Wednesday, May 6, 2020

မႏၲေလးျၿမိဳ႕ ဖြဲ႕စည္းတည္ေဆာက္ပုံ

မႏၱေလး ဟူသည္...
---------------------------


          သကၠရာဇ္ ၁၂၂၁ခုႏွစ္တြင္ ေနျပည္ေတာ္အျဖစ္ အသစ္တည္ မႏၲေလးသည္ ေရႊႀကိဳးသတ္ နယ္ေျမသေဘာအရ ေတာင္အလား ဒု႒ဝတီျမစ္၊ ေျမာက္အလား မတၱရာျမစ္၊ အေရွ႕အလား နတ္ထိပ္ ေတာင္႐ိုး အထိ၊ အေနာက္အလား ဧရာဝတီျမစ္တို႕ျဖစ္ေၾကာင္း ၁၈၅၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၃ ရက္၊ ေကာဇာသကၠရာဇ္ ၁၂၁၈ ခု တပို႕တြဲလျပည့္ေက်ာ္ ၅ ရက္ေန႕ထိုး ေက်ာက္စာတြင္ အေသးစိတ္ ေရးထိုးထားသည္။ ေက်ာက္စာပါနယ္ေျမေဒသမ်ားကို ေျမပံုအမ်ိဳးမ်ိဳးျဖင့္ အတိအက်ပင္ ျမစ္၊ ေခ်ာင္း၊ အင္းႏွင့္ တူးေျမာင္း၊ ဆည္၊ ကန္၊ ေက်းရြာအမည္မ်ားျဖင့္ ျပည့္ျပည့္စံုစံု ေရးဆြဲေဖာ္ျပထားၾက၏။ ေရွးျမန္မာ ေျမပံုေရးဆြဲပံုစနစ္အတိုင္း စေကးကိုက္ အကြာအေဝး၊ အက်ယ္အဝန္းျပ မဟုတ္ဘဲ ပကတိအရွိ မ်က္ျမင္ကို သ႐ုပ္ေဖာ္ ေရးဆြဲသည့္ ေျမပံုမ်ားျဖစ္သည္။ ထိုေျမပံုမ်ားအရ မႏၲေလး ေရႊႀကိဳးသတ္ နယ္နိမိတ္မွာ အလ်ားမိုင္ ၃ဝ၊ အနံ ရွစ္မိုင္မွ် က်ယ္ဝန္းသည္ကို ေတြ႕ရေပမည္။

မႏၲေလးေတာင္ေတာ္၏ အရိပ္ကို ခိုလႈံ
-----------------------------------------
 က်ံဳးေလးဘက္ေလးတန္ ကာရံ၍ အုတ္ၿမိဳ႕႐ိုးႀကီးျဖင့္ စတုရန္းက်က် တည္ေဆာက္ထားေသာ နန္းၿမိဳ႕ေတာ္ႀကီးမွာ တစ္ဖက္လွ်င္ တာ ၆ဝဝ အညီအမွ်ျဖင့္ စုစုေပါင္း တာ ၂၄ဝဝ ရွိ၏။ ၿမိဳ႕တည္သည့္ သာသနာ သကၠရာဇ္ ၂၄ဝဝ ကို အမွတ္အသားျပဳျခင္း ျဖစ္သည္။ (တစ္တာလွ်င္ ခုနစ္ေတာင္၊ တစ္ေတာင္ ၁၉ လက္မျဖင့္တြက္လွ်င္ ၿမိဳ႕႐ိုးတစ္ဖက္ ၁ မိုင္ ၂ ဖာလံု ၅၅ ကိုက္မွ်ရွိၿပီး ေလးဘက္ ေပါင္း ၅ မိုင္ ႏွင့္ ၁ ဖာလံုရွိသည္။) ၿမိဳ႕ေတာ္တြင္း၌ တာ ၅ဝ လွ်င္ တစ္ျပ (ေပ ၅၅ဝ ေက်ာ္) ျဖင့္ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ၁၂ ျပစီျဖင့္ စတုရန္း ျပကြက္ႀကီးေပါင္း ၁၄၄ ကြက္ လ်ာထားသည္။ ၿမိဳ႕ျပင္၌လည္း ¤င္းအတိုင္းအထြာ ျပမ်ားအတိုင္း လမ္းမ်ားေဖာက္ကာ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ကန္႕လန္႕ ျဖတ္ လမ္းမ်ားျဖင့္ စတုရန္းပံု ဝင္းႀကီးမ်ားကို ဖြဲ႕စည္းသည္။
 မႏၲေလးေတာင္ေတာ္၏ အရိပ္ကို ခိုလႈံသည့္ နိမိတ္ကိုေဆာင္သည့္အေနျဖင့္ နန္းၿမိဳ႕ေတာ္က ေျမာက္ဖ်ား မႏၲေလးေတာင္ေျခ၌ တည္ရွိၿပီး ၿမိဳ႕၏အခင္းအက်င္းက ေတာင္ေျမာက္အလ်ား ေျခာက္မိုင္ခြဲခန္႔၊ အေရွ႕အေနာက္ အနံ ေလးမိုင္ခန္႔ရွိေသာေၾကာင့္ စတင္တည္စဥ္က မႏၲေလး၏ အက်ယ္အဝန္းမွာ ဧရိယာ စတုရန္းမိုင္ ၂၄.၆၅ ခန္႕ ရွိသည္။ ၿမိဳ႕ကို ေလးျပင္ေလးရပ္ ခြဲျခားသတ္မွတ္ကာ အရပ္ဦးေရ ၅၄ ဌာန ကို အမည္သမုတ္ ေခၚတြင္ေစခဲ့၏။ နန္းေတာ္ကို ဗဟိုျပဳ၍ နန္းၿမိဳ႕႐ိုး၏ အေရွ႕ဘက္ ပိုင္းကို အေရွ႕ျပင္၊ အေနာက္ဘက္က်ေသာ အပိုင္းကို အေနာက္ျပင္၊ ေျမာက္ဘက္ က်ေသာ အပိုင္းကို ေျမာက္ျပင္ဟု အၾကမ္းဖ်ဥ္း သတ္မွတ္သည္။

လွပခံ့ညား နန္းဆန္ေသာ နာမည္မ်ား
---------------------------------------
 အတိအက် ဆိုရပါမႈ အေရွ႕ဘက္ၿမိဳ႕႐ိုးႏွင့္ အေနာက္ဘက္ၿမိဳ႕႐ိုးကို မူတည္ၿပီး အေရွ႕ဘက္ၿမိဳ႕႐ိုးအတိုင္း ေတာင္ေျမာက္မ်ဥ္းေျဖာင့္ဆြဲ၍ မ်ဥ္းအေရွ႕ဘက္ကို အေရွ႕ျပင္၊ မ်ဥ္းအေနာက္ဘက္ကို ေတာင္ျပင္ သတ္မွတ္သည္။ ထို႕အတူ အေနာက္ၿမိဳ႕႐ိုး အတိုင္း ေတာင္ေျမာက္ မ်ဥ္းေျဖာင့္တစ္ေၾကာင္း ဆြဲေစျပန္ၿပီး မ်ဥ္းအေနာက္ဘက္ကို အေနာက္ျပင္၊ မ်ဥ္းအေရွ႕ဘက္ကို ေတာင္ျပင္သတ္မွတ္ၿပီး၊ ေျမာက္ဘက္တြင္မူ အေနာက္ဘက္ ၿမိဳ႕႐ိုးအလိုက္ မဟုတ္ဘဲ ေျမာက္ဘက္ၿမိဳ႕႐ိုးအတိုင္း အေရွ႕သို႕ ေလးျပတိတိ တက္ၿပီးမွ ေျမာက္တည့္တည့္မ်ဥ္းေျဖာင့္ ဆြဲေစသည္။ ထိုမ်ဥ္းေျဖာင့္ႏွင့္ အေရွ႕ၿမိဳ႕႐ိုး မ်ဥ္းေျဖာင့္ၾကားမွာ ေျမာက္ျပင္ ျဖစ္၏။

 ထို႕ေၾကာင့္ အေရွ႕ျပင္တြင္ ရပ္ကြက္ႀကီး ခုနစ္ကြက္၊ ေတာင္ျပင္တြင္ ရပ္ကြက္ႀကီး ၁၃ ကြက္၊ အေနာက္ျပင္တြင္ ရပ္ကြက္ႀကီး ၂၉ ကြက္ႏွင့္ ေျမာက္ျပင္ တြင္ ရပ္ကြက္ႀကီး ငါးကြက္ျဖင့္ ဖြဲ႕စည္းထားၿပီး စုစုေပါင္းရပ္ကြက္ ၅၄ ကြက္ ရွိသည္။ ၅၄ ကြက္စလံုးလည္း လွပခံ့ညား နန္းဆန္ေသာ နာမည္မ်ား ေပးခဲ့၏။ ယခုေသာ္ ထိုရပ္ကြက္မ်ားမွာမူ နာမည္မ်ား တိမ္ျမဳပ္ ေပ်ာက္ကြယ္သြားၾက၏။ ဥပမာ- ဝိဇယမဟီ၊ ေဇယမဂၤလာ၊ ဘူမိေဇယာ၊ ဇမၺဴ႕ၾကငွန္း၊ တုလြတ္ရန္ေအာင္၊ ေဘးမဲ့လြတ္ေရွာင္၊ ကြၽန္းလံုးေၾကညာ၊ ဘုန္းေတာ္ေရာင္၊ ျမကြၽန္းတန္ေဆာင္၊ ျမနန္းေအာင္ေျမ၊ ျမနန္းစံရာ၊ ျမနန္းဘံုသာ၊ ျမကြၽန္းေျမငူ ဟူသည့္အမည္ႏွင့္ ရပ္ကြက္မ်ားျဖစ္သည္။ ၅၄ ကြက္ေသာ ရပ္ကြက္ႀကီးမ်ား အပါအဝင္ ေလးျပင္ ေလးရပ္ျဖင့္ ဖြဲ႕စည္းထားသည္။ ၿမိဳ႕ႀကီးကို ထု ၁ဝ တာ (ေပ ၁၂ဝ နီးပါး)၊ ထိပ္ျပင္ ေျခာက္တာ (ေပ ၇ဝ ေက်ာ္)၊ အျမင့္ သံ ၁ဝ ေတာင္ (၁၈ ေပနီးပါး) ရွိၿပီး တံခါး ၅၇ ရပ္ ပါဝင္သည့္အျပင္ ေျမၿမိဳ႕႐ိုးႀကီးျဖင့္ ကာဆီးထားသည္။  
                                                                                                        ဆူးငွက္ 

--------------------------------------------------------------------------

မႏၲေလး ဖြဲ႕စည္းတည္ေဆာက္ပုံ
===================
 ရတနာပုံေရႊၿမိဳ့ေတာ္သည္ သာသနာေတာ္ႏွစ္ ၂၄ဝဝ ျပည့္ႏွစ္တြင္ တည္သည့္ အထိမ္းအမွတ္အရ တစ္ျပလၽွင္ တာ ၅ဝ၊ အေရွ႕ အေနာက္ ၁၂ျပ၊ တာ ၆ဝဝ၊ ေတာင္ေျမာက္ ၁၂ျပ၊ တာ ၆ဝဝ၊ ျပကြက္ေပါင္း ၁၄၄ ကြက္ ေဖာ္ထားသည္။ နန္းၿမိဳ့ေတာ္ ရာျပကြက္ေပါင္း ၁၄၄ ကြက္ ေဖာ္ထားသည္။ နန္းၿမိဳ့ေတာ္ ရာျပကြက္ေပါင္း ၁၆ ကြက္ကို ႏုတ္ေသာ္ က်န္ျပကြက္ ၁ဝ၈ ကြက္တြင္ မင္းမိဖုရား၊ အိမ္ေရွ႕ မင္း၊ မင္းညီမင္းသား၊ မွူးေတာ္ မတ္ေတာ္၊ သူေ႒း သူႂကြယ္၊ အမွုထမ္းမ်ား၊ ဆင္းရဲသားမ်ား ေနထိုင္ရန္ ခ်မွတ္ေပးခဲ့သည္။ ၿမိဳ့ေတာ္ ေရႊႀကိဳးသတ္နယ္အျဖစ္ ေတာင္ကိုအလား ဒု႒ဝတီေခၚ ျမစ္ငယ္ျမစ္၊ ေျမာက္ကိုအလား မတၱရာျမစ္၊ အေနာက္ကိုအလား ဧရာဝတီျမစ္၊ အေရွ႕ကိုအလား နတ္ထိပ္ေတာင္ရိုးဟူ၍ သတ္မွတ္ခဲ့သည္။

ေလးျပင္ေလးရပ္
-------------------
             ေရႊၿမိဳ့ေတာ္ ေလးျပင္ေလးရပ္အတြက္ ရပ္ကြက္ ၅၄ ရပ္ကြက္ သတ္မွတ္ရာတြင္ အေရွ႕ျပင္၌ ၁။ ကၽြန္းလုံးေမာ္၊ ၂။ ဝိဇယမဟီ၊ ၃။ ေဇယ်မဂၤလ၊ ၄။ ဘူမိေဇယာ၊ ၅။ မဟာေဇယ်ဘုံ၊ ၆။ ျပည္ႀကီးမ်က္မွန္၊ ၇။ ျပည္ႀကီးမ်က္ရွင္။

 ေတာင္ျပင္၌ ၈။ ပတ္ကုံးေပ်ာ္ဘြယ္၊ ၉။ ဇမၺဴမ်က္ရွင္၊ ၁ဝ။ ပတ္ကုန္းဝန္းက်င္၊ ၁၁။ ရန္မ်ိဳးလုံ၊ ၁၂။ မဟာႏြယ္စဥ္၊ ၁၃။ သက် ႏြယ္စဥ္၊ (စၾကာႏြယ္စဥ္ဟု ေရးသည္။) ၁၄။ ေမာရဂီဝါ၊ ၁၅။ စိၾတမဟီ၊ ၁၆။ ေဟမာဇလ၊ ၁၇။ ကဥၥနမဟီ၊ ၁၈။ေဟမမာလာ၊ ၁၉။ ခ်မ္းျမ သာစည္၊ ၂ဝ။ ေအာင္ခ်မ္းသာ။

 အေနာက္ျပင္၌ ၂၁။ အမရစံေခါင္၊ ၂၂။ အမရဌာနီ၊ ၂၃။ ျပည္လုံးခ်မ္းသာ၊ ၂၄။ ေမဃဂီရိ၊ ၂၅။ ပုလဲေငြေရာင္၊ ၂၆။ ျပည္ႀကီးက်က္ သေရ၊ ၂၇။ ေအာင္ေျမရန္လုံ၊ ၂၈။ဇမၺဴၾကငွန္း၊ ၂၉။ခ်မ္းေအးသာစံ၊ ၃ဝ။ တုလြတ္ရန္ေအာင္၊ ၃၁။ ေဘးမဲ့လြတ္ေရွာင္၊ ၃၂။ေအာင္နန္းရိပ္သာ၊ ၃၃။ ရတနာဘူမိ၊ (ဘုမၼိဟု ေရးသည္) ၃၄။ မဟာေအာင္ေျမ၊ ၃၅။ ကၽြန္းလုံးေၾကျငာ၊ ၃၆။ ေရႊဘုန္းရွိန္၊ ၃၇။ ကၽြန္းလုံးဥေသၽွာင္၊ ၃၈။ တမၸဝတီ၊ ၃၉။ သန္လ်က္ေမာ္။ ၄ဝ။ စိန္ပန္း၊ ၄၁။ ေဒးဝန္း၊ ၄၂။ ျပည္ႀကီးေပ်ာ္ဘြယ္၊ ၄၃။ သီရိေဟမာ၊ ၄၄။ သီရိမာလာ၊ ၄၅။ေအာင္ေျမ သာစံ၊ ၄၆။ ျပည္ႀကီးရန္လုံ၊ ၄၇။ မင္းတဲ့အီကင္း၊ ၄၈။ ဘုန္းေတာ္ေရာင္၊ ၄၉။ ေညာင္ကြဲ။

 ေျမာက္ျပင္၌ ၅ဝ။ ျမကၽြန္းတန္ေဆာင္၊ ၅၁။ျမနန္းေအာင္ေျမ၊ ၅၂။ ျမနန္းစံရာ၊ ၅၃။ ျမနန္းဘုံသာ၊ ၅၄။ျမကၽြန္းေျမငူ၊ ဟူ၍ ကုန္း ေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီး၌ ေဖာ္ျပထားခဲ့သည္။

လြပ္လပ္ေရးရၿပီးေနာက္ပိုင္း
--------------------------------
 လြတ္လပ္ေရးရၿပီးေနာက္ ေခတ္အဆက္ဆက္ မႏၲေလးၿမိဳ့ကို ၿမိဳ့နယ္ အသီးသီး ခြဲျခားလိုက္ေသာအခါ မူလသတ္မွတ္ ရပ္ကြက္မ်ား အတိုင္း မဟုတ္ေတာ့ဘဲ တစ္ၿမိဳ့ နယ္လၽွင္ ရပ္ကြက္ ၁၆ ရပ္ကြက္၊ ၁၂ ရပ္ကြက္ စသည္ျဖင့္ ကြဲျပားသြားခဲ့သည္။ အခ်ိဳ့ရပ္ကြက္မ်ားမွာလည္း အမည္သာရွိေသာလည္း ေပ်ာက္ကြယ္သြားခဲ့သည္။ ရပ္ကြက္ေပါင္း ၃၈ အမည္သာ ထင္ရွားက်န္ရစ္သည္။ ရပ္ကြက္ဝင္းမ်ားမွာ ပိုင္ဆိုင္သူ အႀကီးအကဲမ်ား ေနထိုင္ရာ၊ သို့မဟုတ္ လုပ္ငန္းအလိုက္ ေနရာခ်ထားေပးရာ အစုအလိုက္ နာမည္မ်ားျဖင့္ ယေန႔တိုင္ ေခၚေဝၚဆဲရွိသည္။ သကၤန္းတန္း၊ ထီးတန္း၊ စကၠဴတန္း၊ ေက်ာက္ေသြးတန္း၊ ဆိုင္းတန္း၊ သေဘၤာတန္း၊ ေက်ာက္ဆစ္တန္း၊ ခဲလန္တန္း၊ ထန္းလ်က္တန္း၊ ပဲပုပ္တန္း၊ ပြဲစားတန္း စသည္ျဖင့္ မႏၲေလးၿမိဳ့၏ ရိုးရာယဥ္ေက်းမွု၊ စက္မွုလက္မွု အေရာင္းအဝယ္လုပ္ငန္းအလိုက္ ေနရာ၊ အကြက္ဝင္းမ်ား ထင္ရွားရွိသည္။

ဆူးငွက္

---------------------------------------------------------------------------------

မန္တလေး ဟူသည်...
---------------------------


          သက္ကရာဇ် ၁၂၂၁ခုနှစ်တွင် နေပြည်တော်အဖြစ် အသစ်တည် မန္တလေးသည် ရွှေကြိုးသတ် နယ်မြေသဘောအရ တောင်အလား ဒုဋ္ဌဝတီမြစ်၊ မြောက်အလား မတ္တရာမြစ်၊ အရှေ့အလား နတ်ထိပ် တောင်ရိုး အထိ၊ အနောက်အလား ဧရာဝတီမြစ်တို့ဖြစ်ကြောင်း ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၊ ကောဇာသက္ကရာဇ် ၁၂၁၈ ခု တပို့တွဲလပြည့်ကျော် ၅ ရက်နေ့ထိုး ကျောက်စာတွင် အသေးစိတ် ရေးထိုးထားသည်။ ကျောက်စာပါနယ်မြေဒေသများကို မြေပုံအမျိုးမျိုးဖြင့် အတိအကျပင် မြစ်၊ ချောင်း၊ အင်းနှင့် တူးမြောင်း၊ ဆည်၊ ကန်၊ ကျေးရွာအမည်များဖြင့် ပြည့်ပြည့်စုံစုံ ရေးဆွဲဖော်ပြထားကြ၏။ ရှေးမြန်မာ မြေပုံရေးဆွဲပုံစနစ်အတိုင်း စကေးကိုက် အကွာအဝေး၊ အကျယ်အဝန်းပြ မဟုတ်ဘဲ ပကတိအရှိ မျက်မြင်ကို သရုပ်ဖော် ရေးဆွဲသည့် မြေပုံများဖြစ်သည်။ ထိုမြေပုံများအရ မန္တလေး ရွှေကြိုးသတ် နယ်နိမိတ်မှာ အလျားမိုင် ၃ဝ၊ အနံ ရှစ်မိုင်မျှ ကျယ်ဝန်းသည်ကို တွေ့ရပေမည်။

မန္တလေးတောင်တော်၏ အရိပ်ကို ခိုလှုံ
-----------------------------------------
 ကျုံးလေးဘက်လေးတန် ကာရံ၍ အုတ်မြို့ရိုးကြီးဖြင့် စတုရန်းကျကျ တည်ဆောက်ထားသော နန်းမြို့တော်ကြီးမှာ တစ်ဖက်လျှင် တာ ၆ဝဝ အညီအမျှဖြင့် စုစုပေါင်း တာ ၂၄ဝဝ ရှိ၏။ မြို့တည်သည့် သာသနာ သက္ကရာဇ် ၂၄ဝဝ ကို အမှတ်အသားပြုခြင်း ဖြစ်သည်။ (တစ်တာလျှင် ခုနစ်တောင်၊ တစ်တောင် ၁၉ လက်မဖြင့်တွက်လျှင် မြို့ရိုးတစ်ဖက် ၁ မိုင် ၂ ဖာလုံ ၅၅ ကိုက်မျှရှိပြီး လေးဘက် ပေါင်း ၅ မိုင် နှင့် ၁ ဖာလုံရှိသည်။) မြို့တော်တွင်း၌ တာ ၅ဝ လျှင် တစ်ပြ (ပေ ၅၅ဝ ကျော်) ဖြင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ၁၂ ပြစီဖြင့် စတုရန်း ပြကွက်ကြီးပေါင်း ၁၄၄ ကွက် လျာထားသည်။ မြို့ပြင်၌လည်း ¤င်းအတိုင်းအထွာ ပြများအတိုင်း လမ်းများဖောက်ကာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ကန့်လန့် ဖြတ် လမ်းများဖြင့် စတုရန်းပုံ ဝင်းကြီးများကို ဖွဲ့စည်းသည်။
 မန္တလေးတောင်တော်၏ အရိပ်ကို ခိုလှုံသည့် နိမိတ်ကိုဆောင်သည့်အနေဖြင့် နန်းမြို့တော်က မြောက်ဖျား မန္တလေးတောင်ခြေ၌ တည်ရှိပြီး မြို့၏အခင်းအကျင်းက တောင်မြောက်အလျား ခြောက်မိုင်ခွဲခန့်၊ အရှေ့အနောက် အနံ လေးမိုင်ခန့်ရှိသောကြောင့် စတင်တည်စဉ်က မန္တလေး၏ အကျယ်အဝန်းမှာ ဧရိယာ စတုရန်းမိုင် ၂၄.၆၅ ခန့် ရှိသည်။ မြို့ကို လေးပြင်လေးရပ် ခွဲခြားသတ်မှတ်ကာ အရပ်ဦးရေ ၅၄ ဌာန ကို အမည်သမုတ် ခေါ်တွင်စေခဲ့၏။ နန်းတော်ကို ဗဟိုပြု၍ နန်းမြို့ရိုး၏ အရှေ့ဘက် ပိုင်းကို အရှေ့ပြင်၊ အနောက်ဘက်ကျသော အပိုင်းကို အနောက်ပြင်၊ မြောက်ဘက် ကျသော အပိုင်းကို မြောက်ပြင်ဟု အကြမ်းဖျဉ်း သတ်မှတ်သည်။

လှပခံ့ညား နန်းဆန်သော နာမည်များ
---------------------------------------
 အတိအကျ ဆိုရပါမှု အရှေ့ဘက်မြို့ရိုးနှင့် အနောက်ဘက်မြို့ရိုးကို မူတည်ပြီး အရှေ့ဘက်မြို့ရိုးအတိုင်း တောင်မြောက်မျဉ်းဖြောင့်ဆွဲ၍ မျဉ်းအရှေ့ဘက်ကို အရှေ့ပြင်၊ မျဉ်းအနောက်ဘက်ကို တောင်ပြင် သတ်မှတ်သည်။ ထို့အတူ အနောက်မြို့ရိုး အတိုင်း တောင်မြောက် မျဉ်းဖြောင့်တစ်ကြောင်း ဆွဲစေပြန်ပြီး မျဉ်းအနောက်ဘက်ကို အနောက်ပြင်၊ မျဉ်းအရှေ့ဘက်ကို တောင်ပြင်သတ်မှတ်ပြီး၊ မြောက်ဘက်တွင်မူ အနောက်ဘက် မြို့ရိုးအလိုက် မဟုတ်ဘဲ မြောက်ဘက်မြို့ရိုးအတိုင်း အရှေ့သို့ လေးပြတိတိ တက်ပြီးမှ မြောက်တည့်တည့်မျဉ်းဖြောင့် ဆွဲစေသည်။ ထိုမျဉ်းဖြောင့်နှင့် အရှေ့မြို့ရိုး မျဉ်းဖြောင့်ကြားမှာ မြောက်ပြင် ဖြစ်၏။

 ထို့ကြောင့် အရှေ့ပြင်တွင် ရပ်ကွက်ကြီး ခုနစ်ကွက်၊ တောင်ပြင်တွင် ရပ်ကွက်ကြီး ၁၃ ကွက်၊ အနောက်ပြင်တွင် ရပ်ကွက်ကြီး ၂၉ ကွက်နှင့် မြောက်ပြင် တွင် ရပ်ကွက်ကြီး ငါးကွက်ဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်းရပ်ကွက် ၅၄ ကွက် ရှိသည်။ ၅၄ ကွက်စလုံးလည်း လှပခံ့ညား နန်းဆန်သော နာမည်များ ပေးခဲ့၏။ ယခုသော် ထိုရပ်ကွက်များမှာမူ နာမည်များ တိမ်မြုပ် ပျောက်ကွယ်သွားကြ၏။ ဥပမာ- ဝိဇယမဟီ၊ ဇေယမင်္ဂလာ၊ ဘူမိဇေယာ၊ ဇမ္ဗူ့ကြငှန်း၊ တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊ ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင်၊ မြကျွန်းတန်ဆောင်၊ မြနန်းအောင်မြေ၊ မြနန်းစံရာ၊ မြနန်းဘုံသာ၊ မြကျွန်းမြေငူ ဟူသည့်အမည်နှင့် ရပ်ကွက်များဖြစ်သည်။ ၅၄ ကွက်သော ရပ်ကွက်ကြီးများ အပါအဝင် လေးပြင် လေးရပ်ဖြင့် ဖွဲ့စည်းထားသည်။ မြို့ကြီးကို ထု ၁ဝ တာ (ပေ ၁၂ဝ နီးပါး)၊ ထိပ်ပြင် ခြောက်တာ (ပေ ရဝ ကျော်)၊ အမြင့် သံ ၁ဝ တောင် (၁၈ ပေနီးပါး) ရှိပြီး တံခါး ၅၇ ရပ် ပါဝင်သည့်အပြင် မြေမြို့ရိုးကြီးဖြင့် ကာဆီးထားသည်။  
                                                                                                        ဆူးငှက်

--------------------------------------------------------------------------

မန္တလေး ဖွဲ့စည်းတည်ဆောက်ပုံ
===================
 ရတနာပုံရွှေမြို့တော်သည် သာသနာတော်နှစ် ၂၄ဝဝ ပြည့်နှစ်တွင် တည်သည့် အထိမ်းအမှတ်အရ တစ်ပြလျှင် တာ ၅ဝ၊ အရှေ့ အနောက် ၁၂ပြ၊ တာ ၆ဝဝ၊ တောင်မြောက် ၁၂ပြ၊ တာ ၆ဝဝ၊ ပြကွက်ပေါင်း ၁၄၄ ကွက် ဖော်ထားသည်။ နန်းမြို့တော် ရာပြကွက်ပေါင်း ၁၄၄ ကွက် ဖော်ထားသည်။ နန်းမြို့တော် ရာပြကွက်ပေါင်း ၁၆ ကွက်ကို နုတ်သော် ကျန်ပြကွက် ၁ဝ၈ ကွက်တွင် မင်းမိဖုရား၊ အိမ်ရှေ့ မင်း၊ မင်းညီမင်းသား၊ မှူးတော် မတ်တော်၊ သူဋ္ဌေး သူကြွယ်၊ အမှုထမ်းများ၊ ဆင်းရဲသားများ နေထိုင်ရန် ချမှတ်ပေးခဲ့သည်။ မြို့တော် ရွှေကြိုးသတ်နယ်အဖြစ် တောင်ကိုအလား ဒုဋ္ဌဝတီခေါ် မြစ်ငယ်မြစ်၊ မြောက်ကိုအလား မတ္တရာမြစ်၊ အနောက်ကိုအလား ဧရာဝတီမြစ်၊ အရှေ့ကိုအလား နတ်ထိပ်တောင်ရိုးဟူ၍ သတ်မှတ်ခဲ့သည်။

လေးပြင်လေးရပ်
-------------------
             ရွှေမြို့တော် လေးပြင်လေးရပ်အတွက် ရပ်ကွက် ၅၄ ရပ်ကွက် သတ်မှတ်ရာတွင် အရှေ့ပြင်၌ ၁။ ကျွန်းလုံးမော်၊ ၂။ ဝိဇယမဟီ၊ ၃။ ဇေယျမင်္ဂလ၊ ၄။ ဘူမိဇေယာ၊ ၅။ မဟာဇေယျဘုံ၊ ၆။ ပြည်ကြီးမျက်မှန်၊ ၇။ ပြည်ကြီးမျက်ရှင်။

 တောင်ပြင်၌ ၈။ ပတ်ကုံးပျော်ဘွယ်၊ ၉။ ဇမ္ဗူမျက်ရှင်၊ ၁ဝ။ ပတ်ကုန်းဝန်းကျင်၊ ၁၁။ ရန်မျိုးလုံ၊ ၁၂။ မဟာနွယ်စဉ်၊ ၁၃။ သကျ နွယ်စဉ်၊ (စကြာနွယ်စဉ်ဟု ရေးသည်။) ၁၄။ မောရဂီဝါ၊ ၁၅။ စိတြမဟီ၊ ၁၆။ ဟေမာဇလ၊ ၁၇။ ကဥ္စနမဟီ၊ ၁၈။ဟေမမာလာ၊ ၁၉။ ချမ်းမြ သာစည်၊ ၂ဝ။ အောင်ချမ်းသာ။

 အနောက်ပြင်၌ ၂၁။ အမရစံခေါင်၊ ၂၂။ အမရဌာနီ၊ ၂၃။ ပြည်လုံးချမ်းသာ၊ ၂၄။ မေဃဂီရိ၊ ၂၅။ ပုလဲငွေရောင်၊ ၂၆။ ပြည်ကြီးကျက် သရေ၊ ၂၇။ အောင်မြေရန်လုံ၊ ၂၈။ဇမ္ဗူကြငှန်း၊ ၂၉။ချမ်းအေးသာစံ၊ ၃ဝ။ တုလွတ်ရန်အောင်၊ ၃၁။ ဘေးမဲ့လွတ်ရှောင်၊ ၃၂။အောင်နန်းရိပ်သာ၊ ၃၃။ ရတနာဘူမိ၊ (ဘုမ္မိဟု ရေးသည်) ၃၄။ မဟာအောင်မြေ၊ ၃၅။ ကျွန်းလုံးကြေငြာ၊ ၃၆။ ရွှေဘုန်းရှိန်၊ ၃၇။ ကျွန်းလုံးဥသျှောင်၊ ၃၈။ တမ္ပဝတီ၊ ၃၉။ သန်လျက်မော်။ ၄ဝ။ စိန်ပန်း၊ ၄၁။ ဒေးဝန်း၊ ၄၂။ ပြည်ကြီးပျော်ဘွယ်၊ ၄၃။ သီရိဟေမာ၊ ၄၄။ သီရိမာလာ၊ ၄၅။အောင်မြေ သာစံ၊ ၄၆။ ပြည်ကြီးရန်လုံ၊ ၄၇။ မင်းတဲ့အီကင်း၊ ၄၈။ ဘုန်းတော်ရောင်၊ ၄၉။ ညောင်ကွဲ။

 မြောက်ပြင်၌ ၅ဝ။ မြကျွန်းတန်ဆောင်၊ ၅၁။မြနန်းအောင်မြေ၊ ၅၂။ မြနန်းစံရာ၊ ၅၃။ မြနန်းဘုံသာ၊ ၅၄။မြကျွန်းမြေငူ၊ ဟူ၍ ကုန်း ဘောင်ဆက် မဟာရာဇဝင်တော်ကြီး၌ ဖော်ပြထားခဲ့သည်။

လွပ်လပ်ရေးရပြီးနောက်ပိုင်း
--------------------------------
 လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက် မန္တလေးမြို့ကို မြို့နယ် အသီးသီး ခွဲခြားလိုက်သောအခါ မူလသတ်မှတ် ရပ်ကွက်များ အတိုင်း မဟုတ်တော့ဘဲ တစ်မြို့ နယ်လျှင် ရပ်ကွက် ၁၆ ရပ်ကွက်၊ ၁၂ ရပ်ကွက် စသည်ဖြင့် ကွဲပြားသွားခဲ့သည်။ အချို့ရပ်ကွက်များမှာလည်း အမည်သာရှိသောလည်း ပျောက်ကွယ်သွားခဲ့သည်။ ရပ်ကွက်ပေါင်း ၃၈ အမည်သာ ထင်ရှားကျန်ရစ်သည်။ ရပ်ကွက်ဝင်းများမှာ ပိုင်ဆိုင်သူ အကြီးအကဲများ နေထိုင်ရာ၊ သို့မဟုတ် လုပ်ငန်းအလိုက် နေရာချထားပေးရာ အစုအလိုက် နာမည်များဖြင့် ယနေ့တိုင် ခေါ်ဝေါ်ဆဲရှိသည်။ သင်္ကန်းတန်း၊ ထီးတန်း၊ စက္ကူတန်း၊ ကျောက်သွေးတန်း၊ ဆိုင်းတန်း၊ သင်္ဘောတန်း၊ ကျောက်ဆစ်တန်း၊ ခဲလန်တန်း၊ ထန်းလျက်တန်း၊ ပဲပုပ်တန်း၊ ပွဲစားတန်း စသည်ဖြင့် မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှု၊ စက်မှုလက်မှု အရောင်းအဝယ်လုပ်ငန်းအလိုက် နေရာ၊ အကွက်ဝင်းများ ထင်ရှားရှိသည်။

ဆူးငှက်

---------------------------------------------------------------------------------

Monday, May 4, 2020

Eyebag Fat Removal

အောက်မျက်အိတ်များ ဖောင်းလာခြင်း၊ ညိုလာခြင်း နှင့် ၎င်းတို့အား ခွဲထုတ်ဖယ်ရှားခြင်း အကြောင်း သိကောင်းစရာများ (Eyebag Fat Removal)
===================================


မျက်စိအောက်ပိုင်း (အောက်မျက်အိတ်)မှာ ညိုနေခြင်း၊ ဖောင်းနေခြင်းတို့ကို တချို့သောသူတွေမှာ သတိထားမိကြပါလိမ့်မယ်။ အောက်မျက်အိတ်မှာ အဆီတွေ ရှိသင့်တာထက် ပိုပြီးစုပုံလာတာဟာ အသက် (၃၀) လောက်မှာ စဖြစ်တတ်ပါတယ်။ ဘာကြောင့် ဒီအဆီတွေ စုပုံလာသလဲ ဆိုတာကတော့ အများအားဖြင့် (၇၀% လောက်) ကတော့ မျိုးရိုးကြောင့် ဖြစ်ပါတယ်။ ဒီအဆီတွေ ပျောက်သွားဖို့ လေ့ကျင့်ခန်းလုဎ်လိုက်၊ အစားအသောက် ဆင်ကြင်လိုက်၊ သောက်ဆေး၊ လိမ်းဆေးတွေသုံးလိုက် နဲ့လည်း မဖြစ်နိုင်ပါဘူး။ အဲဒီလို အဆီတွေစုပုံနေတဲ့ အတွက် မိမိမျက်နှာဟာ ဘာမှမလုဎ်ရသေးပဲ ပင်ပန်းနေတဲ့ပုံ ဖြစ်နေတတ်ပါတယ်။ အောက်မျက်အိတ် အဆီထုပ်ကြီးတွေကြောင့် မိမိမျက်နှာဟာ မိမိလက်ရှိအသက်ထက် ပိုကြီး နေတဲ့ပုံစံမျိုးဖြစ်နေတတ်ပါတယ်။ မျက်နှာပေါ်က အလှကိုပါ ဖုံးနေတတ်ပြီး မျက်နှာရဲ့ ပင်ကိုယ်အလှအပနဲ့ နုပျိုမှုကို နှောက်ယှက်စေပါတယ်။ အောက်မျက်ကွင်း (အောက်မျက်အိတ်) မှာရှိတဲ့ ပိုလျှံနေတဲ့ အဆီထုပ််တွေကို ချိန်စပြီး ဖယ်ထုတ်လိုက်ရင် ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါ်နေတဲ့ မျက်အိတ် (မျက်ဝန်း)ကို ပျောက်ပျက်စေပြီး တဖန် ငယ်ရွယ်လှပပြီး တောက်ပတဲ့ မျက်အိမ်မျက်ဝန်း တစုံကို ပြန်လည်ရရှိ နိုင်ပါတယ်။
-----------------------------------------------------------------------
၁။ ဘာဖြစ်လို့ အောက်မျက်အိတ် (မျက်တွင်း) ဖောင်းလာပါသလဲ။
မျက်တွင်းညိုဖောင်းနေခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ မျက်တွင်းအရေပြားရဲ့ အောက်မှာ အဆီထုပ်များ စုပုံနေပြီး စုပုံနေတဲ့အဆီတွေက အရေပြားအပြင်ဘက်ကို တွန်းဖိထားလို့ ဖြစ်ပါတယ်။ ဒီထက် အသေးစိတ် ပြောရရင်တော့ မျက်တွင်းအရေပြား၊ အရေပြားအောက်ရှိ မျက်တွင်း ကြွက်သား (Orbicularis oculi) နှင့် မျက်တွင်းအောက်ရှိ အဆီများအား ကာရံထုပ်ပတ်ပေးထားတဲ့ အကာ (Orbital septum) တွေဟာ တင်းရင်းမှူ လျှော့နဲလာပါတယ်။ အဲဒီလို တင်းရင်းမှူ လျှော့နဲနေတဲ့နေရာကို မျက်တွင်းအောက်ရှိ အဆီတွေစုပုံပြီး သွားဖိတဲ့အခါ အောက်မျက်အိတ် (မျက်တွင်း) ညိုနေခြင်း၊ ဖောင်းနေခြင်းတို့ကို ဖြစ်စေပါတယ်။
------------------------------------------------------------------------
၂။ အောက်မျက်အိတ် (မျက်တွင်း) ညိုနေခြင်း၊ ဖောင်းနေခြင်းတို့ကို ဘယ်လိုကုသလို့ရပါသလဲ။
ခွဲစိတ်ပြီး ပြုပြင်လို့ရပါတယ်။ ခွဲစိတ်တဲ့နည်း (Surgical technique) ၂ ခု ရှိပါတယ်။
ပထမနည်းကတော့ Transconjunctival Incision Method ဆိုပြီး အောက်မျက်ခမ်းရဲ့ အတွင်းဘက်ကနေ စုပုံနေတဲ့ အဆီကို ထုတ််တဲ့နည်းပါ။ ဒီနည်းကတော့ ယေဘူယအားဖြင့် အသက် ၄၀ အောက် လူတွေကို လုဎ်တာများပါတယ်။ အောက်မျက်ခမ်းမှာရှိတဲ့ အဆီကိုသာထုတ်် တဲ့ နည်းဖြစ်ပါတယ်။ အောက်မျက်ခမ်း (မျက်တွင်း)ဖောင်းတဲ့သူများအတွက် သင့်တော်ပါတယ်။ ဒုတိယနည်းကတော့ Transcutaneous Incision Method ဆိုပြီး အောက်မျက်ခမ်းရဲ့ အပြင်ဘက် အရေပြားကနေ စုပုံနေတဲ့အဆီတွေကို ထုတ််တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကတော့ အောက်မျက်ခမ်းမှာရှိတဲ့ အဆီကို ထုတ််ပြီး တွဲကျနေတဲ့ (ပိုနေတဲ့) အရေပြားကိုပါ ဖြတ်ပြီး အရေပြားကိုတင်းအောင် လုဎ်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းကတော့ ယေဘူယ အားဖြင့် အသက် ၄၀ အထက် လူတွေ (အထူးသဖြင့် အောက်မျက်တွင်းဖောင်းပြီး အရေပြားပါ လျှော့ပြီးတွဲကျနေတဲ့သူများ) အတွက် သင့်တော်ပါတယ်။
-----------------------------------------------------------------------
၃။ ဘယ်လိုမျိုး ခွဲစိတ်ခန်းတွေမှာ ခွဲလို့ရပါသလဲ။ မေ့ဆေးနဲ့လား၊ ထုံဆေးနဲ့လား။
ခွဲစိတ်မှု ၂ မျိုးစလုံးဟာ အသေးစား ခွဲစိတ်မှု (Minor Surgery) ဖြစ်တဲ့အတွက် ပြင်ပလူနာဌာန (OPD) က သန့်ရှင်းသပ်ရပ််ပြီး ပိုးသတ်ထားတဲ့ ခွဲခန်းလေးတွေမှာ ခွဲလေ့ရှိပါတယ်။
အသေးစားခွဲစိတ်မှုဖြစ်တဲ့အတွက် ထုံဆေး နဲ့ပဲခွဲစိတ်ပါတယ်။
-----------------------------------------------------------------------
၄။ အောက်မျက်အိတ် အဆီထုပ်များ ဖယ်ရှားခွဲစိတ်မှု ပြုလုဎ်စဉ် နာလား။
ပထမဆုံး ထုံဆေးထိုးတဲ့အချိန် ၁ ချက် အနည်းငယ် စူးပါလိမ့်မယ်။ ထုံဆေးထိုးပြီးရင်တော့ လုံးဝ မနာပါဘူး။
----------------------------------------------------------------------
၅။ ခွဲစိတ်မှူ ကြာချိန် ဘယ်လောက်လောက် ရှိသလဲ။
၃၀ ~ ၄၅ မိနစ်လောက် ကြာတတ်ပါတယ်။ အဆီအရမ်းများရင်တော့ ၁ နာရီ အထိ ကြာတတ်ပါတယ်။
------------------------------------------------------------------------
၆။ ခွဲစိတ်မှူ ခံယူပြီး ဆေးရုံတက်ရပါလား။
ဆေးရုံတက်ဖို့ မလိုပါဘူး။ ခွဲစိတ်မှူ ခံယူပြီးပြီးချင်း မိနစ် ၃၀ လောက် ဆေးခန်းမှာ ရေခဲကပ်ပြီးတာနဲ့ ချက်ချင်း အိမ်ပြန်လို့ ရပါတယ်။
-----------------------------------------------------------------------
၇။ ခွဲစိတ်မှူ နဲ့ပတ်သက်ပြီး ဘာတွေစိုးရိမ်စရာ ဘေးထွက်ဆိုးကျိုးတွေရှိလဲ။
ခွဲစိတ်မှူဟာ အသေးစားခွဲစိတ်မှူလေးဖြစ်သော်လည်း ခွဲစိတ်မှူတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိတတ်ပါတယ်။
(က) အောက်မျက်အိတ် အဆီထုတ််ပြီး ၂၄ နာရီ အတွင်း အနည်းငယ် နာကျင်ကိုက်ခဲတတ်ပါတယ်။
(ခ) အောက်မျက်အိတ် အဆီထုတ််ပြီး ၃ ရက် အတွင်း မျက်စိပတ်ဝန်းကျင်မှာ ရောင်နေတတ်ပါတယ်။
(ဂ) တချို့သောသူများတွင် မျက်စိပတ်ဝန်းကျင်မှာ အနီရောင်၊ ပန်းရောင် အကွက်များ ပေါ်နေတတ်ပြီး ၁ ပတ်လောက်နေမှ အားလုံးပျောက်သွားတတ်ပါတယ်။
(ဃ) တချို့သောသူများတွင် မျက်ရေများ ခဏခဏ ကျတတ်ပါတယ်။
(င) တချို့သောသူများတွင် ကာလတို (၁ ပတ်မှ ၁၀ ရက်ခန့်) အမြင်အာရုံ ဝါးပြီးအားနည်းသလိုခံစားရတတ်ပါတယ်။
(စ) ပိုးဝင်ကာ အမာရွတ် ကျန်ခြင်း (အလွန်ရှားပါသည်)။
------------------------------------------------------------------------
၈။ အောက်မျက်အိတ် အဆီထုတ််ပြီး ခွဲစိတ်မှူ ခံယူပြီး လိုက်နာသိရှိထားရမည့် အချက်များ။
(က) အောက်မျက်အိတ် အဆီထုတ််ပြီး ၂၄ နာရီးအတွင်း မကြာခဏ ရေခဲကပ်ပေးရပါမည်။ ၁နာရီ ၁ကြိမ်ကပ်ပါ။ ဖြစ်နိုင်ပါက ၁ ကြိမ်ကပ်ပါက ၁၅ မိနစ်ခန့် ကပ်ပါ။ ရေခဲထုပ်ဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက် မကပ်ရ။ ပိုးသတ်ထားပြီး သန့်ရှင်းသော အဝတ် အား ချုပ်ရိုးပေါ်တွင်ခံပြီးမှ ရေခဲ ကပ်ရပါမည်။
(ခ) အောက်မျက်အိတ် အဆီထုတ််ပြီး ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုဎ်ပါနှင့်။ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူပါ။
(ဂ) အောက်မျက်အိတ် အဆီထုတ််ပြီး ၂၄ နာရီကျော်ပါက ရေချိုးနိုင်ပါသည်။ သို့သော် ရေချိုးပြီးပါက မျက်နှာအား တတ်နိုင်ပါက ရေကြာကြာမထိပါနှင့်။
(ဃ) အောက်မျက်အိတ် အဆီထုတ််ပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားပါ။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်၍ အိပ်ပါ။
(င) အနာမကျပ်ခင် ရ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကြဉ်ပါ။
(စ) ချုပ်ရိုးမဖြည်ခင် ရ ရက်အတွင်း မနက ်၁ ကြိမ်၊ ည ၁ ကြိမ် ချုပ်ရိုးနေရာအား Anti-biotic ointment လိမ်းပါ။
(ဆ) ချုပ်ရိုးမဖြည်ခင် အပြင်ထွက်ရမည်ဆိုပါက နေကာမျက်မှန် တပ်ပြီးမှ ထွက်ပါ။
(ဇ) ရ ရက်မြောက်နေ့တွင် ချုပ်ရိုးဖြည်ပါမည်။ သို့သော် အောက်မျက်အိတ် အဆီထုတ််ပြီး ၂ ပတ်အတွင်း မျက်ကပ်မှန်၊ Eye liner နှင့် Eye make-up မလိမ်းပါနှင့်။
(စျ) လူတဦးနှင့်တဦး၏ အနာကျပ်အားကောင်းမှူပေါ်တွင် မူတည်ပြီး ကွဲပြားမှူရှိတတ်ပါသည်။ တချို့သောသူများသည် မျက်တွင်းအဆီထုပ်ပြီး ၃ ရက်၊ ၄ ရက် အထိ မျက်စိဝန်းကျင်တွင် အနီရောင် သို့မဟုတ် ပန်းနုရောင် အကွက်ကြီးငယ်များ ပေါ်လေ့ရှိပါသည်။ ဤသည်မှာ ပုံမှန်ဖြစ်ပါသည်။
(ည) ချုပ်ရိုးမဖြည်ခင် ခွဲကြောင်းနေရာအား လက်ဖြင့်ထိခြင်း၊ ချုပ်ရိုးအားဖြဲကြည့်ခြင်း၊ ချုပ်ရိုးပေါ်တွင် တိုင်းရင်းဆေးလူးခြင်း လုံးဝမလုဎ်ရ။
(ဋ) အကာင်းဆုံး ရလဒ် Final result သည် ၂ ပတ် မှ ၁ လကျော် ခန့်မှ စတင်သိရှိနိုင်ပေလိမ့်မည်။
-----------------------------------------------------------------------
၉။ အောက်မျက်အိတ် အဆီထုတ် ခွဲစိတ်မှု ခံယူပြီး ဘယ်လောက် ကြာကြာခံပါသလဲ။
အောက်မျက်အိတ် အဆီထုပ်တွေကို ၁ ကြိမ် ခွဲစိတ် ဖယ်ရှားပြီးပါက အများစုဟာ နောက် ၁ ကြိမ် မျက်အိတ်အဆီတွေ ပြန်တက် မလာတတ်ပါဘူး။ တချို့ကတော့ ၁ ကြိမ် ခွဲစိတ်ထုတ်ယူပြီး ၁၀ နှစ်လောက် အကြာမှာ အဆီတွေပြန်တက်တတ်ပါတယ်။
----------------------------------------------------------------------
ကျနော်ရဲ့ ဆေးရုံး၊ဆေးခန်း အတွေ့အကြုံများနှင့် အောက်ဖော်ပြပါ စာပေများမှ ကိုးကားပြီးရေးသားထားခြင်း ဖြစ်ပါတယ်။

References:
1. Nahai F. Transconjunctival blepharoplasty. Nahai F. The Art of Aesthetic Surgery: Principles and Techniques. St. Louis, Missouri: Quality Medical Publishing, Inc.; 2005. Chap 22, pp. 720-50.
2. Silkiss RZ, Carroll RP. Transconjunctival surgery. Ophthalmic Surg. 1992 Apr. 23(4):288-91.
3. Zarem HA, Resnick JI. Minimizing deformity in lower blepharoplasty. The transconjunctival approach. Clin Plast Surg. 1993 Apr. 20(2):317-21.
4. Taban M, Taban M, Perry JD. Lower eyelid position after transconjunctival lower blepharoplasty with versus without a skin pinch. Ophthal Plast Reconstr Surg. 2008 Jan-Feb. 24(1):7-9.
--------------------------------------------------
Dr. Kyi Chan Ko
M.B.,B.S (UMM, Mandalay),
Ph.D (TMDU, Tokyo),
Member of Japanese Society of Aesthetic Surgery.
=====================================

(Zawgyi)

ေအာက္မ်က္အိတ္မ်ား ေဖာင္းလာျခင္း၊ ညိဳလာျခင္း ႏွင့္ ၎တို႕အား ခြဲထုတ္ဖယ္ရွားျခင္း အေၾကာင္း သိေကာင္းစရာမ်ား (Eyebag Fat Removal) 
--------------------------------------------------


မ်က္စိေအာက္ပိုင္း (ေအာက္မ်က္အိတ္)မွာ ညိဳေနျခင္း၊ ေဖာင္းေနျခင္းတို႕ကို တခ်ိဳ႕ေသာသူေတြမွာ သတိထားမိၾကပါလိမ့္မယ္။ ေအာက္မ်က္အိတ္မွာ အဆီေတြ ရွိသင့္တာထက္ ပိုျပီးစုပုံလာတာဟာ အသက္ (၃၀) ေလာက္မွာ စျဖစ္တတ္ပါတယ္။ ဘာေၾကာင့္ ဒီအဆီေတြ စုပုံလာသလဲ ဆိုတာကေတာ့ အမ်ားအားျဖင့္ (၇၀% ေလာက္) ကေတာ့ မ်ိဳး႐ိုးေၾကာင့္ ျဖစ္ပါတယ္။ ဒီအဆီေတြ ေပ်ာက္သြားဖို႕ ေလ့က်င့္ခန္းလုဎ္လိုက္၊ အစားအေသာက္ ဆင္ၾကင္လိုက္၊ ေသာက္ေဆး၊ လိမ္းေဆးေတြသုံးလိုက္ နဲ႕လည္း မျဖစ္ႏိုင္ပါဘူး။ အဲဒီလို အဆီေတြစုပုံေနတဲ့ အတြက္ မိမိမ်က္ႏွာဟာ ဘာမွမလုဎ္ရေသးပဲ ပင္ပန္းေနတဲ့ပုံ ျဖစ္ေနတတ္ပါတယ္။ ေအာက္မ်က္အိတ္ အဆီထုပ္ၾကီးေတြေၾကာင့္ မိမိမ်က္ႏွာဟာ မိမိလက္ရွိအသက္ထက္ ပိုၾကီး ေနတဲ့ပုံစံမ်ိဳးျဖစ္ေနတတ္ပါတယ္။ မ်က္ႏွာေပၚက အလွကိုပါ ဖုံးေနတတ္ျပီး မ်က္ႏွာရဲ့ ပင္ကိုယ္အလွအပနဲ႕ ႏုပ်ိဳမႈကို ေႏွာက္ယွက္ေစပါတယ္။ ေအာက္မ်က္ကြင္း (ေအာက္မ်က္အိတ္) မွာရွိတဲ့ ပိုလွ်ံေနတဲ့ အဆီထုပ္္ေတြကို ခ်ိန္စျပီး ဖယ္ထုတ္လိုက္ရင္ ပင္ပန္းႏြမ္းနယ္ေနတဲ့ ပံုေပၚေနတဲ့ မ်က္အိတ္ (မ်က္ဝန္း)ကို ေပ်ာက္ပ်က္ေစျပီး တဖန္ ငယ္ရြယ္လွပျပီး ေတာက္ပတဲ့ မ်က္အိမ္မ်က္ဝန္း တစုံကို ျပန္လည္ရရွိ ႏိုင္ပါတယ္။
-----------------------------------------------------------------------

၁။ ဘာျဖစ္လို႕ ေအာက္မ်က္အိတ္ (မ်က္တြင္း) ေဖာင္းလာပါသလဲ။
မ်က္တြင္းညိဳေဖာင္းေနျခင္းရဲ့ အဓိက အေၾကာင္းအရင္းကေတာ့ မ်က္တြင္းအေရျပားရဲ့ ေအာက္မွာ အဆီထုပ္မ်ား စုပုံေနျပီး စုပုံေနတဲ့အဆီေတြက အေရျပားအျပင္ဘက္ကို တြန္းဖိထားလို႕ ျဖစ္ပါတယ္။ ဒီထက္ အေသးစိတ္ ေျပာရရင္ေတာ့ မ်က္တြင္းအေရျပား၊ အေရျပားေအာက္ရွိ မ်က္တြင္း ႂကြက္သား (Orbicularis oculi) ႏွင့္ မ်က္တြင္းေအာက္ရွိ အဆီမ်ားအား ကာရံထုပ္ပတ္ေပးထားတဲ့ အကာ (Orbital septum) ေတြဟာ တင္းရင္းမႉ ေလွ်ာ့နဲလာပါတယ္။ အဲဒီလို တင္းရင္းမႉ ေလွ်ာ့နဲေနတဲ့ေနရာကို မ်က္တြင္းေအာက္ရွိ အဆီေတြစုပုံျပီး သြားဖိတဲ့အခါ ေအာက္မ်က္အိတ္ (မ်က္တြင္း) ညိဳေနျခင္း၊ ေဖာင္းေနျခင္းတို႕ကို ျဖစ္ေစပါတယ္။
------------------------------------------------------------------------

၂။ ေအာက္မ်က္အိတ္ (မ်က္တြင္း) ညိဳေနျခင္း၊ ေဖာင္းေနျခင္းတို႕ကို ဘယ္လိုကုသလို႕ရပါသလဲ။

ခြဲစိတ္ျပီး ျပဳျပင္လို႕ရပါတယ္။ ခြဲစိတ္တဲ့နည္း (Surgical technique) ၂ ခု ရွိပါတယ္။
ပထမနည္းကေတာ့ Transconjunctival Incision Method ဆိုျပီး ေအာက္မ်က္ခမ္းရဲ့ အတြင္းဘက္ကေန စုပုံေနတဲ့ အဆီကို ထုတ္္တဲ့နည္းပါ။ ဒီနည္းကေတာ့ ေယဘူယအားျဖင့္ အသက္ ၄၀ ေအာက္ လူေတြကို လုဎ္တာမ်ားပါတယ္။ ေအာက္မ်က္ခမ္းမွာရွိတဲ့ အဆီကိုသာထုတ္္ တဲ့ နည္းျဖစ္ပါတယ္။ ေအာက္မ်က္ခမ္း (မ်က္တြင္း)ေဖာင္းတဲ့သူမ်ားအတြက္ သင့္ေတာ္ပါတယ္။ ဒုတိယနည္းကေတာ့ Transcutaneous Incision Method ဆိုျပီး ေအာက္မ်က္ခမ္းရဲ့ အျပင္ဘက္ အေရျပားကေန စုပုံေနတဲ့အဆီေတြကို ထုတ္္တဲ့နည္းျဖစ္ပါတယ္။ ဒီနည္းကေတာ့ ေအာက္မ်က္ခမ္းမွာရွိတဲ့ အဆီကို ထုတ္္ျပီး တြဲက်ေနတဲ့ (ပိုေနတဲ့) အေရျပားကိုပါ ျဖတ္ျပီး အေရျပားကိုတင္းေအာင္ လုဎ္တဲ့နည္းျဖစ္ပါတယ္။ ဒီနည္းကေတာ့ ေယဘူယ အားျဖင့္ အသက္ ၄၀ အထက္ လူေတြ (အထူးသျဖင့္ ေအာက္မ်က္တြင္းေဖာင္းျပီး အေရျပားပါ ေလွ်ာ့ျပီးတြဲက်ေနတဲ့သူမ်ား) အတြက္ သင့္ေတာ္ပါတယ္။
-----------------------------------------------------------------------

၃။ ဘယ္လိုမ်ိဳး ခြဲစိတ္ခန္းေတြမွာ ခြဲလို႕ရပါသလဲ။ ေမ့ေဆးနဲ႕လား၊ ထုံေဆးနဲ႕လား။
ခြဲစိတ္မႈ ၂ မ်ိဳးစလုံးဟာ အေသးစား ခြဲစိတ္မႈ (Minor Surgery) ျဖစ္တဲ့အတြက္ ျပင္ပလူနာဌာန (OPD) က သန္႕ရွင္းသပ္ရပ္္ျပီး ပိုးသတ္ထားတဲ့ ခြဲခန္းေလးေတြမွာ ခြဲေလ့ရွိပါတယ္။
အေသးစားခြဲစိတ္မႈျဖစ္တဲ့အတြက္ ထုံေဆး နဲ႕ပဲခြဲစိတ္ပါတယ္။
-----------------------------------------------------------------------

၄။ ေအာက္မ်က္အိတ္ အဆီထုပ္မ်ား ဖယ္ရွားခြဲစိတ္မႈ ျပဳလုဎ္စဥ္ နာလား။
ပထမဆုံး ထုံေဆးထိုးတဲ့အခ်ိန္ ၁ ခ်က္ အနည္းငယ္ စူးပါလိမ့္မယ္။ ထုံေဆးထိုးျပီးရင္ေတာ့ လုံးဝ မနာပါဘူး။
----------------------------------------------------------------------

၅။ ခြဲစိတ္မႉ ၾကာခ်ိန္ ဘယ္ေလာက္ေလာက္ ရွိသလဲ။
၃၀ ~ ၄၅ မိနစ္ေလာက္ ၾကာတတ္ပါတယ္။ အဆီအရမ္းမ်ားရင္ေတာ့ ၁ နာရီ အထိ ၾကာတတ္ပါတယ္။
------------------------------------------------------------------------

၆။ ခြဲစိတ္မႉ ခံယူျပီး ေဆးရုံတက္ရပါလား။
ေဆး႐ံုတက္ဖို႕ မလိုပါဘူး။ ခြဲစိတ္မႉ ခံယူျပီးျပီးခ်င္း မိနစ္ ၃၀ ေလာက္ ေဆးခန္းမွာ ေရခဲကပ္ျပီးတာနဲ႕ ခ်က္ခ်င္း အိမ္ျပန္လို႕ ရပါတယ္။
-----------------------------------------------------------------------

၇။ ခြဲစိတ္မႉ နဲ႕ပတ္သက္ျပီး ဘာေတြစိုးရိမ္စရာ ေဘးထြက္ဆိုးက်ိဳးေတြရွိလဲ။
ခြဲစိတ္မႉဟာ အေသးစားခြဲစိတ္မႉေလးျဖစ္ေသာ္လည္း ခြဲစိတ္မႉတိုင္းမွာ ေဘးထြက္ဆိုးက်ိဳး ရွိတတ္ပါတယ္။
(က) ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ၂၄ နာရီ အတြင္း အနည္းငယ္ နာက်င္ကိုက္ခဲတတ္ပါတယ္။
(ခ) ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ၃ ရက္ အတြင္း မ်က္စိပတ္ဝန္းက်င္မွာ ေရာင္ေနတတ္ပါတယ္။
(ဂ) တခ်ိဳ႕ေသာသူမ်ားတြင္ မ်က္စိပတ္ဝန္းက်င္မွာ အနီေရာင္၊ ပန္းေရာင္ အကြက္မ်ား ေပၚေနတတ္ျပီး ၁ ပတ္ေလာက္ေနမွ အားလုံးေပ်ာက္သြားတတ္ပါတယ္။
(ဃ) တခ်ိဳ႕ေသာသူမ်ားတြင္ မ်က္ေရမ်ား ခဏခဏ က်တတ္ပါတယ္။
(င) တခ်ိဳ႕ေသာသူမ်ားတြင္ ကာလတို (၁ ပတ္မွ ၁၀ ရက္ခန္႕) အျမင္အာရုံ ဝါးျပီးအားနည္းသလိုခံစားရတတ္ပါတယ္။
(စ) ပိုးဝင္ကာ အမာရြတ္ က်န္ျခင္း (အလြန္ရွားပါသည္)။
------------------------------------------------------------------------

၈။ ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ခြဲစိတ္မႉ ခံယူျပီး လိုက္နာသိရွိထားရမည့္ အခ်က္မ်ား။
(က) ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ၂၄ နာရီးအတြင္း မၾကာခဏ ေရခဲကပ္ေပးရပါမည္။ ၁နာရီ ၁ၾကိမ္ကပ္ပါ။ ျဖစ္ႏိုင္ပါက ၁ ၾကိမ္ကပ္ပါက ၁၅ မိနစ္ခန္႕ ကပ္ပါ။ ေရခဲထုပ္ျဖင့္ ခ်ဳပ္႐ိုးေပၚသို႕ တိုက္႐ိုက္ မကပ္ရ။ ပိုးသတ္ထားျပီး သန္႕ရွင္းေသာ အဝတ္ အား ခ်ဳပ္႐ိုးေပၚတြင္ခံျပီးမွ ေရခဲ ကပ္ရပါမည္။
(ခ) ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ၂၄ နာရီအတြင္း ခန္နာကိုယ္ လႈပ္ရွားမႉအား တတ္ႏိုင္သမွ် မလုဎ္ပါႏွင့္။ ထိုင္ခုံး သို႕မဟုတ္ ကုတင္ေပၚတြင္ အနားယူပါ။
(ဂ) ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ၂၄ နာရီေက်ာ္ပါက ေရခ်ိဳးႏိုင္ပါသည္။ သို႕ေသာ္ ေရခ်ိဳးျပီးပါက မ်က္ႏွာအား တတ္ႏိုင္ပါက ေရၾကာၾကာမထိပါႏွင့္။
(ဃ) ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ၃ ရက္ အထိ အိပ္ေနစဥ္ ဦးေခါင္းအား အျမင့္ေနရာတြင္ ထားပါ။ ညအိပ္စဥ္အတြင္း ေခါင္းအုန္း ၂ လုံး ေပၚတြင္ ဦးေခါင္းတင္၍ အိပ္ပါ။
(င) အနာမက်ပ္ခင္ ၇ ရက္အတြင္း ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ ေညာ္နံ႕ ႐ႉ ျခင္း၊ ဖုံ၊သဲ၊ အမိႈက္ ဝင္ျခင္း စသည္ တို႕မွ ေရွာင္ၾကဥ္ပါ။
(စ) ခ်ဳပ္႐ိုးမျဖည္ခင္ ၇ ရက္အတြင္း မနက ္၁ ၾကိမ္၊ ည ၁ ၾကိမ္ ခ်ဳပ္႐ိုးေနရာအား Anti-biotic ointment လိမ္းပါ။
(ဆ) ခ်ဳပ္႐ိုးမျဖည္ခင္ အျပင္ထြက္ရမည္ဆိုပါက ေနကာမ်က္မွန္ တပ္ျပီးမွ ထြက္ပါ။
(ဇ) ၇ ရက္ေျမာက္ေန႕တြင္ ခ်ဳပ္႐ိုးျဖည္ပါမည္။ သို႕ေသာ္ ေအာက္မ်က္အိတ္ အဆီထုတ္္ျပီး ၂ ပတ္အတြင္း မ်က္ကပ္မွန္၊ Eye liner ႏွင့္ Eye make-up မလိမ္းပါႏွင့္။
(စ်) လူတဦးႏွင့္တဦး၏ အနာက်ပ္အားေကာင္းမႉေပၚတြင္ မူတည္ျပီး ကြဲျပားမႉရွိတတ္ပါသည္။ တခ်ိဳ႕ေသာသူမ်ားသည္ မ်က္တြင္းအဆီထုပ္ျပီး ၃ ရက္၊ ၄ ရက္ အထိ မ်က္စိဝန္းက်င္တြင္ အနီေရာင္ သို႕မဟုတ္ ပန္းႏုေရာင္ အကြက္ၾကီးငယ္မ်ား ေပၚေလ့ရွိပါသည္။ ဤသည္မွာ ပံုမွန္ျဖစ္ပါသည္။
(ည) ခ်ဳပ္ရိုးမျဖည္ခင္ ခြဲေၾကာင္းေနရာအား လက္ျဖင့္ထိျခင္း၊ ခ်ဳပ္႐ိုးအားျဖဲၾကည့္ျခင္း၊ ခ်ဳပ္႐ိုးေပၚတြင္ တိုင္းရင္းေဆးလူးျခင္း လုံးဝမလုဎ္ရ။
(ဋ) အကာင္းဆုံး ရလဒ္ Final result သည္ ၂ ပတ္ မွ ၁ လေက်ာ္ ခန္႕မွ စတင္သိရွိႏိုင္ေပလိမ့္မည္။
-----------------------------------------------------------------------

၉။ ေအာက္မ်က္အိတ္ အဆီထုတ္ ခြဲစိတ္မႈ ခံယူျပီး ဘယ္ေလာက္ ၾကာၾကာခံပါသလဲ။
ေအာက္မ်က္အိတ္ အဆီထုပ္ေတြကို ၁ ၾကိမ္ ခြဲစိတ္ ဖယ္ရွားျပီးပါက အမ်ားစုဟာ ေနာက္ ၁ ၾကိမ္ မ်က္အိတ္အဆီေတြ ျပန္တက္ မလာတတ္ပါဘူး။ တခ်ိဳ႕ကေတာ့ ၁ ၾကိမ္ ခြဲစိတ္ထုတ္ယူျပီး ၁၀ ႏွစ္ေလာက္ အၾကာမွာ အဆီေတြျပန္တက္တတ္ပါတယ္။
----------------------------------------------------------------------
က်ေနာ္ရဲ့ ေဆးရုံး၊ေဆးခန္း အေတြ႕အၾကဳံမ်ားႏွင့္ ေအာက္ေဖာ္ျပပါ စာေပမ်ားမွ ကိုးကားျပီးေရးသားထားျခင္း ျဖစ္ပါတယ္။

References:
1. Nahai F. Transconjunctival blepharoplasty. Nahai F. The Art of Aesthetic Surgery: Principles and Techniques. St. Louis, Missouri: Quality Medical Publishing, Inc.; 2005. Chap 22, pp. 720-50.
2. Silkiss RZ, Carroll RP. Transconjunctival surgery. Ophthalmic Surg. 1992 Apr. 23(4):288-91.
3. Zarem HA, Resnick JI. Minimizing deformity in lower blepharoplasty. The transconjunctival approach. Clin Plast Surg. 1993 Apr. 20(2):317-21.
4. Taban M, Taban M, Perry JD. Lower eyelid position after transconjunctival lower blepharoplasty with versus without a skin pinch. Ophthal Plast Reconstr Surg. 2008 Jan-Feb. 24(1):7-9.
--------------------------------------------------------
Dr. Kyi Chan Ko
M.B.,B.S (UMM, Mandalay),
Ph.D (TMDU, Tokyo),
Member of Japanese Society of Aesthetic Surgery.

Sunday, May 3, 2020

Coenzyme Q10 ❓

(Zawgyi)

Coenzyme Q10 ❓❓
===============


ကိုအင္ဇိုင္း က်ဴ-၁၀ ဆိုတဲ့ ေဝါဟာရမွာ (၂) ပိုင္း ပါဝင္ပါတယ္.. ပထမပိုင္းအေနနဲ႔ ကိုအင္ဇိုင္းဆိုတာ ခႏၶာကိုယ္ထဲမွာရွိတဲ့ အင္ဇိုင္းေတြကို အေထာက္အကူျပဳတဲ့ ဓာတ္ပစၥည္း (Proenzyme) ကိုေခၚတာပါ..

ဒုတိယပိုင္း က်ဴ-၁၀ (Q10) ဆိုတာမွာ Q ဆိုတာ Quinone ကိုရည္ရြယ္တာျဖစ္ၿပီး ကာဗြန္အက္တမ္ ၅ ခုနဲ႔ ဖြဲ႕စည္းထားတဲ့ ေမာ္လီက်ဴးတစ္ခုျဖစ္ပါတယ္.. ဒီေမာ္လီက်ဴး ၁၀ခုကို ေပါင္းစပ္ထားလို့ Q10 လို့ေခၚတာပါ.. အတိုေကာက္အေနနဲ႔ Co-Q10 လို့ေခၚေလ့ရွိပါတယ္..

အဲ့ဒီ Co-Q10 ေတြ ခႏၶာကိုယ္တြင္းမွာ ေန႔စဥ္ထုတ္လုပ္ၿပီးအသုံးျပဳလ်က္ရွိပါတယ္.. က်န္းမာသန္စြမ္းၿပီး အာဟာရျပည့္ဝသူေတြအေနနဲ႔ Co-Q10 ဟာ ပုံမွန္ထုတ္လုပ္ေပးနိုင္တဲ့အတြက္ သူရဲ့လုပ္ငန္းေဆာင္တာေတြကို ပုံမွန္ထမ္းေဆာင္ေပးနိုင္လို့ ဘာျပႆနာမွမရွိပါဘူး.. အျပင္ကေန Co-Q10 ပါဝင္တဲ့ေဆးဝါးေတြလည္း ေသာက္စရာမလိုပါဘူး..။

Co-Q10 ဟာ ကၽြန္ေတာ္တို့ရဲ့ခႏၶာကိုယ္ႀကီးမွာ အဓိကလုပ္ငန္း (၂) ခု လုပ္ေဆာင္ပါတယ္..

အဓိကအေနနဲ႔ ခႏၶာကိုယ္အႏွံ့အျပားမွာရွိတဲ့ဆဲလ္ေလးေတြမွာ စြမ္းအင္ (Energy) အျဖစ္ ATP ဆိုတဲ့ ဓာတ္ပစၥည္းထုတ္လုပ္ရာမွာ အဓိကကူညီေဆာင္ရြက္ေပးပါတယ္.. ဒါ့ေၾကာင့္ စြမ္းအင္မ်ားမ်ားလိုတဲ့ေနရာေတြမွာ Co-Q10 ေတြမ်ားမ်ားရွိေနပါတယ္ (ဥပမာ-ႏွလုံး၊ ႂကြက္သား၊ အသည္း).. သူ ခ်ိဳ့တဲ့ရင္ ဆဲလ္ေတြတစ္သၽွူးေတြဟာ စြမ္းအင္ေကာင္းစြာမရလို့ သူတို့ရဲ့လုပ္ငန္းေဆာင္တာေတြခ်ိဳ့တဲ့လာပါတယ္.. ဥပမာ-ႏွလုံးမွာရွိတဲ့ႂကြက္သားေတြ ေကာင္းေကာင္းညႇစ္ဖို့ စြမ္းအင္လိုအပ္ပါတယ္.. အဲ့ဒီစြမ္းအင္ရဖို့ ATP ဆိုတာလိုပါတယ္..အဲ့ဒီ ATP ထုတ္ဖို့ Co-Q10 ဆိုတာလိုအပ္ပါတယ္.. ဒါ့ေၾကာင့္ Co-Q10 ခ်ိဳ့တဲ့ေနရင္ ႏွလုံးရဲ့ညႇစ္အားက်ဆင္းသြားပါတယ္.. အလားတူပဲ က်န္တဲ့ႂကြက္သားေတြ အားနည္းတာ၊ မလွုပ္ရွားခ်င္တာျဖစ္တတ္ပါတယ္.. ဒါ့ေၾကာင့္ Co-Q10 ဟာ ခႏၶာကိုယ္တစ္ခုလုံး သန္စြမ္းဖို့ အထူးလိုအပ္ပါတယ္..

ဒုတိယအေနနဲ႔ အင္တီေအာက္ဆီဒင့္တာဝန္ကို ထမ္းေဆာင္ပါတယ္.. Co-Q10 ဆိုတာ ခႏၶာကိုယ္တြင္းကထုတ္ေပးနိုင္တဲ့ တစ္ခုတည္းေသာဆီမွာေပ်ာ္တဲ့ အင္ဒီေအာက္ဆီဒင့္ (Only one fat antioxidant) ျဖစ္ပါတယ္.. သူဟာ Free radical ေတြကို အီလက္ထရြန္လြယ္ကူစြာေပးၿပီး ဖ်က္ဆီးပစ္လိုက္နိုင္တဲ့ သတၱိရွိပါတယ္.. ဖရီးရယ္ဒီကယ္ဆိုတာ အီလက္ထရြန္တစ္လုံးလိုအပ္ေနလို့ က်န္တဲ့တစ္သၽွူးေတြကိုဖ်က္ဆီးၿပီး အီလက္ထရြန္လိုက္လုေနတဲ့အတြက္ တစ္သၽွူးေတြပ်က္စီးေစတဲ့ ဓာတ္ပစၥည္းျဖစ္ပါတယ္.. အဲ့ဒီဖရီးရယ္ဒီကယ္ေတြကို Co-Q10 က အီလက္ထရြန္ေပးလိုက္တဲ့အတြက္ ဖရီးရယ္ဒီကယ္ေတြဟာ ပုံမွန္ေမာ္လီက်ဴးေတြျပန္ျဖစ္သြားလို့ ခႏၶာကိုယ္တိုက္ခိုက္ခံရျခင္းကေန လြတ္ထြက္သြားပါတယ္.. ဒါ့ေၾကာင့္ ခႏၶာကိုယ္မပ်က္စီးဖို့၊ အသက္ရွည္ဖို့၊ ႏုပ်ိဳဖို့ကေနစလို့ ကင္ဆာမျဖစ္ေအာင္ကာကြယ္ေရးအထိလုပ္ေဆာင္ေပးတဲ့ တန္ဖိုးႀကီးဓာတ္ပစၥည္းတစ္ခုလို့ဆိုခ်င္ပါတယ္..

ဒါ့ေၾကာင့္ ကၽြန္ေတာ္တို့ေန႔စဥ္စားေနတဲ့အစားအစာေတြထဲမွာ Co-Q10 ပါဝင္တဲ့အစားအစာ ဒါမွမဟုတ္ခႏၶာကိုယ္ထဲမွာ Co-Q10 ေတြထုတ္လုပ္ေပးနိုင္မယ့္ကုန္ၾကမ္းေတြပါဝင္ေနဖို့ အလြန္အေရးႀကီးပါတယ္..။

Co-Q10 ပါဝင္သည့္အစားအစာမ်ား
=======================


အဓိကအေနနဲ႔ အစာအုပ္စုႀကီး (၂) ခုျဖစ္တဲ့ တိရစၧာန္ကေနရတဲ့ အစားအစာအုပ္စု (Animal-based source) နဲ႔ အပင္ကေနရတဲ့အစားအစာအုပ္စု (Plant-based source) ႏွစ္ခုလုံးကေန ရနိုင္ပါတယ္..

(၁) တိရစၧာန္ကေနရတဲ့ အစားအစာေတြထဲမွာေတာ့ အဆီပါတဲ့ငါးေတြနဲ႔ အမဲသား၊ ဝက္သားေတြအားလုံးမွာ Co-Q10 မ်ားစြာပါဝင္ပါတယ္.. ၾကက္သားမွာလည္း ပါဝင္ပါတယ္..
●  အမဲသား (Beef) ၃ ေအာင္စမွာ Co-Q10 2.6 mg
●  အဆီမ်ားတဲ့ငါး (Oily fish) ၃ ေအာင္စမွာ Co-Q10 2.3 mg
●  ၾကက္သား (Chicken) ၃ ေအာင္စမွာ Co-Q10 1.4 mg
●  ငါးထဲမွာ Co-Q10 ပါဝင္မွုအမ်ားဆုံးကေတာ့ အဆီမ်ားတဲ့ငါးေတြျဖစ္ပါတယ္.. ျမန္မာလူမ်ိဳးေတြအႀကိဳက္ျဖစ္ပါတယ္..

(၂) အပင္ကရတဲ့ Source အေနနဲ႔
● ဟင္းသီးဟင္းရြက္အုပ္စုမွာ (Vegetables) အမ်ားဆုံးပါတာက ေဂၚဖီပန္းပြင့္စိမ္း (Broccoli) ျဖစ္ၿပီး ဒုတိယအေနနဲ႔ ပန္းေဂၚဖီရိုးရိုး (Cauliflower) ျဖစ္ပါတယ္..
● သစ္သီး (Fruits) ေတြထဲမွာ အမ်ားဆုံးက လိေမၼာ္သီးနဲ႔စေတာ္ဘယ္ရီသီးတို့ ျဖစ္ပါတယ္..
● အခြံမာတဲ့သစ္ေစ့ (Nuts) အုပ္စုမွာ ဆီထုတ္လို့ရတဲ့အေစ့ေတြအားလုံးမွာ ပါပါတယ္.. အဓိကအေနနဲ႔ ေျမပဲ၊ ပစ္စတာရွိုး (Pistachio)၊ ႏွမ္း၊ ပဲပိစပ္တို့ျဖစ္ပါတယ္..

အဲ့ဒီအစားအစာေတြပုံမွန္မယ္ဆိုရင္ Co-Q10 ခႏၶာကိုယ္မွာ လုံေလာက္စြာရွိေနမွာျဖစ္ၿပီး က်န္းမာသန္စြမ္းတဲ့ဘဝကိုပိုင္ဆိုင္မွာျဖစ္ပါတယ္.. တကယ္လို့ အဲ့ဒီအစားအစာေတြကို မစားျဖစ္တာၾကာလာခဲ့ရင္ ခႏၶာကိုယ္တြင္းမွာ Co-Q10 ေတြခ်ိဳ့တဲ့လာၿပီး သူခ်ိဳ့တဲ့လို့ျဖစ္လာရတဲ့ေရာဂါေတြ ရရွိလာမွာျဖစ္ပါတယ္..။

Co-Q10 ပါဝင္တဲ့အစားအစာေတြ မစားရင္ ဘယ္လိုမ်ိဳးက်န္းမာေရးဆိုးက်ိဳးေတြ ျဖစ္နိုင္သလဲ❓❓

Co-Q10 ပါဝင္တဲ့အစားအစာေတြမစားတာၾကာလာရင္ ခႏၶာကိုယ္မွာ Co-Q10 ခ်ိဳ့တဲ့မွုဆိုတာျဖစ္လာပါမယ္.. အဲ့ဒီလိုျဖစ္ရင္ အဓိကအေနနဲ႔က်န္းမာေရးဆိုးက်ိဳး (၅) ခု ျဖစ္နိုင္ပါတယ္.. အဲ့ဒါေတြကေတာ့ -

(၁) ဦးေႏွာက္၊ အာ႐ုံေၾကာနဲ႔ ႂကြက္သားေတြဆိုင္ရာခ်ိဳ့ယြင္းမွုေတြ (Encephalomyopathy)
(၂) အခ်ိဳ့ႂကြက္သားမ်ားထိခိုက္ျခင္း (Isolated myopathy).. ႏွလုံးႂကြက္သား၊ အရိုးႂကြက္သားေတြ ထိခိုက္ပါတယ္..
(၃) ကေလးေတြမွာခ်ိဳ့တဲ့ရင္ တစ္ကိုယ္လုံးထိခိုက္ေစပါတယ္ (Severe infantile multisystem disease)
(၄) ဦးေႏွာက္ငယ္ခ်ိဳ့ယြင္း၍ လမ္းေလၽွာက္ရာမွာထိခိုက္ျခင္း (Cerebellar ataxia)
(၅) ေက်ာက္ကပ္ပ်က္စီးျခင္း (Steroid resistant Nephrotic syndrome) ေတြျဖစ္ပါတယ္..


ဘယ္လိုလူမ်ိဳးေတြမွာ Co-Q10 ခ်ိဳ့တဲ့တတ္သလဲ❓❓

Co-Q10 ခ်ိဳ့တဲ့မွုကို Primary နဲ႔ Secondary ဆိုၿပီး (၂) ခုခြဲထားပါတယ္.. Co-Q10 ကို ခႏၶာကိုယ္ထဲမွာ ထုတ္လုပ္တဲ့အခါမွာ ပါဝင္လုပ္ေဆာင္ေပးတဲ့ မ်ိဳးဗီဇ (Gene) ပ်က္စီးလို့ခ်ိဳ့တဲ့တာကို Primary deficiency လို့ေခၚၿပီး မ်ိဳးဗီဇနဲ႔မပတ္သက္ရင္ေတာ့ Secondary deficiency လို့ေခၚပါတယ္.. မ်ိဳးဗီဇခ်ိဳ့ယြင္းသြားရင္ေတာ့ ကုလို့ခက္ေပမဲ့ မ်ိဳးဗီဇထိခိုက္မွုမရွိေသးရင္ေတာ့ အေနအထိုင္အစားအေသာက္နဲ႔ ကုလို့ရပါတယ္.. Co-Q10 ရဲ့တစ္ေန႔တာလိုအပ္ခ်က္က ၃-၅ မီလီဂရမ္ေလာက္သာရွိတာမို့ ကုလို့လည္း လြယ္ကူပါတယ္..

အဓိကခ်ိဳ့ယြင္းေစတဲ့ အေၾကာင္းအရာေတြကေတာ့ -
● Co-Q10 ပါဝင္တဲ့အစားအစာေတြကို တာရွည္မစားျဖစ္ျခင္း
● အသက္အရြယ္ ႀကီးရင့္လာျခင္း
● ဖရီးရယ္ဒီကယ္ေတြ အထြက္မ်ားေနျခင္း (ဥပမာ ေနေရာင္ျခည္လြန္ကဲစြာထိေတြ႕ျခင္း၊ ေလ့က်င့္ခန္းအလြန္အကၽြံျပဳလုပ္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း)
● နာတာရွည္ေရာဂါမ်ားစြဲကပ္ေနျခင္း (ဥပမာ-ဆီးခ်ိဳေသြးခ်ိဳ၊ ေသြးတိုး၊ ကင္ဆာေရာဂါ)
● Co-Q10 ကိုပ်က္စီးေစေသာ ေဘးထြက္ဆိုးက်ိဳးရွိသည့္ေဆးဝါးမ်ား ေရရွည္စြဲေသာက္ရျခင္း
အစရွိတာေတြေၾကာင့္ Co-Q10 ခ်ိဳ့တဲ့လာတတ္ပါတယ္..။

ေဒါက္တာ ခင္ေမာင္လြင္ (FAME Pharmaceuticals) 

(Unicode)

Coenzyme Q10 ❓❓
===============


ကိုအင်ဇိုင်း ကျူ-၁၀ ဆိုတဲ့ ဝေါဟာရမှာ (၂) ပိုင်း ပါဝင်ပါတယ်.. ပထမပိုင်းအနေနဲ့ ကိုအင်ဇိုင်းဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အင်ဇိုင်းတွေကို အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်း (Proenzyme) ကိုခေါ်တာပါ..

ဒုတိယပိုင်း ကျူ-၁၀ (Q10) ဆိုတာမှာ Q ဆိုတာ Quinone ကိုရည်ရွယ်တာဖြစ်ပြီး ကာဗွန်အက်တမ် ၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူးတစ်ခုဖြစ်ပါတယ်.. ဒီမော်လီကျူး ၁ဝခုကို ပေါင်းစပ်ထားလို့ Q10 လို့ခေါ်တာပါ.. အတိုကောက်အနေနဲ့ Co-Q10 လို့ခေါ်လေ့ရှိပါတယ်..

အဲ့ဒီ Co-Q10 တွေ ခန္ဓာကိုယ်တွင်းမှာ နေ့စဉ်ထုတ်လုပ်ပြီးအသုံးပြုလျက်ရှိပါတယ်.. ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသူတွေအနေနဲ့ Co-Q10 ဟာ ပုံမှန်ထုတ်လုပ်ပေးနိုင်တဲ့အတွက် သူရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်ထမ်းဆောင်ပေးနိုင်လို့ ဘာပြဿနာမှမရှိပါဘူး.. အပြင်ကနေ Co-Q10 ပါဝင်တဲ့ဆေးဝါးတွေလည်း သောက်စရာမလိုပါဘူး..။

Co-Q10 ဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးမှာ အဓိကလုပ်ငန်း (၂) ခု လုပ်ဆောင်ပါတယ်..

အဓိကအနေနဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ဆဲလ်လေးတွေမှာ စွမ်းအင် (Energy) အဖြစ် ATP ဆိုတဲ့ ဓာတ်ပစ္စည်းထုတ်လုပ်ရာမှာ အဓိကကူညီဆောင်ရွက်ပေးပါတယ်.. ဒါ့ကြောင့် စွမ်းအင်များများလိုတဲ့နေရာတွေမှာ Co-Q10 တွေများများရှိနေပါတယ် (ဥပမာ-နှလုံး၊ ကြွက်သား၊ အသည်း).. သူ ချို့တဲ့ရင် ဆဲလ်တွေတစ်သျှူးတွေဟာ စွမ်းအင်ကောင်းစွာမရလို့ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေချို့တဲ့လာပါတယ်.. ဥပမာ-နှလုံးမှာရှိတဲ့ကြွက်သားတွေ ကောင်းကောင်းညှစ်ဖို့ စွမ်းအင်လိုအပ်ပါတယ်.. အဲ့ဒီစွမ်းအင်ရဖို့ ATP ဆိုတာလိုပါတယ်..အဲ့ဒီ ATP ထုတ်ဖို့ Co-Q10 ဆိုတာလိုအပ်ပါတယ်.. ဒါ့ကြောင့် Co-Q10 ချို့တဲ့နေရင် နှလုံးရဲ့ညှစ်အားကျဆင်းသွားပါတယ်.. အလားတူပဲ ကျန်တဲ့ကြွက်သားတွေ အားနည်းတာ၊ မလှုပ်ရှားချင်တာဖြစ်တတ်ပါတယ်.. ဒါ့ကြောင့် Co-Q10 ဟာ ခန္ဓာကိုယ်တစ်ခုလုံး သန်စွမ်းဖို့ အထူးလိုအပ်ပါတယ်..

ဒုတိယအနေနဲ့ အင်တီအောက်ဆီဒင့်တာဝန်ကို ထမ်းဆောင်ပါတယ်.. Co-Q10 ဆိုတာ ခန္ဓာကိုယ်တွင်းကထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသောဆီမှာပျော်တဲ့ အင်ဒီအောက်ဆီဒင့် (Only one fat antioxidant) ဖြစ်ပါတယ်.. သူဟာ Free radical တွေကို အီလက်ထရွန်လွယ်ကူစွာပေးပြီး ဖျက်ဆီးပစ်လိုက်နိုင်တဲ့ သတ္တိရှိပါတယ်.. ဖရီးရယ်ဒီကယ်ဆိုတာ အီလက်ထရွန်တစ်လုံးလိုအပ်နေလို့ ကျန်တဲ့တစ်သျှူးတွေကိုဖျက်ဆီးပြီး အီလက်ထရွန်လိုက်လုနေတဲ့အတွက် တစ်သျှူးတွေပျက်စီးစေတဲ့ ဓာတ်ပစ္စည်းဖြစ်ပါတယ်.. အဲ့ဒီဖရီးရယ်ဒီကယ်တွေကို Co-Q10 က အီလက်ထရွန်ပေးလိုက်တဲ့အတွက် ဖရီးရယ်ဒီကယ်တွေဟာ ပုံမှန်မော်လီကျူးတွေပြန်ဖြစ်သွားလို့ ခန္ဓာကိုယ်တိုက်ခိုက်ခံရခြင်းကနေ လွတ်ထွက်သွားပါတယ်.. ဒါ့ကြောင့် ခန္ဓာကိုယ်မပျက်စီးဖို့၊ အသက်ရှည်ဖို့၊ နုပျိုဖို့ကနေစလို့ ကင်ဆာမဖြစ်အောင်ကာကွယ်ရေးအထိလုပ်ဆောင်ပေးတဲ့ တန်ဖိုးကြီးဓာတ်ပစ္စည်းတစ်ခုလို့ဆိုချင်ပါတယ်..

ဒါ့ကြောင့် ကျွန်တော်တို့နေ့စဉ်စားနေတဲ့အစားအစာတွေထဲမှာ Co-Q10 ပါဝင်တဲ့အစားအစာ ဒါမှမဟုတ်ခန္ဓာကိုယ်ထဲမှာ Co-Q10 တွေထုတ်လုပ်ပေးနိုင်မယ့်ကုန်ကြမ်းတွေပါဝင်နေဖို့ အလွန်အရေးကြီးပါတယ်..။

Co-Q10 ပါဝင်သည့်အစားအစာများ
=======================


အဓိကအနေနဲ့ အစာအုပ်စုကြီး (၂) ခုဖြစ်တဲ့ တိရစ္ဆာန်ကနေရတဲ့ အစားအစာအုပ်စု (Animal-based source) နဲ့ အပင်ကနေရတဲ့အစားအစာအုပ်စု (Plant-based source) နှစ်ခုလုံးကနေ ရနိုင်ပါတယ်..

(၁) တိရစ္ဆာန်ကနေရတဲ့ အစားအစာတွေထဲမှာတော့ အဆီပါတဲ့ငါးတွေနဲ့ အမဲသား၊ ဝက်သားတွေအားလုံးမှာ Co-Q10 များစွာပါဝင်ပါတယ်.. ကြက်သားမှာလည်း ပါဝင်ပါတယ်..
●  အမဲသား (Beef) ၃ အောင်စမှာ Co-Q10 2.6 mg
●  အဆီများတဲ့ငါး (Oily fish) ၃ အောင်စမှာ Co-Q10 2.3 mg
●  ကြက်သား (Chicken) ၃ အောင်စမှာ Co-Q10 1.4 mg
●  ငါးထဲမှာ Co-Q10 ပါဝင်မှုအများဆုံးကတော့ အဆီများတဲ့ငါးတွေဖြစ်ပါတယ်.. မြန်မာလူမျိုးတွေအကြိုက်ဖြစ်ပါတယ်..

(၂) အပင်ကရတဲ့ Source အနေနဲ့
● ဟင်းသီးဟင်းရွက်အုပ်စုမှာ (Vegetables) အများဆုံးပါတာက ဂေါ်ဖီပန်းပွင့်စိမ်း (Broccoli) ဖြစ်ပြီး ဒုတိယအနေနဲ့ ပန်းဂေါ်ဖီရိုးရိုး (Cauliflower) ဖြစ်ပါတယ်..
● သစ်သီး (Fruits) တွေထဲမှာ အများဆုံးက လိမ္မော်သီးနဲ့စတော်ဘယ်ရီသီးတို့ ဖြစ်ပါတယ်..
● အခွံမာတဲ့သစ်စေ့ (Nuts) အုပ်စုမှာ ဆီထုတ်လို့ရတဲ့အစေ့တွေအားလုံးမှာ ပါပါတယ်.. အဓိကအနေနဲ့ မြေပဲ၊ ပစ်စတာရှိုး (Pistachio)၊ နှမ်း၊ ပဲပိစပ်တို့ဖြစ်ပါတယ်..

အဲ့ဒီအစားအစာတွေပုံမှန်မယ်ဆိုရင် Co-Q10 ခန္ဓာကိုယ်မှာ လုံလောက်စွာရှိနေမှာဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ဘဝကိုပိုင်ဆိုင်မှာဖြစ်ပါတယ်.. တကယ်လို့ အဲ့ဒီအစားအစာတွေကို မစားဖြစ်တာကြာလာခဲ့ရင် ခန္ဓာကိုယ်တွင်းမှာ Co-Q10 တွေချို့တဲ့လာပြီး သူချို့တဲ့လို့ဖြစ်လာရတဲ့ရောဂါတွေ ရရှိလာမှာဖြစ်ပါတယ်..။

Co-Q10 ပါဝင်တဲ့အစားအစာတွေ မစားရင် ဘယ်လိုမျိုးကျန်းမာရေးဆိုးကျိုးတွေ ဖြစ်နိုင်သလဲ❓❓

Co-Q10 ပါဝင်တဲ့အစားအစာတွေမစားတာကြာလာရင် ခန္ဓာကိုယ်မှာ Co-Q10 ချို့တဲ့မှုဆိုတာဖြစ်လာပါမယ်.. အဲ့ဒီလိုဖြစ်ရင် အဓိကအနေနဲ့ကျန်းမာရေးဆိုးကျိုး (၅) ခု ဖြစ်နိုင်ပါတယ်.. အဲ့ဒါတွေကတော့ -

(၁) ဦးနှောက်၊ အာရုံကြောနဲ့ ကြွက်သားတွေဆိုင်ရာချို့ယွင်းမှုတွေ (Encephalomyopathy)
(၂) အချို့ကြွက်သားများထိခိုက်ခြင်း (Isolated myopathy).. နှလုံးကြွက်သား၊ အရိုးကြွက်သားတွေ ထိခိုက်ပါတယ်..
(၃) ကလေးတွေမှာချို့တဲ့ရင် တစ်ကိုယ်လုံးထိခိုက်စေပါတယ် (Severe infantile multisystem disease)
(၄) ဦးနှောက်ငယ်ချို့ယွင်း၍ လမ်းလျှောက်ရာမှာထိခိုက်ခြင်း (Cerebellar ataxia)
(၅) ကျောက်ကပ်ပျက်စီးခြင်း (Steroid resistant Nephrotic syndrome) တွေဖြစ်ပါတယ်..

ဘယ်လိုလူမျိုးတွေမှာ Co-Q10 ချို့တဲ့တတ်သလဲ❓❓

Co-Q10 ချို့တဲ့မှုကို Primary နဲ့ Secondary ဆိုပြီး (၂) ခုခွဲထားပါတယ်.. Co-Q10 ကို ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်တဲ့အခါမှာ ပါဝင်လုပ်ဆောင်ပေးတဲ့ မျိုးဗီဇ (Gene) ပျက်စီးလို့ချို့တဲ့တာကို Primary deficiency လို့ခေါ်ပြီး မျိုးဗီဇနဲ့မပတ်သက်ရင်တော့ Secondary deficiency လို့ခေါ်ပါတယ်.. မျိုးဗီဇချို့ယွင်းသွားရင်တော့ ကုလို့ခက်ပေမဲ့ မျိုးဗီဇထိခိုက်မှုမရှိသေးရင်တော့ အနေအထိုင်အစားအသောက်နဲ့ ကုလို့ရပါတယ်.. Co-Q10 ရဲ့တစ်နေ့တာလိုအပ်ချက်က ၃-၅ မီလီဂရမ်လောက်သာရှိတာမို့ ကုလို့လည်း လွယ်ကူပါတယ်..

အဓိကချို့ယွင်းစေတဲ့ အကြောင်းအရာတွေကတော့ -
● Co-Q10 ပါဝင်တဲ့အစားအစာတွေကို တာရှည်မစားဖြစ်ခြင်း
● အသက်အရွယ် ကြီးရင့်လာခြင်း
● ဖရီးရယ်ဒီကယ်တွေ အထွက်များနေခြင်း (ဥပမာ နေရောင်ခြည်လွန်ကဲစွာထိတွေ့ခြင်း၊ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း)
● နာတာရှည်ရောဂါများစွဲကပ်နေခြင်း (ဥပမာ-ဆီးချိုသွေးချို၊ သွေးတိုး၊ ကင်ဆာရောဂါ)
● Co-Q10 ကိုပျက်စီးစေသော ဘေးထွက်ဆိုးကျိုးရှိသည့်ဆေးဝါးများ ရေရှည်စွဲသောက်ရခြင်း
အစရှိတာတွေကြောင့် Co-Q10 ချို့တဲ့လာတတ်ပါတယ်..။

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

Saturday, May 2, 2020

တူရိယာတစ္ခုကို ေလ့က်င့္တဲ့အခါ

တူရိယာတစ္ခုကို ေလ့က်င့္တဲ့အခါ 🔺
=========================


တူရိယာတစ္ခုကို ေလ့က်င့္တဲ့အခါ "ေလ့က်င့္တယ္" ဆိုတာထက္  "ပ်ိဳးေထာင္တယ္" ဆိုတဲ့စကားကို ပိုသေဘာက်တယ္ ။ ဟုတ္ပါတယ္ ။ ဂစ္တာေလ့က်င့္တယ္ဆိုတာ ဂစ္တာနဲ႔ ပတ္သတ္တဲ့ အေလ့အက်င့္ေကာင္းေတြကို ပ်ိဳးေထာင္တာပါ ။ ဒီလိုနားလည္ထားမွလည္း ေလ့က်င့္တဲ့အခ်ိန္ေတြကို မၿငီးမေငြ႕ ျဖတ္သန္းနိုင္မွာပါ ။ ( ကၽြန္ေတာ္က ဂစ္တာသမားျဖစ္တဲ့အတြက္ ဒီတူရိယာေလ့က်င့္နည္းကို ဂစ္တာကို ဥပမာထားၿပီး ေရးသြားပါမယ္)

၁ ။ မေလ့က်င့္မီ အေၾကာေလ်ာ့ေပးပါ
===========================
ဂစ္တာစက်င့္ေတာ့မယ္ဆိုရင္ လက္တစ္ေခ်ာင္းလုံး (ျဖစ္နိုင္ရင္တစ္ကိုယ္လုံး) အေၾကာေလ်ာ့ေပးပါ ။ တခ်ိဳ့က မလိုအပ္ဘူးလို့ ထင္ေကာင္းထင္မယ္ ။ အေၾကာေလ်ာ့ျခင္းနဲ႔ စိတ္ရဲ့relaxဟာ ခင္ဗ်ားကို ေမာင္းတင္ေပးမယ့္ ခြန္အားေတြပါ ။

၂ ။ warm up အျမဲလုပ္ပါ ။
====================
Fingering, chromatic scale, fingering stretching  ေတြထဲက ခင္ဗ်ားအတြက္ ေပါ့ပါးလြယ္ကူမယ့္ တမ်ိဳးမ်ိဳးကို နာရီဝက္ေလာက္ အရင္တီးလိုက္ပါ ။ လက္ေခ်ာင္းေတြ ေသြးပူလာဖို့ ၊ လြတ္လပ္စြာလွုပ္ရွားဖို့ ၊ finger stamina ေကာင္းဖို့ ၊ ဒဏ္မျဖစ္ဖို့ ... warm up မလြဲမေသြတီးရပါမယ္ ။

၃ ။ Metronomeနဲ႔ အျမဲက်င့္ပါ ။
========================
Metronomeနဲ႔ မက်င့္ခဲ့ရင္Bandနဲ႔တီးတဲ့အခါ၊ Studioမွာအသံသြင္းတဲ့အခါ အဆင္မေျပမွုေတြ ျဖစ္လာပါမယ္ ။ ကိုယ့္ရဲ့ tempoကို ကိုယ္သတိထားမိဖို့ ခက္ပါတယ္ ။ စိတ္ႂကြလာရင္ tempoတက္လိုက္ ၊ စိတ္မပါရင္ tempo က်လိုက္ ျဖစ္တတ္ပါတယ္ ။

၄ ။*very important* အေႏွးဆုံးကိုတီးပါ ။
===============================
ေလ့က်င့္ေနတဲ့အခ်ိန္မွာ speedကိုေခါင္းထဲ ဝင္မလာပါေစနဲ႔ ။ မေလာပါနဲ႔ ။ speedဟာ ဂစ္တာသမားတိုင္း တပ္မက္တဲ့ ရွိရမယ့္ အရည္အခ်င္းဆိုေပမယ့္ ... သူ႔ကို အ႐ူးအမူးနဲ႔ လိုခ်င္ၿပီးေလ့က်င့္ၿပီ ဆိုတာနဲ႔  လမ္းတဝက္မွာ ျပတ္က်န္ခဲ့ဖို့ ေသခ်ာသေလာက္ရွိၿပီ ။ တခါတေလ ... အေႏွးဆုံးေတြကို တီးေနရင္း ခင္ဗ်ား ၿငီးေငြ႕လာမယ္ ။ ေသခ်ာတယ္ ။ ဒါေၾကာင့္ ေျပာခဲ့ပါတယ္ ။ တူရိယာတစ္ခုကို ေလ့က်င့္တယ္ ဆိုတာထက္ ပ်ိဳးေထာင္ေနတယ္လို့ ခံယူထားပါ ။ ဒါေတြဟာ ခင္ဗ်ား မလြဲမေသြ ျဖတ္ေက်ာ္ရမယ့္ ေလွကားထစ္ေတြပါ ။

၅ ။ မွန္ဖို့သာလိုပါတယ္ ။
===================
လက္အေနအထား ၊ ကိုယ္တီးတဲ့ noteတိုင္းဟာ ပီသၾကည္လင္ၿပီး ျပည့္ဝတဲ့toneမ်ိဳး ထြက္ေနရပါမယ္ ။ မွန္ေအာင္ ၊ အသံထြက္ေကာင္းေအာင္သာ အာ႐ုံစိုက္ၿပီးက်င့္ပါ ။ speedဟာ ခင္ဗ်ားေနာက္က ထပ္ခ်ပ္မကြာ လိုက္လာလိမ့္မယ္ ။ ကိုယ္ျမန္လို့ျမန္ေနမွန္းေတာင္ မသိေအာင္ အံ့ၾသစရာေကာင္းတယ္ ။

၆ ။ *သံမဏိစည္းကမ္း*မွားခဲ့ရင္ ၁ ျပန္စပါ ။
===============================
ဥပမာ chromatic scaleကို 1 to 6 strings , up and down , fret 1 ကေနစတီးတယ္ ။ fret 12 ေရာက္မွ တစ္လုံးမွားတယ္ ။ ဒါဆိုရင္ ျပန္စလိုက္ေတာ့ ။ ကိုယ့္ကိုယ္ကိုယ္ မညာနဲ႔ ။ မညႇာနဲ႔ ။ အဲဒါမွမမွားေအာင္ ကိုယ္နိုင္နင္းတဲ့ tempoကို တီးျဖစ္မယ္ ။ စိတ္ၿငိမ္သက္ေအာင္ အားထုတ္ျဖစ္မယ္ ။ ထူးဆန္းစြာပဲ အမွားတစ္ခုဟာ ထပ္တလဲလဲမွားတတ္ပါတယ္ ။ ဒါကိုေက်ာ္လႊားရပါမယ္ ။

၇ ။ ေလ့က်င့္တဲ့အခါတိုင္း relaxျဖစ္ေနပါေစ ။
================================
အေရးႀကီးလို့ တစ္ေခါက္ျပန္ေျပာပါရေစ ။ အံႀကိတ္ထား တင္းထားတဲ့စိတ္ဟာ ပိတ္ေနတဲ့ေရေျမာင္းႀကီးလို ခင္ဗ်ားရဲ့စီးဆင္းမွုေတြကိုရပ္တန္႔ေစလိမ့္မယ္ ။ ဒါေၾကာင့္ စိတ္ေရာကိုယ္ပါ relaxျဖစ္ဖို့ အထူးသတိထားပါ ။ relax ျဖစ္တဲ့အခါ ခင္ဗ်ားမ်က္ႏွာက ျပဳံးေယာင္သန္း လာလိမ့္မယ္ ။ ဒီလိုအႀကံေပးတဲ့အခါ တစ္ခ်ိဳ့က ေခါင္းခါတတ္တယ္ ။ "နိုင္ငံျခားဂစ္တာသမားေတြ ၾကည့္ပါအုံး ... စင္ေပၚမွာ မဲ့ရြဲ႕ၿပီး တီးေနတာ .." ။ ဟုတ္ပါတယ္ ။ အဲဒါက performence လုပ္ေနတာ ။ သူတို့တီးတဲ့ ဂီတရဲ့စီးေမ်ာမွုမွာ ေပ်ာ္ဝင္ေနတာ ။ ေလ့က်င့္တဲ့ အခ်ိန္မွာေတာ့ ဘယ္သူမွ အံႀကိတ္ၿပီး မေလ့က်င့္ခဲ့ပါဘူး ။ ႀကိဳက္တဲ့ lessonေခြကို ၾကည့္လိုက္ပါ ။ ေလ့က်င့္ခန္းသ႐ုပ္ျပတီးတာနဲ႔ စင္ေပၚကမ်က္ႏွာအေနအထား တူသလားလို့ ။ သူတို့ရဲ့မ်က္ႏွာက ဒီတီးကြက္ေတြေပၚမွာ ဘယ္ေလာက္ သက္ေတာင့္သက္သာရွိေၾကာင္း အထင္းသား ေပၚလြင္ေနပါတယ္ ။ ေလ့က်င့္ခ်ိန္မွာ သက္ေတာင့္သက္တာ ျဖစ္ခဲ့တာေတာင္ ... ပရိသတ္ေရွ႕ စင္ျမင့္ေပၚေရာက္တဲ့အခါ စိတ္လွုပ္ရွားမွုေၾကာင့္ အမွားဆိုတာ ျဖစ္နိုင္ပါေသးတယ္ ။ အဲဒါေၾကာင့္ ... စင္ျမင့္ေပၚ ပရိတ္သတ္ေရွ႕မွာ တီးတဲ့အခါ ဂစ္တာသမားဟာ ကိုယ္တီးနိုင္တာရဲ့ ၅၀%သာ တီးသင့္ပါတယ္ ။ ဒါမွလည္းအမွားကင္းကင္း စိတ္သက္သက္သာသာနဲ႔ ဖန္တီးနိုင္မွာပါ ။ အဲဒီအတြက္လည္း ေလ့က်င့္ခ်ိန္မွာ ၁၀၀%ျဖစ္ေနရပါမယ္ ။

၈ ။ ေလ့က်င့္ခ်ိန္
=============
စတိဗ္ဗိုင္းက တစ္ေန႔ ၁၄နာရီ ၊ ပါကနီးနီးက ၁၅နာရီ ေလ့က်င့္ခဲ့တယ္ ။ တူရိယာတစ္ခုကို အကၽြမ္းဝင္ဖို့ သူတို့ရင္းႏွီးခဲ့ရတဲ့ အခ်ိန္ေတြပါ ။ တူရိယာရွင္တစ္ေယာက္ျဖစ္ဖို့ တစ္ေန႔ ၈နာရီဟာ ေလ့က်င့္ခ်ိန္စံႏွုန္းတစ္ခုပါ ။ ဒါေပမယ့္ ... တခ်ိဳ့က ေဖာင္ဖ်က္နိုင္ေပမယ့္ တခ်ိဳ့လည္း ငဲ့ကြက္ရတာေတြ ရွိတယ္ ။ ၿပီးေတာ့ ... တစ္ေန႔ ဘယ္ႏွစ္နာရီ ေလ့က်င့္တယ္ဆိုတာထက္ ၊ ဒီေန႔ ၅နာရီေလ့က်င့္လိုက္တာ ငါ ဘာေတြ တိုးတက္လာလဲ ဆိုတာက ပိုအေရးႀကီးပါတယ္ ။ ကိုယ့္ရဲ့ အားနည္းမွု ၊ အားသာမွုေတြကို အျမဲတမ္း ျပန္သုံ႔သပ္ဖို့လိုတယ္ ။ အဲဒီသုံ႔သပ္မွုေပၚမွာ ရတဲ့အေျဖကိုမူတည္ၿပီး လိုအပ္တဲ့အပိုင္းအတြက္  အခ်ိန္ဇယားခ်ရပါမယ္ ။ တစ္ခုသတိထားဖို့က မျပတ္ေလ့က်င့္ဖို့ပါ ။ ၆နာရီတီးလိုက္ ၃ရက္ေလာက္ ပစ္ထားလိုက္ ဆိုတာမ်ိဳးနဲ႔စာရင္ ၊ ေန႔တိုင္း တရက္ ၃နာရီ ပုံမွန္ေလ့က်င့္တာက ပိုခရီးေရာက္ပါတယ္ ။

၉ ။ အခ်ိန္ဇယားျဖင့္ ေလ့က်င့္ပါ
=======================
ဂစ္တာကို ေတာက္ေလ်ာက္ မထတမ္းတီးတဲ့ အေလ့အက်င့္မ်ိဳး ေရွာင္ပါ ။ Finger stamina ေကာင္းဖို့အတြက္ fingering , scale pattern ေတြကို metronomeနဲ႔ run တဲ့အခါမ်ိဳးမွာေတာင္ နာရီဝက္ထက္ မပိုပါေစနဲ႔ ။ ေလ့က်င့္ခန္းက႑တစ္ခုၿပီးတိုင္း နားခ်ိန္ရွိရမယ္ ။ အေကာင္းဆုံးက ၁၅မိနစ္တီး ၊ ၃-၅မိနစ္နားပဲ ။ အခ်ိန္ဇယားဆိုတာလည္း ခင္ဗ်ားကိုယ္တိုင္ လုပ္ထားတာ ။ ဒီေလ့က်င့္ခန္းကို အားမရရင္ ေနာက္တစ္ႀကိမ္ထပ္တီး နိုင္တယ္ ။ ဒါေပမယ့္ တစ္ခုတည္းကို tension မ်ားၿပီး စြတ္မက်င့္ပါနဲ႔ ။ ဥပမာ ခင္ဗ်ားက sweep picking ကို အေလးေပးၿပီး ေလ့က်င့္ေနတယ္ ။ အဲဒီအခါ sweep picking ၁၅မိနစ္ >  fingering ၁၅မိနစ္ >  sweep picking ၁၅မိနစ္ >  vamp ၁၅မိနစ္ >  sweep picking ၁၅မိနစ္ ... ဆိုၿပီး ခင္ဗ်ားအတြက္ လြယ္ကူသက္သာတဲ့ ေလ့က်င့္ခန္းမ်ိဳးကို ၾကားညႇပ္ၿပီး ေလ့က်င့္ေပးပါ ။ ၁၅မိနစ္စီ ခြဲခြဲၿပီး ေလ့က်င့္လို့ အက်ိဳးမ်ားပါ့မလားလို့ ေတြးေကာင္းေတြးမိတယ္ ။ အက်ိဳးမ်ားပါတယ္ ။ အဲလိုေလ့က်င့္သင့္ပါတယ္ ။ တစ္ခုတည္းကို ေလ့က်င့္ၿပီး အားမရတဲ့အခါ ဦးေနာက္ပင္ပန္းၿပီး ပရက္ရွာဝင္လာလိမ့္မယ္ ။ အဲဒီမွာ တီးတာေတြ စိတ္တိုင္းမက် ကေခ်ာ္ကခၽြတ္ျဖစ္လာမယ္ ။ မွားလာမယ္ ။ အဲဒါမေကာင္းပါဘူး ။ ဘာေၾကာင့္လဲဆိုေတာ့ ဦးေနာက္က ကိုယ္ေလ့က်င့္သမၽွကို အေသးစိတ္မွတ္သားေနတယ္ ။ မွတ္သားထားလိုက္တယ္ ။ အဲဒီအက်ိဳးဆက္က ဘယ္မွာသြားၿပီးသက္ေရာက္လဲဆိုေတာ့ ... ေနာက္တစ္ခါ ျပန္တီးတဲ့အခါလည္း ကေခ်ာ္ကခၽြတ္ျပန္ျဖစ္ပါတယ္ ။ အဲဒါေၾကာင့္ ဦးေနာက္ပင္ပန္းေအာင္ ဆက္တိုက္ႀကီး မလုပ္ပါနဲ႔ ။ အနားယူခ်ိန္ထားၿပီး သက္ေတာင့္သက္သာ ပုံမွန္ပဲ ေလ့က်င့္သြားပါ ။

၁၀ ။ စာအုပ္တစ္အုပ္ (သို့) courseတစ္ခုကို ပန္းတိုင္ထားက်င့္ပါ ။
=================================
ဆရာမ်ားရင္ သားေသတတ္ပါတယ္ ။ စာအုပ္ပုံႀကီးအလယ္မွာ ဟိုဟာတီးရေကာင္းနိုး ဒီဟာတီးရေကာင္းနိုးနဲ႔ ဘာမွမၿပီးဘဲ တစ္အုပ္၁၀ရြက္တီး ျဖစ္သြားတတ္ပါတယ္ ။ အက်င့္ျဖစ္သြားရင္မေကာင္းပါ ။ မတိုးတက္႐ုံမက ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မွု ေလ်ာ့နည္းေစပါတယ္ ။

၁၁ ။ စာအုပ္တစ္အုပ္ကို ေလ့က်င့္တဲ့အခါ
=============================
sight reading ကို အဓိကထားၿပီး ေလ့က်င့္ရပါတယ္ ။ တစ္ဘားခ်င္းက်က္ၿပီး တီးတဲ့ အေလ့အက်င့္ကို ေရွာင္ပါ ။ ႏုတ္တစ္လုံးခ်င္းကို ကိုယ္လက္တန္းတီးနိုင္တဲ့ tempo ကေနစၿပီး ေလ့က်င့္ရပါတယ္ ။ အေႏွးဆုံးtempoနဲ႔ တစ္အုပ္လုံး ဆုံးေအာင္တီးၿပီးၿပီ ၊ အမွားကင္းၿပီ ၊ ပိုင္နိုင္ၿပီဆိုရင္ ... ေနာက္တစ္ေခါက္ tempo +5 ေလာက္တင္ၿပီးထပ္က်င့္ ။ ဒါလည္း perfectျဖစ္ၿပီဆိုရင္ ေနာက္ပိုင္းအေခါက္ေတြကို +10 +20 တင္ၿပီး အႀကိမ္ႀကိမ္ ေလ့က်င့္ရပါတယ္ ။ အဲဒီလို လက္အသားက်ၿပီ အမွားကင္းၿပီဆိုမွ tempo ကို တျဖည္းျဖည္းတင္သြားရတာပါ ။ၿပီးျပည့္စုံတဲ့ ေလ့က်င့္ခန္းစာအုပ္ဆိုတာ မရွိပါဘူး ။ အဲဒီအတြက္ ကိုယ့္ဘက္ကလည္း အားစိုက္မွုတစ္ခ်ိဳ့ကို ျပဳလုပ္ရပါတယ္ ။ စာအုပ္ကေပးထားတဲ့ ေလ့က်င့္ခန္းတစ္ခုကို ကိုယ္ပိုင္ sequenceေတြ ဖန္တီးသင့္ပါတယ္ ။ ကိုယ္ပိုင္ sequenceေတြ ဖန္တီးၿပီး ေလ့က်င့္လို့ရလာမယ့္ အက်ိဳးတရားေတြကေတာ့ ေရးခ်လို့မကုန္ပါဘူး ။ reading , writing , creation skills ေတြ တိုးတက္လာမယ္ ။ မ်ားမ်ားေလ့က်င့္လာတဲ့အခါ ခင္ဗ်ားရဲ့ လက္ထဲမွာ ခင္ဗ်ားကိုယ္ပိုင္ sequenceေတြ ျပည့္လာလိမ့္မယ္ ။ style & idea ဆိုတာ jamming လုပ္တဲ့အခါ အဓိက ေသာ့ခ်က္ေတြပါ ။ chord progression တစ္ခုကို jamming လုပ္တဲ့ ဂစ္တာသမားခ်င္းအတူတူ .. ခင္ဗ်ားက တပန္းသာေနပါလိမ့္မယ္ ။ အားလုံးဟာ ခင္ဗ်ားကိုယ္ပိုင္ စစ္စစ္ေတြခ်ည္းပဲေလ ...

၁၂ ။ ေလ့က်င့္ခန္းတြက္ ေရးေပးထားတဲ့ စာေတြကို ႀကိဳးစားၿပီးဖတ္ပါ
===============================
ေပးထားတဲ့ noteေတြကို တီးသလို ေရးထားတဲ့ စာေတြလည္းဖတ္ပါ ။ နိုင္ငံျခားစာအုပ္ေတြျဖစ္လို့ ဘာသာစကား အခက္အခဲရွိတယ္ဆိုေပမယ့္ ဂီတသမားဟာ ဂီတေဝါဟာရေတြနဲ႔ ေရးထားတဲ့ စာအုပ္ကိုေတာ့ အလြယ္တကူနားလည္နိုင္ပါတယ္ ။ မဖတ္ဘဲ မေလ့လာ မသုံ႔သပ္ဘဲ  စြတ္တီးေနမယ္ဆိုရင္ က်င့္လို့မဆုံးေတာ့ပါ ။ ကိုယ္ပိုင္ဟန္ မတည္ေဆာက္နိုင္ပါ ။ ဒါေၾကာင့္ စာအုပ္ထဲက ရွင္းလင္းခ်က္ေတြကို အခ်ိန္ေပးဖတ္တဲ့ အေလ့အက်င့္လုပ္ပါ ။

(  ျဖစ္ခ်င္ေဇာ ၊ လိုခ်င္ေဇာေတြမ်ားၿပီး စိတ္ၿငိမ္သက္မွုမရွိဘဲ တူရိယာတစ္ခုကို ေလ့က်င့္ခဲ့ရင္ ပန္းတိုင္နဲ႔ ေဝးရပါလိမ့္မယ္ ။ ဒါေတြအားလုံး ခင္ဗ်ားတို့ အမွားကင္းကင္းနဲ႔ လိုရာပန္းတိုင္ကို ျမန္ျမန္ေရာက္ဖို့အတြက္ ကၽြန္ေတာ့္အေတြ႕အၾကဳံ ကိုယ္ေတြ႕အမွားေတြကတဆင့္ သုံ႔သပ္ၿပီး ေစတနာနဲ႔ သတိေပးတာပါ ။  သတိထား အေလးေပးၿပီး ေလ့က်င့္ေစခ်င္တယ္ ။ ေနာင္မ်ားမွာလည္း ေရးသြားပါအုံးမည္)

*** မူရင္း စာေရးသူ႐ွာမေတြ႔ပါ။


(Unicode)

တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ 🔺
=========================
တူရိယာတစ်ခုကို လေ့ကျင့်တဲ့အခါ "လေ့ကျင့်တယ်" ဆိုတာထက်  "ပျိုးထောင်တယ်" ဆိုတဲ့စကားကို ပိုသဘောကျတယ် ။ ဟုတ်ပါတယ် ။ ဂစ်တာလေ့ကျင့်တယ်ဆိုတာ ဂစ်တာနဲ့ ပတ်သတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ပျိုးထောင်တာပါ ။ ဒီလိုနားလည်ထားမှလည်း လေ့ကျင့်တဲ့အချိန်တွေကို မငြီးမငွေ့ ဖြတ်သန်းနိုင်မှာပါ ။ ( ကျွန်တော်က ဂစ်တာသမားဖြစ်တဲ့အတွက် ဒီတူရိယာလေ့ကျင့်နည်းကို ဂစ်တာကို ဥပမာထားပြီး ရေးသွားပါမယ်)

၁ ။ မလေ့ကျင့်မီ အကြောလျော့ပေးပါ
===========================
ဂစ်တာစကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး (ဖြစ်နိုင်ရင်တစ်ကိုယ်လုံး) အကြောလျော့ပေးပါ ။ တချို့က မလိုအပ်ဘူးလို့ ထင်ကောင်းထင်မယ် ။ အကြောလျော့ခြင်းနဲ့ စိတ်ရဲ့relaxဟာ ခင်ဗျားကို မောင်းတင်ပေးမယ့် ခွန်အားတွေပါ ။

၂ ။ warm up အမြဲလုပ်ပါ ။
====================
Fingering, chromatic scale, fingering stretching  တွေထဲက ခင်ဗျားအတွက် ပေါ့ပါးလွယ်ကူမယ့် တမျိုးမျိုးကို နာရီဝက်လောက် အရင်တီးလိုက်ပါ ။ လက်ချောင်းတွေ သွေးပူလာဖို့ ၊ လွတ်လပ်စွာလှုပ်ရှားဖို့ ၊ finger stamina ကောင်းဖို့ ၊ ဒဏ်မဖြစ်ဖို့ ... warm up မလွဲမသွေတီးရပါမယ် ။

၃ ။ Metronomeနဲ့ အမြဲကျင့်ပါ ။
========================
Metronomeနဲ့ မကျင့်ခဲ့ရင်Bandနဲ့တီးတဲ့အခါ၊ Studioမှာအသံသွင်းတဲ့အခါ အဆင်မပြေမှုတွေ ဖြစ်လာပါမယ် ။ ကိုယ့်ရဲ့ tempoကို ကိုယ်သတိထားမိဖို့ ခက်ပါတယ် ။ စိတ်ကြွလာရင် tempoတက်လိုက် ၊ စိတ်မပါရင် tempo ကျလိုက် ဖြစ်တတ်ပါတယ် ။

၄ ။*very important* အနှေးဆုံးကိုတီးပါ ။
===============================
လေ့ကျင့်နေတဲ့အချိန်မှာ speedကိုခေါင်းထဲ ဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။ speedဟာ ဂစ်တာသမားတိုင်း တပ်မက်တဲ့ ရှိရမယ့် အရည်အချင်းဆိုပေမယ့် ... သူ့ကို အရူးအမူးနဲ့ လိုချင်ပြီးလေ့ကျင့်ပြီ ဆိုတာနဲ့  လမ်းတဝက်မှာ ပြတ်ကျန်ခဲ့ဖို့ သေချာသလောက်ရှိပြီ ။ တခါတလေ ... အနှေးဆုံးတွေကို တီးနေရင်း ခင်ဗျား ငြီးငွေ့လာမယ် ။ သေချာတယ် ။ ဒါကြောင့် ပြောခဲ့ပါတယ် ။ တူရိယာတစ်ခုကို လေ့ကျင့်တယ် ဆိုတာထက် ပျိုးထောင်နေတယ်လို့ ခံယူထားပါ ။ ဒါတွေဟာ ခင်ဗျား မလွဲမသွေ ဖြတ်ကျော်ရမယ့် လှေကားထစ်တွေပါ ။

၅ ။ မှန်ဖို့သာလိုပါတယ် ။
===================
လက်အနေအထား ၊ ကိုယ်တီးတဲ့ noteတိုင်းဟာ ပီသကြည်လင်ပြီး ပြည့်ဝတဲ့toneမျိုး ထွက်နေရပါမယ် ။ မှန်အောင် ၊ အသံထွက်ကောင်းအောင်သာ အာရုံစိုက်ပြီးကျင့်ပါ ။ speedဟာ ခင်ဗျားနောက်က ထပ်ချပ်မကွာ လိုက်လာလိမ့်မယ် ။ ကိုယ်မြန်လို့မြန်နေမှန်းတောင် မသိအောင် အံ့သြစရာကောင်းတယ် ။

၆ ။ *သံမဏိစည်းကမ်း*မှားခဲ့ရင် ၁ ပြန်စပါ ။
===============================
ဥပမာ chromatic scaleကို 1 to 6 strings , up and down , fret 1 ကနေစတီးတယ် ။ fret 12 ရောက်မှ တစ်လုံးမှားတယ် ။ ဒါဆိုရင် ပြန်စလိုက်တော့ ။ ကိုယ့်ကိုယ်ကိုယ် မညာနဲ့ ။ မညှာနဲ့ ။ အဲဒါမှမမှားအောင် ကိုယ်နိုင်နင်းတဲ့ tempoကို တီးဖြစ်မယ် ။ စိတ်ငြိမ်သက်အောင် အားထုတ်ဖြစ်မယ် ။ ထူးဆန်းစွာပဲ အမှားတစ်ခုဟာ ထပ်တလဲလဲမှားတတ်ပါတယ် ။ ဒါကိုကျော်လွှားရပါမယ် ။

၇ ။ လေ့ကျင့်တဲ့အခါတိုင်း relaxဖြစ်နေပါစေ ။
================================
အရေးကြီးလို့ တစ်ခေါက်ပြန်ပြောပါရစေ ။ အံကြိတ်ထား တင်းထားတဲ့စိတ်ဟာ ပိတ်နေတဲ့ရေမြောင်းကြီးလို ခင်ဗျားရဲ့စီးဆင်းမှုတွေကိုရပ်တန့်စေလိမ့်မယ် ။ ဒါကြောင့် စိတ်ရောကိုယ်ပါ relaxဖြစ်ဖို့ အထူးသတိထားပါ ။ relax ဖြစ်တဲ့အခါ ခင်ဗျားမျက်နှာက ပြုံးယောင်သန်း လာလိမ့်မယ် ။ ဒီလိုအကြံပေးတဲ့အခါ တစ်ချို့က ခေါင်းခါတတ်တယ် ။ "နိုင်ငံခြားဂစ်တာသမားတွေ ကြည့်ပါအုံး ... စင်ပေါ်မှာ မဲ့ရွဲ့ပြီး တီးနေတာ .." ။ ဟုတ်ပါတယ် ။ အဲဒါက performence လုပ်နေတာ ။ သူတို့တီးတဲ့ ဂီတရဲ့စီးမျောမှုမှာ ပျော်ဝင်နေတာ ။ လေ့ကျင့်တဲ့ အချိန်မှာတော့ ဘယ်သူမှ အံကြိတ်ပြီး မလေ့ကျင့်ခဲ့ပါဘူး ။ ကြိုက်တဲ့ lessonခွေကို ကြည့်လိုက်ပါ ။ လေ့ကျင့်ခန်းသရုပ်ပြတီးတာနဲ့ စင်ပေါ်ကမျက်နှာအနေအထား တူသလားလို့ ။ သူတို့ရဲ့မျက်နှာက ဒီတီးကွက်တွေပေါ်မှာ ဘယ်လောက် သက်တောင့်သက်သာရှိကြောင်း အထင်းသား ပေါ်လွင်နေပါတယ် ။ လေ့ကျင့်ချိန်မှာ သက်တောင့်သက်တာ ဖြစ်ခဲ့တာတောင် ... ပရိသတ်ရှေ့ စင်မြင့်ပေါ်ရောက်တဲ့အခါ စိတ်လှုပ်ရှားမှုကြောင့် အမှားဆိုတာ ဖြစ်နိုင်ပါသေးတယ် ။ အဲဒါကြောင့် ... စင်မြင့်ပေါ် ပရိတ်သတ်ရှေ့မှာ တီးတဲ့အခါ ဂစ်တာသမားဟာ ကိုယ်တီးနိုင်တာရဲ့ ၅၀%သာ တီးသင့်ပါတယ် ။ ဒါမှလည်းအမှားကင်းကင်း စိတ်သက်သက်သာသာနဲ့ ဖန်တီးနိုင်မှာပါ ။ အဲဒီအတွက်လည်း လေ့ကျင့်ချိန်မှာ ၁၀၀%ဖြစ်နေရပါမယ် ။

၈ ။ လေ့ကျင့်ချိန်
=============
စတိဗ်ဗိုင်းက တစ်နေ့ ၁၄နာရီ ၊ ပါကနီးနီးက ၁၅နာရီ လေ့ကျင့်ခဲ့တယ် ။ တူရိယာတစ်ခုကို အကျွမ်းဝင်ဖို့ သူတို့ရင်းနှီးခဲ့ရတဲ့ အချိန်တွေပါ ။ တူရိယာရှင်တစ်ယောက်ဖြစ်ဖို့ တစ်နေ့ ၈နာရီဟာ လေ့ကျင့်ချိန်စံနှုန်းတစ်ခုပါ ။ ဒါပေမယ့် ... တချို့က ဖောင်ဖျက်နိုင်ပေမယ့် တချို့လည်း ငဲ့ကွက်ရတာတွေ ရှိတယ် ။ ပြီးတော့ ... တစ်နေ့ ဘယ်နှစ်နာရီ လေ့ကျင့်တယ်ဆိုတာထက် ၊ ဒီနေ့ ၅နာရီလေ့ကျင့်လိုက်တာ ငါ ဘာတွေ တိုးတက်လာလဲ ဆိုတာက ပိုအရေးကြီးပါတယ် ။ ကိုယ့်ရဲ့ အားနည်းမှု ၊ အားသာမှုတွေကို အမြဲတမ်း ပြန်သုံ့သပ်ဖို့လိုတယ် ။ အဲဒီသုံ့သပ်မှုပေါ်မှာ ရတဲ့အဖြေကိုမူတည်ပြီး လိုအပ်တဲ့အပိုင်းအတွက်  အချိန်ဇယားချရပါမယ် ။ တစ်ခုသတိထားဖို့က မပြတ်လေ့ကျင့်ဖို့ပါ ။ ၆နာရီတီးလိုက် ၃ရက်လောက် ပစ်ထားလိုက် ဆိုတာမျိုးနဲ့စာရင် ၊ နေ့တိုင်း တရက် ၃နာရီ ပုံမှန်လေ့ကျင့်တာက ပိုခရီးရောက်ပါတယ် ။

၉ ။ အချိန်ဇယားဖြင့် လေ့ကျင့်ပါ
=======================
ဂစ်တာကို တောက်လျောက် မထတမ်းတီးတဲ့ အလေ့အကျင့်မျိုး ရှောင်ပါ ။ Finger stamina ကောင်းဖို့အတွက် fingering , scale pattern တွေကို metronomeနဲ့ run တဲ့အခါမျိုးမှာတောင် နာရီဝက်ထက် မပိုပါစေနဲ့ ။ လေ့ကျင့်ခန်းကဏ္ဍတစ်ခုပြီးတိုင်း နားချိန်ရှိရမယ် ။ အကောင်းဆုံးက ၁၅မိနစ်တီး ၊ ၃-၅မိနစ်နားပဲ ။ အချိန်ဇယားဆိုတာလည်း ခင်ဗျားကိုယ်တိုင် လုပ်ထားတာ ။ ဒီလေ့ကျင့်ခန်းကို အားမရရင် နောက်တစ်ကြိမ်ထပ်တီး နိုင်တယ် ။ ဒါပေမယ့် တစ်ခုတည်းကို tension များပြီး စွတ်မကျင့်ပါနဲ့ ။ ဥပမာ ခင်ဗျားက sweep picking ကို အလေးပေးပြီး လေ့ကျင့်နေတယ် ။ အဲဒီအခါ sweep picking ၁၅မိနစ် >  fingering ၁၅မိနစ် >  sweep picking ၁၅မိနစ် >  vamp ၁၅မိနစ် >  sweep picking ၁၅မိနစ် ... ဆိုပြီး ခင်ဗျားအတွက် လွယ်ကူသက်သာတဲ့ လေ့ကျင့်ခန်းမျိုးကို ကြားညှပ်ပြီး လေ့ကျင့်ပေးပါ ။ ၁၅မိနစ်စီ ခွဲခွဲပြီး လေ့ကျင့်လို့ အကျိုးများပါ့မလားလို့ တွေးကောင်းတွေးမိတယ် ။ အကျိုးများပါတယ် ။ အဲလိုလေ့ကျင့်သင့်ပါတယ် ။ တစ်ခုတည်းကို လေ့ကျင့်ပြီး အားမရတဲ့အခါ ဦးနောက်ပင်ပန်းပြီး ပရက်ရှာဝင်လာလိမ့်မယ် ။ အဲဒီမှာ တီးတာတွေ စိတ်တိုင်းမကျ ကချော်ကချွတ်ဖြစ်လာမယ် ။ မှားလာမယ် ။ အဲဒါမကောင်းပါဘူး ။ ဘာကြောင့်လဲဆိုတော့ ဦးနောက်က ကိုယ်လေ့ကျင့်သမျှကို အသေးစိတ်မှတ်သားနေတယ် ။ မှတ်သားထားလိုက်တယ် ။ အဲဒီအကျိုးဆက်က ဘယ်မှာသွားပြီးသက်ရောက်လဲဆိုတော့ ... နောက်တစ်ခါ ပြန်တီးတဲ့အခါလည်း ကချော်ကချွတ်ပြန်ဖြစ်ပါတယ် ။ အဲဒါကြောင့် ဦးနောက်ပင်ပန်းအောင် ဆက်တိုက်ကြီး မလုပ်ပါနဲ့ ။ အနားယူချိန်ထားပြီး သက်တောင့်သက်သာ ပုံမှန်ပဲ လေ့ကျင့်သွားပါ ။

၁၀ ။ စာအုပ်တစ်အုပ် (သို့) courseတစ်ခုကို ပန်းတိုင်ထားကျင့်ပါ ။
=================================
ဆရာများရင် သားသေတတ်ပါတယ် ။ စာအုပ်ပုံကြီးအလယ်မှာ ဟိုဟာတီးရကောင်းနိုး ဒီဟာတီးရကောင်းနိုးနဲ့ ဘာမှမပြီးဘဲ တစ်အုပ်၁ဝရွက်တီး ဖြစ်သွားတတ်ပါတယ် ။ အကျင့်ဖြစ်သွားရင်မကောင်းပါ ။ မတိုးတက်ရုံမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေပါတယ် ။

၁၁ ။ စာအုပ်တစ်အုပ်ကို လေ့ကျင့်တဲ့အခါ
=============================
sight reading ကို အဓိကထားပြီး လေ့ကျင့်ရပါတယ် ။ တစ်ဘားချင်းကျက်ပြီး တီးတဲ့ အလေ့အကျင့်ကို ရှောင်ပါ ။ နုတ်တစ်လုံးချင်းကို ကိုယ်လက်တန်းတီးနိုင်တဲ့ tempo ကနေစပြီး လေ့ကျင့်ရပါတယ် ။ အနှေးဆုံးtempoနဲ့ တစ်အုပ်လုံး ဆုံးအောင်တီးပြီးပြီ ၊ အမှားကင်းပြီ ၊ ပိုင်နိုင်ပြီဆိုရင် ... နောက်တစ်ခေါက် tempo +5 လောက်တင်ပြီးထပ်ကျင့် ။ ဒါလည်း perfectဖြစ်ပြီဆိုရင် နောက်ပိုင်းအခေါက်တွေကို +10 +20 တင်ပြီး အကြိမ်ကြိမ် လေ့ကျင့်ရပါတယ် ။ အဲဒီလို လက်အသားကျပြီ အမှားကင်းပြီဆိုမှ tempo ကို တဖြည်းဖြည်းတင်သွားရတာပါ ။ပြီးပြည့်စုံတဲ့ လေ့ကျင့်ခန်းစာအုပ်ဆိုတာ မရှိပါဘူး ။ အဲဒီအတွက် ကိုယ့်ဘက်ကလည်း အားစိုက်မှုတစ်ချို့ကို ပြုလုပ်ရပါတယ် ။ စာအုပ်ကပေးထားတဲ့ လေ့ကျင့်ခန်းတစ်ခုကို ကိုယ်ပိုင် sequenceတွေ ဖန်တီးသင့်ပါတယ် ။ ကိုယ်ပိုင် sequenceတွေ ဖန်တီးပြီး လေ့ကျင့်လို့ရလာမယ့် အကျိုးတရားတွေကတော့ ရေးချလို့မကုန်ပါဘူး ။ reading , writing , creation skills တွေ တိုးတက်လာမယ် ။ များများလေ့ကျင့်လာတဲ့အခါ ခင်ဗျားရဲ့ လက်ထဲမှာ ခင်ဗျားကိုယ်ပိုင် sequenceတွေ ပြည့်လာလိမ့်မယ် ။ style & idea ဆိုတာ jamming လုပ်တဲ့အခါ အဓိက သော့ချက်တွေပါ ။ chord progression တစ်ခုကို jamming လုပ်တဲ့ ဂစ်တာသမားချင်းအတူတူ .. ခင်ဗျားက တပန်းသာနေပါလိမ့်မယ် ။ အားလုံးဟာ ခင်ဗျားကိုယ်ပိုင် စစ်စစ်တွေချည်းပဲလေ ...

၁၂ ။ လေ့ကျင့်ခန်းတွက် ရေးပေးထားတဲ့ စာတွေကို ကြိုးစားပြီးဖတ်ပါ
===============================
ပေးထားတဲ့ noteတွေကို တီးသလို ရေးထားတဲ့ စာတွေလည်းဖတ်ပါ ။ နိုင်ငံခြားစာအုပ်တွေဖြစ်လို့ ဘာသာစကား အခက်အခဲရှိတယ်ဆိုပေမယ့် ဂီတသမားဟာ ဂီတဝေါဟာရတွေနဲ့ ရေးထားတဲ့ စာအုပ်ကိုတော့ အလွယ်တကူနားလည်နိုင်ပါတယ် ။ မဖတ်ဘဲ မလေ့လာ မသုံ့သပ်ဘဲ  စွတ်တီးနေမယ်ဆိုရင် ကျင့်လို့မဆုံးတော့ပါ ။ ကိုယ်ပိုင်ဟန် မတည်ဆောက်နိုင်ပါ ။ ဒါကြောင့် စာအုပ်ထဲက ရှင်းလင်းချက်တွေကို အချိန်ပေးဖတ်တဲ့ အလေ့အကျင့်လုပ်ပါ ။

(  ဖြစ်ချင်ဇော ၊ လိုချင်ဇောတွေများပြီး စိတ်ငြိမ်သက်မှုမရှိဘဲ တူရိယာတစ်ခုကို လေ့ကျင့်ခဲ့ရင် ပန်းတိုင်နဲ့ ဝေးရပါလိမ့်မယ် ။ ဒါတွေအားလုံး ခင်ဗျားတို့ အမှားကင်းကင်းနဲ့ လိုရာပန်းတိုင်ကို မြန်မြန်ရောက်ဖို့အတွက် ကျွန်တော့်အတွေ့အကြုံ ကိုယ်တွေ့အမှားတွေကတဆင့် သုံ့သပ်ပြီး စေတနာနဲ့ သတိပေးတာပါ ။  သတိထား အလေးပေးပြီး လေ့ကျင့်စေချင်တယ် ။ နောင်များမှာလည်း ရေးသွားပါအုံးမည်)

*** မူရင်း စာရေးသူရှာမတွေ့ပါ။

Friday, May 1, 2020

ဘဲေပါင္းကင္ - ပုစြန္ခ်ဥ္သုပ္ - စီခြ်မ္႔ ခ်ဥ္စပ္ ဟင္းခ်ဳိ

ဘဲေပါင္းကင္
--------------------


 ဘဲကင္ဆိုရင္ လူႀကိဳက္လည္း အလြန္မ်ားသလို ဆိုင္ေတြမွာ ေဈးႀကီးေပးၿပီး ဝယ္စားၾကရပါတယ္။ အခ်ိဳ့စားဖူးတာဆိုရင္ အျပင္မွာပဲ အရသာရွိၿပီး အထဲက အရသာေပါ့ တာမ်ိဳးလည္း ၾကဳံရလို့ ဒီတစ္ခါမွာေတာ့ ဘဲကို အထဲအထိ အရသာလည္း ဝင္ေအာင္  ဘယ္လိုအလြယ္တကူ ကင္မလဲဆိုတာေလး ျပေပးခ်င္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား
• ဘဲ  -  ၁ ေကာင္
• ဆီ  -  စားပြဲဇြန္း ၂ ဇြန္း
• ခ်င္း  -  ၅ ျပား
• ၾကက္သြန္ျဖဴ  -  ၆ ႁမႊာ
• သၾကား  -  စားပြဲဇြန္း ၁ ဇြန္း
• တ႐ုတ္ဟင္းခ်က္ဝိုင္  -  ၁/၂ ခြက္
• ပဲငံျပာရည္အေနာက္  -  စားပြဲဇြန္း ၁  ၁/၂ ဇြန္း
• ပဲငံျပာရည္အၾကည္  -  ၁/၄ ခြက္
• ဆန္ရွလကာရည္  -  စားပြဲဇြန္း ၃ ဇြန္း
• နာနတ္ပြင့္  -  ၃ ခု
• ေလးညႇင္း  -  ၆ ခု
• ကရေဝး  -  ၃ ရြက္
• င႐ုတ္ေကာင္းေစ့  -  ၁၂ ေစ့
• လိေမၼာ္ခြံ  -  ၅ ခု
• ေရ  -  ၄ ခြက္
• ပ်ားရည္  -  စားပြဲဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း
၁။ ဘဲကင္ဖို့အတြက္ ဘဲကို အူကလီစာမ်ား ရွင္းထုတ္ၿပီး သန႔္စင္ထားပါ။
၂။ ဒယ္အိုးတစ္လုံးထဲ ဆီထည့္ၿပီး အပူေပးထားပါ။ ဆီကို အိုးထဲ ႏွံ့စပ္သြားေအာင္ လွည့္ေပးၿပီး ဘဲအေကာင္လိုက္ကို ေမွာက္ထည့္ကာ အေရာင္ေျပာင္းလာသည္အထိ ဆီပူမ်ားကို အိုးနဲ႔ မထိတဲ့ ဘဲသားရဲ့  အစိတ္အပိုင္းမ်ားအေပၚမွာ ေလာင္းေပးပါ။
၃။ မူလထည့္ထားေသာ ဆီထက္ ဘဲသားမွ ဆီမ်ား ပိုထြက္လာမွာ ျဖစ္ပါတယ္။ ႏွံ့စပ္ေအာင္ အိုးကင္းပူတိုက္ၿပီးလၽွင္ မီးပိတ္ၿပီး ဆယ္ယူထားပါ။
၄။ ၿပီးလၽွင္ ဘဲအေကာင္လိုက္ ဆံ့မည့္ အိုးႀကီးႀကီးတစ္လုံးထဲ မီးအပူေပးထားၿပီး ဘဲကို အိုးကင္းပူ တိုက္မွ ထြက္ေသာ ဆီ ၃ ဇြန္းခန႔္ကို ယူၿပီး ခ်င္း၊ ၾကက္သြန္ျဖဴမ်ားႏွင့္ ၁ မိနစ္ခန႔္ ဆီသတ္ပါ။ ၿပီးလၽွင္ သၾကားထည့္ေမႊ၍ စကၠန႔္ပိုင္းအတြင္း တ႐ုတ္ဟင္းခ်က္ဝိုင္၊ ပဲငံျပာရည္အၾကည္၊ ပဲငံျပာရည္အေနာက္၊ ရွလကာရည္၊ ေလးညႇင္း၊ နာနတ္ပြင့္၊ ကရေဝး၊ င႐ုတ္ေကာင္းေစ့ႏွင့္ လိေမၼာ္ခြံတို့ကိုထည့္ၿပီး ေရ ၃ ခြက္ခန႔္ ထည့္ေမႊပါ။
၅။ ၿပီးလၽွင္ အဲဒီေဆာ့စ္အရည္ထဲ ဘဲအေကာင္လိုက္ထည့္၍ အဖုံးအုပ္ၿပီး မိနစ္ ၆၀ ခန႔္ ေပါင္းပါ။
၆။ မီးေအးေအးထားရမည္ျဖစ္ၿပီး ၁၀ မိနစ္ တစ္ႀကိမ္ ဘဲကို အထက္ေအာက္ လွန္ေပးပါ။
၇။ အခ်ိန္ျပည့္လၽွင္ ဘဲကို  အသာအယာဆယ္ယူ၍ ကင္မည့္ ဆန္ခါပါေသာ ဗန္းေပၚတင္ၿပီး ပ်ားရည္ႏွင့္ ေရအနည္းငယ္ေရာထားတာကို စုတ္တံျဖင့္ ႏွံ့စပ္စြာ သုတ္လိမ္းပါ။
၈။ ၿပီးလၽွင္ Oven မွာ ၁၅-၂၀ မိနစ္ခန႔္ အပူခ်ိန္ 125˚F မီးေအးေအးျဖင့္ အေပၚယံ အေရခြံျြကပ္ လာေအာင္ ကင္ေပးပါ။
၉။ အခ်ိန္ျပည့္လၽွင္ ကင္စက္မွထုတ္ယူၿပီး ၁၀ မိနစ္ခန႔္ အေအးခံ၍ လိုသလို ပိုင္းျဖတ္ၿပီး တည္ခင္းသုံးေဆာင္နိုင္ပါၿပီ။
--------------------------------------------
ေမၿဖိဳးသီ


ပါဝင်ပစ္စည်းများ
• ဘဲ  -  ၁ ကောင်
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ချင်း  -  ၅ ပြား
• ကြက်သွန်ဖြူ  -  ၆ မြွှာ
• သကြား  -  စားပွဲဇွန်း ၁ ဇွန်း
• တရုတ်ဟင်းချက်ဝိုင်  -  ၁/၂ ခွက်
• ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
• ပဲငံပြာရည်အကြည်  -  ၁/၄ ခွက်
• ဆန်ရှလကာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• နာနတ်ပွင့်  -  ၃ ခု
• လေးညှင်း  -  ၆ ခု
• ကရဝေး  -  ၃ ရွက်
• ငရုတ်ကောင်းစေ့  -  ၁၂ စေ့
• လိမ္မော်ခွံ  -  ၅ ခု
• ရေ  -  ၄ ခွက်
• ပျားရည်  -  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ဘဲကင်ဖို့အတွက် ဘဲကို အူကလီစာများ ရှင်းထုတ်ပြီး သန့်စင်ထားပါ။
၂။ ဒယ်အိုးတစ်လုံးထဲ ဆီထည့်ပြီး အပူပေးထားပါ။ ဆီကို အိုးထဲ နှံ့စပ်သွားအောင် လှည့်ပေးပြီး ဘဲအကောင်လိုက်ကို မှောက်ထည့်ကာ အရောင်ပြောင်းလာသည်အထိ ဆီပူများကို အိုးနဲ့ မထိတဲ့ ဘဲသားရဲ့  အစိတ်အပိုင်းများအပေါ်မှာ လောင်းပေးပါ။
၃။ မူလထည့်ထားသော ဆီထက် ဘဲသားမှ ဆီများ ပိုထွက်လာမှာ ဖြစ်ပါတယ်။ နှံ့စပ်အောင် အိုးကင်းပူတိုက်ပြီးလျှင် မီးပိတ်ပြီး ဆယ်ယူထားပါ။
၄။ ပြီးလျှင် ဘဲအကောင်လိုက် ဆံ့မည့် အိုးကြီးကြီးတစ်လုံးထဲ မီးအပူပေးထားပြီး ဘဲကို အိုးကင်းပူ တိုက်မှ ထွက်သော ဆီ ၃ ဇွန်းခန့်ကို ယူပြီး ချင်း၊ ကြက်သွန်ဖြူများနှင့် ၁ မိနစ်ခန့် ဆီသတ်ပါ။ ပြီးလျှင် သကြားထည့်မွှေ၍ စက္ကန့်ပိုင်းအတွင်း တရုတ်ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ရှလကာရည်၊ လေးညှင်း၊ နာနတ်ပွင့်၊ ကရဝေး၊ ငရုတ်ကောင်းစေ့နှင့် လိမ္မော်ခွံတို့ကိုထည့်ပြီး ရေ ၃ ခွက်ခန့် ထည့်မွှေပါ။
၅။ ပြီးလျှင် အဲဒီဆော့စ်အရည်ထဲ ဘဲအကောင်လိုက်ထည့်၍ အဖုံးအုပ်ပြီး မိနစ် ၆၀ ခန့် ပေါင်းပါ။
၆။ မီးအေးအေးထားရမည်ဖြစ်ပြီး ၁၀ မိနစ် တစ်ကြိမ် ဘဲကို အထက်အောက် လှန်ပေးပါ။
၇။ အချိန်ပြည့်လျှင် ဘဲကို  အသာအယာဆယ်ယူ၍ ကင်မည့် ဆန်ခါပါသော ဗန်းပေါ်တင်ပြီး ပျားရည်နှင့် ရေအနည်းငယ်ရောထားတာကို စုတ်တံဖြင့် နှံ့စပ်စွာ သုတ်လိမ်းပါ။
၈။ ပြီးလျှင် Oven မှာ ၁၅-၂၀ မိနစ်ခန့် အပူချိန် 125˚F မီးအေးအေးဖြင့် အပေါ်ယံ အရေခွံြွကပ် လာအောင် ကင်ပေးပါ။
၉။ အချိန်ပြည့်လျှင် ကင်စက်မှထုတ်ယူပြီး ၁၀ မိနစ်ခန့် အအေးခံ၍ လိုသလို ပိုင်းဖြတ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။
--------------------------------------------
မေဖြိုးသီ

ပုစြန္ခ်ဥ္သုပ္


ပုစြန္ခ်ဥ္.............၁ ထုပ္
ၾကက္သြန္နီ.........၂လုံး
င႐ုတ္သီးစိမ္း.......၃ ေတာင့္
ပင္စိမ္း...............၂ ခက္

ၾကက္သြန္နီ ကို ပါးပါးေလးလွီးၿပီး ေရစင္ေအာင္ေဆးပါ။

င႐ုတ္သီးစိမ္း ၊ ပင္စိမ္းရြက္ေတြကိုလည္းသင့္ေတာ္သလို လွီးေႁခြပါ။

ပုစြန္ခ်ဥ္ကို ပါးပါးေလး လွီးၿပီးဇလုံထဲထည့္ပါ။

ၾကက္သြန္နီ ၊ ပင္စိမ္း ၊ င႐ုတ္သီးစိမ္းထည့္ၿပီး၊
အရသာမႈန္႔ ၊ ဆီစိမ္းေလးေလာင္းကာခပ္ဖြဖြေလး
နယ္ပါ။

ပုစွန်ချဉ်.............၁ ထုပ်
ကြက်သွန်နီ.........၂လုံး
ငရုတ်သီးစိမ်း.......၃ တောင့်
ပင်စိမ်း...............၂ ခက်

ကြက်သွန်နီ ကို ပါးပါးလေးလှီးပြီး ရေစင်အောင်ဆေးပါ။

ငရုတ်သီးစိမ်း ၊ ပင်စိမ်းရွက်တွေကိုလည်းသင့်တော်သလို လှီးခြွေပါ။

ပုစွန်ချဉ်ကို ပါးပါးလေး လှီးပြီးဇလုံထဲထည့်ပါ။

ကြက်သွန်နီ ၊ ပင်စိမ်း ၊ ငရုတ်သီးစိမ်းထည့်ပြီး၊
အရသာမှုန့် ၊ ဆီစိမ်းလေးလောင်းကာခပ်ဖွဖွလေး
နယ်ပါ။

စီခြ်မ္႔ ခ်ဥ္စပ္ ဟင္းခ်ဳိ
---------------------------------------


တျခား စီခြ်မ္႔ခ်က္နည္းေတြနဲ႔ မတူပဲ ဒီခ်ဥ္စပ္ ဟင္းခ်ဳိမွာ ခ်ဥ္တဲ႔အရသာကို ဗီနီကာေၾကာင္႔ ရရွိတာ ျဖစ္ပါတယ္။ စီခြ်မ္႔ နံမည္ၾကီး ဟင္းခ်ဳိတစ္ခုျဖစ္တဲ႔ ခ်ဥ္စပ္ဟင္းခ်ဳိထဲမွာ ၾကက္သား၊ ၾကြက္နားရြက္မွုိ၊ တုိ႔ဟူး၊ မွ်စ္ အစံုနဲ႔ အရမ္းေသာက္လုိ႔ ေကာင္းမြန္ပါတယ္။
---------------------------------------
ပါ၀င္ပစၥည္းမ်ား

    ၾကက္ရင္ဗံု – ၁ခု (က်က္ေအာင္ျပဳတ္ျပီ အသားႏႊင္းထားပါ)
    ငရုတ္သီးနီ – ၃ေတာင္႔(ႏွုတ္ႏွုတ္စဥ္းပါ)
    ပဲျပား(သုိ႔)တုိ႔ဟူး – ၁တံုး (အရွည္ပါးပါးလွီးပါ(သို႔) အတံုးေလးမ်ား တံုးပါ)

    မွ်စ္ – ၂ခု (အရွည္ပါးပါးလွီးပါ)
    ၾကြက္နားရြက္မွုိ – လက္တဆုပ္စာ (ေရစိမ္ထားျပီ ပါးပါးလွီးေပးပါ)
    ေရ(သုိ႔)ၾကက္ျပဳတ္ရည္ – ၆ခြက္
    ဂ်င္း – ၃ျပား
    ဆား – လက္ဖက္ရည္ဇြန္း ၁ဇြန္း
    သၾကား – လက္ဖက္ရည္ဇြန္း ၁ဇြန္း
    ၾကက္သားမွုန္႔ – လက္ဖက္ရည္ဇြန္း ၁ဇြန္းခြဲ
    ပဲငံျပာရည္(အၾကည္) – စားပြဲတင္ဇြန္း ၂ဇြန္း
    ဗီနီကာ – စားပြဲတင္ဇြန္း ၂ဇြန္း
    နွမ္းဆီ – လက္ဖက္ရည္ဇြန္း ၁ဇြန္း
    ငရုတ္ေကာင္းမွုန္႔ – အနည္းငယ္
    ငရုတ္သီး ဆီခ်က္ – စားပြဲတင္ဇြန္း ၁ဇြန္း
    ေကာ္မွုန္႔ – စားပြဲတင္ဇြန္း ၁ဇြန္းခြဲ (ေရအနည္းငယ္ျဖင္႔ ေရာေမႊထားပါ)
    ၾကက္ဥ – ၁လံုး (ခေလာက္ထားပါ)
    တရုတ္ နံနံပင္ – အနည္းငယ္ (ပါးပါးလွီးပါ)
---------------------------------------
ခ်က္ျပဳတ္နည္း

၁။ ဒယ္ထဲ ေရ(၆ခြက္) ထည္႔ျပီ ဆူေအာင္ တည္ထားပါ။ ဆူလာလွ်င္ ဂ်င္း၊ ငရုတ္သီးနီ ထည္႔ေပးပါ။

၂။ ျပီမွ် မွ်စ္၊ ၾကြက္နားရြက္မွို ထည္႔ေပးျပီ ၾကက္သား ထည္႔ပါ။

၃။ အရသာအတြက္ ဆား၊ ၾကက္သားမွုန္႔၊ သၾကား၊ ပဲငံျပာရည္၊ ဗီနီကာ၊ နွမ္းဆီ ထည္႔ေရာေမႊပါ။

၄။ အရသာ ျမည္းၾကည္႔လို႔ အေနေတာ္လွ်င္ ေကာ္ရည္ထည္႔ကာ ေရာေမႊပါ။

၅။ ေကာ္ရည္ ဆူလာမွ ခေလာက္ထားေသာ ၾကက္ဥကို ျဖည္းျဖည္း ထည္႔ျပီ တူျဖင္႔ ေရာေမႊေပးပါ။

၆။ အေပၚမွ ငရုတ္သီး ဆီခ်က္၊ ငရုတ္ေကာင္း၊ ၾကက္သြန္ျမိတ္(သို႔)နံနံပင္ ျဖဴးေပးျပီ အရသာရွိစြာ သံုးေဆာင္လုိ႔ရပါျပီ…
---------------------------------------
Wutyee Food House
---------------------------------------


စီချွမ့် ချဉ်စပ် ဟင်းချို
---------------------------------------
တခြား စီချွမ့်ချက်နည်းတွေနဲ့ မတူပဲ ဒီချဉ်စပ် ဟင်းချိုမှာ ချဉ်တဲ့အရသာကို ဗီနီကာကြောင့် ရရှိတာ ဖြစ်ပါတယ်။ စီချွမ့် နံမည်ကြီး ဟင်းချိုတစ်ခုဖြစ်တဲ့ ချဉ်စပ်ဟင်းချိုထဲမှာ ကြက်သား၊ ကြွက်နားရွက်မှို၊ တို့ဟူး၊ မျှစ် အစုံနဲ့ အရမ်းသောက်လို့ ကောင်းမွန်ပါတယ်။
---------------------------------------
ပါဝင်ပစ္စည်းများ

    ကြက်ရင်ဗုံ – ၁ခု (ကျက်အောင်ပြုတ်ပြီ အသားနွှင်းထားပါ)
    ငရုတ်သီးနီ – ၃တောင့်(နှုတ်နှုတ်စဉ်းပါ)
    ပဲပြား(သို့)တို့ဟူး – ၁တုံး (အရှည်ပါးပါးလှီးပါ(သို့) အတုံးလေးများ တုံးပါ)

    မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
    ကြွက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပြီ ပါးပါးလှီးပေးပါ)
    ရေ(သို့)ကြက်ပြုတ်ရည် – ၆ခွက်
    ဂျင်း – ၃ပြား
    ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
    ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
    ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
    နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    ငရုတ်ကောင်းမှုန့် – အနည်းငယ်
    ငရုတ်သီး ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
    ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ရေအနည်းငယ်ဖြင့် ရောမွှေထားပါ)
    ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
    တရုတ် နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
---------------------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ရေ(၆ခွက်) ထည့်ပြီ ဆူအောင် တည်ထားပါ။ ဆူလာလျှင် ဂျင်း၊ ငရုတ်သီးနီ ထည့်ပေးပါ။

၂။ ပြီမျှ မျှစ်၊ ကြွက်နားရွက်မှို ထည့်ပေးပြီ ကြက်သား ထည့်ပါ။

၃။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်၊ ဗီနီကာ၊ နှမ်းဆီ ထည့်ရောမွှေပါ။

၄။ အရသာ မြည်းကြည့်လို့ အနေတော်လျှင် ကော်ရည်ထည့်ကာ ရောမွှေပါ။

၅။ ကော်ရည် ဆူလာမှ ခလောက်ထားသော ကြက်ဥကို ဖြည်းဖြည်း ထည့်ပြီ တူဖြင့် ရောမွှေပေးပါ။

၆။ အပေါ်မှ ငရုတ်သီး ဆီချက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်(သို့)နံနံပင် ဖြူးပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
---------------------------------------
Wutyee Food House
---------------------------------------