Tuesday, June 6, 2017

NGO အလုပ္လုပ္ဖို႔ စိတ္၀င္စားရင္

#NGOအလုပ္လုပ္ဖို႕စိတ္၀င္စားသူမ်ားအတြက္
xxxxxxxxxxxxxxxxxxxxxမ်ားxxxxxxxxxxxxxxxxxx


အခုတေလာ ကၽြန္ေတာ့္ဆီမွာ အလုပ္လာစပ္တဲ့သူေတြ မ်ားေနသည္။  NGO မွာ အလုပ္၀င္ခ်င္တယ္၊ ဘာလုပ္ရမလဲ။ ဆိုေသာ သံုးဘြဲ႕ရ ပညာတတ္္မ်ားပါသလို၊ ငါ့ေယာက္်ားကို နင္တို႕ အဖြဲ႕ထဲသြင္းေပး စမ္းပါ ။ ဆိုေသာသူလည္းမရွား။ မိန္းမယူခ်င္ျပီ အလုပ္ရွိရင္ ေျပာဗ်ာ ဆိုသူလည္းရွိသည္။ NGO ေ လာကကို လူေတြစိတ္၀င္စားလာၾကေသာေၾကာင့္ ၀မ္းသာရပါသည္။ ပြင့္ပြင့္လင္းလင္း
ေျပာရလွ်င္ေတာ့ အမ်ားစုအလုပ္၀င္ခ်င္သည္မွာ NGO မ်ားက
အစိုးရႏွင့္စာလွ်င္ ျမင့္မားေသာ လစာကို ကမ္းလွမ္းတတ္ေသာ
ေၾကာင့္ျဖစ္ပါသည္။ အဲ .. တစ္ခ်ိဳ႕ဘဏ္ၾကီးေတြေလာက္ေတာ့
ႏွစ္စဥ္ေၾကးေတြ၊ ေဘာနပ္စ္ေတြ မေပးႏုိင္ဘူးေပါ့ေလ။

ကၽြန္ေတာ့္ဆရာတစ္ေယာက္၏ သေဘာထားကို ျပန္လည္ထင္ဟပ္
ျပရလွ်င္ NGO အလုပ္မွာ ၀ါသနာပါမွသာ ေကာင္းမည္ျဖစ္ပါသည္။ ၀ါသနာမပါဘဲ အသက္ေမြး၀မ္းေၾကာင္းအျဖစ္ ၀င္ေရာက္လုပ္ကုိင္ဖို႕ ေကာင္းေသာ လုပ္ငန္းမ်ိဳးမဟုတ္ပါ။ ၀ါသနာလည္းပါသည္ ။

လူထုဖြံ႕ျဖိဳးေရးလုပ္ငန္းလည္းစိတ္၀င္စားသည္။
နာ လည္း သံုးနာမက ေလးငါးေျခာက္နာ ရွိသည္ဆိုလွ်င္ေတာ့
၀င္ေရာက္လုပ္ကိုင္ႏုိင္ပါသည္။

တစ္ခု သတိျပဳရမည္မွာ NGO လုပ္ငန္းသည္ စီးပြားေရးလုပ္ငန္းမ်ားေနာက္မွ ေပၚလာေသာ လုပ္ငန္း ျဖစ္ပါသည္။ ထို႕ေၾကာင့္ စီးပြားေရးလုပ္ငန္းမ်ားကို စီမံခန္႕ခြဲသည့္ စနစ္မ်ိဳးမ်ားမွ ေပါက္ဖြားလာ သည္ ျဖစ္၍ အုပ္ခ်ဳပ္ေရး၊ စီမံခန္႕ခြဲေရး၊ ဘ႑ာေရး၊ ၀န္ထမ္းေရးရာ၊ ေထာက္ပံ့ပို႕ေဆာင္ေရး၊ အေျခခံလိုအပ္ခ်က္ ေဖၚထုတ္ ျခင္း၊ စီမံခ်က္ ခ်မွတ္ အေကာင္အထည္ေဖၚေဆာင္ရြက္ျခင္း ၊ ျပင္ပဆက္ဆံေရး ၊ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး၊ ေဘးအႏၱရယ္ကင္းရွင္းေရးႏွင့္ လံုျခံဳေရး၊ က်ားမတန္းတူညီမွ်ရွိေရး၊ ပြင့္လင္းျမင္သာမႈရွိေရး စေသာ အပိုင္းမ်ား ကို စီမံခန္႕ခြဲေဆာင္ရြက္ရာတြင္ စံနစ္ျခင္း ခပ္ဆင္ဆင္ပင္ျဖစ္ပါသည္။

ယခင္ကေတာ့ NGO မ်ားက အက်ိဳးအျမတ္မရွာေသာ အဖြဲ႕အစည္းမ်ား အျဖစ္လည္းေကာင္း၊ စီးပြားေရးလုပ္ငန္းမ်ားက အက်ိဳးအျမတ္ရွာေသာ အဖြဲ႕အစည္းမ်ား အျဖစ္လည္းေကာင္း အလြယ္တကူ ခြဲျခား ႏုိင္ပါသည္။ အက်ိဳးအျမတ္ရွာသည္လည္းမဟုတ္ ၊ မရွာသည္လည္း မဟုတ္သည့္ ၾကားက်က် NGO မ်ားလည္း ရွိပါသည္။ ထို႕အျပင္ တစ္စံုတစ္ေယာက္ေသာ အဖြဲ႕အစည္းကို ေနာက္ခံျပဳထားေသာ  ေျကာ္ျငာ NGO မ်ားလည္းရွိပါသည္။ စီးပြားေရး ကုမၸဏီမ်ားကလည္း သဘာ၀ပတ္၀န္းက်င္အေရး၊ ျပည္သူလူထု စီးပြားတိုး တက္ေရး ထည့္သြင္းေဆာင္ရြက္လာၾကတာလည္းရွိသည္။ ထို႕ေၾကာင့္ NGO ႏွင့္ စီးပြားေရးလုပ္ငန္းမ်ားၾကား စည္းမွာ ပါးလ်ားလာျပီျဖစ္သည္ဟု ဆိုႏုိင္ပါသည္။

NGO မ်ားကို ဘာသာေရးစြက္ဖက္မႈကင္းေသာ အဖြဲ႕မ်ားအျဖစ္ တည္ေထာင္ၾကသည္မွာ မ်ားေသာ္လည္း မလႊဲ မကင္းသာပင္ NGO အခ်ိဳ႕မွာ   ဘာသာေရးအစြဲရွိၾကပါသည္။

မည္သို႕ပင္ ဆိုေစကာမူ NGO မ်ားသည္လည္း လူသားမ်ားျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္ေသာေျကာင့္ လံုး၀ျပည့္စံု ရလဒ္ကို ရေအာင္လုပ္ႏုိင္မည္ မဟုတ္ပါ။ ၀န္ထမ္းမ်ားေကာင္းသေလာက္သာ အဖြဲ႕အစည္းကေကာင္းႏုိင္ မည္ ဆိုသည့္အတိုင္းပင္ျဖစ္သည္။
ထိုသို႕ေသာ သေဘာရွိေသာ NGO မ်ားတြင္ အလုပ္လုပ္ကိုင္လိုပါက အားလံုးေသာ သူမ်ားအတြက္ သင့္ေလ်ာ္ ေသာ လုပ္ငန္းမ်ားရွိပါသည္။

ပညာေရးမေအာင္ျမင္သူမ်ားအတြက္ လံုျခံဳေရး၀န္ထမ္း၊ သန္႕ရွင္းေရး၊ ထမင္းခ်က္ ၊ ကြင္းဆင္း အကူ စေသာရာထူးမ်ား၊ စာရင္းကိုင္ဘြဲ႕ရမ်ားအတြက္ အုပ္ခ်ဳပ္ေရး၊ ဘ႑ာေရး ရာထူးမ်ား၊ အသက္ေမြး၀မ္းေၾကာင္း ဆိုင္ရာ ကၽြမ္းက်င္ဘြဲ႕ရမ်ားအတြက္ စီမံခ်က္အရာရွိ ရာထူးမ်ား၊ ကြန္ပ်ဴတာ ဘြဲ႕ရမ်ားအတြက္ အိုင္တီ အရာရွိ ရာထူးမ်ား၊  သာမန္ဘြဲ႕ရမ်ားအတြက္ ေအာက္ေျခ၀န္ထမ္း ရာထူးမ်ား၊ ကားေမာင္းကၽြမ္းက်င္သူမ်ားအတြက္ ယာဥ္ေမာင္းရာထူးမ်ား၊ ပညာရပ္ဆိုင္ရာ ေအာင္ျမင္သူမ်ားအတြက္ အၾကံေပးရာထူး၊ မန္ေနဂ်ာ ရာထူး၊ ဌာနေခါင္းေဆာင္ ရာထူးမ်ား စသည္ျဖင့္ စီမံခ်က္အလိုက္ ၊ အဖြဲ႕အလိုက္ ေထြျပားေသာ အေခၚအေ၀ၚမ်ားျဖင့္ ေနရာရာထူး အေျမာက္အျမားကို အခ်ိန္တိုင္းတြင္ ေခၚယူလ်က္ရွိပါသည္။ http://www.themimu.info/jobs-for-myanmar-nationals တြင္၀င္ေရာက္ၾကည့္ရႈႏုိင္ပါသည္။
မိမိႏွင့္သက္ဆိုင္ရာ ရာထူးကို ေလ်ွာက္ထားေတာ့မည္ဆိုပါလွ်င္ ေအာက္ပါတုိ႕ကို ၾကိဳတင္ျပင္ဆင္ထားသင့္ပါသည္။

၁။ CV 

CV Form သည္ မိမိ အလုပ္အကိုင္ရရွိေရးအတြက္ အသက္ပင္ျဖစ္ပါသည္။ အကယ္၍ အဖြဲ႕အစည္းသည္ မိမိကို သိရွိျခင္းမရွိပါက မိမိအေၾကာင္းသိႏုိင္ရန္ CV ကို အားကိုးရေတာ့မည္ျဖစ္ပါသည္။ ထို႕ေၾကာင့္ CV Form ေရးသားျခင္းႏွင့္ပတ္သက္ျပီး ရွာေဖြ ေလ့လာ ေရးသားထားဖို႕လိုပါသည္။ Internet တြင္ CV Form ပံုစံအေျမာက္အမ်ားကို ရွာေဖြေတြ႕ရွိႏိုင္ပါသည္။ မိမိ ၏ စြမ္းေဆာင္ရည္အားလံုးကို CV Form သို႕ မဟုတ္ ေလွ်ာက္လႊာတြင္ အျပည့္အစံုေဖၚျပထားသင့္ပါသည္။
အခ်ိဳ႕ အဖြဲ႕အစည္းမ်ားသည္ ၄င္းတို႕ကိုယ္ပိုင္ CV Form ပံုစံမ်ားကို အသံုးျပဳၾကသျဖင့္ ယင္းတို႕ကိုလည္း ျဖည့္ စြက္ေပးဖို႕လိုပါသည္။

၂။ Job Announcement

အလုပ္ေၾကာ္ျငာစာကို လည္း ေလ့လာထားရမည္ျဖစ္ပါသည္။ အလုပ္ေၾကာ္ျငာစာ အမ်ားစုတြင္ မိမိထမ္းေဆာင္ ရမည့္ တာ၀န္၀တၱရားမ်ား ကို ေဖၚျပထားျပီးျဖစ္သျဖင့္ ယင္း၀တၱ၇ားမ်ားကို ထမ္းေဆာင္၇န္ လိုအပ္ေသာ ပညာ ၇ပ္မ်ားကို ေလ့လာထားရပါမည္။ သို႕မွသာ အင္တာဗ်ဴးေမးခြန္းမ်ားကို မွန္းဆၾကည့္ႏုိင္မည္ျဖစ္သည္။

၃။ Field of Work
မိမိေလွ်ာက္ထားေသာ အလုပ္၏သက္ဆိုင္ရာ နယ္ပယ္ ကိုလည္း ေလ့လာထားဖို႕ျဖစ္ပါသည္။ ေအာက္ပါတို႕မွာ ေယဘုယ်အားျဖင့္ အားလံုးႏွင့္ ဆက္စပ္ေနေသာ ေခါင္းစဥ္မ်ားျဖစ္ပါသည္။

 ၃။(က) ဘ႑ာေရး
 ယင္းအပိုင္းတြင္ ေငြရေျပစာကပ္ျခင္းမွ စ၍ ၾကိဳတင္ေငြထုတ္ျခင္း၊ ျပန္လည္ရွင္းလင္းျခင္း၊ လက္မွတ္ လိုအပ္ခ်က္၊ ေငြရေျပစာတြင္ပါရမည့္ အခ်က္အလက္မ်ား၊ ခြင့္ျပဳခ်က္ေတာင္းခံျခင္း ျဖစ္စဥ္၊ အရာရွိ အဆင့္ဆင့္ ၏ ခြင့္ျပဳခ်က္ေပးႏိုင္သည့္ ေငြပမာဏ၊ ေငြသားသယ္ေဆာင္ျခင္း သတ္မွတ္ခ်က္၊ ဘ႑ာေရးဌာနသံုး ပံုစံမ်ား၊ ယင္းပံုစံမ်ား၏ရည္ရြယ္ခ်က္၊ ေငြရေျပစာႏွင့္ ပူးတြဲတင္ျပရန္ လိုအပ္သည့္ အေထာက္အထားမ်ား၊ အေသးသံုး ေငြ၊ ေငြစာရင္းေခါင္းစဥ္မ်ား၊ သက္ဆိုင္ရာေငြစာရင္းေခါင္းစဥ္အလိုက္ အသံုးျပဳႏုိင္ေသာ ေငြပမာဏ၊ အသံုးစရိတ္ၾကိဳတင္ခန္႕မွန္းျခင္း၊ ပိုသံုးမိေငြနွင့္ ကုန္ေအာင္မသံုးႏုိင္ေသာေငြ မ်ား စီမံခန္႕ခြဲဲျခင္း၊ အလြဲသံုးစား မႈ ကာကြယ္ေရး အစီအမံမ်ား၊ အလွဴရွင္၏ ကန္႕သတ္ခ်က္မ်ား၊ ဘဏ္အေကာင့္ ဖြင့္ျခင္း၊ ခ်က္လက္မွတ္ေရးသား ျခင္း၊ ေငြစာရင္းကိုက္ျခင္း၊ ေငြစာရင္းမ်ားကို Database သို႕ ထည့္သြင္းျခင္း၊ လစာေပးေခ်ျခင္း၊ လအလိုက္ ေငြလဲနႈန္းမ်ား၊ အလွဴရွင္ထံမွ ေငြလႊဲ မည့္ အခ်ိန္ဇယား၊ ေငြလႊဲျခင္း၊ လႊဲေငြလက္ခံရယူျခင္း၊ ဘ႑ာေရး အစီရင္ ခံစာ၊ ကုဒ္နံပါတ္စံနစ္မ်ား၊ မရွင္းလင္းေသာ ေငြရေျပစာမ်ားအတြက္ ေအာက္ေျခမွတ္စု ေရးသားျခင္း၊ မူရင္း စာရြက္စာတမ္းမ်ား ထိန္းသိမ္းထားျခင္း/ေပးပို႕ျခင္း၊ စာခ်ဳပ္မ်ား၏ ေငြေခ်ရန္ တာ၀န္ရွိမႈမ်ား၊  မီးခံေသတၱာစီမံခန္႕ခြဲျခင္း၊ အနည္းဆံုးရွိရမည့္ေငြသားပမာဏ ၊ ေငြစာရင္းေခါင္းစဥ္အလိုက္ ေငြေၾကးသံုးစြဲႏုိင္မႈ နႈန္း၊ က႑အလိုက္ ေငြသံုးနႈန္း ၊ ၀န္ထမ္းတစ္ဦးခ်င္းစီ၏ သံုးစြဲမႈ ၊ စီမံခ်က္တစ္ခုခ်င္းစီ၏ေငြသံုးနႈန္း၊ အလွဴရွင္ တစ္ခုခ်င္းစီမွ ေငြသံုးစြဲမႈ ၊ အလားအလာရွိေသာ အလွဴရွင္ ေလ့လာျခင္း၊ အေရးေပၚသံုး အရန္ေငြသား၊ ၀န္ထမ္းေခ်းေငြ၊ ပညာသင္ေထာက္ပံ့ေၾကး၊ လူမႈေရးဆုိင္ရာ ကူညီေထာက္ပံ့ေၾကးမ်ား စသည္ျဖင့္ မဆံုးႏုိင္ေသာ ေလ့လာစရာမ်ား ရွိေန မည္ျဖစ္သည္။ ယင္းတို႕အနက္မွ မိမိရာထူးအရ ကိုင္တြယ္ ေဆာင္ရြက္ရမည့္ ဘ႑ာေရး ကိစၥမ်ားကို ေလ့လာထားသင့္ပါသည္။

၃။(ခ) အုပ္ခ်ဳပ္ေရး

 ယင္းအပိုင္းတြင္ ၀င္စာ၊ထြက္စာ၊ ေရ/မီးျပည့္စံုေရး၊ ရံုးခန္း/ယာဥ္ ငွားရမ္းျခင္း၊ မီးစက္စီမံခန္႕ခြဲျခင္း၊ အိုင္တီပစၥည္းမ်ား စီမံခန္႕ခြဲ႕ျခင္း၊ ပံုေသပိုင္ပစၥည္းမ်ား ႏွင့္ ပိုင္ဆိုင္ပစၥည္းမ်ားစီမံခန္႕ခြဲျခင္း၊ ၀န္ထမ္းအိမ္ယာ ႏွင့္ ၀န္ထမ္းမ်ားအတြက္ ေဆာင္ရြက္ေပးဖြယ္ရာမ်ား၊ ရံုးခန္းအျပင္အဆင္၊ သင္တန္းမ်ားႏွင့္ ေဆြးေႏြးပြဲမ်ားအတြက္ ျပင္ဆင္ျခင္း/ ေကာ္ဖီႏွင့္ ေန႕လည္စာ စီမံေပးျခင္း၊ ဟိုတယ္ ဘြတ္ကင္လုပ္ျခင္း၊ ကား/ရထား/ေလယာဥ္လက္မွတ္ မ်ား စီစဥ္ေပးျခင္း၊ စာရြက္စာတမ္းမ်ားေပးပို႕ျခင္း၊ စာခ်ဳပ္ေရးသားျခင္း၊ ေငြေတာင္းခံလႊာမ်ား ရွင္းလင္းျခင္း၊ ပတ္စ္ပို႕ႏွင့္ ဗီဇာ သက္တမ္းစီမံခန္႕ခြဲျခင္း၊ အစိုးရဌာနမ်ားႏွင့္ ဆက္သြယ္ေဆာင္ရြက္ျခင္း၊ ေလ၀င္ေလထြက္စံနစ္၊ အခန္းဖြဲ႕ျခင္းႏွင့္ ရံုးအေဆာက္အဦး၏ ဥပဓိေကာင္းမြန္ေအာင္ ျပင္ဆင္ျခင္း၊ ကားပါကင္ စီမံျခင္း၊ စကၠဴႏွင့္ စာေရးကိရိယာပစၥည္းမ်ား စီမံခန္႕ခြဲျခင္း၊  ရံုုးအေသးသံုးေငြ စီမံခန္႕ခြဲျခင္း၊ အုပ္ခ်ဳပ္ေရးလုပ္ငန္းသံုး စာရြက္စာတမ္းမ်ား၊ ဖုန္း/ဖက္စ္/အင္တာနက္ ဆက္သြယ္ေရးစံနစ္မ်ား တပ္ဆင္ျခင္း၊ အဖြဲ႕ပိုင္ေျမေပၚမွ အလိုအေလ်ာက္ထြက္ကုန္မ်ား စီမံခန္႕ခြဲျခင္း၊ အာမခံ လုပ္ငန္းမ်ားႏွင့္ ခ်ိတ္ဆက္ျခင္း၊ ထမင္းခ်က္မ်ားနွင့္ သန္႕ရွင္းေရးု၀န္ထမ္းမ်ားအားစီမံခန္႕ခြဲျခင္း စေသာ ေျမာက္မ်ားလွစြာေသာ လုပ္ငန္းမ်ားအနက္မွ မိမိ သက္ဆိုင္ရာရာထူး မွ ထိေတြ႕ေဆာင္ရြက္ရမည့္ ကိစၥမ်ားအတြက္ လုပ္ထံုးလုပ္နည္းမ်ားကိုလည္း ေလ့လာလိုက္ပါ။

၃။ (ဂ) ေထာက္ပံ့ပို႕ေဆာင္ေရး

 ယင္းအပိုင္းတြင္ ပစၥည္း၀ယ္ယူခြင့္ေတာင္းခံျခင္း၊ ပစၥည္းမွာယူျခင္း၊ ပစၥည္းလက္ခံရယူျခင္း၊ ပစၥည္းအရည္အေသြးစစ္ေဆးျခင္း၊ ပစၥည္းမ်ားကို မိမိအဖြဲ႕ပိုင္ယာဥ္ျဖင့္ပို႕ျခင္း/အျခားယာဥ္ျဖင့္ပို႕ျခင္း၊ ေစ်းနႈန္းဆန္းစစ္ခ်က္ျပဳလုပ္ျခင္း၊ ေစ်းနႈန္းစံုစမ္းေကာက္ယူျခင္း၊ ပစၥည္း/၀န္ေဆာင္မႈ တင္သြင္းသူမ်ား၏ အခ်က္အလက္ မ်ား၊ သက္ဆိုင္ ရာလုပ္ငန္းမ်ားအလိုက္ တရား၀င္ လိုင္စင္ရ ပစၥည္းတင္သြင္းသူမ်ားလိုအပ္မႈ၊ ၀ယ္ယူသည္  ့နည္းလမ္းမ်ား အလုိက္  ၀ယ္ယူႏိုင္သည့္ ပမာဏ သတ္မွတ္ခ်က္၊  ၀ယ္ယူမႈစီစစ္ေရးဘုတ္အဖြဲ႕၊  တင္ဒါ/ႏိုင္ငံတကာတင္ဒါ ေခၚျခင္း၊ ေငြေပးေခ် ျခင္း၊ ငွားရမ္း/ေရာင္း၀ယ္စာခ်ဳပ္မ်ားေရးသားခ်ဳပ္ဆိုျခင္း၊ အဖြဲ႕ပိုင္ယာဥ္မ်ား စီမံခန္႕ခြဲျခင္း၊ အဖြဲ႕ပိုင္ ပစၥည္းမ်ား အားမွတ္ပံုတင္ျခင္း၊ အဖြဲ႕ပိုင္ပစၥည္းမ်ား အသံုးျပဳမႈ စီမံခန္႕ခြဲျခင္း၊ အဖြဲ႕ပုိင္ယာဥ္မ်ားအသံုးျပဳမႈ/အသံုး၀င္မႈ စီစစ္ျခင္း၊ ယာဥ္ႏွင့္ ပစၥည္းကိရိယာမ်ား ျပဳျပင္ထိန္းသိမ္းျခင္း၊ စက္သံုးဆီစီမံခန္႕ခြဲျခင္း၊ စက္သံုးဆီ အသံုးျပဳမႈ ကန္႕သတ္္ခ်က္၊ စီမံခ်က္မ်ားအလိုက္ ၀ယ္ယူျခင္းဆိုင္ရာကန္႕ သတ္ခ်က္မ်ား၊  ၾကိဳတင္ေပးေခ်ျခင္းႏွင့္ ေနာက္က်ေပးေခ်ျခင္းမ်ားဆိုင္ရာ ညိွႏိႈင္းမႈမ်ား၊ စတိုစီမံခန္႕ခြဲျခင္း၊ စတိုစာရင္းအင္းမ်ား ျဖည့္သြင္းျခင္း၊ ကြန္ပ်ဴတာတြင္ ထည့္သြင္းျခင္း၊ စတိုႏွင့္ ပိုင္ဆိုင္မႈ ပစၥည္းမ်ား စစ္ေဆးျခင္း၊ စတိုအတြင္း စိုထိုင္းဆႏွင့္ အပူခ်ိန္ စီမံခန္႕ခြဲျခင္း၊ စတိုတြင္းပစၥည္းမ်ားအလိုက္ ေနရာခ်ထားျခင္း၊ ပစၥည္းလွဴဒါန္းမႈ ျပဳလုပ္ျခင္း၊ ပစၥည္းလွဴဒါန္းမႈ လက္ခံျခင္း၊ ေပ်ာက္ဆံုး/ေလ်ာ့နည္း ပစၥည္းမ်ား ဆိုင္ရာလုပ္ထံုးလုပ္နည္းမ်ား၊ သက္တမ္းကုန္ပစၥည္းမ်ား စြန္႕ပစ္ျခင္း/ဖ်က္ ဆီးျခင္းဆိုင္ရာ လုပ္ထံုးလုပ္နည္းမ်ား၊ ဒရိုင္ဘာမ်ားႏွင့္ ရံုးေစာင့္မ်ားစီမံကြပ္ကဲျခင္း၊ သက္ဆိုင္ရာ စာရြက္စာတမ္းမ်ား အသံုးျပဳ ပံုသင္တန္းေပးျခင္း၊ သက္ဆိုင္ရာ ေဒတာေဘ့စ္မ်ား စသျဖင့္ မဆံုးႏိုင္ေသာ လုပ္ငန္းမ်ားမွ မိမိရာထူးအရ ပါ၀င္ရမည့္ က႑မ်ားကို ေလ့လာထားသင့္ပါသည္။

 ၃။(ဃ) လူ႕စြမ္းအားအရင္းအျမစ္စီမံခန္႕ခြဲျခင္း

ယင္းအပိုင္းတြင္ အစိုးရ၏ အလုပ္သမားဥပေဒ၊ ၀န္ထမ္းလိုအပ္ခ်က္ေတာင္းခံျခင္း၊ တာ၀န္နွင့္ ၀တၱရားမ်ားေဖၚထုတ္ျခင္း၊ လစာနွင့္ အဆင့္သတ္မွတ္ျခင္း၊ ခ်ဳပ္ဆိုမည့္ စာခ်ဳပ္အမ်ိဳးအစားသတ္မွတ္ျခင္း၊ အစမ္းခန္႕ကာလ၊ အလုပ္ေခၚစာ ေၾကျငာျခင္း၊ ေလွ်ာက္ထားသူစာရင္း၊ ေလွ်ာက္လႊာမ်ားမွ ေရြးခ်ယ္ျခင္း၊ အင္တာဗ်ဴး အဖြဲ႕ဖြဲ႕ျခင္း၊ အင္တာဗ်ဴးေမးခြန္းျပဳစုျခင္း၊ အင္တာဗ်ဴးရက္ေရြးခ်ယ္သတ္မွတ္ျခင္း၊ အင္တာဗ်ဴးခံမည့္ အလုပ္ေလွ်ာက္သူမ်ားအား ခ်ိန္းဆိုျခင္း၊ အင္တာဗ်ဴးမ်ားျပဳလုပ္ျခင္း၊ အေကာင္းမြန္ဆံုး သူမ်ားအား ေရြးခ်ယ္ျခင္း၊ အလုပ္အတြက္ ကမ္းလွမ္းခ်က္မ်ားေပးပို႕ျခင္း၊ စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ၀န္ထမ္းသစ္မ်ားကို မိတ္ဆက္ေပးျခင္း/ ဌာနတိုင္းမွ လုပ္ငန္းစဥ္မ်ားကို ရွင္းျပေစျခင္း၊ ရံုးအခင္းအက်င္း ႏွင့္ လိုက္နာရမည္ ေပၚလစီ မ်ား၊ ခံစားခြင့္မ်ား ရွင္းျပျခင္း ၊ လုပ္ငန္းခြင္ဆိုင္ရာ ေဘးအႏၱရယ္၊ ကာကြယ္ေဆးမ်ားထိုးနွံေပးျခင္း၊ လစာတြက္ခ်က္ျခင္း၊ ၀န္ထမ္းကဒ္ထုတ္ေပးျခင္း၊ ခံစားခြင့္ ရွိမိသားစု စာရင္းထိန္းသိမ္းထားျခင္း၊ ၀န္ထမ္းမ်ား၏နွစ္စဥ္လုပ္ေဆာင္ခ်က္ မ်ားကို အကဲျဖတ္ျခင္း၊ လိုအပ္ေသာ သင္တန္းမ်ားစီစဥ္ေပးျခင္း၊ ႏွစ္တိုးခံစားခြင့္မ်ားတြက္ခ်က္ျခင္း၊ အသက္အာမခံ ႏွင့္လုပ္ငန္းခြင္ထိခိုက္မႈအာမခံ၊ က်န္းမာေရးအာမခံ မ်ား ထားရွိျခင္း၊ အခြန္တြက္ခ်က္ေပးေဆာင္ေစျခင္း၊ ခြင့္လက္က်န္မ်ားတြက္ခ်က္ျခင္း၊ ခြင့္လက္က်န္စာရင္းမ်ားကို သက္ဆိုင္ရာ အရာရွိသို႕ေပးပို႕ျခင္း၊ စီမံကြပ္ကဲမႈ ကြန္ပ်ဴတာစံနစ္ထဲသို႕ ထည့္သြင္းျခင္း၊ အလုပ္ထြက္မည့္၀န္ထမ္းမ်ား၏ ခံစားခြင့္မ်ားတြက္ခ်က္ျခင္း၊ အလုပ္ထြက္သည့္ ၀န္ထမ္းမ်ား အတြက္ ေထာက္ခံစာမ်ား ထုတ္ျပန္ေပးျခင္း၊ ၀န္ထမ္းကိုယ္စားလွယ္ထားရွိျခင္း၊ ၀န္ထမ္းအဖြဲ႕မ်ားဖြဲ႕စည္းေစျခင္း၊ လုပ္သက္ ရင့္၀န္ထမ္းမ်ားအား အသိအမွတ္ျပဳ ဆုလက္ေဆာင္မ်ား ခ်ိီးျမွင့္ျခင္း၊ စည္းကမ္းေဖာက္ဖ်က္ေသာ ၀န္ထမ္းမ်ားအား စစ္ေဆးျခင္းလုပ္ထံုး လုပ္နည္း၊ အဖြဲ႕အစည္း၏ အဆံုးစြန္ရည္မွန္းခ်က္အား ၀န္ထမ္းတုိင္း သို႕ေရာက္ရွိေစရန္ေဆာင္ရြက္ျခင္း၊ ၀န္ထမ္းမ်ား၏ လူမႈေရးကိစၥမ်ားတြင္ အျခား၀န္ထမ္းမ်ား ပါ၀င္ႏိုင္ရန္ ညိွႏိႈင္းေပးျခင္း၊ စြမ္းေဆာင္ရည္ျမွင့္တင္ေပးျခင္း၊ အားသစ္ေလာင္း ခရီးစဥ္မ်ား စီစဥ္ေပးျခင္း၊ ထူးခၽြန္ေသာ ၀န္ထမ္းမ်ား ရာထူး တိုးတက္ရရွိႏိုင္ရန္ စီစဥ္ေပးျခင္း စေသာ ကိစၥမ်ားတြင္ မိမိ ပါ၀င္ရမည္ကို ေလ့လာထားသင့္ပါသည္။

၄။ စီမံခ်က္အေကာင္အထည္ေဖၚေဆာင္ရြက္ျခင္း

NGO အေျမာက္အမ်ားသည္ စီမံခ်က္အေျခခံ ရွိၾကသည္။ စီမံခ်က္ရွိလွ်င္ အလုပ္ရွိမည္။  စီမံခ်က္မရွိလွ်င္ ဘာမွ်ရွိေတာ့မည္ မဟုတ္ပါ။ စီမံခ်က္ စီမံခန္႕ခြဲျခင္းသည္ ဘ႑ာေရးစီမံခန္႕ခြဲျခင္းကဲ့သို႕ပင္ အလြန္က်ယ္ျပန္႕ေသာ ဘာသာရပ္ျဖစ္ပါသည္။ NGO မ်ား၏ စီမံခ်က္မ်ားတြက္ ပါ၀င္ပတ္သက္သူမ်ားအားလံုးကို ျခံဳ၍ Stakeholders ဟုေခၚတတ္သည္။ ယင္းတြင္ စီမံခ်က္၀န္ထမ္းမ်ား၊ အစိုးရ၊ အက်ိဳးခံစားခြင့္ရွိသူမ်ား၊ ပူးတြဲေဆာင္ရြက္သည့္အဖြဲ႕မ်ား၊ အျခားအဖြဲ႕ မ်ား၊ အလွဴရွင္မ်ား ပါ၀င္သည္။

စီမံခ်က္ စက္၀န္း
စီမံခ်က္စက္၀န္းကို အၾကမ္းအားျဖင့္ Planning, Implementation, Evaluation (PIE) စသျဖင့္ မွတ္သားႏုိင္သည္။

Planning အဆင့္တြင္ 
 ၁- အၾကံဥာဏ္ရျခင္း
 ၂-စစ္တမ္းေကာက္ယူျခင္း
 ၃- ဒီဇ္ုိင္းထုတ္ျပီး နိႈင္းယွဥ္သံုးသပ္ေရြးခ်ယ္ျခင္း
 ၄- အလွဴရွင္ရွာေဖြျခင္း
 ၅- Proposal ေရးသားတင္သြင္းျခင္း
 ၆- အလွဴရွင္ႏွင့္ သေဘာတူညီခ်က္ ျပဳလုပ္ျခင္း စသည္တို႕ ပါ၀င္ႏိုင္သည္။

Implementation အဆင့္တြင္
 ၁- ၀န္ထမ္းရွာေဖြငွားရမ္းျခင္း
 ၂- ရံုးမ်ားျပင္ဆင္ဖြင့္လွစ္ျခင္း
 ၃-လိုအပ္ေသာ ပစၥည္းမ်ား၀ယ္ယူျခင္း
 ၄- ၀န္ထမ္းမ်ားအား ေလ့က်င့္သင္ၾကားေပးျခင္း
 ၅-လုပ္ငန္းစဥ္မ်ားအတြက္ စံသတ္မွတ္ခ်က္မ်ားေရးဆြဲျခင္း
 ၆-ကြင္းဆင္းလုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ျခင္း
 ၇-အစီရင္ခံစာမ်ားတင္သြင္ျခင္း
 ၈-ကြင္းဆင္းစစ္ေဆးၾကီးၾကပ္ျခင္း
 ၉-စီမံခ်က္ျပီးေျမာက္မႈတိုင္းတာျခင္း စသည္တို႕ပါ၀င္ႏုိင္သည္။
Evaluation အဆင့္တြင္
 ၁- စီမံခ်က္ရလဒ္မ်ားအား စာရင္းစစ္၀င္ျခင္း
 ၂-စီမံခ်က္၏ ေအာင္ျမင္ေသာ အခ်က္မ်ား၊ က်ရံႈးေသာ အခ်က္မ်ားကိုေဖၚထုတ္ျခင္း
 ၃- စီမံခ်က္၏ ျဖစ္ေပၚလာေသာအေျပာင္းအလဲမ်ား၊ သက္ေရာက္မႈမ်ားကို ရွာေဖြေဖၚထုတ္ျခင္း
 ၄-စီမံခ်က္က မျဖည့္ဆည္းႏုိင္ခဲ့ေသာ လိုအပ္ခ်က္မ်ားကို ေဖၚထုတ္ျခင္း
 ၅- စစ္ေဆးတို္င္းတာရရွိေသာ ရလဒ္မ်ားကို တင္ျပျခင္း
 ၆- စီမံခ်က္ပိတ္သိမ္းျခင္း စသည္တို႕ပါ၀င္ႏုိင္သည္။

၅။ အေျခခံသေဘာတရားမ်ား

စီမံခ်က္လုပ္ငန္းမ်ားကို အေကာင္အထည္ေဖၚေဆာင္ရြက္ရာတြင္-
၁၊ ပြင့္လင္းျမင္သာမႈရွိျခင္း
၂။ အားလံုးပူးေပါင္းပါ၀င္မႈရွိျခင္း
၃။ တာ၀န္ယူမႈတာ၀န္ခံမႈရွိျခင္း
၄။ က်ားမလူမႈေရးရာ ညီမွ်မႈရွိေစရန္ အားေပးေဆာင္ရြက္ျခင္း
၅။ ေဘးအႏၱရာယ္ကင္းရွင္းေရးႏွင့္ လံုျခံဳေရး
၆။ ေဒသတြင္းရွိ အရင္းအျမစ္မ်ား၊ နည္းပညာမ်ားကို အသံုးျပဳျခင္း
၇။ ေရရွည္ဖြံ႕ျဖိဳးတိုးတက္မႈအတြက္ ရည္ရြယ္ေဆာင္ရြက္ျခင္း
၈။ ဘက္လုိက္မႈ မရွိျခင္း
 ၉။ လ်ိွဳ႕၀ွက္ခ်က္ထိန္းသိမ္းျခင္း
၁၀။ အစိုးရဌာနမ်ားႏွင့္ လူထုအၾကားခ်ိတ္ဆက္ေပးျခင္း
၁၁။ အစိုးရ၏ က်င့္ထံုးဥပေဒမ်ားကို္ လိုက္နာျခင္း
၁၁။ ႏုိင္ငံတကာစံနႈန္းမ်ားကို လိုက္နာျခင္း
၁၂။ မိမိအဖြဲ႕အစည္းႏွင့္ အလွဴရွင္အဖြဲ႕အစည္း၏ ပံုရိပ္ကိုထိန္းသိမ္းထားျခင္း
၁၃။ လာဘ္စားမႈ၊ အခြင့္အေရးယူမႈ၊ အလြဲသံုးစားမႈ ကင္းရွင္းျခင္း
၁၄။ ၀န္ထမ္းမ်ား၏ အရည္အေသြးတည္ေဆာက္ေပးျခင္း
၁၅။ သဘာ၀ပတ္၀န္းက်င္ ယိုယြင္းမႈမျဖစ္ေစရန္ လိုက္နာေဆာင္ရြက္ျခင္း
၁၆။ ေငြကို အက်ိဳးအရွိဆံုးျဖစ္ေအာင္ အသံုးခ်ျခင္း
၁၇။ ကေလးသူငယ္မ်ား၏ အခြင့္အေရးအတြက္ တာ၀န္ယူေဆာင္ရြက္ျခင္း
၁၈။ ေဒသအေပၚတြင္ ဆိုးက်ိဳးအေျပာင္းအလဲမ်ားမ်ား မသက္ေရာက္ေစျခင္း
၁၉။ လူထု၏ အခြင့္အေရးႏွင့္ တာ၀န္ရွိမႈမ်ား
၂၀။ လက္ေတြ႕ အေထာက္အထားအေျခခံ ခ်ဥ္းကပ္ျခင္း
၂၁။ အလွဴရွင္မ်ား၏ ဦးစားေပးကိစၥမ်ားကို ေဆာင္ရြက္ျခင္း
၂၂။ လူ႕အခြင့္အေရးစံနႈန္းမ်ား
 စသည္တို႕သည္ လုပ္ငန္းေဆာင္ရြက္ရာတြင္ အေျခခံ သေဘာတရားမ်ားပင္ျဖစ္သည္။

၆။ ကၽြမ္းက်င္မႈမ်ား

NGO မ်ားသည္ေယဘုယ်အားျဖင့္ ေအာက္ပါကၽြမ္းက်င္မႈမ်ားကို ေတာင္းဆိုမည္ျဖစ္သည္။
၁။ ဆက္သြယ္ေရးဆိုင္ရာ ကၽြမ္းက်င္မႈ
၂။ လုပ္ငန္းနည္းပညာဆိုင္ရာကြ်မ္းက်င္မႈ
၃။ ညိွႏိႈ္င္းေဆာင္ရြက္ျခင္း ကၽြမ္းက်င္မႈ
၄။ ထိန္းညွိ ေပးျခင္းဆိုင္ရာကၽြမ္းက်င္မႈ
၅။ အသင္းလိုက္ေဆာင္ရြက္ျခင္းဆိုင္ရာ ကၽြမ္းက်င္မႈ
၆။ လုပ္ငန္းခြင္ အႏၱရယ္္ေလ်ာ့က်ေရးေဆာင္ရြက္ျခင္းဆိုင္ရာ ကၽြမ္းက်င္မႈ
၇။ အစီရင္ခံျခင္း ကၽြမ္းက်င္မႈ
၈။ ဘာသာစကားကၽြမ္းက်င္မႈ( အထူးသျဖင့္ ေဒသစကားႏွင့္ Eng)
၉။ IT နည္းပညာကၽြမ္းက်င္မႈ
၁၀။ ေဒသလူမႈေနာက္ခံကၽြမ္းက်င္မႈ
၁၁။ စိတ္ဖိစီးမႈ ေျဖေလ်ာ့ျခင္း ကၽြမ္းက်င္မႈ
၁၂။ အေရးဆိုတင္ျပျခင္းဆိုင္ရာ ကၽြမ္းက်င္မႈ
၁၃။ ယဥ္ေက်းမႈ မတူသူမ်ား အၾကား လုပ္ကိုင္ျခင္း ကၽြမ္းက်င္မႈ
၁၄။ သတင္းအခ်က္အလက္စီမံျခင္း ကၽြမ္းက်င္မႈ
စသည္တို႕ ပါ၀င္ပါသည္။

အၾကမ္းဖ်င္းအားျဖင့္ ေဖၚျပထားေသာ အထက္ပါ (၆)ခ်က္အတြင္းရွိ အေၾကာင္းအရာမွာ အျပည့္အစံုးမဟုတ္ေသးပါ။ တစ္ခုခ်င္းစီကို စာအုပ္တစ္အုပ္စာျဖန္႕ေရးႏုိင္ပါသည္။ တစ္ခ်ိဳ႕ အေၾကာင္းအရာမ်ားမွာ က်မ္းစာအုပ္ေပါင္းမ်ားစြာ ေရးသားျပီးသားပင္ရွိပါလိမ့္မည္။ ကၽြမ္းက်င္မႈမ်ားရွိရန္ လည္း ေလ့က်င့္ရယူႏုိင္ပါသည္။ သို႕ေသာ္ အထက္ပါတို႕သည္ ျပည့္စံုသည္မဟုတ္ေၾကာင္း တတ္ကၽြမ္းနားလည္သူ မ်ားထံမွ ထပ္မံေခါင္းစဥ္မ်ားေတာင္းခံသင့္ေၾကာင္းလည္း သိရွိသင့္ပါသည္။

သို႕ေသာ္ ယခုအခ်ိန္မွ NGO အလုပ္ထဲ စတင္၀င္မည့္သူမ်ားအတြက္ မူ အၾကမ္းဖ်င္းသိထားလွ်င္၊ ယုတ္စြအဆံုး ထိုအေၾကာင္းအရာမ်ားရွိေၾကာင္း ေျပာျပနုိင္လွ်င္ (Eng လိုေျပာႏိုင္လွ်င္ပိုေကာင္း) ပင္ အင္တာဗ်ဴး အဖြဲ႕၏ စိတ္၀င္စားမႈခံရပါလိမ့္မည္။

Credit: www.themimu.info

Salary ဆိုတာ . . .

Salary ဆိုတာ . . .


Salary သည္ ဝန္ထမ္းတစ္ေယာက္က သူ၏ လုပ္အားကို ေပးအပ္သျဖင့္ ရရွိေသာ တန္ရာတန္ဖိုး ေပးအပ္ေသာ အဖိုးအခ ျဖစ္သည္။ထိုသူ၏ အဖိုးအခတြင္ သူ႔ရဲ႕တစ္ဦးတည္း ခံစားခ်က္ သာမက သူနဲ႔ဆက္စပ္ေနေသာ ပတ္ဝန္းက်င္ပါ ပါဝင္ပတ္သက္သည္။ထို႔ေၾကာင့္ က်ေနာ္တို႔ HR ေတြသည္ Salary ကို မွန္ကန္ေအာင္ ျပင္ဆင္ရမည္။အထင္နဲ႔ လုပ္ကိုင္ေသာ လုပ္ရပ္ျဖင့္ Organization တြင္ ရွိေနေသာ ဝန္ထမ္းမ်ား၏ Motivation ေလ်ာ့ခ်ျပီး Push လုပ္ေနေသာ HR မျဖစ္ရန္ ေသခ်ာ ဂရုထားရမည္ ျဖစ္ပါသည္။

ဒါဆို HR ေတြ အေနျဖင့္ Salary ကို ေသခ်ာေသာ လုပ္ထုံးလုပ္နည္းမ်ားျဖင့္ ျပင္ဆင္ၾကရမည္။ပထမဆုံး Salary ကို ျပင္ဆင္ရန္ က်ေနာ္တို႔တြင္ မိမိတို႔လုပ္ငန္းႏွင့္  ပတ္သက္ေသာ လုပ္ငန္းတူမ်ားတြင္ ေပးအပ္ေနေသာ ရာထူးမ်ား၏ လစာမ်ားကို ျပင္ဆင္ႏႈိင္းယွဥ္ခ်က္မ်ား ျပဳလုပ္ထားရမည္။ျပီးေနာက္တြင္ လုပ္ကိုင္မည့္ ရာထူးတြင္ ရွိရမည္႔ အရည္အခ်င္း စြမ္းေဆာင္ရည္ ပညာ အေတြ႔အၾကဳံ သတ္မွတ္ခ်က္မ်ားႏွင့္ လုပ္ကိုင္ရမည့္ လုပ္ငန္းတာဝန္မ်ားကို အေသးစိတ္ ျပဳစုထားရမည္။

Allowances ႏွင့္ Benefits မ်ားကို အျခား လုပ္ငန္းတူမ်ားတြင္ ေပးေသာပုံစံမ်ားကို ေလ့လာျပီး မိမိတို႔ Organization တြင္ လစာႏွင့္အတူ ျပင္ဆင္ထားရမည္။သို႔မွသာ မွန္ကန္ေသာ လစာပုံစံျဖင့္ ေပးေခ်ႏိုင္သည္။ထို႔သို႔ေပးေခ်မႈတြင္ ဥပေဒႏွင့္ ညီညြတ္ျခင္း ရွိမရွိကိုမူ HR မွ ပိုင္းျခား ဆုံးျဖတ္ေပးႏိုင္ရမည္။

ေပးအပ္ေသာ လစာသည္မ်ားသည္ ဝန္ထမ္း၏ စြမ္းေဆာင္ရည္ လုပ္ေဆာင္ႏိုင္စြမ္း အသိပညာ အေတြ႔အျကုံမ်ား တာဝန္ယူမႈ တာဝန္ခံမႈ လုပ္ငန္းကြ်မ္းက်င္မႈ ပညာအရည္အခ်င္း စေသာ အခ်က္အလက္မ်ားကို မူတည္ျပီး ေပးပါသည္။အျခားခံစားခြင့္မ်ား ျဖစ္ေသာ အခ်ိန္ပိုေျကး ေထာက္ပံ့ေျကးမ်ား ပါရွိပါသည္။Social Security Board(SSB)ေျကးမ်ားကိုလည္း မိမိဝန္ထမ္းဘဝလုံျခံုမႈအတြက္ ထည့္သြင္းေပးေဆာင္ရမည္။သို့မွသာ အေကာင္းဆုံးေသာ လုပ္ငန္းခြင္ဘဝ ျဖစ္လာမည္။က်ေနာ္တို့၏ ယခုလုပ္ငန္းခြင္မ်ားတြင္ အားအနည္းဆုံးအပိုင္းသည္ SSB ထည့္သြင္းျခင္း ျဖစ္ပါသည္။

လစာကို စနစ္တက် ေပးေခ်ျခင္းသည္ စိတ္ဓာတ္အင္အားရွိေအာင္ ေပ်ာ္ရႊင္ေအာင္ ျပီးေတာ့ သူတို့ပတ္ဝန္းက်င္ အသိအမွတ္ျပုမႈ ရရွိေအာင္ ေပးေခ်ပါသည္။လစာေပးျခင္းသည္ Brand Image ေကာင္းရွိမႈရဲ႕ အေရးျကီးဆုံး တစ္စိတ္တစ္ေဒသ ျဖစ္ပါသည္။လစာသည္ ဝန္ထမ္းဘဝအတြက္
1. Motivation
2. Happy
3. Public Relationship တို့ကို ဂရုစိုက္ေသာ အေျခအေနကို ဖန္တီးေပး လိုျခင္းသည္ လစာေပးျခင္း၏ အစိတ္အပိုင္းတစ္ခု ျဖစ္ပါသည္။

Motivation ျဖစ္ေစျခင္းသည္ ပိုက္ဆံရျခင္းေျကာင့္ မဟုတ္ဘဲ လုပ္အားကို အသိအမွတ္ျပုျခင္း ျဖစ္ပါသည္။ထို့ေျကာင့္ ဝန္ထမ္းတိုင္းသည္ ပိုက္ဆံေျကာင့္ အလုပ္လုပ္သည္ဟု တြက္ဆထားလွ်င္ မွားႏိုင္သည္။ဝန္ထမ္းသည္ တစ္ခါတစ္ေလမွာ သူ၏စိတ္ေပ်ာ္ျခင္းကို ဦးစားေပးပါသည္။စိတ္ေက်နပ္စရာ ပတ္ဝန္းက်င္ျဖစ္ျခင္း အသိအမွတ္ျပုခံရျခင္း ႏွစ္လိုဖြယ္ အေျကာင္းတရားမ်ား ျဖစ္ျခင္းတို့ကိုလည္း ထည့္သြင္းတြက္ခ်က္ရမည္။ထို့ေျကာင့္ လစာသည္ ဝန္ထမ္းတစ္ေယာက္ကို ထိန္းသိမ္းထားႏိုင္ဟူေသာ အယူအဆမွာ မွားယြင္းႏိုင္ပါသည္။လစာသည္ စားဝတ္ေနေရးတြင္သာ အေရးျကီးဆုံး အခန္းက႑ ျဖစ္ပါလိမ့္မည္။

စနစ္တက် တည္ေဆာက္ေသာ Payroll System သည္ ဝန္ထမ္းေကာင္းမ်ားကို ထိန္းသိမ္းႏိုင္သည္။ထို့ေျကာင့္ မိမိတို့ Organization တြင္ ေအာက္ပါ အခ်က္အလက္တို့ျဖင့္ Payslip တစ္ခုကို ျပုလုပ္ ထားႏိုင္ပါသည္။
Payslip တြင္ ထည့္သြင္းႏိုင္သည္မ်ားမွာ
1 အေျခခံလစာ
2 အခ်ိန္ပိုနာရီ
3 အခ်ိန္ပိုေျကး
4 အျခားျဖစ္ေသာ
   * ရက္မွန္ေျကး
   * ကြ်မ္းက်င္မႈဆုေျကး
   * ထုတ္လုပ္မႈဆုေျကး
   * လုပ္သက္ဆုေျကး
   * ေထာက္ပံ႔ေျကး
5 စုစုေပါင္းလုပ္ခလစာ
6 ျဖတ္ေထာက္ေငြ
    * လူမႈဖူလုံေရးထည့္ဝင္ေငြ
    * ဝင္ေငြခြန္
    * အာမခံေျကး
    * စုေဆာင္းေငြ
    * ျကိုတင္ေငြ
    * ပိုေပးေငြ
    * ေလ်ာ့ေပါ့မႈေျကာင့္ျဖတ္ေတာက္ေငြ
    * စုစုေပါင္းျဖတ္ေတာက္ေငြ
    * အသားတင္ထုတ္ေပးေငြ စေသာအခ်က္မ်ား ပါဝင္သင့္ပါသည္။

အခေျကးေငြတြင္ မပါဝင္သင့္ေသာ အခ်က္မ်ားမွာ
1 ခရီးစရိတ္
2 လုပ္ငန္းသေဘာ စိုက္ထုတ္ေငြမ်ား
3 SSB အက်ိုးခံစားခြင့္မ်ား
4 ေနထိုင္စရိတ္မ်ား
5 ေဆးကုသစရိတ္
6 အလုပ္ထုတ္နစ္နာေျကး
7 ပင္စင္လစာႏွင့္ အျငိမ္းစားလုပ္သက္ေျကး တို့သည္ အခေျကးေငြတြင္ မပါဝင္သင့္ေသာ အေျကာင္းမ်ား ျဖစ္ပါသည္။လစာေပးေခ်မႈသည္ တစ္လထက္ ေက်ာ္လြန္၍ မရပါ။အလုပ္သမား အေရအတြက္ႏွင့္ လုပ္ခေပးရမည့္ေန့မ်ားမွာ -
 အလုပ္သမား ၁၀၀ ထက္ေက်ာ္လြန္ပါက လစာကို ေငြေပးေခ်ရန္ကာလ အပိုင္းအျခား ကုန္ဆုံးသည့္ေန့တြင္ ေပးရျပီး ၁၀၀ အထက္ ေက်ာ္လြန္ပါ ေနာက္အက်ဆုံး ေပးေခ်ႏိုင္သည္မွာ ေပးရန္ကာလ အပိုင္းအျခား ကုန္ဆုံးျပီး (၅) ရက္ အတြင္းတြင္ ေပး၍ရပါသည္။အခ်ိန္ပိုေျကး တြက္ခ်က္ပုံမ်ားကိုလည္း ဥပေဒတြင္ ျပဠာန္းထားသည္မွာ

လခစားအတြက္
တစ္ရက္အခေျကးေငြ * 12
------------------------------ * 2
44/48 * 52

ေန႔စားႏွင့္ ပုတ္ျပတ္ အတြက္
တစ္ရက္အခေျကးေငြ * 6
------------------------------ * 2
44/48                                 ႏွင့္တြက္ခ်က္ရန္ ထည့္သြင္း ေဖာ္ျပထားသည္။

လူမႈဖူလုံေရးစနစ္တြင္ ေအာက္ပါအခ်က္မ်ားေျကာင့္ SSB ကို ေပးေဆာင္သင့္ပါသည္။
1 က်န္းမာေရးႏွင့္ လူမႈေရးေစာင့္ေရွာက္မႈ အာမခံစနစ္
2 မိသားစုေထာက္ပံ႔မႈ အာမခံစနစ္
3 အလုပ္လုပ္ကိုင္ႏိုင္စြမ္းမရွိမႈ အက်ိုးခံစားခြင့္
4 သက္ျပည့္အျငိမ္းစားအက်ိုးခံစားခြင့္ႏွင့္ က်န္ရစ္သူအက်ိုးခံစားခြင့္ အာမခံစနစ္
5 အလုပ္တြင္ထိခိုက္မႈ အက်ိုးခံစားခြင့္ အာမခံစနစ္
6 လူမႈဖူလုံေရး အိမ္ရာစီမံကိန္း အာမခံစနစ္
7 အျခားလူမႈဖူလုံေရးစနစ္ တို့ေျကာင့္ Payroll ကိုင္ေသာ HR မ်ားက ေသခ်ာရွင္းျပျပီး လုပ္ေဆာင္ေပးရမည္။

လက္ရွိ SSB မွ အေကာင္အထည္ ေဖာ္ေနေသာ အာမခံစနစ္မ်ားႏွင့္ ထည့္ဝင္ေျကးမွာ -
1. က်န္းမာေရးႏွင့္ လူမႈေရးေစာင့္ေရွာက္မႈ အာမခံစနစ္တြင္ အလုပ္ရွင္ 2% အလုပ္သမား 2%
2. အလုပ္တြင္ ထိခိုက္မႈ အက်ိုးခံစားခြင့္ အာမခံစနစ္တြင္ အလုပ္ရွင္ 1%  ျဖစ္ပါသည္။ခြင့္မ်ားကိုလည္း
1. ေရွာင္တခင္ခြင့္ (6) ရက္
2. နာမက်န္းခြင့္ (30) ရက္
3. မီးဖြားခြင့္ (မီးမဖြားမီ 6 ပတ္ ႏွင့္ မီးဖြားျပီး 8 ပတ္ / အမ်ိုးသား မီးဖြားျပီး 2 ပတ္)  
4. လုပ္သက္ခြင့္ (10) ရက္
5. လစာမဲ႔ခြင့္ မ်ား အေျကာင္းကိုလည္း HR Policy နဲ႔ အညီ လုပ္ထားျပီး နားလည္ေအာင္ ရွင္းျပ ေပးရပါမည္။သို့မွသာ ေအာင္ျမင္မႈ ရွိႏိုင္ေသာ Payroll System တစ္ခုကို တည္ေဆာက္ ေပးသြားႏိုင္ ရပါမည္။ေကာင္းမြန္ေသာ Payroll System မ်ားကို တည္ေဆာက္ျပီး ဝန္ထမ္းေကာင္းမ်ားကို ထိန္းသိမ္းျကပါစို႔။

ေဝျဖိဳးဟိန္း (HRM Learner)

Credit: Saya ေ၀ၿဖိဳးဟိန္းရဲ႕ Page

Monday, June 5, 2017

Supplement အားျဖည့္ေဆးမ်ား - Collagen ကိုလာဂ်င္ေဆးမ်ားအေျကာင္း

Supplement အားျဖည့္ေဆးမ်ား သတိထား


မဂၤလာပါဆရာ ေက်းဇူးျပဳျပီး အခ်ိန္ရရင္ ေျဖေပးပါဦးခင္ဗ်။ ယေန႔ေခတ္ လူႀကီးလူငယ္ႀကားထဲ body fitness က ေရပန္းစားေနပါတယ္ဆရာ။ Weight Gain ကစားသလို Weight Lose ကစားတဲ့လူေတြလဲရိွပါတယ္။ အထူးသျဖင့္ weight gain ေဆာ့ေနတဲ့လူေတြႀကားမွာ ကစားတာအျပင္ Weight တက္ဖို႔ Protein ေတြပါ ေသာက္ေနၾကပါတယ္။ Whey Protein,Casein, Mass Gainer တံဆိပ္အမ်ိဳးစံု Protein မိ်ဳးစံုပါဘဲခင္ဗ်။ ခက္တာက စားသံုးသူေတြဟာ ဒီ Food Supplement ေတြကို ဘယ္လိုဘယ္ခ်ိန္မ်ိဳးမွာ ေသာက္ရမွန္းမသိသလို Side Effect ေတြကိုလဲ ေကာင္းေကာင္းမသိဘဲ ေသာက္ေနက်တဲ့လူေတြ အမ်ားႀကီးျဖစ္ေနပါတယ္။ ဆရာ့အေနနဲ႔ ဒီprotein ေတြရဲ့ Usage,Side Effect စသျဖင့္ အေသးစိတ္ေရးေပးမယ္ဆိုရင္ေတာ့ျဖင့္ စားသံုးသူႀကား က်န္းမာေရးအက်ိဳး အမ်ားႀကီးရိွမယ္လို႔ယံုႀကည္ပါတယ္ခင္ဗ်ာ။ Internet ထဲရွာသမွ် ဒီ supplement အေႀကာင္း Advertisement ဘက္ဦးတည္ေနတဲ့အတြက္ side effect ကိုတိတိပပ မသိရပါ။ စာအေရးအသားနဲ႔ စာလံုးေပါင္းမွားရင္လဲ ခြင့္လႊတ္နားလည္ေပးပါခင္ဗ်။ ေက်းဇူးတင္ပါတယ္။

ေရပန္းစားတို႔ ေပၚျပဴလာျဖစ္တို႔ ေခတ္စားေနတို႔ လူေျပာမ်ားတို႔ အရမ္းအရမ္းတို႔ဆိုရင္ ေၾကာျငာ ၉၉% ျဖစ္တယ္။ ေဆးသုေတသန မစံုလင္တဲ့ေဆးျဖစ္ပါတယ္။

ကိုယ္ကာယဖြံ႔ျဖိဳးလိုသူေတြ ပရိုတင္းဓါတ္လိုတာမွန္တယ္။ ေန႔တိုင္း ပရိုတင္းစားေနၾကတယ္။ အသားမစားတဲ့သူလည္း ပဲကေနရတယ္။ တျခားအစားအစာေတြကေနလည္း ပရိုတင္းရေနၾကတယ္။ ပရိုတင္းနာမည္နဲ႔ ေဆးေတြေရာင္းၾကတယ္။ နည္းနည္းစဥ္းစားၾကည့္ပါ။ ပုလင္းနဲ႔ေရာင္းတဲ့ သံပရာရည္နဲ႔ အခုဓါးနဲ႔လွီး အခု ေရ + သၾကား + ဆားနဲ႔ေဖ်ာ္တဲ့ သံပရာရည္ ဘယ္ဟာေကာင္းမလဲ။ အသားဟင္းတခြက္နဲ႔ ဗူးနဲ႔ေရာင္းတဲ့ပရိုတင္း ဘယ္ဟာေကာင္းမလဲ။

ပရိုတင္းအျပင္ ေဟာ္မုန္းေဆးေတြထည့္တတ္ၾကတယ္။ ဥပမာ တက္စတိုစတီရုန္း။ ေဟာ္မုန္းမွန္သမွ် သတိထားရတယ္။ လူတိုင္းမွာ ကိုယ္ပိုင္ေဟာ္မုန္းေတြရွိတယ္။ က်ား-ေဟာ္မုန္းနဲ႔ မ-ေဟာ္မုန္းတြဲရွိတယ္။ အခ်ိဳးက်ေနရတယ္။ အခ်ိဳးအစား လြဲသြားရင္ မိေမြးတိုင္း ရုပ္ေရာ စိတ္ပါမဟုတ္ေတာ့ပါ။ ေဟာ္မုန္းလြန္သြားလို႔ ရင္းစားျပန္ရေအာင္ လုပ္ဘို႔လည္း အင္မတန္ခက္တယ္။ ဝေဆးေသာက္သူေတြကိုၾကည့္ပါ။

ေၾကာ္ျငာေကာင္းတဲ့ေဆးေတြအျပင္ အရပ္နည္းေတြလည္း သတိထားပါ။ အခုေမးခြန္းနဲ႔ တျပိင္နက္တည္းမွာ ေနာက္ေမးခြန္း ၂ ခုကတိုက္ဆိုင္တာလာတယ္။ ၁၈ ႏွစ္သား ေယာက္်ားေလးတေယာက္က (ကန္ေတာ့ပါ) လိင္အဂၤါ ဖြံ႔ျဖိဳးခ်င္လို႔ေမးတယ္။ ေနာက္တေယာက္က ဆရာ ကၽြန္ေတာ္က လိင္အဂါၤမွာ စီလီကြန္ခဲြထည့္ထားပါတယ္ဆရာ။ အဲ့ဒါကို သတိမထားမိဘဲ MRI ႐ိုက္မိတာ အခုတခုလံုး ေရာင္ကိုင္းေနပါတယ္။ ကၽြန္ေတာ္ ဘယ္လိုဆက္လုပ္သင့္လည္းဆရာ အၾကံျပဳေပးပါအံုးခင္မ်ား။

ခဏခဏေရးေနရတယ္။ ျဖဴေဆး-ရွည္ေဆး-ၾကီးေဆး-သန္ေဆး-က်ဥ္းေဆးဆိုတဲ့ ရုပ္ပိုင္းေတြေျပာင္းလဲေစမယ္ဆိုျပီး ေၾကာ္ျငာေဆးေတြမွန္သမွ်မွာ ေဆးသုေတသနမစံုလင္၊ သက္ေရာက္မႈ မေျပာႏိုင္၊ ေဘးထြက္ဆိုးက်ိဳးလည္း မသိႏိုင္တာေတြသာျဖစ္ပါတယ္။ လူျဖစ္ရွံဳးသူေတြကေမးၾကတာေတြ မနည္းပါ။ ေဖ့စ္ဘြတ္မွာ မတင္ပါ။

ကိုယ့္ရုပ္သြင္ကို ျပင္ခ်င္သလို စိတ္ကိုလည္း ျပင္ႏိုင္ရင္ တန္ဖိုးရွိသူ ျဖစ္ပါလိမ့္မယ္။

Testosterone (တက္စတိုစတီရုံး) က်ား-ေဟာ္မုန္း http://doctortintswe.blogspot.com/2014/10/testosterone.html 


ေဒါက္တာတင့္ေဆြ

Collagen ကိုလာဂ်င္


၁။ မဂၤလာပါ ဆရာ၊ ကၽြန္မ နာမည္ ႕႕႕႕႕ ပါဆရာ။ ကၽြန္မ အသက္ ၂၃ျပည့္ၿပီးပါၿပီ။ ကၽြန္မအေမကေတာ့ အသက္ ၅၄ ႏွစ္ျပည့္ပါေတာ့မည္။ အေမက Collagen အေၾကာင္းဆရာ့ကိုေမးေပးပါဆိုလို႔ပါဆရာ။ Collagenကို ေသာက္သင့္ပါသလား ဆရာ။ မည္သည့္အရြယ္တြင္ စေသာက္လို႔ရပါလဲရွင့္၊ ေကာင္းက်ိဳးႏွင့္ ဆိုးက်ိဳးေတြလဲေျပာျပေပးပါဆရာ၊ ေသာက္မည္ဆိုပါက မည္သည့္တံဆိပ္ကို Recommend ေပးခ်င္ပါသလဲဆရာ။ ေလးစားစြာျဖင့္

၂။ မဂၤလာပါဆရာ။ က်မ အသက္ ၄၂ နွစ္ရွိပါျပီ။ မ်က္နွာမွာ အေရးအေၾကာင္းေတြရွိလာလို့ collargin ေသာက္ပါတယ္။
collargin ကိုေသာက္တာနဲ႔ လိမ္းတာ ဘယ္ဟာ ပိုထိေရာက္ပါသလဲဆရာ။ ဆရာေရးတာ တခါဖတ္ဖူးပါတယ္။ အဲဒါေလး ျပန္တင္ေပးပါဦးဆရာ။

၃။ ဆရာရွင့္ Peptide collagen ကို ေသာက္ရင္ ဝက္ၿခံအမည္းစက္ ေပ်ာက္ၿပီး အသားအေရလွတယ္လို႔ ေျပာၾကပါတယ္။ တကယ္လွပါသလားဆရာ။ ဘာအတြက္ေသာက္ရပါသလဲဆရာ။ ေကာင္းက်ိဳးဆိုးက်ိဳး သိခ်င္ပါတယ္ဆရာ။

၄။ Collagen ဆိုတာ ဘာလဲဟင္။ အခု Collagen က အရမ္းအရမ္းကို ခတ္စားေနလို႔ေလ။ ဘာေတြကိုေကာင္းက်ိဳး ျပဳတာလဲ ဆိုးက်ိဳးေရာ႐ွိလား။ ေနာက္ၿပီး ဘယ္လိုလူေတြ ေသာက္သင့္တယ္။ ဘယ္လိုလူေတြမေသာက္သင့္ဘူး ဆိုတာ ေက်းဇူးျပဳၿပီး ျပည့္ျပည့္စံုစံုေလး ေျဖၾကားေပးပါေနာ္။

၅။ ဆရာရွင့္ အခုေနာက္ ပိုင္း Thai ကဝင္တဲ့ Collagen 100000 အား ဆိုတဲ့ျဖည့္စြက္စာလို အမႈန္႔ေလးေတြဟာ သံုးစြဲမယ္ဆိုရင္ side effect ရွိပါသလားရွင့္။ သမီး အခုေသာက္ေနလို႔ပါရွင့္။ တခ်ိဳ႕ေတြေျပာၾကတာေတာ့ side effects ရွိတယ္ ဆိုလို႔ပါ။ သူ႔ရဲ႕ side effect ေလးေတြ သိခ်င္ပါတယ္ရွင့္။

၆။ သမီးအသက္၂၉ ႏွစ္ပါ။ အသားအေရအတြက္ Collagen ပါတဲ႔ေဆး ေသာက္ေနပါတယ္။ ေဆးေသာက္ရင္ ဗိုက္နဲ႔ရင္ဘတ္ နဲနဲေအာင့္တယ္။ collagen နဲ႔ပတ္သတ္ျပီး သိခ်င္ပါတယ္။ အသက္ဘယ္ေလာက္ကစ ေသာက္သင့္ပါသလဲ။

၇။ Botox နဲ႔ပတ္သက္ျပီး ဆရာေရးေပးတာဖတ္ရေတာ့ အရမ္းေက်းဇူးတင္ပါတယ္။ ျဖည့္စြက္ေပးတဲ့ Fillers ေတြ Hyaluronic acid, fibril, Goretex ထိုးေဆးအေၾကာင္းေလးလဲ သိခ်င္ပါတယ္။ ႏွာေခါင္းျပင္ရင္ သံုးၾကလားဆရာ။

ကြ်န္ေတာ္က ေမးခြန္းေတြေျဖရတာၾကာေတာ့ တခ်ိဳ႕ေမးခြန္းေတြကို တပ္အပ္သိသလို။ ေမးခြန္းကို ဝတၳဳတိုတပုဒ္စာေလာက္ေရးသူရဲ႕ စိတ္အေျခအေနကိုတန္းသိတယ္။ အေမးမ်ားတဲ့ေဆးဆိုရင္ ေၾကာ္ျငာေဆးမွန္း တန္းသိတယ္။ အခု နမူနာသာထည့္မယ္။ တခ်ိဳ႕ေၾကာ္ျငာေကာင္းတာေတြဆို ေမးခြန္းေတြ မေရမတြက္ေမးၾကတယ္။

ကိုလာဂ်င္ကို မလွခ်င္ေတြက အမ်ားဆံုး စိတ္ဝင္စားၾကတယ္။ ကိုလာဂ်င္ဆိုတာ ဓါတုပစၥည္းတခု ျဖစ္တယ္။ လူနဲ႔ တိရစာၧန္ေတြမွာရွိတယ္။ အသားနဲ႔ ၾကားတစ္ရွဴးေတြထဲမွာ ေနတယ္။ အရြတ္တန္၊ အဆစ္နားက အရြတ္၊ အေရျပား၊ အရိုး၊ အရိုးႏု၊ ေသြးေၾကာ၊ အစာလမ္း၊ ဆံပင္၊ လက္သည္းေျခသည္း၊ ခါရိုးဆစ္ၾကား ေနရာေတြမွာရွိတယ္။ အရာရာကို ဆြဲစုထားသလိုေနေစတယ္။ ကိုယ္ထဲက ပရိုတင္းရဲ႕ ၂၅-၃၅% က ကိုလာဂ်င္ျဖစ္တယ္။ အေရျပားထဲက တြယ္ဆက္ တစ္ရွဴးထဲမွာရွိတာမို႔ တင္းေနေစတယ္။ ဆန္႔ႏိုင္ က်ံဳ႕ႏိုင္ေစတယ္။

အသက္ရလာရင္ ကိုလာဂ်င္ထုတ္လုပ္တာ အားနည္းလာတယ္။ အသားအေရေတြက ပါးလွျပီး ေျပာ့ဖတ္ဖတ္ ျဖစ္လာၾကတယ္။ ထိခိုက္တာကို ငယ္စဥ္ကေလာက္ မခံႏိုင္ေတာ့ဘူး။ အေရးအေၾကာင္းေတြေပၚလာတယ္။ အရြတ္ေတြ အဆစ္ေတြ အားနည္းလာေတာ့တယ္။

ကိုလာဂ်င္ကို ေဆးပညာေနရာအမ်ိဳးမ်ိဳးမွာ သံုးႏိုင္တယ္။
1. Bone grafts အရိုးအစားထိုး၊
2. Cardiac applications ႏွလံုးအစားထိုး၊
3. Cosmetic surgery အလွအပခြဲစိတ္မႈ၊
4. Tissue regeneration (တစ္ရွဴး) အသစ္ေပါက္ေစေအာင္၊
5. Wound care management uses အနာ-ဒဏ္ရာ က်ေစေအာင္။

ကိုလာဂ်င္အားေဆးအျဖစ္လဲ သံုးတာၾကတယ္။ ၂ဝဝ၈ ကေနစျပီး Collagen type II ကို ေျပာင္းသံုးလာတယ္။ အရည္၊ ေဆးျပား၊ ေဆးေတာင့္၊ ဂ်ဲလ္၊ ေပါင္ဒါ အမ်ိဳးမ်ိဳးေရာင္းတယ္။ Collagen type II is 500 mg capsules ကို တေန႔ ၂-၃ ၾကိမ္အထိေပးတယ္။ အေရျပား ပိုေကာင္းခ်င္လို႔ ဒီေဆးေသာက္သူေတြဟာ Vitamin C ဗီတာမင္စီလည္းလိုမယ္။ ဗီတာမင္အီးလည္း နာမည္ၾကီးတယ္။

Hydrolyzed Collagen ဆိုတာကိုသံုးတာမ်ားတယ္။ စားေဆးကို အဆစ္အားေဆးအျဖစ္သံုးတယ္။ Lip Collagen Injection ထိုးေဆးကို အေရျပား အေရးအေၾကာင္းေပၚတာသက္သာေအာင္ ထိုးေပးတယ္။ Collagen cream လိမ္းေဆးကိုလဲ အေရျပားမွာ လိမ္းရတယ္။ Catrix Collagen ဆိုတာက ေပၚတာမၾကာေသးဘူး။ အနာက်က္တာ ျမန္ေစအာင္သံုးတယ္။ မတည့္သူေတြ အလာဂ်ီရႏိုင္တယ္။ ေဆးထိုးရင္ နာမယ္။

ကိုလာဂ်င္ ဘသာဝအတိုင္းထုတ္လုပ္ေပးတဲ့အစားအေသာက္မ်ား
၁။ ၾကက္သြန္ျဖဴ၊
၂။ ပဲပုတ္နဲ႔ ပဲပုတ္လုပ္အစားအေသာက္မ်ား၊
၃။ ခရမ္းခ်ဥ္သီး၊
၄။ အစိမ္းရင့္အသီးအရြက္မ်ား၊
၅။ အုိမီဂါသရီးၾကြယ္ဝတဲ့အစာမ်ား၊ က်ဴနာငါး၊ ေဆာလ္မြန္ငါး နဲ႔ မက္ရဲလ္ငါး
၆။ အနီေရာင္အသီးမ်ားနဲ႔ ဟင္းသီးဟင္းရြက္မ်ား။

Hyaluronic acid ဆိုတာ လူ႔ကိုယ္ထဲမွာလဲရွိတယ္။ မ်က္စိနဲ႔ အဆစ္ေတြမွာ ပိုမ်ားမ်ားရွိေနတယ္။ ဓါတ္ခြဲခန္းထဲမွာလဲ ဗက္တီးရီးယားကေန ထုတ္ယူႏိုင္တယ္။ အရိုးအဆစ္ေရာဂါေတြမွာသံုးတယ္။ ပါးစပ္ကေနလည္း ေသာက္ႏိုင္တယ္။ ပလပ္စတစ္ခြဲစိတ္နည္းမွာလဲ သံုးတယ္။ အေရျပားမွာ ကူရွင္လို၊ ေခ်ာဆီလိုသေဘာ လုပ္ေပးမယ္။ Fibril ဆိုတာ အပ္ခ်ည္လိုဘဲ။ Striated muscle fiber အမ်ိဳးအစား ၾကြက္သားမွ်ဥ္ေတြမွာ ရွိတယ္။ ဆံပင္ အေျခမွာလဲ ရွိတယ္။ Goretex ဆိုတာ ဓါတ္ခြဲခန္းမွာတည္ေဆာက္ထားတဲ့ Polytetrafluoroethylene ျဖစ္တယ္။ လူေတြမွာရွိတဲ့ Fascia အရြတ္ျပားနဲ႔တူတယ္။ ဗိုက္၊ ရင္ေခါင္း။ အစာေဟာင္းအိမ္။ ဗဂ်ိဳင္းနား၊ ဆီးလမ္း။ အူက်တာေတြကို ခြဲစိတ္တဲ့အခါ သံုးႏိုင္တယ္။ ပလပ္စတစ္ခြဲစိတ္နည္းမွာလဲ သံုးတယ္။

ေၾကာ္ျငာေဆးေတြကို အားမေပးပါ။ စိတ္ခ်ရမႈနဲ႔ ထိေရာက္မႈ သုေတသနေတြ မစံုလင္ပါ။ ဇရာျဖစ္စဥ္ကို အန္တုခ်င္တာ သဘာဝပါ။ ဇရာကို ေနာက္ေၾကာင္းေတာ့ျပန္မရပါ။ ရသမွ်ေတာ့ ၾကိဳးစားေပါ့။ နတ္ေရကန္ေတာ့ ရွာမေန႔ပါနဲ႔။

ေဒါက္တာတင့္ေဆြ

Credit: Dr. တင့္ေဆြရဲ႕ Page

Saturday, June 3, 2017

Six Packs ABS ရေအာင္လုပ္နည္း

6 packs abs ရေအာင္လုပ္နည္း


က်စ္လစ္တဲ့ ၀မ္းဗိုက္ႂကြက္သား (6packs abs) နဲ႔ ခႏၶာကိုယ္ဟာ သိပ္စြဲေဆာင္မႈ ႐ွိလို႔ လူတိုင္းလိုခ်င္ၾကတာ အမွန္ပါပဲ။ ဝမ္းဗိုက္မွာ ျပတ္သားတဲ့ ႂကြက္သား အေျမာင္းလိုက္ဟာ စြဲေဆာင္မႈ႐ွိရံုတင္မက၊ သန္မာတဲ့ က်န္းမာတဲ့ အသြင္အျပင္ကိုလည္းေဆာင္ပါတယ္။ ဘယ္ေနရာမွာ ဘာႂကြက္သားေတြ႐ွိေနပါေစ၊ ဗိုက္မွာ 6 packs မွ မေပၚရင္ မျပည့္စံုဘူးမလား။

လူေတြ အထင္ႀကီး လိုခ်င္ရတဲ့အေၾကာင္း ထဲမွာ ဒီလို အသြင္အျပင္ပိုင္းကို ဆထက္တိုး လွေစႏိုင္တာ တစ္ခုထဲေၾကာင့္တင္မဟုတ္ပါဘူး။ 6 packs တစ္ခုရဖို႔အတြက္ လူတစ္ေယာက္ဟာ ဝမ္းဗိုက္သား သန္မာရံုနဲ႔တင္ မျဖစ္ပဲ ခႏၶာကုိယ္မွာ ႐ွိသင့္တဲ့ အဆီပမာဏ ကလည္း နည္းရမွာျဖစ္တာမို႔ အိပ္ထမတင္ လုပ္ရံုတင္မက၊ အဆီပါခ်ရပါတယ္။ ဒါ့ေၾကာင့္လဲ 6 packs ႐ွိတဲ့လူဟာ စိတ္႐ွည္ ဇြဲေကာင္းသူ၊ အ႐ွံုးမေပးတတ္သူတစ္ေယာက္ အျဖစ္ ေပၚလြင္ေစပါတယ္။

6 packs ရခ်င္သူတစ္ေယာက္ အတြက္ နည္းလမ္းမွန္ လုပ္ရံုနဲ႔တင္မရပဲ အဆီခ်ေလ့က်င့္ခန္းပါ တြဲလုပ္ရတာေၾကာင့္ စနစ္က်ဖို႔၊ စိတ္႐ွည္ဖို႔ေတာ့ လိုပါလိမ့္မယ္။ (ဒီေနရာမွာ ပိန္သူမ်ားကေတာ့ အဆီခ်ဖို႔ မလိုတာေၾကာင့္ တစ္ပန္းသာတယ္ ေျပာရမွာပါ)

နည္းမမွန္၊ အေၾကာင္းမွန္ကို မသိရင္အားက်သူေတြ၊ ရခ်င္ ပိုင္ဆိုင္ခ်င္တဲ့သူေတြ အိပ္ထမတင္ေတြလုပ္ရင္း ႏွစ္ေတြလေတြ ခ်ီသြားေလ့႐ွိေပမယ့္ ေရႊျပည္ေတာ္က တစ္ခ်ိဳ႕အတြက္ေတာ့ေမွ်ာ္ေလတိုင္း ေ၀းလ်က္ပါပဲ။

အခ်က္ေပါင္းမ်ားစြာ၊ ေန႔ေပါင္းမ်ားစြာ အိပ္ထမတင္လုပ္ခဲ့ရဲ႕နဲ႔ အခုထိဘာလို႔ ေပၚလြင္လွပတဲ့ ၀မ္းဗိုက္ႂကြက္သားကုိ မရေသးတာလဲ ???

ဗိုက္ေတြ နာေလာက္ေအာင္လုပ္၊ စမ္းၾကည့္ေတာ့ မာတာတာ႐ွိေပမယ့္ ျပတ္ျပတ္ထင္းထင္း မေပၚလာေသးတဲ့ ႂကြက္သားဟာ လံုေလာက္ေအာင္ မႀကီးေသးလို႔လား၊ ဒါမွမဟုတ္ ဒါ့ထက္ ျပင္းျပင္းထန္ထန္ လုပ္ဖို႔ လိုအပ္လို႔လား။

ဒီလို အေျဖ႐ွာမရတဲ့ ေမးခြန္းေတြ ၾကားမွာပဲ ေန႔ေပါင္းမ်ားစြာလုပ္၊ ၾကာေတာ့လဲ လက္ေလ်ွာ့သြားၾကတာ ဒုနဲ႔ေဒးပါပဲ။

ပံုမွန္အိပ္ထမတင္ လုပ္လာတဲ့ လူတစ္ေယာက္အတြက္ ေပၚလြင္ေလာက္တဲ့ ပမာဏထိႀကီးဖို႔ရာ ၆လ အခ်ိန္မယူရပါဘူး။ တခ်ိဳ႕ေတြဆို ရက္ ၆၀ အတြင္း ရေစရမယ္လို႔ေတာင္ ဆိုၾကပါတယ္။

ဒါဆို သင္ၾကဘာလို႔မရေသးတာလဲ။ ???

၀မ္းဗိုက္ႂကြက္သားကုိ အဆီဖံုးေနလို႔ မျမင္ရတာလို႔ ဆိုခ်င္ပါတယ္။ ဗိုက္မွာ အဆီျပင္ အလႊာက အထဲက ႂကြက္သားကို ဖံုးထားေလ့႐ွိပါတယ္။ အိပ္ထမတင္ ပံုမွန္လုပ္လာတဲ့ လူတစ္ေယာက္ဟာ စမ္းၾကည့္ရင္ ႂကြက္သား မာေနေပမယ့္ မျမင္ရတာဟာ အေပၚက အဆီျပင္ အလႊာဖံုးေနတာေၾကာင့္ပါ။

ဒီအဆီျပင္ အလႊာ မေပ်ာက္မျခင္း ေအာက္က ႂကြက္သားဟာ ေပၚဖို႔ခက္ပါတယ္။ အိပ္ထမတင္ေလ့က်င့္ခန္းလုပ္တာ ၾကာၿပီမို႔ ႂကြက္သားႀကီးေနရင္ေတာင္ အဆီလႊာဖံုးေနေသးရင္ ျပတ္သားစြာ ျမင္ရမွာ မဟုတ္ပဲ ေရးေရးပဲ ျမင္ရမွာပါ။

ဒီသေဘာကုိ ေအာက္ကပံု၂ပံုမွာ ၾကည့္႐င္သိႏိုင္ပါတယ္။ 6packs abs ဟာ လူ႔ခႏၶာကုိယ္မွာ အဆီ ၁၀-၁၂ ရာႏႈန္းေလာက္ေရာက္တဲ့ အခ်ိန္မွ ျမင္သာတာပါ။  Body fat% မ်ားေနေသးသေရြ႔ ဝမ္းဗိုက္သားကို ေရးေရးပဲ ျမင္ရမွာ ျဖစ္တာမို႔ Fat% ကို နည္းေအာင္ လုပ္ရမွာပါ။ ဒါဟာ အိပ္ထမတင္လုပ္ရံုနဲ႔ 6 packs မထြက္ႏိုင္တာရဲ႕ အဓိကအေျဖပါပဲ။ ဒီ႐ိုး႐ွင္းတဲ့ အေၾကာင္းကုိ သတိမထားမိသေရြ႔ သင္ဟာ အိပ္ထမတင္ ဘယ္ေလာက္လုပ္လုပ္ ထင္႐ွားတဲ့ Killer abs ကို တစ္သက္လံုး မရႏိုင္ပါဘူး။

ဒါ့ေၾကာင့္ လွပတဲ့ ၀မ္းဗိုက္ႂကြက္သားကုိ ပိုင္ဆိုင္ႏိုင္ဖို႔ အိပ္ထမတင္လုပ္ရင္းနဲ႔ တြဲၿပီး အဆီခ်ဖို႔ ႀကိဳးစားပါ။ အိပ္ထမတင္လုပ္တာနဲ႔ အဆီခ်ေလ့က်င္းခန္းနဲ႔ မတူပါဘူး။ အိပ္ထမတင္ လုပ္ျခင္းဟာ အဆီက်ဖို႔ မထိေရာက္ပါဘူး။ (ဘယ္လိုအဆီခ်ရမလဲ ဆိုတဲ့အေၾကာင္းကုိ ဒီ page မွာမၾကာေသးခင္ ရက္ပိုင္းအတြင္းမွာပဲ တင္ထားၿပီးပါၿပီ။ သိလိုက ၀င္ေရာက္ ဖတ္႐ွဴပါရန္)

6 packs ေပၚဖို႔ဆို အဆီလဲခ်၊ အိပ္ထမတင္လဲ လုပ္ရမယ္ဆိုတာ သိၿပီဆိုေတာ့ အိပ္ထမတင္ကို ဘယ္လိုလုပ္ရမလဲ သိဖို႔လိုပါၿပီ။ သိသင့္သမွ် ေမးခြန္းေလးေတြကို ေအာက္မွာ ေျဖေပးလိုက္ပါတယ္။

၁။ ဘယ္ ႏွရက္ လုပ္ရမလဲ

ဝမ္းဗိုက္သားဟာလဲ ႂကြက္သားပဲမို႔ တစ္ခါေလ့က်င့္ၿပီးရင္ ၂ရက္နားရပါတယ္။ အဲေတာ့ တစ္ပတ္ ၃ရက္ပဲလုပ္႐င္ လံုေလာက္ပါတယ္။ လုပ္တဲ့ရက္မွာလဲ မိနစ္၃၀နဲ႔ ၄၀ၾကားဆို လံုေလာက္တာမို႔ အခ်ိန္အမ်ားႀကီး ေပးစရာမလိုပါဘူး။

၂။ ဘယ္လိုပံုစံ လုပ္ရမလဲ

ဝမ္းဗိုက္သားမွာအေပၚသား၊ ေဘးသားနဲ႔ ေအာက္ပိုင္းအသား ႐ွိပါတယ္။ ဒီသံုးခုထဲမွာ ေအာက္ပိုင္းသား (ခ်က္တဝိုက္) က ျမင္သာဖို႔ အခက္ဆံုးပါပဲ။ ခ်က္တဝိုက္ဟာ လူတစ္ေယာက္ရဲ႕ အဆီစုတဲ့ ေနရာမို႔ ေတာ္ရံု ႂကြက္သား႐ွိရံုနဲ႔ ျပတ္သားစြာ မျမင္ရပါဘူး။ ဒါ့ေၾကာင့္ ေအာက္ပိုင္းသားကို မေလ့က်င့္ပဲ ေနတဲ့လူဟာ ျပည့္စံုတဲ့ 6 packs ကိုရဖို႔ ေႏွာင့္ေႏွးတက္ပါတယ္။ ေအာက္မွာ ပံုေလးေတြနဲ႔ ဘယ္လိုလုပ္ရင္ ဘယ္အသားထိတယ္ဆိုတာ ျပထားတာမို႔ ဒီလိုပံုစံဟာ အေပၚထိပါလား၊ ဒီလိုဟာက ေဘးသားထိပါလား စသျဖင့္ နားလည္ႏိုင္ပါတယ္။ တစ္ခုစီအတြက္ ပံုစံကြဲေပါင္းမ်ားစြာ႐ွိေပမယ့္ ၂ပံုစံဆီ ျပထားပါတယ္။ 6 packs တစ္ခုအတြက္ လံုေလာက္ပါတယ္။

၃။ ဘယ္ႏွေခါက္ လုပ္ရမလဲ ?

ပံုစံတစ္ခုစီကို ၁၅ေခါက္နဲ႔ ၂၀ေခါက္ ၾကားသာလုပ္ပါ။ နမူနာ အေနနဲ႔

-အေပၚသား ပထမပံုစံကို ၁၅ ေခါက္လုပ္၊


-ေဘးသား ပထမပံုစံကို ၁၅ ေခါက္လုပ္၊



-ေအာက္ပိုင္း ပထမပံုစံကို ၁၅ ေခါက္လုပ္



-အေပၚသား ဒုပံုစံကို ၁၅ ေခါက္


-ေဘးသား ဒုပံုကို ၁၅ ေခါက္


-ေအာက္ပိုင္း ဒုပံုကို ၁၅ေခါက္


 စသျဖင့္ အစဥ္လိုက္တိုင္းလုပ္ပါ။

အေပၚၿပီး ေဘးသား လုပ္တဲ့အခ်ိန္မွာ အေပၚႂကြက္သား အတြက္ နားခ်ိန္ရၿပီးသားျဖစ္တာမို႔ ျပထားတဲ့အတိုင္း အစဥ္လိုက္လုပ္ပါလို႔ ဆို႐ျခင္းပါ။ တစ္ခုနဲ႔ တစ္ခုၾကားမွာ ၂မိနစ္ထက္ ပိုမနားပါနဲ႔။ အေပၚကေျပာထားတဲ့ အတိုင္း လုပ္ၿပီး႐င္ အကုန္လံုးကို
တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ အစအဆံုး ျပန္ေၾကာ့ပါ။ ျပန္ေၾကာ့တဲ့အခါမွာ ပထမအႀကိမ္ေတြကလို ၁၅ ေခါက္စီ ရခ်င္မွ ရေတာ့မွာပါ။ ရသေလာက္သာ ျပန္ေၾကာ့ပါ။

ဒီလိုမ်ိဳး အိပ္ထမတင္ တစ္ပတ္မွာ သံုး႐က္လုပ္ရင္ စြဲေဆာင္မႈ႐ွိတဲ့ 6 packs ရဖို႔ ခရီးတစ္ဝက္ ေရာက္ပါၿပီ။ က်န္တဲ့ တစ္ဝက္ကေတာ့ အဆီခ်ေလ့က်င့္ခန္းေတြ လုပ္ၿပီး အဆီက်သြားတဲ့ တစ္ေန႔မွာ သင္လိုခ်င္တဲ့ 6 packs ႀကိမ္းေသရမွာပါလို႔ ရဲရဲႀကီး အာမခံလိုက္ရပါေၾကာင္း။

အပိုအေနနဲ႔ ဆက္ဖတ္ခ်င္ရင္ 6 packs နဲ႔ ပတ္သက္တာေတြ ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္။

6 packs Abs အေၾကာင္း သိစရာ

5 facts about Abs(ဘာသာျပန္)

၁။ 6 packs လို႔ လူသိမ်ားေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္မတူပါဘူး ။ တစ္ခ်ိဳ႕လူေတြမွာ 6 packs, တစ္ခ်ိဳ႕မွာ 8 packs, တစ္ခ်ိဳ႕မွာေတာ့ 10 packs အထိ႐ွိပါတယ္။ ဒါေပမယ့္ ဒီလိုျဖစ္ရတာဟာ ေမြးရာပါျဖစ္ၿပီး ျပဳျပင္လို႔ မရပါဘူး။ လူတိုင္းသိၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ အာႏိုး (Arnold) မွာေတာင္ 4 packs ပဲ႐ွိပါတယ္။

၂။ ဝမ္းဗိုက္သား Abs ႂကြက္သားဟာ တစ္ခါတစ္ေလ ဘက္မညီတာ (ညာဘက္က ျမင့္ၿပီး ဘယ္ကနိမ့္တာ၊ ဘယ္ျမင့္ ညာနိမ့္တာ) ႐ွိသလို တစ္ဘက္က ေသးၿပီး တစ္ဘက္က ႀကီးတတ္တာလဲ ႐ွိပါတယ္။ ဒါဟာလဲ ေမြးရာပါ Genes နဲ႔ဆိုင္လို႔ ျပင္လို႔ မရပါဘူး။

၃။ အိပ္ထမတင္ေတြ လုပ္ေနရံုနဲ႔ 6 packs ကို မျမင္ႏိုင္ပါဘူး။ လက္ကေလးနဲ႔ စမ္းလို႔ ဗိုက္ႂကြက္သားမာေနတာကို သိႏိုင္ေပမယ့္ ဝမ္းဗိုက္သားက အဆီဟာ အတြင္းက ႂကြက္သားကို ဖုန္းေနလို႔ ျပတ္သားတဲ့ 6 packs ကုိ ျမင္ဖို႔ဆို အဆီခ်မွပဲ ရမွာပါ။ ဒါမွမဟုတ္ ႂကြက္သားႀကီးလြန္းရင္ေတာ့ အဆီ႐ွိလဲ ေရးေရးေတာ့ ျမင္ႏိုင္မွာပါ။ (ပိန္ေနတဲ့လူကေတာ့ အဆီခ်တဲ့အလုပ္တစ္ခု သက္သာတာေပါ့ 😂😂😂)

၄။ ဝမ္းဗိုက္သားဟာလဲ တစ္ျခား ႂကြက္သားေတြလိုပဲ ႂကြက္သားျဖစ္လို႔ ေန႔စဥ္ေဆာ့လို႔ မသင့္ပါဘူး။ ၂ရက္ျခားေလာက္သာ ေဆာ့ၿပီး တစ္ပတ္မွာ ၃ရက္ေဆာ့ရင္ လံုေလာက္ပါတယ္။

၅။ 6 packs ရဖို႔ ဗိုက္အဆီနည္းဖို႔ အဆီခ်ရတာမို႔ ဆီေၾကာ္ေတြ၊ Calorie မ်ားတဲ့ အစားေတြကို ေ႐ွာင္သင့္ၿပီး ေကာင္းမြန္တဲ့ ဟင္းသီးဟင္းရြက္၊ အသားငါးတို႔ကို စားဖို႔လိုပါတယ္။

ႀကိဳက္ႏွစ္သက္ပါက ျပန္လည္ေ၀မွ်ျခင္းျဖင့္ တစ္ပါးသူအား ကူညီႏိုင္ပါေၾကာင္း။

Credit : Golden _Dreams´ Page