Monday, July 23, 2018

Asus Zenfone Max Pro : The Best Alternative?

Tech Gadget's Imperfect In-Depth Reviews : Part - 5
@TechGadgetMM



Price-to-Performance Ratio... ပေးရတဲ့ဈေးတစ်ခုအပေါ်မှာ ပြန်ရတဲ့ စွမ်းဆောင်ရည်အချိုး ; ဒီတစ်ချက်က Xiaomi ကို Budget နဲ့ Mid Range ဖုန်း Segment မှာ သူကလွဲရွေးစရာမရှိလောက်အောင်ကို ဖြစ်သွားစေတဲ့ စကားလုံးတစ်ခုပါ။ ဒီ Price-to-Performance Ratio ; ပေးရတာနဲ့ တန်တယ်ဆိုတာကြောင့် Xiaomi ကို တခြား Brand တွေဘယ်လိုမှ လိုက်မယှဉ်နိုင်ခဲ့ပါဘူး - အခုအချိန်အထိပေါ့။

Asus ကနေ Zenfone Max Pro ဖုန်းကို ထုတ်ခဲ့တာတော်တော်ကို ကြာပါပြီ။ အခုမှသာ မြန်မာနိုင်ငံကို ဝင်လာတာ... နောက်ပြီး India မှာလိုပဲ ဒီကိုဝင်တာကလည်း ရည်ရွယ်ချက်တစ်ခုထဲပါ။ Xiaomi Redmi Note 5 ထက် ပိုကောင်းမယ်၊ အရေးကြီးတာက ပိုဈေးသက်သာမယ် - Which is seriously a huge gamble.

ဘာပဲဖြစ်ဖြစ်... Asus ဆိုတော့ နဂိုထဲက နာမည်ကောင်းလို့လည်း ပြောမရ၊ နာမည်ဆိုးလည်း သေချာမရှိတဲ့ Brand ဆိုတော့ အဲ့လောက်တော့ Xiaomi ကို Fight မယ်ဆိုတာက ယုံရခက်ခဲ့ပါတယ်။ ဈေးကိုလည်း အစကတော့ ၂ သိန်းကျော်ဆိုတော့ ထုံးစံအတိုင်း ၂၉၉ ပဲဖြစ်မှာပေါ့ - ဒီ Specs နဲ့ဆိုတော့လို့ တွေးထားမိတာ... တကယ်လည်း ထွက်လာရော ၂၁၉ ၊ Promotion ဆို ၂၀၉ ဆိုတော့ကာ တန်းတူ Redmi Note 5 နဲ့ ကပ်သတ်ပြောမယ်ဆိုရင်တော့ နည်းနည်းလေးပိုများသေးတယ် - ဒါပေမယ့် ၂ သိန်းအောက်ဘယ်လိုမှဖြစ်စရာမရှိတဲ့ Specs တွေဆိုတော့ ဒီဈေးက တော်တော်လေးကို အံ့အားသင့်စရာဖြစ်ခဲ့တာပါ။

ဒါပေမယ့် ဈေးဘယ်လိုပဲ သက်သာသက်သာ.. ဖုန်းက ကောင်းနေဦးမှ - ပြောနေကြ Specifications တွေမဟုတ်တဲ့ User Experience ကောင်းမှ ဒီဖုန်းက Recommend ပေးနိုင်ဦးမှာဆိုတော့ အဲ့ဒီအချက်ကြောင့်ပဲ ဒီ Review ကို စဖြစ်ပါတယ်။

Flagship ဖုန်းတစ်ခုကို In-Depth Review လုပ်ဖြစ်တာလောက်တော့ စာမရှည်လောက်ပေမယ့် ဒီဈေးဝန်းကျင် Budget ဖုန်း In-Depth Review တွေထဲမှာတော့ အရှည်ဆုံးဖြစ်လာနိုင်ပါတယ်။ So, Take your time.

အရင်ဆုံး Budget ဖုန်းတစ်ခုအတွက် အရေးမကြီးပေမယ့် Build Quality & Design နဲ့ စပါမယ်။

#Design/Build Quality 

Umm... ဒီမှာ စတာက ဘယ်လိုဆုံးဖြတ်မလဲ? သဘောကျတဲ့အချက်တွေကို ပြောရရင် Asus Zenfone Max Pro က အပြစ်ဆိုပြီး ရေရေရာရာပြောစရာမရှိတဲ့ ၂ သိန်းတန်ဖုန်းပုံပေါက်တယ်။ Display Panel က Body ကနေ ထွက်နေတာမရှိပဲ တသားတည်း၊ Speakers ၊ MicroUSB နဲ့ Earphone Jack ကလည်း အောက်မှာ၊ ဘယ်ဘက်မှာ SIM Tray နဲ့ ညာဘက်မှာ Power Button.. အဲ့အပေါ်မှာ Volume Keys - ဒီမှာပြောစရာက Power Button ကတော့ အဆင်ပြေပေမယ့် Volume Keys က ဖုန်းက ကြီးတော့ နည်းနည်းမြင့်နေတယ်ထင်ရတယ်၊ လက်တဖက်ထဲနဲ့ကိုင်ရင် နည်းနည်း Adjust ပြန်လုပ်ရတယ်။

မကြိုက်တာကို ပြောပါဆိုရင်တော့ ပုံလည်းသိပ်မလှ၊ ကိုင်ရလည်း သိပ်မကောင်းတဲ့ Back Cover ပါ - Metal တော့ Metal ပေမယ့် အကောင်းစားမဟုတ်၊ လက်ဆီတော်တော်ကိုပေတယ်။ နောက်ပြီး ကိုင်တဲ့အချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုက အနောက်ဖက်အောက်နားက Metal Back Cover နဲ့ Frame ဆက်တဲ့နေရာက မညီပဲ 0.5mm လောက်ကွာနေတယ်။ အဲ့တော့ အဲ့ဒီနားကို ကိုင်ရင် Smooth မဖြစ်ပဲ ဖြစ်နေတာက ဂရုစိုက်ပြီး ကြည့်တတ်ရင်တော့ သိသာနေတယ်။ (ပုံတော့ ထည့်ပေးထားတယ် - မြင်ရမလားတော့မသိ :3)

လေးသလားဆိုတော့ သာမန် 6" ဖုန်းအရွယ်ပဲ၊ Notch မပါတဲ့ သာမန်ဖုန်းတစ်ခုပုံစံဖြစ်တယ်၊ လေးလည်း သိသိသာသာမလေးဘူး - Redmi Note 5 Pro လောက်ပဲ။ ဘာဖြစ်လဲဆိုရင် ဒီဖုန်းက Battery 5000mAh ပါတာရော ဟုတ်ရဲ့လားတောင် ဖြစ်လာတယ်။ ကင်မရာနေရာသိသိသာသာကို Body ကနေ ခုံးမထွက်နေတာကိုတော့ ဖုန်းကို ချထားတဲ့အချိန်မှာ တော်တော်လေးကို သဘောကျမိတယ် (In your face! Redmi Note 5 :3)

ထူးထူးခြားခြား မထင်ထားမိတာတစ်ခုပါလာပါတယ် - အဲ့ဒါက Power Button ပါ။ ခလုတ်က နှိပ်ရတာ လက်ခံနိုင်တဲ့အဆင့်ပဲရှိတယ်ဆိုပေမယ့် Power Button မှာ Asus ရဲ့ Zen Product တွေလိုမျိုး ရောင်ပြေးအဝိုင်း Texture ပါလာပါတယ်။ ဘာလို့ ထည့်ပြောသလဲဆိုရင် Zenfone 5 မှာ အဲ့ဒီ Texture က ဖုန်းနောက်ကျောမှာ ပါပေမယ့် Power Button မှာ မပါဘူး၊ ဒါပေမယ့် ဒီ ၂ သိန်းကျော်တန် Budget Zenfone Max Pro မှာကြတော့ Power Button ကိုပါ Texture ထည့်ထားတယ်... အဲ့ဒီလောက်အသေးစိတ်ဂရုစိုက်စရာလိုလို့လား? :3

Tech Gadget's Rating : 4 out of 5 Stars (Great to hold, good design, but not perfect for price)

နောက်တစ်ခု Performance ဒါမှမဟုတ် စွမ်းဆောင်ရည် (Intro ကို မရှည်ရှည်အောင် ဘာသာပြန်ခြင်း-၁)

#Performance

Qualcomm Snapdragon 636 ၊ RAM 3GB ဆိုတော့ မဆိုးဘူးပြောရမလား.... ဒါမှမဟုတ် ဒီဈေးနဲ့ ဒီ Performance ကို ရနိုင်တာဆိုလို့ Xiaomi Redmi Note 5 ကလွဲတခြားဖုန်း လုံးဝမရှိတော့ တန်တယ်ပြောရမလား? ဒါကတော့ Xiaomi Fans ဆိုရင်မဆိုးဘူး... တခြား Brand ကို ကိုင်နေပြီး ပြောင်းဖို့ စိတ်ကူးရင်တော့ တခြားဖုန်းတွေ ဈေး ၂ ဆလောက်နဲ့ ရောင်းနေတဲ့ Performance ထက်တောင် ၂ ဆ လောက်ကောင်းနေတော့ ပေးရတာထက်ပိုတန်တယ်လို့ သတ်မှတ်လို့ရတယ် - So, it's depends on who you are par.

တကယ့် Real World Usage မှာ ဆိုရင်ရော? ဒါက Pure Android ဝင်လာတဲ့ အချက်ပါ - မှန်ပါတယ်၊ Smooth ဖြစ်တာတွေ၊ သုံးရသွက်တာတွေမှာ အခုနောက်ပိုင်း Google ရဲ့ Pure Android ကို မှီဖို့ ခက်လာပါတယ်။ Budget ဖုန်းဖြစ်ပေမယ့် သုံးရတာနှေးတာမရှိဘူး၊ Apps ဝင်တာကအစ Multitasking ၊ Split Screen အကုန်လုံးအဆင်ပြေတယ် - နောက်တစ်ခုကတော့ Highlight ပြောရမယ့် အချက်ပါ။ Heat လုံးဝ (လုံးဝ) ကို သိသိသာသာတက်လာတာမရှိခဲ့ပါဘူး။

ဒီ Heat အကြောင်းပြောတာက ဒီ Zenfone Max Pro ရဲ့ အဓိက ဖုန်းသုံးရတာပျော်လာစေတဲ့အချက်တစ်ခုထဲပါပါတယ်။ ဘာကြောင့်လဲ? Benchmark တွေထိုင် Run တယ်၊ Mobile Data နဲ့ Brightness ကို 100% ထားပြီး ဂိမ်းဆော့တယ်၊ Camera စမ်းတယ်၊ GPS သုံးတယ် - ဒါပေမယ့် ဒီဖုန်းက Heat တက်တယ်လို့ ပြောလို့ရလောက်တဲ့အထိ မပူခဲ့ဘူး။ That is impressive! (Especially for a price)

PUBG ကိုတော့ Medium ပဲရတယ်၊ ဒါပေမယ့် သိသိသာသာတော့ Lag တာ Frame Rate ကျတာမရှိ၊ Vainglory ၊ NFS : No Limit ၊ Life is Strange ၊ Race Kings ၊ Asphalt Extreme နဲ့ Hitman လိုဂိမ်းတွေမှာ တော်တော်လေးကို Graphic မကျပဲ ကောင်းကောင်းဆော့လို့ရတယ် - Mobile Legends ကတော့ အေးဆေးလို့တောင်ပြောရမလား :3

ပြောရရင် ဒီ SD 636 Processor က သုံးသိန်းကျော်လောက်တန်မှာ Xiaomi မဟုတ်တဲ့ တခြား Brands တစ်ခုခုက သုံးနေရင်တောင် မဆိုးဘူးဆိုပြီး လက်ခံသင့်တဲ့အခြေအနေမှာ Asus ကလည်း လိုက်သုံးတယ်၊ ဈေးကလည်း Xiaomi နဲ့ Competitive ဖြစ်တဲ့ဈေးဆိုတော့ ဒါက အကောင်းမပြောပဲ အဆိုးပြောစရာမရှိတဲ့ Performance ပါ - Heat လည်း မရှိတော့ ပိုကောင်းတယ်။ Processor ကွာပေမယ့် တကယ်တမ်း App တွေသုံးတဲ့အချိန်၊ ဖုန်းကို Browsing လုပ်တဲ့အချိန်မှာ Redmi Note 5 ထက်ပိုမြန်သလားလို့မေးရင် ပိုမြန်တယ်လို့ ခံစားရပါတယ် - တကယ်ပိုမြန်သလားတော့ မသိပေမယ့် ပိုမြန်တယ်လို့ ခံစားရတယ် (ရှုပ်နေတာ :3 )

Benchmarks ပဲ ပြောပြီး နောက်တစ်ခုဆက်သွားတာပေါ့ - Antutu မှာ 117k ရတယ် | Geekbench 4 မှာ Single Core - 1300 ဝန်းကျင်၊ Multi Core - 4800 ဝန်းကျင်ရတယ်။

Tech Gadget's Rating : 5 out of 5 Stars (Best Price-to-Performance - just like RMN5)

#Display

6" Display ကို သုံးထားတယ်၊ 18:9 Ratio နဲ့ Notch မပါတော့ ကြည့်ရတာ ရှင်းတယ်။ သုံးရတာလည်း ပုံမှန်ပဲ - ဘေးဘောင်တွေကတော့ သာမန်ပဲ - အပါးကြီးမဟုတ်။

ဒီမှာ အကောင်းပြောတာကို အရင်စတာပေါ့ - Budget ဖုန်းတစ်ခုလို့ မထင်ရလောက်အောင် ဒီ Full HD+ LCD Panel က ကြည့်ရတာတော်တော်ကို ကောင်းပါတယ် - ဒါက Color Accuracy ပိုင်းမှာရော၊ Viewing Angle နဲ့ Color Production ပိုင်းမှာရောပါ။ ဒီအချက်တွေကိုပဲ ကြည့်မယ်ဆိုရင် လက်ရှိ ဒီဈေးဝန်းကျင်မှာ အကောင်းဆုံး Display နဲ့ ဖုန်းတစ်ခုဆိုတာက ငြင်းစရာမလို... ငြင်းလို့ကို မရတဲ့အချက်ပါ။

ဒါပေမယ့် Display မှာ Letdown ဖြစ်တယ်လို့ ပြောလို့ရတဲ့အချက်တစ်ခုရှိပါတယ် - Brightness ပါ။ ဒါက အပြစ်လားလို့ ပြောလို့မရပေမယ့် တခြားဖုန်းတွေနဲ့ ယှဉ်ရင် Brightness က နည်းပါတယ်။ Maybe ဒါကလည်း ကျွန်တော်တို့ Brightness တော်တော်ကောင်းတဲ့ Brightness ကို 500Nits ၊ 600Nits လောက်ရှိနေတဲ့ OLED Display တွေအကြည့်များတာကြောင့်ဖြစ်နိုင်တယ် - ဒါပေမယ့် Zenfone Max Pro ရဲ့ Brightness က Video တွေကို Brightness အမြင့်နဲ့ ကြည့်တတ်ရင်တော့ အားနည်းတယ် (Est 300Nit ကျော်လောက်ပဲရှိမလားမသိ)

အရမ်းဆိုးနေသလား ဆိုတော့ အရမ်းတော့မဆိုးပါဘူး၊ မှတ်မိသလောက် ဒီလို Brightness နည်းတဲ့ဖုန်းကို Review လုပ်ဖြစ်တာက Meizu M6 Note - ဒါပေမယ့် Meizu M6 Note လောက်တော့ Brightness မနည်းဘူး - အပြင်မှာလည်း သုံးလို့အဆင်ပြေတယ်။ ပြောရရင် ယှဉ်ကြည့်မှ Brightness နည်းတာက သိသာတယ် - ဒါပေမယ့် ဒီထက်သာပိုပြီး Brightness များခဲ့ရင် တော်တော်ကောင်းတယ်လို့ ပြောနိုင်တော့ ဒါက အားနည်းချက်ဖြစ်သွားတယ်။ အဲ့ဒါကြောင့်လည်း Game ကို ပုံမှန် 65/70% Brightness နဲ့ စမ်းတာကနေ ဒီမှာ Max Brightness နဲ့ စမ်းဖြစ်တာ - တူတူလောက်ဖြစ်နေတော့။

Tech Gadget's Rating : 4 out of 5 Stars (Great Display but letdown by Low Brightness)

#Camera

အရင်ဆုံးတစ်ခုကို ဝန်ခံတာပေါ့ - Asus Zenfone Max Pro ကင်မရာ ကောင်းတဲ့ထဲမပါပါဘူး။ ဓါတ်ပုံရိုက်မယ်ဆိုရင် ဒီဖုန်းက ရွေးသင့်တဲ့ထဲမပါပါဘူး။ ဒါ အမှန်တရားပါ။

ဘာလို့ ကျွန်တော်တို့ အဲ့ဒါဆို ဓါတ်ပုံတွေ တင်နေသလဲ? ဒီအတိုင်း Tease လုပ်တာရယ်၊ နောက်ပြီး တကယ်အားရမိတဲ့အချက်တစ်ခုထဲကြောင့်ပါ။

Portrait - ဒါမှမဟုတ် Edge Detection ပါ။ Zenfone 4 တုန်းက မြင်ဖူးသမျှ စမတ်ဖုန်းတွေထဲမှာ အစုတ်ပြတ်သတ်ဆုံးသော Portrait ပုံတွေကို ကျွန်တော်တို့ မြင်ခဲ့ရပြီး ဒီ 5MP Depth Sensor လေးတစ်ခုထဲ ထပ်ထည့်ထားတဲ့ Zenfone Max Pro ရဲ့ Portrait တွေက လုံးဝကို မထင်ထားစရာရလဒ်တွေထွက်လာပါတယ်။ Color & Contrast မဆိုးဘူး၊ နောက်ပြီး တော်တော်လေးကို Complicated ဖြစ်နေတဲ့ Object တွေမှာတောင် Edge Detection က P20 Pro ထက်တောင် On Point ဖြစ်နေတဲ့ပုံတွေရိုက်လို့ရပါတယ်။ အဲ့တော့ လူတင်မဟုတ်ပဲ Object တော်တော်များများကို Portrait ရိုက်မယ်ဆိုရင်တော့ Zenfone Max Pro က ပေးရတဲ့ဈေးထက်ပိုသာပါတယ်။

ဒါပေမယ့် ဘာလို့ ကင်မရာမကောင်းတာလဲ? 

အရင်ဆုံး Camera Interface ပါ - ၂၀၁၂ က ထုတ်တဲ့ဖုန်းတစ်ခုလိုမျိုး Interface သုံးထားတယ်၊ အခုခေတ်ဖုန်းတွေနဲ့ ယှဉ်ရင် Date တော်တော်အောက်နေတယ်။ Manual Mode မပြောနဲ့ Grid Line တောင် ဖော်မရဆိုတော့ တော်တော်ဆိုးတယ်။

ဒါတောင် ပါသင့်တာတွေက ပါသေးတယ် - Scene တွေရွေးလို့ရတယ်၊ HDR Auto မဟုတ်ပဲ HDR ကို ထပ်ရွေးရတယ်၊ ကြိုက်တာတစ်ခုက Storage ကို MicroSD ထည့်ထားရင် MicroSD Card ထဲတန်း Save အောင် ရွေးပေးလို့ရတယ် - တကယ်ကို ရှားရှားပါးပါး Feature ပါ။

ကျန်တဲ့ Camera Quality - ၂ သိန်းတန် Budget ဖုန်းဆိုတာက ဒီမှာ ဖော်ပြနေတာပါ - Primary Sensor နဲ့ ရိုက်တဲ့ ပုံတွေက ဒီဈေးနဲ့ ဒီပုံပဲ ရမယ်ဆိုတာကို ပြောနေသလိုပါပဲ။ Dynamic Range ၊ Contrast ၊ Details အကုန်လုံးပါ - Low Light မှာလည်း ရိုက်တဲ့ပေါ်မှုတည်သေးပေမယ့် အရမ်းကြီးမကောင်းလှပါဘူး။ ပြောရရင် Portrait - Edge Detection မှာ RMN5 ထက်တောင် သာရင်သာမယ်၊ ဒါပေမယ့် Primary Sensor နဲ့ ရိုက်တာယှဉ်မယ်ဆိုရင်၊ နောက်ပြီး ဓါတ်ပုံတွေကို သေချာယှဉ်တတ်တယ်ဆိုရင် RMN5 ကို မမှီပါဘူး။ ဒါပေမယ့် Focus Speed တော့ Asus က ပိုမြန်သလိုလို :3

ဘာပဲဖြစ်ဖြစ် Camera ပိုင်းတစ်ခုမှာကတော့ Asus က ၂ သိန်းတန် Xiaomi မဟုတ်တဲ့ ဖုန်းတစ်ခုဆိုတာကို ပြသွားတယ်ဆိုတာက အမှန်ဆုံး Conclusion ပါ - ဒါပေမယ့် ၂ သိန်းတန် ဖုန်းတွေထဲမှာ အကောင်းဆုံး Portrait Shooter တစ်ခုဆိုတာကလည်း မှန်နေပါသေးတယ်။

Selfie... တကယ်ကို သာမန်ပါပဲ။ Not more than Mediocre.

Tech Gadget's Rating : 3.5 out of 5 Stars (1 Star is because of amazing Portrait quality for price)

#Software

Android 8.1 ကို သုံးထားတယ်၊ Pure Android လို့ Asus ကပြောတယ် - တခြားသူတွေက Pure Android ပုံစံ၊ တကယ့် Pure Android မဟုတ်ဘူး ပြန်ပြောတယ်... အဲ့တော့ ဘာကအမှန်လဲ? :3

Pure Android မှန်ပါတယ် - Oxygen OS ကို Pure Android မဟုတ်ဘူးလို့ ပြောလို့ရပေမယ့် Zenfone Max Pro ကတော့ Pure Android အစစ်ကို သုံးထားတာပါ။ ဒါပေမယ့် Google ရဲ့ Android One Project ဖုန်းမဟုတ်ဘူး - အဲ့တော့ System Update မသေချာပါဘူး။ ကျွန်တော်တို့ စမ်းတဲ့ဖုန်းမှာတော့ Update ရတာ ၂ ခါ ၃ ခါရှိပြီ - ဒါပေမယ့် Android Security Patches ကတော့ May လကနေ မတက်လာသေးပါဘူး။ အဲ့တော့ Android P Update က 100% Asus ပေါ်မှုတည်ပါလိမ့်မယ်။

Pure Android ဆိုတော့ သုံးရတာသွက်တယ်၊ Asus က အပိုထည့်ထားတာဆိုလို့ Sound Recorder ၊ FM Radio နဲ့ Calculator App တွေပဲ အပိုပါတယ် - အခုလို အပိုထည့်တဲ့ App တွေကိုလည်း Complain တက်မယ့်သူရှိမယ်မထင် :3

အပို App အပြင် အပို Feature ၂ ခုထပ်ပါတယ် - တစ်ခုကတော့ Zen Motion ဆိုပြီး Double Tap to Wake ၊ Double Tap to Sleep နဲ့ C, V လိုမျိုး Screen off Gestures တွေ၊ နောက်တစ်ခုကတော့ WTF Feature တစ်ခု - Smart Screen On ပါ။ ဘာလို့ WTF Feature လဲ? ဖုန်းကို ကြည့်နေတဲ့အချိန်မှာ Screen Time Out ဘယ်လောက်ထားထား Screen ကို မမှိတ်သွားပေးတဲ့ ဒီ Smart Screen On ကို ဘာလို့ ၂ သိန်းတန် Budget ဖုန်းမှာ ထည့်ထားရတာလဲ? နားမလည်တဲ့အချက်ဖြစ်နေတယ် - သေချာအလုပ်လုပ်လားလို့ စမ်းတိုင်းလည်း အလုပ်လုပ်နေတယ်။ အဲ့တော့ကာ ဒီ Feature တစ်ခုကတော့ Asus ကို ဒီဈေးနဲ့ ဖုန်းမှာ ထည့်ပေးတဲ့အတွက် Salute လုပ်ချင်မိတဲ့ Feature ပါ။

ကျန်တဲ့ Software ပိုင်း... Personally ကတော့ သုံးရတာ မြန်တယ်၊ Noti နောက်ကျတာ၊ Permission Issues တွေ၊ Google Issues တွေလုံးဝမရှိ - Google Notification Dots တွေ၊ Smart Reply တွေကြောင့် ဒီ Pure Android ကို ကျွန်တော်တို့ သဘောကျတယ်။ ဒါပေမယ့် တဖက်ကပြန်ကြည့်ရင် ဒီလို ဈေးနဲ့ MIUI ကပေးနိုင်တဲ့ Features တွေ၊ အသုံးဝင်တဲ့ Features တွေအကုန်လုံးကို လက်လွှတ်ရလိမ့်မယ်။ အဲ့တော့ ကျွန်တော်တို့ကို ဘာရွေးမလဲဆိုရင် Pure Android ကို ရွေးမိမယ် - User Experience ပို Smooth ဖြစ်ပြီး ရိုးရှင်းလို့။ ဒါပေမယ့် တဖက်က ဒီဈေးနဲ့ ဖုန်းဝယ်တဲ့သူအများစုက ရိုးရှင်းတာကို ပိုပြီး Smooth ဖြစ်တာကို Features တွေ ပိုများတာနဲ့ လဲနိုင်မလားဆိုတာကတော့ သံသဃရှိပါတယ်။

Tech Gadget's Rating : 4 out of 5 Stars (Best Pure Android Experience for 2 Lakhs, But not EVERYONE will like this)

#Battery

Asus Zenfone ရဲ့ Key Selling Point တစ်ခု။ 5000mAh Battery - တကယ်လည်း သေလောက်အောင် ကောင်းပါတယ်။ အခုနက PUBG ၊ Vain Glory ၊ NFS No Limits နဲ့ Race Kings ဂိမ်းတွေကို ၁ နာရီ Max Brightness ၊ Mobile Data နဲ့ စမ်းတယ် - 11% နဲ့ 12% ပဲ Battery လျော့ပါတယ်။ So, this is IMPRESSIVE!

Day-to-day Usage မှာတော့ နေ့တိုင်း On-screen time ၈ နာရီ အထက်ရတယ် - ဘယ်လိုသုံးသုံးပါ။ Standby Battery Drain ဆိုးဆိုးရွားရွားမရှိ။ ကောင်းတယ်ကလွဲပြီးပြောစရာစကားမရှိ။

အဲ့တော့ အားသွင်းတာဖက် ပြန်သွားတာပေါ့။ Asus က 10W Fast Charging ထည့်ပေးထားတယ် - QC 3.0 ကို မမှီပေမယ့် မဆိုးဘူးလို့ ပြောရမလား... 10% ကနေ 100% ကြာချိန်ကို အောက်မှာပဲ ဖတ်ကြည့်ပြီး ဆုံးဖြတ်ပါ။

15 Min Charging - 20%
30 Min Charging - 33%
1 Hour Charging - 54%
1 Hr 30 Min Charging - 71%
1 Hr 45 Min Charging - 78%
2 Hr Charging - 86%
2 Hr 15 Min Charging - 92%
2 Hr 30 Min Charging - 96%
2 Hr 42Min Charging - 100%

အဲ့တော့က ၂ နာရီခွဲကျော်ကြာမယ်၊ မဆိုးဘူးလားဆိုတော့ သာမန် 3000mAh ဝန်းကျင် QC 3.0 ဖုန်းတွေသုံးနေကြဆိုရင်တော့ ၁ နာရီလောက်ပိုကြာပါတယ်။ ဒါပေမယ့် ပြန်ရတဲ့ Battery Life နဲ့ ယှဉ်ရင်တော့ QC 3.0 မပါတာက ဖြေသာတယ်၊ MicroUSB ပဲဖြစ်နေပြီး Type C မဟုတ်တာကတော့ ကျွန်တော်တို့ ကိုယ်တိုင် Type C Devices တွေပဲ အသုံးများလာတော့ ဒါက အခက်တွေ့တယ် - Type C ဖြစ်လိုက်ရင်တော်တော်ကောင်းမှာ :3

Tech Gadget's Rating : 3.5 out of 5 Stars (Best Battery for Price, but with some Drawbacks)

ကဲ... ဘာကျန်မလဲ? ကျန်မယ်ထင်တာတွေပဲ Wrap up လုပ်သွားတော့မယ် - ထပ်သိချင်တာရှိရင် Comments မှာမေးလို့ရပါတယ်။

#Others

အရင်ဆုံးကြိုက်တဲ့အချက် - Dual SIM အပြင် MicroSD ရတာ... ဒါက 32GB နဲ့ ဘယ်လိုမှ လောက်မှာမဟုတ်တဲ့အတွက် ဒါက တော်တော်ကောင်းတဲ့ Feature ပါ - Photos တွေကို SD ကို တန်း Save လို့ရတာနဲ့ ပေါင်းတော့ ဒါက Plus Point ပါ။ နောက်တစ်ခုက Dual 4G ကတော့ ထား၊ CDMA ရနိုင်တယ်လို့ ယူဆရတာပါ ၊ SIM Card တော့ မရှိတာနဲ့ ထည့်မစမ်းရသေးပေမယ့် CDMA အတွက် Option က Setting ထဲမှာ ရှိနေတယ်။

နောက်ပြီး သိပ်မသေချာသေးတာက မြန်မာစာ (မြန်မာစာထက် Zawgyi) ... ကျွန်တော်တို့ရတဲ့ ဖုန်းက Review Unit ပဲဆိုတော့ Language မှာ English (Zawgyi) မပါသေးပါဘူး။ ဒါပေမယ့် Asus ကတော့ ရောင်းတဲ့ဖုန်းတွေမှာ Zawgyi ရော Unicode ရောပါမယ်ပြောတာပဲ။

နောက်ပြီး Audio Quality ကလည်း ပြောရမယ့်အထဲပါတယ် - Speaker တော်တော်ကောင်းပြီး ကျယ်တယ် ၊ Max Volume မှာတော့ Distortion ဝင်လာပေမယ့် အဆင်ပြေသေးတယ်။ 3.5mm Audio Quality ကလည်း လက်ခံလို့ရတယ်။ Call Quality က တော်တော်ကြီးကို ကောင်းတယ်။

မကြိုက်တာက Notification ဝင်ရင် LED ပဲလင်းတော့ အခုနောက်ပိုင်း Screen ကို Light up လုပ်ပေးတဲ့ဖုန်းတွေသုံးလာတော့ ကသိကအောက် နည်းနည်းဖြစ်တယ်။ Network Speed က Modem နိမ့်တယ်ပြောနေပေမယ့် Download Speed ဘယ်ဖုန်းနဲ့ ယှဉ်စမ်းစမ်း သိသိသာသာပိုမနှေးနေပါဘူး (Both Wi-Fi & Mobile Data)


အဲ့တော့ အဆုံးသတ်တာပေါ့။

Asus Zenfone Max Pro က အခုအချိန်မှာ Xiaomi ရဲ့ ၂ သိန်း၊ ၃ သိန်းတန် Budget ဖုန်းတွေအစား အစဉ်းစားသင့်ဆုံး Best Alternative ဖုန်းဆိုတာက ငြင်းလို့မရပါဘူး။ ဒါပေမယ့် Best Alternative လို့ပြောပြီး ပိုကောင်းတဲ့ Better Alternative လို့ မပြောတာက အကြောင်းရှိပါတယ်။

နံပါတ် ၁ အချက်က Haptic Vibration က Keyboard ရိုက်တဲ့အချိန်မှာ Vibration ဖွင့်ထားတတ်ရင် နည်းနည်း စိတ်တိုင်းမကျဖြစ်မိမှာပါ - ဒီဈေးနဲ့ကတော့ ဒါက အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် နည်းနည်း Bug ဖြစ်မယ် - ပိတ်ထားလိုက်တာကတော့ အကောင်းဆုံးပါ။

နောက်တစ်ချက် - Fingerprint Speed ပါ။ ဖုန်းထဲကို ဝင်ပြီး သုံးနေတာနဲ့ အခုနကပြောသလို MIUI ထက် ပိုမြန်တယ်လို့ ခံစားရမှာက မလွဲပါဘူး။ ဒါပေမယ့် ဖုန်းထဲဝင်ဖို့ Fingerprint ကတော့ တခြားဖုန်းတွေထက် ၁ စက္ကန့် မပြည့်တပြည့်လောက် နောက်ကျပါတယ်။ ဒါက Hardware Error ထက် Software Animation ကြောင့် ဖြစ်ဖို့ ပိုများပါတယ် - ပြီးတော့ Fingerprint ကို ထိတဲ့အချိန်မှာ Haptic Feedback မခံစားရတာက တစ်ခုခုလိုနေသလိုမျိုးဖြစ်နေမှာပါ။ Fingerprint ပြောမှ Fingerprint နဲ့ Noti Bar ကို ဆွဲချလို့လည်း မရသေးပါဘူး (Maybe on next updates)

နောက်ဆုံးတစ်ခု... Asus ဖြစ်နေတာပါ။ ဒါက ဖုန်းရဲ့ အပြစ်ထက် လူတွေရဲ့ အပြစ်ပါ - ဒီအချိန်မှာ Asus Zenfone Max Pro က ဒီဈေးအထိ ချပြီးရောင်းနေပေမယ့် Redmi Note 5 ထက် ကျော်ပြီး ဝယ်မယ့်သူမရှိတာက Asus ဖြစ်နေတာကြောင့်ပါ။ ဒါကတော့ Fan Based ကြောင့်ဖြစ်သွားပါပြီ - ဒါပေမယ့် အပိုပစ္စည်းတွေကို ကြိုပြီး စိတ်ပူနေတာထက် User Experience အရတော့ Asus က ပိုကောင်းတယ်လို့ ယူဆတယ် - ဒါက Biased ဖြစ်တဲ့ Opinion တစ်ခုပါ။

ဘာကြောင့် Biased ဖြစ်သလဲဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် Pixel 2 ကို Primary သုံးနေတာကြောင့်ပါ - Pixel နဲ့ အနီးစပ်ဆုံး User Experience ရှိတယ်။ အဲ့တော့ကာ တကယ်လို့ ကျွန်တော်တို့သာ Secondary Phone ဝယ်သုံးဖြစ်ရင် Asus Zenfone Max Pro က ပထမဆုံးရွေးချယ်ဖြစ်မယ့်ဖုန်းဖြစ်နေလို့ပါ။

ဒါပေမယ့် အခုလိုပဲ ကိုယ်က MIUI နဲ့ အသားကျနေတယ်ဆိုရင်တော့ Xiaomi ပဲသွားတာက အကောင်းဆုံးဖြစ်နေဦးမှာပါ။ အဲ့တော့ကာ Asus Zenfone Max Pro ဟာ အသုံးပြုမယ့်သူရဲ့ အရင်ကအသုံးပြုဖူးတဲ့ဖုန်းတွေ၊ Brand အပေါ်စွဲလမ်းမှုအပေါ်မှုတည်ပြီးတော့ Redmi Note 5 ပြီးရင် ရွေးချယ်အသင့်ဆုံး Best Alternative ဖုန်းပါ - ဒါပါပဲ။

Thanks for Reading.

#TechGadgetMM နည်းပညာ Page မှ ကူးယူဝေငှသည်။ 

No comments: