္ၿပီး ပလက္တီနမ္သတၲု ပါဝင္ပါတယ္။


Pt 990    -  Pt 990 ဆိုတာ 99.0 %  သန႔္စင္ၿပီး ပလက္တီနမ္သတၲု ပါဝင္ပါတယ္။


Pt 950    -  Pt 950 ဆိုတာ 95.0 %  သန႔္စင္ၿပီး ပလက္တီနမ္သတၲု ပါဝင္ပါၿပီး 5 % က Cobalt ဆိုေသာ သတၲုတစ္မ်ိဳးပါဝင္ပါတယ္။


ေရႊျဖဴ   (White Gold)


ေရႊျဖဴ  ကိုလည္း ပါဝင္တဲ့ ရာခိုင္ႏႈန္း ေပၚမူတည္ၿပီး  18K (Au-750) ႏွင့္ 14K (Au-585) ဆိုၿပီး ႏွစ္မ်ိဳးခြဲပါတယ္။ ( ျမန္မာျပည္ေဈးကြက္တြင္ ဤ ႏွစ္မ်ိဳးသာ အသံုးမ်ားေသာေၾကာင့္ ႏွစ္မ်ိဳးသာခြဲျပထားျခင္းျဖစ္သည္။ 9K ,10K, 22K ဆိုၿပီးလည္း ခြဲႏိူင္သည္။)


*Au ဆိုတာ ေရႊ ကို ကိုယ္စားျပဳေသာ သေကၤတျဖစ္သည္။*


*K ဆိုတာ Karat (ေခၚ) ေရႊပါဝင္ေသာ အေလးခ်ိန္ကို ၫြန္းသည္။*


18K (သို႔) Au-750   -  Au-750 ဆိုတာ 75% ေရႊ ( Gold ) ပါဝင္ၿပီး  25 % မွာ  Silver , Manganese ,Palladium တို႔ ပါဝင္ပါတယ္။ ( 24K ဆိုတာ  100% ေရႊရည္ အျပၫ့္ကို ဆိုလိုၿပီး 18K က 18/24 ပဲပါတာျဖစ္လို႔ 75% ေရႊပါတာပဲျဖစ္တယ္။)


14K(သို႔) Au-585  - Au-585 ဆိုတာ 58.5% ေရႊ ( Gold ) ပါဝင္ၿပီး  41.5 % မွာ  Silver , Manganese ,Palladium တို႔ ပါဝင္ပါတယ္။ (14K က 14/24 ပဲပါတာျဖစ္လို႔ 58.5 % ေရႊပါတာပဲျဖစ္တယ္။)


ဒါကိုၾကၫ့္ျခင္းအားျဖင့္ 18K ႏွင့္ 14K ယွဉ္မယ္ဆိုလ်ွင္ 18K ဟာ ေရႊပိုမို ပါဝင္တာေၾကာင့္ အရည္အေသြးပိုေကာင္းပါတယ္။


18K  ေရႊျဖဴကို အေရာင္ ႏွင့္လည္း White Gold , Pink Gold , Yellow Gold ဆိုၿပီး ထပ္မံ ခြဲျခားႏိူင္ပါတယ္ ။ 


White Gold  - 75% Pure Gold  + 25 % Silver , Manganese , Palladium


Pink Gold    - 75% Pure Gold  + 25% Copper


Yellow Gold - 75% Pure Gold + 25% Copper , Zinc

Monday, May 24, 2021

Kason Fillmoon Day

 [Unicode]ကဆုန်လပြည့် ဗုဒ္ဓနေ့🙏🙏🙏 


==================== 




#ကဆုန်လပြည့်နေ့

#ဗုဒ္ဓနေ့

#အထိမ်းအမှတ်နေ့

(ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ထား အလေးပေးတဲ့ နေ့လေးတစ်ရက်ဖြစ်ပြီး ဥပုသ်သီတင်းစောင့်တည်လိုသူများအတွက် ဘုန်းကြီးကျောင်းကိုသွားကြသောနေ့ရက်တစ်ရက်လည်းဖြစ်ပါတယ်။ ဘုရားစေတီပုထိုးများဖွင့်လှစ်ထားချိန်ကတော့ လူတွေကြိတ်ကြိတ် တိုးသွားဖူးကြတဲ့ရက်တစ်ရက်ပေါ့။ သည်လပြည့်နေ့အကြောင်း အထူးတလည်မရေးတော့ပေမယ့် ပြန်အမှတ်ရစေသောငှာ ဆရာတော် ကြီးများပြောပြတဲ့ အကျဉ်းချုပ်အကြောင်းအရာအချို့ကို ကူးယူဝေငှလိုက်ပါတယ်။)


ကဆုန်လပြည့်နေ့ကတော့ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပြီး ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း ဆိုသည်နှင့်အညီ သဗ္ဗညုမြတ်စွာဘုရားနှင့် စပ်လျဉ်း၍ ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံတဲ့အတွက် ဤနေ့ကို 'ကဆုန်လပြည့် ဗုဒ္ဓနေ့' ဟု အမွှန်းတင်ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ၁၂လရာသီပွဲတော်များအနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။ 


ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင် နိဗ္ဗာန် နန်း ဆိုသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်လာရသည့် အကြောင်းအရာများကတော့ 


- ဘုရားလောင်းတော် သုမေဓာရှင်ရသေ့ကို ဤဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ဂေါတမဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်တော် ခံယူတဲ့နေ့က ကဆုန်လပြည့်နေ့ ဖြစ်ခြင်း 


- ဂေါတမဘုရားလောင်းတော် ဖြစ်လာမယ့် သိဒ္ဓတ္ထမင်းသား ဖွားမြင်ခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း 


- ဂေါတမဘုရားလောင်း ဗောဓိပင်အောက်မှာ မြတ်စွာဘုရားအဖြစ် ပွင့်ခဲ့တဲ့ နေ့ရက်ကလည်း မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း 


- ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခဲ့တဲ့နေ့ကလည်း မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ပဲ ဖြစ်ခြင်း တို့ကြောင့် ပဲ ဖြစ်ပါတယ်။ 🙏🙏🙏 


ကဆုန်လပြည့်နေ့မှာဆိုရင် မြတ်စွာဘုရား ဘုရားပွင့်တော်မူခဲ့သည့် ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပြီး ဗောဓိပင်သည် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာ ဌာနဖြစ်ခြင်း၊ ဖွားဘက်တော် ခုနှစ်ပါးတွင် စားရင်းဝင်ဖြစ်ခြင်းတို့ ကြောင့် ထူးခြားပါသည်။ ဤသို့ မြတ်စွာ ဘုရားနှငိ့ တိုက်ရိုက်ဆက်စပ်နေသည့် ဗောဓိပင်၌ ရေသွန်းလောင်းပူဇော်ခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ပြု လုပ်လာခဲ့ကြပါသည်။ 


ကဆုန်လပြည့်နေ့ကို မြန်မာနိုင်ငံတွင်သာမက ဗုဒ္ဓဘာသာကိုးကွယ်ကြသောနိုင်ငံများဖြစ်ကြသည့် သီရိလင်္ကာ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတို့တွင်လည်း ပွဲတော်များကျင်းပပြုလုပ်ကြပါတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်နေ့ Vesak Universal Holiday နေ့အဖြစ် ကုလသမဂ္ဂကသတ်မှတ်ခဲ့ပါတယ်။  


ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ တောင်းဆုခြွေလျက် 🙏🏻🙏🏻🙏🏻 


#kason_fullmoonday #Buddha #SHARE


“ဗုဒ္ဓနေ့တွင် ဗုဒ္ဓရဲ့ ဥဒါန်းကျူးရင့်သံများ”

•••••••••••••••••••••••••••••••••••••

ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ လောကသားအားလုံးရဲ့ ကယ်တင်ရှင် သဗ္ဗုညုဘုရားရှင်လို့ ခေါ်တဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ပေါ်ထွန်းတဲ့ နေ့မြတ်ပါပဲ။ 

ဒီနေ့မှာပဲ ဘုရားရှင်ဟာ မိမိရဲ့ဘ၀ဖြစ်စဉ် အစအလယ်အဆုံး အရေးပါဆုံးသော ကြွေးကြော်သံများကျူးရင့်ခဲ့တော်မူခဲ့တာပါ။ဒီနေ့ဟာ 

ဘုရားရှင်ရဲ့ ကြီးမြတ် တဲ့ မဟာကရုဏာတော် စတင်ဖြစ်ပေါ်တဲ့နေ့ပါပဲ။


ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘ၀မှာ သံသရာတစ်ဖက် ကမ်းကို တစ်ကိုယ်တည်း ကူးနိုင်စွမ်းရှိပါလျှက် အတ္တမဆန် မဟာကရုဏာ အကြံတော်ဖြစ်သည်မှာ...


❖ “ငါဟာ အလိုတော်ရှိလျှင် ဒီနေ့ပင် သာဝကရဟန္တာဖြစ် နိုင်တယ်။ 

ဒီပင်္ကရာဘုရားရှင်ထံမှာ မထင်မရှားအသွင်နဲ့ လွတ်မြောက်မှုနိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အကျိုးမရှိပေ။ 

ဘုရားဖြစ်အောင် အားထုတ်ပေအံ့...၊သဒ္ဓါ၊ ပညာ၊ ၀ီရိယအားအစွမ်းရှိတဲ့ ယောင်္ကျားမြတ်ဖြစ်ပါလျှက် တစ်ကိုယ်တည်း သံသရာမှ ကူးမြောက်လို့ မည်သို့မျှ အကျိုးမရှိ။ 

ဘုရားဖြစ်အောင် အားထုတ်ပြီး သတ္တ၀ါအပေါင်းကို ကယ်တင်ပေအံ့...။မြင့်မြတ်တော်မူသောဒီပင်္ကရာဘုရားရှင် ထံမှာ အသက်ကိုရင်းကာ တံတားခင်းပြုအပ်တဲ့ အဓိကာရ ကောင်းမှုကြောင့် ကိုယ်တိုင်ဘုရားဖြစ်ပြီးလျှင် သတ္တ၀ါ အပေါင်းကိုသံသရာဆင်းရဲမှ ထုတ်ဆယ် ကယ်တင်ပေအံ့...။”ဟူ၍ ကြီးမြတ်တဲ့မဟာကရုဏာတော်ဖြင့် ဘုရားဆုပန်ကြွေးကြော်ခဲ့တာဟာ ဒီနေ့မဟာ ကဆုန်လပြည့်နေ့မှာပါ။


❖အလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်လို့ ခြေလှမ်းတော် ခုနှစ်ခုမြောက်မှာ ရဲရဲရင့်ရင့် ကျူးရင့်တော်မူသည်မှာ..

“ငါဟာ လူသုံးပါးတွင် အမြတ်ဆုံးဖြစ်၏။”

“ငါဟာ လူသုံးပါးတွင် အကြီးအကဲဖြစ်၏။”

“ငါဟာ လူသုံးပါးတွင် အချီးမွမ်းအပ်ဆုံးသူဖြစ်၏။”

“အခု ပဋိသန္ဓေနေရခြင်းဟာ ငါ့အတွက်နောက်ဆုံးပဲ။”

“ယခုအခါ ငါ့အဖို့ရာ နောက်ဘ၀သစ်ဖြစ်ဖို့ဆိုတာ မရှိတော့။”ဟု ဒီနေ့မဟာ ကဆုန်လပြည့်နေ့မှာ ရဲရင့်စွာကျူးးရင့်တော် မူခဲ့ပါတယ်။


❖ထို့အပြင် ဗောဓိပင်ရင်းမှာ “ဘုရားစင်စစ်”ဖြစ်တော်မူပြီးနောက် မနသာဥဒါန်းကျူးရင့်တော်မူသည်မှာ...

“ဘ၀ဖန်ဖန် ခန္ဓာဝဋ်မပြတ် ယောနိလေးထွေ ပဋိသန္ဓေဖြစ်ပွား ရခြင်းဟာ ဆင်းရဲလှတယ်။ ဒါကြောင့် ငါဟာ ဘ၀များစွာ သံသရာမှာ

တဏှာလက်သမားကို ဖွေရှာလျှက် ဘုရားဖြစ်တဲ့အထိ သံသရာရဟတ် ကျင်လည်ကျက်စားခဲ့ရလေပြီ။ ဒီမှာ တဏှာလက်သမား..၊ 

ငါဟာ အခု ဘုရားအဖြစ်ရောက်လို့ မဂ်လေးတန်ပုဆိန်ဖြင့် သင့်ကို အမြစ်ပြတ် ခုတ်လိုက်ပြီးတဲ့အတွက် သင် ခန္ဓာအိမ်ထပ်မဆောက်နိုင်တော့ပါ။ 


သင့်ရဲ့ ကိလေသာဒိုင်းမြားတွေကို အငွေ့ပါမကျန် ဖျက်ဆီး လိုက်ပြီ။ အ၀ိဇ္ဇာအိမ်အထွတ်ကို မုန့်မုန့်ညက်ညက် ချေဖျက်အပ်ပြီ။ 

ကိလေသာကင်းစင် ငါ့စိတ်အစဉ်သည် နိဗ္ဗာန်ခွင် အအေးဓာတ်သို့ သက်ဝင်မိလေပြီ။ တဏှာကုန်ရာ အာသ၀က္ခယစတုတ္ထမက်ဖိုလ်သို့ 

ဆိုက်ရောက်ခဲ့လေပြီ။” ဟူ၍ အောင်လံတစ်ဆူ ကြွေးကြော်တော်မူခဲ့သည်မှာလည်း ကဆုန်လပြည့်မဟာ ယနေ့အခါပင် ဖြစ်ပါတယ်။


❖ထို့နောက် ၄၅ ငါးဝါကာလတစ်လျှောက် တရားသောက်ရေ တိုက်ကျွေးခဲ့ပြီး နောက်ဆုံး အချိန် ညောင်စောင်းပလ္လင်မှာ ကြီးမြတ် တဲ့ကရုဏာဖြင့် နောက်ဆုံးမှာကြားကျူးရင့်တော် မူခဲ့သည်မှာ...

“ချစ်သားချစ်သမီးတို့..၊ ငါဘုရား နောက်ဆုံးမှာကြားလိုသည်မှာ.. သင်္ခါရတရားတို့ဟာ ဖြစ်တတ်ပျက်တဲ့တဲ့ သဘောရှိလေတယ်။ မမေ့မလျော့မပေါ့မဆ အပ္ပမာဒခေါ်ငြား သတိရားနဲ့သာ လက်ကိုင်ထား နေ့ရစ်ခဲ့ပေတော့...”ဟု နောက်ဆုံးစကား ၀င့်ကြွားဆုံးမတော်မူခဲ့သည်မှာ ကဆုန်လပြည့်အချိန်အခါပင် ဖြစ်ပါတယ်။


ဒါကြောင့် ကဆုန်လပြည့်ဗုဒ္ဓနေ့ဟာ လူသားမဟာ ရှင်မြတ်စွာရဲ့ ရဲရဲတောက်ဥဒါန်းစကား ကြုံးဝါးတော်မူခဲ့တဲ့နေ့လို့ ပြောရင် မမှားပါဘူး။ 

ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဗုဒ္ဓဘုရားရဲ့ ကြုံးဝါးသံများဖြင့် ပြည့်လျှံနေတဲ့ ကဆုန်လပြည့်နေ့မှာ အနန္တကျေးဇူးရှင် 

ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ မဟာကရုဏာဂုဏ်တော်ကို အာရုံပြုကြည်ညိုကာ ပူဇော်ကြခြင်းဖြစ်တယ်။


ဒါကြောင့် ဗုဒ္ဓနေ့မှာ ဗုဒ္ဓရဲ့အဆုံးအမသတိတရားတော်ကို လိုက်နာပွားများပြီး ခန္ဓာအလီလီ တည်ဆောက်နေတဲ့ တဏှာလက်သမားကို ပါးသထက်ပါးအောင် လှီးဖြတ်ကာ အငြိမ်းဓာတ်တည်ရာ မြတ်နိဗ္ဗာန်ကို ဆိုက်ဝင်ပျော်နိုင်ကြပါစေသတည်း....။ ။


-【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】


[Zawgyi]ကဆုန္လျပၫ့္ ဗုဒၶေန့🙏🙏🙏 


==================== 




#ကဆုန္လျပၫ့္ေန့

#ဗုဒၶေန့

#အထိမ္းအမွတ္ေန့

(ဗုဒၶဘာသာဝင္မ်ားအတြက္ ေန့ထူးေန့ျမတ္ထား အေလးေပးတဲ့ ေန့ေလးတစ္ရက္ျဖစ္ၿပီး ဥပုသ္သီတင္းေစာင့္တည္လိုသူမ်ားအတြက္ ဘုန္းႀကီးေက်ာင္းကိုသြားၾကေသာေန့ရက္တစ္ရက္လည္းျဖစ္ပါတယ္။ ဘုရားေစတီပုထိုးမ်ားဖြင့္လွစ္ထားခ်ိန္ကေတာ့ လူေတြႀကိတ္ႀကိတ္ တိုးသြားဖူးၾကတဲ့ရက္တစ္ရက္ေပါ့။ သည္လျပၫ့္ေန့အေၾကာင္း အထူးတလည္မေရးေတာ့ေပမယ့္ ျပန္အမွတ္ရေစေသာငွာ ဆရာေတာ္ ႀကီးမ်ားေျပာျပတဲ့ အက်ဉ္းခ်ဳပ္အေၾကာင္းအရာအခ်ိဳ႕ကို ကူးယူေဝငွလိုက္ပါတယ္။)


ကဆုန္လျပၫ့္ေန့ကေတာ့ ဗုဒၶဘာသာဝင္မ်ားအတြက္ ေန့ထူးေန့ျမတ္ တစ္ရက္ျဖစ္ၿပီး ဗ်ာဒိတ္၊ ဖြားျမင္၊ ေဗာဓိပင္၊ စံဝင္ နိဗၺာန္ နန္း ဆိုသည္ႏွင့္အညီ သဗၺၫုျမတ္စြာဘုရားႏွင့္ စပ္လ်ဉ္း၍ ထူးျခားခ်က္ ေလးမ်ိဳးႏွင့္ ျပၫ့္စံုတဲ့အတြက္ ဤေန့ကို 'ကဆုန္လျပၫ့္ ဗုဒၶေန့' ဟု အမႊန္းတင္ေခၚဆိုၾကျခင္း ျဖစ္ပါတယ္။ ျမန္မာ့ရိုးရာ ၁၂လရာသီပြဲေတာ္မ်ားအနက္ ကဆုန္လ၌ ေညာင္ေရသြန္းပြဲေတာ္ကို ရိုးရာပြဲေတာ္အျဖစ္ အစဉ္အလာ သတ္မွတ္ခဲ့ၾကပါသည္။ 


ဗ်ာဒိတ္၊ ဖြားျမင္၊ ေဗာဓိပင္၊ စံဝင္ နိဗၺာန္ နန္း ဆိုသၫ့္ ကဆုန္လျပၫ့္ ဗုဒၶေန့ ျဖစ္လာရသၫ့္ အေၾကာင္းအရာမ်ားကေတာ့ 


- ဘုရားေလာင္းေတာ္ သုေမဓာရွင္ရေသ့ကို ဤဘဒၵကမ႓ာတြင္ ေလးဆူေျမာက္ ေဂါတမဘုရားစင္စစ္ျဖစ္လိမ့္မည္ဟု ဒီပကၤရာ ျမတ္စြာဘုရားထံမွ နိယတဗ်ာဒိတ္ေတာ္ ခံယူတဲ့ေန့က ကဆုန္လျပၫ့္ေန့ ျဖစ္ျခင္း 


- ေဂါတမဘုရားေလာင္းေတာ္ ျဖစ္လာမယ့္ သိဒၶတၴမင္းသား ဖြားျမင္ခဲ့တဲ့ေန့ကလည္း မဟာသကၠရာဇ္ ၆၈ ခု၊ ကဆုန္လျပၫ့္ေန့ပဲ ျဖစ္ျခင္း 


- ေဂါတမဘုရားေလာင္း ေဗာဓိပင္ေအာက္မွာ ျမတ္စြာဘုရားအျဖစ္ ပြင့္ခဲ့တဲ့ ေန့ရက္ကလည္း မဟာသကၠရာဇ္ ၁၀၃ ခု၊ ကဆုန္လျပၫ့္ေန့ပဲ ျဖစ္ျခင္း 


- ေဂါတမ ျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူခဲ့တဲ့ေန့ကလည္း မဟာသကၠရာဇ္ ၁၄၈ ခု ကဆုန္လျပၫ့္ေန့ပဲ ျဖစ္ျခင္း တို႔ေၾကာင့္ ပဲ ျဖစ္ပါတယ္။ 🙏🙏🙏 


ကဆုန္လျပၫ့္ေန့မွာဆိုရင္ ျမတ္စြာဘုရား ဘုရားပြင့္ေတာ္မူခဲ့သၫ့္ ပရိေဘာဂေစတီထိုက္ေသာ ေဗာဓိပင္ကို ေရသြန္းေလာင္းေလ့ရိွၾကၿပီး ေဗာဓိပင္သည္ သဗၺၫုတဉာဏ္ေတာ္ကိုရ၍ ဘုရားျဖစ္ေတာ္မူရာ ဌာနျဖစ္ျခင္း၊ ဖြားဘက္ေတာ္ ခုႏွစ္ပါးတြင္ စားရင္းဝင္ျဖစ္ျခင္းတို႔ ေၾကာင့္ ထူးျခားပါသည္။ ဤသို႔ ျမတ္စြာ ဘုရားႏွငိ့ တိုက္ရိုက္ဆက္စပ္ေနသၫ့္ ေဗာဓိပင္၌ ေရသြန္းေလာင္းပူေဇာ္ျခင္း အစဉ္အလာကို ေခတ္အဆက္ဆက္ျပဳ လုပ္လာခဲ့ၾကပါသည္။ 


ကဆုန္လျပၫ့္ေန့ကို ျမန္မာႏိုင္ငံတြင္သာမက ဗုဒၶဘာသာကိုးကြယ္ၾကေသာႏိုင္ငံမ်ားျဖစ္ၾကသၫ့္ သီရိလကၤာ၊ ထိုင္းႏိုင္ငံ၊ ကမ႓ောဒီးယား၊ လာအို ႏိုင္ငံတို႔တြင္လည္း ပြဲေတာ္မ်ားက်င္းပျပဳလုပ္ၾကပါတယ္။ ၁၉၉၉ ခုႏွစ္ ဒီဇင္ဘာလ ၁၃ ရက္ေန့မွာေတာ့ အျပည္ျပည္ဆိုင္ရာ ရံုးပိတ္ရက္ေန့ Vesak Universal Holiday ေန့အျဖစ္ ကုလသမဂၢကသတ္မွတ္ခဲ့ပါတယ္။  


ကဆုန္လျပၫ့္ ဗုဒၶေန့မွာ ေကာင္းမႈကုသိုလ္မ်ား ျပဳလုပ္ႏိုင္ၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာနဲ႔ လိုရာဆႏၵေတျြပၫ့္ဝၾကပါေစလို႔ ေတာင္းဆုေႁခြလ်က္ 🙏🏻🙏🏻🙏🏻 


#kason_fullmoonday #Buddha #SHARE


“ဗုဒၶေန့တြင္ ဗုဒၶရဲ့ ဥဒါန္းက်ူးရင့္သံမ်ား”

•••••••••••••••••••••••••••••••••••••

ကဆုန္လျပၫ့္ ဗုဒၶေန့ဟာ ေလာကသားအားလံုးရဲ့ ကယ္တင္ရွင္ သဗၺုၫုဘုရားရွင္လို႔ ေခၚတဲ့ အျမင့္ျမတ္ဆံုး ပုဂၢိုလ္ေပၚထြန္းတဲ့ ေန့ျမတ္ပါပဲ။ 

ဒီေန့မွာပဲ ဘုရားရွင္ဟာ မိမိရဲ့ဘ၀ျဖစ္စဉ္ အစအလယ္အဆံုး အေရးပါဆံုးေသာ ေႂကြးေၾကာ္သံမ်ားက်ူးရင့္ခဲ့ေတာ္မူခဲ့တာပါ။ဒီေန့ဟာ 

ဘုရားရွင္ရဲ့ ႀကီးျမတ္ တဲ့ မဟာကရုဏာေတာ္ စတင္ျဖစ္ေပၚတဲ့ေန့ပါပဲ။


ဘုရားအေလာင္းေတာ္ သုေမဓာရွင္ရေသ့ဘ၀မွာ သံသရာတစ္ဖက္ ကမ္းကို တစ္ကိုယ္တည္း ကူးႏိုင္စြမ္းရိွပါလ်ွက္ အတၲမဆန္ မဟာကရုဏာ အႀကံေတာ္ျဖစ္သည္မွာ...


❖ “ငါဟာ အလိုေတာ္ရိွလ်ွင္ ဒီေန့ပင္ သာဝကရဟႏၲာျဖစ္ ႏိုင္တယ္။ 

ဒီပကၤရာဘုရားရွင္ထံမွာ မထင္မရွားအသြင္နဲ႔ လြတ္ေျမာက္မႈနိဗၺာန္ကို မ်က္ေမွာက္ျပဳဖို႔ အက်ိဳးမရိွေပ။ 

ဘုရားျဖစ္ေအာင္ အားထုတ္ေပအံ့...၊သဒၶါ၊ ပညာ၊ ဝီရိယအားအစြမ္းရိွတဲ့ ေယာက်ၤားျမတ္ျဖစ္ပါလ်ွက္ တစ္ကိုယ္တည္း သံသရာမွ ကူးေျမာက္လို႔ မည္သို႔မ်ွ အက်ိဳးမရိွ။ 

ဘုရားျဖစ္ေအာင္ အားထုတ္ၿပီး သတၲဝါအေပါင္းကို ကယ္တင္ေပအံ့...။ျမင့္ျမတ္ေတာ္မူေသာဒီပကၤရာဘုရားရွင္ ထံမွာ အသက္ကိုရင္းကာ တံတားခင္းျပဳအပ္တဲ့ အဓိကာရ ေကာင္းမႈေၾကာင့္ ကိုယ္တိုင္ဘုရားျဖစ္ၿပီးလ်ွင္ သတၲဝါ အေပါင္းကိုသံသရာဆင္းရဲမွ ထုတ္ဆယ္ ကယ္တင္ေပအံ့...။”ဟူ၍ ႀကီးျမတ္တဲ့မဟာကရုဏာေတာ္ျဖင့္ ဘုရားဆုပန္ေႂကြးေၾကာ္ခဲ့တာဟာ ဒီေန့မဟာ ကဆုန္လျပၫ့္ေန့မွာပါ။


❖အေလာင္းေတာ္သိဒၶတၴမင္းသား ဖြားျမင္လို႔ ေျခလွမ္းေတာ္ ခုႏွစ္ခုေျမာက္မွာ ရဲရဲရင့္ရင့္ က်ူးရင့္ေတာ္မူသည္မွာ..

“ငါဟာ လူသံုးပါးတြင္ အျမတ္ဆံုးျဖစ္၏။”

“ငါဟာ လူသံုးပါးတြင္ အႀကီးအကဲျဖစ္၏။”

“ငါဟာ လူသံုးပါးတြင္ အခ်ီးမြမ္းအပ္ဆံုးသူျဖစ္၏။”

“အခု ပဋိသႏၶေနရျခင္းဟာ ငါ့အတြက္ေနာက္ဆံုးပဲ။”

“ယခုအခါ ငါ့အဖို႔ရာ ေနာက္ဘ၀သစ္ျဖစ္ဖို႔ဆိုတာ မရိွေတာ့။”ဟု ဒီေန့မဟာ ကဆုန္လျပၫ့္ေန့မွာ ရဲရင့္စြာက်ူးးရင့္ေတာ္ မူခဲ့ပါတယ္။


❖ထို႔အျပင္ ေဗာဓိပင္ရင္းမွာ “ဘုရားစင္စစ္”ျဖစ္ေတာ္မူၿပီးေနာက္ မနသာဥဒါန္းက်ူးရင့္ေတာ္မူသည္မွာ...

“ဘ၀ဖန္ဖန္ ခႏၶာဝဋ္မျပတ္ ေယာနိေလးေထြ ပဋိသႏၶေျဖစ္ပြား ရျခင္းဟာ ဆင္းရဲလွတယ္။ ဒါေၾကာင့္ ငါဟာ ဘ၀မ်ားစြာ သံသရာမွာ

တဏွာလက္သမားကို ေဖြရွာလ်ွက္ ဘုရားျဖစ္တဲ့အထိ သံသရာရဟတ္ က်င္လည္က်က္စားခဲ့ရေလၿပီ။ ဒီမွာ တဏွာလက္သမား..၊ 

ငါဟာ အခု ဘုရားအျဖစ္ေရာက္လို႔ မဂ္ေလးတန္ပုဆိန္ျဖင့္ သင့္ကို အျမစ္ျပတ္ ခုတ္လိုက္ၿပီးတဲ့အတြက္ သင္ ခႏၶာအိမ္ထပ္မေဆာက္ႏိုင္ေတာ့ပါ။ 


သင့္ရဲ့ ကိေလသာဒိုင္းျမားေတြကို အေငြ့ပါမက်န္ ဖ်က္ဆီး လိုက္ၿပီ။ အဝိဇၨာအိမ္အထြတ္ကို မုန႔္မုန႔္ညက္ညက္ ေခ်ဖ်က္အပ္ၿပီ။ 

ကိေလသာကင္းစင္ ငါ့စိတ္အစဉ္သည္ နိဗၺာန္ခြင္ အေအးဓာတ္သို႔ သက္ဝင္မိေလၿပီ။ တဏွာကုန္ရာ အာသ၀ကၡယစတုတၴမက္ဖိုလ္သို႔ 

ဆိုက္ေရာက္ခဲ့ေလၿပီ။” ဟူ၍ ေအာင္လံတစ္ဆူ ေႂကြးေၾကာ္ေတာ္မူခဲ့သည္မွာလည္း ကဆုန္လျပၫ့္မဟာ ယေန့အခါပင္ ျဖစ္ပါတယ္။


❖ထို႔ေနာက္ ၄၅ ငါးဝါကာလတစ္ေလ်ွာက္ တရားေသာက္ေရ တိုက္ေကြၽးခဲ့ၿပီး ေနာက္ဆံုး အခ်ိန္ ေညာင္ေစာင္းပလႅင္မွာ ႀကီးျမတ္ တဲ့ကရုဏာျဖင့္ ေနာက္ဆံုးမွာၾကားက်ူးရင့္ေတာ္ မူခဲ့သည္မွာ...

“ခ်စ္သားခ်စ္သမီးတို႔..၊ ငါဘုရား ေနာက္ဆံုးမွာၾကားလိုသည္မွာ.. သခၤါရတရားတို႔ဟာ ျဖစ္တတ္ပ်က္တဲ့တဲ့ သေဘာရိွေလတယ္။ မေမ့မေလ်ာ့မေပါ့မဆ အပၸမာဒေခၚျငား သတိရားနဲ႔သာ လက္ကိုင္ထား ေန့ရစ္ခဲ့ေပေတာ့...”ဟု ေနာက္ဆံုးစကား ၀င့္ႂကြားဆံုးမေတာ္မူခဲ့သည္မွာ ကဆုန္လျပၫ့္အခ်ိန္အခါပင္ ျဖစ္ပါတယ္။


ဒါေၾကာင့္ ကဆုန္လျပၫ့္ဗုဒၶေန့ဟာ လူသားမဟာ ရွင္ျမတ္စြာရဲ့ ရဲရဲေတာက္ဥဒါန္းစကား ႀကံဳးဝါးေတာ္မူခဲ့တဲ့ေန့လို႔ ေျပာရင္ မမွားပါဘူး။ 

ဗုဒၶဘာသာဝင္သူေတာ္စင္မ်ား ဗုဒၶဘုရားရဲ့ ႀကံဳးဝါးသံမ်ားျဖင့္ ျပၫ့္လ်ွံေနတဲ့ ကဆုန္လျပၫ့္ေန့မွာ အနႏၲေက်းဇူးရွင္ 

ဘုရားရွင္ကိုယ္ေတာ္ျမတ္ရဲ့ မဟာကရုဏာဂုဏ္ေတာ္ကို အာရံုျပဳၾကည္ညိုကာ ပူေဇာ္ၾကျခင္းျဖစ္တယ္။


ဒါေၾကာင့္ ဗုဒၶေန့မွာ ဗုဒၶရဲ့အဆံုးအမသတိတရားေတာ္ကို လိုက္နာပြားမ်ားၿပီး ခႏၶာအလီလီ တည္ေဆာက္ေနတဲ့ တဏွာလက္သမားကို ပါးသထက္ပါးေအာင္ လွီးျဖတ္ကာ အၿငိမ္းဓာတ္တည္ရာ ျမတ္နိဗၺာန္ကို ဆိုက္ဝင္ေပ်ာ္ႏိုင္ၾကပါေစသတည္း....။ ။


-【ေရႊစမ္းေျမ အရွင္ကဝိဓဇသာရ】

ၿမိဳ႕မၿငိမ္း

 [Unicode]မြို့မငြိမ်း




#biography

#Sketch_of_Myoma_Nyein

#တေးပြုစာဆို

#အတ္ထုပတ္တိ


(ကျွန်တေ်ာကတော့ ဆရာကြီးမြို့မငြိမ်းကို သင်္ကြန်မိုးရုပ်ရှင်ဇာတ်ဝင်တေးများနဲ့အတူစတင်ရင်းနီးတယ်လို့ဝန်ခံပါမယ်။ နောက်ပိုင်းကျမှ အခြားသော သီချင်းများကို သတိပြုရှာဖွေနားဆင်မိတာပါ။ ဆရာကြီးမြို့မငြိမ်းရဲ့ အရည်အချင်းဂုဏ်ဒြပ်ကို မမှီသော်ငြား ဖတ်မိတဲ့စာထဲက အတ္ထုပတ္တိလေးကို ကျွန်တော်က ဂုဏ်ယူစွာပြန်လည်ဝေငှပါရစေ။ အမှားအယွင်းရှိတယ်ဆိုရင်လည်း ကူးယူဖော်ပြသူ ကျွန်တော့်အမှား ဖြစ်ပါတယ်။)


အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ 


မန္တလေးမြို့ ပန်းယွန်းကုန်သည် ဦးညီ၊ ဒေါ်ချင်ဦးတို့၏ သားနှစ်ယောက်အနက် သားကြီးဖြစ်သည်။ ခရစ်နှစ် ၁၉၀၉ခု၊ မြန်မာနှစ် ၁၂၇၁ခုနှစ်၊ တပေါင်းလဆန်း(၅)ရက်၊ တနင်္လာနေ့တွင် မန္တလေးရွှေမြို့တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် ပန်းချီနှင့် ဂီတကို ၀ါသနာပါခဲ့သည်။ စောင်းပညာကို ရွာစားကြီးစိန်ဗေဒါနှင့် စောင်းဦးမောင်မောင်ကြီးတို့ထံမှ ဆည်းပူးခဲ့လေသည်။ ၁၉၂၈ခုနှစ်တွင် မြို့မတူရိယာအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ရာ ဦးဆောင်ဖွဲ့စည်းသူအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ထိုအဖွဲ့သားအဖြစ်ဖြင့် အနောက်နိုင်ငံတူရိယာတီးနည်းနှင့် တူရိယာသင်္ကေတပညာကို သင်ယူခဲ့သည်။


၁၉၃၁ခုနှစ်မှစ၍ သီချင်းများကိုရေးစပ်ရာ မြို့မငြိမ်းဆိုသော ဂီတစာဆိုအမည်ကို ခံယူခဲ့လေသည်။ ထင်ရှားသော တေးသီချင်းများဖြစ်သည့် ချစ်တာပဓာန၊ နှစ်ယောက်တည်းနေချင်တယ်၊ နတ်ရှင်နောင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ စစ်ကိုင်းတောင်၊ မဲဇာရွှေလီ၊ ပါရမီတော် အပါအ၀င် မြို့မငြိမ်းရေးခဲ့သော သီချင်းပေါင်း(၂၀၀)ခန့်ရှိသည်။ 


သီချင်းရေးအတတ်ပညာတွင်သာမဟုတ် ပန်းချီ၊ ပန်းပု ပညာရပ်တွင်လည်း ၀ါသနာထုံ လှသဖြင့် အလွန်ပင်လက်ရာမြောက်ခဲ့လေသည်။


အသက် (၂၂)နှစ်တွင် မသန်းမေနှင့် အိမ်ထောင်ကျသည်။ သားသမီး(၁၃)ယောက်ထွန်းကားခဲ့သည်။


ဆရာမြို့မငြိမ်းသည် ရှေးသီချင်းများကို မူမှန်သတ်မှတ်ရေး အထက်မြန်မာပြည် ကော်မတီအဖွဲ့ဝင်တစ်ဦးဖြင့် လည်းကောင်း၊ မန္တလေးရုပ်ရှင်ကုမ္ပဏီတွင် ဂီတဘက်ဆိုင်ရာ ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်နေစဉ် ၁၉၅၅ခုနှစ် စက်တင်ဘာ (၁၅)ရက်နေ့တွင် ကွယ်လွန်သည်။


ရည်ညွှန်းချက်

မြန်မာ့စွယ်စုံကျမ်း ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်


[Zawgyi]ၿမိဳ႔မၿငိမ္း




#biography

#Sketch_of_Myoma_Nyein

#ေတးျပဳစာဆို

#အတၴုပတၲိ


(ကြၽန္ေတ္ာကေတာ့ ဆရာႀကီးၿမိဳ႔မၿငိမ္းကို သႂကၤန္မိုးရုပ္ရွင္ဇာတ္ဝင္ေတးမ်ားနဲ႔အတူစတင္ရင္းနီးတယ္လို႔ဝန္ခံပါမယ္။ ေနာက္ပိုင္းက်မွ အျခားေသာ သီခ်င္းမ်ားကို သတိျပဳရွာေဖြနားဆင္မိတာပါ။ ဆရာႀကီးၿမိဳ႔မၿငိမ္းရဲ့ အရည္အခ်င္းဂုဏ္ျဒပ္ကို မမွီေသာ္ျငား ဖတ္မိတဲ့စာထဲက အတၴုပတၲိေလးကို ကြၽန္ေတာ္က ဂုဏ္ယူစြာျပန္လည္ေဝငွပါရေစ။ အမွားအယြင္းရိွတယ္ဆိုရင္လည္း ကူးယူေဖာ္ျပသူ ကြၽန္ေတာ့္အမွား ျဖစ္ပါတယ္။)


အမည္ရင္းမွာ ဦးေက်ာ္ၿငိမ္းျဖစ္သည္။ 


မႏၲေလးၿမိဳ႔ ပန္းယြန္းကုန္သည္ ဦးညီ၊ ေဒၚခ်င္ဦးတို႔၏ သားႏွစ္ေယာက္အနက္ သားႀကီးျဖစ္သည္။ ခရစ္ႏွစ္ ၁၉၀၉ခု၊ ျမန္မာႏွစ္ ၁၂၇၁ခုႏွစ္၊ တေပါင္းလဆန္း(၅)ရက္၊ တနလၤာေန့တြင္ မႏၲေလးေရႊၿမိဳ႔တြင္ ေမြးဖြားသည္။ ငယ္စဉ္ကပင္ ပန္းခ်ီႏွင့္ ဂီတကို ဝါသနာပါခဲ့သည္။ ေစာင္းပညာကို ရြာစားႀကီးစိန္ေဗဒါႏွင့္ ေစာင္းဦးေမာင္ေမာင္ႀကီးတို႔ထံမွ ဆည္းပူးခဲ့ေလသည္။ ၁၉၂၈ခုႏွစ္တြင္ ၿမိဳ႔မတူရိယာအဖြဲ႔ကို ဖြဲ႔စည္းတည္ေထာင္ခဲ့ရာ ဦးေဆာင္ဖြဲ႔စည္းသူအဖြဲ႔ဝင္အျဖစ္ ပါဝင္ခဲ့သည္။ ထိုအဖြဲ႔သားအျဖစ္ျဖင့္ အေနာက္ႏိုင္ငံတူရိယာတီးနည္းႏွင့္ တူရိယာသေကၤတပညာကို သင္ယူခဲ့သည္။


၁၉၃၁ခုႏွစ္မွစ၍ သီခ်င္းမ်ားကိုေရးစပ္ရာ ၿမိဳ႔မၿငိမ္းဆိုေသာ ဂီတစာဆိုအမည္ကို ခံယူခဲ့ေလသည္။ ထင္ရွားေသာ ေတးသီခ်င္းမ်ားျဖစ္သၫ့္ ခ်စ္တာပဓာန၊ ႏွစ္ေယာက္တည္းေနခ်င္တယ္၊ နတ္ရွင္ေနာင္၊ ပ်ိဳ႕မွာတမ္း၊ သက္ေဝ၊ စစ္ကိုင္းေတာင္၊ မဲဇာေရႊလီ၊ ပါရမီေတာ္ အပါအ၀င္ ၿမိဳ႔မၿငိမ္းေရးခဲ့ေသာ သီခ်င္းေပါင္း(၂၀၀)ခန႔္ရိွသည္။ 


သီခ်င္းေရးအတတ္ပညာတြင္သာမဟုတ္ ပန္းခ်ီ၊ ပန္းပု ပညာရပ္တြင္လည္း ဝါသနာထံု လွသျဖင့္ အလြန္ပင္လက္ရာေျမာက္ခဲ့ေလသည္။


အသက္ (၂၂)ႏွစ္တြင္ မသန္းေမႏွင့္ အိမ္ေထာင္က်သည္။ သားသမီး(၁၃)ေယာက္ထြန္းကားခဲ့သည္။


ဆရာၿမိဳ႔မၿငိမ္းသည္ ေရွးသီခ်င္းမ်ားကို မူမွန္သတ္မွတ္ေရး အထက္ျမန္မာျပည္ ေကာ္မတီအဖြဲ႔ဝင္တစ္ဦးျဖင့္ လည္းေကာင္း၊ မႏၲေလးရုပ္ရွင္ကုမၸဏီတြင္ ဂီတဘက္ဆိုင္ရာ ဒါရိုက္တာအျဖစ္လည္းေကာင္း ေဆာင္ရြက္ေနစဉ္ ၁၉၅၅ခုႏွစ္ စက္တင္ဘာ (၁၅)ရက္ေန့တြင္ ကြယ္လြန္သည္။


ရည္ၫႊန္းခ်က္

ျမန္မာ့စြယ္စံုက်မ္း ရန္ကုန္တကၠသိုလ္စာၾကၫ့္တိုက္

Sunday, May 23, 2021

အဖွဲ့အစည်းအတွက်အဆိပ်အတောက်ဖြစ်စေသောဝန်ထမ်းစွမ်းဆောင်ရည်အသိအမှတ်ပြုခြင်းများမဖြစ်စေဖို့

 [Unicode]အဖွဲ့အစည်းအတွက်အဆိပ်အတောက်ဖြစ်စေသောဝန်ထမ်းစွမ်းဆောင်ရည်အသိအမှတ်ပြုခြင်းများမဖြစ်စေဖို့ 




စာရေးသူ - ကိုဆုဝေ   (People Service)


ဌာနတစ်ခု၏အကြီးအကဲမန်နေဂျာတစ်ဦး ကိုရိုး၏ရုံးခန်းထဲဝင်လာသည်။ လက်ထဲမှာလည်း ဖိုင်တစ်ခုကိုင် လျက်သားနှင့်။ ဘာကိစ္စများပါလိမ့်…၊ ကိုရိုး စိတ်ထဲတွေးနေမိလိုက်သည်..။ 


“ထိုင်ပါ ကိုဝင်း၊ ဆိုပါဦး လာရင်းကိစ္စလေး၊ ကျွန်တော်ဘာများကူညီပေးရမလဲ…၊” သူကစပြီး၊ စကားဦးသန်း လိုက်တော့၊ မန်နေဂျာဆိုသူက သူ့ကိုပြုံးပြပြီး၊ ရှေ့ကထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ပြီး .. လာရင်းကိစ္စအား မဆိုင်းမတွပင် ဆက်ပြောသည်။ 


“ကိုရိုးရေ..၊ လာရင်းကိစ္စကတော့၊ ကျွန်တော့်ဌာနကမောင်ရွှေကို ရာထူးတိုးပေးဖို့ကိစ္စလေးပါ၊ အဲဒါလေးနဲ့ ပတ်သက်ပြီး၊ လိုအပ်တဲ့စာရွက်စာတမ်းလေးတွေ လာတင်တာပါ၊” 


ကိုရိုး မျက်ခုံးတစ်ချက်ပင့်သွား၏။ မန်နေဂျာဆိုသူ ရာထူးတိုးပေးလိုသည့်ဝန်ထမ်းအကြောင်း သူကောင်း ကောင်းသိသည်။ လုပ်ငန်းစွမ်းဆောင်ရည်က သာမန်မျှသာ၊ တခြားပြောပလောက်စရာလည်း ဘာမှမရှိ။ တစ်ခု ပဲရှိသည်၊ မောင်ရွှေဆိုသောဝန်ထမ်းသည် ထိုမန်နေဂျာဆိုသူ၏လက်စွဲတော်တစ်ဦး၊ သူ့မန်နေဂျာက သေဆိုသေ၊ ရှင်ဆိုရှင်မည့် သူတစ်ဦးဖြစ်သည်။ ဒါကိုလည်း အဲဒီတစ်ဌာနလုံး၊ တစ်ရုံးလုံး သိကြသည်။ ဒါကြောင့်သာ ထိုမန်နေဂျာဆိုသူက သူ့တပည့်ကျော်ကို ရာထူးပေးလိုခြင်းပင်။


“ကိုဝင်းရေ၊ အခုခင်ဗျားလာတင်တဲ့စာရွက်စာတမ်းတွေကတော့ တစ်ပိုင်းပေါ့ဗျာ၊ အဲဒါတွေနဲ့ မသက်ဆိုင်ပဲ အရှိအတိုင်းဝေဖန်သုံးသပ်ရရင်တော့၊ မောင်ရွှေရဲ့လုပ်ငန်းစွမ်းဆောင်ရည်က ရာထူးတိုးပေးလောက်အောင် မထိုက်တန်သေးဘူးလို့ ကျွန်တော်ထင်တယ်၊ ခင်ဗျားလည်းသိမှာပါ၊ သူ ဒီရာထူးအတွက် အများကြီး လိုသေးတယ်၊ အဆင်သင့်မဖြစ်သေးဘူး …” ကိုရိုးက မန်နေဂျာလုပ်သူ၏မျက်နှာအား စေ့စေ့ကြည့်ပြီး၊ ပြောချ လိုက်သည်။


မန်နေဂျာဆိုသူ၏မျက်နှာ ရဲခနဲဖြစ်သွားသည်။ မျက်နှာထားကလည်း ချက်ချင်းတင်းမာသွားပြီး၊ ကိုရိုးကို မကျေနပ်သည့်လေသံဖြင့် ပြောသည်။ “ဒီမယ် ကိုရိုး၊ ကျွန်တော့်ဌာနက ဝန်ထမ်းတွေအကြောင်း ကျွန်တော် အသိဆုံးပါ၊ ကျွန်တော့်ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး၊ ခင်ဗျားလည်း ကျွန်တော့်ထက် ပိုမသိနိုင်ဘူး၊ အခု ဒီ Process ကို ခင်ဗျားဆက်မသွားပေးဘူးဆိုလည်း ရတယ်၊ ကျွန်တော့်ဘာသာ အထက်ကိုဆက်တင်ပြပြီး လုပ်လိုက်မယ်..၊” ပြောပြီး၊ ဖိုင်တွဲကို ဆွဲယူကာ လှည့်ထွက်သွားသည်။ 


အခန်းအပြင်ကိုထွက်သွားသည့် မန်နေဂျာဆိုသူ၏ကျောပြင်အား စိုက်ကြည့်ရင်း၊ ကိုရိုး ပြုံးနေလိုက်သည်။ 


ထိုမန်နေဂျာအကြောင်းပြောရရင် သူသည် ကိုရိုးတို့၏အဖွဲ့အစည်းတွင် ဝင်ငွေအများဆုံး ရှာနိုင်သူဖြစ်သည့် အတွက် အခြားမန်နေဂျာများထက် နေရာနှင့် လုပ်ပိုင်ခွင့်ပိုမိုရရှိရုံသာမက မန်နေဂျင်းဒါရိုက်တာနှင့် ဘုတ်အဖွဲ့ ဝင်များ၏ အရေးပေးခြင်းကိုလည်း ခံရသူတစ်ဦးဖြစ်သည်။


နောက်နှစ်ရက်လောက်နေတော့ လက်ထောက်စာရေးမလေးက ဖိုင်တစ်ခုကို ကိုရိုး၏စားပွဲပေါ် လာတင်သည်။ ဖိုင်ကိုမြင်လိုက်ကတည်းက မှတ်မိသည်။ ဟိုရက်က မန်နေဂျာဆိုသူလာတင်သည့် ဖိုင်။ ကိုရိုး၏ အတွေ့အကြုံ အရ အထဲမှာဘာတွေလဲဆိုတာ ဖိုင်ကိုလှန်ကြည့်နေစရာမလိုတော့၊ ဘာဆိုတာ သူကောင်းကောင်း သိသည်။ 


ဒါပေမယ့် တာဝန်ဝတ္တရားအရ ဖိုင်ကို သူလှန်ကြည့်လိုက်သည်။ တွေ့ပါပြီ… ထိုမန်နေဂျာ၏လက်မှတ်၊ နောက်ပြီး မန်နေဂျင်းဒါရိုက်တာ၏ အတည်ပြုလက်မှတ်များဖြင့် မောင်ရွှေ၏ရာထူးတိုးရုံးစာ..၊ ဝန်ထမ်းရေးရာ မန်နေဂျာ လက်မှတ်ထိုးရမည့်နေရာမှာသာ ကွက်လပ်ကလေး ကျန်နေသည်။ သဘောကတော့ မောင်ရိုးရေ.. မင်းလက်မှတ်ထိုးဖို့ပဲ ကျန်တော့တယ်ဆိုတဲ့သဘော…။ ကိုရိုး ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။


ဒီနေရာမှစပြီး၊ နောက်ဆက်တွဲအကျိုးဆက်များအား စာဖတ်သူများထံ ဆက်လက်တင်ပြလိုပါသည်။ အထက် တွင်ဖော်ပြခဲ့သည့်အတိုင်း မောင်ရွှေဆိုသောဝန်ထမ်း ရာထူးတိုးသွားသည်နှင့်တစ်ပြိုင်နက် အဖွဲ့အစည်းတွင် ပွက်လောရိုက်ကုန်တော့သည်။ နဂိုကတည်းက ကျွတ်စီကျွတ်စီအသံတွေ ထွက်နေရသည့်အထဲ၊ ခုကျတော့ ဘယ်လိုမှထိန်းမရတော့။ အထူးသဖြင့် အဆိုပါမန်နေဂျာ၏ဌာနတွင် ပိုဆိုးလာသည်။ ဝန်ထမ်းတွေက ရှေ့တွင်သာ မပြောလိုကြပေမယ့်၊ နောက်ကွယ်တွင်တော့ သူတို့ရဲ့ မကျေနပ်ချက်တွေကို ရင်ဖွင့်လာကြသည်။ ပြီးတော့ ဌာနတွင်းမှာလည်း သူ့အုပ်စု၊ ကိုယ့်အုပ်စုစသည်ဖြင့် အုပ်စုအဖွဲ့လေးတွေ ဖြစ်လာသည်။ 


အဆိုးဆုံးက ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေ ကျဆင်းလာခြင်းပင်။ သူတို့တွေရဲ့စိတ်ထဲ ငါတို့ ဘယ်လောက်ကြိုးစားကြိုးစား မောင်ရွှေကို ယှဉ်နိုင်မှာမဟုတ်ပါဘူး၊ လုပ်ရတော့ ငါတို့၊ ကောင်းစားမှာက မောင်ရွှေပဲဟု ထင်မှတ်ကုန်ကြတော့သည်။ စိတ်ဓာတ်တွေ ပျက်စီးယိုယွင်းသွားကြခြင်းပင်။ သူတို့ကိုလည်း သွားအပြစ်ပြောလို့မရ။


ဟော.. တစ်ဖက်က မောင်ရွှေကိုကြည့်ပြန်တော့လည်း သူသည် ရာထူးသာ တိုးသွားသည်။ ထိုရာထူးနှင့် ထိုက်တန်သည့် ကျွမ်းကျင်မှု၊ ဗဟုသုတ၊ ခံယူချက်၊ စိတ်နေစိတ်ထား.. ဘာတစ်ခုမှမရှိတော့ လုပ်ငန်းခွင်မှာ အခက်အခဲတွေနှင့် ကြုံတွေ့ရသည်။ နေရာတကာတိုင်းလည်း သူ့ဆရာမန်နေဂျာက သူ့ကို ကူညီ ပေးနေလို့ ကမရ။ ပြီးတော့ လုပ်ငန်းခွင်၏ တစ်ချို့နေရာများတွင် တကယ်တတ်သည်၊ မတတ်သည်က ပေါ်လွင်လာ တတ်သည်၊ ဒီအချက်သည်လုံးဝလိမ်လို့မရပေ။ အဲဒီတော့ သူ့အောက်ကဝန်ထမ်းတွေကလည်း သူ့ကို ရိုသေ လေးစားမှု မရှိတော့။ မောင်ရွှေ ဒီရာထူးနေရာကို ရောက်ရှိလာခဲ့သည့် ဖြတ်သန်းမှုအကြောင်းလည်း သိထား ကြတော့ ပိုဆိုးသည်။


တဖြည်းဖြည်းနှင့် အဆိုပါမန်နေဂျာဆိုသူ၏ဌာနတွင် ဝန်ထမ်းနှုတ်ထွက်မှုနှုန်းတွေ မြင့်တက်လာသည်။ သူ့ဌာန မှထွက်သည့်ဝန်ထမ်းများအား Exit Interview တွင် အလုပ်မှနှုတ်ထွက်သည့်အကြောင်းရင်းအား မေးမြန်းသည့်အခါတိုင်း၊ အဖြေအများစုက တော်ပါပြီဆရာရယ်၊ ဒီမှာအလုပ်လုပ်ရတာ မပျော်တော့ဘူး၊ စိတ်ကုန်သွားလို့ ….၊ တစ်ချို့ပြောရဲဆိုရဲ၊ ပြောချင်ဆိုချင်သော ဝန်ထမ်းများကတော့ - လုပ်ငန်းခွင်မှာ မျှတမှု မရှိဘူးဆရာ၊ ပြီးတော့ ကျွန်တော်တို့ ဘယ်လောက်လုပ်လုပ် အသိအမှတ်ပြုမခံရဘူး၊ ဘာမှမလုပ်တဲ့ လူတွေ ကျတော့ ရာထူးတိုးတယ်..၊ စသည်ဖြင့် ပွင့်အံလာကြသည်။


တစ်နှစ်လောက်ကြာတော့ အဆိုပါမန်နေဂျာလည်း အလုပ်ပြောင်းသွားသည်။ လပိုင်းလောက်ပဲကြာသည်၊ သူ့ တပည့်မောင်ရွှေလည်း အလုပ်ကထွက်စာတင်သည်။ 


နောက်ပိုင်းမောင်ရွှေနှင့်ပတ်သက်ပြီး၊ ပြန်လည်ကြားရသည့်သတင်းများက စိတ်မကောင်းစရာဖြစ်သည်။ အခြားအဖွဲ့အစည်းများတွင် အလုပ်တွေသွားလျှောက်သည်။ ဒါပေမယ့် အလုပ်တွေမရ။ အဓိကပြသနာက သူ့ဆရာမန်နေဂျာ သူ့ကို တိုးပေးခဲ့သည့်ရာထူးကြောင့်ပင်ဖြစ်သည်။ မောင်ရွှေအနေနှင့် အရင်ရာထူးဖြင့် အလုပ်လျှောက်ပါက၊ အလုပ်ရဖို့ရာခိုင်နှုန်းများမည်ဖြစ်သည်။ ခုအခြေအနေအရတော့ သူ့ဆရာတိုးပေးခဲ့သည့် ရာထူးကြီးက သူ အလုပ်ရဖို့အတွက် မဟာအတားအဆီးကြီးဖြစ်နေပြီဖြစ်သည်။


မောင်ရွှေကိစ္စနှင့်ပတ်သက်ပြီး၊ ကိုရိုးသုံးသပ်ကြည့်သည်။ ဒီကိစ္စတွင် သူသည် ဝန်ထမ်းရေးရာမန်နေဂျာတစ် ယောက်အနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်တာ အကြံပေးခဲ့သည်၊ ကျန်တာ သူဘာမှ မတတ်နိုင်ခဲ့။ မောင်ရွှေမှာလည်း အပြစ်မရှိ။ တကယ်တမ်းအပြစ်ရှိသူက သူ့မန်နေဂျာပင်ဖြစ်သည်။ သူကတော့ သူ့တပည့်လုပ်သူကို ကောင်းစားစေချင်သည့်စေတနာဖြင့် ရာထူးတိုးပေးခဲ့သည်။ ဒါပေမယ့် သူလုပ်လိုက်သည့်အလုပ်က မောင်ရွှေ ကို နှစ်ရာရောက်သွားသည်။ အကျိုးဆက်က ဒါနဲ့တင်ရပ်မသွား။ သူ့လုပ်ရပ်ကြောင့် ဝန်ထမ်းကောင်းတွေကိုပါ အဖွဲ့အစည်းကဆုံးရှုံးသွားရသည်။


မန်နေဂျာများသည် ဝန်ထမ်းများနှင့်ပတ်သက်ပြီးအသိအမှတ်ပြုချီးမြှင့်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လိမ်မာဖို့လိုအပ်သည်။ တကယ်ဆိုအဆိုပါမန်နေဂျာအနေဖြင့် သူ့တပည့်မောင်ရွှေအား ရာထူးတိုး ပေးမည့်အစား အခြားအသိအမှတ်ပြုချီးမြှောက်သည့်နည်းလမ်းတစ်ခုခု အသုံးပြုခဲ့သင့်သည်။ ဥပမာ - အခြား ခံစားခွင့်တစ်ခုခုတိုးမြှင့်ပေးခြင်း (သို့မဟုတ်) အသိအမှတ်ပြုအစီအစဉ်တစ်ခုခုပြုလုပ်ပေးခြင်း..၊ နောက်ဆုံး အဆင့် လစာတိုးပေးတာပဲဖြစ်ဖြစ်ပေါ့..။ ရာထူးတိုးပေးလိုက်တာကတော့ အကြီးမားဆုံးအမှားဟုသာ ဆိုရမည် ဖြစ်သည်။


ဝန်ထမ်းများ၏ ခံစားခွင့်နှင့်အသိအမှတ်ပြုချီးမြှင့်သည့်လုပ်ငန်းစဉ်များအား လက်သိပ်ထိုးဆောင်ရွက်တတ်        ကြသည့် အဖွဲ့အစည်းတွေလည်း များစွာရှိသည်။ ဝန်ထမ်းတစ်ဦး လစာ (သို့မဟုတ်) ရာထူးသာတိုးသွားသည်။ တရားဝင်စာထုတ်ခြင်း၊ လစဉ်ပြုလုပ်သည့်ဝန်ထမ်းများစုံညီအစည်းအဝေးများတွင် ကြေညာခြင်းများမလုပ်ကြ တော့ (မလုပ်ရဲတာလည်း ဖြစ်နိုင်ပါသည်) သက်ဆိုင်သူအနည်းငယ်ကလွဲပြီး၊ မည်သူမျှမသိကြ။


ဒါကဘာကိုပြသလဲဆိုတော့ အဲဒီ့အဖွဲ့အစည်း၏ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး၊ အသိ အမှတ်ပြုသည့်လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ပရော်ဖက်ရှင်နယ်မပီသခြင်းကို ကွက်ကွက် ကွင်းကွင်း မီးထောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ 


ကုမ္ပဏီတစ်ခုရှိသည် (အမည်တော့ မပြောလိုတော့ပါ)၊ အဲဒီကုမ္ပဏီမှာ ဝန်ထမ်းများ၏ Salary Pay Structure… Compensation & Benefit Matrix စသည်များအား ဝန်ထမ်းများမြင်သာစေရန် တရားဝင် ထုတ်ဖော်ပြသထားသည်ဆို၏။ ဆိုလိုချင်သည်က - ဒီမှာတွေ့လား .. ရာထူးချင်းတူပေမယ့် မောင်ဖြူက မောင်နီထက် လစာများတယ်..၊ ခံစားခွင့်လည်း ပိုရတယ်..၊ ဘာကြောင့်လဲ သိလား.. ဒီမှာကြည့်လိုက် မောင်ဖြူရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တစ်နှစ်ပတ်လုံး တိုင်းတာသတ်မှတ်ထားတဲ့ ရလဒ်မှတ်တမ်းတွေက မောင်နီ့ထက်အများကြီးသာနေတယ်..၊ မောင်ဖြူ ရသလိုရချင်ရင်၊ မောင်ဖြူလို ကြိုးစားလို့ ဆိုလိုထားခြင်းပင် ဖြစ်သည်။ 


မျှတပြီးလက်တွေ့ကြသည့်စံနှုန်းများအား ထုတ်ဖော်သတ်မှတ်ကာ၊ သတ်မှတ်ထားသည့် အချိန်ကာလတစ်ခု အတွင်း ပွင့်လင်းမြင် သာစွာဖြင့် တိုင်းတာသတ်မှတ်ထားသည့်ရလဒ်များအပေါ် အခြေခံထားသည့်အသိအမှတ် ပြုချီးမြှင့်ခြင်းအစီအစဉ်များဖြစ်သဖြင့် ရာနှုန်းပြည့်မဟုတ်တောင် ဝန်ထမ်းအများစုကြည်ဖြူလက်ခံကြမည်ဆို သည်မှာ သံသယရှိစရာမလိုပေ။


လူမှန်နေရာမှန်ဆိုသည့်စကားသည် ဝန်ထမ်းရွေးချယ်ခန့်အပ်သည့်လုပ်ငန်းစဉ်တစ်ခုတည်းအတွက် ရည်ရွယ် ထားခြင်းမဟုတ်ပေ။ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်အားလုံးနှင့် အကျုံးဝင်သက်ဆိုင်သည်ကို မမေ့မလျော့ သတိရှိကြရန် အထူးလိုအပ်ပါသည်။


မန်နေဂျာများအနေဖြင့် မိမိအလုပ်လုပ်နေသည့်အဖွဲ့အစည်းတွင် စနစ်ကျသည့်ဝန်ထမ်းစွမ်းဆောင်ရည်အကဲ ဖြတ်ခြင်းလုပ်ငန်းစဉ်သည် ကောင်းမွန်စွာသန္ဓေတည်ထားခြင်း ရှိမရှိ အရင်ဆုံးလေ့လာဆန်းစစ်ရမည်ဖြစ်သည်။ အဲဒီအချက်အပေါ်အခြေခံပြီးမှ ဝန်ထမ်းများနှင့် အဖွဲ့အစည်းအတွက် သင့်တော်မည့်အသိအမှတ်ပြုလုပ်ငန်းစဉ် များအား ဖန်တီးယူကာ လိမ်မာပါးနပ်စွာလုပ်ဆောင်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မန်နေဂျာတိုင်း သည် ဝန်ထမ်းရေးရာမန်နေဂျာများဖြစ်သည်ဆိုသည့်စကားလည်း ရှိသည်မဟုတ်ပါလော။ ဌာနတစ်ခု၏အကြီး အကဲမန်နေဂျာဟူသည် အဲဒီဌာန၏ဝန်ထမ်းရေးရာမန်နေဂျာပင်ဖြစ်ပါသည်။ နောက်အရေးကြီးဆုံး တစ်ချက်က ပရော်ဖက်ရှင်နယ်ပီသစွာဖြင့် စည်းကျော်၊ ဘောင်ကျော်သည့်လုပ်ရပ်များ မလုပ်ဆောင်ကြဖို့နှင့် ဘက်လိုက်မှု မရှိရန်ဖြစ်သည်။ တစ်ချို့မန်နေဂျာတွေရှိသည်၊ ငါကအဖွဲ့အစည်းမှာ ဘယ်လိုအရေးပါတာ၊ ငါလုပ်ရင်ဘာမဆို ဖြစ်ရမယ်ဆိုသည့် မာန်မာနလေး တွေထားကြသည်။ တကယ်တမ်းအကျိုးဆက်ကျတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိဖြစ်သွား၏။ ဆင်ခြင်ဖွယ်ပင်ဖြစ်သည် ….။


မန်နေဂျာများဘက်ကကြည့်ရင်လည်း လွယ်ကူလှသည်တော့မဟုတ်ပါ..၊ မိမိလုပ်နေသည့်အဖွဲ့အစည်းတွင် ဝန်ထမ်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များအား စနစ်တကျပြဌာန်းတည်ဆောက်ထားခြင်းမရှိသဖြင့် မှီငြမ်းကိုးကားလို့ကမရ၊ တစ်ဖက်တွင်လည်း မိမိဌာနရှိဝန်ထမ်းတွေအတွက် စွမ်းဆောင်ရည်အသိအမှတ်ပြု လုပ်ငန်းစဉ်များ မဖြစ်မနေလုပ်ဆောင်ရတော့မည့်အခြေအနေတွင် အင်မတန်မှကို ခေါင်းခြောက်စေမည်ဖြစ် သည်။


မည်သို့သောအဖွဲ့အစည်းတွင် ရောက်နေသည်ဖြစ်စေ၊ မန်နေဂျာများအနေဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်အသိ အမှတ်ပြုလုပ်ငန်း စဉ်များဆောင်ရွက်ရာတွင် ဉာဏ်ပညာအမြော်အမြင်ကြီးမားစွာဖြင့် လိမ်မာပါးနပ်စွာအချိန်ယူ ဆုံးဖြတ်လုပ်ကိုင်သင့်ပါကြောင်း အကြံပြုရင်း …..။

(၂၀၂၀၊ဇန်နဝါရီလထုတ်HR Journal မှာဖော်ပြထားတဲ့ ကိုဆုဝေရဲ့ဆောင်းပါးကို ဖော်ပြလိုက်ပါတယ်)


[Zawgyi]အဖြဲ႔အစည္းအတြက္အဆိပ္အေတာက္ျဖစ္ေစေသာဝန္ထမ္းစြမ္းေဆာင္ရည္အသိအမွတ္ျပဳျခင္းမ်ားမျဖစ္ေစဖို႔ 




စာေရးသူ - ကိုဆုေဝ   (People Service)


ဌာနတစ္ခု၏အႀကီးအကဲမန္ေနဂ်ာတစ္ဦး ကိုရိုး၏ရံုးခန္းထဲဝင္လာသည္။ လက္ထဲမွာလည္း ဖိုင္တစ္ခုကိုင္ လ်က္သားႏွင့္။ ဘာကိစၥမ်ားပါလိမ့္…၊ ကိုရိုး စိတ္ထဲေတြးေနမိလိုက္သည္..။ 


“ထိုင္ပါ ကိုဝင္း၊ ဆိုပါဦး လာရင္းကိစၥေလး၊ ကြၽန္ေတာ္ဘာမ်ားကူညီေပးရမလဲ…၊” သူကစၿပီး၊ စကားဦးသန္း လိုက္ေတာ့၊ မန္ေနဂ်ာဆိုသူက သူ႔ကိုၿပံဳးျပၿပီး၊ ေရ႔ွကထိုင္ခံုမွာ ဝင္ထိုင္လိုက္သည္။ ၿပီး .. လာရင္းကိစၥအား မဆိုင္းမတြပင္ ဆက္ေျပာသည္။ 


“ကိုရိုးေရ..၊ လာရင္းကိစၥကေတာ့၊ ကြၽန္ေတာ့္ဌာနကေမာင္ေရႊကို ရာထူးတိုးေပးဖို႔ကိစၥေလးပါ၊ အဲဒါေလးနဲ႔ ပတ္သက္ၿပီး၊ လိုအပ္တဲ့စာရြက္စာတမ္းေလးေတြ လာတင္တာပါ၊” 


ကိုရိုး မ်က္ခံုးတစ္ခ်က္ပင့္သြား၏။ မန္ေနဂ်ာဆိုသူ ရာထူးတိုးေပးလိုသၫ့္ဝန္ထမ္းအေၾကာင္း သူေကာင္း ေကာင္းသိသည္။ လုပ္ငန္းစြမ္းေဆာင္ရည္က သာမန္မ်ွသာ၊ တျခားေျပာပေလာက္စရာလည္း ဘာမွမရိွ။ တစ္ခု ပဲရိွသည္၊ ေမာင္ေရႊဆိုေသာဝန္ထမ္းသည္ ထိုမန္ေနဂ်ာဆိုသူ၏လက္စြဲေတာ္တစ္ဦး၊ သူ႔မန္ေနဂ်ာက ေသဆိုေသ၊ ရွင္ဆိုရွင္မၫ့္ သူတစ္ဦးျဖစ္သည္။ ဒါကိုလည္း အဲဒီတစ္ဌာနလံုး၊ တစ္ရံုးလံုး သိၾကသည္။ ဒါေၾကာင့္သာ ထိုမန္ေနဂ်ာဆိုသူက သူ႔တပၫ့္ေက်ာ္ကို ရာထူးေပးလိုျခင္းပင္။


“ကိုဝင္းေရ၊ အခုခင္ဗ်ားလာတင္တဲ့စာရြက္စာတမ္းေတြကေတာ့ တစ္ပိုင္းေပါ့ဗ်ာ၊ အဲဒါေတြနဲ႔ မသက္ဆိုင္ပဲ အရိွအတိုင္းေဝဖန္သံုးသပ္ရရင္ေတာ့၊ ေမာင္ေရႊရဲ့လုပ္ငန္းစြမ္းေဆာင္ရည္က ရာထူးတိုးေပးေလာက္ေအာင္ မထိုက္တန္ေသးဘူးလို႔ ကြၽန္ေတာ္ထင္တယ္၊ ခင္ဗ်ားလည္းသိမွာပါ၊ သူ ဒီရာထူးအတြက္ အမ်ားႀကီး လိုေသးတယ္၊ အဆင္သင့္မျဖစ္ေသးဘူး …” ကိုရိုးက မန္ေနဂ်ာလုပ္သူ၏မ်က္ႏွာအား ေစ့ေစ့ၾကၫ့္ၿပီး၊ ေျပာခ် လိုက္သည္။


မန္ေနဂ်ာဆိုသူ၏မ်က္ႏွာ ရဲခနဲျဖစ္သြားသည္။ မ်က္ႏွာထားကလည္း ခ်က္ခ်င္းတင္းမာသြားၿပီး၊ ကိုရိုးကို မေက်နပ္သၫ့္ေလသံျဖင့္ ေျပာသည္။ “ဒီမယ္ ကိုရိုး၊ ကြၽန္ေတာ့္ဌာနက ဝန္ထမ္းေတြအေၾကာင္း ကြၽန္ေတာ္ အသိဆံုးပါ၊ ကြၽန္ေတာ့္ထက္ ဘယ္သူမွ ပိုမသိႏိုင္ပါဘူး၊ ခင္ဗ်ားလည္း ကြၽန္ေတာ့္ထက္ ပိုမသိႏိုင္ဘူး၊ အခု ဒီ Process ကို ခင္ဗ်ားဆက္မသြားေပးဘူးဆိုလည္း ရတယ္၊ ကြၽန္ေတာ့္ဘာသာ အထက္ကိုဆက္တင္ျပၿပီး လုပ္လိုက္မယ္..၊” ေျပာၿပီး၊ ဖိုင္တြဲကို ဆြဲယူကာ လွၫ့္ထြက္သြားသည္။ 


အခန္းအျပင္ကိုထြက္သြားသၫ့္ မန္ေနဂ်ာဆိုသူ၏ေက်ာျပင္အား စိုက္ၾကၫ့္ရင္း၊ ကိုရိုး ၿပံဳးေနလိုက္သည္။ 


ထိုမန္ေနဂ်ာအေၾကာင္းေျပာရရင္ သူသည္ ကိုရိုးတို႔၏အဖြဲ႔အစည္းတြင္ ဝင္ေငြအမ်ားဆံုး ရွာႏိုင္သူျဖစ္သၫ့္ အတြက္ အျခားမန္ေနဂ်ာမ်ားထက္ ေနရာႏွင့္ လုပ္ပိုင္ခြင့္ပိုမိုရရိွရံုသာမက မန္ေနဂ်င္းဒါရိုက္တာႏွင့္ ဘုတ္အဖြဲ႔ ဝင္မ်ား၏ အေရးေပးျခင္းကိုလည္း ခံရသူတစ္ဦးျဖစ္သည္။


ေနာက္ႏွစ္ရက္ေလာက္ေနေတာ့ လက္ေထာက္စာေရးမေလးက ဖိုင္တစ္ခုကို ကိုရိုး၏စားပြဲေပၚ လာတင္သည္။ ဖိုင္ကိုျမင္လိုက္ကတည္းက မွတ္မိသည္။ ဟိုရက္က မန္ေနဂ်ာဆိုသူလာတင္သၫ့္ ဖိုင္။ ကိုရိုး၏ အေတြ့အႀကံဳ အရ အထဲမွာဘာေတြလဲဆိုတာ ဖိုင္ကိုလွန္ၾကၫ့္ေနစရာမလိုေတာ့၊ ဘာဆိုတာ သူေကာင္းေကာင္း သိသည္။ 


ဒါေပမယ့္ တာဝန္ဝတၲရားအရ ဖိုင္ကို သူလွန္ၾကၫ့္လိုက္သည္။ ေတြ့ပါၿပီ… ထိုမန္ေနဂ်ာ၏လက္မွတ္၊ ေနာက္ၿပီး မန္ေနဂ်င္းဒါရိုက္တာ၏ အတည္ျပဳလက္မွတ္မ်ားျဖင့္ ေမာင္ေရႊ၏ရာထူးတိုးရံုးစာ..၊ ဝန္ထမ္းေရးရာ မန္ေနဂ်ာ လက္မွတ္ထိုးရမၫ့္ေနရာမွာသာ ကြက္လပ္ကေလး က်န္ေနသည္။ သေဘာကေတာ့ ေမာင္ရိုးေရ.. မင္းလက္မွတ္ထိုးဖို႔ပဲ က်န္ေတာ့တယ္ဆိုတဲ့သေဘာ…။ ကိုရိုး ခပ္ယဲ့ယဲ့ၿပံဳးလိုက္မိသည္။


ဒီေနရာမွစၿပီး၊ ေနာက္ဆက္တြဲအက်ိဳးဆက္မ်ားအား စာဖတ္သူမ်ားထံ ဆက္လက္တင္ျပလိုပါသည္။ အထက္ တြင္ေဖာ္ျပခဲ့သၫ့္အတိုင္း ေမာင္ေရႊဆိုေသာဝန္ထမ္း ရာထူးတိုးသြားသည္ႏွင့္တစ္ၿပိဳင္နက္ အဖြဲ႔အစည္းတြင္ ပြက္ေလာရိုက္ကုန္ေတာ့သည္။ နဂိုကတည္းက ကြၽတ္စီကြၽတ္စီအသံေတြ ထြက္ေနရသၫ့္အထဲ၊ ခုက်ေတာ့ ဘယ္လိုမွထိန္းမရေတာ့။ အထူးသျဖင့္ အဆိုပါမန္ေနဂ်ာ၏ဌာနတြင္ ပိုဆိုးလာသည္။ ဝန္ထမ္းေတြက ေရ႔ွတြင္သာ မေျပာလိုၾကေပမယ့္၊ ေနာက္ကြယ္တြင္ေတာ့ သူတို႔ရဲ့ မေက်နပ္ခ်က္ေတြကို ရင္ဖြင့္လာၾကသည္။ ၿပီးေတာ့ ဌာနတြင္းမွာလည္း သူ႔အုပ္စု၊ ကိုယ့္အုပ္စုစသည္ျဖင့္ အုပ္စုအဖြဲ႔ေလးေတြ ျဖစ္လာသည္။ 


အဆိုးဆံုးက ဝန္ထမ္းေတြရဲ့ လုပ္ငန္းစြမ္းေဆာင္ရည္ေတြ က်ဆင္းလာျခင္းပင္။ သူတို႔ေတြရဲ့စိတ္ထဲ ငါတို႔ ဘယ္ေလာက္ႀကိဳးစားႀကိဳးစား ေမာင္ေရႊကို ယွဉ္ႏိုင္မွာမဟုတ္ပါဘူး၊ လုပ္ရေတာ့ ငါတို႔၊ ေကာင္းစားမွာက ေမာင္ေရႊပဲဟု ထင္မွတ္ကုန္ၾကေတာ့သည္။ စိတ္ဓာတ္ေတြ ပ်က္စီးယိုယြင္းသြားၾကျခင္းပင္။ သူတို႔ကိုလည္း သြားအျပစ္ေျပာလို႔မရ။


ေဟာ.. တစ္ဖက္က ေမာင္ေရႊကိုၾကၫ့္ျပန္ေတာ့လည္း သူသည္ ရာထူးသာ တိုးသြားသည္။ ထိုရာထူးႏွင့္ ထိုက္တန္သၫ့္ ကြၽမ္းက်င္မႈ၊ ဗဟုသုတ၊ ခံယူခ်က္၊ စိတ္ေနစိတ္ထား.. ဘာတစ္ခုမွမရိွေတာ့ လုပ္ငန္းခြင္မွာ အခက္အခဲေတြႏွင့္ ႀကံဳေတြ့ရသည္။ ေနရာတကာတိုင္းလည္း သူ႔ဆရာမန္ေနဂ်ာက သူ႔ကို ကူညီ ေပးေနလို႔ ကမရ။ ၿပီးေတာ့ လုပ္ငန္းခြင္၏ တစ္ခ်ိဳ႕ေနရာမ်ားတြင္ တကယ္တတ္သည္၊ မတတ္သည္က ေပၚလြင္လာ တတ္သည္၊ ဒီအခ်က္သည္လံုးဝလိမ္လို႔မရေပ။ အဲဒီေတာ့ သူ႔ေအာက္ကဝန္ထမ္းေတြကလည္း သူ႔ကို ရိုေသ ေလးစားမႈ မရိွေတာ့။ ေမာင္ေရႊ ဒီရာထူးေနရာကို ေရာက္ရိွလာခဲ့သၫ့္ ျဖတ္သန္းမႈအေၾကာင္းလည္း သိထား ၾကေတာ့ ပိုဆိုးသည္။


တျဖည္းျဖည္းႏွင့္ အဆိုပါမန္ေနဂ်ာဆိုသူ၏ဌာနတြင္ ဝန္ထမ္းႏႈတ္ထြက္မႈႏႈန္းေတြ ျမင့္တက္လာသည္။ သူ႔ဌာန မွထြက္သၫ့္ဝန္ထမ္းမ်ားအား Exit Interview တြင္ အလုပ္မွႏႈတ္ထြက္သၫ့္အေၾကာင္းရင္းအား ေမးျမန္းသၫ့္အခါတိုင္း၊ အေျဖအမ်ားစုက ေတာ္ပါၿပီဆရာရယ္၊ ဒီမွာအလုပ္လုပ္ရတာ မေပ်ာ္ေတာ့ဘူး၊ စိတ္ကုန္သြားလို႔ ….၊ တစ္ခ်ိဳ႕ေျပာရဲဆိုရဲ၊ ေျပာခ်င္ဆိုခ်င္ေသာ ဝန္ထမ္းမ်ားကေတာ့ - လုပ္ငန္းခြင္မွာ မ်ွတမႈ မရိွဘူးဆရာ၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဘယ္ေလာက္လုပ္လုပ္ အသိအမွတ္ျပဳမခံရဘူး၊ ဘာမွမလုပ္တဲ့ လူေတြ က်ေတာ့ ရာထူးတိုးတယ္..၊ စသည္ျဖင့္ ပြင့္အံလာၾကသည္။


တစ္ႏွစ္ေလာက္ၾကာေတာ့ အဆိုပါမန္ေနဂ်ာလည္း အလုပ္ေျပာင္းသြားသည္။ လပိုင္းေလာက္ပဲၾကာသည္၊ သူ႔ တပၫ့္ေမာင္ေရႊလည္း အလုပ္ကထြက္စာတင္သည္။ 


ေနာက္ပိုင္းေမာင္ေရႊႏွင့္ပတ္သက္ၿပီး၊ ျပန္လည္ၾကားရသၫ့္သတင္းမ်ားက စိတ္မေကာင္းစရာျဖစ္သည္။ အျခားအဖြဲ႔အစည္းမ်ားတြင္ အလုပ္ေတြသြားေလ်ွာက္သည္။ ဒါေပမယ့္ အလုပ္ေတြမရ။ အဓိကျပသနာက သူ႔ဆရာမန္ေနဂ်ာ သူ႔ကို တိုးေပးခဲ့သၫ့္ရာထူးေၾကာင့္ပင္ျဖစ္သည္။ ေမာင္ေရႊအေနႏွင့္ အရင္ရာထူးျဖင့္ အလုပ္ေလ်ွာက္ပါက၊ အလုပ္ရဖို႔ရာခိုင္ႏႈန္းမ်ားမည္ျဖစ္သည္။ ခုအေျခအေနအရေတာ့ သူ႔ဆရာတိုးေပးခဲ့သၫ့္ ရာထူးႀကီးက သူ အလုပ္ရဖို႔အတြက္ မဟာအတားအဆီးႀကီးျဖစ္ေနၿပီျဖစ္သည္။


ေမာင္ေရႊကိစၥႏွင့္ပတ္သက္ၿပီး၊ ကိုရိုးသံုးသပ္ၾကၫ့္သည္။ ဒီကိစၥတြင္ သူသည္ ဝန္ထမ္းေရးရာမန္ေနဂ်ာတစ္ ေယာက္အေနျဖင့္ ျဖစ္သင့္ျဖစ္ထိုက္တာ အႀကံေပးခဲ့သည္၊ က်န္တာ သူဘာမွ မတတ္ႏိုင္ခဲ့။ ေမာင္ေရႊမွာလည္း အျပစ္မရိွ။ တကယ္တမ္းအျပစ္ရိွသူက သူ႔မန္ေနဂ်ာပင္ျဖစ္သည္။ သူကေတာ့ သူ႔တပၫ့္လုပ္သူကို ေကာင္းစားေစခ်င္သၫ့္ေစတနာျဖင့္ ရာထူးတိုးေပးခဲ့သည္။ ဒါေပမယ့္ သူလုပ္လိုက္သၫ့္အလုပ္က ေမာင္ေရႊ ကို ႏွစ္ရာေရာက္သြားသည္။ အက်ိဳးဆက္က ဒါနဲ႔တင္ရပ္မသြား။ သူ႔လုပ္ရပ္ေၾကာင့္ ဝန္ထမ္းေကာင္းေတြကိုပါ အဖြဲ႔အစည္းကဆံုးရႈံးသြားရသည္။


မန္ေနဂ်ာမ်ားသည္ ဝန္ထမ္းမ်ားႏွင့္ပတ္သက္ၿပီးအသိအမွတ္ျပဳခ်ီးျမႇင့္သၫ့္လုပ္ငန္းစဉ္မ်ား ေဆာင္ရြက္ရာတြင္ ကြၽမ္းက်င္လိမ္မာဖို႔လိုအပ္သည္။ တကယ္ဆိုအဆိုပါမန္ေနဂ်ာအေနျဖင့္ သူ႔တပၫ့္ေမာင္ေရႊအား ရာထူးတိုး ေပးမၫ့္အစား အျခားအသိအမွတ္ျပဳခ်ီးေျမႇာက္သၫ့္နည္းလမ္းတစ္ခုခု အသံုးျပဳခဲ့သင့္သည္။ ဥပမာ - အျခား ခံစားခြင့္တစ္ခုခုတိုးျမႇင့္ေပးျခင္း (သို႔မဟုတ္) အသိအမွတ္ျပဳအစီအစဉ္တစ္ခုခုျပဳလုပ္ေပးျခင္း..၊ ေနာက္ဆံုး အဆင့္ လစာတိုးေပးတာပဲျဖစ္ျဖစ္ေပါ့..။ ရာထူးတိုးေပးလိုက္တာကေတာ့ အႀကီးမားဆံုးအမွားဟုသာ ဆိုရမည္ ျဖစ္သည္။


ဝန္ထမ္းမ်ား၏ ခံစားခြင့္ႏွင့္အသိအမွတ္ျပဳခ်ီးျမႇင့္သၫ့္လုပ္ငန္းစဉ္မ်ားအား လက္သိပ္ထိုးေဆာင္ရြက္တတ္        ၾကသၫ့္ အဖြဲ႔အစည္းေတြလည္း မ်ားစြာရိွသည္။ ဝန္ထမ္းတစ္ဦး လစာ (သို႔မဟုတ္) ရာထူးသာတိုးသြားသည္။ တရားဝင္စာထုတ္ျခင္း၊ လစဉ္ျပဳလုပ္သၫ့္ဝန္ထမ္းမ်ားစံုညီအစည္းအေဝးမ်ားတြင္ ေၾကညာျခင္းမ်ားမလုပ္ၾက ေတာ့ (မလုပ္ရဲတာလည္း ျဖစ္ႏိုင္ပါသည္) သက္ဆိုင္သူအနည္းငယ္ကလြဲၿပီး၊ မည္သူမ်ွမသိၾက။


ဒါကဘာကိုျပသလဲဆိုေတာ့ အဲဒီ့အဖြဲ႔အစည္း၏ ဝန္ထမ္းမ်ားလုပ္ငန္းစြမ္းေဆာင္ရည္ႏွင့္ပတ္သက္ၿပီး၊ အသိ အမွတ္ျပဳသၫ့္လုပ္ငန္းစဉ္မ်ား ပြင့္လင္းျမင္သာမႈမရိျွခင္း၊ ပေရာ္ဖက္ရွင္နယ္မပီသျခင္းကို ကြက္ကြက္ ကြင္းကြင္း မီးေထာင္းထိုးျပလိုက္ျခင္းျဖစ္သည္။ 


ကုမၸဏီတစ္ခုရိွသည္ (အမည္ေတာ့ မေျပာလိုေတာ့ပါ)၊ အဲဒီကုမၸဏီမွာ ဝန္ထမ္းမ်ား၏ Salary Pay Structure… Compensation & Benefit Matrix စသည္မ်ားအား ဝန္ထမ္းမ်ားျမင္သာေစရန္ တရားဝင္ ထုတ္ေဖာ္ျပသထားသည္ဆို၏။ ဆိုလိုခ်င္သည္က - ဒီမွာေတြ့လား .. ရာထူးခ်င္းတူေပမယ့္ ေမာင္ျဖဴက ေမာင္နီထက္ လစာမ်ားတယ္..၊ ခံစားခြင့္လည္း ပိုရတယ္..၊ ဘာေၾကာင့္လဲ သိလား.. ဒီမွာၾကၫ့္လိုက္ ေမာင္ျဖဴရဲ့ လုပ္ငန္းစြမ္းေဆာင္ရည္ကို တစ္ႏွစ္ပတ္လံုး တိုင္းတာသတ္မွတ္ထားတဲ့ ရလဒ္မွတ္တမ္းေတြက ေမာင္နီ႔ထက္အမ်ားႀကီးသာေနတယ္..၊ ေမာင္ျဖဴ ရသလိုရခ်င္ရင္၊ ေမာင္ျဖဴလို ႀကိဳးစားလို႔ ဆိုလိုထားျခင္းပင္ ျဖစ္သည္။ 


မ်ွတၿပီးလက္ေတြ့ၾကသၫ့္စံႏႈန္းမ်ားအား ထုတ္ေဖာ္သတ္မွတ္ကာ၊ သတ္မွတ္ထားသၫ့္ အခ်ိန္ကာလတစ္ခု အတြင္း ပြင့္လင္းျမင္ သာစြာျဖင့္ တိုင္းတာသတ္မွတ္ထားသၫ့္ရလဒ္မ်ားအေပၚ အေျခခံထားသၫ့္အသိအမွတ္ ျပဳခ်ီးျမႇင့္ျခင္းအစီအစဉ္မ်ားျဖစ္သျဖင့္ ရာႏႈန္းျပၫ့္မဟုတ္ေတာင္ ဝန္ထမ္းအမ်ားစုၾကည္ျဖဴလက္ခံၾကမည္ဆို သည္မွာ သံသယရိွစရာမလိုေပ။


လူမွန္ေနရာမွန္ဆိုသၫ့္စကားသည္ ဝန္ထမ္းေရြးခ်ယ္ခန႔္အပ္သၫ့္လုပ္ငန္းစဉ္တစ္ခုတည္းအတြက္ ရည္ရြယ္ ထားျခင္းမဟုတ္ေပ။ ဝန္ထမ္းေရးရာစီမံခန႔္ခြဲမႈလုပ္ငန္းစဉ္အားလံုးႏွင့္ အက်ံဳးဝင္သက္ဆိုင္သည္ကို မေမ့မေလ်ာ့ သတိရိွၾကရန္ အထူးလိုအပ္ပါသည္။


မန္ေနဂ်ာမ်ားအေနျဖင့္ မိမိအလုပ္လုပ္ေနသၫ့္အဖြဲ႔အစည္းတြင္ စနစ္က်သၫ့္ဝန္ထမ္းစြမ္းေဆာင္ရည္အကဲ ျဖတ္ျခင္းလုပ္ငန္းစဉ္သည္ ေကာင္းမြန္စြာသႏၶေတည္ထားျခင္း ရိွမရိွ အရင္ဆံုးေလ့လာဆန္းစစ္ရမည္ျဖစ္သည္။ အဲဒီအခ်က္အေပၚအေျခခံၿပီးမွ ဝန္ထမ္းမ်ားႏွင့္ အဖြဲ႔အစည္းအတြက္ သင့္ေတာ္မၫ့္အသိအမွတ္ျပဳလုပ္ငန္းစဉ္ မ်ားအား ဖန္တီးယူကာ လိမ္မာပါးနပ္စြာလုပ္ေဆာင္ရမည္ျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ မန္ေနဂ်ာတိုင္း သည္ ဝန္ထမ္းေရးရာမန္ေနဂ်ာမ်ားျဖစ္သည္ဆိုသၫ့္စကားလည္း ရိွသည္မဟုတ္ပါေလာ။ ဌာနတစ္ခု၏အႀကီး အကဲမန္ေနဂ်ာဟူသည္ အဲဒီဌာန၏ဝန္ထမ္းေရးရာမန္ေနဂ်ာပင္ျဖစ္ပါသည္။ ေနာက္အေရးႀကီးဆံုး တစ္ခ်က္က ပေရာ္ဖက္ရွင္နယ္ပီသစြာျဖင့္ စည္းေက်ာ္၊ ေဘာင္ေက်ာ္သၫ့္လုပ္ရပ္မ်ား မလုပ္ေဆာင္ၾကဖို႔ႏွင့္ ဘက္လိုက္မႈ မရိွရန္ျဖစ္သည္။ တစ္ခ်ိဳ႕မန္ေနဂ်ာေတြရိွသည္၊ ငါကအဖြဲ႔အစည္းမွာ ဘယ္လိုအေရးပါတာ၊ ငါလုပ္ရင္ဘာမဆို ျဖစ္ရမယ္ဆိုသၫ့္ မာန္မာနေလး ေတြထားၾကသည္။ တကယ္တမ္းအက်ိဳးဆက္က်ေတာ့ ဘယ္သူ႔အတြက္မွ အက်ိဳးမရိျွဖစ္သြား၏။ ဆင္ျခင္ဖြယ္ပင္ျဖစ္သည္ ….။


မန္ေနဂ်ာမ်ားဘက္ကၾကၫ့္ရင္လည္း လြယ္ကူလွသည္ေတာ့မဟုတ္ပါ..၊ မိမိလုပ္ေနသၫ့္အဖြဲ႔အစည္းတြင္ ဝန္ထမ္းစြမ္းေဆာင္ရည္ အကဲျဖတ္ျခင္းလုပ္ငန္းစဉ္မ်ားအား စနစ္တက်ျပဌာန္းတည္ေဆာက္ထားျခင္းမရိွသျဖင့္ မွီျငမ္းကိုးကားလို႔ကမရ၊ တစ္ဖက္တြင္လည္း မိမိဌာနရိွဝန္ထမ္းေတြအတြက္ စြမ္းေဆာင္ရည္အသိအမွတ္ျပဳ လုပ္ငန္းစဉ္မ်ား မျဖစ္မေနလုပ္ေဆာင္ရေတာ့မၫ့္အေျခအေနတြင္ အင္မတန္မွကို ေခါင္းေျခာက္ေစမည္ျဖစ္ သည္။


မည္သို႔ေသာအဖြဲ႔အစည္းတြင္ ေရာက္ေနသည္ျဖစ္ေစ၊ မန္ေနဂ်ာမ်ားအေနျဖင့္ ဝန္ထမ္းစြမ္းေဆာင္ရည္အသိ အမွတ္ျပဳလုပ္ငန္း စဉ္မ်ားေဆာင္ရြက္ရာတြင္ ဉာဏ္ပညာအေျမာ္အျမင္ႀကီးမားစြာျဖင့္ လိမ္မာပါးနပ္စြာအခ်ိန္ယူ ဆံုးျဖတ္လုပ္ကိုင္သင့္ပါေၾကာင္း အႀကံျပဳရင္း …..။

(၂၀၂၀၊ဇန္နဝါရီလထုတ္HR Journal မွာေဖာ္ျပထားတဲ့ ကိုဆုေဝရဲ့ေဆာင္းပါးကို ေဖာ္ျပလိုက္ပါတယ္)

Saturday, May 22, 2021

"ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး"

 [Unicode]"ဗြဟ္မစိုရ်တရားနှင့် လူမှုဆက်ဆံရေး"

•••••••••••••••••••••••••••••••••••••••••

#ဘာသာရေးဆောင်းပါး

#မနာပဒါယီ_အရှင်ဝိစိတ္တ

#လူမှုဆက်ဆံရေး




အသက်အရွယ်တစ်ခုရလာတာနဲ့ လူပေါင်းစုံနဲ့ဆက်ဆံရတဲ့ အရေအတွက်ကလည်း များသထက်များလာတယ်။ တစ်ခါတလေ ကိုယ့်ဘက်က အကောင်းဆုံးဆက်ဆံပေါင်းသင်းပေးပေမယ့် ဘာကြောင့်အဆင်မပြေသလဲ တွေးမိတဲ့အခါလည်းရှိတယ်။ 

ဘုန်းဘုန်းတို့ တရားပွဲတစ်ခုမှာ ဒကာမကြီးတစ်ယောက်က သူ့ရဲ့အတွေ့အကြုံလေးကို လျှောက်ပါတယ်။ 


“အရှင်ဘုရား… တပည့်တော်ဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဖြတ်သန်းခဲ့ရတာတွေလည်း များပြီ၊တွေ့ကြုံခဲ့ရတာတွေလည်း များပြီ၊ ဆက်ဆံခဲ့ရသူတွေလည်း တော်တော်စုံခဲ့ပြီဘုရား။ အထူးသဖြင့် အကျင့်စရိုက်အမျိုးမျိုး ရှိတဲ့သူတွေနဲ့အများကြီး တွေ့ကြုံဆက်ဆံ ခဲ့ရပါတယ်။ အခုလည်းဆက်ဆံတုန်း၊ နောင်လည်း ဆက်ဆံနေရဦးမှာပါ။ ဒါပေမယ့် အရှင်ဘုရားရေ… လူတွေက အမျိုးမျိုး ဆိုတော့ တပည့်တော်ဘက်က ဘယ်လိုပဲကြိုးစား ဆက်ဆံဆက်ဆံ လူမှုဆက်ဆံရေးမှာ အဆင်မပြေလှဘူးဘုရား..။ တပည့်တော်လည်း ကြိုးစား တာပဲ မှန်ကန်ပြီး အကျိုးရှိတဲ့ လူမှုဆက်ဆံရေး မဖြစ်ခဲ့ဘူးဘုရား…။ အဲဒါ… အရှင်ဘုရားအနေနဲ့ ဘုရားအဆုံးအမနဲ့ ကိုက်ညီမယ့် လူမှု နယ်ပယ်မှာ အကောင်းဆုံး ဆက်ဆံနိုင်မယ့် ဆက်ဆံနည်းလေးရှိရင် တပည့်တော်မကို မိန့်ကြားပေးပါဘုရား“ လို့ လျှောက်ဖူးပါတယ်။ “အင်း… ရှိပါတယ် ဒကာမကြီး…၊ ဗြဟ္မစိုရ်တရားလေး လက်ကိုင် ထားပြီး ဆက်ဆံကြည့်ပါ၊ အားလုံးနဲ့ အဆင်ပြေသွားပါလိမ့်မယ်“ လို့ ဘုန်းဘုန်း အနေနဲ့ အဖြေပေးလိုက်ပါတယ်။


ဟုတ်ပါတယ်။ လောကမှာ လူအမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး၊ သဘောထားအမျိုးမျိုးရှိတဲ့ အတွက်ကြောင့် စိတ်တွေလည်း အမျိုးမျိုး ဖြစ်နေကြပြီး လူမှုဘ၀ဆက်ဆံရေးဟာ တစ်ဦးနဲ့တစ်ဦး အဆင်ပြေပြေ ရှိဖို့မလွယ်လှပါဘူး။ ဒါပေမယ့် လွယ်အောင်ဆက်ဆံလို့တော့ ရပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပြီး ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ထဲမှာ ရှိရမယ့် တရားလေးများကို တည်ရှိအောင် ကြိုးစားရယူကာ ဆက်ဆံကြည့်တဲ့ နည်းလေးပါ။ ဒီနည်းကို ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံတဲ့နည်းလို့ အလွယ်ပြောနိုင်ပါတယ်။ တကယ်တော့ လောကမှာ လူတွေအမျိုးမျိုး ရှိတယ်လို့ ပြောနေကြပေမယ့် မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ အင်္ဂလန်စတဲ့ အမည်နာမတွေကိုမသုံးဘဲ မနုဿဘုံလို့ခေါ်တဲ့ လူ့ဘုံမှာရှိတဲ့ လူသားတွေလို့သာ ပြောလိုက်ရင် လူအမျိုးအစား အများကြီး မရှိတော့ပါဘူး။ လူအမျိုးမျိုးလည်း မကွဲတော့ပါဘူး။ အသားအရောင်၊ အဖြူအမည်း၊ ဆံပင်အမွေး အဖြူအနီစတာတွေဟာ အရေပြားပေါ်မှာ ဖြစ်လာတဲ့ ကွဲပြားခြားနားမှုများသာဖြစ်ပြီး ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်လာကြကာ ရုပ်နာမ်နှစ်ပါးခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ လူလို့သာနားလည်လိုက်ရင် လူအမျိုးအစား မများတော့ပါဘူး။ တိတိကျကျ ခွဲခြားလိုက်ရင် လေးမျိုးပဲ ရှိပါတယ်။ အဲဒီလေးမျိုးက..


၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ

၂။ ကိုယ့်အောက်နိမ့်ကျတဲ့သူ

၃။ ကိုယ့်ထက်သာတဲ့သူ

၄။ ကိုယ့်နဲ့တန်းတူလည်းမဟုတ်၊ နိမ့်ကျတာလည်းမဟုတ်၊ 

သာတာလည်းမဟုတ်တဲ့ ကြားဖြစ်တဲ့သူတို့ပဲဖြစ်ပါတယ်။


ဆိုတော့ကား ဘယ်လောက်ပဲလူတွေ အမျိုးမျိုးရှိနေပါစေ ဒီလေးမျိုးထဲမှာပဲ သွားပြီးအကျုံးဝင်ပါတော့တယ်။ အဲဒီတော့ ဒီလူလေးမျိုးကိုပဲ အဆင်ပြေအောင် ဆက်ဆံနိုင်မယ်၊ ဆက်ဆံလိုက်မယ်ဆိုရင် လူမှုဘ၀ဆက်ဆံရေးဟာ အားလုံးအဆင်ပြေသွားမှာပါ။ ကောင်းပါပြီ။ ဒီလူလေးမျိုးကို ဘယ်လိုစိတ်ထား၊ ဘယ်လိုတရားတွေနဲ့ လိုက်ကိုင်ထား ဆက်ဆံကြမလဲဆိုရင် ခုနပြောခဲ့တဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့ပါပဲ။ ဗြဟ္မစိုရ်ဆိုတာ ဗြဟ္မစရိယဆိုတဲ့ ပါဠိစကားလုံးကို တိုက်ရိုက်မြန်မာမှုပြုထားခြင်း ဖြစ်ပါတယ်။


ဗြဟ္မစရိယ = မြတ်သောအကျင့်လို့ အဓိပ္ပါယ်ယူနိုင်သလို ဗြဟ္မာ့ပြည်ရောက်ကြောင်း အကျင့်လို့လည်း နားလည်နိုင်ပါတယ်။ ဗြဟ္မ= မြတ်သော၊ တစ်နည်းအားဖြင့် ဗြဟ္မာတို့နဲ့ သက်ဆိုင်သော၊ စရိယ= အကျင့်လို့ တစ်လုံးချင်းအဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဒီဗြဟ္မစရိယခေါ် ဗြဟ္မစိုရ်တရား လေးပါးရှိပါတယ်။ ဒီလေးပါးက…


၁။ မေတ္တာ

၂။ ကရုဏာ

၃။ မုဒိတာ

၄။ ဥပေက္ခာ

ဆိုတဲ့ တရားလေးပါးပါပဲ။ မေတ္တာက ချစ်ခင်ခြင်း အကျိုးလိုလာခြင်းလို့ အဓိပ္ပါယ်ရပြီး ကရုဏာကတော့ သနားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မုဒိတာကတော့ သူတပါးကြီးပွား တိုးတက်မှုအပေါ် ၀မ်းမြောက်ခြင်းဖြစ်ပြီး ဥပေက္ခာကတော့ အပြစ်လည်းမဖြစ်၊ အချစ်လည်းမဖြစ်၊ တစ်နည်းအားဖြင့် ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်းမဖြစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ကား လူအမျိုးမျိုးမရှိ လေးမျိုးပဲရှိတဲ့ လူမျိုးများကို ဒီတရားလေးပါးပဲ လက်ကိုင်ထား ဆက်ဆံကြည့်နိုင်မယ်ဆိုရင် လူမှုနယ်ပယ် ဆက်ဆံရေးဟာ သေချာပေါက် အဆင်ပြေသွားမှာပါ။


♦ ပထမဆုံး တန်းတူဖြစ်တဲ့သူ။ တန်းတူဖြစ်တယ်ဆိုတာ ကိုယ်နဲ့အသက်အရွယ်၊ ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် တန်းတူဖြစ်တဲ့သူကို ပြောတာပါ။ 

ဒီလို အစစအရာအရာ တူညီနေတဲ့ အတူဖြစ်နေတဲ့ သူတွေကို တွေ့ရင် မေတ္တာတရားလက်ကိုင်ထားပြီး ဆက်ဆံကြည့်ရမယ်တဲ့။ ဆက်ဆံကြည့်ပါပေါ့…။ အဲလို မေတ္တာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ကိုယ်ဟာ အကုန်တူနေတဲ့အတွက် သူ့ထက်ငါသာအောင် ပြိုင်ဆိုင်တတ်ကြပါတယ်။

ပြိုင်လာပြီဆိုရင်တော့ မကောင်းတော့ပါဘူး။ ပညာတွေပြိုင်၊ ရာထူးတွေပြိုင်၊ မာနတွေပြိုင်စသဖြင့် လုပ်လာတတ်ကြပါတယ်။ ပြိုင်ရင်းပြိုင်ရင်းနဲ့ 

အနိုင်ရအောင် မဟုတ်တဲ့နည်းတွေ သုံးလာတတ်ပါတယ်။ 


♦ ခဏအနိုင်ရဖို့အတွက် သံသရာနဲ့အပြိုင် ပေးဆပ်ရတဲ့အထိ လုပ်လာတတ်ပါတယ်။ ဒီအခါမှာ ပြိုင်ရင်းပြိုင်ရင်း အရှုံးတွေဖြစ်ကာ အပါယ်ခရီးမှာ လုံးလုံးနစ်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူများနဲ့ ပြိုင်တာမကောင်းပါဘူး။ သို့သော် ကိုယ့်ကိုယ်ကိုတော့ ပြိုင်နေရပါမယ်။ ယနေ့ငါနဲ့ မနက်ဖြန်ငါဟာ မတူအောင် ပြိုင်နေရပါမယ်။ မကောင်းတဲ့ ဘက်မှာမဟုတ် ကောင်းတဲ့ဘက်တွေမှာပါ။ ယနေ့ငါဟာ ကံငါးပါးမလုံသေးပေမယ့် မနက်ဖြန်ငါကတော့ ကံငါးပါးလုံစေရမယ်လို့ ပြိုင်ရပါမယ်။ 


♦ ယနေ့ငါဟာ ကိုယ်ကျင့်တရား မကောင်းပေမယ့် မနက်ဖြန်ငါကတော့ ကိုယ်ကျင့်တရားကောင်းရမယ်လို့ ပြိုင်ရပါမယ်။ ယနေ့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ဒီလောက်ပဲ လုပ်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး လုပ်နိုင်ရမယ့်လို့ ပြိုင်ရပါမယ်။ ဒီနေ့ငါဟာ စိတ်ထားလေးတွေကို ဒီလောက်ပဲ ပြုပြင်နိုင်သေးပေမယ့် မနက်ဖြန်ငါကတော့ ဒီထက်ပိုပြီး ပြုပြင်နိုင်ရမယ်လို့ ပြိုင်ရပါမယ်။ ဒါက ကိုယ့်ရဲ့ သံသရာကောင်းရေးအတွက် ပြိုင်ရမှာကို ပြောတာပါ။ သူတပါးတွေနဲ့ကတော့ ပြိုင်ဖို့မလိုပါဘူး။ တူလာရင် မေတ္တာနဲ့ ဆက်ဆံတတ်ဖို့ပဲ လိုပါတယ်။ သူ့အကျိုးကို ကြည့်တတ်မြင်တတ်အောင် ကြိုးစားပေးဖို့ပဲ လိုပါတယ်။ ဒါဆိုရင် တန်းတူဖြစ်တဲ့သူတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်နဲ့တန်းတူဖြစ်တဲ့သူကို မေတ္တာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့၊မေတ္တာမထားနိုင်က ပြိုင်လာနိုင်ပြီး ပြိုင်လာရင် အပြစ်ဖြစ်လာတတ်တဲ့အတွက် မပြိုင်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။


♦ နောက် ကိုယ့်အောက်နိမ့်ကျတဲ့သူ။ ဒီနိမ့်ကျတယ်ဆိုရာမှာလည်း 

အသက်အရွယ်၊ ရာထူးဌာနန္တရ၊ ဂုဏ်အားဖြင့် နိမ့်ကျတာကို ပြောတာပါ။ 

ဒီလို ကိုယ့်အောက်နိမ့်ကျတဲ့သူကိုတော့ ကရုဏာတရားလက်ကိုင်ထားပြီး 

ဆက်ဆံကြည့်ပါတဲ့။ ကရုဏာဆိုတာ သနားခြင်းကို ပြောတာပါ။ အဲလို ကိုယ့်အောက်နိမ့်ကျတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သနားခြင်း ကရုဏာတရား မထားနိုင်ရင် အနိုင်ယူလာတတ်၊ အနိုင်ကျင့်လာတတ်ပါတယ်။ အနိုင်ကျင့်လာပြီဆိုရင်လည်း မကောင်းတော့ပါဘူး။ နိုင်ထက်စီးနင်းလုပ်တာ မတရားဖိနှိပ်မှုပြုတာ၊ တစ်ဘက်သူကို အကျပ်အတည်း ဒုက္ခဖြစ်အောင်လုပ်တာ စတာတွေဟာ အကုသိုလ်အပြစ်တွေနဲ့ ဆက်ဆံနေပြီး အပါယ်လားစေနိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။


သေချာစဉ်းစားကြည့်ရင် ကိုယ့်လောက်မှမတော်၊ ကိုယ့်လောက်မှ အရည်အချင်းမရှိ၊ ကိုယ့်လောက်မှ ကံအကျိုးပေးမကောင်းလို့ ကိုယ့်အောက်ရောက်နေကာ ကိုယ့်ထက်နိမ့်ကျနေသူကို ဘာကြောင့် အနိုင်ယူကြတော့မှာလဲ…၊ သူ့ကိုနိုင်လို့ကော ကိုယ့်အတွက် ဘာအကျိုးဖြစ်သွားမှာလဲ..၊ ကိုယ့်လောက်မှ မရှိဘဲ အစစအရာရာ နိမ့်ကျနေသူကို အနိုင်ယူတော့ကော ကိုယ်ကဘာတွေ ရသွားမှာလဲ…စသဖြင့် စဉ်းစားစရာတွေပါ။ 


ဒါပေမယ့် ရသွားတာတစ်ခုတော့ ရှိလိမ့်မယ်။ ကိုယ့်အောက်နိမ့်ကျသူကို အနိုင်ယူလိုက်တဲ့ ဒေါသကြောင့်အကုသိုလ်အပြစ်ဖြစ်သွားပြီး ဒေါသရဲ့

နောက်ဆက်တွဲအဖြစ် နောင်တနဲ့ သောကတွေ ရသွားပါလိမ့်မယ်။ ဒါဟာ ကရုဏာမထားနိုင်ဘဲ အနိုင်ယူလိုက်ခြင်းရဲ့ ဆိုးကျိုးပါ။ ဒါကြောင့် ကိုယ့်အောက်နိမ့်ကျသူကို အနိုင်မယူဘဲ သနားခြင်း ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံနိုင်မယ်ဆိုရင် ဒီလိုသူမျိုးများရှိတဲ့ လူမှုနယ်ပယ် ဆက်ဆံရေးဟာ အဆင်ပြေသွားမှာပါလို့ ဆိုရခြင်းဖြစ်ပါတယ်။


♦ ကိုယ်ထက်သာသူနဲ့ ဆက်ဆံဖို့ကတော့ မုဒိတာတရား အထူးလိုအပ်ပါတယ်။ မုဒိတာဆိုတာ ၀မ်းမြောက်ပေးတာ၊ အတူပျော်ရွှင် ကျေနပ်ပေးတာကို ပြောတာပါ။ ကိုယ့်ထက် အသက်သိက္ခာဂုဏ်ဝါ၊ ရာထူးဌာနန္တရ စသည်သာသူကို ဆက်ဆံတဲ့အခါ ဒီမုဒိတာက အလွန်အရေးပါပါတယ်။ မုဒိတာတရား ထားနိုင်မှ အဆင်ပြေအောင် ဆက်ဆံနိုင်ပါတယ်။ မုဒိတာတရား မထားနိုင်ဘူးဆိုရင်တော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ "ဣဿာနဲ့ မစ္ဆရိယ" တရားတွေက ၀င်ရောက်နေရာ ယူသွားတတ်ပါတယ်။ 


ဣဿာဆိုတာ သူတပါးအပေါ်မှာ မနာလိုဖြစ်တာ၊ မစ္ဆရိယဆိုတာက မိမိမှာရှိတာကို ၀န်တိုတာပါ။ နှစ်ခုလုံးမကောင်းပါဘူး။ စာပေက ဒီတရားနှစ်ပါးကို အတွင်းရန်သူနှစ်ဦးလို့ ဆိုပါတယ်။ ဒီအတွင်းရန်သူ နှစ်ဦးကိုယ့်သန္တာန်မှာဖြစ်ပြီဆိုရင် သူတို့က ကိုယ့်ကိုအရင်နှိပ်စက်တော့တာပါပဲ။ ဒီလိုနှိပ်စက်ခံရတော့ ကိုယ်ကလည်း ဒီနှစ်ပါးရဲ့ စေ့ဆော်စေခိုင်းချက်နဲ့ သူတပါးအပေါ်မှာလည်း ဒုက္ခပေးနှိပ်စက်မိပြန်ပါတယ်။ ဒီတရားနှစ်ပါးဟာ ကိုယ့်ကိုလည်း ပူလောင်စေတတ်သလို သူတပါးကိုလည်း ပူလောင်စေတတ်ပါတယ်။ 


ဒါကြောင့် ဒီတရားတွေ မ၀င်အောင် အမြဲကြိုးစားရပါတယ်။ ဒီတရားဝင်လာတာဟာ ခုနပြောခဲ့တဲ့ မုဒိတာတရား မရှိလို့၊ မုဒိတာတရား ခေါင်းပါးလို့ဖြစ်တာပါ။ ဒါကြောင့် မုဒိတာ ပွားနိုင်အောင် ကြိုးစားပါလို့ ဆိုရခြင်းဖြစ်ပါတယ်။ 


♦ အပြောလွယ်သလောက် အလုပ်ခက်တာ ဒီမုဒိတာ တရားပါ။ 

များသောအားဖြင့် လူတွေဟာ ကရုဏာတရား ဖြစ်ဖို့လွယ်သလောက် မုဒိတာတရားပွားပေးဖို့ ခက်တတ်ကြပါတယ်။ ခက်လို့ မပြုပြင်ဘူး ဒီတိုင်းထားလိုက်မယ်ဆိုရင် ပိုလို့သာ ဆိုးစေပါလိမ့်မယ်။ ဒါကြောင့် ကိုထက်သာတဲ့ သူတွေနဲ့ အဆင်ပြေအောင် ဆက်ဆံနိုင်ဖို့ သူတပါးရဲ့ တိုးတက်မှုအပေါ်၊ အောင်မြင်မှုအပေါ်၊ အစစအရာရာ ၀မ်းမြောက်ဝမ်းသာ ပေးနိုင်အောင် မုဒိတာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်ဖို့လိုပါတယ်။ ဒီလိုဆိုရင် လူမှုနယ်ပယ်မှာ အဆင်ပြေသွားပါလိမ့်မယ်။


တစ်ချို့ကျတော့ မေတ္တာထား ဆက်ဆံပေးလို့လည်းမရ၊ ကရုဏာတရားထားပေးလို့လည်း မဖြစ်၊ မုဒိတာပွားပေးလို့လည်း အဆင်မပြေတဲ့ ဟိုဟာလည်းမဟုတ် ဒါလည်းမဟုတ်တဲ့ ကြားဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုသူမျိုးကိုတော့ ဥပေက္ခာတရား လက်ကိုင်ထားပြီး ဆက်ဆံကြည့်စေချင်ပါတယ်။ အဆင်ပြေသွားပါလိမ့်မယ်။ ဥပေက္ခာဆိုတာ ပြီးပြီးရော သူဟာသူ ဖြစ်ချင်ရာဖြစ်ဆိုပြီး လျစ်လျူ ရှုပစ်လိုက်တာမျိုး မဟုတ်ပါဘူး။ တစ်ဘက်သူကို အမှီပြုပြီး ကုသိုလ်လည်း မဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် နေလိုက်တာပါ။ ငါကောင်းရဲ့သားနဲ့ ငါ့အပေါ်ဒီလိုလုပ်တာ တော်ပြီကွာ ဒင်းထိုက်နဲ့ဒင်းပဲ ရှိပါစေဆိုတဲ့ ကိုယ်အလိုမကျလို့ လှည့်မကြည့်ဘဲ ပြစ်ထားတာမျိုး မဟုတ်ပါဘူး။ သူ့အပေါ် အမုန်းတရားလည်း မထား၊ အချစ်တရားလည်း မထားဘဲ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် နေလိုက်တဲ့ သဘောကို ဥပေက္ခာလို့ ဆိုနိုင်ပါတယ်။


တစ်ခါတစ်ရံမှာ တစ်ချို့သူတွေဟာ ဘယ်လိုပဲ ကိုယ့်ဘက်က လိုက်လျောသီးခံ အမျိုးမျိုးကြိုးစား ဆက်ဆံပေမယ့် အဆင်မပြေကြပါဘူး။ ဒီလိုသူမျိုးကို အတင်းအဓမ္မလိုက်ပြီး ကြိုးစားဆက်ဆံနေရရင်လည်း သူကဘာမှဖြစ်မှာမဟုတ်ဘူး ကိုယ်သာအကုသိုလ်တွေ တိုးလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုသူမျိုးကျတော့ “အေးလေ… သတ္တ၀ါတွေဆိုတာ သဗ္ဗေသတ္တာ ကမ္မဿကာ ဆိုတဲ့အတိုင်း သူကံနဲ့သူဖြစ်နေတာပါလား၊ အဲဒီလို မတူညီတဲ့ ကံတွေနဲ့ နေသူတွေကို ငါက တူအောင်လိုက်ညှိနေလည်း ငါပဲအကုသိုလ်တွေ တိုးနေတော့မှာပဲ၊ သူ့ကိုအမှီပြုပြီး အကုသိုလ်လည်း မဖြစ်အောင် ကုသိုလ်လည်းမဖြစ်အောင် ငါဘာသာငါနေတာပဲ ကောင်းပါတယ်..“ ဆိုတဲ့ စိတ်လေးနဲ့ပဲ နေနိုင်အောင် ကြိုးစားလိုက်ရင် ဒီလို ကြားကျနေတဲ့သူအပေါ်မှာလည်း အဆင်ပြေအောင် တွေးတတ် နေတတ်၊ ဆက်ဆံတတ်သွားမှာပါ။


အချုပ်အားဖြင့် လူအမျိုးမျိုး အကျင့်အမျိုးမျိုး စိတ်အမျိုးမျိုး ရှိနေတယ်လို့ ဘယ်လောက်ပင် ပြောကြပါစေ၊ လူမျိုးတွေ ဘယ်လိုပဲကွားပြားကြပါစေ၊ အနှစ်သာရ အဆင့်အတန်းနဲ့ ခွဲလိုက်ရင် လေးမျိုးပဲ ရှိတဲ့အတွက် ဒီလူလေးမျိုးကို အဆင်ပြေအောင် ကြိုးစားကာ လူမှုနယ်ပယ်မှာ လူတွေကို အမှီပြုပြီး အကုသိုလ်မဖြစ်အောင် ဆက်ဆံနိုင်ဖို့ အမြတ်ဆုံး ဆက်ဆံနည်းဖြစ်တဲ့ ဗြဟ္မစရိယခေါ် မြတ်သောဗြဟ္မစိုရ် အကျင့်တရားကိုသာ အသုံးပြု ဆက်ဆံတတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီဗြဟ္မစိုရ်တရားဟာ ဗြဟ္မပြည်ရောက်ကြောင်း မြတ်သောအကျင့်ကောင်း ဖြစ်ပေမယ့် လူ့ဘောင်အဖွဲ့အစည်းတွင်လည်း ရှိသင့်တဲ့တရား၊ လက်ကိုင်ထားသင့်တဲ့ တရားဖြစ်ပါတယ်။


ဒီဗြဟ္မစိုရ်တရားတွေ မရှိတော့ဘူး၊ ခေါင်းပါးသွားပြီဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်း၊ အဲဒီနေရာ၊ အဲဒီပတ်ဝန်းကျင်၊ အဲဒီမြို့ရွာ၊ အဲဒီတိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးတွေလည်း ခေါင်းပါးကုန်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေး အဆင်မပြေ ဖြစ်တော့တာပါပဲ။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ ရန်ငြိုးတွေဖြစ်လာရင် စစ်ပွဲတွေလည်း ဖြစ်လာကြတော့တာပါပဲ။ ယနေ့ကမ္ဘာလောကကြီးကို ကြည့်ရင် ဟိုနိုင်ငံဒီနိုင်ငံ လူအချင်းချင်း စစ်ပွဲတွေကိုပဲ ဆင်နွဲနေကြတာကို တွေ့နိုင်ပါတယ်။ ဒါဟာ ဗြဟ္မစိုရ်တရား ခေါင်းပါးနေကြောင်းကို ပြသနေသလိုပါပဲ။ ဒီဗြဟ္မစိုရ်တရား မရှိတော့ဘူးဆိုရင် လူအချင်းချင်း ပြိုင်ဆိုင်ဖို့လည်း ၀န်မလေးတော့ပါဘူး။ အနိုင်ယူဖို့လည်း ၀န်မလေးတော့ပါဘူး။ အကောက်ကြံဖို့လည်း ၀န်မလေးတော့ပါဘူး။ အပြန်အားဖြင့် ဒီတရားတွေ အားကောင်းနေမယ်၊ ဒီတရားတွေအတိုင်း လက်နာကျင့်သုံးနေမယ်၊ တစ်ဦးအပေါ်တစ်ဦး မေတ္တာလေးတွေ၊ ကရုဏာလေးတွေ၊ မုဒိတာလေးတွေနဲ့ ဆက်ဆံပြီး နောက်ဆုံးမရတော့တဲ့အခါ ဥပေက္ခာလေးနဲ့ နေနိုင်အောင် ကြိုးစားနိုင်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း ငြိမ်းချမ်းလာ၊ သက်သောင့်သက်သာ ရှိလာမှာ ဖြစ်တဲ့အပြင် လူဘောင်အဖွဲ့အစည်းကြီးဟာလည်း ငြိမ်းချမ်းလာမယ်၊ အဆင်ပြေလာမယ်၊ သာယာဝပြောလာမယ်ပေါ့။


ဒါကြောင့် ကိုယ်ကိုယ်တိုင်ရော တပါးသူတွေပါ အဆင်ပြေပြေ ရှိစေပြီး လူမှုနယ်ပယ် တစ်ခုလုံး အဆင်ပြေစွာ ဆက်ဆံနိုင်ကြဖို့၊ လူအမျိုးမျိုးနဲ့ ဘာပြဿနာမှ မဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြဖို့၊ အကုသိုလ်အဖြစ်နည်းပြီး ကုသိုလ်တရားတွေ တိုးပွားနိုင်စေဖို့၊ မမြတ်တဲ့အကျင့်တွေ ပျောက်ပြီး မြတ်တဲ့အကျင့်တွေ ရောက်စေဖို့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပြီး ကြိုးစားဆက်ဆံကြဖို့ “ဗြဟ္မစိုရ်တရားနဲ့ လူမှုဆက်ဆံရေး“ ဆိုတဲ့ ဒီစာစုလေးဖြင့် သတိပေး တိုက်တွန်းလိုက်ရပါတယ်။


-【မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

-【စာရိုက်ပူဇော်သူ - Admin Team ofYoung Buddhist Association


[Zawgyi]"ျဗဟၼစိုရ္တရားႏွင့္ လူမႈဆက္ဆံေရး"

•••••••••••••••••••••••••••••••••••••••••

#ဘာသာေရးေဆာင္းပါး

#မနာပဒါယီ_အရွင္ဝိစိတၲ

#လူမႈဆက္ဆံေရး




အသက္အရြယ္တစ္ခုရလာတာနဲ႔ လူေပါင္းစံုနဲ႔ဆက္ဆံရတဲ့ အေရအတြက္ကလည္း မ်ားသထက္မ်ားလာတယ္။ တစ္ခါတေလ ကိုယ့္ဘက္က အေကာင္းဆံုးဆက္ဆံေပါင္းသင္းေပးေပမယ့္ ဘာေၾကာင့္အဆင္မေျပသလဲ ေတြးမိတဲ့အခါလည္းရိွတယ္။ 

ဘုန္းဘုန္းတို႔ တရားပြဲတစ္ခုမွာ ဒကာမႀကီးတစ္ေယာက္က သူ႔ရဲ့အေတြ့အႀကံဳေလးကို ေလ်ွာက္ပါတယ္။ 


“အရွင္ဘုရား… တပၫ့္ေတာ္ဟာ အသက္အရြယ္ ႀကီးရင့္လာတာနဲ႔အမ်ွ ျဖတ္သန္းခဲ့ရတာေတြလည္း မ်ားၿပီ၊ေတြ့ႀကံဳခဲ့ရတာေတြလည္း မ်ားၿပီ၊ ဆက္ဆံခဲ့ရသူေတြလည္း ေတာ္ေတာ္စံုခဲ့ၿပီဘုရား။ အထူးသျဖင့္ အက်င့္စရိုက္အမ်ိဳးမ်ိဳး ရိွတဲ့သူေတြနဲ႔အမ်ားႀကီး ေတြ့ႀကံဳဆက္ဆံ ခဲ့ရပါတယ္။ အခုလည္းဆက္ဆံတုန္း၊ ေနာင္လည္း ဆက္ဆံေနရဦးမွာပါ။ ဒါေပမယ့္ အရွင္ဘုရားေရ… လူေတြက အမ်ိဳးမ်ိဳး ဆိုေတာ့ တပၫ့္ေတာ္ဘက္က ဘယ္လိုပဲႀကိဳးစား ဆက္ဆံဆက္ဆံ လူမႈဆက္ဆံေရးမွာ အဆင္မေျပလွဘူးဘုရား..။ တပၫ့္ေတာ္လည္း ႀကိဳးစား တာပဲ မွန္ကန္ၿပီး အက်ိဳးရိွတဲ့ လူမႈဆက္ဆံေရး မျဖစ္ခဲ့ဘူးဘုရား…။ အဲဒါ… အရွင္ဘုရားအေနနဲ႔ ဘုရားအဆံုးအမနဲ႔ ကိုက္ညီမယ့္ လူမႈ နယ္ပယ္မွာ အေကာင္းဆံုး ဆက္ဆံႏိုင္မယ့္ ဆက္ဆံနည္းေလးရိွရင္ တပၫ့္ေတာ္မကို မိန႔္ၾကားေပးပါဘုရား“ လို႔ ေလ်ွာက္ဖူးပါတယ္။ “အင္း… ရိွပါတယ္ ဒကာမႀကီး…၊ ျဗဟၼစိုရ္တရားေလး လက္ကိုင္ ထားၿပီး ဆက္ဆံၾကၫ့္ပါ၊ အားလံုးနဲ႔ အဆင္ေျပသြားပါလိမ့္မယ္“ လို႔ ဘုန္းဘုန္း အေနနဲ႔ အေျဖေပးလိုက္ပါတယ္။


ဟုတ္ပါတယ္။ ေလာကမွာ လူအမ်ိဳးမ်ိဳး၊ အက်င့္စရိုက္အမ်ိဳးမ်ိဳး၊ သေဘာထားအမ်ိဳးမ်ိဳးရိွတဲ့ အတြက္ေၾကာင့္ စိတ္ေတြလည္း အမ်ိဳးမ်ိဳး ျဖစ္ေနၾကၿပီး လူမႈဘ၀ဆက္ဆံေရးဟာ တစ္ဦးနဲ႔တစ္ဦး အဆင္ေျပျပေ ရိွဖို႔မလြယ္လွပါဘူး။ ဒါေပမယ့္ လြယ္ေအာင္ဆက္ဆံလို႔ေတာ့ ရပါတယ္။ အဲဒါက ကိုယ့္ကိုယ္ကို အရင္ျပဳျပင္ၿပီး ကိုယ္ကိုယ္တိုင္ရဲ့ စိတ္ထဲမွာ ရိွရမယ့္ တရားေလးမ်ားကို တည္ရိွေအာင္ ႀကိဳးစားရယူကာ ဆက္ဆံၾကၫ့္တဲ့ နည္းေလးပါ။ ဒီနည္းကို ျဗဟၼစိုရ္တရား လက္ကိုင္ထားၿပီး ဆက္ဆံတဲ့နည္းလို႔ အလြယ္ေျပာႏိုင္ပါတယ္။ တကယ္ေတာ့ ေလာကမွာ လူေတြအမ်ိဳးမ်ိဳး ရိွတယ္လို႔ ေျပာေနၾကေပမယ့္ ျမန္မာ၊ တရုတ္၊ ဂ်ပန္၊ ကိုရီးယား၊ အေမရိကန္၊ အဂၤလန္စတဲ့ အမည္နာမေတြကိုမသံုးဘဲ မႏုႆဘံုလို႔ေခၚတဲ့ လူ႔ဘံုမွာရိွတဲ့ လူသားေတြလို႔သာ ေျပာလိုက္ရင္ လူအမ်ိဳးအစား အမ်ားႀကီး မရိွေတာ့ပါဘူး။ လူအမ်ိဳးမ်ိဳးလည္း မကြဲေတာ့ပါဘူး။ အသားအေရာင္၊ အျဖဴအမည္း၊ ဆံပင္အေမြး အျဖဴအနီစတာေတြဟာ အေရျပားေပၚမွာ ျဖစ္လာတဲ့ ကြဲျပားျခားနားမႈမ်ားသာျဖစ္ၿပီး ပခံုးႏွစ္ဘက္ၾကားက ေခါင္းေပါက္လာၾကကာ ရုပ္နာမ္ႏွစ္ပါးခႏၶာငါးပါးနဲ႔ ဖြဲ႔စည္းထားတဲ့ လူလို႔သာနားလည္လိုက္ရင္ လူအမ်ိဳးအစား မမ်ားေတာ့ပါဘူး။ တိတိက်က် ခြဲျခားလိုက္ရင္ ေလးမ်ိဳးပဲ ရိွပါတယ္။ အဲဒီေလးမ်ိဳးက..


၁။ ကိုယ္နဲ႔တန္းတူျဖစ္တဲ့သူ

၂။ ကိုယ့္ေအာက္နိမ့္က်တဲ့သူ

၃။ ကိုယ့္ထက္သာတဲ့သူ

၄။ ကိုယ့္နဲ႔တန္းတူလည္းမဟုတ္၊ နိမ့္က်တာလည္းမဟုတ္၊ 

သာတာလည္းမဟုတ္တဲ့ ၾကားျဖစ္တဲ့သူတို႔ပဲျဖစ္ပါတယ္။


ဆိုေတာ့ကား ဘယ္ေလာက္ပဲလူေတြ အမ်ိဳးမ်ိဳးရိွေနပါေစ ဒီေလးမ်ိဳးထဲမွာပဲ သြားၿပီးအက်ံဳးဝင္ပါေတာ့တယ္။ အဲဒီေတာ့ ဒီလူေလးမ်ိဳးကိုပဲ အဆင္ေျပေအာင္ ဆက္ဆံႏိုင္မယ္၊ ဆက္ဆံလိုက္မယ္ဆိုရင္ လူမႈဘ၀ဆက္ဆံေရးဟာ အားလံုးအဆင္ေျပသြားမွာပါ။ ေကာင္းပါၿပီ။ ဒီလူေလးမ်ိဳးကို ဘယ္လိုစိတ္ထား၊ ဘယ္လိုတရားေတြနဲ႔ လိုက္ကိုင္ထား ဆက္ဆံၾကမလဲဆိုရင္ ခုနေျပာခဲ့တဲ့ ျဗဟၼစိုရ္တရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ဖို႔ပါပဲ။ ျဗဟၼစိုရ္ဆိုတာ ျဗဟၼစရိယဆိုတဲ့ ပါဠိစကားလံုးကို တိုက္ရိုက္ျမန္မာမႈျပဳထားျခင္း ျဖစ္ပါတယ္။


ျဗဟၼစရိယ = ျမတ္ေသာအက်င့္လို႔ အဓိပၸါယ္ယူႏိုင္သလို ျဗဟၼာ့ျပည္ေရာက္ေၾကာင္း အက်င့္လို႔လည္း နားလည္ႏိုင္ပါတယ္။ ျဗဟၼ= ျမတ္ေသာ၊ တစ္နည္းအားျဖင့္ ျဗဟၼာတို႔နဲ႔ သက္ဆိုင္ေသာ၊ စရိယ= အက်င့္လို႔ တစ္လံုးခ်င္းအဓိပၸါယ္ ဖြင့္ဆိုႏိုင္ပါတယ္။ ဒီျဗဟၼစရိယေခၚ ျဗဟၼစိုရ္တရား ေလးပါးရိွပါတယ္။ ဒီေလးပါးက…


၁။ ေမတၲာ

၂။ ကရုဏာ

၃။ မုဒိတာ

၄။ ဥေပကၡာ

ဆိုတဲ့ တရားေလးပါးပါပဲ။ ေမတၲာက ခ်စ္ခင္ျခင္း အက်ိဳးလိုလာျခင္းလို႔ အဓိပၸါယ္ရၿပီး ကရုဏာကေတာ့ သနားျခင္းလို႔ အဓိပၸါယ္ရပါတယ္။ မုဒိတာကေတာ့ သူတပါးႀကီးပြား တိုးတက္မႈအေပၚ ၀မ္းေျမာက္ျခင္းျဖစ္ၿပီး ဥေပကၡာကေတာ့ အျပစ္လည္းမျဖစ္၊ အခ်စ္လည္းမျဖစ္၊ တစ္နည္းအားျဖင့္ ကုသိုလ္လည္းမျဖစ္၊ အကုသိုလ္လည္းမျဖစ္ျခင္းလို႔ အဓိပၸါယ္ရပါတယ္။ ဒီေတာ့ကား လူအမ်ိဳးမ်ိဳးမရိွ ေလးမ်ိဳးပဲရိွတဲ့ လူမ်ိဳးမ်ားကို ဒီတရားေလးပါးပဲ လက္ကိုင္ထား ဆက္ဆံၾကၫ့္ႏိုင္မယ္ဆိုရင္ လူမႈနယ္ပယ္ ဆက္ဆံေရးဟာ ေသခ်ာေပါက္ အဆင္ေျပသြားမွာပါ။


♦ ပထမဆံုး တန္းတူျဖစ္တဲ့သူ။ တန္းတူျဖစ္တယ္ဆိုတာ ကိုယ္နဲ႔အသက္အရြယ္၊ ရာထူးဌာနႏၲရ၊ ဂုဏ္အားျဖင့္ တန္းတူျဖစ္တဲ့သူကို ေျပာတာပါ။ 

ဒီလို အစစအရာအရာ တူညီေနတဲ့ အတူျဖစ္ေနတဲ့ သူေတြကို ေတြ့ရင္ ေမတၲာတရားလက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ရမယ္တဲ့။ ဆက္ဆံၾကၫ့္ပါေပါ့…။ အဲလို ေမတၲာတရား မထားႏိုင္ဘူးဆိုရင္ေတာ့ သူနဲ႔ကိုယ္ဟာ အကုန္တူေနတဲ့အတြက္ သူ႔ထက္ငါသာေအာင္ ၿပိဳင္ဆိုင္တတ္ၾကပါတယ္။

ၿပိဳင္လာၿပီဆိုရင္ေတာ့ မေကာင္းေတာ့ပါဘူး။ ပညာေတြၿပိဳင္၊ ရာထူးေတြၿပိဳင္၊ မာနေတြၿပိဳင္စသျဖင့္ လုပ္လာတတ္ၾကပါတယ္။ ၿပိဳင္ရင္းၿပိဳင္ရင္းနဲ႔ 

အႏိုင္ရေအာင္ မဟုတ္တဲ့နည္းေတြ သံုးလာတတ္ပါတယ္။ 


♦ ခဏအႏိုင္ရဖို႔အတြက္ သံသရာနဲ႔အၿပိဳင္ ေပးဆပ္ရတဲ့အထိ လုပ္လာတတ္ပါတယ္။ ဒီအခါမွာ ၿပိဳင္ရင္းၿပိဳင္ရင္း အရႈံးေတျြဖစ္ကာ အပါယ္ခရီးမွာ လံုးလံုးနစ္တတ္ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ သူမ်ားနဲ႔ ၿပိဳင္တာမေကာင္းပါဘူး။ သို႔ေသာ္ ကိုယ့္ကိုယ္ကိုေတာ့ ၿပိဳင္ေနရပါမယ္။ ယေန့ငါနဲ႔ မနက္ျဖန္ငါဟာ မတူေအာင္ ၿပိဳင္ေနရပါမယ္။ မေကာင္းတဲ့ ဘက္မွာမဟုတ္ ေကာင္းတဲ့ဘက္ေတြမွာပါ။ ယေန့ငါဟာ ကံငါးပါးမလံုေသးေပမယ့္ မနက္ျဖန္ငါကေတာ့ ကံငါးပါးလံုေစရမယ္လို႔ ၿပိဳင္ရပါမယ္။ 


♦ ယေန့ငါဟာ ကိုယ္က်င့္တရား မေကာင္းေပမယ့္ မနက္ျဖန္ငါကေတာ့ ကိုယ္က်င့္တရားေကာင္းရမယ္လို႔ ၿပိဳင္ရပါမယ္။ ယေန့ငါဟာ ဒါန၊ သီလ၊ ဘာဝနာ အလုပ္ေတြကို ဒီေလာက္ပဲ လုပ္ႏိုင္ေသးေပမယ့္ မနက္ျဖန္ငါကေတာ့ ဒီထက္ပိုၿပီး လုပ္ႏိုင္ရမယ့္လို႔ ၿပိဳင္ရပါမယ္။ ဒီေန့ငါဟာ စိတ္ထားေလးေတြကို ဒီေလာက္ပဲ ျပဳျပင္ႏိုင္ေသးေပမယ့္ မနက္ျဖန္ငါကေတာ့ ဒီထက္ပိုၿပီး ျပဳျပင္ႏိုင္ရမယ္လို႔ ၿပိဳင္ရပါမယ္။ ဒါက ကိုယ့္ရဲ့ သံသရာေကာင္းေရးအတြက္ ၿပိဳင္ရမွာကို ေျပာတာပါ။ သူတပါးေတြနဲ႔ကေတာ့ ၿပိဳင္ဖို႔မလိုပါဘူး။ တူလာရင္ ေမတၲာနဲ႔ ဆက္ဆံတတ္ဖို႔ပဲ လိုပါတယ္။ သူ႔အက်ိဳးကို ၾကၫ့္တတ္ျမင္တတ္ေအာင္ ႀကိဳးစားေပးဖို႔ပဲ လိုပါတယ္။ ဒါဆိုရင္ တန္းတူျဖစ္တဲ့သူေတြနဲ႔ ဆက္ဆံရာမွာ အခက္အခဲ မရိွႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ကိုယ္နဲ႔တန္းတူျဖစ္တဲ့သူကို ေမတၲာတရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ဖို႔၊ေမတၲာမထားႏိုင္က ၿပိဳင္လာႏိုင္ၿပီး ၿပိဳင္လာရင္ အျပစ္ျဖစ္လာတတ္တဲ့အတြက္ မၿပိဳင္ၾကဖို႔ ဆိုျခင္းျဖစ္ပါတယ္။


♦ ေနာက္ ကိုယ့္ေအာက္နိမ့္က်တဲ့သူ။ ဒီနိမ့္က်တယ္ဆိုရာမွာလည္း 

အသက္အရြယ္၊ ရာထူးဌာနႏၲရ၊ ဂုဏ္အားျဖင့္ နိမ့္က်တာကို ေျပာတာပါ။ 

ဒီလို ကိုယ့္ေအာက္နိမ့္က်တဲ့သူကိုေတာ့ ကရုဏာတရားလက္ကိုင္ထားၿပီး 

ဆက္ဆံၾကၫ့္ပါတဲ့။ ကရုဏာဆိုတာ သနားျခင္းကို ေျပာတာပါ။ အဲလို ကိုယ့္ေအာက္နိမ့္က်တဲ့သူေတြနဲ႔ ဆက္ဆံတဲ့အခါမွာ သနားျခင္း ကရုဏာတရား မထားႏိုင္ရင္ အႏိုင္ယူလာတတ္၊ အႏိုင္က်င့္လာတတ္ပါတယ္။ အႏိုင္က်င့္လာၿပီဆိုရင္လည္း မေကာင္းေတာ့ပါဘူး။ ႏိုင္ထက္စီးနင္းလုပ္တာ မတရားဖိႏိွပ္မႈျပဳတာ၊ တစ္ဘက္သူကို အက်ပ္အတည္း ဒုကၡျဖစ္ေအာင္လုပ္တာ စတာေတြဟာ အကုသိုလ္အျပစ္ေတြနဲ႔ ဆက္ဆံေနၿပီး အပါယ္လားေစႏိုင္တဲ့အထိ ျဖစ္တတ္ပါတယ္။


ေသခ်ာစဉ္းစားၾကၫ့္ရင္ ကိုယ့္ေလာက္မွမေတာ္၊ ကိုယ့္ေလာက္မွ အရည္အခ်င္းမရိွ၊ ကိုယ့္ေလာက္မွ ကံအက်ိဳးေပးမေကာင္းလို႔ ကိုယ့္ေအာက္ေရာက္ေနကာ ကိုယ့္ထက္နိမ့္က်ေနသူကို ဘာေၾကာင့္ အႏိုင္ယူၾကေတာ့မွာလဲ…၊ သူ႔ကိုႏိုင္လို႔ေကာ ကိုယ့္အတြက္ ဘာအက်ိဳးျဖစ္သြားမွာလဲ..၊ ကိုယ့္ေလာက္မွ မရိွဘဲ အစစအရာရာ နိမ့္က်ေနသူကို အႏိုင္ယူေတာ့ေကာ ကိုယ္ကဘာေတြ ရသြားမွာလဲ…စသျဖင့္ စဉ္းစားစရာေတြပါ။ 


ဒါေပမယ့္ ရသြားတာတစ္ခုေတာ့ ရိွလိမ့္မယ္။ ကိုယ့္ေအာက္နိမ့္က်သူကို အႏိုင္ယူလိုက္တဲ့ ေဒါသေၾကာင့္အကုသိုလ္အျပစ္ျဖစ္သြားၿပီး ေဒါသရဲ့

ေနာက္ဆက္တြဲအျဖစ္ ေနာင္တနဲ႔ ေသာကေတြ ရသြားပါလိမ့္မယ္။ ဒါဟာ ကရုဏာမထားႏိုင္ဘဲ အႏိုင္ယူလိုက္ျခင္းရဲ့ ဆိုးက်ိဳးပါ။ ဒါေၾကာင့္ ကိုယ့္ေအာက္နိမ့္က်သူကို အႏိုင္မယူဘဲ သနားျခင္း ကရုဏာတရား လက္ကိုင္ထားၿပီး ဆက္ဆံႏိုင္မယ္ဆိုရင္ ဒီလိုသူမ်ိဳးမ်ားရိွတဲ့ လူမႈနယ္ပယ္ ဆက္ဆံေရးဟာ အဆင္ေျပသြားမွာပါလို႔ ဆိုရျခင္းျဖစ္ပါတယ္။


♦ ကိုယ္ထက္သာသူနဲ႔ ဆက္ဆံဖို႔ကေတာ့ မုဒိတာတရား အထူးလိုအပ္ပါတယ္။ မုဒိတာဆိုတာ ၀မ္းေျမာက္ေပးတာ၊ အတူေပ်ာ္ရႊင္ ေက်နပ္ေပးတာကို ေျပာတာပါ။ ကိုယ့္ထက္ အသက္သိကၡာဂုဏ္ဝါ၊ ရာထူးဌာနႏၲရ စသည္သာသူကို ဆက္ဆံတဲ့အခါ ဒီမုဒိတာက အလြန္အေရးပါပါတယ္။ မုဒိတာတရား ထားႏိုင္မွ အဆင္ေျပေအာင္ ဆက္ဆံႏိုင္ပါတယ္။ မုဒိတာတရား မထားႏိုင္ဘူးဆိုရင္ေတာ့ သူနဲ႔ဆန႔္က်င္ဘက္ျဖစ္တဲ့ "ဣႆာနဲ႔ မစၧရိယ" တရားေတြက ၀င္ေရာက္ေနရာ ယူသြားတတ္ပါတယ္။ 


ဣႆာဆိုတာ သူတပါးအေပၚမွာ မနာလိုျဖစ္တာ၊ မစၧရိယဆိုတာက မိမိမွာရိွတာကို ၀န္တိုတာပါ။ ႏွစ္ခုလံုးမေကာင္းပါဘူး။ စာေပက ဒီတရားႏွစ္ပါးကို အတြင္းရန္သူႏွစ္ဦးလို႔ ဆိုပါတယ္။ ဒီအတြင္းရန္သူ ႏွစ္ဦးကိုယ့္သႏၲာန္မွာျဖစ္ၿပီဆိုရင္ သူတို႔က ကိုယ့္ကိုအရင္ႏိွပ္စက္ေတာ့တာပါပဲ။ ဒီလိုႏိွပ္စက္ခံရေတာ့ ကိုယ္ကလည္း ဒီႏွစ္ပါးရဲ့ ေစ့ေဆာ္ေစခိုင္းခ်က္နဲ႔ သူတပါးအေပၚမွာလည္း ဒုကၡေပးႏိွပ္စက္မိျပန္ပါတယ္။ ဒီတရားႏွစ္ပါးဟာ ကိုယ့္ကိုလည္း ပူေလာင္ေစတတ္သလို သူတပါးကိုလည္း ပူေလာင္ေစတတ္ပါတယ္။ 


ဒါေၾကာင့္ ဒီတရားေတြ မ၀င္ေအာင္ အၿမဲႀကိဳးစားရပါတယ္။ ဒီတရားဝင္လာတာဟာ ခုနေျပာခဲ့တဲ့ မုဒိတာတရား မရိွလို႔၊ မုဒိတာတရား ေခါင္းပါးလို႔ျဖစ္တာပါ။ ဒါေၾကာင့္ မုဒိတာ ပြားႏိုင္ေအာင္ ႀကိဳးစားပါလို႔ ဆိုရျခင္းျဖစ္ပါတယ္။ 


♦ အေျပာလြယ္သေလာက္ အလုပ္ခက္တာ ဒီမုဒိတာ တရားပါ။ 

မ်ားေသာအားျဖင့္ လူေတြဟာ ကရုဏာတရား ျဖစ္ဖို႔လြယ္သေလာက္ မုဒိတာတရားပြားေပးဖို႔ ခက္တတ္ၾကပါတယ္။ ခက္လို႔ မျပဳျပင္ဘူး ဒီတိုင္းထားလိုက္မယ္ဆိုရင္ ပိုလို႔သာ ဆိုးေစပါလိမ့္မယ္။ ဒါေၾကာင့္ ကိုထက္သာတဲ့ သူေတြနဲ႔ အဆင္ေျပေအာင္ ဆက္ဆံႏိုင္ဖို႔ သူတပါးရဲ့ တိုးတက္မႈအေပၚ၊ ေအာင္ျမင္မႈအေပၚ၊ အစစအရာရာ ၀မ္းေျမာက္ဝမ္းသာ ေပးႏိုင္ေအာင္ မုဒိတာတရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ဖို႔လိုပါတယ္။ ဒီလိုဆိုရင္ လူမႈနယ္ပယ္မွာ အဆင္ေျပသြားပါလိမ့္မယ္။


တစ္ခ်ိဳ႕က်ေတာ့ ေမတၲာထား ဆက္ဆံေပးလို႔လည္းမရ၊ ကရုဏာတရားထားေပးလို႔လည္း မျဖစ္၊ မုဒိတာပြားေပးလို႔လည္း အဆင္မေျပတဲ့ ဟိုဟာလည္းမဟုတ္ ဒါလည္းမဟုတ္တဲ့ ၾကားျဖစ္ေနတဲ့ သူေတြလည္း ရိွပါတယ္။ ဒီလိုသူမ်ိဳးကိုေတာ့ ဥေပကၡာတရား လက္ကိုင္ထားၿပီး ဆက္ဆံၾကၫ့္ေစခ်င္ပါတယ္။ အဆင္ေျပသြားပါလိမ့္မယ္။ ဥေပကၡာဆိုတာ ၿပီးၿပီးေရာ သူဟာသူ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး လ်စ္လ်ူ ရႈပစ္လိုက္တာမ်ိဳး မဟုတ္ပါဘူး။ တစ္ဘက္သူကို အမွီျပဳျပီး ကုသိုလ္လည္း မျဖစ္၊ အကုသိုလ္လည္း မျဖစ္ေအာင္ ေနလိုက္တာပါ။ ငါေကာင္းရဲ့သားနဲ႔ ငါ့အေပၚဒီလိုလုပ္တာ ေတာ္ၿပီကြာ ဒင္းထိုက္နဲ႔ဒင္းပဲ ရိွပါေစဆိုတဲ့ ကိုယ္အလိုမက်လို႔ လွၫ့္မၾကၫ့္ဘဲ ျပစ္ထားတာမ်ိဳး မဟုတ္ပါဘူး။ သူ႔အေပၚ အမုန္းတရားလည္း မထား၊ အခ်စ္တရားလည္း မထားဘဲ ကိုယ့္ကိုယ္ကို အျပစ္မျဖစ္ေအာင္ ေနလိုက္တဲ့ သေဘာကို ဥေပကၡာလို႔ ဆိုႏိုင္ပါတယ္။


တစ္ခါတစ္ရံမွာ တစ္ခ်ိဳ႕သူေတြဟာ ဘယ္လိုပဲ ကိုယ့္ဘက္က လိုက္ေလ်ာသီးခံ အမ်ိဳးမ်ိဳးႀကိဳးစား ဆက္ဆံေပမယ့္ အဆင္မေျပၾကပါဘူး။ ဒီလိုသူမ်ိဳးကို အတင္းအဓမၼလိုက္ၿပီး ႀကိဳးစားဆက္ဆံေနရရင္လည္း သူကဘာမျွဖစ္မွာမဟုတ္ဘူး ကိုယ္သာအကုသိုလ္ေတြ တိုးလာတတ္ပါတယ္။ ဒါေၾကာင့္ ဒီလိုသူမ်ိဳးက်ေတာ့ “ေအးေလ… သတၲဝါေတြဆိုတာ သဗၺေသတၲာ ကမၼႆကာ ဆိုတဲ့အတိုင္း သူကံနဲ႔သူျဖစ္ေနတာပါလား၊ အဲဒီလို မတူညီတဲ့ ကံေတြနဲ႔ ေနသူေတြကို ငါက တူေအာင္လိုက္ၫွိေနလည္း ငါပဲအကုသိုလ္ေတြ တိုးေနေတာ့မွာပဲ၊ သူ႔ကိုအမွီျပဳျပီး အကုသိုလ္လည္း မျဖစ္ေအာင္ ကုသိုလ္လည္းမျဖစ္ေအာင္ ငါဘာသာငါေနတာပဲ ေကာင္းပါတယ္..“ ဆိုတဲ့ စိတ္ေလးနဲ႔ပဲ ေနႏိုင္ေအာင္ ႀကိဳးစားလိုက္ရင္ ဒီလို ၾကားက်ေနတဲ့သူအေပၚမွာလည္း အဆင္ေျပေအာင္ ေတြးတတ္ ေနတတ္၊ ဆက္ဆံတတ္သြားမွာပါ။


အခ်ဳပ္အားျဖင့္ လူအမ်ိဳးမ်ိဳး အက်င့္အမ်ိဳးမ်ိဳး စိတ္အမ်ိဳးမ်ိဳး ရိွေနတယ္လို႔ ဘယ္ေလာက္ပင္ ေျပာၾကပါေစ၊ လူမ်ိဳးေတြ ဘယ္လိုပဲကြားျပားၾကပါေစ၊ အႏွစ္သာရ အဆင့္အတန္းနဲ႔ ခြဲလိုက္ရင္ ေလးမ်ိဳးပဲ ရိွတဲ့အတြက္ ဒီလူေလးမ်ိဳးကို အဆင္ေျပေအာင္ ႀကိဳးစားကာ လူမႈနယ္ပယ္မွာ လူေတြကို အမွီျပဳျပီး အကုသိုလ္မျဖစ္ေအာင္ ဆက္ဆံႏိုင္ဖို႔ အျမတ္ဆံုး ဆက္ဆံနည္းျဖစ္တဲ့ ျဗဟၼစရိယေခၚ ျမတ္ေသာျဗဟၼစိုရ္ အက်င့္တရားကိုသာ အသံုးျပဳ ဆက္ဆံတတ္ၾကဖို႔ပဲ ျဖစ္ပါတယ္။ ဒီျဗဟၼစိုရ္တရားဟာ ျဗဟၼျပည္ေရာက္ေၾကာင္း ျမတ္ေသာအက်င့္ေကာင္း ျဖစ္ေပမယ့္ လူ႔ေဘာင္အဖြဲ႔အစည္းတြင္လည္း ရိွသင့္တဲ့တရား၊ လက္ကိုင္ထားသင့္တဲ့ တရားျဖစ္ပါတယ္။


ဒီျဗဟၼစိုရ္တရားေတြ မရိွေတာ့ဘူး၊ ေခါင္းပါးသြားၿပီဆိုရင္ေတာ့ အဲဒီလူ႔အဖြဲ႔အစည္း၊ အဲဒီေနရာ၊ အဲဒီပတ္ဝန္းက်င္၊ အဲဒီၿမိဳ႔ရြာ၊ အဲဒီတိုင္းႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးေတြလည္း ေခါင္းပါးကုန္ေတာ့တာပါပဲ။ တစ္ဦးနဲ႔တစ္ဦး ဆက္ဆံေရး အဆင္မေျပ ျဖစ္ေတာ့တာပါပဲ။ တစ္ဦးနဲ႔တစ္ဦး အဆင္မေျပ ရန္ၿငိဳးေတျြဖစ္လာရင္ စစ္ပြဲေတြလည္း ျဖစ္လာၾကေတာ့တာပါပဲ။ ယေန့ကမ႓ာေလာကႀကီးကို ၾကၫ့္ရင္ ဟိုႏိုင္ငံဒီႏိုင္ငံ လူအခ်င္းခ်င္း စစ္ပြဲေတြကိုပဲ ဆင္ႏြဲေနၾကတာကို ေတြ့ႏိုင္ပါတယ္။ ဒါဟာ ျဗဟၼစိုရ္တရား ေခါင္းပါးေနေၾကာင္းကို ျပသေနသလိုပါပဲ။ ဒီျဗဟၼစိုရ္တရား မရိွေတာ့ဘူးဆိုရင္ လူအခ်င္းခ်င္း ၿပိဳင္ဆိုင္ဖို႔လည္း ၀န္မေလးေတာ့ပါဘူး။ အႏိုင္ယူဖို႔လည္း ၀န္မေလးေတာ့ပါဘူး။ အေကာက္ႀကံဖို႔လည္း ၀န္မေလးေတာ့ပါဘူး။ အျပန္အားျဖင့္ ဒီတရားေတြ အားေကာင္းေနမယ္၊ ဒီတရားေတြအတိုင္း လက္နာက်င့္သံုးေနမယ္၊ တစ္ဦးအေပၚတစ္ဦး ေမတၲာေလးေတြ၊ ကရုဏာေလးေတြ၊ မုဒိတာေလးေတြနဲ႔ ဆက္ဆံၿပီး ေနာက္ဆံုးမရေတာ့တဲ့အခါ ဥေပကၡာေလးနဲ႔ ေနႏိုင္ေအာင္ ႀကိဳးစားႏိုင္ၾကမယ္ဆိုရင္ ကိုယ္ကိုယ္တိုင္လည္း ၿငိမ္းခ်မ္းလာ၊ သက္ေသာင့္သက္သာ ရိွလာမွာ ျဖစ္တဲ့အျပင္ လူေဘာင္အဖြဲ႔အစည္းႀကီးဟာလည္း ၿငိမ္းခ်မ္းလာမယ္၊ အဆင္ေျပလာမယ္၊ သာယာဝေျပာလာမယ္ေပါ့။


ဒါေၾကာင့္ ကိုယ္ကိုယ္တိုင္ေရာ တပါးသူေတြပါ အဆင္ေျပျပေ ရိွေစၿပီး လူမႈနယ္ပယ္ တစ္ခုလံုး အဆင္ေျပစြာ ဆက္ဆံႏိုင္ၾကဖို႔၊ လူအမ်ိဳးမ်ိဳးနဲ႔ ဘာျပႆနာမွ မျဖစ္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္ၾကဖို႔၊ အကုသိုလ္အျဖစ္နည္းၿပီး ကုသိုလ္တရားေတြ တိုးပြားႏိုင္ေစဖို႔၊ မျမတ္တဲ့အက်င့္ေတြ ေပ်ာက္ၿပီး ျမတ္တဲ့အက်င့္ေတြ ေရာက္ေစဖို႔ ျဗဟၼစိုရ္တရား လက္ကိုင္ထားၿပီး ႀကိဳးစားဆက္ဆံၾကဖို႔ “ျဗဟၼစိုရ္တရားနဲ႔ လူမႈဆက္ဆံေရး“ ဆိုတဲ့ ဒီစာစုေလးျဖင့္ သတိေပး တိုက္တြန္းလိုက္ရပါတယ္။


- မနာပဒါယီ အရွင္ဝိစိတၲ (ဒိုက္ဦး)

- စာရိုက္ပူေဇာ္သူ - Admin Team ofYoung Buddhist Association